## PAGE 86

၁၅၂
:
ရတနာ့ဂုဏ်ရည်
လှူဒါန်းမှု အစရှိသော မျိုးစေ့တို့ကို ကိလေသာ အညစ်အကြေးတို့မှ
ကင်းဝေး စင်ကြယ်ပြီးသော အရိယာသံဃာတော်၌ စိုက်ပျိုး ကြဲချ
လိုက်မှသာ နောင် အချိန်ကျသောအခါ အလွန် ကြီးမားသော
အကျိုးများကို စံစားကြရပါလိမ့်မည်။
ထို့ကြောင့် ယခုနှယ်အခါ အရိယာသံဃာဟူ၍ သိသိသာသာ
မထင်ရှားရကား သံဃာအများနှင့် စပ်ဆိုင်သော ကထိန်သင်္ကန်း
လှူဒါန်းမှု, နေ့စဉ် ဆွမ်းလောင်းမှု စသော ကိစ္စ၌ ပရိနိဗ္ဗာန် စံဝင်
ပြီးသောသံဃာတော်များနှင့် တသာသနာလုံး သံဃာတော်များကို
ရည်မှန်း၍ လှူဒါန်းကြပါ၊ တပါး နှစ်ပါးစသည် လှူဒါန်းရာ၌ကား
သီလ သမာဓိ ပညာ, ကောင်းစွာ လုံလောက်သော ပုဂ္ဂိုလ်များကို
ရွေးချယ်၍ လှူဒါန်းမှသာ အကျိုးများများ ရနိုင်မည်၊ ပုထုဇဉ်
သူတော်ကောင်းများလည်း သောတာပန်လောက်နီးနီး ခရီးရောက်
ကြပေသည်။
လာဇာနတ်သ္မီးဝတ္ထု။ ။ ဘုရားလက်ထက်တော်က ဆင်းရဲသူ
အမျိုးသ္မီးတယောက်သည် လယ်တောစောင့်ရင်း သရည်စာ အဖြစ်
ဖြင့် စားဘို့ရာ ပေါက်ပေါက်ကလေးများကို လှော်ထား၏၊ အရှင်
မဟာကဿပမထေရ်မြတ်လည်း နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲ
သူမကလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံ ကြွတော်မူသည်၊
အမျိုးသ္မီးကလေးသည် မိမိစားဘို့ရာ ပေါက်ပေါက်ကလေးများကို
လာရောက် လှူဒါန်းပြီးလျှင် ဝမ်းမြောက်ဝမ်းသာ မိမိ၏ အလှူကို
အောက်မေ့လျက် လယ်စောင့်တဲသို့ အပြန်တွင် ကစင်း (ကန်သင်း)
ရိုးမှ မြွေကိုက်သဖြင့် ချက်ခြင်းဆုံးလေသည်၊ ထိုအခါမိမိကုသိုလ်ကို
"
အနုတ္တရ ပုညခေတ္တဂုဏ်တော်ဖွင့်
၅ ၃
ဝမ်းမြောက်သောစိတ်ကစွဲနေသဖြင့် အလွန် မဆင်းရဲဘဲ နတ်ပြည်သို့
ရောက်၍ ပေါက်ပေါက်ဇာတွေ တွဲရရွဲဆွဲနေသော ဘုံ၌ နတ်သ္မီး
ဖြစ်ကာ “လာဇာနတ်သ္မီး”ဟု ထင်ရှားလေသည်။[ပေါက်ပေါက်ကို
ပါဠိလို “လာဇာ”ဟု ခေါ်သည်။]
ထို့နောက် အရှင်မဟာကဿပ မထေရ်ကို ကျေးဇူး တင်လှ၍
ဝတ်ကြီး ဝတ်ငယ် ပြုစုလိုသောကြောင့် အရှင်မဟာကဿပ နေရာ
လိုဏ်ဂူသို့ ဆင်းလာသောအခါ အရှင်မဟာကဿပက အပြုအစုံ
မခံသဖြင့် ငိုငိုရီရီနှင့် နတ်ပြည်သို့အပြန်တွင် ဘုရားရှင် မြင်တော်မူ၍
