## PAGE 336

၂၃၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဂ-အာရညကင် ဓုတင်
ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊
အာရညိကင်္ဂ ံ သမာဒိယာမိ။
ဂါမန္တသေနာသနံ၊ ရွာနီးကျောင်းကို။ ပဋိက္ခိပါမိ၊ ၏။
အာရညိကင်္ဂ ီ၊ တော၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏
အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။
ဝါ၏။
၉-ရုက္ခမူ ဓုတင်
ဆန္န ပဋိက္ခိပါမိ၊
ရုက္ခမူလိကင်္ဂ ံ သမာဒိယာမိ။
ဆန္န၊ အုဌ်ကျောက် သစ်ရွက် မြက် အင်္ဂတေ ငါးထွေ
သော အမိုးကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ရုက္ခမူလိကင်္ဂ ၊
သစ်ပင်ရင်း၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း
အင်္ဂါ သမာဒါန စေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ ၏။
၁၀-အမ္ဘောကာသိက ဓုတင်
ဆန္ဒ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊
အမ္ဘောကာသိကင်္ဂ ံ သမာဒိယာမိ။
ဆန္ဒဉ္စ၊ အုဌ်ကျောက် သစ်ရွက် မြက် အင်္ဂတေ ငါးထွေ
အမိုးကို၎င်း။ ရုက္ခမူလဉ္စ၊ သစ်ပင်၏ အနီး အောက်
ကို၎င်း။ ပဋိက္ခိပါမြို့၊ ပယ်ပါ၏။ အမ္ဘောကာသိကင်္ဂ ၊ လွင်
တီးခေါင် ဟင်းလင်းအပြင်၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏
အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ ၏။
သော
ဝါး ၏။
ဓုတင်တဆယ့်သုံးပါး ပါဌ်အနက်
၂၃၃
၁၁-သုသာန် ဓုတင်
န သုသာနံ ပဋိက္ခိပါမိ၊
သောသာနိကင်္ဂ ံ သမာဒိယာမိ။
န သုသာနံ၊ သင်းချိုင်းမဟုတ်သော အရပ်ကို။ ပဋိက္ခ-
ပါဠိ ပယ်ပါ၏။ သောသာနိကင်္ဂ ံ၊ သင်းချိုင်း၌ နေလေ့
ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။
သမာဒိယာမိ၊ ၏။ ဝါ ၏။
၁၂-ယထာသန္တတိ ဓုတင်
သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ၊
ယထာသန္တတိကင်္ဂ ံ သမာဒိယာမိ။
သေနာသန လောလုပ္ပံ၊ ထစေတုံရှောင်း … ကောင်း
မကောင်းစုံစမ်း မေးမြန်းကြည့်ရှုခြင်းဟူသော ကျောင်း၌
လျှပ်ပေါ်လော်လည်ခြင်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ယထာ-
သန္တတိကင်္ဂ၊ ခင်းထားတိုင်းသော နေရာအလား ရွှေဖျား
ညွှန်ပြ ချထားတိုင်းသောကျောင်း၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏
အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ ၏။
ဝါ၏။
၁၃-နိသဇ္ဇ ဓုတင်
သေယျံ ပဋိက္ခိပါမိ၊
နေသဇ္ဇိကင်္ဂ ံ သမာဒိယာမိ။
သေယျံ၊ လျောင်းလှည်းခြင်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။
နေသဇ္ဇကင်္ဂ၊ ထိုင်၍ နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏

## PAGE 337

၂၃၄
ရုပ်ပုံ ရှင်ကျင့်ဝတ်
အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ သမာဒိယာမိ၊
ကောင်းစွာ ယူပါ၏။ ဝါ၊ ဆောက်တည်ပါ၏။
တိုက်တွန်းချက်
၁။ ပြခဲ့သော ရှင်ကျင့်ဝတ်သီလများကို ထိန်းသိမ်းထား
ခြင်းသည် စစ်ဗိုလ်ချုပ်ကြီးတဦး၏ ကောင်းစွာ
ရေချိုးခြင်းနှင့် တူ၏။ တိစီဝရိုက်သင်္ကန်းကို ဆင်
မြန်းထားခြင်းသည် ဗိုလ်ချုပ်ကြီး၏ စစ်ဝတ်တန်ဆာ
ဖြစ်သော ချပ်မိန်ညိုကို ဆင်ထားခြင်းနှင့် တူ၏။
တိစီဝရိုက်ခုတင်မှ ကြွင်းသော ဓုတင် တဆယ့်နှစ်ပါး
ကို ဆောင်ထားခြင်းကား တကိုယ်လုံး ဆင်ထိုက်ရာ
ကို တန်ဆာဆင်ထားခြင်းနှင့် တူလေသည်။
၂။ ထိုသို့ သီလစင်ကြယ်စွာဖြင့် တိစီဝရိက် ဓုတင်ကို
အခြေခံ၍ ကျန်ဓုတင် တဆယ့်နှစ်ပါး ဆောင်ထားပြီး
သော သူတော်စင်၏ ဝိပဿနာကမ္မဋ္ဌာန်းကို စတင်
စီးဖြန်းခြင်းသည် စစ်ဝတ်တန်ဆာ ဆင်ထားသော
ဗိုလ်ချုပ်၏ မည်သည့်ရန်သူကိုမျှ ပမာဏမထားသော
အသွင်ဖြင့် သန်လျက်စသော လက်နက်ကို စွဲကိုင်
ထားသည်နှင့် တူ၏။
၃။ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်း၍ နောက်မဆုတ်တမ်း
တိုးတက်နေသော သူတော်စင်ကား ဗိုလ်ချုပ်၏
ရန်သူတို့ကို ချေမှုန်းနေသည်နှင့် တူ၏၊ ဝိပဿနာ
ဆက်၍ မဂ်ဖိုလ်တက်ကာ နိဗ္ဗာန်ကို မျက်မှောက်
ပြုရသည့်အခါမှာမူ ဗိုလ်ချုပ်၏ အောင်တပ်ခင်း၍
၂၃၅
ဓုတင်တဆယ့်သုံးပါး ပါဌ်အနက်
အောင်ပွဲကျင်းပခြင်းနှင့် တူလေရကား မည်သည့်
သူတော်စင်မဆို ဤလမ်းစဉ်ဖြင့် တက်၍ ထိုမဂ်,
ထိုဖိုလ်ကို ကိုယ်တိုင်ရအောင် ကြိုးစားနိုင်ကြပါစေ
သတည်း။
သန္တော သီလသုမှာတော စ၊ သုသန္နဒ္ဓ တိစီဝရော။
ဘူသိတော သေသဓုတေဟိ၊ တိက္ခဝိပဿနာဝုဓော။
ဂစ္ဆတေ သော အမတံ ပါရုံ၊ ဆေတွာ မာရံ သဝါဟနံ။
(သဝါဟိနိ-ဟုလည်း ပြင်ကြ၏။)
သန္တော၊ ရိုးသားဖြောင့်မတ် စိတ်ဓာတ်ကြည်လင် အစဉ်
မြေ ငြိမ်သက်သူလည်း ဖြစ်ထသော။ သီလသုနှာတော စ၊
စတုပါရှိ သုဒ္ဓိ ၄-ဖြာ သိက္ခာရေမိုးကို ချိုးပြီးလည်း ဖြစ်ပေ
ထသော။ သုသန္နဒ္ဓတိစီဝရော၊ တိစီဝရိက် သင်္ကန်းတည်း
ဟူသော ချပ်ပန်းမိန်ညိုကို စိုစိုပြေပြေ ဝတ်ဆင်ပြီးလည်း
ဖြစ်ပေထသော။ သေသဓုတေဟိ၊ ကြွင်းကျန်အများ ဓုတင်
တဆယ့်နှစ်ပါးတို့ဖြင့်။ ဘူသိတော၊ ကိုယ်လုံးမလပ် ရှစ်ပတ်
ပြုပြင် တန်ဆာဆင်အပ်ပြီးလည်း ဖြစ်ပေထသော။ သော
ကုလပုတ္တော၊ ထိုအမျိုးကောင်းသား ယောက်ျားကောင်းပီ
ဇာနည်မရှိ သာကီညွှန့်သည်။ တိက္ခဝိပဿနာဝုဓော၊ ထက်
မြက်လျင်မြန် အမြင်သန်သည့် ဝိပဿနာဉာဏ်စက် သန်လျက်
ကို အချက်ကျစွဲကိုင်တော်မူပြီးလျှင်။ သဝါဟနံ၊ နောက်လိုက်
နောက်ပါ ဝဲယာထောင်သောင်း စစ်သည်အပေါင်းနှင့် တကွ
ဖြစ်သော။ မာခုံ၊ တထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန်
ကို။ ဆေတွာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သတ်ညှဉ်း

