## PAGE 51

၈၂
ရတနာ့ဂုဏ်ရည်
"
ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုန်းတော်
နှစ်သွယ်၏ အကြား၌ “ ဥဏ္ဏလုံ ” ဟု ခေါ်အပ်သော ဆွတ်ဆွတ်
ဖြူသော အမွေးတော်သည် ဆန့်ထားလျှင် လက်မောင်းတဝက်ခန့်
ရှည်၍ ပင်ကိုယ်အတိုင်း ထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့
လက်ျာရစ်ခွေလျက် ကြက်သရေ အလွန်ရှိပါပေ၏၊ ၀ါဝင်းသော
အရေပေါ်ဝယ် မျက်ခုန်း အမွေးတော်နှစ်ဘက်၏ မည်းနက်သော
အရောင်တော်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤ ဥဏ္ဏလုံမွေးရှင်တော်
သည် သာလွန် ထင်ပေါ်၍ နေလေတော့၏၊ ဥဏ္ဏလုံမွေးရှင်တော်၏
အောက်နားဝယ် ဝဲယာနှစ်ဘက်က မျက်တောင်တော်များလည်း
အထက်သို့ အဖျားကော့ကာ မွေးရှင်တော့်ကို မော်၍ ဖူးမျှော်
သလို ထင်ရပေသည်။
ပဒမြားလုံး တပ်ထားသကဲ့သို့ ခပ်မို ့မို့ ထင်လင်းသည့် မျက်လုံး
တော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူ တော်၏ အလယ်ချက်က
မျက်နက်ဝန်းတော်မှာမူ ကုမုဒြာ ကြာဖြူပန်း အတွင်းမှ ပိတုန်း
ကလေးများ ထွက်ပြူနေသလို တင့်တယ်ပါပေသည်၊မျက်လုံးတော်
နှစ်သွယ်၏ အလယ်မှ အောက်သို့သက်သော နှာတံတော်သည်ကား
မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာ ဆင်သလို
ရှိပါပေသည်၊ နှုတ်ခမ်းတော် အစုံမှာ ဟင်္သပြဒါးရည် ပက်ဖျန်း
သကဲ့သို့ နီမြန်းတော်မူပြီးလျှင် စိန်အစဉ် စီထားသလို ထင်ရသော
သွားတော်အစဉ်၏ ဆွတ်ဆွတ်ဖြူပုံကိုပင် ပြုံးတော်မူသော
အခါ
ကြက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်၊ ဤသို့ အမြွက်မျှ
ပြအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကြက်သရေတော်သည်
နတ် လူ ဗြဟ္မာတို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမျှော်၍
(အဋ္ဌမအကြိမ်)
ဘဂဝါဂုဏ်တော်ဖွင့်
၈၃
နိုင်အောင် ရှိပါပေသတည်း။..[ ဤအကြိမ်ရိုက် စာအုပ်၌ ဘုရား
ရှင်၏ ကြက်သရေတော်ကို ထင်ပေါ်အောင် ရှေးဆရာတို့ ဖွဲ့စီအပ်
သော လက္ခဏာတော်ကြီး ဘုရားရှိခိုး ထည့်ထားပါသည်။]
ဆက်ဥးအံ့— “ကြက်သရေ” ဆိုသည်မှာ အလှကို ဆိုလိုသည်
မဟုတ်၊ မလှသော်လည်း တချို့မှာ ရုပ်အနေအထား
အချိုးကျ၍
ဖြစ်စေ အနေအထိုင် အပြောအဆို အချိုးကျ၍ဖြစ်စေ“ကြက်သရေ
ရှိပါပေသည်”ဟု ချီးမွမ်းခံကြရပေသည်၊ ဘုရားရှင်ကား ပင်ကိုယ်
အဆင်းလည်း တင့်တယ်၏၊ လှမ်းကြွတော်မူပုံ, နေထိုင်တော်မူပုံ
ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရှု၍မပြီး နာ၍မငြီးအောင်
ကြက်သရေကိုဆောင်တော်မူ၏၊ ထို့ကြောင့် လူမင်း နတ်မင်း ဗြဟ္မာ
မင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရားဓမ္မ ဟောပြ
တော်မူသော ဘုရားရှင်သည် ဝင်းစက် ညက်ညောသော အသား
အရေပေါ်တွင် ကြည်လင် ပြတ်သားသော အသံတော်ကို တန်ဆာ
ဆင်သလို ဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကြက်သရေ
သာလွန်၍ ထူးချွန် တင့်တယ်တော်မူပေသည်။
သေလသုတ်မှ ကောက်နှုတ်ချက် ။
။ လုလင်ငယ် သုံးရာ
လောက်ကို စာပြနေသော ဗြာဟ္မဏဇာတ်ရှိသူ“သေလ” မည်သော
ကျောင်းအုပ်ဆရာကြီးတယောက်သည် အခါတပါးဝယ် ဘုရားရှင်
အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင် အထံသို့
ရောက်လာလေရာ,ရှင်တော်ဘုရား၏ ကြက်သရေရှိလှသော ရုပ်
အဆင်းတော်ကို မြင်ရုံမျှဖြင့် “ ဤမျှလောက် ကြက်သရေ ရှိသော
အရှင့်မှာ ရဟန်းပြုနေလို ့ ဘာအကျိုး ရှိမှာလဲ, လေးကျွန်းလုံးကို
(အဋ္ဌမအကြိမ်)

