## PAGE 296

၁၅၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကိုရှင်ပဏ္ဍိတလည်း ထိုအချိန်မှာ သောတာပန် သကဒါဂါမ်
အနာဂါမ်တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစား
နေခိုက် ဖြစ်လေသည်။
ရဟန္တာဖြစ်ခြင်း။ ။ထို့ကြောင့် ဘုရားရှင်သည် အရှင်သာ
ရိပုတြာ မကြွသာအောင် အချိန်ဆွဲ
းတော်မူလို၍ ပြဿနာ ၄-ရပ်ကို မေးတော်မူလေသည်၊
အရှင်သာရိပုတြာလည်း (ဘုရားနှင့် စပ်လာလျှင် အောင်မြင်
မည်သာဟု ယုံကြည်ရင်းစွဲရှိသောကြောင့်) ဘုရားမေးအပ်
သော ပြဿနာ ၄-ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူလေ
၏၊ထိုပြဿနာကို ဖြေဆို၍ ပြီးချိန်မှာပင် ကိုရင်ကလေးလည်း
ရဟန္တာ ဖြစ်လေသည်၊ ထုံးစံအတိုင်းဆိုလျှင် ထိုအချိန်မှာ
မွန်းလွဲလောက်ပြီ၊ သို့သော် နေနတ်သားနှင့် လနတ်သားတို့
က နေဗိမာန်နှင့် လဗိမာန်ကို တားထားသောကြောင့် မှုန်း
မလွဲသေး။]
ဆွမ်းကျွေးခြင်း။ ။အရှင် သာရိပုတြာလည်း ဘုရားထံမှ
သွားခွင့်ရ၍ ကျောင်းသို့သွားပြီးလျှင်
ကျောင်းတံခါးကို ခေါက်လိုက်ရာ … ပွင့်သစ်စ ပဒုမ္မာကြာပန်း
အသွင် အလွန်ကြည်လင်စွာ ထွက်လာသော ၇-နှစ်အရွယ်
ရဟန္တာ သာမဏေငယ်ကို မြင်ရ၍ ရွှင်ပျသော မိဘသဘွယ်
သာမဏေကို ယုယစွာ ဆွမ်းကျွေးတော်မူသည်၊ [ကိုရင်
ကလေး ဆွမ်းစားပြီးလျှင် ပြီးခြင်း လနေတို့ကို ဆိုင်ရာ နတ်
သားတို့က လွှတ်လိုက်သောအခါ အတော်မွှန်းလဲ့သောအချိန်
သို့ ရောက်ပြီးဖြစ်လေသည်။]
ရှင်ပဏ္ဍိတ အကြောင်း
မှတ်သားဘွယ်
၁၅၃
ကိုရင်များ…ပဏ္ဍိတသာမဏေရဲ့ ဝတ္ထုကြောင်းကို ဖတ်ပြီး
တဲ့အခါ ကိုရင်တို့အတွက် “ဘာတွေ မှတ်စရာ ပါသလဲ”
စဉ်းစားကြစမ်းပါ။
၁။ မဟာဒုဂ်ဘဝတုန်းက ငါးကြင်းသားဟင်းနဲ့ ဆွမ်း
ကပ်ခဲ့လို့ ဒီဘဝမှာ နေရာတိုင်း၌ ငါးကြင်းသားဟင်း
အကျိုးပေးတယ် မဟုတ်လား။
၂။ ရှေးက ကုသိုလ်ကံပါလာလို့ သူဌေးမျိုးမှာ ဖြစ်ပြီး
ဉာဏ်ပညာနှင့် စဉ်းစားဉာဏ်လဲ အရာရာမှာ ထက်
တယ်။
၃။ ရှေးဘုန်းရှေးကံ ပါလို့ တရားအားထုတ်တဲ့ နေရာမှာ
တောင် နတ်သိကြားတို့သာမက ဘုရားရှင်၏ စောင့်
ရှောက်တော်မူခြင်းကို ခံရတယ်။