## PAGE 338

၁၉၉
ရုပ်ပုံ ရှင်ကျင့်ဝတ်
အောင်တပ်ခင်းပြီး၍။ အမတံ ပါရီ၊ နဂိုရ်အနေ စိုပြေပြေနှင့်
အို သေ မရှိ သန္တိသုခ ကမ္ဘာ့အမြုတေ အငူဘွေနန်း ဟိုဘက်
ကမ်းသို့။ ဂစ္ဆတေ၊ တဖန်မဆန်း မပြန်တမ်းဖြင့် စံမြန်းစိုးစံ
လေတော့သတည်း။
ဓုတင်တဆယ့်သုံးပါး ပါဌ်အနက် ပြီး၏။
ကျမ်းပြီး နိဂုံး
ပဋိသန္ဓေအသစ်။ ။ဆရာ့ထံ၌ သားငယ်ကို အပ်နှံခြင်းသည်
ဘဝအသစ်၌ ပဋိသန္ဓေအသစ် ယူစေ
ခြင်းနှင့် တူ၏၊ လူ့ဘဝ၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာအမျိုး
၏ ရိုးရာလိုက်၍ စားသောက်နေထိုင် ကျင့်ကြံလေ့ ရှိသကဲ့သို့
ဆရာကောင်းထံ အပ်နှံမိလျှင် ဆရာကောင်း၏ အတုလိုက်၍
ဆရာ မကောင်းထံ အပ်နှံမိလျှင်လည်း ထိုဆရာ မကောင်း၏
ထုံးစံကိုသာ လိုက်မိတော့သည်၊ ထို့ကြောင့် ကျနစွာ သင်ပြ
မပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ
ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏၊ ကျနစွာ သင်ပြပေးတတ်သော
ဆရာ့အထံ၌ နေမိခြင်းကား အမျိုးကောင်း မိဘကောင်း
ထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူသည်။
အဋ္ဌကထာ။
ဟိ
။ပဗ္ဗဇ္ဇာ နာမေသာ ပဋိသန္ဓိဂ္ဂဟဏသ-
ဒိသာ။ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓေ
ဂဏှန္တိ၊ တေသံယေဝ ကုလာနံ အာစာရုံ သိက္ခန္တိ၊ ဝံ ဘိက္ခူပိ
(သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံယေဝ
အာစာရံ ဂဏှန္တိ။ [သဠာယတနသံယုတ်, အာသီဝိသဝဂ္ဂ
စတုတ္ထသုတ်။]
ကျနစွာ သင်ပေးပါ။ ။ထို့ကြောင့် ဤရှင်ကျင့်ဝတ်၌ ပြခဲ့
သည့်အတိုင်း ကျနစွာ သင်ပေး၍
သင်ပြသည့်အတိုင်းလည်း လိုက်နာသော ရဟန်း သာမဏေ
များသာ “ဆရာကောင်း တပည့်, တပည့်ကောင်း ဆရာ”ဟု

