## PAGE 91

၁ ၆၂
ရတနာ့ဂုဏ်ရည်
ရည်မှန်း၍ လှူဒါန်းရာ၌ ပုဂ္ဂိုလ် ကောင်းဆိုးကို ရွေးချယ်ဘို့မလိုပါ
ပုဂ္ဂိုလ်ကို မမှန်းဘဲ သံဃာ အားလုံးကို မှန်းနိုင်ပါလျှင် သင်္ကန်း
တထည်လောက်ဖြင့်လည်း သံဃိကဒါန မြောက်ပါ၏။
ကျောင်းကန် တိုက်တာ တည်ဆောက် ကိုးကွယ်ကြရာ၌ကား
အတွင်း အပြင် စိတ်နေ သဘောထားနှင့်တကွ အနေအထိုင် ပညာ
အရည်အခြင်းတို့ကို အတော်ကြာအောင် .စုံစမ်းပြီးမှ ကိုးကွယ်သင့်
ပါသည်၊ မလုံလောက်သော ပုဂ္ဂိုလ်ကို ကိုးကွယ်မိလျှင် ကျောင်း
ပေါ်က နှင်ချဘို့လည်း အခက်, ဆက်လက်၍ လှူဒါန်းနေဘို့လည်း
စိတ်မပါဘဲ “အေးစေဘို့ တရားနာ, ပူဇာစ အကျိုး” ဖြစ်နေတတ်
ပါသည်။
5. IL
ယခုကာလ၌ကား အပြင်ပန်း အပြောကောင်းကို ရွေးကာ အသံ
သာသာနှင့် ဂါထာကလေး ရွတ်တတ်, မိမိတို့နှင့် အလိုက်သင့်
ပြောတတ် ဟောတတ်သူကို တကယ် ကျမ်းတတ်ကြီးဟု ထင်လျက်
ဆက်လက်ကိုးကွယ်ကာ ပြင်၍မရအောင်“ဖွတ်ထွက်လာမှ တောင်ပို
မှန်း” သိကြရလေသည်၊ ဒကာ ဒကာမတွေက အပြော အဟော
ကောင်းကိုနှစ်သက်မှုကြောင့် ရိုးရိုးကုပ်ကုပ်နှင့် စာပေပို့ ချနေသော
သာသနာ့တာဝန်ဆောင်ပုဂ္ဂိုလ်များမှာ ပစ္စည်းလေးဖြာ နည်းပါး
သလောက် ဟောပြောနိုင် အိမ်ပေါက်စေ့ လယ်နိုင်သော ပုဂ္ဂိုလ်
များ၌ ပေါများ ပိုမောက်လျက်ရှိလေသည်။
ထင်ရှားသော တိုက်တာ၌ စာချဘုန်းတော်ကြီး ဖြစ်ဘို့ရန်မှာ
၁၀ နှစ် ၁၅ နှစ်ခန့်မျှ ပင်ပန်းကြီးစွာ ကြိုးစားရ၏၊ ထင်ရှားသော
တရားဟောပုဂ္ဂိုလ် ဖြစ်ဘို့ရာကား ပင်ကိုယ်က အသံ ကောင်းလျှင်
(အဋ္ဌမအကြိမ်)
ပ
သံဃာရှိခိုး ဂါထာဖွင့်
၁၆ ၃
လပေါင်း အနည်းငယ်မျှဖြင့် လုံလောက်ဘွယ် ရှိ၏၊ စာချဘုန်းကြီး
ဖြစ်သည့်တိုင်အောင် ထောက်ပံ့မည့် ဒကာ ဒကာမများ ရနိုင်ခဲ၏၊
ယခင် ပုဂ္ဂိုလ်များမှာ ရောက်လေရာ အရပ်တိုင်း၌ ထောက်ပံ့မည့်သူ
မရှားတော့ချေ၊ ပစ္စည်းလေးပါး ချို့တဲ့သော စာချဘုန်းတော်ကြီး
အချို့မှာ ယခင် ပုဂ္ဂိုလ်များ၏အောက်သို့ ကြုံ ကြရ၏၊ ထို ့ကြောင့်
ယခုအခါဝယ် စာပေပို ့ချလျက် သာသနာ့တာဝန်ကို ဆောင်ရွက်
နိုင်မည့် ပုဂ္ဂိုလ်များ နည်းပါးရုံသာမက, ရှိသမျှ အချို ့မှာလည်း
