## PAGE 66

၁ ၁၂
-
ရတနာ့ဂုဏ်ရည်
သြပနေယျက ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
ဓမ္မော – မဂ်ဖိုလ်နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊
သြပနေယျကော— မိမိစိတ်တွင် တကြိမ်ထင်က လေးခွင်
အပါယ်
ဝဋ်မီးကွယ်သဖြင့်, ကိုယ်ဝယ်ဝတ်နှောင်, ဆံဥသျှောင်ကို မီးလောင်
သော်ငြား မငြိမ်းအားဘဲ, တရား မျက်ရှင်, စိတ်စွဲ ထင်အောင်
ကျင့်ဆောင်ခြင်းငှါ, ထိုက်တော်မူပါပေ၏။
✗
ကြည့်ရှုရန် အဓိပ္ပါယ်
,,
ဩပနေယျက ဂုဏ်တော်သည် “ မိမိစိတ်သို့ ကပ်၍ ဆောင်ယူ ထိုက်၏
ဟူသော အနက်ကို ပြသည်။ [ဥပ+ နေယျ + ဣက၊ ဥပ= မိမိစိတ်သို့
ကပ်၍+နေယျ= ဆောင်ယူခြင်း+ ဣက= ထိုက်သည်။
6
မဂ်ဖိုလ် နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့ သန္တာန်၌
တခါတရံမျှ မဖြစ်ခဲ့ဘူးပေ၊ မိမိ၏စိတ်တွင် တကြိမ်တခါမျှ အထင်
အရှား ပေါ်လာလျှင်” “သောတာပန်ဖြစ်လျှင်” ဟု ဆိုလိုသည်။
အပါယ် ၄ ပါး၌ ခံစားရမည့် ဝဋ်ဒုက္ခ အပူမီးတို့ကို တခါတည်း
ငြိမ်းစေနိုင်သောသတ္တိ ( မည်သည့်အခါမျှ အပါယ်သို့ မကျအောင်
စောင့်ရှောက်နိုင်သော သတ္တိ ) ရှိသောကြောင့် မဂ်ဖိုလ် ရအောင်
ကမ္မဋ္ဌာန်းကို အားထုတ်နေတုန်းဝယ် ကိုယ်၌ ဝတ်ဆင်ထားသော
အဝတ်ကို သို့မဟုတ် ဥသျှောင် ( ဆံထုံး)ကို မီးလောင်စေကာမူ
ထိုမီးကို မငြိမ်းအားဘဲ ကမ္မဋ္ဌာန်းကိုသာ အတွင် ကြိုးစား၍ ပဒမြား
မျက်ရှင်နှင့် အလားတူသော ထို မဂ်ဖိုလ်တရားတော်များ စိတ်ထဲ၌
ဩပနေယျက ဂုဏ်တော်ဖွင့်
၁၁၃
စွဲလာအောင် ထင်မြင်လာအောင် ( မဂ်ဖိုလ်ရအောင် ) အားထုတ်
ထိုက်ပါသည်၊ အပြင်မီးကို မငြိမ်းနိုင်သော်လည်း တခါသာ လောင်
နိုင်မည်၊အတွင်း ကိလေသာမီးတွေကား မဂ်ဖိုလ်မရသေးလျှင် ဘဝ
များစွာ လောင်နေကြမည်’ဟူလို။
တိဿမထေရ် ဝတ္ထု
သာဝတ္ထိပြည်၌ တိဿ မည်သော သူကြွယ် တယောက်သည်
ရဟန်းဘောင်သို့ ဝင်ပြီးလျှင် တောကျောင်း၌ တရား အားထုတ်