## PAGE 52

၈၄
ရတနာ့ဂုဏ်ရည်
လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဘို့ရာ ရုပ် လက္ခဏာတွေ
ပြည့်စုံနေပါတယ်၊ ထို့ကြောင့် ရဟန်းအဖြစ်၌ မနေဘဲ လူ ့ဘောင်
မှာနေ၍ မင်းတကာတို့ ရှိခိုးဥးခိုက် ပူဇော်ထိုက်သော စကြာမင်း
လုပ်တော်မူပါ”ဟု လျှောက်ထားလေသည်။ [သုတ္တနိပါတ်, မဟာ
ဝဂ္ဂ, သေလသုတ် ပါဠိတော်။]
ဤ မျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေ
တိုးပွား၍ အကျိုး မများသော်လည်း ဘုရားရှင်၏ သပ္ပါယ်သော
အာရုံကို ကြည့်ရှု ဖူးမျှော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွား
သဖြင့် အကျိုးများလှပေသည်။ ဤမျှလောက် ကြီးကျယ်သော
ကြက်သရေတော်အရှင်ကို ငါတို့ မဖူးမြင်လိုက်ရသည်မှာ များစွာ
ဝမ်းနည်းဘွယ် ကောင်းလှပေသည် တကား။
(၅) ကာမဘုန်းတော်။ ။ရှင်တော်မြတ်၏ အလိုတော် ရှိလေ
သမျှ လုံးဝဥဿုံ အကုန် ပြီးစီးနိုင်ခြင်းကို “ကာမ” ဘုန်းတော် ဟု
ခေါ်သည်၊ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္မွာတို့ကို ချေချွတ်နိုင်
ဘို့ရန် တောင့်တတော်မူခဲ့ရာ ထို တောင့်တတော်မူသည့် အတိုင်း
ပြည့်စုံပေသည်။
"
(၆) ပယတ္တ ဘုန်းတော် ။ ။ ကြီးမားလှစွာသော လုံ ့လ
ဝီရိယတော်ကို “ပယတ္တ” ဘုန်းတော်ဟု ခေါ်သည်၊ ဤ ကျမ်းအစ
စရံ ယော ယဒိဝါ တိဋ္ဌိ ” ဂါထာ၌ ပြခဲ့သည့်အတိုင်း နေ့ရော
ညဉ့်ပါ အားလပ်ခွင့်ရတော်မမူဘဲ ဝေနေယျတို့၏အကျိုးငှါ လွန်စွာ
အားထုတ်တော်မူပေသည်။
ဘုရားရှိခိုး ဂါထာဖွင့်
(ကျက်မှတ်ရန်)
-
၈၅
ဧဝံ နဝဟိ ဂုဏေဟိ လောကမှိ ကိတ္တိဗျာပိတံ၊
အတုလံ ဓမ္မရာဇာနီ, ဝန္ဒာမိ တီဟိ သာဒရံ။
ဧဝံ နဝဟိ ဂုဏေဟိ’ ဤ အရဟတာ, အစလာသည့်, ကိုးဖြာ
သော ဂုဏ်တော်တို့ဖြင့်၊ လောကမှိ – ဘဝဂ်ဆုံးအောင်, ဘုံသုံး
ဆောင်၌၊ ကိတ္တိဗျာပိတံ – သိမ့်သိမ့်တုန်ခတ်, ပဲ့တင်ထပ်မျှ နှံ့စပ်
ကျော်စောတော်မူထသော၊ အတုလံ-သီလခေါင်ထိ, သမာဓိနှင့်
ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနှိုင်းသူ, အတူလည်း ရှိတော်
မမူထသော၊ ဓမ္မရာဇာနံ – သုံးဘုံမကိုဋ်, သုံးတိုက် သရဖူ သုံးလူ
သင်းကျစ်, ဓမ္မရာဇ် ထွတ်ထား, ရှင်တော်မြတ်ဘုရားကို၊ တီဟိ
လက်အုပ်အဉ္စလီ နှုတ်သံချီလျက် ရွှင်ကြည်မနေ သုံးပါးသော
ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ် ကြည်ညို ရိုသေခြင်းရှိသည် ဖြစ်၍၊
ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်, ချီးမွမ်းထောမန
ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုး...ကန်တော့ပါ၏ ဘုရား။
*
*
×
ကြည့်ရှုရန်
အဓိပ္ပါယ်
✓
၁’အရဟံ ဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ “အရဟတာ”ဟု ဆိုသည်၊
၂– “ထောမနာ” ကား ချီးမွမ်းခြင်းကို ဟောသော ပါဠိစကား၊
၃‘ကိုင်းညွတ်ခြင်း = ရှိခိုးခြင်းကို ဟောသော “ပဏာမ” ပါဠိကိုပင်
“ပဏာ”ဟု ဆိုထားသည်။

