## PAGE 96

၁၇၂
ရတနာ့ဂုဏ်ရည်
ရပ်ပြစ်ရှစ်ပါး
"
"
အပြစ်ရှိသောအရပ်ကို မြန်မာတို့က “ရပ် – ပြစ်”ဟု ခေါ်ကြ၏၊
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ် မဟုတ်,
ထိုအရပ်သို့ ရောက်နေလျှင် မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရ
သောကြောင့် မဂ်ဖိုလ်ရခွင့် မရှိခြင်းကို “ အပြစ် ” ဟု ဆိုသည်၊
ထို့ကြောင့် ဤ ရပ်ပြစ်ရှစ်ပါးကို ပါဠိတော်များ၌ “ အက္ခဏ
မိန့်တော်မူသည်။ [ အက္ခဏ = အခွင့်ကောင်း ခဏကောင်း မဟုတ်
သောကာလဒေသ။ ဤ ရပ်ပြစ်ရှစ်ပါးကို အမျိုးမျိုးပြသော်လည်း
သုတ်ပါထေယျ ပါဠိတော်လာ တမျိုးကိုသာ ပြအံ့။
[ဆောင်] ဘုရားပွင့်ခါ, ပါယ်သုံးရွာနှင့်,ဒီဃာယုနတ်, ဖြစ်လတ်
ပစ္စန်, မိစ္ဆာဉာဏ်ရှိ, ဉာဏ်မရှိသား, ဉာဏ်ရှိငြားလည်း
ဘုရား မဖြစ်, ကျမ်းဂန် လှစ်သည်, ရုပ်ပြစ်ရှစ်ပါး သရုပ်
☑
တည်း။
☑
☑
☑
☑
(၁, ၂, ၃) ဘုရားပွင့်ခါ ပါယ်သုံးရွာနှင့်။ ။ဘုရားပွင့်နေဆဲ
အခါ ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသုရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၄) ဒီဃာယုနတ်။ ။အသက်ရှည်သော နတ်ဗြဟ္မာကို“ဒီဃာယု
နတ်” ဟု ဆိုသည်၊ ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်
ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ် ဗြဟ္မာ
များနှင့် အရူပဗြဟ္မာ များတည်း။[အသညသတ် ဗြဟ္မာများ
သည် ခန္ဓာကိုယ်သာ ရှိ၍ စိတ်ဝိညာဉ် မရှိ၊ အရူပ ဗြဟ္မာ
ဩကာသ အဖွင့်
၁၇၃
များကား စိတ်ဝိညာဉ်သာ ရှိ၏၊ ခန္ဓာကိုယ်မရှိ၊ ထို့ကြောင့်
ထို ဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း တရားမနာနိုင်
ရှာကြပေ။
(၅) ဖြစ်လတ်ပစ္စန်။ ။ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်
နိုင်ရာ အစွန်အဖျား တောတောင်အကြား(ပစ္စန္တရာဇ်သား)
လူရိုင်းများကိုဆို သည်။ယခုအခါ၌ကား မြန်မာနိုင်ငံသည်
ပစ္စန္တရာဇ် မဟုတ်။]
(၆) မိစ္ဆာဉာဏ်ရှိ
သူများ။
။ ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိ ဉာဏ်ရှိ
(၇) ဉာဏ်မရှိသား။ ။ဘုရားပွင့်ဆဲအခါ တရားကို နားလည်
လောက်သောဉာဏ်မရှိသူများ။ [ဤဆိုခဲ့သော ၇ မျိုးသည်
ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။
။
။
(ဂ) ဉာဏ်ရှိငြားလည်း ဘုရားမဖြစ် တတ်သိ နားလည်
