## PAGE 56

၉၂
ရတနာ့ဂုဏ်ရည်
ခွေးသေသည်ကိုမြင်၍ ပွဲတော်ဆက်သူကိုစစ်ဆေးသောအခါ မိဖုရား
စောလုံအပေါ် ကျရောက်၏၊ မိဖုရားကို စစ်ဆေးပြန်ရာ “ မိမိကို
တကိုယ်လုံးစိုအောင်ရေပက်စေလျက် အရှက်ခွဲသောကြောင့် မကျေ
နပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း ” ဟု ပြတ်တောင်း
တောင်း ခပ်မာမာနှင့် သံတော်ဥုးတင်သဖြင့် မင်းတို့မျက်စောင်း
အကြောင်းမရွေးတတ်သည့် အတိုင်း ဆိုင်းငံ့ စဉ်းစားခြင်း မရှိ
အမြတ်နိုးဆုံး မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမား
ကို ခေါ်၍ သံကျပ်စင် (ကျပ်ခိုးစင်) ကို လုပ်စေပြီးလျှင် “ မီးရဲရဲ
ငြိသော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့်ချမှတ်လေသည်။
မိဖုရားလည်း ပန်းပဲသမားကို ရွှေ ငွေ့များစွာ ပေး၍ ခုနစ်ရက်
ကြာအောင် ကျပ်စင်ကိုပြုလုပ်စေပြီးလျှင်
တရားနာ၍နေ့ရောညဉ့်ပါ
သီလကိုဆောက်တည်လျက် ၇ ရက်ပတ်လုံး ဘုရားဂုဏ်တော် တရား
ဂုဏ်တော် သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ် အာရုံပြု၍ နေလျက်
၇ ရက်စေ့သောအခါ ရဲရဲငြိသော သံကျပ်စင်ထက်သို့ မကြောက်မရွံ့
တက်လေရာ အလွန် အေးမြ မွှေးကြိုင်လှသော ဂေါသီတ စန္ဒကူးကို
ထည့်ခတ်လိုက်သလို တခါးထည်း မီးငြိမ်း၍ သွားလေသည်။
ဤနည်းအတိုင်း ရတနာသုံးပါး၏ဂုဏ်တော်များကို အာရုံပြုနေ
မှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ကာထပ်ကာ မီးငြိမ်းပြီးနောက်
“ချမ်းသာခွင့်ရမည်မဟုတ်လျှင်တခဏခြင်းလောင်ကျွမ်းစေတော့”
ဟု စိတ်ကို လျော့ချဓိဋ္ဌာန်သည့်အခါကျမှ တခဏခြင်း ကွယ်ပျောက်
ရရှာလေသည်၊ မိဖုရားမရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်
ရာ၌ ကယောင်ကတမ်းဖြစ်ပြီးလျှင် မိဖုရားကို တမ်းဓာ၍ နေရစ်ရှာ
အထူးသတိပြုရန်
၉၃
လေသတည်း... ဤဝတ္ထု၌ ရာဇဝင်ဆရာတို့ ယူပုံနှင့် အနည်းငယ်
ကွဲလွဲ၏၊ တွေ့ဘူးသောစာအတိုင်း ရေးသားလိုက်သည်။]
အထူး သတိပေးချက်။ ။ဤ ပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့်
ဘုရားရှင်နှင့် စပ်၍ တတ်သိ နားလည်ထိုက်သော အချက်များကို
အထိုက်အလျောက် နားလည်လောက်ပေပြီ၊ဗုဒ္ဓဘာသာဝင်တို့သည်
သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း ရေချမ်း ပန်း
ဆီမီး နံ့သာတိုင်စသည်တို့ကို ပူဇော်လေ့ရှိကြ၏၊ ထိုသို့ ပူဇော်ရာ၌
ဝတ်ကျေ တန်းကျေ အိမ်နီးချင်း ရိုသေရုံ သဘော မထားဘဲ ရုပ်ပုံ