နေ၏၊ ခယ်မဖြစ်သူ (ညီ မယား )က ခဲအို ရဟန်းတော် လူထွက်
လာလျှင် အမွေ ခွဲပေးရမည် စိုးသောကြောင့် လူဆိုးများကို လာဘ်
ပေးလျက် ဖျောက်ဖျက် ခိုင်းလေသည်၊ လူဆိုးများက သွား၍
သတ်မည့်အကြောင်းကိုပြောကြရာ “သည်တညဉ့်မျှ ခွင့်ပေးကြပါ
အာမခံ ပေးပါမည်” ဟု ပြောလေသည်၊ “ကိုယ်တော့်ကို အာမခံ
မည့်သူ အဘယ်မှာ ရနိုင်မှာလဲ” ဟု ပြောကြလေသော် ကျောက်ခဲ
ကြီးကိုယူကာ ခြေနှစ်ဖက်ကို ကိုယ်တိုင်ပေါက်ချိုး၍ ထွက်မပြေးနိုင်
ကြောင်းကို အာမခံ ပေးလေသည်၊ ထို ့နောက် သေလုမြောပါး
နာကျင်သောခြေကို ဂရုမစိုက်အားဘဲ တရားကို အားထုတ်လေရာ
အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်ပါသည်။ [ဒီဃနိကာယ် မဟာဝဂ္ဂ
မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။
တိုက်တွန်းချက်။ ။ဤ ဝတ္ထု၌ လာသည့်အတိုင်း အရေး
ကြီးသောအချက်ဝယ် အသက်ကိုပင် ပမာဏ မထားဘဲ ကြိုးကြိုး
စားစား အားထုတ်ထိုက်အောင် “ တရားတော်မှာ ကောင်းသော
ဂုဏ်တော် ရှိပေသည် ” ဟု တရားတော်၏ ဤ ဩပနေယျကဂုဏ်
၁၃ (အဋ္ဌမအကြိမ်)
"

## PAGE 67

၁၁၄
ရတနာ့ဂုဏ်ရည်
တော်ကို အာရုံပြုကြပြီးလျှင် မိမိသန္တာန်၌လည်း “ဤ မဂ်ဖိုလ်ဟရား
များကို တဖြည်းဖြည်း ဖြစ်ပေါ်လာအောင် များထုတ်ထိုက်သည်
အားထုတ်မှသာ အမှန် ချမ်းသာခွင့် ရတော့မည်” ဟု နှလုံးပြုကာ
ရဟန်း သီလရှင် သူတော်စင်တို့တရားအားထုတ်ဖြစ်အောင် ကြိုးစား
သင့်ကြပါသည်။
.
လူဝတ်ကြောင်များလည်း တသက်ဟာ တခဏမျှ အပျော်အပါး
နှင့် မော်ကြွား
သောက်စားဘို့အတွက် စက်ဆုပ်ဘွယ်ရာ မတရား
သော နည်းတို့ဖြင့် ပစ္စည်း ရှာဖွေမှုများကို အရေးတကြီး သတိ
ထားလျက် ပယ်ရှား ရှောင်ကြဉ်၍, တရားတော် နည်းလမ်းအရ
စည်းကမ်းကျအောင် ရှာဖွေ စုဆောင်းပြီးလျှင် ဆင်ခြင်တိုင်းထွာ၍
သုံးစွဲကာ မကြာ မကြာ အိမ်မှထွက်၍ ဥပုသ်ရက်ရှည် စောင့်ရင်း
တရား အားထုတ်သင့်ကြပါသည်။
.
