## PAGE 31

၄၂
ရတနာ့ဂုဏ်ရည်
နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏၊ ဤနည်းအတိုင်း “သီဒါမြစ်”
တခု ခြားကာခြားကာ တောင်စဉ်ခုနစ်ထပ် မြင့်မိုရ်တောင်ကို ရံပတ်
၍ တည်လေသည်။
ထို မြင့်မိုရ်တောင်နှင့် တောင်စဉ် ၇ ထပ်တို့၏ လေးမျက်နှာ
အရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်
ထွန်းလျက် ရှိ၏၊ ထို ကျွန်းမြေများသည်ပင် လူစသော သတွာတို့၏
တည်နေရာ မြို့ ရွာ တောတောင်များဖြစ်ကြလေသည်၊ အရှေ့ဘက်၌
ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း, တောင်ဘက် အနောက်
ဘက် မြောက်ဘက်တို့၌ ပေါ်ထွန်းသော ကျွန်းမြေများကို တောင်
ကျွန်း, အနောက်ကျွန်း မြောက်ကျွန်းဟု ခေါ်သည်။
ထို မြင့်မိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ်
နှင့် ညီမျှသော အရပ်ဝယ် စာတုမဟာရာဇ် နတ်ပြည် တည်ရှိ၏၊
မြင့်မိုရ်တောင်ထိပ်လောက်၌ တာဝတိံသာနတ်ပြည်
တည်ရှိ၏၊ ဤ
နတ်ပြည် ၂ ထပ်သာလျှင် မြေနှင့် ဆက်စပ်လျက်
ရှိသည်၊ ယာမာ
တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တိ နတ်ပြည်နှင့် အထက်
ဗြဟ္မာ့ဘုံတို့ကားမြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်
ရှိကြ၏၊ ဤကား ကမ္ဘာ၏ အထက်ပိုင်းမြေပုံတည်း။[လောကဓာတ်
ဆရာတို့၏ ကမ္ဘာမြေပုံကို လောကဓာတ်ကျမ်းစာများ၌ ရှုပါ။]
,,
ဤ ဘုံအမျိုးမျိုးတို့ တည်နေဟန်နှင့်တကွ နတ် ဗြဟ္မာတို့ စံစား
ပုံကို ရိုက်နှိပ်ပြီး “ င်္သဂြိုဟ်ဘာသာဋီကာ နှင့် ဒုတိယ အကြိမ်ရိုက်
“ကိုယ်ကျင့် အဘိဓမ္မာ” တို့၌ ထည့်သွင်း ပြထားပြီ၊ ဤ ပြခဲ့သော
ကမ္ဘာကဲ့သို့ အခြားသော စကြာဝဠာ ကမ္ဘာကြီးများလည်း မရေ
66
လောကဝိဒူ ဂုဏ်တော်ဖွင့်
၄၃
တွက်နိုင်အောင် မြားမြောင်စွာရှိသေး၏၊ ဘုရားရှင်သည် ထို ပြအပ်
ခဲ့သော စကြာဝဠာ ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်
အစင် သိမြင်တော်မူနိုင်ပေသည်။
IL 2
။
။ ရုပ်နာမ် တရားတွေ
သင်္ခါရလောကကို သိမြင်တော်မူပုံ။
ပေါင်းစပ်နေသည်ကို “ပုဂ္ဂိုလ် သတ္တာ သူ့ ငါ ယောက်ျား မိန်းမ
အထီး အမ”စသည်ဖြင့် ခေါ်ဝေါ်ကြရသည်၊ ထို ရုပ်နာမ်ကို ဖယ်
ထားလျှင်’သို့မဟုတ် ရုပ်နာမ်အားလုံး အဆုံးသတ် ချုပ်သွားလျှင်
ပုဂ္ဂိုလ်, သတ္မွာ, သူ့ ငါ ဟူ၍ မရှိတော့ပြီ၊ ခန္ဓာကိုယ်၌ မြေဓာတ်
ရေဓာတ် လေဓာတ် မီးဓာတ်ဟု အမာခံဓာတ်ကြီး ၄ပါးရှိ၏၊ ထို
အမာခံ ဓာတ်ကြီး-၄ ပါးကို မွမ်းမံ ခြယ်လှယ်သော အမွှန်းတင်ရုပ်
များလည်း ရှိ၏။
ထို ရုပ်အစိတ် အစိတ်ကလေးတွေ ပေါင်းစပ်၍နေသော အစု
အခဲကို “ရုပ်ကလာပ်” ဟု ခေါ်၏၊ ရုပ်ကလာပ်မှုန့် တခုတခုသည်
