## PAGE 306

၁၇၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဖြစ်နိုင်သမျှအားလုံး) တဿ ဥဘယဿာပိ ပဋိဂ္ဂဟဏာ
ပဋိဝိရတော၊ နေဝ နံ ဥဂ္ဂဏှာတိ (ကိုယ်တိုင်လည်း မယူ)၊
န ဥဂ္ဂဏှာပေတိ(သူတပါးကိုလည်း ခံယူဘို့မခိုင်း)၊ န ဥပ-
နိက္ခိတ္တံ သာဒယတိ (အနီး၌ချထား၍, တနေရာ၌ အပ်နှံ
ထား၍ လှူသည်ကိုလည်း မသာယာ၊) သီလက္ခန် ဗြဟ္မ-
ဇာလသုတ်။
ဥပဇ္ဈာယ်ယူပုံနှင့်စပ်၍ မှတ်ဘွယ်
ဥပဇ္ဈာယ်ဆရာ။ ။သရဏဂုံပေးသော ဆရာကို ပဗ္ဗဇ္ဇာစရိယ
( ရှင်ပြုပေးသော ဆရာ ) ဟု ခေါ်၏၊
သာမဏေ ဖြစ်ပြီးသောအခါ ဥပဇ္ဈာယ် ယူစေရသေး၏၊ မယူ
စေလျှင် “န ဘိက္ခဝေ အနုပဇ္ဈာယကော ပဗ္ဗာဇေတဗ္ဗော
ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟူသော ပညတ်တော်
အရ ရှင်ပြုပေးသူမှာ ဒုက္ကဋ် အာပတ်သင့်၏၊ “ဥပဇ္ဈာယ်ဆရာ”
ဟု “စိတ်ထည်း၌ မှတ်ယူထားခြင်းကို ဥပဇ္ဈာယ်ယူခြင်း” ဟု
ခေါ်၏၊ ထိုသို့ ဥပဇ္ဈာယ် ယူသောအခါ “ ပါသာဒိကေန
သမ္ပာဒေဟိ (သမ္ပာဒေထ)”ဟု ဆို၍ ဥပဇ္ဈာယ်ဆရာဖြစ်
ကြောင်း အသိပေးခြင်းကို “ဥပဇ္ဈာယ်ပေးခြင်း” ဟု ခေါ်၏။
£
လူတို့၌ မိဘသည် အရေးကြီးဆုံး ဖြစ်သကဲ့သို့ သာသနာ
တော်၌လည်း ဥပဇ္ဈာယ်ဆရာသည် အရေးကြီးဆုံး ဖြစ်၏၊
မိဘသည် သားသမီး၏ အပြစ်ကြီး အပြစ်ငယ်ကို အမြဲ ကြည့်
ရှုဆုံးမသကဲ့သို့ ဥပဇ္ဈာယ်
ဆရာလည်း တပည့်၏ အပြစ်ကြီး
အပြစ်ငယ်များကို အမြဲမပြတ် ကြည့်ရှုဆုံးမရသည်၊ (ဥပ=
အမြဲကပ်၍ + ဈာယ = ကြည့်ရှု ဆုံးမ တတ်သော ဆရာ )၊
ဆရာများအတွက် မှတ်ဘွယ်
၁၇၃
သရဏဂုံပေးသောဆရာကား လောက၌ ဘကြီး ဘထွေးများ
ကဲ့သို့ ဥပဇ္ဈာယ် ကွယ်ရာ၌ ဖြစ်တတ်သော အပြစ်များကို
ကြည့်ရှု ဆုံးမရသည်။
"
ဥပဇ္ဈာယ်ပေးရာ၌ ဆိုဘွယ်များ။ ။တပည့်က “ဥပဇ္ဈာယော
မေ ဘန္တေ ဟောဟိ” ဟု
၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူသောအခါ “သာဟု(ကောင်းပြီ)”