ထို့ပြင်– မိမိတို့ ယခုဘဝ၌
အစွမ်းကုန် ရှာဖွေ၍ရသော ဥစ္စာစု
ကား ယခုဘဝ၌သာ အကျိုးပေး၏၊ပါရမီစီးပွားမှာ နောင်သံသရာ
တလျှောက်လုံး ကောင်းကျိုးပေးလိမ့်မည်၊ ထို ့ကြောင့် “မိမိတို့မှာ
ပင်ပန်းကြီးစွာ အားထုတ်ကြရာ၌ ယခု ကို စီးပွာ
များသလား, တသံသရာလုံးအတွက် ပါရမီကုသိုလ် စီးပွားစုမှုက
များသလား”ဟု ကြပ်ကြပ်စဉ်းစားပြီးလျှင် “ကမ္မဿကာ- ကံသာ
ကိုယ်ပိုင်ဥစ္စာ”ဟု သဘောပေါက်၍ သံသရာစီးပွားကယခု တဘဝ
စီးပွားထက် များအောင် ကြိုးစား၍ ပါရမီ ဖြည့်သင့်ကြပါသည်။
[အဟံ’ငါသည်၊ ကမ္မဿကော- ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊
အမှိ’ဖြစ်ပါတကား။]
(အဋ္ဌမအကြိမ်)
ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၁၁၅
ဓမ္မော – မဂ်ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်ကို၊
ဝိညူဟိ’ပုထုဇန်နှင့် မတန်သင့်စွာ လေးသစ္စာကို ကောင်းစွာ မြင်
သိ ပညာရှိအပေါင်း, အရိယာ သူတော်ကောင်းတို့သည်၊ ပစ္စတ္တံ
ဝေဒိတဗ္ဗော- ကိုယ်စီကိုယ်ငှ လိုတိုင်းရ၍, နိဗ္ဗာနဓာတ် သမာပတ်
ဖြင့်, မပြတ်သိပိုင် ခံစားနိုင်ပါပေ၏။
,
☑
☑
X
☑
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
-
ပစ္စတ္တံ ဝေဒိတဗ္ဗ ဂုဏ်တော်သည် – ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ်၏”
ဟူသော အနက်ကို ပြ၏။ [ ပစ္စတ္တံ + ဝေဒိတဗ္ဗ၊ ပစ္စတ္တံ - ကိုယ်စီ
ကိုယ်င+ ဝေဒိတဗ္ဗ- သိနိုင် ခံစားနိုင်သည်။ ]
ဤ မဂ်ဖိုလ် နိဗ္ဗာန် တရားတော်သည် ပုထုဇဉ် ပုဂ္ဂိုလ်များနှင့်
မတန်မရာချေ၊ သစ္စာလေးပါး သိမြင်၍ အရိယာအဖြစ်သို့ ရောက်
ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီ ကိုယ်ငှ အလိုရှိတိုင်း
ရ၍, နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားသောအားဖြင့်
ခံစားကြရပေသည်။ အခြားစိတ်တွေမပါစေဘဲ ဖိုလ်စိတ်ချည်းသာ
ဆက်ကာဆက်ကာ ဖြစ်စေမှုကို “ဖလသမာပတ် ဝင်စားသည်” ဟု
ခေါ်၏။ ] အရိယာတို့သည် ဖလသမာပတ်ကို ဝင်စား၍ နိဗ္ဗာန်ကို
အာရုံပြုလေ့ရှိကြ၏၊ထိုအခါပုထုဇဉ်များ စည်းစိမ်ခံစားသလောက်
မက လွန်စွာ ချမ်းသာတော်မူကြသည်။
(အဋ္ဌမအကြိမ်)

## PAGE 68

၁ ၁ ၆
ရတနာ့ဂုဏ်ရည်
တရားရှိခိုး ဂါထာဖွင့်
(ကျက်မှတ်ရန်)
ဣစ္စေဝံ ဆဟိ ဂုဏေဟိ, ပါကဋံ ဇိနပူဇိတံ၊
