## PAGE 331

JJJ
ရုပ်ပုံ ရှင်ကျင့်ဝတ်
(၇၄) န ဟရိတေ အင်္ဂလာနော* ဥစ္စာရံ ဝါ ပဿာဝံ ဝါ
ခေဠ ဝါ-ကရိဿာမီတို့ သိက္ခာ ကရဏီယာ။
(၇၅) န ဥဒကေ အင်္ဂလာနော•
ဥစ္စာရံ ဝါ ပဿာဝံ ဝါ
ခေန္တံ ဝါ ကရိဿာမီတိ, သိက္ခာ ကရဏီယာ။
ပါဒုကဝဂ္ဂေါ သတ္တမော။
ကို၎င်း၊ န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ သို့။ သိက္ခာ၊
ကို။ ကရဏီယာ၊ ၏။
၇၄။ အင်္ဂလာနော၊ဂိလာနမဟုတ်ဘဲ။ ဟရိတေ၊ စိမ်းစိုသော
မြက် သစ်ပင်ပေါ်၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကို၎င်း။
ပဿာဝံ ဝါ၊ ကျင်ငယ်ကို၎င်း။ ခေတ္တံ ဝါ၊ တံထွေးကို၎င်း။
န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း
ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။
၇၅။ အင်္ဂလာနော၊ ဂိလာနမဟုတ်ဘဲ။ ဥဒကေ၊ သုံးဆောင်
ကောင်းသော ရေ၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကို၎င်း။
ပဿာဝံ ဝါ၊ ကျင်ငယ်ကို၎င်း။ ခေမ္မံ ဝါ၊ တံထွေးကို၎င်း။
န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ဤသို့။ သိက္ခာ၊ သင်ခြင်း
ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊
ပြုထိုက်၏။
သတ္တမော၊ ၇-ခုမြောက်သော။ ပါဒုကဝဂ္ဂေါ၊
ပါဒုကဝဂ်တည်း။
သေခိယပါဌ်အနက် ပြီး၏။
«
ခန္ဓကဝတ် ပါဌ်အနက်
စုဒ္ဒသ ခန္ဓကဝတ် ပါဌ်အနက်
၂၂၃
စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ ခန္ဓကေ ဝုတ္တာနိ၊က...
“အာဂန္တုကဝတ္တံ၊ အာဝါသိကဝတ္တံ ဂမိကဝတ္တံ အနု-
မောဒနဝတ္တံ ဘတ္တဂ္ဂဝန္တံ ပိဏ္ဍစာရိကဝတ္တံ အာရညိက-
ဝတ္တံ သေနာသနဝန္တံ ဇန္တာဃရဝတ္တံ ဝစ္စကုဋိဝတ္တံ
ဥပဇ္ဈာယဝတ္တံ သဒ္ဓိဝိဟာရိကဝတ္တံ အာစရိယဝတ္တံ
အန္တေဝါသိကဝာတိ၊ ဣမာနိ စုဒ္ဒသ ခန္ဓက
ဝတ္တာနိ၊ ဧတာနိ စ သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ
စရိတဗ္ဗာနိ။
စုဒ္ဒသ၊ တဆယ့်လေးပါးကုန်သော။ ခန္ဓကဝတ္တာနိ နာမ၊
ခန္ဓကဝတ် မည်သည်တို့ကို။ ခန္ဓကေ၊ မဟာဝါ စူဠဝါခန္ဓက၌။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာနိ၊ ဟောတော်မူအပ်
ကုန်ပြီ။ ကထံ ဝုတ္တာနိ၊ အဘယ်သို့ ဟောတော်မူအပ်ကုန်
သနည်း။
အာဂန္တုကဝတ္တဉ္စ၊ အာရာမ်တွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်း
ထီးရုပ်ခြင်း ဦးခေါင်းခြုံကိုဖွင့်ခြင်း ဦးခေါင်း၌ တင်အပ်သော
သင်္ကန်းကို ပခုံးသို့ချခြင်း အာဝါသိက ရဟန်းကြီးကို ရှိခိုးခြင်း
စသော အာဂန္တုက ရဟန်းသာမဏေတို့ ပြုရာသောဝတ်၎င်း။
အာဝါသိကဝတ္တဉ္စ၊ အာဂန္တုက ရဟန်းကြီးကို မြင်လျှင်
ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းကို လှမ်းယူခြင်း အာဂန္တုက
ရဟန်းကြီးကို ရှိခိုးခြင်း ခြေဆေးရေ ခြေဆေးအင်းပျဉ်
စသည်ကို အနီး၌ထားခြင်း စသော အာဝါသိက ရဟန်း
သာမဏေတို့ ပြုရာသော ဝတ်၎င်း။