ဟု၎င်း, လဟု(သင့်ကို ကြည့်ရှုဆုံးမဘို့ရာ ငါ့မှာဝန်မလေးပါ
ပေါ့ပါ၏)ဟု၎င်း, ဩပါယိကံ (သင်၏ ဥပဇ္ဈာယ်ယူခြင်းသည်
နည်းလမ်းကျပါ၏)ဟု၎င်း, ပဋိရူပံ (သင်၏ ဥပဇ္ဈာယ်ယူခြင်း
သည် သင့်လျော် လျောက်ပတ်ပါ၏)ဟု၎င်း, “ပါသာဒိကေန
သမ္ပာဒေဟိ”ဟု၎င်း ဤ ၅-မျိုးတွင် အလိုရှိရာ တမျိုးမျိုးကို
ဆို၍ ဥပဇ္ဈာယ်ပေးနိုင်၏၊ ယခုအခါ၌ကား နောက်တမျိုး
ကိုသာ ဆို၍ ဥပဇ္ဈာယ်ပေးလေ့ ရှိကြပါသည်။
ပါသာဒိကေန။ ။ ပါသာဒိကေန” ကို “ ပသာဒါဝဟေန
ကာယဝစီပယောဂေန”ဟု၎င်း,“သမ္မာ-
ဒေဟိ”ကို “ တိဝိဓသိက္ခ နိပ္မါဒေဟိ” ဟု၎င်း တေရသကဏ်
ဋီကာ ဖွင့်သောကြောင့် ထိုအဖွင့်အတိုင်း “ ကြည်ညိုဘွယ်ကို
ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ၃-ပါးသော
သိက္ခာကို ပြီးစီးစေလော”ဟု မြန်မာပြန်ပါ၊ “ပါသာဒိကေန-
ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာ
နှင့်၊ သမ္ပာဒေဟိ’ပြည့်စုံစေလော”ဟု အနက်ပေးကြသည်မှာ
သဒ္ဒါစည်းကမ်း မကျချေ။
"
"
ဆက်ဦးအံ့-သမ္ပာဒေဟိကို “နိပ္မါဒေဟိ(ပြီးစီးစေလော)”
ဟု ဖွင့်သော ဋီကာ အလိုအားဖြင့် သံပုဗ္ဗ ပဒဓာတ် ကာရိတ်

## PAGE 307

"
၁၇၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဏေပစ္စည်းဖြင့် ပြီးသော သမ္ပာဒေဟိပုဒ်သည် “သမ္ပန္န-သမန္နာ-
ဂတ”တို့ကဲ့သို့ ဤနေရာ၌ သဟာဒိယောဂကို ငဲ့သော သဟာ-
ဒိယောဂဝန္တပုဒ် မဟုတ်၊ “ပါသာဒိကေန သမ္ပာဒေဟိ-ကြည်
ညိုဘွယ်ကိုဆောင်သော ကိုယ် နှုတ်အမူအရာဖြင့် ၃-ပါးသော
သိက္ခာကို ပြီးစီးစေလော=ပြီးစီးအောင် အားထုတ်လော”
ဟုသာ တိုက်တွန်းခြင်းဖြစ်သည်၊ အများသုံးရိုး အနက်
အားဖြင့် “ သမ္ပာဒေဟိ– ပြည့်စုံစေလော” ဟု ပေးစေကာမူ
တိဝိဓသိက္ခ”ဟူသောကာရိတ်ကံကိုကား ထည့်ရမည်သာ၊
“အပ္ပမာဒေန သမ္ပာဒေထ” ဟု လာရာ၌လည်း ဤနည်း
