## PAGE 41

၆၂
ရတနာ့ဂုဏ်ရည်
နေခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်နေ၏၊ ဘုရားကိစ္စကို ပြုလုပ်နေ
ချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသောစီးပွား
ရှာမှု မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည် ဟု
ဆိုသင့်ပေ၏၊ ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာ
ဝါယာမမဂ္ဂင် ဖြစ်နေ၏၊ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်
များကို သတိရနေခြင်းသည် ( ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများနေ
ခြင်းသည်) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏၊ (တခြားကိစ္စကို အမှတ်မရ
တော့ဘဲ) ဘုရားကိစ္စ တခု၌သာ စိတ်တည်နေခြင်းသည် သမ္မာ
သမာဓိမဂ္ဂင် ဖြစ်နေ၏။
ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ ပန်း ဆီမီး
စသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ
ကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက် ( ပုတီးစိပ် ) နေသော အခါတို့၌
ထိုသူတော်ကောင်း၏စိတ်တွင် မဂ္ဂင် ရှစ်ပါး ပါဝင်နေပါသည်၊ ထို
မဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို ( မျက်စိဖြင့် မြင်ရသလို ) မျက်မှောက်
ပြုနိုင်ကြောင်းလမ်းကောင်းအမှန်ပင်ဖြစ်၏၊မှန်သောလမ်းကိုမှန်မှန်
သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ၊
ဤနေရာဝယ် ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်ရသော
“ဖုဿဒေဝ”ရဟန်းတော်၏ ဝတ္ထုကို သတိပြုပါ။
ဖုဿဒေဝဝတ္ထု
ရှေးတုန်းက ရဟန်းတော်တပါးသည် စေတီအပြင်ကို တံမြက်
လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော်
ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော့(ပီတိ)စိတ်
ဗုဒ္ဓ ဂုဏ်တော်ဖွင့်
cos
၆ ၃
2
ဖြစ်နေ၏၊ထိုအခါ မာရ်နတ်သည် နှောက်ယှက်လိုသော သဘောဖြင့်
မျောက်ညိုကြီးဟန်ဆောင်၍ နွားချေးတွေကို စေတီယင်ပြင်တော်၌
ကြဲဖြန့်ပြေး၏၊ ထိုနှောက်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင်
အာရုံမပြုနိုင်တော့ချေ၊ ဒုတီယနေ့၌လည်း နွားအိုယောင်ဆောင်၍
နှောက်ယှက်ပြန်၏။
66
တတိယနေ့၌ကား အလွန် အရုပ်ဆိုးသော ယောက်ျားယောင်
ဆောင်၍ နှောက်ရှက်စဉ် “ ဒီလူမျိုး ဒီနယ်မှာ မမြင်ဘူးချေ
မာရ်နတ် ဖြစ်လေသလား”ဟု စဉ်းစား၍ မေးလေရာ “ မာရ်နတ်
ဟုတ်ကြောင်း” ဝန်ခံလေသည်၊ “ မာရ်နတ်ဖြစ်လျှင် ဘုရားရှင်၏
ပုံတော်ကိုဖန်ဆင်းပြစမ်းပါ”ဟုတောင်းပန်သောကြောင့်“တကယ်
တူအောင်တော့ မဖန်ဆင်းနိုင်ပါ, အတုလောက်သာ ပြပါမည်” ဟု
ပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေလည်။
ထိုအခါ“အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက်သပ္ပါယ်
တော်မူသေး၏၊ အတွင်းစိတ်တော်၌ ရာဂ ဒေါသ မောဟ စသော
အညစ်အကြေးကင်း၍ သန့်ရှင်းသောဘုရားအစစ်မှာ ဘယ်လောက်
သပ္ပါယ်တော် မူမည်နည်း ” ဟု စိတ်ထဲ၌ တွေးတောကာ လွန်စွာ
နှစ်သက် ကြည်ညိုသော (ပီတိ) စိတ် ဖြစ်လေရာ, ထို ပီတိစိတ်ကိုပင်
စိတ်တခုပြီးတခု ပြောင်းလွှဲ၍ ဖြစ်သောကြောင့် မမြဲသော အနိစ္စ