တရားဟောတော်မူရာ “သောတာပန်”အဖြစ်သို့
ဤသို့လျှင် အရိယာ သံဃာတော်သည် ကောင်းမှု တည်းဟူသော
ရောက်လေသည်၊
မျိုးစေ့ကို စိုက်ပျိုးဘို့ရာ အတုမရှိသော လယ်ယာမြေကောင်းနှင့်
တူပါပေသည်။ ဓမ္မပဒ အဋ္ဌကထာ ပါပဝဂ်။]
ဤဝတ္ထု၌ အနည်းငယ်သော ပေါက်ပေါက် ကလေးများကို
လှူဒါန်းမှုကြောင့် နတ်စည်းစိမ် ရရုံမျှမက သောတာပန် ဖြစ်သည့်
တိုင်အောင် ကြီးကျယ်သော အကျိုးထူးကို ရသည်မှာ ညောင်စေ့
ကလေးစိုက်ပျိုးလိုက်ရာ ညောင်ပင်ကြီးပေါက်လာသည်နှင့်တူသော
ကြောင့် “ညောင်စေ့လောက်လှူလိုက်လျှင် ညောင်ပင်ကြီးလောက်
ရ၏”ဟု ပြောစမှတ်ပြုကြပေသည်။
တိုက်တွန်းချက်။ ။ယခုကာလ မိကောင်း ဘကောင်း သား
သ္မီးတို့မှာ ရှေးကပြုခဲ့သော အကုသိုလ်တွေ ရှိစေကာမူ အကျိုးမပေး
ရလျှင် မနေနိုင်လောက်အောင် (အပါယ် ၄ ပါးသို့ မချရလျှင် မနေ
နိုင်လောက်အောင်)ကြီးကျယ်သောအကုသိုလ်ကံများကား အကျိုး

## PAGE 87

၁၅၄
ရတနာ့ဂုဏ်ရည်
ပေးသင့်သမျှ ပေးပြီးဖြစ်၍ နောက်ထပ်အကျိုးပေးဘို့ရာ အကုသိုလ်
ကံကြီးများ မရှိသလောက် နည်းပါးလေပြီ၊ ထို့ကြောင့် ယခုဘဝ၌
ကြီးကျယ်သော အကုသိုလ်ကံများကို နောက်ထပ် မဖြစ်ရအောင်
စောင့်စည်း၍ ကြိုးကြိုးစားစား ပါရမီဖြည့်သွားလျှင် ကောင်းသော
ဘဝသို့ ရောက်ဘို့ရန်မှာ မလွဲနိုင်တော့ပြီ၊ တကယ်တမ်း လိုချင်ပါမူ
နိဗ္ဗာန်နှင့် နီးလှပေပြီ။
ယခုဘဝကား သေရေး ရှင်ရေးထက် အရေကြီးသော ဘဝပေ
တည်း၊ ယခုဘဝ၌ မေ့မေ့လျော့လျော့နှင့် ခပ်ပေါ့ပေါ့နေသွားကြ
လျှင် သံသရာမှကျွတ်လွတ်ဘို့အတွက် မြှော်လင့်ချက် ဝေးလှ၏၊ ယခု
ဘဝ၌ အားရပါးရ ကြိုးစားကြလျှင်ကား အထက်တန်း ရောက်ဘို့
လည်း မခက် သံသရာမှ လွတ်ဘို့လည်း မခက်တော့ပြီ၊ သို့အတွက်
ကိုယ်စီကိုယ်င စိတ်ထား မြင့်မြတ်အောင် ပြုပြင်လျက် အကုသိုလ်
များကို အထူးဆင်ခြင်ကြပြီးလျှင် ပြခဲ့သောဝတ္ထုကိုထောက်ထား၍
ကုသိုလ်ကောင်းမှုကို နေ့စဉ် ကြိုးစားကြပါ၊ ထိုကဲ့သို့ ကြိုးစား၍
စိတ်ကောင်းထားသူသည် ဘဝအဆက်ဆက်၌ သူတော်ကောင်းနှင့်
တွေ့၍ ထို သူတော်ကောင်းအထံမှ ကောင်းသော ဩဝါဒကို ရနိုင်
ပါ၏၊ ထိုဩဝါဒအတိုင်း နေထိုင်လျှင် အပါယ် မကျနိုင်တော့ဘဲ
ပါရမီအဆင့်ဆင့် ရနိုင်ပါသည်။