ပကတိ မျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့ သေးငယ်၏၊
“လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေး
အမှားဆုံး ရုပ်မှုန့် ကလာပ်များကို မြင်နိုင်၏ ” ဟု ဆိုသော်လည်း
ကလာပ်တခုထည်းကို မြင်ရသည်မဟုတ်, ကလာပ်မှုန့် ကလေးတွေ
အတော်များများ ပေါင်းစပ်နေသည်ကိုသာမြင်သည်၊ ကလာပ်တခု
တခု၌“ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ
ဤရုပ် ဂ ခု စုပေါင်းနေကြောင်း သိဘို့ကား လောကဓာတ်ပညာ၏
အရာ မဟုတ်တော့ပြီ၊ ဘုရားရှင်ကား ထိုကဲ့သို့ အသေးအမွှား ရုပ်
ကလေးများအပြင်, ထိုရုပ်ကလေးများ ဖြစ်ပေါ်လာတို့အကြောင်း

## PAGE 32

၄၄
ရတနာ့ဂုဏ်ရည်
နှင့်တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်
ပေသည်။
ထို့ပြင်-ထို ရုပ်ကလာပ်ကလေးတွေ စုပေါင်းတွေခဲနေသဖြင့် သတွာ
ဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်, စေတသိက်ဟူသော
နာမ်တရားရှိသေး၏၊ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း
အသံ အနံ့ အရသာ အတွေ့နှင့် သိဘွယ် ဟူသမျှကို သိမြင်ကြရ
ပေသည်၊ထို နာမ်တရားတို့၏အကြောင်းကိုကား လောကဓာတ်
ပညာရှိတို့ ထိမိအောင် သိဘို့ကို မဆိုထားဘိ ဖဿ ဝေဒနာ
သညာစသော နာမည်မျှကိုပင် မသိမြင်နိုင်ကြတော့ချေ။
ရှင်တော်ဘုရားကား ထို နာမ်တရားတို့ ဖြစ်ခြင်း၏ အကြောင်းနှင့်
တကွ လက္ခဏ ကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေ
သည်၊ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက ဩကာသ
လောက သင်္ခါရလောကတို့ကို အကုန်အစင်သိမြင်တော်မူရကား
“အလွန့်အလွန် သိနိုင်ပါပေ၏”ဟု ချီးကျူးရသော ဗြဟ္မာမင်း
တို့ကပင် ဘုရားရှင်ကို “လောကဝိဒူ-လောကအားလုံးကို သိမြင်
တော်မူသောဘုရား”ဟုဥုးထိပ်ပေါ်တွင် မြှောက်တင် ကိုးကွယ်
<
ကြပေသည်။
တိုက်တွန်းချက်။ ။ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌
သတ္တလောကကိုသိတော်မူခြင်းမှာ သတာကို ချေချွတ်ဘို့အရေး
ဝယ် အလွန် အရာရောက်သော အချက်ပေတည်း၊ ဟောပြော
ချေချွတ်တော်မူရာ၌ ထိုသတ္တာတို့၏ ပင်ကိုယ်စရိုက် အနုသယနှင့်
ဣန္ဒြေအနုအရင့်ကိုနှိုင်းချင့်ပြီးမှ သင့်တော်သော တရားရေအေး
လောကဝိဒူ ဂုဏ်တော်ဖွင့်
၄၅
အမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်၊ ဥပမာ-
ဆေးကု ကျွမ်းကျင်သော သမားတော်သည် သူနာ၏ ရောဂါကို
အခြေအမြစ်နှင့်တကွသိပြီးမှသင့်တော်သောဆေးကိုတိုက်ကျွေး
သကဲ့သို့တည်း၊ ထို ့ကြောင့် ယခု သာသနာတော်တွင်း၌ တရား
ထူး မရကြသေးလျှင် နောင် ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါ
လွယ်ကူစွာ ချေချွတ်ထိုက်သူ ဖြစ်အောင် ယခုနှယ်က ဆိုးဝါး
သော အနုသယ ကိလေသာဓာတ်တွေကို ပါးလှပ်သည်ထက်
ပါးလှပ်စေပြီးလျှင် သဒ္ဓါ ပညာ စသော ဣန္ဒြေများ ရင့်သန်
ထက်မြက်ဘို့ရန် ကြိုးစားကြပါကုန်။
ဤနေရာဝယ် စာဖတ်ရင်းရပ်တန့်၍ ဘုရားရှင်၏ သပ္ပါယ်သောရုပ်ပုံ
တော်၏ အတွင်း၌ သန့်ရှင်းသော စိတ်တော်မှာ ယှဉ်နေသော
သဗ္ဗညုတာဉာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ
မိမိကိုယ်တိုင် ဘုရားရှင်ကို ဖူးရလျှင် မိမိစိတ်ကိုကြည့်၍ မိမိနှင့်
သင့်တော်သော တရားကို ဟောတော်မူမည့်ပုံ, ထိုတရားတော်
နာရင်း တရားထူးရမည့်ပုံကိုပါ – မစားရ ဝကမန်း ” အာရုံ
ပြုလိုက်စမ်းပါ၊ လောက၌ နေမင်းသာ ပေါ်ထွက်မလာလျှင်
ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍ မသိနိုင်ဘဲ
သွားတိုင်းသွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဘွယ် ရှိသကဲ့သို့
ထို ့အတူ ဘုရားရှင် နေမင်းသာ ပေါ်ထွက်၍မလာလျှင် ကုသိုလ်
အကုသိုလ်ကို ခွဲခြား၍ မသိဘဲ အကုသိုလ်တွေကိုသာ ပြုမိကာ
သတ္မွာအများပင် အပါယ်လားဘို့ ရှိပါတော့သည်။

## PAGE 33

96
ရတနာ့ဂုဏ်ရည်
အနုတ္တရော ပုရိသ ဒမ္မ သာရထိ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
(၆) သောဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန – ဆုံးမသင့်ရန်, သတွာ
မှန်သော်, ချောက်တန်လျှင် ချောက်, မြှောက်တန် မြှောက်၍
အောက်အောက် ထက်ဂုဏ် ဆင့်ဆင့် စုံဘို့ ဖုံဖုံ သင်ပေး အစဉ်
ဖေးလျက်, ယဉ်ကျေးလေအောင် သွေးဆောင် ဆုံးမတော်မူတတ်
သောဤအကြောင်းကြောင့်လည်း၊အနုတ္တရော ပုရိသဒမ္မ သာရထိ-
အနုတ္တရော ပုရိသဒမ္မ သာရထိဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍
မကုန်, ဗြဟ္မာ့ဘုံ တိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူ
ပေသည် တကား။
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်သည် “ ဆုံးမထိုက်သော သတွာ
များကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်”
ဟူသော အနက်ကိုပြသည်။ [ အနုတ္တရော + ပုရိသဒမ္မ + သာရထိ၊
အနုတ္တရော=အဘုမရှိမြတ်သည်+ပုရိသ = ယောက်ျား (သတ္မွာ) +
ဒမ္မ=ဆုံးမထိုက်သူ+သာရထိ=ဆုံးမနိုင်သည်။]
အောက်အောက် ထက်ဂုဏ် ။ ။ အောက်အောက် သီလ
ဂုဏ်နှင့် အထက် အထက် ဈာန်မဂ်ဖိုလ် ဂုဏ်များကို အဆင့်ဆင့်
စုံလင်အောင် အဖုံဖုံ သင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ
စောင့်ရှောက်တော်မူသည်။
အနုတ္တရော ပုရိသဒမ္မ သာရထိဖွင့်
အတွင်းစိတ်ကိုလာက
၄၇
