## PAGE 61

၁၀၂
ရတနာ့ဂုဏ်ရည်
လိမ္မာသူတွေ ရှိကြပါပေ၏၊ တကယ်တမ်း ဒုက္ခနှင့် တွေ့ကြုံရ
သောအခါ ဘယ်လို ဖြေဖျောက်ရမှန်း မသိကြ၍ ကြံမိကြံရာ
စိတ်နောက်ကိုယ်ပါ ကြံလျက် အသက်ဆုံးအောင်
စီမံရှာသူတွေ
ကိုလည်း အများပင် ကြားဘူးလေပြီ၊ ထိုသို့ အကြံဆိုး ပေါ်လာ
လျှင် ဆရာကောင်းထံ ချဉ်းကပ်၍ တရားကို နာပါတော့လား
ဘုရားရှင်၏ တရားတော်သည် သေချာစွာ သဘောကျလျှင်
ယခုဘဝ တွေ့ကြုံကြရိုး ဒုက္ခမီးမျိုး ကိုလည်း ငြိမ်းစေနိုင်
သံသရာ၌တွေ့ရမည့် ဒုက္ခမီးကိုလည်း မုချ ငြိမ်းစေနိုင်ပါသည်။
ထို တရားတွေကို နားလည်ဘို့ရာလည်း ရဟန်းတော်များ စာသင်
သလို ၁၁ နှစ်- အနှစ် ၂ဝ မျှ လေ့လာနေကြရမည် မဟုတ်ပါ၊
တရားလမ်းကြောင်းသက်သက်ကို ဟောပြောပြသသောပညာရှိ
သူတော်ကောင်း, ယုံကြည် စိတ်ချရသော ဆရာသွား တတ်သိ
နားလည်သော မိခင်ဘခင် အိမ့်ရှင်အိမ်သူ၏ စကားကိုလိုက်နာ
မှ တရားလမ်းမှန်ရေးထားသော ပညာရှိတို့၏စာများကို စိတ်ပါ
လက်ပါ ကြည့်ရှုမှုဖြင့် သူတော်ကောင်း ပညာရှိကလေးများ
ဖြစ်နိုင်ပါသည်၊ ထို့ကြောင့် “မိုဃ်းကုန်မှ ထွန်ချခြင်း မျက်စိ
ကာဏ်းမှ ယက်ကန်းသင်ခြင်း နေဝင်မှ စပါးလှန်းခြင်း သူခိုး
ပြေးမှထိုးကွင်းထ၍, လူမိုက်နောက်မှ အကြံရခြင်းမျိုး” မဖြစ်
စေဘဲ ဗုဒ္ဓဘာသာတရား၌ သိထိုက်သေ
လိုရင်းအချက်များကို
လက်မလွန်ခင် စောစောက ကြိုတင်၍ သိရှိ နားလည်အောင်
ကြိုးစားကြဘို့ရန် အထူး တိုက်တွန်းပါသည်။
."
က
သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၁၀၃
ဓမ္မော– မဂ်ဖိုလ်နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊
သန္ဒိဋ္ဌိကော - မဟောပြသလောက်, ကျင့်တိုင်းပေါက်၍, မဂ်ရောက်
ဖိုလ်ထိ, ပညာရှိသည့် များ အရိယာ သူတော်စွာတို့ သူတကာ
ပြော, ယုံကြည်သောကြောင့် သဘောချင်းထပ်, မဆည်းကပ်ဘဲ
တပ်အပ်ထင်ထင်, ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။
X
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
☑
သန္ဒိဋ္ဌိက ဂုဏ်တော်သည် “ကိုယ်တိုင် သိမြင်တော်မူထိုက်၏”ဟူသော အနက်
ကို ပြ၏။ [ သံ= ကိုယ်တိုင်+ ဒိဋ္ဌ= သိမြင်ခြင်း+ ဣက=ထိုက်သည်။ ]
ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်