သမ္ပတ္တိဒါယကံ ဓမ္မံ ဝန္ဒာမိ တီဟိ သာဒရံ။
ဣစ္စေဝံ ဆဟိ ဂုဏေဟိ … ဤ သွာက္ခာတတာ, အစလာသည့်
ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်၊ ပါဋ္ဌ’တိတ္ထိတို့ဘောင်, လွန်
မြားမြောင်သည့်, ဟန်ဆောင်တရား, အစားစားထက်, မားမား
ဂုဏ်ရည်တင့်၍ ကြီးမြင့် ထင်ရှားပေထသော၊ ဇိနပူဇိတံ=
ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ်, မာရဇိန်ပင်
ကြိမ်ကြိမ်လေးမြတ်, မှီဝဲ ပူဇော်တော်မူအပ်ထသော၊ သမ္ပတ္တိဒါယ
င့်ကြံလိုက်နာ, ဝေနေယျာအား, လူ ့ရွာ နတ်ဌာန်, နိဗ္ဗာန်
အထိ သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော၊ ဓမ္မံ – မဂ်ဖိုလ်
နိဗ္ဗာန်, ဓမ္မက္ခန်, ဆယ်တန်သော တရားတော်မြတ်ကို၊ တီဟိ –
လက်အုပ်အဉ္စလီ, နှုတ်သံချီ၍ ရွှင်ကြည်မနော, သုံးပါးသော ဒွါရ
တို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို ရိုသေခြင်းရှိသည်ဖြစ်၍၊ ဝန္ဒာ
မိ – စိတ်ဖြင့် ဥုးတန်း, ဂုဏ်တော်မှန်းလျက်, ချီးမွမ်း ထောမနာ,
ပဏာညွတ်ကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။
-
[ဂုဏ်တော် ၆ ပါးကို တရားဂုဏ်တော်ဖွင့်အစ၌ ပြခဲ့ပြီ၊ ဗုဒ္ဓရှင်တော်မှာ
ပုံသဏ္ဌာန် ထင်ရှားရှိသကဲ့သို့ တရားတော်မှာ ရုပ်ပုံသဏ္ဌာန် အထင်အရှား
မရှိပါ၊ ထို ့ကြောင့် “ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ” ဟု မဆိုဘဲ
“စိတ်ဖြင့်ချုံးတန်း ဂုဏ်တော်မှန်းလျက်” ဟု ဆိုလိုက်ပါသည်။ ]
"
တရားရှိခိုးဂါထာဖွင့်
ကြည့်ရှုရန် အဓိပ္ပါယ်
၁၁၇
။ ဗုဒ္ဓဘာသာမှ
တိတ္ထိတို့ဘောင်… ဟန်ဆောင် တရား ။
တပါးသော အယူရှိသူကို “တိတ္ထိ” ဟု ဆိုလိုပါသည်။ ထို တိတ္ထိတို့
သာသနာ့ဘောင်၌ အလွန်များသော ဟန်ဆောင်တရားတွေ
ပြောပုံ ဟောပုံကိုကြားရလျှင် များစွာအားထားကိုးကွယ် ယုံကြည်
ဘွယ် ကောင်းလှ၏၊ “ ကမ္ဘာလောကကြီးနှင့် တကွ သတ္မွာတွေကို
ဗြဟ္မာမင်းကြီးက ဖန်ဆင်းသည်, သုခဒုက္ခကိုလည်း ထို ဗြဟ္မာမင်း
အလိုအတိုင်း ခံစားကြရသည်” ဟု ယူဆ၍ ထိုဗြဟ္မာမင်းကြီးကား
ဘယ်တော့မှမသေနိုင်ဘဲ ခိုင်မြဲသော “ထာဝရ”ဟု ယူဆကြသည်။
[သီလက္ခန်ပါဠိတော်, ဗြဟ္မဇာလသုတ်။ ဤတရားကို ကြားရသော
အခါ ဗြဟ္မာမင်းကြီးကို “အလွန် တန်ခိုးကြီးသော
ဗြဟ္မာမင်းကြီး
ဖြစ်ပါပေသည်” ဟု ဘုရားကဲ့သို့ အားထားမိကြ ကိုးကွယ်မိကြရှာ