## PAGE 53

ဂ ၆
ရတနာ့ဂုဏ်ရည်
ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌။ ။ဘုံဘဝတို့၏ အထက်ဆုံး
ဖြစ်သော “နေဝသညာ နာသညာယတန”ဘုံကို “ဘဝဂ်”
ဟု
ခေါ်သည်၊ ကာမ, ရူပ အရူပ, ဘုံသုံးဆောင်၏ အဆုံး ဘဝဂ်
တိုင်အောင် ဘုရားရှင်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်များ
သည် သူတပါးထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်၊
ထို ့ကြောင့် တိတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာနှိုင်းလာကြ
သော်လည်း သီလ သမာဓိ ပညာဂုဏ်အားဖြင့် တစုံတယောက်
မျှ တူတန်သူ မရှိခဲ့ကြပေ။
သုံးဘုံမကိုဋ်။ ။ မင်း မိဖုရားတို့၏ ဥုးခေါင်း၌ ဆောင်းအပ်သော
အရာကို “မကိုဋ်-သရဖူ”ဟု ခေါ်၏၊ နဖူး၌ ရှစ်ပတ်အပ်သော
ရွှေပြားကို “သင်းကျစ်” ဟု ခေါ်၏၊ ဘုရားရှင်သည် ဥုးထိပ်
တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ
သင်းကျစ်
နှင့်တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။
လက်အုပ်အဉ္စလီ။ ။လက်အုပ်ကို ပါဠိလို “အဉ္ဇလိ” ဟု ခေါ်၏၊
ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယဝိညတ်ကို ကာဒါရှ
ဟု ခေါ်၏၊ နှုတ်ဖြင့် ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီဝိညတ်ကို ဝစီ
ဒွါရဟု ခေါ်၏၊ ကိုယ် နှုတ် မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရား
ဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို မနောဒွါရ
ဟု ခေါ်၏၊ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်းအပ်သော သက်တော်
ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့် မှန်း၍ နှုတ်ဖြင့်
ချီးမွှမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထို ၃ ဖြာသော ဒါရ
တို့ဖြင့် ရှိခိုးပါ၏- ဟူလို။
ဘုရားရှိခိုး ဂါထာဖွင့်
ပ
ဂုဏ်တော် ၉ ပါးကို ဆက်သွယ်၍
အကျဉ်းချုပ် အာရုံပြုနည်း
၈၇
ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ
ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ ရှေးဥးပဌမ သမာဓိ မရသေးခင်
ဂုဏ်တော် တပါးတည်းကိုသာ စွဲ၍ အထပ်ထပ် အာရုံပြုနေလျှင်
ပျော်မွေ့ ဘွယ် ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်
တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထို ဂုဏ်တော်တပါးတည်း၌
စိတ်အစဉ် မပျော်မွေ့ ဘဲ ပျံ့လွင့်နေတတ်ပါသည်၊ ဂုဏ်တော်ကိုးပါး
ကို တပါးနှင့်တပါး ဆက်သွယ်လျက် လှဲ့ကာ ဖယ်ကာ အာရုံပြုနေရ
သောအခါ သာယာ ကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင်
ပျော်ပြီးရင်း ပျော်ရင်း ဖြစ်သကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူ
တို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူး ရွှင်မြူး ချမ်းမြေ့ရုံသာ မက
အတော်ကြာလျှင် ဂုဏ်တော်တပါးပါး၌ သမာဓိ စူးစိုက်လာပါ
လိမ့်မည်။
ရှေးဥးစာ
ထို ့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို
ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသ္မီး တို့သည်
မိမိ၏ သီလကို ၅ ပါးဖြစ်စေ, ဂ ပါးဖြစ်စေ, ၁၀ ပါး
ဖြစ်စေ, အထူး လုံခြုံစွာ ရှိစေရမည်၊ ထို ့နောက် ဆိတ်ငြိမ်သော
အရပ်ကို ရစေရမည်၊ မိမိအိမ်မှာဖြစ်လျှင်လည်း အားလုံး တိတ်ဆိတ်
သောအခါ ဖြစ်စေရမည်၊ ရုပ်ပွားတော် စေတီတော် အနီးအပါး
ဖြစ်လျှင်လည်း ပွဲလမ်းအခါ
မဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေ
ရမည်၊ သို့သော် အမျိုးသ္မီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်
J.

