## PAGE 311

၁၈၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ကြောင့် ဤ၌ ဒဏ် ၁၀-ပါးကို ပြထားခြင်းဖြစ်၏၊ ဤ
၁၀-ပါးအပြင် သေခိယသိက္ခာပုဒ် စသည်ကို မကျင့်လျှင်လည်း
ဒဏ်ထိုက်ကြောင်း ပြဦးလတ္တံ့။
ပစ္စဝေက္ခဏာနှင့် စပ်၍
သီလ ၄-ရပ်ပါ မှတ်သားဘွယ်
သီလ ၄-မျိုး။ ။“သီလ”ဟူသည် ကိုယ်နှုတ်စိတ်တို့ကို (အကု
သိုလ်အပြစ်မဖြစ်အောင်)ထိန်းသိမ်းစောင့်
စည်းရကြောင်း အကျင့်ကောင်းတမျိုးတည်း၊ ထိုသီလသည်
ရဟန်းတော်များနှင့် (တချို့သီလများ၌) ရှင်သာမဏေများ
အတွက် ၄-မျိုးရှိ၏၊ ပါတိမောက္ခသံဝရ သီလ, ဣန္ဒိယသံဝရ
သီလ ပစ္စယသန္နိဿိတ သီလ, အာဇီဝပါရိသုဒ္ဓိ သီလ။
ပါတိမောက္ခ သီလ။ ။ထိုတွင် ဝိနည်းပါဠိတော်၌ လာသော
(အာဇီဝပါရိသုဒ္ဓိသီလ တချို့မှတပါး
သော) သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ ထိုသီလ
များတွင် သေခိယသိက္ခာပုဒ် နောက်၌ ပြမည့် ခန္ဓကဝတ်
များနှင့် သုက္ကဝိဿဋ္ဌိ, ကာယသံသဂ္ဂ စသော သိက္ခာပုဒ်တချို့
ကို သာမဏေများလည်း စောင့်ထိန်းရမည်သာ၊ မစောင့်
ထိန် နိုင်လျှင် ဒဏ်ထိုက်၏၊ ဤသီလ၌ သဒ္ဓါသည် ပဓာနဖြစ်၏၊
သဒ္ဓါ တရားရှိသူသာ ဤသီလကို လုံခြုံအောင် စောင့်ထိန်း
နိုင်သည်။
"
ဝိမတိ။ ။အာဘိသမာစာရိကေသု ဝိနေတဗ္ဗောတိ ဣမိနာ
သေခိယဝတ္တ ခန္ဓကဝတ္တေသု အညေသု စ သုက္က-
ဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု ၊ သာမဏေရေဟိ
ဆရာများအတွက် မှတ်ဘွယ်
၁၈၃
ဝတ္တိတတ္ထံ၊ တတ္ထ အဝတ္တမာနော အလဇ္ဇီ ဒဏ္ဍကမ္မာရဟော စ
ဟောတီ”တိ ဒဘိ။ (မဟာဝဂ္ဂ, ပဗ္ဗဇ္ဇခန္ဓကဝိနိစ္ဆယ။)
ဣန္ဒိယသံဝရ သီလ။ ။စက္ခုန္ဒြေ သောတိန္ဒြေ သာနိန္ဒြေ
ဇိဝိန္ဒြေ
ကာယိန္ဒြေ မနိန္ဒြေ (မျက်စိ
နား, နှာ, လျှာ, ကိုယ်,စိတ်) အားဖြင့် ဣန္ဒြေ ၆-ပါးနှင့်စပ်၍
အကုသိုလ်မဖြစ်ရအောင် ( လှပသော အဆင်းကို မြင်လျှင်
အဘိဇ္ဈာ တဏှာ မဖြစ်ရအောင် ဆိုးဝါး ကြောက်မက်ဘွယ်
အဆင်းကိုမြင်လျှင် ဒေါသ ဒေါမနဿ မဖြစ်ရအောင် ဤသို့
စသည်ဖြင့်) စောင့်စည်းမှုကို ဣန္ဒိယသံဝရ ဟု
ခေါ်၏၊ ဤ
ဤ
ဣန္ဒိယသံဝရသီလ၌ သတိသည် ပဓာနဖြစ်၏၊ သတိတရား
အမြဲထားသူမှ လုံခြုံအောင် စောင့်စည်းနိုင်သည်၊ ကမ္မဋ္ဌာန်း
