## PAGE 76

၁၃၂
ရတနာ့ဂုဏ်ရည်
ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
(၃) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သာဝကသံဃော- ဆုံးမထားဟန်, တရားမှန်ကို နာခံလိုက်နာ
-
အရိယာ,သင်္ချာရှစ်ဖေါ်,သံဃာတော်အပေါင်း သူတော်ကောင်း
သည်၊ ဉာယပ္ပဋိပန္နော
= ကိုယ်ဝယ်ဝတ်နှောင်, ဆံဥသျှောင်ကို မီး
လောင်သော်ငြား မငြိမ်းအားဘဲ ကြီးမားလောင်မီး ဒုက္ခကြီးတို့
အပြီးဧကန်, ငြိမ်းရာမှန်သည့်, နိဗ္ဗာန်အလို ့ငှါ, ကျင့်တော်မူတတ်
ပါပေ၏။
*
☑
×
X
✗
ကြည့်ရှုရန် အဓိပ္ပါယ်
ဉာယပ္ပဋိပန္န ဂုဏ်တော်သည် “ နိဗ္ဗာန်အလို ့ငှါ ကျင့်တော်မူ၏” ဟူသော
အနက်ကို ပြသည်။ [ ဉာယ + ပဋိပန္န၊ ဉာယ= နိဗ္ဗာန် + ပဋိပန္န
ကျင့်သည်။ ]
====
အရိယာဖြစ်သော သံဃာတော်အပေါင်းသည် အလွန် ကြီးမား
များပြားသော သံသရာဝဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ မိမိ
ကိုယ်၌' ဆင်အပ်သောအဝတ်, ဥသျှောင် (ဆံထုံး) ကို မီးလောင်
စေကာမူ မငြိမ်းအားဘဲ သံသရာဝဋ်ကြီး ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ
နိဗ္ဗာန် အလို ့ငှါ ကျင့်တော်မူကြ ပေသည်၊ ထို့ကြောင့် အရိယာ
ဖြစ်ပြီးသောအခါ သံသရာထဲ၌ ကြာရှည်စွာ မကျင်လည်ရတော့ဘဲ
ကာမဘုံ၌ အကြာဆုံး ခုနစ်ဘဝသာ နေပြီးလျှင် ပရိနိဗ္ဗာန် စံဝင်
ကြရပေသည်။
ဉာယပ္ပဋိပန္နေ ဂုဏ်တော်ဖွင့်
၁၃၃
ရဟန်းတပါးဝတ္ထု။ ။ရဟန်းတပါး သစ်ပင်ချိုင်ရာ၌ ဘုမ္မဇိုဝ်း
နတ်သ္မီး၏ ကလေး
နတ်ငယ်ကို ခုတ်ဖြတ်မိသောကြောင့် နတ်သ္မီးက
ဘုရားထံ လျှောက်ထားသဖြင့် “ယနေ့ကစ၍ သာသနာတော်ထမ်း
ရဟန်းမှန်လျှင် သစ်ပင်ကို မခုတ်ရ”ဟု ပညတ်တော်မူသည်၊ ဘုရား
ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရဟန်းတော်တပါးကို ခိုးသူများက
နွယ်ပင်ကလေးဖြင့် တုပ်နှောင်၍ တောထဲ၌ ထားခဲ့စဉ် တောမီး
လောင်လာလေသော် နွယ်ပင်ကို ဖြတ်မည်ဆိုလျှင် ဖြစ်နိုင်လောက်
သော်လည်း နွယ်ပင်ကိုဖြတ်လျှင် ပါစိတ်အာပတ် သင့်၏၊ အာပတ်
သင့်လျှင် တရားရတော့မည် မဟုတ်၊ ထို့ကြောင့် ပညတ်တော်ကို
စောင့်စည်း၍ တရားကို နှလုံးသွင်းကာ ရဟန္တာ ဖြစ်ပြီးမှ တောမီး
လောင်၍ ပရီနိဗ္ဗာန် စံဝင်တော်မူသည်။
"
သာ သားတွေ
တိုက်တွန်းချက်။ ။ဤသို့လျှင် တကိုယ်လုံး မီးလောင်သည်ကို
လျစ်လျူရှု၍ နိဗ္ဗာန် အကျိုးငှါ ကျင့်တော်မူပုံကို ကြည်ညိုလျက်
