## PAGE 291

၁၄၂
ရှင်ပြုပေးကြခြင်း။
ရုပ်ပုံ ရှင်ကျင့်ဝတ်
။အရှင်သာရိပုတြာသည် စောစော
ကပင် “မိမိဆွေမျိုးများသည် မိစ္ဆာ
ဒိဋ္ဌိ ဖြစ်သောကြောင့် တယောက်တလေ ရှင်ရဟန်းပြုသို့
ခွင့်တောင်းလာလျှင် သူတို့မိဘကို ခွင့်ပန်နေဘွယ် မလိုပါ၊
မိမိသည်ပင် မိဘဖြစ်ပါသည်”ဟု ရဟန်းများအား ပြော
ထားပြီး ဖြစ်၏၊ ထို့ကြောင့် ရဟန်းတော်များသည် အရှင်သာရိ
ပုတြာ၏ ညီငယ်ဟု ကြားသည်နှင့် တပြိုင်နက် ဝမ်းသာအားရ
ရှင်သာမဏေ ပြုပေးကြလေသည်။
ရဟန္တာဖြစ်ခြင်း။ ။ကိုရင် ရေဝတသည် ရှင်သာမဏေပြုပြီး
နောက် မိဘများ လိုက်ရှာလျှင် တွေ့
သွားမည် စိုးသောကြောင့် ရဟန်းများထံ ကမ္မဋ္ဌာန်းအစီ
အစဉ်ကို သင်ယူကာ ထိုနေရာမှ အလွန်ဝေးကွာသော ရှား
တောသို့ ကြွသွား၍ တရားအားထုတ်လေရာ ဝါလမကျွတ်မီ
အတွင်း၌ ရဟန္တာ ဖြစ်လေသည်၊ ဤသို့ ၇-နှစ်အရွယ် သာမ
ဏေငယ် ရှင်ရေဝတသည် ရဟန္တာဖြစ်၍ ဝါကျွတ်လတ်သော်
ဘုရားရှင်နှင့် အရှင်သာရိပုတြာတို့သည် ရဟန်းတော်ငါးရာနှင့်
အတူ သာမဏေ ရှင်ရေဝတ၏နေရာရှားတောကမ္မဋ္ဌာန်း
ကျောင်းသို့ ကြွတော်မူကြလေသည်။
မှတ်သားဘွယ်
ကိုရင်များ... အရှင်သာရိပုတြာ၏ ညီတော် အငယ်ဆုံး
ရှင်ရေဝတ၏ ဝတ္ထုကြောင်းကို ဖတ်ပြီးသောအခါ ကိုရင်တို့
အတွက် “ဘာများ မှတ်သားစရာ ပါသလဲ”လို့ စဉ်းစားကြ
စမ်းပါ။
ရှင်ရေဝတ အကြောင်း
၁၄၃
၁။ မိဘများဟာ သူတို့ပစ္စည်းကို အမွေခံမည့်သူ မရှိရစ်မှာ
စိုးလို့ သားကောင်း ကလေးများကို ရဟန်းမပြုစေချင်တဲ့
အကြောင်း တွေ့ရတယ် မဟုတ်လား၊ ဒါပေမဲ့ ယခုအခါ
အိမ်မှာ အသုံးကျပုံ မရတဲ့ အဖျင်း အအ သားကိုတော့
ရဟန်းပြုစေချင်ကြပါတယ်။
၂။ အရှင်သာရိပုတြာလို သာသနာတော် ဂုဏ်ရှိစေလိုသော
ရဟန်းတော်များကလဲ ဉာဏ်နဲ့ လုံ့လဝီရိယနဲ့ ပြည့်စုံသော
အမျိုးသားကလေးများကိုသာ ရဟန်း သာမဏေဖြစ်စေ
ချင်ကြတယ်၊ ဒါမှ သာသနာတော် အဆင့်အတန်း
မြင့်မယ်။
၃။ သတို့သားရေဝတက အဖွားကြီးနှင့်သူငယ်မကို နှိုင်းယှဉ်
ကြည့်ပြီး စိတ်ပျက်တယ်မဟုတ်လား၊ လောကကြီးဟာ
စိတ်ပျက်စရာချည်းဘဲ၊ အသက်မရှည်ဘဲ သန်သန်မာမာ
အရွယ်၌ သေတော့လဲ ကုသိုလ်နဲလို့ အသက်ငယ်ငယ်နဲ့
သေရသတဲ့၊ ကုသိုလ်ကောင်းလို့ အသက်ကြီးကြီး နေရ