ဟု
ပေလိမ့်မည်။
ဤ ကမ္ဘာလောကကို မဖန်ဆင်းမီ ထို ထာဝရဗြဟ္မာမင်းသည်
ဘယ်ဆီမှာ နေသနည်း၊ “ကောင်းကင်ဘုံမှာ နေသည်”ဟု ဆိုလျှင်
ထို ကောင်းကင်ကို ဘယ်သူ ဖန်ဆင်းသလဲ၊ ဗြဟ္မာမင်းဖန်ဆင်းလျှင်
ကောင်းကင်ဘုံမရှိခင်က ဘယ်မှာနေသလဲ၊ ဤကမ္ဘာလောကကြီးကို
ဖန်ဆင်းသည်မှာ ဘယ်မျှကြာပြီနည်း၊ အဘယ့်ကြောင့် အိုနာသေ
ရေး ကြီးလေးသောဒုက္ခဘေးတွေကိုဖန်ဆင်းထားပါလိမ့်မည်နည်း၊
မည်သူမျှ မလွတ်နိုင်ပါချေတကား၊ ပဌမ ကမ္ဘာစစ်ကြီး အတွင်းက
သတ်ကြ ဖြတ်ကြသူတွေမှာ ထာဝရဗြဟ္မာမင်း၏ တပည့်တွေချည်း
သာ များပါတကား၊ ယခုအခါ၌ အလုပ်လက်မဲ့ ဖြစ်၍ အနောက်

## PAGE 69

၁၁
ရတနာ့ဂုဏ်ရည်
နိုင်ငံ၌ ငတ်ပြတ်နေသူတွေကို တပည့်ရင်းများ ဖြစ်ပါလျက် ဘယ်
အတွက် ကြည့်နေရက်ပါသနည်း၊ အနန္တ တန်ခိုးတော်ကို ဘယ်လို
နေရာမှာ အသုံးချထားပါသနည်း၊ မိမိကို ကိုးကွယ်သော·တပည့်
အ
များကိုသာ သေသောအခါ ကယ်တင်၍ အခြားဘာသာဝင်ကိုကား
မကယ်တင်နိုင်ဘူး, သို့မဟုတ် မကယ်တင်ချင်ဘူးဟု ဆိုပါလျှင် ထို
ဗြဟ္မာမင်း၏ကရုဏာ မေတ္တာသည် မျှမျှတတ လုံလုံလောက်လောက်
မရှိပါ တကား။
မိဘတို့အစွမ်းကြောင့် အမိဝမ်း၌ အတော်ကြာညောင်းအောင်
အောင်းခဲ့ပြီး၍ လက်သည်ဆရာမတို့ ကူညီချက်ဖြင့် ထွက်ခဲ့ရသည်ကို
အများအသိ ဖြစ်ပါလျက် ဗြဟ္မာမင်း၏ ပယောဂကို အားကိုးနေရ
သည်မှာ သဘာဝ မကျပါ၊ ဖန်ဆင်းသောဗြဟ္မာ ဟူသည် ဘယ်လို
အရာပါနည်း၊ ဤသို့ စသည်ဖြင့် ကြိတ်ကြိတ်နယ်နယ် သွယ်သွယ်
ဝိုက်စိုက် ဆင်ခြင်လိုက်သောအခါ အကြိတ်အနယ်ကို မခံနိုင်ရကား
ဘာသာခြားတရားသည် မျောက်ကလေးကို ပင်းမင်း ပေးသည်နှင့်
တူလှချေ၏။
မျောက် ပင်းမင်းပေးသည့်ပုံ ။ * ရှေးက မိန်းမကို အလွန်
ကြောက်ရသည့်ပြင် အင်မတန်ချစ်ခင်သောယောကျ်ားကို ကိုယ်ဝန်
အရင့်အမာရှိသော အိမ်ရှင်မက ““ကလေးမျက်နှာမြင်သော အခါ
ကစားဘို့ရာ ဒီမျောက်ကလေးကို ပင်းမင်းဆိုင် အပ်ချေပါ” ဟု
ခိုင်းလိုက်သဖြင့် သွား၍ “မျောက်ကလေးကို ပင်းမင်း (ဆေး)ဆိုး
ပေးပါ”ဟု ပြောဆို အပ်နှံလေသည်၊ ပင်းမင်းဆရာက “ခင်ဗျား၏
မျောက်ကလေးသည် လှအောင် ဆေးဆိုးခြင်းကိုသာ ခံနိုင်မည်၊
"
တရားရှိခိုး ဂါထာဖွင့်
၁၁၉
ဖြူအောင် ဖွပ်လျော်ဘို့ရာ အထုအရိုက်မခံနိုင်ပါ” ဟု ပြောသဖြင့်