သာသနာ့တာဝန်ကို ခရီးတွင်အောင် မဆောင်နိုင်တော့ချေ။
ထိုကဲ့သို့ဖြစ်ရာ၌ ချို့ယွင်းချက်မှာ ၂ ဘက်လုံး၌ပင် မကင်းဟု
ထင်၏၊ စာချပုဂ္ဂိုလ်များသည် စာကိုသာ ပို့ချ၍ လုံးဝပင် မဟော
လိုကြ၊ သာသနာတော်၏ အခြေအမြစ် အမှန်ကို နားလည်သူက
မဟောပြလျှင် လူပုဂ္ဂိုလ်တို့ သိနိုင်ပါတော့ မည်လော၊ ထို ့ကြောင့်
စာချပုဂ္ဂိုလ်များ၏ ဟောပြောမှုမရှိခြင်းသည် သာသနာ့ဝန်ဆောင်
များအတွက် ချို့ယွင်းချက် တရပ်ပင် ဖြစ်၏၊ လူအများကလည်း
တရားနာရာ၌ အသံကောင်းမှ နာယူလိုကြ၏၊ လှူဒါန်းရာ၌လည်း
သာသနာပြုလိုသောစိတ် မရှိကြ၊ သူတို့မှ ဒါနဖြစ်လျှင် ပြီးရောဟု
သဘောထားကြသည်၊ သာသနာတော်အကြောင်းကို ဟောပြော
သော်လည်း ဂရုတစိုက် မနာလိုကြ၊ ဘုရားလက်ထက်တော်က နန္ဒိယ
သဌေး ကျောင်းရေစက်ချ၌ နတ်ပြည်မှာ ဘုံပေါက်ကြောင်းကို နာ
ယူကာ သူတို့၏ တွေ့ကရ ဆောက်လုပ်လှူဒါန်းသောကျောင်းအတွက်
ဘုံပေါက်လိမ့်မည်ဟု မြှော်လင့်ချက်ထားဟန် တူ၏၊ ဤနေရာဝယ်
ဘာသာခြားတို့၏ သာသနာပြုကြပုံကို သတိပြုစေလိုပါသည်။
(အဋ္ဌမအကြိမ်)

## PAGE 92

၁ ၆ ၄
ရတနာ့ဂုဏ်ရည်
ဘာသာခြား အလှူရှင်တို့သည် ငွေ စသည်ကို လှူကြသောအခါ
သာသနာကိုသာ လှူကြ၏၊ ပုဂ္ဂိုလ်ကို မလှူကြ၊ ဘုန်းကြီး သီလရှင်
အခေါ်ခံသူတို့ကလည်း မိမိတို့၏ စားဝတ် နေရေးထက် ပိုမို၍
မတောင့်တဘဲ ဆိုင်ရာ အလုပ်များကိုသာ တာဝန်ပေးသည့်အတိုင်း
လုပ်ကြ၏၊ ထို့ကြောင့် သူတို့၏သာသနာသည် နေရာအနှံ့ပြန့်လျက်
ရှိ၏၊ ဗုဒ္ဓဘာသာဝင်တို့ကား ပုဂ္ဂိုလ်ကို လှူကြ၏၊ အလှူ ပစ္စည်း၏
အသုံးကျ’မကျကိုမျှ မစဉ်းစားဘဲ အများလှူနေကျ ပစ္စည်းကိုသာ
လှူကြ၏၊ အလှူခံဘက်မှာလည်း သာသနာ ကြီးပွားရေး အလုပ်ကို
လုပ်သောပုဂ္ဂိုလ်သည် တဖြည်းဖြည်း နည်းလာ၏၊ မိမိ၏ ကြီးပွား
ရေးကိုသာ လုပ်သူများကြသည်၊ သို့ဖြစ်၍ နောင်လာ နောက်သား
စဉ်းစားတတ်သူများ လက်ထက်၌ နည်းလမ်းကျကျ ဒါန ပြုလျက်
စည်းကမ်းကျကျ ဟောပြောသည်ကိုသာ ဂရုတစိုက် လိုက်နာသော
သာသနာပြု ဒကာ ဒကာမများ သာသနာ့ဝန်ဆောင် ဆရာသမား
များ ပေါ်ထွန်းပါစေသား။
ဤမျှလောက် စကားအစဉ်ဖြင့် ဘုရား တရား သံဃာ
ရတနာ
၃ ပါး ဂုဏ်တော်များ၏ အကြောင်းကို ပြဆိုရာအခဏ်း ပြီးပေပြီ၊