ပြန်တော့လဲ သွားကျိုး ဆံဖြူ နားအူ မျက်စိမဲ့
အသား
အရေတွေ တွန့်တွဲ၍ မစားနိုင် မအိပ်နိုင်အောင် အိုခြင်း
ဆင်းရဲကို ခံရပြန်တယ်၊ ဒီတော့ လောကကြီး တခုလုံး
ကိုက မကောင်းလောက ဖြစ်သည့်အတွက် ငယ်ငယ်
သေရလဲ မကောင်း၊ကြီးအောင် နေရလဲ မကောင်းဘူး။
၄။ ဒါကြောင့် ကိုရင်များလဲ ကိုရှင်ရာဟုလာ ကိုရှင်ရေဝတ
တို့ကို အားကျပြီး သူတော်ကောင်းလိုနေ၍ သူတော်
ကောင်းလို သေရတာဟာ အမြတ်ဆုံးလို့မှတ်ထားကြပါ။

## PAGE 292

၁၄၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ရှင်ပဏ္ဍိတ အကြောင်း
မဟာဒုဂ်။ ။ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အလွန်
ဆင်းရဲလှသဖြင့် `“မဟာဒုဂ္ဂတ(မဟာဒုဂ်)”ဟု
ထင်ရှားသော သူဆင်းရဲတယောက်သည် ကဿပဘုရားရှင်
အား ငါးကြင်းသားဖြင့် ဆွမ်းလှူရသော ကောင်းမှုကြောင့်
ထိုဘဝမှာပင် သူဌေးကြီးဖြစ်ရသည့်တိုင်အောင် ကောင်းမှု၏
အကျိုးကို ခံစားရလေသည်။
ဒါနရှင်သန္ဓေတည်ပုံ။ ။တဘဝလုံး အလှူဒါနပြုကာ စုတေ
သောအခါဝယ် နတ်ပြည်သို့ ရောက်
လေသည်၊ နတ်ပြည်၌ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ပြီးနောက်
ငါတို့၏ ဘုရားလက်ထက်တော်သို့ ရောက်သောအခါ သာဝတ္ထိ
မြို့တော်ဝယ် အရှင်သာရှိပုတြာကို ကိုးကွယ်သော သူဌေးမျိုး
၌ပင် ပဋိသန္ဓေတည်နေလာလေသည်။
မိခင် ချင်ခြင်းဖြစ်ပုံ။ ။ထိုသူငယ် ကိုယ်ဝန်ရှိနေစဉ် မိခင်
အမျိုးသ္မီးသည် အရှင်သာရိပုတြာ
နှင့်တကွ သံဃာတော်ငါးရာကို ငါးကြင်းသားဟင်းဖြင့် ဆွမ်း
ကပ်ပြီးလျှင်မိမိကိုယ်တိုင်လည်း သင်္ကန်းရောင်အဝတ်ကိုဝတ်၍
သံဃာတော်များ၏ အစွန်ဆုံးနေရာ၌နေကာ ဆွမ်းအကျန်ကို
စားလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်လေသည်။ [ထိုပြင်းပြသော
အလိုဆန္ဒကို “ချင်ခြင်း”ဟု ခေါ်၏။]
မောင်ပဏ္ဍိတ။ ။ထိုသို့ဆန္ဒဖြစ်ပုံကို မိဘများအား ပြောပြ၍
ထိုဆန္ဒအတိုင်းပင် ငါးကြင်းသားဟင်းဖြင့်
ဆွမ်းကပ်ပြီးနောက် အမျိုးသ္မီးလည်း အကြွင်းအကျန်ကို
စားသောက်လေသည်၊ ထိုသူငယ် ကိုယ်ဝန်တည်ချိန်မှစ၍
ရှင်ပဏ္ဍိတ အကြောင်း
၁၄၅
အိမ်သားအားလုံး အခိုင်းအစေများပါ အထူးအလိုက်သိကြ
ဖွားမြင်
