## PAGE 81

၁၄၂
ရတနာ့ဂုဏ်ရည်
ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
(၇) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သေ ဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖေါ်
သံဃာတော် အပေါင်း ဤ အရိယာသူတော်ကောင်းသည်၊ ဒက္ခိ
ဏေယျော-တမလွန် စခန်း, ကြီးပွားလမ်းဘို့ မြှော်မှန်း ရည်ရွယ်
ပေးလှူဘွယ်ကို ရည်ရွယ်သမျှ အကျိုးရသဖြင့် တစ မချန်, အလှူခံ
ခြင်းငှါလည်း ထိုက်တော်မူပါပေ၏။
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
ဒက္ခိဏေယျ ဂုဏ်တော်သည် – အလှူကို ခံထိုက်၏ ” ဟူသော အနက်ကို
ပြသည်။ [ ဒက္ခိဏ + ဧယျ။ ဒက္ခိဏ =အလှူ ( လှူဘွယ်ဝတ္ထု ) +
ဧယျ = ခံယူထိုက်သည်။ ]
+
နောင် တမလွန်ဘဝ၌ ကြီးပွားချမ်းသာဘို့ ရည်မှန်း၍ လှူဒါန်း
အပ်သော အလှူကို “ဒက္ခိဏာ” ဟု ခေါ်၏၊ အရိယာသံဃာတော်
များသည် ရည်မှန်းတိုင်းသော အကျိုးကို ရစေနိုင်သောကြောင့် ထို
ဒက္ခိဏာကို ခံယူခြင်းငှါ ထိုက်တန်တော်မူကြပေသည်၊ ထို ဒက္ခိဏာ
သည် မိမိအတွက် ချမ်းသာဘို့ရန် လှူဒါန်းခြင်းတမျိုး သေလွန်သူ
မိဘ ဆွေမျိုးများအတွက် လှူဒါန်းခြင်းတမျိုးဟု နှစ်မျိုးရှိ၏။
( ၁ ) မိမိအတွက် အလှူသည် အခွင့်သာလျှင် သင့်ရာဘဝ၌
နိဗ္ဗာန်မရမခြင်း အကျိုးပေးမည်၊
ယခုအခါ ဗုဒ္ဓဘာသာဝင် မဟုတ်
သူတို့ ကောင်းကျိုးခံစား နေကြရသည်မှာလည်း သူတို့သန္တာန်မှာ
(အဋ္ဌမအကြိမ်)
ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
၁၄၃
ရှေးက ထို “ ဒက္ခိဏာ ” အလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်သည်၊
ရှေးက ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစား နေကြရသည်၊
ယခုဘဝ၌ပြုမိသော မကောင်းမှုများအတွက် နောက်နောက် ဘဝ၌
သိသာလတံ့၊ ၉၁ ကမ္ဘာအတွင်းဝယ် မိစ္ဆာဒိဋ္ဌိ ဖြစ်ပါလျက် နတ်
ပြည်သို့ ရောက်သူမှာ တယောက်သာ ဘုရားရှင် တွေ့မြင်တော်မူပါ
သတဲ့၊ [ မိစ္ဆာဒိဋ္ဌိ ဟူရာ၌ သဲသဲမဲမဲ သူတို့အယူ၌ စွဲလမ်းသူကိုသာ
ဆိုလိုသည်၊ ဗုဒ္ဓဘာသာ မဟုတ်ရုံမျှကို မဆိုလို။ ]
(၂) သေလွန်သူ ဆွေမျိုးများကိုမှန်းလျက် လှူဒါန်းရာ၌ကား