“အသက်တရာ မနေရသော်လဲ အမှုတရာတွေ့နိုင်သည်” ဟု ဆိုသည့်
အတိုင်း မလွှဲသာသဖြင့် ဒုက္ခ ကြုံလာခဲ့သော် “ သက်သာရာမှ ရစေ
မတော့”ဟု ကြံ၍ မကောင်းမှုကို
မပြုမိစေဘဲ “နိဗ္ဗာန်၌ ဤဒုက္ခမျိုး၏
တည်ရာ ရုပ်နာမ်ခန္ဓာကိုယ်မရှိ ဤခန္ဓာကိုယ်ရှိနေလို့
သ္မီးတွေ ဆွေတွေ မျိုးတွေရှိရသည်၊ ထိုသို့ ရှိသောကြောင့် သားဒုက္ခ
သ္မီးဒုက္ခ ဆွေမျိုးဒုက္ခကို တွေ့ရသည်၊ ထို ရုပ်နာမ်မရှိသော နိဗ္ဗာန်
သည် ဧကန် အေးမြပေလိမ့်မည် ” ဟု တွေးတောကာ သူလဲမပါ
ငါလဲမရှိ သန္တိသုခဖြင့် အေးမြမည့်နိဗ္ဗာန်ကို သိမြင်နိုင်အောင်သာ
ကြိုးစားကြပါကုန်။

## PAGE 77

၁၃၄
ရတနာ့ဂုဏ်ရည်
သာမိစိပ္ပဋိပန္နေ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
(၄) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သာဝကသံသော-ဆုံးမထားဟန်, တရားမှန်ကို နာခံ လိုက်နာ,
အရိယာဟု,သင်္ချာရှစ်ဖေါ်,သံဃာတော်အပေါင်း သူတော်ကောင်း
သည်၊ သာမိစိပ္ပဋိပန္နော – ရိုသေသမှု, လူတို့ပြုသည့်, သာမိစိက
လျော်ထိုက်တန်အောင် ကျင့်ကြံတော်မူတတ်ပါပေ၏။
X
-
(ကြည်ရှု ရန်အဓိပ္ပါယ်)
6
"
သာမိစိပ္ပဋိပန္နေ ဂုဏ်တော်သည် “ ရိုသေမှုနှင့်လျော်အောင် ကျင့်ပါပေ၏
ဟူသောအနက်ကို ပြသည်။ [သာမိစီ= ရိုသေမှု + ပဋိပန္န= လျော်အောင်
ကျင့်သည်။
ဒကာ ဒကာမတို့သည် မိမိတို့ မစားရက် မသောက်ရက် မသုံး
ရက်သော အစားအသောက် ကျောင်း အိပ်ရာ နေရာများကို ရိုသေ
သမျှ ပြုစု လှူဒါန်းကြ၏၊ အရိယာဖြစ်ပြီးသော (အရိယာဖြစ်အောင်
အားထုတ်နေသော) သံဃာတော်များကလည်း ထိုကဲ့သို့ ရိုသေသမှု
ပြုစု လှူဒါန်းခြင်းနှင့် ထိုက်တန်အောင် ကျင့်ကြံ အားထုတ်တော်
မူကြပါပေသည်။
"
}}
အယျမိတ္တမထေရ် ဝတ္ထု ။ ။ ရှေးအခါက လိုဏ်ဂူ တခု၌
နေသော “ အယျမိတ္တ” မထေရ်ကို ဆွမ်းခံရွာ၌ ဒါယိကာမကြီး
တယောက်က သားအရင်း အမှတ်ထား၍ လေးစားသမှု ပြုစုနေ၏၊
"
သာမိစိပ္ပဋိပန္န ဂုဏ်တော်ဖွင့်
၁၃၅
တနေ့သ၌ လုပ်ငန်းဆောင်တာ အတွက် နံနက်စောစော တောသို့
သွားခါနီးဝယ် “ချစ်.… မည်သည့်နေရာ၌ နှစ်ချို့ဆန်ကလေးနှင့်
နွားနို့ ထောပတ် တင်လဲများ ရှိရစ်တယ်၊ သ္မီးမောင်တော် လာတဲ့
အခါ ဆွမ်းချက်၍ ကပ်ပြီးလျှင် … သ္မီးလဲ စားရစ်နော် ” ဟု သ္မီးကို
ပြောဆို မှာထား၏၊ “မေမေကော ဘာစားမလဲ”ဟု သ္မီးက မေးရာ
“မေမေတော့ ပုန်းရည်ဟင်းနှင့် ညကကျန်တဲ့ထမင်းကြမ်းကိုစားပြီး