ပင်တည်း။
အာမဘန္တေ။ ။ဥပဇ္ဈာယ်ဆရာက “ပါသာဒိကေန သမ္ပာ-
"
ဒေဟိ”ဟု ဆို၍ ဥပဇ္ဈာယ်ပေးပြီးသော
အခါ ယခုခေတ်၌ “အာမ ဘန္တေ”ဟု တပည့်က ဝန်ခံစကား
ဆိုကြသေး၏၊ . ထိုစကားသည် လိုရင်းမဟုတ်၊ တပည့်က
ဥပဇ္ဈာယ်ယူခြင်း, ဆရာက ဥပဇ္ဈာယ်ပေးခြင်း ဤ ၂-မျိုးသာ
လိုရင်းဖြစ်သည်၊ ထို့ကြောင့် မဟာဝါအဋ္ဌကထာ (ဥပဇ္ဈာယ-
ကထာ)၌ “ အာယာစနဒါနမတ္တေန ဟိ ဂဟိတော ဟောတိ
ဥပဇ္ဈာယော=တပည့်က ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဟု
တောင်းပန်ခြင်း၊ ဆရာက ဥပဇ္ဈာယ်ပေးခြင်းမျှဖြင့် ဥပဇ္ဈာယ်
ယူပြီး (ဥပဇ္ဈာယ်ဆရာဟု အသိအမှတ်ပြုပြီး)ဖြစ်တော့သည်၊
န ဧတ္ထ သမ္ပဋိစ္ဆနံ အင်္ဂ=ဤ ဥပဇ္ဈာယ်ယူရာ၌ တပည့်က
“သာဓု”ဟု ဆို၍ ဖြစ်စေ “အာမ ဘန္တေ”ဟုဆို၍ ဖြစ်စေ
ဝန်ခံခြင်းသည် လိုရှင်းအင်္ဂါမဟုတ်”ဟု မိန့်တော်မူသည်။
"
ဆရာများအတွက် မှတ်ဘွယ်
၁၇၅
မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာသည် မိဘကဲ့သို့ အမြဲ ကြည့်ရှု
ဆုံးမရမည့် ဆရာရင်းဖြစ်ကြောင်း ပြခဲ့ပြီ၊ ယခု
အခါ၌ကား ရဟန်းခံခါနီးဝယ် ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံ၍
အမြဲ အတူနေမည့် ဆရာရင်းရှိပါလျက် အတူနေမဟုတ်သော
ဂုဏ်ကြီး ဝါကြီး မထေရ်ကြီများကို ဥပဇ္ဈာယ်ပြု၍ ရဟန်း
ခံလေ့ရှိကြ၏၊ ထို အငှါးဆရာနှင့် တပည့်ရဟန်းတို့သည်
အတော်ကြာလျှင် (စောင့်ရှောက် ဆုံးမဘို့ကို မဆိုထားဘိ)
ကိုယ့်တပည့်မှန်းပင် မသိတော့ချေ၊ ထို့ကြောင့် အငှါးဆရာ
ထက် အရင်းဆရာကိုသာ(အင်္ဂါလုံလောက်ပါလျှင်)ဥပဇ္ဈာယ်
ပြုသင့်ကြသည်။
ဥပဇ္ဈာယ်ပြောင်းနိုင်ပုံ။ ။န ဘိက္ခဝေ အညဿ ပရိသာ
အပလာဇ္ဇေတဗ္ဗာတိ ဧတ္ထ သာ-
မဏေရာ ဝါ ဟောန္တု ဥပသမ္ပန္နာ ဝါ၊ အန္တမသော ဒုဿီလ-
ဘိက္ခုဿာပိ ပရဿ ပရိသဘူတေ ဘိန္ဒိန္နာ ဂဏှိတုံ န