တောဆင်ရိုင်း မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌
အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ မြင်းဆရာတို့သည် အလွန်
ရိုင်းပျသော ဆင်-မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင်
ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင် စီးတော်မြင်းများ အဖြစ်သို့
ရောက်စေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း “ လောကဝိဒူ
ဂုဏ်တော်၌ပြခဲ့သည့်အတိုင်း သတွာတို့၏ အတွင်းစိတ်ကို ရွှေ့နောက်
ကုန်စင် သိမြင်တော်မူသောကြောင့် ဆုံးမဘို့ရန် သင့်တော်သော
သတွာများကို တွေ့မြင်တော်မူသောအခါ ချောက်၍ ဆုံးမမှ
အကျွတ်တရား ရမည့်သူ ဖြစ်လျှင် ချောက်၍ ဆုံးမတော် မူ၏၊
မြှောက်ပင့်၍ ဆုံးမမှ အကျွတ်တရား ရမည့်သူဖြစ်လျှင် မြှောက်ပင့်
၍ ဆုံးမတော်မူသည်။
ထိုသို့ ဆုံးမရာ၌ ပင်ကိုယ်က သီလမရှိသူဖြစ်လျှင် သီလ၌ တည်
စေတော်မူ၏၊ သီလရှိပြန်လျှင်လည်း အထက်အထက် ဈာန်တရား
မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ရအောင်
ဆုံးမတော်မူ၏၊ ထိုဘဝ၌ မည်သည့် တရားထူးကိုမျှ မရထိုက်လျှင်
နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏၊ ဘုရားရှင်၏
အဆုံးအမကို သီခြားခံယူရလျှင် မယဉ်ကျေး သူမရှိ ယဉ်ကျေးသူ
ချည်းသာ ဖြစ်ကြလေသည်။
ဤနေရာဝယ် ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော် ကြည်လင်ပုံ
ဉာဏ်တော် ထက်မြက်ပုံ, ထိုဉာဏ်တော်ဖြင့် ဟောပြော
ဆုံးမဘို့ရန်
တရားမျိုးစုံကို သိတော်မူပုံ ထိုတရားမျိုးစုံမှ သင့်တော်သော တရား
တို့ကို ရွေးချယ်၍ သတွာတယောက်အား ဆုံးမတော်မူလျှင် တရား

## PAGE 34

၄၀
ရတနာ့ဂုဏ်ရည်
အထူးရပုံကိုအာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင်
ကြိုးစားကြပါလော။
။
တိုက်တွန်းချက် ။ ။ ဤစကားအစဉ်ဖြင့် “ ဘုရားရှင်သည်
တွေ့သမျှ သတာတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည်
မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံရှိသူ
ကိုသာ ဉာဏ်တော်ဖြင့် ကြည့်ရှု၍ အထူး ဆုံးမတော်မူသည် ” ဟု
နားလည်ကြပါ၊ ဘုရားရှင် လက်ထက်တော်၌ သာဝတ္ထိ ပြည့်ရှင်
ဘုရင်ကောသလမင်းနှင့် မိဖုရားခေါင်ကြီးမလ္လိကာတို့သည် ဘုရား
ကျောင်းဒကာ ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာ ကြည်ညိုကြ
တရားကိုလည်း မကြာမကြာ နာရပါလျက် မည်သည့်တရားထူးကိုမျှ
ရကြသည်ဟု ကျမ်းဂန့်၌ မတွေ့ရပါ။
,,
ယခုကာလ၌ သဒ္ဓါလွန်၍ ပညာ နည်းပါးသူတို့က “ ဘုရားနှင့်
တွေ့လျှင်ပင် ဧကန် တရားထူးရနိုင်မည်”ဟု မျှော်လင့်နေကြရုံမက