ပြီ”ဟု ပြော၏၊ “နေ့စာကော ဘာစားမလဲ မေမေ”ဟု ထပ်၍မေး
လျှင် “နေ့စာတော့ သ္မီးရယ်... ဟင်းရွက်ကလေးရောပြီး ဆန်ကွဲကို
ယာဂု ကျိုထားလိုက်တာပါ” ဟု ပြောဆို မှာထား၍ တောသို့
သွားရှာလေသည်။
ထို သားအမိနှစ်ယောက် ပြောဆိုသံကို အယျမိတ္တမထေရ် ဆွမ်းခံ
အလာတွင် ရွာအနီးမှကြား၍ မိမိကိုဆုံးမသည်မှာ“နားထောင်စမ်း
အယျမိတ္တ… ဒါယိကာမကြီးမှာ မိမိအတွက် ပုန်းရည်ဟင်း ထမင်း
ကြမ်းနှင့် ဟင်းရွက်တွဲသည့် ဆန်ကွဲယာဂုကို စားသောက်လျက် သင့်
အတွက်မှာ နှစ်ချို့ ဆန်ကောင်းနှင့် နွားနို ့ ထောပတ် တင်လဲကို
ကပ်ဘို့ရန် မှာနေရှာသည်၊ သင်၏ အပေါ်၌ ဝတ်စား တန်ဆာနှင့်
လယ်ယာမိုင်းမြေ ပစ္စည်းတွေကိုမြှော်၍ ယခုလောက် ဂရုစိုက်သည်
မဟုတ်၊ လူ နတ် နိဗ္ဗာန်ကို မှန်း၍သာ ဂရုစိုက်ခြင်း ဖြစ်သည်၊ သူ
ရည်ရွယ်တဲ့ ချမ်းသာကို အသင် ပေးနိုင်ပါ့မလား၊ ကိလေသာ
အာသဝေါ မကုန်သမျှ ဒကာမကြီးရဲ့ ဆွမ်းကို အသင် မစားထိုက်”
ဟု ဆုံးမပြီးလျှင် ဆွမ်းခံမဝင်ဘဲ ပြန်၍ တရားကို အားထုတ်လေရာ,
ပင်ကိုယ်က စင်ကြယ်သောသီလနှင့်အားထုတ်၍အသားကျနေသော

## PAGE 78

၁ ၃ ၆
ရတနာ့ဂုဏ်ရည်
ကမ္မဋ္ဌာန်းဘာဝနာ အစွမ်းကြောင့် သိပ်ကြာကြာ အားမထုတ်ရဘဲ
ချက်ခြင်းပင် ရဟန္တာ ဖြစ်လေသည်။
ထို့နောက် ဆွမ်းခံဘို့ အချိန်ရှိသေး၍ ဆွမ်းခံဝင်လေသော်,
စောင့်မျှော်နေသော နှမတော်က ဆွမ်းလောင်း အပြီးတွင် အထူး
ကြည်လင်သော မျက်နှာကို မြင်လိုက်ရ၍ မိခင် ပြန်လာသောအခါ
“မေမေ…ယနေ့ မောင်တော်ရဲ့ မျက်နှာ လွန်စွာ ကြည်လင်နေပါ
တယ်”ဟု ပြောပြလေရာ, “ယနေ့ ငါ့သားကြီးမှာ ရဟန်းကိစ္စပြီးစီး
လေပြီ” ဟု ပြောဆိုကာ ဝမ်းမြောက်ရှာသတဲ့၊ ဒါယိကာမကြီးနှင့်
သ္မီးလဲ ရဟန္တာ
အရှင်မြတ်ကို ဆွမ်းလှူရာ ရောက်ပေသည်။ [ ဒီဃ
နိကာယ မဟာဝဂ္ဂ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။]
66
b
တိုက်တွန်းချက် ။ ။ ဤသို့လျှင် သူတော်စင် သံဃာတော်
အပေါင်း၏ လူတို့ ရိုသေမှုနှင့် ထိုက်တန်အောင် ကျင့်ကြံတော်မူကြ
သည်ကို အာရုံပြုကာ ယခုကာလ ရဟန်းတော်အများလည်း မိမိတို့
ဘက်က မလိုရအောင် သတိထားနိုင်မှ တာဝန် ကျေကြပေမည်၊
ငါ့လှေ ငါထိုး ပဲခိုး ရောက်ရောက် ” ဆိုတာလို ကိုယ်ထင်ရာကြဲ
နေလျှင် နောင်သံသရာရေးကို မဆိုထားဘိ, ယခုဘဝ အရေးမှာပင်
တဖြည်းဖြည်း မလယ်ကူသော အခြေအနေကိုတွေ့ရတော့မည်၊ ယခု
အခါ - ဟူသော ဝါဒ, ဘာသာ ရှိသော်လည်း အရေး
