## PAGE 341

၂၄၂
ရုပ်ပုံ ရှင်ကျင့်ဝတ်
အတွက် အပြစ်မဆိုသာ၊ အများဆုံးနှင့် အမြန်ဆုံး
တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးအသီး
ရှာဖွေရပေမည်။]
၃။ တဖန် ... မိမိတို့ဘက်သို့ လှည့်၍ကြည့်ပြန်သော်…
အထိုက် အလျောက် အကြည်ညိုခံရသော ဆရာတော်
ကြီးများလည်း သက်ရွယ်တော် ရင့်ညောင်း၍ ဘဝ
ပြောင်းဘို့ အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့
မည်၊ ဤအတိုင်း သွားခဲ့ပါသော် ကျေးလက်ရော
မြို့ပါ သာသနာ့အရေး စိတ်လေးစရာ ဖြစ်နေပါတော့
သည်။
၄။ တဆင့် စဉ်းစားဘွယ်ရှိသေး၏၊ ဤသာသနာတော်
အရှိန် မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ
တော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာ
တော်၏ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်
တို့သာ ခံကြကိုပင် ဖြစ်ပါပေသည်၊ သို့သော် လက်
တွေ့အားဖြင့် ထိုသို့ ဟုတ်နိုင်မည်မထင်ပါ၊ အနော်
ရထာမင်းစော လက်ထက်မှစ၍ အရာရာ ယဉ်ကျေးမှု
တိုးတက်ခြင်းသည် သာသနာတော်ကြောင့် ဖြစ်ရ
ကား သာသနာတော် မှေးမှိန်လျှင် တိုင်းပြည်လည်း
ကိုယ်ကျင့်မှစ၍ သေးသိမ်ဘို့လမ်းကသာ များနေပါ
သည်၊ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည်
အရေးကို ကျွေးခဲ့သင့်ပါဦးမည်လော။
၅။ “သာသနာတော်၏ အရှိန်အဝါ ဩဇာအာဏာ ဆုတ်
ယုတ်ခြင်းသည် နိုင်ငံတော် ဆုတ်ယုတ်ကြောင်းပင်
ကျမ်းပြီး နိဂုံး
၂၄၃
ဖြစ်ပါသည်” ဟူသော ဝါဒကို လက်ခံနိုင်ပါမူ သာသ
နာ ဆုတ်ယုတ်ခြင်း၏ အကြောင်းများကို ဖယ်ရှား
ဘို့ရာ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို
ရှေးစံနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစား
သင့်ပါသည်၊ ဝိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပ
ဝိဇ္ဇာ ဟူသမျှကိုလည်း ရဟန်းတော်များ ကိုယ်တိုင်
ငွေကြေး အထောက်အပံ့ မယူဘဲ ရှေးမူအတိုင်း သင်
ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့်ပါသည်။
[ ဤကိစ္စ၌ကား နည်း အမျိုးမျိုးရှိသောကြောင့်
ဤနေရာ၌ အသေးစိတ် မပြလိုတော့ပါ။]
၆။ ထို အတိုင်း ကြိုးစားသောအားဖြင့် (ယောက်ျား
ကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်း
ကလေးများကို သီလရှင် ဆရာများက သင်ပြပေးနို
ကြပါမူ) ဤမြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်
ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း၊ သာသနာ့
အရှိန်အဝါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့်
ကွဲကွာနိုင်ပါတော့အံ့နည်း။
၇။ ဤသို့ နိုင်ငံနှင့်သာသနာတော် တိုးတက်ရာတိုးတက်
ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့်
သိက္ခာ တည်တံ့ ခိုင်မြဲရေးလည်း အပါအဝင် ဖြစ်
သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမ
ကိုရင်ဖြစ်သည်မှစ၍ ကျင့်ကြရမည့် သိက္ခာစုကို
“ရှင်ကျင့်ဝတ်”ဟု
အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြ
တော်မူခဲ့ကြပေသည်။
"
ဏေ