တော် စေတီတော်ကို ပူဇော်သောအခါ ဘုရား ကျောင်းတော်ကို
သွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူဒါန်း ပူဇော်
ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ပူဇော်
ရာ၏၊ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေလွှဲသောအခါ ပူဇော်လျှင်
အပြစ်တင်လေ့ရှိသကဲ့သို့ ထို ့အတူ မှောင်သောအခါ မှောင်သော
နေရာ မဟုတ်ဘဲ “ နေ့လည်ကြောင်တောင်အခါ ဆီမီး ပူဇော်မှုကို
ပြုသင့်သည် ” ဟု မထင်ပေ။
ဟု
ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူ လိုဏ်- အာရုံခံရာ တန်ဆောင်း
စေတီ ယင်ပြင်တော် စသည်၌ ဖရောင်းစက်တွေ ဗလပွေ့ကျအောင်
ပူဇော်မှု, ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု ရေတွေ ပုပ်နံအောင်
ရက်ရှည်လများထားမှုကိုယခုအခါ တန်ခိုးကြီးသောဘုရားတိုင်းမှာ
လိုပင် တွေ့မြင်ရ၏၊ ထိုအမှုများကို မိမိတို့အိမ်မှာ ပြုလျှင် ကျေနပ်
နိုင်ကြမည် မဟုတ်ပါဘဲလျက် ဘယ်အတွက် ဘုရားနှင့် စပ်သော
အဆောက်အဥုးမှာ ပြုဝံ့ကြ ပြုရက်ကြပါလိမ့်မည်နည်း၊ ထို့ကြောင့်

## PAGE 57

၉ ၄
ရတနာ့ဂုဏ်ရည်
ပန်း ဆီမီး စသည်ကို ပူဇော်ရာ၌ မိမိတို့၏ ပစ္စည်းဝတ္ထု အတွက်
ဘုရားနှင့်စပ်သော
အဆောက်အဥုး၌ မညစ် မပေစေဘဲ ဖူးမြင်သူ
လူအများတို့ သဒ္ဓါတိုးပွားအောင် သားနား သပ်ရပ်စွာ
ပူဇော်ကြ
မှသာ နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင်ပါသည်။
ထို ့ပြင်’ ဘုရားနှင့် စပ်သော အဆောက်အဦးများ၌လည်း
ခမ်းနား သပ်ရပ်သော ဝတ္ထုမှတပါး တိုလီမှိုက်စ မလှပသော
ပစ္စည်းဝတ္ထုမရှိမှသာ ပို၍ ကြက်သရေရှိရာသောကြောင့် တယောက်
ထည်းမတတ်နိုင်လျှင်လူအများစုပေါင်း၍ ကြီးကျယ်ခမ်းနားသော
ဘုရား ကျောင်း စေတီတော်စသည်များကိုသာတည်ထား ကိုးကွယ်
ခြင်း ကြည်ညိုဘွယ်မဖြစ်လောက်အောင် ပျက်စီး ယိုးယွင်းနေသော
ဘုရား ကျောင်း စသည်များကို စုပေါင်း ပြုပြင်ခြင်း, ရှိပြီးနေရာ
များ၌ နောက်ထပ် တည်ထားမည့်အစား မရှိသေးသော နေရာ
ဝယ် တည်ထား ကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြှော်၍
ပူဇော် ကိုးကွယ်သင့်ကြသည်။
အမှာ။ ။ယခုအခါ တချို့ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်
ရမှုတခုကိုသာ ရည်ရွယ်ဟန်တူ၏၊ ဘာသာ သာသနာအသရေရှိမှုကို
ရည်ရွယ်ဟန်မတူ၊ ထို့ကြောင့် ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မှု