## PAGE 54

00
ရတနာ့ဂုဏ်ရည်
စိတ်ချလောက်သော အဖေါ်မပါဘဲ စေတီ ရုပ်ပွားအနီး သို့မဟုတ်
တော တောင် ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံ
မပြုသင့်ပါ၊ အရပ်ရပ် အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်
ပြီးနောက် တကယ့် ယောဂီစိတ်ကို ရောက်စေလျက် မိမိရှေ့မှောက်၌
ဘုရားရှင် ရောက်တော်မူနေ သကဲ့သို့ ထင်မြင်စေကာ အောက်ပါ
အတိုင်း အာရုံပြုပါ။
Il
၁။ ဗုဒ္ဓဂုဏ်တော် ။ ဘုရားရှင်သည် အလောင်းတော်
သုမေဓာဘဝက ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တာတို့ကို
ကယ်တင်လိုသော ဆန္ဒတော် ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ – ကိုယ်တိုင်
သိရသောအခါဝယ်၊ ဗောဓေယျံ-− သတွာတို့ကိုလည်း သိစေတော်
မူမည်” ဟု ဓိဋ္ဌာန်တော်မူခဲ့ပါသည်။
11
၂။ သုဂတဂုဏ်တော်။ ထိုသို့ ဓိဋ္ဌာန်တော်မူခဲ့သည်အား
လျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်း များစွာတို့ကို
စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင်
ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကိုဖြည့်ကာဖြည့်ကာ ကောင်းစွာ
ကြွတော်မူခဲ့ပါသည်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ။ ။ ထိုကဲ့သို့ ပါရမီဖြည့်၍
ဘုရားဖြစ်တော့မည့်ဘဝ၌ သီလစောင့်ခြင်း ဣန္ဒြေစောင့်စည်းခြင်း
စသော ကိုယ်ကျင့်တရား စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူရကား
ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဥးယာမ်ဝယ် ရှေးဖြစ်ဟောင်းကို
အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်, သန်းခေါင်
ယာမ်ဝယ် နတ်ဗြဟ္မာလောကရှိ သတ္မာများနှင့် ငရဲ ပြိတ္တာ သတ္တု
ဂုဏ်တော် ၉ ပါး ဆက်သွယ်နည်း
၈၉
ဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်, မိုးသောက်ယာမ်ဝယ်
ကိုယ်တော်၏သန္တာန်၌ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ
ခြောက်ခန်း စေနိုင်သော “ အာသဝက္ခယ ” ခေါ် အရဟတ္တမဂ်
ဉာဏ်တော်ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်
လာပါသည်။
(၄) အရဟံ ဂုဏ်တော် ။ ။ ထို ဉာဏ်တော်များကြောင့်
ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာ အနောက်အကျုမှ
ကင်းစင်သဖြင့် အမြဲ ကြည်လင်တော်မူပါသည်။
(၅) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်။ ။ ထိုကဲ့သို့ ကြည်လင်သော
စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော
ဉာဏ်တော်ကား သိဘွယ်ဟူသမျှကို တစွန်းတစမျှ` မကျန်အောင်
လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါသည်။
11
(၆) လောကဝိဒူ ဂုဏ်တော် ။ ။ ထိုကဲ့သို့ ကြီးကျယ်သော
ဉာဏ်တော်ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာ မကြာ
ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ်
အရပ်ရပ်ကို၎င်း, သတ္တာအနန္တကို၎င်း, ရုပ်နာမ်ဓမ္မ သင်္ခါရလောက
ကို၎င်း သိမြင်တော်မူပါသည်။
။ သတ္တ
(၇) အနုတ္တရော ပုရိသဒမ္မ
သာရှထိ ဂုဏ်တော် ။
လောက (သန္နာ ဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော
ဣန္ဒြေတို့၏ အနု အရင့်တို့ နှိုင်းချင့် ခွဲခြမ်း သိစွမ်းတော်မူရကား ထို
သတာအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို
ဟောပြော ပြသ ဆုံးမတော်မူနိုင်ပါသည်။