၄။ ဒါလောက် အဆင့်အတန်းမြင့်တဲ့ ကိုရင်ပဏ္ဍိတ ရှင်ပြု
တုန်းက (ယခုကာလလို) မဏ္ဍပ်ကြီးလဲ မထိုးခဲ့ရ၊
ဘိသိက်လဲ မခံခဲ့ရ၊ ဒါပေမဲ့ ၇-နှစ်သားအရွယ် ငယ်
ငယ်ကလေးနဲ့ ရဟန္တာဖြစ်ရတယ်။
၅။ ကိုရင် ပဏ္ဍိတကို အားကျပြီးတော့ ကိုရင်တို့လဲ
ကုသိုလ်များများ ပြုကြပါ၊ ကိုရင်များနှင့် ထိုက်တန်
သော ကမ္မဋ္ဌာန်းတမျိုးမျိုးကို နေ့စဉ် ကြိုးစား
ကြပါ။
ရှင်သာမဏေကလေးများဝတ္ထု ပြီး၏။

## PAGE 297

၁၅၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဆရာများအတွက် မှတ်ဘွယ်
သင်္ကန်းဝတ်ခြင်းနှင့် စပ်၍ မှတ်ဘွယ်
ဥပဇ္ဈာယ်ဆရာ အင်္ဂါ။ ။ဥပဇ္ဈာယ်ပေး၍ တပည့် ပရိသတ်ကို
မွေးမြူသော ဆရာသည်...၁-ဆယ်ဝါ
ရပြီးဖြစ်ခြင်း၊ ၂-ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းဟု ခေါ်သော
(ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော) ဝိဘင်း
၂-မျိုးကို တတ်သိ နားလည်ခြင်း၊ ၃-ကံကြီး ကံငယ်ပြုလုပ်
နည်းကို နားလည်ခြင်း၊ ၄-မဟာဝါ စူဠဝါခန္ဓက၌ လာသော
သိက္ခာပုဒ်များကိုနားလည်ခြင်း၊ ၅’နာမ်တရား ရုပ်တရားတို့ကို
ဟောပြောနိုင်ခြင်း ဤသို့ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံစေရသည်၊
ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သာ ဥပဇ္ဈာယ်ဆရာ
ဂုဏ်အင်္ဂါနှင့် ညီညွတ်သည်။
[ ဆောင် ] ဆယ်ဝါပြည့်တင်း ဝိဘင်း ၂.ဖြာ ကမ္မာကမ္မ
ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင် ကျောင်းထိုင်
ငါးအင်္ဂါ။
ရှင်သာမဏေ ဝတ်ပေးမှု။ ။ရှင်သာမဏေ ပြုပေးရာ၌...
၁-ခေါင်းရိတ်မှု၊ ၂-သင်္ကန်း
ဝတ်ပေးမှု၊ ၃-သရဏဂုံပေးမှု ဤ ၃-ခုလုံးကို “ရှင်ပြုပေးခြင်း”
ဟု ခေါ်၏၊[“ကေသစ္ဆေဒန ကာသာယစ္ဆာဒန သရဏဒါနာနိ
ပဗ္ဗာဇနံ နာမ-ဝိမတိဋီကာ ပဗ္ဗဇ္ဇခန္ဓက။] ထိုကိစ္စ ၃-မျိုး
လုံးကို ဥပဇ္ဈာယ်ကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင် ပြုသင့်၏၊
အခြားကိစ္စများသဖြင့် အားလပ်ခွင့် မရလျှင်လည်း ရဟန်းငယ်
တပါးပါးကို (ရှင်ပြုပေးလိုက်ပါ)ဟု စေခိုင်းနိုင်၏။ [“သစေ
,,
ဆရာများအတွက် မှတ်ဘွယ်