အတွက် အမျိုးဘာသာ သာသနာမှာ ဂုဏ်မတက်ဘဲ ဂုဏ်ပျက်ရ
လေသည်၊ ယခုခေတ်သည် သူတပါးအလုပ်ကို ဝေဘန်ကြသော
ခေတ် ဖြစ်၏၊ ထို ့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု
ရဟန်းခံ ဘုန်းကြီးပျံ စသော အလုပ်တို့၌ သူတပါး၏ ဝေဘန်ခံနိုင်
အောင် ပြုပြင်ကြဘို့ရန် တိုက်တွန်းပါသည်။
(အဋ္ဌမုအကြိမ်)
"
တရား ဂုဏ်တော်ဖွင့်
,
( ကျက်မှတ်ရန် ပါဠိတော် )
“သွာက္ခာတော ဘဂ၀တာ ဓမ္မော,
သန္ဒိဋ္ဌိကော, အကာလိကော
ဧဟိပဿိကော, ဩပနေယျကော,
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”။
ကြည့်ရှုရန် အဓိပ္ပါယ်
၉၅
ဘဂဝတာ ဓမ္မော-ကား ဂုဏ်တော်ကိုပြသော ပါဠိ မဟုတ်၊
“ဘုရားဟောအပ်သော တရား”ဟု တရားနာမည်တော်ကို ပြသော
စကားတည်း၊ ထို ့ပြင်– “ တရား” ဟူသော အသုံးအနှုန်းလည်း
“
ပို့ဆောင်ခြင်းအနက်ကို ဟောသော “ ရ” ဟူသော ပါဠိမှ ကူး
ပြောင်းခဲ့ဟန် တူသောကြောင့် “တရား”ဟု မရေးဘဲ “ရား” ဟု
ရေးလျှင် သာ၍ ကောင်းမြတ်ဘွယ်ရှိ၏- ဟု ယူဆကြသည်။
တရားဂုဏ်တော် ၆ ပါး
၃။ သွာက္ခာတ
၂။ သန္ဒိဋ္ဌိက
၃။ အကာလိက
၄။ ဧဟိပဿိက
၅။ ဩပနေယိုက
၉။ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ
(အဋ္ဌမအကြိမ်)
ယ
ဂုဏ်တော်
{
11
။
။
။

## PAGE 58

တ
၉ ၆
-
ရတနာ့ဂုဏ်ရည်
သွာက္ခာတ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
ဘဂဝတာ − ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊
ဓမ္မော – မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်
မြတ်ကို၊ သွာက္ခာတော– ကြားနာရုံပင်, အပူ စင်၍, ကျင့်လျှင်
ချမ်းသာ, ကျင့်ပြီးခါလည်း လွန်စွာငြိမ်းချမ်း, နိဗ္ဗာန်နန်းနှင့် စခန်း
သင့်အောင်, မှန်းလင့်ရှည်ရော်, ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။
*
*
ကြည့်ရှုရန် အဓိပ္ပါယ်
"
X
သွာက္ခာတ ဂုဏ်တော်သည် “ကောင်းမွန်စွာ ဟောတော်မူအပ်၏” ဟူသော
အနက်ကို ပြ၏။ [သု+ အက္ခာတ၊ သု = ကောင်းစွာ + အက္ခာတ=
ဟောအပ်သည်။
မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်။ ။မဂ် ၄ ပါး, ဖိုလ် ၄ ပါး, နိဗ္ဗာန် ၁,
ဓမ္မက္ခန္ဓာဟု ခေါ်သော ပိဋကတော် ၁,ပေါင်း ၁၀ ပါးတည်း။
မဂ် ၄ ပါး
၄
သောတာပတ္တိမဂ်
သကဒါဂါမိမဂ်
အနာဂါမိမဂ်
အရဟတ္တမဂ်
ဖိုလ် ၄ ပါး
9
သောတာပတ္တိဖိုလ်
သကဒါဂါမိဖိုလ်
အနာဂါမိဖိုလ်
အရဟတ္တဖိုလ်
ဤစကားအရ ယခုပြအပ်လတံ့သော ဂုဏ်များနှင့် ပြည့်စုံသော
တရားဟူသည် ဘုရားရှင် ဟောတော်မူအပ်သော ပိဋကပါဠိတော်