ဝဋ္ဋတိ = သာမဏေဖြစ်ဖြစ် ၊ ရဟန်းဖြစ်ဖြစ် သူ့ပရိသတ်ကို
ဖြားယောင်း၍ မယူအပ်၊ အယုတ်သဖြင့် ဒုဿီလရဟန်း၏
ပရိသတ်ကိုသော်မှလည်း ခွဲ၍ မယူအပ်။
အာဒီနဝံ ပန ဝတ္ထု ဝတ္ထုတိ’“တယာ နှာယိတုံ အာဂတေန
ဂူထမက္ခနံ ဝိယ ကတံ ဒုဿီလံ နိဿာယ ဝိဟရန္တေန = ဒုဿီလ
ဆရာကို မှီ၍နေသော သင်ဟာ ရေချိုးမည်ဟု လာပြီး
မစင်ဖြင့် သုတ်လိမ်းမှုကို ပြုနေတာနဲ့ တူနေပြီ၊ သစေ သော
သယမေဝ ဇာနိတျာ ဥပဇ္ဈာယံ ဝါ နိဿယံ ဝါ ယာစတိ
ဒါတုံ ဝဋ္ဋတိ= (ဒီလိုပြောတာနဲ့)သူ့ဘာသာ သဘောပေါက်ပြီး
ကိုရင်ဖြစ်သူက ဥပဇ္ဈာယ်တောင်းလျှင် ဥပဇ္ဈာယ်ပေး

## PAGE 308

၁၇၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
6
ကောင်း၏၊ ရဟန်းဖြစ်သူက နိဿယည်းတောင်းလျှင် နိဿ
ယည်း ပေးကောင်း၏။ ဤစကားအရ “သာမဏေများ
သည် ပဌမ ဥပဇ္ဈာယ်ဆံရာနှင့် ကွဲကွာနေသောအခါ ဖြစ်စေ
နဂို ဥပဇ္ဈာယ်ကို သဘောမကျ၍ဖြစ်စေ ဥပဇ္ဈာယ်အသစ်
ပြောင်း၍ ယူကောင်း၏”ဟု မှတ်ပါ။
"
လိင်ဆယ်ပါးနှင့်စပ်၍ မှတ်ဘွယ်
“ အနုဇာနာမိ ဘိက္ခဝေ ဒသဟင်္ဂေဟိ သမန္နာဂတံ
သာမဏေရီ နာသေတုံ” စသည်ဖြင့် ပါဏာတိပါတမှု စသော
ဆယ်ပါးကို သာမဏေ၏ အသွင်ကို ဖျက်၍ လူထွက်စေ
ကြောင်း အင်္ဂါဟု ဟောတော်မူ၏၊ ထို ၁၀-ပါးတွင်
LOO
00
ပါဏာတိပါတ။ ။ကုန္ထကိပိလ္လိကမ္ပိ မာရေၻာ မင်္ဂုရှဏ္ဍကမ္ပိ
ဘိန္ဒိန္နာ နာသေတဗ္ဗတံယေ၀ ပါပုဏာ-
တိ=ခြ, ပန္နက်ကိုသော်လည်း သတ်လျှင်၎င်း၊ ကြမ်းပိုးဥကို
သော်လည်း တုတ်လျှင် ခွဲလျှင်၎င်း ဖျက်ဆီးထိုက်သူ၏ အဖြစ်
သို့သာ ရောက်၏။
o
တာဝဒေဝဿ သရဏဂမနာနိ စ ဥပဇ္ဈာယဂ္ဂဟဏဉ္စ
သေနာသနဂ္ဂါဟော စ ပဋိပဿမ္ဘတိ၊သံဃလာဘံ န လဘတိ၊
လိင်္ဂမတ္တမေဝ ဧကံ အဝသိဋ္ဌိ ဟောတိ=ထို ပါဏာတိပါတမှုကို
ပြုသည့် ခဏ၌ပင် သူ၏ ( ရှေးက ယူထားသော ) သရဏဂုံ
၃-ပါးသည်၎င်း၊ ဥပဇ္ဈာယ်သည်၎င်း၊ နေဘို့ရာ ခံယူထားသော