ပြန်ယူသွားရ သတဲ့၊ - ထို ့အတူ ဘာသာခြားတို့ တရားတွေသည်
အပေါ်ယံနားထောင် ကောင်းသလောက် ကြိတ်ကြိတ်.နယ်နယ်
စဉ်းစားခြင်းကိုကား မခံနိုင်ပါချေ။
မားမားစွင့်စွင့်, ဂုဏ်ရည် တင့်၍, ကြီးမြင့် ထင်ရှားပေထ
သော။ ။ဘုရားရှင်၏ တရားတော်ကား အမျိုးမျိုးသော ထိုတိတ္ထိ
ဘုရားတို့ တရားထက် ဂုဏ်အရည်အခြင်းအားဖြင့် မားမားစွင့်စွင့်
ကြီးမြင့် ထင်ရှားပေသည်၊ ဗုဒ္ဓဘာသာ တရားတော်သည် ဉာဏ်
ပညာ ကြီးမားသူတို့၏ ကြိတ်ကြိတ်နယ်နယ် စဉ်းစားမှုကို ခံနိုင်၏၊
တကယ် ဉာဏ်ကြီးသူမှန်လျှင် “ ထမင်းအငတ်ခံ၍ ဥပုသ်စောင့်တာ
ဘာအကျိုးရှိသလဲ, အုတ်ပုံကြီးနှင့် အရုပ်တွေကို ကိုးကွယ်နေစာာ
ဘာကျေးဇူးရှိသလဲ” ဟု အောက်တန်း တရားကလေးတွေကို ဗုဒ္ဓ
ဘာသာ အသေးစားကလေးများထံ စုံစမ်းမနေဘဲ တကယ့် ပညာရှိ
အခေါ်ခံရသော ဆရာတော်များအထံ ချဉ်းကပ်၍ အရေးကြီးသော
အထက်တန်း တရားများကို စုံစမ်းကြပါလော။ [အုတ်ပုံ အတွင်း၌
ဘုရားရှင်၏ အရိုးဓာတ်တော်ရှိ၏၊ အရုပ်မှာ
ဘုရားရှင်၏ပုံတော်ကို
တတ်နိုင်သမျှ ပြုလုပ်အပ်သော ပုံတော်သာ ဖြစ်ပါသည်၊ ထိုပုံတော်
များကို ဘုရားအစစ်နှင့် မတူသော်လည်း မှန်း၍ အာရုံပြုနိုင်အောင်
ထုလုပ်ကြပါသည်။]
ငါးပါးမာရ်နှိမ်, မာရဇိန်။ ။မာရ်ငါးပါးကို နှိမ်နင်းတော်
မူနိုင်သော မာရ်ငါးပါးကို အောင်တော်မူသော ဘုရားရှင်။မာရ-
မာရ်ကို+ဇိန် (ဇိန)’အောင်တော်မူသည်။]

## PAGE 70

၁၂၀
ရတနာ့ဂုဏ်ရည်
မာရ်ငါးပါးကား
၁။ ဒေဝပုတ္တမာရ်
=မာရ်နတ်မင်း။
၂။ ကိလေသမာရ်
=တထောင့်ငါးရာ ကိလေသာ။
၃။ ခန္ဓမာရ်
=ခန္ဓာကိုယ်။
၄။ မစ္စုမာရ်
=သေခြင်း။
<
။
၅။ အဘိသင်္ခါရမာရ် =ကုသိုလ် အကုသိုလ်ကံတည်း။
ကြိမ်ကြိမ်လေးမြတ်, မှီဝဲ ပူဇော်တော်မူအပ်ထသော။
ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီးနောက် “ လောက၌ ရိုသေ
ကိုင်းညွှတ်ဘို့ရာ အကြီးအကဲ မရှိဘဲ နေခြင်းသည် မသင့်လျော်ချေ၊
ငါသည် ဘယ်သူ ့ကို ဆည်းကပ်ရပါမည်နည်း” ဟု ဆင်ခြင်တော်မူ
လေရာ, ဘုရားရှင်၏ ဆည်းကပ် ရိုသေမှု ခံနိုင်မည့်သူကို မြင်တော်
မမူ၊ ထိုအခါ “ကိုယ်တော်တိုင် သိမြင်အပ်သော
တရားတော်ကိုပင်
အကြိမ်ကြိမ်အထပ်ထပ် ဆင်ခြင်သောအားဖြင့် လေးလေးမြတ်မြတ်
ပူဇော်ရတော့မည် ” ဟု ကြံတော်မူခဲ့ဘူးပါသည်။ [တရားတော်ကို
မပြတ်ဆင်ခြင်၍ နေခြင်းကိုပင် “တရားပူဇော်သည်” ဟု ဆိုသည်။]