မူထားသည့်
အတိုင်းသာ ကျင့်ကြံ အားထုတ်ကြလျှင် မဂ်ဖိုလ် အထိ
ပေါက်ရောက်နိုင်ပေ၏၊ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်သိနိုင်၏၊
ထို့ကြောင့် များစွာသော အရိယာအပေါင်း သူတော်ကောင်းတို့
သည် သူတကာ အပြောကောင်း၍ ယုံကြည်ကျေနပ် သဘောချင်း
ထပ်မိ၍ ဆည်းကပ် ကျင့်ကြံရသည် မဟုတ်ဘဲ ု မဂ် ဖိုလ် နိဗ္ဗာန်
ဟူသော လောကုတ္တရာတရားကိုးပါးကို တပ်အပ်ထင်ထင် ကိုယ်တိုင်
သိမြင်နိုင်ကြပေသည်။
အမှာ။
။ဓမ္မက္ခန္ဓာ တရားတော်များသည် ဘုရားရှင်၏ စကားတော်
အစဉ်သာ ဖြစ်၍ ကိုယ်တိုင် သိရ မြင်ရ, ကိုယ့်သန္တာန်၌ ဖြစ်စေရမည့်
တရား မဟုတ်သောကြောင့် ဤ သန္ဒိဋ္ဌိကဂုဏ်တော်၌ မပါဝင်ချေ။

## PAGE 62

၁၀၄
ရတနာ့ဂုဏ်ရည်
တိုက်တွန်းချက်။ ။ဤ ဗုဒ္ဓဘာသာတရားတော်သည် ကိုယ်တိုင်
ဒိဋ္ဌ သိမြင်နိုင်လောက်အောင် ထင်ရှားသောဂုဏ်တော်ရှိ၏၊ အခြား
တရားများတွင် ဟိန္ဒူတရား၌သာ လောကီဈာန် အဘိညာဉ် ရစေ
နိုင်သော အစီအစဉ်ရှိ၏၊ လောကီမှ လွတ်မြောက်ကြောင်းဖြစ်သော
မဂ်တရားဖိုလ်တရားတို့ကား မရှိချေ၊အခြားသောဘာသာတို့၌ကား
ဈာန့်အဘိညာဉ်ကိုမျှ ရနိုင်သော အစီအစဉ် မရှိချေ၊ သူတို့တရား
တွေကို မည်မျှလောက် ကျင့်နေသော်လည်း ကိုယ်တိုင်ဒိဋ္ဌ သိမြင်
ရမည်မဟုတ်ချေ၊ တရားဟောဆရာတို့၏ အဟောဖြင့်သာ ကျေနပ်
နေကြရပေမည်။
တရားတော်ကို ထားလိုက်ပါဥုး၊ ထိုတရားကို ဟောပြပညတ်
ခဲ့သော ဘုရားလုပ်သူကိုပင် အချို့ ဘာသာတို့၌ အထင် အရှား
ပြနိုင်သော အစွမ်း မရှိကြ၊ ကောင်းကင်ဘုံမှာ နေသလိုလို ဟိုမှာ
လိုလို သည်မှာလိုလိုနှင့် ရီးတီးရားတားဖြင့်သာ ကျေနပ်ကြရသည်။
ထိုသူတို့ ဘုရား၌ “ ဘုရားဖြစ်ဘို့ရာ မည်သည့် ကောင်းမှု
ပါရမီကို
ဆည်းပူး ဖြည့်ကျင့်လျက် မည်သည့် အမျိုးမြတ် အဆွေမြတ်တွင်
ဖွားပြီးလျှင် မည်ကဲ့သို့ တရားအားထုတ်၍ မည်သည့်အရပ်၌ ဘုရား
ဖြစ်ပြီးနောက် မည်မျှလောက် ကြာအောင် တရားဟော၍ မည်မျှ
သတာတွေကို အကျွတ်တရား ရစေသည်” ဟု ကျကျနန ပြစရာ
မရှိပါချေ။
ဗုဒ္ဓဘာသာဝင်တို့၏ ရှင်တော်မြတ်အတွက်ကား ထိုအားလုံးကို
ဧစေ့စေ့ငင ပြသနိုင်သည်၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်လေးရာ