ထို ့နောက် ဆက်၍ အဖျား မှတ်သားဘွယ်ရာ ဩကာသ’စသော
ရှိခိုးခဏ်းနှင့် သရဏဂုံသီလ စသော အခဏ်းများ ရှိပေသေး၏၊ ထို
အခဏ်းများကို နားမလည်လျှင်
ဘာသာရေးဘက်၌ အောက်ကျ
နောက်ကျ ဖြစ်ရလိမ့်မည်၊ ထို့ကြောင့် ဘာသာရေးဘက်၌ အချက်
ကျကျ နားလည်ဘို့ရာ ထိုအခဏ်းများကို ဆက်လက် လေ့လာကြပါ
ကုန်လေ၁။
ဩကာသ အဖွင့်
(ကျက်မှတ်ရန်)
၁ ၆ ၅
ဩကာသ ဩကာသ, ကာယကံ ဝစီကံ မနောကံ တည်းဟူသော
သုံးပါးသောကံတို့တွင် တပါးပါးသောကံကို ပြုမှားမိသည်ရှိသော်
ပျောက်ပါစေခြင်းအကျိုးငှါ, ပဌမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုး ပူဇော်
ဖူးမျှော်
မာန်လျှော့ ကန်တော့ပါ၏…. ကန်တော့ရသော အကျိုး
အားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါးရန်သူမျိုး
ငါးပါး ဝိပတ္တိတရား လေးပါး ဗျသနတရား ငါးပါးတို့မှ အခါ
ခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်
တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ဘုရား။
☑
☑
ကြည့်ရှုရန် အဓိပ္ပါယ်
☑
ဩကာသ ဩကာသ။ ။ပါဠိစကားတည်း၊ မြန်မာလို “အခွင့်’”
ဟူသော အနက်ကို ဟော၏၊ “ရှိခိုးပါရစေ, အခွင့်ပြုတော်မူပါ”ဟု
ဆိုလိုရင်းဖြစ်သည်၊ ပါဠိတော်များ၌ကား “ ဩကာသံ ကရောဟိ
ဩကာသံဒေဟိ ” စသည်ဖြင့် လာ၏၊ “အခွင့်ပြုတော်မူပါ အခွင့်
ပေးတော်မူပါ မေးလျှောက်ပါရစေ”ဟု တစုံတခုကို မေးလိုသော
အခါ အသုံးပြုသောပါဠိ ဖြစ်သည်၊ သီဟိုဠ်ကျွန်း၌ အခွင့်တောင်း
သောစကားကို “ အဝကာသိ ” ဟု သုံးစွဲကြ၏၊ ထိုစကားသည်
“ဩကာသ”ဟူသော ပါဠိနှင့် အတူပင် ဖြစ်သည်၊ ထို ့ကြောင့် ဤ

## PAGE 93

၁ ၆ ၆
ရတနာ့ဂုဏ်ရည်
"
ရှိခိုးခဏ်း၌ ပါသော “ ဩကာသ ” သဒ္ဒါသည် “အခွင့်” ဟူသော
အနက်ကို” “အခွင့်ပေးတော်မူပါ” ဟူသော အနက်ရှည်ကို ပြသော
ပါဠိစကားတည်း၊ အလေးပြုသောအားဖြင့်“ဩကာသ ဩကာသ”
ဟု ၂ ကြိမ်ဆိုခြင်း ဖြစ်သည်။ အချို့ အရပ်၌ ၃ ကြိမ် တိုင်အောင်
ဆိုသေး၏၊ အပြစ်မရှိပါ။
ကာယကံ ဝစီကံ မနောကံ…ကံတို့တွင်။ ။(ကာယ= ကိုယ်
ကိုယ်+
ကံ=အမှု၊) ကိုယ်ပြုမှုကို “ကာယကံ” နှုတ်ပြောမှုကို“ဝစီကံ” စိတ်