၁၅၅
ဩကာသော ဟောတိ, သယံ ပဗ္ဗာဇေတဗ္ဗော၊ သစေ
ဥဒ္ဒေသ ပရိပုစ္ဆာဒီဟိ ဗျာဝဋော ဟောတိ, ဩကာသံ န
လဘတိ၊ ဧကော ဒဟရဘိက္ခု၊ ဝတ္တဗ္ဗော-(ဧတံ၊ ဤရှင်
လောင်းကို။ ပဗ္ဗာဇေဟိ၊ ဆံချ သင်္ကန်းဝတ် သရဏဂုံပေးကာ
ရှင်ပြုပေးလိုက်ပါ။) ဣတိ ဝတ္တဗ္ဗော”’ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာနှင့်
ဝိမတိဋီကာ။
«
ဥပဇ္ဈာယ်ကိုယ်စား ဥပဇ္ဈာယ် ဆရာကပင် မခိုင်းသော်လည်း
ရှင်ပြုပေးခြင်း “ရဟန်းငယ်က ဥပဇ္ဈာယ်ကို ရည်စူး၍
(ဥပဇ္ဈာယ်ကိုယ်စား)ရှင်သာမဏေပြုပေး
လျှင်လည်း အပ်၏”ဟု အဋ္ဌကထာဆို၏၊ ထို့ကြောင့် ယခုအခါ
ဥပဇ္ဈာယ် ဂုဏ်အင်္ဂါနှင့် မညီသေးဘဲ ရှင်သာမဏေ ပြုပေးကြ
ရသောရဟန်းငယ်များသည် မိမိ၏ဥပဇ္ဈာယ်ဆရာကို ရည်စူး၍
ဥပဇ္ဈာယ်၏ ကိုယ်စားအနေဖြင့်သာရှင်သာမဏေ ပြုပေးသင့်
ကြသည်၊ရှင်သာမဏေ ပြုပေးပြီးနောက်လည်း ဥပဇ္ဈာယ်ရှိရာ
သွား၍ ဥပဇ္ဈာယ်ယူစေသင့်ကြသည်။
66
သာမဏေနှင့် လူဝတ်ကြောင်က ဥပဇ္ဈာယ်ဆရာသ ည်
သင်္ကန်းဝတ်ပေးမှု (ကျောင်း၌ ခိုင်းဘို့ရာ
ရဟန်းငယ် မရှိ၍သော်
၎င်း ရှိစေကာမူ မခိုင်းလို၍သော်၎င်း) သာမဏေ တပါးပါးကို
“ဤ ကလေးအား ခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးလိုက်ပါ”ဟု
စေခိုင်းနိုင်၏၊ သာမဏေကို မခိုင်းဘဲ သင်္ကန်းဝတ်ပေးတတ်သူ
လူဝတ်ကြောင် တယောက်ယောက်ကိုလည်း ခိုင်းနိုင်၏၊ ထိုသို့
ခိုင်းသောအခါ အခိုင်းခံရသူသည် ခေါင်းရိတ်၍ သင်္ကန်း
ပေးပြီးလျှင် ဝတ်ပေးကောင်း၏၊ ထိုသို့ သာမဏေနှင့် လူဝတ်

## PAGE 298

၁၅၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကြောင်ကို စေခိုင်းရာ၌ သင်္ကန်းဝတ်ပြီးသောအခါ သရဏဂုံ
ကိုကား ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးရမည်။
"
ကိုယ့်ဘာသာမဝတ်ကောင်း။ ။ဥပဇ္ဈာယ်ဆရာသည် မည်သူ့
ကိုမျှ မခိုင်းဘဲ သူ့ဘာသာ
ဝတ်တတ်သော ရှင်လောင်းအား သင်္ကန်းပေး၍ “ သင့်ဘာ
သာ ဝတ်တော့” ဟု ခွင့်ပြုလျှင်လည်း ရှင်လောင်းကိုယ်တိုင်
သင်္ကန်းဝတ်ကောင်း၏၊ ရှင်သာမဏေလောင်းသည် ဥပဇ္ဈာယ်
ဆရာက “ဝတ်တော့” ဟု ခွင့်မပြုဘဲ (သူပိုင်သင်္ကန်း ဖြစ်စေ