တရား စိတ်တခုတခု ချုပ်ဆုံးခြင်းသည်(လူတယောက် သေဆုံးခြင်း
ကဲ့သို့) ဆင်းရဲသော ဒုက္ခတရား, တခုပြီးတခု ပျက်နေသည့်အတွက်
ခိုင်မြဲစရာ အနှစ်အသား ( အသက် ) မပါသော အနတ္တတရား ဟု
ဝိပဿနာကမ္မဋ္ဌာန်း ရှုလေသည်။

## PAGE 42

၆ ၄
ရတနာ့ဂုဏ်ရည်
ထိုအခါ ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တ ဟု မြင်နေသကဲ့သို့၎င်း,
တကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရကား ထိုအချိန်မှာ
အလွန်နက်နဲသော အသိ အမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေသော
ကြောင့် ထိုပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံကို အထပ်ထပ်
အမှတ်ရနေသော သမ္မာသတိမဂ္ဂင်နှင့် တည်ကြည်နေသော သမ္မာ
သမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမမဂ္ဂင်ဖြင့်အစဉ်တစိုက်
ကြိုးစားလေရာ တခဏခြင်းပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုလည်း
မျက်မှောက်ပြုနိုင်လေတော့သည်၊ ထို ့ကြောင့် ယခုအခါ ဤရဟန်း
တော်၏ထုံးကို နှလုံးသွင်းကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း မဂ္ဂင်လမ်းဖြင့်
နိဗ္ဗာန်သို့ လှမ်းနိုင်အောင် ကြိုးပမ်းကြပါကုန်။[ပရိဝါရအဋ္ဌကထာ၊
ဧကုတ္တရိကနယ၊ ပဉ္စက၀ါရ။]
။
တိုက်တွန်းချက် ။ ဘုရားကို `အာရုံပြု၍ စီးဖြန်းရသော
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် တရားမပေါက်သေးသော်လည်း မိမိ၏
စိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့်
အမြဲ ရွှင်လန်းသော ပီတိသောမနဿစိတ်, အမြဲ ကြည်လင်သော
သဒ္ဓါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏ မျက်နှာသည် အလွန်
ကြည်လင်၏၊ မျက်နှာ ကြည်လင်သကဲ့သို့ တကိုယ်လုံး ရုပ်လည်း
ကြည်လင်၏၊ ဤသို့လျှင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းသည် ကိုယ်ရော
စိတ်ပါ ချမ်းသာစေနိုင်၏၊ ထိုသို့ချမ်းသာလျှင် အလွန်ကောင်းသော
ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်ရှု၍
ဖြစ်စေ, စာအုပ်ကို မကြည့်ဘဲဖြစ်စေ မကြာခဏ အားလပ်ချိန်
ရသမျှဝယ် မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။
ဘဂဝါ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
-
၆ ၅
(၉) သောဘဂဝါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်
ဘုရားသည်၊ ဣတိပိဣမိနာစ ကာရဏေန – အဏုမြူ သဖွယ်
ပျောက်ကွယ် သိမ်မွေ့ မမြင်တွေ့အောင်, ရုပ်ဆောင် ဖန်ဆင်းနိုင်
သော “အဏိမာ” ဘုန်းတော်….
စိတ်၏အလား, ကောင်းကင်ဖျား၌ ပေါ့ပါး လျင်မြန် ဈာန်ပျံ ကြွ
သွားနိုင်သော “လသိမာ” ဘုန်းတော်……
ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနှိုင်းအားဘို့ ကြီးမားလေ
အောင်, ရုပ်ဆောင် ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်…
ဆီးတား ကွယ်ကာ မရှိပါဘဲ, လိုရာတိုင်းပေါက်, တခဏလောက်
ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်…
အဆင်း အတန်တန်, ပုံသဏ္ဌာန်ကို စီမံ ဖန်တီး, တခဏတည်းဖြင့်,
ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်..