လောက်သော ဉာဏ် ရှိသော်ငြားလည်း ဘုရား မပွင့်သော
အခါ လူဖြစ်ရသူများ။
☑
☑
ရန်သူမျိုးငါးပါး။ ။၁−ရေ၊ ၂−မီး၊ ၃−ခိုးသူ၊ ၄ – အမွေခံ
သားသ္မီးဆိုး၊ ၅’မင်းဆိုး၊မချစ်အပ်သောသူကို ရန်သူမျိုး
ငါးပါး၌ သွင်းမှားကြ၏၊ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်
နိုင်၊ အမွေခံသားဆိုး သ္မီးဆိုးသာလျှင် (မိဘကို မကြာခဏ

## PAGE 97

၁၇၄
ရတနာ့ဂုဏ်ရည်
ဒုက္ခပေးတတ် စုဆောင်းယားသော ပစ္စည်းများကို ဖြုန်းသုံး
ပစ်တတ်သောကြောင့်) ရန်သူအစစ် ဖြစ်သည်။]
[ဆောင်] ရေ မီး-သူခိုး, မွေခံဆိုးနှင့်, မင်းဆိုး အပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ, အမှန်တဲ့။
☑
☑
ဝိပတ္တိတရား လေးပါး။
☑
X
။ဖေါက်ပြန် ချွတ်ယွင်းချက်ကို“ဝိပတ္တိ
ဟု ခေါ်၏၊ ဝိပတ္တိတရား လေးပါးကား…
၁။ ကာလဝိပတ္တိ။ ။မင်းဆိုး မင်းယုတ် အုပ်စိုးသောအခါ။
0"
၂။ ဂတိဝိပတ္တိ။ ။အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို မကောင်
သော ဂတိဖြစ်၍ “ဂတိဝိပတ္တိ”ဟု ဆိုသည်။
"
"
၃။ ဥပဓိဝိပတ္တိ။ ။ရုပ်အဆင်းအင်္ဂါကို “ဥပဓိ” ဟု ခေါ်သည်၊
အင်္ဂါချို့တဲ့ခြင်းကိုဥပဓိဝိပတ္တိ”ဟု ဆိုသည်။
၄။ ပယောဂ၀ိပတ္တိ။ ။ကိုယ်မှ နှုတ်မှုကို “ပယောဂ”ဟု ဆို၏၊
အသိအလိမ္မာ မရှိ, သတိ ဝီရိယလည်း မရှိဘဲ ပြုမှု ပြောမှု
ကြံစည်မှုကို“ပယောဂဝိပတ္တိ”ဟု ဆိုသည်။
[ဆောင်] ဖေါက်ပြန် ချို့ယွင်း ပျက်စီးခြင်း, ခေါ်လျှင်း ဝိပတ္တိ။
ကာလ ဂတိ, ဥပဓိမှ ပယောဂ, လေးဝ မှတ်လေဘိ။
X
✓
,
✓
*
ဗျသနတရား ငါးပါး။ ။ပျက်စီးခြင်း ဆုံးပါးခြင်းကို ပါဠိလို
“ဗျသန”ဟု ခေါ်၏၊ ဗျသနတရား ငါးပါးကား....
"
(အဋ္ဌမအကြိမ်)
ဩကာသ အဖွင့်
၁။ ဉာတိဗျသန=မျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန= စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၄။ ဒိဋ္ဌိဗျသန=မိစ္ဆာအယူကိုယူခြင်း။
၅။ သီလဗျသန-သီလ ပျက်ခြင်း။
[ဆောင်] ဆုံးရှုံးပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။
ဉာတိ-ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ သရုပ်ပြ။
အခါခပ်သိမ်း ... ရပါလို၏ ။
IL
☑
၁၇၅
။ ဤ မကောင်းသောတရား
တို့မှ အခါခပ်သိမ်း ဘဝတိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍..