## PAGE 55

၉ ဝ
ရတနာ့ဂုဏ်ရည်
ဂ) သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်။ ။ထိုကဲ့သို့ မိမိတို့
အလို လိုက်၍ အကြိုက်ကျအောင် ဟောပြော ဆုံးမတော်မူသော
ဘုရားရှင်ကို ဆရာမတင်လျှင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့
မည်နည်း၊ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်မူပါ
ပေသည်။
(၉) ဘဂဝါဂုဏ်တော်။ ။ထိုကဲ့သို့ လူရော နတ်ပါ ဗြဟ္မာ
မလပ် အရပ်ရပ် ဆုံးမ၍ ယဉ်ကျေးကြသော သတွာတို့၏ တပါး
ထည်းသာဖြစ်သော ဆရာသခင် ဘုရားရှင်၏ဘုန်းတော် ဉာဏ်တော်
ကြက်သရေတော် တန်ခိုးတော် ကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်
ဘွယ် မရှိတော့ပြီ တကား။
အားတက်ဘွယ်။ ။ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို
ကိုးကွယ် ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံ ကောင်းလှပေပြီ၊
ထို ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုနေရ အောက်မေ့နေရ
သည်မှာ စိတ်စက် ချမ်းသာလှပေ၏၊ ဘုရားရှင်ကို ရည်မှန်းလျက်
လှူဒါန်း ပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏၊ ထို ဘုရားရှင်
ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ
အနောက်အကျုကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှ
သောကြောင့် အထပ်ထပ်အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါး
သည်ထက် နည်းပါးပေလိမ့်မည်၊ လုံးဝ လွတ်လပ်ခွင့်မရသေးသော
အိမ့်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသော
အဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရားရှေ့တော်မှာ ဖြစ်စေ, သို့မဟုတ်
ဆိတ်ငြိမ်သော အိမ်ခန်းမှာ ဖြစ်စေ, ငြိမ်သက်စ္စာ နေလျက် ဘုရား
ဂုဏ်တော်၏ အကျိုး
၉၁
ဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ၊ အာရုံ မပြုတတ်
သေးပါလျှင် အားလပ်ခွင့် ရချိန်မှာ
ဤဂုဏ်တော် ၉ ပါးလုံး ဆက်
သွယ်၍ အာရုံပြုနည်းကို
ကြည့်ရှု ရွတ်ဖတ်နေကြပါကုန်၊ လူမှုရေးရာ
ကိစ္စ များပြားလှ၍ အချိန် မရလျှင်လည်း ဂုဏ်တော် တပါးပါးကို
စိတ်ထဲမှာ စွဲ၍ အလုပ်လုပ်ရင်း အာရုံပြုနေပါလျှင် လောကသံသရာ
နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။
ဂုဏ်တော်ကိုအာရုံပြု၍ အကျိုးရသော
မိဖုရား စောလုံ ဝတ္ထု
ပုဂံပြည် “နရသီဟပတေ့”မင်း၏ “စောလုံ” မည်သော မိဖုရား
သည် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါ လက္ခဏာ အသွင်အပြင်နှင့်
ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရား
တာ္မူးပေတည်း၊ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်း
တွင် စံနန်းတော် တည်၍ မောင်းမမိဿံ အခြွေအရံများနှင့် အတူ
ရေကစားတော်မူမြဲ ဖြစ်၏၊ အခါတပါးဝယ် မိဖုရား စောလုံကို
ကျီစယ်လိုသဖြင့် မျက်နှာ ဆံပင်ပါမကျန် တကိုယ်လုံး ရွှဲရွှဲစိုအောင်
ရေဖြင့် ပက်စေတော်မူသည်။
စောလုံ မိဖုရားလည်း ကျီစယ်သည်ကို အပြစ် ဟု ထင်မှား၍
ရန်ငြိုးထားပြီးလျှင်“မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အငြိုး
ကြီးတတ်သည် အားလျော်စွာ” အနာကြီး နာသောကြောင့်
စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေ လေသည်၊ ဘုရင်မင်း
လည်း ပွဲတော် မတည်သေးဘဲ ခွေးကိုကျွေးစေရာတွင် တခဏခြင်း