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ, စ၍မကြွင်း, လူ နတ်မင်းကို
ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော “ဤသိတာ”ဘုန်းတော်……
သမာပတ် ဈာန်,အဘိညာဏ်ကို ဝင်စံလိုက, တခဏခြင်းပိုင်,
ဝင်စားနိုင်သော “ဝသိတာ” ဘုန်းတော်……
ကိစ္စတခု ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင် မသွေ့ ပြီးဆုံး
စေနိုင်သော “ယတ္ထကာမာ၀သာယိတာ” ဘုန်းတော်…
၉ (အဋ္ဌမအကြိမ်)

## PAGE 43

၆ ၆
ရတနာ့ဂုဏ်ရည်
ရှစ်ဘော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ “ဣဿရိယ”
ဘုန်းတော်…
ကိလေသာရန်, ပယ်ဖျက်လှန်ဘို့ နိဗ္ဗာန် ဖိုလ်မဂ်, ကိုးချက် အပြား
လောကုတ္တရာတရားဟူသော “ဓမ္မ”ဘုန်းတော်……
ဟုတ်တိုင်း မှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း သောင်း
လောကဓာတ်, ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း, ကျော်စောခြင်း
ဟူသော “ယသ” ဘုန်းတော်…
"
ရွှေမျက်နှာတော်, လက် ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့်,
ပန်းမင်း အနေ... ကြက်သရေမင်္ဂလာ, စုဝေးကာဖြင့် လွန်စွာ
တင့်တယ်, သပ္ပါယ်တော်မူသော “သိရီ” ဘုန်းတော်…
အလိုတော်အတိုင်း,တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့်
“ကာမ” ဘုန်းတော်…
66
တလောကလုံး, ညွှတ်ရုံးကိုးစား, အားထားဘို့ရာ လွန်စွာကြိုးကုတ်,
အားထုတ်တော်မူသော “ပယတ္တ”ဘုန်းတော်…
ဤ ခြောက်ဖေါ်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤ
အကြောင်းကြောင့်လည်း၊
ဘဂ၀ါ - ဘဂဝါဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍ မကုန်,
ဗြဟ္မာ့ဘုံ တိုင်အောင်, ပျံ့လှိုင် ကျော်ကြား, ထင်ရှားတော်မူ
ပေသည် တကား။
ဘဂဝါ ဂုဏ်တော်ဖွင့်
ကြည့်ရှုရန် အဓိပ္ပါယ်
။
၆ ၇
ဘဂ၀ါ ဂုဏ်တော်သည် “ ဘုန်းကံ ကြီးတော်မူ၏ ” ဟူသော အနက်ကို
ပြသည်။ [ဘဂ+ဝါ၊ ဘဂ=ဘုန်းကံ+ဝါ=ရှိသည်, ကြီးသည်။]
အဏိမာဘုန်းတော်။ ။ ဘုရားရှင်သည် ဖန်ဆင်းတော်မူလို
ပါလျှင်
ကိုယ်တော်ကို အဏုမြူမှုန်မျှ အလွန်ငယ်အောင် ဖန်ဆင်း
တော်မူပြီးလျှင် ပရိက္ခရာရှစ်ပါးကိုလှယ်တော်မူ၍ မုံညင်းစေ့အတွင်း
စင်္ကြံ ကြွတော်မူ၏၊ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌
တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏၊ အနီး
အပါး၌ ရှိနေသူတို့မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ဖျောက်