## PAGE 339

၂၃၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
ဆိုထိုက်ပါသည်၊ ထိုသို့ သင်ပြ လိုက်နာကြမှလည်း မယ်တော်
ခမည်းတော်များနှင့် ရှင်ရဟန်း ဒါယကာ ဒါယိကာမတို့မှာ
သာသနာပြုရကျိုး နပ်ပါလိမ့်မည်။
သင်မပေးလျှင် အပြစ်။ ။ထိုသို့မသင်ပြ မလိုက်နာကြလျှင်
ကားသံကို သံဖျက် သံချေးတက်
သို့ သာသနာတော်ကို သာသနာ့ဝန်ထမ်း ရဟန်းသာမဏေ
များနှင့် မိဘ ဒကာ ဒကာမများသည်ပင် ဖျက်ဆီးနေကြရာ
ရောက်ပါလိမ့်မည်၊ ထို့ကြောင့် သာသနာတော်၏ အရေးကို
ကလေးကစားသလို မလုပ်ကြဘဲ မလုပ်နိုင်လျှင် ဘာသိ
ဘာသာ နေ၊ လုပ်လိုလျှင်ကား လေးလေးစားစား ပြုလုပ်ကြ
ပါရန် လေးနက်စွာ တိုက်တွန်းပါသည်။
နိဂုံးချုပ်ချိန်။ ။ဤ ရုပ်ပုံရှင်ကျင့်ဝတ်၏ ကျမ်းပြီးနိဂုံးကို
ကမ္ပတ်ဖုံးချိန်ကား (သာသနာနှစ် ၂၄၉၇
တပို့တွဲလဆန်း ဂ-ရက်) ဆဋ္ဌသံဂါယနာတင် စီစဉ်ရေးအတွက်
ဩဝါဒါစရိယနှင့် ဝန်ဆောင်ဆရာတော်များ မီးရထားဖြင့်
မန္တလေးမှ ရန်ကုန်သို့ ကြွသွားနေချိန် ဖြစ်၏၊ ရထားလမ်း
တလျှောက်၌ မြို့နယ်ဆိုင်ရာ အရာရှိကြီးများနှင့် နယ်သူ
နယ်သား လူအများတို့ အားရဝမ်းသာ ဆီးကြိုဖူးမျှော်၍
ပေးလှူပူဇော်ကြသည်မှာ သာသနာရေးအတွက် အားတက်
စရာကြီး ဖြစ်ပါပေသည်။
စဉ်းစားမိခြင်း။ ။သို့သော် ယနေ့အတွက် စားသောက်
ချင်စဘွယ် အသွယ်သွယ် ရှိနေစေကာမူ
နက်ဖန် သဘက် အရေး မြှော်တွေး၍ စိတ်မအေးရသေးလျှင်
ပျော်ရွှင် မြိန်ရှက်စွာ မစားသောက်နိုင်သော မိဘကဲ့သို့
ကျမ်းပြီး နိဂုံး
၂၃၉
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အစိုးရပိုင်းက ကိုင်းရှိုင်း
လေးစားချိန်မှာ တခမ်းတနား ခရီးသွား၍ အများဖူးမျှော်
အပူဇော်ခံရသော်လည်း တကွက်ကျော် ၂-ကွက်ကျော် မြှော်
၍ မြှော်၍ ကြည့်သောအခါ သာသနာတော်နှင့် စပ်လျက်
မြိန်ရှက်ဘွယ်ရာကို မမြင်ရသဖြင့် လက်ရှိအပူဇော်ခံရသည်
ကိုလည်း ဟန်လှပြီဟု မမှတ်ထင်နိုင်သေးပါ။
တင်ပြစရာအဖြာဖြာ။ ။ဤနေရာဝယ် ကမ္ဘာ့ပတ်ဝန်းကျင်
နှင့် ပြည်တွင်းမငြိမ်မသက်
ဖြစ်နေမှု
များကို အရေးကြီးသော်လည်း “မိုးပြိုအများနှင့်” ဖြစ်ရမည့်
ကိစ္စဖြစ်၍ မစိစစ်လိုပါ၊ သာသနာတော်သက်သက်နှင့်ဆိုင်
သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြလိုပါသည်။
၁။ များစွာသော ကျေးရွာ နယ်ပယ်တို့၌ သီတင်းသုံး
တော်မူကြသော ဘုန်းတော်ကြီးများ၏ ဩဇာ
အာဏာသည် မြန်မာဘုရင်များ၏ လက်ထက်ကို
မဆိုထားဘိ
အင်္ဂလိပ်အုပ်စိုးခိုက်ဖြစ်သော အနှစ် ၄ဝ
ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်
အဝါ မရှိ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊
ဤအချက်၌ “ရှေးလက်ထက်က ဩဇာရှိ၍ ယခု
ဘာ့ကြောင့် မရှိရသလဲ”ဟု နက်နက်နဲနဲ စဉ်းစားရ
ပေမည်။
(က) ရှေးက ကျောင်းထိုင် ဘုန်းတော်ကြီးများသည် အနေ
အထိုင်အားဖြင့် ရပ်သူရွာသား လူအများတို့ လေးစား
ကျေနပ်လောက်အောင် ဣန္ဒြေသိက္ခာကို ဆောင်
တော်မူနိုင်ကြပေသည်၊ ယခုသော်ကား အများ