ယခုဘဝမှာပင် အတော်အတန် တတ်သိနားလည်သူကို ဆည်းကပ်
ရလျှင် “ ထိုသူ၏တရားတွေ မိမိမှာ အလိုလို ကူးစက်လာလိမ့်မည်
ဟု တွေးဆကြ၏၊ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကား မသိ
ရှာကြကုန်၊ ထို ့ကြောင့် နောင် ပွင့်တော်မူလာမည့် ဘုရားရှင်နှင့်
တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ လုံလောက်
ပြီးသူ ဖြစ်အောင် ယခုလို အတော်အတန် တတ်သိနားလည်သော
ဘဝကောင်းက ဖြစ်ခွင့်ကြုံသော ပါရမီ အားလုံးကို သိမ်းကျုံး၍
ဖြည့်ကျင့်ကြပါကုန်။
သတ္ထာဒေဝမနုဿာနံ အဖွင့်
( ကျက်မှတ်ရန် )
0
၄၉
(၇) သောဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္ထဝါဟော်, ကုန်သည်
ကျော်သည် ဖေါ်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ
ကန္တာရမှ, ခေမ မြေငူ, ထုတ်ကယ်ယူသို့, ထိုတူတစိ, ခဲယဉ်းဘိ
သည့်, ဇာတိဇရာ, မရဏာဟု ကန္တ ၁ရကြမ်း, ခရီးလမ်းမှ ရွှေနန်း
မြေ ပြည်နိဗ္ဗူ သို့ နတ် လူ ဗြဟ္မာ, သင်္ချာကို ကောင်းစွာဆောင်ယူ
ကယ်တင်တော်မူတတ်သော ဤ အကြောင်းကြောင့်လည်း၊ သတ္ထာ
ဒေဝမနုဿာနံ’သတ္ထာ ဒေဝမနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်
အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင် ကျော်ကြား ထင်ရှား
တော်မူပေသည် တကား။
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
☑
သတ္ထာ ဒေ၀မနုဿာနံ ဂုဏ်တော်သည် “ နတ် လူတို့၏ ရှေ့ဆောင် ဥုးစီး
ကုန်သည်ကြီးနှင့် တူတော်မူ၏” ဟူသော အနက်ကို ပြသည်။
[ဒေဝမနုဿာနံ = နတ် လူတို့၏ + သတ္ထာ = ( ဆရာ ဖြစ်၍ )
ကုန်သည်ကြီးနှင့် တူတော်မူသည်။]
သတ္ထဝါဟော်, ကုန်သည်ကျော်သည် ။ ။ ။ သတ္ထဝါဟ ဟူသော
ပါဠိကို “သတ္တဝါဟော်”ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏
အကြီးအမှူးဖြစ်၍ ကူးသန်းရောင်းဝယ်မှု၌ ကျွမ်းကျင်နားလည်
သော “ကုန်သည်ကြီး” ဟူလို။
၇ (အဋ္ဌမအကြိမ်)

## PAGE 35

၅၀
ရတနာ့ဂုဏ်ရည်
,,
ကန္တာရမှ။ ခြင်္သေ့ သစ် ကျား ခိုးသား ဒါးမြပေါများ၍ အစာ
ရေစာ ရှားသောခရီးကို “ ကန္တာရ” ဟု ခေါ်သည်၊ အသွား
အလာ ခက်ခဲသောကြောင့် “ ခရီးခဲ ” ဟုလည်း ခေါ်သည်။
[ခေမ မြေငူ= ဘေးရန်မရှိသော ကုန်းမြင့်မြေ အရပ်။]
ဇာတိဇရာမရဏာဟု။ ။ဇာတိ=ပဋိသန္ဓေနေရမှု၊ဇရာ=အိုရမှု၊
မရဏ = သေရမှုဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်း
သာအောင် ကြမ်းတန်းသောသံသရာခရီး ကန္တာရကြီးမှ။
ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့။ ။ရွှေထီးရွှေနန်း၌ စံမြန်းရသကဲ့သို့
အေးမြချမ်းသာသော နိဗ္ဗာန်ပြည်တည်းဟူသော မြေအငူသို့။
