## PAGE 46

၇၂
ရတနာ့ဂုဏ်ရည်
ဟု ယူကြ၏။ ပဌမရိုက်စာအုပ်၌ ထို သီဟိုဠ်ဝါဒအတိုင်း ရေးခြင်း
ဖြစ်၏၊ ဤကျမ်းက ဟတ္ထသဒ္ဒါအတွက် “မိုက်” ဟူသော အနက်ကို
ဝန်မခံ။ ]
<
“ အော်လကောက် ” အမည်ရှိသော အမေရိကန်သား ဗုဒ္ဓ
ဘာသာဝင်တယောက် ရေးသားသော စာအုပ်၌ကား “ ဂေါတမ
မြတ်စွာဘုရားသည် ပကတိ လူများထက် ထူးခြားစွာ မမြင့် ” ဟု
ယုတ္တိပြလျက် ရေးသားလေ၏။
ယိုးများပြည် သာသနာပိုင် ဆရာတော်လည်း “ မြတ်စွာဘုရား
အရပ်တော်သည် ပကတိလူများထက်ထူးခြားစွာမမြင့်”ဟအကျယ်
တဝင့် ဆုံးဖြတ်ထား၏။
,,
ဤ “ ရတနာ့ဂုဏ်ရည် ” ကျမ်းကလည်း သူများ ယောင်လို့
ယောင်သည်မဟုတ်, ညွှန်ပြအပ်လတံ့သော ကျမ်းဂန်ယုတ္တိများအရ
“မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာ
မြင့်တော်မမူ” ဟုပင် ယူလိုပါသည်။ ကျေးဇူးရှင် ဆရာတော်များ
လည်း ဤအတိုင်း ယူကြပါသည်။]
ထောက်ထားချက်များ
(၁) ဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၄၆၇နှစ်
ကျော်ခဲ့ပြီဖြစ်၍ ထိုခေတ်က လူများသည် ယခုခေတ် လူများထက်
အနည်းငယ် ကြီးမားချင် ကြီးမားပေလိမ့်မည်၊ သို့သော် ယခုကာလ
ထောင်ထောင်မောင်းမောင်း လူများထက် ၂ တောင် ၃-တောင်
ပိုလွန်အောင်ကား မကွာခြားနိုင်ပါ။
ဘဂဝါဂုဏ်တော်ဖွင့်
၇၃
ကျောက်စာဘက်ဌာနနှင့် စပ်၍ ရှေးဟောင်း အသုံးအဆောင်
အရိုးများကိုတွေ့ရသူတို့ကား ဘုရားရှင်သီတင်းသုံးတော်မူဘူးသော
ကျောင်းတော် တံခါးပေါက်များ၏ ယခု တံခါးပေါက်ထက် ပို၍
မကျယ်ဝန်းခြင်း, ဘုရား လက်ထက်တော်က သပိတ်များကိုလည်း
ငယ်ငယ်ပင် တွေ့ရခြင်း, ထို ရှေးကလူရိုးများ၏ ယခုလူရိုးများထက်
မကြီးမားခြင်း, ပဌမသံဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်
၏ ( အထက် အောက် အားလုံး ) ၆ ပေလောက်သာ ရှိခြင်းတို့ကို
ထောက်၍ “ ဘုရား လက်ထက်က လူများသည် ယခု လူတို့ထက်
မမြင့်” ဟု အယူရှိကြသည်။
ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ်
ပုဂ္ဂိုလ်တပါးပင်တည်း၊ အကယ်၍ မြတ်စွာဘုရားသည် ထိုခေတ်က
လူများထက် ထူးခြားစွာ မြင့်တော်မူအံ့၊ “မည်း ဖြူ ဆူ ကြုံ နိမ့် မြင့်
တုံ့ မှတ်ကုန် ပြစ် ၆ ပါး ” ဟူသော အပြစ်တို့တွင် မြင့်လွန်းသော
အပြစ်ရှိရာ၏၊ စင်စစ်ကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့် မမြင့်
အဆင့်သင့်ရုံသာ။
(၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍
တရားဟောမည် ဆိုလျှင် ဖြစ်နိုင်ဘွယ် ရှိပါ၏။ သို့သော် အများက
တအံ့တသြ လိုက်နာကြမည် မဟုတ်ပါ၊ “နတ်ဘဲ ဟောနိုင်မှာပေါ့
ဗြဟ္မာဘဲ တန်ခိုးကြီးမှာပေါ့” ဟု ဆိုကြပေလိမ့်မည်၊ လူစင်စစ်မှန်း
သိဘို့ရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်များနှင့်တကွ
သားတော်တပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဘို့ရာ
တောထွက်တော်မူပါသည်၊ အကယ်၍ ၁ဂ တောင်မျှ အရပ်တော်
၁၀ (အဋ္ဌမအကြိမ်)

## PAGE 47

၇၄
ရတနာ့ဂုဏ်ရည်
"
မြင့်နေလျှင် “ တန်ခိုး ကြီးမှာပေါ့ကွာ, အရပ်တော်ကြီးကိုယ်က
နဲတာမှမဟုတ်ဘဲ,လူသားစင်စစ် ဟုတ်ချင်မှလဲ ဟုတ်မှာ ” ဟု
ပြောစရာဖြစ်ပေလိမ့်မည်။... မဟာပဒါနသုတ် ဋီကာ။]
( ၃ ) ဘုရားရှင်သည် မင်းသား ဖြစ်စဉ်က ကြင်ယာတော်
မိဖုရားလောင်း ရွေးချယ်ဘို့ရာ အခွင့်ကြုံလာ၏၊ ထိုအခါ ခမ်းနား
ကြီးကျယ်သောမဏ္ဍပ်ကိုဆောက်လုပ်စေပြီးလျှင် သာကီဝင်မင်းသ္မီး
များအား မင်းသားကိုယ်တိုင် ဆုလာဘ် ပေးဘို့ရန် ခမည်းတော်
သုဒ္ဓေါဒနမင်းကြီးက စီမံလေသည်၊ ထိုမဏ္ဍပ်အတွင်း၌ မင်းသားမှ
တပါး အခြားယောက်ျားတယောက်မျှ မရှိစေရ၊ သို့သော် မင်းချင်း
ယောက်ျားတို့အား ပြောသမျှစကားတို့ကို ချောင်း၍ နားထောင်
ကြဘို့ရာ စေခိုင်းထားလေသည်။
ထိုအခါ သာကီဝင် မင်းသ္မီးအများပင် တချိန်ထည်း ဆုလာဘ်
တော်များကို လာယူကြသော်လည်း “ယသော်ဓရာ” မင်းသ္မီးကား
သူများနှင့် အတူမလာဘဲ တယောက်ထည်း နောက်ချန်၍ အများ
ပြန်မှ မိမိအခြွေအရံနှင့် ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီး
ဖြစ်နေသောကြောင့် မင်းသ္မီးက ပြုံးကြည်သော မျက်နှာထားဖြင့်
“ဘယ့်နှယ်လဲ……… မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ်
သနားဘို့ စာရင်း၌ မသွင်းဘဲ ထားတော်မူပါသလား”။
66
။
အလောင်းဘုရား။ ။ “ မုန်းလို့ မဟုတ်ပါ နောက်ကျနေသော
ကြောင့်မရခြင်းဖြစ်ပါတယ်”ဟုပြောပြီးလျှင် သိန်းပေါင်း
များစွာ ထိုက်တန်သော လက်စွပ်ကို ချွတ်၍ သနားတော်
မူသည်။
ယသော်မေ ။
လား”။
ဘဂဝါ ဂုဏ်တော်ဖွင့်
၇၅
။“ဒီ လက်စွပ်ကို တကယ်ဘဲ ယူသွားရမှာပါ
အလောင်းဘုရား ။ ။ “မောင်တော် တကိုယ်လုံးမှာ ဝတ်ဆင်
ထားတဲ့ တန်ဆာအားလုံးကိုပင် ယူနိုင်ပါတယ် ”။
ယသော်မေ ။ ။ – နှမတော်က မောင်တော်ကို တန်ဆာမဲ့
ဖြစ်အောင် မလုပ်ရှက်ပါ၊ တကယ်ဆိုလျှင် နှမတော်က တိုး၍