ကြံမှုကို “မနောကံ”ဟု ဆိုသည်၊ “ထို ကံသုံးပါးတို့တွင် တပါးပါး
သော ကံကို ဘုရား တရား သံဃာများ၌၎င်း, ဆရာသ္မား မိဘ ဘိုး
ဘွား အစရှိသော လူကြီးသူမ များ၌၎င်း, အပြုမှား အပြောမှား
အကြံမှား ဖြစ်လို ့ရှိလျှင် ထိုအပြစ်များ ကင်းရှင်း ပြေပျောက်ပါစေ
ခြင်းအကျိုးငှါ ရိုသေစွာ ကန်တော့ပါ၏” ဟူလို။
ပဌမ ဒုတိယ တတိယ။ ။ပါဠိစကားများပင် ဖြစ်၏၊ တကြိမ်
နှစ်ကြိမ် သုံးကြိမ်ဆိုသောစကားနှင့် သဘောတူပင် ဖြစ်၏၊ တကြိမ်
က-
၂ ကြိမ် ၂ ကြိမ်က - ၃ ကြိမ်တိုင်အောင် ရှိခိုး ကန်တော့ခြင်း
သည် အထူး လေးစားရာရောက်သဖြင့် – သုံးကြိမ်တိုင်အောင် ရှိခိုး
ကန်တော့ပါ၏ ” ဟု ဆိုလိုသည်။
66
,
ဘုရားရတနာ။ ။“ရတန”သဒ္ဒါလည်း ပါဠိစကားပင်တည်း၊
နှစ်သက် မွေ့လျော်ခြင်းကို ဖြစ်စေတတ်၏ ” ဟူသော အနက်,
အလေးအမြတ်ပြုအပ်၏”ဟူသောအနက်, “အဖိုးများစွာထိုက်တန်
၏” ဟူသောအနက်, “အတုမရှိ မြတ်၏” ဟူသောအနက် “အလွန်
ရခဲ့၏”ဟူသော အနက်, “မြင့်မြတ်သူ အထက်တန်း လူတို့၏ အသုံး
အဆောင်း
ဩကာသ အဖွင့်
၁၆၇
”ဟူသောအနက်များကို ဟော၏၊ ထို့ကြောင့် လောက၌
စိန် ကျောက်စသော အရာဝတ္ထု
ဆင် မြင်း စသော အရာဝတ္ထု
သားကောင်း သ္မီးကောင်းစသော အရာဝတ္ထုများကို – ရာနာ
ဟု ခေါ်ကြသည်၊ ထိုရတနာကို ရသူတို့မှာ နှစ်သက် မွေ့လျော်
အပျော်ကြီး ပျော်ကြ၏၊ ရပြီးသော ရတနာကိုလည်း လွန်စွာ
လေးမြတ်ကြ၏။ အဖိုးများစွာ ထိုက်သည်အားလျော်စွာ ရဘို့ရန်
လည်း ခဲယဉ်းလှ၏၊ ရှေးပုဉ်း ရှေးကံရှိသူတို့သာ ရနိုင်ကြ၏၊ ပုဉ်းကံ
နည်းသူတို့မှာ မရနိုင်ပါ။
ထို ့အတူ ဆိုင်ရာ ဂုဏ်တော်များနှင့် ပြည့်စုံကြသော ဘုရားစစ်
တရားစစ်နှင့် အရိယာသံဃာတော် များသည်လည်း ရတနာပင်
ဖြစ်တော်မူကြ၏။ ကမ္ဘာများစွာ လွန်သော်လည်း တခါတရံ တွေ့ကြုံ
ဘို့ရန် ခဲယဉ်းလှ၏၊ တွေ့ကြုံရသောအခါ လွန်စွာ ကြက်သရေရှိ၏၊
ကိုးကွယ် ဆည်းကပ်သူမှာလည်း ထို ရတနာသုံးပါးကြောင့်လွန်စွာ
နှစ်သက်မွေ့ လျော် ရွှင်ပျော်ရ၏။ အတုအယောင်ရတနာ ရှိသကဲ့သို့
ဟန်ဆောင် ဘုရား တရား သံဃာများလည်း အလွန် ပေါများ၏၊
မမှန်သော ရတနာကို ကိုးကွယ်မိပြန်လျှင် ဤတဘဝတွင် ကိစ္စမရှိ