အထူးအသိဉာဏ်ရှိကြသောကြောင့် ရက် လ စေ့၍ ဖွား
သောအခါ … သတို့သားကို “ပဏ္ဍိဘ” ဟု နာမည်ပေးကြ
လေသည်။ [ပဏ္ဍိတ=ဉာဏ်ရှိသူ၊ ဝါ…လူလိမ္မာ။
မိခင်သည် သားကလေးကို ချစ်လွန်းလှသဖြင့် “သား၏
အလိုဆန္ဒကို အမြဲလိုက်မည်”ဟု စိတ်ပိုင်းဖြတ်ထား၏၊ သား
ကလေးကိုလည်း လူကောင်း သူကောင်း ဖြစ်စေလိုသော
ကြောင့် ငယ်စဉ်ကပင် ငါးပါးသီလသိက္ခာပုဒ်ကို အရှင်
သာရိပုတြာထံ ယူစေ၍ အရှင်သာရိပုတြာကလည်း သိက္ခာ
ပုဒ်များကို ချပေးထားလေသည်။
ရှင်ပြု လို ခြင်း။ ။ ပဏ္ဍိတသတို့သားကလေးသည် … အရှင်
သာရိပုတြာနှင့် လွန်စွာရင်းနှီးနေရကား
၇-နှစ်အရွယ် ရှိသောအခါ ရှင်သာမဏေပြုလုပ်လိုကြောင်း
မိခင်အားပြောပြလေ၏၊ မိခင်သည် သားနှင့်မခွဲလိုသော်လည်း
“သား၏စိတ်ကြိုက်ကို လိုက်မည်” ဟု စိတ်ပိုင်းထားသော
ဟု
ကြောင့် “ကောင်းပြီ, သင်္ကန်းဝတ်ရစေ့မည်” ဟု ဝန်ခံ၍
နံနက်အခါ ကြွလာသော အရှင်သာရိပုတြာအား ဆွမ်းကပ်
ပြီးလျှင် “ကလေးက ရှင်သာမဏေပြုလိုသောကြောင့် ညနေ
ကျလျှင် ကျောင်းတော်သို့ ပို့လာပါမည်”ဟု လျှောက်လိုက်
လေသည်။
ကျောင်းပို့ခြင်း။ ။ထို့နောက် ဆွေမျိုးတို့ကို ဖိတ်ခေါ်၍
သားငယ်အား လူ့ဘောင်၌ပြုထိုက်သော
အရေးပါမှုကို အစွမ်းကုန်ပြုပြီးလျှင် ညနေချမ်းအချိန်၌
၁ဝ----သ-စ

## PAGE 293

၁၄၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဇေတဝန်ကျောင်းတော်သို့ ပို၍ အရှင်သာရိပုတြာထံ အပ်နှံ
လေသည်။
အမှာ။ ။ကျမ်းဂန်၌ “မည်ကဲ့သို့ အရေးပါသည်” ဟု
သေချာစွာ မပြသော်လည်း ဝတ်ကောင်း စား
ကောင်း ဆင်ပြင် ကျွေးမွေးခြင်း“ဂိဟိကာလေ ကတ္တဗ္ဗသက္ကာရံ
အစ္စေဝ ကရိဿာမ=လူ့ဘောင်၌ ပြုထိုက်သော သက္ကာရကို
တနေ့တည်းဖြင့် အပြီးပြုမည်”ဟု ဆိုလိုဟန် တူသည်။]
ရှင်သာမဏေပြုခြင်း။ ။ကျောင်းတော်သို့ ရောက်လာသော
အခါ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြော
ပြ၍ ထို ကမ္မဋ္ဌာန်းကို ဆင်ခြင်စေလျက် ခေါင်းရိတ်ပေးကာ
ရှင်သာမဏေပြုပေးတော်မူလေသည်။ [ရှင်ပြုဘို့ ခေါင်းရိတ်
ခါနီး၌ တစပဉ္စက ကမ္မဋ္ဌာန်းကို ထို ရှေးခေတ်ကပင် သင်ပေး
လေ့ ရှိသည်။]
အလှူပေးခြင်း။ ။မိဘတို့ကလည်း ၇-ရက်ပတ်လုံး ဇေတဝန်