## PAGE 332

၂၂၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဂမိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာမြေဘဏ္ဍာစသည်တို့ကို သိုမှီးခြင်း
တံခါးမ လေသာတံခါးတို့ကို ပိတ်ခြင်း ပန်ပြော၍ သွားခြင်း
စသောခရီးသွားအံ့သော ရဟန်း သာမဏေတို့ ပြုရာသော
ဝတ်၎င်း။
အနုမောဒနဝတ္ထု၊ မထေရ်ကြီး တရားဟောခြင်း မထေရ်
ကြီးက တိုက်တွန်းမှ ဟောခြင်း ပန်လျှောက်၍ ဟောခြင်း
စသော တရားဟောရာ၌ ပြုရာသော ဝတ်၎င်း။
ဘတ္တဂ္ဂဝတ္တဉ္စ၊ တရားဟောခြင်း ရဟန်းတို့ကို တိုးဝှေ့၍
မနေထိုင်ခြင်း ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ခြင်း
စသော ဆွမ်းစားစရပ်၌ ပြုရာသော ဝတ်၎င်း။
ပိဏ္ဍစာရိကဝတ္ထု၊ သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို
သိုမှီးခြင်း သပိတ်ကို ရေကျင်းခြင်း ခါးပန်းကိုဖွဲ့ခြင်း သင်းပိုင်
ကိုယ်ဝတ်သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း သေခိယနှင့်
အညီသွားခြင်း မနှေးမလျင် ရွာတွင်းသို့ဝင်ခြင်း မရှည်မကြာ
ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း သာမဏေတို့ ပြုရာသော
ဝတ်၎င်း။
အာရညိကဝတ္တဉ္စ၊ သောက်ရေ သုံးရေ တည်ထားခြင်း
မီးပွတ်ခုံပွတ်ကျည် တောင်ဝှေးထားခြင်း အရပ်လေးမျက်နှာ
တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း
သာမဏေတို့ ပြုရာသော ဝတ်၎င်း။
သေနာသနဝဉ္စ၊ ညောင်စောင်းအင်းပျဉ် အိပ်ရာနေရာ
တို့ကို တံမြက်လှည်းခြင်း စသော ကျောင်း၌ ပြုရာသော
ဝတ်၎င်း။
ခန္ဓကဝတ် ပါဌ်အနက်
JJ9
ဇန္တာသရဝတ္ထု၊ ပြာကိုစွန့်ခြင်း တံမြက်လှည်းခြင်းစသော
ချွေးဇရုံးအိမ်၌ ပြုရာသော ဝတ်၎င်း။
ဝစ္စကုဋိဝတ္တဉ္စ၊ ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်း
ကို တင်၍ မနှေး မလျင် ဝင်ခြင်း,
သင်းပိုင်ကိုပင့်၍ မဝင်ခြင်း
နင်းခုံ၌
နင်းပြီးမှ သင်းပိုင်ကို ပင့်ခြင်း ကြမ်းသော ကနုတ်
စသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေ ဆေးခြင်း, နင်းခုံ၌
နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌
ပြုရာသော ဝတ်၎င်း။
ဥပဇ္ဈာယဝတ္တဉ္စ၊ နံနက်စောစော ထ၍ ကိုယ်ဝတ်ကို လက်
ကတော့ တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း, ယာဂုဆွမ်း
ကပ်ခြင်း,
သပိတ် ခွက် ဆေးခြင်း ကျောင်း အိပ်ရာနေရာတို့ကို
သုတ်သင်ခြင်း နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်း
ခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က
ပြုရာသော ဝတ်၎င်း။
သဒ္ဓိဝိဟာရိကဝတ္တဉ္စ၊ သင်္ဂြိုဟ် ထောက်ပင့် ချီးမြှင့်ခြင်း
စသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာ
သော ဝတ်၎င်း။
အာစရိယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်
ကတော့တင်၍ မျက်နှာသစ်ရေ ဒန်ပူ ကပ်ခြင်း, ယာဂုဆွမ်း
ကပ်ခြင်း သပိတ် ခွက် ဆေးခြင်း, ကျောင်း အိပ်ရာနေရာတို့ကို
သုတ်သင်ခြင်း,နေလှန်းခြင်း နေရာခင်းခြင်း စသည်ဖြင့် ဆရာ
လေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်၎င်း။
၁၅------သ-စ