သူတော်ကောင်း ဆိုသည်မှာ – (၁) ငါးပါးသီလကို လုံခြုံသူ
(၂)ငါးပါးသီလ၌ မပါသေးသောဒုစရိုက်များကို ရှောင်လေ့ရှိသူ
(၃)
ဣဿာ မစ္ဆရိယမဖြစ်အောင် သတိထားသူ, (၄) ဒါနစသော
ပုညကြိယဝတ္ထုကို စွမ်းနိုင်သမျှ ပြုလေ့ရှိသူသာတည်း။
သံဃာ့ရှိခိုးဂါထာဖွင့်
(ကျက်မှတ်ရန်)
ဧဝံ နဝဟိ ဂုဏေဟိ,
လောကမှိ ဝိတံ ဂဏံ၊
သာသနံ စိရဓာတာရံ
ဝန္ဒာမိ တီဟိ သာဒရံ။
-
၁၅၅
ဧဝံ နဝဟိ ဂုဏေဟိ -- ဤ သုပ္ပဋိပန္နတ, အစလာသည့်, ကိုးဖြာ
သော ဂုဏ်တော်အပေါင်းတို့ဖြင့်၊ လောကမှိ - ဘဝဂ် ဆုံးအောင်
ဘုံသုံးဆောင်၌၊ ဝိတံ - တိတ္ထိတို့ဘောင်, လွန် မြားမြောင်သည့်
ဟန်ဆောင်သံဃာ အဖြာဖြာထက်, အရာရာဖြင့် ဂုဏ်ရည်တင့်၍
ကြီးမြင့် ထင်ရှားပေထသော၊ သာသနံ – ကမ္ဘာ့ကမ္ဘာ, လွန်လေ
ပါလည်း တခါတဖန်, ကြုံရန်ခဲကပ်, အမြတ်ရတနာ, ဤသာသနာ
တော်မြတ်ကြီးကို၊ စိရဓာတာရံ-ဘုရားလက်ထက် အဆက်ဆက်မှ
မပျက်ရအောင် ပို ့ချသင်ယူ ဆောင်ရွက်တော် မူလာပေထသော၊
ဂဏံ - အတွင်းစိတ်ဓာတ်, မြင့်မြတ်ကြည်လင်, သူတော်စင်ကောင်း,
အရိယာသံဃာတော်အပေါင်းကို၊ တီဟိ - လက်အုပ်အဉ္စလီ နှုတ်သံ
ချီ၍ ရွှင်ကြည်မနေ သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ်
ကြည်ညို ရိုသေခြင်းရှိသည် ဖြစ်၍၊ ဝန္ဒာမိ – ဂုဏ်တော် ထုံမွှမ်း
ပုံတော်မှန်းလျက်, ချီးမွမ်း ထောမနာပဏာညွတ်ကျိုး, လက်စုံ
မိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား။
-
✗
✗
☑
☑
[ ဂုဏ်တော် ၉ ပါးကို သံဃာ့ဂုဏ်တော်ဖွင့်အစ၌ ပြခဲ့ပြီ။ ]
၉

## PAGE 88

၁ ၅ ၆
ရတနာ့ဂုဏ်ရည်
ကြည့်ရှုရန် အဓိပ္ပါယ်
ဘာသာ
တိတ္ထိတို့ဘောင် … ကြီးမြင့် ထင်ရှားပေထသော။
တိုင်း၌ ဘုရားအပြင် တပည့်သံဃာများလည်း ရှိကြရိုးပင် ဖြစ်ပေ၏၊
တိတ္ထိတပည့် ဟူသမျှတို့ထက် ဘုရားရှင်၏ အရိယာ ဖြစ်ပြီးသော
တပည့်သံဃာတော်များက အရာရာ၌ ဂုဏ်အရည်အခြင်း သာလွန်
ကျော်စောတော်မူကြပေသည်။
ရာဇဂြိုဟ် သဌေးကြီး ။ဘုရားရှင် လက်ထက်တော်အခါ
ရာဇဂြိုဟ်ပြည်၌ သဌေးတဦးသည် ရေချိုးရာမှ စန္ဒကူးနံ့သာတုံးကို
ရသဖြင့် သပိတ်လုပ်စေပြီးလျှင် ယခုကာလ၌ ရဟန္တာတွေ အလွန်
ပေါများနေပေသည်၊“ရဟန္တာအစစ်ရှိလျှင် ဤသပိတ်ကို တန်ခိုးဖြင့်