သေသူက ငရဲကျသော်၎င်း, တိရစ္ဆာန် အမိဝမ်း၌ ဖြစ်သော်၎င်း,
အလွန်ဝေးသော တော, တောင်, မြစ်, သမုဒြာကမ်း၌ ပြိတ္တာ
ဖြစ်နေသော်၎င်း လူ့ အမိဝမ်း၌ ဖြစ်ရသော်၎င်း, နတ်ဗြဟ္မာ ဖြစ်ရ
သော်၎င်း, ဤက လှူဒါန်းသော ကုသိုလ်ကို သူတို့ မသိနိုင်ကြ၊
သိနိုင်သော်လည်း သူတို့မှာ အကျိုးထူး မရကြ၊ သို့သော်လှူဒါန်းသူ
ဆွေမျိုးတို့မှာကား ထုံးစံအတိုင်း ဒါနကုသိုလ် ဖြစ်ကြပါသည်။
သေလွန်သူသည် မိမိအိမ် ရွာ မြို့ အနီးအပါး အကြိုအကြား၌
သွားလာလျက် စားရမဲ့သောက်ရမဲ့ပြိတ္တာမျိုး(အစိမ် တစ္ဆေ သူရဲ)
ဖြစ်နေလျှင် ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း-သင်္ကန်း စသည်ကို
လှူဒါန်း၍“ဤအလှူသည် သွားလေသူ အမိ(အဘ ဆွေမျိုး)အတွက်
ဖြစ်ပါစေသတည်း၊သွားလေသူ အမိ(အဘ ဆွေမျိုး)မည်သူမည်ဝါ
သည် ချမ်းသာပါစေ သတည်း”….“ဤ ကုသိုလ်ကို ဝမ်းမြောက်စွာ
သာဓုခေါ်ပါလော, အညီအမျှ ကုသိုလ်ရအောင် အမျှယူပါလော
အမျှပေးပါ၏” ဟု ပြောဆို၍ အမျှဝေသောအခါ ထို ပြိတ္တာများ
(အဋ္ဌမအကြိမ်)

## PAGE 82

၁၄၄
ရတနာ့ဂုဏ်ရည်
တွေ့မြင် ကြားသိလျှင် သာဓုခေါ်၍ အဝတ်အစားတို့ကို နတ်သ္မီး
နတ်သားများ ကဲ့သို့ပင် ရရှိနိုင်ကြသည်၊ မိမိအတွက် လှူဒါန်းနေ
သော်လည်း မမြင်မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြသေး
ထို့ကြောင့် သေလွန်သူကို ရည်မှန်း၍ “ဒက္ခိဏာ”ကို ပြုသောအခါ
မပြုမီကပင် အချို့အရပ်၌ သုသာန် စသည်သွား၍ “ ယနေ့ အလှူ
ဒါနပြုမှာမို့ လိုက်ခဲ့ပါ ”ဟု ဖိတ်မန်ကာ အိမ်သို့ ခေါ်လာကြသည်၊
ထိုကုသိုလ်ကို အလွန်ဝေးသော ရှေးရှေးဘဝက ပြိတ္တာဖြစ်ကြသော
ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် အဘို့ရခွင့် ရှိပါ၏။
ထို့ကြောင့် တစုံတယောက် ဆုံးသောအခါ ဆူဆူပူပူနှင့် ပကာသန
အတွက် သုသာန်မှာ လှူခြင်းထက် မိမိအိမ်မှာပင် ဆုံးသည့်နေ့က
စ၍ လှူဒါန်းလျက် အမျှဝေသော နည်းသာ ကောင်းမြတ်ပါသည်။
ရက်လည်ဆွမ်း။ ။အချို့အရပ်၌ ဆွေမျိုးတယောက် အနိစ္စ
ရောက်ပြီးသောအခါ ရက်လည်ဆွမ်းကျွေးမှုကို ပြုကြ၏၊ထိုသို့ပြုရာ၌
အကြောင်းရင်းကား “လူတယောက်သေဆုံးသောအခါ ကံပစ်ချရာ
ဘဝသို့ချက်ခြင်းမပြောင်းသေးဘဲ ဘဝဟောင်း၌ရှိရစ်သောအိမ်နှင့်