အဋ္ဌကထာ အစဉ်နှင့် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများသာ
သွာက္ခာတ ဂုဏ်တော်ဖွင့်
၉၇
ဖြစ်သည်ဟု မှတ်ပါ၊ စာအုပ် ပေစာတို့သည် ထိုတရားတော်များကို
မှတ်သားထားရာ“တရားဘဏ္ဍာတိုက်”များသာတည်း၊ “ဓမ္မစေတီ
တော်” ဟုလည်း ခေါ်၏၊ ထိုတရားတော်များကို ပို့ချသောပုဂ္ဂိုလ်
များကား တရားဘဏ္ဍာတိုက်ကိုစောင့်သော ဘဏ္ဍာစိုးများ ဖြစ်၏။
ကြားနာရုံပင်, အပူစင်၍။ ။ ရှင်တော်ဘုရား၏ တရားတော်
များသည် ၁- နာကြားရခြင်းတည်းဟူသော အစ၏ ကောင်းခြင်း
၂’ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း
၃- ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ
နိဗ္ဗာန်ကို မြင်ခြင်း တည်းဟူသော အဆုံး၏ ကောင်းခြင်းများနှင့်
ပြည့်စုံရကား မကျင့်နိုင်သေးစေကာမူ ကြားနာရုံမျှဖြင့် ဟုန်းကနဲ
ထနေသော ကိလေသာ မီးပူကြီးများကို ငြိမ်းစေနိုင်ပါသည်။
၃။ မောဟ
ကိလေသာမီး ၁ဝ ပါး
၁။ လောဘ
=လိုချင်မှုမီး။
၂။ ဒေါသ
=စိတ်ဆိုးမှုမီး။
=မသိ မလိမ္မာမှုမီး။
=မာနကြီးမှုမီး။
= အယူမှားမှုမီး။
=ဘုရား တရား သံဃာ ကံ-ကံ၏ အကျိုးများ၌
ယုံမှားမှုမီး။
၄။ မာန
၅။ ဒိဋ္ဌိ
၆။ ဝိစိကိစ္ဆာ
၇။ ထိန
ဂ။ ဥဒ္ဓစ္စ
=
=အိပ်ချင်အားကြီး ထိုင်းမှိုင်းမှုမီး။
=ပျံ့လွင့်မှု မတည်ကြည်မှုမီး။
၉။ အဟိရိက = အကုသိုလ် ဒုစရိုက်မှ မရှက်မှုမီး။
၁၀။ အနောတ္တပ္ပ = ဒုစရိုက်မှ မကြောက်လန့်မှုမီး။
၁၂ (အဋ္ဌမအကြိမ်)

## PAGE 59

၉ ဂ
ရတနာ့ဂုဏ်ရည်
ဤကိလေသာဆယ်ပါး. မီးပူကြီးများသည် ငါတို့ ပုထုဇဉ်များ၏
သန္တာန်၌ လောင်မှန်းမသိ လောင်ကျွမ်းလျက်ရှိရာ တခါတခါ
သိသိသာသာ အပြင်းအထန် လောင်ကျွမ်းကာမှ “ ဪ..
တယ်ပူတဲ့ မီးပါတကား”ဟု အထင်အရှား သိကြရလေသည်။
လောဘမီးလောင်ပုံ။ ဘိက္ခုနီမတစု သိမ်တွင်းသို့ ဥပုသ်ပြုသွား
ကြရာ ဘိက္ခုနီမ တယောက်သည် သိမ်အပေါက်၌ ထားသော
လုလင်ပျို၏ ရုပ်တုကို မြင်၍ စွဲလမ်းခင်မင် လောဘမီး ဝင်လာ
သောကြောင့် အများ ပြန်သော်လည်း မပြန်နိုင်သေးဘဲ ကြည့်
ရှုမြဲ ကြည့်ရှုနေလေသော် အဖေါ် တယောက်က လာရောက်
ခေါ်ငင်သောအခါ မတ်တတ်ရပ်လျက် အသက် မရှိတော့ဘဲ
လက်ဆွဲ၍အခေါ်တွင် ဝုန်းကနဲ လဲကျသွားလေသည်။
ဒေါသမီး လောင်ပုံ။ ။ နတ်ပြည်၌ နတ်တို့သည် မိမိတို့၏ အခြေ
အရံများနှင့် ဥယျာဉ်သို့ တပျော်တပါး သွားတတ်ကြလေရာ
အခါတပါး၌ နတ်သားတယောက်သည် အခြွေအရံ များနှင့်
ရထားစီး၍ ဥယျာဉ်သို့ သွားနေစဉ်, နောက် မလှမ်းမကမ်းမှ