ကျောင်းတိုက်မှာပင် နေလျက် ဘုရား
အမှူးရှိသော သံဃာတော်တို့အား ငါးကြင်းသားဟင်းဖြင့်
ဆွမ်းကပ်ပြီးမှ အိမ်သို့ ပြန်ခဲ့ကြလေသည်။ [မိဘတို့ မပြန်ခင်
၇-ရက်အတွင်း၌ ရှင်ပဏ္ဍိတကလေးမှာ စိတ်နေစိတ်ထား
ပြုပြင်နည်းများ အတော်ရပြီး ဖြစ်နေလောက်ပေပြီ။]
ရေတွေကို မေးခြင်း။ ။ရှစ်ရက်မြောက် နံနက်၌ အရှင်သာရှိ
ပုတြာသည် ၇-နှစ်သားအရွယ် ပဏ္ဍိတ
သာမဏေငယ်နှင့် အတူ ဆွမ်းခံ ကြွတော်မူလေသော်…လမ်း
ခရီးအကြား၌ ရေမြောင်း တခုကို ကိုရင်ပဏ္ဍိတ မြင်၍...
ရှင်ပဏ္ဍိတ အကြောင်း
၁၄၇
“အရှင်ဘုရား...ဒီဟာကို ဘာခေါ်ပါသနည်း”ဟု မေးလေ
သည်။
အရှင်သာရိပုတြာ။ ။ရေမြောင်းခေါ်တယ်, ကိုရင်။
ကိုရင်။ ။ဒီရေမြောင်းနဲ့ ဘာလုပ်ကြရပါတုန်း အရှင်ဘုရား။
အရှင်။ ။ဒီရေမြောင်းက ရေတွေကို လယ်ထဲသို့ သွင်းယူပြီး
လယ်လုပ်ကြရတယ်, ကိုရင်။
ကိုရင်။ ။အဲဒီရေတွေဟာ လူတွေလို စိတ်ရှိပါသလား။
အရှင်။
။စိတ်မရှိဘူးကိုရင်။
ကိုရင်။
။ဒီလိုစိတ်မရှိတဲ့ရေကို ကိုယ်လိုချင်ရာယူလို့ ရနိုင်ပါ
သလား အရှင်ဘုရား။
အရှင်။
။အေး ရနိုင်တာပေါ့, ကိုရင်။
ဤသို့ မေးမြန်းပြီးနောက် ကိုရင်ပဏ္ဍိတ စဉ်းစားသည်
မှာ-
“စိတ်မရှိတဲ့ ရေတောင် ကိုယ်လိုချင်တဲ့နေရာ ယူဆောင်
လို့ရသေးလျှင် စိတ်ရှိတဲ့လူတွေဟာ ဘာပြုလို့ ကိုယ့်သဘော
ကျသလိုထား၍ တရားအားမထုတ်နိုင်ဘဲ ရှိရမှာလဲ ” ဤသို့
စဉ်းစားမိလေသည်။
မြှားဖြောင့်ပုံကို မေးခြင်း။ ။ဤသို့ စဉ်းစားရင်း ရွှေ့သို့
သွားပြန်သော် လေးသမား
တွေ မြှားအကောက်ကို မီးကင်၍ ဖြောင့်အောင် ပြင်နေကြ
သည်ကို မြင်ပြန်သဖြင့် အရှင်သာရိပုတြာကို မေးပြန်လေရာ
အရှင်သာရိပုတြာလည်း ကောက်သော မြှားကို ဖြောင့်
အောင် ပြင်နေကြကြောင်း မိန့်တော်မူလေသည်၊ ထိုအခါ

## PAGE 294

၁၄၇
ရုပ်ပုံ ရှင်ကျင့်ဝတ်
လည်း “စိတ်မရှိသော မြှားအကောက်ကိုတောင် ဖြောင့်
အောင် ပြင်လို့ရသေးလျှင် စိတ်ရှိသူ လူတွေသည် မိမိ စိတ်ကို
ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်
နိုင်ဘဲ ရှိရှအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။
လှည်းဘီးလုပ်ပုံကို မေးခြင်း။ ။ဤသို့ စဉ်းစားရင်း ရှေ့သို့