တမျိုးမျိုးကို အမြဲကြိုးစားနေသော
ပုဂ္ဂိုလ်များ၌ကား ဤ
သီလ လုံခြုံလျက် ရှိတတ်ပါသည်။
အာဇီဝပါရိသုဒ္ဓိ သီလ။ ။အသက်မွေး ဝမ်းကျောင်းမှုကို
“အာဇီဝ ဟု ခေါ်၏၊ မတရား
သောနည် ဖြင့် ပစ္စည်းဥစ္စာရှာ၍အသက်မွေးလျှင်“မိစ္ဆာဇီဝ=
မှားယွင်းသော အသက်မွေးခြင်း” မည်၏၊ ဒကာ ဒကာမတို့
အား သစ်သီးပေးခြင်း ပန်းပေးခြင်း, ပစ္စည်းတစုံတရာပေး
ခြင်းကြောင့် လူတို့က ပြန်၍လှူလျှင် ထိုလှူအပ်သောပစ္စည်း
ကို ရသောပုဂ္ဂိုလ်သာမက တသာသနာလုံး မသုံးစွဲကောင်း
တော့ချေ၊ ကြည်ညိုအောင် ဟန်လုပ်ခြင်း, လှူချင်အောင်
သွယ်ဝိုက်၍ စကားပြောခြင်း မလှူဘဲမနေနိုင်အောင်အတင်း
ကြပ်တောင်းခြင်း,ငွေ့ကို အလှူခံခြင်း စသည်ကြောင့်
အ

## PAGE 312

၁၉၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ရအပ်သောပစ္စည်းကိုလည်း တသာသနာလုံး မသုံးအပ်တော့
ချေ။
ထိုမသုံးအပ်သော ပစ္စည်းကို (ဆွမ်း,သင်္ကန်း, ကျောင်း
စသည်တို့ကို) သုံးစွဲခြင်းသည် မိစ္ဆာဇီဝမည်၏၊ ထိုမိစ္ဆာဇီဝမှ
ရှောင်ကြဉ်၍ တရားသဖြင့် ရအပ်သော ပစ္စည်းကိုသာ သုံးစွဲ
ခြင်းသည် သမ္မာအာဇီဝမည်၏၊ အာဇီဝခေါ် အသက်မွေးမှု၏
စင်ကြယ် သန့်ရှင်းမှုကြောင့် အာဇီဝပါရိသုဒ္ဓိ သီလလည်း
မည်၏၊ ဤသီလ၌ (တရားသဖြင့် အရှာသွားခြင်း, ဆွမ်းခံ
ဘို့ရန် မပျင်းရိခြင်း စသော) လုံ့လဝီရိယသည် ပဓာန ဖြစ်၏၊
လုံ့လဝီရိယမရှိသူ ဆွမ်းခံရမှာ ပျင်းရှိသူတို့သာ ချောင်ချောင်
လည်လည်နှင့် ပစ္စည်းရအောင် မတရားရှာတတ်ကြသည်။
ပစ္စယသန္နဿိတသီလ။ ။ဆွမ်း သင်္ကန်း ကျောင်း ဆေး
ပစ္စည်းများကို ဉာဏ်ဖြင့် ဆင်ခြင်၍
သုံးဆောင် စားသောက်ခြင်းသည် ပစ္စယ+သန္နိဿိတ+ သီလ
မည်၏၊ “ပစ္စည်း၌+မှီ၍ဖြစ်သော+သီလ”ဟု ဆိုလိုသည်၊
“ချမ်းပူကိုဖျက် ခြင် မှက် လေ နေ စသည်ဖြင့် ပြထားသည့်
အတိုင်း မြန်မာလိုဖြစ်စေ ပါဠိလိုဖြစ်စေ ဆင်ခြင်၍ သုံးစွဲလျှင်
ဤ သီလ လုံခြုံ၏၊ မဆင်ခြင်ဘဲ သုံးစွဲမိလျှင် ဤသီလ ပျက်၏၊
သူများပစ္စည်း ကြွေးယူ၍ သုံးစွဲခြင်းနှင့် တူသောကြေင့်
“ဣဏပရိဘောဂ”ဖြစ်သည်ဟု ဆိုသည်။
ဆင်ခြင်ရာကာလ ။ ။ထို ပစ္စည်း ၄-ပါးကို ဆင်ခြင်ရာ၌
သင်္ကန်းကို သုံးတိုင်းသုံးတိုင်း ဆွမ်းကို
အလုပ်တိုင်း အလုပ်တိုင်း ကျောင်းကိုလည်း သုံးတိုင်းသုံးတိုင်း
ဆင်ခြင်ရမည်ဟုဆို၏၊ထိုသို့မဆင်ခြင်နိုင်လျှင်အရုဏ်မတက်ခင်
ဆရာများအတွက် မှတ်ဘွယ်
၁၈၅
တချိန်ချိန်မှာ(ဆွမ်းမစားမီအချိန် ဆွမ်းစားပြီးအချိန် ညဉ့်
ဦးယာမ်အချိန် သန်းခေါင်ယာမ် မိုးသောက် နောက်ဆုံးယာမ်
တချိန်ချိန်မှာ) ဆင်ခြင်ရမည်၊ တကြိမ်တခါမျှ မဆင်ခြင်မိဘဲ
အရုဏ်တက်သွားလျှင် ထိုနေ့၌ပစ္စည်း ၄-ပါးကိုသုံးစွဲခြင်းသည်
“ဣဏပရိဘောဂ=ကြွေးယူ၍ သုံးစွဲခြင်း' ဖြစ်တော့၏။
ဝိသုဒ္ဓိမဂ်။ ။သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါ
ဣဏပရိဘောဂေါ နာမ။ တသ္မာ စီဝရံ
ပရိဘောဂေ ပရိဘောဂေ (ကိုယ်မှခွါ၍ နောက်ထပ်ဝတ်တိုင်း
ဝတ်တိုင်း) ပစ္စဝေက္ခိတဗ္ဗ၊ ပိဏ္ဍပါတော.အာလောပေ
အာလောပေ၊ တထာ အသက္ကောန္တေန(ထိုမျှလောက် မစွမ်း
နိုင်လျှင်) ပုရေဘတ္တ ပစ္ဆာဘတ္တ ပုရိမယာမ မဇ္ဈိမယာမ-
ပစ္ဆိမယာမေသု။ သစေ အပစ္စဝေက္ခတောဝ အရုဏံ ဥဂ္ဂစ္ဆတိ၊
ဣဏပရိဘောဂဋ္ဌာနေ တိဋ္ဌတိ။ သေနာသနံပိ ပရိဘောဂ
ပရိဘောဂေ(ကျောင်းတွင်း ဝင်တိုင်း ဝင်တိုင်း)ပစ္စဝေက္ခိတဗ္ဗ။
-"
ဆေးပစ္စည်းကိုကား အကပ်ခံတုန်း (သာမဏေဖြစ်လျှင်
စားမည် သောက်မည်ဟု ယူတုန်း)၌၎င်း၊ စားသောက်တုန်း၌
၎င်း သတိထား၍ “မည်သည့်အကြောင်းကြောင့် စားသောက်
ပါသည်”ဟု ဆင်ခြင်မိစေရမည်၊ ထိုသို့ မဆင်ခြင်လျှင်
အရုဏ်
မတက်မီ တချိန်ချိန်မှာ ဆင်ခြင်စေကာမူ အကြောင်းမရှိဘဲ
သုံးစားသောကြောင့် အာပတ်သင့်၏၊ တချိန်ချိန်မှာလည်း
မဆင်ခြင်မိမူ ဣဏပရိဘောဂလည်း ဖြစ်သည်။
ဝိသုဒ္ဓိမဂ်။ ။ဘေသဇ္ဇပဋိဂ္ဂဟဏေပိပရိဘောဂေပိသတိပစ္စယ-
တာဝ ဝဋ္ဋတိ=ဆေးသည် ခံယူရာအခါ၌၎င်း၊

## PAGE 313

၁၉၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
သုံးဆောင်ရာအခါ၌၎င်း
(ဘာ့ကြောင့် ခံယူသုံးဆောင်သည်)
ဟု သတိ၏ အကြောင်းဖြစ်မှသာ(သတိထားမှသာ)အပ်၏။
ဆင်ခြင်မှုဉာဏ်သာ ပဓာန ဤ ပစ္စယသန္နိဿိတ သီလ၌
ပစ္စည်းသုံးဆောင်ရသဖြင့် သာသနာ့ဝန်ကို ထမ်းနိုင်ခြင်း၊
ရောါကင်းခြင်း စသော အကျိုးကို ဆင်ခြင်တတ်သော
ဉာဏ်သည်သာ ပဓာန ဖြစ်၏၊ ထို့ကြောင့် နှုတ်တက်ရအောင်
ကျက်ထားသော ပုတီးစိပ် ၄-ပုဒ်ကို
အမှတ်တမဲ့ ရွတ်နေရုံမျှ
ဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ရာမရောက်၊ ဉာဏ်ဖြင့် စဉ်းစဉ်း
စားစား ဆင်ခြင်မှသာ ( ထို ရွတ်ဆိုအပ်သော ပါဠိဖြစ်စေ၊
မြန်မာဖြစ်စေ အဓိပ္ပါယ်ကို နားလည်မှသာ ) ပစ္စဝေက္ခဏာ
ဆင်ခြင်ရာ ရောက်သည်ဟု မှတ်ပါ။
သုံးစွဲခြင်း ၄-မျိုး။ ။ပစ္စည်း ၄-ပါးကို သုံးစွဲရာ၌ သုံးစွဲနည်း
၄-မျိုးကို ကျမ်းစာတို့၌ ပြ၏၊ ၁-ထေ-
ယျပရိဘောဂ၊ ၂-ဣဏပရိဘောဂ၊ ၃-ဒါယဇ္ဇပရိဘောဂ၊
၄-သာမိပရိဘောဂ တို့တည်း၊ ထိုတွင် ပါရာဇိက ကျနေသော
ရဟန်း, လိင်ကျနေသော သာမဏေသည် ဒုဿီလ=သီလမရှိ
မည်၏၊ မြတ်စွာဘုရားသည် ထို ဒုဿီလအား ပစ္စည်း ၄-ပါး
သုံးစွဲဘို့ရန် ခွင့်ပြုတော်မမူ၊ အလှူရှင်တို့ကလည်း ဒုဿီလ
မှန်း သိလျှင် လှူကြမည်မဟုတ်၊ ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်၏
ဆွမ်းစသော ပစ္စည်းကို
သုံးစွဲခြင်းသည် ခိုး၍ သုံးစွဲရာရောက်
သောကြောင့် ထေယျပရိဘောဂ မည်၏၊ [ ထေယျ=ခိုးသူ၏
အဖြစ်ဖြင့် (ခိုး၍) + ပရိဘောဂေါ=သုံးစွဲခြင်း။]
သီလရှိသော်လည်း ပစ္စည်း ၄-ပါးကို (ဘာ့ကြောင့် သုံးစွဲ
ရသည်ဟု) အကြောင်းကို မဆင်ခြင်ဘဲ သုံးစွဲခြင်း၊ သုံးစွဲ
"
ဆရာများအတွက် မှတ်ဘွယ်
၁၈၇
ခြင်းကြောင့် ရလတံ့အကျိုးကိုလည်း မဆင်ခြင်ဘဲ သုံးစွဲခြင်း
သည် ကြွေးယူ၍ သုံးစွဲရာရောက်သောကြောင့် ဣဏပရိ-
ဘောဂ မည်၏၊ ဣဏ=ကြွေးအဖြစ်ဖြင့် (ကြွေးယူ၍)+ပရိ
ဘောဂေါ=သုံးစွဲခြင်း။ ထို့ကြောင့် ဣဏပရိဘောဂ မဖြစ်
အောင် ဆွမ်းစသော ပစ္စည်းများကို သုံးစွဲရာ၌ ပြခဲ့သည့်
အတိုင်း သတိကောင်းသော ဉာဏ်ဖြင့် ဆင်ခြင်မှုကို ပြုရမည်။
သေက္ခပုဂ္ဂိုလ်များ၏ ပစ္စည်း ၄-ပါးကို သုံးစွဲခြင်းသည်
ဒါယဇ္ဇပရိဘောဂ မည်၏၊ [ဒါယဇ္ဇ=ဘုရားခွင့်ပြုတော်မူသည့်
အတွက် ဘုရားအမွေကို ခံယူသူ အဖြစ်ဖြင့်+ပရိဘောဂ=
သုံးစွဲခြင်း။] သီလရှိသော ပုထုဇဉ်တို့၏ သုံးစွဲခြင်းလည်း
ဒါယဇ္ဇ ပရိဘောဂ၌ ပါဝင်၏၊ ကြွေးမတင်သောကြောင့်
“ အာနဏုပရိဘောဂ = ကြွေးမတင်သော သုံးစွဲခြင်း” ဟု
လည်း သီးခြား နာမည် တပ်ကြသေး၏၊ ရဟန္တာပုဂ္ဂိုလ်၏
ပစ္စည်း ၄-ပါး သုံးစွဲခြင်းကား ကိုယ်ပိုင်ပစ္စည်းကို သုံးစွဲရ
သကဲ့သို့ ဖြစ်သောကြောင့် သာမိပရိဘောဂ အစစ်တည်း။