ဆင်ပေးဘို့တာဝန်ရှိပါတယ်”ဟုပြောကာပြုံးရွှင်သောမျက်နှာ
ကျေနပ်သောလက္ခဏာဖြင့်ပြန်သွားလေ၏။[“လလိတ၀ိတ္ထာရ
ခေါ် မြောက်ပိုင်း ဗုဒ္ဓဘာသာ သုတ္တန်။]
I o
အကယ်၍ အလောင်းတော်မင်းသားသည် သူများထက် ထူးခြား၍
၁ဂ တောင်တိုင်အောင် မြင့်ငြားအံ့၊ ယသော်ဓရာမင်းသ္မီးသည်
ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တန်ရာ၊ သူ့ လို… ကိုယ့်လို
သက်တူရွယ်မျှ ဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။
ထို့ပြင် အရပ်တော် ၁၈ တောင်ရှိနေလျှင် ကိုယ်လုံးတော် ပမာဏ၏
ရွှေပိုင်း ထက်ဝက်မှာပင် ၄ တောင်ခန့် ရှိရာ၏၊ ထိုမျှ ကြီးကျယ်
ခဲ့သော် ယခုကာလ မိန်းမများထက် အလွန် မကြီးမားသော
မိဖုရားများနှင့် အတူ ထီးနန်းစံတော်မူလို့ မှ သင့်လျော်ပါမည်
လော၊ (ဤအရာ၌ တန်ခိုးတော်ဟု ဆိုကြဥုးမည်လား။)
(၄) – ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့
သူ့လို ကိုယ့်လိုပါဘဲ ” ဟု ဆိုပြန်အံ့၊ ဘုရား ဖြစ်ပြီးမှလည်း
ထူးခြား၍ မမြင့်ပါ၊ဘုရားဖြစ်ပြီး၍ မကြာမီပင် ဥပကတက္ကဒွန်း
"

## PAGE 48

26
ရတနာ့ဂုဏ်ရည်
ကြီးနှင့် လမ်းခရီးမှာတွေ့ဘူး၏။ဥပက-က သပ္ပါယ်သောရဟန်း
တပါးဟုသာ မှတ်ထင်လေသည်။ [ မဇ္ဈိမပဏ္ဏာသ ပါဠိတော်,
ရာဇဝဂ်, ဗောဓိရာဇ ကုမာရသုတ်။]
(၅) ပုဏ္ဏား တယောက်သည် . ယဇ် ပူဇော်ပြီးနောက် ပုဏ္ဏားတို့
အား ကြွင်းကျန်သော ယင်စာကို ကျွေးဘို့ရန် လိုက်အရှာတွင်
ခေါင်းမြီးခြုံ၍ သစ်ပင်အောက်မှာနေသော ဘုရားရှင်ကိုပုဏ္ဏား
ထင်၍ အနီးသို့ ချဉ်းကပ်လေရာ, ခေါင်းမြီးခြုံကို ဖွင့်လိုက်မှ
ရဟန်းမှန်း သိသဖြင့် ပြန်သွားမည် ပြုလေ၏။ အကယ်၍ ၁၈
တောင်မြင့်အံ့၊ ထိုင်တော်မူနေသောဘုရားရှင်သည် မန္တလေးမြို့-
မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်ဘွယ် ရှိသောကြောင့်
“ပုဏ္ဏားလေလား”ဟုအထင်မမှားထိုက်။[သံယုတ်ပါဠိတော်။]
(၆) ဘုရားရှင်သည် ကောသမ္ဘီပြည်မှ “ပါလိလေယျက”တောသို့
အကြုံတွင် တောကျောင်း၌ သီတင်းသုံး နေထိုင်ကြသော အရှင်
နန္ဒိယ အရှင်ကိမိလ အရှင်အနုရုဒ္ဓါ မထေရ် ၃ ပါးတို့ အထံ
ဝင်တော်မူရာ, တောစောင့်ယောကျ်ားက “ရဟန်းကြီးမဝင်
ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ်နေပါသည်”
ဟု တားမြစ်လေသည်၊ အကယ်၍ ၁ဂ တောင် မြင့်ငြားအံ့၊ ထို
တောစောင့်ယောက်ျားသည် ဘုရားရှင်ကို မတားဝံ့ရာ။ [ဥပရှိ
ပဏ္ဏာသ‘ဥပက္ကိလေသသုတ် ပါဠိတော်။
၃.