## PAGE 340

၂၄၀
ရုပ်ပုံ ရှင်ကျင့်ဝတ်
အားဖြင့် ထိုသို့ လေးစား ကျေနပ် လောက်ပါသေး
၏လော။
( ခ ) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူရွာသား
ကလေးများကို ယဉ်ကျေးလိမ်မာအောင် ဆုံးမ၍
အတတ်ပညာကိုလည်း ( လုံးလုံး အခမဲ့ တကဲ့မေတ္တာ
စေတနာဖြင့်) သင်ပေးတော်မူခဲ့ကြ၏၊ ယခုအခါ၌
ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူ
မည့် ကလေးများပင် ရှားပါးနေတော့သည်။
ကလေး
( ဂ ) ဘုန်းတော်ကြီး ကျောင်း၌ စာသင်ယူမည့်
များ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းကြီး
များက သင်မပေးလိုကြ၍ မဟုတ်၊ “ဘုန်းတော်ကြီး
ကျောင်းမှ ထွက်လာသော ကလေးများသည် များ
သောအားဖြင့် အောက်ကျ နောက်ကျ ရှိကြ၏” ဟု
ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က
မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန်
တူလေသည်။ (ဝမ်းနည်းဘွယ် ကောင်းလေစွာ့။)
၂။ တဖန်…မြို့ကြီးမြို့ငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီး
များ၏ ဩဇာအာဏာကို စဉ်းစားကြဦးစို့၊ အနည်း
ငယ်သော ဆရာတော်များမှ တပါး အများအပြား
ဘုန်းတော်ကြီးတို့မှာ ဩဇာအာဏာများကို မဆို
ထားဘိ လူကြီး လူကောင်း ဆိုသူများ၏ လေးစား
ရိုသေခြင်းကိုမျှ ခံရဘို့ ခဲယဉ်းလေတော့သည်၊ ထိုသို့
ဖြစ်ရာ၌ အကြောင်းကား အသို့ပါနည်း—
,
ကျမ်းပြီး နိဂုံး
၂၄၁
(က) ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်
သည်များနှင့် အစိုးရ အမှုထမ်းတို့သည် များသော
အားဖြင့် ဘုန်းကြီးကျောင်းထွက်များ မဟုတ်ကြ၊
တချို့ကမူ ဘာသာခြား စာသင်ကျောင်းထွက်လည်း
ဖြစ်ကြလေသေး၏။
( ခ ) ထို ဘာသာခြား စာသင်ကျောင်းထွက် များသည်
ငယ်စဉ်ကပင် ဗုဒ္ဓဘာသာ တရားဓမ္မ လုပ်ငန်းကိစ္စ
ဟူသမျှနှင့် မျက်နှာ စိမ်းခဲ့ကြခြင်း၊ သူတို့ဆရာကြီး
များ၏ မေတ္တာကရုဏာကို ခံယူခဲ့ရခြင်းတို့ကြောင့်
ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း
ဗုဒ္ဓဘာသာဝင် အရှင်ကောင်း အရှင်မြတ်များကို
ဆည်းကပ်မိဘို့မှာ လွန်စွာပင် ၊ ခဲယဉ်းတော့သည်၊
ကြုံကြိုက်သော သာမန် ဘုန်းကြီးများကိုသာ ကိုး
ကွယ် ဆည်းကပ်ကြရသည့် အတွက်လည်း ဗုဒ္ဓဘာသာ
အပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြ
တော့ချေ။
( ဂ ) ယခု လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံ
တော်၌ကား ထို ဘာသာခြားစာကို သာ၍ပင် အား
ကျ ပါးကျ သင်ယူ နေကြ သေး၏၊ ပစ္စည်းဥစ္စာ
အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထား
များလေ ဖြစ်၏။ လက်ရှိ အခြေအနေကို စဉ်းစားရ
လျှင်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်သည်
ထိုဘာသာခြား ပညာတတ်တွေသာ ဖြစ်ဘွယ်ရှိနေ
ပေသည်။ သို့ဖြစ်၍ ဘာသာခြားစာပေကို သင်သည့်
၁၆----သစ