လိုက်လာသောနတ်သား မြင်၍ “ရှေ့ကသွားနေသော နတ်သား
သည်မဖြစ်စလောက် သူ့စည်းစိမ်ကလေးကို ဧရာမစည်းစိမ်ကြီး
ထင်ကာ လွန်စွာ ဟန်ကြီးလေသည် ” ဟု ကဲ့ရဲ့သော အသံကို
ရှေ့က နတ်သား ကြား၍ တယောက်တခွန်း စကားများပြီးလျှင်
နတ်သ္မီးတို့က တောင်းပန်တုန်းမှာပင် အလွန် နုနယ်သော နတ်
၂ ယောက်၏ ခန္ဓာကိုယ်သည် ဒေါသမီး အရှိန်ကြောင့် ဇီဝိန်
ချုပ်ပျောက် ဆုံးခန်းရောက်ကြရရှာလေသည်။
(အဋ္ဌမအကြိမ်)
,,
အမှာ၊
သွာက္ခာတဂုဏ်တော်ဖွင့်
၉ ၉
ဝမ်းနည်းမှု = သောကမီး၊ ငိုကြွေးမှု = ပရိဒေဝမီး၊
ကိုယ်ဆင်းရဲမှု=ဒုက္ခမီး၊ စိတ်ဆင်းရဲမှု= ဒေါမနဿမီး၊ ရှိုက်ကာ
ငင်ကာ ပြင်းစွာ ပူပန်ရမှု=ဥပါယာသမီးလည်း ဤ ဒေါသမီး၌
ပါဝင်လေပြီ။
ယခု လူ့ ပြည်၌လည်း တစုံတခုပျက်စီးခြင်းကြောင့် သောကပရိဒေဝ
ဟူသော ဒေါသမီးများ လောင်လျက် စိတ် ကတောက်ကတက်
ဖြစ်ကာ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်နေပြီးလျှင် အစဆုံး၍
ဘဝတုံးသူတွေ အများပင်ရှိလေသည်။ ဤ ကိလေသာ မီးပူကို
တရားတော်က ကြားနာရုံမျှဖြင့် အေးငြိမ်းအောင် ငြိမ်းနိုင်ပါ
သည်၊ ဤကား တရားတော်၏ “ကြားနာမှု” ဟူသော အစ၏
ကောင်းခြင်းတည်း။
ကျင့်လျှင် ချမ်းသာ။ ။များစွာသော လူအပေါင်းက “ဘုရား၏
တရားတော် လာသည့်အတိုင်း စောင့်စည်း ကျင့်ကြံ နေရလျှင်
စိတ်ကျဉ်းကျပ်၍ ဆင်းရဲလိမ့်မည်၊ ဘုရားရှင်၏ အလိုတော်နှင့်
ဆန့်ကျင်သော လောကီ အာရုံများကို လိုက်စား နေရမှသာ
ပျော်ရွှင်ဘွယ်ရှိသည်” ဟု ထင်မှားနေတတ်ကြသည်၊ ဥပမာ-
ညဉ့်အခါ၌ မီးထွန်းထားလျှင် မီးရောင်ကို ရွှေတောင် ထင်၍
ဝင်ရောက် တိုးဝှေ ့သော ပိုးပရမ်ကောင်များနှင့် တူလှချေ၏။
စင်စစ်မှာ ထို ထင်ကြသည့်အတိုင်းမဟုတ်, ဘုရားရှင်အလိုတော်နှင့်
ဆန့်ကျင်ဘက်ဖြစ်သော လောကီ အာရုံကို လိုက်စားမှုကြောင့်
ယခုဘဝမှာပင် လူချင်းမတူ သူချင်းမမျှ နလံ မထူနိုင်အောင်
အောက်ကျသွားသူတွေကိုမြင်ကြရလေပြီ၊ပါးနပ်လှ၍ ဤဘဝ၌
(အဋ္ဌမအကြိမ်)

## PAGE 60

ရတနာ့ဂုဏ်ရည်
လူတွင်ကျယ်ဖြစ်နေစေကာမူ နောင်သံသရာဝယ် လူပါးလူလယ်
လုပ်၍ ရတော့မည်မဟုတ်, မုချ ဆိုးဝါးသော ဒုက္ခကြီးနှင့် တွေ့
ကြရတော့မည်။
ဘုရားရှင်၏ အလိုတော်ကျအောင် တရားကို လိုက်နာ ကျင့်ကြံ၍
နေထိုင်ပါမူ လွန်စွာ ချမ်းသာပေမည်၊သားသ္မီးနှင့်တကွ တအိမ်
သားလုံး သူတော်ကောင်းချည်း ဖြစ်လျှင် မည်မျှ ချမ်းသာလိမ့်
မည်၊ ထို့ထက် အလွန် စိတ်တူ သဘောတူ ပါရမီဖြည့်မှုကိုသာ
