## PAGE 71

၁၂၂
ရတနာ့ဂုဏ်ရည်
ဟုတ်မှန်သည့် အတိုင်း ဉာဏ်ကို ချဲ့ထွင်၍ ဆင်ခြင် စဉ်းစားလျက်
အားတက်သရော ရှိသင့်ကြပေသည်။
-
ထို ့ကြောင့် – သာသနာကို ပြုစုနိုင်သော အင်အားရှိသူ ဒကာ
ဒကာမတို့ကလည်း မိမိတို့ ရပ်ရွာ မြို့နယ်၌ စာချနိုင်မည့် ပုဂ္ဂိုလ်ကို
ရွေးချယ်၍ဖြစ်စေ မြို့ကြီးပြကြီးမှ ယုံကြည် စိတ်ချရ လောက်သော
စာချပုဂ္ဂိုလ်ကို ပင့်၍ ဖြစ်စေ အသီးအသီး စာသင်တိုက် တည်လျှင်
စာသင်သားတွေ မြို့ကြီး ပြကြီးသို့ တက်၍ မသင်ရဘဲ မိဘ ဆရာတို့
အနီးမှာပင် သင်ကြရသဖြင့် ယခုလို အပျက်အစီး မများရကား
သာသနာတော်ကြီးသည် အတော် သန့်ရှင်းလျက် တိုးတက်လာပေ
လိမ့်မည်၊ ထို ့ကြောင့် ယခု ပြခဲ့သော တရားပူဇော်နည်းကို သတိ
ထား၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ ဒါယကာ
သာသနာ့ဒါယိကာမများ ဖြစ်ကြပါစေသား။
အထူး သတိပေးချက်။ ။ဤ ပြခဲ့ပြီးသော စကားအစဉ်ဖြင့်
တရားစစ် တရားမှန်ကို အတော်အတန် ရိပ်မိလောက်ပေပြီ၊ ယခု
အခါ မြန်မာနိုင်ငံ၌ အများအပြား အသုံးပြုနေကြသော အချို့တရား
စာအုပ်နှင့် တချို ့သော တရားဟေ၁ ပုဂ္ဂိုလ်များ၏ ဟောပြချက်
တွေကို “တရားလား မတရားလား” ဟု စဉ်းစားကြဘို့ရန် ထပ်မံ၍
သတိ ပေးလိုသည်မှာ …
.....
ဘုရားရှင် ပွင့်တော်မမူမီ ရှေးက ဟိမဝန္တာမှ မျော၍လာသော
ပုဇွန်လက်မကြီးတခုကို“ဒသာရဟ” မင်းတို့သည် မင်္ဂလာစည်တော်
အဖြစ်ဖြင့် အသုံးပြုကြလေသည်၊ ထို စည်တော်ကြီး၏ အသံသည်
၁၂ ယူဇနာတိုင်အောင်ပင် ပျံ့နှံ့ပါသတဲ့၊ ထိုနောက် တရွေ့ တရွေ့
တရားရှိခိုး ဂါထာဖွင့်
၁၂ ၃
ဆွေးမြည့်သဖြင့် စည်ဟာ်ကြီးပေါက်တိုင်း ရွှေပြား ငွေပြားတို့ဖြင့်
ဖါထေး လာခဲ့ရာ အတော်ကြာလျှင် ပုဇွန်လက်မ အသားကုန်၍
အဖါတွေချည်း ဖြစ်လေ၏၊ တီးခေါက်သောအခါ ၁၂ ယူဇနာကို
မဆိုထားဘိ စည်တော်ကြီး၏ ထက်ဝန်းကျင် အနီးအပါး မှာပင်
ကောင်းစွာ မကြားရတော့ချေ။
ထို ့အတူ ဘုရားရှင်၏ တရားစစ်တွေကို လက်သစ် ဓမ္မကထိက
ထို့က အဆန်းတကြယ် ထည့်သွင်း ဖါထေးမှုကြောင့် အစစ်အမှန်
အရင်းခံ တရားတော်တွေ ကွယ်ပျောက်ရချေပြီ။
ထို ကွယ်ပျောက်
သည့်အတိုင်း စည်ကြီးမှ အသံကောင်း မထွက်သလို ဓမ္မကထိကတွေ
