## PAGE 36

၅ ၂
ရတနာ့ဂုဏ်ရည်
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
-
(ဂ) သောဘဂဝါ’ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်။ ဣတိပိဣမိနာစ ကာရဏေန – ဒုက္ခသမုဒယ နိရောဓ
နှင့် မဂ္ဂမည်သာ လေးသစ္စာကိုဥုးစ္စာပိုင်ပိုင် သိမြင်နိုင်၍သုံးဆိုင်
ဝေနေ များဗိုလ်ခြေကို မသွေအတူ, သိစေတော်မူနိုင်သော ဤ
အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ’ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်
အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင် ကျော်ကြား ထင်ရှား
တော်မူပေသည် တကား။
☑
✗
☑
ကြည့်ရှုရန် အဓိပ္ပါယ်
X
ဗုဒ္ဓ ဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍, သူတပါးကိုလည်း သိစေတော်
မူနိုင်သည်” ဟူသောအနက်ကို ပြ၏။
၁။ ဒုက္ခသစ္စာ။ ။(ဒုက္ခ ဆင်းရဲခြင်း + သစ္စာ= အမှန်၊)
ရုပ်ခန္ဓာနှင့် စိတ် စေတသိက်ဟူသောနာမ်ခန္ဓာတရားတွေပေါင်းစပ်
နေသည်ကို “ခန္ဓာကိုယ်”ဟု ခေါ်၏၊ ဤ ခန္ဓာကိုယ်သည် ဒုက္ခတုံး
ဒုက္ခခဲ ဆင်းရဲခြင်း အမှန်ဖြစ်၏၊ ဤခန္ဓာကိုယ်ကြီး ရှိလို ့သာ စားဘို့
သောက်ဘို့ ဝတ်ဘို့ နေဘို့ ရှာဖွေ သွားလာရ၏၊ အိုရ နာရ သေရ
ကြေရ၏၊ အရှာ အဖေ့ အနေ မတရားသဖြင့် အပါယ်လေးပါးသို့
ကျရောက်ကာ ဒုက္ခခံရ၏၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်း
ဆင်းရဲရ၏၊ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနဲလည်း
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၅ ၃
ဖြစ်ကြရ၏၊ အလွန့်အလွန် စီးပွားတွေ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့
ရ၏။ မခွဲချင်ဘဲနှင့် တကွဲတပြား
ဖြစ်ရ၏၊ ခေတ္တခဏ ချမ်းသာသလို
ထင်ရသော်လည်း အစအဆုံး ကြည့်လိုက်လျှင် ချမ်းသာစစ်စစ်ဟူ၍
မမြင်ရချေ။
"
“အလွန်ချမ်းသာသည်”ဟု ဆိုရသော နတ်ပြည် ဗြဟ္မာ့ပြည်များ
သို့လည်း ရောက်ဘို့ရန် အားထုတ်ရသော ဒုက္ခရောက်ပြီးသည့်
နောက်၌ ပျက်စီးသောအခါ ဒုက္ခ၊ [နတ်ပြည်၌ “ပျက်စီးလိမ့်မည်
ဟုစောစောကအချို့ သိနှင့်ကြသဖြင့်“ဤမျှလောက်ကြီးကျယ်သော
စည်းစိမ်ကို စွန့်ရတော့မှာပါတကား”ဟုဇောချွေးများကျပြီးလျှင်
အလွန့်အလွန် ဆင်းရဲရလေသည်။] ဤသို့ ဆင်းရဲ ဧကန် စင်စစ်မှန်
သောကြောင့် ငါ၏ခန္ဓာကိုယ်နှင့် သတွာအားလုံး၏ ခန္ဓာကိုယ်သည်
ဒုက္ခသစ္စာချည်းပါတကား။
။
(၂) သမုဒယသစ္စာ။ ။ ( သမုဒယ = ဒုက္ခဖြစ်ကြောင်း+
သစ္စာ=အမှန်၊ )ထိုဒုက္ခ၏ အကြောင်းရင်းကား“တဏှာ လောဘ”
ခေါ်သောနှစ်သက်ခင်မင်လိုချင်တောင့်တမှုသည် အကြောင်းအမှန်
ဖြစ်တော့၏၊ ဒုက္ခသစ္စာ၌ ပြခဲ့သော ဒုက္ခဟူသမျှသည် ဤ လိုချင်
တောင့်တမှုကိုအကြောင်းပြု၍ ဖြစ်၏၊ ထိုတောင့်တလိုချင်မှုကြောင့်
တခါတရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ် မင်းဒဏ်, နောင်
သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲ
ဒဏ်ကို ခံရသည်၊ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည်
ကျင်လည်ရချက်သည် ထိုထိုဘဝကို တောင့်တလိုချင်သော လောဘ
တဏှာ၏ စနက်သာတည်း။