ဆောင်ယူပါလော”ဟု ကြော်ငြာပြီးလျှင် အတောင် ၆၀မြင့်သော
ဝါးကြီးကို စိုက်ထောင်ကာ သပိတ်ကို ဆွဲထားလေသည်၊ ထိုအခါ
တပည့် သံဃာများနှင့်တကွ တိတ္ထိဘုရား ဆရာကြီးများ ကိုယ်တိုင်
လာ၍ ဈာန်ပျံတော့မည့် ဟန်ကို ပြရာ၌ တပည့်များက “ အရှင်
ဘုရား ……… သပိတ်ကလေး တလုံးအတွက် အဖိုးများစွာ ထိုက်သော
တန်ခိုးတော်ကိုပြတော်မမူပါနှင့်ဘုရား”ဟု ဆွဲကြငင်ကြ တောင်းပန်
ကြ၍ ဟန်ကိုပြလျက် ပြန်ကြလေသည်။
ဤနည်းအတိုင်းဟန်ပြလျက် အချိန်ကုန်ပြီးနောက် ၇ရက်မြောက်
၌ကား အရှင်မောဂ္ဂလ္လာန်၏ တိုက်တွန်းချက်အရ အရှင် ပိဏ္ဍောလ
မထေရ်သည် သုံးဂါဝုတ်လောက်ရှိသော ကျောက်ဖျာကြီးကို ခြေမ
ဖြင့် တို့ယူ၍ ရာဇဂြိုဟ်ပြည်၏ အထက်ကောင်းကင်၌ ဈာန်ပျံလေရာ,
တပြည်လုံး အုံးအုံးကြွက်ကြွက် ဆူကာ “ အရှင်ဘုရား သတိထား
I
သံဃာ့ရှိခိုး ဂါထာဖွင့်
၁၅၇
တော်မူပါ………… ကျောက်ဖျာကြီး ကျလာပါမည်, သတိထားတော်
မူပါ” ဟု လက်နှစ်ဘက်ဖြင့် ဥုးခေါင်းပေါ်မှာ
ကွယ်ကာကြလျက်
တောင်းပန်သူက တောင်းပန် ဗန်း စကောစသည်ကို ဥုးခေါင်းပေါ်
တင်၍ ကွယ်ကာသူက ကွယ်ကာ အိမ်တွင်းမှာ ပုန်းသူက ပုန်းနှင့်
တရုန်းရုန်း လှုပ်ရှားနေလေသည်။ ဈာန်အဘိညာဉ်၏ တန်ခိုးသည်
လေးသောအရာ ပေါ့ ပေါ့သောအရာ လေးအောင်ပြုနိုင်၏။]
ထို ့နောက် အတော်ကြာအောင် လှည့်ဝဲပြီးမှ သဌေးကြီး၏ ပင့်
လျှောက်ချက်အရ ကျောက်ဖျာကြီးကို သူ့ နေရာချ၍ ကောင်းကင်မှ
ဆင်းသက်တော်မူခဲ့သည်၊ ဤသို့လျှင် ဘုရားရှင်၏သာဝကဖြစ်သော
သံဃာတော်များသည် တိတ္ထိတို့၏ ဟန်ဆောင်သံဃာများနှင့် အနေ
အထိုင်မှစ၍ ဂုဏ် အရည်အခြင်းအားဖြင့် အရာရာ က္ခာခြားလျက်
ကြီးကျယ် ထင်ရှားပါပေသည်။ [ စူဠဝဂ္ဂပါဠိတော် - ခုဒ္ဒကဝတ္ထု
ခန္ဓက။
သာသနာ သုံးရပ်
(၁) ပရိယတ္တိသာသနာ = ပါဠိတော်နှင့် အဋ္ဌကထာကျမ်းစာများ။
(၂) ပတိပတ္တိသာသနာ = တရားတော်အတိုင်း ကျင့်ကြံအားထုတ်မှု။
(၃) ပတိဝေဓသာသနာ = မဂ်ဖိုလ် နိဗ္ဗာန်တရားကို သိကြ ရကြမှု။
သံဃာတော်သည် သာသနာတော်မဟုတ်, သာသနာ့ဝန်ဆောင်
များသာတည်း၊ ထို သာသနာ့ဝန်ဆောင်ဖြစ်ကြသော သံဃာတော်
များ၏ တာဝန်ကား အထက်ပါ သာသနာ သုံးမျိုးကို ကိုယ်တိုင်