ဖါထေးထားသော တရားအတုမှ မဂ်ဖိုလ်နိဗ္ဗာန် အကျိုးရဘို့ကို မဆို
ထားဘိ, အထိုက်အလျောက် လောဘ ဒေါသ နည်းပါး၍ အသိ
အလိမ္မာ တိုးပွားမှု အကျိုးကိုမျှ မရတော့ဘဲ အသံ ကျယ်သလောက်
အဆန်မပါသော သင်္ကြန်အမြောက်လို ဖြစ်ရလေတော့သည်။[နိဒါန
ဝဂ်, ဩပမ္မသံယုတ် အာဏိသုတ်။]
အို ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ဗုဒ္ဓဘာသာစစ်စစ်
ဖြစ်လိုလျှင် အမြန် ပြုပြင်ကြလော၊ ဘုရား တရား
သံဃာ့ကိစ္စများနှင့်
ဆိုင်ရာ၌ မဟာကုသိုလ် သောမနဿဖြင့် ပျော်ရွှင်တို့သာ ရှိသည်၊
တဏှာသဘော လောဘဇော တိုက်တွန်းကာ “ အသံက သာယာ
လိုက်ထာတယ်ဂါထာရွတ်ပုံမှာ ဇာတ်မင်းသားတောင် မသာဘူး
ဘယ်အချက် စကားသုံးပုံလေးဟာ လွန်စွာ ထိတာဘဲ ” စသော
ချီးမွမ်းစကားသည် ပြောသူ မရှက်သော်လည်း ကြားရသူများမှာ
နားရှက်ဘွယ် ကောင်းလှချေ၏။
2

## PAGE 72

၁၂ ၄
ရတနာ့ဂုဏ်ရည်
တရားဟောပုဂ္ဂိုလ်ကလည်း ထိုကဲ့သို့ ချီးမွမ်းသံကို အရသာ
ခံပြီးလျှင် အသံ သာအောင်လည်း ဂရုစိုက်ရှာရ၏။ လွမ်းခဏ်း
ဆေးခဏ်းကိုလည်း မပါပါအောင် ထည့်သွင်းရှာရှ၏၊ ဘုရားဟော
မဟုတ် ယုတ္တိလည်း မရှိသော သီဟိုဠ်ကျွန်းဖြစ် ဝတ္ထု များစွာနှင့်
ဇင်းမယ် ပဏ္ဏာသတို့၌လာသော ဒဏ္ဍာရီဝတ္ထုတို့ကို များများကြီး
အသုံးပြုရရှာ၏။
ဒုတိယကမ္ဘာစစ်ကြီးပြီးသော ယခုခေတ်၌ကား ကမ္မဋ္ဌာန်းတရား
တွေပင် အတော်ပေါများ၍ လာပြန်၏၊ ထို တရားများဖြင့် တရား
ပေါက်သည်ဟု ဆိုကြသူများလည်း အတော်များများ ကြားသိရ၏၊
ထိုသို့ ကြားသိရာ၌ အတော် စဉ်းစားဘွယ်ကောင်းသော အချက်
တခုကား တရားပေါက်သောအခါ ဘုန်းကြီးတွေကို မကြည်ညိုနိုင်
မလှူဒါန်းနိုင်သော အချက်ပင်တည်း၊ တရားအစစ် ပေါက်ပြီးဖြစ်
ဝိသာခါသည် မကောင်းဘုန်းကြီးနှင့် တွေ့သောအခါ“ဒီလို
မနေပါနှင့်”ဟုပြော၍ ရဟန်းတော်များကိုကား ကြည်ညိုမြဲကြည်ညို
ခဲ့ပါပေသည်၊ ထို ့ကြောင့် တရားပေါက်ခြင်းနှင့် သံဃာ မကြည်ညို
ခြင်းကို စဉ်းစားသင့်ကြသည်။
ယခုအခါ သာသနာတော်ကြီး ဖြစ်နေပုံသည် ရေစုံ လေစုံမှာ
ရွက်ကုန်ဆင်ပြီးလျင် တက်ကုန် နှင်နေသော လှေ၏ သဘောကဲ့သို့