o
"
“သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါ
လို၏”ဟု ဆုတောင်းသည်။ [တောင်းတိုင်း ရ-မရကို ဆုပေးအဖွင့်၌
ပြမည်။]
ဩကာသရှိခိုး အမျိုးမျိုး။ ။ ဤ “ဩကာသ” ရှိခိုးပုံသည်
ယခုအခါ မြန်မာနိုင်ငံ၌ အမျိုးမျိုးရှိနေ၏၊ စာလာပေလာ မဟုတ်
သောကြောင့်“မည်သည့်နည်းကမှန်၍ မည်သည့်နည်းက မှားသည်”
ဟု မဆိုသာ၊ အများနှင့်ဆိုင်အောင် ရှေးဆရာကြီးတို့ သင့်လျော်ရုံ
ရေးပေးရာမှ တွင်ကျယ်၍ သုံးစွဲလာဟန်တူသည်၊ ယခုအခါ ဘုရား
ရှိခိုးတိုင်း သီလခံယူတိုင်း၌ ဗုဒ္ဓဘာသာ မှန်လျှင် အားလုံးလိုပင်
သုံးစွဲနေကြ၍သာ အဓိပ္ပါယ် ရေးလိုက်ရ ပါသည်၊ ကိုယ်တိုင်က
ကျေနပ်လှ၍ရေးခြင်း မဟုတ်ပါ။
(အဋ္ဌမအကြိမ်)

## PAGE 98

၁၇၆
ရတနာ့ဂုဏ်ရည်
လက်ထက်တော်က ရှိခိုးပုံ။ ။ဘုရားလက်ထက်တော်၌ကား
ဘုရားအထံတော် သံဃာ့အထံတော်သို့ ဆည်းကပ်ရှိခိုးလာသော
အခါ ရိုသေစ္စာ လက်အုပ်ချီပြီးနောက် သင့်ရာ အရပ်က ထိုင်လျက်
လျှောက်ထားဘွယ် စကားများကို လျှောက်ထားကြရိုး ရှိပါသည်၊
ပြန်သောအခါလည်း ပင်ကိုယ်က ဘုရားတရားသံဃာကို ကိုးကွယ်သူ
မဟုတ်ဘဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်မည့်သူဖြစ်လျှင် “ တပည့်
တော်သည် ဘုရား
တရား သံဃာများကို ကိုးကွယ် ဆည်းကပ်ပါ၏။
ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သူ ဥပါသကာ
ဟူ၍ မှတ်တော်မူပါ”ဟု လျှောက်ထား၍ အရိုအသေပေးကာ ပြန်
သွားလေ့ရှိကြသည်။
ယခုအခါ သင်္ကြန်တွင်း ဝါဆိုဥုးစသော နေ့ကြီးရက်ကြီးများ၌
ဆရာမိဘ ဘိုးဘွားစသူတို့ကိုကန်တော့ကြရာမှာလည်း“ဩကာသ=
ဩကာသ”ကစ၍ တချို့ကန်တော့ကြ၏၊ သူ့ နေရာနှင့်သူ မသုံးတတ်
ကြ၊ ထို့ကြောင့် အချိန်၏တန်ဘိုးကို နားလည်ကြသော အမျိုးသား
အမျိုးသ္မီးတို့သည်ဩကာသ”အစချီသော ရှိခိုးခြင်းကို နေရာတိုင်း
အသုံးမပြုကြဘဲ ရိုသေစွာ အနားသို့ ချဉ်းကပ်ပြီးနောက် လျှောက်
ထားဘွယ်နာယူဘွယ်များကို လျှောက်ထား နာယူပြီးလျှင် ရှိခိုး
ဝတ်ချ၍ ပြန်ဘို့ရာပင် ဖြစ်သည်၊ အထူး ရိုသေလောက်သော ဆရာ
သမား, သံဃာအများ ရုပ်ပွားစေတီတော် အထံမှ ပြန်သောအခါ
ထိ ဆရာသမား စသည်ကို ့ကျောပေး၍ မပြန်ဘဲ လက်အုပ်ချီကာ
ခပ်စောင်းစောင်းပြန်လာပြီးနောက် သင့်တော်လောက်သောနေရာ