သွားပြန်လေသော် သစ်သား
တို့ကို လှည်းဘီးလုပ်ဘို့ရန် ပြုပြင်နေသော လက်သမားတို့ကို
မြင်ရပြန်၍ အရှင်သာရှိပုတြာကို မေးပြန်ရာ အရှင်သာရိပုတြာ
လည်း အကြောင်းစုံကို မိန့်တော်မူလေသည်၊ ထိုအခါ၌လည်း
“စိတ်မရှိသော သစ်သားတွေကိုပင် အမျိုးမျိုးဖြစ်အောင်
ပြုပြင်၍ ရနိုင်သေးလျှင် စိတ်ရှိနေသူ
လူတွေသည် မိမိ စိတ်ကို
ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်
နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။
ကျောင်းသို့ ပြန်ခြင်း။ ။ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစားမိ
သောအခါ တရား အားထုတ်လို
သောဆန္ဒက ပြင်းပြလှသဖြင့် အရှင်သာရှိပုတြာထံ ဆွမ်းခံ
မလိုက်တော့ဘဲ ကျောင်းတိုက်သို့ ပြန်နှင့်ရန် ခွင့်ပန်လေသည်၊
အရှင်သာရိပုတြာမထေရ်မြတ်လည်း“ကျောင်းဆောင် အပြင်
ဘက်နေလျှင် မတော်တဆ တစုံတခုဖြစ်မည်”စိုးသောကြောင့်
သံကောက်ကို ပေးလိုက်၍ “ကျောင်းခန်းအတွင်းမှာ နေ
လေ”ဟု မှာထားပြီးမှပြန်လွှတ်လိုက်လေသည်၊ [ရှေးခေတ်က
အတွင်း၌ရှိသော ကန့်လန့်(မင်းတုပ်)ကို ပိတ်လို ဖွင့်လိုလျှင်
သံကောက်ဖြင့် လှည့်၍ ဖွင့်ရ ပိတ်ရသည်၊ ယခုခေတ်“သော”
မျိုးပင်တည်း။]
ရှင်ပဏ္ဍိတ အကြောင်း
၁၄၉
ဘုရား သိကြား နတ်မင်းများ အစောင့်အရှောက်ဖြင့်
ကိုရင်ပဏ္ဍိတ တရား အားထုတ်နေပုံ။

## PAGE 295

၁၅ဝ
ရုပ်ပုံ ရှင်ကျင့်ဝတ်
တရားအားထုတ်ခြင်း။ ။ကိုရင်ပဏ္ဍိတသည် ကျောင်းတိုက်
သို့ရောက်၍ အရှင်သာရိပုတြာ၏
ကျောင်းခန်းအတွင်းသို့ ဝင်ပြီးလျှင် မိမိခန္ဓာကိုယ်အတွင်း၌
(အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်တတ်သော) ဝိပဿနာကို
သွင်း၍ အပူတပြင်း ကြိုးစားလေတော့သည်။ ထိုအချိန်မှာ
ကိုရင်ကလေးသည် ဘာအစာကိုမျှ မစားရသေး၊ အရှင်သာရှိ
ပုတြာ ဆွမ်းခံပြန်မှ ဆွမ်းစားရတော့မည်၊ တရားအားထုတ်၍
မပြီးမီ အရှင်သာရိပုတြာပြန်ရောက်၍ ဆွမ်းကျွေးလျှင်လည်း
တရား၏ အနှောက်အရှက်ဖြစ်ရှာတော့မည်၊ တရားရပြီးမှ ဆွမ်း
စားလျှင်လည်း မွန်းလွဲသွားစရာ ရှိသည်။]
နတ်သိကြားတို့စောင့်ရှောက်ပုံ။ ။ကိုရင်ကလေး၏ တန်ခိုး