ဆွေမျိုးများ၏ အနီးအပါးဝယ် တဝဲလည်လည်နှင့် လှည့်လည်
ကြည့်ရှုကာ ခုနစ်ရက်ကြာအောင် နေသည် ” ဟု အယူရှိ ကြ၏
ထို့ကြောင့် ခုနစ်ရက်ပြည့်သောအခါ “ဘဝတပါးသို့အပြောင်းတွင်
ဘဝဟောင်းက ဆွေမျိုးများပြုသော ကုသိုလ်ကို ဝမ်းမြောက်စွာ
သာဓုခေါ်ပြီးလျှင် ကောင်းရာဘဝသို့ရောက်ပါစေတော့”ဟုရည်စူး
လျက် ၇ ရက်လည်မှ ဆွမ်းသွတ်ကြသည်။
ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
၁၄၅
နည်းလမ်း မဟုတ်။ ။စင်စစ်မှာ ထိုသို့ မှတ်ထင် စွဲလမ်းသည့်
မဟိုင်း ၇ရက်မျှ မိမိအိမ်၏ အနီးအပါးတွင် စောင့်စား လှည့်လည်
နေတော့သည် မဟုတ်ပါ၊ ကံစီမံရာဘဝသို့ ချက်ခြင်းပင် ပြောင်းကြ
ရပါသည်။ ငရဲ ရောက်မည့်သူကို ကံက ဆိုင်းငံ့
စောင့်စားနေမည်
မဟုတ်၊ ချက်ခြင်း ပစ်ချလိမ့်မည်၊ နတ်ပြည် ရောက်မည့်သူကလည်း
ဆွေမျိုးဟောင်းများကို ငဲ့ညှာနေမည် မဟုတ်၊ အိမ် အနီးအပါး၌
နေ၍ ဤဘဝ ဆွေမျိုးများကပြုမည့်ကုသိုလ်ကိုမြှော်လင့်နေသူကား
ပြိတ္တာဘပ ရောက်နေသူသာတည်း၊ ထို့ကြောင့် ရက်လည်အောင်
ဆိုင်းငံ့ခြင်းသည် နည်းမှန်မဟုတ်ပါ၊ ဆုံးသည့်နေ့ကစ၍ တတ်အား
သမျှ ကုသိုလ်ပြု အမျှဝေခြင်းသာ နည်းလမ်းကျပါသည်။
ပြိတ္တာ ရှစ်သောင်းလေးထောင်။ ။ဤကမ္ဘာမှ ပြန်၍ရေတွက်
သော် ၉၂ ကမ္ဘာထက်၌ “ဖုဿ” မည်သော ဘုရားရှင် ပွင့်တော်မူ
ပါသည်၊ ထို ဘုရားရှင်၏ ညီတော် မင်းသား သုံးယောက်တို့သည်
စည်းစိမ်များကို ဘဏ္ဍာရေးမင်းကြီးနှင့် အခွန်ဝန်အား လွှဲအပ်၍
အရပ်ရပ် ကိစ္စတို့ကို မှာထားပြီးလျှင် ကျွန်တော်ရင်း တထောင်နှင့်
တကူ တဝါတွင်းလုံး * ဆယ်ပါးသီလ စောင့်ထိန်းလျက် ကျောင်း
တော်မှာ နေကြလေသည်၊ လွှဲအပ်ခဲ့သော ဝန်ကြီးများက ဘုရား
အမှူးရှိသော သံဃာတော်များနှင့်တကွ မင်းသားတို့၏ အခြွေအရံ
များအတွက်ပါ ချက်ပြုတ်၍ ပြုစုကြရ၏။
X
☑
X
X
*ဤစကားကို ထောက်၍ “ရှိရင်း ရွှေ ငွေကို တခါထည်း မပေး မစွန့်
သော်လည်း သီလ စောင့်ခိုက်၌ မကိုင် မခံလျှင် ၁ဝ ပါးသီလကို
စောင့်ကောင်း၏” ဟု သိသာ၏။
၁၅ (အဋ္ဌမအကြိမ်)

## PAGE 83

၁ ၄ ၆
ရတနာ့ဂုဏ်ရည်
ထိုအခါ ကိစ္စကြီးငယ် ရွက်ဆောင်ပြုလုပ်ချက်ပြုတ်ကြသူ ဝန်မင်း