ရောက်မှ ဖြောင့်ဖြောင့် ပြန်လှည့်ကြလျှင် သာ၍ပင် ယဉ်ကျေးရာ
ရောက်ပါလိမ့်မည်။
ဩကာသ အဖွင့်
၁၇၇
ယခုကာလ များစွာသော မြို့ရွာတို့၌ကား ရုပ်ပွားတော် ဆရာ
တော်ကြီး စသော ရိုသေလောက်သော ဌာနကို ဖူးမျှော်ပြီးနောက်
ရုပ်ပွားတော် ဆရာတော်ကြီးတို့၏ မျက်မှောက်မှာပင် ကျောပေး၍
ပြန်သွားတတ်ကြသည်၊ ထိုသို့ ပြန်သွားခြင်းကား လူမျိုးခြားများ၏
သူတို့ဘုရားကိုအရိုအသေပြုခြင်းနှင့်ကွာခြားလှသဖြင့် အဖက်ဖက်က
လူမျိုးဘာသာ တန်းမြှင့်လိုသော အမျိုးသ္မီး အမျိုးသားတို့ ပြုပြင်
သင့်ကြပါသည်။
အခါကြီး ရက်ကြီးများ
ကန်တော့နည်း အမျိုးမျိုး
မိဘကို ကန်တော့ပုံ ။ မိခင် ဘခင်, (မိဘ ၂ ပါး) တို့၏
မွေးကျွေးသုတ်သင် ပဲ့ပြင်ဆုံးမ စောင့်ရှောက်ခဲ့သမျှကျေးဇူးများကို
ရည်စူး၍ ဤရေချမ်းဖြင့် (ဤမုံ့ဖြင့်)(ဤပန်းဖြင့်) (ဤ ဖယောင်း
တိုင်ဖြင့်) ရိုသေလေးမြတ်စွာ ကန်တော့ပါ၏၊ဤ ကန်တော့ရသော
ကောင်းမှုကြောင့် ပြစ်မှားမိသော အပြစ် တစုံတခုရှိခဲ့သော်
ပြေပျောက်၍ ကိုယ်စိတ် ၂ ဖြာ ကျန်းမာ ချမ်းသာစွာ နေနိုင်သူ
ဖြစ်ရပါလို၏။
မိဘကဆုပေး။ ။ဤ ကန်တော့ရသော ကောင်းမှုကြောင့်
အမေ့သား (သီး)- အဖေ့သား (သ္မီး)သည် တောင့်တသောဆုနှင့်
ပြည့်စုံ၍ မိဘတို့၏အမျိုးအနွယ်ကိုမတိမ်ကောအောင် စောင့်ရှောက်
နိုင်သော အမျိုးကောင်းသား ( အမျိုးကောင်းသ္မီး ) ဖြစ်နိုင်ဘို့ရာ
လိမ္မာတတ်သိ ပညာရှိတယောက် ဖြစ်ပါစေသတည်း။
၁၇ (အဋ္ဌမအကြိမ်)

## PAGE 99

၁၇၇
ရတနာ့ဂုဏ်ရည်
အဖိုး အဖွား ကန်တော့ ။ ။အဖိုးကို ကန်တော့လျှင် မိခင်
ဘခင် နေရာ၌ “ အဖိုး၏ ” ဟု ထည့်၊ အဖွားကို ကန်တော့လျှင်
အဖွား၏ ” ဟု ထည့်၊ ၂ ယောက်လုံးကို ကန်တော့လျှင် “ အဖိုး
အဖွား၏”ဟု ထည့်၍ မိဘကန်တော့တုန်းကအတိုင်း ဆိုပါ။
66
အဖိုး အဖွားက ဆုပေး။ ။ ဤ ကန်တော့ရသော ကုသိုလ်
ကောင်းမှုကြောင့် အဖိုးရဲ့မြေး(အဖွားရှိမြေး)သည် တောင့်တသော
ဆုနှင့်ပြည့်စုံ၍ အဖိုးအဖွားတို့၏အမျိုးအနွယ်ကို မတိမ်ကောအောင်
စောင့်ရှောက်နိုင်သော အမျိုးကောင်းသား ( သ္မီး ) ဖြစ်နိုင်ဘို့ရာ
လိမ္မာတတ်သိ ပညာရှိတယောက် ဖြစ်ပါစေသတည်း။
ဘ
ဆွေမျိုးများ ကန်တော့။ ။ဥုးကြီး, ဥုးလေး,