လှသော်လည်း နောင် သံသရာအရေးမှာ ကြောက်ရွှံ့ဘွယ် ကောင်း
လှ၏၊ ထို့ကြောင့် ကိုယ်ပိုင်ဉာဏ်ဖြင့်၎င်း, တကယ် နားလည်သော
ပညာရှိများနှင့်၎င်း တိုင်ပင်၍ ကိုးကွယ်ရာ၏။
“ပညာရှိ” ဟူရာ၌လည်း လောကီအရာမှာ ပညာရှိသော်လည်း
ကိုးကွယ်ဘို့ အရေး၌ ပညာရှိချင်မှ ရှိမည်၊ ယခုခေတ်၌ အနောက်
တိုင်းသားတို့သည် လောကီပညာရှိများ ဟုတ်ကြပေ၏၊ ကိုးကွယ်

## PAGE 94

၁၆၇
ရတနာ့ဂုဏ်ရည်
ဆည်းကပ်မှု ပညာရှိကား လွန်စွာ နည်းပါးသည်၊ မကြာမီက မြန်မာ
နိုင်ငံ၌ ဘုရင်ခံ
လုပ်သွားသူသည် “ မြန်မာများသည် စေတီ ပုထိုး
ကိုးကွယ်ရာ၌ ကုသိုလ်ရသည် ဟု အယူရှိကြ၏” စသော စကားကို
သူတို့နိုင်ငံမှာ ပြောလေ၏၊ မြန်မာတို့သည် စေတီ ပုထိုးကို ကိုးကွယ်
ရာ၌ ဘာကိုရည်ရွယ်၍ ကိုးကွယ်ကြောင်းကို သူတို့ စစ်ဗိုလ်အရာရှိ
သင်းချိုင်းသွား၍ အရိုအသေ ပေးခြင်းနှင့် နှိုင်းယှဉ်၍မျှ မကြည့်မိ
ရှာလေ။
ရှိခိုး’ ပူဇော်’ ဖူးမျှော်’ မာန်လျှော့’ ကန်တော့ပါ၏။
လက်အုပ်မိုး၍ ရှိခိုးပါ၏၊ ပစ္စည်းလေးပါး လှူသောအားဖြင့်၎င်း
ဟောပြောသမျှကို လိုက်နာသောအားဖြင့်၎င်း ပူဇော်ပါ၏၊ ကြည့်ရှ
ဖူးမျှော်ပါ၏၊ ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲမာန်မာန
လျော့၍ ကန်တော့ပါ၏၊ “ အပြစ် ရှိလျှင် ပြေပျောက် ပါစေ
သတည်း” ဟူလို။
အပြစ်ပြေ’မပြေ။။ ထိုကဲ့သို့ ကန်တော့လျှင် အပြစ်ပြေနိုင်’
မပြေနိုင်ကို စဉ်းစားရာ၏၊ ဆရာ မိဘ ဘိုးဘွား စသည်တို့နှင့် ရတနာ
သုံးပါးအပေါ်၌ ပြစ်မှားမိသော သာမန် အပြစ်တွေမှာ ပြစ်မှားခံရ
သူ၏ရှေ့၌၎င်း ထိုသူမရှိတော့လျှင် ထိုသူ၏သင်းချိုင်းသို့သွား၍၎င်း
ထိုသို့ မသွားနိုင်လျှင် ဘုရားထံ သံဃာများ အထံ၌၎င်း နောင်တ-
ရသဖြင့် စိတ်ပါ လက်ပါ မာန်မာန လျှော့၍ ကန်တော့ရိုး မှန်လျှင်
ပြေပျောက်နိုင်၏၊ အင်မတန်ကြီးလေးသောအပြစ်နှင့် သူ့ အသက်
သတ်ခြင်း သူ ့ဥစ္စာခိုးယူခြင်း စသော အပြစ်များကား တောင်းပန်
ကန်တော့ရုံမျှဖြင့် မပြေပျောက်နိုင်၊ သို့သော် နောင်တ- ရသဖြင့်
ဩကာသ အဖွင့်
၁၆၉
ထိုအကုသိုလ်မျိုး ထပ်၍မဖြစ်နိုင်အောင် ကုသိုလ်ကိုသာ အားထုတ်