## PAGE 342

၂၄၄
Oll
ရုပ်ပုံ ရှင်ကျင့်ဝတ်
ထို့ကြောင့် ထိုရှင်ကျင့်ဝတ် မူရင်းကိုပင် သိသင့်သိဘွယ်
အသွယ်သွယ် တန်ဆာဆင်၍ စီစဉ်အပ်သော ဤ“ရုပ်
ပုံ ရှင်ကျင့်ဝတ်” သည် သာသနာတော်နှင့်အမျိုး
ပွါးတိုးဘို့ ကြိုးစားရာဝယ် တကယ်ပင် ရွှေဖျားက
မားမားမတ်မတ် တန့်ရပ်တည်နေနိုင်ပါစေသတည်း။
နိဂုံးချုပ် လင်္ကာ
ကျမ်းပြီးမှတ်ထုံး ကမ္ပတ်ဖုံး၍ နိဂုံးအခန်း ပြည်လုံး
မှန်းလျက် ခွဲခြမ်းလှစ်ဘွေ စဉ်းစားစေအံ့၊ ဒို့မြေဌာနီ ရှေးခါ
ဆီဝယ် မထေရ်အပေါင်း စံရာကျောင်းမှ ငြိမ့်ငြောင်းသာယာ
မိန့်အာဏာကို ရပ်ရွာလူများ လွန်လေးစားခဲ့၊ ခုကားသို့နှယ်
မဟုတ်ကွယ်၍ နယ်ပယ်ပါးစီး သားသမီးတို့ ဘုန်းကြီး
ကျောင်းတွင် စာမသင်တော့။
ထို့ပြင်မြို့နေ ကလေးတွေကား ိုမေဘာသာ ဂျိုမေစာကို
သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို
အလေးဂရု အရေးပြု၏၊ ယခုလိုသာ နှစ်ပေါင်းကြာလျှင်
မြန်မာပြည်ဘွား
တိုင်းရင်းသားတို့ ဘုရားကိုစွန့် တရားစွန့်၍
စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း၊ ထိုခါလူများ ကိုယ်ကျင့်
အားဖြင့် တရားမပါ အမှားစာကြောင့် များစွာခုထက်တိုး၍
ပျက်လိမ့်။
သို့တွက်များပြား … ဘုန်းဘုရားတို့ … တရားကိုယ်ကျင့်
လုံအောင်ကျင့်၍ မလင့်စေရ ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ ပြသင့်
ရာကို ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင်ဟောပြဩဝါ
ဒကို စိတ်ကကြည်ဖြူ လိုက်နာယူ၍ . ကိုယ်မူနှုတ်ပြောင်း
စိတ်လည်းကောင်းလိမ့်၊ အကောင်းမကောင်း အကြောင်း
ကြောင်းကို သောင်းပြောင်းကုန်စင် အစုံမြင်၍ ထေရ်ရှင်
ရွှေသွား ဘုန်းအများ၏ တရားစဉ်နှင့် အဆင်သင့်သား
ရှင်ကျင့်ဝတ် ခေါ် ရှေးစာတော်ကို ခေတ်ပေါ်လှစ်ဆင့်
စုံအောင်ဖွင့်သည်...မျိုးနှင့်သာသနာ တည်ကြောင်းတည်း။
ရုပ်ပုံ ရှင်ကျင့်ဝတ် ပြီး၏။

## PAGE 343

ကျမ်းစာအုပ်များ
၂၄၇
အဂ္ဂမဟာပဏ္ဍိတ
အရှင် ဇနကာဘိဝံသ-ဆရာတော် ရေးသားပြုစုအပ်သော
၁။ ရတနာ့ဂုဏ်ရည်
၂။ အခြေပြုသင်္ဂြိုဟ်
၃။ အခြေပြုသဒ္ဒါ
ကျမ်းစာအုပ်များ
၄။ သင်္ဂြိုဟ်ဘာသာဋီကာ
၅။ ဝီထိနှင့် ၃-ချက်စုဘာသာဋီကာ
၆။ ကိုယ်ကျင့်အဘိဓမ္မာ
ပါတိမောက်ဘာသာဋီကာ
ရူပသိဒ္ဓိဘာသာဋီကာ
၇။
110
(ပ-ဒု)
၉။ ကစ္စည်းဘာသာဋီကာ (ပ-ဒု)
၁၀။ အနာဂတ်သာသနာရေး
၁၁။ ရုပ်ပုံရှင်ကျင့်ဝတ်
၁၂။ အခြေပြု မင်္ဂလသုတ်
၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန်,
၁၄။ သာမညဖလသုတ် မြန်မာပြန်
၁၅။ ဗုဒ္ဓဝင် အမေးအဖြေ
၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ
၁၇။ ကင်္ခါဘာသာဋီကာ (ပ-ဒု)
၁၀။ အလင်္ကာရဘာသာဋီကာ
၁၉။ ဘုရားဥပဒေတော်ကြီး
၂၀။ ဘာသာသွေး
၂၁။ ပါရာဇိကဏ်ဘာသာဋီကာ
၂၂။ သဒ္ဒတ္ထဘေဒစိန္တာဘာသာဋီကာ
၂၃။ ကစ္စာယနသာရဘာသာဋီကာ
၂၄။ ဋီကာကျော်နိဿယ
၂၅။ (က) မူလတန်းဘာသာရေး (ခ) ပါစိတ်ဘာသာဋီကာ
၂၆။ မဟာဝါဘာသာဋီကာ
၂၇။ အဋ္ဌသာလိနီဘာသာဋီကာနှင့် မူလဋီကာ နိဿယ
(ပ-ဒု-တ-စ)
၂၀။
သီလက္ခန်ဘာသာဋီကာ (ပ-ဒု-တ)
၂၉။ ဘာသာရေးပြဿနာများအဖြေနှင့် စစ်တပ်တရားတော်
၃၀။ ခုဒ္ဒသိက္ခာဘာသာဋီကာ
၃၁။ ပရိဝါရဘာသာဋီကာ
၃၂။ ဗုဒ္ဓါနုဿတိဂုဏ်တော်
၃၃။ သမ္မောဟ ဝိနောဒနီဘာသာဋီကာ

## PAGE 344

110006-62-0-21-ccg-
-O-CC-A-0