ဘထွေး, အဒေါ်, အရီး,အဖွားကြီး,အဖွားလေး,
ဘိုးလေးစသော ဆွေမျိုးများကို ကန်တော့ရာ၌လည်း ဥုးကြီ
(ဥုးလေး၏) စသည်ဖြင့်ဆို၍ ကန်တော့ပါ။
ဥုးကြီးက ဆုပေး။ ။ဤ ကန်တော့ရသော ကောင်းမှုကြောင့်
ဥုးကြီးရဲ့ တူကြီး (တူမကြီး) သည် တောင့်တသောဆုနှင့် ပြည့်စုံ၍
ဥုးကြီးတို့၏ အမျိုးအနွယ် မတိမ်ကောအောင် စောင့်ရှောက်နိုင်
သော အမျိုးကောင်းသား (အမျိုးကောင်းသ္မီး)ဖြစ်နိုင်ဘို့ရာ လိမ္မာ
တတ်သိ ပညာရှိတယောက် ဖြစ်ပါစေသတည်း။ [ဥုးလေး စသူတို့
ကလည်း ဤအတိုင်း ဆုပေး။
သက်ကြီး ဝါကြီး ကန်တော့။ ။ဆွေမျိုးမတော်စပ်သော
သက်ကြီးဝါကြီးများကိုလည်း အဖိုး အဖွား ဥုးကြီး အဒေါ်စသည်
ခေါ်၍…“ အဖိုး၏ ကြီးရင့်သောအသက်နှင့် ကိုယ်ကျင့် သိက္ခာကို
(အဋ္ဌမအကြိမ်)
ဩကာသ အဖွင့်
၁၇၉
ရည်စူး၍ ( ဤအဝတ်ဖြင့်, ဤ စားဘွယ် သောက်ဘွယ် တို့ဖြင့် )
လေးမြတ်စွာ ကန်တော့ပါ၏၊ ဤ ကန်တော့ရသော ကောင်းမှု
ကြောင့် စသည်ဆို။
သက်ကြီးဆုပေး။ ။ဤ ကန်တော့ရသောကောင်းမှုကြောင့်
ငါ့မြေး ( ငါ့တူ ) သည် တောင့်တသော ဆုနှင့် ပြည့်စုံ၍ အမျိုး
ဘာသာ သာသနာအကျိုးကိုဆောင်နိုင်သော အမျိုးကောင်းသား
(အမျိုးကောင်းသ္မီး) ဖြစ်နိုင်ဘို့ရာ လိမ္မာတတ်သိ ပညာရှိတယောက်
ဖြစ်ပါစေသတည်း ။
ပညာသင်ဆရာကို ကန်တော့။ ။ဆရာ၏ သွန်သင် ပြသ ဆုံးမ
ခဲ့သော ကျေးဇူးများကို ရည်စူး၍...စသည်ဆို။
ဆရာက ဆုပေး။ ။ဤ ကန်တော့ရသော ကောင်းမှုကြောင့်
ဆရာ၏တပည့်သည် အမျိုးဘာသာ… စသည်ဖြင့် သက်ကြီး ဆုပေး
အတိုင်း ပေးပါ။
ဆရာဘုန်းကြီး ကန်တော့ ။ ။ ဆရာတော်၏ သီလ သမာဓိ
ပညာဂုဏ်ကို ရည်စူး၍(ဤ လှူဘွယ်ဝတ္ထုဖြင့်) ရိုသေ လေးမြတ်စွာ
ကန်တော့ပါ၏။ ဤ ကန်တော့ရသော ကောင်းမှုကြောင့်
စသည်ဆက်၍ ဆို။
ဆရာဘုန်းကြီး ဆုပေး။ … ။ ဤ ကန်တော့ရသော ကောင်းမှု
ကြောင့် တောင့်တအပ်တိုင်း ပြည့်စုံ၍ အမျိုးဘာသာ သာသနာ၏
အကျိုးကိုစွမ်းဆောင်နိုင်သော အမျိုးကောင်းသား(အမျိုးကော်း
သ္မီး)ဖြစ်နိုင်ဘို့ရာ လိမ္မာတတ်သိ ပညာရှိ ဖြစ်ပါစေသတည်း။
(အဋ္ဌမအကြိမ်)

## PAGE 100

500
ရတနာ့ဂုဏ်ရည်
၂
လက်ထပ်မင်္ဂလာ ။ ။ လက်ထပ်မင်္ဂလာပြုကြရာ၌ လူကြီး
မိဘတို့ကို ကန်တော့ကြ၏၊ ထိုအခါ လူကြီးမိဘတို့က ဆုပေးရန်..