[သာမီ=ပိုင်ရှင်၏ အဖြစ်ဖြင့်+ပရိဘောဂ=သုံးစွဲခြင်း။]
အမှာ။ ။ဤမျှသော စကားအစဉ်ဖြင့် ရုပ်ပုံ ရှင်ကျင့်ဝတ်
ကား ပြီးပါပြီ၊ သို့သော် ရှင်ကျင့်ဝတ်ပါဌ် အနက်
ကိုလည်း (ခေတ္တဝတ်သူ မဟုတ်ဘဲ အမြဲနေမည့် ရဟန်း
လောင်း သာမဏေတို့) အရကျက်ဘို့ရာ ဆက်လက် ပြပါ
ဦးမည်။
ဆရာများအတွက်မှတ်ဘွယ် ပြီး၏။
ဟု

## PAGE 314

ရှင်ကျင့်ဝဘ် ပါဌ်အနက်
ဆရာ့ထံ သင်္ကန်းကပ်ရန်
သကလ ဝဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရ-
ဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ
မံ ဘန္တေ အနုကမ္မံ ဥပါဒါယ။
ဘန္တေ၊ အရှင်မြတ်ဘုရား။ သကလ ဝဒုက္ခ နိဿရဏ-
နိဗ္ဗာနဿ၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ ထွက်မြောက်ရာ
နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်
မြန်စွာ မျက်မှောက်ပြုပါရခြင်းအကျိုးငှါ။ ဣမံ ကာသာဝံ၊
တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို။ ဂဟေတွာ၊
ယူတော်မူ၍။ မံ၊ တပည့်တော်ကို။ အနုကမ္မံ၊ အစဉ် သနား
ခြင်းကို။ ဥပါဒါယ၊ စွဲ၍။ ပဗ္ဗာဇေထ၊ ရှင်သာမဏေ ဖြစ်စေ
တော်မူပါကုန်ဘုရား။
ဆရာ့ထံက သင်္ကန်းကို တောင်းရန်
သကလ ဝဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရ·
ဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ ပဗ္ဗာဇေထ
ဘန္တေ အနုကမ္မံ ဥပါဒါယ။
ဘန္တေ၊ အရှင်မြတ်ဘုရား။
သကလ ဝဒုက္ခ နိဿရဏ-
နိဗ္ဗာနဿ၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ ထွက်မြောက်ရာ
နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်
ရှင်ကျင့်ဝတ် ပါဌ်အနက်
၁၈၉
မြန်စွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှါ။ ဧတံ ကာသာဝံ၊
အရှင်ဘုရား လက်တော်၌ ရှိသော ထိုသင်္ကန်းကို။ ဒတွာ၊
ပေးတော်မူ၍။ မံ၊ တပည့်တော်ကို။ အနုကမ္မံ၊ အစဉ်သနား
ခြင်းကို။ ဥပါဒါယ၊ စွဲ၍။ ပဗ္ဗာဇေထ၊ ရှင်သာမဏေ ဖြစ်စေ
တော်မူပါကုန်ဘုရား။
သာမဏေဝတ်ရန် ခွင့်တောင်းခြင်း
ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ
ပဗ္ဗဇ္ဇံ ယာစာမိ။ ။ဒုတိယမ္ပိ ဘန္တေ သံသာရ ဝဋ-
ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
တတိယမ္ပိ ဘန္တေ သံသာရ ဝဋဒုက္ခတော မောစ-
နတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
ဘန္တေ၊
23
နွေ၊ အရှင်မြတ်ဘုရား။ သံသာရ ဝဋ္ဋဒုက္ခတော၊ သံသရာ
ဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ၊ ကျွတ်လွတ်ပါရခြင်းအကျိုးငှါ။
ပဗ္ဗဇ္ဇ၊ ရှင်သာမဏေအဖြစ်ကို။ ယာစာမိ၊ တောင်းပါ၏ဘုရား။
II
ဘန္တေ၊ အရှင်မြတ်ဘုရား။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်
လည်း။ သံသာရ ဝဋ္ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။
မောစနတ္ထာယ၊ ကျွတ်လွတ်ပါရခြင်း အကျိုးငှါ။ ပဗ္ဗဇ္ဇီ၊
ရှင်သာမဏေအဖြစ်ကို။ ယာစာမိ၊ တောင်းပါ၏ဘုရား။
မေ၈-
ဘန္တေ၊ အရှင်မြတ်ဘုရား။ တတိယမ္ပိ၊ သုံးကြိမ်မြောက်
လည်း။ သံသာရဝဋ္ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။
နတ္ထာယ၊ ကျွတ်လွတ်ပါရခြင်း အကျိုးငှါ။ ပဗ္ဗဇ္ဇ၊ ရှင်သာမဏေ
အဖြစ်ကို။ ယာစာမိ၊ တောင်းပါ၏ဘုရား။ ထို့နောက် “အဟံ

## PAGE 315

၁၉ဝ
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဘန္တေ တိသရဏေန သဟ”စသော သရဏဂုံ သီလတောင်းကို
ဆိုလေ့ရှိကြသည်။
ပစ္စဝေက္ခဏာ ပါဌ်အနက်
စီဝရ ပစ္စဝေက္ခဏာ
ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ၊ ယာဝ-
ဒေဝ သီတဿ ပဋိဃာတာယ၊ဥဏှဿ ပဋိဃာတာယ၊
၃ံသ မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ ပဋိ-
ဃာတာယ၊ ယာဝဒေဝ ဟိရိကောပီနပ္ပဋိစ္ဆာဒနတ္ထံ။
ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ ပဋိသင်္ခါ
(ပဋိသင်္ခါယ)၊ ပညာဖြင့်ဆင်ခြင်၍။ စီဝရံ၊ သင်္ကန်းကို။
ပဋိသေဝါမိ၊ မှီဝဲပါ၏။ သီတဿ၊ အအေးကို။ ယာဝ
ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။
ဥဏှဿ၊ မီးပူကို။ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ
အကျိုးငှါသာလျှင်။ နံ့သ မကသ ဝါတာတပ သရီသပ-
သမ္ဖဿာနံ၊ မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ အတွေ့တို့ကို။
ယာဝ ပဋိဃာတာယ ဝေ၊ ပယ်ဖျောက်နိုင်ရုံအကျိုးငှါသာ
လျှင်၊ စီဝရံ၊ သင်္ကန်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ ယာဝ