ကာမူ) ကိုယ့်ဘာသာ သင်္ကန်းယူ၍ မဝတ်ကောင်းကြောင်း
ရွှေအစ၌ မှာထားခဲ့ပြီ၊ ထိုသို့ ကိုယ့်ဘာသာယူ၍ ဝတ်လျှင်
ရှင်သာမဏေ မဖြစ်ဟု ဆိုကြ၏၊ ထို့ကြောင့် နားမလည်၍
ကိုယ့်ဘာသာဝတ်ထားသူကို သင်္ကန်းချွတ်စေ၍ ဥပဇ္ဈာယ်
ဆရာက ထပ်မံပြီး သင်္ကန်းပေးရ၏၊ [ – ဘိက္ခုနာ ဟိ
သဟတ္ထေန ဝါ အာဏတ္တိယာ ဝါ ဒိန္နမေဝ ကာသာဝံ ဝဇ္ဇတိ၊
အဒိန္န န ဝဇ္ဇတိ ”ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။ ]
သင်္ကန်းကပ်, သင်္ကန်းတောင်း ပြခဲ့သော စကားစဉ်အရ
ဖြစ်ပေါ်လာပုံ ဥပဇ္ဈာယ်ဆရာက သင်္ကန်း
ပေးမှ ဖြစ်စေ၊ ဥပဇ္ဈာယ်
ဆရာက တဆင့် အခိုင်းခံရသူ ပေးမှဖြစ်စေ သင်္ကန်း ဝတ်
ကောင်း၍ ( ကိုယ်ပိုင်သင်္ကန်း ဖြစ်စေကာမူ ) ကိုယ့်ဘာသာ
မဝတ်ကောင်းသောကြောင့် ယခုအခါ၌ မိမိလက်မှာရှိသော
ကိုယ်ပိုင်သင်္ကန်းကို ဆရာ့လက်သို့ ကပ်ရခြင်း, ဆရာ့လက်မှ
ပြန်၍ တောင်းရခြင်းဟူသော ထုံးစံ ၂-ခု ဖြစ်ပေါ်လာပေ
,,
ဆရာများအတွက် မှတ်ဘွယ်
"
၁၅၇
သည်။ [ယခုကာလ၌ – သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာ-
နဿ စသော စကားသည် ဝိမတိဋီကာကို မှီ၍ ရှေးဆရာတို့
စီစဉ်အပ်သောစကားမျှသာ ဖြစ်သည်။ ] အကယ်၍ ဆရာ
ကိုယ်တိုင် ဝတ်ပေးလျှင်ကား ထိုသင်္ကန်းကပ် သင်္ကန်းတောင်း
များလည်း မလိုပါ။ [“ကာသာယာနိ တိက္ခတ္တံ ဝါ ဒွိက္ခတ္တ
သင်္က• ဝါ ပဋိဂ္ဂါဟာပေတဗ္ဗော = သင်္ကန်းတို့ကို ရှင်
လောင်းလက်သို့ ၃-ကြိမ်, ၂-ကြိမ်, တကြိမ်ဖြစ်စေ အပ်နှင်း
ရမည်၊ အထာပိဿ ဟတ္ထ အဒတွာ အာစရိယော ဝါ
(သရဏဂုံ ဆရာသည်သော်၎င်း )ဥပဇ္ဈာယော ဝါ သယမေဝ
အစ္ဆာဒေတိ၊ ဝစ္စတိ” ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။]
နမော တဿ
သရဏဂုံနှင့်စပ်၍ မှတ်ဘွယ်
သရဏဂုံ သီလတောင်း ယခုခေတ်၌ သရဏဂုံမယူမီ “အဟံ
ဘန္တေ” စသော သရဏဂုံ သီလ
တောင်းနှင့် တကွ “နမော တဿ”
အထိ ဆိုကြရသေး၏၊ ထို အားလုံးသည် ပါဠိတော် အဋ္ဌ-
ကထာတို့၌ တိုက်ရိုက်လာသော စကားများ မဟုတ်ကြ၊
ရှေးဆရာတို့ သင့်တော်အောင် စီစဉ်အပ်သော စကားများ
သာ ဖြစ်သည်၊ ထို့ကြောင့် ထိုစကားများကို ပါဠိလိုမဆိုဘဲ