ဆွေမျိုးတို့သည် ရှစ်သောင်း လေးထောင်ခန့် ရှိသတတ်၊ သူတို့သည်
သံဃာတော်များအတွက် ချက်ပြုတ်ထားသော စားသောက်ဘွယ်မှ
သံဃာတော်များ မကပ်ရခင် နေ့စဉ်မပြတ် သား သ္မီးများကိုလည်း
ကျွေးမွေးကြ မိမိတို့လည်း
စားသောက်မိကြသဖြင့် ဤကမ္ဘာ၏အစ
လောက်ကပင် အားလုံး ပြိတ္တာများဖြစ်ကြ၍ စားရမဲ့ သောက်ရမဲ့
နေကြရလေသည်။ ဤဝတ္ထုကိုထောက်၍ သူများ ဒါနပြုရာ၌ မိမိ
တို့က ဥုးဥးဖျားဖျားမစားမိအောင် ကလေးများကိုလည်းမကျွေး
မိအောင် သတိပြုကြပါ။]
ထို့နောက် ပွင့်တော်မူလာသော ရှေးဘုရားရှင်များ အထံတော်
သို့ ချဉ်းကပ်လျက် စားသောက်ရမည့်ကာလကို လျှောက်ထားကြ
ရာ, “ဂေါတမဘုရား ပွင့်တော်မူလျှင် သင်တို့၏ဆွေမျိုး ဖြစ်ခဲ့ဘူး
သော အခွန်ဝန်သည် ဗိမ္ဗိသာရမင်းဖြစ်၍ ဒါနပြုသောအခါ သင်တို့
အား အမျှပေးဝေလိမ့်မည်၊ ထိုအခါ၌ သင်တို့ စားသောက်ကြရပေ
လိမ့်မည်”ဟု မိန့်တော်မူခဲ့သဖြင့် အမြှော်ကြီး မြှော်လင့်၍ နေခဲ့ကြ
လေသည်။
ထို့နောက် ငါတို့ဘုရားရှင် ပွင့်တော်မူလာ၍ ဗိမ္ဗိသာရမင်းသည်
ရှေးဥးစွာ လှူဒါန်း ကျွေးမွေးသောအခါ အမျှ မဝေမိသဖြင့် အဖွဲ့
မရ၍ ညဉ့်အခါ အသံပြုလျက် ကိုယ်ထင်ပြကြလေသည်၊ ဗိမ္ဗိသာရ
မင်းလည်း ဘုရားအထံတော်လာ၍ အကြောင်းကို လျှောက်ထားရာ
အကြောင်းစုံကို ဟောတော်မူသောကြောင့် နောက်ထပ် သင်္ကန်း
ဆွမ်းတို့ကို လှူ၍ အမျှပေးမှ သာဓု ခေါ်ကြသဖြင့် ပြိတ္တာ အဖြစ်မှ
လွတ်မြောက်၍ နတ်အဝတ်အစားများ ပေါ်ပေါက်ရလေသတဲ့။
(အဋ္ဌမအကြိမ်)
ဒက္ခိဏေယျ ဂုဏ်တော်ဖွင့်
၁၄၇
သတိထားဘွယ်။ ။အမျှပေးဝေမှုနှင့် စပ်၍ သတိထားဘွယ်
တရပ်ကို ဥပရိပဏ္ဏာသ ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာ၌ တွေ့ရ၏၊
မုဆိုးတယောက်သည် သေလွန်၍ ပြိတ္တာ ဖြစ်နေသော ဆွေမျိုးကို
ရည်စူးလျက် သီလသိက္ခာမရှိသော (ရဟန်းအတု) ကိုယ်တော်အား
၂ ကြိမ်တိုင်အောင် အလှူပေး၍ အမျှပေးဝေသော်လည်း အမျှမရ
ဘဲ ရှိရာ, ၃ ကြိမ်မြောက် ပေးလှူပြန်သောအခါ ပြိတ္တာက “ငါ့ဘို့
ဥစ္စာကို ဒုဿီလကြီးက လုယူထားသည် ” ဟု အော်ဟစ် သတဲ့။
[ဒုဿီလကိုလှူ၍ အမျှ ပေးဝေသောကြောင့် “ငါ့မှာ အဖို့မရဘူး”
ဟု ဆိုလိုသည်။]
6