တော်မူနိုင်၏။
ဝ လက်ထက်
ကွယ်ဖျောက်တော်မူသော ဝတ္ထု ။
။
တော်က “ဗက”မည်သော ဗြဟ္မာမင်းကြီးသည် သူ့ ကိုယ်သူ “အမြဲ
တည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီး
နှင့်တကွ သတ္မာအပေါင်းကိုပင် သူ ဖန်ဆင်းထားသည်” ဟု အယူ
ရှိနေ၏၊ လက်အောက် ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့
အပေါ်မှာ
ထင်နေကြသည်၊ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား
သိတော်မူ၍ ဗြဟ္မာ့ပြည်သို့ ကြွတော်မူပြီးလျှင်, ဗြဟ္မာ့ ပရိသတ်
အလယ်တွင် ဗကဗြဟ္မာကြီးအား “အသင်သည် ရွှေ နောက် အလုံး
စုံကို အကုန်မသိနိုင်” စသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသော
အခါ ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်း
ကြီးအား ကျွန်ုပ်တန်ခိုးသိရအောင် ကိုယ်ဖျောက်ပြမည်” ဟု ပြော
ဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း မပျောက်နိုင်ရကား ဗိမာန်

## PAGE 44

cos
ရတနာ့ဂုဏ်ရည်
အတွင်း ဝင်လိုဝင်, ပဒေသာပင်အောက် ပုန်းလိုပုန်း, တကိုယ်လုံး
ပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့်ထိုင်သော်လည်း ဘယ်နည်းနှင့်မျှ
ပျောက်ကွယ် မသွားသဖြင့် အရှက်ကွဲရလေသည်။
ထို့နောက် ဘုရားရှင်က တဖန် “ကိုယ်တော်ကို ဖျောက်ပြမည်”
ဟု မိန့်တော်မူပြီးလျှင်
ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တခါထည်း
ပျောက်သွားလေသည်၊ “ တခြားများ ကြွသွားရော့သလား” ဟု
ထင်မှတ်မည် စိုးသောကြောင့်...
“ဘဝေ ဝါဟံ ဘယံ ဒိသွာ, ဘဝဉ္စ ဝိဘဝေသိနံ၊
ဘဝံ နာဘိဝဒိ ကိဉ္စိ နန္ဒီစ န ဥပါဒိယိဇ”
ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏အဆုံး၌ ဗြဟ္မာ
တသောင်းမျှ မဂ်ဖိုလ် ရကြလေ၏၊ ဤသို့ အနည်းငယ်မျှ သေးငယ်
အောင်၎င်း, လုံးလုံး ပျောက်ကွယ်သွားအောင်၎င်း, ဖန်ဆင်းနိုင်
သော ဘုန်းတော်ကို “အဏိမာ”ဘုန်းတော်ဟု ခေါ်သည်။
"
ဂါထာအနက်။ ။အဟံ – သင်လိုထပ်တူ, နတ် လူဗြဟ္မာ,
သတ္မွာတို့၏ ဆရာစင်စစ် ဖြစ်တော်မူသော ငါဘုရားသည်၊ ဘဝေ-
ဖြစ်လျှင် ပျက်မြဲ မလွဲတံထွာ သံသရာနှောင်တွင်း ထောင်အကျဉ်း
-
ဘယံ - အို နာ သေရေး, ဒုက္ခဘေးမှ စ၍ ရန်စွယ်, အန္တရာယ်
ဟု ဘေးအစုကို၊ ဒိသွာဝေ-ကောင်းစွာပိုင်နင်း, သိမြင်တော်မူခြင်း
ကြောင့်သာလျှင်၊ ဘဝဉ္စ – ကာမရူပ အရူပဟု, လောက သုံးဘုံ
အလုံးစုံကို၎င်း၊ ဝိဘဝေသိနံ-ဘဝကင်းရာ ရှာကြံပါလည်းသုံးဖြာ