ား ခေတ်စားလာပုံကို ဆင်ခြင်ကာ နောင်ရေး
ဗေဒင်မေးစရာ မလိုပါသဖြင့် “ပညာရှိသော်
ား ” သတိကြီးစွာ ထားကြပါရန် ထပ်မံ၍
"
"
ပုရိသယုဂါနိ ပါဠိအဖွင့်
(ကျက်မှတ်ရန်)
၁၃၇
စတ္တာရိ’ မဂ် ဖိုလ် နှစ်ပါး, အစုံအားဖြင့် လေးပါးကုန်သော၊
ယဒိဒံ ပုရိသယုဂါန်’အကြင်
ယောက်ျားအစုံတို့သည်၊ အဋ္ဌ-အသီး
အခြား ခဲ့သောအားဖြင့် ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလာ– ပုရိသ
ပုဂ္ဂလ ခေါ်ကြထိုထို မြင့်မြတ်သော ပုဂ္ဂိုလ်တို့ပါပေတည်း။
"
X
☑
ကြည့်ရှုရန် အဓိပ္ပါယ်
"
☑
ဤ “ စတ္တာရိ ပုရိသယုဂါနိ ” စသော စကားတို့ကား သံဃာ့
ဂုဏ်တော်ကို ပြသော စကားမဟုတ်, သောတာပတ္တိမဂ်ကို ရသော
ပုဂ္ဂိုလ်နှင့် သောတာပတ္တိဖိုလ်ကိုရသော ပုဂ္ဂိုလ်နှစ်ပါးတွဲလျှင် တစုံ
ဤသို့ စသည်ဖြင့်“မဂ်ဖိုလ်ကိုရသော ပုဂ္ဂိုလ်နှစ်ပါးကို တစုံစီတွဲလျှင်
အရိယာလေးစုံဖြစ်၍ အသီးအခြားခဲ့လျှင် ဂမျိုးဖြစ်၏”ဟု ပြသော
စကားတည်း၊ ထိုသို့ ပြခြင်းသည်လည်း မဂ်ကိုရလျှင် ချက်ခြင်း ဖိုလ်
ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်၏ တယောက်ထည်းသာ
ဖြစ်ကြောင်းကို သိစေတော်မူလိုရင်း ဖြစ်ဟန်တူပါသည်။
အစုံ ၄ ပါးကား
၁။ သောတာပတ္တိမဂ်ရပုဂ္ဂိုလ်,
၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်
၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်
၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်
သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်။
သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်။
အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်။
အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ်။

## PAGE 79

၁၃၀
(၅)
ရတနာ့ဂုဏ်ရည်
အာဟုနေယျ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
ဘဂတော-
- ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ဧသ ဧသော သာဝကသံဃော- အစုံလေးပါး သီးခြားရှစ်ဖေါ်,
သံဃာတော်အပေါင်း, ဤ အရိယာသူတော်ကောင်းသည်၊ အာဟု
နေယျော က တုံ့ပြန် ကြီးလေး, အကျိုးပေးသဖြင့်, အဝေးမှယူ
ဆောင်၍မူလည်းကြည်ဖြူ၊ လေးမြတ်, ပူဇော်အပ်သည့် လာဘ်
သပ်ပကာ အဖြာဖြာကို ကောင်းစွာ သိမ်းပိုက်, ခံယူခြင်းငှါလည်း
ထိုက်တော်မူပါပေ၏။
☑
-
ကြည့်ရှုရန် အဓိပ္ပါယ်
×