အားထုတ်ခြင်း, သူတပါးတို့ကို နားလည်အောင် ပို ့ချ ဟောပြခြင်း
အားဖြင့် ကွယ်ပျောက်မသွားအောင် စောင့်ရှောက်ရခြင်းတည်း။

## PAGE 89

၁၅၀
ရတနာ့ဂုဏ်ရည်
"}
ဘုရားလက်ထက်…ဆောင်ရွက်တော်မူ ။ ။ ဤ သာသနာ
သုံးရပ်ကို မကွယ်ပအောင် ဘုရားလက်ထက်တော်မှစ၍ ကျမ်းဂန်
တတ်သိ ပညာရှိအပေါင်းတို့သည် အဆက်ဆက် ဆောင်ရွက်တော်
မူလာခဲ့ကြပေသည်၊ အကယ်၍ ရှေးရှေးက သံဃာတော်များသည်
ကိုယ်ကျိုးအတွက် သက်သက်ကြည့်၍ တရားကိုချည်း အားထုတ်နေ
ခဲ့ကြသော်၎င်း ရဟန်းသံဃာများကို အဆက်ဆက် စာပေမပို့ချဘဲ
အေးအေးနေခဲ့ကြသော်၎င်း,ဒကာ ဒကာမတွေကိုသာ ဟောပြော၍
နေခဲ့ကြသော်၎င်း, ဤသာသနာသုံးရပ်သည် ဘုရားရှင် ပရိနိဗ္ဗာန်
စံတော်မူပြီးနောက် မကြာခင် ကွယ်ပျောက်ခဲ့ရာ၏၊ စာချဆရာတော်
တို့၏ အပင်ပန်းခံလျက် ကျမ်းဂန်ပြုခြင်း အဆက်ဆက် စာပို ့ချ
ခြင်းကြောင့်သာ ယခု တိုင်အောင်ပင် ဤသာသနာတော်ကြီးကို
အားလုံး တွေ့ကြုံရပေသည်၊ သာသနာတော် တည်တံ့ရေးကို သတိ
ပြုမိသောအခါ ကျမ်းပြု စာချဆရာတော်များသည် အထူးကြည်ညို
စရာ ကောင်းလှပါပေသည်၊ ထို့ကြောင့် ကျမ်းဂန်တတ်သိ ပညာရှိ
များကို“ဘုရားအရာထား၍ ဘုရားရှင် ကိုယ်တော်စား သာသနာပြု
ပုဂ္ဂိုလ်များ”ဟု မြှောက်စားခဲ့ကြပေသည်။
သာသနာ ဆောင်ရွက်ခဲ့ပုံ အ စဉ်
ပဌမ သင်္ဂါယနာတင်ခြင်း။ ။ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး
နောက်၌ ၇ ရက်လောက် အကြာမှာ အရှင်မဟာကဿပ ရွှေတွင်
ရဟန်းတပါးက မဖွယ်မရာ စကားဖြင့် ရှင်တော်ဘုရားကို ထိပါး
ပုတ်ခတ်ခြင်းကြောင့် ပရိနိဗ္ဗာန်စံပြီး၍ လေးလမြောက်မှာ အရှင်
မဟာကဿပကိုယ်တိုင် ကြီးကြပ်၍ ပိဋကတော်များကို စီစဉ်ကာ
(အဋ္ဌမုအကြိမ်)
သံဃာရှိခိုး ဂါထာဖွင့်
၁၅၉
သင်္ဂါယနာ တင်ခဲ့ရသည်။ [ အားလုံးပေါင်း၍ တညီတညွှတ်ထည်း
ရွှတ်ဆိုကြခြင်းကို “ သင်္ဂါယနာတင်ခြင်း” ဟု ခေါ်ရသည်၊ သံ +
“
ဂါယနာ၊ သံ=စုပေါင်း၍ + ဂါယနာ=ရွှတ်ဆိုခြင်း။
"
ဒုတိယသင်္ဂါယနာတင်ခြင်း။ ။ထို့နောက်အနှစ်တရာလောက်
ကြာပြန်လျှင် ရဟန်းအချို ့တို့ ငွေအလှူခံမှုကြောင့် “ အရှင်
ယသ” တိုက်တွန်းချက်အရ ဒုတိယသင်္ဂါယနာ တင်ခဲ့ရပြန်သည်။