ဟိရိကောပီနပ္ပဋိစ္ဆာဒနတ္ထံ ဝေ၊
ဧဝ၊ ဟိရိုဂုဏ်ကို ဖျက်ဆီးတတ်
သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းနိုင်ရုံ အကျိုးငှါသာလျှင်။
စီဝရံ၊ သင်္ကန်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။
ဝိသုဒ္ဓိမဂ်။ ။ဥဏှဿစတိ အဋ္ဌိသန္တာပဿ။အာတပေါတိ သူရိယာ-
တပေါ။ သရီသပါတိ သပ္ပါဒယော။(သပ္ပါဒယောတိ
သပ္ပ သတပဒိ ဥဏ္ဏနာဘိ သရဗူ ဝိစ္ဆိကာဒယော၊ဋီကာ) ဟိရိကောပီနန္တိ
တံ တံ သမ္ဗာဓဋ္ဌာနံ။ ဤအဖွင့်များကို မှီ၍ အနက်ပေးထား၏။
ပစ္စဝေက္ခဏာ ပါဌ်အနက်
ပိဏ္ဍပါတ ပစ္စဝေက္ခဏာ
၁၉၁
ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊
နေဝ ဒဝါ, န မဒါယု န မဏ္ဍနာယ, န ဝိဘူသနာယ၊
ယာဝဒေO ဣမဿ ကာယဿ ဌိတိယာ ယာပနာယ
ဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ၊ ဣတိ
ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါ-
ဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ
အနဝဇ္ဇတာ စ
ဖာသုဝိဟာရော ၊
Oll
ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ ပဋိသင်္ခါ
(ပဋိသင်္ခါယ)၊ ပညာဖြင့်ဆင်ခြင်၍။ ပိဏ္ဍပါတံ၊ ဆွမ်းအစရှိ
သော အာဟာရှကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ ဒဝါယ၊ ရွာသူ
သားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ။ နေဝ
ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ မဒါယ၊ လက်ဝှေ့ လက်ပမ်း
သည် စသူတို့ကဲ့သို့ ဗလမာန် ပုရိသမာန်ဟူသော မာန်ယစ်
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ မဏ္ဍနာယ၊
နန်းတွင်းသူ ပြည့်တန်းဆာမတို့ကဲ့သို့ ကိုယ်လက်အင်္ဂါပြည့်ဖြိုး
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ ဝိဘူသနာယ၊
ဂျွမ်းသမား ကချေသည်တို့ကဲ့သို့ အရေအဆင်း ကြည်လင်
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။
ဧဝ၊
ဣမဿ ကာယဿ၊ ဤရူပကာယ၏။ ယာဝ ဌိတိယာ
အစဉ်မပြတ် တည်မတ်နိုင်ရုံ အကျိုးငှါသာလျှင်။ ယာဝ
ယာပနာယ ဧဝ၊ မပြတ်ဆက်တည်း အသက်ရှည်စေနိုင်ရုံ
အကျိုးငှါသာလျှင်။ ယာဝ ဝိဟိ ံသူပရတိယာ ဧဝ၊ မွတ်သိပ်