(၇) ပက္ကုသာတိမည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဘူးဘဲ
သတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင် အထံ
လာခဲ့လေရာ, ညဉ့်အခါ အိုးထိန်းသည် စရပ်မှာ ဘုရားနှင့်တွေ့
ဘဂဝါ ဂုဏ်တော်ဖွင့်
22
သော်လည်း ဘုရားမှန်းမသိသေး, ရဟန်းတပါးဟုသာ အထင်
ရှိနေသေး၏၊ထို့နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း
သိလေသည်။[ဥပရိပဏ္ဏာသ, ဓာတုဝိဘင်္ဂသုတ် ပါဠိတော်။]
(ဂ) မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သ္မီးချောအတွက် သားမက်
လိုက်ရှာလေရာ ဘုရားရှင်ကို တွေ့လေသည်၊ အကယ်၍ သ္မီးနှင့်
အရွယ် အရပ်ချင်း အလွန်အမင်းကွာခြား၍ နေလျှင် သားမက်
ဖမ်းဘို့ မမှန်းတန်ရာ။ [ဓမ္မပဒအဋ္ဌကထာ,သာမာဝတီဝတ္ထု။]
(၉) ဘုရားရှင်သည် အရှင် မဟာကဿပနှင့် သင်္ကန်းချင်း လဲ၍
ဝတ်တော်မူဘူးပါသည်၊ အကယ်၍ ဘုရားရှင်သည် တဆယ့်
ရှစ်တောင် မြင့်တော်မူငြားအံ့၊ အရှင်မဟာကဿပသည် ဘုရား
ရှင်၏ သင်္ကန်းတော်ကို ဝတ်ရုံ၍မဖြစ်ရာ ဘုရားရှင်လည်း အရှင်
မဟာကဿပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ။ [ နိဒါနဝဂ္ဂ,
ကဿပသံယုတ်၊ စီဝရသုတ် ပါဠိတော်။ ]
(၁၀) ပုဏ္ဏားတယောက်သည် မိမိဝတ်နေကျဖြစ်သော အဝတ်ကို
ဘုရားရှင်အား လှူဘူး၏၊ ဘုရားဝတ်ရုံလောက်သည်သာ။[သုတ်
မဟာဝဂ္ဂမဟာပရိနိဗ္ဗာနသုတ် ပါဠိတော်။ ]
( ၁၁ ) ဘုရားရှင်၏ ညီတော် အရင်းဖြစ်သော အရှင်နန္ဒ ( နန္ဒ
မင်းသား)သည်အခါတပါး၌ ဘုရားရှင်၏သင်္ကန်းတော်နှင့်ညီမျှ
သော သင်္ကန်းကို ဝတ်ရုံလာ၏၊ ထိုအခါရဟန်းတို့က အဝေးမှ
လာသည်ကို မြင်ရလျှင် ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏၊
အနားကျမှ
အရှင်နန္ဒဖြစ်ကြောင်းကို သိကြလေ၏၊ ဤစကားကို
ထောက်လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒထက် များစွာ မမြင့်

## PAGE 49

၇၀
ရတနာ့ဂုဏ်ရည်
ဟု သိသာပြီ၊ ထို ့ကြောင့် ပါဠိတော်၌ “စတုရင်္ဂုလောမကော-
ရှင်နန္ဒက ဘုရားအောက် လက် ၄ သစ်သာ ငယ်သည် ” ဟု မိန့်
တော်မူသည်။...[ဝိနည်း-ပါစိတ်ပါဠိတော် ရတနဝဂ်။]
(၁၂) လူ့ပြည်လောကဝယ် ရှိကြသော ခြေရာတို့တွင် ဆင်သတ္တာ
၏ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏၊ အကယ်၍
၁ဂ တောင် မြင့်အံ့၊ ဘုရားရှင်၏ ခြေရာတော်သည် ၂ တောင်
ကျော်ကျော်ရှိမည်ဖြစ်၍ဆင်၏ခြေရာထက်ကြီးရာသောကြောင့်
“ငါဘုရား ခြေရာသည်သာအကြီးဆုံး”ဟု ဟောတော်မူသင့်၏။
[မူလပဏ္ဏာသ, မဟာဟတ္ထိပဒေါပမသုတ် ပါဠိတော်။]
(၁၃) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ကြွ၍ အင်ကြင်း
ဥယျာဉ်အတွင်းဝယ်မလ္လာမင်းတို့အသုံးပြုနေကျ ညောင်စောင်း