ကောင်းကောင်းကြီး မျောနေတော့၏၊ “ ဘုရား သကြားမလို
ငါတို့ လက်ထက်မှာ ပြုပြင်နိုင်သူများ ပေါ်ထွက်ပါစေသတည်း။
6
တရားဂုဏ်တော်ဖွင့် ပြီးပြီ။
သာဝက သံဃော
သံဃာ့ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် ပါဠိတော် )
-
၁၂၅
သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော – ဥဇုပ္ပဋိပန္နော
ဘဂဝတော သာဝက သံဃော − ဉာယပ္ပဋိပန္နော ဘဂဝတော
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက
သံသော’(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ)၊ ဧ၁
ဘဂဝတော သာဝကသံသော အာဟုနေယျော’ပါဟုနေယျော’
ဒက္ခိဏေယျော – အဉ္စလိကရဏီယော အနုတ္တရံ ပုညက္ခေတ္တံ
လောကဿ။
X
-
ကြည့်ရှုရန် အဓိပ္ပါယ်
-
သံဃ-ဟူသော ပါဠိစကားကို မြန်မာလို “သံဃာ” ဟု ခေါ်၏၊ အနက်
အဓိပ္ပါယ်မှာ “အပေါင်းအစု – အသင်းအဖွဲ့”ဟု ဖြစ်၏၊ ထို ့ကြောင့် အယူ
ဝါဒ သိက္ခာအားဖြင့် တူကြသော ရဟန်းတော်တို့၏ အပေါင်းအစု အသင်း
အဖွဲ့ကို “ သံဃာ ””ဟု မှတ်ပါ၊ သံဃိက မြောက်အောင် လှုဒါန်းရာ၌
တသင်းလုံး တဖွဲ့လုံး တသာသနာလုံးကို ရည်မှန်းရသည်။
သံဃာ့ဂုဏ်တော် ၉ ပါး
၁။ သုပ္ပဋိပန္နဂုဏ်
၂။ ဥဇုပ္ပဋိပန္နဂုဏ်
၃။ ဉာယပ္ပဋိပန္နဂုဏ်
၄။ သာမိစိပ္ပဋိပန္နဂုဏ်
၅။ အာဟုနေယျဂုဏ်
၆။ ပါဟုနေယျဂုဏ်
၇။ ဒက္ခိဏေယျဂုဏ်
၁။ အဉ္စလိကရဏီယဂုဏ်
၉။ အနုတ္တရပုညက္ခေတ္တဂုဏ်
သေ

## PAGE 73

၁၂ ၆
ရတနာ့ဂုဏ်ရည်
သုပ္ပဋိပန္နဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
(၁) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သာဝကသံဃော‘ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ,
အရိယာ, သင်္ချာရှစ်ဖေါ်, သံဃာတော် အပေါင်း, သူတော်
ကောင်းသည်၊ သုပ္ပဋိပန္နော-တရားသဖြင့်, ဆုံးမသင့်ရ, သာသနာ
ဝယ် လျော်စွာထိုးပြ ဆုံးအမကို လုံးဝ လိုက်နာ ကောင်းမှုန့်စွာ
လည်း, ကျင့်တော်မူတတ်ပါပေ၏။
☑
X
ကြည့်ရှုရန် အဓိပ္ပါယ်
.65
☑
☑
သုမ္ဗဋိပန္နေ ဂုဏ်တော်သည် “ ကောင်းစွာ ကျင့်တော်မူတတ်၏ ” ဟူသော
အနက်ကို ပြသည်။ [ သု= ကောင်းစွာ+ပဋိပန္န=ကျင့်သည်။ ]
အရိယာ ဟု…သံဃာတော် အပေါင်း ။ မဂ်ဖိုလ်၌
