အချီ နိဒါန်း ဥုံ နမော တေ ဝိဇေတုံ မေ, ဇ ယတော ဒဒတော ဇယံ၊ န ဋ္ဌထမ္ဘံ သဗ္ဗသန္တံ, က ရ မေ ဇယမင်္ဂလံ။ ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်။။သဗ္ဗညုဘုရားရှင်ကို “ဗုဒ္ဓ”ဟု ခေါ်၏၊ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို “ဗုဒ္ဓဘာသာ”ဟု ခေါ်၏၊ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာ နေထိုင်သူကို “ဗုဒ္ဓဘာသာဝင်”ဟူ၍ ခေါ်၏၊ ထိုဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ, ဓမ္မ, သံဃ (ဘုရား, တရား, သံဃာ) ရတနာမြတ် ၃-ပါး၏ အကြောင်းအရာကို ကောင်းစွာ နားလည်ရမည်၊ ထိုသို့ နားလည်ပြီးနောက် ထိုရတနာ ၃-ပါးကို မိမိယုံကြည်သလား-မယုံကြည်ဘူးလား?ဟု စဉ်းစား ထိုက်၏၊ မယုံကြည်လျှင် “ဗုဒ္ဓဘာသာဝင်”ဟု ပြောဆိုဝန်ခံနေသော် လည်း “ဗုဒ္ဓဘာသာဝင်”မဖြစ်နိုင်သေးပါ၊ ယုံကြည်လျှင်ကား “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသော သရဏဂုံ ၃-ပါးကို ဆောက်တည်ရ၏၊ ထိုအခါ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်၏။ ပညာ ဗုဒ္ဓဘာသာဝင်။ ။ထိုဗုဒ္ဓဘာသာဝင်တို့သည် ဉာဏ် နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ် ရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်လာ မြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ,စေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ် လေ့ရှိ၏၊ တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏၊ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ် တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း, အမှန်းအတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏၊ ထိုရတနာသုံးပါးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့ ၏၊ ဤသူကား ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေ တည်း။ သဒ္ဓါ ဗုဒ္ဓဘာသာဝင်။ ။သူများအပြောကောင်း၍ ယုံကြည် သော သဒ္ဓါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူ တို့ကား ဘုရားစစ်, တရားစစ်, သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏၊ (လုံးလုံးမရှိဘူးဟု-မဆိုလိုပါ၊) ဘုရား ကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားထိအောင် စိတ်မရောက်နိုင်ဘဲ ရုပ်ပုံ,စေတီတော်လောက်သာ စိတ်ရောက်၏၊ ရုပ်ပုံ, စေတီတော်များတွင်လည်း ဆွေဘုရား, မျိုးဘုရား မိမိပူဇော် ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညိုတတ်ကြ၏၊ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း သာ၍ ကြည်ညိုကြသေး၏။ ထို့ကြောင့်ပင် မိမိတို့၏ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီ တော်များကို ပစ်ထားခဲ့၍ မြို့ကြီးပြကြီးသို့ ဘုရားဖူးသွားကြ၏၊ အခါတစ်ပါး၌ တောက မိန်းမတစ်စု မန္တလေးသို့ သွားခါနီးဝယ် “ဘုရားဖူး သွားမလို့, ဘုရားဖူး သွားမလို့”ဟု ကျယ်လောင် ကျယ် လောင်နှင့် ပြောဆိုနေကြသည်ကို အတော်နားလည်သော ကျောင်းဒကာကြီးက “တိုးတိုး ပြောကြပါဟရို့, တို့ရွာက ကိုယ်တော်မြတ်တွေ ကြားလျှင် အားနာစရာ ဖြစ်နေပါ့မယ်”ဟု ပြတ်ရယ်ပြုလိုက်သတဲ့၊ ထိုသဒ္ဓါဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်း မကျသည် မဟုတ်သေး၊ တရား, သံဃာကြည်ညိုကြရာတွင်လည်း စည်းကမ်းမဲ့လှချေ၏၊ ထိုစည်းကမ်းမဲ့ပုံတို့ကို တရားဂုဏ်တော်နှင့် သံဃာ့ဂုဏ်တော်အဆုံးမှာ ပြထားသည်။ သရဏဂုံနှင့်သီလရှိသူ အပါယ်မကျ။ ။“ဆင်းတု, စေတီတော် များကို ဖူးမြော်ရသည်မှာ ကုသိုလ်မရ”ဟု မဆိုလိုပါ၊ များစွာ ကုသိုလ်ရပါပေသည်၊ သို့သော် ဆင်းတုတော်, စေတီတော်များသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထား ကိုးကွယ်အပ်သော အတုအပွားမျှသာဖြစ်သောကြောင့် ဘုရားရှင်တိုင်အောင် အာရုံပြုနိုင်, မှန်းဆနိုင်မှသာ စနစ်ကျန သာ၍ အကျိုး ရသော ဖူးမြော်ခြင်းဟု ဆိုလိုပါသည်၊ ထိုသို့ ဘုရားရှင်၏ ဂုဏ်တော် များနှင့်တကွ တရား, သံဃာတော်၏ ဂုဏ်တော်များကို လေးလေး စားစား အာရုံပြုတတ်, ကြည်ညိုတတ်သည့်ပြင် ဒုစရိုက်ဆယ်ပါးမှ ရှောင်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံလုံခြုံပါမူကား- “ဣဓ မဟာနာမ ဧကစ္စော ပုဂ္ဂလော နဟေဝ ခေါ ဗုဒ္ဓေ အဝေစ္စပသာဒေန သမန္နာဂတော ဟောတိ၊ န ဓမ္မေ, န သံဃေ၊ န ဟာသပညာ, န ဇဝနပညော, န စ ဝိမုတ္တိယာ သမန္နာဂတော၊ အပိ စဿ ဣမေ ဓမ္မာ ဟောန္တိ၊ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သမာဓိယံ ပညိန္ဒြိယံ၊ တထာဂတေ စဿ သဒ္ဓါမတ္တံ ဟောတိ ပေမမတ္တံ၊ အယမ္ပိ ခေါ မဟာနာမ ပုဂ္ဂလော အဂန္တာ နိရယံ, အဂန္တာ တိရစ္ဆာနယောနိ, အဂန္တာ ပေတ္တိဝိသယံ, အဂန္တာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ”ဟူ၍- ဟောတော်မူအပ်သော (မဟာဝဂ္ဂ, သောတာပတ္တိသံယုတ်, သရဏာနိဝဂ်, ပထမ သရဏာနိသက္ကသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါးမှ တစ်ခါတည်း ကင်းလွတ်သော သောတာပန်အခြေသို့ ရောက်လေပြီဟု ယုံကြည်စိတ်ချလိုက်ပေ တော့သည်။ ထိုစကား မှန်၏၊ ပင်ကိုယ်က အောက်အကြောသို့ စီးနေသော မြစ်ရေအလျဉ်သည် သမုဒ္ဒရာနှင့် ကြာလေနီးလေဖြစ်သကဲ့သို့အနိစ္စ ဒုက္ခ အနတ္တသဘောကို ထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စ ရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ညွတ် ကိုင်းရင်းရှိရကား နိဗ္ဗာန်နှင့် ကြာလေနီးလေပင် ဖြစ်တော့၏။ အရှေ့ဘက်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်သည် လဲသည့် အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့, နိဗ္ဗာန်သို့ ကိုင်းညွတ် နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှုပြုသမျှ၌ နိဗ္ဗာန်ဘက် သို့သာ ညွတ်လျက်ရှိသည်ဖြစ်၍ ထိုသူတော်စင်သည် အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရာ ရှိပါတော့အံ့နည်း။ သရဏဂုံသီလလုံသူ သောတာပန်နှင့်တူ။ ။ဆိုအပ်ပြီးစကား ၌ “ကိုယ်ကျင့်လုံခြုံ”ဟူရာဝယ် “ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာ ရောက်သည်”ဟု မဆိုလိုပါ၊ သတိတရားရသည်ကစ၍ စိတ်ချ လက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည်၊ ဘုရား လက်ထက်တော်၌ “သရဏာနိ”မည်သော ဥပါသကာသည် ရတနာ သုံးပါးကို အသည်းစွဲ ကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ်ကာလက ငါးပါးသီလလောက်မျှ မလုံခြုံဘဲရှိခဲ့ရာ စုတေခါနီးကျမှ သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက် စုတေသည်၊ ထို့နောက် ကျန်ရစ် သူတို့က ထိုသူ၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ထားကြ ရာ ဘုရားရှင်က ထိုဥပါသကာကို အပါယ်လေးပါးမှ လွတ်သော သောတာပန်ဖြစ်ရကား သုဂတိသို့ ရောက်နေကြောင်းကို မိန့်တော် မူပါသည်။ ကြိုးစားဖွယ်။ ။ထို့ကြောင့် မကောင်းသော မြေရေ၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင် အောင်မြင်စေကာမူ အကျိုးမပြီး အချည်းနှီးပျက်ပြား၍ ဆုံးပါးရသကဲ့သို့ မူလမမှန်သော ဘုရား-တရား၌ အားထားကိုးကွယ်လေသမျှသည် အချည်းနှီး အကျိုးမဲ့ဖြစ်ရုံသာမက ထိုဘုရား-တရားဘက်၌ အားတက်သရော ဟောပြောမှုကြောင့် အထုအထည်ကြီးမားလှသော မကောင်းမှု အကျိုးကိုပင် ခံရှာရပေဦးမည်၊ ထိုမျှလောက် အပြစ်များ၍ ဆုံးပါး ဖွယ်ရှိသော ဘာသာတစ်ပါး အယူရှိကြသူများသည် သူတို့၏ ဘုရား တရားကို အားထားမှီခိုကြည်ညို လေးမြတ်ကြကုန်သေး၏။ ကောင်းသော ရေမြေ၌ကား အားပါးတစိုက်မဟုတ်ဘဲ မလိုလဲ လိုလဲ စိုက်ပျိုးရုံမျှဖြင့် ကြီးမြင့်ထွားကျိုင်းသော အပင်ကြီးများကို ရနိုင်သကဲ့သို့ ဘုရား, တရား, သံဃာမှန်တို့၌ ပြုစုအားထုတ် လိုက်သမျှသည် “ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည့် ပမာ”ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည်၊ စိတ်ပါလက်ပါ အားရပါးရ ဂရုစိုက်၍ ကိုးကွယ်ဆည်းကပ်လိုက်ပါမူကား တစ်သံသရာလုံး စိတ်ချ လက်ချ နိဗ္ဗာန်တိုင်အောင် အကျိုးကို မုချရနိုင်သည်ဖြစ်၍ အကြောင်း အကျိုးစိစစ်က အပြစ်ဆိုဖွယ်မရှိသော ဗုဒ္ဓဘာသာ အယူကြီးကို လက်ကိုင်ရကြပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာ ခပ်ပေါ့ပေါ့နေထိုက်ပါအံ့နည်း၊ နေ့စဉ်ရက်ဆက် နှစ်သက်ကျေနပ် အောင် အထပ်ထပ်စဉ်းစား၍ တရားတော်အရ ကျကျနန လိုက်နာ ကြသည် မဟုတ်ပါလော။ ဤသို့လျှင် ဘုရား, တရား, သံဃာ ရတနာသုံးပါးကို လွန်စွာ အားထားလျက် ကိုယ်ကျင့်တရား လုံခြုံပါမူ နောက်သံသရာရေးဝယ် စိတ်ချဖွယ်ကောင်းလှသောကြောင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုတတ်, မှန်းဆတတ်ဖို့ရာ ရေးသားပေးဖို့ အကြောင်း တောင်းပန်အပ်ဖူးလှလေပြီ၊ သို့သော် အဘိဓမ္မတ္ထသင်္ဂြိုဟ် ကျမ်း၏ အဖွင့်ဖြစ်သော “သင်္ဂြိုဟ်ဘာသာဋီကာ”ကို ရေးသားဆဲ ဖြစ်၍ အားလပ်ခွင့်မရသောကြောင့် ရှေးဆရာတော်များ၏ ဂုဏ် တော်ဖွင့်ကိုသာ ကြည့်ရှုကျက်မှတ်ဖို့ရန် ညွှန်ပြခဲ့ရပေသည်။ ယခုတစ်ဖန် ရှေးခေတ်က ရှေးစနစ်ဖြင့် ရေးသားအပ်ပြီးသော ဘုရားရှင် ဂုဏ်တော်ဖွင့်များတွင် အသိဉာဏ်မသက်ဝင်နိုင်သူတို့က တောင်းပန်ကြပြန်သောကြောင့် ကျမ်းဂန်အဖွင့်လည်း လက်မလွတ် စေရ, ခေတ်ကာလနှင့်လည်း လိုက်လျောအောင် ညက်ညောသော အနက်သွား, ထင်ရှားသော အဓိပ္ပါယ်ဖြင့် ခပ်လွယ်လွယ်ရေးသား ဖို့ရန် စိတ်အကြံဖြစ်သည့်အားလျော်စွာ ရတနာမြတ်သုံးပါး၏ ဂုဏ်တော်အရည်အချင်းများကို ပဓာနထားပြီးလျှင် “ရတနာ့ ဂုဏ်ရည်”ဟူသော အမည်ဖြင့် ရေးသားပါအံ့။ ရေးသားပုံ အစီအစဉ် ဘုရားဂုဏ်တော် ဘုရားဂုဏ်တော် အဖွင့်ကို ရေးသားရာ၌ ဘုရားရှင်၏ အဖြစ်တော်စဉ်, ဘုရားရှင်၏ ရုပ်ပုံတော်, ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပါယ်တော်မူပုံ, လုံ့လဝီရိယနှင့် မဟာကရုဏာတော် ကြီးမားသဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို အားလပ်ခွင့်မရအောင် ရွက်ဆောင်တော်မူပုံ, ဤ အလုံးစုံကို သိစေပြီးမှ ဂုဏ်တော်၏ အရည်အချင်းကိုပြရလျှင် သပ္ပါယ်သော ရုပ်ပုံတော်တွင် ဂုဏ်တော်များ ထင်မြင်လာဖွယ်ရှိ သောကြောင့် ရုပ်ပုံတော်ဖွင့်, ရောင်ခြည်တော်ဖွင့်, စေတီတော်ဖွင့် များကို ရှေးဦးစွာပြလျက် ဂုဏ်တော်ဖွင့်ကို ဆက်လက် ရေးသားပါ သည်။ [ဘုရားအဖြစ်တော်စဉ်ကိုကား အနည်းငယ် ရှည်လျား သဖြင့် ဤကျမ်း၏ အဆုံးမှာ ပြထားပါသည်။ တရားဂုဏ်တော် တရားဂုဏ်တော်ဖွင့်ကို ရေးသားရာ၌ ပုံသဏ္ဌာန် မထင်ရှားသော တရားဂုဏ်တော်အစဉ်သည် စိတ်ထဲ၌ ထင်မြင်နိုင်ရန် ခဲယဉ်းသောကြောင့် နက်နဲသော တရား ဂုဏ်တော်ကို ဝတ္ထုပုံသက်သေများဖြင့် ထင်ရှားအောင် ရေးသား ထားပါသည်။ သံဃာ့ဂုဏ်တော် သံဃာ့ဂုဏ်တော် အဖွင့်၌လည်း ယခုကာလ မျက်မြင် သံဃာလောက်တွင် စိတ်ဝင်းစားမှု ကို အထူးတားမြစ်၍ ရှေးရှေးက အရိယာသံဃာတော်များနှင့်ပုထုဇဉ်သီလရှိသော သံဃာတော်များကို ရည်မှန်း၍ အာရုံပြုတတ် ဖို့ရာ ဝတ္ထုပေါင်းများစွာကို အချုပ်အချုပ်မျှ ထုတ်ပြထားပါသည်။ သရဏဂုံနှင့် ငါးပါးသီလ ထို့နောက် ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည် ကျေနပ်၍ ဆည်းကပ်ကိုးကွယ်သူသည် “သရဏဂုံ တည်သူ”ဖြစ်ရကား သရဏဂုံတည်လျှင် ငါးပါး သီလကိုလည်း နေ့စဉ်မပြတ် စောင့်ထိန်းမှသာ သူတော်ကောင်း ပီသရာ ရောက်သောကြောင့် ယခုကာလ အများသုံး “ဩကာသ”မှ စ၍ ငါးပါးသီလတိုင်အောင် ဖွင့်ပြထားပါသည်။ ရှစ်ပါးသီလ ထို့နောက် ရံဖန်ရံခါ ဥပုသ်စောင့်ရာဝယ် လိုက်နာ ဖွယ်ရာ အချက်များနှင့်တကွ စောင့်ထိန်းအပ် သော သိက္ခာပုဒ်များ၏အကျိုးကို အမျိုးမျိုး ယုတ္တိပြလျက် ခေတ် ကာလ စဉ်းစားသူတို့၏ ဉာဏ်နှင့် သင့်တင့်အောင် မှန်းထား၍ တခမ်းတနား ရေးသားထားပါသည်။ အာဇီဝဋ္ဌမကသီလ ထို့နောက် ဗုဒ္ဓဘာသာစစ်စစ် သူတော်ကောင်း ဖြစ်ရိုးမှန်လျှင် မိမိ၏ အသက်မွေးမှုကို တရားနည်းလမ်းကျအောင် ပြုထိုက်သောကြောင့် “အာဇီဝဋ္ဌမက သီလ”ကိုလည်း ဖွင့်ပြထားပါသည်။ နဝင်္ဂသီလ - ၁၀-ပါး သီလ ထို့နောက် ယခုအခါ အချို့ သူတော်ကောင်းတို့ ၉-ပါး, ၁၀-ပါးသီလများကို ဆောက်တည်လေ့ ရှိသောကြောင့် ထိုသီလများ ဆောက်တည်ရာဝယ် စောင့်ရှောက်ဖွယ်များကို အချုပ်မျှ ရေးသားထားပါသည်။ ဒုစရိုက် စသည် ထို့နောက် ဗုဒ္ဓဘာသာတိုင်း သိဖွယ်, ကျင့် ဖွယ်ဖြစ်သော ဒုစရိုက်, သုစရိုက်, ပုညကိရိယဝတ္ထုများကို အကျဉ်းအကျယ် ခွဲခြား၍ သိသာရုံ အချုပ်မျှ ထုတ်ပြထားသည်။ ကံ ကံ၏အကျိုး ထို့နောက် အများမျက်မြင် နေ့စဉ်အကျိုးပေးဟန်ကို ရှေးကံနှင့် ဆက်သွယ်၍ လူငယ်များ ပင် နားဝင်လောက်အောင် ကံ ကံ၏အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိ (ကမ္မဿကတာဉာဏ်)ဖြစ်ပေါ်စေနိုင်သော ပဏ္ဏာသ ပါဠိတော်ကြီးလာ ကမ္မဝိဘင်္ဂသုတ်တော်ကို ဘာသာပြန်ထားပါ သည်။ ကံ ဉာဏ် ဝီရိယ ထို့နောက် အချို့သော ဗုဒ္ဓဘာသာဝင်တို့ သည် ရှေးကံကိုသာ တစ်ထစ်ချ အားကိုး တတ်ကြလေရာ ထိုသို့ အားမကိုးဖို့ရန် ဉာဏ်နှင့် ဝီရိယအချက်များ ကိုလည်း အမြွက်အားဖြင့် ထင်ရှားအောင် ဖော်ပြထားပါသည်။ ဆုတောင်းခန်း ထို့နောက် အများနှင့်ဆိုင်သော ဆုတောင်းနည်းကို ပါရမီဖြည့်ဖို့ အရေး၌ လေးလေးပင်ပင် စီစဉ် ညွှန်ပြ၍ နေ့စဉ် ဒါနမှုဝယ် အတိုချုပ် ဆုတောင်းဟန်ကိုလည်း စီမံ ရေးသားထားပါသည်။ နိဂုံး ဤမျှလောက်သော အစီအစဉ်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သိဖွယ်များ အထိုက်အလျောက် လုံလောက်ပြီဖြစ်ရကား ဘုရားအဖြစ်တော်စဉ်နှင့်တကွ စာရှုသူအများပင် သတိပြုဖွယ် ကောင်းလှသော “သမုဒ္ဒဝါဏိဇ”ဇာတ်တော်ကို အကျဉ်းချုပ်၍ နိဂုံး အုပ်လိုက်ပါသည်။ ၁၂၉၃-ခု၊ တပို့တွဲလ အရှင်ဇနကာဘိဝံသ မာတိကာ အကြောင်းအရာ (က) ဘုရားဂုဏ်တော်ဖွင့်များ ၁။ ရုပ်ပုံတော်ဖွင့် ၂။ ရောင်ခြည်တော်ဖွင့် [ရောင်ခြည်တော် ပြဿနာပါသည်။] ၃။ စေတီတော်ဖွင့် ဘုရား ပုထိုးခေါ်ပုံနှင့် ဘုရားဒြပ်တော်ကို အာရုံပြုသင့်ပုံ။ ၄။ ဘုရားဂုဏ်တော်ပြ ပါဠိတော်ဖွင့် ၅။ အရဟံဂုဏ်တော်ဖွင့် ၆။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် ၇။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် ၈။ သုဂတဂုဏ်တော်ဖွင့် ၉။ လောကဝိဒူဂုဏ်တော်ဖွင့် ၁ဝ။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်ဖွင့်. ၁၁။ သတ္ထာဒေဝမနုဿာနံဂုဏ်တော်ဖွင့် ၁၂။ ဗုဒ္ဓဂုဏ်တော်ဖွင့် ၁၃။ အိမ်သုံးမဂ္ဂင်ရှစ်ပါးနှင့် ဗုဒ္ဓါနုဿတိမဂ္ဂင်ရှစ်ပါး ၁၄။ ဘဂဝါဂုဏ်တော်ဖွင့် [အရပ်တော်အဆုံးအဖြတ်၊ ၁၅။ ဘုရားရှိခိုး ဂါထာဖွင့် ၁၆။ ဂုဏ်တော် ၉-ပါး ဆက်သွယ်နည်း ၁၇။ ဂုဏ်တော်အကျိုး မိဖုရားစောလုံဝတ္ထု) (ခ) တရားဂုဏ်တော်ဖွင့်များ ၁။ တရားဂုဏ်တော်ပြ ပါဠိတော်အဖွင့် ၂။ သွာက္ခာတ ဂုဏ်တော်ဖွင့် ၃။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့် ၄။ အကာလိကဂုဏ်တော်ဖွင့် ၅။ ဧဟိပဿိက ဂုဏ်တော်ဖွင့် ၆။ ဩပါနေကျိက ဂုဏ်တော်ဖွင့် ၇။ ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့် ၈။ တရားရှိခိုး ဂါထာဖွင့် ၉။ တရားပူဇော်နည်း (ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ ၁။ သံဃာ့ဂုဏ်တော်ပြ ပါဠိတော်အဖွင့် ၂။ သုပ္ပဋိပန္န ဂုဏ်တော်ဖွင့် ၃။ ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့် ၄။ ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့် ၅။ သာမိစိပ္ပဋိပန္န ဂုဏ်တော်ဖွင့် ၆။ ပုရိသယုဂါနိ ပါဠိအဖွင့် ၇။ အာဟုနေယျ ဂုဏ်တော်ဖွင့် ၈။ ပါဟုနေယျ ဂုဏ်တော်ဖွင့် ၉။ ဒက္ခိဏေယျ ဂုဏ်တော်ဖွင့် ၁ဝ။ အဉ္ဇလိကရဏီယ ဂုဏ်တော်ဖွင့် ၁၁။ အနုတ္တရပုညခေတ္တ ဂုဏ်တော်ဖွင့် ၁၂။ သံဃာ့ရှိခိုး ဂါထာဖွင့် ၁၃။ သာသနာတော်ဆောင်ရွက်ခဲ့ပုံ အစဉ် (ဃ) သရဏဂုံသီလ ဆောက်တည်မှုနှင့် ဆိုင်ရာများ ၁။ ဩကာသ အဖွင့် [အခါကြီး ရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုးပါသည်။] ၂။ ငါးပါးသီလ ခံယူပုံအစဉ် ၃။ ငါးပါးသီလတောင်း အဖွင့် ၄။ သရဏဂုံ အဖွင့် ၅။ ငါးပါးသီလသိက္ခာပုဒ်များ ၆။ ပါဏာတိပါတ အဖွင့် ၇။ အဒိန္နာဒါန အဖွင့် ၈။ကာမေသုမိစ္ဆာစာရ အဖွင့် ၉။ မုသာဝါဒ အဖွင့် စေတိယဇာတ်] ၁၀။ သုရာမေရယအဖွင့် (င) ဥပုသ်သီလ ဆိုင်ရာများ ၁။ သီလတောင်းအဖွင့် ၂။ ရှစ်ပါးသီလသိက္ခာပုဒ်များ ၃။ အဗြဟ္မစရိယအဖွင့် ၄။ ကောမာရဗြဟ္မစရိယ သီလတည်ဆောက်တည်ပုံ ၅။ ဝိကာလဘောဇနအဖွင့် ၆။ နစ္စ ဂီတသိက္ခာပုဒ် ၇။ ဥစ္စာသယနအဖွင့် ၈။ ဥပုသ်သီလများ၌ စဉ်းစားဖွယ် ၉။ ဥပုသ်အမျိုးမျိုး ၁ဝ။ အာဇီဝဋ္ဌမကသီလအဖွင့် ၁၁။ နဝင်္ဂဥပုသ်သီလအဖွင့် ၁၂။ ဆယ်ပါးသီးလအဖွင့် (စ) ဒုစရိုက်-သုစရိုက်အဖွင့် (ဆ) ပုညကိရိယာဝတ္ထုအဖွင့် (စ) ကံ ကံ၏ အကျိုးအဖွင့် (ဈ) ကံ ဉာဏ် ဝိရိယ အဖွင့် (ည) ဆုတောင်းခန်းအဖွင့် (ဋ) ဘုရားအဖြစ်တော်စဉ် နိဒါန်း ၁။ သူဌေးသာ သုမေဓာ ၂။ စဉ်းစားတော်မူခန်း ၃။ တောထွက်၍ ဈာန်အဘိညာဉ်ရတော်မူခန်း ၄။ ဘုရားဆုပန်တော်မူခန်း ၅။ ဗျာဒိတ်ရတော်မူခန်း ၆။ ပါရမီတော်များကို ဆင်ခြင်တော်မူခန်း ၇။ ကြင်ရာတော်ရွေးခန်း ၈။ ကြင်ရာတော်၏ ဂုဏ်အင်္ဂါများ ၉။ ထီးနန်းစံတော်မူခန်း ၁ဝ။ သံဝေဂယူတော်မူခန်း ၁၁။ တောထွက်မူတော်မူရန် အစီအစဉ် ၁၂။ တောထွက်မူခြင်း ၁၃။ ရဟန်းပြုတော်မူခြင်း ၁၄။ နန်းတော်၌ဖြစ်ပျက်ပုံ ၁၅။ ယသော်ဓရာ တမ်းတခန်း ၁၆။ ဒုက္ကရစရိယာကျင့်တော်မူခြင်း ၁၇။ မာန်နတ်ကို အောင်မြင်တော်မူခြင်း ၁၈။ ဘုရားဖြစ်တော်မူခန်း (ဌ) ကျမ်းပြီးနိဂုံး (ဍ) လက္ခဏာတော်ကြီး ဘုရားရှိခိုး (ဎ) လက္ခဏာတော်ငယ် (၈၀) မာတိကာ ပြီးပြီ။ Trang 1 ရတနာ့ဂုဏ်ရည် ရုပ်ပုံတော်ဖွင့် (ကျက်မှတ်ရန်) ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတပါရမီ၊ ယဿ ဝေသံ သုမာပေန္တိ, ကေနာပိ အသမံ သမံ။ ဗဟုံ-ဤ၍ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်းမရှိရလေအောင်၊ ပစိတပါရမီ-လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်း စုဆောင်း, ပါရမီတော် အပေါင်းတို့သည်၊ ပစ္ဆိမံ ဖလဒါနေန- ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသောအားဖြင့်၊ ယဿ ဘဂဝတော-အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဝေသံ-ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊ ကေနာပိ-လူမင်းနတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက် နှင့်မျှ၊ အသမံ-လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ် ဝယ်တိုင်းတာ, မနှိုင်းသာသည်ဖြစ်၍၊ သမံ-တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီဝင်သွေး, အယဉ် ကျေးဆုံးဖြစ်ရလေအောင်၊ သုမာပေန္တိ-တက်သစ်နေဝန်း, ထွန်းသစ် လစန်း, ပွင့်သစ်ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။ Trang 2 ကြည့်ရှုရန် အဓိပ္ပါယ် ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် “ဤ၍ဤမျှ ရှိ၏” ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များမြောင်လှပါပေ၏၊ ကမ္ဘာလောက၌ ရှိသမျှသတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်းယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ် ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏၊ ထိုမျှလောက် များပြားသော ပါရမီတော်တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး စုဆောင်းတော်မူခဲ့သောကြောင့် “ဤ၍ ဤမျှ-မည်၍ မည်မျှရှိ သည်”ဟု ပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။ အသင်္ချေတွက်ပုံ။ ။ ကမ္ဘာကြီးတည်၍ ပျက်စီးသည့်တိုင်အောင်သောအခါကို “တစ်ကပ် တစ်ကမ္ဘာ”ဟု ခေါ်၏၊ အလျား အနံ တစ်ယူဇနာရှိသော “ဂိုဒေါင်”တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင် အနှစ်တစ်ရာကြာမှ တစ်စေ့ကျယူပစ်ရာ ထိုမုန်ညင်း စေ့များ ကုန်သွားသော်လည်း တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင် မိန့်တော်မူသည်၊ နိဒါနဝဂ္ဂ-အနမတဂ္ဂသံယုတ်၊ သာသပသုတ် ပါဠိတော်] ထိုမျှကြာသော ကမ္ဘာပေါင်းမည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင် များမြောင်သောကမ္ဘာကို အသင်္ချေဟု ဆိုသည်၊ ထိုသို့ ရေတွက်၍မရသောကြောင့် ဘုရားတစ်ဆူနှင့် တစ်ဆူအကြား ၌ တစ်အသင်္ချေဟု မှတ်ထားရသော လေးကြိမ်ကို “လေးအသင်္ချေ” ဟု ဆိုရသည်။ Trang3 ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူ တစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံးအချိန်အခါတည်း၊ အချို့ ဘုရားရှင်များမှာ ပါရမီဖြည့်ဖို့ရန် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း, တစ်ဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသည်။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော်မူ အပ်ခဲ့သော ပါရမီတော်တို့သည် အလွန့်အလွန် များပြားရကား အကျိုးပေးခွင့် အလှည့်မရဘဲ အကျိုးပေးမည်ဟု တခဲခဲနေခဲ့ကြရာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မည့်ဘဝ၌ကား ခန္ဓာကိုယ်အရေးနှင့် စပ်၍ နောက်ထပ် အကျိုးပေးခွင့်မရှိ၊ အဆုံးစွန် အကျိုးပေးရမည့် အခါကြီးဖြစ်ပေသည်။ ထို့ကြောင့် ထိုပါရမီများသည် ရှင်တော်ဘုရားကို မျက်နှာတော် ကျက်သရေရှိအောင်လည်းကောင်း, လက်တော်ခြေတော် ပြေပြစ် ညက်ညောချောမောအောင်လည်းကောင်း, ကိုယ်လုံးတော် နှင့် အရပ်တော် ခန့်ညားညီညွတ်အောင်လည်းကောင်း, ဤသို့အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင်အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂-ပါး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်များဖြင့် တံဆိပ်ခတ်လျက် အလွန် တင့်တယ်သပ္ပာယ်စွာ ဖန်ဆင်းလိုက်ရကား လူမင်း, နတ်မင်း, ဗြဟ္မာ မင်းဝယ် ဘယ်သူတစ်ယောက်နှင့်မျှ နှိုင်းပြိုင်၍ မရဘဲ ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီရွေတုံး ရွှေနှစ်ကဲ့သို့ သာကီဝင်မင်းမျိုးတွင် အလှပဆုံး အယဉ်ကျေးဆုံး ဖြစ်ပါပေသည်။ Trang4 ထိုသို့ ဖန်ဆင်းရာ၌ ပါရမီတော်များသည် သူမရ ငါမရ အလုအယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံ အောင် အစွမ်းကုန် ဖန်ဆင်းလိုက်သည့် အခါကြီးဖြစ်၍ ဘုရား ရှင်၏ ပုံဟန်တော်သည် ဖူးမျှော်၍ မဝနိုင်အောင် တက်သစ်စ နေဝန်း, ထွန်းသစ်စလစန်းနှင့် ပွင့်ခါစပန်းကဲ့သို့ လန်းလန်း ဆန်းဆန်း ရွှန်းရွှန်းဝေဝေ အလွန်ကျက်သရေ ရှိတော်မူပါပေသည်၊ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ တာဝတိံသာ နတ်ပြည်ဝယ် နတ်ဗြဟ္မာတို့၏အလယ်မှာ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ ထိုနတ် ဗြဟ္မာတို့၏ ရုပ်အဆင်းထက် ဘုရားရှင်၏ အဆင်း တော်က သာလွန်၍ တင့်တယ်တော်မူပါပေသတဲ့။ ထိုစကားကို ဆိုသင့်ပါပေ၏၊ နတ် ဗြဟ္မာတို့သည် အလွန်လှကြ ပါပေလိမ့်မည်၊ သို့သော် သူတို့ကိုယ်တွင်း၌ ရာဂ, ဒေါသ စသော အညစ်အကြေး မကင်းပါ၊ ဘုရားရှင်ကား အညစ်အကြေးကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဉာဏ်တော်နှင့် မေတ္တာ ကရုဏာတော် ထုံမွှမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။ ထိုမျှလောက်သပ္ပာယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ရလျှင် တရားစစ် တရားမှန်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့ လွန်စွာ ကံဆိုးလှချေတကား၊ သို့သော် ဘုရားရှင်၏ ဓမ္မစကြာ, အနတ္တလက္ခဏသုတ်, သတိပဋ္ဌာန်စသည် ဖြင့် အဖိုးတန်တရားတော်ကြီးများ မပျက်မပြား တည်ရှိနေသေး သောကြောင့် ထိုတရားတော်များကို ကိုယ်တွေ့လိုက်စား၍ Trang5 တရားထူးရအောင်, တရားထူးမရသေးလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင် ကြိုးစားကြပါလေ။ ရောင်ခြည်တော်ဖွင့် (ကျက်မှတ်ရန်) နီလာယော နီလဌာနမှာ, ပီတောဒါတာ စ လောဟိတာ၊ တမှာ တမှာ စ မဉ္ဇိဋ္ဌာ, နိက္ခမိံသု ပဘဿရာ။ ယဿ ဘဂဝတော-အကြင် ရွှေဘုန်းတော်သခင်, ရှင်တော် မြတ်ဘုရား၏၊ နီလဌာနမှာ-ဆံမုတ်ဆိတ်တော်, မျက်နက်တော်မှ, စ၍ ထိုထို, ညိုရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်အစိတ်မှ၊ နီလာယော-နီလာရွဲညို, ဖဲအညိုနှင့်, ကြာညိုပွင့်ချပ်, မြညိုယပ်သို့, လျှပ်လျှပ်စိုပြောင်, ညိုမှောင်သော ရောင်ခြည်တော်တို့သည်၊ နိက္ခမိံသု-ဝန်းကျင်အထက်, ဝဲယာယှက်၍, မြန်းထွက် ကွန့်မြူးတော် မူကြလေကုန်ပြီ၊ ပီတဌာနမှာ-ကိုယ်အရေတော်, မျက်လုံးတော်မှ, စ၍ ထွေထွေ, ရွှေရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်အစိတ်မှ၊ ပီတာစ-ရွှေနှစ်သိင်္ဂီ, ရွှေအထည်နှင့်, ရွှေရည်ယဉ်သန်း, ရွှေစင်ပန်း သို့, လျှမ်းလျှမ်းထိန်ဝေ, ဝါရွှေသောရောင်ခြည်တော်တို့သည်လည်း၊ နိက္ခမိံသု-ဝန်းကျင်အထက်, ဝဲယာယှက်၍, မြန်းထွက် ကွန့်မြူး တော်မူကြလေကုန်ပြီ၊ ဩဒါတဌာနမှာ-အရိုးတော် သွားတော်, မျက်ဖြူတော်မှ, စ၍ ဖွေးလူ, ဖြူရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် Trang6 အစိတ်အစိတ်မှ၊ ဩဒါတာ စ-ငွေလရောင်ခြည်, ငွေအထည်နှင့်, ငွေရည်ယဉ်သန်း, ငွေစင်ပန်းသို့, လျှမ်းလျှမ်းဖွေးလူ, ဖြူဝင်းသော ရောင်ခြည်တော်တို့သည်လည်း၊ နိက္ခမိံသု-ဝန်းကျင်အထက်, ဝဲယာယှက်၍, မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။ လောဟိတဌာနမှာ-အသားတော် အသွေးတော်, နှုတ်ခမ်းတော် မှ, စ၍ထိုဤ, နီရောင်ဖိတ်ဖိတ်, ကိုယ်အင်္ဂါတော် အစိတ်အစိတ်မှ၊ လောဟိတာစ-ကမ္ဗလာနီ, သန္တာနီနှင့်, ကြာနီပွင့်ချပ်, ပတ္တမြားယပ်သို့, လျှပ်လျှပ်ထိန်ကြည်, နီသောရောင်ခြည်တော်တို့သည်လည်း၊ နိက္ခမိံသု-ဝန်းကျင်အထက်, ဝဲယာယှက်၍, မြန်းထွက်ကွန့်မြူးတော် မူကြလေကုန်ပြီ၊ တမှာ တမှာ စ-လက်ခြေဖဝါးတော်, လက်သည်း တော်မှ, စ၍ ခပင်း, မကြွင်းထိုထို, ကိုယ်အင်္ဂါတော် အစိတ်အစိတ်မှ၊ မဉ္ဇိဋ္ဌာစ-ထန်းကျင့်နီပဆေး, ပန်းရောင်သွေးသို့, နီတွေးလွင်လွင်, ဝါကြင်ကြင်လောင်း, မောင်းသော ရောင်ခြည်တော်အပေါင်းတို့ သည်လည်းကောင်း၊ ပဘဿရာ စ-နဘံအဇဋာ*, ဝသန္တာဝယ်, သံဝါထစ်ချုန်း, မိုးရွာတုန်း၌, ရုန်းရင်းပြက်သန်း, လျှပ်စစ်ပန်းသို့, ပျံမြန်းပြိုးပြက်, တလက်လက်ထွက်သော ရောင်ခြည်တော်တို့သည် လည်းကောင်း၊ နိက္ခမိံသု-ဝန်းကျင်အထက်, ဝဲယာယှက်၍, မြန်း ထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။ * မှတ်ချက်။ ။အထက်ကောင်းကင်ကို“နဘံ အဇဋာ”မိုးအခါကို “ဝသန္တာ” ဟု ခေါ်သည်၊ မိုးလအခါ အထက်ကောင်းကင်ဝယ် မိုးရွာတုန်း၌ လျှပ်စစ် များ ပျံသန်းသလို ဝင်းခနဲ လက်ခနဲလည်း ရောင်ခြည်တော်များ ထွက်တော် မူကြသည်။ Trang7 ကြည့်ရှုရန် အဓိပ္ပါယ် နီလရောင်ခြည်တော်။ ။ဘုရားရှင်၏ ဆံမုတ်ဆိတ်တော်နှင့် မျက်လုံးတော်အတွင်းက မျက်နက်ဝန်းတော်တို့သည် အညိုရောင် တောက်ပ၍ တင့်တယ်တော်မူကြကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် ညိုမှောင်နေသော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ နီလရောင် ခြည်တော်များ ထွက်တော်မူကြသည်။ ဤနီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလာ ကျောက်ရတနာအဆင်း, ရွဲညိုအဆင်း, တဖိတ်ဖိတ်တောက်သော ဖဲပဝါညို အဆင်း, ကြာညိုပွင့်ချပ်အဆင်း, မြရတနာဖြင့် ပြုအပ်သော ယပ်တောင်အဆင်း, စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်း သော ညိုညိုမှောင်မှောင်အရောင်တို့သည် ရှင်တော်ဘုရား၏ ဝဲယာ ဖက်နှင့် အထက်အောက်(ထက်ဝန်းကျင်)အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း အနှံ့အပြား ပျံသန်းကွန့်မြူးကာ အထူးကျက်သရေရှိပါပေသည်။ ပီတရောင်ခြည်တော်။ ။ဘုရားရှင်၏ ကိုယ်အရေတော်နှင့် မျက်လုံးတော် အထက်က မျက်ခွံတော်စသော အရေတော်တို့သည် ဝါဝါဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်၏၊ ထိုသို့ ပင်ကိုယ်အားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အင်္ဂါ အစိတ် အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤပီတရောင်ခြည် ထွက်တော်မူသောအခါ “သိင်္ဂနိက်”ဟု ခေါ်သော သိင်္ဂီရွှေစင် ရွှေနှစ်အဆင်း, ရွှေပြား ရွှေထည်အဆင်း, Trang8 တသွင်သွင်စီးသွားသော ရွှေရည်အဆင်း, ရွှေးပန်းအဆင်း စသည် နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဝါရွှေရွှေအရောင်တော်တို့ သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှ လည်းကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း ပျံသန်းကွန့်မြူး လျက် အထူးကျက်သရေရှိပါပေသည်။ သြဒါတရောင်ခြည်တော်။ ။ဘုရားရှင်၏ အသားတော် အတွင်း၌ရှိသော အရိုးတော် သွားတော် မျက်ဖြူတော် စသည်တို့မှာ လွန်စွာဖြူဝင်း သန့်ရှင်းတင့်တယ်ပါပေကုန်၏၊ ထိုသို့ ပင်ကိုယ် အားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ ဩဒါတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤ ဩဒါတရောင်ခြည် ထွက်တော်မူသောအခါ ငွေအရောင် တောက်ပသော လရောင်အဆင်း, ငွေပြားငွေထည်အဆင်း, ကူးသန်း သွားလာသော ငွေရည်အယဉ် ငွေပန်းအဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဖြူဝင်းသောအရောင်တို့သည် ဘုရား ရှင်၏ ထက်ဝန်းကျင်အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်း ကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း အနှံ့အပြား ပျံသန်း ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ လောဟိတရောင်ခြည်တော်။ ။ဘုရားရှင်၏ အရေတော် အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော် စသည် တို့မှာ လွန်စွာနီမြန်းပါပေကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် နီနီ တွေးတွေး ဟင်္သပြဒါးသွေးနှင့်တူသော ကိုယ်အင်္ဂါအစိတ်အပိုင်းမှ Trang9 လောဟိတရောင်ခြည်တော်များ ထွက်တော်မူကြသည်၊ ဤ လောဟိတရောင်ခြည် ထွက်တော်မူသောအခါ ကမ္ဗလာနီအဆင်း, “သန္တာ”ဟုခေါ်အပ်သော ရတနာနီအဆင်း, ကြာနီပွင့်အဆင်း, ပတ္တမြားယပ်အဆင်း စသည်တို့နှင့်တူစွာ ကြည်နူးဖွယ်ကောင်းသော အနီရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း ပျံသန်း ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ မဉ္ဇိဋ္ဌရောင်ခြည်တော်။ ။မောင်းသော အဆင်းရှိသော မဉ္ဇိဋ္ဌ ရောင်ခြည်တော်များကား အဝါဖက်လည်းမကျ, အနီရင့်ဖက်လည်း မကျ, နီကြင်ကြင် ဝါကြင့်ကြင့်ရှိသော ကိုယ်အင်္ဂါတော်၏ ထိုထို အရပ်မှ ထွက်တော်မူကြသည်၊ ဤမဉ္ဇိဋ္ဌရောင်ခြည် ထွက်တော်မူ သောအခါ အချို့အရပ်တို့၌ရှိသော ထန်းကျင့်ပင်, သို့မဟုတ် “နီပဆေး”ဟု ခေါ်အပ်သော သစ်ပင်၏ အတွင်းသား အဆင်းကဲ့သို့ အဝါရင့်, ပန်းရောင်အစု, အနီနုပုံသဏ္ဌာန် အင်မတန် ကြည်နူးဖွယ် ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင် အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း, ထို့ထက် ကြီးမား စွာလည်းကောင်း အနှံ့အပြား ကွန့်မြူးလျက် အထူးကျက်သရေရှိ ပါပေသည်။ ပဘဿရရောင်ခြည်တော်။ ။ပြိုးပြိုးပြက်ထွက်သော “ပဘဿရ” ရောင်ခြည်တော်၏ အဆင်းကား ရှေးရောင်ခြည်တော် ငါးသွယ်၏ အဆင်းပင်ဖြစ်သည်၊ ထွက်တော်မူပုံ ထူးသောကြောင့် ရောင်ခြည်တော်တစ်ပါးဟု ခွဲထားရသည်၊ ရှေးရောင်ခြည်တော်များမှာ Trang10 အဆက်မပြတ်ဘဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီး မားမား ကျယ်ဝန်းစွာ ပျံ့နှံ့ကွန့်မြူးလျက် ထွက်တော်မူကြသည်။ ဥပမာ-ညိုသောရောင်ခြည်တော်ဆိုလျှင် လကွယ်သန်းခေါင် အခါ၌ ညိုမှောင်နေသကဲ့သို့ တစ်ဆက်တည်း ညိုမှောင်နေသည်။ ဤ “ပဘဿရ” ရောင်ခြည်တော်ကား တစ်ဆက်တည်း မဟုတ်၊ ကောင်းကင်ဝယ် လျှပ်စစ်ပြက်သလို ပြိုးခနဲ ပြက်ခနဲ လက်ခနဲဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် တစ်မျိုးအားဖြင့် ကျက်သရေရှိအောင် ထွက်တော်မူကြသည်၊ ဤကဲ့သို့ လင်းခနဲ လက်ခနဲနှင့် ပြိုးပြိုးပြက် ထွက်တော်မူရာဝယ် “ပိုးစုန်းကြူး”ဟု ခေါ်အပ်သော ပိုးကောင်ကလေးများ ညအခါ၌ လက်သလို သေးသေးသိမ်သိမ် မဟုတ်၊ မှန်အပြင် ကြေးမုံအပြင်ပေါ်မှာ လရောင် ဓာတ်မီးရောင်ဟပ်သကဲ့သို့ ကတ်ကတ်သတ်သတ် မထင် မရှားဖြင့် မလင်းတလင်းမျိုးလည်း မဟုတ်၊ ကြီးကြီးမားမား ထင်ရှား စွာ ထွက်တော်မူကြပေသည်။ ရောင်ခြည်တော်ပြဿနာ။ ။ ပြခဲ့သည့်အတိုင်း “ရောင်ခြည်တော်”ဟူသည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌တည်ရှိသော အဆင်းတော် နှင့်တူစွာ အတွင်းစိတ်တော်၏ ကြည်လင်သန့်ရှင်းမှုကြောင့် တန်ခိုး ဣဒ္ဓိပါဒ်တော်အစွမ်းဖြင့် အဆက်ဆက် ဖြာ၍ ထွက်သော အရောင် များပင်ဖြစ်သည်၊ ယခုအခါ၌ လရောင် ဓာတ်မီးရောင်စသည်တို့ ဟတ်သဖြင့် ဘုရားရှင်နှင့်စပ်သော အရာဝတ္ထုများ၌ တစ်ခုခု အရောင်ကလေးတွေ့လျှင် “တကယ် ရောင်ခြည်တော်ပဲ”ဟု ပြောကြ ဆိုကြ ကောလာဟလဖြစ်နေကြသည်မှာ ဘာသာခြားလူမျိုးတို့ Trang 11 ပြက်ရယ် ပြောင်လှောင်စရာ ဖြစ်သောကြောင့် အဆင်ခြင်နည်းပါး သူ အချို့လူများအတွက် ဘုရားရှင်ကိုယ်တော်မြတ်မှာ ဂုဏ်တော် မတက်ဘဲ ဂုဏ်ပျက်ဖွယ်သာရှိသဖြင့် ဝမ်းနည်းဖွယ်ကောင်းလှချေသည်၊ မင်းတုန်းမင်းတရားကြီး လက်ထက်က ရွှေသည်များ၏ ပယောဂဖြင့် မန္တလေး မဟာမြတ်မုနိရုပ်ပုံတော်မှ ခဏခဏ ရောင်ခြည်တော် လွှတ်နေကြောင်းကို မင်းတုန်းမင်းတရားကြီး ကြားသိတော်မူ၍ “ယနေ့ကစပြီး ဘုရားက ရောင်ခြည်တော် မလွှတ် စေနှင့်”ဟု တားမြစ်ရဖူးသတဲ့။ မိလိန္ဒမင်းအား အရှင်နာဂသိန် ဖြေပုံ ဤနေရာဝယ် စေတိယပါဋိဟာရိယ အခန်း၌ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူပုံကို မှတ်သားသင့်၏။] အရှင်နာဂသိန်။ ။မဟာရာဇာ-အကြောင်း ၃-မျိုးတွင် တစ်မျိုးမျိုး ကြောင့် စေတီတော်မှ ရောင်ခြည်တော်စသော တန်ခိုးများကို ဖူးမြင်ကြသည်။ (၁) ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီကပင် လူနတ်တို့ကို သနားတော်မူသောကြောင့် “ငါ၏ အရိုးဓာတ် ဌာပနာရာစေတီတော်မှ မည်သည့်တန်ခိုးမျိုး ထွက်ပေါ်ရစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူ တတ်၏၊ ထိုအဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည် တော်စသော တန်ခိုးများ ပေါ်ထွက်တတ်ပေသည်။ (၂) သာသနာအကျိုးကို များစွာလိုလားသော နတ်တို့သည် “စေတီတော်၌ တန်ခိုးပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြ လိမ့်မည်၊ ကြည်ညိုသူတို့မှာ ကုသိုလ်တရားတိုးပွာလိမ့်မည်”ဟု ကောင်းမြတ် သောဆန္ဒဖြင့် တန်ခိုးပြတတ်ကြ၏။ Trang12 ထိုသို့ နတ်များ၏ တန်ခိုးပြမှုကြောင့်လည်း စေတီတော်မှ တန်ခိုး ပေါ်ထွက်တတ်ပေသည်။ (၃) သဒ္ဓါတရား ထက်သန်သော အမျိုးသား အမျိုးသမီး လူကြီး လူကောင်းတို့သည် ပန်း,နံ့သာ,အဝတ်စသော လှူဖွယ်ဝတ္ထုများကို စေတီတော်သို့ တင်လှူလျက် “မည်သည့် တန်ခိုးများ ပြပါစေသား”ဟု အဓိဋ္ဌာန်တတ်ကြ၏၊ ထိုသို့ သဒ္ဓါထက်သန်သူတို့၏ ထူးခြားသော အဓိဋ္ဌာန် မှုကြောင့်လည်း စေတီတော်မှ တန်ခိုးထွက်ပေါ်တတ်ပေသည်၊ ဤသို့ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူသည်။ ဤအမိန့်တော်ကို ထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူး အဓိဋ္ဌာန်ထားချက်မရှိသော စေတီတော်မှ ရောင်ခြည်တော်များ ထွက်ဖို့ရန် မဖြစ်နိုင်၊ အကယ်၍ ရောင်ခြည်တော် ထွက်ရိုးမှန်လျှင်လည်း ဆိုင်ရာနတ်များက ဆောင်ပြခြင်းသာ ဖြစ်ရာ၏၊ ဘုရားရှင်၏ အဓိဋ္ဌာန် ဖြစ်ရာ၏။ ဘုရားရှင်၏ အဋ္ဌာန တော်မူချက်ကြောင့် မဟာဗောဓိပင်မှလည်းကောင်း, အရိုးဓာတ်တော် များမှလည်းကောင်း, ရောင်ခြည်တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း သာသနာကွယ်သောအခါ ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူ ရာ မူလမဟာဗောဓိပင်သို့ ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူး ကြလိမ့်မည့် အကြောင်းမျှသာ ကျမ်းဂန်၌ လာသည်။ ထို့ကြောင့် ရုပ်ပွားစေတီတော်များမှထွက်သော ရောင်ခြည်တော်ကို ဖူးရသည် ဖြစ်စေ, မဖူးရသည်ဖြစ်စေ ဤရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးမှာ လာသည့်အတိုင်း သက်တော်ထင်ရှား ဘုရားရှင်၏ ထက်ဝန်းကျင်ဝယ် အလွန် ကြည်နူးဖွယ်ကောင်းသော ရောင်ခြည်တော် ခြောက်သွယ်တို့၏ စံပယ် ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ မိမိတို့ အိမ်မှာဖြစ်စေ, စေတီတော် ဆင်းတုတော် အနီးအပါးမှာဖြစ်စေ, ဘုရားအာရုံပြုရင်း ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ကြိုးစားကြပါ၊ သူကငါက လုပ်၍ပြသော အတုရောင်ခြည် များကို ဘုရားရောင်ခြည်တော်ဟု မထင်မှားမိပါစေနှင့်။ Trang 13 စေတိတော်ဖွင့် စေတီတော်ဖွင့် (ကျက်မှတ်ရန်) စရံ ယော ယဒိဝါ တိဋ္ဌံ, နိသိန္နော ဥဒဝါ သယံ၊ နိဗ္ဗာယံ ဓာတုဘာဝေန, ဟိတံ သတ္တာန.