ထို ့ကြောင့် ဆွေမျိုးဟောင်းကို ရည်မှန်း၍ လှူဒါန်း ကြရာ၌
မိမိကိုယ်တိုင် သီလ ဆောက်တည်လျက် သီလရှိသူအား လှူဒါန်း၍
အမျှပေးဝေမှ အဖို့ရဘွယ်ရှိကြောင်း ကောင်းကောင်းကြီး သတိပြု
သင့်ကြပေသည်၊ သီလရှိသောပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်၎င်း
ရွေးချယ်ရမှာအားနာလျှင်၎င်း သံဃာအကုန်ကိုရည်မှန်းလှူဒါန်း၍
အမျှဝေသင့်ပါသည်။
"
“သံဃာ” ဟူရာ၌ ရဟန်းတော်အများ စုမိမှ – သံဃာ ” ဟု
မမှတ်ရ၊ ရဟန်းတပါးပင် ဖြစ်သော်လည်း မိမိက – သံဃာအား
လှူပါ၏”ဟု သံဃာကိုရည်စူး၍ ဆွမ်းတထပ်လှူလျှင်လည်း သံဃိက
ဒါန ဖြစ်နိုင်ပါ၏၊ ရဟန်းတော် အများကို ပင့်၍ လှူရာ၌မူ အထူး
ပြောဘွယ် မလိုပါ၊ ထို ့ပြင်– သေလွန်သူကို အကျိုးရစေလိုသော
ဆန္ဒဖြင့် ကုသိုလ်ပြုရာ၌ မည်သည့်နည်းနှင့်မျှ ဂုဏ် ပကာသနတွေ
မပါရအောင် သတိပြုသင့်ပါသည်။
(အဋ္ဌမအကြိမ်)

## PAGE 84

၁၄၈
ရတနာ့ဂုဏ်ရည်
အဉ္ဇလိကရဏီယ ဂုဏ်တော်ဖွင့်
( ကျက်မှတ်ရန် )
(ဂ) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား
၏၊ သေ ဧသော သာဝကသံဃော = အစုံလေးပါး, သီးခြား
ရှစ်ဖေါ်, သံဃာတော် အပေါင်း, ဤ အရိယာသူတော်ကောင်း
သည်၊ အဉ္စလိကရဏီယော - တလောကလုံး, ကိုင်းညွှတ်ရုံးလျက်
ရှင်ပြုံး ကြည်ညို ရိုသေမြတ်နိုး, လက်အုပ်မိုး၍ရှိခိုးခြင်းကိုလည်း
ထိုက်တော်မူပါပေ၏။
☑
X
ကြည့်ရှုရန် အဓိပ္ပါယ်
အဉ္စလိကရဏီယဂုဏ်တော်သည် “ လက်အုပ်ချီမှုကို ပြုထိုက်၏” ဟူသော
အနက်ကို ပြသည်။ [ အဉ္ဇလိ = လက်အုပ်ချီမှု + ကရဏီယ
ပြုထိုက်သည်။ ]
=
အရိယာ သံဃာတော်အပေါင်းသည် တလောကလုံးရှိ လူ နတ်
ဗြဟ္မာ သတွာတို့၏ ကြည်လင်ရွှင်ပျ မြတ်နိုးလှစွာ
ကိုင်းညွတ်ရိုသေမှု
လက်အုပ်ကို နဖူးပေါ်ရောက်အောင် မိုးလျက် ရှိခိုးမှုကို ခံထိုက်ပေ
၏၊ ပုထုဇဉ် သံဃာတို့ကား အရိုအသေခံထိုက်လောက်အောင် သီလ
သမာဓိ ပညာဂုဏ်မရှိပါလျှင် လူတို့က အရိုအသေပြုမှုကြောင့် မိမိတို့
အပေါ်၌ ကြီးလေးသောတာဝန်များ တက်ရောက်လာဘွယ်ရှိသည်၊
ဝိသုဒ္ဓိမဂ်လာ အောက်ပါ ဂါထာသည် အလွန် သံဝေဂဖြစ်ဘွယ်
ကောင်းသော ဂါထာပေတည်း။
အဉ္စလိကရဏီယ ဂုဏ်တော်ဖွင့်
၁၄၉
ပိဏ္ဍောပိဿ အယောဂုဠော,
အယောပဇ္ဇောဝ စီဝရံ၊