အာဟုနေယျ ဂုဏ်တော်သည် “ အဝေးမှ ယူဆောင်၍ ပူဇော်အပ်သော
ပစ္စည်းကို ခံယူထိုက်၏” ဟုသော အနက်ကိုပြသည်။ [အာ+ ဟုန+
ယျ၊ အာ = အဝေးမှ ယူဆောင်၍ + ဟုန = ပူဇော်အပ်သော
ပစ္စည်း+ယျ= ခံထိုက်သည်။ ]
အရိယာ သံဃာတော်သည် လှူဒါန်း ပူဇော်သူတို့အား အတုံ့
ပြန်၍ ကြီးကျယ် မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြ
သဖြင့် အနီးအပါးကို မဆိုထားဘိ, တနယ်တကျေး ဝေးသော
ရွာတို့မှသော်လည်း လှူဘွယ်များကို တမင်္ဂလာ ဆောင်ယူ၍ ပေးလှူ
ပူဇော်ခြင်းငှါ ထိုက်တန်တော်မူပေသည်၊ ထို့ကြောင့် ရှေးက ဒါန
အကျိုးနားလည်ကြသော သူတော်ကောင်းတို့သည် ထိုသို့ ဆောင်
ယူကာ များစွာ ပူဇော်ဘူးကြလေပြီ။
အာဟုနေယျ ဂုဏ်တော်ဖွင့်
သကြားမင်းနှင့်
သုဇာမိဖုရားတို့ဉာဏ်
၁၃ ၉
နတ်ပြည်၌ နတ်အများ ရှိကြလေရာ သာသနာပ အခါက ဖြစ်နှင့်
သော နတ်များထက် သာသနာတွင်းကျမှ ဖြစ်ရသော နတ်တို့က
အစစ အရာရာ ခပ်သာသာ ဖြစ်နေ၏၊ အချို့ နတ်များကား သကြား
မင်းထက်ပင် ကိုယ်ရောင် အဆင်းနှင့် စည်းစိမ် အခြွေအရံ သာလွန်
လျက် ရှိ၏။
ထို ့ကြောင့် အခါတပါး၌ အရှင်မဟာကဿပမထေရ် နိရောဓ
သမာပတ်မှထတော်မူပြီးလျှင်
ဆင်းရဲသူတို့၏နေရာ ရပ်ကွက်၌ဆွမ်းခံ
ဝင်တော်မူလေရာ သကြားမင်းနှင့် သုဇာ မိဖုရားတို့သည် အိုမင်း
သော လူဆင်းရဲသ္မီးခင်ပွန်းယောင်ဆောင်၍ ထိုရပ်ကွက်၏အစဆုံး၌
အိမ်ငယ်တဆောင်ကို ဖန်ဆင်းလျက် နေနှင့်လေသည်၊ ရဟန္တာအရှင်
မြတ်လည်း အထူးအထွေ ဆင်ခြင် စဉ်းစားတော်မမူဘဲ အိမ်ကုပ်
ကလေး၌
အဖိုးအိုနှင့် အမယ်အိုတို့ အလုပ် လုပ်နေကြပုံကို မြင်၍
သနားသဖြင့် ရပ်တော်မူလေသည်။
<
အဖိုးကြီးသည် မျက်စိများကိုပွတ်ကာ သပ်ကာနှင့် “ အိမ်ပေါက်
မှာ ကိုယ်တော်တပါး ဆွမ်းရပ်နေပါကလား,ဒုက္ခ ဒုက္ခ, ဘာမှလဲ
ရှိမယ်မထင်ဘူး”ဟု ညည်းညူလျက် အနားသို့ လာပြီးလျှင် “ ဟင်…
ဒီကိုယ်တော်ကြီးပါတကား ဟေ့ရှင်အဝှါ….ဘာများရှိသေးတုန်း”
ဟုမေးရာ, အမယ်အိုကလည်း ထိုထိုဤဤ ရှာဖွေနေဟန်ဖြင့် အတန်
ကြာမှ “ရှိသေး၍တော့” ဟု ပြောပြောဆိုဆို လာ၍ ဆွမ်းလောင်း
လေလျှင်, တရပ်လုံး မွှေးကြိုင်သွားလေသည်။

## PAGE 80

၃၄၀
ရတနာ့ဂုဏ်ရည်
66
ထိုအခါကျမှ သကြားမှန်း သိ၍ “ ဆင်းရဲသူကို ချီးမြှောက်လို
သဖြင့် ဆွမ်းခံဝင်ရာ၌ သင့်လိုသကြားက လူဆင်းရဲ လုပ်ရသလား
ဟု အပြစ်တင်တော်မူလျှင် “တပည့်တော်မှာ သာသနာပကဖြစ်ရတဲ့
သကြားမို့ စည်းစိမ်မကြီးပါ၊ သာသနာတော်တွင်းမှ ရောက်လာ