[ မအပ်မရာ ငွေအလှူခံမှုကား သို့ကလောက်ပင် အရေးကြီး၏။ ]
တတိယ သင်္ဂါယနာတင်ခြင်း ။ ။ ထို ့နောက် ဘုရားရှင်
ပရိနိဗ္ဗာန်စံ၍ အနှစ် ၂ ၃ ၅ နှစ်မြောက်တွင် ဓမ္မာသောကမင်းကြီး၏
လက်ထက်မှာ သာသနာတော်ဝင်၍ တိတ္ထိတို့ နှောက်ရှက်မှုကြောင့်
“ အရှင် မောဂ္ဂလိပုတ္တတိဿ ” အမှူးပြုလျက် တတိယသင်္ဂါယနာ
တင်ခဲ့ရပြန့်သည်။
"
စတုတ္ထသင်္ဂါယနာတင်ခြင်း။ ။ထိုသင်္ဂါယနာ တင်ပြီးနောက်
သာသနာတော်သည် သီဟိုဠ်ကျွန်းနှင့်တကွ အရပ်ရပ် ပျံ့နှံ့လေရာ
သထုံပြည်တိုင်အောင် ရောက်လာလေသည်၊ သီဟိုဠ်ကျွန်း၌ များစွာ
စည်ပင် ထွန်းကားစဉ် “ဗြာဟ္မဏတိဿ” သူပုန်ဘေးကြီး ဖြစ်ပေါ်
လာ၍ ပြည်ရွာ မငြိမ်သက်ရကား ရဟန်းအများပင် မဇ္ဈိမဒေသ
အိန္ဒိယဘက်သို့ ကူးသွားကြရလေသည်။
ကျွန်းမှာ
ထိုအခါ ကျမ်းတတ်အကျော် အချို့ဆရာတော်တို့သည် သီဟိုဠ်
ကျွန်းမှာ ကျန်ရစ်ခဲ့ကြ၍ လူအများလည်း တောထဲ၌ ပုန်းအောင်း
နေရကား ဆွမ်းဘောဇဉ်ကို
မျှတအောင် မဆိုထားဘိ စားကောင်း
(အဋ္ဌမအကြိမ်)

## PAGE 90

၁၆ဝ
ရတနာ့ဂုဏ်ရည်
ရာရာ သစ်သီးသစ်ရွက်ကိုမျှ မှန်မှန်လှူနိုင်သူ မရှိသဖြင့် ရံဖန်ရံခါ
အစာအဟာရကို မရကြပါ၊ သို့သော် နှုတ်တက်ဆောင်ထားသော့
ကျမ်းဂန်များကို မေ့မည်စိုးသောကြောင့် ရေစိုသော သဲပြင်ပေါ်မှာ
လျောင်းပြီးလျှင် ရင်မပူရအောင် ရင်ဘတ်ပေါ်မှာ သဲစိုတင်၍ ပိဋက
တော်များကို ရွတ်အံသရဇ္ဈာယ်ကာ ဆောင်ရွက်ခဲ့ရှာကြ ပေသည်။
(လုံ့လတော်ကြီးမား၍ သာသနာတော်မှာ ကျေးဇူးတော်များကြ
ပါပေစွာ့။)
ထို ့နောက် သူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ အားလုံး
သံဃာတော်များသီဟိုဠ်ကျွန်းသို့ ပြန်ရောက်ကြသဖြင့် နောက်နောင်
အခါ ယခုလိုဘေးကြီး ဖြစ်လာခဲ့လျှင် နောင်လာ နောက်သားတို့
ပိဋကတော်ကို နှုတ်တက်ဆောင်နိုင်ရန် ခဲယဉ်းမည်ကို မြင်တော်မူ
ကြ၍ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ် ၄၅ဝ လောက်မှာ ဝဋ
ဂါမဏိမင်း၏လက်ထက်၌ ပိဋကတော်များကို ပေရွက်ပေါ်ရေးသား
စေ၍ စတုတ္ထသင်္ဂါယနာ တင်တော်မူခဲ့ရပြန်သည်။ [ စတုတ္ထသင်္ဂါ
ယနာ မတင်မီက ယခုကာလလို စင်္ကြံဖြင့် ရေးသား၍ မထားဘဲ
နှုတ်တက်ရအောင် ဆောင်ခဲ့ကြပါသည်။]
..