ဝိဟာရော အယောကုမ္ဘီဝ
သတ္တိဝေဓောဝ အဉ္ဇလိ။
အဿ-ထို သီလသိက္ခာ ကောင်းစွာ မစင်, ပုထုဇဉ်ဆိုး, ရဟန်း
မျိုး၏၊ ပိဏ္ဍောပိ - - ဒကာ ဒကာမ, သံဒ္ဓါကြွ၍, ထာဝရ လှူဒါန်း
စားဘွယ် ဆွမ်းသည်လည်း၊ အယောဂုံဠာဝ - အရှိန်ရဲရဲ မီးလျှံ
စွဲသည်, သံခဲ သံလုံး သံတုံးတွေနှင့် တူလှလေ၏။ စီဝရံ- ကိုယ်ဝယ်
ဆင်မြန်း ဝတ်သင်္ကန်းသည်၊ အယောပန္နောဝ - အရှိန် ကြီးမား
မီးလျှံဝါးသည့် သံပြားကြီးနှင့် တူလှလေ၏၊ ဝိဟာရော’သွား ရပ်
ထိုင် လျောင်း, နေရာကျောင်းသည်၊ အယောကုမ္ဘဝ – ဝန်းကျင်
တောက်ပြောင် ရဲရဲလောင်ညီးသံအိုးကြီးနှင့် တူလှလေ၏၊ အဉ္ဇလိ-
လူသူအားလုံး, များညွှတ်ရုံး၍, ရွှင်ပြုံးကြည်ညို, ရိုသေမြတ်နိုး
လက်စုံမိုး၍, ရှိခိုးကြခြင်းသည်၊ သတ္တိဝေဓောဝ အရောင်လက်လက်
မြမြထက်သည့် လှံရွက်ကိုမိုး ဝိုင်း၍ထိုးသည်နှင့် တူလှလေသတည်း။
မိမိ၏ သီလသိက္ခာ မလုံလောက်လျှင် ရဟန်းအဖြစ်၌ နေထိုင်
ဘို့ရန်ပင် မသင့်တော့ပြီ၊ ရဟန်းအဖြစ်ဟူသည် အလွန်ကြီးမားသော
ဆုထူးကို ရည်ရွယ် မှန်းထားသော အဂ္ဂသာဝက မဟာသာဝက
အလောင်း ဘုရားအလောင်း များနှင့်သာ, သို့မဟုတ် – နိဗ္ဗာန်ကို
မြန်မြန်ရလို၍ သံသရာ၌ ငြီးငွေ့သော သူတော်ကောင်း တို့နှင့်သာ
ထိုက်တန်၏၊ အမှတ်တမဲ့နေသူတို့မှာ ဗုဒ္ဓသာသနာတော်နှင့် မတန်
မရာချေ။
-

## PAGE 85

၁၅၀
ရတနာ့ဂုဏ်ရည်
သို့ပါလျက် အမြင်တိုသော ဆွေမျိုး များက “ လူ ့ဘောင်၌
တေလေ လုပ်နေလျှင် အိမ်မှာ အနှောက်အရှက် ပေးလိမ့်မည်,
ရာဇဝတ်မှု ကျူးလွန်လျှင် ထောင်ကျ၍ ဆင်းရဲလိမ့်မည်, ဘာမှ
အလုပ်အကိုင် မတတ်လျှင် အသက်မွေး ခက်လိမ့်မည်၊ ဘုန်းကြီး
လုပ်နေလျှင်ကား အစားအသောက် အနေအထိုင် မကြောင့်ကြရ
ဘာမျှ မလုပ်မကိုင်ဘဲ ဘုရားထူး ဥုးချခံ၍ ဟန်ဟန် ပန်ပန်ကြီး
နေနိုင်သည်” ဟု သူတို့တွက်ကိန်းအရ အိမ်၌ အသုံးကျပုံ မပေါ်
သူကို ဘုန်းကြီးလုပ်ဘို့ တိုက်တွန်းလိုက်ကြသဖြင့် သာသနာ့ဝန်ကို
မဆောင်နိုင်ဘဲ သာသနာတော်ကြီးကို “ဖိစီး” နေသော သာသနာ့
ဝန်စီးတွေ ပေါများ၍ နေသည်မှာ လွန်စွာ ဝမ်းနည်းဘွယ်ကောင်း
လှတော့၏။
လောက ကောင်းကျိုးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်ကောင်း