ရှေးအခါ၌ လှည်း မြင်းများစွာငါးရာ တထောင်စသည် စုပေါင်း၍
ကုန်များကို
တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ရှိကြ၏၊
အကြီးအမှူး ဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်၊ လမ်း
စခန်း၌ ခြင်္သေ့ သစ်, ကျား ဘီလူး, ခိုးသူ ဒါးမြစသော ဘေး
တို့ဖြင့် အလွန် ဆိုးဝါး၍၎င်း, အစာရေစာ ရှားပါး၍၎င်း နေ
အလွန်ပူသော သဲပြင်ကြီး ဖြစ်၍၎င်း, အကူးအသန်း အသွား
အလာခက်၍ “ကန္တာရ” ခေါ်သော ခရီးဆိုး ခရီးကြမ်းများ
လည်း ရှိတတ်လေသည်။
ကုန်သည်မှူးးသည် ထို ခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိ
ရာသို့ ရောက်အောင် အဖေါ်ငယ်သား ကုန်သည်များကို ပို
ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမှု နာရမှု
သေရမှု စိုးရိမ်ပူဆွေး ငိုကြွေး မြည်တမ်း ပင်ပန်း ဆင်းရဲ တက်
တပြား ဖြစ်ရမှု စသော ဘေးဒုက္ခတို့ဖြင့် မရှောင်သာအောင်
သတ္ထာ ဒေဝမနုဿာနံဖွင့်
၅၁
ဆိုးသွမ်းသော သံသရာ တည်းဟူသော ကန္တာရကြီးမှ သတ္မွာ
အများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်တော်မူရ
ကား ကုန်သည်ကြီးနှင့် တူတော်မူပါပေသည်။
တိုက်တွန်းချက်။ ။ဘုရား တဆူတဆူ ပွင့်တော်မူလာသောအခါ
များစွာသော သတ္တာကို နိဗ္ဗာန်သို့ ပို့ ဆောင်တော် မူပါလျက်
ငါတို့တတွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ လွန်စွာ
ဝမ်းနည်းဘွယ် ကောင်းလှလေပြီ။ သို့ပါလျက် ယခုခေတ်၌
သူတော်ကောင်း အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန် ဖြစ်သော
တရားအားထုတ်မှု ပါရမီဖြည့်မှုကို မကြိုးစားဘဲ “ နိဗ္ဗာန်ကို
မြန်မြန်ရလိုပါ၏”ဟု ဆုတောင်းတုန်းပင်၊ ထိုသို့ ဆုတောင်းရင်း
ကျန်ရစ်ကြရသည် ကိုကား သတိရကြဟန် မတူ၊ သတိရ၍
ကြိုးစားလိုသူ ့အတွက်မှာမူ ယခုလည်း အချိန်ရှိပါသေး၏။
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာ
အတိုင်း ကြိုးစားသူတွေ အရှင် မဟိန္ဒထေရ် သံဃမိတ္တာထေရီ
စသည်ကဲ့သို့ များစွာ ကျွတ်တမ်းဝင်ခဲ့ကြပါသည်၊ ထို့ကြောင့်
ဘုရားကို အာရုံပြုရင်းဖြစ်လာသော နှစ်သက်မှု (ပီတိ) စိတ်ကို
ပင် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာကမ္မဋ္ဌာန်းရှုကာ မိမိ၏
ကိုယ်နှင့်တကွ တလောကလုံးကို ငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါ
ခန္ဓာ
လော့၊ ပီတိတခုကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု မြင်လာသောအခါ
တကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေ ကိုလည်း ကူးစက်၍
အနိစ္စ ဒုက္ခ အနတ္တဟု မြင်လာနိုင်ပါသည်။