သံဃိကကျောင်း ခံယူခြင်းသည်၎င်း ငြိမ်းပျောက် ပြတ်စဲ
တော့၏၊ သံဃာလာဘ်ဟူသမျှ မရထိုက်တော့၊ သင်္ကန်းဝတ်
ထားသည့် အသွင်တခုသာ ကျန်တော့သည်။
ဆရာများအတွက် မှတ်ဘွယ်
၁၇၇
သော သစေ အာကိဏ္ဏဒေါသောဝ ဟောတိ, အာယတိ “
သံဝရေ န တိဋ္ဌိတိ,နိက္ကရိတဗ္ဗော = သူသည်´ အကယ်၍
အပြစ်တွေ ဗလပွေရှုပ်နေသူ (အဒိန္နာဒါန, မုသာဝါဒမှု
စသည်ဖြင့် အမှုပွေနေသူ ) ဖြစ်အံ့, နောင်ခါ စောင့်စည်းမှု၌
မတည်သူ ဖြစ်အံ့ တခါးတည်း နှင်ထုတ်လိုက်ရမည်။
အထ သဟသာ ဝိရုဇ္ဈိတွာ ဒုက္ကဋ္ဌ မယာ ကတန္တိ ပုန
သံဝရေ ဌာတုကာမော ဟောတိ၊ လိင်္ဂနာသနကိစ္စံ နတ္ထိ
ယထာ နိဝတ္ထပါရုတသေဝ သရဏာနိ ဒါတဗ္ဗာနိ, ဥပဇ္ဈာ-
ယောဒါတဗ္ဗော=သို့မဟုတ် ရုတ်တရက် ချွတ်ယွင်းမိပြီး
နောက်၌ “ ငါမကောင်းတာ လုပ်မိပြီ”ဟု တွေး၍ နောက်
ထပ် စောင့်စည်းမှု၌ တည်လိုသူဖြစ်လျှင် သာမဏေ၏အသွင်
ကို ဖျက်၍ လူထွက်စေဘွယ် မလိုတော့၊ နဂိုဝတ်မြဲ ရှန်းမြဲ.
အတိုင်းပင် သရဏဂုံပေး၍ ဥပဇ္ဈာယ်လည်း ပေးရမည်။
မှတ်ချက်။ ။ပြစ်မှု မကျူးလွန်လျှင် သရဏဂုံထပ်ဘွယ်မလို၊
ပြစ်မှု ကျူးလွန်ပြန်လျှင်လည်း နောက်ထပ်
စောင့်စည်းပုံမရလျှင် သရဏဂုံ ပေးဘွယ်ပင် မလို၊ နှင်ထုတ်ရုံ
သာရှိ၏၊ ယခုကာလ၌ကား ပြစ်မှု မကျူးလွန်ဘဲနှင့်လည်း
ဥပုသ်နေ့၌ သရဏဂုံထပ်စေရိုး ရှိကြ၏၊ အတော် မကောင်း
နေသော သာမဏေအားလည်း သရဏဂုံ ထပ်ပေးလေ့ရှိကြ၏။
ထိုတွင် ဥပုသ်နေ့၌ ပြစ်မှုမရှိဘဲ သရဏဂုံ ထပ်စေခြင်းမှာ
အပြစ်မဟုတ်သော်လည်း အတော်မကောင်းသော သာမဏေ
ကို နှင်၍ မထုတ်ခြင်းမှာ တာဝန်မကြေဘဲ ရှိသည်၊ သို့သော်
သူ့ကို နှင်ထုတ်လျှင် ဘေးအန္တရာယ် ဖြစ်ဘွယ်ရှိ၍”“ သူ့အပြစ်
နှင့်သူ ထင်ရှားလိမ့်မည်”ဟု သဘောထားလျှင်ကား သင့်
၁၂ -----သ-0

## PAGE 309

၁၇၈
ရုပ်ပုံ ရှင်ကျင့်ဝတ်
တော်စရာ ရှိပေသေး၏၊ သရဏဂုံ ထပ်စေပြီးနောက်လည်း