ဘဝ ကျင်လည်ရသည့်, များလှသောင်းသောင်း သတ္မာအပေါင်း
ကို၎င်း၊ ဒိသာ-ဆုံးစကုန်စင်, သိမြင်တော်မူသည်ဖြစ်၍၊ ကိဉ္စိဘဝံ-
ဘဂဝါ ဂုဏ်တော်ဖွင့်
၆ ၉
(လ
လူ့ဘုံ နတ်ဘုံ, ဗြဟ္မာဘုံ, သုံးဘုံဌာန, တစုံတခုသော ဘဝကို၊
နာဘိ ဝဒိ – စုံစုံမက်မက် နှစ်သက်ခင်မင် လိုချင်တောင့်တတော်မမူ၊
နန္ဒီစ- လူ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဝယ်, စုံစုံမက်မက် နှစ်သက် တွယ်
တာ, ဘဝတဏှာကိုလည်း၊.န ဥပါဒိယိ - စွဲလမ်း လွတ်ကင်း အမြစ်
ရင်းက အလျင်းပြတ်စေ, ဖြတ်တောက်တော်မူခဲ့ပေသတည်း။မူလ
ပဏ္ဏာသ၊ စူဠယမကဝဂ်၊ ဗြဟ္မနိမန္တနိကသုတ်။]
လသိမာဘုန်းတော်။။စိတ်၏လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်
တော်ကို ပေါ့ပါး လျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်
ဖြစ်သည်။ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။]
မဟိမာ ဘုန်းတော် ။ ။ ကိုယ်တော်ကို ပကတိ အနေထက်
ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။
ကြီးမားအောင် ဖန်ဆင်းတော်မူပုံ။ ။“ ရာဟု” ခေါ်သော
အသုရိန်နတ်ကြီးသည် အလွန်ကြီးမား၏၊ အမြင့်အားဖြင့် ယူဇနာ
၄ သောင်းရှစ်ထောင်ရှိသတဲ့၊ထိုမျှကြီးမားသော အသုရိန်ကြီးသည်
ဘုရားရှင်၏ ဂုဏ်သတင်းတော်ကို ကြားရသဖြင့် သွား၍ ဖူးမျှော်လို
သော်လည်း“လူသားဖြစ်သော ဘုရားကို ငါသွား၍ ဖူးမျှော်ရလျှင်
ငုံ၍ပင် ကြည့်ရှုရ လိမ့်မည်” ဟု အထင်ရ၍ မဖူးမြင်ဘဲ နေခဲ့ရာ
ဂုဏ်တော်ကြီးမားလှသဖြင့် သင့်သလိုပင် ဖူးမျှော်အံ့ ဟု ကြံပြီးလျှင်
ဘုရားရှင်၏ အထံတော်သို့ ရောက်လာလေသည်၊ မြတ်စွာဘုရားက
“မဟိမာ” ဘုန်းတော်ဖြင့် သူ့ ထက် ကြီးမားအောင် ဖန်ဆင်းတော်
မူလျက် လျောင်း၍ အဖူးမျှော် ခံတော်မူလေလျှင် လွန်စွာ မြင့်သော
အသုရိန်ကြီးသည် တအားကုန် မော်၍ ဖူးမျှော်သော်လည်း ဘုရား
I o

## PAGE 45

၇ဝ
ရတနာ့ဂုဏ်ရည်
,,
ရှင်၏ အထက်ပိုင်းအဆုံးကို မမြင်နိုင်ရှာချေ။ ဤသို့ ပင်ကိုယ်အနေ
ထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ကို“ မဟိမာ
ဘုန်းတော်ဟု ခေါ်သည်။
,,
[ ဤ ရာဟုအသူရိန်ကို ပြရာ၌ “ မဟိမာ” ဘုန်းတော် မဟုတ်၊ ပါရမီတော်
အစွမ်းသာ - ဟု ဋီကာမှာပင် အဆိုကွဲ၏
၁-
ာ သာသပ ဂဗ္ဘ စင်္ကမတိ ဣတောစိတော၊
-
ဣစ္ဆန္တော လောကဓာတုမှ, အတ္တဘာဝေန ဆာဒယေ။
ဘဂဝါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣစ္ဆ
န္တော- သေးငယ်လေဟန်, ပုံသဏ္ဌာန်သွင်း, ဖန်ဆင်းတော်မူလိုသည်