ခုနစ်ဆယ်ကျော် လောက်က အိန္ဒိယပြည်ဝယ် ငါတို့၏ ဘုရားရှင်
ပွင့်ထွန်းတော် မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်း သုံးတော်မူရာ
00
သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့်
၅
အရပ်နှင့် အဆောက်အဥုး အစအနများ ယခုတိုင် ထင်ရှားရှိသေး
သဖြင့် မည်သူမျှ ငြင်းဆန်ဘွယ် မရှိပြီ၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ဘုရား
သည် – လေဖမ်း ဒန်းစီး– ကောင်းကင်မှာ တိုက်ကြီးတည်သလို
ရီးတီးရားတား ဟိုလိုလို သည်လိုလိုနှင့် လှည့်ပတ်၍ ထားအပ်သော
ကလီကမာ ဘုရား မဟုတ်ပါ၊
တကယ်ပင် ထင်ရှားရှိခဲ့သော ဘုရား
ဖြစ်ပါသည်။
ထို ဘုရားရှင်၏ တရားတော်များလည်း ယခုတိုင် ထင်ရှားရှိကြ
သေး၏၊ ထို တရားတော်လာသည့်အတိုင်း ကျင့်ပါလျှင် ကိုယ်တိုင်
ဒိဋ္ဌ သိမြင်နိုင်၏၊ ကိုယ့်သန္တာန်မှာ မဂ်တရား ဖိုလ်တရား ဖြစ်ပေါ်
နေသည်ကို ကိုယ်တိုင်သိနိုင်၏၊ ထို မဂ်ဖိုလ်ကိုရသောအခါနိဗ္ဗာန်ကို
ကိုယ်တိုင် မြင်နိုင်၏၊ ဤသို့ ကိုယ်တိုင် မြင်နိုင်သောတရား ဖြစ်ရကား
အခြား ဘာသာတို့က လောကီဂုဏ်ကိုပြ၍ မည်မျှပင် သွေးဆောင်
ကြသော်လည်း ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍၎င်း, အခြားပညာရှင်
များနှင့် ဆွေးနွေးသောအားဖြင့်၎င်း ယုံကြည်မှု သဒ္ဓါအစစ်ဖြစ်ကြ
ပါစေ။
ဆက်ပါဥုးမည်– ဗုဒ္ဓဘာသာ၌ ပဋိစ္စသမုပ္ပါဒ် (ကြောင်း ကျိုး
ဆက်စပ် ) တရားတော်မြတ်သည် သတာတိုင်း၏ ဖြစ်ပျက်ပုံကို စုံစုံ
လင်လင် ပြတော်မူ၏၊ ထိုတရားတော်ကိုလည်း အဘိဓမ္မာ အခြေ
မရှိသူသည် ပိုင်ပိုင်နိုင်နိုင် နားမလည်ပါ၊ ထို တရားတော်ကို နား
မလည်သမျှ ဤဘဝ နောင်ဘဝ အရေးကိုအမှန်ကျအောင် မတွေး
နိုင်ပါ၊ ထို ့ကြောင့် အဘိဓမ္မာကို အခြေရအောင် သင်ပြီးမှ ပညာရှိ
များနှင့် ဆွေးနွေးကြလျှင် သာ၍ သဘောကျပါလိမ့်မည်။

## PAGE 63

၁ဝ၆
ရတနာ့ဂုဏ်ရည်
အကာလိက ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
ဓမ္မော− သောတာပတ္တိ စသည် ဆင့်တက် လေးချက် အပြား
မဂ်တရားသည်၊ အကာလိကော- ငါးရက် ခုနစ်ရက် စသည်တက်၍
ငံ့လျက်ရှည်ဝေး အကျိုးပေးရာ, အခါမရဲ့ အခြားမဲ့ဖိုလ် အကျိုး
ကိုလည်း ပေးတော်မူတတ်ပါပေ၏။
X
☑
ကြည့်ရှုရန် အဓိပ္ပါယ်
..