## PAGE 37

၅ ၄
"
ရတနာ့ဂုဏ်ရည်
တောင့်တလိုချင်မှု ဟူသော တဏှာ လောဘလည်း တရားဖြင့်
မချုပ်တည်းနိုင်သမျှသူ အလိုအလျောက်သာဖြင့် မည်သည့်အခါမျှ
နောက်ဆုတ်လိမ့်မည် မဟုတ်၊ “ သံပုရာသီး ကြီးလေ ချဉ်လေ
ဖြစ်သကဲ့သို့၎င်း “ငယ်စဉ်ကပေါက်သောနွားဦးချိုသည် ကြီးလေ
ရှည်လေ”ဖြစ်သကဲ့သို့၎င်း “မီးသည်လောင်စာများလေမီးတောက်
ကြီးလေ”ဖြစ်သကဲ့သို့၎င်း ဤတဏှာလောဘ၏သဘောသည်လည်း
“ရလေ လိုလေ, ရဖန်များလေ လောဘတိုးလာလေပင်” ဖြစ်တော့
သည်၊ တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင်
ရောက်ကြမည်သာ။
-66
မန္ဓတ်စကြာမင်း ဝတ္ထု ။ ဤကမ္ဘာ၏ အစပိုင်းလောက်က
ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓတ်
စကြာမင်း ဖြစ်၏၊ တနေ့သ၌ စကြာရတနာဖြင့် ပရိသတ်ခြံရံလျက်
ကောင်းကင်ခရီး၌ လေးကျွန်းလုံး လှည့်လည်စဉ် စာတုမဟာရာဇ်
နတ်ပြည်၏ ကြီးကျယ် ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံ
ပရိသတ်များနှင့် တကွ စတုမဟာရာဇ် နတ်ပြည်သို့ ချီတက်လေ
သော် စတုမဟာရာဇ်နတ်မင်းကြီး
၄ ပါးက ခရီးဥး ကြိုဆိုလျက်
နတ်ပြည်ကို ဆက်သကြ၏၊ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်
လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတရာ
မက သာလွန် ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့
ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ
လမ်းခုလပ်မှ လူ့ ပြည်သို့ပြန်ကြရလေသည်၊ ထိုအခါ တကိုယ်တည်း
ကြွလာသော မန္ဓတ်မင်းအား သကြားကိုယ်တိုင် နတ်ပြည်ကိုတဝက်
ခွဲ၍ လွှဲအပ် စံစားစေလေသည်။
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၅၅
ထိုအခါ လူတို့၏ အသက်တမ်းမှာ အလွန် ရှည်ကြာသော
အသင်္ချေတန်း အခါဖြစ်၍ ပကတိ သကြားပေါင်း ၃၆ ယောက်
ပြောင်းလဲသည့်တိုင်အောင် ထို မန္ဓတ်စကြာမင်းသည် စုတေတော်
မမူသေးဘဲ ခံစားမြဲခံစားနေရပါလျက် နတ်ပြည်တဝက်မျှ အုပ်စိုးရ
ရုံဖြင့် တင်းတိမ်တော်မမူသောကြောင့် ရောက်ခါစ သကြားသစ်ကို
သတ်ဖြတ်လိုသော အကြံဆိုး ပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ
ကွယ်ပျောက်ခဲ့၍ လူ့ပြည်သို့ အရောက်တွင် စုတေပွဲ ဝင်ရဘူးလေ
သည်။[ဇာတကဋ္ဌကထာ၊ တိကနိပါတ်၊ သင်္ကပ္ပဝဂ်၊မန္ဓာတုဇာတ်။]
o
ဤဝတ္ထု၌ သကြားပေါင်း ၃ကျိပ် ၆ ယောက် ပြောင်းလဲအောင်
နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သောလောဘ၏ ကြီးကျယ်
ပုံကို မှန်းဆသင့်တော့သည်၊ ထို့ကြောင့် တဏှာလောဘမည်သည်
တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ ့အလိုအလျောက် မည်သည့်
အခါမှ
နောက်ဆုတ်လိမ့်မည်မဟုတ်၊ တဏှာလောဘ နောက်မဆုတ်
သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဥုးမည် မဟုတ်၊
ထို ့ကြောင့် နှစ်သက် ခင်မင် လိုချင် တောင့်တမှု ဟူသော တဏှာ
လောဘသည် အားလုံးသော ဒုက္ခအပေါင်း၏ အကြောင်းရင်းခံ
စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။
]}
( ၃ ) နိရောဓသစ္စာ။ ။ ( နိရောဓ= ဒုက္ခ၏ ချုပ်ဆုံးရာ+
သစ္စာ=အမှန်၊ ) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန်
တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို
မြင်နိုင်သောဉာဏ်ရမှသာ ကျနစွာ သိနိုင်ရာ၏၊ သောတာပန်အဖြစ်
သို့ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊သောတာပန်
များသည် နိဗ္ဗာန်၏ အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာ

## PAGE 38

၅
ရတနာ့ဂုဏ်ရည်
အဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ် ကြတော့သည်၊
ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံ
ခါနီးမှာလည်း ဒုက္ခ ရုပ်နာမ်ကို စွန့်ရတော့မည် ဖြစ်၍ ကြည်လင်
ရွှင်ပျတော်မူကြသည်။
နိဗ္ဗာန်သည် ယခု ပုထုဇဉ်တို့အတွေးမျိုးဖြင့် တွေးကာပျင်းစရာ
ဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ၊
မိမိတို့ သွားရမည့် နိဗ္ဗာန်၏ ချမ်းသာပုံကို ထို ပုဂ္ဂိုလ်မြတ် တို့၏
အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေ
သည်၊ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန် စံခါနီး၌ နတ်ရော လူပါ
လွမ်းဆွတ် တသ ငိုပွဲကြီး ကျင်းပကြသော်လည်း မိထွေးတော်ကား
အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ “သားတော် သ္မီးတော်များ…
ဤ အခါမျိုးကား ငိုရမည့်အခါ မဟုတ်, ဝမ်းမြောက်ရမည့်အခါ
ဖြစ်သည်” ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။
.
အမျိုးဇာတ် ဂုဏ်သိရ် စည်းစိမ်အားဖြင့် အထက်တန်း ကျ၍
ပါရမီကြီးမားလှသောရှင်တော်ဘုရားနှင့်သူတော်ကောင်းကြီးများ
သွားရာ လမ်းကောင်းကို ငါတို့တတွေ အဘယ်မှာ မလိုက်လိုဘဲ
ရှိသင့်အံ့နည်း၊ တပျော်တပါး မနားမနေ ပါရမီတွေကို ဖြည့်ကာ
ဖြည့်ကာ ကောင်းစွာ စိုက်စိုက် လိုက်ကြဘို့ရာ ယခုနှယ်က ပြင်ဆင်
ထားကြပါကုန်။
(၄) မဂ္ဂသစ္စာ။ ။(မဂ္ဂ=နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း+
သစ္စာ=အမှန်၊ ) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း အမှန်ကား
မဂ္ဂင်ရှစ်ပါးတည်း။
သမ္မာဒိဋ္ဌိ
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
မဂ္ဂင် ရှစ်ပါး
=ကောင်းသော အလိမ္မာ ဉာဏ်ပညာ။
သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်၊
သမ္မာဝါစာ = ကောင်းသောစကားကို ဆိုခြင်း။
သမ္မာကမ္မန္တ = ကောင်းသောအမှုကို ပြုခြင်း။
သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။
သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။
သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။
သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။
၅၇
[အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ ““အကောင်း”
ဟု ဆိုလိုသည်။]
9"
[ဆောင် ] အလိမ္မာဉာဏ်, ကောင်းအောင် ကြံ၍, အမှန် ပြောပြ
ပြုသမျှကောင်း, သက်မွေးကောင်းပင်, ကောင်းကောင်း
အားစိုက်, စိတ်၌စွဲမှတ် ကောင်းမြတ်တည်ကြည်, ကောင်း
ရှစ်လီသည်… ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။
ဘုရားရှင်၏ သန္တာန်တော်၌… “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ,ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ”ဟူသော ဓမ္မစကြာနှင့်အညီ ဘုရားမဖြစ်မီ
ရှေးအခါက ကြားမျှမကြားအပ်ဘူးသောဤ သစ္စာလေးပါးတရား
တို့၌ သိမြင်နိုင်သော ပညာ, ဝိဇ္ဇာ အရောင်အလင်းဟူသော ဉာဏ်
(အဋ္ဌမအကြိမ်)