တည်သော (မဂ်ဖိုလ်ရပြီးသော)ပုဂ္ဂိုလ်ကို “အရိယာ” ဟု ခေါ်၏။
[အရိယ=မြတ်သူ၊ တနည်း=ဖြူစင်သူ။]
C
မဂ္ဂဋ္ဌ ၄ မျိုး
၁။ သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်
၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်
၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်
၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်
(အဋ္ဌမအကြိမ်)
ဖလဋ္ဌ ၄ မျိုး
။
၁။ သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်
၂။ သကဒါမိဖိုလ်ရ ပုဂ္ဂိုလ်
၃။ အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်
၄။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်
သုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
၁၂၇
ရှေးခေတ်က အရိယာသံဃာတော်သည်ထောင်သောင်းများစွာ
ရှိကြပါသော်လည်း အမျိုးအားဖြင့် ဤ ရှစ်မျိုးတွင် အားလုံးပါဝင်
ကြ၏၊ ထို ့ကြောင့် “အရိယာ ရှစ်ယောက်” ဟု ပြောစမှတ် ပြုကြ
သော်လည်း စင်စစ်မှာ ရှစ်ယောက် မဟုတ်, ရှစ်မျိုးသာဖြစ်သည်။
တရားသဖြင့် ဆုံးမသင့်ရာ ။ ဘုရားရှင်၏ တပည့်အစစ်
ဖြစ်မတော်မူကြသော အရိယာသံဃာ အပေါင်းသည် တရားသဖြင့်
ဆုံးမရာ သာသနာတော်၌ သင့်လျော်အောင် ထုံးဟောင်းသက်သေ
ပြ၍ ဆုံးမအပ်သော အဆုံးအမတော်ကို လုံးဝဥဿုံ အကုန်အစင်
လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပေသည်၊ အနည်းငယ်
အပြစ်ကိုပင် အလွန်ကြီးသောအပြစ်ဟု ထင်လျက် ရှောင်ကြဉ်တော်
မူကြပေသည်၊ ထိုသို့ အဆုံးအမကို လိုက်နာသော အရိယာပုဂ္ဂိုလ်
များလည်း ဘုရားလက်ထက်တော်မှစ၍ များစွာရှိခဲ့ဘူးပါသည်။
အရှင်သာရိပုတ္တရာဝတ္ထု
ယခုကာလ ဘုရားပွဲစသည် ကျင်းပသောအခါ ထိုထိုနေရာတို့၌
အလှူ မဏ္ဍပ်ဆောက်၍ နေ့ရက်များစွာ စာတုဒ္ဒိသာ ကျွေးသကဲ့သို့
ရှေးလက်ထက်ကလည်း လူအများ စုပေါင်းလျက် ဧည့်သည်များ
အတွက် စာတုဒ္ဒိသာ
ကျွေးလေ့ရှိကြသည်၊ ထိုအရပ်၌ အချို့ ရဟန်း
တော်များ နေ့စဉ်နေ့စဉ် သွား၍ စားသောက်ကြသည့်အတွက် လူ
တို့က ကဲ့ရဲ့ သောကြောင့် “ ယနေ့ကစ၍ တရက်ထည်းသာ စားရ