အကာလိက ဂုဏ်တော်သည် “ အကျိုးပေးဘို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ”
ဟူသော အနက်ကို ပြ၏။ [အ+ ကာလ + ဣက၊ အ = မ + ကာလ=
အချိန်+တ္တက=ရှိ။ ]
"
ဤ “အကာလိက” ဂုဏ်တော်ကား မဂ် ၄ ပါးနှင့်သာ ဆိုင်၏၊
မဂ်တရား ဟူသည် ကုသိုလ်ကံတရားတည်း၊ ဖိုလ်တရားကား ထိုမဂ်
ကုသိုလ်၏ အကျိုးတရားတည်း၊ ပုဂ္ဂိုလ်တဥုးသန္တာန်၌ မဂ်ရအောင်
ကမ္မဋ္ဌာန်းအားထုတ်၍ မဂ်ကုသိုလ်စိတ် ဖြစ်လျှင် း ဖိုလ်စိတ်
တည်းဟူသော အကျိုးလည်း တဆက်ထည်း ပေါ်လာ၏၊ “လောကီ
ကုသိုလ်ကံများကဲ့သို့ ၅ ရက် ၇ ရက် ၁ ဘဝ ၂ ဘဝ စသည်ဖြင့်
အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ၊ ချက်ခြင်း အကျိုးပေးနိုင်သော ဂုဏ်ထူး
ရှိသည်” ဟူလို၊ ဤ “ အကာလိက ” ဂုဏ်တော်ကား အဘိဓမ္မာ
သဘောတရားကို လေ့လာဘူးသူတို့သာ ကျကျနန သဘောကျနိုင်
စရာ ရှိပါသည်။
"
ဧဟိပဿိက ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၁၀၇
ဓမ္မော – မဂ်ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊
ဧဟိပဿိကော— ဝေဟာတက်ထွန်း, ယုဂန်စွန်း၌, လဝန်းအလား
ပဒမြား သဖွယ်, စင်ကြယ်ထင်ရှား ရှိသည်များကြောင့်, အားရ
ရွှင်လန်း လိုက်ခဲ့စမ်းပါ ရှုစမ်းပါဟု သံသာချိုမြ ဖိတ်ခေါ်ပြဘို့
မုချဧကန်, အမှန်သင့်လျော်, ထိုက်တန်တော်မူပါပေ၏။
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
☑
ဣ၊
ဧဟိပဿိက ဂုဏ်တော်သည် “ လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်းပါ ” ဟု
ဖိတ်ခေါ်ထိုက်၏ဟူသော အနက်ကို ပြသည်။ [ ဧဟိ + ပဿ+
ဧဟိ= လိုက်ခဲ့ပါ+ပဿ = ရှုလှည့်စမ်းပါ+ ဣက = ဤသို့ ဖိတ်ခေါ်
ထိုက်။ ]
က
လောက၌ သေတ္တာ စသည်တို့၏ အတွင်းဝယ် ဘာမျှ မရှိလျှင်
“လာစမ်းပါ ကြည့်စမ်းပါ” ဟု ခေါ်ယူ ပြသခြင်းငှါ မထိုက်၊ ရှိပင်
ရှိသော်လည်း ထိုဝတ္ထုက ကြည့်ရှုဘွယ် ကောင်းလောက်အောင်
ထို
အဖိုးထိုက် အဖိုးတန် လှပသော အရာဝတ္ထုမျိုး မဟုတ်ဘဲ သာမန်
ဝတ္ထုမျိုး ဖြစ်နေပြန်လျှင်လည်း အရေးတကြီး ခေါ်ငင် ပြသခြင်းငှါ
မထိုက်၊ ဘုရားရှင်၏ တရားတော်ကား ဝေဟာသ (ကောင်းကင်)
ဗဟိုဝယ် ယုဂန္ဓိုရ်တောင်စွန်းမှ တက်ထွန်းလာသော လပြည့်ဝန်း
ကြီးအလား ပဒမြားရတနာ သဖွယ် အလွန် စင်ကြယ် သန့်ရှင်း၍
အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “ လိုက်ခဲ့

## PAGE 64

ဥ
ရတနာ့ဂုဏ်ရည်
"
စမ်းပါ မည်မျှ အဖိုးတန်၍ အကျိုးများတဲ့တရားဟု ကိုယ်တိုင် သိရှ
အောင် ကျင့်ကြည့်စမ်းပါ ” ဟု ခေါ်ငင်၍ ပြသ တိုက်တွန်းခြင်းငှါ
ထိုက်တန်သောဂုဏ်တော် ရှိပါသည်။
တိုက်တွန်းချက် ။ ။ ဤ ဂုဏ်တော်၌ လောကုတ္တရာတရား
ကိုးပါးသာ ကျမ်းဂန်တို့၌လာ၏၊ သို့သော် ဤ ဂုဏ်တော်ကို အတု