ပဉ္စမ သင်္ဂါယနာတင်ခြင်း ။
။ စတုတ္ထ သင်္ဂါယနာတင်ပြီး
နောက် မြန်မာနိုင်ငံတွင် သထုံမှ – ပုဂံသို့ သာသနာဆက်၍
နေပြည်တော်၌ “ ရွှေနန်းကျော့ရှင် နရပတိ ” မင်း၏ လက်ထက်
ရောက်သောအခါ “သိုဟန်ဘွား” ခေါ် ရှမ်းလူမျိုးက နှောက်ရှက်
အုပ်စိုးလာသဖြင့် သာသနာတော် ကစဥ့်ကရဲ ဖြစ်ကာ ကျမ်းစာ
များကို မီးရှို့ပြီးလျှင် ရဟန်းတော် အမြောက်အများကို သတ်ဖြတ်
သံဃာ့ရှိခိုး ဂါထာဖွင့်
၁၆ ၁
ကြရာတွင် စာတတ်ပုဂ္ဂိုလ်ချည်းပင် သုံးရာကျော်လောက် ပါသွား
သတဲ့၊ ထိုအခါ ကျန်ရစ်သော ရဟန်းတော်များက စာပေများကို
စုဆောင်းကြရာ ဝိနည်းငါးကျမ်းတွင် ပရိဝါ ပါဠိတော်ကို ရှာဖွေ
မရဘဲ ရှိလေသော်, အတော်ကြာအောင် လိုက်၍ရှာကြမှ နှုတ်လွတ်
ရသော တောကျောင်းဘုန်းတော်ကြီး“အရှင်ဒီပ”ကို တွေ့၍ ကူးယူ
ကြရလေသတဲ့။
ထိုသို့ ကြိုးကြိုးစားစားနှင့် မြန်မာဆရာတော်များ ဆောင်ရွက်
လာခဲ့ကြရာ မင်းတုန်းမင်းလက်ထက်မှာ “ ပဉ္စမ သင်္ဂါယနာတင် ”
အနေသို့ရောက်အောင် တံဆိပ်ရ ဆရာတော်ကြီးများ ပြင်ဆင်လျက်
ကျောက်ထက်အက္ခရာ တင်တော်မူခဲ့ကြ ပေသည်၊ ထို မင်းတရား၏
သာသနာကို မြှောက်စား ချီးမြှင့်မှုကြောင့် ယခုအခါ မြန်မာနိုင်ငံ
သာသနာတော်သည် အဘိဓမ္မာ ဘက်နှင့် ဝိနည်း ဘက်၌ သီဟိုဠ်
ယိုးများ တိဘက် ဂျပန် တရုပ်ပြည်၌ရှိသောသာသနာထက် သာလွန်
ကောင်းမြတ်လျက် ရှိပေသည်။
ဤသို့ ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသည်မှစ၍ သာသနာ
တော်ကြီး ကွယ်ပျောက်သင့်ပါလျက် မကွယ်ပျောက်ရလေအောင်
ဆောင်တော်မူလာကြသော အရိယာ သံဃာတော်များနှင့် ပုထုဇဉ်
ပညာရှိအပေါင်း သူတော်ကောင်းတို့သည် နောင်လာ နောက်သား
ဗုဒ္ဓဘာသာဝင်များအဘို့မှာ လွန်စွာ ကျေးဇူးများကြပါပေသည်။
အထူး သတိပေးချက် ။ ။ ဤ ပြခဲ့သော စကားစဉ်အရ
။
သံဃာ့ရတနာ၏ အကြောင်းအရာနှင့် တကွ သာသနာ့ဝန်ဆောင့်
ပုဂ္ဂိုလ်များကို ရွေးချယ်တတ်လောက်ပါပြီ၊ တရံတခါ သံဃာကုန်
၁၆ (အဋ္ဌမအကြိမ်)