အရှိန်သည် တာဝတိံ
သာနတ်ပြည်က သိကြားမင်းကို အသိပေးသကဲ့သို့ ဖြစ်နေ၏၊
ထို့ကြောင့် သိကြားမင်းသည် ကိုရင်ကလေး၏ အကြောင်း
အရာကို ဆင်ခြင်သောအခါ တရားအားထုတ်နေပုံမှ စ၍
အလုံးစုံကို မြင်ရကား စတုမဟာရာဇ်နတ်မင်းကြီး ၄-ယောက်
ကို ခေါ်၍ ( အသံကြားလျှင် သမာဓိ ပျက်မည်စိုးသော
ကြောင့်) ကျောင်းအနီး၌ ငှက်သံစသည်ကို မကြားရအောင်
စောင့်ရှောက်စေသည်။
ထို့နောက် မွန်းလွဲသွားမည်စိုးသဖြင့် . လနတ်သားနှင့်
နေနတ်သားကိုလည်း သူတို့ဗိမာန်များကို ရွှေတိုးမသွားရ
အောင် စောင့်ရှောက်ကြဘို့ အမိန့်ပေး၍ မိမိကိုယ်တိုင်ကမူ
ကျောင်းတံခါးပေါက် အနီးအပါး၌ ရပ်တည်ကာ သစ်ရွက်
ကြွေသံကိုမျှ မကြားရအောင် စောင့်ရှောက်လေသည်။
ရှင်ပဏ္ဍိတ အကြောင်း
၁၅၁
ဘုရားစောင့်ရှောက်ပုံ။ ။မြတ်စွာဘုရားသည် ထိုနေ့၌
ခပ်စောစော ဆွမ်းဘုဉ်းပေး
တော်မူပြီးလျှင် တရားအားထုတ်နေသော . ကိုရင်ပဏ္ဍိတကို
ဆင်ခြင်တော်မူလတ်သော် “ယနေ့ပင် ရဟန္တာဖြစ်လိမ့်မည်”
ဟု.. မြင်တော်မူလေသည်၊ သို့သော် အရှင်သာရိပုတြာ
ပြန်လာ၍ တရားအားထုတ်နေသော သာမဏေကို ဆွမ်း
ကျွေးလျှင် တရားအပြီးအဆုံးမရောက်မည်ကိုလည်း မြင်တော်
မူသောကြောင့် အရှင်သာရိပုတြာလာမည့် တံခါးပေါက်သို့
ကြွ၍ နေတော်မူနှင့်လေသည်။
အရှင်သာရိပုတြာဆွမ်းခံပြန်လာပုံ။ ။အရှင်သာရိပုတြာလည်း
ကိုရင် ကလေးကို ပြန်
လွှတ်ပြီးနောက် ဆွမ်းခံဝင်တော်မူလေသည်၊ ကိုရင်ကလေး၏
ရှေးဘုန်း ရှေးကံကြောင့် အရှင်သာရိပုတြာကို အထူးကြည်
ညိုသော အိမ်၌ ငါးကြင်းသားဟင်းဖြင့်
ဆွမ်းကပ်ရန် မျှော်
နေစဉ် အရှင်သာရိပုတြာကို မြင်၍
ကြည်လင်ဝမ်းမြောက်စွာ
ဆွမ်းကပ်လေသော် အရှင်သာရိပုတြာသည် အိမ်မှာ မဘုဉ်း
ပေးဘဲ ကျောင်းတော်သို့ ယူသွားမည့်အခြင်းအရာကို ပြလေ
သည်။
အိမ်သူ အိမ်သားတို့လည်း “အရှင်ဘုရား….ဒီမှာ ဘုဉ်းပေး
တော်မူပါ၊ ပြန်ကြွတော့လည်း ထည့်လိုက်ပါဦးမည်” ဟု
လျှောက်ကြသဖြင့် ဘုဉ်းပေးတော်မူပြီးလျှင် နောက်ထပ်
ထည့်လှူအပ်သော ငါးကြင်းသားဟင်းနှင့် ဆွမ်းကို ယူ၍
ပြန်ကြွတော်မူလာလေသော် တံခါးမုခ်ပေါက်၌ ဘုရားရှင်နှင့်
တွေ့သဖြင့် ရုတ်တရက် ရွှေ့တိုး၍ မကြွသာဘဲ ဖြစ်ရလေသည်၊