မြန်မာလိုလည်း ဆိုနိုင်၏၊ သို့သော် ပါဠိလို မဆိုရလျှင် ပေါ့
ဆဆနိုင်သည်ဟု ထင်မည်စိုးသောကြောင့် ပါဠိ မြန်မာ ၂-မျိုး
လုံး ပြခဲ့ပါသည်၊ မြန်မာလိုပင် ဆိုကောင်းသေးရကား
(ဓနိတအက္ခရာကို ပြင်းပြင်းရှုတ်ကာ) ဌာန်ကရိုဏ်း ကျနဘို့
လည်း အရေးမကြီးသေးပါ။

## PAGE 299

၁၅၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
"
သရဏဂုံ။ ။ရှင်သာမဏေ ပြုသောကိစ္စ၌ “ဆံချ, သင်္ကန်း
ဝတ်, သရဏဂုံပေး” ဤ ၃-ချက် အရေး
|
အကြီးဆုံးဟု ကျမ်းဂန်၌ ဆိုပါသည်၊ ထို ၃-မျိုးတွင်လည်း
သရဏဂုံသည် သာ၍ အရေးကြီး၏၊ ထိုသရဏဂုံ၌ “ဥဘ-
တောသုဒ္ဓိ=(ပီပီသသရွတ်ဆိုသောအားဖြင့်) ဆရာနှင့်တပည့်
၂-ဘက်လုံး သန့်ရှင်းမှု” ဖြစ်မှ သရဏဂုံ အထမြောက်သည်၊
ဆရာက ပီ၍ တပည့်ကမပီလျှင်၎င်း, တပည့်က ပီသော်လည်း
သွားကျိုးနေခြင်းစသော အကြောင်းကြောင့် ဆရာက မပီ
လျှင်၎င်း သာမဏေစစ်စစ် မဖြစ်နိုင်ပါ၊ ထို့ကြောင့် ယခုအခါ
ရှင်လောင်းများအား စောစောက တင်ကြို၍
ရွတ်ဆိုနည်းကို
တချို့ ဆရာသမားတို့ သင်ပြလေ့ရှိကြသည်။
အဋ္ဌကထာ။ ။ပဗ္ဗဇ္ဇာယ ပန ဣမာနိ တီဏိ သရဏာနိ
ဗုကာရ ဓကာရာဒီနံ ဗျဉ္ဇနာနံ ဌာနကရ-
ဏသမ္ပဒံ အဟာပေန္တေနေဝ အာစရိယေနာပိ အန္တေ၀ါသိ-
ကေနာပိ ဝတ္တဗ္ဗာနိ၊ သစေ အာစရိယော ဝတ္တု သက္ကောတိ
အန္တေဝါသိကော န သက္ကောတိ။ပ။ နဝဇ္ဇတိ။ (မဟာဝါ
ပဗ္ဗဇ္ဇခန္ဓက။)
တင်းတင်းရှုတ်ရသော အက္ခရာများ။ ။ပါဠိအက္ခရာများကို
ရွတ်ဆိုရာ၌ အသံ၏
ဖြစ်ရာဌာနနှင့် အသံထွက်ပုံ တူနေလျှင် အက္ခရာကို ရိုးရိုး
ရွတ်၍ နောက် အက္ခရာကို တင်းတင်းမာမာ ရွတ်ရ၏၊ ထိုသို့
ချွတ်မှလည်း “ အသံတူ ၂-လုံးတွင် မည်သည့်အက္ခရာကို ရွှတ်
သည်”ဟု နားထောင်သူတို့မှာ ကွဲကွဲပြားပြား ကြားရ၍
"
ဆရာများအတွက် မှတ်ဘွယ်
၁၅၉
ထိုပါဠိ၏ အနက်မှန်ကို နားလည်နိုင်သည်၊ ဌာန်တူ အသံတူ
အက္ခရာများကား——
က
နှင့် ဈ။
ခ။…… နှင့် ….စ နှင့် ဆ။..ဇာ
နှင့် ဌ။….၃ နှင့် ၁။….တ နှင့် ထ။....ဒ နှင့် ဓ။
ပ နှင့် ဖ…ဗ နှင့် ဘ။
ထိုဆယ်စုံတွင် ရွှေ အက္ခရာကို ရိုးရိုးအသံဖြင့် ရွတ်၍
နောက် အက္ခရာကို တင်းတင်းမာမာ ရှုတ်ကြရသည်၊ “တင်း