ဥပဇ္ဈာယ် ထပ်၍ ယူစေရမည်။
သိက္ခာပဒါနိ ပန သရဏဂမနေနေဝ ဣဇ္ဈန္တိ။ပ။ ဧဝံ-
သန္တေပိ ဒဋီကရဏတ္ထ အာယတိ ံ သံဝရေ ပတိဋ္ဌာပနတ္ထိ ပုန
ဒါတဗ္ဗာနိ=သိက္ခာပုဒ်တို့ကား သရဏဂုံ ယူခြင်းဖြင့်ပင်
ပြီးစီး
ကုန်တော့၏၊ သို့သော်လည်း (မြဲရာ သံပတ်သကဲ့သို့) ခိုင်မြဲ
စေခြင်း, နောင်ခါ စောင့်စည်းစေခြင်းအကျိုးငှါ နောက်ထပ်
ပေးထိုက်ကုန်၏၊ [ “ပေး”ဆိုသော်လည်း သိက္ခာပုဒ် ၁၀-ပါး
ကို ချပေးတဲ့ အပေးဖြစ်သည်၊ သမာဒိယာမိထည့်၍ ဆောက်
တည်စေခြင်း မဟုတ်။]
"
အဒိန္နာဒါနေ တိဏသလာကမတ္တေနာပိ ဝတ္ထုနာ=
အဒိန္နာဒါန၌ အဖိုးမထိုက်သော မြက် ဝါးခြမ်းကလေးမျှ
လောက် ဝတ္ထုကို ယူခြင်းကြောင့်လည်း လိင်ကျ၏။
အဗြဟ္မစရိယေ တီသု မဂ္ဂေသု ယတ္ထ ကတ္ထစိ ဝိပ္ပဋိ-
ပတ္တိယာ=အဗြဟ္မစရိယ၌ ဝစ္စ, ပဿာဝ, မုခ မဂ် ၃-ခုတို့တွင်
တခုခု၌ ဖောက်လွှဲဖောက်ပြန် ကျင့်မှုကြောင့် လိင်ကျ၏။
မုသာဝါဒေ ဟသာဓိပ္ပါယတာယပိ မုသာ ဘဏိတေ
အဿမဏော ဟောတိ၊ နာသေတဗ္ဗတံ အာပဇ္ဇတိ=မုသာ
ပါဒ၌ ပြောင်သလို လှောင်သလို မုသား ပြောခြင်းကြောင့်
လည်း သမဏ(သာမဏေ)မဟုတ်တော့၊ အသွင်ကို ဖျက်ဆီး
ထိုက်တော့၏။
မှတ်ချက်။ ။“ကျီစားသလို မုသား ပြောရုံမျှဖြင့် လိင်
ကျ၏”ဟု ဆိုထား၏၊ ယခုကာလ၌ ကျီစား
ဆရာများအတွက် မှတ်ဘွယ် ၁၇၉
သလို ပြောင်သလို မုသားပြောရမှာ ဝန်မလေးကြ၊ အပြစ်
စာစုံတရာကို ဆရာများက စစ်ဆေးမေးမြန်းလျှင် အတင်း
လိမ်ကြတော့၏၊ (အလွန် စိတ်ပျက်စရာပင်၊) ထိုသို့ လိမ်ပြော
ရမှာ ဝန်မလေးသူသည် နောင်ခါ သာသနာတော်၌ ကြီးပွါး
လိမ့်မည်လည်း မဟုတ်၊ ထို့ကြောင့်ပင် ဘုရားရှင်သည်
ရှင်ရာဟုလာအား ၇-နှစ်အရွယ်၌ မုသားမပြောမိဘို့ရန် ကြပ်
တည်းစွာ ဩဝါဒပေးတော်မူပေသည်။ [ရာဟုလာဝတ္ထုကို
ရွှေ့၌ ပြခဲ့ပြီ။
မဇ္ဇပါနေ ပန ဘိက္ခုနော အဇာနိတျာပိ ဗီဇတော