## PAGE 333

၂၂၆
ရုပ်ပုံ ရှင်ကျင့်ဝတ်
အန္တေဝါသိကဝတ္တု၊ သင်္ဂြိုဟ် ထောက်ပင့် ချီးမြှင့်ခြင်း
စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့ကပြုရာသော
ဝတ်၎င်း။
ဣတိ၊ ဤသို့။ ဣမာနိ စုဒ္ဒသခန္ဓကဝတ္တာနိ၊ ဤ ၁၄-ပါး
ကုန်သော ခန္ဓကဝတ်တို့ကို။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။
ဧတာနိစ၊ ဤဝတ်တို့ကိုလည်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော
ရဟန်း သာမဏေတို့သည်။ သဗ္ဗဒါစ၊ အခါခပ်သိမ်းလျှင်။
ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။ စရိတဗ္ဗာနိ၊ကျင့်ထိုက်
ကုန်၏။
ဝတ္တံ အပရိပူရေန္တော၊ သီလံ န ပရိပူရတိ။
အသုဒ္ဓသီလော ဒုပ္ပညော၊ စိတ္တေကဂ္ဂ န ဝိန္ဒတိ။
ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာ ဓမ္မံ န ပဿတိ။
အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။
တသ္မာ ဟိ ဝတ္တံ ပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏ၁။
ဩဝါဒ ဗုဒ္ဓသေဋ္ဌဿ၊ တတော နိဗ္ဗာနမေဟိတိ။
(စူဠဝါ ဝတ္တက္ခန္ဓကပါဠိ)
ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။ အပရိပူရေန္တော၊ မဖြည့်ကျင့်
သော ရဟန်း သာမဏေသည်။ သီလံ၊ သီလကို။ န ပရိပူရတိ၊
ဖြည့်ကျင့်သည် မမည်။ အသုဒ္ဓသီလော၊ မစင်ကြယ်သော
သီလရှိသော။ ဒုပ္ပညော၊ ပညာမရှိသော ရဟန်း သာမဏေ
သည်။ စိတ္တေကဂ္ဂံ၊ စိတ်၏ ငြိမ်သက် တည်ကြည် ခြင်းကို။
န ဝိန္ဒတိ၊ မရနိုင်။
ခန္ဓကဝတ် ပါဌ်အနက်
JJ2
ဝိက္ခိတ္တစိတ္တော၊ လေခပ်သော တံခွန်ကဲ့သို့ ပျံ့လွင့်သော
စိတ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍။ ) နေကဂ္ဂေါ၊ မတည်ကြည်
သော ရဟန်း သာမဏေသည်။ သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊
မဂ် ဖိုလ် နိဗ္ဗာန်တရားကို။ န ပဿတိ၊ မမြင်ရနိုင်။ သဒ္ဓမ္မံ၊
သူတော်ကောင်းတရားကို။ အပဿမာနော၊ မမြင်ရသော
ရဟန်းသာမဏေသည်။ ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။ န ပရိမုစ္စတိ၊
မလွတ်မြောက်နိုင်။
တသ္မာဟိ(တသ္မာဝေ)၊ ထို့ကြောင့်သာလျှင်။ ဝိစက္ခဏော၊
အမြော်အမြင် ပညာမျက်စိရှိသော။ ဇိနပုတ္တော၊ ဘုရား
သားတော်သည်။ ဗုဒ္ဓသေဋ္ဌဿ၊ ချီးမွမ်းအပ်သော သူတို့ထက်
အထူးသဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏။ ဩဝါဒ၊
အဆုံးအမတော် ဖြစ်သော။ ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။
ပူရေယျ၊ ဖြည့်ကျင့်ရာ၏။ တတော၊ ထိုသို့ ဖြည့်ကျင့်ခြင်း
ကြောင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဧဟိတိ၊ ရောက်ရလိမ့်သတည်း။
[အနည်းငယ် ပြင်ထားသော ရှမ်းကလေးကျွန်းဆရာတော်
ဘုရား အနက်။
စ
0
မှတ်ချက်။ ။ယခုခေတ်၌ ဤကျင့်ဝတ်များကို ဖြည့်ကျင့်သူ
နည်းပါးရုံ မက, ဥပဇ္ဈာယ အာစရိယနှင့်
တပည့်တို့အတွက်ကား စ ကတည်းကပင် “ပြုသင့် ပြုထိုက်
သော ဝတ်ကြီး ဝတ်ငယ်များကို ခွင့်ပြုတော်မူပါ၊ တပည့်
တော်ကလည်း ခွင့်ပြုပါ၏”ဟု ပဲစားပဲချေ ပြုလုပ်ထားကြ
သည်မှာ စဉ်းစားစရာ ကောင်းလှပေ၏၊ မဟာဝါအဋ္ဌကထာ
၌ကား ဆရာ၌ ဝတ်ပြုမည့်သူ ရှိ၍ “သင်တို့ ဝတ်ပြုဘွယ် မလို၊