မာစရေ။ ယော ဘဂဝါ-အကြင် ရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ စရံ ဝါ-သံဃာတော်များ, ရှေ့တော်ဖျားက, ကြွသွားထို ဤ, စက်တော်ချီလျက်လည်းကောင်း၊ ယဒိ ဝါ တိဋ္ဌံ-မကြွမသွား, ရွှေတောင်လားသို့, မားမားမတ်မတ်, ရပ်တော်မူလျက် လည်းကောင်း၊ နိသိန္နောဝါ-ပရိသတ်အလယ်, ရောင်ခြောက် သွယ်ဖြင့်, ထက်ဝယ် ဖွဲ့ခွေ, ထိုင်နေတော်မူလျက်လည်းကောင်း၊ ဥဒဝါ သယံ-အမေးပုစ္ဆာ, ဖြေရှင်းကာဖြင့်, ညဉ့်ခါကျောင်းပေါ်, လျောင်းတော်မူလျက်လည်း ကောင်း၊ နိဗ္ဗာယံ-ဝါလေးဆယ့်ငါး, သက်တော်အားဖြင့်, ကြီးမား လေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, ဝင်စံတော်မူခါနီးသည်ရှိသော်၊ ဓာတုဘာဝေန-နောင်ခါစင်စစ်, ကိုးကွယ်ရစ်ဖို့, အနှစ်အမွေ, ဓာတ် တော်အနေဖြင့်လည်းကောင်း၊ သတ္တာနံ-သုံးတိုက်ဝေနေ, ဗိုလ်ခြေ များစွာ, သတ္တဝါတို့၏၊ ဟိတံ-လူ့ရွာနတ်ဌာန်, နိဗ္ဗာန်အထိ, ချမ်းသာ ရှိကြောင်း, ကောင်းသောအစီးအပွားကို၊ အာစရေ-ရင်သွေးရာဟု, ပမာရှုလျက်, အမှုသင့်စွာ, ပြုကျင့်ပါပေသည်တကား။ Trang14 ကြည့်ရှုရန် အဓိပ္ပါယ် ဘုရားရှင်သည် “သတ္တဝါအများကို သံသရာရေ အလျဉ်မှ ကယ်တင် တော်မူမည်”ဟု ရည်ရွယ်တော်မူပြီးလျှင် ဘုရားဖြစ်ဖို့ရန် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့သည့် အားလျော်စွာ ဘုရားဖြစ်သောအခါ တည်နေရမည့် အသက်တမ်းကလည်း လွန်စွာတိုလျ, သတ္တဝါများ၏ သန္တာန်မှာလည်း တရားကင်းမဲ့လှ သဖြင့် လေးဆယ့်ငါးနှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ အားလပ်ခွင့်ရ တော်မမူဘဲ သတ္တဝါတို့၏အကျိုးကို ပြုကျင့်ရင်း အချိန်ကုန်စေတော် မူပါသည်။ နေ့အချိန်။ ။ဆွမ်းဘုဉ်းပေးတော်မမူမီ ဆွမ်းခံကြွတော်မူရင်း လည်း လူအပေါင်းကို သင့်လျော်အောင် ဟောပြဆုံးမတော်မူရ၏၊ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ရဟန်းသံဃာတော်များ ဆည်းကပ် လာကြသောအခါ ဆုံးမဩဝါဒနှင့် ကမ္မဋ္ဌာန်းတရားကို ပေးတော် မူရ၏၊ ထို့နောက် ရဟန်းများ ပြန်ကြွကြသဖြင့် ခေတ္တမျှကိန်းအောင်း တော်မူပြီး၍ ထတော်မူသောအခါ တစ်လောကလုံးကို သိမ်းကြုံး လျက် ချေချွတ်သင့်သော သတ္တဝါအများကို ကြည့်ရှုတော်မူရ၏၊ ထို့နောက် ဆိုင်ရာမြို့ရွာများမှ ရောက်လာသော လူပရိသတ်ကို တရားဟောတော်မူရ၏၊ ထို့နောက် ညနေစောင်း၍ လူအများ ပြန်သွားသောအခါ ရေသုံးသပ်တော်မူပြီးလျှင် ခေတ္တခဏနားနေ တော်မူစဉ် နေဝင်လေ၏။ ညဉ့်အချိန်။ ။နေဝင်ပြီးနောက် ညဉ့်ဦးယံအခါ၌ ရောက်လာ သော ရဟန်းတော်များတွင် အချို့က ကမ္မဋ္ဌာန်းတောင်း, အချို့က ပုစ္ဆာလျှောက်, အချို့ကလည်း တရားတောင်းလေရာ အားလုံး၏ Trang15 အလိုဆန္ဒကို ပြည့်ဝစေလျက် ညဉ့်ဦးယံကိုကုန်စေတော်မူပါသည်၊ သန်းခေါင်ယံအခါ ရဟန်းတော်များ ပြန်ကြွ၍ မကြာမီပင် လူခြေ တိတ်ချိန်မှာ စကြဝဠာတစ်သောင်းမှ အချို့သော နတ်ဗြဟ္မာ အပေါင်းတို့ လာရောက်၍ ပုစ္ဆာမေးကြ, တရားတောင်းပန်ကြပြန်ရာ ဖြေရှင်းရင်း ဟောပြတော်မူရင်းဖြင့်ပင် သန်းခေါင်ယံအချိန်ကို ကုန်လွန်စေတော်မူ၏။ မိုးသောက်ယံအခါ။ ။မိုးသောက်ယံအခါကို သုံးပိုင်း ပိုင်း၍ ရှေးဦးတစ်ပိုင်းအချိန်၌ စင်္ကြံကြွတော်မူ၏၊ အလယ်ပိုင်း၌ ကျိန်းစက် တော်မူပြီးလျှင် အရုဏ်မတက်ခင် ခပ်စောစောအပိုင်း၌ ရှေးရှေး သော သာသနာက ဖြည့်ကျင့်ခဲ့၍ ကောင်းမှုပါရမီ စုံညီပြည့်ဝသဖြင့် ချေချွတ်သင့် သူတို့ကိုကြည့်ရှု ဆင်ခြင်တော်မူ၏၊ ထို့နောက် အလင်းရောက်၍ အချိန်ကျက ဆွမ်းခံကြွတော်မူရ၏၊ ဤသို့လျှင် ရင်သွေးတော် ရာဟုလာနှင့်မခြားဘဲ သတ္တဝါအများကို သနားတော် မူသဖြင့် သတ္တဝါတို့၏ အကျိုးကိုသာ အမြဲပြုကျင့်တော်မူပေသည်။ ကြွချီတော်မူပုံ။ ။နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော် က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်ကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူရင်းလည်း ဝေနေယျတို့၏ အကျိုးသည်ပိုးဆောင်ရွက်တော်မူ၏၊ ထို့ကြောင့် ယခုအခါ ကြွသွား တော်မူပုံ ရေးသားထုလုပ်ထားအပ်သော ရုပ်ပုံ, ရုပ်ပွားဆင်းတုတော် များကို ဖူးရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွားတို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံတွင်မက Trang16 အသက်ရှင်တုန်းက မိဘဘိုးဘွားကိုပါ တစ်ခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေပါ ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြပါ။ ရပ်တော်မူပုံ။ ။ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ကဲ့သို့ မားမားမတ်မတ် တန့်ရပ်တော်မူလျက်လည်း ဝေနေယျတို့၏ အကျိုးစီးပွားကို သည်ပိုးရွက်ဆောင်တော်မူ၏၊ ထို့ကြောင့် ယခုအခါ ရပ်တော်မူနေပုံကို ရေးသားထုလုပ်အပ်သော ရုပ်ပုံ, ရုပ်ပွားဆင်းတုတော် များကို ဖူးမြော်ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ် တော်မြတ်က ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင်ဖြစ်လာအောင် အလွန်ရိုသေစွာ ဖူးမြော်ကြပါ။ ထိုင်နေတော်မူပုံ။ ။ပရိသတ်အလယ်မှာ ရောင်ခြည်တော် ခြောက်သွယ်ကို တစ်ခါတစ်ရံ လွှတ်တော်မူပြီးလျှင် ထက်ဝယ်တင် ပလ္လင်ဖွဲ့ခွေတော်မူလျက်လည်း တရားဟောပြောကာ သတ္တဝါ အများ၏အကျိုးကို သည်ပိုးရွက်ဆောင်တော်မူခဲ့ပါသည်၊ ထို့ကြောင့် ယခုအခါ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ရေးသားထုလုပ် အပ်သော ရုပ်ပုံ, ရုပ်ပွားဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရား၏အနီး၌ တရားဓမ္မဩဝါဒတော်ကို နာကြားနေရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြပါ။ Trang17 လျောင်းတော်မူပုံ။ ။ညဉ့်အခါ ဂန္ဓကုဋိတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက်လည်း နတ်ဗြဟ္မာများ၏ လျှောက်ထားသမျှ ပုစ္ဆာတို့ကို ဖြေရှင်းဟောပြ၍ သတ္တဝါတို့၏အကျိုးကို ဆောင်တော် မူပါသည်၊ ထို့ကြောင့် ယခုအခါ “ရွှေသာလျောင်း”ဟု ခေါ်အပ်သော လျောင်းတော်မူပုံကို ဖူးမြော်ရသည်ရှိသော် သက်တော်ထင်ရှား မြတ်ဘုရား၏ အမေးပုစ္ဆာများကို ဖြေရှင်းဟောပြနေပုံကို ထင်မြင် လာအောင် ဖူးမြော်ကြပါ။ ဓာတ်မွေတော်များ။ ။ဘုရားရှင်သည် ၂၉-နှစ် အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ် အရွယ်မှာ ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈ဝ-ပြည့်မှာ ပရိနိဗ္ဗာန်စံတော်မူသောကြောင့် ဘုရား အဖြစ်၌ ဝါတော် ၄၅-ဝါမျှသာ သီတင်းသုံးတော်မူရသည်၊ ထို ၄၅- ဝါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာတော်ကို ယုံကြည်သူတို့ ကိုးကွယ်ရစ်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့်အနေ အားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်၊ [သက်တော်ရှည် သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တစ်လုံးတစ်ခဲတည်း တည်ရစ်တော်မူ၏။ ထို့ကြောင့် ဓာတ်တော်များကို ဖူးမြော်ရသောအခါ၌လည်းကောင်း, ဓာတ်တော်များကို ဌာပနာ ထားသော စေတီပုထိုးတော်ကို ဖူးမြော်ရသောအခါ၌လည်းကောင်း, ဓာတ်တော် စေတီတော် Trang18 လောက်တွင် စိတ်မထားဘဲ (မိဘဘိုးဘွား၏ အရိုး, သို့မဟုတ် အရိုးအိုးကို မြင်ရသောအခါ မိဘဘိုးဘွားများလည်း ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြပါ။ စေတီတော် ၄-ပါး။ လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာဌာနကို ပါဠိလို “စေတိယ” မြန်မာလို “စေတီ”ဟု ခေါ်သည်၊ မိမိတို့ အယူဝါဒ အားလျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး, တောကြီး, တောင်ကြီး, သဲပုံ, အုတ်ပုံ, ရုပ်တုဟူသမျှတို့ စေတီမည်ကြသည်သာ၊ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ အုတ်ပုံ သဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေ ခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း၊ ထိုသို့ စေတီတော် အမျိုးမျိုး ရှိသည်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သောစေတီသည် ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂစေတီဟု ၄-မျိုးရှိ၏။ ဓာတုစေတီတော်။ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကျန်ရှိ ရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီမည်၏။ အမွေအနှစ် အဖြစ်ဖြင့် ဘုရားရှင်ထားခဲ့တော်မူသောကြောင့် “မွေတော်”ဟုလည်း ခေါ်ကြ၏၊ အမွေအနှစ်တော်ဟု ဆိုလိုသည်၊ ထိုဓာတ်တော်များတွင် အကြီးဆုံးသည် ပဲနောက်ခြမ်းခန့်ရှိ၏၊ အလတ်စားဓာတ်တော်မှာ ဆန်ကျိုး ဆန်ကွဲခန့်ရှိ၏၊ အငယ်ဆုံး ဓာတ်တော်ကား မုန်ညင်းစေ့ခန့်ရှိသည်။ ဓမ္မစေတီတော်။ ။ဘုရားရှင်၏ တရားပိဋကတ်တော်များသည် ဓမ္မစေတီတော်မည်၏။ ထိုပိဋကတ်တော်ဖြစ်သော တရားဓမ္မများသည် ရိုသေမြတ်နိုး ရှိခိုးကိုးကွယ်ထားရုံသာမက ထိုတရားတော်အတိုင်း ကျင့်ကြ Trang19 ရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အဖို့မှာ လွန်စွာအားကိုးလောက်သော စေတီတော်ပါပေတည်း။ ( ဥဒ္ဒိဿစေတီတော်။ ။ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် ရည်မှန်းအပ်သော အရာဝတ္ထုကို ဟော၏၊ ထို့ကြောင့် သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်း၍ ဘုရားရှင်ပုံဟန်တော်၏ အတုပြုလုပ်အပ်သော ရပ်တော်မူပုံ, ထိုင်တော်မူပုံ, လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီတော်ဟု မှတ်ပါ၊ ထိုဥဒ္ဒိဿစေတီတော်များကို ရုပ်ပွါးတော်, ဆင်းတုတော်ဟုလည်း အမည်ပေးကြသည်။ [ဘုရားရှင်၏ ရုပ်ပုံတော်ကို အတုပွါး၍ ထားသော ကြောင့် “ရုပ်ပွါးတော်”ဟုလည်းကောင်း, ဘုရားရှင်၏ အဆင်းသဏ္ဌာန် တော်ကို အတုပြုထားသောကြောင့် “ဆင်းတုတော်”ဟုလည်းကောင်း အမည်ပေးခြင်းတည်း၊ ရုပ်ပွါးတော် ဆင်းတုတော်မပါဘဲ စိတ်ထဲ၌မှန်း၍ အာရုံပြု အပ်သော ပုံတော်ကိုလည်း “ဥဒ္ဒိဿစေတီတော်”ဟု ခေါ်နိုင် ပါသည်။] ပရိဘောဂစေတီတော်။ ။ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို “ပရိဘောဂ”ဟုခေါ်၏၊ ထို့ကြောင့် ဓာတ်တော်ဌာပနာထားသော အုတ်သား စေတီတော်, ရုပ်ပွားတော်ကိန်းဝပ်ရာဖြစ်သော ပြသာဒ် စသည်, ဗောဓိပင်, ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော သင်္ကန်း, သပိတ်တော်များကို “ပရိဘောဂစေတီတော်”ဟု မှတ်ပါ။ ဘုရား-ပုထိုး။ ။“ဘုရား-ပုထိုး”ဟူသော အသုံးအနှုန်းကို ယိုဒယားမှ ကူးစက်လာသော အသုံးဟု ကြံကြ၏၊ ယိုးဒယားလူမျိုးများက ဆင်းတု စေတီတော်များကို စာရေးသောအခါ“ဝရား-ဗုဒ္ဓေါ”ဟု Trang20 ရေး၍ စာဖတ်သော အခါ “ဖရား-ဗုတ်ထိုး”ဟု အသံထွက်၏၊ ထိုအသံထွက်ကိုလိုက်၍ မြန်မာ တို့က “ဘုရား-ပုထိုး”ဟု ရေးဟန်တူ၏။ ထို ယိုးဒယား အသုံးဖြစ်သော “ဝရား=ဗုဒ္ဓေါ” စကား၌လည်း “ဝရ-မြတ်သော+ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား-မြတ်စွာဘုရား”ဟု ဆိုလို သည်၊ ထို့ကြောင့် “ဝရ-ဗရား-ဘုရား”ဤ ၃-မျိုးသည် ပါဠိ, ယိုးဒယား, မြန်မာအသုံးအားဖြင့် ကွဲပြားသော်လည်း “မြတ်” ဟူသော အနက်အားဖြင့် တူမျှ၏၊ “ဗုဒ္ဓေါ-ဗုတ်ထိုး-ပုထိုး” ဤ ၃-မျိုးလည်း ပါဠိ, ယိုးဒယား, မြန်မာအသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်”ဟူသော အနက် အားဖြင့် တူမျှသည်ဟု မှတ်ပါ၊ [ယခုကာလ၌ “မုခ်ဝမပါလျှင် စေတီ၊ မုခ်ဝပါလျှင် ပုထိုး”ဟု ပြောကြသည်မှာ အခြေအမြစ်ကို မစဉ်းစားနိုင် ခြင်းကြောင့် ဖြစ်ရလေသည်။ ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ ဗုဒ္ဓါနုဿတိ။ ။ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ “ဘုရားရှင်၏ ပုံဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်”ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပါယ်ပုံသည် ဘဂဝါဂုဏ်တော်၌ ပါဝင်သော သိရီဘုန်းတော်ပင် တည်း၊ ထို့ကြောင့် ရုပ်ပုံတော်ဖွင့်, ရောင်ခြည်တော်ဖွင့်, စေတီတော် ဖွင့်, အခန်း ၃-ပိုင်းကိုပြ၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ် တော်မူပုံ, တစ်ခါတစ်ရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့်သာ၍ သပ္ပါယ်တော်မူပုံ, ထိုမျှလောက် တင့်တယ်သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တဝါများ၏အကျိုးကို Trang21 ပရိနိဗ္ဗာန်စံတော်မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာ ထင်မြင်လာပါလိမ့်မည်၊ ထိုသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတစ်မျိုး”ဟု မှတ်ပါ၊ ဗုဒ္ဓ- ဘုရားကို+အနု-အဖန်ဖန် အထပ်ထပ်+သတိ-အမှတ်ရနေခြင်း၊ ထိုအာရုံယူမှု၏ ရှေးသူတော်ကောင်းတို့ ထုံးဟောင်းတစ်ခု ဖြစ်ကြောင်းကို မှတ်သားဖို့ရာ ဗုဒ္ဓအပဒါန်ပါဠိတော်မှ ထုတ်ပြဦးမည်။ စကြာမင်း စိတ်ကူးပုံ။ ။ရှေးလွန်လေပြီးသောအခါ ငါတို့၏ ဘုရားလောင်းတော်သည် တစ်ခုသောဘဝဝယ် “တိလောကဝိဇယ” မည်သော စကြာမင်းဖြစ်ခဲ့ဖူး၏၊ ထိုမင်းသည် သံဃာတော်အများ နှင့်တကွ ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ကိုလည်းကောင်း, ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏၊ စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညိုရိုသေစွာ ရှိခိုးဦးချ၏၊ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ် အပ်သော “ဝေဇယန္တာ”မည်သော ရတနာဗိမာန် ပြာသာဒ်တော် ကြီးကို အထပ်ပေါင်းများစွာဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏၊ ထိုဗိမာန်ကြီးဝယ် တင့်တယ်သားနားသော အခင်းမျိုးမျိုးကို လည်း စိတ်ကူးဖြင့် ခင်းထား၏၊ သူ့နေရာနှင့်သူ ရေပြည့်အိုး, ပန်းပြည့် ရေတကောင်းများကိုလည်း တည်ထား၏၊ ထို့နောက် ကျယ်ပြန့်သော တံခါးကြီးများမှ နောက်ပါသံဃာတော်များနှင့်တကွ Trang22 ဘုရားရှင်များစွာ ပစ္စေကဗုဒ္ဓါများစွာတို့မှာ မိမိ၏ ပင့်ဖိတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးအသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။ လှူဒါန်းပုံ။ ။ထို့နောက် လူ့ပြည် နတ်ပြည်၌ရှိသမျှ အထည်ကောင်းတို့ကို စုပေါင်းဆောင်ယူလျက် ထိုဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ, သံဃာတော်တို့အား ၃-ထည်သော (တိစီဝရိက်)သင်္ကန်းကို လှူဒါန်း၍ မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် ဩဇာအဖြာဖြာ တို့ဖြင့် သပိတ်အသီးသီးသို့ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်၊ အသီးအသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ ဘုရားပစ္စေကာ အရိယာသံဃာတော်တို့သည် ဗိမာန်ကြီး၌ အသီး အသီးသော ရတနာတိုက်ခန်းသို့ဝင်ကာ ခေတ္တခဏမျှ ကိန်းအောင်း တော်မူပြီးနောက် ကိန်းအောင်းရာမှထ၍ တစ်ချို့က ဈာန်ဝင်စား နေပုံ, တစ်ချို့က ပြဿနာမေးပုံ, ဖြေပုံများကိုပါ စိတ်ကူးလေသည်။ မွမ်းမံခြယ်လှယ်ပုံ။။ ဘုရားပစ္စေကာ အရိယာသံဃာတော် တို့သည် ဈာန်ဝင်စားမှုစသော အလိုတော်ရှိရာကိစ္စဖြင့် မွေ့လျော် တော်မူနေကြစဉ် ထိုအရှင်မြတ်တို့၏အထက်တွင် ရတနာထီးဖြူ ဆောင်းလျက် မွှေးကြိုင်သော ပန်းမျက်နှာကျက်တွေ တဝေဝေနှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီးမြန်းသော ဇာပန်းတွေ တွဲလျားကျ နေပုံ, ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုးငါးပါးဖြ တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ, ပတ်ဝန်းကျင်ဝယ် Trang23 တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုန်တို့သည် အထက်သို့ လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ, ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြဝဠာအနှံ့စိုက်၍ ညှိထွန်း ထားပုံ, သစ်ပင်ဖျားနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူ ထားပုံတို့ကိုပါ စိတ်ကူးလေသည်။ ပရိသတ်များ။ ။ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏ အနီးအပါး၌ သီဆိုတတ် ကပြတတ်သူတို့လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသောစိတ်ဖြင့် ကကြ, သီဆို ကြ, တီးမှုတ်ကြပုံ, လူ, နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ယက္ခ, ဂန္ဓဗ္ဗမကျန် သူတော်ကောင်းမှန်သမျှလည်း အသီးအသီး လက်အုပ် ချီကာ အရိယာတို့ သီတင်းသုံရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ, ထိုပရိသတ်အား စကြာမင်းကြီးက မိမိပြုအပ် သော ကုသိုလ်၏အဖို့ကို အမျှဝေစကား ပြောကြားနေပုံ, ဤနေရာ သို့ မရောက်လာသေးသူတို့အား နတ်များကတစ်ဆင့် ပြောပြနေပုံ တို့ကိုပါ စိတ်ကူးလေသည်။ အကျိုးရပုံ။ ။ထိုကဲ့သို့ အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူ သော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထို ကောင်းမှုကြောင့် တာဝတိံသာ၌ ဖြစ်ရလေသည်၊ ထိုကောင်းမှု စေတနာစုကြောင့် နတ်ပြည်မှ လူ့ပြည်သို့လည်းကောင်း, လူ့ပြည်မှ နတ်ပြည်သို့လည်းကောင်း, စုတေရွှေ့ပြောင်း၍ ဖြစ်လေရာ၌ ပညာ Trang24 အရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်းသာလွန်, လူချင်းလည်းသာလွန်သူသာ ဖြစ်ခဲ့ရလေသည်၊ ထို့ကြောင့် ယခုအခါ သူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီးသူမတို့သည် သန့်ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ, အခြားတစ်နေရာမှာဖြစ်စေ, သက်တော်ထင်ရှား ဘုရားရှင် ကို ထင်မြင်လာအောင် စိတ်ကူးလျက်· အထူးကြည်ညိုသော သဒ္ဓါ တရားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်းပွားများ၍ ပန်း, ဆီမီး, အမွှေးတိုင်စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။ ပုံအတွင်း ဂုဏ်သွင်းပါ။ ။သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်၌ထင်မြင်လာအောင် မှန်းဆနိုင်သူသည် ဘုရားရှင်ကို အထူးကြည်ညို လေးစားသူဖြစ်ပေရကား ဘုရားရှင်၏ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် ဓာတ်တော်ဌာပနာထားသော စေတီတော် များအနီးအပါး၌ မလေးမစား မနေဝံ့တော့ပါ၊ ဘာသာရေး၌ အလွန် အချိုးကျသော လူကောင်း ရှင်ကောင်း ဖြစ်လောက်ပါပြီ၊ သို့ရာဝယ် လောက၌ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ဂုဏ်ထူးကိုမသိခင်က ကြည်ညို ပြီးနောက် ဂုဏ်ထူးကိုသိရပြန်သောအခါ အတိုင်းထက်အလွန် ကြည်ညိုလေးစား အားထားကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်လာ သကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍မကုန်နိုင်သော ဂုဏ်တော်များတွင် လူချင်း, နတ်ချင်း, ဗြဟ္မာချင်း ပြောကြလျက် Trang25 တသောသော ချီးမွမ်းအပ်သော ဂုဏ်တော် ၉-ပါးလောက်ကိုပင် မိမိဉာဏ်မီသမျှ သိရှိကြရလျှင် သဒ္ဓါ ပညာတို့သည် ရှေးကထက် တိုးပွားကြပါလိမ့်မည်။ ဆက်ပါဦးမည်- မိမိတို့သည် ဘဝများစွာ သံသရာဝယ်ကျင်လည်ခဲ့ရသော်လည်း စိတ်ထဲ၌ ဤဘုရားရှင်ဟူသော အာရုံမျိုး ကို ယူနိုင်ဖို့ရာ ခဲယဉ်းပါသည်၊ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပါ သည်၊ ထို့ကြောင့် အေးအေးဆေးဆေး မိမိအိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ်အနက်များကို နှုတ်တက်ဆောင်ထား၍ အဓိပ္ပာယ်များကို ကြည့်ရှုမှတ်သားပြီးလျှင် ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ ဤပြအပ်လတ္တံ့ သော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သောသီလကို ဆောက်တည်ကာ ကြိုးစား၍ အာရုံပြုကြပါကုန်။ အမှာ။ ။ဂုဏ်တော်အနက်များကို ကျက်သောအခါ အရွတ် အဖတ်ကောင်းသော ဆရာသမားတို့အထံ၌ စနစ်တကျဖတ်ပြီးမှ ကျက်ကြပါလေ၊ အရွတ်အဖတ်လည်း မမှန်, အသံကလည်း မကောင်းလျှင်ကား အသံကျယ်ကျယ် ရှိမခိုးဘဲ ခပ်တိုးတိုးရွတ်ဆို၍ ရှိခိုးပါလေ၊ အရမကျက်နိုင်လျှင် ဘုရားစေတီတော်ရှေ့၌ စာအုပ် ကြည့်၍ ဖတ်ကြပါလေ။ Trang26 ဘုရားဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဂုဏ်တော် ၉ ပါး ပါဠိတော် ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရောပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။ ကြည့်ရှုရန် အဓိပ္ပာယ် “ဣတိပိ သော ဘဂဝါ ”၌ “ဣတိပိ”သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသော အကြောင်းတစ်ခုခုကို ညွှန်ပြအပ်သော ပါဠိ၊ “သော ဘဂဝါ”ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း၊ ထို့ကြောင့် ထိုပါဠိ ၂-ရပ်ကို ဂုဏ်တော် ၉-ပါးလုံးနှင့် တွဲစပ်ပါ။ ၁။ ဣတိပိ သော ဘဂဝါ အရဟံ, ၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ, ၃။ ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော, ၄။ ဣတိပိ သော ဘဂဝါ သုဂတော, ၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ, ၆။ ဣတိပိ သော ဘဂဝါ နုတ္တရောပုရိသဒမ္မသာရထိ, ၇။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ, Trang27 ၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ, ၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ။ အရဟံဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၁) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ်ထောင့်ငါးရာ, ကိလေသာတို့, ဝါသနာဓလေ့, အထုံငွေ့မျှ, မငွေ့မရိပ်, ဝင်းဝင်း ဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူ ကော်ရော်, အလှူတော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤ အကြောင်းကြောင့်လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီး ဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် အရဟံ ဂုဏ်တော်သည်- ၁။ “ကိလေသာတို့မှ ဝေးကွာတော်မူ၏” ဟူသော အနက်၊ ၂။ “လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏”ဟူသော အနက်ကိုပြသည်။ တစ်ထောင့်ငါးရာ, ကိလေသာတို့၊ ။ပုထုဇဉ်တို့၏ သန္တာန်၌ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။ Trang28 ထို ၁၅ဝဝ တွက်ပုံကို အလိုရှိက သင်္ဂြိုဟ်သင်ဖူးသူများကို မေးပါ၊ အခြေပြုသင်္ဂြိုဟ် သမုစ္စည်းပိုင်းမှာလည်းပြထားသည်။ ဝါသနာဓလေ့ အထုံငွေ့မျှ။ ။သတ္တဝါတို့၏သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏သတ္တိကို “ဝါသနာ-အထုံ” ဟုခေါ်သည်၊ ရဟန္တာများသန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းကပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ၊ ဥပမာ-စူးရှသော အရက်ထည့်ရာပုလင်မှ အရက်ကုန်သွားသော် လည်း အရက်အနံ့ အထုံမပျောက်သကဲ့သို့တည်း၊ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာ ပျောက်ကင်း အောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် ဝင်းဝင်းဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်း တော်မူပေသည်။ ပူဇော်ခံထိုက်ပုံ။ ။ထို့ကြောင့် အမှိုက်သရိုက်ကင်း၍ သန့်ရှင်း သော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာ ကြီးမား ထွားကျိုင်းဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုး၌သာ စိုက်ပျိုးကြဲချသင့်သကဲ့သို့ ထို့အတူ ကိလေသာအနောက်အကျု မရှိသဖြင့် စိတ်တော်အစဉ် ကြည်လင်သော ဘုရားရှင်၌ လှူဒါန်း ပူဇော်ခြင်းဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ် သလောက် အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်း ပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။ Trang29 ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော “အရဟံ”ဂုဏ်တော်ကြောင့် ဘုရားရှင်လက်ထက်တော်အခါ၌ “သဟမ္ပတိဗြဟ္မာမင်းကြီးသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ၊ “ဗိမ္ဗိသာရ”မင်းလည်း ဝေဠုဝန်ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ၊ ပရိနိဗ္ဗာန် စံတော်မူပြီးမှလည်း “ဓမ္မာသောက”မင်းသည် ၉၆-ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှ ၄-ကုဋေထပ်ဖြည့်၍ ကုဋေတစ်ရာဥစ္စာ တို့ကို) အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်း တို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ ပူဇော်ဖူးလေပြီ။ ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုမှုတို့၌လည်း ဘုရားရှင်ကို ကြည်ညိုမှုက အရင်းခံလျက်ရှိ၏၊ ယခုတိုင်အောင် အပူဇော်ခံနေရပါသည်ဟူလို၊ ဤသို့လျှင် ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့မွှေးကြူပါသည်။ တိုက်တွန်းချက်။ ။ဘုရားရှင်၏ “အရဟံ”ဂုဏ်တော်ကိုအောက်မေ့ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ ပုံတော် အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင်စိတ်တော်၏ ကိလေသာအနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင် တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ၊ ထိုကြည်လင်သော စိတ် တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ, ဒေါသ, မာန်မာန နှင့် ဣဿာ မစ္ဆရိယစသော ကိလေသာအနောက်အကျု ကင်းစင် ၍ အမြဲကြည်လင် သန့်ရှင်းအောင် သတိထားကြပါလေ၊ ဤသို့ Trang30 ဘုရားရှင်၏ ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းမှုကို အာရုံပြုဖန် များလာလျှင် ထိုသန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါလိမ့်မည်၊ ဥပမာ- သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့ တည်း။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၂) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ, ဝိကာရနှင့်, လက္ခဏပညတ်, နိဗ္ဗာန် ဓာတ်ဟု, ငါးရပ်သိရန်, ဉေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော် တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ- သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံ တိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပါယ် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် “အလုံးစုံသောတရားကို ကိုယ်တော် တိုင် သိမြင်တော်မူနိုင်၏”ဟူသော အနက်ကို ပြသည်၊ [သမ္မာ+ သံ+ဗုဒ္ဓ- သမ္မာ-မဖေါက်မပြန်(အမှားမရှိအောင်)+ သံ-ကိုယ်တော်တိုင်+ဗုဒ္ဓ-သိတော် မူနိုင်သည်။ Trang31 သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်။ ။ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့်အားလျော်စွာ ဘဝအဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဉာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။ ပါပေသည်။ ယခုလောက၌ သေးငယ်သောမြူမှုန်တို့ကို လူအပေါင်းတို့ ဝိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာမြင်၍ မျက်စိမှုန် သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိ ကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့, ထို့အတူ သိဖွယ် အာရုံများကို သတ္တဝါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသော် လည်း ပင်ကိုယ်ဉာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်၊ လုံးလုံးဉာဏ်မျက်စိမရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။ ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ် သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူ ပါသည်၊ ထိုသိဖွယ်တရားများကို “ဉေယျဓမ်”ဟု ခေါ်၏၊ ဉေယျ- သိသင့်သိထိုက်သော + ဓမ် - ဓမ္မ - တရား။] ဉေယျဓမ်တရား ၅ ပါးကား ၁။ သင်္ခါရ-စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ။ ၂။ ဝိကာရ-ဝိကာရရုပ် ငါးပါး။ ၃။ လက္ခဏ-လက္ခဏရုပ်လေးပါး။ Trang32 ၄။ ပညတ်-လူနတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေစသော ပညတ်များ။ ၅။ နိဗ္ဗာန်-ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ [ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ဝိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သော ကြောင့်တည်း။] ဤဉေ ယျဓမ်ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထာ၌ပါသည်။ ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ။ ။ ဤဉေယျဓမ်တရား ငါးပါးကို ဘုရားရှင်သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည် ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်၊ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ “အရဟံဂုဏ်တော်”အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ, ထို ကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဉာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။ တိုက်တွန်းချက်။ ။အသိ အလိမ္မာ ဉာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏၊ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှာ အတူ သင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း, စီးပွား ဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဉာဏ်ရှိသူမှာ ကြီးပွား၍ ဉာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ ဆုံးရှုံးရ ပုံကိုလည်းကောင်း, မိဖချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ Trang33 အချို့ ယုတ်မာပုံကိုလည်းကောင်း, ထိုကဲ့သို့ ကွာခြားသည့်အား လျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ရှိသူကား ကြီးကျယ်ထွန်းကား, ဉာဏ်မရှိသူက ပျက်ပြားနစ်မွန်းရပုံကိုလည်း ကောင်း စဉ်းစား၍ ဤ“သမ္မာသမ္ဗုဒ္ဓ”ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။ “မရှိတာထက် မသိတာခက်” ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၃) သော ဘဂဝါ ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သုံးပါး ရှစ်ပါး,၂-မျိုး အားဖြင့်, ဟောထားပညာ, ဉာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာနဓာတ်, အမြိုက် ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့် ငါးဝနှင့်, တကွဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့် လည်း၊ ဝိဇ္ဇာစရဏ သမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော် ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန်အဓိပ္ပာယ် ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် “ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏”ဟူသော အနက်ကို ပြ၏၊ ဝိဇ္ဇာ-အသိဉာဏ်+ စရဏ- အကျင့်+သမ္ပန္န-ပြည့်စုံ၏။] Trang34 သုံးပါး, ရှစ်ပါး-ဉာဏ်ဝိဇ္ဇာတည်း။ ။အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့သုတ္တန် ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသော ကြောင့် “ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး”ဟု ကွဲနေသည်။ [ဆောင်] သုံးပါး ဝိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ဝိပသ်စေတော, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။ ဝိဇ္ဇာသုံးပါး ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။ ။ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဉာဏ်။ ဒိဗ္ဗစက္ခုဉာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း, သေးငယ်သော အဆင်းကို မြင်နိုင်သောဉာဏ်။ အာသဝက္ခယဉာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင် သော အရဟတ္တမဂ်ဉာဏ်။ ဝိဇ္ဇာရှစ်ပါး ဝိပဿနာဉာဏ်။ ။“အနိစ္စ ဒုက္ခ အနတ္တ”ဟု ရုပ်နာမ်တရား အားလုံးကို သိမြင်နိုင်သောဉာဏ်။ စေတောပရိယဉာဏ်။ ။သူတစ်ပါး၏ စိတ်ကိုသိနိုင်သောဉာဏ်။ အားလုံးကို သိမြင်နိုင်သောဉာဏ်။ မနောမယိဒ္ဓိဉာဏ်။ ။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်။ Trang35 ဒိဗ္ဗသောတဉာဏ်။ ။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ, သေးငယ်သော အသံကို ကြားနိုင်သောဉာဏ်။ ဣဒ္ဓိဝိဓဉာဏ်။ ။မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးအမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင် ဝိဇ္ဇာရှစ်ပါးဖြစ်၏။ နိဗ္ဗာနဓာတ်-အကျင့်စရဏ။။မပျက်စီးနိုင်သောအရာကို “အမြိုက်”ဟု ခေါ်၏၊ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့ ရောက်ဖို့ရန်ကျင့်သော အကျင့်ကို “စရဏ” ဟုခေါ်သည်။ စရဏ ၁၅ပါး [ဆောင်] သဒ္ဓါ သတိ, ဟိရီဩတ္တ, ဝီရိယနှင့်၊ သုတပညာ, ခုနစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။ ထိုသဒ္ဓမ္မာ, ခုနစ်ဖြာနှင့်, ဘော ဇာ သီ ဣန်, ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။ သဒ္ဓါ-“ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘဝ ရှိသည်”ဟု ယုံကြည်မှု။ သတိ - ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု။ ဟိရီ - ကောင်းမှု ဒုစရိုက်မှ ရှက်မှု။ သြတ္တပ္ပ- မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။ Trang36 ဝီရိယ - ကုသိုလ်ကောင်းမှုကိစ္စ၌ အားထုတ်မှု။ သုတ - အကြားအမြင်များမှု။ ပညာ - အရာရာ၌ တတ်သိ လိမ္မာမှု။ ဤကား “သဒ္ဓမ္မ”ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း၊ [သူတော်ဥစ္စာ၌ကား သတိနှင့် ဝီရိယကို နှုတ်ပြီးလျှင် သီလ (သီလစောင့်မှု)၊ စာဂ (စွန့်ကြဲလှူဒါန်းမှု)ထည့်၍ ရေတွက် ရသည်။ ဘောဇနေမတ္တညုတာ။ ။စားသောက်ရာ၌ မိမိနှင့် သင့်မသင့်နှိုင်းချင့်၍ အတိုင်းအရှည်သိမှု။ ဇာဂရိယာနုယောဂ။ ။နိုးနိုးကြားကြား အိပ်မှု, အအိပ်အနေနည်းမှု။ သီလ။ ။ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု။ ဣန္ဒြိယသံဝရ။ ။တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။ ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။ “ဝိဇ္ဇာ”ဟူသော အသိဉာဏ်ရှိသော်လည်း “စရဏ”ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ “စရဏ”အကျင့်သာရှိ၍ “ဝိဇ္ဇာ”ဟူ အသိဉာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်၊ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ် ဖြစ်သော ဝိဇ္ဇာ-ဉာဏ်, စရဏ-အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။ Trang37 တိုက်တွန်းချက်။ ။အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံ အားထုတ်မှသာ ထမြောက်နိုင်သည်၊ ယခုအခါ၌ကား အသိဉာဏ်ရှိ ပါလျက် သိသလောက် ကျင့်ကြံအားထုတ်မှု “စရဏ” မရှိသော ကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏၊ ထို့ကြောင့် ဘုရားရှင်၏ “ဝိဇ္ဇာစရဏသမ္ပန္န”ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုကြပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။ သုဂတ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၄) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘု ရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒီပင်္ကရာ, ထွတ်ချာ သနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင် အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘဝ, များသတ္တ ၏, သုခစီးပွား, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံမြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ် ဉာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်း ကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှား တော်မူပါပေသည်တကား။ Trang38 ကြည့်ရှုရန် အဓိပ္ပာယ် သုဂတဂုဏ်တော်သည် “ကောင်းစွာကြွတော်မူခဲ့၏”ဟူသော အနက်ကို ပြသည်၊ [သု-ကောင်းစွာ+ဂတ-ကြွတော်မူခဲ့သည်။] ထွတ်ချာသနင်း။ ။အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သောဘုရားရှင်။ မှန်ကင်းသိရီ။ ။ပြာသာဒ် စသည်တို့၏ အထွတ်၌ တပ်ထား အပ်သော တုရင်မှန်ကင်းကဲ့သို့ မိုမောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။ ဗောဓိမဏ္ဍိုင်။ ။ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒိပ် ကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း “မဏ္ဍိုင်”ဟု ဆိုသည် (တစ်နည်း) ဗောဓိပင်ကိုပင် သဗ္ဗညုတဉာဏ် ၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်၊ ဤနည်း၌ “ကြည်လင်ခြင်း”အနက်ကိုဟောသော “မဏ္ဍာ”ဟူသော ပါဠိမှ မဏ္ဍိုင်ဖြစ်လာသည်ဟု ကြံပါ။] ခန်းဝါပိုင်အောင်။ ။အရောင်အဝါရှိသော ခန်းဆောင်နေရာကိုခန်းဝါ”ဟု ခေါ်သည်၊ ဤ၌ ဗောဓိပင်ကို အရောင်အဝါရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်၊ “ရောင်ဝါထိန်လျှမ်းသည့် အခန်းဆောင်သို့ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့, သဗ္ဗညုတာဉာဏ်တည်းဟူသော အဖိုးတန်ရတနာကို လည်း ဗောဓိမဏ္ဍိုင်တည်းဟူသောနေရာ၌ ရတော်မူသည်”ဟူလို။ Trang39 ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ ဒီပင်္ကရာထွတ်ချာ သနင်း တရားမင်း၏ ခြေတော်ရင်းမှစ၍ “ဗောဓိမဏ္ဍိုင်”တည်း ဟူသော ခန်းဝါဆောင်နန်းကို စိုးပိုင်စံမြန်းတော်မူလျက် ဘုရားဖြစ် သည့်တိုင်အောင် (ကာမ, ရူပ, အရူပအားဖြင့် ဘဝသုံးပါ၌ရှိသော) သတ္တဝါအများ၏ စီးပွားချမ်းသာအလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။ ထိုဖြည့်ကျင့်စဉ်အခါ၌ မိုက်မှားသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများလည်း ကိုယ်တော်၏သန္တာန်၌ တစ်ဆံခြည်မျှ မြူမှုန်ကလေးမျှ တစိုးတစိ မကပ်ငြိရအောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ“သမ္ပဇဉ်”ဟု ခေါ်အပ် သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗညုတ ဉာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့် ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်၊ ဤနေရာ၌ ရပ်တန့်၍ “ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယူမိ အောင် သတိနှင့်ဉာဏ် အမြဲရှိပုံကို” အာရုံပြုလိုက်ပါ။] တိုက်တွန်းချက်။ ။သာသနာပအခါဝယ် မိစ္ဆာအယူမှားတွေလွန်စွာလွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှ ဘဝဆက်တိုင်း မကပ်ငြိ မယူမိအောင် သတိပညာတရားကို သန်သန်ကြီးထား တတ်ကြဖို့ရန် “ကုသိုလ်ကံ အကုသိုလ်ကံရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိ၏”ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သော “ကမ္မဿ ကတာဉာဏ်”ကို မိမိသန္တာန်၌ဖြစ်အောင် ပထမကြိုးစားသင့်၏။ Trang40 ထို့နောက် “ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏”ဟု သိအောင် ဆရာသမားအထံ မေးမြန်း၍ ထိုရုပ်နာမ်၏ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ပုံကို နားလည်သော ဝိပဿနာဉာဏ်ဖြစ်အောင် ကြိုးစားပါ၊ ထိုသို့သိလျှင် ပါရမီဖြည့်လိုသော သို့မဟုတ် ကမ္မဋ္ဌာန်း အားထုတ်လိုသောဆန္ဒ ပြင်းပြ၍ မိစ္ဆာအယူသာမက ဂုဏ်ပကာသန စိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။ လောကဝိဒူ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၅) သော ဘဂဝါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြား ကာဖြင့်, ကောင်းစွာကုန်စင်, သိမြင်တော်မူသော ဤအကြောင်း ကြောင့်လည်း၊ လောကဝိဒူ-လောကဝိဒူဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှား တော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပါယ် လောကဝိဒူဂုဏ်တော်သည် “လောကအားလုံးကို သိမြင်တော်မူ နိုင်ပေ၏”ဟူသော အနက်ကို ပြသည်။ [လောက-ကမ္ဘာလောကကြီး ကို+ဝိဒူ-သိတော်မူနိုင်သည်။] Trang41 လောကသုံးပါး။ ။သတ္တလောက, ဩကာသလောက, သင်္ခါရ လောကဟု လောကသုံးပါးရှိ၏၊ သက်ရှိသတ္တဝါအပေါင်းသည် သတ္တလောကမည်၏၊ သတ္တဝါတို့၏ တည်နေရာဘုံဌာနသည်လည်း ကောင်း, ဘုံမရှိသော နေရာဌာနသည်လည်းကောင်း ဩကာသ လောကမည်၏၊ ရုပ်တရား, နာမ်တရားအားလုံးသည် သင်္ခါရလောက မည်၏။ သတ္တလောက သိတော်မူပုံ ။ ။ “ဤကမ္ဘာလောကကြီး၌ အပါယ်လေးပါးတွင် ခြတောင်ပို့တစ်ခု၌ ခြသတ္တဝါပေါင်းများစွာ, ပုရွက်တွင်း တစ်တွင်း၌ ပုရွက်သတ္တဝါပေါင်းများစွာ, ငါးဥတစ်ဥ၌ ငါးသတ္တဝါလေးတွေများစွာ, ပြိတ္တာသတ္တဝါတွေများစွာ, ငရဲ သတ္တဝါတွေများစွာ, လူနတ်ဗြဟ္မာသတ္တဝါတွေ များစွာရှိသည်”ဟု သိမှုမှာ ဆန်းကျယ်လှသည် မဟုတ်ပါ၊ ဘုရားရှင်ကား ထိုသိမှုမျိုး ထက် လွန်၍ သတ္တဝါတစ်ယောက်ကို “ဤသူသည် စရိုက်အမျိုးမျိုး တွင် မည်သည့်စရိုက်က လွန်ကဲနေ၏၊ အနုသယအမျိုးမျိုးတွင် မည်သည့်အနုသယက ထက်သန်နေ၏၊ ပင်ကိုယ်ဆန္ဒ ညံ့ဖျင်း၏၊ သို့မဟုတ် ထက်သန်၏၊ သဒ္ဓါစသော ဣန္ဒြေ ၅-ပါးတွင် မည်သည့် ဣန္ဒြေက ထက်မြက်၍ မည်သည့်ဣန္ဒြေက ညံ့သေး၏” စသည်ဖြင့် သိတော်မူပါသည်။ ထိုသို့ သိတော်မူရာ၌ အတွေးအဆအားဖြင့် မှန်းဆ၍ သိတော် မူခြင်း မဟုတ်၊ ဆရာဝန်သည် ပြဒါးတိုင်ဖြင့် လူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သောအပူဒီဂရီကို သိနိုင်သကဲ့သို့ ထို Trang42 သတ္တဝါ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့် ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။ [စရိုက်-အနုသယ-ဣန္ဒြေ တို့၏ အကြောင်းများမှာ အဘိဓမ္မာနှင့် သက်ဆိုင်သောကြောင့် မိမိတို့လေ့လာနေကျ အဘိဓမ္မာကျမ်းစာများ၌ ရှာဖွေကြည့်ရှု၍ လည်းကောင်း, မေးမြန်း၍လည်းကောင်း သိပါလေ။ သြကာသလောက သိတော်မူပုံ။ ။သတ္တဝါတို့နေရာ ကမ္ဘာလောကကြီး တည်နေပုံကိုပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓာတ်ဆရာတို့၏ အယူအဆနှင့် မတူမျှဘဲရှိနေ၏၊ ကမ္ဘာ တည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား- ဤမြေကြီးသည် အထု(အထူ)အားဖြင့် ယူဇနာပေါင်း ၂-သိန်း ၄-သောင်း ရှိ၏၊ အထက်တစ်ဝက်သည် ပကတိမြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတဲ့၊ ဤမြေကြီး၏အောက်၌ ယူဇနာ ၄- သိန်း ၈-သောင်းထူသော ရေပြင်ကြီး တည်ရှိ၏၊ “ရေပြင်”ဟုဆို သော်လည်း အရည်ဟုတ်ဟန်မတူ၊ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီးဖြစ်ဟန်ရှိ၏၊ မြေအထုထက် ၂-ဆလောက်ထူသော ရေခဲတုံးကြီးက မြေအပြင်ကို ပင့်မြှောက်ခံယူထားနိုင်သည်မှာ အံ့ဩစရာမရှိတော့ပြီ၊ ထိုရေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆- သောင်းထူသော လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက် တိုက်ခတ်လျက်ရှိ၏၊ ဤလေပြင်ကြီး အောက်၌လည်း မဆုံးနိုင် အောင် ဟင်းလင်းဟာလာ အာကာသကောင်းကင် ရှိလေသည်၊ ဤကား ကမ္ဘာမြေကြီး၏ အောက်ပိုင်းမြေပုံတည်း။ Trang43 စကြဝဠာတစ်ခုဟု သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အဝန်းယူဇနာမှာ သုံးသန်းခြောက်သိန်းတစ်သောင်းသုံးရာ့ငါးဆယ် ရှိ၏၊ ကမ္ဘာမြေဝန်းကို ကျောက်တောင်ကြီးများက တံတိုင်းခတ်သလို ရံပတ်၍နေ၏၊ ထိုကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေ သည်ကိုပင် စကြဝဠာမဟာရံတံတိုင်ဟု ခေါ်စမှတ်ပြုကြ၏၊ ဤ ကမ္ဘာမြေဝန်း၏ အတွင်း၌ကား သမုဒ္ဒရာရေပြင်ကြီး ရှိ၏၊ ထိုရေပြင် ၏ အနက်ဆုံးနေရာသည် ယူဇနာ ၈-သောင်း ၄-ထောင် နက်၏၊ အလည်ဗဟို တည့်တည့်၌ကား ရေ၏အထက်၌ ယူဇနာ ၈-သောင်း ၄-ထောင်, ရေ၏အတွင်း၌ ယူဇနာရှစ်သောင်း လေးထောင်ရှိ၍ ယူဇနာပေါင်း ၁-သိန်း ၆-သောင်း ၈-ထောင် မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏၊ ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ”ခေါ်သော မြစ်တစ်ခုခြား၍ မြင်းမိုရ်တောင်၏ အောက် တစ်ဝက်လောက်နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏၊ ဤနည်း အတိုင်း “သီဒါမြစ်”တစ်ခု ခြားကာခြားကာ တောင်စဉ် ခုနစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။ ထိုမြင်းမိုရ်တောင်နှင့် တောင်စဉ်ခုနစ်ထပ်တို့၏ လေးမျက်နှာ အရပ်ရှိ ရေလယ်ခေါင်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိ၏၊ ထိုကျွန်းမြေများသည်ပင် လူစသော သတ္တဝါ တို့၏ တည်နေရာ မြို့ရွာတောတောင်များ ဖြစ်ကြလေသည်၊ အရှေ့ ဘက်၌ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း, တောင်ဘက်, အနောက်ဘက်, မြောက်ဘက်တို့၌ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း, အနောက်ကျွန်း, မြောက်ကျွန်းဟုခေါ်သည်။ Trang44 ထိုမြင်းမိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ် နှင့် ညီမျှသောအရပ်ဝယ် စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊ မြင်းမိုရ်တောင်ထိပ်လောက်၌ တာဝတိံသာနတ်ပြည် တည်ရှိ၏၊ ဤနတ်ပြည် နှစ်ထပ်သာလျှင် မြေနှင့်ဆက်စပ်လျက်ရှိသည်၊ ယာမာ တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တီနတ်ပြည်နှင့် အထက် ဗြဟ္မာ့ဘုံတို့ကား မြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏။ ဤကား ကမ္ဘာ၏အထက်ပိုင်း မြေပုံတည်း။ |လောက ဓာတ်ဆရာတို့၏ ကမ္ဘာ့မြေပုံကို လောကဓာတ်ကျမ်းစာများ၌ ရှုပါ။ ဤဘုံအမျိုးမျိုးတို့ တည်နေဟန်နှင့်တကွ နတ်ဗြဟ္မာတို့ စံစား ပုံကို ရိုက်နှိပ်ပြီး “သင်္ဂြိုဟ်ဘာသာဋီကာ”နှင့် ဒုတိယအကြိမ်ရိုက် “ကိုယ်ကျင့်အဘိဓမ္မာ”တို့၌ထည့်သွင်း ပြထားပြီ၊ ဤပြခဲ့သော ကမ္ဘာ ကဲ့သို့ အခြားသော စကြဝဠာကမ္ဘာကြီးများလည်း မရေတွက်နိုင် အောင် များမြောင်စွာရှိသေး၏၊ ဘုရားရှင်သည် ထိုပြအပ်ခဲ့သော စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။ သင်္ခါရလောကကို သိမြင်တော်မူပုံ။ ။ရုပ်နာမ်တရားတွေပေါင်းစပ်နေသည်ကို “ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ, ယောက်ျား, မိန်းမ, အထီး, အမ" စသည်ဖြင့် ခေါ်ဝေါ်ကြရသည်၊ ထိုရုပ်နာမ်ကို ဖယ်ထားလျှင်, သို့မဟုတ် ရုပ်နာမ်အားလုံး အဆုံးသတ်ချုပ်သွား လျှင်, ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါဟူ၍ မရှိတော့ပြီ၊ ခန္ဓာကိုယ်၌ မြေ ဓာတ်, ရေဓာတ်, လေဓာတ်, မီးဓာတ်ဟု အမာခံဓာတ်ကြီး ၄-ပါး