သော နတ်မင်းများလောက် အရှိန် မတောက်သဖြင့် နတ်ဆင်းရဲပင်
ဖြစ်ပါသည် ” ဟု လျှောက်၍ “ အဟောဒါနံ ပရမဒါနံ၊ ကဿပေ
သုပ္ပတိဋ္ဌိတံ= ဝမ်းမြောက်စရာ အလှူဒါန, အလွန်မြတ်သော အလှူ
ဒါနသည် အရှင်မဟာကဿပ၌ တည်လေပြီ”ဟု ဥဒါန်းကျူးလျက်
နတ်ပြည်သို့ တက်သွားလေသည်၊ ဤသို့လျှင် အရိယာ သံဃာတော်
များသည် အဝေးရပ်မှ ယူဆောင်၍ ပေးလှူသမျှကို ခံယူထိုက်ကြ
ပေသည်။
H
တိုက်တွန်ချက် ။ ။ ဤဝတ္ထုသွားကို ထောက်လျှင် ပညာရှိ
မှန်သမျှသည် နတ်စည်းစိမ်ကို စံနေရသော်လည်း ဒါန အကျိုးကို
သိမြင်ကြသဖြင့် ဝေးကွာသော နတ်ပြည်ခရီးမှပင် တမင်လာလျက်
လှူဒါန်းကြသောကြောင့် ယခုကာလ စည်းစိမ်ရှင်များလည်း ကံနှင့်
ကံ၏အကျိုးကို နားလည်ကြပါမူ ကုသိုလ်ကောင်းမှုများကိုကြိုးစား
ပြုကျင့်ကြပါလော၊ တသက်လျာမျှ တဝမ်းဝတို့စီးပွားအတွက် ယခု
ဘဝတွင် ရရှိပြီးအခြေအနေမှ မလျှောကျရအောင်
နေ့စဉ် ကြိုးစား
သကဲ့သို့ တသံသရာလုံး စီးပွားအတွက် အဆက်ဆက် တန်းမြင့်၍
ဤ ဤ
သူတော်စင်များအတွက် အလိုရှိရာရာ ဘဝသည် ဗုဒ္ဓဘာသာဝင်
ဖြစ်ပါသည်။
ပါဟုနေယျ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
၁၄၁
(၆) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊
သေ သော သာဝကသံဃော - အစုံလေးပါး, သီးခြားရှစ်ဖေါ်,
သံဃာတော်အပေါင်း, ဤ အရိယာသူတော်ကောင်းသည်၊ ပါဟု
နေယျော- ဝေးရပ် မျိုးနွယ်, များဧည့်သည်တို့ ရည်ရွယ် မှန်းထား
ပစ္စည်းများကို ဘုရားတဆူ ပွင့်တော်မူမှ ပေါ်လာကြသည့် ကမ္ဘာ့
ဧည့်ကောင်း, သူတော်ပေါင်းမို့ အကြောင်းတိုက်စွာ, ပေးလှူခြင်း
ငှါလည်း ထိုက်တော်မူပါပေ၏။
☑
X
2
ကြည့်ရှုရန် အဓိပ္ပါယ်
☑
ပါဟုနေယျ ဂုဏ်တော်သည် “ ဧည့်သည်တို့တို့ စီမံအပ်သော ပစ္စည်းကို
ခံယူထိုက်၏ ” ဟူသော အနက်ကို ပြသည်။ [ပ+အာ+ဟုန+ဧယျ၊
ပ = အရပ်တပါးမှ + အာ = လာသော ဧည့်သည်တို့အား + ဟုန =
ပူဇော်အပ်သောပစ္စည်း + ဧယျ = ခံယူထိုက်သည်။ ]
-
ယခုကာလ ရိုးရာ ဧည့်သည်များမှာ တွေ့ကြုံဘို့ လွယ်ကူပါ၏၊
ဧည့်ဝတ်ပြုဘို့လည်း လွယ်ကူပါ၏၊ အရိယာသံဃာတော်များကား
ဘုရား တဆူတဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံခဲသော
ကမ္ဘာ့ ဧည့်သည်တော်ကြီးများ ဖြစ်ကြပေသည်၊ ထိုဧည့်သည်တော်
များသည် ရိုးရာ ဧည့်သည်များအတွက် ချက်ပြုတ် စီမံထားအပ်သော
ပစ္စည်းများကိုလည်း ခံယူထိုက်ကြပေသည်။