နေလျှင် အချို့ အကုသိုလ်များ အကျိုးပေးခွင့် မရတော့ဘဲ ပြေ
ပျောက်တတ်ပါသည်။
။
ကန်တော့ရသော အကျိုးအားကြောင့် ။ ။ ဤ ကန်တော့
ရသော ကုသိုလ်၏ အကျိုးအား အစွမ်းကြောင့် ပြစ်မှားမိသော
အပြစ်များ ပျောက်စေလိုသည့်အပြင် အပါယ်လေးပါးမှ လွှတ်ခြင်း
စသော နောက်ထပ် အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သော
ဖြစ်သည်။
စကား
အပါယ်လေးပါး
ငရဲ။ ။ကုသိုလ်ကောင်းမှု များစွာပြုခွင့် မရသော အရပ်ကို
ပါဠိလို “ အပါယ” မြန်မာလို “ အပါယ်” ဟု ခေါ်၏၊ အပါယ်
၄ ပါးကား’ငရဲ တိရစ္ဆာန် ပြိတ္တာ, အသုရကာယ်တည်း၊ ထိုတွင်
ငရဲသည်ဤကမ္ဘာမြေကြီး၏အောက် ယူဇနာ တသောင်းငါးထောင်
ကွာဝေးသော အရပ်၌ ဥမင်လိုဏ်ကြီးသဘွယ် ဖြစ်လျက် အစဆုံး
သင်္ချိုဝ်းငရဲတည်ရှိ၏၊ ထို ့အောက် အဆင့်ဆင့် ယူဇနာ တသောင်း
ငါးထောင်စီ ကွာခြားလျက် ကာဠသုတ်ငရဲ့ သံဃာတငရဲ့ ရောရုဝ
ငရဲ့ မဟာရောရုဝငရဲ တာပနငရဲ့ မဟာတာပနငရဲ့ အဝီစိငရဲဟု
ငရဲကြီးရှစ်ထပ် တည်ရှိသည်။
ထို ငရဲကြီးရှစ်ထပ်ဝယ် တထပ်တထပ်၌ ဘင်ပုပ်ငရဲ တထပ်,
ပြာပူငရဲ တထပ်, လက်ပံတောငရဲ တထပ်, သန်လျက်ရွက်တော
ငရဲ တထပ်, ကြေးနီရေတွေ စီးနေသော “ ကြိမ်ပိုက်ချောင်း ”ခေါ်
ဝေတ္တရဏီငှရဲ တထပ်အားဖြင့် ငရဲငယ် ငါးထပ် တံတိုင်းခတ်သလို
,,

## PAGE 95

၁၇၀
ရတနာ့ဂုဏ်ရည်
ရံပတ်၍ နေကြလေသတဲ့။ [ အကျယ်ကို သဂြိုဟ် ဘာသာဋီကာ၌
ပြထားသည်။ ]
တိရစ္ဆာန်– ပြိတ္တာ’ အသုရကာယ်။ ။ ဆင် မြင်း ကျွဲ နွား
ခွေး ကြက်ငှက် ငါး လိပ် စသော ကုန်းနေ ရေနေ အခြေ ၄ ချောင်း
အခြေ ၂ ချောင်း သတွာတို့နှင့် မြွေ စသော အခြေမရှိ သတာတွေကို
“ တိရစ္ဆာန် ” ဟု
ဟု ခေါ်၏။ တစ္ဆေ မှင်စာ သူရဲသားဘက် အစိမ်း
ဖုတ်ကောင် ကျတ်ကောင်များကို ပြိတ္တာ”ဟု ခေါ်၏၊အသုရကာယ်
ဟူသည်ကား ပြိတ္တာအကြီးစားပင်တည်း၊ ထို့ကြောင့် အချို့ကျမ်း
စာများ၌ အပါယ် ၄ ပါးဟုမပြဘဲ “ ဗုဒ္ဓုပ္ပါဒေ တယောပါယာ
စသည်ဖြင့် အပါယ် ၃ ပါးဟု ပြပေသည်။ ထို တိရစ္ဆာန် ပြိတ္တာ
အသုရကာယ်တို့၏ နေရာဘုံမှာ သီးခြားမရှိ၊ တိရစ္ဆာန်တို့ကား လူ၏
အနီးအပါးနှင့် တောတောင် စသည်၌ နေကြသည်။
"
ပြိတ္တာတို့တွင် အချို့ပြိတ္တာတို့မှာ သင်းချိုင်းစသော အရပ် ရေစ