များနှင့် ဆက်ဆံခွင့်မရသော ခေတ်လူငယ် တချို့ က ထို သာသနာ့
ဝန်စီးများကို ကြည့်၍ ဘာသာရေးကို ပစ်ပယ်လိုသော စိတ်ထား
များလည်း ယခုအခါ ပေါ်ပေါက်လာသဖြင့် သာ၍ ကြောက်ဘွယ်
ဘေးကြီးနှင့် ရင်ဆိုင်ရတော့မလို ဖြစ်နေချေပြီ၊ ဝန်ဆောင်ပုဂ္ဂိုလ်
များသည် သာသနာသန့်ရှင်းရေးကိုကြိုးစားနိုင်ကြလျှင်
ကြိုးစားဘို့
အချိန် ရောက်နေပါပြီ၊ မကြိုးစားနိုင်ကြလျှင်ကား တခြားနိုင်ငံက
ဘုန်းကြီးများ၏ အခြေအနေသို့ ရောက်ဘို့ရန် အချိန်ကြာကောင်းမှ
ကြာပေမည်။တခြားနိုင်ငံ၌
ဘုန်းကြီးအခေါ်ခံရသူများကို အထက်
တန်းမှာ မထားကြ၊ ထို ဘုန်းကြီးများလည်း.. သင့်တော်သလို ရှာ
တွေ့၍ အသက်မွေးကြရရှာသည်။]
00000000
-
အနုတ္တရ ပုညခေတ္တ ဂုဏ်တော်ဖွင့်
(ကျက်မှတ်ရန်)
၁၅၁
လောက
ဘဂဝတော-ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား
၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး သီးခြားရှစ်ဖေါ်,
သံဃာတော်အပေါင်း, ဤ အရိယာသူတော်ကောင်းသည်၊
ဿ – လူ နတ် ဗြဟ္မာ, သဟ္မာအပေါင်း၏၊ အနုတ္တရံ – အတူ မရှိ
မြတ်ခေါင်ထိသော၊ ပုညခေတ္တံ’ ကုသိုလ် ကောင်းမှု မျိုးစေ့စု၏,
ကြီးထု မြင့်မား, စွင့်စွင့် ကားလျက်, ဖွင့်ထား ဘွယ်ရာ, လယ်ယာ
မြေကောင်းအတူ ဖြစ်တော်မူပါပေ၏။
ကြည့်ရှုရန် အဓိပ္ပါယ်
☑
အနုတ္တရံ ပုညခေတ္တ ဂုဏ်တော်သည် “ ကောင်းမှုမျိုးစေ့ကို ကြဲချ စိုက်ပျိုး
ဘို့ရာ မြတ်သောလယ်ယာနှင့် တူတော်မူ၏ ” ဟူသော အနက်ကို ပြ၏။
[အနုတ္တရ= မြတ်သော+ ပုည= ကောင်းမှု+ ခေတ္တ = လယ်ယာ။]
အရိယာ သံဃာတော်သည် လယ်ယာ မြေကောင်းနှင့် တူ၏၊
ကောင်းမှုရှင်များကား လယ်ယာရှင်နှင့်တူသည်၊ ကောင်းမှုရှင်များ
ပြုကြသော လှူဒါန်းမှု ရဟန်းတော်များ၏အဆုံးအမအတိုင်း သီလ
ဆောက်တည်မှု, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုမှာ အောင်အောင်
မြင်မြင် အနှစ်ပြည့်ဝသော မျိုးစေ့နှင့် တူသည်။
လယ်ယာ
စိုက်ပျိုးရာ၌ မြက် သစ်ပင်စသော အနှောက်အရှက်
ကင်း၍ သန့်ရှင်းသော လယ်ယာ၌ စိုက်ပျိုးသော မျိုးစေ့များသည်
စည်ပင် ပြန့်ပွား ဖွင့်ထွား ကြီးမားသကဲ့သို့ ကောင်းမှုရှင်များသည်