လိုက်၍ စာပေ ပရိယတ် တရားတော်မြတ်ကို၎င်း,ကောင်းမွန်စွာ
ကျင့်ကြံနေသော သံဃာတော်များကို၎င်း, “ လိုက်ခဲ့စမ်းပါ’နာ
ကြည့်စမ်းပါ ဖူးမျှော်လှည့်စမ်းပါ ” ဟု မိတ်ကောင်း ဆွေကောင်း
များကို တိုက်တွန်းသင့်ပေသည်။
<
အလောင်းတော် ဇောတိပါလနှင့်
ဃဋိကာရ
သိဒ္ဓတ်မင်းသား ဘုရားအလောင်း တောထွက်တော်မူလာ
သောအခါ ဃဋိကာရ ဗြဟ္မာကြီးက သင်္ကန်း ကပ်လှူလာသည်” ဟု
ပြောစမှတ် ပြုကြသော သဋိကာရဗြဟ္မာ အလောင်းသည် ကဿပ
ဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုနေသော
ဃဋိကာရ အိုးထိန်းသည် ဖြစ်၏၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော
သီတင်းသည် သူတော်ကောင်းကြီးပေတည်း။
ငါတို့ ဘုရားအလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍
အလွန် မာနကြီးသော ဇောတိပါလလုလင် ဖြစ်လျက်, ထိုစဉ်က ဗုဒ္ဓ
ဘာသာ မဟုတ်သေးဘဲ သတ္တိကာရ၏ အသဲစွဲ မိတ်ဆွေတယောက်
တည်း၊ ဃဋိကာရသည် ဘုရားရှင်ကိုဖူးမျှော်ဘို့ရန် ဇောတိပါလကို
ဧဟိပဿိက ဂုဏ်တော်ဖွင့်
၁ဝ၉
အတန်တန် တိုက်တွန်း၏၊ သို့သော် အမျိုးဂုဏ် မာန်တက်၍ ဘုရား
ကိုပင် အဖက် မထင်သေးချေ။
ဃဋိကာရကလည်း“ဘုရားအထံ မရောက်လျှင် မနေ” ဟု အမြဲ
ကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဘို့ရန်ခေါ်သွားပြီးလျှင်“မိတ်ဆွေ..
ကဿပဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော် မူနေ၏၊ ထို
ဘုရားရှင်ကို ဖူးမြင်ရခြင်းသည် ကျွန်ုပ်စိတ်၌ အမြတ်ဆုံးဟု ထင်၏။
လိုက်ခဲ့ပါ ဖူးချေကြစို ့” ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း
ရှေးနည်းအတူ ပယ်ရှား၍နေသဖြင့် နောက်ဆုံး၌“မလိုက်လျှင် မနေ
ရ”ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်….
"
<
ဩော် ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏ အောက်ကျသူ
ဖြစ်ပါလျက် ဆံပင်ကို ဆွဲနိုင်သည်မှာ အံ့ဩစရာကြီး ဖြစ်ပေသည်၊
ဧကန် အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်” ဟု သဘောကျ၍
ဘုရားအထံတော်သို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသော
အခါ လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေ
သည်၊ ဤသို့ ဝမ်းမြောက်လောက်အောင် “ဧဟိပဿိက”ဂုဏ်တော်
နှင့် အထိုက်အလိုက် ပြည့်စုံပါလျှင် ယခုကာလ တရားဟောရာအရပ်
သံဃာတော်များ အထံသို့လည်း ခေါ်ငင် ပြသထိုက်ပေသည်။
မပဏ္ဏာသ, ရာဇဝဂ်, ဃဋိကာရသုတ်။]
66
သို့သော် စဉ်းစားရန်တချက်မှာက ယခုကာလ၌ ဘာသာအမျိုး
မျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း, အခြား ဘာသာ
မှားယွင်းကြောင်းကို ဟောပြောကြ၏၊ ဗုဒ္ဓဘာသာတရားတွင်လည်း
သူတို့ဂိုဏ်းက ကောင်းသည်, ငါတို့ဂိုဏ်းက ကောင်းသည်, သူ့
သူ.