“နို့ ရည်နှင့် ရေကို ရောနှောသည့်အခါ ၂ မျိုး ၂ စား မကွဲပြားဘဲ
တသားထည်း တည်နေသကဲ့သို့ ငါ့သား ငါ့သ္မီး ( ငါ့မြေး ငါ့တူ
စသည် ) ၂ ဥုးတို့လည်း မေတ္တာရေ မကွဲပြားဘဲ တသားထည်း
တည်စေပြီးလျှင် အိမ်ရှင် အိမ်သူတို့၏ ကျင့်ဝတ်များကို မယွင်းချွတ်
အောင် စောင့်ထိန်းလျက် စိတ်ရော ကိုယ်ပါ ချမ်းသာစွာဖြင့် ဥစ္စာ
စည်းစိမ် တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေ သတည်း”။
ဤသို့ စသည်ဖြင့် နေရာဌာနလိုက်၍ ကန်တော့သင့်, ဆုပေးသင့်
ကြသည်၊ ကုန်းဘောင်ရာဇဝင်၌ အလောင်းမင်းတရားကြီးကို သ္မီး
ကညာဆက်၍ မင်းသ္မီးက ကန်တော့သောအခါ “ကန်တော့ရသော
ဤ ကောင်းမှုကြောင့် ငါမင်းမြတ်နှင့် အတူ တိုင်းသူပြည်သား လူ
အများကို သနား စောင့်ရှောက် ချီးမြှောက် နိုင်ပါစေ” ဟူသော
အဓိပ္ပါယ်မျိုးဖြင့် ဆုပေးသည်ကို သတိပြုလိုက်ဘူးပါသည်။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကား’
ဣစ္ဆိတံ ပတ္ထိတံ တုယှံ, ခိပ္ပမေဝ သမိဇ္ဈတု၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ, စန္ဒော ပန္နရသော ယထာ။
“သင်၏ အလိုရှိအပ် တောင့်တအပ်သော ဆုသည် လျင်မြန်စွာ
ပြီးစီးပါစေ၊ တဆဲ့ငါးရက်လ၏ ပြည့်ဝခြင်းကဲ့သို့ ကောင်းသော
အကြံမှန်သမျှ ပြည့်ဝပါစေ”ဟု ဆုပေးတော်မူကြသည်။
ဩကာသအဖွင့် ပြီး၏။
ငါးပါးသီလ ခံယူပုံ အစဉ်
8
၁၇၁
အလှူကိစ္စစသည်၌ ရဟန်းတော်တပါးထံ(တရားမနာမီ ရေစက်
မချမီ) ငါးပါးသီလကိုဆောက်တည်တတ်ကြ၏၊ထိုသို့ ဆောက်တည်
ရာဝယ် ရည်ရွယ်ချက်ကား− ဒါနပြုရာ၌ အရင်းခံ သီလရှိမှ သာ၍
အကျိုးပေး စင်ကြယ်သောကြောင့် အရင်းခံ သီလရှိသူဖြစ်အောင်
ဆောက်တည်ခြင်းဖြစ်သည်၊နဂိုရ်က သရဏဂုံနှင့် သီလရှိသူဖြစ်လျှင်
မဆောက်တည်သော်လည်း အကျိုးမယုတ်ပါ၊ သို့ရာတွင် မြဲရာသံပတ်
ဆိုသလို ထုံးစံအတိုင်း သီလယူကြစို ့။
လူများ။
။“ဩကာသ ဩကာသ” စသည်ဖြင့် ထုံးစံအတိုင်း
ရှိခိုး ဆုတောင်း။
ဘုန်းကြီး။ ။“ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရသော
ကုသိုလ်ကံ စေတနာတို့ကြောင့် ” စသည်ဖြင့် အလို
ရှိရာ ဆုကိုပေး။
လူများ ။
။“ အဟံဘန္တေ တိသရဏေန သဟ ” စသည် ဆို၍
သရဏဂုံ သီလတောင်း။ [ တချို့နေရာ၌ ဤ အဟံ
ဘန္တေကို ဘုန်းကြီးက ချပေးသည်။]
ယ မဟံ ဝဒါမိ
ဘုန်းကြီး။ ။ “ယ မဟံ ၀ဒါမိ,
လူများ ။
ဘုန်းကြီး။
။အာမဘန္တေ ။
ဘန္တေ”။
တံ ၀ဒေထ”
။“နမော တဿ ဘဂဝတော အရဟတော” စသည်
တခေါက်ချ။