တင်းမာမာ” ဆိုသော်လည်း ငေါက်ငန်းသလို ပြင်းပြင်းထန်
ထန် ရှုတ်ရမည်ဟု မဆိုလို၊ က အသံနှင့် ခ အသံ, ဂ အသံနှင့်
ဃ အသံ ကွဲပြားရုံသာ ရွတ်ရမည်ဟု ဆိုလိုသည်၊ ထို့ကြောင့်
“ ဗုဒ္ဓံ ဓမ္မံ သံဃံ” ပုဒ်တို့ကို ရွတ်ရာ၌ – ဒံ ဒမ်
66
,
မရောရုံ “သ္မိံ ဓမ်, သံ” တို့ကို တင်းတင်းမာမာ ရွတ်ရမည်။
ရွှတ်နည်း ၂-မျိုး။ ။ဤသို့ အက္ခရာတလုံးစီ ပီသအောင်
ရွတ်တတ်ပြီးနောက် “ဗုဒ္ဓံ + သရဏံ ”
အလာ
660.99
"
တို့၌ နိဂ္ဂဟိတ် (သေးသေးတင်)ဆုံးသော နိဂ္ဂဟိတန္တရွတ်နည်း
ဗုဒ္ဓမ်+ သရဏမ်”ဟု (မ်) အက္ခရာဆုံးသော မကာရန္တရွတ်
နည်း ၂-မျိုးတွင် တမျိုးမျိုး ပီသအောင် ရွတ်တတ်ဘို့ အလေ့
ပြုကြရသေးသည်၊ ချဲ့ဦးအံ့’ နိဂ္ဂတဟိန္တ ရွတ်နည်း၌
“z” ဟု ရှုတ်ရာဝယ် ဒ္ဓ နှင့် နိဂ္ဂဟိတ်တို့သည် အသရ တလုံး
တည်းကို မှီရသောကြောင့် (“ဒ်၊ ” ဟု အလယ်က သရ
တလုံးတည်းကို ရှေ့၌ဗျည်းနှင့် နောက် နိဂ္ဂဟိတ်ဗျည်းတို့ မှီရ
သောကြောင့်) ဒ္ဓ အသံနှင့် နိဂ္ဂဟိတ်အသံကို ခွဲ၍ မရဘဲ တစပ်
တည်း တသံတည်း ဖြစ်အောင် ရွတ်ရသည်၊ “ကံဃံ သံဃံ”
တို့၌လည်း နည်းတူ။
,,

## PAGE 300

၁၆၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
မကာရန္တ ရွတ်နည်း၌ကား“ဒ္ဓမ်”ဟု ရွှတ်ရာဝယ် ့
သည်
အသရကိုမှီ၍ (မ်) ဗျည်းက ထိုအသရကို မမှီသောကြောင့်
ဒ္ဓသံနှင့်(မ်)သံကို တစပ်တည်းရွတ်၍ မရ၊ “” ဟု ရွှတ်ပြီးမှ
(မ်) ကို တမတြာဝက်သံ ကလေးမျှ သီးခြား ရွတ်ရသည်၊
ဟူသော အင်္ဂလိပ်စာလုံးကို ရွတ်တတ် သူအား
အရွတ်ခိုင်းပါ၊ သီတာနှင့် ရာမကို “သီတာရာမ်”ဟု မကာရန္တ
ရွတ်သော ဟိန္ဒူသံကိုလည်း `နားထောင် ကြည့်ပါလေ။
“ဓမ္မမ်, ဏမ်, သမ်”တို့၌လည်း နည်းတူ။
M
များသောအားဖြင့် မြန်မာလူမျိုးတို့သည် နိဂ္ဂဟီတန္တ
အသံကိုသာ ရွတ်တတ်ကြ၏၊ (မ်)ကာရန္တအသံကို ကျနစွာ
ရွှတ်တတ်သူ နည်းပါးလှ၏၊ ဟိန္ဒူများကား(မ်)ကာရန္တကို
လည်း လွယ်ကူစွာ ရွတ်နိုင်သောကြောင့် သရဏဂုံ၌ နိဂ္ဂဟီ
တန္တ မကာရန္တ ၂-မျိုးလုံးပင် ဟိန္ဒူ နိုင်ငံ ဣန္ဒိယ၌ ခွင့်ပြု
တော်မူခဲ့ရင်း ဖြစ်သည်။ ဤရွတ်ပုံနှင့်စပ်၍ မြန်မာနိုင်ငံ၌