## PAGE 65

၁၁၀
ရတနာ့ဂုဏ်ရည်
ကိုယ်တော်က ကြည်ညိုဘွယ်ကောင်း၏, ငါ့ကိုယ်တော်က ကြည်ညို
ဘွယ်ကောင်း၏,
ငါ့ကိုယ်တော်က စာတတ်၏ တရားဟောကောင်း
၏ ကမ္မဋ္ဌာန်းပေး ကောင်း၏ “ဓာတ်ရိုက် ယတြာဆင် ကောင်း၏”
စသည်ဖြင့် “(ဧဟိ) လိုက်ခဲ့စမ်းပါ (ပဿ) ဖူးမျှော်လှည့်စမ်းပါ”
ဟု သွေးဆောင် ခေါ်ငင်ကာ ကိုယ့်ငါးချဉ်ကိုသာ ကိုယ်ချဉ်လျက်
ရှိကြလေသည်။
ဤမျှလောက် ရှုပ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဉာဏ်ကို
အသုံးပြုနိုင်သူကလည်း နည်းပါးလှ၏၊ သာသနာတော်ဆိုင်ရာဝယ်
များစွာသော ကိစ္စတို့၌ မာတုဂါမတွေသာ ခေါင်းဆောင်ဖြစ်နေကြ
၏၊ မာတုဂါမဟူသည် မိမိက သူတပါးတို့ကို လှည့်ပတ်ရမည့်အရာ၌
လွန်စွာ ဉာဏ်များသလောက်, သူတပါးက မိမိကို ဖြားယောင်း
သည်ကိုလည်း ယုံကြည်လွယ်ရုံ မက မပြောပလောက်သောဂုဏ်
ကလေးကိုပင် တကယ့် ဂုဏ်ကြီးဟု ထင်တတ်ကြလေသည်။
ထို ့ကြောင့် မာတုဂါမတွေ ခေါင်းဆောင်၍နေသော သာသနာ့
ကိစ္စ အဝဝတို့၌ မကျန မသန့်ရှင်းဘဲ ချွတ်ယွင်းသော အချက်တွေ
အလွန်များနေတော့၏၊ အမှန်ကိုဟောပြလိုသူတို့မှာလည်း မိုဃ်းခါး
ရေသောက် ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင်ချရလေပြီ၊ သို့ဖြစ်၍
ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဘို့ရန်မှာ ရှေးကံ
ကောင်းလှမှ ဖြစ်ရတော့မလောက် ရှိတော့သည်။
အချုပ်မျှ သတိပေးရလျှင်, ပုဂ္ဂိုလ်တပါးပါးကို ကိုးကွယ်မိက
အသိ အလိမ္မာ ဉာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား
မတိုးပွား စဉ်းစားကြပါလေ၊ တိုးပွားလျှင် ကိုးကွယ်သူမှာ အမြတ်
(အဋ္ဌမုအကြိမ်)
ဧဟိပဿိကဂုဏ်တော်ဖွင့်
၁၁
ရ၏၊ ကုသိုလ် မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များကို
ပြိုင်ရ ဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်တွေသာ တိုးပွား၍
အကုသိုလ် များနေပါလျှင် အရှင်းပင် ဆုံးရှုံးသေး၏၊ တချို့ကား
ပြိုင်ရင်း ဆိုင်ရင်း ရန်ခိုက်ဒေါသ ဖြစ်ကြ၍ ရုံးသို့ ရောက်ရသော
ကြောင့် ငွေကုန် လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာ
သေး၏၊ ထို့ကြောင့် “ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်” ကြိုးစား၍
သတိ ဆောင်ကြပါလေ။
ဘုရားချင်းပေါက် ။ ။ အဝမြို့၌ ရှေးအခါက ရဟန်းတော်
နှစ်ပါး ဒက္ခိဏသာခါ ရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင်, ရုပ်တု
တော်ချင်း အသပ္ပါယ်ပြိုင်စဉ် မခံချင်သဖြင့်“သတ္တိရှိလျှင် ဘုရားချင်း
ပေါက်ကြစို့ ”ဟု ပြောဆိုကာ ရုပ်တုတော်ချင်း
တယောက်တလှည့်
ပေါက်ကြဘူး သတဲ့၊
ယခုကာလလည်း ဒကာကို ဆရာက မြှောက်
ဆရာကို ဒကာက မြှောက်၍ ဒကာချင်းပေါက် ဆရာချင်းပေါက်
လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်
ဘွယ် ကောင်းလှပေသည်။
ထို ့ကြောင့် မိမိတို့ရပ်ရွာ မြို့နယ်၌ သံဃာချင်း ရပ်ရွာသားချင်း
ဆန့်ကျင်ဘက် မဖြစ်ရအောင် စောင့်ရှောက်နိုင်လျှင် အကောင်းဆုံး
ဖြစ်၏။ မိမိမှာ ထိုကဲ့သို့ စောင့်ရှောက်နိုင် လောက်အောင် ဩဇာ
မရှိလျှင် မည်သည့်ဘက်ကိုမျှ အရေးတကြီး အားမပေးဘဲ“ကိုယ့်ဝန်
ကိုယ်ထမ်း၍ ကိုယ့်လမ်း ကိုယ်သွားရမည် ” ကို နှလုံး သွင်းကာ
အေးအေး နေနိုင်ခြင်းသာ အပြစ်ကင်းပေမည်၊ မနေသာ၍ ပါဝင်ရ
လျှင်လည်း အကောင်းဆုံးစိတ် ထားနိုင်အောင် သတိပြုပါလေ။
(အဋ္ဌမအကြိမ်)
,,