ရှိသော်၊ သာသပ ဂဗ္ဘသေးငယ်သိမ်မွေ့ မုံညင်းစေ့အတွင်း၌၊
ဣတော စိတော – တုံ့ပြန် ထိုဤ လှည့်လည်တော်မူ လျက်လည်း၊
စင်္ကမတိ - ပရိက္ခရာ ရှစ်တန်, ကိုယ်လုံး ရံ၍, စင်္ကြံ တွားတွား
ကြွသွားတော်မူနိုင်၏၊ ဣစ္ဆန္တော – ကြီးမားလေဟန်, ပုံသဏ္ဌာန်
သွင်း,.ဖန်ဆင်းတော်မူ လိုသည်ရှိသော်၊ လောကဓာတုမှိ – စကြာ
ဝဠာ ကမ္ဘာ စဆုံး, တခုလုံး၌၊ အတ္တဘာဝေန- ကြီးမားမြင့်မော်
ရွှေကိုယ်တော်ဖြင့်၊ဆာဒယေ-အကုန်သိမ်းကျုံး,လွှမ်းဖုံးတော်မူနိုင်
သတည်း။
_
-- -
ပကတိ ကိုတ်တော်မှာ အဋ္ဌာရသ ဟတ္ထဗ္ဗေဓ - တဆဲ့ရှစ်မိုက် အမြင့်တော်
ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့် ရှိ၏။ “ တဆဲ့ရှစ်တောင်
မြင့်တော်မူသည်”ဟု ဆိုသော စကားကို လူသားပကတိဖြစ်၍ အခြား
လူများထက် ကြောက်မက်ဘွယ် ကောင်းလောက်အောင် မက္ခာခြား
သင့်သောကြောင့် စဉ်းစားရာ၏ ” ဟု… ……
ဘဂ၀ါ ဂုဏ်တော်ဖွင့်
၇၁
ပဌမရိုက်နှိပ်အပ်သော
စာအုပ်၌ ကျမ်းဂန်ကို ဖေါ်ထုတ်၍ အကျယ်
မရေးသားလို သောကြောင့် အထက်ပါအတိုင်း အကျဉ်းမျှသာ
ရေးသားလိုက်သည့်အတွက်“အချို့ မြို့ရွာတို့၌ ၁ဂတောင်ယူသူတို့က
တဖက် ၁ ဂမိုက်ယူသူတို့က တဖက်ဖြင့် ငြင်းခုံချက် ရန်ပွား၍ စကား
များကြသည်”ဟု ကြားရသောကြောင့်“အကျိုးလိုလို ့ ညောင်ရေ
လောင်း ပတ်ထမ်းတွေ ” ဆိုသော
စကားကဲ့သို့ “အများ အကျိုး
ရှိအောင် ရေးသားရာတွင် ထိုသူများအတွက် အကျိုးမဲ့ဖြစ်ရလေ
ခြင်း” ဟုသံဝေဂဖြစ်မိပါသည်၊ယခုအခါ မိမိအယူကို အကျယ်ရေး
မှပင် သင့်မည် ထင်သောကြောင့် ပါဠိ- အဋ္ဌကထာ ဆိုစဉ်နှင့်တကွ
ဉာဏ်မြင်သမျှ ထုတ်ဖေါ် ရေးပြပါအံ့။
<
အရပ်တော် အဆုံးအဖြတ်
<
ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌“သောဠသ
ဟတ္ထုဗ္ဗေဓ= ၁၆ တောင်”ဟု ဆို၏၊ များစွာသော အဋ္ဌကထာတို့၌
အဋ္ဌာရသ ဟတ္ထုဗ္ဗေဓ= ၁ဂ တောင်” ဟု ဆို၏၊ သုတ်မဟာဝါ
ဋီကာ၌ “ ဒွါဒသ ဟတ္တော= ၁၂ တောင် မြင့်၏” ဟု အပရေ ဝါဒ
ရှိ၏။ ၁ဂ တောင် ယူသူတို့က ဘယ်ဝါဒကို အတည်ပြုကြမည်နည်း၊
၁ဂ တောင် ဟူသည် တော်တော်မြင့်သော အိမ်၏ခေါင်မိုးလောက်
ရှိ၏၊ ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ
လှေခါးထောင်လျက် အတော်မြင့်အောင်တက်၍ လောင်းကြရပေ
လိမ့်မည်၊ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။
သီဟိုဠ်ကျွန်းရှိ အချို့ မထေရ်တို့သည် “ ဟတ္ထသဒ္ဒါ ” အတွက်
“မိုက်”ဟူသော အနက်ကိုယူ၍–၁ဂ မိုက် (ခြောက်တောင်) ရှိ၏