## PAGE 334

၂၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ပရိယတ် ပဋိပတ်ကိုသာ အားထုတ်ကြ”ဟု ဆရာက ခွင့်လွှတ်
ထားလျှင်သာ' အာပတ်မသင့်ဟု ဆိုသည်။
စုဒ္ဒသ ခန္ဓကဝတ် ပါဌ်အနက် ပြီး၏။
ဓုတင် တဆယ့်သုံးပါး ပါဌ်အနက်
ဓုတင်။ ။ကိလေသေ ဓုဏောတီတိ ဓုတော=ကိလေသာ
တို့ကို ခါတွက်ဖျက်ဆီးတတ်သော ယောဂီပုဂ္ဂိုလ်
သည် “ဓုတ”မည်၏၊ ရတဿ+ အင်္ဂ’ဓုတင်္ဂ”==ကိလေသာကို
ခါတွက်ဖျက်ဆီးဘို့ရာ အကြောင်းအင်္ဂါဖြစ်သော ကုသိုလ်
စေတနာသည် ဓုတင်္ဂ(ခုတင်) မည်၏။
မှန်၏-တိစီဝရိုက်ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည် သင်္ကန်း
၃-ထည်မှ တပါး အပို မထားတော့သဖြင့် အပိုသင်္ကန်းကို
လိုလားသော လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီး
နိုင်တော့၏၊ ဧကာသနိက် ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည်
တထပ်တည်းသာ စားတော့သဖြင့် အထပ်ထပ် စားလိုသော
လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်တော့၏။
ဤသို့ ကိလေသာကို ခါတွက် ဖျက်ဆီး၍ အပိစ္ဆတာ
(ပစ္စည်း ၄-ပါးကို အပိုအမို မလိုလားသော)ဂုဏ်, သန္တုဋ္ဌိတာ
(ရသမျှနှင့် မျှတ ရောင့်ရဲနိုင်သော)ဂုဏ်, သန္ဓေခ(ပစ္စည်း
၄-ပါး၌ တဏှာလောဘ နည်းပါးအောင် ခြစ်ပစ်ကြောင်း)
ဂုဏ်, ဤသို့ စသော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံစွာ
ကိလေ
သာကို ခါတွက်ဖျက်ဆီးနိုင်ကြောင်း ကောင်းသော ဓုတင်
ဓုတင်တဆယ့်သုံးပါး ပါဌ်အနက်
၂၂၉
ပဋိပတ် အကျင့်မြတ်သည် ၁၃-ပါး ရှိ၏၊ ထို ဓုတင် ၁၃-ပါးကို
ယခု ပြပါဦးမည်။
၁-ပံသုကူ ဓုတင်
ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊
ပံသုကူလိကင်္ဂ ံ သမာဒိယာမိ။
ဂဟပတိဒါနစီဝရံ၊ အိမ်ရှင်ဒါယကာတို့ လှူဒါန်းအပ်သော
သင်္ကန်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ပံသုကူလိကင်္ဂ ံ၊ မြေပုံမှာ
လွှား မြေမှုန့်အားနှယ် စက်ဆုပ်ဘွယ်သို့ရောက်သော သင်္ကန်း
ကို ဆောင်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ
သမာဒါနစေတနာကို။ သမာဒိယာမိ၊ ကောင်းစွာ ယူပါ၏။
ဝါ၊ ဆောက်တည်ပါ၏။
၂- တေစီဝရိုက် ဓုတင်
စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊
တေစီဝရိကင်္ဂ ံ သမာဒိယာမိ။
စတုတ္ထကစီဝရံ၊ ဝတ်လောက် ရုံလောက် ၄-ထည်မြောက်
သင်္ကန်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ တေစီဝရိကင်္ဂ ံ၊ ၃-ထည်
သောသင်္ကန်းကိုသာ ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏အကြောင်း
အင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါး ၏။
၃-ပိဏ္ဍပါတ် ဓုတင်
အတိရေကလာဘံ ပဋိက္ခိပါမိ၊
ပိဏ္ဍပါတိကင်္ဂ ံ သမာဒိယာမိ။