လိုရင်းထားလျက် တရားဘက်လိုက်စား၍ အေးအေးဆေးဆေး
နေနိုင်ကြပါလျှင် မည်မျှချမ်းသာလိမ့်မည်ကို ဆင်ခြင်တွေးဆ၍
ကြည့်ကြပါကုန်။
ဥဒယဘဒ္ဒဇာတ်တော်။ ။ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ
နှစ်ပါးသည် ဥဒယဘဒ္ဒမင်းသား ဥဒယဘဒ္ဒါမင်းသ္မီး ဟူသော
အမည်ဖြင့် “သုရုန္ဓန” ပြည်ကြီးကို အုပ်ချုပ်လျက် မင်း မိဖုရား
ပြုလုပ်ခဲ့ဘူးကြလေသည်၊ပါရမီဖြည့်ဘက်များဖြစ်ကြသည်အား
လျော်စွာ မည်မျှကျင်နာကြမည်ကိုကား စာဖြင့် ရေးသား၍ပင်
ကုန်ဘွယ်ရာမရှိ၊ သို့သော် ဘတူ မိကွဲ မောင်နှမလည်း ဖြစ်ကြ
အသိအလိမ္မာတွင် အထွတ်အထိပ် ရောက်သော ပါရမီရှင်လည်း
ဖြစ်ကြသည့်အတိုင်း မင်းမိဖုရားအဖြစ်ဖြင့် နေကြရသော်လည်း
လောကီ လူ ကိစ္စ လူ အာရုံများ၌ စိတ်စက် မညွှတ်ကြဘဲ
နန်းဆောင်တခန်းတည်းမှာပင် ဖြူဖြူစင်စင် စံတော်မူကြသတဲ့၊
ထိုကဲ့သို့ စံနေစဉ် နောင်ရေး နောင်တာကို တွေး၍ တနေ့သ၌
“မင်းမိဖုရားနှစ်ပါးတွင် အလျင်နတ်ရွာစံသူက ရောက်ရာဘဝမှ
I a
သွာက္ခာတ ဂုဏ်တော်ဖွင့်
လာ၍ ပြောကြစတမ်း”ဟု (အချင်းချင်း မခွဲလိုသောကြောင့်)
ကတိစကား သစ္စာထားကြလေသည်၊ထိုသို့ကတိထားပြီးနောက်
ဘုရင်မင်းမြတ်က ရှေးဥးစွာ နတ်ရွာစံနှင့်၍ တာဝတိံသာနတ်
ပြည်ဝယ် သကြားမင်း ဖြစ်လေသည်။
ထို ့နောက် အတော်ကြာမှ သတိရသဖြင့် မိဖုရားအထံသို့ လာ၍
နတ်ပြည်၌ သကြားမင်း ဖြစ်ကြောင်း ကိုယ် နှုတ် စိတ်များကို
စောင့်စည်း၍ စွန့်ကြဲ လှူဒါန်းနေပါလျှင် အတူတကွ ဖြစ်ဘို့ရန်
ရှိကြောင်းနှင့် တကွ သံဝေဂ တရားစကား များကို ပြောဆို
ဆုံးမ၍ နတ်ပြည်သို့ ပြန်ကြွလေသော် မိဖုရားလည်း ဆုံးမသည့်
အတိုင်း လိုက်နာ၍ ကံ ကုန်သည့်အခါ သကြားမင်း၏ အထံ
တော်၌ မိဖုရားပင်ဖြစ်လေသည်၊
ဤကား“ကျင့်ကြံမှု”ဟူသော
အလယ်၏ ကောင်းခြင်းတည်း။
ကျင့်ပြီးခါလည်း... စခန်းသင့်အောင်။ ။ အစွမ်းကုန် ကျင့်ပြီး
သည့် အခါလည်း ကိလေသာမီးများ တခါတည်း ချုပ်ငြိမ်
သဖြင့် ထီးနန်း စည်းစိမ်မက သာလွန် ငြိမ်းချမ်းသော နိဗ္ဗာန်
နန်းနှင့် စခန်းသင့်အောင် ရွှေဉာဏ်တော်ဖြင့် ချိန်၍ ဟောတော်
မူထားရကား ဟောတော်မူသည့်အတိုင်း ကျင့်လျှင် နိဗ္ဗာန်ကို
ဧကန်ရနိုင်ပေသည်၊ ဤကား“ကျင့်ပြီးခြင်း”ဟူသော အဆုံး၏
ကောင်းခြင်းတည်း။
တိုက်တွန်းချက်။ ။ယခုအခါ၌ အသိအလိမ္မာ နောက်ကျ၍ ဥစ္စာ
စည်းစိမ် ဂုဏ်သိရ် ပျက်ပြီးခါမှ၎င်း, အကုသိုလ် ဒုစရိုက်တွေ
တင်းကျပ်အောင် ပြည့်နေမှ၎င်း နောင်တရ၍ အထိုက်အလိုက်