ပဋ္ဌာယ မဇ္ဇပိဝန္တဿ ပါစိတ္တိယံ၊ သာမဏေရော ဇာနိတွာ
ပိဝန္တောဝ သီလဘေဒံ အာပဇ္ဇတိ=သေရည်သောက်မှု၌ကား
ရဟန်းမှာ မမှန်း မသိသော်လည်း မလုပ်ဘို့ မျိုးစေ့ကစ၍
သောက်လျှင် ပါစိတ်အာပတ် သင့်၏၊ သာမဏေကား မဇ္ဇ
မှန်းသိလျက် သောက်မှ သီလပျက်သည်။ [ဘုရားရှင်၏ အပြစ်
ပြောခြင်းစသော ၅-ပါးကား ရွှေ့၌ပြခဲ့သော အကျဉ်းမျှဖြင့်
သိသာလောက်ပြီ။]
·
ဒဏ် ၁၀-ပါးနှင့် စပ်၍
မှတ်ဘွယ်
3
ဒဏ် ၁၀-ပါး။ ။“အနုဇာနာမိ ဘိက္ခဝေ ပဉ္စဟင်္ဂေဟိ
သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ
ကာတုံ၊ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ”စသည်ဖြင့်
မဟာဝါခန္ဓက၌ ၅-ပါးသာ တိုက်ရိုက်လာ၏၊ အဋ္ဌကထာ၌
“ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စန္နံ အတိက္ကမော နာသန-

## PAGE 310

၁၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဝတ္ထု (လိင်ကျခြင်း၏ အကြောင်း) ပစ္ဆိမာနံ အတိက္ကမော
ဒဏ္ဍကမ္မဝတ္ထု (ဝိကာလဘောဇနစသော နောက် ၅-ပါးကို
ကျူးလွန်ခြင်းသည် ဒဏ်ပေးခြင်း၏အကြောင်း)ဟု မိန့်လေ
သည်၊ ထို့ကြောင့် ဒဏ်ဆယ်ပါး ဖြစ်ရသည်။
စသော
"
ဒဏ်ခေါ်ပုံ။ ။ဒဏ္ဍေန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍာ၊
ဧတေန၊ “မည်သည့်ကျောင်းသို့ မဝင်ရ”
တားမြစ်ထားမှု့ သဲ ရေတို့ကို ထမ်းစေမှုစသော
အမှုဖြင့်။ သာမဏေရီ၊ ကို။ ဒန္တိ ဝိနေန္တိ၊ ဆုံးမကြရကုန်၏။
ဣတိ၊ ဤသို့ ဆုံ မကြောင်း၏အဖြစ်ကြောင့်။ ဒဏ္ဍော၊ ဒဏ်
မည်၏။ ကာတဗ္ဗတိ ကမ္မံ၊ ဒဏ္ဍောယေဝ+ကမ္မံ=ဒဏ္ဍကမ္မံ၊ ဤ
အလို “ဒဏ္ဍကမ္မံ၊ ဆုံးမကြောင်းဖြစ်သော အမှုကို။ ကာတဗ္ဗေ၊
-ပြုထိုက်၏”ဟုပေး၊ တနည်း– “ဒဏ္ဍကမ္မန္တိ ဝါ နိဂ္ဂဟကမ္မံ=
တားမြစ်ခြင်း, သဲ ရေ စသည်ကို ထမ်းစေခြင်းဟူသော
နှိပ်ကွပ်မှုကို။ ကာတဗ္ဗ၊ ပြုထိုက်၏ဟုပေး။ [ တေရသကဏ်,