Trang45 ရှိ၏၊ ထိုအမာခံဓာတ်ကြီး ၄-ပါးကို မွမ်းမံခြယ်လှယ်သော အမွှန်းတင်ရုပ်များလည်း ရှိ၏။ ထိုရုပ်အစိတ်အစိတ်ကလေးတွေ ပေါင်းစပ်၍ နေသော အစုအခဲ ကို “ရုပ်ကလာပ်”ဟုခေါ်၏၊ ရုပ်ကလာပ်မှုန့် တစ်ခုတစ်ခုသည် ပကတိ မျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏၊ “လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေး အမွှားဆုံး ရုပ်မှုန့်ကလာပ်များကို မြင်နိုင်၏”ဟုဆိုသော်လည်း ကလာပ်တစ်ခုတည်းကို မြင်ရသည်မဟုတ်၊ ကလာပ်မှုန့်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်၊ ကလာပ် တစ်ခုတစ်ခု၌ “ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရုသ ဩဇာ” ဤရုပ် ၈-ခု စုပေါင်းနေကြောင်းသိဖို့ကား လောကဓာတ် ပညာ၏ အရာမဟုတ်တော့ပြီ၊ ဘုရားရှင်ကား ထိုကဲ့သို့ အသေး အမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင် သိမြင် တော်မူနိုင်ပေသည်။ ထို့ပြင် ထိုရုပ်ကလာပ်ကလေးတွေ စုပေါင်း တွေခဲနေသဖြင့် သတ္တဝါဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်, စေတသိက် ဟူသော နာမ်တရားရှိသေး၏၊ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့နှင့် သိဖွယ်ဟူသမျှကို သိမြင်ကြရပေသည်၊ ထိုနာမ်တရားတို့၏ အကြောင်းကိုကား လောကဓာတ်ပညာရှိတို့ ထိမိအောင်သိဖို့ကို မဆိုထားဘိ၊ ဖဿ, ဝေဒနာ, သညာစသော နာမည်ကိုပင် မသိမြင်နိုင်ကြတော့ချေ။ Trang46 ရှင်တော်ဘုရားကား ထိုနာမ်တရားတို့ ဖြစ်ခြင်း၏အကြောင်း နှင့်တကွ လက္ခဏကိစ္စတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင် ပေသည်၊ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက, ဩကာသ လောက, သင်္ခါရလောကတို့ကို အကုန်အစင် သိမြင်တော်မူရကား “အလွန့်အလွန် သိနိုင်ပါပေ၏”ဟု ချီးကျူးရသော ဗြဟ္မာမင်းတို့ ကပင် ဘုရားရှင်ကို “လောကဝိဒူ-လောကအားလုံးကို သိမြင်တော်မူ သော ဘုရား”ဟု ဦးထိပ်ပေါ်တွင် မြှောက်တင်ကိုးကွယ်ကြပေသည်။ တိုက်တွန်းချက်။ ။ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌သတ္တလောကကို သိတော်မူခြင်းမှာ သတ္တဝါကို ချေချွတ်ဖို့အရေးဝယ် အလွန်အရာရောက်သော အချက်ပေတည်း၊ ဟောပြောချေချွတ် တော်မူရာ၌ ထိုသတ္တဝါတို့၏ ပင်ကိုယ်စရိုက် အနုသယနှင့် ဣန္ဒြေ အနုအရင့်ကို နှိုင်းချင့်ပြီးမှ သင့်တော်သော တရားရေအေးအမြိုက် ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်။ ဥပမာ-ဆေးကု ကျွမ်းကျင်သော သမားတော်သည် သူနာ၏ရောဂါကို အခြေအမြစ် နှင့်တကွ သိပြီးမှ သင့်တော်သောဆေးကို တိုက်ကျွေးသကဲ့သို့တည်း၊ ထို့ကြောင့် ယခုသာသနာတော်တွင်း၌ တရားထူးမရကြသေးလျှင် နောင်ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါ လွယ်ကူစွာ ချေချွတ် ထိုက်သူဖြစ်အောင် ယခုနှယ်က ဆိုးဝါးသော အနုသယ ကိလေသာ ဓာတ်တွေကို ပါးလှပ်သည်ထက် ပါးလှပ်စေပြီးလျှင် သဒ္ဓါ ပညာ စသော ဣန္ဒြေများ ရင့်သန်ထက်မြက်ဖို့ရန် ကြိုးစားကြပါကုန်။ ဤနေရာဝယ် စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သပ္ပာယ် သော ရုပ်ပုံတော်၏အတွင်း၌ သန့်ရှင်းသော စိတ်တော်မှာ ယှဉ်နေ Trang47 သော သဗ္ဗညုတဉာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ, မိမိကိုယ်တိုင် ဘုရားရှင်ကိုဖူးရလျှင် မိမိစိတ်ကိုကြည့်၍ မိမိနှင့်သင့် တော်သောတရားကို ဟောတော်မူမည့်ပုံ, ထိုတရားတော်နာရင်း တရားထူးရမည့်ပုံကိုပါ “မစားရ, ဝကမန်း”အာရုံပြုလိုက်စမ်းပါ၊ လောက၌ နေမင်းသာ ပေါ်မထွက်လာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍မသိနိုင်ဘဲ သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ်ရှိသကဲ့သို့ ထို့အတူ ဘုရားရှင် နေမင်းသာ ပေါ်ထွက်၍ မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍ မသိဘဲ အကုသိုလ်တွေကိုသာပြုမိကာ သတ္တဝါအများပင် အပါယ် လားဖို့ ရှိတော့သည်။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) * (၆) သော ဘဂဝါ-ထို ရွှေဘုန်တော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်, သတ္တဝါ မှန်သော်, ချောက်တန်လျှင်ချောက်, မြှောက်တန်မြှောက်၍, အောက် အောက်ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေးလေအောင်, သွေးဆောင်ဆုံးမတော်မူတတ်သော ဤ အကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာရထိ-အနုတ္တရော ပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေ သည်တကား။ Trang48 ကြည့်ရှုရန် အဓိပ္ပာယ် အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည် “ဆုံးမထိုက်သော သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်” ဟူသော အနက်ကိုပြသည်။ [အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊ အနုတ္တရော- အတုမရှိမြတ်သည်+ပုရိသ-ယောက်ျား (သတ္တဝါ) +ဒမ္မ - ဆုံးမထိုက်သူ+ သာရထိ - ဆုံးမနိုင်သည်။ အောက်အောက်ထက်ဂုဏ်။ ။အောက်အောက် သီလဂုဏ်နှင့်အထက်အထက် ဈာမဂ်ဖိုလ်ဂုဏ်များ အဆင့်ဆင့်စုံလင်အောင် အဖုံဖုံသင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ စောင့်ရှောက်တော် မူသည်။ တောဆင်ရိုင်း, မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ, မြင်းဆရာတို့သည် အလွန် ရိုင်းပျသော ဆင်-မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင်, စီးတော်မြင်းများအဖြစ်သို့ ရောက်စေနိုင်သကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း “လောကဝိဒူ” ဂုဏ်တော်၌ ပြခဲ့သည့်အတိုင်း သတ္တဝါတို့၏အတွင်းစိတ်ကို ရှေ့ နောက်ကုန်စင် သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော် သော သတ္တဝါများကို တွေ့မြင်တော်မူသောအခါ ချောက်၍ ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် ချောက်၍ ဆုံးမတော်မူ၏၊ မြှောက်ပင့်၍ ဆုံးမမှ အကျွတ်တရားရမည့်သူဖြစ်လျှင် မြှောက်ပင့်၍ ဆုံးမတော်မူသည်။ Trang49 ထိုသို့ ဆုံးမရာ၌ ပင်ကိုယ်က သီလမရှိသူဖြစ်လျှင် သီလ၌ တည်စေတော်မူ၏၊ သီလရှိပြန်လျှင်လည်း အထက်အထက်ဈာန် တရား, မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ရ အောင် ဆုံးမတော်မူ၏၊ ထိုဘဝ၌ မည်သည့်တရားထူးကိုမျှ မရထိုက် လျှင် နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏၊ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။ ဤနေရာဝယ် ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော် ကြည်လင်ပုံ, ဉာဏ်တော်ထက်မြက်ပုံ, ထိုဉာဏ်တော်ဖြင့် ဟောပြောဆုံးမဖို့ရန် တရားမျိုးစုံကို သိတော်မူပုံ, ထိုတရားမျိုးစုံမှ သင့်တော်သော တရားတို့ကို ရွေးချယ်၍ သတ္တဝါတစ်ယောက်အား ဆုံးမတော်မူ လျှင် တရားအထူးရပုံကို အားရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင် ကြိုးစားကြပါလေ။ တိုက်တွန်းချက်။ ။ဤစကားအစဉ်ဖြင့် “ဘုရားရှင်သည်တွေ့သမျှ သတ္တဝါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူ သည် မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီ အခံရှိသူကိုသာ ဉာဏ်တော်ဖြင့် ကြည့်ရှု၍ အထူးဆုံးမတော်မူသည်” ဟု နားလည်ကြပါ၊ ဘုရားရှင်လက်ထက်တော်၌ သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီးနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရားကျောင်းဒကာ ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာကြည်ညို ကြ, တရားကိုလည်း မကြာမကြာနာရပါလျက် မည်သည့်တရားထူး ကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။ Trang50 ယခုကာလ၌ သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့ကား “ဘုရားနှင့် တွေ့လျှင်ပင် ဧကန်တရားထူးရနိုင်မည်”ဟု မျှော်လင့်နေကြရုံမက ယခုဘဝမှာပင် အတော်အတန် တတ်သိနားလည်သူကို ဆည်းကပ် ရလျှင် “ထိုသူ၏တရားတွေ မိမိမှာ အလိုလိုကူးစက်လာလိမ့်မည်”ဟု တွေးဆကြ၏၊ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကား မသိရှာကြ ကုန်၊ ထို့ကြောင့် နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ လုံလောက်ပြီးသူဖြစ် အောင် ယခုလိုအတော်အတန် တတ်သိနားလည်သော ဘဝကောင်း က ဖြစ်ခွင့်ကြုံသော ပါရမီအားလုံးကို သိမ်းကျုံး၍ ဖြည့်ကျင့်ကြ ပါကုန်။ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၇) သော ဘဂဝါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-သတ္ထဝါဟော်, ကုန်သည် ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ကယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏာဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တဝါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေဝ မနုဿာနံ-သတ္ထာဒေဝမနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်, Trang51 အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှား တော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပါယ် သတ္ထာဒေဝမနုဿာနံဂုဏ်တော်သည် “နတ်လူတို့၏ ရှေ့ဆောင်ဦးစီး ကုန်သည်ကြီးနှင့် တူတော်မူ၏”ဟူသော အနက်ကိုပြသည်။ [ဒေဝမနုဿာနံ-နတ်လူတို့၏+သတ္ထာ-(ဆရာဖြစ်၍)ကုန်သည်ကြီး နှင့် တူတော်မူသည်။] သတ္ထဝါဟော်,ကုန်သည်ကျော်သည်။ ။သတ္ထဝါဟ ဟူသော ပါဠိကို “သတ္ထဝါဟော်”ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏ အကြီး အမှူးဖြစ်၍ ကူးသန်းရောင်းဝယ်မှု၌ ကျွမ်းကျင် နားလည်သော “ကုန်သည်ကြီး”ဟူလို။ ကန္တာရမှ။ ။ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ ပေါများ၍ အစာရေစာရှားသောခရီးကို “ကန္တာရ”ဟုခေါ်သည်၊ အသွားအလာ ခက်ခဲသောကြောင့် “ခရီးခဲ”ဟုလည်း ခေါ်သည်၊ [ခေမမြေငူ ဘေးရန်မရှိသော ကုန်းမြင့်မြေအရပ်။] ဇာတိဇရာ, မရဏာဟု။ ။ဇာတိ-ပဋိသန္ဓေနေရမှု၊ ဇရာ- ဇာတိဇရာ, မရဏာဟု။ အိုမှု၊ မရဏ-သေရမှုဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။ ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့။ ။ရွှေထီး ရွှေနန်း၌ စံမြန်းရသကဲ့သို့ အေးမြချမ်းသာသော နိဗ္ဗာန်ပြည်တည်းဟူသော မြေအငူသို့။ Trang52 ရှေးအခါ၌ လှည်းမြင်းများစွာ ငါးရာတစ်ထောင်စသည် စုပေါင်း၍ ကုန်များကို တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ရှိ ကြ၏၊ အကြီးအမှူးဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်၊ လမ်းစခန်း၌ ခြင်္သေ့, သစ်, ကျား, ဘီလူး, ခိုးသူ, ဓားပြ စသော ဘေးတို့ဖြင့် အလွန်ဆိုးဝါး၍ လည်းကောင်း, အစာရေစာရှားပါး၍ လည်းကောင်း, နေအလွန်ပူသော သဲပြင်ကြီးဖြစ်၍လည်းကောင်း, အကူးအသန်း အသွားအလာခက်၍ “ကန္တာရ”ခေါ် သော ခရီးဆိုး ခရီးကြမ်းများလည်း ရှိတတ်လေသည်။ ကုန်သည်မှူးကြီးတို့သည် ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေး မရှိရာသို့ရောက်အောင် အဖော်ငယ်သား ကုန်သည်များကို ပို့ဆောင် သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမှု နာရမှု သေရမှု စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြားဖြစ်ရမှု စသော ဘေးဒုက္ခတို့ဖြင့်မရှောင်သာအောင် ဆိုးသွမ်းသော သံသရာ တည်းဟူသော ကန္တာရကြီးမှ သတ္တဝါအများကို ကယ်တင်၍ နိဗ္ဗာန် တိုင်အောင် ပို့ဆောင်တော်မူရကား ကုန်သည်ကြီးနှင့် တူတော်မူပါ ပေသည်။ တိုက်တွန်းချက်။ ။ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူလာသောအခါ များစွာသောသတ္တဝါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက် ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းလှပေပြီ။ သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်း အခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရားအားထုတ်မှု, Trang53 ပါရမီဖြည့်မှုကို မကြိုးစားဘဲ “နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏”ဟု ဆုတောင်းတုန်းပင်၊ ထိုသို့ ဆုတောင်းရင်း ကျန်ရစ်ကြရသည်ကိုကား သတိရကြဟန်မတူ၊ သတိရ၍ ကြိုးစားလိုသူအတွက်မှာမှ ယခုလည်း အချိန်ရပါသေး၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရား တော်လာအတိုင်း ကြိုးစားသူတွေ အရှင်မဟိန္ဒထေရ်, သံဃမိတ္တာ ထေရီ စသည်ကဲ့သို့ များစွာကျွတ်တမ်းဝင်ခဲ့ကြပါသည်၊ ထို့ကြောင့် ဘုရားကို အာရုံပြုရင်း ဖြစ်လာသော နှစ်သက်မှု (ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာကမ္မဋ္ဌာန်းရှုကာ မိမိ၏ ခန္ဓာကိုယ် နှင့်တကွ တစ်လောကလုံးကို ငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါလော့၊ ပီတိတစ်ခုကိုပင် အနိစ္စ, ဒုက္ခ, အနတ္တဟု မြင်လာသောအခါ တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ, ဒုက္ခ, အနတ္တဟု မြင်လာနိုင်ပါသည်။ ဗုဒ္ဓဂုဏ်တော်ဖွင့် (ကျက်မှန်ရန်) (၈) သော ဘဂဝါ -ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဒုက္ခသမုဒယ, နိရောဓ နှင့်, မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင် ဝေနေ, များဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤ Trang54 အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှား တော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။ (၁) ဒုက္ခသစ္စာ။ ။(ဒုက္ခ-ဆင်းရဲခြင်း+သစ္စာ-အမှန်) ရုပ်ခန္ဓာ နှင့် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာတရားတွေ ပေါင်းစပ်နေ သည်ကို “ခန္ဓာကိုယ်”ဟု ခေါ်၏၊ ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်း အမှန်ဖြစ်၏၊ ဤခန္ဓာကိုယ်ကြီးရှိလို့သာ စားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ ရှာဖွေသွားလာရ၏၊ အိုရ နာရ သေရ ကြေရ၏၊ အရှာအဖွေအနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏၊ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏၊ အလွန့်အလွန် စီးပွားတွေ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏၊ မခွဲချင် ဘဲနှင့် တကွဲတပြားဖြစ်ရ၏၊ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစဆုံးကြည့်လိုက်လျှင် ချမ်းသာစစ်စစ်ဟူ၍ မမြင်ရချေ။ “အလွန်ချမ်းသာသည်”ဟုဆိုရသော နတ်ပြည် ဗြဟ္မာပြည်များ သို့လည်းရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ ရောက်ပြီးသည် နောက်၌ ပျက်စီးရသော အခါ ဒုက္ခ၊ နတ်ပြည်၌“ပျက်စီးလိမ့်မည်”ဟု Trang55 စောစောက အချို့သိနှင့်ကြသဖြင့် “ဤမျှလောက် ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား”ဟု ဇောချွေးများ ကျပြီးလျှင် “အလွန့်အလွန် ဆင်းရဲရလေသည်”] ဤသို့ဆင်းရဲဧကန် စင်စစ်မှန် သောကြောင့် ငါ၏ခန္ဓာကိုယ်နှင့် သတ္တဝါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။ (၂) သမုဒယသစ္စာ။ ။(သမုဒယ-ဒုက္ခဖြစ်ကြောင်း + သစ္စာ-အမှန်၊) ထိုဒုက္ခ၏ အကြောင်းရင်းကား “တဏှာလောဘ”ခေါ်သော နှစ်သက်ခင်မင် လိုချင်တောင့်တမှုသည် အကြောင်းအမှန်ဖြစ်တော့ ၏၊ ဒုက္ခသစ္စာ၌ပြခဲ့သော ဒုက္ခဟူသမျှသည် ဤလိုချင်တောင့်တ မှုကို အကြောင်းပြု၍ ဖြစ်၏၊ ထိုတောင့်တလိုချင်မှုကြောင့် တစ်ခါ တစ်ရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ် မင်းဒဏ်, နောက် သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲ ဒဏ်ကို ခံရသည်၊ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ရချက်သည် ထိုထိုဘဝကို တောင့်တလိုချင်သော လောဘ တဏှာ၏ စနက်သာတည်း။ တောင့်တလိုချင်မှုဟူသော တဏှာလောဘလည်း တရားသဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ “သံပရာသီး ကြီးလေ ချဉ်လေ”ဖြစ် သကဲ့သို့လည်းကောင်း, “ငယ်စဉ်ကပေါက်သော နွားဦးချိုသည် ကြီးလေ ရှည်လေ”ဖြစ်သကဲ့သို့လည်းကောင်း, “မီးသည် လောင်စာ များလေ မီးတောက်ကြီးလေ”ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာ လောဘ၏သဘောသည်လည်း “ရလေ လိုလေ, ရဖန်များလေ Trang56 လောဘတိုးလာလေပင်”ဖြစ်တော့သည်၊ တဏှာလောဘ ကြီးလာ သလောက်လည်း ဒုက္ခကြီးကြီးပင် ရောက်ကြမည်သာ။ မန္ဓာတ်စကြာမင်း ဝတ္ထု။ ။ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ် စကြာမင်းဖြစ်၏၊ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ်ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံးလှည့်လည်စဉ် စတုမဟာရာဇ် နတ်ပြည်၏ ကြီးကျယ်ခမ်းနားကြောင်းကို ကြားရ၍ အခြွေအရံ ပရိသတ်များနှင့်တကွ စတုမဟာရာဇ်နတ်ပြည်သို့ ချီတက်လေသော် စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးက ခရီးဦးကြိုဆိုလျက် နတ်ပြည်ကို ဆက်သကြ၏၊ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆ တစ်ရာမက သာလွန်ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာ သို့ ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခုလပ်မှ လူ့ပြည်သို့ ပြန်ကြရလေသည်၊ ထိုအခါ တစ်ကိုယ် တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် စံစားစေလေသည်။ ထိုအခါ လူတို့၏ အသက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ သိကြားပေါင်း ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် ထိုမန္ဓာတ်စကြာမင်းသည် စုတေတော် မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုး ရရုံဖြင့် တင်းတိမ်တော်မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုးပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ Trang57 ကွယ်ပျောက်ခဲ့၍ လူ့ပြည်သို့အရောက်တွင် စုတေပွဲဝင်ရဖူးလေ သည်။ ဇာတကဋ္ဌကထာ-တိကနိပါတ်-သင်္ကပ္ပဝဂ်၊ မန္ဓာတုဇာတ်။ ဤဝတ္ထု၌ သိကြားပေါင်း ၃-ကျိပ် ၆-ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သော လောဘ၏ကြီးကျယ် ပုံကို မှန်းဆသင့်တော့သည်၊ ထို့ကြောင့် တဏှာလောဘမည်သည် တရားဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက် မည်သည့် အခါမှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ တဏှာလောဘ နောက်မဆုတ် သမျှလည်း ပြခဲ့သော ဒုက္ခအပေါင်းမှ လွတ်နိုင်ကြဦးမည်မဟုတ်၊ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှုဟူသော တဏှာ * လောဘသည် အားလုံးသော ဒုက္ခအပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။ (၃) နိရောဓသစ္စာ။ ။(နိရောဓ-ဒုက္ခ၏ချုပ်ဆုံးရာ+ သစ္စာ- အမှန်၊) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာအမှန်ကား နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ, မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင် သော ဉာဏ်ရမှသာ ကျနစွာသိနိုင်ရာ၏၊ သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊ သောတာပန် များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာ အဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ်ကြတော့သည်၊ ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါ နီးမှာလည်း ဒုက္ခရုပ်နာမ်ကို စွန့်ရတော့မည်ဖြစ်၍ ကြည်လင် ရွှင်ပျ တော်မူကြသည်။ Trang58 နိဗ္ဗာန်သည် ယခုပုထုဇဉ်တို့ အတွေးမျိုးဖြင့်တွေးကာ ပျင်းစရာ ဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ၊ မိမိတို့သွားရမည့် နိဗ္ဗာန်၏ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်၊ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး၌ နတ်ရောလူပါ လွမ်းဆွတ် တသ ငိုပွဲကြီးကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ “သားတော် သမီးတော်များ- ဤအခါမျိုးကား ငိုရမည့်အခါမဟုတ်၊ ဝမ်းမြောက်ရမည့်အခါ ဖြစ်သည်”ဟု တရားချ လျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။ အမျိုးဇာတ် ဂုဏ်သိန် စည်းစိမ်အားဖြင့် အထက်တန်းကျ၍ ပါရမီကြီးမားလှသော ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ သွားရာလမ်းကောင်းကို ငါတို့တတွေ အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း၊ တပျော်တပါး မနားမနေပါရမီတွေကို ဖြည့်ကာ ဖြည့်ကာ ကောင်းစွာစိုက်စိုက်လိုက်ကြဖို့ရာ ယခုနှယ်က ပြင်ဆင် ထားကြပါကုန်။ (၄) မဂ္ဂသစ္စာ။ ။ (မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း+ သစ္စာ-အမှန်၊) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။ မဂ္ဂင်ရှစ်ပါး သမ္မာဒိဋ္ဌိ = ကောင်းသော အလိမ္မာ ဉာဏ်ပညာ။ သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ Trang59 သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။ သမ္မာကမ္မန္တ = ကောင်းသော အမှုကို ပြုခြင်း။ သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။ သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။ [အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း”ဟု ဆိုလိုသည်။] [ဆောင်] ၊ အလိမ္မာဉာဏ်, ကောင်းအောင်ကြံ၍ အမှန်ပြောပြ, ပြုသမျှ ကောင်း, သက်မွေးကောင်းပင်, ကောင်းကောင်းအားစိုက်, စိတ်၌စွဲမှတ်, ကောင်းမြတ်တည်ကြည်, ကောင်းရှစ်လီသည်, ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။ ဘုရားရှင်၏ သန္တာန်တော်၌- “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံဥဒပါဒိ, ဉာဏံဥဒပါဒိ, ပညာဥဒပါဒိ, ဝိဇ္ဇာဥဒပါဒိ, အာလောကော ဥဒပါဒိ”ဟူသော ဓမ္မစကြာနှင့်အညီ ဘုရားမဖြစ်မီ ရှေးအခါက ကြားမျှမကြားဖူးအပ်သော ဤသစ္စာလေးပါးတရားတို့ ၌ သိမြင်နိုင်သော ပညာ, ဝိဇ္ဇာအရောင်အလင်းဟူသော ဉာဏ်စက္ခု သည် ဘုရားဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာပေါ်လာ၏၊ သစ္စာ လေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဘုံသုံးပါး၌ရှိ ကြသော ဝေနေယျသတ္တဝါတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။ Trang60 ယခုကာလ ဉာဏ်ထက်မြက်သူတို့သည် ရှေးကမသိဖူးသောအရာကို စူးစူးစိုက်စိုက် ကြံသောအခါ ထိုအရာကို သိနိုင်သောဉာဏ်များ ထင်ရှား ပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏ သန္တာန်တော်၌လည်း ရှေးက မရှိသော ဝိဇ္ဇာဉာဏ်ပေါ်လာပုံကို ယုံကြည်ပါကုန်။ တိုက်တွန်းချက်။ ။ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရာ တဏှာလောဘကို တစ်စတစ်စ ပယ်ရှားလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိ အောင် သတိတရားကောင်းစွာထား၍ ကြိုးစားသင့်ကြသည်၊ ထိုသို့ ကြိုးစားရာ၌ တကယ်တမ်း တောထွက်၍ အားတက်သရော မလိုက် နိုင်သေးလျှင် အိမ်သုံးမဂ္ဂင်များကို ကြိုးစားပါ။ အိမ်သုံးမဂ္ဂင် ရှစ်ပါး သမ္မာဒိဋ္ဌိ။ ။ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သောဉာဏ်ဖြစ်ပါစေ၊ တစ်ခါတစ်ရံ၌ ကား ရုပ်နာမ်နှစ်ရပ်ပေါင်းစပ်၍ လူဟုခေါ်ဆိုအပ်သော ခန္ဓာကိုယ် ၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် ဝိပဿနာဉာဏ်ဖြစ်ပါစေ။ သမ္မာသင်္ကပ္ပ။ ။မိမိအတွက်ဖြစ်စေ, သူများအတွက်ဖြစ်စေ၊ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံ ကိုသာ ကြံပါ၊ သူတစ်ပါးတို့ ပျက်စီးသွားမည့်အကြံ, ဆင်းရဲသွားမည့် Trang61 အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာကရုဏာထား၍ သနားပါ, စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား “လူ့လုပ်ငန်းကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်”ဟု ကြံပါ။ သမ္မာဝါစာ။ ။မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြော မိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထား သော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။ သမ္မာကမ္မန္တ။ ။မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ်ပြုမိပါစေ။ သမ္မာအာဇီဝ။ ။မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်း ရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝ မည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေး- ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။ သမ္မာဝါယာမ။ ။စီးပွားရှာရာဖြစ်စေ, ကုသိုလ်ကိစ္စ၌ဖြစ်စေ, ဝီရိယအမြဲရှိပါစေ, လောကီစီးပွားရေးဖြစ်စေ, သံသရာကြီးပွားရေး Trang62 ဖြစ်စေ, မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးဖြစ်စေ “အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုကိုအားကိုးလို့ ရနိုင်ရိုး မရှိပါ၊ ရေလာမြောင်းပေးဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။ သမ္မာသတိ။ ။နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲ သတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။ သမ္မာသမာဓိ။ ။စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ် အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာ ပြောပါ၊ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်တည်ကြည်နေလျှင် မြင်သူလူအများက ခန့်ညားကြည်ညို လျက် မျက်နှာအနေ မတင်းသည့် အတွက်လည်း တစ်မျိုး ကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။ ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်းဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန်မဂ်ဖိုလ် မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိကြီးစွာထားလျက် သမ္မာ ဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော်, ပန်းတော်, ဆီမီးတော်ကပ်ရင်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်၍ ထိုကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ပြပါဦးမည်။ Trang63 ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး “အမျိုးသား အမျိုးသမီး လူကြီးသူမတစ်ယောက်သည် ဘုရား ကို ပန်း, ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်ကန်တော့နေသည်” ဟု ဆိုကြပါစို့၊ ထိုအချိန်မှာ ထိုသူတော်ကောင်း၏စိတ်ဝယ် နိဗ္ဗာန် ရောက်ကြောင်းလမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား- သမ္မာဒိဋ္ဌိ။ ။ဘုရားရှင်သည် ငါတို့လို သတ္တဝါတွေအပေါ်မှာ မေတ္တာကရုဏာကြီးမားတော်မူသောကြောင့် ၄၅-ဝါ ကာလကြာ အောင် မနေမနား တရားတော်များကိုလည်း ဟောပြဆုံးမတော်မူခဲ့ ပေ၏၊ ငါသည် ထိုတရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမှုများကို ရှောင်ရှား၍ ကောင်းမှုကုသိုလ်များကို ပြုတတ် ပေသည်၊ ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့် ငါသည် အပါယ် ၄-ပါးမှလွတ်၍ ကောင်းရာဘဝနှင့် နိဗ္ဗာန်ကို အမှန်ရတော့ မည်၊ ဘုရားရှင်သည် ငါ၏ကျေးဇူးတော်ရှင် အစစ်ပေတည်း၊ ငါ့ ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း, ရေချမ်းတို့ကို လှူဒါန်း ပူဇော်နေပါတကား၊ ဤသို့ စိတ်ထဲ၌ အသိဉာဏ်ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။ သမ္မာသင်္ကပ္ပ စသည်။ ။ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစားကြံစည်၍နေခြင်းသည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏၊ ဘုရားဂုဏ်တော်များကို ရွတ်ဆိုရှိခိုး နေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏၊ ပန်း, ရေချမ်း, အမွှေးတိုင်, Trang64 ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် လှပအောင် ပြုလုပ် နေခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်နေ၏ ဘုရားကိစ္စကို ပြုလုပ်နေ ချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသော စီးပွား ရှာမှု မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည်ဟု ဆိုသင့်ပေ၏၊ ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမမဂ္ဂင် ဖြစ်နေ၏၊ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော် များကို သတိရနေခြင်းသည် (ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများနေ ခြင်းသည်) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏၊ (တစ်ခြားကိစ္စကို အမှတ်မရ တော့ဘဲ)ဘုရားကိစ္စတစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာ သမာဓိမဂ္ဂင်ဖြစ်နေ၏။ ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ ပန်း, ဆီမီး စသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကိုအာရုံပြု၍ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက် (ပုတီးစိပ်)နေသောအခါတို့၌ ထို သူတော်ကောင်း၏ စိတ်တွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပါသည်၊ ထိုမဂ္ဂင် ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင် ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏၊ မှန်သောလမ်းကို မှန်မှန် သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ၊ ဤနေရာဝယ် ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်သော “ဖုဿဒေဝ”ရဟန်းတော်၏ဝတ္ထုကို သတိပြုပါ။ Trang65 ဖုဿဒေဝ ဝတ္ထု ရှေးတုန်းက ရဟန်းတော်တစ်ပါးသည် စေတီအပြင်ကို တံမြက် လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော် ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော (ပီတိ)စိတ် ဖြစ်နေ၏၊ ထိုအခါ မာရ်နတ်သည် နှောင့်ယှက်လိုသော သဘော ဖြင့် မျောက်ညိုကြီး ဟန်ဆောင်၍ နွားချေးတွေကို စေတီရင်ပြင် တော်၌ ကြဲဖြန့်ပြေး၏၊ ထိုနှောင့်ယှက်မှုကြောင့် ထိုနေ့၌ တရားထူး ရအောင် အာရုံမပြုနိုင်တော့ချေ၊ ဒုတိယနေ့၌လည်း နွားအိုယောင် ဆောင်၍ နှောင့်ယှက်ပြန်၏။ တတိယနေ့၌ကား အလွန်အရုပ်ဆိုးသော ယောက်ျားယောင် ဆောင်၍ နှောင့်ယှက်စဉ် “ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးချေ၊ မာရ်နတ် ဖြစ်လေသလား”ဟု စဉ်းစား၍ မေးလေရာ “မာရ်နတ် ဟုတ်ကြောင်း” ဝန်ခံလေသည်၊ “မာရ်နတ်ဖြစ်လျှင် ဘုရားရှင်၏ ပုံတော်ကို ဖန်ဆင်းပြစမ်းပါ”ဟု တောင်းပန်သောကြောင့် “တကယ် တူအောင်တော့ မဖန်ဆင်းနိုင်ပါ၊ အတုလောက်သာ ပြပါမည်”ဟု ပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေသည်။ ထိုအခါ “အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက် သပ္ပာယ်တော်မူသေး၏၊ အတွင်းစိတ်တော်၌ ရာဂ, ဒေါသ, မောဟ စသော အညစ်အကြေးကင်း၍ သန့်ရှင်းသော ဘုရားအစစ်မှာ ဘယ် လောက် သပ္ပာယ်တော်မူမည်နည်း”ဟု စိတ်ထဲ၌ တွေးတောကာ Trang66 လွန်စွာ နှစ်သက်ကြည်ညိုသော (ပီတိ)စိတ်ဖြစ်လေရာ ထိုပီတိ စိတ်ကိုပင် စိတ်တစ်ခုပြီးတစ်ခု ပြောင်းလွှဲ၍ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊ စိတ်တစ်ခုတစ်ခု ချုပ်ဆုံးခြင်းသည် (လူ တစ်ယောက် သေဆုံးခြင်းကဲ့သို့) ဆင်းရဲသော ဒုက္ခတရား၊ တစ်ခုပြီး တစ်ခု ပျက်နေသည့်အတွက် ခိုင်မြဲစရာ အနှစ်အသား(အသက်) မပါသော အနတ္တတရားဟု ဝိပဿနာကမ္မဋ္ဌာန်း ရှုလေသည်။ ထိုအခါ ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသကဲ့သို့ လည်းကောင်း, တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရ ကား ထိုအချိန်မှာ အလွန်နက်နဲသော အသိအမြင်မှန် (သမ္မာဒိဋ္ဌိ မဂ္ဂင်) ဖြစ်နေသောကြောင့် ထိုပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံ ကို အထပ်ထပ် အမှတ်ရနေသော သမ္မာသတိမဂ္ဂင်နှင့် တည်ကြည် နေသော သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမမဂ္ဂင် ဖြင့် အစဉ်တစိုက် ကြိုးစားလေရာ တစ်ခဏချင်းပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်လေတော့သည်၊ ထို့ကြောင့် ယခု အခါ ဤရဟန်းတော်၏ထုံးကို နှလုံးသွင်းကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ လှမ်းနိုင်အောင် ကြိုးပမ်းကြပါကုန်။ [ပရိဝါ အဋ္ဌကထာ၊ ဧကုတ္တရိကနယ, ပဉ္စကဝါရ။] တိုက်တွန်းချက်။ ။ဘုရားကိုအာရုံပြု၍ စီးဖြန်းရသောဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် တရားမပေါက်သေးသော်လည်း မိမိ၏ စိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲရွှင်လန်းသော ပီတိသောမနဿစိတ်, အမြဲကြည်လင်သော Trang67 သဒ္ဓါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏မျက်နှာသည် အလွန် ကြည်လင်၏၊ မျက်နှာကြည်လင်သကဲ့သို့ တစ်ကိုယ်လုံး ရုပ်လည်း ကြည်လင်၏၊ ဤသို့လျှင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ကိုယ်ရော စိတ်ပါ ချမ်းသာစေနိုင်၏၊ ထိုသို့ ချမ်းသာလျှင် အလွန်ကောင်းသော ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်ရှု၍ ဖြစ်စေ, စာအုပ်ကို မကြည့်ဘဲဖြစ်စေ မကြာခဏ အားလပ်ချိန်ရ သမျှဝယ် မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။ ဘဂဝါ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၉) သော ဘဂဝါ-ထို ရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင် သော “အဏိမာ”ဘုန်းတော်၊ စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံ ကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊ ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနှိုင်းအားဖို့, ကြီးမား လေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊ ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏ လောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်၊ အဆင်းအတန်တန်, ပုံသဏ္ဌာန်ကို, စီမံဖန်တီး, တစ်ခဏ တည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်၊ Trang68 ကိုယ်တော်မြတ်၏, စိတ်ဓာတ်တော်မှ, စ၍မကြွင်း, လူနတ် မင်းကို, ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊ သမာပတ်ဈာန်, အဘိညာဏ်ကို, ဝင်စံလိုက, တစ်ခဏချင်း ပိုင်, ဝင်စားနိုင်သော “ဝသိတာ” ဘုန်းတော်၊ ကိစ္စတစ်ခု, ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်၊ ရှစ်ဖော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ, “ဣဿရိယ” ဘုန်းတော်၊ ကိလေသာရန်, ပယ်ဖျက်လှန်ဖို့, နိဗ္ဗာန်ဖိုလ်မဂ်, ကိုးချက် အပြား, လောကုတ္တရာတရားဟူသော “ဓမ္မ” ဘုန်းတော်၊ ဟုတ်တိုင်းမှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း, သောင်း လောကဓာတ်, ပဲ့တင်ထပ်မျှ, နှံ့စပ်သတင်း, ကျော်စောခြင်း ဟူသော “ယသ” ဘုန်းတော်၊ ရွှေမျက်နှာတော်, လက်ခြေတော်မှ, စ၍မကြွင်း, ပင်လုံးဝင်း သည့်, ပန်းမင်းအနေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာ တင့်တယ်, သပ္ပာယ်တော်မူသော “သိရီ” ဘုန်းတော်၊ အလိုတော်အတိုင်း, တောင့်တတိုင်းပင်, မဆိုင်းမတွ, ပြီးစီးရ သည့် “ကာမ” ဘုန်တော်၊ တစ်လောကလုံး, ညွတ်ရုံးကိုးစား, အားထားဖို့ရာ, လွန်စွာ ကြိုးကုတ်, အားထုတ်တော်မူသော “ပယတ္တ” ဘုန်းတော်၊ Trang69 ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော - ဤအကြောင်းကြောင့်လည်း၊ ဘဂဝါ-ဘဂဝါဟူသော ဂုဏ်တော် ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် ဘဂဝါဂုဏ်တော်သည် “ဘုန်းကံကြီးတော်မူ၏ ”ဟူသော အနက်ကို ပြ သည်။ [ဘဂ+ဝါ၊ ဘဂ-ဘုန်းကံ+ဝါ-ရှိသည်၊ ကြီးသည်။] အဏိမာဘုန်းတော်။ ။ဘုရားရှင်သည် ဖန်ဆင်းတော်မူလိုပါလျှင် ကိုယ်တော်ကို အဏုမြူမှုန်မျှ အလွန်ငယ်အောင် ဖန်ဆင်း တော်မူပြီးလျှင် ပရိက္ခရာရှစ်ပါးကို လွယ်တော်မူ၍ မုန်ညင်းစေ့ အတွင်း စင်္ကြံကြွတော်မူ၏၊ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း ၌ တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏၊ အနီးအပါး၌ရှိနေသူတို့ မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ် ဖျောက်တော်မူနိုင်၏။ ကွယ်ဖျောက်တော်မူသော ဝတ္ထု။ ။ဘုရားရှင် လက်ထက်တော်က “ဗက”မည်သော ဗြဟ္မာမင်းကြီးသည် သူ့ကိုယ်သူ “အမြဲတည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီးနှင့်တကွ သတ္တဝါအပေါင်းကိုပင် သူဖန်ဆင်းထားသည်”ဟု အယူရှိနေ၏၊ လက်အောက်ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့အပေါ်မှာ ထင်နေကြသည်၊ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား သိတော်မူ၍ Trang70 ဗြဟ္မာ့ပြည်သို့ ကြွတော်မူပြီးလျှင် ဗြဟ္မာ့ပရိသတ်အလယ်တွင် ဗကဗြဟ္မာကြီးအား “အသင်သည် ရှေ့နောက်အလုံးစုံကို အကုန် မသိနိုင် စသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသောအခါ ဗြဟ္မာ ကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်းကြီးအား အကျွန်ုပ် တန်ခိုးသိရအောင် ကိုယ်ဖျောက်ပြမည်”ဟု ပြောဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း မပျောက်နိုင်ရကား ဗိမာန်အတွင်း ဝင်လို ဝင်, ပဒေသာပင်အောက်ပုန်းလို ပုန်း, တစ်ကိုယ်လုံးပုပြီးလျှင် ငုတ်စုစု ဆောင့်ကြောင့်ထိုင်သော်လည်း ဘယ်နည်းနှင့်မျှ ပျောက် ကွယ်မသွားသဖြင့် အရှက်ကွဲရလေသည်။ ထို့နောက် ဘုရားရှင်က တစ်ဖန် “ကိုယ်တော်ကို ဖျောက်ပြမည်” ဟု မိန့်တော်မူပြီးလျှင် ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တစ်ခါတည်း ပျောက်သွားလေသည်၊ “တခြားများ ကြွသွားရော့သလား”ဟု ထင်မှတ် မည်စိုးသောကြောင့်- “ဘဝေ ဝါဟံ ဘယံ ဒိသွာ, ဘဝဉ္စ ဝိဘဝေသိနံ၊ ဘဝံ နာဘိဝဒိံ ကိဉ္စိ, နန္ဒိံ စ န ဥပါဒိယိံ" ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏ အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏၊ ဤသို့ အနည်းငယ်မျှ သေးငယ်အောင်လည်းကောင်း, လုံးလုံးပျောက်ကွယ်သွားအောင် လည်းကောင်း, ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “အဏိမာ” ဘုန်းတော်ဟု ခေါ်သည်။ Trang71 ဂါထာအနက်။ ။အဟံ-သင်လိုထပ်တူ, နတ်လူဗြဟ္မာ, သတ္တဝါ တို့၏ ဆရာစင်စစ်, ဖြစ်တော်မူသော ငါဘုရားသည်၊ ဘဝေ-ဖြစ်လျှင် ပျက်မြဲ, မလွဲတံထွာ, သံသရာနှောင်တွင်း, ထောင်အကျဉ်း၌၊ ဘယံ- အိုနာသေရေး, ဒုက္ခဘေးမှ, စ၍ ရန်စွယ်, အန္တရာယ်ဟု, ဘေးအစုကို၊ ဒိသွာဧဝ-ကောင်းစွာပိုင်နင်း, သိမြင်တော်မူခြင်းကြောင့်သာလျှင်၊ ဘဝဉ္စ-ကာမရူပ, အရူပဟု, လောကသုံးဘုံ, အလုံးစုံကိုလည်း ကောင်း၊ ဝိဘဝေသိနံ-ဘဝကင်းရာ, ရှာကြံပါလည်း, သုံးဖြာဘဝ, ကျင်လည်ရသည့်, များလှသောင်းသောင်း, သတ္တဝါအပေါင်းကို လည်းကောင်း၊ ဒိသွာ-ဆုံးစကုန်စင်, သိမြင်တော်မူသည်ဖြစ်၍၊ ကိဉ္စိဘဝံ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဟု, သုံးဘုံဌာန, တစ်စုံတစ်ခုသော ဘဝကို၊ နာဘိဝဒိ-စုံစုံမက်မက်, နှစ်သက်ခင်မင်, လိုချင်တောင့်တ တော်မမူ၊ နန္ဒိံ စ-လူ့ဘုံ နတ်ဘုံ, ဗြဟ္မာ့ဘုံဝယ်, စုံစုံမက်မက် နှစ်သက် တွယ်တာ, ဘဝတဏှာကိုလည်း၊ န ဥပါဒိယိံ-စွဲလမ်းလွတ်ကင်း, အမြစ်ရင်းက, အလျှင်းပြတ်စေ, ဖြတ်တောက်တော်မူခဲ့ပေသတည်း။ မူလပဏ္ဏာသ, စူဠယမကဝဂ်, ဗြဟ္မနိမန္တနိကသုတ်။] လဃိမာဘုန်းတော်။ ။စိတ်၏လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်တော်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော် ဖြစ်သည်။ [ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။] မဟိမာဘုန်းတော်။ ။ကိုယ်တော်ကို ပကတိအနေထက် ကြီးမား အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ Trang72 ကြီးမားအောင် ဖန်ဆင်းတော်မူပုံ။ ။“ရာဟု”ခေါ်သော အသုရိန်နတ်ကြီးသည် အလွန်ကြီးမား၏။ အမြင့်အားဖြင့် ယူဇနာလေး သောင်းရှစ်ထောင်ရှိသတဲ့၊ ထိုမျှကြီးမားသော အသုရိန်ကြီးသည် ဘုရားရှင်၏ ဂုဏ်သတင်းတော်ကို ကြားရသဖြင့် သွား၍ ဖူးမြော်လို သော်လည်း “လူသားဖြစ်သောဘုရားကို ငါသွား၍ ဖူးမြော်ရလျှင် ငုံ့၍ပင် ကြည့်ရှုရလိမ့်မည်”ဟု အထင်ရ၍ မဖူးမြင်ဘဲနေခဲ့ရာ ဂုဏ်တော်ကြီးမားလှသဖြင့် သင့်သလိုပင် ဖူးမြော်အံ့ဟု ကြံပြီးလျှင် ဘုရားရှင်၏ အထံတော်သို့ ရောက်လာလေသည်၊ မြတ်စွာဘုရားက “မဟိမာ”ဘုန်းတော်ဖြင့် သူ့ထက်ကြီးမားအောင် ဖန်ဆင်းတော်မူ လျက် လျောင်း၍ အဖူးမြော်ခံတော်မူလေလျှင် လွန်စွာမြင့်သော အသုရိန်ကြီးသည် တအားကုန်မော်၍ ဖူးမြော်သော်လည်း ဘုရားရှင်၏ အထက်ပိုင်းအဆုံးကို မမြင်နိုင်ရှာချေ၊ ဤသို့ ပင်ကိုယ် အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “မဟိမာ”ဘုန်းတော်ဟု ခေါ်၏။ ဤရာဟုအသုရိန်ကို ပြရာ၌ “မဟိမာ”ဘုန်းတော် မဟုတ်၊ ပါရမီတော်အစွမ်းသာဟု ဋီကာမှာပင် အဆိုကွဲ၏။ ဣစ္ဆန္တော သာသပဂဗ္ဘေ စင်္ကမတိ ဣတောစိတော၊ ဣစ္ဆန္တော လောကဓာတုမှိ, အတ္တဘာဝေန ဆာဒယေ။ ဘဂဝါ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣစ္ဆန္တော-သေးငယ်လေဟန်, ပုံသဏ္ဌာန်သွင်း, ဖန်ဆင်းတော်မူလို Trang73 သည်ရှိသော်၊ သာသပ ဂဗ္ဘေ-သေးငယ်သိမ်မွေ့, မုန်ညင်းစေ့အတွင်း ၌၊ ဣတော စိတော-တုန့်ပြန်ထိုဤ, လှည့်လည်တော်မူလျက်လည်း၊ စင်္ကမတိ-ပရိက္ခရာရှစ်တန်, ကိုယ်လုံးရံ၍, စင်္ကြံတွားတွား, ကြွသွား တော်မူနိုင်၏၊ ဣစ္ဆန္တော-ကြီးမားလေဟန်, ပုံသဏ္ဌာန်သွင်း, ဖန်ဆင်း တော်မူလိုသည်ရှိသော်၊ လောကဓာတုမှိ-စကြဝဠာ, ကမ္ဘာစဆုံး, တစ်ခုလုံး၌၊ အတ္တဘာဝေန-ကြီးမားမြင့်မော်, ရွှေကိုယ်တော်ဖြင့်၊ ဆာဒယေ-အကုန်သိမ်းကျုံး, လွှမ်းဖုံးတော်မူနိုင်သတည်း။ ပကတိကိုယ်တော်မှာ အဋ္ဌာရသဟတ္ထုဗ္ဗေဓ-တစ်ဆယ့်ရှစ်မိုက် အမြင့်တော် ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့်ရှိ၏၊ “တစ်ဆယ့်ရှစ်တောင် မြင့်တော် မူသည်”ဟု ဆိုသောစကားကို လူသားပကတိဖြစ်၍ အခြားလူများထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကွာခြားသင့်သောကြောင့် စဉ်းစား ရာ၏ဟု ပထမရိုက်နှိပ်အပ်သောစာအုပ်၌ ကျမ်းဂန်ကို ဖော်ထုတ်၍ အကျယ် မရေးသားလိုသောကြောင့် အထက်ပါအတိုင်း အကျဉ်းမျှသာ ရေးသားလိုက် သည့်အတွက် “အချို့မြို့ရွာတို့၌ ၁၈-တောင် ယူသူတို့ကတစ်ဖက်, ၁၈-မိုက်ယူ သူတို့ကတစ်ဖက်ဖြင့် ငြင်းခုံချက် ရန်ပွား၍ စကားများကြသည်”ဟု ကြားရသော ကြောင့် “အကျိုးလိုလို့ ညောင်ရေလောင်း, ပတ်ထမ်းတွေ့”ဆိုသော စကား ကဲ့သို့ “အများအကျိုးရှိအောင် ရေးသားရာတွင် ထိုသူများအတွက် အကျိုးမဲ့ ဖြစ်ရလေခြင်း”ဟု သံဝေဂဖြစ်မိပါသည်၊ ယခုအခါ မိမိအယူကို အကျယ်ရေးမှပင် သင့်မည်ထင်သောကြောင့် ပါဠိအဋ္ဌကထာဆိုစဉ်နှင့်တကွ ဉာဏ်မြင်သမျှ ထုတ်ဖော်ရေးပြပါအံ့။ Trang74 အရပ်တော်အဆုံးအဖြတ် ဘုရားရှင်၏ အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌ “သောဠသ ဟတ္ထုဗ္ဗေဓ-၁၆ တောင်”ဟု ဆို၏။ များစွာသော အဋ္ဌကထာတို့၌ “အဋ္ဌာရသဟတ္ထုဗ္ဗေဓံ-၁၈ တောင်”ဟု ဆို၏၊ သုတ်မဟာဝါဋီကာ၌ “ဒွါဒသဟတ္ထော-၁၂ တောင် မြင့်၏”ဟု အပရေဝါဒရှိ၏၊ ၁၈- တောင် ယူသူတို့က ဘယ်ဝါဒကို အတည်ပြုကြမည်နည်း၊ ၁၈- တောင်ဟူသည် တော်တော်မြင့်သော အိမ်၏ခေါင်မိုးလောက် ရှိ၏၊ ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ လှေကား ထောင်လျက် အတော်မြင့်အောင်တက်၍ လောင်းကြရပေ လိမ့်မည်၊ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။ သီဟိုဠ်ကျွန်းရှိ အချို့မထေရ်တို့သည် “ဟတ္ထသဒ္ဒါ”အတွက် “မိုက်”ဟူသော အနက်ကိုယူ၍ “၁၈-မိုက်(ခြောက်တောင်)ရှိ၏” ဟု ယူကြ၏။ [ပထမရိုက်စာအုပ်၌ ထိုသီဟိုဠ်ဝါဒအတိုင်း ရေးခြင်း ဖြစ်၏၊ ဤကျမ်းက ဟတ္ထသဒ္ဒါအတွက် “မိုက်”ဟူသော အနက်ကို ဝန်မခံ။ “အော်လက်ကောက်”အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင် တစ်ယောက်ရေးသားသော စာအုပ်၌ကား “ဂေါတမ မြတ်စွာဘုရားသည် ပကတိလူများထက် ထူးခြားစွာမမြင့်”ဟု ယုတ္တိပြလျက် ရေးသားလေသည်။ ယိုးဒယားပြည် သာသနာပိုင်ဆရာတော်လည်း “မြတ်စွာ ဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာမမြင့်”ဟု အကျယ်တဝင့် ဆုံးဖြတ်ထား၏။ Trang75 ဤ “ရတနာ့ဂုဏ်ရည်”ကျမ်းကလည်း သူများယောင်လို့ ယောင်သည် မဟုတ်၊ ညွှန်ပြအပ်လတ္တံသော ကျမ်းဂန်ယုတ္တိများ အရ “မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြား စွာ မြင့်တော်မမူ”ဟုပင် ယူလိုပါသည်၊ ကျေးဇူးရှင် ဆရာတော်များ လည်း ဤအတိုင်း ယူကြပါသည်။] ထောက်ထားချက်များ (၁) ဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၄၆၇- နှစ် ကျော်ခဲ့ပြီးဖြစ်၍ ထိုခေတ်က လူများသည် ယခုခေတ် လူများ ထက် အနည်းငယ်ကြီးမားချင် ကြီးမားပေလိမ့်မည်၊ သို့သော် ယခုကာလ ထောင်ထောင်မောင်းမောင်း လူများထက် နှစ်တောင်, သုံးတောင် ပိုလွန်အောင်ကား မကွာခြားနိုင်ပါ။ ကျောက်စာဘက်ဌာနှင့်စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကို တွေ့ရသူတို့ကား ဘုရားရှင် သီတင်းသုံးတော်မူဖူးသော ကျောင်းတော် တံခါးပေါက်များ၏ ယခု သံတံခါးပေါက်များထက် ပို၍ မကျယ်ဝန်းခြင်း, ဘုရားလက်ထက်တော်က သပိတ်များကို လည်း ငယ်ငယ်ပင်တွေ့ရခြင်း, ထိုရှေးက လူရိုးများသည် ယခု လူရိုးများထက် မကြီးမားခြင်း, ပဌမသံဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်၏ (အထက် အောက်အားလုံး) ၆-ပေ လောက် သာရှိခြင်းတို့ကို ထောက်၍ “ဘုရားလက်ထက်က လူများသည် ယခု လူတို့ထက် မမြင့်”ဟု အယူရှိကြသည်။ Trang76 ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် မားမားမတ်မတ် ပုဂ္ဂိုလ်တစ်ပါးပင်တည်း၊ အကယ်၍ မြတ်စွာဘုရားသည် ထိုခေတ် က လူများထက် ထူးခြားစွာ မြင့်တော်မူအံ့၊ “မည်းဖြူဆူကြုံ, နိမ့်မြင့်တုံ, မှတ်ကုန် ပြစ် ၆-ပါး”ဟူသော အပြစ်တို့တွင် မြင့်လွန်း သော အပြစ်ရှိရာ၏၊ စင်စစ်ကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့်မမြင့် အဆင်သင့်ရုံသာ။ (၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍ တရားဟောမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရှိပါ၏၊ သို့သော် အများက တအံ့တဩ လိုက်နာကြမည် မဟုတ်ပါ၊ “နတ်ဘဲ ဟောနိုင်မှာပေါ့၊ ဗြဟ္မာဘဲ တန်ခိုးကြီးမှာပေါ့”ဟု ဆိုကြပေလိမ့်မည်၊ လူစင်စစ်မှန်း သိဖို့ရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်များနှင့်တကွ သားတော်တစ်ပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဖို့ရာ တောထွက်တော်မူပါသည်၊ အကယ်၍ ၁၈-တောင်မျှ အရပ်တော် မြင့်နေလျှင်“တန်ခိုးကြီးမှာပေါ့ကွာ, အရပ်တော်ကြီးကိုက နည်းတာ မှ မဟုတ်ဘဲ၊ လူသားစင်စစ် ဟုတ်ချင်မှလည်း ဟုတ်မှာ”ဟု ပြော စရာ ဖြစ်ပေလိမ့်မည်။ [မဟာပဒါနသုတ်ဋီကာ။] (၃) ဘုရားရှင်သည် မင်းသားဖြစ်စဉ်က ကြင်ယာတော် မိဖုရား လောင်း ရွေးချယ်ဖို့ရာ အခွင့်ကြုံလာ၏၊ ထိုအခါ ခမ်းနားကြီးကျယ် သောမဏ္ဍပ်ကို ဆောက်လုပ်စေပြီးလျှင် သာကီဝင် မင်းသမီးများ အား မင်းသားကိုယ်တိုင် ဆုလာဘ်ပေးဖို့ရန် ခမည်းတော် သုဒ္ဓေါဒန မင်းကြီးက စီမံလေသည်၊ ထိုမဏ္ဍပ်အတွင်း၌ မင်းသားမှတစ်ပါး Trang77 အခြားယောက်ျား တစ်ယောက်မျှ မရှိစေရ၊ သို့သော် မင်းချင်း ယောက်ျားတို့အား ပြောသမျှစကားတို့ကို ချောင်း၍ နားထောင် ကြဖို့ရာ စေခိုင်းထားလေသည်။ ထိုအခါ သာကီဝင်မင်းသမီးအများပင် တစ်ချိန်တည်း ဆုလာဘ် တော်များကို လာယူကြသော်လည်း “ယသော်ဓရာ” မင်းသမီးကား သူများနှင့် အတူမလာဘဲ တစ်ယောက်တည်း နောက်ချန်၍ အများပြန်မှ မိမိအခြွေအရံနှင့် ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီဖြစ်နေသောကြောင့် မင်းသမီးက ပြုံးကြည်သော မျက်နှာထားဖြင့် “ဘယ်နှယ်လဲ၊ မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ်သနားဖို့ စာရင်းထဲ မသွင်းဘဲထားတော်မူပါသလား”။ အလောင်းဘုရား။ ။“မုန်းလို့ မဟုတ်ပါ၊ နောက်ကျနေသောကြောင့် မရခြင်းဖြစ်ပါတယ်” ဟု ပြောပြီးလျှင် သိန်းပေါင်းများစွာ ထိုက်တန်သော လက်စွပ်ကိုချွတ်၍ သနားတော်မူသည်။ ယသော်မေ။ ။“ဒီလက်စွပ်ကို တကယ်ပဲ ယူသွားရမှာပါလား”။ အလောင်းဘုရား။ ။“မောင်တော့် တစ်ကိုယ်လုံးမှာ ဝတ်ဆင် ထားတဲ့ တန်ဆာအားလုံးကိုပင် ယူနိုင်ပါတယ်”။ ယသော်မေ။ ။“နှမတော်က မောင်တော့်ကို တန်ဆာမဲ့ဖြစ်အောင် မလုပ်ရက်ပါ၊ တကယ်ဆိုလျှင် နှစ်မတော်က တိုး၍ ဆင်ပေးဖို့ တာဝန်ရှိပါတယ်”ဟု ပြောကာ ပြုံးရွှင်သော မျက်နှာ, ကျေနပ် သော လက္ခဏာဖြင့် ပြန်သွားလေ၏၊ “လလိတဝိတ္ထာရ” ခေါ် မြောက်ပိုင်းဗုဒ္ဓဘာသာသုတ္တန်။ Trang78 အကယ်၍ အလောင်းတော်မင်းသားသည် သူများထက် ထူးခြား၍ ၁၈-တောင်တိုင်အောင် မြင့်ငြားအံ့၊ ယသော်ဓရာ မင်းသမီးသည် ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တန်ရာ၊ သူ့လို ကိုယ့်လို သက်တူရွယ်မျှဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။ ထို့ပြင် အရပ်တော် ၁၈-တောင် ရှိနေလျှင် ကိုယ်လုံးတော် ပမာဏ၏ ရှေ့ပိုင်းထက်ဝက်မှာပင် ၄-တောင်ခန့်ရှိရာ၏၊ ထိုမျှ ကြီးကျယ်ခဲ့သော် ယခုကာလ မိန်းမများထက် အလွန်မကြီးမား သော မိဖုရားများနှင့်အတူ ထီးနန်းစံတော်မူလို့မှ သင့်လျော်ပါ မည်လော။ (ဤနေရာ၌ တန်ခိုးတော်ဟု ဆိုကြဦးမည်လား။) (၄) “ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့ သူ့လို ကိုယ့်လိုပါပဲ”ဟု ဆိုပြန်အံ့၊ ဘုရားဖြစ်မှလည်း ထူးခြား၍ မမြင့်ပါ၊ ဘုရားဖြစ်ပြီး၍ မကြာမီပင် ဥပကတက္ကဒွန်းကြီးနှင့် လမ်းခရီးမှာ တွေ့ဖူး၏၊ ဥပက-က သပ္ပါယ်သော ရဟန်းတစ်ပါးဟု သာ မှတ်ထင်လေသည်။ [မဇ္ဈိမပဏ္ဏာသပါဠိတော်, ရာဇဝဂ်, ဗောဓိရာဇကုမာရသုတ်။] (၅)ပုဏ္ဏားတစ်ယောက်သည် ယဇ်ပူဇော်ပြီးနောက် ပုဏ္ဏား တို့အား ကြွင်းကျန်သော ယဇ်စာကို ကျွေးဖို့ရန် လိုက်အရှာတွင် ခေါင်းမြီးခြုံ၍ သစ်ပင်အောက်မှာနေသော ဘုရားရှင်ကို ပုဏ္ဏား ထင်၍ အနီးသို့ ချဉ်းကပ်လေရာ ခေါင်းမြီးခြုံကို ဖွင့်လိုက်မှ ရဟန်းမှန်းသိသဖြင့် ပြန်သွားမည်ပြုလေ၏၊ အကယ်၍ ၁၈-တောင် Trang79 မြင့်အံ့၊ ထိုင်တော်မူနေသော ဘုရားရှင်သည် မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်ဖွယ်ရှိသောကြောင့် “ပုဏ္ဏားလေလား”ဟု အထင်မမှားထိုက်။ သံယုတ်ပါဠိတော်။ (၆) ဘုရားရှင်သည် ကောသမ္ဗီပြည်မှ “ပါလိလေယျက”တော သို့အကြွတွင် တောကျောင်း၌ သီတင်းသုံးနေထိုင်ကြသော အရှင်နန္ဒိယ, အရှင်ကိမိလ, အရှင်အနုရုဒ္ဒါ မထေရ်သုံးပါးတို့အထံ ဝင်တော်မူရာ တောစောင့်ယောက်ျားက “ရဟန်းကြီး မဝင်ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ်နေပါသည်”ဟု တားမြစ် လေသည်၊ အကယ်၍ ၁၈-တောင် မြင့်ငြားအံ့၊ ထိုတောစောင့် ယောက်ျားသည် ဘုရားရှင်ကို မတားဝံ့ရာ။ ဥပရိပဏ္ဏာသ, ဥပက္ကိ လေသသုတ်ပါဠိတော်။] (၇) ပက္ကုသာတိမည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဖူး ဘဲ သတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်အထံ လာခဲ့လေရာ ညဉ့်အခါ အိုးထိန်းသည်ဇရပ်မှာ ဘုရားနှင့် တွေ့သော် လည်း ဘုရားမှန်း မသိသေး၊ ရဟန်းတစ်ပါးဟူသော အထင်ရှိနေ သေး၏၊ ထို့နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း သိလေ သည်။ [ဥပရိပဏ္ဏာသ, ဓာတုဝိဘင်္ဂသုတ်ပါဠိတော်။] (၈) မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သမီးချောအတွက် သမက် လိုက်ရှာလေရာ ဘုရားရှင်ကိုတွေ့လေသည်၊ အကယ်၍ သမီးနှင့် အရွယ် အရပ်ချင်း အလွန်အမင်း ကွာခြား၍ နေလျှင် သမက်ဖမ်းဖို့ မမှန်းတန်ရာ။ [ဓမ္မပဒအဋ္ဌကထာ, သာမာဝတီဝတ္ထု။ Trang80 (၉) ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်းလဲ၍ ဝတ်တော်မူဖူးပါသည်၊ အကယ်၍ ဘုရားရှင်သည် တစ်ဆယ့်ရှစ် တောင် မြင့်တော်မူငြားအံ့၊ အရှင်မဟာကဿပသည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဝတ်ရုံ၍ မဖြစ်ရာ၊ ဘုရားရှင်လည်း အရှင်မဟာ ကဿပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ။ [နိဒါနဝဂ္ဂ, ကဿပ သံယုတ်, စီဝရသုတ်ပါဠိတော်။] (၁ဝ) ပုဏ္ဏားတစ်ယောက်သည် မိမိဝတ်နေကျဖြစ်သော အဝတ်ကို ဘုရားရှင်အား လှူဖူး၏၊ ဘုရားဝတ်ရုံလောက်သည်သာ။ သုတ်မဟာဝဂ္ဂ, မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်။] (၁၁) ဘုရားရှင်၏ ညီတော်အရင်းဖြစ်သော အရှင်နန္ဒ (နန္ဒ မင်းသား)သည် အခါတစ်ပါး၌ ဘုရားရှင် သင်္ကန်းတော်နှင့် ညီမျှ သော သင်္ကန်းကို ဝတ်ရုံလာ၏၊ ထိုအခါ ရဟန်းတို့က အဝေးမှ လာသည်ကို မြင်ရလျှင် ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏၊ အနားကျမှ အရှင်နန္ဒ ဖြစ်ကြောင်းကို သိကြလေ၏၊ ဤစကားကို ထောက်လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒထက် များစွာမမြင့်ဟု သိသာပြီ၊ ထို့ကြောင့် ပါဠိတော်၌ “စတုရင်္ဂုလောမကော-ရှင်နန္ဒ က ဘုရားအောက် လက် ၄-သစ်သာ ငယ်သည်” ဟု မိန့်တော်မူ သည်။ [ဝိနည်း, ပါစိတ်ပါဠိတော်, ရတနဝဂ်။] (၁၂) လူ့ပြည်လောက၌ရှိကြသော ခြေရာတို့တွင် ဆင်သတ္တဝါ ၏ ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏၊ အကယ်၍ Trang81 ၁၈-တောင်မြင့်အံ့၊ ဘုရားရှင်၏ ခြေရာတော်သည် ၂-တောင်ကျော် ကျော် ရှိမည်ဖြစ်၍ ဆင်၏ ခြေရာထက် ကြီးရာသောကြောင့် “ငါ ဘုရား၏ ခြေရာသည်သာ အကြီးဆုံး”ဟု ဟောတော်မူသင့်၏၊ မူလပဏ္ဏာသ, မဟာဟတ္ထိပဒေါပမသုတ် ပါဠိတော်။ (၁၃) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ ကြွ၍ အင်ကြင်းဥယျာဉ်အတွင်းဝယ် မလ္လာမင်းတို့၏ အသုံးပြုနေကျ ညောင်စောင်း (ခုတင်ငယ်)ပေါ်မှာပင် လျောင်းတော်မူလေသည်၊ အကယ်၍ ၁၈-တောင် မြင့်အံ့၊ ရိုးရိုးလူတို့ အသုံးပြုအပ်သော နေရာမှာ မနေလောက်ရာ၊ တန်ခိုးတော်အရာလည်း မဟုတ်။ [ပရိနိဗ္ဗာနသုတ်ပါဠိတော်။] (၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ နတ်ဗြဟ္မာအများတို့ အဖူးမြော် လာကြရာ ရှင်ဥပဝါဏမထေရ်က ရှေ့တည့်တည့်မှ ကွယ်နေသော ကြောင့် ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များက မထေရ်ကို ကဲ့ရဲ့ကြ၏၊ ၁၈-တောင် မြင့်တော်မူလျှင် ထိုမထေရ်က မျက်နှာတော်ကို မကွယ်နိုင်ရာ။ [ပရိနိဗ္ဗာနသုတ်ပါဠိတော်။] (၁၅) ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် သူဆင်မြန်းနေကျဖြစ်သော “မဟာလတာ”တန်ဆာ ဖြင့် အလောင်းတော်ကို ပူဇော်လေရာ ဦးခေါင်းတော်မှ ခြေဖျား တိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာနသုတ်အဋ္ဌကထာ ဆိုသည်၊ ၁၈-တောင် မြင့်ရိုးမှန်လျှင် ထိုတန်ဆာသည် အလောင်း တော်၏ တစ်ကိုယ်လုံးကို မဖုံးလွှမ်းနိုင်ရာ။ Trang82 ဤသို့ စသည်ဖြင့် ပိဋကတော်မှ ကောက်နုတ်ဖွယ်ရာ များစွာ ရှိသေးသည်၊ ကျယ်ဝန်းမည်စိုး၍ လျစ်လျူရှုရပါတော့သည်၊ ဤ ကောက်နုတ်ချက်များအရ “ဘုရားရှင်သည် ထိုခေတ် လူများထက် တအံ့တဩ ထူးခြားစွာ မြင့်တော်မမူ”ဟု အတိအလင်း ယူလိုပါ သည်၊ ထိုခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင် မောင်းမောင်း ရှိသူများထက် များစွာမကွာခြားသင့်သောကြောင့် “ဘုရားရှင်၏ အရပ်တော်သည် ၁၈-တောင် မြင့်၏”စသော အယူ ဝါဒ၌ ယုတ္တိယုတ္တာကို ရှာကြပါလေ။ ဘုရားရှင်သည် ဝါဝင်းသော အဆင်းတော်ရှိ၏၊ ကိုယ်တော် မြတ်၏ ဝါဝင်းသော အရောင်တော်သည် ထက်ဝန်းကျင်နှင့်တကွ အထက်သို့တက်နေရာ မှောင်သောအရပ်၌ ၁၈-တောင်,၁၆-တောင်ခန့် ရှိသည်ဟု ထင်ရပေမည်၊ ထို့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ အထက်သို့ အမြဲတက်နေသော ကိုယ်အရောင် တော်နှင့်တကွ မှန်းဆရေတွက်၍ ၁၈-တောင်, ၁၆-တောင် မြင့်ကြောင်းကို မိန့်ဆိုကြဟန်တူသည်ဟု မိမိသဘောမှာ ထင်မိပါ သတည်း။ အရပ်တော် အဆုံးအဖြတ် ပြီး၏။ ပတ္တိဘုန်းတော်။ ။ ကြွတော်မူလိုရာအရပ်သို့ ဆီးတားကာကွယ်ခြင်း မရှိ၊ တစ်ခဏချင်း ကြွရောက်နိုင်သော ဘုန်းတော် ဖြစ်သည်၊ ဘုရားရှင်သည် ချေချွတ်ထိုက်သော သတ္တဝါကို မြင်တော် မူလျှင် နတ်ပြည် ဗြဟ္မာပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏အထံသို့ တစ်ခဏချင်း အရောက်ကြွတော်မူနိုင်သည်။ Trang83 ပါကမ္မဘုန်းတော်။ ။အဆင်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တစ်ခဏတည်းဖြင့် ပြီးစေနိုင်သော ဘုန်းတော်ဖြစ်၏၊ ဘုရားရှင်သည် တစ်ခါတစ်ရံ မြောက်ကျွန်းသို့ ကြွတော်မူပြီးလျှင် ထိုကျွန်းသားတို့၏ ဘုရင်သဏ္ဌာန် ဖန်ဆင်း လျက် တရားဟောတော်မူသည်။ ဤသိတာဘုန်းတော်။ ။မိမိ၏ စိတ်တော်ကိုလည်းကောင်း,များစွာသော သတ္တဝါတွေကိုလည်းကောင်း အုပ်စိုးနိုင်သော ဘုန်းတော်ပေတည်း၊ ဤဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကို များစွာ သော သတ္တဝါတို့က ရိုသေခန့်ညားကြရပေသည်။ ဝသိတာဘုန်းတော်။ ။ဈာန်သမာပတ် အဘိညာဉ်ကို ဝင်စား တော်မူလိုလျှင် အဆိုင်းအငံ့မရှိဘဲ တစ်ခဏချင်းပင် ဝင်စားနိုင် သော ဘုန်းတော်ပေတည်း။ ယတ္ထကာမာဝသာယိတာဘုန်းတော်။ ။ဈာန်ဝင်စားခြင်း, ကောင်းကင်ပျံကြွခြင်းစသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုသောအခါ ဆိုင်းငံ့တော်မမူရဘဲ ပြီးဆုံးစေလိုသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ပြီးဆုံးစေနိုင်သော ဘုန်းတော်ပေတည်း။ ယတ္ထကာမ-အလိုရှိရာခဏ၌+အဝသာယိတာ-ပြီးစေနိုင်ခြင်း။] (၁) ဣဿရိယဘုန်းတော်။ ။ဤပြခဲ့သော ဘုန်းတော် ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော်ခြောက်ပါးတွင် “ဣဿရိယ”ဘုန်းတော်ချည်းသာတည်း။ Trang84 (၂) ဓမ္မဘုန်းတော်။ ။တစ်ထောင်ငါးရာကိလေသာ ရန်ဆူး ရန်ငြောင့်တွေကို ပယ်ရှားသုတ်သင်နိုင်သော မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတို့ကို “ဓမ္မ” ဘုန်းတော်ဟု ခေါ်သည်။ (၃) ယသဘုန်းတော်။ ။ပျံ့နှံ့ကျော်စေသော ဂုဏ်သတင်း တော်ကို “ယသ”ဘုန်းတော်ဟု ခေါ်သည်၊ ဘုရားရှင်၏ ဂုဏ်သတင်း တော်သည် သူတကာတို့ကဲ့သို့ အသိုင်းအဝိုင်းတို့ဖြင့် မဟုတ်မမှန် လုပ်ကြံ၍ ဖြစ်ရခြင်းမျိုး မဟုတ်၊ ဟုန်မှန်သော ဂုဏ်တော်ကြောင့် အလိုလိုထင်ပေါ်လျက် လူ့ပြည်လောကထက် နတ်ပြည်လောက၌ သာ၍ နှံ့စပ်ကျော်စောပေသည်။ [အခြားစကြဝဠာက နတ်ဗြဟ္မာ များလည်း ဤစကြဝဠာသို့ လာနိုင်သဖြင့် နတ်ဗြဟ္မာအချင်းချင်း ဂုဏ်သတင်းဖြန့်သောကြောင့် “စကြဝဠာတစ်သောင်းတိုင်အောင် ပျံ့နှံ့၏၊ လူ့လောက၌ကား ထိုမျှလောက် ဂုဏ်သတင်းမပျံ့နှံ့”ဟု ဆိုလာပါသည်။] (၄) သိရီဘုန်းတော်။ ။ကျမ်းအစ၌ ပြခဲ့သည့်အတိုင်း အလွန် ကြီးမားသော ပါရမီရှင်ဖြစ်ပေရကား ဖူးမြော်၍ မဝနိုင်အောင် လွန်စွာ သပ္ပာယ်သော ကျက်သရေကို “သိရီ”ဘုန်းတော်ဟု ခေါ်သည်၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဤ“သိရီ” ဘုန်းတော် ဖြစ်သော ရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။ ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုံးတော် နှစ်သွယ်၏အကြား၌ “ဥဏ္ဏလုံ”ဟု ခေါ်အပ်သော ဆွတ်ဆွတ်ဖြူ Trang85 သော အမွေးတော်သည် ဆန့်ထားလျှင် လက်မောင်းတစ်ဝက်ခန့် ရှည်၍ ပင်ကိုယ်အတိုင်းထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် ကျက်သရေ အလွန်ရှိပါပေ၏၊ ဝါဝင်းသော အရေပေါ်ဝယ် မျက်ခုံးအမွေးတော်နှစ်ဖက်၏ မည်းနက်သော အရောင်တော်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤဥဏ္ဏလုံမွေးရှင်တော် သည် အလွန်ထင်ပေါ်၍နေလေတော့၏၊ ဥဏ္ဏလုံမွေးရှင်တော်၏ အောက်နားဝယ် ဝဲယာနှစ်ဖက်က မျက်တောင်တော်များလည်း အထက်သို့ အဖျားကော့ကာ မွေးရှင်တော်ကို မော်၍ ဖူးမြော်သလို ထင်ရပေသည်။ ပတ္တမြားလုံးတပ်ထားသကဲ့သို့ ခပ်မို့မို့ထင်လင်းသည့် မျက်လုံး တော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်ချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာ ကြာဖြူပန်းအတွင်းမှ ပိတုန်း ကလေးများ ထွက်ပြူနေသလို တင့်တယ်ပါပေသည်၊ မျက်လုံးတော် နှစ်သွယ်၏ အလယ်မှအောက်သို့သက်သော နှာတံတော်သည်ကား မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သလို ရှိပါပေသည်၊ နှုတ်ခမ်းတော်အစုံမှာ ဟင်္သပြဒါးရည် ပက်ဖျန်း သကဲ့သို့ နီမြန်းတော်မူပြီးလျှင် စိန်အစဉ် စီထားသလို ထင်ရသော သွားတော်အစဉ်၏ ဆွတ်ဆွတ်ဖြူပုံကိုပင် ပြုံးတော်မူသောအခါ ကျက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်၊ ဤသို့ အမြွက်မျှ ပြအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကျက်သရေတော်သည် နတ်လူဗြဟ္မာတို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မဝနိုင် အောင် ရှိပါပေသတည်း။ ဤအကြိမ်ရိုက်စာအုပ်၌ ဘုရားရှင်၏ Trang86 ကျက်သရေတော်ကို ထင်ပေါ်အောင် ရှေးဆရာတို့ဖွဲ့စီအပ်သော လက္ခဏာတော်ကြီးဘုရားရှိခိုးထည့်ထားပါသည်။] ဆက်ဦးအံ့- “ကျက်သရေ”ဆိုသည်မှာ အလှကို ဆိုလိုသည်မဟုတ်၊ မလှသော်လည်း တစ်ချို့မှာ ရုပ်အနေအထား အချိုးကျ၍ ဖြစ်စေ, အနေအထိုင် အပြောအဆို အချိုးကျ၍ဖြစ်စေ “ကျက်သရေ ရှိပါပေသည်”ဟု ချီးမွမ်းခံကြရပေသည်၊ ဘုရားရှင်ကား ပင်ကိုယ် အဆင်းလည်း တင့်တယ်၏၊ လှမ်းကြွတော်မူပုံ, နေထိုင်တော်မူပုံ, ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရှု၍မငြီး, နာ၍မငြီးအောင် ကျက်သရေကို ဆောင်တော်မူ၏၊ ထို့ကြောင့် လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရားဓမ္မ ဟောပြတော်မူသော ဘုရားရှင်သည် ဝင်းစက်ညက်ညောသော အသားအရည်ပေါ်တွင် ကြည်လင်ပြတ်သားသော အသံတော်ကို တန်ဆာဆင်သလိုဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကျက်သရေ သာလွန်၍ ထူးချွန်တင့်တယ်တော်မူပေသည်။ သေလသုတ်မှ ကောက်နုတ်ချက်။ ။လုလင်ငယ် သုံးရာလောက်ကို စာပြနေသော ဗြာဟ္မဏဇာတ်ရှိသူ “သေလ”မည်သော ကျောင်း အုပ်ဆရာကြီးတစ်ယောက်သည် အခါတစ်ပါးဝယ် ဘုရားရှင် အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင်အထံသို့ ရောက်လာလေရာ ရှင်တော်ဘုရား၏ ကျက်သရေရှိလှသော ရုပ်အဆင်းတော်ကို မြင်ရုံမျှဖြင့် “ဤမျှလောက် ကျက်သရေရှိသော အရှင့်မှာ ရဟန်းပြုနေလို့ ဘာအကျိုးရှိမှာလဲ၊ လေးကျွန်းလုံးကို Trang87 လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဖို့ရာ ရုပ်လက္ခဏာတွေ ပြည့်စုံနေပါတယ်၊ ထို့ကြောင့် ရဟန်းအဖြစ်၌မနေဘဲ လူ့ဘောင်မှာ နေ၍ မင်းတကာတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သော စကြာမင်း လုပ်တော်မူပါ”ဟု လျှောက်ထားလေသည်။ သုတ္တနိပါတ်, မဟာဝဂ္ဂ, သေလသုတ်ပါဠိတော်။] ဤမျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေ တိုးပွား၍ အကျိုးမများသော်လည်း ဘုရားရှင်၏ သပ္ပာယ်သော အာရုံကို ကြည့်ရှုဖူးမြော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွားသဖြင့် အကျိုးများလှပေသည်၊ ဤမျှလောက် ကြီးကျယ်သော ကျက်သရေ တော်အရှင်ကို ငါတို့ မဖူးမြင်လိုက်ရသည်မှာ များစွာဝမ်းနည်း ဖွယ်ကောင်းလှပေသည်တကား။ (၅) ကာမဘုန်းတော်။ ။ရှင်တော်မြတ်၏ အလိုတော်ရှိလေ သမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်းကို “ကာမ”ဘုန်းတော်ဟု ခေါ်သည်၊ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္တဝါတို့ကို ချေချွတ် နိုင်ဖို့ရန် တောင့်တတော်မူခဲ့ရာ ထိုတောင့်တတော်မူသည့်အတိုင်း ပြည့်စုံပေသည်။ (၆) ပယတ္တဘုန်းတော်။ ။ကြီးမားလှစွာသော လုံ့လ ဝီရိယ တော်ကို “ပယတ္တ”ဘုန်းတော်ဟု ခေါ်သည်၊ ဤကျမ်းအစ “စရံ ယော ယဒိဝါ တိဋ္ဌံ”ဂါထာ၌ ပြခဲ့သည့်အတိုင်း နေ့ရော ညဉ့်ပါ အားလပ်ခွင့် ရတော်မမူဘဲ ဝေနေယျတို့၏အကျိုးငှာ လွန်စွာ အားထုတ်တော်မူပေသည်။ Trang88 ဘုရားရှိခိုး ဂါထာဖွင့် (ကျက်မှတ်ရန်) ဧဝံ နဝဟိ ဂုဏေဟိ, လောကမှိ ကိတ္တိဗျာပိတံ၊ အတုလံ ဓမ္မရာဇာနံ, ဝန္ဒာမိ တီဟိ သာဒရံ။ ဧဝံ န၀ဟိ ဂုဏေဟိ-ဤအရဟတာ, အစလာသည့်, ကိုးဖြာ သော ဂုဏ်တော်တို့ဖြင့်၊ လောကမှိ-ဘဝဂ်ဆုံးအောင်, ဘုံသုံး ဆောင်၌၊ ကိတ္တိဗျာပိတံ-သိမ့်သိမ့်တုန်ခပ်, ပဲ့တင်ထပ်မျှ, နှံစပ် ကျော်စောတော်မူထသော၊ အတုလံ-သီလခေါင်ထိ, သမာဓိနှင့်, ကြီးဘိပညာ, လွန်ကဲသာ၍, ပြိုင်လာနှိုင်းသူ, အတူလည်းရှိတော် မမူထသော၊ ဓမ္မရာဇာနံ-သုံးဘုံမကိုဋ်, သုံးထိုက်သရဖူ, သုံးလူ သင်းကျစ်, ဓမ္မရာဇ်ထွတ်ထား, ရှင်တော်မြတ်ဘုရားကို၊ တီဟိ- လက်အုပ်အဉ္ဇလီ, နှုတ်သံချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွှတ်ကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ ကြည့်ရှုရန် အဓိပ္ပာယ် ၁- အရဟံဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ“အရဟတာ”ဟုဆိုသည်။ ၂- “ထောမနာ”ကား ချီးမွမ်းခြင်းကိုဟောသော ပါဠိစကား။ ၃- ကိုင်းညွတ်ခြင်း-ရှိခိုးခြင်းကိုဟောသော“ပဏာမ”ပါဠိကိုပင်“ပဏာ” ဟု ဆိုထားသည်။ Trang89 ဘဝဂ်ဆုံးအောင်, ဘုံသုံးဆောင်၌။။ဘုံဘဝတို့၏ အထက်ဆုံး ဖြစ်သော “နေဝသညာနာသညာယတန”ဘုံကို “ဘဝဂ်”ဟု ခေါ် သည်၊ ကာမ, ရူပ, အရူပ, ဘုံသုံးဆောင်၏ အဆုံးဘဝဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်များသည် သူတစ်ပါးထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်၊ ထို့ကြောင့် တီတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာ နှိုင်းလာကြပါသော်လည်း သီလ, သမာဓိ, ပညာဂုဏ်အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။ သုံးဘုံမကိုဋ်။ ။မင်း မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သော အရာကို “မကိုဋ်-သရဖူ”ဟု ခေါ်၏၊ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို “သင်းကျစ်”ဟုခေါ်၏၊ ဘုရားရှင်သည် ဦးထိပ်တင်ကာ ရိုသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ သင်းကျစ်နှင့်တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။ လက်အုပ်အဉ္စလီ။ ။လက်အုပ်ကို ပါဠိလို “အဉ္ဇလီ”ဟု ခေါ်၏၊ ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယဝိညတ်ကို “ကာယဒွါရ” ဟု ခေါ်၏၊ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီဝိညတ်ကို “ဝစီဒွါရ” ဟုခေါ်၏၊ ကိုယ်နှုတ်မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရားဂုဏ်တော် ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို “မနောဒွါရ”ဟု ခေါ်၏၊ ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်းအပ်သော သက်တော်ထင်ရှား မြတ်ဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထိုသုံးဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏- ဟူလို။ Trang90 ဂုဏ်တော် ၉-ပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရာ၌ ရှေးဦးပဌမ သမာဓိမရသေးခင် ဂုဏ်တော်တစ်ပါးတည်းကိုသာစွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ်ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ် အစဉ်မပျော်မမွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်၊ ဂုဏ်တော် ၉- ပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လှည့်ကာဖယ်ကာ အာရုံပြုနေ ရသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင် ပျော်ပြီးရင်းပျော်ရင်းဖြစ်လာသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြု သူတို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်နူး ရွှင်မြူးချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော်တစ်ပါးပါး၌ သမာဓိစူးစိုက်လာပါ လိမ့်မည်။ ထို့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦးစွာ မိမိ၏ သီလကို ၅-ပါးဖြစ်စေ, ၈-ပါးဖြစ်စေ, ၁၀-ပါး ဖြစ်စေ, အထူးလုံခြုံစွာရှိစေရမည်၊ ထို့နောက် ဆိတ်ငြိမ်သော အရပ် ကို ရစေရမည်၊ မိမိအိမ်မှာဖြစ်လျှင်လည်း အားလုံတိတ်ဆိတ်သော အခါ ဖြစ်စေရမည်၊ ရုပ်ပွားတော် စေတီတော် အနီးအပါး ဖြစ်လျှင် လည်း ပွဲလမ်းအခါမဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်၊ Trang91 သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချ လောက်သော အဖော်မပါဘဲ စေတီရုပ်ပွားအနီး, သို့မဟုတ် တော တောင်ပိတ်ပေါင်း ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံ မပြုသင့်ပါ၊ အရပ်ရပ်အပြစ်ကင်းသော နေရာကောင်းကို ရွေချယ် ပြီးနောက် တကယ့် ယောဂီစိတ်ကို ရောက်စေလျက် မိမိရှေ့မှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါ အတိုင်း အာရုံပြုပါ။ ၁။ ဗုဒ္ဓဂုဏ်တော်။ ။ဘုရားရှင်သည် အလောင်းတော် သုမေဓာ ဘဝက ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော်ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ-ကိုယ်တိုင် သိရသော အခါဝယ်၊ ဗောဓေယျံ-သတ္တဝါတို့ကိုလည်း သိစေတော် မူမည်”ဟု အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ၂။ သုဂတဂုဏ်တော်။ ။ထိုသို့ ဓိဋ္ဌာန်တော်မူခဲ့သည့်အား လျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်းများစွာတို့ကို စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာဖြည့်ကာ ကောင်းစွာ ကြွတော်မူခဲ့ပါသည်။ ၃။ ဝိဇ္ဇာစရဏသမ္ဗနူဂုဏ်တော်။ ။ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရား ဖြစ်တော်မူမည့်ဘဝ၌ သီလစောင့်ခြင်း, ဣန္ဒြေစောင့်စည်းခြင်း စသော ကိုယ်ကျင့်တရား စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူရကား ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို Trang92 အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်, သန်းခေါင်ယံ ဝယ် နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူ သမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်, မိုးသောက်ယံဝယ် ကိုယ်တော်၏သန္တာန်၌ ကိလေသာဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ ခြောက်ခန်းစေနိုင်သော “အာသဝက္ခယ”ခေါ် အရဟတ္တမဂ်ဉာဏ် တော်ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါ သည်။ ၄။ အရဟံဂုဏ်တော်။ ။ထိုဉာဏ်တော်များကြောင့် ဘုရားရှင် ၏ စိတ်တော်အစဉ်သည် ကိလေသာအနောက်အကျုမှ ကင်းစင် သဖြင့် အမြဲကြည်လင်တော်မူပါသည်။ ၅။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။ ။ထိုကဲ့သို့ ကြည်လင်သော စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါသည်။၉၃ ၆။ လောကဝိဒူဂုဏ်တော်။ ။ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော် ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ပါဝင်သော ကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကို လည်းကောင်း, သတ္တဝါအနန္တကိုလည်းကောင်း, ရုပ်နာမ်ဓမ္မသင်္ခါရ လောကကိုလည်းကောင်း သိမြင်တော်မူပါသည်။ Trang93 ၇။ အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်။ ။သတ္တလောက (သတ္တဝါဟူသမျှ၏) လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော ဣန္ဒြေတို့၏ အနုအရင့်ကို နှိုင်းချင့်ခွဲခြမ်း သိစွမ်းတော်မူရကား ထိုသတ္တဝါ အများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော်မူနိုင်ပါသည်။ ၈။ သတ္ထာဒေဝမနုဿာနံဂုဏ်တော်။ ။ထိုကဲ့သို့ မိမိတို့ အလို လိုက်၍ အကြိုက်ကျအောင် ဟောပြောဆုံးမတော်မူသော ဘုရားရှင် ကို ဆရာမတင်လျှင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည် နည်း၊ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်မူပါ ပေသည်။ ၉။ ဘဂဝါဂုဏ်တော်။ ။ထိုကဲ့သို့ လူရော နတ်ပါဗြဟ္မာမလပ် အရပ်ရပ်ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်း သာဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်, ဉာဏ်တော်, ကျက်သရေတော်, တန်ခိုးကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီတကား။ အားတက်ဖွယ်။ ။ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံကောင်းလှပေပြီ၊ ထိုဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုနေရ, အောင်မေ့နေရ သည်မှာ စိတ်စက် ချမ်းသာလှပေ၏၊ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်းပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏၊ ထိုဘုရားရှင် Trang94 ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ အနောက်အကျုကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှ သောကြောင့် အထပ်ထပ် အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါး သည်ထက် နည်းပါးပေလိမ့်မည်၊ လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ့်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရားရှေ့တော်မှာဖြစ်စေ, သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရား ဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ၊ အာရုံမပြုတတ် သေးပါလျှင် အားလပ်ခွင့်ရချိန်မှာ ဤဂုဏ်တော် ၉-ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှုရွတ်ဖတ်နေကြပါကုန်၊ လူမှုရေးကိစ္စ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော် တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ်လုပ်ရင်း အာရုံပြုနေပါလျှင် လောကသံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။ ဂုဏ်တော်ကို အာရုံပြု၍ အကျိုးရသော မိဖုရား စောလုံ ဝတ္ထု ပုဂံပြည် “နရသီဟပတေ့”မင်း၏ “စောလုံ”မည်သော မိဖုရား သည် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါလက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း၊ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီ မြစ်ကမ်းတွင် စံနန်းတော်တည်၍ မောင်းမမိဿံ အခြွေအရံများနှင့် Trang95 အတူ ရေကစားတော်မူမြဲ ဖြစ်၏၊ အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မျက်နှာဆံပင်ပါမကျန် တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့်ပက်စေတော်မူသည်။ စောလုံမိဖုရားလည်း ကျီစယ်သည်ကို အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် “မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အငြိုး ကြီးတတ်သည်”အားလျော်စွာ အနာကြီး နာသောကြောင့် စားတော် ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်၊ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲ ခွေးကို ကျွေးစေရာတွင် တစ်ခဏချင်း ခွေး သေသည်ကိုမြင်၍ ပွဲတော်ဆက်သူကို စစ်ဆေးသောအခါ မိဖုရား စောလုံ အပေါ်ကျရောက်၏၊ မိဖုရားကို စစ်ဆေးပြန်ရာ “မိမိကို တစ်ကိုယ်လုံးစိုအောင် ရေပတ်စေလျက် အရှက်ခွဲသောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း”ဟု ပြတ်တောင်း တောင်း ခပ်မာမာနှင့် သံတော်ဦးတင်သဖြင့် မင်းတို့ မျက်စောင်း အကြောင်းမရွေးတတ်သည့်အတိုင်း ဆိုင်းငံ့စဉ်းစားခြင်း မရှိ၊ အမြတ်နိုးဆုံး မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမား ကိုခေါ်၍ သံကျပ်စင်(ကျပ်ခိုးစင်)ကို လုပ်စေပြီးလျှင် “မီးရဲရဲငြိသော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့်ချမှတ်သည်။ မိဖုရားလည်း ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနစ်ရက် ကြာအောင် ကျပ်စင်ကို ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရော ညဉ့်ပါ သီလကိုဆောက်တည်လျက် ၇-ရက်ပတ်လုံး ဘုရားဂုဏ် တော်, တရားဂုဏ်တော်, သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ် အာရုံ Trang96 ပြု၍နေလျက် ၇-ရက်စေ့သောအခါ ရဲရဲညီးသော သံကျပ်စင်ထက် သို့ မကြောက်မရွံ့တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို ထည့်ခတ်လိုက်သလို တစ်ခါတည်း မီးငြိမ်း၍ သွားလေသည်။ ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြု နေမှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ကာထပ်ကာ မီးငြိမ်းပြီး နောက် “ချမ်းသာခွင့် ရမည်မဟုတ်လျှင် တစ်ခဏချင်း လောင်ကျွမ်း စေတော့”ဟု စိတ်ကိုလျှော့ချ ဓိဋ္ဌာန်သည့်အခါကျမှ တစ်ခဏချင်း ကွယ်ပျောက်ရရှာလေသည်၊ မိဖုရားမရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်ရာ၌ ကရောင်ကတမ်း ဖြစ်ပြီးလျှင် မိဖုရားကို တမ်းတ၍ နေရစ်ရှာလေသတည်း။ ဤဝတ္ထု၌ ရာဇဝင်ဆရာတို့ ယူပုံနှင့် အနည်းငယ်ကွဲလွဲ၏၊ တွေ့ဖူးသော စာအတိုင်း ရေးသား လိုက်သည်။] အထူးသတိပေးချက်။ ။ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့်ဘုရားရှင်နှင့်စပ်၍ တတ်သိနားလည်ထိုက်သော အချက်များကို အထိုက်အလျောက် နားလည်လောက်ပေပြီ၊ ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း, ရေချမ်း, ပန်း, ဆီမီး, နံ့သာတိုင် စသည်တို့ကို ပူဇော်လေ့ရှိကြ၏၊ ထိုသို့ ပူဇော်ရာ၌ ဝတ်ကျေတန်းကျေ အိမ်နီးချင်း ရိုသေရုံသဘောမထား ဘဲ ရုပ်ပုံတော်, စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်း တော်ကိုသွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူဒါန်း Trang97 ပူဇော်ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင်မြင်ယောင် ဖြစ်လာအောင် ပူဇော်ရာ၏၊ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေ့လွဲသောအခါ ပူဇော် လျှင် အပြစ်တင်လေ့ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ မှောင် သော နေရာမဟုတ်ဘဲ “နေ့လယ်ကြောင်တောင်အခါ ဆီမီးပူဇော်မှု ကို ပြုသင့်သည်”ဟု မထင်ပေ။ ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူလိုဏ်, အာရုံခံရာတန်ဆောင်း, စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ ဗလပွေကျအောင် ပူဇော်မှု, ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု, ရေတွေ ပုပ်နံအောင် ရက်ရှည်လများထားမှုကို ယခုအခါ တန်းခိုးကြီးသော ဘုရားတိုင်း မှာလိုပင် တွေ့မြင်ရ၏၊ ထိုအမှုများကို မိမိတို့ အိမ်မှာပြုလျှင် ကျေနပ်နိုင်ကြမည်, မဟုတ်ပါဘဲလျက် ဘယ်အတွက် ဘုရားနှင့် စပ်သော အဆောက်အဦမှာ ပြုဝံ့ကြ, ပြုရက်ကြပါလိမ့်မည်နည်း၊ ထို့ကြောင့် ပန်း, ဆီမီး စသည်ကို ပူဇော်ရာ၌ မိမိတို့၏ ပစ္စည်းဝတ္ထု အတွက် ဘုရားနှင့်စပ်သော အဆောက်အဦ၌ မညစ်မပေစေဘဲ ဖူးမြင်သူ လူအများတို့ သဒ္ဓါတိုးပွားအောင် သားနား သပ်ရပ်စွာ ပူဇော်ကြမှသာ နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင်ပါသည်။ ထို့ပြင် ဘုရားနှင့်စပ်သော အဆောက်အဦများ၌လည်း ခမ်းနား သပ်ရပ်သော ဝတ္ထုမှတစ်ပါး တိုလီမှိုက်စ မလှပသော ပစ္စည်းဝတ္ထု မရှိမှသာ ပို၍ ကျက်သရေရှိရာသောကြောင့် တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများစုပေါင်း၍ ကြီးကျယ်ခမ်းနားသော ဘုရား, Trang98 ကျောင်း, စေတီတော် စသည်များကိုသာ တည်ထားကိုးကွယ်ခြင်း, ကြည်ညိုဖွယ်မဖြစ်လောက်အောင် ပျက်စီးယိုယွင်းနေသော ဘုရား, ကျောင်း စသည်များကို စုပေါင်းပြုပြင်ခြင်း, ရှိပြီးနေရာများ၌ နောက်ထပ် တည်ထားမည့်အစား မရှိသေးသော နေရာဝယ် တည်ထားကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ်သင့်ကြသည်။ အမှာ။ ။ယခုအခါ တစ်ချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမှု တစ်ခုကိုသာ ရည်ရွယ်ဟန်တူ၏၊ ဘာသာ, သာသနာ အသရေရှိမှုကို ရည်ရွယ်ဟန်မတူ၊ ထို့ကြောင့် ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မှုအတွက် အမျိုး, ဘာသာ, သာသနာမှာ ဂုဏ် မတက်ဘဲ ဂုဏ်ပျက်ရလေသည်၊ ယခုခေတ်သည် သူတစ်ပါးအလုပ် ကို ဝေဖန်ကြသော ခေတ်ဖြစ်၏၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု, ရဟန်းခံ, ဘုန်းကြီးပျံ စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန်ခံနိုင်အောင် ပြုပြင်ကြဖို့ရန် တိုက်တွန်းပါသည်။ Trang99 တရားဂုဏ်တော်ဖွင့် (ကျက်မှတ်ရန် ပါဠိတော်) သွာက္ခာတော ဘဂ၀တာ ဓမ္မော, သန္ဒိဋ္ဌိကော, အကာလိကော, ဧဟိပဿိကော, သြပနေယိကော, ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ကြည့်ရှုရန် အဓိပ္ပါယ် ဘဂဝတာ ဓမ္မော-ကား ဂုဏ်တော်ကိုပြသော ပါဠိမဟုတ်၊ “ဘုရားဟောအပ်သော တရား”ဟု တရားနာမည်တော်ကို ပြသော စကားတည်း၊ ထို့ပြင်“တရား”ဟူသော အသုံးအနှုန်းလည်း ပို့ဆောင်ခြင်းအနက်ကိုဟောသော “ဓရ”ဟူသော ပါဠိမှ ကူးပြောင်း ခဲ့ဟန် တူသောကြောင့် “တရား”ဟု မရေးဘဲ “ဓရား”ဟု ရေးလျှင် သာ၍ ကောင်းမြတ်ဖွယ်ရှိ၏ဟု ယူဆကြသည်။ တရားဂုဏ်တော် ၆-ပါး ၁။ သွာက္ခာတဂုဏ်တော် ၂။ သန္ဒိဋ္ဌိက ။ ၃။ အကာလိက ။ ၄။ ဧဟိပဿိက ။ ၅။ ဩပနေကျိက ။ ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ။ Trang100 သွာက္ခာတ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဘဂဝတာ-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ် ကို၊ သွာက္ခာတော-ကြားနာရုံပင်, အပူစင်၍, ကျင့်လျှင်ချမ်းသာ, ကျင့်ပြီးခါလည်း, လွန်စွာငြိမ်းချမ်း, နိဗ္ဗာန်နန်းနှင့်, စခန်းသင့် အောင်, မှန်းလင့်ရည်ရော်, ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် သွာက္ခာတဂုဏ်တော်သည် “ကောင်းမွန်စွာ ဟောတော်မူအပ်” ဟူသော အနက်ကို ပြ၏၊ [သု+အက္ခာတ၊ သု-ကောင်းစွာ၊ အက္ခာတ- ဟောအပ်သည်။ မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်။ ။ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး နိဗ္ဗာန်- ၁၊ ဓမ္မက္ခန္ဓာဟု ခေါ်သော ပိဋကတော် ၁၊ ပေါင်း ၁ဝ-ပါးတည်း။ မဂ် ၄-ပါး - ဖိုလ်၄-ပါး (၁) သောတာပတ္တိမဂ် - (၁) သောတာပတ္တိဖိုလ် (၂) သကဒါဂါမိမဂ် - (၂) သကဒါဂါမိဖိုလ် (၃) အနာဂါမိမဂ် - (၃) အနာဂါမိဖိုလ် (၄) အရဟတ္တမဂ် - (၄) အရဟတ္တဖိုလ် ဤစကားအရ ယခုပြအပ်လတ္တံ့သော ဂုဏ်များနှင့် ပြည့်စုံ သော တရားဟူသည် ဘုရားရှင်ဟောတော်မူအပ်သော ပိဋကတ် Trang101 ပါဠိတော်, အဋ္ဌကထာအစဉ်နှင့် မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန် တရားများသာ ဖြစ်သည်ဟု မှတ်ပါ၊ စာအုပ်ပေစာတို့သည် ထို တရားတော်များကို မှတ်သားထားရာ “တရားဘဏ္ဍာတိုက်”များသာ တည်း၊ “ဓမ္မစေတီတော်”ဟုလည်း ခေါ်၏၊ ထိုတရားတော်များကို ပို့ချသောပုဂ္ဂိုလ်များကား တရားဘဏ္ဍာတိုက်ကို စောင့်သော ဘဏ္ဍာစိုးများ ဖြစ်၏။ ကြားနာရုံပင်, အပူစင်၍။ ။ရှင်တော်ဘုရား၏ တရားတော်များသည် ၁-ကြားနာရခြင်းတည်းဟူသော အစ၏ကောင်းခြင်း၊ ၂- ကျင့်ကြံအားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ၃- ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ခြင်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံရ ကား မကျင့်နိုင်သေးစေကာမူ ကြားနာရုံမျှဖြင့် ဟုန်းကနဲ ထနေသော ကိလေသာမီးပူကြီးများကို ငြိမ်းစေနိုင်ပါသည်။ ကိလေသာမီး ၁၀-ပါး ၁။ လောဘ = လိုချင်မှုမီး။ ၂။ ဒေါသ = စိတ်ဆိုးမှုမီး။ ၃။ မောဟ = မသိ မလိမ္မာမှုမီး။ ၄။ မာန = မာနကြီးမှုမီး။ ၅။ ဒိဋ္ဌိ = အယူမှားမှုမီး။ ၆။ ဝိစိကိစ္ဆာ = ဘုရား တရား သံဃာ ကံ-ကံ၏ အကျိုးများ၌ ယုံမှားမှုမီး။ Trang102 ၇။ ထိန = အိမ်ချင်အားကြီး ထိုင်းမှိုင်းမှုမီး။ ၈။ ဥဒ္ဓစ္စ = ပျံ့လွင့်မှု မတည်ကြည်မှုမီး။ ၉။ အဟိရိက = အကုသိုလ် ဒုစရိုက်မှ မရှက်မှုမီး။ ၁၀။ အနောတ္တပ္ပ = ဒုစရိုက်မှ မကြောက်လန့်မှုမီး။ ဤကိလေသာဆယ်ပါး မီးပူကြီးများသည် ငါတို့ ပုထုဇဉ်များ၏ သန္တာန်၌ လောင်မှန်းမသိ လောင်ကျွမ်းလျက်ရှိရာ တစ်ခါတစ်ခါ သိသိသာသာ အပြင်းအထန် လောင်ကျွမ်းကာမှ “ဩော်- တယ်ပူတဲ့ မီးပါတကား”ဟု အထင်အရှား သိကြရလေသည်။ လောဘမီး လောင်ပုံ။“ ။ဘိက္ခုနီမတစ်စု သိမ်တွင်းသို့ ဥပုသ် ပြုသွားကြရာ ဘိက္ခုနီမတစ်ယောက်သည် သိမ်အပေါက်၌ထား သော လုလင်ပျို၏ ရုပ်တုကိုမြင်၍ စွဲလမ်းခင်မင် လောဘမီးဝင်လာ သောကြောင့် အများပြန်သော်လည်း မပြန်နိုင်သေးဘဲ ကြည့်ရှုမြဲ ကြည့်ရှုနေလေသော် အဖော်တစ်ယောက်က လာရောက် ခေါ်ငင် သောအခါ မတ်တတ်ရပ်လျက် အသက်မရှိတော့ဘဲ လက်ဆွဲ၍ အခေါ်တွင် ဝုန်းခနဲ လဲကျသွားလေသည်။ ဒေါသမီးလောင်ပုံ။ ။နတ်ပြည်၌ နတ်တို့သည် မိမိတို့၏အခြွေအရံများနှင့် ဥယျာဉ်သို့ တပျော်တပါး သွားတတ်ကြလေရာ အခါတစ်ပါး၌ နတ်သားတစ်ယောက်သည် အခြွေအရံများနှင့် ရထားစီး၍ ဥယျာဉ်သို့သွားနေစဉ် နောက်မလှမ်းမကမ်းမှ လိုက်လာ သော နတ်သားမြင်၍ “ရှေ့ကသွားနေသော နတ်သားသည် မဖြစ်စ လောက် သူ့စည်းစိမ်ကလေးကို ဧရာမစည်းစိမ်ကြီးထင်ကာ လွန်စွာ Trang103 ဟန်ကြီးလေသည်”ဟု ကဲ့ရဲ့သော အသံကို ရှေ့ကနတ်သား ကြား၍ တစ်ယောက်တစ်ခွန်း စကားများပြီးလျှင် နတ်သမီးတို့က တောင်းပန် တုန်းမှာပင် အလွန်နုနယ်သော နတ် ၂-ယောက်၏ ခန္ဓာကိုယ်သည် ဒေါသမီးအရှိန်ကြောင့် ဇီဝိန်ချုပ်ပျောက် ဆုံးခန်းရောက်ကြရ ရှာလေသည်။ အမှာ။ ။ဝမ်းနည်းမှု-သောကမီး၊ ငိုကြွေးမှု-ပရိဒေဝမီး၊ ကိုယ် ဆင်းရဲမှု-ဒုက္ခမီး၊ စိတ်ဆင်းရဲမှု-ဒေါမနဿမီး၊ ရှိုက်ကာ ငင်ကာ ပြင်းစွာ ပူပန်ရမှု-ဥပါယာသမီးလည်း ဤဒေါသမီး၌ ပါဝင်လေပြီ။ ယခု-လူ့ပြည်၌လည်း တစ်စုံတစ်ခု ပျက်စီးခြင်းကြောင့် သောက, ပရိဒေဝဟူသော ဒေါသမီးများလောင်လျက် စိတ်ကတောက်က တက်ဖြစ်ကာ မစားနိုင်မသောက်နိုင် တမှိုင်မှိုင်နေပြီးလျှင် အစဆုံး၍ ဘဝတုံးသူတွေ အများပင်ရှိလေသည်၊ ဤကိလေသာမီးပူကို တရား တော်က ကြားနာရုံမျှဖြင့် အေးငြိမ်းအောင် ငြိမ်းနိုင်ပါသည်၊ ဤကား တရားတော်၏ “ကြားနာမှု”ဟူသော အစ၏ကောင်းခြင်းတည်း။ ကျင့်လျှင်ချမ်းသာ။ ။များစွာသော လူအပေါင်းက “ဘုရား၏တရားတော်လာသည့်အတိုင်း စောင့်စည်းကျင့်ကြံနေရလျှင် စိတ် ကျဉ်းကျပ်၍ ဆင်းရဲလိမ့်မည်၊ ဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင် သော လောကီအာရုံများကို လိုက်စားနေရမှသာ ပျော်ရွှင်ဖွယ် ရှိသည်”ဟု ထင်မှားနေတတ်ကြသည်၊ ဥပမာ-ညဉ့်အခါ မ်းထွန်း ထားလျှင် မီးရောင်ကို ရွှေတောင်ထင်၍ ဝင်ရောက်တိုးဝှေ့သော ပိုးပရန်ကောင်များနှင့် တူလှချေ၏။ Trang104 စင်စစ်မှာ ထိုထင်ကြသည့်အတိုင်းမဟုတ်, ဘုရားရှင်အလိုတော် နှင့် ဆန့်ကျင်ဘက်ဖြစ်သော လောကီအာရုံကို လိုက်စားမှုကြောင့် ယခုဘဝမှာပင် လူချင်းမတူ သူချင်းမမျှ နလံမထူနိုင်အောင် အောက်ကျ သွားသူတွေကို မြင်ကြရလေပြီ၊ ပါးနပ်လှ၍ ဤဘဝ၌ လူတွင်ကျယ် ဖြစ်နေစေကာမူ နောင်သံသရာဝယ် လူပါးလူလည် လုပ်၍ ရတော့မည်မဟုတ်၊ မုချဆိုးဝါးသော ဒုက္ခကြီးနှင့် တွေ့ကြရ တော့မည်။ ဘုရားရှင်၏ အလိုတော်ကျအောင် တရားကို လိုက်နာ ကျင့်ကြံ၍ နေထိုင်ပါမူ လွန်စွာချမ်းသာပေမည်၊ သားသမီးနှင့်တကွ တစ်အိမ်သားလုံး သူတော်ကောင်းချည်းဖြစ်လျှင် မည်မျှချမ်းသာ လိမ့်မည်၊ ထို့ထက်အလွန် စိတ်တူသဘောတူ ပါရမီဖြည့်မှုကိုသာ လိုရင်းထားလျက် တရားဘက်လိုက်စား၍ အေးအေးဆေးဆေး နေနိုင်ကြပါလျှင် မည်မျှချမ်းသာလိမ့်မည်ကို ဆင်ခြင်တွေးဆ၍ ကြည့်ကြပါကုန်။ ဥဒယဘဒ္ဒဇာတ်တော်။ ။ဘုရားရှင်နှင့် ယသော်ဓရာလောင်းလျာနှစ်ပါးသည် ဥဒယဘဒ္ဒမင်းသား ဥဒယဘဒ္ဒမင်းသမီးဟူသော အမည်ဖြင့် “သုရုန္ဓန”ပြည်ကြီးကို အုပ်ချုပ်လျက် မင်း, မိဖုရား ပြုလုပ်ခဲ့ဖူးကြလေသည်၊ ပါရမီဖြည့်ဘက်များဖြစ်ကြသည်အား လျော်စွာ မည်မျှကြင်နာကြမည်ကိုကား စာဖြင့်ရေးသား၍ပင် ကုန် ဖွယ်ရာမရှိ၊ သို့သော် ဖတူ မိကွဲ မောင်နှစ်မလည်းဖြစ်ကြ, အသိ အလိမ္မာတွင် အထွဋ်အထိပ်ရောက်သော ပါရမီရှင်လည်းဖြစ်ကြ Trang105 သည့်အတိုင်း မင်းမိဖုရားအဖြစ်ဖြင့် နေကြရသော်လည်း လောကီ လူ့ကိစ္စ လူ့အာရုံများ၌ စိတ်စက်မညွတ်ကြဘဲ နန်းဆောင်တစ်ခန်း တည်းမှာပင် ဖြူဖြူစင်စင် စံတော်မူကြသတဲ့၊ ထိုကဲ့သို့ စံနေစဉ် နောင်ရေးနောင်တာကို တွေး၍ တစ်နေ့သ၌ “မင်း-မိဖုရား နှစ်ပါးတွင် အလျင်နတ်ရွာစံသူက ရောက်ရာဘဝမှလာ၍ ပြောကြစတမ်း”ဟု (အချင်းချင်း မခွဲလိုသောကြောင့်) ကတိစကား သစ္စာထားကြသည်၊ ထိုသို့ ကတိထားပြီးနောက် ဘုရင်မင်းမြတ်က ရှေးဦးစွာ နတ်ရွာစံ နှင့်၍ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း ဖြစ်လေသည်။ ထို့နောက် အတော်ကြာမှ သတိရသဖြင့် မိဖုရားအထံသို့ လာ၍ နတ်ပြည်၌ သိကြားမင်းဖြစ်ကြောင်း ကိုယ်နှုတ်စိတ်များကို စောင့် စည်း၍ စွန့်ကြဲလှူဒါန်းနေပါလျှင် အတူတကွဖြစ်ဖို့ရန်ရှိကြောင်း နှင့်တကွ သံဝေဂတရားစကားများကို ပြောဆိုဆုံးမ၍ နတ်ပြည်သို့ ပြန်ကြွလေသော် မိဖုရားလည်း ဆုံးမသည့်အတိုင်း လိုက်နာ၍ ကံကုန်သည့်အခါ သိကြားမင်း၏ အထံတော်၌ မိဖုရားပင် ဖြစ်လေ သည်၊ ဤကား “ကျင့်ကြံမှု”ဟူသော အလယ်၏ကောင်းခြင်းတည်း။ ကျင့်ပြီးခါလည်း စခန်းသင့်အောင်။ ။အစွမ်းကုန် ကျင့်ပြီးသည့်အခါလည်း ကိလေသာမီးများ တစ်ခါတည်း ချုပ်ငြိမ်းသဖြင့် ထီးနန်းစည်းစိမ်မက သာလွန်ငြိမ်းချမ်းသော ဗ္ဗာန်နန်းနှင့် စခန်း သင့်အောင် ရွှေဉာဏ်တော်ဖြင့်ချိန်၍ ဟောတော်မူထားရကား ဟောတော်မူသည့်အတိုင်း ကျင့်လျက် နိဗ္ဗာန်ကို ဧကန်ရနိုင်ပေသည်၊ ဤကား “ကျင့်ပြီးခြင်း”ဟူသော အဆုံး၏ကောင်းခြင်းတည်း။ Trang106 တိုက်တွန်းချက်။ ။ယခုအခါ၌ အသိအလိမ္မာ နောက်ကျ၍ ဥစ္စာစည်းစိမ် ဂုဏ်သိန် ပျက်ပြီးခါမှလည်းကောင်း, အကုသိုလ် ဒုစရိုက်တွေ တင်းကျပ်အောင် ပြည့်နေမှလည်းကောင်း နောင်တရ၍ အထိုက်အလိုက် လိမ္မာသူတွေ ရှိကြပါပေ၏၊ တကယ်တမ်း ဒုက္ခနှင့် တွေ့ကြုံရသောအခါ ဘယ်လိုဖြေဖျောက်ရမှန်း မသိကြ၍ ကြံမိ ကြံရာ စိတ်နောက်ကိုယ်ပါကြံလျက် အသက်ဆုံးအောင် စီမံရှာ သူတွေကိုလည်း အများပင် ကြားဖူးလေပြီ၊ ထိုသို့ အကြံဆိုး ပေါ်လာလျှင် ဆရာကောင်းထံ ချဉ်းကပ်၍ တရားကိုနာပါတော့ လား၊ ဘုရားရှင်၏ တရားတော်သည် သေချာစွာ သဘောကျလျှင် ယခုဘဝ တွေ့ကြုံကြရိုး ဒုက္ခမျိုးကိုလည်း ငြိမ်းစေနိုင်, သံသရာ၌ တွေ့ရမည့် ဒုက္ခမီးကိုလည်း မုချငြိမ်းစေနိုင်ပါသည်။ ထိုတရားတွေကို နားလည်ဖို့ရာလည်း ရဟန်းတော်များ စာသင်သလို ၁ဝ-နှစ်၊ အနှစ် ၂ဝ-မျှ လေ့လာနေကြရမည် မဟုတ်ပါ၊ တရားလမ်းကြောင်းသက်သက်ကို ဟောပြောပြသော ပညာရှိ သူတော်ကောင်း, ယုံကြည်စိတ်ချရသော ဆရာသမား, တတ်သိ နားလည်သော မိခင် ဖခင် အိမ့်ရှင် အိမ်သူ၏စကားကို လိုက်နာမှု, တရားလမ်းမှန်ရေးထားသော ပညာရှိတို့၏ စာများကို စိတ်ပါလက်ပါ ကြည့်ရှုမှုဖြင့် သူတော်ကောင်း ပညာရှိကလေးများ ဖြစ်နိုင်ပါသည်၊ ထို့ကြောင့် “မိုးကုန်မှ ထွန်ချခြင်း, မျက်စိကန်းမှ ရက်ကန်းသင်ခြင်း, နေဝင်မှ စပါးလှန်းခြင်း, သူခိုးပြေးမှ ထိုးကွင်းထ၍, လူမိုက်နောက်မှ အကြံရခြင်းမျိုး” မဖြစ်စေဘဲ ဗုဒ္ဓဘာသာတရား၌ သိထိုက်သော Trang107 လိုရင်းအချက်များကို လက်မလွန်ခင် စောစောက ကြိုတင်၍ သိရှိ နားလည်အောင် ကြိုးစားကြဖို့ရန် အထူးတိုက်တွန်းပါသည်။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊ သန္ဒိဋ္ဌိကော-ဟောပြသလောက်, ကျင့်တိုင်းပေါက်၍, မဂ်ရောက် ဖိုလ်ထိ, ပညာရှိသည့်, များအရိယာ, သူတော်စွာတို့, သူတကာပြော, ယုံကြည်သောကြောင့်, သဘောချင်းထပ်, မဆည်းကပ်ဘဲ, တပ်အပ် ထင်ထင်, ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် [သန္ဒိဋ္ဌိကဂုဏ်တော်သည် “ကိုယ်တိုင် သိမြင်တော်မူထိုက်၏” ဟူသော အနက်ကို ပြ၏၊ “သံ-ကိုယ်တိုင်+ဒိဋ္ဌ-သိမြင်ခြင်း၊ ဣက- ထိုက်သည်။] ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်မူထားသည့်အတိုင်းသာ ကျင့်ကြံအားထုတ်ကြလျှင် မဂ်ဖိုလ် အထိ ပေါက်ရောက်နိုင်ပေ၏၊ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင် သိနိုင်၏၊ ထို့ကြောင့် များစွာသော အရိယာအပေါင်း သူတော် ကောင်းတို့သည် သူတကာ အပြောကောင်း၍ ယုံကြည်ကျေနပ် သဘောချင်းထပ်မိ၍ ဆည်းကပ် ကျင့်ကြံရသည် မဟုတ်ဘဲ မဂ်ဖိုလ် Trang108 နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉-ပါးကို တပ်အပ်ထင်ထင် ကိုယ်တိုင်သိမြင်နိုင်ကြပေသည်။ အမှာ။ ။ဓမ္မက္ခန္ဓာတရားတော်များသည် ဘုရားရှင်၏ စကားတော် အစဉ်သာဖြစ်၍ ကိုယ်တိုင်သိရ, မြင်ရ, ကိုယ့်သန္တာန်၌ ဖြစ်စေရမည့် တရားမဟုတ်သောကြောင့် ဤသန္ဒိဋ္ဌိကဂုဏ်တော်၌ မပါဝင်ချေ။ တိုက်တွန်းချက်။ ။ဤဗုဒ္ဓဘာသာ တရားတော်သည် ကိုယ်တိုင် ဒိဋ္ဌသိမြင်နိုင်လောက်အောင် ထင်ရှားသော ဂုဏ်တော်ရှိ၏၊ အခြား တရားများတွင် ဟိန္ဒူတရား၌သာ လောကီဈာန် အဘိညာဉ်ရစေ နိုင်သော အစီအစဉ်ရှိ၏၊ လောကီမှ လွတ်မြောက်ကြောင်းဖြစ် သော မဂ်တရား ဖိုလ်တရားတို့ကား မရှိချေ၊ အခြားသော ဘာသာ တို့၌ကား ဈာန်အဘိညာဉ်ကိုမျှ ရနိုင်သော အစီစဉ်မရှိချေ၊ သူတို့ တရားတွေကို မည်မျှလောက် ကျင့်နေသော်လည်း ကိုယ်တိုင်ဒိဋ္ဌ သိမြင်ရမည် မဟုတ်ချေ၊ တရားဟောဆရာတို့၏ အဟောဖြင့်သာ ကျေနပ်နေကြပေမည်။ တရားတော်ကို ထားလိုက်ပါဦး၊ ထိုတရားကို ဟောပြပညတ်ခဲ့ သော ဘုရားလုပ်သူကိုပင် အချို့ဘာသာတို့၌ အထင်အရှားပြနိုင်သော အစွမ်းမရှိကြ၊ ကောင်းကင်ဘုံမှာနေသလိုလို, ဟိုမှာလိုလို, သည်မှာ လိုလိုနှင့် ရီးတီးရားတားဖြင့်သာ ကျေနပ်ကြရသည်၊ ထိုသူတို့ ဘုရား၌ “ဘုရားဖြစ်ဖို့ရာ မည်သည့် ကောင်းမှုပါရမီကို ဆည်းပူး ဖြည့်ကျင့်လျက် မည်သည့်အမျိုးမြတ်, အဆွေမြတ်တွင် ဖွားပြီးလျှင် မည်ကဲ့သို့ တရားအားထုတ်၍ မည်သည့်အရပ်၌ ဘုရားဖြစ်ပြီး Trang109 နောက် မည်မျှလောက်ကြာအောင် တရားဟော၍ မည်မျှသတ္တဝါ တွေကို အကျွတ်တရား ရစေသည်”ဟု ကျကျနန ပြစရာမရှိပါချေ။ ဗုဒ္ဓဘာသာဝင်တို့၏ ရှင်တော်မြတ်အတွက်ကား ထိုအားလုံးကို စေ့စေ့ငင ပြနိုင်သည်၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်လေးရာ ခုနစ်ဆယ်ကျော်လောက်က အိန္ဒိယပြည်ဝယ် ငါတို့၏ ဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်းသုံးတော်မူရာ အရပ်နှင့် အဆောက်အအုံ အစအနများ ယခုတိုင် ထင်ရှားရှိသေး သဖြင့် မည်သူမျှ ငြင်းဆန်ဖွယ်ရာ မရှိပြီ၊ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ဘုရားသည်“လေဖမ်း ဒန်းစီး, ကောင်းကင်မှာ တိုက်ကြီးတည်သလို” ရီးတီးရားတား ဟိုလိုလို သည်လိုလိုနှင့် လှည့်ပတ်၍ ထားအပ်သော ကလီကမာဘုရား မဟုတ်ပါ၊ တကယ်ပင် ထင်ရှားရှိခဲ့သော ဘုရား ဖြစ်ပါသည်။ ထိုဘုရားရှင်၏ တရားတော်များကိုလည်း ယခုတိုင် ထင်ရှားရှိ ကြသေး၏၊ ထိုတရားတော်လာသည့်အတိုင်း ကျင့်ပါလျှင် ကိုယ်တိုင် ဒိဋ္ဌသိမြင်နိုင်၏၊ ကိုယ့်သန္တာန်မှာ မဂ်တရား ဖိုလ်တရား ဖြစ်ပေါ်နေ သည်ကို ကိုယ်တိုင်သိနိုင်၏၊ ထိုမဂ်ဖိုလ်ကိုရသောအခါ နိဗ္ဗာန်ကို ကိုယ်တိုင် မြင်နိုင်၏၊ ဤသို့ ကိုယ်တိုင် မြင်နိုင်သောတရား ဖြစ်ရကား အခြားဘာသာတို့က လောကီဂုဏ်ကိုပြ၍ မည်မျှပင် သွေးဆောင် ကြသော်လည်း ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍လည်းကောင်း, အခြား ပညာရှင်များနှင့် ဆွေးနွေးသောအားဖြင့်လည်းကောင်း ယုံကြည်မှု သဒ္ဓါအစစ် ဖြစ်ကြပါစေ။ Trang110 ဆက်ပါဦးမည်- ဗုဒ္ဓဘာသာ၌ ပဋိစ္စသမုပ္ပါဒ် (ကြောင်း-ကျိုး ဆက်စပ်)တရားတော်မြတ်သည် သတ္တဝါတိုင်း၏ ဖြစ်ပျက်ပုံကို စုံစုံလင်လင် ပြတော်မူ၏၊ ထိုတရားတော်ကိုလည်း အဘိဓမ္မာ အခြေခံမရှိသူသည် ပိုင်ပိုင်နိုင်နိုင် နားမလည်ပါ၊ ထိုတရားတော်ကို နားမလည်သမျှ ဤဘဝ နောက်ဘဝအရေးကို အမှန်ကျအောင် မတွေးနိုင်ပါ၊ ထို့ကြောင့် အဘိဓမ္မာကို အခြေရအောင် သင်ပြီးမှ ပညာရှိများနှင့် ဆွေးနွေးကြလျှင် သာ၍ သဘောကျပါလိမ့်မည်။ အကာလိကဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-သောတာပတ္တိ, စသည်ဆင့်တက်, လေးချက်အပြား, မဂ်တရားသည်၊ အကာလိကော-ငါးရက် ခုနစ်ရက်, စသည်တက်၍, ငံ့လျက်ရှည်ဝေး, အကျိုးပေးရာ, အခါမငဲ့, အခြားမဲ့ဖိုလ်, အကျိုးကို လည်း ပေးတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အကာလိကဂုဏ်တော်သည် “အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်း မရှိ”ဟူသော အနက်ကို ပြ၏။ [အ+ကာလ+ဣက၊ အ-မ+ကာလ- အချိန်+ဣက-ရှိ။] ဤ“အကာလိက”ဂုဏ်တော်ကား မဂ် ၄-ပါးနှင့်သာ ဆိုင်၏၊ မဂ်တရားဟူသည် ကုသိုလ်ကံတရားတည်း၊ ဖိုလ်တရားကား Trang111 ထိုမဂ်ကုသိုလ်၏ အကျိုးတရားတည်း၊ ပုဂ္ဂိုလ်တစ်ဦးသန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာ ကမ္မဋ္ဌာန်းအားထုတ်၍ မဂ်ကုသိုလ်စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးလည်း တစ်ဆက်တည်း ပေါ်လာ၏၊ “လောကီကုသိုလ်ကံများကဲ့သို့ ၅-ရက်, ၇-ရက်, ၁- ဘဝ, ၂-ဘဝ စသည်ဖြင့် အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ၊ ချက်ချင်း အကျိုးပေးနိုင်သောဂုဏ်ထူးရှိသည်”ဟူလို၊ ဤ “အကာလိက” ဂုဏ်တော်ကား အဘိဓမ္မာသဘောတရားကို လေ့လာဖူးသူတို့သာ ကျကျနန သဘောကျနိုင်စရာရှိပါသည်။ ဧဟိပဿိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊ ဧဟိပဿိကော-ဝေဟာတက်ထွန်း, ယုဂန်စွန်း၌, လဝန်းအလား, ပတ္တမြားသဖွယ်, စင်ကြယ်ထင်ရှား, ရှိသည်များကြောင့်, အားရ ရွှင်လန်း, လိုက်ခဲ့စမ်းပါ, ရှုစမ်းပါဟု, သံသာချိုမြ, ဖိတ်ခေါ်ပြဖို့, မုချဧကန်, အမှန်သင့်လျော်, ထိုက်တန်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ဧဟိပဿိကဂုဏ်တော်သည် “လိုက်ခဲ့စမ်းပါ၊ ကြည့်ရှုလှည့်စမ်းပါ” ဟု ဖိတ်ခေါ်ထိုက်၏ဟူသော အနက်ကို ပြသည်။ [ဧဟိ+ပဿ +ဣက၊ ဧဟိ-လိုက်ခဲ့ပါ+ပဿ-ရှုလှည့်စမ်းပါ+ဣက-ဤသို့ ဖိတ်ခေါ်ထိုက်။ Trang112 လောက၌ သေတ္တာ စသည်တို့၏ အတွင်းဝယ် ဘာမျှမရှိလျှင် “လာစမ်းပါ, ကြည့်စမ်းပါ”ဟု ခေါ်ယူပြသခြင်းငှာ မထိုက်၊ ရှိပင် ရှိသော်လည်း ထိုဝတ္ထုက ကြည့်ရှုဖွယ်ကောင်းလောက်အောင် အဖိုး ထိုက် အဖိုးတန် လှပသော အရာဝတ္ထုမျိုးမဟုတ်ဘဲ သာမန်ဝတ္ထုမျိုး ဖြစ်နေပြန်လျှင်လည်း အရေးတကြီး ခေါ်ငင်ပြသခြင်းငှာ မထိုက်၊ ဘုရားရှင်၏ တရားတော်ကား ဝေဟာသ(ကောင်းကင်) ဗဟိုဝယ် ယုဂန္ဓိုရ်တောင်စွန်းမှ တက်ထွန်းလာသော လပြည့်ဝန်းကြီးအလား ပတ္တမြားရတနာသဖွယ် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်း သည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လိုက်ခဲ့စမ်းပါ, မည်မျှအဖိုးတန်၍ အကျိုးများတဲ့တရားဟု ကိုယ်တိုင်သိရအောင် ကျင့်ကြည့်စမ်းပါ”ဟု ခေါ်ငင်ပြသ တိုက်တွန်းခြင်းငှာ ထိုက်တန် သော ဂုဏ်တော်ရှိပါသည်။ တိုက်တွန်းချက်။ ။ဤဂုဏ်တော်၌ လောကုတ္တရာတရားကိုးပါးသာ ကျမ်းဂန်းတို့၌ လာ၏၊ သို့သော် ဤဂုဏ်တော်ကို အတုလိုက်၍ စာပေပရိယတ် တရားတော်မြတ်ကိုလည်းကောင်း, ကောင်းမွန်စွာ ကျင့်ကြံနေသော သံဃာတော်များကိုလည်းကောင်း “လိုက်ခဲ့စမ်းပါ, နာကြည့်စမ်းပါ, ဖူးမြော်လှည့်စမ်းပါ”ဟု မိတ် ကောင်း ဆွေကောင်းများကို တိုက်တွန်းသင့်ပေသည်။ အလောင်းတော် ဇောတိပါလနှင့် ဃဋိကာရ “သိဒ္ဓတ်မင်းသား ဘုရားလောင်း တောထွက်တော်မူလာသော အခါ ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းကပ်လှူလာသည်”ဟု ပြောစ Trang113 မှတ်ပြုကြသော ဃဋိကာရဗြဟ္မာအလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုနေသော ဃဋိကာရအိုးထိန်းသည် ဖြစ်၏၊ ဘုရားရှင်ကို အလွန်ကြည်ညိုသော သီတင်းသည် သူတော်ကောင်းကြီးပေတည်း။ ငါတို့ ဘုရားအလောင်းကား အမျိုးအားဖြင့် အထက်တန်းကျ၍ အလွန်မာနကြီးသော ဇောတိပါလလုလင် ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာမဟုတ်သေးဘဲ ဃဋိကာရ၏ အသည်းစွဲ မိတ်ဆွေ တစ်ယောက်တည်း၊ ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြော်ဖို့ရန် ဇောတိပါလကို အတန်တန်တိုက်တွန်း၏၊ သို့သော် အမျိုးဂုဏ် မာန်တက်၍ ဘုရားကိုပင် အဖက်မထင်သေးချေ။ ဃဋိကာရလည်း “ဘုရားအထံ မရောက်လျှင် မနေ”ဟု အမြဲ ကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် “မိတ်ဆွေ- ကဿပဘုရားရှင်သည် အနီးမှာပင် သီးတင်းသုံးတော်မူနေ၏၊ ထို ဘုရားရှင်ကို ဖူးမြင်ရခြင်းသည် ကျွန်ုပ်စိတ်၌ အမြတ်ဆုံးဟု ထင်၏၊ လိုက်ခဲ့ပါ, ဖူးချေကြစို့”ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍ နေသဖြင့် နောက်ဆုံး၌ “မလိုက်လျှင် မနေရ”ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်- “ဩော်- ဃဋိကာရသည် အမျိုးအားဖြင့် ငါ၏အောက်ကျသူ ဖြစ်ပါလျက် ဆံပင်ကို ဆွဲနိုင်သည်မှာ အံ့ဩစရာကြီး ဖြစ်ပေသည်၊ ဧကန်အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်” ဟု သဘောကျ၍ ဘုရားအထံသို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ Trang114 လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်၊ ဤသို့ ဝမ်းမြောက်လောက်အောင် “ဧဟိပဿိက”ဂုဏ်တော်နှင့် အထိုက်အလိုက် ပြည့်စုံပါလျှင် ယခုကာလ တရားဟောရာအရပ် နှင့် သံဃာတော်များအထံသို့လည်း ခေါ်ငင်ပြသထိုက်ပေသည်။ မဇ္ဈိမပဏ္ဏာသ, ရာဇဝဂ်, ဃဋိကာရသုတ်။ သို့သော် စဉ်းစားရန်တစ်ချက်မှာ- ယခုကာလ၌ ဘာသာ အမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း, အခြားဘာသာ မှားယွင်းကြောင်းကို ဟောပြကြ၏၊ ဗုဒ္ဓဘာသာတရားတွင်လည်း “သူတို့ဂိုဏ်းက ကောင်းသည်၊ ငါတို့ဂိုဏ်းက ကောင်းသည်၊ သူ့ ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါတို့ကိုယ်တော်က ကြည်ညို -ဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က စာတတ်၏၊ တရားဟောကောင်း၏၊ ကမ္မဋ္ဌာန်ပေးကောင်း၏၊ ဓာတ်ရိုက် ယတြာဆင်ကောင်း၏” စသည် ဖြင့် “(ဧဟိ)လိုက်ခဲ့စမ်းပါ၊ (ပဿ)ဖူးမြော်လှည့်စမ်းပါ”ဟု သွေးဆောင် ခေါ်ငင်ကာ ကိုယ့်ငါးချဉ်ကိုသာ ကိုယ်ချဉ်လျက် ရှိကြလေသည်။ ဤမျှလောက် ရှုပ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဉာဏ် ကို အသုံးပြုနိုင်သူကလည်း နည်းပါးလှ၏၊ သာသနာတော်ဆိုင်ရာ ဝယ် များစွာသောကိစ္စတို့၌ မာတုဂါမတွေသာ ခေါင်းဆောင် နေကြ၏၊ မာတုဂါမဟူသည် မိမိက သူတစ်ပါးတို့ကို လှည့်ပတ်ရမည့် ခေါင်းဆောင်ဖြစ် ရာ၌ လွန်စွာဉာဏ်များသလောက်, သူတစ်ပါးက မိမိကို ဖြား ယောင်းသည်ကိုလည်း ယုံကြည်လွယ်ရုံမက, မပြောပလောက်သော ဂုဏ်ကလေးကိုပင် တကယ့်ဂုဏ်ကြီးဟု ထင်တတ်ကြလေသည်။ Trang115 ထို့ကြောင့် မာတုဂါမတွေ ခေါင်းဆောင်၍ နေသော သာသနာ့ ကိစ္စအဝဝတို့၌ မကျန မသန့်ရှင်းဘဲ ချွတ်ယွင်းသောအချက်တွေ အလွန်များနေတော့၏၊ အမှန်ကို ဟောပြလိုသူတို့မှာလည်း မိုးခါးရေ သောက်ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင် ချရလေပြီ၊ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကံ ကောင်းလှမှ ဖြစ်ရတော့မလောက် ရှိတော့သည်။ အချုပ်မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိအလိမ္မာ ဉာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား- မတိုးပွား စဉ်းစားကြပါလေ၊ တိုးပွားလျှင် ကိုးကွယ်သူမှာ အမြတ် ရ၏, ကုသိုလ်မတိုးပွာဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များကို ပြိုင်ရ ဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်တွေသာ တိုးပွား ၍ အကုသိုလ်များနေပါလျှင် အရင်းပင် ဆုံးရှုံးသေး၏၊ တစ်ချို့ကား ပြိုင်ရင်း ဆိုင်ရင်း ခိုက်ရန်ဒေါသဖြစ်ကြ၍ ရုံးသို့ရောက်ရသော ကြောင့် ငွေကုန်လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာ လေ၏၊ ထို့ကြောင့် “ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်” ကြိုးစား၍ သတိဆောင်ကြပါလေ။ ဘုရားချင်းပေါက်။ ။အဝမြို့၌ ရှေးအခါက ရဟန်းတော်နှစ်ပါး ဒက္ခိဏသာခါရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တု တော်ချင်း အသပ္ပာယ်ပြိုင်စဉ် မခံချင်သဖြင့် “ သတ္တိရှိလျှင် ဘုရား ချင်းပေါက်ကြစို့”ဟု ပြောဆိုကာ ရုပ်တုတော်ချင်း တစ်ယောက် တစ်လှည့် ပေါက်ကြဖူးသတဲ့၊ ယခုကာလလည်း ဒကာကို ဆရာက Trang116 မြှောက်, ဆရာကို ဒကာက မြှောက်၍ ဒကာချင်းပေါက်, ဆရာချင်း ပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် မိမိတို့ရပ်ရွာ မြို့နယ်၌ သံဃာချင်း, ရပ်ရွာသားချင်း ဆန့်ကျင်ဘက် မဖြစ်ရအောင် စောင့်ရှောက်နိုင်လျှင် အကောင်း ဆုံးဖြစ်၏၊ မိမိမှာ ထိုကဲ့သို့ စောင့်ရှောက်နိုင်လေအောင် ဩဇာ မရှိလျှင် မည်သည့်ဘက်ကိုမျှ အရေးတကြီး အားမပေးဘဲ“ကိုယ့်ဝန် ကိုယ်ထမ်း၍ ကိုယ့်လမ်း ကိုယ်သွားရမည်”ကို နှလုံးသွင်းကာ အေးအေးနေနိုင်ခြင်းသာ အပြစ်ကင်းပေမည်၊ မနေသာ၍ ပါဝင်ရ လျှင်လည်း အကောင်းဆုံးစိတ်ထားနိုင်အောင် သတိပြုပါလေ။ ဩပနေယျိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်သည်၊ ဩပါနေယျိကော-မိမိစိတ်တွင်, တစ်ကြိမ်ထင်က, လေးခွင်အပါယ်, ဝဋ်မီးကွယ်သဖြင့်, ကိုယ်ဝယ်ဝတ်နှောင်, ဆံဥသျှောင်ကို, မီးလောင် သော်ငြား, မငြိမ်းအားဘဲ, တရားမျက်ရှင်, စိတ်စွဲထင်အောင်, ကျင့်ဆောင်ခြင်းငှာ ထိုက်တော်မူပါပေ၏။ Trang117 ကြည့်ရှုရန် အဓိပ္ပာယ် ဩပါနေယျိကဂုဏ်တော်သည် “မိမိစိတ်သို့ ကပ်၍ ဆောင်ယူထိုက် ၏" ဟူသော အနက်ကိုပြသည်၊ [ဥပ+နေယျ +ဣက၊ ဥပ+မိမိစိတ်သို့ ကပ်၍ +နေယျ-ဆောင်ခြင်း+ဣက•ထိုက်သည်။ မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့သန္တာန်၌ တစ်ရံတစ်ခါမျှ မဖြစ်ခဲ့ဖူးပေ၊ မိမိ၏စိတ်တွင် တစ်ကြိမ်တစ်ခါမျှ အထင်အရှားပေါ်လာလျှင် “သောတာပန်ဖြစ်လျှင်”ဟု ဆိုလိုသည်၊ အပါယ် ၄-ပါး၌ ခံစားရမည့် ဝဋ်ဒုက္ခ အပူမီးတို့ကို တစ်ခါတည်းဖြင့် ငြိမ်းစေနိုင်သောသတ္တိ (မည်သည့်အခါမျှ အပါယ်သို့ မကျအောင် စောင့်ရှောက်နိုင်သောသတ္တိ)ရှိခြင်းကြောင့် မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်နေတုန်းဝယ် ကိုယ်၌ဝတ်ဆင်ထားသော အဝတ်ကို, သို့မဟုတ် ဥသျှောင်(ဆံထုံး)ကို မီးလောင်စေကာမူ ထိုမီးကို မငြိမ်းအားဘဲ ကမ္မဋ္ဌာန်းကိုသာ အတွင်ကြိုးစား၍ ပတ္တမြား မျက်ရှင်နှင့်အလားတူသော ထိုမဂ်ဖိုလ်တရားတော်များ စိတ်ထဲ၌ စွဲလမ်းအောင်, ထင်မြင်လာအောင် (မဂ်ဖိုလ်ရအောင်) အားထုတ် ထိုက်ပါသည်၊ အပြင်မီးကို မငြိမ်းနိုင်သော်လည်း တစ်ခါသာ လောင်နိုင်မည်၊ အတွင်းကိလေသာမီးတွေကား မဂ်ဖိုလ်မရသေး လျှင် ဘဝများစွာ လောင်နေကြမည်-ဟူလို။ Trang118 တိဿမထေရ်ဝတ္ထု သာဝတ္ထိပြည်၌ တိဿမည်သော သူကြွယ်တစ်ယောက်သည် ရဟန်းဘောင်သို့ ဝင်ပြီးလျှင် တောကျောင်း၌ တရားအားထုတ် နေ၏၊ ခယ်မဖြစ်သူ (ညီမယား)က ခဲအိုရဟန်းတော် လူထွက်လာ လျှင် အမွေခွဲပေရမည်စိုးသောကြောင့် လူဆိုးများကို လာဘ်ပေး လျက် ဖျောက်ဖျက်ခိုင်းလေသည်၊ လူဆိုးများက သွား၍ သတ်မည့် အကြောင်းကို ပြောကြရာ “သည်တစ်ညဉ့်မျှ ခွင့်ပေးကြပါ, အာမခံ ပေးပါမည်”ဟု ပြောလေသည်၊ “ကိုယ်တော်ကို အာမခံမည့်သူ အဘယ်မှာ ရနိုင်မှာလဲ”ဟု ပြောကြလေသော် ကျောက်ခဲကြီးကို ယူကာ ခြေနှစ်ဖက်ကို ကိုယ်တိုင်ပေါက်ချိုး၍ ထွက်မပြေးနိုင် ကြောင်းကို အာမခံပေးလေသည်၊ ထို့နောက် သေလုမြောပါး နာကျင်သောခြေကို ဂရုမစိုက်အားဘဲ တရားကို အားထုတ်လေရာ အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်ပါသည်။ [ဒီဃနိကာယ်, မဟာဝဂ္ဂ၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။ တိုက်တွန်းချက်။ ။ဤဝတ္ထု၌ လာသည့်အတိုင်း အရေးကြီးသော အချက်ဝယ် အသက်ကိုပင် ပဓာနမထားဘဲ ကြိုးကြိုးစားစား အားထုတ်ထိုက်အောင် “တရားတော်မှာ ကောင်းသောဂုဏ်တော် ရှိပေသည်”ဟု တရားတော်၏ ဤဩပနေယျိကဂုဏ်တော်ကို အာရုံ ပြုကြပြီးလျှင် မိမိသန္တာန်၌လည်း “ဤမဂ်ဖိုလ်တရားများကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာအောင် အားထုတ်ထိုက်သည်၊ Trang119 အားထုတ်မှသာ အမှန်ချမ်းသာခွင့်ရတော့မည်”ဟု နှလုံးပြုကာ ရဟန်း, သီလရှင်, သူတော်စင်တို့ တရားအားထုတ်ဖြစ်အောင် ကြိုးစားသင့်ကြပါသည်။ လူဝတ်ကြောင်များကလည်း တစ်သက်သာ တစ်ခဏမျှ အပျော်အပါးနှင့် မော်ကြွားသောက်စားဖို့အတွက် စက်ဆုတ်ဖွယ်ရာ မတရားသောနည်းတို့ဖြင့် ပစ္စည်းရှာဖွေမှုများကို အရေးတကြီး သတိထားလျက် ပယ်ရှားရှောင်ကြဉ်၍ တရားတော်နည်းလမ်းအရ စည်းကမ်းကျအောင် ရှာဖွေစုဆောင်းပြီးလျှင် ဆင်ခြင်တိုင်းထွာ၍ သုံးစွဲကာ မကြာမကြာ အိမ်မှထွက်၍ ဥပုသ်ရက်ရှည်စောင့်ရင်း တရားအားထုတ်သင့်ကြပါသည်။ ထို့ပြင် မိမိတို့ ယခုဘဝ၌ အစွမ်းကုန် ရှာဖွေ၍ ရသော ဥစ္စာစု ကား ယခုဘဝ၌သာ အကျိုးပေး၏၊ ပါရမီစီးပွားမှာ နောင်သံသရာ တစ်လျှောက်လုံး ကောင်းကျိုးပေးလိမ့်မည်၊ ထို့ကြောင့် “မိမိတို့မှာ ပင်ပန်းကြီးစွာ အားထုတ်ကြရာ၌ ယခုဘဝအတွက် စီးပွားစုမှုက များသလား, တစ်သံသရာလုံးအတွက် ပါရမီကုသိုလ် စီးပွားစုမှုက များသလား”ဟု ကြပ်ကြပ်စဉ်းစားပြီးလျှင် “ကမ္မဿကာ-ကံသာ ကိုယ်ပိုင်ဥစ္စာ”ဟု သဘောပေါက်၍ သံသရာစီးပွာက ယခုတစ်ဘဝ စီးပွားထက် များအောင်ကြိုးစား၍ ပါရမီဖြည့်သင့်ကြပါသည်။ အဟံ-ငါသည်၊ ကမ္မဿသကော-ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ အမှိ-ဖြစ်ပါတကား။] Trang120 ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်ကို၊ ဝိညူဟိ-ပုထုဇန်နှင့်, မတန်သင့်စွာ, လေးသစ္စာကို, ကောင်းစွာ မြင်သိ, ပညာရှိအပေါင်း, အရိယာသူတော်ကောင်းတို့သည်၊ ပစ္စတ္တံ ဝေဒိတဗ္ဗော-ကိုယ်စီကိုယ်င, လိုတိုင်းရ၍, နိဗ္ဗာနဓာတ်, သမာပတ် ဖြင့်, မပြတ်သိပိုင်, ခံစားနိုင်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပါယ် ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်သည် “ကိုယ်စီကိုယ်င သိအပ် ခံစားအပ် ၏”ဟူသော အနက်ကိုပြ၏၊ (ပစ္စတ္တံ+ဝေဒိတဗ္ဗ၊ ပစ္စတ္တံ-ကိုယ်စီကိုယ်င- ဝေဒိတဗ္ဗ-သိနိုင် ခံစားနိုင်သည်။] ဤမဂ်ဖိုလ်နိဗ္ဗာန် တရားတော်သည် ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် မတန်မရာချေ၊ သစ္စာလေးပါးသိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီး သော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င အလိုရှိတိုင်းရ၍ နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားသောအားဖြင့် ခံစား ကြရပေသည်၊ [အခြားစိတ်တွေ မပါစေဘဲ ဖိုလ်စိတ်ချည်းသာ ဆက်ကာဆက်ကာ ဖြစ်စေမှုကို “ဖလသမာပတ်ဝင်စားသည်”ဟု ခေါ်၏။] အရိယာတို့သည် ဖလသမာပတ်ကို ဝင်စား၍ နိဗ္ဗာန်ကို အာရုံပြုလေ့ရှိကြ၏၊ ထိုအခါ ပုထုဇဉ်များ စည်းစိမ်ခံစား သလောက် မက လွန်စွာချမ်းသာတော်မူကြသည်။ Trang121 တရားရှိခိုး ဂါထာဖွင့် (ကျက်မှတ်ရန်) ဣစ္စေဝံ ဆဟိ ဂုဏေဟိ, ပါကဋံ ဇိနပူဇိတံ၊ သမ္ပတ္တိဒါယကံ ဓမ္မံ, ဝန္ဒာမိ တီဟိ သာဒရံ။ ဣစ္စေဝံ ဆဟိ ဂုဏေဟိ-ဤသွာက္ခာတတာ, အစလာသည့်, ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်၊ ပါကဋံ-တိတ္ထိတို့ဘောင် လွန်မြား မြောင်သည့်, ဟန်ဆောင်တရား, အစားစားထက်, မားမားစွင့်စွင့်, ဂုဏ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေထသော၊ ဇိနပူဇိတံ-ကိုယ်တိုင် သိငြား, ကိုယ့်တရားလည်း, ငါးပါးမာရ်နှိမ်, မာရဇိန်ပင်, ကြိမ်ကြိမ် လေးမြတ်, မှီဝဲပူဇော်တော်မူအပ်ထသော၊ သမ္ပတ္တိဒါယကံ-ကျင့်ကြံ လိုက်နာ, ဝေနေယျာအား, လူ့ရွာနတ်ထံ, နိဗ္ဗာန်အထိ, သမ္ပတ္တိကို, မိမိရရ, ပေးစွမ်းနိုင်ပေထသော၊ ဓမ္မံ-မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ်ကို၊ တီဟိ-လက်အုပ်အဉ္ဇလီ, နှုတ်သံချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ- လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊ ဝန္ဒာမိ-စိတ်ဖြင့်ဦး တန်း, ဂုဏ်တော်မှန်းလျက်, ချီးမွှမ်းထောမနာ, ပဏာညွှတ်ကျိုး လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ ဂုဏ်တော် ၆-ပါးကို တရားဂုဏ်တော်ဖွင့် အစ၌ ပြခဲ့ပြီ၊ ဗုဒ္ဓရှင် မှာ ပုံသဏ္ဌာန် ထင်ရှားရှိသကဲ့သို့ တရားတော်မှာ ရုပ်ပုံသဏ္ဌာန် အထင် အရှား မရှိပါ၊ ထို့ကြောင့် “ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်”ဟု မဆို “စိတ်ဖြင့်ဦးတန်း, ဂုဏ်တော်မှန်းလျက်”ဟု ဆိုလိုက်ပါသည်။ Trang122 ကြည့်ရှုရန် အဓိပ္ပာယ် တိတ္ထိတို့ဘောင်, ဟန်ဆောင်တရား။ ။ဗုဒ္ဓဘာသာမှ တစ်ပါး သော အယူရှိသူကို “တိတ္ထိ”ဟု ဆိုလိုပါသည်၊ ထိုတိတ္တိတို့ သာသနာ ဘောင်၌ အလွန်များသော ဟန်ဆောင်တရားတွေ ရှိ၏၊ ပြောပုံ ဟောပုံကို ကြားရလျှင် များစွာအားထားကိုးကွယ် ယုံကြည်ဖွယ် ကောင်းလှ၏၊ “ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းသည်, သုခ ဒုက္ခကိုလည်း ထိုဗြဟ္မာမင်း အလိုအတိုင်း ခံစားကြရသည်”ဟု ယူဆ၍ ထိုဗြဟ္မာမင်းကြီးကား ဘယ်တော့မှ မသေနိုင်ဘဲ ခိုင်မြဲသော “ထာ၀ရ”ဟု ယူဆကြသည်။ သီလက္ခန်ပါဠိတော်, ဗြဟ္မဇာလသုတ်၊ ဤတရားကို ကြားရသော အခါ ဗြဟ္မာမင်းကြီးကို “အလွန်တန်ခိုးကြီးသော ဗြဟ္မာမင်းကြီး ဖြစ်ပါပေသည်”ဟု ဘုရားကဲ့သို့ အားထားမိကြ, ကိုးကွယ်မိကြ ရှာပေလိမ့်မည်။ ဤကမ္ဘာလောကကို မဖန်ဆင်းမီ ထိုဗြဟ္မာမင်းသည် ဘယ်ဆီ မှာ နေသနည်း၊ “ကောင်းကင်ဘုံမှာ နေသည်”ဟုဆိုလျှင် ထို ကောင်းကင်ကို ဘယ်သူဖန်ဆင်းသလဲ၊ ဗြဟ္မာမင်း ဖန်ဆင်းလျှင် ကောင်းကင်ဘုံမရှိခင်က ဘယ်မှာနေသလဲ၊ ဤကမ္ဘာလောကကြီးကို ဖန်ဆင်းသည်မှာ ဘယ်မျှကြာပြီနည်း၊ အဘယ့်ကြောင့် အို-နာ- သေရေး ကြီးလေးသော ဒုက္ခဘေးတွေကို ဖန်ဆင်းထားပါလိမ့်မည် နည်း၊ မည်သူမျှ မလွတ်နိုင်ပါချေတကား၊ ပထမကမ္ဘာစစ်ကြီး အတွင်းက သတ်ကြ ဖြတ်ကြသူတွေမှာ ထာဝရဗြဟ္မာမင်း၏ တပည့် တွေချည်းသာ များပါတကား၊ ယခုအခါ၌ အလုပ်လက်မဲ့ဖြစ်၍ Trang123 အနောက်နိုင်ငံ၌ ငတ်ပြတ်နေသူတွေကို တပည့်ရင်းများဖြစ်ပါ လျက် ဘယ်အတွက် ကြည့်နေရက်ပါသနည်း၊ အနန္တတန်ခိုးတော်ကို ဘယ်လိုနေရာမှာ အသုံးချထားပါသနည်း၊ မိမိကို ကိုးကွယ်သော တပည့်များကိုသာ သေသောအခါ ကယ်တင်၍ အခြားဘာသာဝင် ကိုကား မကယ်တင်နိုင်ဘူး, သို့မဟုတ် မကယ်တင်ချင်ဘူးဟု ဆိုပါ လျှင် ထိုဗြဟ္မာမင်း၏ ကရုဏာ မေတ္တာသည် မျှမျှတတ လုံလုံ လောက်လောက် မရှိပါတကား။ မိဘတို့အစွမ်းကြောင့် အမိဝမ်း၌ အတော်ကြာညောင်းအောင် အောင်းခဲ့ပြီး၍ လက်သည်ဆရာမတို့၏ ကူညီချက်ဖြင့် ထွက်ခဲ့ရ သည်ကို အများအသိဖြစ်ပါလျက် ဗြဟ္မာမင်း၏ ပယောဂကို အားကိုး နေရသည်မှာ သဘာဝမကျပါ၊ ဖန်ဆင်းသော ဗြဟ္မာဟူသည် ဘယ်လိုအရာပါနည်း၊ ဤသို့ စသည်ဖြင့် ကြိတ်ကြိတ်နယ်နယ် သွယ်သွယ်ဝိုက်ဝိုက် ဆင်ခြင်လိုက်သောအခါ အကြိတ်အနယ်ကို မခံနိုင်ရကား ဘာသာခြားတရားသည် မျောက်ကလေးကို ပင်းမင်း ပေးသည်နှင့် တူလှချေ၏။ မျောက် ပင်းမင်းပေးသည့်ပုံ။ ။ရှေးက မိန်းမကို အလွန်ကြောက်ရသည့်ပြင် အင်မတန် ချစ်ခင်သော ယောက်ျားကို ကိုယ်ဝန် အရင့်အမာရှိသော အိမ်ရှင်မက “ကလေးမျက်နှာ မြင်သောအခါ ကစားဖို့ရာ ဒီမျောက်ကလေးကို ပင်းမင်းဆိုင်အပ်ချေပါ”ဟု ခိုင်းလိုက်သဖြင့် သွား၍ “မျောက်ကလေးကို ပင်းမင်း(ဆေး)ဆိုး ပေးပါ”ဟု ပြောဆို အပ်နှံလေသည်၊ ပင်းမင်းဆရာက “ခင်ဗျား၏ Trang124 မျောက်ကလေးသည် လှအောင် ဆေးဆိုးခြင်းကိုသာ ခံနိုင်မည်၊ ဖြူအောင် ဖွပ်လျှော်ဖို့ရာ အထုအရိုက်မခံနိုင်ပါ”ဟု ပြောသဖြင့် ပြန်ယူသွားရသတဲ့၊ ထို့အတူ ဘာသာခြားတို့၏ တရားတွေသည် အပေါ်ယံ နားထောင်ကောင်းသလောက် ကြိတ်ကြိတ်နယ်နယ် စဉ်းစားခြင်းကိုကား မခံနိုင်ပါချေ။ မားမားစွင့်စွင့်, ဂုဏ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေထသော။ ။ဘုရားရှင်၏ တရားတော်ကား အမျိုးမျိုးသော ထိုတိတ္ထိဘုရားတို့ တရားထက် ဂုဏ်အရည်အချင်းအားဖြင့် မားမားစွင့်စွင့် ကြီးမြင့် ထင်ရှားပေသည်၊ ဗုဒ္ဓဘာသာတရားတော်သည် ဉာဏ်ပညာကြီးမား သူတို့၏ ကြိတ်ကြိတ်နယ်နယ် စဉ်းစားမှုကို ခံနိုင်၏၊ တကယ် ကြီးမား သူမှန်လျှင် “ထမင်းအငတ်ခံ၍ ဥပုသ်စောင့်တာ ဘာအကျိုး ရှိသလဲ, အုတ်ပုံကြီးနှင့် အရုပ်တွေကို ကိုးကွယ်နေတာ ဘာကျေးဇူး ရှိသလဲ” ဟု အောက်တန်းတရားကလေးတွေကို ဗုဒ္ဓဘာသာ အသေးစား ကလေးများထံ စုံစမ်းမနေဘဲ တကယ့်ပညာရှိ အခေါ်ခံရသော ဆရာတော်များအထံ ချဉ်းကပ်၍ အရေးကြီးသော အထက်တန်း တရားများကို စုံစမ်းကြပါလော့၊ [အုတ်ပုံအတွင်း၌ ဘုရားရှင်၏ အရိုးဓာတ်တော်ရှိ၏၊ အရုပ်မှာ ဘုရားရှင်၏ ပုံတော်ကိုတတ်နိုင် သမျှ ပြုလုပ်အပ်သော ပုံတော်သာဖြစ်ပါသည်၊ ထိုပုံတော်များကို ဘုရားအစစ်နှင့် မတူသော်လည်း မှန်း၍ အာရုံပြုနိုင်အောင် ထုလုပ် ကြပါသည်။ Trang125 ငါးပါးမာရ်နှိမ်, မာရဇိန်။ ။မာရ်ငါးပါးကို နှိမ်နင်းတော်မူနိုင်သော, မာရ်ငါးပါးကို အောင်တော်မူသော ဘုရားရှင်။ [မာရ- မာရ်ကို+ဇိန်(ဇိန)-အောင်တော်မူ၏။] မာရ်ငါးပါး ၁။ ဒေဝပုတ္တမာရ် = မာရ်နတ်မင်း။ ၂။ ကိလေသမာရ် = တစ်ထောင့်ငါးရာ ကိလေသာ။ ၃။ ခန္ဓမာရ် = ခန္ဓာကိုယ်။ ၄။ မစ္စုမာရ် = သေခြင်း။ ၅။ အဘိသင်္ခါရမာရ် = ကုသိုလ် အကုသိုလ်ကံတည်း။ ကြိမ်ကြိမ်လေးမြတ်, မှီဝဲပူဇော်တော်မူအပ်ထသော။ ။ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် “လောက၌ ရိုသေ ကိုင်းညွတ်ဖို့ရာ အကြီးအကဲမရှိဘဲနေခြင်းသည် မသင့်လျော်ချေ၊ ငါသည် ဘယ်သူ့ကို ဆည်းကပ်ရပါမည်နည်း”ဟု ဆင်ခြင်တော်မူ လေရာ, ဘုရားရှင်၏ ဆည်းကပ်ရိုသေမှု ခံနိုင်မည့်သူကို မြင်တော် မမူ၊ ထိုအခါ “ကိုယ်တော်တိုင်သိမြင်အပ်သော တရားကိုပင် အကြိမ် ကြိမ် အထပ်ထပ် ဆင်ခြင်သောအားဖြင့် လေးလေးမြတ်မြတ် ပူဇော်ရတော့မည်”ဟု ကြံတော်မူခဲ့ပါသည်။ [တရားတော်ကို မပြတ် ဆင်ခြင်၍ နေခြင်းကိုပင် “တရားပူဇော်သည်”ဟု ဆိုသည်။ ကျင့်ကြံလိုက်နာ, ပေးစွမ်းနိုင်ပေထသော။ ။တရားတော်သည် ကျင့်ကြံလိုက်နာသော ဝေနေယျအပေါင်းအား လူနတ်တို့၏ Trang126 စည်းစိမ်ချမ်းသာဟူသော သမ္ပတ္တိ, နိဗ္ဗာန်ချမ်းသာဟူသော သမ္ပတ္တိ ကို ပေးစွမ်းနိုင်၏၊ တရားတော်ကို သိသော်လည်း မကျင့်မလိုက်နာ လျှင် စည်းစိမ်ချမ်းသာကို ပေးဖို့ရန် တာဝန်မရှိချေ၊ “ကိုယ်ကျင့်မှ ကိုယ်ရမည်”ဟူလို။ ကြွင်းသော အနက်၏ အဓိပ္ပါယ်များကို ဘုရား ဂုဏ်တော်အဖွင့်၌ ရေးခဲ့ပြီ။] တရားပူဇော်နည်း။ ။“ဘုရားရှင်နှင့် သံဃာတော်သည်ပုံသဏ္ဌာန် အထင်အရှားရှိတော်မူသောကြောင့် ပူဇော်၍ဖြစ်၏၊ တရားတော်ကား ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်ကဲ့သို့ ပူဇော်ရပါအံ့နည်း”ဟု အကြံဖြစ်၍ ပုဏ္ဏားတစ်ယောက်သည် ဘုရား အထံ လျှောက်ဖူးလေ၏၊ ဘုရားရှင်ကလည်း “ပုဏ္ဏား- တရားတော် ကို ပူဇော်လိုလျှင် တရားတော်ကို များစွာသိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ”ဟု မိန့်တော်မူသဖြင့် သံဃာများအထံ ဗဟုသုတရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ အရှင် အာနန္ဒာကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ တစ်ထောင် တန် သင်္ကန်းဖြင့် လှူဒါန်းပူဇော်လေသည်။ ထို့ကြောင့် ယခုကာလ၌ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့သည် ကိုယ်စီ ကိုယ်င ရဟန်းတော်များကို ဆည်းကပ်ကိုးကွယ်ကြရာ၌ ဘုရားရှင် ဟောပြတော်မူအပ်သော စာပေပရိယတ်ကို သင်ယူခြင်း, တတ် မြောက်၍ ပို့ချခြင်း, ဟောပြခြင်း, ကျမ်းရေးခြင်းတို့ဖြင့် သာသနာ့ Trang127 တာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ် ကိုးကွယ်၍ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရုစိုက်နေသူတို့မှာ “ငါတို့သည် တရားတော်ကိုလည်း အမြဲပူဇော်၍ နေရပေသည်၊ ငါတို့သာ မထောက်ပံ့လျင် ငါတို့အရှင်သည် တတ်သိ သော ပညာတွေကို သူတစ်ပါးအား ရေးသားဝေငှ ပို့ချနိုင်မည် မဟုတ်၊ ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက် တိုးပွါးအောင် သာသနာ့ဝန်ကို ဆောင်နိုင်ပေသည်၊ ငါတို့အရှင် ရွက်ဆောင်သမျှ တာဝန်တွေကို ငါတို့ကလည်း ကူညီထမ်းဆောင်ရာရောက်သဖြင့် ငါတို့အရှင် ရသမျှ ပညာပါရမီကို ငါတို့လည်း မုချရတော့မည်”ဟု ဟုတ်မှန်သည့်အတိုင်း ဉာဏ်ကိုချဲ့ထွင်၍ ဆင်ခြင်စဉ်းစားလျက် အားတက်သရော ရှိသင့်ကြပေသည်။ ထို့ကြောင့် သာသနာကိုပြုစုနိုင်သော အင်အားရှိသူ ဒကာ ဒကာမတို့ကလည်း မိမိတို့ ရပ်ရွာ မြို့နယ်၌ စာချနိုင်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်၍ဖြစ်စေ, မြို့ကြီးပြကြီးမှ ယုံကြည်စိတ်ချရလောက်သော စာချပုဂ္ဂိုလ်ကို ပင့်၍ဖြစ်စေ အသီးသီး စာသင်တိုက်တည်လျှင် စာသင်သားတွေ မြို့ကြီးပြကြီးသို့ တက်၍ မသင်ရဘဲ မိဘဆရာတို့ အနီးမှာပင် သင်ကြရသဖြင့် ယခုလို အပျက်အစီး မများရကား သာသနာတော်ကြီးသည် အတော်သန့်ရှင်းလျက် တိုးတက်လာပေ လိမ့်မည်၊ ထို့ကြောင့် ယခုပြခဲ့သော တရားပူဇော်နည်းကို သတိထား ၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ဒါယကာ သာသနာ့ ဒါယိကာမများ ဖြစ်ကြပါစေသား။ Trang128 အထူးသတိပေချက်။ ။ဤပြခဲ့ပြီးသော စကားအစဉ်ဖြင့်တရားစစ် တရားမှန်ကို အတော်အတန် ရိပ်မိလောက်ပေပြီ၊ ယခုအခါ မြန်မာနိုင်ငံ၌ အများအပြားအသုံးပြုနေကြသော အချို့ တရားစာအုပ်နှင့် တစ်ချို့သော တရားဟောပုဂ္ဂိုလ်များ၏ ဟောပြ ချက်တွေကို “တရားလား မတရားလား”ဟု စဉ်းစားကြဖို့ရန် ထပ်မံ၍ သတိပေးလိုသည်မှာ- ဘုရားရှင် ပွင့်တော်မမူမီ ရှေးက ဟိမဝန္တာမှ မျော၍လာသော ပုဇွန်လက်မကြီးတစ်ခုကို “ဒသာရဟ”မင်းတို့သည် မင်္ဂလာစည် တော်အဖြစ်ဖြင့် အသုံးပြုကြလေသည်၊ ထိုစည်တော်ကြီး၏ အသံသည် ၁၂-ယူဇနာတိုင်အောင်ပင် ပျံ့နှံ့ပါသတဲ့၊ ထို့နောက် တရွေ့တရွေ့ ဆွေးမြည့်လာသဖြင့် စည်တော်ကြီးပေါက်တိုင်း ရွှေပြား, ငွေပြားတို့ဖြင့် ဖာထေးလာခဲ့ရာ အတော်ကြာလျှင် ပုဇွန်လက်မ အသားကုန်၍ အဖာတွေချည်း ဖြစ်လေ၏။ တီးခေါက် သောအခါ ၁၂-ယူဇနာကို မဆိုထားဘိ၊ စည်တော်ကြီး၏ ထက်ဝန်း ကျင် အနီးအပါးမှာပင် ကောင်းစွာ မကြားရတော့ချေ။ ထို့အတူ ဘုရားရှင်၏ တရားစစ်တွေကို လက်သစ်ဓမ္မကထိက တို့က အဆန်းတကြယ် ထည့်သွင်းဖာထေးမှုကြောင့် အစစ်အမှန် အရင်းခံ တရားတော်တွေ ကွယ်ပျောက်ရချေပြီ၊ ထိုကွယ်ပျောက် သည့်အတိုင်း စည်ကြီးမှ အသံကောင်းမထွက်သလို ဓမ္မကထိကတွေ Trang129 ဖာထေးထားသော တရားအတုမှ မဂ်ဖိုလ်နိဗ္ဗာန် အကျိုးရဖို့ကို မဆိုထားဘိ, အထိုက်အလျောက် လောဘ ဒေါသနည်းပါး၍ အသိ အလိမ္မာတိုးပွားမှု အကျိုးကိုမျှ မရတော့ဘဲ အသံကျယ်သလောက် အဆန်မပါသော သင်္ကြန်အမြောက်လို ဖြစ်လေတော့သည်။ နိဒါနဝဂ်, ဩပမ္မသံယုတ်, အာဏိသုတ်။| အို... ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၊ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လိုလျှင် အမြန်ပြုပြင်ကြလော၊ ဘုရား တရား သံဃာ ကိစ္စများနှင့်ဆိုင်ရာ၌ မဟာကုသိုလ် သောမနဿဖြင့် ပျော်ရွှင်ဖို့သာ ရှိသည်၊ တဏှာသဘော လောဘဇော တိုက်တွန်းကာ “အသံက သာယာလိုက်တာ၊ ဘယ်ဂါထာရွတ်ပုံမှာ ဇာတ်မင်းသားတောင် မသာဘူး, ဘယ်အချက် စကားသုံးပုံလေးဟာ လွန်စွာ ထိတာပဲ” စသော ချီးမွမ်းစကားသည် ပြောသူမရှက်သော်လည်း ကြားရသူ များမှာ နားရှက်ဖွယ်ကောင်းလှချေ၏။ တရားဟောပုဂ္ဂိုလ်ကလည်း ထိုကဲ့သို့ ချီးမွမ်းသံကို အရသာခံပြီး လျှင် အသံသာအောင်လည်း ဂရုစိုက်ရှာ၏၊ လွမ်းခန်းဆွေးခန်းကို လည်း မပါပါအောင် ထည့်သွင်းရှာရ၏၊ ဘုရားဟောမဟုတ်, ယုတ္တိ လည်းမရှိသော သီဟိုဠ်ကျွန်းဖြစ် ဝတ္ထုများစွာနှင့် ဇင်းမယ်ပဏ္ဏာသ တို့၌လာသော ဒဏ္ဍာရီဝတ္ထုတို့ကို များများကြီး အသုံးပြုရရှာ၏။ Trang130 ဒုတိယကမ္ဘာစစ်ကြီးပြီးသော ယခုခေတ်၌ကား ကမ္မဋ္ဌာန်း တရားတွေပင် အတော်ပေါများ၍ လာပြန်၏၊ ထိုတရားများဖြင့် တရားပေါက်သည်ဟု ဆိုကြသူများလည်း အတော်များများ ကြားသိ ရ၏၊ ထိုသို့ ကြားသိရာ၌ အတော်စဉ်းစားဖွယ်ကောင်းသော အချက်တစ်ခုကား တရားပေါက်သောအခါ ဘုန်းကြီးတွေကို မကြည်ညိုနိုင်၊ မလှူဒါန်းနိုင်သော အချက်ပင်တည်း၊ တရားအစစ် ပေါက်ပြီးဖြစ်သော ဝိသာခါသည် မကောင်းဘုန်ကြီးနှင့် တွေ့သော အခါ “ဒီလို မနေပါနှင့်”ဟု ပြော၍ ရဟန်းတော်များကိုကား ကြည်ညိုမြဲ ကြည်ညိုခဲ့ပါပေသည်၊ ထို့ကြောင့် တရားပေါက်ခြင်းနှင့် သံဃာမကြည်ညိုခြင်းကို စဉ်းစားသင့်ကြသည်။ ယခုအခါ သာသနာတော်ကြီးဖြစ်နေပုံသည် ရေစုန် လေစုန် မှာ ရွက်ကုန်ဆင်ပြီးလျှင် တက်ကုန်နှင်နေသော လှေ၏ သဘော ကဲ့သို့ ကောင်းကောင်းကြီး မျောနေတော့၏၊ “ဘုရား သိကြား မလို့” ငါတို့ လက်ထက်မှာ ပြုပြင်နိုင်သူများ ပေါ်ထွက်ပါစေသတည်း။ တရားဂုဏ်တော်ဖွင့် ပြီးပြီ။ Trang131 သံဃာ့ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန် ပါဠိတော်) သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော, ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော, သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော (ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ)၊ ဧသ ဘဂဝတော သာဝကသံဃော, အာဟုနေယျော, ပါဟုနေယျော ဒက္ခိဏေယျော အဉ္ဇလိကရဏီယော, အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ကြည့်ရှုရန် အဓိပ္ပာယ် သံဃ-ဟူသော ပါဠိစကားကို မြန်မာလို “သံဃာ”ဟု ခေါ်၏၊ အနက် အဓိပ္ပာယ်မှာ “အပေါင်းအစု အသင်းအဖွဲ့”ဟု ဖြစ်၏၊ ထို့ကြောင့် အယူဝါဒသိက္ခာအားဖြင့် တူကြသော ရဟန်းတော်တို့၏ အပေါင်းအစု အသင်းအဖွဲ့ကို “သံဃာ”ဟု မှတ်ပါ၊ သံဃိကမြောက်အောင် လှူဒါန်းရာ ၌ တစ်သင်းလုံး, တစ်ဖွဲ့လုံး, တစ်သာသနာလုံး, ရည်မှန်းရသည်။ သံဃာ့ဂုဏ်တော် ၉-ပါး ၁။ သုပ္ပဋိပန္နဂုဏ် ၅။ အာဟုနေယျဂုဏ်။ ၂။ ဥဇုပ္ပဋိပန္နဂုဏ် ၆။ ပါဟုနေယျဂုဏ်။ ၃။ ဉာယပ္ပဋိပန္နဂုဏ် ၇။ ဒက္ခိဏေယျဂုဏ်။ ၄။ သာမိစိပ္ပဋိပန္နဂုဏ် ၈။ အဉ္ဇလိကရဏီယဂုဏ်။ ၉။ အနုတ္တရပုညက္ခေတ္တဂုဏ်။ Trang132 သုပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျတ်မှတ်ရန်) (၁) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ သာဝကသံဃော-ဆုံးမထားဟန်, တရားမှန်ကို, နာခံလိုက်နာ, အရိယာဟု, သင်္ချာရှစ်ဖော်, သံဃာတော်အပေါင်း, သူတော်ကောင်း သည်၊ သုပ္ပဋိပန္နော-တရားသဖြင့်, ဆုံးမသင့်ရာ, သာသနာဝယ်, လျော်စွာထုံးပြ, ဆုံးအမကို, လုံးဝလိုက်နာ, ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် သုပ္ပဋိပန္နဂုဏ်တော်သည် “ကောင်းစွာ ကျင့်တော်မူတတ်၏” ဟူသော အနက်ကို ပြသည်၊ [ သု-ကောင်းစွာ+ပဋိပန္န-ကျင့်သည်။] အရိယာဟု သံဃာတော်အပေါင်း။ ။ မဂ်ဖိုလ်၌ တည်သော(မဂ်ဖိုလ်ရပြီးသော)ပုဂ္ဂိုလ်ကို “အရိယာ”ဟုခေါ်၏၊ [အရိယ-မြတ်သူ၊ တစ်နည်း-ဖြူစင်သူ။] မဂ္ဂဋ္ဌ ၄မျိုး - ဖလဋ္ဌ ၄မျိုး ၁။ သောတာပတ္တိမဂ်ရပုဂ္ဂိုလ်။ - ၁။ သောတာပတ္တိဖိုလ်ရပုဂ္ဂိုလ်။ ၂။ သကဒါဂါမိမဂ်ရပုဂ္ဂိုလ်။ - ၂။ သကဒါဂါမိဖိုလ်ရပုဂ္ဂိုလ်။ ၃။ အနာဂါမိမဂ်ရပုဂ္ဂိုလ်။ - ၃။ အနာဂါမိဖိုလ်ရပုဂ္ဂိုလ်။ ၄။ အရဟတ္တမဂ်ရပုဂ္ဂိုလ်။ - ၄။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်။ Trang133 ရှေးခေတ်က အရိယာသံဃာတော်သည် ထောင်သောင်းများ စွာ ရှိကြပါသော်လည်း အမျိုးအားဖြင့် ဤရှစ်မျိုးတွင် အားလုံး ပါဝင်ကြ၏၊ ထို့ကြောင့် “အရိယာရှစ်ယောက်”ဟု ပြောစမှတ်ပြုကြ သော်လည်း စင်စစ်မှာ ရှစ်ယောက်မဟုတ်, ရှစ်မျိုးသာ ဖြစ်၏။ တရားသဖြင့် ဆုံးမသင့်ရာ။ ။ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူကြသော အရိယာသံဃာအပေါင်းသည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်းသက်သေ ပြ၍ ဆုံးမအပ်သော အဆုံးအမတော်ကို လုံးဝဥဿုံ အကုန်အစင် လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပေသည်၊ အနည်းငယ် အပြစ်ကိုပင် အလွန်ကြီးသောအပြစ်ဟု ထင်လျက် ရှောင်ကြဉ်တော် မူကြပေသည်၊ ထိုသို့ အဆုံးအမကို လိုက်နာသော အရိယာပုဂ္ဂိုလ် များလည်း ဘုရားလက်ထက်တော်မှစ၍ များစွာရှိခဲ့ဖူးပါသည်။ အရှင်သာရိပုတ္တရာ ဝတ္ထု ယခုကာလ ဘုရားပွဲစသည် ကျင်းပသောအခါ ထိုထိုနေရာတို့၌ အလှူမဏ္ဍပ်ဆောက်၍ နေ့ရက်များစွာ စာတုဒ္ဒိသာကျွေးသကဲ့သို့ ရှေးလက်ထက်ကလည်း လူအများစုပေါင်းလျက် ဧည့်သည်များ အတွက် စာတုဒ္ဒိသာကျွေးလေ့ရှိကြသည်၊ ထိုအရပ်၌ အချို့ရဟန်း တော်များ နေ့စဉ်နေ့စဉ်သွား၍ စားသောက်ကြသည့်အတွက် လူတို့က ကဲ့ရဲ့သောကြောင့် “ယနေ့ကစ၍ တစ်ရက်တည်းသာ စားရ မည်”ဟု ဘုရားရှင် ပညတ်တော်မူသည်၊ အရှင်သာရိပုတ္တရာသည် Trang134 ဒေသစာရီလှည့်လည်ရင်း ထိုစာတုဒ္ဒိသာရုံ၌ မကျန်းမမာဖြစ်နေ၏၊ ထိုအခါ တစ်ရက်စာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နောက်ရက်၌ လူအများက ကပ်လှူကြပါသော်လည်း “ဘုရားရှင် တားမြစ်တော်မူ သည်”ဟု ဘုဉ်းပေးတော်မမူဘဲ ရှောင်လွှဲတော်မူကာ ဆွမ်းအပြတ်ခံ တော်မူခဲ့ရှာသည်၊ ထို့နောက် ဘုရားရှင် သိတော်မူ၍ မကျန်း မမာလျှင် နေ့စဉ် စားနိုင်ကြောင်းကို ထပ်လောင်း ခွင့်ပြုတော်မူရ လေသည်။ [ပါစိတ်, ဘောဇနဝဂ်, အာဝသထပိဏ္ဍသိက္ခာပုဒ်။] ဤသို့လျှင် ဘုရားရှင်၏ တပည့်ကောင်းများသည် အဆုံးအမ တော်ကို လုံးဝလိုက်နာလျက် ကျင့်တော်မူကြပေ၏၊ နောက်နောက် ဆရာအစဉ်အဆက်များလည်း“ကိစ္စတစ်ခု ကြုံတွေ့လာလျှင် အသက် ကိုသာ အသေခံပါ၊ သီလသိက္ခာကိုတော့ မပျက်ပါစေနှင့်”ဟု ဆုံးမ တော်မူကြရုံမက ထိုအတိုင်းလည်း လိုက်နာခဲ့ကြပေသည်။ သတိထားဖွယ်။ ။ဤစကားစဉ်အရ ယခု ပြအပ်လတ္တံ့သောဂုဏ်နှင့်ပြည့်စုံသော သံဃာဟူသည် မဂ်ဖိုလ်ရပြီးသော သံဃာတော် များသာ ဖြစ်သည်၊ မဂ်ဖိုလ်မရသေးသော်လည်း မဂ်ဖိုလ်ရအောင် ပါရမီကို ဖြည့်ကျင့်နေကြသော သူတော်စင် ရဟန်းတော်များလည်း သောတာပန် အောက်တန်းတွင် ပါဝင်နိုင်ပါသေး၏၊ ဘုရားရှင်၏ အဆုံးအမတော်ကို ကောင်းမွန်စွာ မလိုက်နာဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေထိုင်ကြသော ရဟန်းအပေါင်းကား ယခုပြအပ် လတ္တံ့သော သံဃာ့ဂုဏ်တော်များနှင့် လားလားမျှမဆိုင်၊ ထို့ကြောင့် သံဃာ့ဂုဏ်တော်ကို အာရုံပြုသောအခါ ရှေးရှေးက အဟုတ်အမှန် Trang135 ကျင့်တော်မူကြသော အရိယာသံဃာတော်များနှင့် ယခုကာလ ကောင်းမွန်စွာ နေထိုင်တော်မူကြသော ပုထုဇဉ်သံဃာတော်များ၏ ဂုဏ်တော်ကိုသာ မှန်းဆ၍ အာရုံပြုပါ။ ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၂) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ သာဝကသံဃော-ဆုံးမထားဟန်, တရားမှန်ကို, နာခံလိုက်နာ, အရိယာဟု, သင်္ချာရှစ်ဖော်, သံဃာတော်အပေါင်း, သူတော်ကောင်း သည်၊ ဥဇုပ္ပဋိပန္နော-စဉ်းလဲသမှု, မာယာစုဖြင့်, ဖုဖုထစ်ထစ်, မကောက်ကျစ်ဘဲ, စင်စစ်နိဗ္ဗာန်, လမ်းဖြောင့်မှန်အောင်, လျော်ကန် ချင့်မျှော်, ကျင့်ကြံတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ဥဇုပ္ပဋိပန္နဂုဏ်တော်သည် “ဖြောင့်မှန်စွာကျင့်တော်မူ၏”ဟူသော အနက်ကို ပြသည်။ [ဥဇု-ဖြောင့်မှန်စွာ+ပဋိပန္န-ကျင့်သည်။] မာယာ သာဌေယျ။။မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိ သူထင်အောင် ဖုံးကွယ်မှုကို “မာယာ”ဟု ခေါ်၏၊/ဥပမာ-ယောက်ျား မသိအောင် အပြစ်ကျူးလွန်မိသော မိန်းမသည် ထိုအပြစ်ကို မာယာဖြင့် လှည့်ပတ်သကဲ့သို့တည်း၊ မိမိမှာ ဥစ္စာဂုဏ်, သီလဂုဏ် Trang136 မရှိဘဲ ရှိဟန်ဆောင်မှုကို “သာဌေယျ”ဟု ခေါ်၏ လူမရှိသောအခါ တော်သလိုနေ၍ လူလာသောအခါ ဟန်လုပ်နေသူကဲ့သို့တည်း။ အရိယာသံဃာတော်ကား သူတပါးတို့ အထင်ကြီးအောင် ပစ္စည်းလာဘ်နှင့် ဒကာ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် ဖုဖုထစ်ထစ် စဉ်းလဲကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူကြပေသည်၊ ထိုသို့ ဖြောင့်မတ်စွာ ကျင့်တော်မူသော အရှင်မြတ်များမှာ လွန်စွာပေါများခဲ့ပါ၏၊ သို့သော် ယခုအခါ မရိုး မသား ကျင့်သူများနှင့် ဝမ်းရေးအတွက် သာသနာတော်ကို ဖျက်သူ တွေ အတော်ပေါများနေသဖြင့် စဉ်းစားကြဖို့ရာ ကျမ်းဂန်လာ လှည့်ပတ်ပုံကို ပြပေအံ့။ အိုးစရည်း ရဟန္တာ။ ။ဘုန်းကြီးတစ်ပါးသည် မိမိအပေါ်၌ လူအများ အထင်ကြီးစေလိုသောကြောင့် သူ့နေရာ ကျောင်းခန်း အတွင်းမှာ လူမမြင်နိုင်အောင် အိုးစရည်းကြီး (အိုးအကြီး)ကို မြှုပ်ထားလေ၏၊ အပြင်က ဒကာ ဒကာမများ လာသံကြားလျှင် ထိုအိုးကြီးအတွင်း၌ ဝင်နေ၏၊ လူများက “ဘုန်းကြီးဘယ်မှာလဲ”ဟု မေးလျှင် တပည့်များက “ကျောင်းတွင်းမှာ”ဟု ပြော၍ အခန်းအတွင်း သို့ ဝင်ကြည့်သောအခါ မတွေ့ရသောကြောင့် “မရှိဘူး ဘယ်ကြွ သလဲ”ဟု မေးမြန်းလျှင် “ယခုတင်ကပဲ အခန်းထဲမှာ ရှိပါသေး တယ်”ဟု ပြောသဖြင့် ထပ်၍ကြည့်ကြပြန်လေရာ ညောင်စောင်း Trang137 (ကုလားထိုင်)ပေါ်မှာ ထိုင်လျက်နေသည်ကို တွေ့ကြရ၍ “ဘယ်ကြွ နေပါသလဲဘုရား”ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ သည်လိုပဲ, အလိုရှိရာ ကြွနိုင်ကြတယ်”ဟု ဈာန်အဘိညာဉ်ရသည့် လေသံဖြင့် ပြောပြလေသော် အားလုံးကပင် “ရဟန္တာ”ဟု အထင်ကြီးကြ လေသည်။ တိုက်တွန်းချက်။ ။အိုလူအပေါင်းတို့- ဘုန်းကြီးဖြစ်စေ,လူဖြစ်စေ, မဖြူစင် မဖြောင့်မတ်ခြင်းကား ဆိုးဝါးလှ၏၊ မရိုးသား မဖြောင့်မတ်သူကို ဘယ်အခါ ယုံကြည်ထိုက်တော့မည်နည်း၊ သို့ဖြစ် ၍ မိမိတို့ ကိုးကွယ်အပ်သော ဘုန်းတော်ကြီးများကို စာမတတ် သော်လည်း အကျင့်သိက္ခာလုံလောက်၍ ရိုးဖြောင့်လျှင် ကိုးကွယ် သင့်လှပေပြီ၊ စာမတတ်ဘဲနှင့် တတ်ဟန်ဆောင်သောပုဂ္ဂိုလ်, အကျင့် မကောင်းဘဲနှင့် ကောင်းဟန်ဆောင်နေသော ပုဂ္ဂိုလ်များကိုကား လုံးလုံးမကိုးကွယ်ထိုက်ပါ။ ယခုအခါ၌ကား “ကြောင်သူတော်”ကဲ့သို့ အတော်အတန် ပညာရှိပါလျက် အတွင်းစိတ်မဖြောင့်သူတွေ များလှချေ၏၊ ထိုသို့ ပညာရှိ၍ မရိုးသားသူတို့ကား သာမန် မရိုးသားသူများထက်ပင် ကြောက်မက်ဖွယ်ကောင်းပါသေးသည်၊ သို့ဖြစ်၍ အတွင်းအပြင် မသိရဘဲ “ဆေးဝါးစွမ်းသလို, စာတတ်သလို, လုပ်ရပ်ပေါက်သလို” ညာနေသူများကို ယုံကြည်လွယ်သော မိန်းမသားတွေသာမက ပညာ နည်းပါး၍ မစဉ်းစားတတ်သော ယောက်ျားအများပင် သတိထား ထိုက်လှပေသည်။ Trang138 မိမိကိုယ်တိုင်လည်း ရိုးဖြောင့်ဖို့ အရေးကြီးလှ၏၊ ပစ္စည်းမရှိဘဲ ရှိဟန်ဆောင်မှု, သီလမရှိဘဲ ရှိဟန်ဆောင်မှု, နားမလည်ဘဲ နား လည်ဟန်ဆောင်မှုတို့မှာ မရိုးသားသော သဘောချည်းသာဖြစ် သည်၊ သို့ဖြစ်၍ အရိယာသံဃာတော်များ၏ “ဥဇုပ္ပဋိပန္န”ဂုဏ်တော် ကို အာရုံပြုကြပြီးလျှင် မိမိတို့ ကိုယ်တိုင်ကလည်း ရိုးသားသူ ဖြောင့်မတ်သူဖြစ်အောင်, မိမိနှင့် အဆက်အသွယ်ရှိသူတို့ကိုလည်း ရိုးသားသူများဖြစ်အောင် ညွှန်ပြကြပါ၊ မရိုးသားသူမှန်လျှင် ရဟန်း ရှင်လူ မည်သူမဆို စွမ်းနိုင်သမျှ ရှောင်ကြပါကုန်၊ မတတ်သာ၍ ဆက်ဆံရလျှင်လည်း ကိုယ်ပေါင်းစိတ်ခွာ ဆက်ဆံကြပါကုန်။ ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၃) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်, တရားမှန်ကို, နာခံလိုက်နာ, အရိယာဟု, သင်္ချာရှစ်ဖော်, သံဃာတော်အပေါင်း သူတော်ကောင်း သည်၊ ဉာယပ္ပဋိပန္နော-ကိုယ်ဝယ်ဝတ်နှောင်, ဆံဥသျှောင်ကို, မီးလောင်သော်ငြား, မငြိမ်းအားဘဲ, ကြီးမားလောင်မီး, ဒုက္ခကြီးတို့, အပြီးဧကန်, ငြိမ်းရာမှန်သည့်, နိဗ္ဗာန်အလို့ငှာ, ကျင့်တော်မူ တတ်ပါပေ၏။ Trang139 ကြည့်ရှုရန် အဓိပ္ပာယ် ဉာယပ္ပဋိပန္နဂုဏ်တော်သည် “နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူ၏” ဟူသော အနက်ကို ပြသည်။ [ ဉာယ+ပဋိပန္န၊ ဉာယ-နိဗ္ဗာန်+ပဋိပန္န- ကျင့်သည်။] အရိယာဖြစ်သော သံဃာတော်အပေါင်းသည် အလွန်ကြီးမား များပြားသော သံသရာဝဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ မိမိကိုယ်၌ ဆင်အပ်သော အဝတ်, ဥသျှောင်(ဆံထုံး)ကို မီးလောင် စေကာမူ မငြိမ်းအားဘဲ သံသာရာဝဋ်ကြီး ဒုက္ခမီး၏ အပြီးချုပ်ငြိမ်း ရာ နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူကြပေသည်၊ ထို့ကြောင့် အရိယာ ဖြစ်ပြီးသောအခါ သံသရာထဲ၌ ကြာရှည်စွာ မကျင်လည်ရတော့ဘဲ ကာမဘုံ၌ အကြာဆုံး ခုနစ်ဘဝသာနေပြီးလျှင် ပရိနိဗ္ဗာန် စံဝင်ကြရ ပေသည်။ ရဟန်းတစ်ပါး ဝတ္ထု။ ။ရဟန်းတစ်ပါးသည် သစ်ပင်ချိုင်ရာ၌ဘုမ္မစိုးနတ်သမီး၏ကလေး နတ်ငယ်ကို ခုတ်ဖြတ်မိသောကြောင့် နတ်သမီးက ဘုရားထံလျှောက်ထားသဖြင့် “ယနေ့ကစ၍ သာသနာတော်ထမ်း ရဟန်းမှန်းလျှင် သစ်ပင်ကို မခုတ်ရ”ဟု ပညတ်တော်မူသည်၊ ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရဟန်း တော်တစ်ပါးကို ခိုးသူများက နွယ်ပင်ကလေးဖြင့် တုပ်နှောင်၍ တောထဲ၌ထားခဲ့စဉ် တောမီးလောင်လာလေသော် နွယ်ပင်ကို ဖြတ်မည်ဆိုလျှင် ဖြစ်နိုင်လောက်သော်လည်း နွယ်ပင်ဖြတ်လျှင် ပါစိတ်အာပတ်သင့်၏၊ အာပတ်သင့်လျှင် တရားရတော့မည် Trang140 မဟုတ်၊ ထို့ကြောင့် ပညတ်တော်ကို စောင့်စည်း၍ တရားကို နှလုံးသွင်းကာ ရဟန္တာဖြစ်ပြီးမှ တောမီးလောင်၍ ပရိနိဗ္ဗာန် စံဝင်တော်မူသည်။ တိုက်တွန်းချက်။ ။ဤသို့လျှင် တစ်ကိုယ်လုံး မီးလောင်သည်ကို လျစ်လျူရှု၍ နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူပုံကို ကြည်ညို လျက် “အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့နိုင် သည်”ဟု ဆိုသည့်အတိုင်း မလွှဲသာသဖြင့် ဒုက္ခကြုံလာခဲ့သော် “သက်သာရာလေးမှ ရစေတော့”ဟု ကြံ၍ မကောင်းမှုကို မပြုမိ စေဘဲ “နိဗ္ဗာန်၌ ဤဒုက္ခမျိုး၏တည်ရာ ရုပ်နာမ်ခန္ဓာကိုယ်မရှိ, ဤခန္ဓာကိုယ်ရှိနေလို့သာ သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေ ရှိရသည်၊ ထိုသို့ ရှိသောကြောင့် သားဒုက္ခ, သမီးဒုက္ခ, ဆွေမျိုးဒုက္ခကို တွေ့ရသည်၊ ထိုရုပ်နာမ်မရှိသော နိဗ္ဗာန်သည် ဧကန်အေးမြပေလိမ့် မည်”ဟု တွေးတောကာ သူလည်းမပါ၊ ငါလည်း မရှိ၊ သန္တိသုခ အေးမြမည့် နိဗ္ဗာန်ကို သိမြင်နိုင်အောင်သာ ကြိုးစားကြပါကုန်။ သာမိစိပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၄)ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်, တရားမှန်ကို နာခံလိုက်နာ, အရိယာဟု, သင်္ချာရှစ်ဖော်, သံဃာတော်အပေါင်း, သူတော်ကောင်း Trang141 သည်၊ သာမိစိပ္ပဋိပန္နော-ရိုသေသမှု, လူတို့ပြုသည့်, သာမိစိကံ, လျော်ထိုက်တန်အောင်, ကျင့်ကြံတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပယ် သာမိစိပ္ပဋိပန္နဂုဏ်တော်သည် “ရိုသေသမှုနှင့်လျော်အောင် ကျင့် ပေ၏”ဟူသော အနက်ကို ပြသည်။ [သာမိစိ- ရိုသေမှု+ပဋိပန္န-လျော် အောင် ကျင့်သည်။ ဒကာ ဒကာမတို့သည် မိမိတို့ မစားရက်, မသောက်ရက်, မသုံးရက်သော အစားအသောက် ကျောင်း အိပ်ရာ နေရာများကို ရိုသေသမှု ပြုစုလှူဒါန်းကြ၏၊ အရိယာဖြစ်ပြီးသော (အရိယာဖြစ် အောင် အားထုတ်နေသော) သံဃာတော်များကလည်း ထိုကဲ့သို့ ရိုသေသမှု ပြုစုလှူဒါန်းခြင်းနှင့် ထိုက်တန်အောင် ကျင့်ကြံအားထုတ် တော်မူကြပါပေသည်။ အယျမိတ္တမထေရ်ဝတ္ထု။ ။ရှေးအခါက လိုဏ်ဂူတစ်ခု၌နေသော “အယျမိတ္တ”မထေရ်ကို ဆွမ်းခံရွာ၌ ဒါယိကာမကြီးတစ်ယောက်က သားအရင်းအမှတ်ထား၍ လေးစားသမှု ပြုစုနေ၏၊ တစ်နေ့သ၌ လုပ်ငန်းဆောင်တာအတွက် နံနက်စောစော တောသို့သွားခါနီးဝယ် “ချစ်သမီး- မည်သည့်နေရာ၌ နှစ်ချို့ဆန်ကလေးနှင့် နွားနို့, ထောပတ်, တင်လဲများ ရှိရစ်တယ်၊ သမီးမောင်တော် လာတဲ့အခါ ဆွမ်းချက်၍ ကပ်ပြီးလျှင် သမီးလည်း စားရစ်နော်”ဟု သမီးကို Trang142 ပြောဆိုမှာထား၏၊ “မေမေကော ဘာစားမလဲ”ဟု သမီးက မေးရာ “မေမေတော့ ပုန်းရည်ဟင်းနဲ့ ညကကျန်တဲ့ ထမင်းကြမ်းကို စားပြီး ပြီ”ဟု ပြော၏၊ “နေ့စာကော ဘာစားမလဲ” မေမေ”ဟု ထပ်၍ မေးလျှင် “နေ့စာတော့ သမီးရယ်- ဟင်းရွက်ကလေးရောပြီး ဆန်ကွဲကို ယာဂုကျိုထားလိုက်ပေါ့” ဟု ပြောဆိုမှာထား၍ တောသို့ သွားရှာလေသည်။ ထိုသားအမိနှစ်ယောက် ပြောဆိုသံကို အယျမိတ္တမထေရ် ဆွမ်းခံအလာတွင် ရွာအနီးမှ ကြား၍ မိမိကိုယ်ကို ဆုံးမသည်မှာ “နားထောင်စမ်း အယျမိတ္တ- ဒါယိကာမကြီးမှာ မိမိအတွက် ပုန်းရည်ဟင်း, ထမင်းကြမ်းနှင့် ဟင်းရွက်တွဲသည့် ဆန်ကွဲယာဂုကို စားသောက်လျက် သင့်အတွက်မှာ နှစ်ချို့ဆန်ကောင်းနှင့် နွားနို့, ထောပတ်, တင်လဲကို ကပ်ဖို့ရန် မှာနေရှာသည်၊ သင်၏အပေါ်၌ ဝတ်စားတန်ဆာနှင့် လယ်ယာမိုးမြေ ပစ္စည်းတွေကိုမျှော်၍ ယခု လောက် ဂရုစိုက်သည် မဟုတ်၊ လူနတ်နိဗ္ဗာန်ကို မှန်း၍ သာ ဂရုစိုက် ခြင်းဖြစ်သည်၊ သူရည်ရွယ်တဲ့ ချမ်းသာကို အသင် ပေးနိုင်ပါ့မလား၊ ကိလေသာ အာသဝေါမကုန်သမျှ ဒကာမကြီးရဲ့ဆွမ်းကို အသင် မစားထိုက်”ဟု ဆုံးမပြီးလျှင် ဆွမ်းခံမဝင်ဘဲ ပြန်၍ တရားကို အားထုတ်လေရာ ပင်ကိုယ်က စင်ကြယ်သောသီလနှင့် အားထုတ်၍ အသားကျနေသော ကမ္မဋ္ဌာန်းဘာဝနာအစွမ်းကြောင့် သိပ်ကြာကြာ အားမထုတ်ရဘဲ ချက်ချင်းပင် ရဟန္တာဖြစ်လေသည်။ Trang143 ထို့နောက် ဆွမ်းခံဖို့အချိန်ရှိသေး၍ ဆွမ်းခံဝင်လေသော် စောင့်မျှော်နေသော နှမတော်က ဆွမ်းလောင်းအပြီးတွင် အထူး ကြည်လင်သော မျက်နှာကို မြင်လိုက်ရ၍ မိခင်ပြန်လာသောအခါ “မေမေ ယနေ့ မောင်တော်ရဲ့မျက်နှာ လွန်စွာ ကြည်လင်နေပါ တယ်”ဟု ပြောပြလေရာ “ယနေ့ ငါ့သားကြီးမှာ ရဟန်းကိစ္စပြီးစီး လေပြီ”ဟု ပြောဆိုကာ ဝမ်းမြောက်ရှာသတဲ့၊ ဒါယိကာမကြီးနှင့် သမီးလည်း ရဟန္တာအရှင်မြတ်ကို ဆွမ်းလှူရာရောက်ပေသည်။ ဒီဃနိကာယ, မဟာဝဂ္ဂ, မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။] တိုက်တွန်းချက်။ ။ဤသို့လျှင် သူတော်စင် သံဃာတော်အပေါင်း၏ လူတို့ရိုသေမှုနှင့် ထိုက်တန်အောင် ကျင့်ကြံတော်မူ ကြသည်ကို အာရုံပြုကာ ယခုကာလ ရဟန်းတော်အများလည်း မိမိတို့ဘက်က မလိုရအောင် သတိထားနိုင်မှ တာဝန်ကျေကြ ပေမည်၊ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်”ဆိုတာလို ကိုယ်ထင်ရာ ကြဲနေလျှင် နောင်သံသရာရေးကို မဆိုထားဘိ, ယခုဘဝအရေး မှာပင် တဖြည်းဖြည်း မလွယ်ကူသော အခြေအနေကို တွေ့ရတော့ မည်၊ ယခုအခါ ဘာသာမရှိဟူသော ဝါဒ, ဘာသာရှိသော်လည်း အရေးမစိုက်သော ဝါဒများ ခေတ်စားလာပုံကို ဆင်ခြင်ကာ နောင်ရေးခက်ကြတော့မည်မှာ ဗေဒင်မေးစရာ မလိုပါသဖြင့် “ပညာရှိသော်လည်း သတိဖြစ်ခဲရကား” သတိကြီးစွာထားကြပါရန် ထပ်မံ၍ သတိပေးပါသည်။ Trang144 ပုရိသယုဂါနိ ပါဠိအဖွင့် (ကျက်မှတ်ရန်) စတ္တာရိ-မဂ်ဖိုလ်နှစ်ပါး, အစုံအားဖြင့်, လေးပါးကုန်သော၊ ယဒိဒံ ပုရိသယုဂါနိ-အကြင်ယောက်ျားအစုံတို့သည်၊ အဋ္ဌ-အသီး အခြား, ခွဲသောအားဖြင့်, ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလာ-ပုရိသ ပုဂ္ဂလ, ခေါ်ကြထိုထို, မြင့်မြတ်သောပုဂ္ဂိုလ်တို့ပါပေတည်း။ * ကြည့်ရှုရန် အဓိပ္ပာယ် ဤ“စတ္တာရိ ပုရိသယုဂါနိ”စသော စကားတို့ကား သံဃာ့ဂုဏ် တော်ကိုပြသော စကားမဟုတ်၊ သောတာပတ္တိမဂ်ကိုရသောပုဂ္ဂိုလ် နှင့် သောတာပတ္တိဖိုလ်ရသော ပုဂ္ဂိုလ်နှစ်ပါးတွဲလျှင် တစ်စုံ, ဤသို့ စသည်ဖြင့် “မဂ်ဖိုလ်ကိုရသော ပုဂ္ဂိုလ်နှစ်ပါးကို တစ်စုံစီတွဲလျှင် အရိယာလေးစုံဖြစ်၍ အသီးအခြား ခွဲလျှင် ၈-မျိုးဖြစ်၏”ဟု ပြသော စကားတည်း၊ ထိုသို့ ပြခြင်းသည်လည်း မဂ်ကိုရလျှင် ချက်ချင်းဖိုလ် ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့ တစ်ယောက်တည်းသာ ဖြစ်ကြောင်းကို သိစေတော်မူလိုရင်း ဖြစ်ဟန်တူပါသည်။ အစုံလေးပါးကား ၁။ သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်, - သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်။ ၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်, - သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်။ ၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်, - အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်။ ၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်, - အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ်။ Trang145 အာဟုနေယျ ဂုဏ်တော်ဖွင့် (ကျက်မှန်ရန်) (၅) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊ ဧသဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖော်, သံဃာ တော်အပေါင်း, ဤအရိယာသူတော်ကောင်းသည်၊ အာဟုနေယျော- တုံ့ပြန်ကြီးလေး, အကျိုးပေးသဖြင့်, အဝေးမှယူ, ဆောင်၍ မူလည်း, ကြည်ဖြူလေးမြတ်, ပူဇော်အပ်သည့်, လာဘ်သပ်ပကာ, အဖြာဖြာကို ကောင်းစွာသိမ်းပိုက်, ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အာဟုနေယျဂုဏ်တော်သည် “အဝေးမှယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကို ခံယူထိုက်၏”ဟူသော အနက်ကို ပြသည်။ [အာ+ဟုန+ဧယျ၊ အာ-အဝေးမှယူဆောင်၍+ဟုန-ပူဇော်အပ်သောပစ္စည်း+ဧယျ-ခံထိုက် သည်။ အရိယာသံဃာတော်သည် လှူဒါန်းပူဇော်သူတို့အား အတုံ့ပြန် ၍ ကြီးကျယ်မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြသဖြင့် အနီးအပါးကို မဆိုထားဘိ, တစ်နယ်တစ်ကျေး ဝေးသော မြို့ရွာ တို့မှသော်လည်း လှူဖွယ်များကို တမင်တကာ ဆောင်ယူ၍ ပေးလှူ ပူဇော်ခြင်းငှာ ထိုက်တန်တော်မူပေသည်၊ ထို့ကြောင့် ရှေးက ဒါန အကျိုး နားလည်ကြသော သူတော်ကောင်းတို့သည် ထိုသို့ ဆောင် ယူကာ များစွာပူဇော်ဖူးကြလေပြီ။ Trang146 သိကြားမင်းနှင့် သုဇာမိဖုရားတို့ ဉာဏ် နတ်ပြည်၌ နတ်အများရှိကြလေရာ သာသနာပအခါက ဖြစ် နှင့်သော နတ်များထက် သာသနာတွင်းကျမှဖြစ်ရသော နတ်တို့က အစစအရာရာ ခပ်သာသာဖြစ်နေ၏၊ အချို့နတ်များကား သိကြား မင်းထက်ပင် ကိုယ်ရောင်အဆင်းနှင့် စည်းစိမ်အခြွေအရံ သာလွန် လျက်ရှိ၏။ ထို့ကြောင့် အခါတစ်ပါး၌ အရှင်မဟာကဿပမထေရ် နိရောဓ သမာပတ်မှ ထတော်မူပြီးလျှင် ဆင်းရဲသူတို့၏နေရာ ရပ်ကွက်၌ ဆွမ်းခံဝင်တော်မူလေရာ သိကြားမင်းနှင့် သုဇာမိဖုရားတို့သည် အိုမင်းသော လူဆင်းရဲ သမီးခင်ပွန်းယောင်ဆောင်၍ ထိုရပ်ကွက်၏ အစဆုံး၌ အိမ်ငယ်တစ်ဆောင်ကို ဖန်ဆင်းလျက် နေနှင့်လေသည်၊ ရဟန္တာအရှင်မြတ်လည်း အထူးအထွေ ဆင်ခြင်စဉ်းစားတော်မမူဘဲ အိမ်ကုပ်ကလေး၌ အဘိုးအိုနှင့် အမယ်အိုတို့ အလုပ်လုပ်နေကြပုံကို မြင်၍ သနားသဖြင့် ရပ်တော်မူလေသည်။ အဘိုးကြီးသည် မျက်စိများကို ပွတ်ကာပွတ်ကာနှင့် “အိမ်ပေါက် မှာ ကိုယ်တော်တစ်ပါး ဆွမ်းရပ်နေပါကလား၊ ဒုက္ခ, ဒုက္ခ, ဘာမှ လည်း ရှိမယ်မထင်ဘူး”ဟု ညည်းညူလျက် အနားသို့ လာပြီးလျှင် “အင်- တို့ကိုယ်တော်ကြီးပါတကား၊ ဟေ့- ရှင်အဝှါ၊ ဘာများရှိသေး တုံး”ဟုမေးရာ အမယ်အိုကလည်း ထိုထိုဤဤ ရှာဖွေနေဟန်ဖြင့် Trang147 အတန်ကြာမှ “ရှိသေးရဲ့တော့”ဟု ပြောပြောဆိုဆို လာ၍ ဆွမ်း လောင်းလေလျှင် တစ်ရပ်လုံး မွှေးကြိုင်သွားလေသည်။ ထိုအခါကျမှ သိကြးမှန်းသိ၍ “ဆင်းရဲသူကို ချီးမြှောက်လို သဖြင့် ဆွမ်းခံဝင်ရာ၌ သင့်လို သိကြားက လူဆင်းရဲလုပ်ရသလား” ဟု အပြစ်တင်တော်မူလျှင် “တပည့်တော်မှာ သာသနာပကဖြစ်ရတဲ့ သိကြားမို့ စည်းစိမ်မကြီးပါ၊ သာသနာတော်တွင်းမှ ရောက်လာသော နတ်မင်းများလောက် အရှိန်မတောက်သဖြင့် နတ်ဆင်းရဲပင် ဖြစ်ပါသည်”ဟု လျှောက်၍ “အဟောဒါနံ ပရမဒါနံ, ကဿပေ သုပ္ပတိဋ္ဌိတံ-ဝမ်းမြောက်စရာ အလှူဒါန, အလွန်မြတ်သော အလှူဒါနသည် အရှင်မဟာကဿပ၌ တည်လေပြီ”ဟု ဥဒါန်းကျူး လျက် နတ်ပြည်သို့ တက်သွားလေသည်၊ ဤသို့လျှင် အရိယာ သံဃာတော်များသည် အဝေးရပ်မှ ယူဆောင်၍ ပေးလှူသမျှကို ခံယူထိုက်ကြပေသည်။ တိုက်တွန်းချက်။ ။ဤဝတ္ထုသွားကို ထောက်လျှင် ပညာရှိမှန်သမျှသည် နတ်စည်းစိမ်ကို စံနေရသော်လည်း ဒါနအကျိုးကို သိမြင်ကြသဖြင့် ဝေးကွာသော နတ်ပြည်ခရီးမှပင် တမင်လာလျက် လှူဒါန်းကြသောကြောင့် ယခုကာလ စည်းစိမ်ရှင်များလည်း ကံနှင့် ကံ၏အကျိုးကို နားလည်ကြပါမူ ကုသိုလ်ကောင်းမှုများကို ကြိုးစား ပြုကျင့်ကြပါလော့၊ တစ်သက်လျာမျှ တစ်ဝမ်းဝဖို့ စီးပွားအတွက် ယခုဘဝတွင် ရရှိပြီးအခြေအနေမှ မလျှောကျရအောင် နေ့စဉ် Trang148 ကြိုးစားသကဲ့သို့ တစ်သံသရာလုံး စီးပွားအတွက် အဆက်ဆက် တန်းမြင့်၍ ပါရမီရင့်အောင် ကြိုးစားကြပါ၊ ဤလူ့ဘဝသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလိုရှိရာ ရနိုင်သော ဘဝပဒေသာပင်ကြီး ဖြစ်ပါသည်။ ပါဟုဇနယျ ဂုဏ်တော်ဖွင့် (ကျက်မှန်ရန်) (၆) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖော်, သံဃာတော်အပေါင်း, ဤအရိယာ သူတော်ကောင်းသည်၊ ပါဟုနေ ယျော-ဝေးရပ်မျိုးနွယ်, များဧည့်သည်ဖို့, ရည်ရွယ်မှန်းထား, ပစ္စည်းများကို, ဘုရားတစ်ဆူ, ပွင့်တော်မူမှ, ပေါ်လာကြသည့်, ကမ္ဘာ့ဧည့်ကောင်း, သူတော်ပေါင်းမို့, အကြောင်းတိုက်စွာ, ပေးလှူ ခြင်းငှာလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ပါဟုနေယျ ဂုဏ်တော်သည် “ဧည့်သည်တို့ဖို့ စီမံအပ်သော ပစ္စည်းကို ခံယူထိုက်၏”ဟူသော အနက်ကို ပြသည်။ [ပ+အာ+ဟုန+ဧယျ၊ ပ- အရပ်တစ်ပါးမှ+အာ•လာသော ဧည့်သည်တို့အား+ဟုန-ပူဇော်အပ်သော ပစ္စည်း+ဧယျ•ခံယူထိုက်သည်။ Trang149 ယခုကာလ ရိုးရာဧည့်သည်များမှာ တွေ့ကြုံဖို့ လွယ်ကူပါ၏၊ ဧည့်ဝတ်ပြုဖို့လည်း လွယ်ကူပါ၏၊ အရိယာသံဃာတော်များကား ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံခဲ သော ကမ္ဘာ့ဧည့်သည်တော်ကြီးများ ဖြစ်ကြပေသည်၊ ထိုဧည့်သည် တော်များသည် ရိုးရာဧည့်သည်များအတွက် ချက်ပြုတ်စီမံထား အပ်သော ပစ္စည်းများကိုလည်း ခံယူထိုက်ကြပေသည်။ ဒက္ခိဏေယျ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၇) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖော်, သံဃာတော်အပေါင်း, ဤအရိယာသူတော်ကောင်းသည်၊ ဒက္ခိဏေ ယျော-တမလွန်စခန်း, ကြီးပွါးလမ်းဖို့, မျှော်မှန်းရည်ရွယ်, ပေးလှူ ဖွယ်ကို, ရည်ရွယ်သမျှ, အကျိုးရသဖြင့်, တစမချန်, အလှူခံခြင်းငှာ လည်း ထိုက်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ဒက္ခိဏေယျဂုဏ်တော်သည် “အလှူကိုခံထိုက်၏”ဟူသော အနက် ကို ပြသည်။ [ ဒက္ခိဏ+ဧယျ။ ဒက္ခိဏ-အလှူ(လှူဖွယ်ဝတ္ထု)+ဧယျ-ခံယူ ထိုက်သည်။] Trang150 နောင်တမလွန်ဘဝ၌ ကြီးပွားချမ်းသာဖို့ ရည်မှန်း၍ လှူဒါန်း အပ်သောအလှူကို “ဒက္ခိဏာ”ဟုခေါ်၏။ အရိယာ သံဃာတော်များ သည် ရည်မှန်းတိုင်းသော အကျိုးကို ရစေနိုင်သောကြောင့် ထို ဒက္ခိဏာကို ခံယူခြင်းငှာ ထိုက်တန်တော်မူကြပေသည်၊ ထိုဒက္ခိဏာ သည် မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းတစ်မျိုး, သေလွန်သူ မိဘဆွေမျိုးများအတွက် လှူဒါန်းခြင်းတစ်မျိုးဟု နှစ်မျိုးရှိ၏။ (၁) မိမိအတွက် အလှူသည် အခွင့်သာလျှင် သင့်ရာဘဝ၌ နိဗ္ဗာန်မရမချင်း အကျိုးပေးမည်၊ ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ် သူတို့ ကောင်းကျိုး ခံစားနေကြရသည်မှာလည်း သူတို့သန္တာန်မှာ ရှေးက ထို“ဒက္ခိဏာ”အလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်သည်၊ ရှေးက ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစားနေကြရသည်၊ ယခုဘဝ၌ ပြုမိသော မကောင်းမှုများအတွက် နောက်နောင်ဘဝ၌ သိသာလတ္တံ့၊ ၉၁-ကမ္ဘာအတွင်းဝယ် မိစ္ဆာဒိဋ္ဌိဖြစ်ပါလျက် နတ်ပြည်သို့ ရောက်သူ မှာ တစ်ယောက်သာ ဘုရားရှင်တွေ့မြင်တော်မူပါသတဲ့။ မိစ္ဆာဒိဋ္ဌိ ဟူရာ၌ သဲသဲမဲမဲ သူတို့အယူ၌ စွဲလမ်းသူကိုသာ ဆိုလိုသည်၊ ဗုဒ္ဓဘာသာမဟုတ်ရုံမျှကို မဆိုလို။ (၂) သေလွန်သူ ဆွေမျိုးများကို မှန်းလျက် လှူဒါန်းရာ၌ကား သေသူက ငရဲကျသော်လည်းကောင်း, တိရစ္ဆာန်အမိဝမ်း၌ ဖြစ် သော်လည်းကောင်း, အလွန်ဝေးသော တော, တောင်, မြစ်, သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း, လူ့အမိဝမ်း၌ ဖြစ်ရသော်လည်းကောင်း, နတ် ဗြဟ္မာဖြစ်ရသော်လည်းကောင်း, Trang151 ဤက လှူဒါန်းသောကုသိုလ်ကို သူတို့မသိနိုင်ကြ၊ သိနိုင်သော်လည်း သူတို့မှာ အကျိုးထူးမရကြ၊ သို့သော် လှူဒါန်းသူ ဆွေမျိုးတို့မှာကား ထုံးစံအတိုင်း ဒါနကုသိုလ် ဖြစ်ကြရပါသည်။ သေလွန်သူသည် မိမိအိမ် ရွာမြို့အနီးအပါး အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း တစ္ဆေ သရဲ)ဖြစ်နေလျှင် ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း, သင်္ကန်း စသည်ကို လှူဒါန်း၍ “ဤအလှူသည် သွားလေသူ (အမိ, အဖ, ဆွေမျိုး) အတွက် ဖြစ်ပါစေသတည်း၊ သွားလေသူ (အမိ, အဖ, ဆွေမျိုး) မည်သူ မည်ဝါသည် ချမ်းသာပါစေသတည်း” ဤကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပါလော့၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါလော့၊ အမျှဝေပါ၏”ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင်ကြားသိလျှင် သာဓုခေါ်၍ အဝတ်အစား တို့ကို နတ်သမီး နတ်သားများကဲ့သို့ပင် ရရှိနိုင်ကြသည်၊ မိမိအတွက် လှူဒါန်းနေ သော်လည်း မမြင်မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြသေး၊ ထို့ကြောင့် သေလွန်သူကို ရည်မှန်း၍ “ဒက္ခိဏာ”ကို ပြုသောအခါ မပြုမီကပင် အချို့အရပ်၌ သုသာန်စသည်သွား၍ “ယနေ့ အလှူဒါန ပြုမှာမို့ လိုက်ခဲ့ပါ”ဟု ဖိတ်မန်ကာ အိမ်သို့ ခေါ်လာကြသည်၊ ထိုကုသိုလ်ကို အလွန်ဝေးသော ရှေးရှေးဘဝက ပြိတ္တာဖြစ် ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် အဖို့ရခွင့် ရှိပါ၏၊ ထို့ကြောင့် တစ်စုံတစ်ယောက် ဆုံးသောအခါ ဆူဆူပူပူနှင့် ပကာသန အတွက် သုသာန်မှာလှူခြင်းထက် မိမိအိမ်မှာပင် ဆုံးသည့်နေ့ကစ၍ လှူဒါန်းလျက် အမျှဝေသောနည်းသာ ကောင်းမြတ်ပါသည်။ Trang152 ရက်လည်ဆွမ်း။ ။တစ်ချို့အရပ်၌ ဆွေမျိုးတစ်ယောက်အနိစ္စရောက်ပြီးသောအခါ ရက်လည်ဆွမ်းကျွေးမှုကို ပြုကြ၏၊ ထိုသို့ ပြုရာ၌ အကြောင်းရင်းကား “လူတစ်ယောက် သေဆုံးသောအခါ ကံပစ်ချရာဘဝသို့ ချက်ချင်းမပြောင်းသေးဘဲ ဘဝဟောင်း၌ ရှိရစ် သော အိမ်နှင့် ဆွေမျိုးများ၏အနီးအပါးဝယ် တဝဲလည်လည်နှင့် လှည့်လည်ကြည့်ရှုကာ ခုနစ်ရက်ကြာအောင် နေသည်”ဟု အယူရှိ ကြ၏၊ ထို့ကြောင့် ခုနစ်ရက်ပြည့်သောအခါ “ဘဝတစ်ပါးသို့ အပြောင်းတွင် ဘဝဟောင်းက ဆွေမျိုးများပြုသော ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပြီးလျှင် ကောင်းရာဘဝသို့ ရောက်ပါစေ တော့”ဟု ရည်စူးလျက် ၇-ရက်လည်မှ ဆွမ်းသွတ်ကြသည်။ နည်းလမ်းမဟုတ်။ ။စင်စစ်မှာ ထိုသို့ မှတ်ထင် စွဲလမ်းသည့်အတိုင်း ၇-ရက်မျှ မိမိအိမ်၏ အနီးအပါးတွင် စောင့်စားလှည့်လည် နေတော့သည် မဟုတ်ပါ၊ ကံစီမံရာဘဝသို့ ချက်ချင်းပင် ပြောင်းကြ ရပါသည်၊ ငရဲရောက်မည့်သူကို ကံက ဆိုင်းငံ့စောင့် စားနေမည် မဟုတ်၊ ချက်ချင်းပစ်ချလိမ့်မည်၊ နတ်ပြည်ရောက်မည့်သူကလည်း ဆွေမျိုးဟောင်းများကို ငဲ့ညှာနေမည်မဟုတ်၊ အိမ်အနီးအပါး၌နေ၍ ဤဘဝဆွေမျိုးများက ပြုမည့်ကုသိုလ်ကို မျှော်လင့်နေသူကား ပြိတ္တာဘဝ ရောက်နေသူသာတည်း၊ ထို့ကြောင့် ရက်လည်အောင် ဆိုင်းငံ့ခြင်းသည် နည်းလမ်းမဟုတ်ပါ၊ ဆုံးသည့်နေ့ကစ၍ တတ်အား သမျှ ကုသိုလ်ပြု အမျှဝေခြင်းသာ နည်းလမ်းကျပါသည်။ Trang153 ပြိတ္တာ ရှစ်သောင်းလေးထောင်။ ။ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၉၂-ကမ္ဘာအထက်၌ “ဖုဿ”မည်သော ဘုရားရှင်ပွင့်တော် မူပါသည်၊ ထိုဘုရားရှင်၏ ညီတော် မင်းသားသုံးယောက်တို့သည် စည်းစိမ်များကို ဘဏ္ဍာရေးမင်းကြီးနှင့် အခွန်ဝန်အား လွှဲအပ်၍ အရပ်ရပ်ကိစ္စတို့ကို မှာထားပြီးလျှင် ကျွန်တော်ရင်းတစ်ထောင်နှင့် တကွ တစ်ဝါတွင်းလုံး “ဆယ်ပါးသီလ စောင့်ထိန်းလျက် ကျောင်း တော်မှာ နေကြလေသည်၊ လွှဲအပ်သော ဝန်ကြီးများက ဘုရားအမှူး ရှိသော သံဃာတော်များနှင့်တကွ မင်းသားတို့၏ အခြွေအရံများ အတွက်ပါ ချက်ပြုတ်၍ ပြုစုကြရ၏။ * ဤစကားကို ထောက်၍ “ရှိရင်းရွှေငွေကို တစ်ခါတည်း မပေး မစွန့်သော်လည်း သီလစောင့်ခိုက် မကိုင်မခံလျှင် ဆယ်ပါးသီလကို စောင့်ကောင်း၏”ဟု သိသာ၏။ ထိုအခါ ကိစ္စကြီးငယ် ရွက်ဆောင်ပြုလုပ် ချက်ပြုတ်ကြသူ ဝန်မင်းဆွေမျိုးတို့သည် ရှစ်သောင်းလေးထောင်ခန့် ရှိသတတ်၊ သူတို့သည် သံဃာတော်များအတွက် ချက်ပြုတ်ထားသော စား သောက်ဖွယ်မှ သံဃာတော်များ မကပ်ရခင် နေ့စဉ်မပြတ် သား သမီးများကိုလည်း ကျွေးမွေးကြ, မိမိတို့လည်း စားသောက်မိကြ သဖြင့် ဤကမ္ဘာ၏ အစလောက်ကပင် အားလုံးပြိတ္တာများ ဖြစ်ကြ၍ စားရမဲ့ သောက်ရမဲ့ နေကြရလေသည်။ ဤဝတ္ထုကို ထောက်၍ သူများ ဒါနပြုရာ၌ မိမိတို့က ဦးဦးဖျားဖျား မစားမိအောင်, ကလေးများကိုလည်း မကျွေးမိအောင် သတိပြုကြပါ။] Trang154 ထို့နောက် ပွင့်တော်မူလာသော ရှေးဘုရားရှင်များ အထံတော် သို့ ချဉ်းကပ်လျက် စားသောက်ရမည့်ကာလကို လျှောက်ထားကြရာ “ဂေါတမဘုရား ပွင့်တော်မူလျှင် သင်တို့၏ ဆွေမျိုးဖြစ်ခဲ့ဖူးသော အခွန်ဝန်သည် ဗိမ္ဗိသာရမင်းဖြစ်၍ ဒါနပြုသောအခါ သင်တို့အား အမျှပေးဝေလိမ့်မည်၊ ထိုအခါ၌ သင်တို့ စားသောက်ကြရပေလိမ့် မည်”ဟု မိန့်တော်မူခဲ့သဖြင့် အမျှော်ကြီး မျှော်လင့်၍ နေခဲ့ကြလေ သည်။ ထို့နောက် ငါတို့ဘုရားရှင် ပွင့်တော်မူလာ၍ ဗိမ္ဗိသာရမင်းသည် ရှေးဦးစွာ လှူဒါန်းကျွေးမွေးသောအခါ အမျှမဝေမိသဖြင့် အဖို့မရ၍ ညဉ့်အခါ အသံပြုလျက် ကိုယ်ထင်ပြကြလေသည်၊ ဗိမ္ဗိသာရမင်း လည်း ဘုရားအထံတော်လာ၍ အကြောင်းကို လျှောက်ထားရာ အကြောင်းစုံကို ဟောတော်မူသောကြောင့် နောက်ထပ် သင်္ကန်း, ဆွမ်းတို့ကိုလှူ၍ အမျှပေးမှ သာဓုခေါ်ကြသဖြင့် ပြိတ္တာအဖြစ်မှ လွတ်မြောက်၍ နတ်အဝတ်အစားများ ပေါ်ပေါက်ရလေသတဲ့။ သတိထားဖွယ်။ ။ အမျှပေးဝေမှုနှင့် စပ်၍ သတိထားဖွယ်တစ်ရပ်ကို ဥပရိပဏ္ဏာသ, ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာ၌ တွေ့ရ ၏၊ မုဆိုးတစ်ယောက်သည် သေလွန်၍ ပြိတ္တာဖြစ်နေသော ဆွေမျိုး ကို ရည်စူးလျက် သီလသိက္ခာမရှိသော (ရဟန်းအတု) ကိုယ်တော် အား ၂-ကြိမ်တိုင်အောင် အလှူပေး၍ အမျှပေးဝေသော်လည်း အမျှမရဘဲရှိရာ ၃-ကြိမ်မြောက် ပေးလှူပြန်သောအခါ ပြိတ္တာက Trang155 “ငါ့ဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူထားသည်”ဟု အော်ဟစ်သတဲ့။ ဒုဿီလကို လှူ၍ အမျှပေးဝေသောကြောင့် “ငါ့မှာ အဖို့မရဘူး”ဟု ဆိုလိုသည်။] ထို့ကြောင့် ဆွေမျိုးဟောင်းကို ရည်မှန်း၍ လှူဒါန်းကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျက် သီလရှိသူအား လှူဒါန်း၍ အမျှပေးဝေမှ အဖို့ရဖွယ်ရှိကြောင်း ကောင်းကောင်းကြီး သတိပြု သင့်ကြပေသည်၊ သီလရှိသောပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင် လည်းကောင်း, ရွေးချယ်ရမှာ အားနာလျှင်လည်းကောင်း, သံဃာ အကုန်ကို ရည်မှန်းလှူဒါန်း၍ အမျှဝေသင့်ပါသည်။ “သံဃာ”ဟူရာ၌ ရဟန်းတော်အများစုမိမှ “သံဃာ”ဟု မမှတ်ရ၊ ရဟန်းတစ်ပါးပင် ဖြစ်သော်လည်း မိမိက “သံဃာအား လှူပါ၏” ဟု သံဃာကိုရည်စူး၍ ဆွမ်းတစ်ထပ် လှူလျှင်လည်း သံဃိကဒါန ဖြစ်နိုင်ပါ၏၊ ရဟန်းတော်များကို ပင့်၍ လှူရာ၌မူ အထူးပြောဖွယ် မလိုပါ၊ ထို့ပြင် သေလွန်သူကို အကျိုးရစေလိုသောဆန္ဒဖြင့် ကုသိုလ် ပြုရာ၌ မည်သည့်နည်းနှင့်မျှ ဂုဏ်ပကာသနတွေ မပါရအောင် သတိပြုသင့်ပါသည်။ အဉ္ဇလိကရဏီယ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၈) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖော်, Trang156 သံဃာတော်အပေါင်း, ဤအရိယာသူတော်ကောင်းသည်၊ အဉ္ဇလိ ကရဏီယော-တစ်လောကလုံး, ကိုင်းညွတ်ရုံးလျက်, ရွှင်ပြုံး ကြည်ညို, ရိုသေမြတ်နိုး, လက်အုပ်မိုး၍, ရှိခိုးခြင်းကိုလည်း ထိုက် တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အဉ္ဇလိကရဏီယဂုဏ်တော်သည် “လက်အုပ်ချီမှုကို ပြုထိုက်၏” ဟူသော အနက်ကို ပြသည်။ [အဉ္ဇလိ-လက်အုပ်ချီမှု+ကရဏီယ-ပြုထိုက် သည်။] အရိယာသံဃာတော်အပေါင်းသည် တစ်လောကလုံးရှိ လူနတ် ဗြဟ္မာသတ္တဝါတို့၏ ကြည်လင်ရွှင်ပြ မြတ်နိုးလှစွာ ကိုင်းညွတ်ရိုသေမှု လက်အုပ်ကို နဖူးပေါ်ရောက်အောင် မိုးလျက် ရှိခိုးမှုကို ခံထိုက် ပေ၏၊ ပုထုဇဉ် သံဃာတို့ကား အရိုအသေခံထိုက်လောက်အောင် သီလ, သမာဓိ, ပညာဂုဏ်မရှိပါလျှင် လူတို့က အရိုအသေပြုမှု ကြောင့် မိမိတို့အပေါ်၌ ကြီးလေးသော တာဝန်များတက်ရောက် လာဖွယ်ရှိသည်၊ ဝိသုဒ္ဓိမဂ်လာ အောက်ပါဂါထာသည် အလွန် သံဝေဂဖြစ်ဖွယ်ကောင်းသော ဂါထာပေတည်း။ ပိဏ္ဍောပိဿ အယောဂုဠော, အယောပတ္တောဝ စီဝရံ၊ ဝိဟာရော အယောကုမ္ဘီဝ, သတ္တိဝေဓောဝ အဉ္ဇလီ။ Trang157 အဿ-ထိုသီလသိက္ခာ, ကောင်းစွာမစင်, ပုထုဇဉ်ဆိုး, ရဟန်း မျိုး၏၊ ပိဏ္ဍောပိ-ဒကာ ဒကာမ, သဒ္ဓါကြွ၍, ထာဝရလှူဒါန်း, စားဖွယ်ဆွမ်းသည်လည်း၊ အယောဂုဠောဝ-အရှိန်ရဲရဲ, မီးလျှံစွဲသည့်, သံခဲသံလုံး, သံတုံးတွေနှင့်, တူလှလေ၏၊ စီဝရံ-ကိုယ်ဝယ်ဆင်မြန်း, ဝတ် သင်္ကန်းသည်၊ အယောပဋောဝ-အရှိန်ကြီးမား, မီးလျှံဝါးသည့် သံပြားကြီးနှင့် တူလှလေ၏၊ ဝိဟာရော-သွားရပ်ထိုင်လျောင်း, နေရာကျောင်းသည်၊ အယောကုမ္ဘီဝ-ဝန်းကျင်တောက်ပြောင်, ရဲရဲ လောင်ညီး, သံအိုးကြီးနှင့် တူလှလေ၏၊ အဉ္ဇလီ-လူသူအားလုံး, များညွတ်ရုံးလျက်, ရွှင်ပြုံးကြည်ညို, ရိုသေမြတ်နိုး, လက်အုပ်မိုး၍, ရှိခိုးကြခြင်းသည်၊ သတ္တိဝေဓောဝ-အရောင်လက်လက်, မြမြထက် သည့်, လှံရွက်ကိုမိုး, ဝိုင်း၍ ထိုးသည်နှင့် တူလှလေသတည်း။ မိမိ၏ သီလသိက္ခာ မလုံလောက်လျှင် ရဟန်းအဖြစ်၌ နေထိုင် ဖို့ရန်ပင် မသင့်တော့ပြီ၊ ရဟန်းအဖြစ်ဟူသည် အလွန်ကြီးမား သော ဆုထူးကို ရည်ရွယ်မှန်းထားသော အဂ္ဂသာဝက မဟာသာဝက အလောင်း, ဘုရားအလောင်းများနှင့်သာ သို့မဟုတ် နိဗ္ဗာန်ကို မြန်မြန်ရလို၍ သံသရာ၌ ငြီးငွေ့သော သူတော်ကောင်းတို့နှင့်သာ ထိုက်တန်၏၊ အမှတ်တမဲ့နေသူတို့မှာ ဗုဒ္ဓသာသနာတော်နှင့် မတန်မရာချေ။ သို့ပါလျက် အမြင်တိုသော ဆွေမျိုးများက “လူ့ဘောင်၌ တေလေလုပ်နေလျှင် အိမ်မှာ အနှောင့်အယှက်ပေးလိမ့်မည်၊ Trang158 ရာဇဝတ်မှု ကျူးလွန်လျှင် ထောင်ကျ၍ ဆင်းရဲလိမ့်မည်၊ ဘာမှ အလုပ်အကိုင် မတတ်လျှင် အသက်မွေးမှု ခက်လိမ့်မည်၊ ဘုန်းကြီး လုပ်နေလျှင်ကား အစားအသောက် အနေအထိုင် မကြောင့်ကြရ၊ ဘာမျှမလုပ်ကိုင်ဘဲ ဘုရားထူး ဦးချခံ၍ ဟန်ဟန်ပန်ပန်ကြီး နေနိုင်သည်”ဟု သူတို့တွက်ကိန်းအရ အိမ်၌ အသုံးကျပုံ မပေါ်သူကို ဘုန်းကြီးလုပ်ဖို့ တိုက်တွန်းလိုက်ကြသဖြင့် သာသနာ့ဝန်ကို မဆောင် နိုင်ဘဲ သာသနာတော်ကြီးကို “ဖိစီး”နေသော သာသနာ့ဝန်စီးတွေ ပေါများ၍နေသည်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလှတော့၏။ လောကကောင်းကျိုးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်ကောင်း များနှင့် ဆက်ဆံခွင့်မရသော ခေတ်လူငယ် တစ်ချို့က ထိုသာသနာ့ ဝန်စီးများကိုကြည့်၍ သာသနာရေးကို ပစ်ပယ်လိုသော စိတ်ထား များလည်း ယခုအခါ ပေါ်ပေါက်လာသဖြင့် သာ၍ ကြောက်ဖွယ် ဘေးကြီးနှင့် ရင်ဆိုင်ရတော့မလို ဖြစ်နေချေပြီ၊ ဝန်ဆောင်ပုဂ္ဂိုလ် များသည် သာသနာသန့်ရှင်းရေးကို ကြိုးစားနိုင်ကြလျှင် ကြိုးစားဖို့ အချိန်ရောက်နေပါပြီ၊ မကြိုးစားနိုင်ကြလျှင်ကား တစ်ခြားနိုင်ငံက ဘုန်းကြီးများ၏ အခြေအနေသို့ ရောက်ဖို့ရန် အချိန်ကြာကောင်းမှ ကြာပေလိမ့်မည်။ [တစ်ခြားနိုင်ငံ၌ ဘုန်းကြီးအခေါ်ခံရသူများကို အထက်တန်းမှာ မထားကြ၊ ထိုဘုန်းကြီးများလည်း သင့်တော်သလို ရှာဖွေ၍ အသက်မွေးကြရရှာသည်။] Trang159 အနုတ္တရ ပုညခေတ္တ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၉) ဘဂဝတော-ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား ၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး, သီးခြားရှစ်ဖော်, သံဃာတော်အပေါင်း, ဤအရိယာသူတော်ကောင်းသည်၊ လောကဿ- လူနတ်ဗြဟ္မာ, သတ္တဝါအပေါင်း၏၊ အနုတ္တရံ-အတုမရှိ မြတ်ခေါင် ထိသော၊ ပုညခေတ္တံ-ကုသိုလ်ကောင်းမှု, မျိုးစေ့စု၏, ကြီးထုမြင့်မား, စွင့်စွင့်ကားလျက်, ဖွံ့ထွားဖွယ်ရာ, လယ်ယာမြေကောင်းအတူ, ဖြစ်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အနုတ္တရပုညခေတ္တဂုဏ်တော်သည် “ကောင်းမှုမျိုးစေ့ကို ကြဲချ စိုက်ပျိုးဖို့ရန် မြတ်သောလယ်ယာနှင့် တူတော်မူ၏”ဟူသော အနက်ကို ပြ၏။ [အနုတ္တရ-မြတ်သော+ပုည-ကောင်းမှု+ခေတ္တ-လယ်ယာ။] အရိယာသံဃာတော်သည် လယ်ယာမြေကောင်းနှင့် တူ၏၊ ကောင်းမှုရှင်များကား လယ်ယာရှင်နှင့် တူသည်၊ ကောင်းမှုရှင်များ ပြုကြသော လှူဒါန်းမှု, ရဟန်းတော်များ၏ အဆုံးအမအတိုင်း သီလ ဆောက်တည်မှု, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုမှာ အောင်အောင် မြင်မြင် အနှစ်ပြည့်ဝသော မျိုးစေ့နှင့် တူသည်။ လယ်ယာစိုက်ပျိုးရာ၌ မြက် သစ်ပင် စသော အနှောင့်အယှက် ကင်း၍ သန့်ရှင်းသော လယ်ယာ၌ စိုက်ပျိုးသော မျိုးစေ့များသည် Trang160 စည်ပင်ပြန့်ပွား ဖွံ့ထွားကြီးမားသကဲ့သို့ ကောင်းမှုရှင်များသည် လှူဒါန်းမှု အစရှိသော မျိုးစေ့တို့ကို အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်ပြီးသော အရိယာသံဃာတော်၌ စိုက်ပျိုးကြဲချလိုက်မှသာ နောင်အချိန်ကျသောအခါတွင် အလွန်ကြီးမားသော အကျိုးများကို ခံစားကြရပါလိမ့်မည်။ ထို့ကြောင့် ယခုနှယ်အခါ အရိယာသံဃာဟူ၍ သိသိသာသာ မထင်ရှားရကား သံဃာအများနှင့် စပ်ဆိုင်သော ကထိန်သင်္ကန်း လှူဒါန်းမှု, နေ့စဉ်ဆွမ်းလောင်းမှုစသော ကိစ္စ၌ ပရိနိဗ္ဗာန်စံဝင် ပြီးသော သံဃာတော်များနှင့် တစ်သာသနာလုံး သံဃာတော်များကို ရည်မှန်း၍ လှူဒါန်းကြပါ၊ တစ်ပါး နှစ်ပါး စသည် လှူဒါန်းရာ၌ကား သီလ, သမာဓိ, ပညာ ကောင်းစွာလုံလောက်သော ပုဂ္ဂိုလ်များကို ရွေးချယ်၍ လှူဒါန်းမှသာ အကျိုးများများ ရနိုင်ပါမည်၊ ပုထုဇဉ် သူတော်ကောင်းများလည်း သောတာပန်လောက်နီးနီး ခရီးရောက် ကြပေသည်။ လာစာနတ်သမီး ဝတ္ထု။ ။ ဘုရားလက်ထက်တော်က ဆင်းရဲသူ အမျိုးသမီးတစ်ယောက်သည် လယ်တောစောင့်ရင်း သွားရည်စာ အဖြစ် စားဖို့ရာ ပေါက်ပေါက်ကလေးများကို လှော်ထား၏၊ အရှင်မဟာကဿပမထေရ်မြတ်လည်း နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲသူမကလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံကြွတော်မူ သည်၊ အမျိုးသမီးကလေးသည် မိမိစားဖို့ရာ ပေါက်ပေါက်ကလေး များကို လာရောက်လှူဒါန်းပြီးလျှင် ဝမ်းမြောက်ဝမ်းသာ မိမိ၏ အလှူကို အောက်မေ့လျက် လယ်စောင့်တဲသို့ အပြန်တွင် ကစင်း Trang161 (ကန်သင်း)ရိုးမှ မြွေကိုက်သဖြင့် ချက်ချင်းဆုံးလေသည်၊ ထိုအခါ မိမိကုသိုလ်ကို ဝမ်းမြောက်သောစိတ်က စွဲနေသဖြင့် အလွန် မဆင်းရဲရဘဲ နတ်ပြည်သို့ရောက်၍ ပေါက်ပေါက်ဇာတွေ တွဲရရွဲဆွဲ နေသောဘုံ၌ နတ်သမီးဖြစ်ကာ “လာဇာနတ်သမီး”ဟု ထင်ရှား လေသည်။ [ပေါက်ပေါက်ကို ပါဠိလို “လာဇာ”ဟု ခေါ်သည်။] ထို့နောက် အရှင်မဟာကဿပမထေရ်ကို ကျေးဇူးတင်လှ၍ ဝတ်ကြီးဝတ်ငယ် ပြုစုလိုသောကြောင့် အရှင်မဟာကဿပ နေရာလိုဏ် ဂူသို့ ဆင်းလာသောအခါ အရှင်မဟာကဿပက အပြုအစုမခံ သဖြင့် ငိုငိုရီရီနှင့် နတ်ပြည်သို့အပြန်တွင် ဘုရားရှင် မြင်တော်မူ၍ တရားဟောတော်မူရာ “သောတာပန်”အဖြစ်သို့ ရောက်လေသည်၊ ဤသို့လျှင် အရိယာသံဃာတော်သည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတူမရှိသော လယ်ယာမြေကောင်းနှင့် တူပါပေသည်။ [ဓမ္မပဒ အဋ္ဌကထာ, ပါပဝဂ်။] ဤဝတ္ထု၌ အနည်းငယ်သော ပေါက်ပေါက်ကလေးများကို လှူဒါန်းမှုကြောင့် နတ်စည်းစိမ်ရရုံမျှမက သောတာပန်ဖြစ်သည့် တိုင်အောင် ကြီးကျယ်သော အကျိုးထူးကို ရသည်မှာ ညောင်စေ့ ကလေး စိုက်ပျိုးလိုက်ရာ ညောင်ပင်ကြီးပေါက်လာသည်နှင့် တူသော ကြောင့် “ညောင်စေ့လောက် လှူလိုက်လျှင် ညောင်ပင်ကြီးလောက် ရ၏”ဟု ပြောစမှတ်ပြုကြသည်။ Trang162 တိုက်တွန်းချက်။ ။ယခုကာလ မိကောင်း ဖကောင်း သားသမီး တို့မှာ ရှေးကပြုခဲ့သော