ကမ်းစ သား ငါး ရလောက်သောအရပ်၌ နေ၍ တချို့ ကား သစ်ပင်
အိမ်အကြိုအကြား စသည်၌ နေလျက် စိတ်နေစိတ်ထား ငယ်သော
ယောက်ျား မိန်းမ ကလေးသူငယ် စသူတို့ကို ချောက်လှန့် ပူးကပ်၍
တစ္ဆေစာ ပစ်သောအခါ စားသောက်ကြရ၏၊ တချို့ ကား လူတို့၏
ထမင်းအကျန် ဟင်းအကျန် တံထွေး အန်ဖတ် အပုတ်အစပ်များကို
ရှာဖွေ စားသောက်ရ၏။
အသုရကာယ်တို့ကား လူတို့နှင့် အတော်ဝေးကွာသော သမုဒြာ
မြစ်ကမ်းစတို့၌ နေတတ်ကြ၏၊ ရေနားမှာ နေရသော်လည်း ရေ
မသောက်ရ၊ “ရေသောက်မည်”ဟု သွားလျှင် သူတို့၏ အကုသိုလ်ကံ
ဩကာသ အဖွင့်
၁၇၁
ကြောင့် ရေခန်းခြောက်နေသော သဲသောင်ကိုသာ တွေ့ရလေသည်၊
တချို့ ပြိတ္တာ အသုရကာယ်တို့မှာ ဘုရားတဆူနှင့် တဆူ အကြား၌
မစား မသောက်ရဘဲ အငတ်ခံ၍ နေရရှာသတဲ့။
ကပ်သုံးပါး
066
,,
066 0"
ပျက်စီးခြင်းကို ပါဠိလို“ကပ္ပ” မြန်မာလို“
ကပ် ” ဟု ခေါ်၏၊
ထိုပျက်ခြင်းသည် ကမ္ဘာကြီးတခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီး
ခြင်းလည်း ရှိ၏၊ ကမ္ဘာကြီးမပျက်သေးဘဲ အကြားအကြား၌ တရား
ကင်းမဲ့၍ အသေဆိုးသေရသော ပျက်စီးခြင်းလည်း ရှိ၏၊ ဤနေရာ၌
ကမ္ဘာကြီးမပျက်ခင် အကြား၌ သေခြင်းဆိုးနှင့်သေရခြင်းကို ကပ်
ဟု ဆိုလိုသည်၊ “ မည်သည့်မြို့ မည်သည့်ရွာ၌ ကပ်တိုက်နေတယ်”
ဟု ပြောကြရသော ကပ်မျိုးတည်း၊ ထိုကပ်သည် “ သတ္ထန္တရကပ်
ရောဂန္တရကပ် ဒုဗ္ဘိက္ခန္တရကပ်” ဟု ၃ မျိုးရှိ၏။ ထိုတွင် ဒုတ် ဓါး
သေနတ် ဗုံး အမြောက် စသော လက်နက်ဖြင့် ပျက်စီးရခြင်းသည်
သတ္ထန္တရကပ်တိုက်ခြင်းပင်တည်း။
,,
ပလိပ်ရောဂါ ကာလရောဂါ ကျောက်ရောဂါ အဖျားရောဂါ
စသည်ဖြင့် မြို့နယ်အနှံ့ဖြစ်၍ ပျက်စီးရခြင်းသည် ရောဂန္တရကပ်တိုက်
ခြင်းတည်း၊ မြို့နယ် အနှံ့အပြားတို့၌ အစားအသောက် ပြတ်ငတ်၍
( ရှေးကလို သရောကြီးခိုင်း၍ ) သေရခြင်းသည် ဒုဗ္ဘိက္ခန္တရကပ်
တိုက်ခြင်းပင်တည်း၊ ဤကပ်များတွင် ၁၀နှစ်တမ်း ကျရောက်သော
အခါကပ်တမျိုးမျိုး တိုက်မည်ဟု ကျမ်းဂန်တို့၌ ဆိုသော်လည်းယခု
အခါမှာပင်အချို့အခါ အချို ့ တိုင်းပြည်များတွင် ထိုကပ်၃ပါးတို့
မကြာမကြာတိုက်လျက် ရှိသည်။