ကျင့်ကြံ လိုက်နာ… ပေးစွမ်းနိုင်ပေထသော။ ။ တရားတော်
သည် ကျင့်ကြံလိုက်နာသော ဝေနေယျအပေါင်းအား လူနတ်တို့၏
စည်းစိမ်ချမ်းသာဟူသော သမ္ပတ္တိ, နိဗ္ဗာန်ချမ်းသာ ဟူသော သမ္ပတ္တိ
ပေးစွမ်းနိုင်၏၊ တရားတော်ကို သိသော်လည်း မကျင့် မလိုက်နာ
လျှင် စည်းစိမ်ချမ်းသာကို ပေးဘို့ရန်တာဝန် မရှိချေ။ “ကိုယ်ကျင့်မှ
ကိုယ်ရမည်”ဟူလို။ ကြွင်းသောအနက်၏ အဓိပ္ပါယ်များကို ဘုရား
ဂုဏ်ဗောာ်အဖွင့်၌ ရေးခဲ့ပြီ။]
တရားရှိခိုး ဂါထာဖွင့်
။
ပ
"
၁၂ ၁
တရား ပူဇော်နည်း ။
“ ဘုရားရှင်နှင့် သံဃာတော်သည်
ပုံသဏ္ဌာန် အထင်အရှား ရှိတော်မူသောကြောင့် ပူဇော်၍ ဖြစ်၏၊
တရားတော်ကား ပုံသဏ္ဌာန်မထင်ရှားသောကြောင့် မည်ကဲ့သို့ပူဇော်
ရပါအံ့နည်း” ဟု အကြံဖြစ်၍ ပုန်ဏားတယောက်သည် ဘုရားအထံ
လျှောက်ဘူးလေ၏၊ ဘုရားရှင်ကလည်း “ပုန်ဏား……တရားတော်ကို
ပူဇော်လိုလျှင် တရားတော်ကို များစွာ သိ၍ ဗဟုဿုတ ရှိသော
ရဟန်းတော်ကို ပူဇော်လေ”ဟု မိန့်တော်မူသဖြင့် သံဃာများအထံ
ဗဟုသုတ ရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ, အရှင်
အာနန္ဒာကိုညွှန်ပြကြသဖြင့် တရားတော်ကိုရည်မှန်း၍ တထောင်တန်
သင်္ကန်းဖြင့် လှူဒါန်း ပူဇော်လေသည်။
"
ထို့ကြောင့် ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ဟူသမျှတို့သည် ကိုယ်စီ
ကိုယ်င ရဟန်းတော်များကို ဆည်းကပ် ကိုးကွယ်ကြရာ၌ ဘုရားရှင်
ဟောပြတော်မူအပ်သော စာပေ ပရိယတ်ကို သင်ယူခြင်း, တတ်
မြောက်၍ ပို့ချခြင်း,ဟောပြခြင်း, ကျမ်း ရေးခြင်းတို့ဖြင့် သာသနာ့
တာဝန်ကို အမြဲ ထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်
ကိုးကွယ်၍ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရု
စိုက်နေသူတို့မှာ “ ငါတို့သည် တရားတော်ကိုလည်း အမြဲ ပူဇော်၍
နေရပေသည်၊ ငါတို့သာ မထောက်ပံ့လျှင် ငါတို့အရှင်သည် တတ်သိ
သော ပညာတွေကို သူတပါးအား ရေးသား ဝေငှ ပို ့ချနိုင်မည်
မဟုတ်၊ ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက် တိုးပွားအောင်
သာသနာ့ဝန်ကို ဆောင်နိုင်ပေသည်၊ ငါတို့အရှင် ရွက်ဆောင်သမျှ
တာဝန်တွေကို ငါတို့ကလည်း ကူညီထမ်းဆောင်ရာ ရောက်သဖြင့်
ငါတို့အရှင် ရသမျှ ပညာပါရမီကို ငါတို့လည်း မုချရတော့မည်” ဟု