## PAGE 39

၅၀
ရတနာ့ဂုဏ်ရည်
စက္ခု သည် ဘုရား ဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာ ပေါ်လာ၏၊
သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူပြီးနောက် ဘုံသုံးပါး၌
ရှိကြသော ဝေနေယျ သတ္မွာတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြ
ဘို့ရာ ဟောပြတော်မူပေသည်။
[ယခုကာလ ဉာဏ်ထက်မြက်သူတို့သည် ရှေးက မသိဘူးသော အရာကို
စူးစူးစိုက်စိုက်ကြံသောအခါ ထိုအရာကို သိနိုင်သောဉာဏ်များထင်ရှား
ပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏ သန္တာန်တော် ၌လည်း
ရှေးက မရှိသော ဝိဇ္ဇာဉာဏ် ပေါ်လာပုံကိုယုံကြည်ပါကုန်။
တိုက်တွန်းချက်။ ။ ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍
နိဗ္ဗာန်ရောက်ဘို့ရာ တဏှာလောဘကို တစတစ ပယ်ရှားလျက် မဂ္ဂင်
ဂ ပါး တည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိအောင်
သတိတရား ကောင်းစွာထား၍ ကြိုးစားသင့်ကြသည်၊ထိုသို့ ကြိုးစား
ရာ၌ တကယ်တမ်း တောထွက်၍ အားတက်သရော မလိုက်နိုင်သေး
လျှင် အိမ်သုံးမဂ္ဂင်များကို ကြိုးစားပါ။
အိမ်သုံးမဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ။ ။ဘယ်ကိစ္စ၌မဆို ပြုသမျှ ကောင်းမှု မကောင်းမှု
ကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင် အခါအခွင့်
သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်-ဟု ကံနှင့်
ကံ၏အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တခါတရံ၌ကား
ရုပ် နာမ် ၂ ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏
ဒုက္ခများစွာနှင့်မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင်
ဝိပဿနာဉာဏ် ဖြစ်ပါစေ။
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
၅ ၉
သမ္မာသင်္ကပ္ပ။ ။မိမိအတွက် ဖြစ်စေသူများအတွက် ဖြစ်စေ
စိတ်သဘောကြီးကြီးထားလျက်အပြစ်မရှိဘဲ အကျိုးများမည့်အကြံ
ကိုသာ ကြံပါ၊ သူတပါးတို့ ပျက်စီးသွားမည့်အကြံ ဆင်းရဲသွားမည့်
အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာ ကရုဏာထား၍ သနားပါ
စောင့်ရှောက်ပါ၊ တခါတရံ၌ကား “လူ ့လုပ်ငန်း ကိစ္စစုကို ဖြတ်၍
သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည်စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ်
တရားကျင့်မည်” ဟု ကြံပါ။
I
သမ္မာဝါစာ။ ။မိမိမှာဖြစ်စေ သူ ့မှာဖြစ်စေ အကျိုးများမည့်
စကားကိုသာ ပြောပါ၊ မုသားစကား, ကြမ်းတန်းသော စကား
အပျက်အချော် အပြောင်အလှောင်စကားနှင့် ရန်တိုက်စကားတို့ကို
မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ .အခါတို့၌ မိမိ ကျက်မှတ်
ထားသော ဘုရား နှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင်
သာ၍ ကောင်းပါသည်။
သမ္မာကမ္မန္တ။ ။မိမိမှာဖြစ်စေ,သူများမှာဖြစ်စေ အကျိုး
ရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊သတ်မှ
ခိုးမှုစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊
အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ ( ရေလဲ ပန်းကပ် ) စသည်ကို
နေ့စဉ် ပြုမိပါစေ။
သမ္မာအာဇီဝ ။ ။မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက်
ပစ္စည်း ရှာဖွေရာ၌ အပြစ် ကင်းပါစေ၊ သူတပါး မျက်ရည်ကျမှ
မိမိ ဝမ်းမည့်အလုပ်ကို တသက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင်
ရောင်းရေး ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။