တိုက်ခိုက်ရဲ့ “
မည်”ဟု
မည် ” ဟု ဘုရားရှင် ပညတ်တော်မူသည်၊ အရှင်သာရိပုတြာသည်
ဒေသစာရီလှည့်လည်ရင်း ထို စတုဒ္ဒိသာရုံ၌ မကျန်းမမာဖြစ်နေ၏၊
ထိုအခါ တရက်စာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နောက်ရက်၌
(အဋ္ဌမအကြိမ်)
o
10

## PAGE 74

၁၂၈
ရတနာ့ဂုဏ်ရည်
လူအများက ကပ်လှူကြပါသော်လည် “ဘုရားရှင် တားမြစ်တော်မူ
သည်”ဟု ဘုဉ်းပေးတော်မမူဘဲ ရှောင်လွှဲတော်မူကာ ဆွမ်းအပြတ်
ခံတော်မူခဲ့ ရှာသည်၊ ထို ့နောက် ဘုရားရှင် သိတော်မူ၍ မကျန်း
လေသည်။[ပါစိတ်, ဘောဇနဝဂ်, အာဝသထပိဏ္ဍသိက္ခာပုဒ်။]
ဤသို့လျှင် ဘုရားရှင်၏ တပည့်ကောင်းများသည် အဆုံးအမ
တော်ကို လုံးဝလိုက်နာလျက် ကျင့်တော်မူကြပေ၏၊ နောက်နောက်
ဆရာအစဉ်အဆက်များလည်း “ကိစ္စတခု ကြုံတွေ့လာလျှင် အသက်
ကိုသာ အသေခံပါ၊ သီလ သိက္ခာကိုတော့ မပျက်ပါစေနှင့် ” ဟု
ဆုံးမတော်မူကြရုံမက, ထိုအတိုင်းလည်း လိုက်နာခဲ့ကြပေသည်။
မမာလျှင် နေ့စဉ် စားစွာ ထပ်လောင်း ခွင့်ပြုတော်မူရ
သတိထားဘွယ်။ ။ဤစကားစဉ်အရ ယခုပြအပ်လတံ့သော
ဂုဏ်နှင့် ပြည့်စုံသော သံဃာဟူသည် မဂ်ဖိုလ်ရပြီးသော သံဃာတော်
များသာ ဖြစ်သည်၊ မဂ်ဖိုလ် မရသေးသော်လည်း မဂ်ဖိုလ်ရအောင်
ပါရမီကို ဖြည့်ကျင့်နေကြသော သူတော်စင် ရဟန်းတော်များလည်း
သောတာပန် အောက်တန်းတွင် ပါဝင်နိုင်ပါသေး၏၊ ဘုရားရှင်၏
အဆုံးအမတော်ကို ကောင်းမွန်စွာ မလိုက်နာဘဲ မေ့မေ့လျော့လျော့
ပေါ့ပေါ့ဆဆ နေထိုင်ကြသော ရဟန်းအပေါင်းကား ယခုပြအပ်
လတံ့သော သံဃာ့ဂုဏ်တော်များနှင့် လားလားမျှမဆိုင်၊ ထို့ကြောင့်
သံဃာ့ဂုဏ်တော်ကို အာရုံပြုသောအခါ ရှေးရှေးက အဟုတ်အမှန်
ကျင့်တော်မူကြသော အရိယာသံဃာတော် များနှင့် ယခုကာလ
ကောင်းမွန်စွာ နေထိုင်တော်မူကြသော ပုထုဇဉ် သံဃာတော်များ၏
ဂုဏ်ကိုသာ မှန်းဆ၍ အာရုံပြုပါ။
ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၁၂၉
(၂) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သာဝကသံဃော-ဆုံးမထားဟန်, တရားမှန်ကို နာခံလိုက်နာ,
အရိယာဟု, သင်္ချာရှစ်ဖေါ်,သံဃာတော်အပေါင်း, သူတော်
ကောင်းသည်၊ ဥဇုပ္ပဋိပန္နော-စဉ်းလဲသမျှ မာယာစုဖြင့် ဖုဖုထစ်ထစ်