(ခတင်ငယ်) ပေါ်မှာပင် လျောင်းတော်မူလေသည်၊ အကယ်၍
၁ဂ တောင် မြင့်အံ့၊ ရိုးရိုးလူတို့ အသုံးပြုအပ်သော နေရာမှာ
မနေလောက်ရာ၊ တန်ခိုးတော်အရာလည်း မဟုတ်။ [ ပရိနိဗ္ဗာန
သုတ် ပါဠိတော်။]
(၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌နတ်ဗြဟ္မာ အများတို့ အဖူးမျှော်
လာကြရာ,ရှင်ဥပဝါဏ မထေရ်က ရွှေတည့်တည့်မှ ကွယ်နေ
သောကြောင့် ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များ
က မထေရ်ကို ကဲ့ရဲ့ကြ၏၊ ၁ဂတောင်မြင့်တော်မူလျှင် ထိုမထေရ်
က မျက်နှာတော်ကို မကွယ်နိုင်ရာ။[ပရိနိဗ္ဗာနသုတ်ပါဠိတော်။
(၁၅) ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော်
မလ္လိကာသည် သူ ဆင်မြန်းနေကျဖြစ်သော “ မဟာလတာ
,,
ဘဂဝါ ဂုဏ်တော်ဖွင့်
၇၉
တန်ဆာဖြင့် အလောင်းတော်ကို ပူဇော်လေရာ, ဥုးခေါင်းတော်မှ
ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည် ဟု မဟာပရိနိဗ္ဗာနသုတ် အဋ္ဌ
ကထာ၌ ဆိုသည်၊ ၁၈ တောင် မြင့်ရိုးမှန်လျှင် ထို တန်ဆာသည်
အလောင်းတော်၏ တကိုယ်လုံးကို မဖုံးနိုင်ရာ။
"
ဤသို့ စသည်ဖြင့် ပိဋကတော်မှ ကောက်နှုတ်ဘွယ်ရာ များစွာ
ရှိပါသေးသည်၊ ကျယ်ဝန်းမည်စိုး၍ လျစ်လျူရှုရပါတော့သည်၊ဤ
ကောက်နှုတ်ချက်များ အရ“ ဘုရားရှင်သည် ထိုခေတ်လူများထက်
တအံ့တဩ ထူးခြားစွာ မြင့်တော် မမူ ” ဟု အတိအလင်း ယူလိုပါ
သည်၊ ထိုခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင်
မောင်းမောင်း ရှိသူများထက် များစွာ မကွာခြားသင့်သောကြောင့်
“ ဘုရားရှင်၏ အရပ်တော်သည်,၁ဂ တောင်မြင့်၏ ” စသော အယူ
ဝါဒ၌ ယုတ္တိယုတ္တာကို ရှာကြပါလေ။
"
ဘုရားရှင်သည် ၀ါဝင်းသော အဆင်းတော် ရှိ၏၊ ကိုယ်တော်
မြတ်၏ ဝါဝင်းသော အရောင်တော်သည် ထက်ဝန်းကျင်နှင့်တကွ
အထက်သို့ တက်နေရာ မှောင်သောအရပ်၌ ၁ဂတောင် ၁၆ တောင်
ခန့်ရှိသည်ဟု- ထင်ရပေမည်၊ ထို ့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာ
တို့၌ အထက်သို့ အမြဲ တက်နေသော ကိုယ်ရောင်တော်နှင့် တကွ
မှန်းဆရေတွက်၍ ၁၈ တောင် ၁၆ တောင် မြင့်ကြောင်းကို မိန့်ဆို
ကြဟန်တူသည်-ဟု မိမိသဘောမှာ ထင်မိပါသတည်း။
အရပ်တော် အဆုံးအဖြတ်
ပြီး၏။

## PAGE 50

00
ရတနာ့ဂုဏ်ရည်
ပတ္တိဘုန်းတော်။ ကြွတော်မူလိုရာ အရပ်သို့ ဆီးတား
ကွယ်ကာခြင်း မရှိ တခဏခြင်း ကြွရောက်နိုင်သော ဘုန်းတော်ဖြစ်
သည်၊ဘုရားရှင်သည် ချေချွတ်ထိုက်သောသတာကို မြင်တော်မူလျှင်
နတ်ပြည်ဗြဟ္မာ့ပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏အထံသို့ တခဏခြင်း
အရောက်ကြွတော်မူနိုင်သည်။
ပါကမ္မဘုန်းတော်။ ။အဆင်းအမျိုးမျိုး ပုံသဏ္ဌာန် အမျိုး
မျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တခဏတည်းဖြင့် ပြီးစေနိုင်သော
ဘုန်းတော် ဖြစ်၏။ ဘုရားရှင်သည် တခါတရံ မြောက်ကျွန်းသို့ ကြွ
တော်မူပြီးလျှင် ထို ကျွန်းသားတို့၏ ဘုရင်သဏ္ဌာန် ဖန်ဆင်းလျက်
တရားဟောတော်မူသည်။
ဤသိတာဘုန်းတော်။ ။မိမိ၏စိတ်တော်ကို၎င်း, များစွာသော
သတာတွေကို၎င်း, အုပ်စိုးနိုင်သော ဘုန်းတော် ပေတည်း၊ ဤ
ဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကို များစွာသောသတ္မာတို့ကရိုသေ
ခံ့ညားကြရပေသည်။
}
ဝသိတာ ဘုန်းတော် ။
။ ဈာန်သမာပတ် အဘိညာဉ်ကို
ဝင်စားတော်မူလိုလျှင် အဆိုင်းအငံ့ မရှိဘဲ တခဏခြင်းပင် ဝင်စား
နိုင်သော ဘုန်းတော်ပေတည်း။
ယုတ္ထကာမာဝသာယိတာဘုန်းတော်။ ။ဈာန်ဝင်စားခြင်း
ကောင်းကင်ပျံကြွခြင်းစသော ကိစ္စတစုံတခုကို ပြုတော်မူစဉ် ပြီးဆုံး
စေတော်မူလိုသောအခါ ဆိုင်းငံ့တော်မမူရဘဲ ပြီးဆုံးစေလိုသည်နှင့်
တပြိုင်နက် ထို ကိစ္စကို ပြီးဆုံးစေ နိုင်သော ဘုန်းတော် ပေတည်း။
[ယတ္တကာမ - အလိုရှိရာခဏ၌+အဝသာယိတာ - ပြီးစေနိုင်ခြင်း။]
-
ဘဂဝါဂုဏ်တော်ဖွင့်
H
CO
(၁) ဣဿရိယဘုန်းတော်။ ဤ ပြခဲ့သော ဘုန်းတော်
ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော် ခြောက်ပါးတွင်
“ဣဿရိယ” ဘုန်းတော်ချည်းသာတည်း။
(၂) ဓမ္မဘုန်းတော်။ ။တထောင့်ငါးရာ ကိလေသာ ရန်ဆူး
ရန်ငြောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ် ၄ပါး ဖိုလ် ၄ပါး
နိဗ္ဗာန်အားဖြင့် ၉ ပါးသော လောကုတ္တရာ တရားတို့ကို – ဓမ္မ
ဘုန်းတော်ဟု ခေါ်သည်။
တော်ကို“ယသ
"
(၃) ယသဘုန်းတော်။ ။ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း
“ယသ”ဘုန်းတော်ဟု ခေါ်သည်၊ဘုရားရှင်၏ဂုဏ်သတင်း
တော်သည် သူတကာတို့ကဲ့သို့ အသိုင်းအဝိုင်းတို့ဖြင့် မဟုတ်မမှန်
လုပ်ကြံ၍ ဖြစ်ရခြင်းမျိုး မဟုတ်၊ ဟုတ်မှန်သော ဂုဏ်တော်ကြောင့်
အလိုလို ထင်ပေါ်လျက် လူ ့ပြည်လောကထက် နတ်ပြည်လောက၌
သာ၍ နွံစပ် ကျော်စောပေသည်။ [ အခြား စကြာဝဠာက နတ်
ဗြဟ္မာများလည်း ဤ စကြာဝဠာသို့ လာနိုင်သဖြင့် နတ် ဗြဟ္မာ
အချင်းချင်း ဂုဏ်သတင်းဖြန့်သောကြောင့် “စကြာဝဠာတသောင်း
တိုင်အောင် ပျံ့နှံ့၏၊ လူ့ လောက၌ကား ထိုမျှလောက် ဂုဏ်သတင်း
မပျံ့နှံ့ဟု ဆိုလိုပါသည်။]
(၄) သိရီဘုန်းတော် ။ ။ ကျမ်းအစ၌ ပြခဲ့သည့် အတိုင်း
အလွန် ကြီးမားသော ပါရမီရှင် ဖြစ်ပေရကား ဖူးမျှော်၍ မဝနိုင်
အောင် လွန်စွာသပ္ပါယ်သော ကြက်သရေကို “သိရီ”ဘုန်းတော်ဟု
ခေါ်သည်။[ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဤ “သိရီ”
ဘုန်းတော်ဖြစ်သောရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။]
၁ ခ (အဋ္ဌမအကြိမ်)