မဟာခန္ဓက။]
"
-
ဒဏ်ပေးပုံ။ ။ဒဏ်ပေးရာ၌ ပါဠိတော်ဝယ် “ အနုဇာနာမိ
ဘိက္ခဝေ အာဝရဏံ(သူနေမြဲကျောင်း, ထွက်
ဝင်နေကျကျောင်းသို့ မလာဘို့ရန် တားမြစ်မှုကို) ကာတုံ”ဟု
မိန့်တော်မူ၏။ အဋ္ဌကထာ၌ကား- “ အပရာဓာနုရူပံ ဥဒက-
ဒါရု ဝါလုကာဒီနိ အာဟရဏံပိကာတဗ္ဗေ=အပြစ်အား
လျော်စွာ ရေထမ်းစေမှု, ထင်း သဲ စသည်တို့ကို ဆောင်ယူ
စေမှုကိုလည်း ပြုထိုက်၏”ဟု ဆို၏။
ဆရာများအတွက် မှတ် ဘယ် ၁၇၁
တဉ္စဩရမိဿတိ ဝိရဿတီတိ အနုကမ္ပါယ၊ န
နဿတိ ဝိဗ္ဘမိဿတီတိ ပါပဇ္ဈာသယေန = ထို ဒဏ်အမှု
ကိုလည်း နောင် ရှောင်လိမ့် ကြဉ်လိမ့်မည်ဟူသော ရည်ရွယ်
ချက်ဖြင့် သူ့အပေါ် သနားကြင်နာသော စိတ်ဖြင့်သာ ပြုရ
မည်၊ ပျက်စီးလိမ့်မည်, လူထွက်လိမ့်မည်ဟု ယုတ်မာသော
ရည်ရွယ်ချက် ဆန္ဒဖြင့် မပြုရ။
-
ဒဏ္ဍ ကမ္မံ ကရောမီတိစ ဥဏှပါသာဏေဝါ နိပဇ္ဇာပေတုံ
ပါသာဏိဋ္ဌကာဒီနိဝါ သီသေ နိက္ခိ ပါပေတုံ, ဥဒကံ ဝါ ပဝေ-
သေတုံ နဝဇ္ဇတိ = ငါ ဒဏ်ပေးတယ်ဆိုတဲ့ အနေမျိုးဖြင့်
ကျောက်ဖျာအပူပေါ် အအိပ်ခိုင်းခြင်း, ကျောက် အုဌ်ခဲ
စသည်တို့ကို ဦးခေါင်းပေါ် ချထားစေခြင်း ရေထဲနှစ်ခြင်း
အမှုမျိုးကို မပြုရ။
ရဟန်းများလည်း ဒဏ်ထမ်း။ ။ယထာ စ သာမဏေရာနံ၊
ဧဝံ သဒ္ဓိဝိဟာရိကန္တေဝါ-
-
သိကာနံပိ ဒဏ္ဍကမ္မံ ကာတုံ ဝဋ္ဋတိ = သာမဏေများအား
ဒဏ်ပေးထိုက်သကဲ့သို့ ထို့အတူ ဥပဇ္ဈာယ်ယူနေသော သဒ္ဓိ-
ဝိဟာရိကတပည့်, နိဿယည်းယူနေ စာတက်နေ, ကမ္မဝါစာ
ဖတ်ပေးရသော အန္တေဝါသိကတပည့်တို့အားလည်း ဒဏ်ပေး
မှုကို ပြုနိုင်သည်။ [ဒဏ် ၁၀-ပါးတွင် သိက္ခာပုဒ် ၅-ပါးကို
ရွှေ့၌ ပြခဲ့ပြီ၊ “လာဘ်မရအောင် အားထုတ်ခြင်း” စသော
နောက် ၅-ပါးလည်း ပြခဲ့သော အကျဉ်းမျှဖြင့် သိသာ
ထင်ရှားပြီ။]
မှတ်ချက်။ ။ပါဠိတော်၌ ၅-ပါး, အဋ္ဌကထာ၌ ဝိကာလ
ဘောဇနစသော ၅-ပါး တိုက်ရိုက်လာသော