## PAGE 40

၆ဝ
ရတနာ့ဂုဏ်ရည်
,
သမ္မာဝါယာမ ။ ။ စီးပွားရှာရာ၌ ဖြစ်စေ, ကုသိုလ်ကိစ္စ၌
ဖြစ်စေ ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ သံသရာ
ကြီးပွားရေးဖြစ်စေ, မဂ်ဖိုလ်နိဗ္ဗာန် ရဘို့အရေးဖြစ်စေ, “အေးအေး
စက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်” ဟု ကံတခုကို အားကိုးလို
ရနိုင်ရိုးမရှိပါ၊ ရေလာ မြောင်းပေးဆိုသလို ဝီရိယဖြင့် ကူညီပေးမှ
ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
သမ္မာသတိ။ နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို
မမေ့ပါနှင့်၊ အမြဲ သတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ
သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။
သမ္မာသမာဓိ။ ။ စိတ်နေ စိတ်ထား တည်ကြည်ပါစေ, နှုတ်
အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာ
ပြောပါ၊ မျက်နှာ အနေအထားနှင့်
ကိုယ် အသွားအလာ အနေ
အထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်ရသူ လူအများက ခန့်ညား
ကြည်ညိုလျက် (မျက်နှာအနေ မတင်းသည့်အတွက်လည်း) တမျိုး
ကြက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။
ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်းဖြစ်နိုင်သော မဟာကုသိုလ်
အကြမ်းစား အိမ်သုံး မဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့် တက်၍ ဈာန် မဂ်
ဖိုလ်မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိကြီးစွာထားလျက် သမ္မာ
ဝါယာမဖြင့် ကြိုးကြိုးစားစားအားထုတ်နေကြသူတို့မှာ အိပ်ရာဝင်
အိပ်ရာထ၌ ဘုရားအာရုံပြုရင်း ဘုရားရှိခိုးရင်း ရေတော် ပန်းတော်
ဆီမီးတော်ကပ်ရင်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်၍, ထို ကမ္မဋ္ဌာန်းတွင်
မဂ္ဂင်ရှစ်ပါး ပါစင်နေပုံကို ပြပါဥုးမည်။
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး
။
၆ ၁
Cod
“ အမျိုးသား အမျိုးသ္မီး လူကြီးသူမ တယောက်သည် ဘုရားကို
ပန်း ရေချမ်းတို့ဖြင့် ရွှင်လန်း ကြည်ဖြူ ပူဇော် ကန်တော့နေသည်
ဟု ဆိုကြစို့ ၊ ထိုအချိန်မှာ ထို သူတော်ကောင်း၏စိတ်ဝယ် နိဗ္ဗာန်
ရောက်ကြောင်း လမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား’
သမ္မာဒိဋ္ဌိ ။ ။ ဘုရားရှင်သည် ငါတို့လို သတ္မွာ အပေါ်မှာ
မေတ္တာ ကရုဏာ ကြီးမားတော် မူသောကြောင့် ၄၅ ဝါ ကာလ
ကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြ ဆုံးမ
တော်မူခဲ့ပေ၏၊ ငါသည် ထို တရားတော်များကို တဆင့်ကြားနေရ
သဖြင့် မကောင်းမှုများကို ရှောင်ရှား၍-ကောင်းမှု ကုသိုလ်များကို
ပြုတတ်ပေသည်၊ ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့်
ငါသည် အပါယ် ၄ ပါးမှ လွှတ်၍ ကောင်းရာဘဝနှင့် နိဗ္ဗာန်ကို
အမှန် ရတော့မည်၊ ဘုရားရှင်သည် ငါ၏ ကျေးဇူးတော်ရှင် အစစ်
ပေတည်း၊ ငါ့ကျေးဇူးရှင်ကိုရည်မှန်း၍ ငါသည် ပန်း ရေချမ်းတို့ကို
လှူဒါန်း ပူဇော်နေပါတကား၊ ဤသို့ စိတ်ထဲ၌ အသိဉာဏ် ဖြစ်နေ
ခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။
}
သမ္မာသင်္ကပ္ပ စသည် ။ ။ ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏
ကျေးဇူးတော်များကို စဉ်းစား ကြံစည်၍နေခြင်းသည် မိမိ၏စိတ်၌
သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏၊ ဘုရားဂုဏ်တော်များကို ရွတ်ဆို ရှိခိုး
နေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏၊ ပန်း ရေချမ်း အမွှေးတိုင်
ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ်