## PAGE 335

၂၃ဝ
၊
ရုပ်ပုံ ရှင်ကျင့်ဝတ်
အတိရေကလာဘံ၊ ပိဏ္ဍိယာလောပ ဘောဇနမှ အပို
အလွန်ဖြစ်သော လာဘ်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ပတ္တပိဏ္ဍိ
ကင်္ဂ အပေါင်းအာမိသ၏ သပိတ်၌ ကျခြင်းကို ရှာလေ့ရှိ
သော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါနစေတနာကို။ ဝါ၊
ဆွမ်းအလို့ငှါ သွားလာ လှည့်လည်ခြင်း အကျင့်ရှိသော
ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ သမာဒိ
ယာမိ၊ ၏။ ဝါ၊ ၏။ စိတ်၌ စွဲမြဲစွာယူထားသော စေတနာကို
“သမာဒါနစေတနာ”ဟု ဆိုသည်။]
၄-သပဒါန ဓုတင်
လောလုပ္ပစာရံ ပဋိက္ခိပါမိ၊
သပဒါနစာရိကင်္ဂ သမာဒိယာမိ။
လောလုပ္ပစာရံ၊ အိမ်စဉ်ဖြတ်ကျော် လျှပ်ပေါ်သော
သွားခြင်းကို။ ပဋိက္ခိပါမိ၊ပယ်ပါ၏။ သပဒါနစာရိကင်္ဂ ံ၊ မလျှပ်
မပေါ် မဖြတ်ကျော်ဘဲ အိမ်စဉ် ဆွမ်းရပ်ခြင်း အလေ့ရှိသော
ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ သမာဒိ
ယာမိ၊ ၏။ ဝါ၊ ၏။
၅-ဧကာသနိက် ဓုတင်
နာနာသနဘောဇနံ ပဋိက္ခိပါမိ၊
ဧကာသနိကင်္ဂ ံ သမာဒိယာမိ။
နာနာသနဘောဇနံ၊ ယာပိုလ်မတည် လှည့်လည် ပြောင်း
ကူး အထူးထူးသောနေရာ၌စားခြင်းကို။ ပဋိက္ခိပါမိ၊ပယ်ပါ၏။
ဧကာသနိကင်္ဂ ံ၊ဓိဋ္ဌာန်ဆောက်စိုက် ယာပိုလ်မလည်း တနေရာ
ဓုတင်တဆယ့်သုံးပါး ပါဌ်အနက်
၂၃၁
တည်း၌ စားခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ
သမာဒါနစေတနာကို။ သမာဒိယာမိ၊ ကောင်းစွာ ယူပါ၏။
ဝါ၊ ဆောက်တည်ပါ၏။
၆’ပတ္တပိဏ် ဓုတင်
ဒုတိယကဘာဇနံ ပဋိက္ခိပါမိ၊
ပတ္တပိဏ္ဍိကင်္ဂ ံ သမာဒိယာမိ။
ဒုတိယကဘာဇနံ၊ ၂-ခုမြောက်သော ခွက်ကို။ ပဋိက္ခိပါမိ၊
ပယ်ပါ၏။ ပတ္တပိဏ္ဍိကင်္ဂ၊ တခွက်တည်း၌သာ ဆွမ်းကို ယူခြင်း
အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာ
ကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။
၇–ခလုပစ္ဆာ ဓုတင်
အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ၊
ခလုပစ္ဆာဘတ္တိကင်္ဂ" သမာဒိယာမိ။
အတိရိတ္တဘောဇနံ၊ ဂိလာနပုဂ္ဂိုလ် ဝိနည်းဓိုရ်တို့၏ ပိုလွန်
ကြွင်းကျန်သော ဘောဇဉ်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ခလု-
ပစ္ဆာဘတ္တိကင်္ဂ”၊ ပယ်မြစ်ရာကာလ၏ နောက်မှ ရအပ်သော
ဆွမ်းကို စားလေ့မရှိသောပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာ-
ဒါနစေတနာကို။ ဝါ၊ ခလုငှက်ပမာ နောက်၌ အစာမရှိသော
ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိ
ယာမိ၊ ၏။ ဝါ၊ ၏။