မကောက်ကျစ်ဘဲ စင်စစ်နိဗ္ဗာန် လမ်းဖြောင့်မှန်အောင် လျော်ကန်
ချင့်မြှော်, ကျင့်ကြံတော်မူတတ်ပါပေ၏။
ကြည့်ရှုရန် အဓိပ္ပါယ်
"
,,
ဟသော
ဥဇုပ္ပဋိပန္န ဂုဏ်တော်သည် “ ဖြောင့်မတ်စွာ ကျင့်တော်မူ၏
အနက်ကို ပြသည်။ [ ဥဗု-ဖြောင့်မတ်စွာ + ပဋိပန္န’ကျင့်သည်။
မာယာသာဌေယျ။။မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိသူ
ထင်အောင် ဖုံးကွယ်မှုကို “မာယာ”ဟု ခေါ်၏၊ ဥပမာ-ယောက်ျား
မသိအောင် အပြစ် ကျူးလွန်မိသော မိန်းမသည် ထို အပြစ်ကို
မာယာဖြင့် လှည့်ပတ်သကဲ့သို့တည်း၊ မိမိမှာ ဥစ္စာဂုဏ် သီလဂုဏ် မရှိ
ဘဲ ရှိဟန်ဆောင်မှုကို “သာဌေယျ” ဟု ခေါ်၏၊ လူမရှိသောအခါ
တော်သလိုနေ၍ လူလာသောအခါ ဟန်လုပ်နေသူကဲ့သို့တည်း။
အရိယာသံဃာတော်ကား သူတပါးတို့အထင်ကြီးအောင် ပစ္စည်း
လာဘ်နှင့် ဒကာ ဒကာမ ပေါများအောင် ဟန့်ဆောင်မှု ပရိယာယ်
မာယာတို့ဖြင့် ဖုဖုထစ်ထစ် စဉ်းလဲ ကောက်ကျစ်ခြင်းမရှိဘဲ နိဗ္ဗာန်
၁၄ (အဋ္ဌမအကြိမ်)

## PAGE 75

၁၃ဝ
ရတနာ့ဂုဏ်ရည်
လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာကျင့်တော်မူကြ
ပေသည်၊ ထိုသို့ ဖြောင့်မတ်စွာကျင့်တော်မူသော အရှင်မြတ်များမှာ
လွန်စွာ ပေါများခဲ့ပါ၏၊ သို့သော် ယခုအခါ မရိုးမသား ကျင့်သူ
များနှင့် ဝမ်းရေးအတွက် သာသနာတော်ကိုဖျက်သူတွေ အတော်
ပေါများနေသဖြင့် စဉ်းစားတတ်ကြဘို့ရာ ကျမ်းဂန်လာ လှည့်ပတ်
ပုံကို ပြပေအံ့။
အိုးစရည်း ရဟန္တာ။ ။ဘုန်းကြီးတပါးသည် မိမိအပေါ်၌
လူအများ အထင်ကြီးစေလို သောကြောင့် သူနေရာ ကျောင်းခန်း
အတွင်းမှာ လူမမြင်နိုင်အောင် အိုးစရည်းကြီး (အိုးအကြီး) ကို မြှုပ်
ထားလေ၏၊ အပြင်က ဒကာ ဒကာမများ လာသံကြားလျှင် ထို
အိုးကြီးအတွင်း၌ ဝင်နေ၏၊ လူများက“ဘုန်းကြီး ဘယ်မှာလဲ”ဟု
မေးလျှင် တပည့်များက“ကျောင်းခန်းတွင်းမှာ”ဟု ပြော၍ အခန်း
တွင်းသို့ ဝင်ကြည့်သောအခါ မတွေ့ရသောကြောင့် “မရှိဘူး ဘယ်
ကြွသလဲ” ဟု မေးပြန်လျှင် “ ယခုတင်ကဘဲ အခန်းထဲမှာ ရှိပါသေး
တယ်”ဟု ပြောသဖြင့် ထပ်၍ ကြည့်ကြပြန်လေရာ ညောင်စောင်း