အခြားနည်းများလည်း ရှိပေသေး၏။
အဋ္ဌကထာ။ ။ဣမာနိ စ ပန ဒဒမာနေန “ဗုဒ္ဓံ သရဏံ
ဂစ္ဆာမီတိ ဧဝံ ဧကသမ္ဗန္ဓာနိ အနုနာသိ-
ကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီတိ
ဧဝံ ဝိစိန္တိတျာ မကာရန္တာနိ ဝါကတွာ ဒါတဗ္ဗာနိ။
ပဗ္ဗဇ္ဇခန္ဓက။
ထို့ပြင်-ခံ, ဓမ် အသံတို့ ဖြစ်ရာဌာနသည် သွားရင်း
ဖြစ်၏၊ ထို သွားရင်းကို လျှာဖျားဖြင့် တို့၍ ရွတ်ရသည်၊
ဤသို့ ရှုတ်မှသာ “စံ-စမ်”အသံနှင့် ကွဲပြား၏၊ သရဏံ၌
ဏ-အသံ၏ ဖြစ်ရာဌာနသည် အာထိပ်(အာခေါင်တွင် ထိပ်ဘု)
ဆရာများအတွက် မှတ်ဘွယ်
၁၆၁
ဖြစ်၏၊ ထို အာထိပ်ကို လျှာဖျား၏ အတွင်းနဲနဲကျသော
အရပ်ဖြင့် ထိကပ်၍ ရှုတ်မှသာ အသံပီ၍ နငယ်နှင့် ကွဲပြား
သည်၊ ဤကဲ့သို့ သေချာအောင် ဆရာ အစဉ်အဆက် ရွှတ်
ဖတ်နည်း မရလျှင် ဆရာ့ကိုယ်တိုင်ပင် သရဏဂုံပီဘို့ ခဲယဉ်း
လှ၏၊ ရှင်သာမဏေလောင်းအတွက်မှာ ပြောဘွယ် မလို
တော့ပါ။ [ဤသရဏဂုံပေးခါနီး၌ဖြစ်စေ စောစောက သင်ပြ
ခိုက်ဖြစ်စေ ဘုရား တရား အရိယာသံဃာများအကြောင်းကို
အတော်အတန် နားလည်အောင် ပြောကြပါလေ။]
သာမဏေအတု ဖြစ်ရကျိုး။ ။ယခုခေတ်အလိုက် သာမဏေ
အစစ်ဖြစ်ဘို့ ခဲယဉ်းနေသော်
လည်း သာမဏေအတုကား ဖြစ်ပါပြီ၊ ထို သာမဏေအတုသည်
ရှင်သာမဏေများ၏ ကျင့်ဝတ်တို့ကို ရိုသေစွာ စောင့်ထိန်း၍
နေထိုင်ပါမူ လောကမှာလည်း ကဲ့ရဲ့ဘွယ် အပြစ်မရှိပါ၊ နောင်
သံသရာမှာလည်း မကောင်းကျိုး မရ ကောင်းကျိုးသာ
ရဘွယ်ရှိပါသည်၊ သာမဏေ အတုကလေးမျှသာ ဖြစ်၍
ပစ်စလက်ခတ် တော်စွာ လျော်စွာနှင့် သာမဏေ၏ သိက္ခာကို
မစောင့်ရှောက်ပါမူကား ဘာသာခြားတို့ အထင်သေးဘွယ်ရာ
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အသရေမဲ့အောင် ပြုရာ
ရောက်သောကြောင့် ယခုဘဝလည်း အပြစ်မကင်း, သံသရာ
မှာလည်း အပါယ် ၄-ပါး အစာသာ ဖြစ်ရှာတော့မည်။
ထို့ကြောင့် မည်သည့် ဆရာ မိဘမဆို သိက္ခာကို မစောင့်
ထိန်းနိုင်သေးသော (စောင့်ထိန်းနိုင်သော်လည်း သဒ္ဓါတရား
မရှိသော)ကလေးသူငယ်များကို “သင်္ကန်းချီရလျှင် ပြီးရော”
ဆိုတဲ့ သဘောဖြင့် သင်္ကန်းဝတ်ပေးကာ ဗုဒ္ဓမြတ်စွာ၏ အထွတ်
OIBIMINICC