(ကုလားထိုင်)ပေါ်မှာ ထိုင်လျက်နေသည်ကို တွေ့ကြရ၍“ဘယ်ကြွ
နေပါသလဲဘုရား” ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ သည်လို
ဘဲ အလိုရှိရာ ကြွနိုင်ကြတယ်”ဟု ဈာန်အဘိညာဉ်ရသည့်လေသံဖြင့်
ပြောပြလေသော် အားလုံးကပင်” “ ရဟန္တာ” ဟု အထင်ကြီးကြ
လေသည်။
။
တိုက်တွန်းချက် ။ အို လူအပေါင်းတို့.. ဘုန်းကြီးဖြစ်စေ
လူဖြစ်စေ မဖြူစင် မဖြောင့်မတ်ခြင်းကား ဆိုးဝါးလှ၏၊ မရိုးသား
မဖြောင့်မတ်သူကို ဘယ်အခါယုံကြည်ထိုက်တော့မည်နည်း၊သို့ဖြစ်၍
(အဌမအကြိမ်)
ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့်
၁ ၃ ၁
မိမိတို့ ကိုးကွယ်အပ်သော ဘုန်းတော်ကြီးများကို စာမတတ်သော်
လည်း အကျင့်သိက္ခာ လုံလောက်၍ ရိုးဖြောင့်လျှင် ကိုးကွယ်သင့်လှ
ပေပြီ၊ စာမတတ်ဘဲနှင့် တတ်ဟန်ဆောင်သော ပုဂ္ဂိုလ်, အကျင့်
မကောင်းဘဲနှင့် ကောင်းဟန် ဆောင်နေသော ပုဂ္ဂိုလ်များကိုကား
လုံးလုံး မကိုးကွယ်ထိုက်ပါ။
ယခုအခါ၌ကား“ကြောင်သူတော်”ကဲ့သို့ အတော်အတန် ပညာ
ရှိပါလျက် အတွင်းစိတ် မဖြောင့်မတ်သူတွေ များလှချေ၏၊ ထိုသို့
ပညာရှိ၍ မရိုးသားသူတို့ကား သာမန် မရိုးသားသူများ ထက်ပင်
ကြောက်မက်ဘွယ် ကောင်းပါသေးသည်၊ သို့ဖြစ်၍ အတွင်း အပြင်
မသိရဘဲ “ဆေးဝါးစွမ်းသလို စာတတ်သလို လုပ်ရပ်ပေါက်သလို”
ညာနေသူများကို. ယုံကြည်လွယ်သော မိန်းမသားတွေသာ မက
ပညာနည်းပါး၍ မစဉ်းစားတတ်သော ယောက်ျားအများပင် သတိ
ထားထိုက်လှပေသည်။
<<
မိမိတို့ ကိုယ်တိုင်လည်း ရိုးဖြောင့်ဘို့ အရေးကြီးလှ၏၊ ပစ္စည်း
မရှိဘဲ ရှိဟန်ဆောင်မှု, သီလမရှိဘဲ ရှိဟန်ဆောင်မှု, နားမလည်ဘဲ
နားလည်ဟန် ဆောင်မှုတို့မှာ မရိုးသားသော သဘော ချည်းသာ
ဖြစ်သည်။ သို့ဖြစ်၍ အရိယာသံဃာတော်များ၏ “ဥဇုပ္ပဋိပန္န”ဂုဏ်
တော်ကို အာရုံပြုကြပြီးလျှင် မိမိတို့ ကိုယ်တိုင်ကလည်း ရိုးသားသူ
ဖြောင့်မတ်သူ ဖြစ်အောင် မိမိနှင့် အဆက်အသွယ် ရှိသူတို့ကိုလည်း
ရိုးသားသူများဖြစ်အောင် ညွှန်ပြကြပါ၊မရိုးသားသူမှန်လျှင် ရဟန်း
ရှင်လူ မည်သူမဆို စွမ်းနိုင်သမျှ ရှောင်ကြပါကုန်၊ မတတ်သာ၍
ဆက်ဆံရလျှင်လည်း ကိုယ်ပေါင်း စိတ်ခွါ ဆက်ဆံကြပါကုန်။
(အဋ္ဌမအကြိမ်)