အကုသိုလ်တွေရှိစေကာမူ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် (အပါယ် ၄-ပါးသို့ မချရလျှင် မနေနိုင် လောက်အောင်) ကြီးကျယ်သော အကုသိုလ်ကံများကား အကျိုးပေး သင့်သမျှ ပေးပြီးဖြစ်၍ နောက်ထပ် အကျိုးပေးဖို့ရာ အကုသိုလ် ကံကြီးများ မရှိသလောက် နည်းပါးလေပြီ၊ ထို့ကြောင့် ယခုဘဝ၌ ကြီးကျယ်သော အကုသိုလ်ကံများကို နောက်ထပ်မဖြစ်ရအောင် စောင့်စည်း၍ ကြိုးကြိုးစားစား ပါရမီဖြည့်သွားလျှင် ကောင်းသော ဘဝသို့ ရောက်ဖို့ရန်မှာ မလွဲနိုင်တော့ပြီ၊ တကယ်တမ်း လိုချင်ပါမူ နိဗ္ဗာန်နှင့် နီးလှပေပြီ။ ယခုဘဝကား သေရေးရှင်ရေးထက် အရေးကြီးသော ဘဝပေ တည်း၊ ယခုဘဝ၌ မေ့မေ့လျော့လျော့နှင့် ခပ်ပေါ့ပေါ့နေသွား ကြလျှင် သံသရာမှ ကျွတ်လွတ်ဖို့အတွက် မျှော်လင့်ချက် ဝေးလှ၏၊ ယခုဘဝ၌ အားရပါးရ ကြိုးစားကြလျှင်ကား အထက်တန်းရောက် ဖို့လည်း မခက်, သံသရာမှ လွတ်ဖို့လည်း မခက်တော့ပြီ၊ သို့အတွက် ကိုယ်စီကိုယ်င စိတ်ထားမြင့်မြတ်အောင် ပြုပြင်လျက် အကုသိုလ် များကို အထူးဆင်ခြင်ကြပြီးလျှင် ပြခဲ့သောဝတ္ထုကို ထောက်ထား၍ ကုသိုလ်ကောင်းမှုကို နေ့စဉ် ကြိုးစားကြပါ၊ ထိုကဲ့သို့ ကြိုးစား၍ စိတ်ကောင်းထားသူသည် ဘဝအဆက်ဆက်၌ သူတော်ကောင်းနှင့် တွေ့၍ ထိုသူတော်ကောင်းအထံမှ ကောင်းသောဩဝါဒကို ရနိုင်ပါ ၏၊ ထိုဩဝါဒအတိုင်း နေထိုင်လျှင် အပါယ်မကျနိုင်တော့ဘဲ ပါရမီ အဆင့်ဆင့် ရနိုင်ပါသည်။ Trang163 သူတော်ကောင်းဆိုသည်မှာ- (၁) ( ငါးပါးသီလကို လုံခြုံသူ၊ (၂) ငါးပါးသီလ၌ မပါသေးသော ဒုစရိုက်များကို ရှောင်လေ့ရှိသူ၊ (၃) ဣဿာ မစ္ဆရိယ မဖြစ်အောင် သတိထားသူ၊ (၄) ဒါနစသော ပုညကိရိယဝတ္ထုကို စွမ်းနိုင်သမျှ ပြုလေ့ရှိသူသာတည်း။ သံဃာရှိခိုး ဂါထာဖွင့် (ကျက်မှန်ရန်) ဧဝံ န၀ဟိ ဂုဏေဟိ, လောကမှိ ဝိဿုတံ ဂဏံ, သာသနံ စိရဓာတာရံ, ဝန္ဒာမိ တီဟိ သာဒရံ။ ဧဝံ နဝဟိ ဂုဏေဟိ-ဤသုပ္ပဋိပန္နတာ, အစလာသည့်, ကိုးဖြာ သော ဂုဏ်တော်အပေါင်းတို့ဖြင့်၊ လောကမှိ-ဘဝဂ်ဆုံးအောင်, ဘုံ သုံးဆောင်၌၊ ဝိဿုတံ-တိတ္ထိတို့ဘောင်, လွန်များမြောင်သည့်, ဟန်ဆောင်သံဃာ, အဖြာဖြာထက်, အရာရာဖြင့်, ဂုဏ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေထသော၊ သာသနံ-ကမ္ဘာ့ကမ္ဘာ, လွန်လေပါ လည်း, တစ်ခါတစ်ဖန်, ကြုံရန်ခဲကပ်, အမြတ်ရတနာ, ဤသာသနာ တော်မြတ်ကြီးကို၊ စိရဓာတာရံ-ဘုရားလက်ထက်, အဆက်ဆက်မှ, မပျက်ရအောင်, ပို့ချသင်ယူ, ဆောင်ရွက်တော်မူလာပေထသော၊ ဂဏံ-အတွင်းစိတ်ဓာတ်, မြင့်မြတ်ကြည်လင်, သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊ တီဟိ-လက်အုပ်အဉ္ဇလီ, နှုတ်သံ Trang164 ချီ၍, ရွှင်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ် ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း, ပုံတော်မှန်းလျက်, ချီးမွမ်းထောမနာ, ပဏာညွတ်ကျိုး, လက်စုံမိုး ၍, ရှိခိုးကန်တော့ပါ၏ဘုရား။ ဂုဏ်တော် ၉-ပါးကို သံဃာ့ဂုဏ်တော်ဖွင့် အစ၌ ပြခဲ့ပြီ။ ကြည့်ရှုရန် အဓိပ္ပာယ် တိတ္ထိတို့ဘောင်, ကြီးမြင့်ထင်ရှားပေထသော။ ။ဘာသာတိုင်း၌ ဘုရားအပြင် တပည့်သံဃာများလည်း ရှိကြရိုးပင် ဖြစ်ပေ၏၊ တိတ္ထိတပည့်ဟူသမျှတို့ထက် ဘုရားရှင်၏ အရိယာဖြစ်ပြီးသော တပည့်သံဃာတော်များက အရာရာ၌ ဂုဏ်အရည်အချင်း သာလွန် ကျော်စောတော်မူကြပေသည်။ ရာဇဂြိုဟ် သူဌေးကြီး။ ။ဘုရားရှင် လက်ထက်တော်အခါ ရာဇဂြိုဟ်ပြည်၌ သူဌေးတစ်ဦးသည် ရေချိုးရာမှ စန္ဒကူးနံ့သာတုံး ကို ရသဖြင့် သပိတ်လုပ်စေပြီးလျှင် “ယခုကာလ၌ ရဟန္တာတွေ အလွန် ပေါများနေပေသည်၊ ရဟန္တာအစစ်ရှိလျှင် ဤသပိတ်ကို တန်ခိုးဖြင့် ဆောင်ယူပါလော့”ဟု ကြော်ငြာပြီးလျှင် အတောင် ၆ဝ- မြင့်သော ဝါးကြီးကို စိုက်ထောင်ကာ သပိတ်ကို ဆွဲထားလေသည်၊ ထိုအခါ တပည့်သံဃာများနှင့်တကွ တိတ္ထိဆရာကြီးများကိုယ်တိုင် လာ၍ ဈာန်ပျံတော့မည့်ဟန်ကိုပြရာ တပည့်များက “အရှင်ဘုရား Trang165 သပိတ်ကလေး တစ်လုံးအတွက် အဖိုးများစွာထိုက်သော တန်ခိုး တော်ကို ပြတော်မမူပါနှင့်ဘုရား”ဟု ဆွဲကြငင်ကြ တောင်းပန်ကြ၍ ဟန်ကိုပြလျက် ပြန်ကြလေသည်။ ဤနည်းအတိုင်း ဟန်ပြလျက် အချိန်ကုန်ပြီးနောက် ၇-ရက်မြောက် ၌ကား အရှင်မောဂ္ဂလ္လာန်၏ တိုက်တွန်းချက်အရ အရှင်ပိဏ္ဍောလ မထေရ်သည် သုံးဂါဝုတ်လောက်ရှိသော ကျောက်ဖျာကြီးကို ခြေမ ဖြင့်တို့ယူ၍ ရာဇဂြိုဟ်ပြည်၏အထက် ကောင်းကင်၌ ဈာန်ပျံလေရာ တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်ဆူကာ “အရှင်ဘုရား သတိထား တော်မူပါ၊ ကျောက်ဖျာကြီး ကျလာပါလိမ့်မည်, သတိထားတော်မူပါ” ဟု လက်နှစ်ဖက်ဖြင့် ဦးခေါင်းပေါ်မှာ ကွယ်ကာကြလျက် တောင်းပန် သူက တောင်းပန်, ဗန်း-ဆန်ကော စသည်ကို ဦးခေါင်းပေါ်တင် ၍ ကာကွယ်သူက ကာကွယ်, အိမ်တွင်းမှာ ပုန်းသူက ပုန်းနှင့် တရုန်းရုန်း လှုပ်ရှားနေလေသည်။ [ဈာန်အဘိညာဉ်၏ တန်ခိုးသည် လေးသောအရာ ပေါ့, ပေါ့သောအရာ လေးအောင် ပြုနိုင်သည်။] ထို့နောက် အတော်ကြာအောင် လှည့်ဝဲပြီးမှ သူဌေးကြီး၏ ပင့်လျှောက်ချက်အရ ကျောက်ဖျာကြီးကို သူ့နေရာသူချ၍ ကောင်းကင်မှ ဆင်းသက်တော်မူခဲ့သည်၊ ဤသို့လျှင် ဘုရားရှင်၏ သာဝကဖြစ်သော သံဃာတော်များသည် တိတ္ထိတို့၏ ဟန်ဆောင် သံဃာများနှင့် အနေအထိုင်မှစ၍ ဂုဏ်အရည်အချင်းအားဖြင့် အရာရာကွာခြားလျက် ကြီးကျယ်ထင်ရှားပါပေသည်။ စူဠဝဂ္ဂ ပါဠိတော်, ခုဒ္ဒကဝတ္ထု၊ ခန္ဓက။ Trang166 သာသနာသုံးရပ် (၁) ပရိယတ္တိသာသနာ-ပါဠိတော်နှင့် အဋ္ဌကထာကျမ်းစာများ။ (၂) ပဋိပတ္တိသာသနာ-တရားတော်အတိုင်း ကျင့်ကြံအားထုတ်မှု။ (၃) ပဋိဝေဓသာသနာ-မဂ်ဖိုလ်နိဗ္ဗာန်တရားကို သိကြ ရကြမှု။ သံဃာတော်သည် သာသနာတော်မဟုတ်, သာသနာ့ဝန်ဆောင် များသာတည်း၊ ထိုသာသနာ့ဝန်ဆောင်ဖြစ်ကြသော သံဃာတော် များ၏ တာဝန်ကား အထက်ပါ သာသနာသုံးမျိုးကို ကိုယ်တိုင် အားထုတ်ခြင်း, သူတပါးကို နားလည်အောင် ပို့ချဟောပြခြင်း အားဖြင့် ကွယ်ပျောက်မသွားအောင် စောင့်ရှောက်ရခြင်းတည်း။ ဘုရားလက်ထက် ဆောင်ရွက်တော်မူပုံ။ ။ဤသာသနာသုံးရပ်ကို မကွယ်ပအောင် ဘုရာလက်ထက်တော်မှစ၍ ကျမ်းဂန်တတ်သိ ပညာရှိအပေါင်းတို့သည် အဆက်ဆက် ဆောင်ရွက်တော်မူလာခဲ့ ကြလေသည်၊ အကယ်၍ ရှေးရှေးက သံဃာတော်များသည် ကိုယ်ကျိုးအတွက်သက်သက်ကြည့်၍ တရားကိုချည်း အားထုတ် နေခဲ့ကြ၍ သော်လည်းကောင်း, ရဟန်းသံဃာများကို အဆက်ဆက် စာပေမပို့ချဘဲ အေးအေးနေခဲ့ကြသော်လည်းကောင်း, ဒကာ ဒကာမတွေကိုသာ ဟောပြ၍နေခဲ့ကြသော်လည်းကောင်း ဤ သာသနာသုံးရပ်သည် ဘုရားရှင် ပရိနိဗ္ဗာန်စံတာ်မူပြီးနောက် မကြာခင် ကွယ်ပျောက်ခဲ့ရာ၏၊ စာချဆရာတော်တို့၏ အပင်ပန်းခံ လျက် ကျမ်းဂန်ပြုခြင်း, အဆက်ဆက် စာပို့ချခြင်းကြောင့်သာ Trang167 ယခုတိုင်အောင်ပင် ဤသာသနာတော်ကြီးကို အားလုံးတွေ့ကြုံရ ပေသည်၊ သာသနာတော် တည်တံ့ရေးကို သတိပြုမိသောအခါ ကျမ်းပြု စာချဆရာတော်များသည် အထူးကြည်ညိုစရာ ကောင်းလှ ပါပေသည်၊ ထို့ကြောင့် ကျမ်းဂန်တတ်သိ ပညာရှိများကို “ဘုရား အရာထား၍ ဘုရားရှင်ကိုယ်တော်စား သာသနာပြုပုဂ္ဂိုလ်များ”ဟု မြှောက်စားခဲ့ကြပေသည်။ သာသနာဆောင်ရွက်ခဲ့ပုံ အစဉ် ပဋ္ဌမ သင်္ဂါယနာတင်ခြင်း။ ။ဘုရာရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်၌ ၃-ရက်လောက်အကြာမှာ အရှင်မဟာကဿပ ရှေ့တွင် ရဟန်းတစ်ပါးက မဖွယ်မရာစကားဖြင့် ရှင်တော်ဘုရားကို ထိပါး ပုတ်ခတ်ခြင်းကြောင့် ပရိနိဗ္ဗာန်စံပြီး၍ လေးလမြောက်မှာ အရှင် မဟာကဿပကိုယ်တိုင် ကြီးကြပ်၍ ပိဋကတ်တော်များကို စီစဉ်ကာ သင်္ဂါယနာတင်ခဲ့ရသည်။ [အားလုံးပေါင်း၍ တညီတညွတ်တည်း ရွတ်ဆိုကြခြင်းကို “သင်္ဂါယနာတင်ခြင်း”ဟုခေါ်ရသည်။ သံ+ ဂါယနာ၊ သံ-စုပေါင်း၍+ဂါယနာ-ရွတ်ဆိုခြင်း။] ဒုတိယ သင်္ဂါယနာတင်ခြင်း။ ။ထို့နောက် အနှစ်တစ်ရာလောက် ကြာပြန်လျှင် ရဟန်းအချို့တို့ ငွေအလှူခံမှုကြောင့် “အရှင်မဟာ ယသ” တိုက်တွန်းချက်အရ ဒုတိယသင်္ဂါယနာ တင်ခဲ့ရပြန်သည်။ [မအပ်မရာ ငွေအလှူခံမှုကား သို့ကလောက်ပင် အရေးကြီး၏။ တတိယ သင်္ဂါယနာတင်ခြင်း။ ။ထို့နောက်ဘုရားရှင် ပရိနိဗ္ဗာန် စံ၍ အနှစ် ၂၃၅-နှစ်မြောက်တွင် ဓမ္မာသောကမင်းကြီး၏ Trang168 လက်ထက်မှာ သာသနာတော်ဝင်၍ တိတ္ထိတို့ နှောင့်ယှက်မှုကြောင့် “အရှင်မောဂ္ဂလိပုတ္တတိဿ”အမှူးပြုလျက် တတိယ သင်္ဂါယနာ တင်ခဲ့ရပြန်သည်။ စတုတ္ထ သင်္ဂါယနာတင်ခြင်း။ ။ထိုသင်္ဂါယနာတင်ပြီးနောက် သာသနာတော်သည် သီဟိုဠ်ကျွန်းနှင့်တကွ အရပ်ရပ် ပျံ့နှံ့လေရာ သထုံပြည်တိုင်အောင် ရောက်လာလေသည်၊ သီဟိုဠ်ကျွန်း၌ များစွာ စည်ပင်ထွန်းကားစဉ် “ဗြဟ္မဏတိဿ”သူပုန်ဘေးကြီး ဖြစ်ပေါ်လာ၍ ပြည်ရွာ မငြိမ်သက်ရကား ရဟန်းအများပင် မဇ္ဈိမဒေသ အိန္ဒိယ ဘက်သို့ ကူးသွားကြရလေသည်။ ထိုအခါ ကျမ်းတတ်အကျော် အချို့ဆရာတော်တို့သည် သီဟိုဠ်ကျွန်းမှာ ကျန်ရစ်ခဲ့ကြ၍ လူအများလည်း တောထဲ၌ ပုန်း အောင်းနေရကား ဆွမ်းဘောဇဉ်ကို မျှတအောင် မဆိုထားဘိ, စားကောင်းရာရာ သစ်သီးသစ်ရွက်ကိုမျှ မှန်မှန်လှူနိုင်သူ မရှိသဖြင့် ရံဖန်ရံခါ အစာအာဟာရကို မရကြပါ၊ သို့သော် နှုတ်တက်ဆောင် ထားသော ကျမ်းဂန်များကို မေ့မည်စိုးသောကြောင့် ရေစိုသော သဲပြင်ပေါ်မှာ လျောင်းပြီးလျှင် ရင်မပူရအောင် ရင်ဘတ်ပေါ်မှာ သဲစိုတင်၍ ပိဋကတ်တော်များကို ရွတ်အံသရဇ္ဈာယ်ကာ ဆောင်ရွက် ခဲ့ရှာကြပေသည်။ (လုံ့လတော် ကြီးမား၍ သာသနာတော်မှာ ကျေးဇူးတော် များကြပါပေစွာ့။) Trang169 ထို့နောက် သူပုန်ဘေးကြီး ငြိမ်းအေးသွားသောအခါ အားလုံး သံဃာတော်များ သီဟိုဠ်ကျွန်းသို့ ပြန်ရောက်ကြသဖြင့် နောက်နောင် အခါ ယခုလိုဘေးကြီး ဖြစ်လာခဲ့လျှင် နောင်လာနောက်သားတို့ ပိဋကတ်တော်ကို နှုတ်တက်ဆောင်နိုင်ရန် ခဲယဉ်းမည်ကို မြင်တော် မူကြ၍ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်(၄၅ဝ)လောက်မှာ ဝဋ္ဋဂါမဏိမင်း၏ လက်ထက်၌ ပိဋကတ်တော်များကို ပေရွက်ပေါ် ရေးသားစေ၍ စတုတ္ထသင်္ဂါယနာ တင်တော်မူခဲ့ရပြန်သည်။ [စတုတ္ထ သင်္ဂါယနာမတင်မီက ယခုကာလလို စာဖြင့်ရေးသားမထားဘဲ နှုတ်တက်ရအောင် ဆောင်ခဲ့ကြပါသည်။] ပဉ္စမသင်္ဂါယနာတင်ခြင်း။ ။စတုတ္ထသင်္ဂါယနာ တင်ပြီးနောက် မြန်မာနိုင်ငံတွင် သထုံမှ ပုဂံသို့ သာသနာဆက်၍ အင်းဝနေပြည် တော်၌ “ရွှေနန်းကျော့ရှင် နရပတိ”မင်း၏ လက်ထက်ရောက်သော အခါ “သိုဟန်ဘွား”ခေါ် ရှမ်းလူမျိုးက နှောင့်ယှက် အုပ်စိုးလာ သဖြင့် သာသနာတော် ကစဉ့်ကရဲဖြစ်ကာ ကျမ်းစာများကို မီးရှို့ ပြီးလျှင် ရဟန်းတော်အမြောက်အများကို သတ်ဖြတ်ကြရာတွင် စာတတ်ပုဂ္ဂိုလ်ချည်းပင် သုံးရာကျော်လောက် ပါသွားသတဲ့၊ ထိုအခါ ကျန်ရစ်သော ရဟန်းတော်များက စာပေများကို စုဆောင်းကြရာ ဝိနည်းငါးကျမ်းတွင် ပရိဝါပါဠိတော်ကို ရှာဖွေမရဘဲ ရှိလေသော် အတော်ကြာအောင် လိုက်၍ ရှာကြမှ နှုတ်လွတ်ရသော တောကျောင်း ဘုန်းတော်ကြီး “အရှင်ဒီပ”ကို တွေ့၍ ကူးယူကြရလေသတဲ့။ ထိုသို့ ကြိုးကြိုးစားစားနှင့် မြန်မာဆရာတော်များ ဆောင်ရွက် လာခဲ့ကြရာ မင်းတုန်းမင်းလက်ထက်မှာ “ပဉ္စမသင်္ဂါယနာတင်” Trang170 အနေသို့ ရောက်အောင် တံဆိပ်ရဆရာတော်ကြီးများ ပြင်ဆင် လျက် ကျောက်ထက်အက္ခရာ တင်တော်မူခဲ့ကြပေသည်၊ ထိုမင်း တရား၏ သာသနာတော်ကို မြှောက်စား ချီးမြှင့်မှုကြောင့် ယခုအခါ မြန်မာနိုင်ငံ သာသနာတော်သည် အဘိဓမ္မာဘက်နှင့် ဝိနည်းဘက်၌ သီဟိုဠ်, ယိုးဒယား, တိဗက်, ဂျပန်, တရုတ်ပြည်၌ရှိသော သာသနာ ထက် သာလွန်ကောင်းမြတ်လျက် ရှိပေသည်။ ဤသို့ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူသည်မှ စ၍ သာသနာ တော်ကြီး ကွယ်ပျောက်သင့်ပါလျက် မကွယ်ပျောက်ရလေအောင် ဆောင်တော်မူလာကြသော အရိယာသံဃာတော်များနှင့် ပုထုဇဉ် ပညာရှိအပေါင်း သူတော်ကောင်းတို့သည် နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်များအဖို့မှာ လွန်စွာ ကျေးဇူးများကြပါပေသည်။ အထူးသတိပေးချက်။ ။ဤပြခဲ့သော စကားစဉ်အရ သံဃာ့ ရတနာ၏ အကြောင်းအရာနှင့်တကွ သာသနာ့ဝန်ဆောင်ပုဂ္ဂိုလ် များကို ရွေးချယ်တတ်လောက်ပါပြီ၊ တစ်ရံတစ်ခါ သံဃာကုန် ရည်မှန်း၍ လှူဒါန်းရာ၌ ပုဂ္ဂိုလ်ကောင်း-ဆိုးကို ရွေးချယ်ဖို့ မလိုပါ၊ ပုဂ္ဂိုလ်ကို မမှန်းဘဲ သံဃာအားလုံးကို မှန်းနိုင်ပါလျှင် သင်္ကန်း တစ်ထည်လောက်ဖြင့်လည်း သံဃိကဒါန မြောက်ပါ၏။ ကျောင်းကန်တိုက်တာ တည်ဆောက် ကိုးကွယ်ကြရာ၌ကား အတွင်းအပြင် စိတ်နေသဘောထားနှင့်တကွ အနေအထိုင် ပညာ အရည်အချင်းတို့ကို အတော်ကြာအောင် စုံစမ်းပြီးမှ ကိုးကွယ်သင့် Trang171 ပါသည်၊ မလုံလောက်သောပုဂ္ဂိုလ်ကို ကိုးကွယ်မိလျှင် ကျောင်းပေါ် က နှင်ချဖို့လည်းအခက်, ဆက်လက်၍ လှူဒါန်းနေဖို့လည်း စိတ်မပါ ဘဲ “အေးစေဖို့ တရားနာ, ပူဇာစ အကျိုး” ဖြစ်နေတတ်ပါသည်။ ယခုကာလ၌ကား အပြင်ပန်း အပြောကောင်းကိုရွေးကာ အသံ သာသာနှင့် ဂါထာကလေး ရွတ်တတ်, မိမိတို့နှင့် အလိုက်သင့် ပြောတတ် ဟောတတ်သူကို တကယ်ကျမ်းတတ်ကြီးဟု ထင်လျက် ဆက်လက်ကိုးကွယ်ကာ ပြင်၍မရအောင် “ဖွတ်ထွက်လာမှ တောင်ပို့ မှန်း”သိကြရလေသည်၊ ဒကာ ဒကာမတွေက အပြောဟောကောင်းကို နှစ်သက်မှုကြောင့် ရိုးရိုးကုပ်ကုပ်နှင့် စာပေပို့ချနေသော သာသနာ့ ဝန်ဆောင်ပုဂ္ဂိုလ်များမှာ ပစ္စည်းလေးဖြာ နည်းပါးသလောက် ဟောပြောနိုင်, အိမ်ပေါက်စေ့ လည်နိုင်သော ပုဂ္ဂိုလ်များမှာ ပေါများ ပိုမောက်လျက် ရှိလေသည်။ ထင်ရှားသော တိုက်တာ၌ စာချဘုန်းတော်ကြီးဖြစ်ဖို့ရန်မှာ ၁ဝ-နှစ်, ၁၅-နှစ်ခန့်မျှ ပင်ပန်းကြီးစွာ ကြိုးစားရ၏၊ ထင်ရှားသော တရားဟောပုဂ္ဂိုလ် ဖြစ်ဖို့ရာကား ပင်ကိုယ်က အသံကောင်းလျှင် လပေါင်းအနည်းငယ်မျှဖြင့် လုံလောက်ဖွယ်ရှိ၏၊ စာချဘုန်းကြီး ဖြစ်သည့်တိုင်အောင် ထောက်ပံ့မည့် ဒကာ ဒကာမများ ရနိုင်ခဲ၏၊ ယခင်ပုဂ္ဂိုလ်များမှာ ရောက်လေရာအရပ်တိုင်း၌ ထောက်ပံ့မည့်သူ မရှားတော့ချေ၊ ပစ္စည်းလေးပါးချို့တဲ့သော စာချဘုန်းတော်ကြီး အချို့မှာ ယခင်ပုဂ္ဂိုလ်များ၏ အောက်သို့ ကြို့ကြရ၏၊ ထို့ကြောင့် Trang172 ယခုအခါဝယ် စာပေပို့ချလျက် သာသနာ့တာဝန်ကို ဆောင်ရွက်နိုင် မည့်ပုဂ္ဂိုလ်များ နည်းပါးရုံသာမက ရှိသမျှ အချို့မှာလည်း သာသနာ့ တာဝန်ကို ခရီးတွင်အောင် မဆောင်နိုင်တော့ချေ။ ဤကဲ့သို့ ဖြစ်ရာ၌ ချွတ်ယွင်းချက်မှာ နှစ်ဖက်လုံး၌ပင် မကင်း ဟု ထင်၏၊ စာချပုဂ္ဂိုလ်များသည် စာကိုသာ ပို့ချ၍ လုံးဝပင် မဟောလိုကြ၊ သာသနာတော်၏ အခြေအမြစ်အမှန်ကို နားလည် သူက မဟောပြလျှင် လူပုဂ္ဂိုလ်တို့ သိနိုင်ပါတော့မည်လော၊ ထို့ကြောင့် စာချပုဂ္ဂိုလ်များ၏ ဟောပြောမှုမရှိခြင်းသည် သာသနာ့ ဝန်ဆောင်များအတွက် ချွတ်ယွင်းချက်တစ်ရပ်ပင် ဖြစ်၏၊ လူအများ ကလည်း တရားနာရာ၌ အသံကောင်းမှ နာယူလိုကြ၏၊ လှူဒါန်းရာ ၌လည်း သာသနာပြုလိုသောစိတ် မရှိကြ၊ သူတို့မှာ ဒါနဖြစ်လျှင် ပြီးရောဟု သဘောထားကြသည်၊ သာသနာတော်အကြောင်းကို ဟောပြောသော်လည်း ဂရုတစိုက် မနာလိုကြ၊ ဘုရားလက်ထက် တော်က နန္ဒိယသူဋ္ဌေး ကျောင်းရေစက်ချ၌ နတ်ပြည်မှာ ဘုံပေါက် ကြောင်းကိုနာယူကာ သူတို့၏ တွေ့ကရာ ဆောက်လုပ်လှူဒါန်းသော ကျောင်းအတွက် ဘုံပေါက်လိမ့်မည်ဟု မျှော်လင့်ချက်ထားဟန်တူ၏၊ ဤနေရာဝယ် ဘာသာခြားတို့ သာသနာပြုကြပုံကို သတိပြုစေလို ပါသည်။ ဘာသာခြားအလှူရှင်တို့သည် ငွေစသည်ကို လှူကြသောအခါ သာသနာကိုသာ လှူကြ၏၊ ပုဂ္ဂိုလ်ကို မလှူကြ၊ ဘုန်းကြီး, သီလရှင် Trang173 အခေါ်ခံရသူတို့ကလည်း မိမိတို့၏ စားဝတ်နေရေးထက် ပိုမို၍ မတောင့်တဘဲ ဆိုင်ရာအလုပ်များကိုသာ တာဝန်ပေးသည့်အတိုင်း လုပ်ကြ၏၊ ထို့ကြောင့် သူတို့၏ သာသနာသည် နေရာအနှံ့ ပြန့်လျက် ရှိ၏၊ ဗုဒ္ဓဘာသာဝင်တို့ကား ပုဂ္ဂိုလ်ကို လှူကြ၏၊ အလှူပစ္စည်း အသုံးကျ-မကျကိုမျှ မစဉ်းစားဘဲ အများလှူနေကျ ပစ္စည်းကိုသာ လှူကြ၏၊ အလှူခံဘက်မှာလည်း သာသနာကြီးပွားရေးအလုပ်ကို လုပ်သောပုဂ္ဂိုလ်သည် တဖြည်းဖြည်း နည်းလာ၏၊ မိမိ၏ ကြီးပွားရေး ကိုသာ လုပ်သူများကြသည်၊ သို့ဖြစ်၍ နောင်လာနောက်သား စဉ်းစားတတ်သူများ လက်ထက်၌ နည်းလမ်းကျကျ ဒါနပြုလျက် စည်းကမ်းကျကျ ဟောပြောသည်ကိုသာ ဂရုတစိုက် လိုက်နာသော သာသနာပြု ဒကာ ဒကာမများ, သာသနာ့ဝန်ဆောင် ဆရာသမား များ ပေါ်ထွန်းပါစေသား။ ဤမျှလောက် စကားအစဉ်ဖြင့် ဘုရား, တရား, သံဃာ ရတနာ ၃-ပါး ဂုဏ်တော်များ၏ အကြောင်းကို ပြဆိုရာအခန်း ပြီးပေပြီ၊ ထို့နောက် ဆက်၍ အများမှတ်သားဖွယ်ရာ ဩကာသ-စသော ရှိခိုးခန်းနှင့် သရဏဂုံ, သီလစသော အခန်းများရှိပေသေး၏၊ ထိုအခန်းများကို နားမလည်လျှင် ဘာသာရေးဘက်၌ အောက်ကျ နောက်ကျ ဖြစ်ရလိမ့်မည်၊ ထို့ကြောင့် ဘာသာရေးဘက်၌ အချက်ကျကျ နားလည်ဖို့ရာ ထိုအခန်းများကို ဆက်လက်လေ့လာ ကြပါကုန်လော့။ Trang174 ဩကာသ အဖွင့် (ကျက်မှတ်ရန်) ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို ပြုမှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ, ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ရတနာမြတ်သုံးပါးတို့ကို ရိုသေမြတ်နိုး လက်အုပ် မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏၊ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး, ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ဘုရား။ ကြည့်ရှုရန်အဓိပ္ပာယ် ဩကာသ သြကာသ။ ။ပါဠိစကားတည်း၊ မြန်မာလို “အခွင့်” ဟူသော အနက်ကို ဟော၏၊ “ရှိခိုးပါရစေ, အခွင့်ပြုတော်မူပါ”ဟု ဆိုလိုရင်းဖြစ်သည်၊ ပါဠိတော်များ၌ကား “ဩကာသံ ကရောဟိ, ဩကာသံ ဒေဟိ” စသည်ဖြင့် လာ၏၊ “အခွင့်ပြုတော်မူပါ, အခွင့် ပေးတော်မူပါ, မေးလျှောက်ပါရစေ”ဟု တစ်စုံတစ်ခုကို မေးလိုသော အခါ အသုံးပြုသော ပါဠိဖြစ်သည်၊ သီဟိုဠ်ကျွန်း၌ အခွင့်တောင်း သော စကားကို “အဝကာသိ”ဟု သုံးစွဲကြ၏၊ ထိုစကားသည် Trang175 “ဩကာသ”ဟူသော ပါဠိနှင့်အတူပင်ဖြစ်သည်၊ ထို့ကြောင့် ဤရှိခိုး ခန်း၌ပါသော “ဩကာသ”သဒ္ဒါသည်၊ “အခွင့်”ဟူသော အနက်တို, “အခွင့်ပေးတော်မူပါ”ဟူသော အနက်ရှည်ကို ပြသော ပါဠိစကား တည်း၊ အလေးပြုသောအားဖြင့် “ဩကာသ ဩကာသ”ဟု ၂-ကြိမ် ဆိုခြင်းဖြစ်သည်၊ အချို့အရပ်၌ ၃-ကြိမ်တိုင်အောင် ဆိုသေး၏၊ အပြစ်မရှိပါ။ ကာယကံ ဝစီကံ မနောကံ ကံတို့တွင်။ ။(ကာယ-ကိုယ်+ကံ- အမှု၊) ကိုယ်ပြုမှုကို “ကာယကံ”၊ နှုတ်ပြောမှုကို “ဝစီကံ”၊ စိတ်ကြံမှုကို “မနောကံ”ဟု ဆိုသည်၊ “ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံကို ဘုရား, တရား, သံဃာများ၌လည်းကောင်း, ဆရာသမား, မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်းကောင်း အပြုမှား, အပြောမှား, အကြံမှား ဖြစ်လို့ရှိလျှင် ထိုအပြစ်များ ကင်းရှင်း ပြေပျောက်ပါရစေခြင်း အကျိုးငှာ ရိုသေစွာ ကန်တော့ပါ၏”ဟူလို။ ပဋ္ဌမ ဒုတိယ တတိယ။ ။ ပါဠိစကားများပင် ဖြစ်၏၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်ဆိုသော စကားနှင့် သဘောတူပင် ဖြစ်၏၊ ၁-ကြိမ်က ၂-ကြိမ်, ၂-ကြိမ်က ၃-ကြိမ်တိုင်အောင် ရှိခိုး ကန်တော့ခြင်းသည် အထူးလေးစားရာရောက်သဖြင့် “သုံးကြိမ် တိုင်အောင် ရှိခိုးကန်တော့ပါ၏”ဟု ဆိုလိုသည်။ ဘုရားရတနာ။ ။ “ရတန”သဒ္ဒါလည်း ပါဠိစကားပင်တည်း၊ “နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်၏”ဟူသော အနက်, Trang176 “အလေးအမြတ်ပြုအပ်”ဟူသော အနက်, “အဖိုးများစွာ ထိုက်တန် ၏”ဟူသော အနက်, “အတူမရှိ မြတ်၏”ဟူသော အနက်, “အလွန် ရခဲ၏”ဟူသော အနက်, “မြင့်မြတ်သူ အထက်တန်းလူတို့၏ အဆောင်”ဟူသော အနက်များကို ဟော၏၊ ထို့ကြောင့် လောက၌ စိန် ကျောက်စသော အရာဝတ္ထု, ဆင်, မြင်း စသော အရာဝတ္ထု, သားကောင်း, သမီးကောင်းစသော အရာဝတ္ထုများကို “ရတနာ”ဟု ခေါ်ကြသည်၊ ထိုရတနာကို ရသူတို့မှာ နှစ်သက်မွေ့လျော် အပျော် ကြီး ပျော်ကြ၏၊ ရပြီးသော ရတနာကိုလည်း လွန်စွာလေးမြတ် ကြ၏၊ အဖိုးများစွာ ထိုက်တန်သည့်အားလျော်စွာ ရဖို့ရန်လည်း ခဲယဉ်းလှ၏၊ ရှေးဘုန်းရှေးကံ ရှိသူတို့သာ ရနိုင်ကြ၏၊ ဘုန်းကံ နည်းသူတို့မှာ မရနိုင်ပါ။ ထို့အတူ ဆိုင်ရာဂုဏ်တော်များနှင့် ပြည့်စုံကြသော ဘုရားစစ်, တရားစစ်နှင့် အရိယာသံဃာတော်များသည်လည်း ရတနာပင် ဖြစ်တော်မူကြ၏၊ ကမ္ဘာများစွာ လွန်သော်လည်း တစ်ခါတစ်ရံ တွေ့ကြုံဖို့ရန် ခဲယဉ်းလှ၏၊ တွေ့ကြုံရသောအခါ လွန်စွာကျက်သရေ ရှိ၏၊ ကိုးကွယ်ဆည်းကပ်သူမှာလည်း ထိုရတနာသုံးပါးကြောင့် လွန်စွာ နှစ်သက်မွေ့လျော် ရွှင်ပျော်ရ၏၊ အတုအယောင် ရတနာရှိ သကဲ့သို့ ဟန်ဆောင် ဘုရား တရား သံဃာများလည်း အလွန်ပေါ များ၏၊ မမှန်သော ရတနာကို ကိုးကွယ်မိပြန်လျှင် ဤတစ်ဘဝတွင် ကိစ္စမရှိလှသော်လည်း နောင်သံသရာအရေးမှာ ကြောက်ရွံ့ဖွယ် ကောင်းလှ၏၊ ထို့ကြောင့် ကိုယ်ပိုင်ဉာဏ်ဖြင့်လည်းကောင်း, တကယ် Trang177 နားလည်သော ပညာရှိများနှင့်လည်းကောင်း တိုင်ပင်၍ ကိုးကွယ်ရာ၏။ “ပညာရှိ”ဟူရာ၌လည်း လောကီအရာမှာ ပညာရှိသော်လည်း ကိုးကွယ်ဖို့အရေး၌ ပညာရှိချင်မှ ရှိမည်၊ ယခုခေတ်၌ အနောက် တိုင်းသားတို့သည် လောကီပညာရှိများ ဟုတ်ကြပေ၏၊ ကိုးကွယ် ဆည်းကပ်မှု ပညာရှိကား လွန်စွာနည်းပါးသည်၊ မကြာမီက မြန်မာ နိုင်ငံ၌ ဘုရင်ခံလုပ်သွားသူသည် “မြန်မာများသည် စေတီ ပုထိုး ကိုးကွယ်ရာ၌ ကုသိုလ်ရသည်ဟု အယူရှိကြ၏”စသော စကားကို သူတို့နိုင်ငံမှာ ပြောလေ၏၊ မြန်မာတို့သည် စေတီ ပုထိုးကို ကိုးကွယ်ရာ ၌ ဘာကိုရည်ရွယ်၍ ကိုးကွယ်ကြောင်းကို သူတို့စစ်ဗိုလ်အရာရှိ သင်္ချိုင်း သွား၍ အရိုအသေပေးခြင်းနှင့် နှိုင်းယှဉ်၍မျှ မကြည့်မိရှာလေ။ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ။လက်အုပ်မိုး ၍ ရှိခိုးပါ၏၊ ပစ္စည်းလေးပါး လှူသောအားဖြင့်လည်းကောင်း, ဟောပြောသမျှကို လိုက်နာသောအားဖြင့်လည်းကောင်း ပူဇော်ပါ ၏၊ ကြည့်ရှုဖူးမြော်ပါ၏၊ ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲ မာန်မာနလျှော့၍ ကန်တော့ပါ၏၊ “အပြစ်ရှိလျှင် ပြေပျောက်ပါရ စေသတည်း”ဟူလို။ အပြစ် ပြေ−မပြေ။ ။ထိုကဲ့သို့ ကန်တော့လျှင် အပြစ်ပြေနိုင်- မပြေနိုင်ကို စဉ်းစားရာ၏၊ ဆရာ မိဘ ဘိုးဘွား စသည်တို့နှင့် ရတနာသုံးပါးအပေါ်၌ ပြစ်မှားမိသော သာမန်အပြစ်တွေမှာ Trang178 ပြစ်မှားခံရသူ၏ ရှေ့၌လည်းကောင်း, ထိုသူမရှိတော့လျှင် ထိုသူ၏ သင်္ချိုင်းသို့ သွား၍လည်းကောင်း, ထိုသို့ မသွားနိုင်လျှင် ဘုရားထံ သံဃာများအထံ၌လည်းကောင်း, နောင်တရသဖြင့် စိတ်ပါလက်ပါ မာန်မာနလျှော့၍ ကန်တော့ရိုးမှန်လျှင် ပြေပျောက်နိုင်၏၊ အင်မတန် ကြီးလေးသောအပြစ်နှင့် သူ့အသက် သတ်ခြင်း, သူ့ဥစ္စာ ခိုးယူခြင်း စသော အပြစ်များကား တောင်းပန်ကန်တော့ရုံမျှဖြင့် မပြေပျောက် နိုင်၊ သို့သော် နောင်တရသဖြင့် ထိုအကုသိုလ်မျိုး ထပ်၍ မဖြစ်နိုင် အောင် ကုသိုလ်ကိုသာ အားထုတ်နေလျှင် အချို့ အကုသိုလ်များ အကျိုးပေးခွင့် မရတော့ဘဲ ပြေပျောက်တတ်ပါသည်။ ကန်တော့ရသော အကျိုးအားကြောင့်။ ။ ဤကန်တော့ရသော ကုသိုလ်၏ အကျိုးအားအစွမ်းကြောင့် ပြစ်မှားမိသော အပြစ်များ ပျောက်စေလိုသည့်အပြင် အပါယ်လေးပါးမှ လွတ်ခြင်းစသော နောက်ထပ် အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သော စကား ဖြစ်သည်။ အပါယ်လေးပါး ငရဲ။ ။ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရသော အရပ်ကို ပါဠိလို “အပါယ” မြန်မာလို “အပါယ်”ဟု ခေါ်၏။ အပါယ် ၄-ပါး ကား၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်တည်း၊ ထိုတွင် ငရဲသည် ဤကမ္ဘာမြေကြီး၏အောက် ယူဇနာတစ်သောင်း ငါးထောင် ကွာဝေး သော အရပ်၌ ဥမင်လိုဏ်ကြီးသဖွယ် ဖြစ်လျက် အစဆုံး သိင်္ချိုင်းငရဲ Trang179 တည်ရှိ၏၊ ထို့အောက်အဆင့်ဆင့် ယူဇနာ တစ်သောင်းငါးထောင်စီ ကွာခြားလျက် ကာဠသုတ်ငရဲ, သံဃာတငရဲ, ရောရုဝငရဲ, မဟာရောရုဝငရဲ, တာပနငရဲ, မဟာတာပနငရဲ, အဝီစိငရဲဟု ငရဲကြီး ရှစ်ထပ်တည်ရှိသည်။ ထိုငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ တစ်ထပ်, ပြာပူငရဲတစ်ထပ်, လက်ပံတောငရဲတစ်ထပ်, သန်လျက် ရွက်တောငရဲ တစ်ထပ်, ကြေးနီရေတွေစီးနေသော “ကြိမ်ပိုက် ချောင်း”ခေါ် ဝေတ္တရဏီငရဲ တစ်ထပ်အားဖြင့် ငရဲငယ်ငါးထပ် တံတိုင်းခတ်သလို ရံပတ်၍ နေကြလေသတဲ့။ [အကျယ်ကို သင်္ဂြိုဟ် ဘာသာဋီကာ၌ ပြထားသည်။] တိရစ္ဆာန် ပြိတ္တာ အသူရကာယ်။ ။ဆင် မြင်း ကျွဲ နွား ခွေး ကြက် ငှက် ငါး လိပ် စသော ကုန်းနေ ရေနေ အခြေ ၄-ချောင်း, အခြေ ၂-ချောင်း သတ္တဝါတို့နှင့် မြွေ စသော အခြေ မရှိသော သတ္တဝါတွေကို “တိရစ္ဆာန်”ဟု ခေါ်၏၊ တစ္ဆေ မှင်စာ သရဲသဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်များကို “ပြိတ္တာ”ဟု ခေါ်၏၊ အသူရကာယ်ဟူသည်ကား ပြိတ္တာအကြီးစားပင်တည်း၊ ထို့ကြောင့် အချို့ ကျမ်းစာများ၌ အပါယ် ၄-ပါးဟု မပြဘဲ “ ဗုဒ္ဓုပါဒေတယော ပါယာ”ဟု စသည်ဖြင့် အပါယ် ၃-ပါးဟု ပြပေသည်၊ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့၏ နေရာဘုံမှာ သီးခြားမရှိ၊ တိရစ္ဆာန် တို့ကား လူ၏အနီးအပါးနှင့် တောတောင် စသည်၌ နေကြသည်။ Trang180 ပြိတ္တာတို့တွင် တစ်ချို့ ပြိတ္တာတို့မှာ သင်္ချိုင်းစသော အရပ်, ရေစ ကမ်းစ သားငါး ရလောက်သော အရပ်၌နေ၍ တစ်ချို့ကား သစ်ပင်, အိမ်အကြိုအကြားစသည်၌ နေလျက် စိတ်နေစိတ်ထား ငယ်သော ယောက်ျား, မိန်းမ, ကလေးသူငယ် စသူတို့ကို ချောက် လှန့်ပူးကပ်၍ တစ္ဆေစာပစ်သောအခါ စားသောက်ကြရ၏၊ တစ်ချို့ ကား လူတို့၏ ထမင်းအကျန် ဟင်းအကျန် တံတွေး အန်ဖတ် အပုပ်အစပ်များကို ရှာဖွေစားသောက်ရ၏။ အသူရကာယ်တို့ကား လူတို့နှင့် အတော်ဝေးကွာသော သမုဒ္ဒရာ မြစ်ကမ်းစတို့၌ နေတတ်ကြ၏၊ ရေနားမှာ နေရသော်လည်း ရေမသောက်ရ၊ “ရေသောက်မည်”ဟု သွားလျှင် သူတို့၏ အကုသိုလ် ကံကြောင့် ရေခန်းခြောက်နေသော သဲသောင်ကိုသာ တွေ့ရလေ သည်၊ တစ်ချို့ ပြိတ္တာ အသူရကာယ်တို့မှာ ဘုရားတစ်ဆူနှင့် တစ်ဆူ အကြား၌ မစားမသောက်ရဘဲ အငတ်ခံ၍ နေရရှာသတဲ့။ ကပ်သုံးပါး ပျက်စီးခြင်းကို ပါဠိလို “ကပ္ပ” မြန်မာလို “ကပ်”ဟု ခေါ်၏၊ ထိုပျက်ခြင်းသည် ကမ္ဘာကြီးတစ်လုံး ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီး ခြင်းလည်း ရှိ၏၊ ကမ္ဘာကြီးမပျက်သေးဘဲ အကြားအကြား၌ တရား ကင်းမဲ့၍ အသေဆိုး သေရသော ပျက်စီးခြင်းလည်းရှိ၏၊ ဤနေရာ၌ ကမ္ဘာကြီးမပျက်ခင် အကြား၌ သေခြင်းဆိုးနှင့် သေရခြင်းကို “ကပ်” ဟု ဆိုလိုသည်၊ “မည်သည့်မြို့, မည်သည့်ရွာ၌ ကပ်တိုက်နေတယ်” ဟု ပြောကြရသော ကပ်မျိုးတည်း၊ ထိုကပ်သည် “သတ္ထန္တရကပ်, Trang181 ရောဂန္တရကပ်, ဒုဗ္ဘိက္ခန္တရကပ်”ဟု ၃-မျိုးရှိ၏၊ ထိုတွင် တုတ် ဓား သေနတ် ဗုံး အမြောက် စသော လက်နက်ဖြင့် ပျက်စီးရခြင်းသည် သတ္ထန္တရကပ်တိုက်ခြင်းပင်တည်း။ ပလိပ်ရောဂါ, ကာလရောဂါ, ကျောက်ရောဂါ, အဖျားရောဂါ စသည်ဖြင့် မြို့နယ်အနှံ့ဖြစ်၍ ပျက်စီးရခြင်းသည် ရောဂန္တရကပ် တိုက်ခြင်းတည်း၊ မြို့နယ်အနှံ့အပြားတို့၌ အစားအသောက် ပြတ် ငတ်၍ (ရှေးကလို သရောကြီးခိုင်း၍) သေရခြင်းသည် ဒုဗ္ဘိက္ခန္တရ ကပ်တိုက်ခြင်းပင်တည်း၊ ဤကပ်များတွင် ၁ဝ-နှစ်တမ်း ကျရောက် သောအခါ ကပ်အမျိုးမျိုး တိုက်မည်ဟု ကျမ်းဂန်တို့၌ ဆိုသော်လည်း ယခုအခါမှာပင် အချို့တိုင်းပြည်များတွင် ထိုကပ် ၃-ပါးတို့ မကြာ မကြာ တိုက်လျက်ရှိသည်။ ရပ်ပြစ်ရှစ်ပါး အပြစ်ရှိသောအရပ်ကို မြန်မာတို့က “ရပ်ပြစ်”ဟု ခေါ်ကြ၏၊ အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသော အပြစ်မဟုတ်၊ ထိုအရပ်သို့ ရောက်နေလျှင် မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရသောကြောင့် မဂ်ဖိုလ်ရခွင့် မရှိခြင်းကို “အပြစ်”ဟု ဆိုသည်၊ ထို့ကြောင့် ဤရပ်ပြစ်ရှစ်ပါးကို ပါဠိတော်များ၌ “အက္ခဏ”ဟု မိန့်တော်မူသည်၊ [အက္ခဏ-အခွင့်ကောင်း ခဏကောင်း မဟုတ် သော ကာလဒေသ၊] ဤရပ်ပြစ်ရှစ်ပါးကို အမျိုးမျိုးပြသော်လည်း သုတ်ပါထေယျပါဠိတော်လာ တစ်မျိုးသာ ပြအံ့။ Trang182 [ဆောင်] ဘုရားပွင့်ခါ, ပါယ်သုံးရွာနှင့်, ဒီဃာယုနတ်, ဖြစ်လတ် ပစ္စန်, မိစ္ဆာဉာဏ်ရှိ, ဉာဏ်မရှိသား, ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်, ကျမ်းဂန်လှစ်သည်, ရပ်ပြစ်ရှစ်ပါး သရုပ် တည်း။ (၁,၂,၃) ဘုရားဖြစ်ခါ, ပယ်သုံးရွာနှင့်။ ။ဘုရားပွင့်နေဆဲအခါ ငရဲ တိရစ္ဆာန် ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။ (အသူရကာယ် ကို ပြိတ္တာမျိုး၌ သွင်းယူ။) (၄) ဒီဃာယုနတ်။ ။အသက်ရှည်သော နတ်ဗြဟ္မာကို “ဒီဃာယုနတ်”ဟု ဆိုသည်၊ ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့် အရူပ ဗြဟ္မာများတည်း။ [အသညသတ်ဗြဟ္မာများသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာ ကိုယ်မရှိ၊ ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။] (၅) ဖြစ်လတ်ပစွန်။ ။ ဘုရားရှင်နှင့် ရဟန်းတော်များ မရောက် နိုင်ရာ အစွန်အဖျား တောတောင်အကြား (ပစ္စန္တရာဇ်သား) လူရိုင်း များကို ဆိုသည်။ ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ် မဟုတ်။ (၆) မိစ္ဆာဉာဏ်ရှိ။ ။ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိ ဉာဏ်ရှိသူများ။ Trang183 (၇) ဉာဏ်မရှိသား။ ။ဘုရာပွင့်ဆဲအခါ တရားကို နားလည် လောက်သော ဉာဏ်မရှိသူများ။ ဤဆိုခဲ့သော ၇-မျိုးသည် ဘုရား ပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။ (၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်။ ။တတ်သိနားလည် လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်ရသူများ။ ရန်သူမျိုးငါးပါး။ ။ ၁-ရေ၊ ၂-မီး၊ ၃-ခိုးသူ၊ ၄-အမွေခံ သားသမီးဆိုး၊ ၅-မင်းဆိုး။ [မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏၊ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်၊ အမွေခံ သားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်, စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ်သောကြောင့်) ရန်သူအစစ်ဖြစ်သည်။] [ဆောင်] ရေ မီး သူခိုး, မွေခံဆိုးနှင့်, မင်းဆိုးအပြား, ရန်မျိုးငါး, မှတ်သားလေကွဲ့ အမှန်တဲ့။ ဝိပတ္တိတရားလေးပါး။ ။ဖောက်ပြန်ချွတ်ယွင်းချက်ကို “ဝိပတ္တိ”ခေါ်၏။ ဝိပတ္တိတရားလေးပါးကား- ၁။ ကာလဝိပတ္တိ။။မင်းဆိုး မင်းယုတ် အုပ်စိုးသောအခါ။ ၂။ ဂတိဝိပတ္တိ။။အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို မကောင်း သော ဂတိဖြစ်၍ “ဂတိဝိပတ္တိ”ဟု ဆိုသည်။ Trang184 ၃။ ဥပဓိဝိပတ္တိ။ ။ရုပ်အဆင်းအင်္ဂါကို “ဥပဓိ” ဟု ခေါ်သည်၊ အင်္ဂါချို့တဲ့ခြင်းကို “ဥပဓိဝိပတ္တိ”ဟု ဆိုသည်။ ၄။ ပယောဂဝိပတ္တိ။ ။ကိုယ်မှု နှုတ်မှုကို “ပယောဂ”ဟု ဆို၏၊ အသိ အလိမ္မာ မရှိ, သတိဝီရိယလည်း မရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို “ပယောဂဝိပတ္တိ”ဟု ဆို သည်။ [ဆောင်] ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ဝိပတ္တိ၊ ကာလ ဂတိ, ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။ ဗျသနတရား ငါးပါး။ ။ပျက်စီးခြင်း, ဆုံးပါးခြင်းကို ပါဠိလို “ဗျသန”ဟု ခေါ်၏၊ ဗျသနတရားငါးပါးကား-- ၁။ ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း။ ၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။ ၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။ ၄။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။ ၅။ သီလဗျသန = သီလပျက်ခြင်း။ [ဆောင်] ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန၊ ဉာတိ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်, ငါးရှိ သရုပ်ပြ။ Trang185 အခါခပ်သိမ်း … ရပါလို၏။ ။ဤမကောင်းသောတရားတို့မှ အခါခပ်သိမ်း ဘဝတိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ “သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏“ဟု ဆုတောင်းသည်။[တောင်းတိုင်း ရ-မရကို ဆုပေးအဖွင့်၌ ပြမည်။| သြကာသရှိခိုး အမျိုးမျိုး။ ။ဤ “ဩကာသ” ရှိခိုးပုံသည် ယခုအခါမြန်မာနိုင်ငံ၌ အမျိုးမျိုးရှိနေ၏၊ စာလာ ပေလာ မဟုတ်သော ကြောင့် “မည်သည့်နည်းက မှန်၍, မည်သည့်နည်းက မှားသည်”ဟု မဆိုသာ၊ အများနှင့်ဆိုင်အောင် ရှေးဆရာကြီးတို့ သင့်လျော်ရုံ ရေးပေးရာမှ တွင်ကျယ်၍ သုံးစွဲလာဟန် တူသည်၊ ယခုအခါ ဘုရား ရှိခိုးတိုင်း, သီလခံယူတိုင်း၌ ဗုဒ္ဓဘာသာမှန်လျှင် အားလုံးလိုပင် သုံးစွဲနေကြ၍သာ အဓိပ္ပါယ်ရေးလိုက်ရပါသည်၊ ကိုယ်တိုင်က ကျေနပ်လှ၍ ရေးခြင်းမဟုတ်ပါ။ လက်ထက်တော်က ရှိခိုးပုံ။ ။ဘုရားလက်ထက်တော်၌ကားဘုရားအထံတော်, သံဃာ့အထံတော်သို့ ဆည်းကပ်ရှိခိုးလာသော အခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် သင့်ရာအရပ်က ထိုင်လျက် လျှောက်ထားဖွယ် စကားများကို လျှောက်ထားကြရိုး ရှိပါသည်၊ ပြန်သောအခါ၌လည်း ပင်ကိုယ်က ဘုရား တရား သံဃာကို ကိုးကွယ် သူမဟုတ်ဘဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်မည့်သူဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ် ဆည်းကပ်ပါ၏၊ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ”ဟု လျှောက်ထား၍ အရိုအသေပေးကာ ပြန်သွားလေ့ရှိကြသည်။ Trang186 ယခုအခါ သင်္ကြန်တွင်း, ဝါဆိုဦးစသော နေ့ကြီး ရက်ကြီးများ၌ ဆရာမိဘ ဘိုးဘွား စသူတို့ကို ကန်တော့ကြရာမှာလည်း “ဩကာသ ဩကာသ”က စ၍ တစ်ချို့ ကန်တော့ကြ၏၊ သူ့နေရာနှင့်သူ မသုံးတတ်ကြ၊ ထို့ကြောင့် အချိန်၏တန်ဖိုးကို နားလည်ကြသော အမျိုးသား အမျိုးသမီးတို့သည် “ဩကာသ” အစချီသော ရှိခိုးခြင်းကို နေရာတိုင်း အသုံးမပြုကြဘဲ ရိုသေစွာ အနားသို့ ချဉ်းကပ်ပြီးနောက် လျှောက်ထားဖွယ် နာယူဖွယ်များကို လျှောက်ထား နာယူပြီးလျှင် ရှိခိုးဝတ်ချ၍ ပြန်ဖို့ရာပင် ဖြစ်သည်၊ အထူးရိုသေလောက်သော ဆရာသမား, သံဃာများ ရုပ်ပွါးစေတီတော်အထံမှ ပြန်လာသော အခါ ထိုဆရာသမား စသည်ကို ကျောပေး၍ မပြန်ဘဲ လက်အုပ်ချီ ကာ ခပ်စောင်းစောင်း ပြန်လာပြီးနောက် သင့်တော်လောက်သော နေရာရောက်မှ ဖြောင့်ဖြောင့် ပြန်လှည့်ကြလျှင် သာ၍ပင် ယဉ်ကျေး ရာ ရောက်ပါလိမ့်မည်။ ယခုကာလ များစွာသော မြို့ရွာတို့၌ကား ရုပ်ပွါးတော်, ဆရာတော်ကြီးစသော ရိုသေလောက်သော ဌာနကို ဖူးမြော်ပြီး နောက် ရုပ်ပွားတော်, ဆရာတော်ကြီးတို့၏ မျက်မှောက်မှာပင် ကျောပေး၍ ပြန်သွားတတ်ကြသည်၊ ထိုသို့ ပြန်သွားခြင်းကား လူမျိုးခြားများ၏ သူတို့ဘုရားကို အရိုအသေပြုခြင်းနှင့် ကွာခြား လှသဖြင့် အဖက်ဖက်က လူမျိုးဘာသာ တန်းမြင့်လိုသော အမျိုးသမီး အမျိုးသားတို့ ပြုပြင်သင့်ကြပါသည်။ Trang187 အခါကြီး ရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုး မိဘကို ကန်တော့ပုံ။ ။မိခင်, ဖခင်(မိဘနှစ်ပါး)တို့၏ မွေးကျွေး သုတ်သင် ပဲ့ပြင်ဆုံးမ စောင့်ရှောက်ခဲ့သမျှ ကျေးဇူးများကို ရည်စူး၍ ဤရေချမ်းဖြင့် (ဤမုန့်ဖြင့်) (ဤပန်းဖြင့်) (ဤဖယောင်းတိုင်ဖြင့်) ရိုသေလေးမြတ်စွာ ကန်တော့ပါ၏၊ ဤကန်တော့ရသော ကုသိုလ် ကောင်းမှုကြောင့် ပြစ်မှားမိသော အပြစ်တစ်စုံတစ်ခု ရှိခဲ့သော် ပြေပျောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နေနိုင်သူ ဖြစ်ရပါလို၏။ မိဘက ဆုပေး။ ။ဤကန်တော့ရသော ကောင်းမှုကြောင့် အမေ့သား (သမီး)၊ အဖေ့သား (သမီး)သည် တောင့်တသော ဆုနှင့် ပြည့်စုံ၍ မိဘတို့၏ အမျိုးအနွယ်ကို မတိမ်ကောအောင် စောင့် ရှောက်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင် ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။ အဘိုးအဘွားကန်တော့။။အဘိုးကို ကန်တော့လျှင် မိခင် ဖခင်နေရာ၌ “အဘိုး၏”ဟု ထည့်၊ အဘွားကို ကန်တော့လျှင် “အဘွား၏”ဟု ထည့်၊ နှစ်ယောက်လုံးကို ကန်တော့လျှင် “အဘိုး အဘွား၏”ဟု ထည့်၍ မိဘကန်တော့တုန်းကအတိုင်း ဆိုပါ။ အဘိုးအဘွားက ဆုပေး။ ။ဤကန်တော့ရသော ကုသိုလ်ကောင်းမှုကြောင့် အဘိုးရဲ့မြေး (အဘွားရဲ့မြေး)သည် တောင့်တ သော ဆုနှင့်ပြည့်စုံ၍ အဘိုးအဘွားတို့၏ အမျိုးအနွယ်ကို မတိမ်ကောအောင် စောင့်ရှောက်နိုင်သော အမျိုးကောင်းသား Trang188 (သမီး)ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေ သတည်း။ ဆွေမျိုးများ ကန်တော့။ ။ဦးကြီး, ဦးလေး, ဘကြီး, ဘထွေး,အဒေါ်, အရီး, အဘွားကြီး, အဘွားလေး, ဘိုးကြီး, ဘိုးလေး စသော ဆွေမျိုးများကို ကန်တော့ရာ၌လည်း ဦးကြီး၏ (ဦးလေး၏) စသည်ဖြင့် ဆို၍ ကန်တော့ပါ။ ဦးကြီးက ဆုပေး။ ။ဤကန်တော့ရသော ကောင်းမှုကြောင့် ဦးကြီးရဲ့တူကြီး (တူမကြီး)သည် တောင့်တသောဆုနှင့် ပြည့်စုံ၍ ဦးကြီးတို့၏ အမျိုးအနွယ် မတိမ်ကောအောင် စောင့်ရှောက်နိုင် သော အမျိုးကောင်းသား (အမျိုးကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။ ဦးလေးစသူ တို့ကလည်း ဤအတိုင်း ဆုပေး။ သက်ကြီးဝါကြီး ကန်တော့။ ။ဆွေမျိုးမတော်စပ်သောသက်ကြီး ဝါကြီးများကိုလည်း အဘိုး အဘွား ဦးကြီး အဒေါ် စသည် ခေါ်၍ “အဘိုး၏ ကြီးရင့်သော အသက်နှင့် ကိုယ်ကျင့်သိက္ခာကို ရည်စူး၍” (ဤအဝတ်ဖြင့်, ဤစားဖွယ်သောက်ဖွယ်တို့ဖြင့်) လေးမြတ်စွာ ကန်တော့ပါ၏၊ ဤကန်တော့ရသော ကောင်းမှု ကြောင့်- စသည်ဆို။ သက်ကြီးဆုပေး။ ။ဤကန်တော့ရသော ကောင်းမှုကြောင့် ငါ့မြေး (ငါ့တူ)သည် တောင့်တသောဆုနှင့် ပြည်စုံ၍ အမျိုးဘာသာ Trang189 သာသနာအကျိုးကို ဆောင်နိုင်သော အမျိုးကောင်းသား (အမျိုး ကောင်းသမီး) ဖြစ်နိုင်ဖို့ရာ လိမ္မာတတ်သိ ပညာရှိတစ်ယောက် ဖြစ်ပါစေသတည်း။ ပညာသင်ဆရာကို ကန်တော့။ ။ဆရာ၏ သွန်သင်ပြသ ဆုံးမခဲ့သော ကျေးဇူးများကို ရည်စူး၍ စသည် ဆို။ ဆရာက ဆုပေး။။ဤကန်တော့ရသော ကောင်းမှုကြောင့် ဆရာ၏ တပည့်သည် အမျိုးဘာသာ ..... စသည်ဖြင့် သက်ကြီး ဆုပေးအတိုင်း ပေးပါ။ ဆရာဘုန်းကြီး ကန်တော့။ ။ဆရာတော်၏ သီလ သမာဓိ ပညာဂုဏ်ကို ရည်စူး၍ (ဤလှူဖွယ်ဝတ္ထုဖြင့်) ရိုသေလေးမြတ်စွာ ကန်တော့ပါ၏၊ “ဤကန်တော့ရသော ကောင်းမှုကြောင့်” စသည် ဆက်၍ဆို။ ဆရာဘုန်းကြီး ဆုပေး။ ။ဤကန်တော့ရသော ကောင်းမှုကြောင့် တောင့်တအပ်တိုင်း ပြည့်စုံ၍ အမျိုး, ဘာသာ, သာသနာ၏ အကျိုးကို ထမ်းဆောင်နိုင်သော အမျိုးကောင်းသား (အမျိုးကောင်း သမီး)ဖြစ်ဖို့ရာ လိမ္မာတတ်သိ ပညာရှိ ဖြစ်ပါစေသတည်း။ လက်ထပ်မင်္ဂလာ။ ။လက်ထပ်မင်္ဂလာ ပြုကြရာ၌ လူကြီး မိဘတို့ကို ကန်တော့ကြ၏၊ ထိုအခါ လူကြီးမိဘတို့က ဆုပေးရန် “နို့ရည်နှင့် ရေကို ရောနှောသည့်အခါ ၂-မျိုး ၂-စား မကွဲပြားဘဲ Trang190 တစ်သားတည်း တည်နေသကဲ့သို့ ငါ့သား, ငါ့သမီး (ငါ့မြေး, ငါ့တူ စသည်) ၂-ဦးတို့လည်း မေတ္တာရေ မကွဲပြားဘဲ တစ်သားတည်း တည်စေပြီးလျှင် အိမ်ရှင်အိမ်သူတို့၏ ကျင့်ဝတ်များကို မယွင်း ချွတ်အောင် စောင့်ထိန်းလျက် စိတ်ရောကိုယ်ပါ ချမ်းသာစွာဖြင့် ဥစ္စာစည်းစိမ် တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေသတည်း” ဤသို့စသည်ဖြင့် နေရာဌာနလိုက်၍ ကန်တော့သင့်, ဆုပေး သင့်ကြသည်၊ ကုန်းဘောင်ရာဇဝင်၌ အလောင်းမင်းတရားကြီးကို သမီးကညာ ဆက်၍ မင်းသမီးက ကန်တော့သောအခါ “ကန်တော့ရ သော ဤကောင်းမှုကြောင့် ငါမင်းမြတ်နှင့်အတူ တိုင်းသူပြည်သား လူအများကို သနားစောင့်ရှောက် ချီးမြှောက်နိုင်ပါစေ”ဟူသော အဓိပ္ပာယ်မျိုးဖြင့် ဆုပေးသည်ကို သတိပြုလိုက်ဖူးပါသည်၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကား- ဣစ္ဆိတံ ပတ္ထိတံ တုယှံ, ခိပ္ပမေဝ သမိဇ္ဈတု၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ, စန္ဓော ပန္နရသော ယထာ၊ “သင်၏အလိုရှိအပ် တောင့်တအပ်သောဆုသည် လျင်မြန်စွာ ပြီးစီးပါစေ၊ တစ်ဆယ့်ငါးရက်လ၏ ပြည့်ဝခြင်းကဲ့သို့ ကောင်းသော အကြံမှန်သမျှ ပြည့်ဝပါစေ”ဟု ဆုပေးတော်မူကြသည်။ ဩကာသအဖွင့် ပြီး၏။ Trang191 ငါးပါးသီလ ခံယူပုံအစဉ် အလှူကိစ္စ စသည်၌ ရဟန်းတော်တစ်ပါးထံ (တရားမနာမီ, ရေစက်မချမီ) ငါးပါးသီလကို ဆောက်တည်တတ်ကြ၏၊ ထိုသို့ ဆောက်တည်ရာဝယ် ရည်ရွယ်ချက်ကား ဒါနပြုရာ၌ အရင်းခံသီလ ရှိမှ သာ၍ အကျိုးပေးစင်ကြယ်သောကြောင့် အရင်းခံသီလရှိ သူဖြစ်အောင် ဆောက်တည်ခြင်းဖြစ်သည်၊ နဂိုက သရဏဂုံနှင့် သီလရှိသူဖြစ်လျှင် မဆောက်တည်သော်လည်း အကျိုးမယုတ်ပါ၊ သို့ရာတွင် မြဲရာသံပတ်ဆိုသလို ထုံးစံအတိုင်း သီလယူကြစို့။ လူများ။ ။ “ဩကာသ ဩကာသ”စသည်ဖြင့် ထုံးစံအတိုင်း ရှိခိုး ဆုတောင်း။ ဘုန်းကြီး။ ။ “ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရ သော ကုသိုလ်ကံ စေတနာတို့ကြောင့်”စသည် ဖြင့် အလိုရှိရာဆုကို ပေး။ လူများ။ “အဟံ ဘန္တေ တိသရဏေန သဟ” စသည် ဆို၍ သရဏဂုံ သီလတောင်း၊ [တစ်ချို့နေရာ၌ ဤ အဟံ ဘန္တေကို ဘုန်းကြီးက ချပေးသည်။ ဘုန်းကြီး။။ “ယမဟံ ဝဒါမိ တံ ဝဒေထ”။ လူများ။“အာမ ဘန္တေ”။ ဘုန်းကြီး။ ။ “နမော တဿ ဘဂ၀တော အရဟတော” စသည် တစ်ခေါက်ချ။ Trang192 လူများ။ ။ “နမော တဿ ဘဂဝတော” စသည် ၃- ခေါက် လိုက်ဆို။ ဘုန်းကြီး။။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည် ချပေး။ လူများ။။ လိုက်ဆို။ ဘုန်းကြီး။။ “ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။ လူများ။။ လိုက်ဆို။ ဘုန်းကြီး။ ။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည် ချပေး။ လူများ။ ။ လိုက်ဆို။ ဘုန်းကြီး။ ။ “သရဏဂမနံ ပရိပုဏ္ဏ”။ လူများ။ “အာမ ဘန္တေ”။ ဘုန်းကြီး။ ။ “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဟု ချပေး။ လူများ။ ။ လိုက်ဆို။ [အစဉ်အတိုင်း “အဒိန္နာဒါနာ” စသည် ချပေး၊ လိုက်ဆို။ ဘုန်းကြီး။ ။ “တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ”။ လူများ။ ။ “အာမ ဘန္တေ”။ Trang193 ဆုပေး အဖွင့် သီလခံယူရာ၌ ရှေးဦးအစ “ဩကာသ”စသော ရှိခိုးစဉ်ကို ဖွင့်ပြခဲ့၍ ထိုဩကာသ စသည်ကို ဆိုပြီးနောက် ဘုန်းကြီးက “ရှိခိုး ပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာ တို့ကြောင့်”စသည်ဖြင့် ဆုပေးတိုင်း ရ-မရကို ပထမ စဉ်းစားသင့်၏၊ ဇာတ်ဝတ္ထုများ၌ ပစ္စေကဗုဒ္ဓါ ရဟန္တာစသော အရှင်များအား တစ်စုံတစ်ရာဝတ္ထုကို လှူဒါန်းပြီးနောက် အလှူရှင်ကိုယ်တိုင် မိမိ လိုရာဆုကို တောင်း၏၊ ထိုတောင်းသော ဆုများကား သံသရာ၌ ထူးထူးခြားခြား ဖြစ်လိုခြင်း, ထိုပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကဲ့သို့ သစ္စာ ၄-ပါးကို သိမြင်လိုခြင်းများတည်း၊ အလှူခံဖြစ်သော ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ကလည်း ထိုတောင်းသောဆုကို ပင် “တောင်းတတိုင်း ပြည့်စုံပါစေ”ဟု ပေးတော်မူခဲ့ကြသည်။ ထိုသို့ အလှူဒါနတစ်ခုခုကို ပြု၍ လိုလိုချင်ချင် တောင်းတအပ် သောဆုကား ထိုတောင့်တတိုင်းပင် သင့်လျော်သောဘဝ၌ အကျိုး ပေးတတ်ပါ၏၊ ဤကဲ့သို့ အကျိုးပေးရာ၌ ဆုပေးမှုကြောင့် အကျိုး ရသည် မဟုတ်၊ သူ၏ ကုသိုလ်ကံကြောင့် အကျိုးရခြင်း ဖြစ်သည်ဟု မှတ်ပါ။ ယခုကာလ၌ကား “ဩကာသ” စသည်ဖြင့် ရှိခိုးပြီးနောက် “အပါယ် ၄-ပါး, ကပ် ၃-ပါး” စသည်မှ လွတ်မြောက်၍ မဂ်ဖိုလ် နိဗ္ဗာန်ကို လျင်မြန်စွာ ရပါလိုကြောင်း ဆုတောင်းကြ၏၊ ဆုပေးသော Trang194 ဘုန်းကြီးကမူ “အသက်ရှည်ခြင်း, အဆင်းလှခြင်း” စသည်ဖြင့် မတောင်းသောဆုကိုပါ အပိုပေး၏၊ ဆုတောင်းတိုင်း, ဆုပေးတိုင်း (ကောင်းအောင် မကျင့်ဘဲ) အကျိုးရနိုင်-မရနိုင်ကို စဉ်းစားလျှင် မရနိုင်ဟုပင် မှတ်ပါ၊ မိမိတောင်းသောဆုနှင့် ထိုက်တန်အောင် (အပါယ်လေးပါး စသည်မှ လွတ်အောင်) ဒုစရိုက်ကို ရှောင်ကြဉ်၍ သုစရိုက်ကုသိုလ် ပုညကိရိယဝတ္ထု ကုသိုလ်များကို ပြုမှသာ (နိဗ္ဗာန် မြန်မြန်ရအောင် ကမ္မဋ္ဌာန်းကိုအားထုတ်မှ, သို့မဟုတ် ပါရမီကို ကြိုးစားဖြည့်မှသာ) ဆုတောင်းအားလျော်စွာ အကျိုးရနိုင်မည်။ အကယ်၍ ဆုတောင်းတိုင်း ဆုပေးတိုင်း ရမည်ဆိုလျှင် ရှေးရှေးဘဝတို့၌လည်း တောင်းဖူးလှသည်သာမက ယခုဘဝ၌ ယုံကြည်လောက်သော ဘုရားဒကာ ကျောင်းအမ လူဝင်စားတွေ မှာလည်း လွန်ခဲ့သောဘဝက အကြိမ်ရာထောင်မက ဆုတောင်း ခဲ့လှပြီဖြစ်၍ ထိုဆုတောင်းအားလျော်စွာ ယခုဘဝ၌ ကြွယ်ဝ ချမ်းသာသော ရွှေသူဋ္ဌေးတွေ ဖြစ်နေဖွယ်ရှိသည့်အပြင် ယနေ့ နက်ဖြန်ဆိုသလို မဂ်ဖိုလ်နိဗ္ဗာန်ကို (အလျင်အမြန်) ရသူတွေ ဖြစ်ပေရာ၏၊ သို့ရာတွင် ယခုအခါ၌ ထိုသို့ဖြစ်သူကို မတွေ့မြင် မကြားသိရပါတကား၊ “နိဗ္ဗာန်ကို မြန်မြန်ရမည်”ဟု ဆိုလျှင်လည်း သူတို့တတွေ လိုချင်ကြမည် မဟုတ်ပါချေ။ ထို့ကြောင့် စိတ်မပါ့တပါနှင့် တောင်းသောဆု, ဘုန်ကြီးက နှုတ်တက်ချပေးသော ဆုများကို အားကိုးနေကြခြင်းထက် “မိမိတို့ ကိုယ်တိုင် ပိုင်ပိုင်ကြီး အလုပ်လုပ်ခြင်းက အကျိုးရမည်” ဟု မှတ်ပါ၊ Trang195 သို့သော် အများနှင့် မဆန့်ကျင်အောင် ထုံးစံအတိုင်း “ဩကာသ” ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်ကြီးပေးသော ဆုကိုလည်း“ အာမ ဘန္တေ” လိုက်ကြပါလေတော့။ အပြစ်မရှိသောကိစ္စ၌ အများနှင့် မဆန့်ကျင်သင့်ပါ။ သရဏဂုံနှင့်ငါးပါးသီလတောင်း အဖွင့် (ကျက်မှတ်ရန်) (၁) အဟံ ဘန္တေ, တိသရဏေန သဟ, ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ မေ ဘန္တေ။ (၂) ဒုတိယမ္ပိ, အဟံ ဘန္တေ. . . မေ ဘန္တေ။ (၃) တတိယမ္ပိ, အဟံ ဘန္တေ. . . မေ ဘန္တေ။ ကြည့်ရှုရန် အဓိပ္ပာယ် (၁) ဘန္တေ-အရှင်ဘုရား၊ အဟံ-တပည့်တော် (တပည့်တော်မ) သည်၊ တိသရဏေန-သရဏဂုံသုံးပါးနှင့်၊ သဟ-တကွ၊ ပဉ္စသီလံ- ငါးပါးသီလဟူသော၊ ဓမ္မံ-သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ-တောင်း ပါ၏၊ ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော် (တပည့်တော်မ)အား၊ Trang196 အနုဂ္ဂဟံ-ချီးမြှောက်ခြင်းကို၊ ကတွာ-ပြု၍၊ သီလံ-သီလကို၊ ဒေထ- ပေးတော်မူပါကုန် ဘုရား။ (၂) ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း၊ ဘန္တေ-အရှင်ဘုရား စသည် ရှေ့အတိုင်းဆို။ (၃) တတိယမ္ပိ-သုံးကြိမ်မြောက်လည်း၊ ဘန္တေ-အရှင်ဘုရားစသည် ရှေ့အတိုင်းဆို။ ဤသီလတောင်းပုံ၌ မြန်မာလို ဆိုလိုရင်းမှာ “အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ‌တောင်း ပါ၏၊ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ”ဟု ဆိုလိုရင်း ဖြစ်၏၊ အလေးပြုရာရောက်အောင် သုံးကြိမ်တောင်းရိုး ပြုကြသည်၊ ပါဠိလို မဆိုဘဲ “တပည့်တော်အား သီလပေးတော်မူပါ” ဟု မြန်မာလို ရိုးရိုးတောင်းလျှင်လည်း ပြီးစီးနိုင်၏။ |ယခုအခါ အချိန်တိုတိုနှင့် လိုရာကိစ္စ၏ပြီးစီးခြင်းကို လိုလားသောအခါ ဖြစ် ကြောင်းကို သတိပြုသင့်ပြီ။ လူတို့က သီလတောင်းပြီး အဆုံး၌ သီလပေးကိုယ်တော်က “ယမဟံ ဝဒါမိ, တံ ဝဒေထ” ဟုဆိုပြန်၏၊ ယံ-အကြင်စကားကို၊ အဟံ-ငါသည်၊ ဝဒါမိ-ဆို၏၊ တံ-ထိုငါဆိုသွားသောစကားကို၊ ဝဒေထ-လိုက်၍ ဆိုကြကုန်၊ “ငါဆိုတာ လိုက်ဆိုကြ”ဟု ဆိုလိုသည်၊ ထို့နောက် လူတို့က “အာမ ဘန္တေ ”ဟု လိုက်ကြ၏၊ ဘန္တေ-အရှင် ဘုရား၊ အာမ-အမိန့်တော်အတိုင်းပါ၊ “မှန်ပါ အရှင်ဘုရား ဆိုသွား သမျှကို လိုက်၍ ဆိုပါမည်”ဟု ဝန်ခံခြင်း ဖြစ်သည်။ Trang197 ဤစကားဖြင့် “သင်တို့သည် သရဏဂုံကိုလည်း ကိုယ့်ဘာသာ မဆောက်တည်တတ်ကြ၊ သီလကိုလည်း မယူတတ်ကြ၊ ထို့ကြောင့် ငါက ရှေ့ကဆိုပေးမည်၊ လိုက်ဆိုကြ”ဟု ဆိုရာရောက်၏၊ ဗုဒ္ဓသာသနာ တော် ရောက်စက သရဏဂုံသီလကိုမျှ မဆောက်တည်တတ်, မခံယူတတ်၍ နှုတ်ဖြင့် ချပေးသောအခါမှ ဖြစ်လာခဲ့သော စကားဖြစ် ဟန် တူသည်၊ ကိုယ့်ဘာသာကိုယ် ဆိုတတ်လျှင် ယခုလို နှုတ်တက် ချပေးဖွယ် မလိုပါ၊ သီလတောင်းများကိုလည်း ဆိုဖွယ်မလိုပါ။ သီလပေးမှု။ ။ရဟန်းတစ်ပါးပါးက “သီလပေးသည်”ဟူရာ၌ထိုရဟန်းက မိမိမှာရှိသော သီလကို “ဝေငှပေးတဲ့” အပေးမျိုး မဟုတ်၊ သီလတောင်းပုံကို မဆိုတတ်၍ “ချပေးတဲ့” အပေးမျိုး ဖြစ်သည်၊ ထို့ကြောင့် လူအချင်းချင်းလည်း သီလပေးကောင်း၏၊ ကိုယ့်ဘာသာကိုယ် ဆိုတတ်လျှင် ရုပ်ပွားတော်, စေတီတော်အထံ၌ မိမိဘာသာလည်း သရဏဂုံသီလကို ဆောက်တည်ကောင်း၏၊ ထိုသို့ မိမိဘာသာ သီလယူရာ၌ “ယ မဟံ ဝဒါမိ တံ ဝဒေထ”ဟု မိန့်တော် မမူသောကြောင့် “အာမ ဘန္တေ” လိုက်နေဖွယ် မလို။ ထို့နောက် သီလပေးပုဂ္ဂိုလ်က- “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ချပေး၍ လူအများက ၃-ခေါက် လိုက်ဆိုကြပြန်၏၊ ဤ “နမော တဿ ဘဂဝတော” စသည်ကို ရှေးက သူတော်ကောင်းများ ဘုရားရှင်ကို သတိရသောအခါ ရွတ်ဆိုလေ့ရှိသောကြောင့် ယခုကာလ နေရာတိုင်းမှာ မင်္ဂလာရှိ သော စကားတစ်မျိုးအနေဖြင့် အသုံးပြုကြပေသည်။ Trang198 နမော တဿအနက်။ ။အရဟတော-ပူဇော်သမျှကို ခံယူတော် မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ-အလုံးစုံသောတရားတို့ကို မဖောက် မပြန် ကိုယ်တော်တိုင် သိတော်မူသော၊ တဿ ဘဂဝတော- ထိုမြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။ ရှေးထုံးကို မပယ်။ ။“ဩကာသ ဩကာသ”မှစ၍ “နမောတဿ”တိုင်အောင် စကားများသည် သရဏဂုံသီလ ဆောက်တည် ရာ၌ အရေးတကြီးသက်ဆိုင်သော စကားမဟုတ်၊ ရှေးဆရာတို့ သိုင်းသိုင်းဝိုင်းဝိုင်းရှိအောင် စီစဉ်ခဲ့သော စကားများသာ ဖြစ်၏၊ သို့သော် အပြစ်လည်းမရှိ, ဩကာသ စသည်ကို ရွတ်ဆိုခိုက်၌ ထိုက်သင့်သမျှ ကုသိုလ်ရဖွယ်လည်း ရှိသောကြောင့် ယခုအခါ စဉ်းစားဉာဏ်ရှိသူတို့က (အပိုမှန်းသိပါလျက်) မပယ်ဖျက်ကြဘဲ ရှေးစဉ်လာအတိုင်း လိုက်နေကြသည်။ ဗုဒ်ဂိုဏ်းနှင့် ဘန်းဂိုဏ်း ရှေးအခါက အောက်နိုင်ငံမှာ “အဟံ ဘန္တေ”ဟု ဘန္တေက စသောကြောင့် “ဘန်းဂိုဏ်း” ဟုလည်းကောင်း, “ဗုဒ္ဓံ သရဏံ”ဟု ဗုဒ္ဓံက စသောကြောင့် “ဗုဒ်ဂိုဏ်း”ဟုလည်းကောင်း ၂-ဂိုဏ်း ကွဲဖူးသတဲ့၊ သရဏဂုံသီလကို ဆောက်တည်သောအခါ ဘန်းဂိုဏ်း ဝင်သူများသည် “အဟံ ဘန္တေ တိသရဏေန”က စပြီး ယခုဆိုရိုး အတိုင်းဆို၍ ဗုဒ်ဂိုဏ်းဝင်သူများက “အဟံ ဘန္တေ”စသည်ကို မဆိုတော့ဘဲ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”က စ၍ ဆိုလေ့ရှိကြသတဲ့၊ Trang199 ဤ ၂-နည်းတွင် ဗုဒ်ဂိုဏ်းနည်းက လိုရင်းပြီးအောင် အကျဉ်းရုံး၍ ဘန်းဂိုဏ်းနည်းက ရှေးစနစ်အတိုင်း လိုက်သောနည်းဖြစ်သည်။ အမှာ။ ။ အပြစ်မရှိသော ရှေးနည်းကို လိုက်သင့်ပါ၏၊ သို့သော် ဩဇာအာဏာနှင့် ပညာရှိသူဖြစ်လျှင် အကျိုးမများသော ရှေးစနစ်တို့ကို ပြင်ရမည်သာ၊ ထိုသို့ ပြင်သည့်အတွက် အငြင်းပွါး၍ ခိုက်ရန်မများအောင် အုပ်စီးနိုင်ဖို့ကား အရေးကြီး၏၊ မအုပ်စီးနိုင်ဘဲ ရှေးစနစ်ကို ပြင်လျှင်ကား မိမိလည်း ကုသိုလ်မရ, လူအများလည်း အကုသိုလ်ပွါး၍ အကျိုးမဲ့သာ ဖြစ်ပါလိမ့်မည်။ သရဏဂုံ အဖွင့် (ကျက်မှတ်ရန်) (၁) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဓမ္မံ သရဏံ ဂစ္ဆာမိ, သံဃံ သရဏံ, ဂစ္ဆာမိ။ (၂) ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, ဒုတိယမ္ပိ. . . ဂစ္ဆာမိ။ (၃) တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ, တတိယမ္ပိ. . . ဂစ္ဆာမိ။ ကြည့်ရှုရန် အဓိပ္ပာယ် (၁) ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်လဲလျောင်း ပုန်း အောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ-မှီဝဲဆည်းကပ် သိမှတ်ပါ၏၊ ဓမ္မံ- Trang200 တရားတော်မြတ်ကို၊ သရဏံ-ဟူ၍၊ ဂစ္ဆာမိ-၏၊ သံဃံ-အရိယာ သံဃာတော်မြတ်ကို၊ သရဏံ-ဟူ၍၊ ဂစ္ဆာမိ-၏။ (၂) ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း .... ရှေးအတိုင်းဆို။ (၃) တတိယမ္ပိ-သုံးကြိမ်မြောက်လည်း .... ရှေးအတိုင်းဆို။ သရဏဂုံ။ ။“သရဏ+ဂမန”ဟူသော ပါဠိမှ “သရဏဂုံ”ဟု မြန်မာစကား ဖြစ်လာသည်၊ (သရဏ-ကိုးကွယ်ရာဟူ၍+ဂမန• အသိအမှတ်ပြုလျက် ဆည်းကပ်ခြင်း၊) “ဘုရား တရား အရိယာ သံဃာသည် ကိုးကွယ်ရာအစစ် ဖြစ်၏” ဟု အသိအမှတ်ပြုလျက် ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ်စေတနာကို“သရဏဂုံ”ဟု ခေါ်၏၊ ၁-ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု၊ ၃-အရိယာ သံဃာကိုးကွယ်မှုအားဖြင့် ၃-ပါး ရှိသည်၊ “သရဏဂုံ ၃-ပါး”ဟု ယခုကာလ ခေါ်ကြသည်မှာလည်း ဤ ၃-ပါးပင်တည်း၊ မိမိသန္တာန် ၌ ထိုရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာ ဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ “ဗုဒ္ဓံ “ သရဏံ ဂစ္ဆာမိ” စသော မြန်မာစကား ပါဠိစကားကိုဖြစ်စေ, “ဘုရားကိုးကွယ်ပါ၏” စသောမြန်မာစကား ကိုဖြစ်စေ, ရွတ်ဆိုခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း မည်၏၊ ထိုသို့ ဆောက်တည်ရာဝယ်- ဗုဒ္ဓံ။ ။ဗုဒ္ဓံ-အရ ဘုရားဟုဆိုရာ၌ ရုပ်ပုံ ရုပ်ပွား ဆင်းတု စေတီတော်များလောက်တွင် စိတ်မထားဘဲ ဘုရားဂုဏ်တော်ဖွင့်၌ ပြခဲ့သော “ဘုရားရှင်”ကို ရည်မှန်း၍ ထားရာ၏။ Trang201 ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလ ဓမ္မကထိကတွေ သံရှည် သံတိုဆွဲ၍ ယပ်လှဲ ယပ်ထောင်တရားများနှင့် စာအုပ် ပေစာတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ, အနတ္တလက္ခဏ သုတ်, မဟာသတိပဋ္ဌာန်စသော ဘုရားဟောပါဠိတော်, အဋ္ဌကထာ ကျမ်းစာအစဉ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို ရည်မှန်းထားရာ၏။ သံဃံ။ ။သံဃံ-အရ သံဃာဟုဆိုရာ၌ ယခုကာလ ရဟန်း သံဃာလောက်တွင် စိတ်မထားဘဲ သံဃာ့ဂုဏ်၌ ပြခဲ့သော အရိယာ သံဃာကို ရည်မှန်းထားရာ၏၊ ဤသို့ ရည်မှန်းနိုင်မှသာ “သရဏဂုံ” အစစ်အမှန်ကို ရမည်။ ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ။ ။ရတနာမြတ်သုံးပါးသည် အပါယ်ဆင်းရဲ, သံသရာဆင်းရဲတို့၌ မကျမရောက် အောင် ဟောတော်မူသောအားဖြင့် စောင့်ရှောက်တော်မူပေရ ကား-- ကိုး = ရတနာ သုံးပါးကို ကိုးစားရာ (အားကိုးစရာ)ဟူ၍ လည်းကောင်း၊ ကွယ် = ဘေးရန်ပေါ်လာလျှင် ကာကွယ်ဖို့ရာဟူ၍ လည်းကောင်း၊ လဲလျောင်း = (မိဘအပေါ်မှာ ယုံကြည်၍ သားသမီးများ လဲလျောင်း အိပ်နေသလို) ရတနာသုံးပါးကို ကောင်းစွာ ယုံကြည်၍ လဲလျောင်းဖို့ရာဟူ၍လည်းကောင်း၊ Trang202 ပုန်းအောင်း - အပါယ်ဘေး မရောက်အောင် ပုန်းအောင်းနေ ဖို့ရာဟူ၍လည်းကောင်း၊ မှီခို - မိဘကို သာသမီးက မှီခိုသကဲ့သို့ မှီဖို့ရာဟူ၍လည်း ကောင်း အသိအမှတ်ပြုလျက် “နှစ်နှစ်သက်သက် မှီဝဲဆည်းကပ် ပါ၏”ဟု ဆိုလိုသည်။ တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက် ဆောက်တည်ထားလျှင် ယုံကြည်စိတ်မပျက်သမျှ တစ်သက်လုံး “သရဏဂုံတည်သူ”မည် တော့၏၊ ထပ်ကာထပ်ကာ ဆောက်တည်နေဖွယ် မလိုပါ၊ ယခုကာလ ၌ကား သီလဆောက်တည်တိုင်း ထပ်၍ သရဏဂုံဆောက်တည် လေ့ရှိကြသည်၊ သို့သော် အပြစ်မရှိ၍ ထိုနည်းကို မပယ်ဖျက်လိုပါ။ သရဏဂုံ တင်ကြပုံ။ ။ရတနာသုံးပါးကို မကိုးကွယ်လိုသောအခါ, အသက်ဆုံးသောအခါ၌ သရဏဂုံ ပျက်၏၊ ထို့ကြောင့် တစ်စုံတစ်ယောက် အနိစ္စရောက်သောအခါ “ရောက်ရာဘဝက သတိရနေလျှင် သရဏဂုံ ယူပါစေတော့”ဟု ရည်မှန်း၍ အလောင်း ကို သရဏဂုံတင်ရိုးပြုကြသည်၊ စိတ်မရှိသော အလောင်းအတွက် ကား သရဏဂုံတင်သော်လည်း သရဏဂုံ မရပါ။ သတိပြုဖွယ်။ ။ယခုကာလ သရဏဂုံဆောက်တည်သူတို့တွင် တစ်ချို့မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသော ပါဠိကို ရွတ်နေသော်လည်း မြန်မာလို ဘာကိုဆိုလိုကြောင်း မသိကြ၊ ဗုဒ္ဓံ ဓမ္မံ သံဃံဟု နှုတ်က Trang203 ရွတ်နေသော်လည်း ဘုရား တရား သံဃာအစစ်ကို နားမလည်ကြ ချေ၊ ထိုသို့ နားမလည်သူတို့မှာ ဉာဏ်နှင့်ယှဉ်သော ဉာဏသမ္ပယုတ် မဟာကုသိုလ်သရဏဂုံ မရနိုင်၊ အတော်အတန် နားလည်သူ ဘုရား တရား သံဃာကို ကိုးကွယ်လိုစိတ်ရှိသူ၌ကား ဉာဏဝိပ္ပယုတ် သရဏဂုံကိုမျှသာ ရဖွယ်ရှိ၏၊ လုံးလုံးနားမလည်သူတို့မှာ သရဏဂုံ ကိုမျှ လုံးလုံးရဖွယ်မရှိ၊ သရဏဂုံမတည်လျှင် ဗုဒ္ဓဘာသာဝင် မဟုတ်သေး၊ ထို့ကြောင့် သရဏဂုံအကြောင်းကို ကောင်းကောင်း နားလည်အောင် လေ့လာကြပါကုန်။ ရတနာသုံးပါးနှင့်စပ်၍ မှတ်ဖွယ် ဘုရား တရား။ ။ယခုအခါ စဉ်းစားလေ့ရှိသူတို့သည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသော သရဏဂုံ၌ “ သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုးကွယ်ရမည်၊ စေတီတော်များကား ဘုရားရှင်၏ အရိုးဓာတ်တော်ကို ဌာပနာထားရာ ဖြစ်၍လည်းကောင်း, ရုပ်ပုံ ဆင်းတုတော်များမှာ ဘုရားရှင်၏ ပုံတော်ကို စွမ်းနိုင်သမျှ အတုပြု လုပ်ထားသော ပုံတော်များ ဖြစ်၍လည်းကောင်း ဘုရားရှင်ကို ရည်မှန်း၍ ကိုးကွယ်ပူဇော်ရာ ဌာနများဖြစ်ကြသည်”ဟု နားလည် ကြပေပြီ၊ တရားကို ကိုးကွယ်ရာ၌လည်း “ကိလေသာ အညစ်ကြေး တို့ကို ပယ်ရှားနိုင်သော မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားတော် များနှင့် ဘုရားရှင်ဟောတော်မူအပ်သော တရားစစ် တရားမှန် များကိုသာ ကိုးကွယ်ရမည်”ဟု နားလည်ကြပေပြီ။ Trang204 သံဃာ။ ။“သံဃာကို ကိုးကွယ်ပါ၏”ဟု သရဏဂုံ ဆောက် တည်ရာ၌ကား စိတ်ထဲမှာ ရဟန်းသံဃာအမျိုးမျိုး ပေါ်လာသော ကြောင့် ကျေကျေနပ်နပ် ဆည်းကပ်ကိုးကွယ်လိုစိတ် မဖြစ်နိုင်ကြ၊ ထိုသို့ ဖြစ်ရာ၌ ဘုန်းကြီးတို့ ကလေးအရွယ်က စိတ်နေစိတ်ထားကို ပြန်၍ သတိရတော့သည်၊ ဘုရားရှိခိုးရာ၌ ကလေး၏စိတ်သည် ရှေ့မှာရှိသော စေတီတော်, ဆင်းတုတော်ထက် ပိုလွန်၍ ဘုရားရှင် အစစ်တိုင်အောင် မမှန်းနိုင်ခဲ့ပါ၊ အထက်တန်းစာကို သင်ရသော အခါကျမှ စေတီတော်, ဆင်းတုတော်များကို ရှိခိုးတိုင်း ဘုရားရှင် အစစ်ရောက်အောင် ထွင်းဖောက်၍ အာရုံပြုနိုင်ပါသည်။ ထို့အတူ ပုထုဇဉ်ရဟန်းသံဃာများကို စေတီတော်, ဆင်းတု တော်များကဲ့သို့ သဘောထား၍ အရိယာဖြစ်ပြီးသော ရဟန်းသံဃာ များကို ဘုရားအစစ်လို သဘောထားလျက် စဉ်းစားကြည့်သောအခါ အတော်စိတ်ရှင်းသွားပါလိမ့်မည်၊ စေတီတော်, ဆင်းတုတော်များကို ရွှေတိဂုံ, မဟာမြတ်မုနိတို့ကဲ့သို့ အလွန်အဆင့်အတန်းမြင့်နေသည် ကိုလည်း ဖူးတွေ့ကြရ၏၊ ဘုရားဒကာ ဘုရားအမနှင့် ကိုးကွယ်သူ ရွာသားတို့ အပြုအပြင်မတတ်မှုကြောင့် မသပ္ပာယ်သော စေတီ တော်, ဆင်းတုတော်များကိုလည်း (မလွှဲမရှောင်သာ)မြင်ရတွေ့ရ၏။ သပ္ပာယ်သော စေတီတော် ဆင်းတုတော်မျာကို ဖူးမြော် ရသောအခါ လွန်စွာ အားရ၍ သက်တော်ထင်ရှား ဘုရားကိုလည်း သတိရသကဲ့သို့ အဆင့်အတန်းမြင့်မြင့်နှင့် တရားကျင့်နေသော Trang205 သာသနာ့တာဝန်ကို အားသွန်ကြိုးစားနေသော ရဟန်းသံဃာတော် များကို ဖူးမြော်ရသောအခါ “ဩော်- ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ စသော သံဃာတော်များသည် ဤသို့ ကျင့် တော်မူကြပေလိမ့်မည်၊ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်, အရှင်ဥပါလိ, အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ စသော သံဃာတော်များသည် ဤသို့ပင် သာသနာ့တာဝန်ကို အားသွန်ကြိုးစားတော်မူကြပေလိမ့်မည်”ဟု အရိယာသံဃာတော် များ ထင်မြင်လာအောင် နှစ်သက်ခြင်းကို ဆောင်နိုင်ကြပေလိမ့်မည်၊ ထိုကဲ့သို့ ထင်လာမြင်လာအောင်လည်း သတိထားမိကြပါစေ။ မသပ္ပါယ်သော စေတီ ဆင်းတုတော်များကို တွေ့ရသောအခါ “ဒီရပ်သူ နယ်သားတွေ အသိအလိမ္မာနည်းသေးလို့ ယခုလို စေတီ ဆင်းတုတော်များ မသပ္ပါယ် မတင့်တယ်ဘဲ ရှိနေကြရသည်၊ ရပ်သူ နယ်သားတို့ အသိအလိမ္မာတိုးပွားလာလျှင် ဤစေတီ ဆင်းတုတော် များကို သားနားသပ္ပါယ်အောင် ခြယ်လှယ်နိုင်ပေလိမ့်မည်”ဟု ရပ်သူနယ်သားတို့၏ အသိဉာဏ်ကို မြှင့်တင်လိုသော စိတ်ဆန္ဒသာ ဖြစ်ပေါ်လာ၍ ဆင်းတုစေတီတော်များ၏ မသပ္ပါယ်မှုကို အပြစ် မမြင်နိုင်သကဲ့သို့, ထို့အတူ အဆင့်အတန်းမမြင့်မကြွယ် မသပ္ပါယ် သော ရဟန်းသံဃာတော်များကို တွေ့ရပြန်လျှင်လည်း သာသနာကို ကိုးကွယ်သော လူတစ်စု၏ အသိဉာဏ်နည်းမှုကိုသာ အပြစ်တင် ကာ မတော်မလျော် သွားလာနေထိုင်သူတို့အပေါ်မှာ အပြစ်မတင် သာဘဲ ရှိပါလိမ့်မည်။ Trang206 ဘုရားပေးသော သရဏဂုံ။ ။ဘုရားရှင်သည် “ဆတ္တ”မည်သောတက္ကသိုလ်ကျောင်းသားတစ်ယောက်အား ဗုဒ္ဓ- ဓမ္မ- သရဏဂုံ ပေးတော်မူပြီးနောက် သံဃာ့သရဏဂုံ ပေးတော်မူရာ၌ “အရိယာ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်လော့”ဟု မိန့်တော်မူပါသည်၊ (ဆတ္တမာဏဝက ဝိမာနဝတ္ထု၊) ထို့ကြောင့် ယခုအခါ “သံဃံ သရဏံ ဂစ္ဆာမိ-သံဃာတော်ကို ဆည်းကပ်ကိုးကွယ်ပါ၏”ဟု သရဏဂုံဆောက်တည်ရာ၌ အရိယာသံဃာကိုသာ ရည်မှန်း၍ ဆောက်တည်ကြပါလေ၊ သံဃာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်းသောအခါ လည်း သုပ္ပဋိပန္နာစသော ဂုဏ်တော်များနှင့် ပြည့်စုံပြီးသော အရိယာသံဃာတော်များကိုသာ အာရုံပြုရပါသည်၊ သံဃာ့ဂုဏ် တော်အဖွင့်၌ အရိယာသံဃာတော်များချည်း ပါဝင်ပုံကို ပြန်၍ သတိပြုပါ၊ ရတနသုတ် ပရိတ်တော်လာ သံဃာ့ဂုဏ်ကို ပြရာ၌လည်း အရိယာသံဃာတော်များသာ ဖြစ်ပါသည်။ ပုထုစဉ် သံဃာလည်း မလွတ်။ ။သက်တော်ထင်ရှား ဘုရားမရှိသော ယခုအခါ၌ ဘုရားရှင်ကို လှူဒါန်းပူဇော်လိုလျှင် ဘုရားကို ရည်မှန်း၍ စေတီတော်, ဆင်းတုတော်ကိုသာ လှူဒါန်းပူဇော်ရတော့ သကဲ့သို့, ထို့အတူ အရိယာသံဃာကို ရည်မှန်း၍ လှူဒါန်း ပူဇော်လိုလျှင် တွေ့ ရာကြုံရာ ပုထုဇဉ်သံဃာကိုလည်း လှူဒါန်းပူဇော် ကြရတော့သည်၊ “အနုတ္တရံ ပုညခေတ္တံ-အရိယာသံဃာတော်သည် အတူမရှိ ကောင်းသောလယ်ယာမြေပင်တည်း”ဟု မိန့်တော်မူချက် အရ ပထမတန်း လယ်ယာမြေကို မရလျှင် ဒုတိယတန်းလယ်ယာ Trang207 မြေမှာပင် စိုက်ပျိုးရသကဲ့သို့, ပထမတန်းသံဃာကို မရလျှင် သီလ, သမာဓိ, ပညာအားဖြင့် ဒုတိယတန်း ပုထုဇဉ်သံဃာတော်ကို ရှာ၍ ကိုးကွယ်ဆည်းကပ်ဖို့ တာဝန်မှာ တိုင်းသူပြည်သားတို့ အသိဉာဏ် ပေါ်၌သာ တည်၏၊ အချုပ်မှာ- ပုဂ္ဂိုလ်ကောင်းကို ရွေးချယ်၍ ကိုးကွယ်နိုင်မှသာ အကျိုးများများ ရမည်ဟု ဆိုလိုပါသည်။ ဒုတိယတန်း လယ်ယာမြေ မရှိလျှင် တတိယတန်း လယ်ယာ မြေ၌လည်း စိုက်ပျိုးကြရသကဲ့သို့, ထို့အတူ တတိယတန်း ပုထုဇဉ် သံဃာများကိုလည်း (သံဃာကို ရည်မှန်း၍ လှူဒါန်းပူဇော်နိုင်လျှင်) ထိုက်သင့်သမျှ အကျိုးရမည့် အကြောင်းကိုလည်း ချဲ့ထွင် စဉ်းစား ကြပါလေ၊ သာသနာဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာသော အခါ “လည်ပင်း၌ သင်္ကန်းပတ်ထားသော ရဟန်းအတုကိုပင် သံဃာမှန်း၍ လှူဒါန်းနိုင်လျှင် မရေမတွက်နိုင်အောင် အကျိုးရနိုင် ၏”ဟု ဒက္ခိဏဝိဘင်္ဂသုတ်၌ ဟောတော်မူပါသည်။ ဤသရဏဂုံကို ဆောက်တည်ပြီးသည့် အဆုံး၌ သီလပေး ကိုယ်တော်က “သရဏဂမနံ ပရိပုဏ္ဏံ”ဟု ဆို၏၊ သရဏဂမနံ- သရဏဂုံသည်၊ ပရိပုဏ္ဏ-သင်တို့သန္တာန်မှာ ပြည့်စုံပြီ၊ “သရဏဂုံ တည်ပြီ”ဟု ဆိုလိုသည်၊ ထို့နောက် လူများက “အာမ ဘန္တေ- မှန်ပါ့ဘုရား”ဟု လိုက်ကြပြန်၏၊ ဘုရားရှေ့မှာ မိမိဘာသာ သရဏဂုံ ကို ဆောက်တည်ရာ၌ကား ရုပ်ပွားတော်က “သရဏဂမနံ ပရိပုဏ္ဏ” ဟု မိန့်တော်မမူသောကြောင့် “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ” အဆုံး၌ “အာမ ဘန္တေ”ဟု ဆိုဖွယ်မလိုတော့ပါ။ Trang208 ငါးပါးသီလ (ကျက်မှတ်ရန် သိက္ခာပုဒ်များ) (၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (၃) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အဓိပ္ပာယ် ဤသိက္ခာပုဒ်ငါးပါးကို “ငါးပါးသီလ”ဟူ၍ လည်းကောင်း, လူတို့ အမြဲစောင့်ထိန်းကြရသောကြောင့် “နိစ္စသီလ”ဟူ၍ လည်းကောင်း, တစ်သက်လုံး မကျိုးမပေါက်ရအောင် သူတော်ကောင်းတို့ အလေး ပြုရမည့် အကျင့်ဖြစ်သောကြောင့် “ဂရုဓမ္မသီလ”ဟူ၍လည်းကောင်း အမျိုးမျိုးပင် ခေါ်ကြပါသည်၊ သရဏဂုံတည်သူ (ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူ)ကို ဥပါသကာ-ဥပါသိကာမဟု ခေါ်၏၊ ထိုဥပါသကာ-ဥပါသိကာမ မှန်လျှင် ငါးပါးသီလကို လုံခြုံစေမှသာ သင့်လျော်ပါသည်၊ ထို့ကြောင့် သူတော်ကောင်း ပီသအောင် ငါးပါးသီလကိုလည်း လုံခြုံစေရပါသည်။ Trang209 ပါဏာတိပါတအဖွင့် ၁။ ပါဏာတိပါတ အဖွင့် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် ပါဏာတိပါတာ-သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း, ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ, ဆောက်တည်ပါ၏၊ “သူတစ်ပါးအသက် ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူလို။ သူတပါးအသက် သတ်ခြင်းမှ-ဟူရာ၌ လူ၏ အသက်ချည်း သာမက မိမိမှတပါး အသက်ရှိသော သတ္တဝါအားလုံ.၏ အသက်ကို “သူတပါးအသက်”ဟု ဆိုလိုသည်၊ ထို့ကြောင့် သက်ရှိသတ္တဝါမှန်လျှင် တိရစ္ဆာန်အမျိုးမျိုး, ကြမ်းပိုး, သန်းဥ, ခရု, ယောက်သွား, ကျွဲ, နွား စသည်တို့၏ အသက်ဟူသမျှကို မသတ်ရ။ သတ်-ဟူရာ၌ တကယ်သေစေလို၍ ကိုယ်တိုင်သော်လည်း ကောင်း, သူတစ်ပါးကို စေခိုင်း၍ သော်လည်းကောင်း သတ်မှသာ သတ်ရာရောက်သည်၊ လမ်းသွားရင်း မတော်တဆနင်းမိ၍ သေသွား ခြင်း စသည်များမှာ သတ်ရာမရောက်ပါ။ ရှောင်ကြဉ်ရကြောင်း, ကောင်းမြတ်သော-ဟူရာ၌ ဤသိက္ခာပုဒ်ကို ဆောက်တည်ထားလျှင် သူ့အသက်သတ်မှုမှ ရှောင်ကြဉ်ရသည်၊ မရှောင်ကြဉ်လျှင် သိက္ခာပုဒ်ပျက်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်သည် Trang210 သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၏ အကြောင်းဖြစ် သည်။ သိက္ခာပုဒ်။ ။ကုသိုလ်အကျင့်ကို “သိက္ခာ”ဟု ခေါ်သည်၊ ပုဒ်-ဟူသည်ကား မြန်မာလို “တည်ရာ”ဟူသော စကားနှင့် အဓိပ္ပာယ် တူသော(ပဒ)ပါဠိပျက်စကားတည်း၊ ထို့ကြောင့် များစွာသော ကုသိုလ်အကျင့်တို့၏ တည်ရာကို “သိက္ခာပုဒ်”ဟု မှတ်ပါ၊ ဤ သိက္ခာပုဒ်တစ်ပါး လုံခြုံလျှင် ကုသိုလ်အကျင့်တွေ များစွာ တိုးတက် ၍ ရမည်ဖြစ်သောကြောင့် “များစွာသော ကုသိုလ်တရား၏ တည်ရာ အခြေခံဖြစ်သော အကျင့်သိက္ခာ”ဟု ဆိုလိုသည်။ ဆောက်တည်ပါ၏။ ။“ဤသိက္ခာပုဒ်ကိုလုံခြုံအောင် စောင့်ထိန်းမည်”ဟု (ခိုင်မြဲအောင် အိမ်ကြီး တိုက်ကြီးများကို မြေအောက်၌ စိုက်တည်ထားသလို) စိတ်ထဲ၌ စွဲစွဲမြဲမြဲ နှလုံးသွင်းထားခြင်းကို “ဆောက်တည်”ဟု ခေါ်သည်၊ ထို့ကြောင့် သူတစ်ပါးထံသို့ မသွားဘဲ လည်း မိမိဘာသာ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ပါဠိလို ရွတ်ဆို၍ဖြစ်စေ, “သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟု မြန်မာလို ရွတ်ဆို၍ဖြစ်စေ ဆောက်တည် ကောင်း၏။ ဇနကမင်းသားကလေး ပင်လယ်ကြော၌ မျောနေစဉ်က ကိုယ့်ဘာသာ ဆောက်တည်၍ ၇-ရက်ပတ်လုံး ဥပုသ်စောင့်သုံး ခဲ့ပါသည်။] Trang211 ယခုကာလ၌ကား “ဘုရားရှေ့တော်, ရဟန်းသံဃာတော်များ ရှေ့၌ ဆောက်တည်မှ သီလရသည်”ဟု ထင်နေကြ၏၊ သို့သော် ဘုရားရှေ့တော်, ရဟန်းသံဃာ၏ ရှေ့၌ ဆောက်တည်ထားလျှင် ဘုရားနှင့် သံဃာကို ရိုသေသောအားဖြင့် သိက္ခာပုဒ်ကို လုံခြုံအောင် အထူးစောင့်ရှောက်ဖွယ်ရှိရကား စေတီတော်, ရုပ်ပွားတော်နှင့် သံဃာတော်တို့ ရှေ့၌ ဆောက်တည်ခြင်းသည် သာ၍ ခိုင်မြဲဖွယ်ရှိ သောကြောင့် ယခုကာလ ဆောက်တည်ကြပုံများလည်း အပြစ်မရှိ ၍ ကောင်းလှပါပေသည်။ မဆောက်တည်သူ လွန်ကျူးပြစ်။။ဤသိက္ခာပုဒ်ကို မဆောက်တည်ဘဲ သူ့အသက်ကို သတ်လျှင် အပြစ်ရှိ-မရှိ စဉ်းစား ရာ၏၊ ငါးပါးသီလခေါ်သော သိက္ခာပုဒ်များသည် ဆောက်တည် သည်ဖြစ်စေ, မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပါယ် ၄-ပါးသို့ ကျရောက်စေနိုင်သောကြောင့် မည်သူမဆို အမြဲစောင့် ထိန်းရမည့် ကိုယ်ကျင့်တရားဖြစ်သည်၊ “ဝိကာလဘောဇန, နစ္စ ဂီတ”စသော အခြားသိက္ခာပုဒ်များကိုကား မဆောက်တည်နိုင်လျှင် အပြစ်မကြီးလှ, အပါယ်သို့ မကျစေနိုင်၊ ဆောက်တည်နိုင်လျှင်ကား ဆောက်တည်ထားသော သိက္ခာပုဒ်ကို အကြောင်းပြု၍ အကုသိုလ် ဖြစ်ခွင့် မရတော့ဘဲ ကုသိုလ်တရားသာ တိုးပွားဖွယ်ရှိသောကြောင့် မည်သည့်သိက္ခာပုဒ်ကိုမဆို ဆောက်တည်နိုင်လျှင် အကျိုးများ၏၊ အပြစ်နှင့်အကျိုးကိုပြသော အောက်ပါ ဆောင်ပုဒ်ကို နှုတ်တက် Trang212 ဆောင်ထားပါ။ နောက်သိက္ခာပုဒ်များ၌ တူသောပါဠိများ၏ အဓိပ္ပာယ်ကို မရေးတော့ဘဲ ထူးရာကိုသာ ရေးတော့မည်။] [ဆောင်] ပါဏာတိပါတ်, သူ့သက်သတ်က, ချို့တတ်အင်္ဂါ, မွဲပြာရုပ်သွင်, အားအင်ချို့ယွင်း, လျင်ခြင်းလည်းဝေး, ဘေးကိုကြောက်တတ်, အသတ်ခံရာ, အနာများလျက်, ခြွေရံပျက်၍, အသက်တိုလျ, ပြစ်များစွာ့သည်.... ရှောင်က အပြန်အကျိုးတည်း။ ကြည့်ရှုရန် အဓိပ္ပါယ် ပါဏာတိပါတပြုလျက် သူ့အသက်ကို သတ်လို့ရှိက-- ၁။ မျက်စိ, နား-နှာ-အင်္ဂါ ခြေ လက် ချို့ယွင်းတတ်ခြင်း။ ၂။ ဖြစ်ရာဘဝ၌ အရုပ် အသွင် မွဲပြာခြောက်ညှိုး၍ စိုစိုပြည်ပြည် မရှိတတ်ခြင်း။ ၃။ အားအင် ချို့ယွင်းခြင်း (အားနည်းခြင်း)။ ၄။ လျင်မြန် ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း။ ၅။ ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့ခြင်း။ ၆။ သူများအသတ်ကို ခံရတတ်ခြင်း၊ ကိုယ့်ကိုယ်တိုင် အဆိပ် စသည်များ စားလျက် သေရတတ်ခြင်း။ ၇။ အနာရောဂါ များတတ်ခြင်း။ ၈။ အခြွေအရံ ပျက်စီးတတ်ခြင်း။ ၉။ အသက် တိုတတ်ခြင်း။ ဤသို့ စသည်ဖြင့် အပြစ်တွေ များပြားလှလေ၏။ Trang213 မူရင်းအပြစ်။ ။ပြခဲ့သော အပြစ်တို့မှာ ဝဋ်လိုက်သော အနေ အားဖြင့် ဖြစ်လေရာဘဝ၌ ရတတ်သော အဖျားအနား အပြစ်များ တည်း၊ ထိုအပြစ်များအပြင် ငရဲ၌ကျရခြင်း စသော ကြီးလေးသော အပြစ်လည်း ရှိသေး၏၊ ရှေးတုန်းက အိမ်ရှင်မတစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးဖို့ရာ ဟင်းလျာ မရှိသောကြောင့် အိမ်မှာရှိသော သိုးမကလေးကိုသတ်လျက် ချက်ပြုတ်ကျွေးခဲ့၏၊ ထို မကောင်းမှု ပါဏာတိပါတကံကြောင့် သေသောအခါ သိုးမကလေး ၏ အမွေးအရေအတွက်နှင့်အမျှ နှစ်ကြာအောင် ငရဲ၌ ကျက်ခဲ့ရ၏၊ ငရဲမှ လွတ်သောအခါလည်း ဘဝများစွာ သူတစ်ပါးအသတ်ခံရ၍ သေရလေသည်။ အပြစ်ကြီး အပြစ်ငယ်။ ။အပြစ်ကြီး အပြစ်ငယ်မှာ အသတ်ခံ ရသော သတ္တဝါ၏ ခန္ဓာကိုယ်ပမာဏနှင့် ဂုဏ်ကိုလိုက်၍ ဖြစ်၏၊ ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့် လည်းကောင်း, ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက်ဆီး ရာ မရောက်သောကြောင့်လည်းကောင်း သတ်ဖြတ်သူမှာ အပြစ် သက်သာ၏၊ အသတ်ခံရသူက ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ လုံ့လများစွာ စိုက်ရသောကြောင့်လည်းကောင်း, ဂုဏ်ကြီးလျှင် သူ၏ ဂုဏ်သိက္ခာအများကို ဖျက်ဆီးရာ ရောက်သောကြောင့်လည်း ကောင်း သူ့အသက်သတ်သူမှာ ကြီးသောအပြစ်ကို ခံရမည်။ ရှောင်ကအပြန်အကျိုးတည်း။ ။ရှောင်ကြဉ်လို့ရှိက ဤအပြစ် တွေမှပြန်၍ ၁-ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း၊၂-အရုပ်အဆင်း Trang214 စိုပြည်လှပခြင်း၊ ၃-လျင်မြန်သွက်လက်ခြင်း၊ ၄-ဘေးရန်ကို မကြောက်မရွံ့ခြင်း၊ ၅-သူများလက်ချက်များဖြင့် အသက်မသေရ ခြင်း၊ ၆-အနာရောဂါကင်းခြင်း၊ ၇-အခြွေအရံ မပျက်စီးခြင်း၊ အသက်ရှည်ခြင်းစသော အကျိုးများကို ရနိုင်ပေသည်၊ လူ တစ်ယောက်ကိုမြင်လျှင် ဤအကျိုးအပြစ်ရပုံကိုကြည့်၍ ရှေးက ပါဏာတိပါတကံ ရှိ-မရှိကို သိနိုင်ပါသည်၊ ဤအကျိုးအပြစ်တွေကို ဆင်ခြင်၍ ကြိုးစားရှောင်ကြဉ်ကြပါကုန်။ ၂။ အဒိန္နာဒါန အဖွင့် အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူလို။ မိမိမှတစ်ပါး အခြားသော လူ နတ် တိရစ္ဆာန်ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ပါ၊ ထိုသူတစ်ပါးဥစ္စာကို ခိုးယူခြင်း, ဓားပြ တိုက်ယူခြင်း, ညာဖြန်း လှည့်ပတ်ယူခြင်း, ကူးသန်းရောင်းဝယ်ရာ၌ အလေး *စသည်ဖြင့်လည်းကောင်း, တင်းတောင်း, ချိန်ခွင်, • ရောင်းကုန်တိုးအောင် ရေထိုးခြင်း စသည်ဖြင့်လည်းကောင်း မရိုးမသားယူခြင်းဟူသမျှသည် အဒိန္နာဒါနာချည်းတည်း။ Trang215 [ဆောင်] အဒိန္နာဒါ, ခိုးမိပါမူ, ဥစ္စာနည်းမွဲ, ဆင်းရဲငတ်ဘိ, လိုရှိမရ, ဘောဂပျက်စီး, ရေ-မီး-သူခိုး, မွေခံဆိုးနှင့်, မင်းဆိုး အပြား, ရန်မျိုးငါးကြောင့်, ပျက်ပြားဥစ္စာ, ပြစ်များစွာသည်, ရှောင်ခါ အပြန်အကျိုးတည်း။ ကြည့်ရှုရန် အဓိပ္ပာယ် ၁။ အဒိန္နာဒါနကို ပြုမိသူသည် မွဲတတ်ခြင်း။ ၂။ ဆင်းရဲတတ်ခြင်း။ ၃။ ငတ်မွတ်ခြင်း။ ၄။ အလိုရှိသောအရာကို မရနိုင်ခြင်း။ ၅။ ကူးသန်းရောင်းဝယ်မှု မတတ်ခြင်း စသည်တို့ကြောင့် စည်းစိမ် ပျက်စီးတတ်ခြင်း။ ၆။ ရေ-မီး-သူခိုး အမွေခံ သားသမီးဆိုး မင်းဆိုးဟူသော ရန်သူမျိုး ငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊ ဤမကောင်း ကျိုးများကို ရတတ်၏။ မူရင်းအပြစ်။ ။ဤပြခဲ့သောအပြစ်တို့ကား ဝဋ်လိုက်သော အားဖြင့် ဖြစ်ရာဘဝ၌ ရတတ်သော အပြစ်များတည်း၊ ထိုအပြစ် များထက် ကြီးလေးစွာ ငရဲ ပြိတ္တာတို့၌လည်း ဖြစ်တတ်သည်သာ၊ ရှေးတုန်းက ဈေးသည်မိန်းမ ၄-ယောက်တို့သည် အလေး,ချိန်ခွင် စဉ်းလဲခြင်းစသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ် ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာဖြစ်ကြလေသော် မိမိတို့ Trang216 ရှေးဟောင်း နှောင်းဖြစ်တွေကို မြင်ကြရုံသာမက, ကျန်ရစ်သော ယောက်ျားတို့က နောက်မယားယူကြ၍ မိမိတို့ စုဆောင်းထားခဲ့ သော ပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသဖြင့် မခံနိုင်ကြ သောကြောင့် “တရားရော မတရားရော ငါတို့ စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကို နောက်သား နောက်မယားတွေက အပင်းဆို့နေကြ သတဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပြီ”ဟု မြို့ရိုးပေါ်ကနေပြီး ဟစ်အော်ကြသတဲ့။ ဤသို့ စသည်ဖြင့် အဒိန္နာဒါနအတွက် အပြစ်များစွာရှိ၏၊ ဥစ္စာရှင်က ဂုဏ်ရှိသလောက် အပြစ်ပို၍ ကြီးလေး၏၊ ဥစ္စာ၏ တန်ဖိုး အလိုက်လည်း အပြစ်အကြီးအငယ် ကွဲပြားသည်၊ ရှောင်ကြဉ်လျှင် ဤအပြစ်မျိုးမှ လွတ်ကင်း၍ “ဥစ္စာပေါခြင်း”စသော အပြန်အကျိုး ၆)ပါး စသည်ကို ရနိုင်၏၊ အကျိုးအပြစ်ကို သတိထား၍ ကြိုးစား စောင့်ထိန်းကြပါကုန်။ ၃။ ကာမသုမိစ္ဆာစာရ အဖွင့် ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် သော ကာမေသုမိစ္ဆာစာရာ-ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ, ယုတ်မာ အကျင့်မှ၊ ဝေရမဏိသိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ လွန်ကျူးခြင်း (ကိုယ့်လင်မှ တစ်ပါးသော ယောက်ျားနှင့် “သူ့မယားကို ဖောက်ပြားခြင်းမှ) ရှောင်ကြဉ်ပါ၏”ဟူလို။ Trang217 ကာမဂုဏ်။ ။မိန်းမ ယောက်ျား နှစ်ဦးသားတို့ ပျော်ပါးရွှင်မြူး ကြည်နူးပေါင်းဖက်ခြင်းကို “ကာမဂုဏ်”ဟု ဆိုသည်၊ ဤသို့ ဆက်ဆံ မှုကို မပြုမကျင့်ဘဲ ရှောင်ကြဉ်၍ စင်စင်ကြယ်ကြယ်နေနိုင်က အကောင်းဆုံးဖြစ်၏၊ သွာက္ခာတဂုဏ်တော်အဖွင့်၌ ပြခဲ့သော ဥဒယဘဒ္ဒမင်းသား မင်းသမီးတို့ကို အတုလိုက်၍ ကျင့်ရာ၏၊ မရှောင်ကြဉ်နိုင်ပါမူ ကိုယ်ပိုင်အိမ်သူ အိမ်ရှင် (ဇနီးမောင်နှံချင်း) မွေ့လျော် တင်းတိမ်ရောင့်ရဲရ၏၊ ထိုသို့ မွေ့လျော်ခြင်းကို လောက အလိုက် ပညာရှိတို့ မကဲ့ရဲ့ထိုက်ပါ။ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော အကျင့်။ ။ကိုယ်ပိုင် ဇနီး မောင်နှံချင်းမှ လွန်ကျူးဖောက်ပြား၍ သူများပိုင် ဇနီးနှင့်လည်း ကောင်း, ဆွေနီးမျိုးစပ်တို့ စောင့်ကြပ်ထိန်းသိမ်းထားသော အမျိုးသမီးများနှင့်လည်းကောင်း အချင်းချင်း သဘောတူသည် ဖြစ်စေ, မတူသည်ဖြစ်စေ လွန်ကျူးဖောက်ပြားသော ယောက်ျား၏ အကျင့်, မိမိကိုပိုင်သော ယောက်ျားမှ ဖောက်ပြားလွန်ကျူး၍ တစ်ပါးသော ယောက်ျားနှင့် ပျော်မြူးသော မိန်းမ၏ အကျင့်သည် ကဲ့ရဲ့ဖွယ်ရာ ယုတ်မာသော အကျင့်တည်း။ [ဆောင်] မိစ္ဆာစာရ, ကျူးလွန်ကလည်း, မုန်းကြသူများ, ရန်သူပွား၍ ရှားပါးလာဘ်တိတ်, ချမ်းသာဆိတ်၏၊ ဣတ္ထိ ပဏ္ဍုက်, မျိုးယုတ် ခါခါ, မျက်နှာမလှ, အရှက်ရလျက်, လက္ခဏဣန္ဒြေ, ယွင်းသွေ ချို့သိမ်, စိုးရိမ်များစွာ, ချစ်သူကွာသည်... ရှောင်ခါအပြန် အကျိုးတည်း။ Trang218 ကြည့်ရှုရန် အဓိပ္ပာယ် ၁။ ကာမေသု မိစ္ဆာစာရ အားကြီးသောသူ၌ မလိုမုန်းထားသူ ပေါများခြင်း။ ၂။ မုန်းရုံမက ရန်သူလည်း များခြင်း။ ၃။ လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။ ၄။ ချမ်းသာမှ ကင်းဆိတ်ခြင်း။ ၅။ မိန်းမ ဖြစ်ရခြင်း။ ၆။ မိန်းမမဟုတ် ယောက်ျားမဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း။ ၇။ ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း။ ၈။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။ ၉။ အင်္ဂါလက္ခဏာ ဣန္ဒြေတို့ ယွင်းချို့သေးသိမ်ခြင်း။ ၁ဝ။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။ ၁၁။ ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း။ မူရင်းအပြစ်။ ။ဤပြခဲ့သော အပြစ်တို့သည် ဝဋ်လိုက်သော အားဖြင့် ဖြစ်ရာဘဝ၌ တွေ့ကြုံရတတ်သော အပြစ်များသာတည်း၊ ထိုအပြစ်များအပြင် ငရဲ၌လည်းဖြစ်ကြရသေး၏၊ ကာမေသုမိစ္ဆာစာရ အားကြီးသော သူဌေးသား လေးယောက်တို့၏ “လောဟကုမ္ဘီ”ခေါ် သံရေပူငရဲမှ “ဒု-သ-န-သော”ဟု ဟစ်အော်ကြပုံကိုလည်း လူ အများပင် ကြားဖူးကြလေပြီ၊ အထူးဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း၏ ဖြစ်ပုံလည်း ရှိသေး၏၊ အရှင်အာနန္ဒာ အလောင်းသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်း Trang219 ဝင်တော့မည့် ဤကမ္ဘာမှာပင် တစ်ခုသောဘဝ၌ ရွှေပန်းတိမ်သည် သား ဖြစ်၏၊ ထိုဘဝက လူလေ လူလည်တို့နှင့် ပေါင်းမိ၍ ကာမေသု မိစ္ဆာစာရအမှုကို ပြုလေသည်။ လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှ လောက် အပြစ်များ၏။ ထိုအကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ကျက်ပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ ကို ကိုက်ဖောက်ခံရ၏၊ ထို့နောက် တစ်ဘဝ၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့ အထုတ်)ခံရ၏၊ ထို့နောက် လူဖြစ်သော်လည်း မိန်းမ မဟုတ်, ယောက်ျားမဟုတ် ပဏ္ဍုက်ဖြစ်ရ၏၊ ထို့နောက် ၅-ဘဝ မြောက်၌ ကုသိုလ်ကံအခွင့်ရ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘဝလုံးလုံး ဖြစ်ရသေး၏၊ ထိုဘဝတို့ နောက်၌ လူ့ပြည်မှာ ဘုရင့်သမီး ဖြစ်ရပြန်၏၊ ထိုဘဝနောက်မှ ယောက်ျား ဘဝကို ပြန်၍ရလေသည်။ ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ, ဘဝများစွာ အောက်ကျ နောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သော ဝါသနာဆိုးကြီးကို တရားဖြင့် မထိန်းသိမ်းနိုင်လျှင် တကယ်တမ်း ကြည်ဖြူ၍ ချစ်သွေး တူသော အိမ်ရှင်အိမ်သူချင်းသာ ပေါင်းသင်းမိဖို့ရာ သတိပြုသင့်လှ တော့သည်။ Trang220 အိမ်ထောင်စုံ ၄-မျိုး။ ။၁-မြင့်မြတ်သော ယောက်ျားက သီလလုံ၍, အိမ်သူမယားက သီလမလုံခြုံလျှင် နတ်သားလင်နှင့် သူသေ မယားတို့ ပေါင်းသင်းခြင်းနှင့်တူ၏။ (သီလမရှိသူသည် အသက်ရှင်နေ သော်လည်း သေသူနှင့် မထူးပြီး၊) ၂-ယောက်ျားက သီလမစင်ကြယ် ဘဲ အိမ်ရှင်ဇနီးက သီလစင်ကြယ်နေလျှင် သူသေလင်နှင့် အိမ်ရှင် နတ်သမီးတို့ ပေါင်းသင်းခြင်းနှင့် တူ၏၊ ၃-နှစ်ယောက်လုံး သီလ မစင်ကြယ်မူ သူသေချင်း ပေါင်းသင်းရခြင်းနှင့် တူ၏၊ ၄-ဇနီးမောင်နှံ နှစ်ဦးစလုံး သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပဟူသော သူတော်ကောင်းဥစ္စာ ၇-ပါးနှင့် ပြည့်စုံ၍ စိတ်တူသဘောတူ ကြည်ကြည်ဖြူဖြူနှင့် နေထိုင်ကြလျှင် ယခုဘဝ၌လည်း စည်းစိမ်ဥစ္စာ အရှိန်အဝါတိုးတက်လျက် နောင်သံသရာ၌လည်း ချစ်စည်းမပြေဘဲ ဘုရားအလောင်း ဥဒယဘဒ္ဒမင်းသား မင်းသမီးနှင့် မဟာကပ္ပိနမင်း အနော်ဇာမိဖုရားတို့ကဲ့သို့ နိဗ္ဗာန်ကိုပင် အတူတကွ စံမြန်းရလိမ့် မည်ဖြစ်၍ ယခုအခါ နတ်သမီး နတ်သားအသွင် ကြည်လင်ရွှင်မြူး တစ်ဦးကိုတစ်ဦး လွန်ကျူးဖောက်ပြားခြင်း မရှိပါလျှင် ပြခဲ့သော အပြစ်မှ ပြောင်းပြန်ပြန်၍ အကျိုးအတန်တန်ကို စံရပေလိမ့်မည်။ (၁) လင်နတ်သားနှင့် မယားသူသေ မိမိုင်းရာဇ, သီလကျင့်ဝတ်, ဆွတ်ဆွတ်စင်ဖြူ, အိမ်သူမယ်လျ, သီလမစင်, ဖြစ်ချေလျှင်မူ, လင်ကားနတ်သား, မယားသူသေ, မည်ရှာပေ၏။ [* မိမိုင်း - အထွတ်အထိပ်၊ အမြတ်။] Trang221 (၂) သူသေလင်နှင့် အိမ်ရှင်နတ်သမီး ဘုန်းဝေနတ်ရှင်, မစင်သီလ, နန်းမနေသူ, ဖြူသည့်သီလ, ဖြစ်ချေကမူ, ဘဝသခင်, သူသေတွင်လျက်, အိမ့်ရှင်ဇနီး, နတ်သမီး အနေ, တည်ရှာလေ၏။ (၃) သူသေလင်မယား နှစ်ဆွေလင်မိတ်, သီလဆိတ်မူ, ကောင်းဟိတ်မဖွေ, သူသေ ချင်းသာ, မေတ္တာမျှပေ, ကြည်ရှာလေ၏။ (၄) နတ်သား နတ်သမီး ဇနီးမောင်နှံ လူ့မြေရပ်ခွင်, အိမ့်ရှင်အိမ်သူ, မြတ်ရည်တူလျက်, ဆုယူညီမျှ, လှူဒါနနှင့်, သီလမယိုင်, သဒ္ဓါပြိုင်မူ, ဘုန်းလှိုင်ကျော်ကြား, မိုးနတ် သားနှင့်, ဆွေဝါးဇနီး, နတ်သမီးသို့, ကောင်းချီးအံ့ရာ, စုမိရှာလျက်, သံသာနောင်လည်း, ချစ်စည်းမပြေ, ရှည်ကြာလေ၏၊ ဘုန်းဝေ ပြည့်ရှင်, မောင့်သခင်လည်း, အင်ခွင်မသုံ, တန်ခိုးဂုဏ်နှင့်, သုရုန္ဓန, ပြည်လုံးခသည့်, ဥဒယဘဒ်, မင်းမြတ်ထွတ်ချာ, မဟာကပ္ပိန်, နရိန် တို့လို, မညိုသဒ္ဓါ, မကွာသီလ, များသုတနှင့်, စာဂငံစွာ, ပညာမကွေ, အနေတော်သင့်, ချစ်ပန်းပွင့်သည်, နတ်နှင့် တူစေချင်လှသော်။ [ပဉ္စာဝုဓပျို့၊] Trang222 ၄။ မုသာဝါဒ အဖွင့် မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် မုသာဝါဒါ-မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ဗါ၏၊ “လိမ်လည် လှည့်ပတ် ခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူလို၊ မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်လည်းကောင်း, စာဖြင့်ရေး၍လည်းကောင်း, ကိုယ်လက် စသည်ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှ ညာဖြန်းသမျှ ပါဝင်၏။ သို့သော် သူတစ်ပါးအကျိုး ပျက်သွားအောင် လိမ်သော မုသားမျိုးသာ အပါယ်ရောက်ကြောင်းဖြစ်၏၊ ကိုယ့်ဥစ္စာ မပေးလို၍ လိမ်လည်သော မုသားမျိုး, ပြက်ရယ် ပြောင်လှောင်သော မုသားမျိုး, သူတစ်ပါး၏ အကျိုးစီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင် လိမ်ရသော မုသားမျိုး, မိမိ၏ သားသမီးများ ပွဲလမ်းစသည်သို့ သွားလျှင် အပြစ်ဖြစ်မည်ကို မြင်၍ မသွားချင်အောင် လှည့်ပတ် ပြောဆို အကျိုးလိုသော မိဘ၏ မုသားမျိုးမှာ ပြောလောက်အောင် အပြစ်မကြီးပါ၊ သို့သော် သိက္ခာပုဒ်ကား ပျက်ဖွယ်ရှိ၏။ [ဆောင်] မုသားစကား, ပြောဆိုငြားမူ, စကားမပီ, သွားမညီတည်း, ပုပ်ညှီပါးစပ်, ခြောက်ကပ်ကိုယ်ရေ, ဣန္ဒြေနောက်, ပုံယွင်း ဖောက်၏။ မရောက်ဩဇာ, နှုတ်လျှာ ကြမ်းထော်, လျှပ်ပေါ် လော်လီ, စိတ်မတည်သည်.... ရှောင်ကြဉ် အပြန်အကျိုးတည်း။ Trang223 ရှေးက မုသားအားကြီးသူသည်-- ၁။ ယခုဘဝ၌ စကားပီပီသသ မပြောတတ်ခြင်း။ ၂။ သွားများ မညီမညွတ်ရှိခြင်း။ ၃။ ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။ ၄။ ကိုယ်အရေအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ် မရှိခြင်း။ ၅။ မျက်စိ-နား စသော ဣန္ဒြေများ နောက်ကျုကျုရှိခြင်း။ ၆။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။ ၇။ သူတစ်ပါးအပေါ်၌ ဩဇာအာဏာ မတည်ခြင်း။ ၈။ အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။ ၉။ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်း။ ဤသို့ စသည်ဖြင့် အပြစ်များ၏။ [မုသားပြောသူသည် ဘယ် ကိစ္စ၌မျှ မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင်။] မူရင်းအပြစ်။ ။ဤပြခဲ့သော အပြစ်တို့ကား ဝဋ်လိုက်သော အားဖြင့် ရောက်လေရာဘဝ၌ ရတတ်သော အပြစ်များတည်း၊ တစ်ချို့ မုသားစကားမှာ ငရဲရောက်အောင်ပင် အပြစ်ကြီး၏၊ အရှင် ဒေဝဒတ်သည် သံဃာအသင်းခွဲရာ၌ မုသားပြော၍ ခွဲရ၏၊ ထိုမုသား ကြောင့် အဝီစိငရဲသို့ ရောက်ရလေသည်၊ ဤသို့လျှင် တစ်ချို့ မုသား များသည် ငရဲသို့ ပစ်ချနိုင်လောက်အောင် သတ္တိကြီးမားလေသည်။ Trang224 စေတိယစာတ် ဤကမ္ဘာ၏ ရှေ့ပိုင်းလောက်က စေတိယတိုင်းပြည်ဝယ် “ဥပဝရ”ခေါ် စေတိယမင်း၏ မုသားစကားမှာ ဖြူစင်သော ကောင်းကင်၌ ညိုမှိုင်းသော တိမ်တိုက်ပမာ တစ်ကမ္ဘာလုံး သစ္စာ တည်သောအခါဝယ် ရှေးဦးစွာပေါ်လာသော မုသားဖြစ်၍ နစ်နစ်ကာကာ လွန်စွာဆိုးဝါးလျက် ယခုတိုင်အောင်ပင် ထင်ရှား ခဲ့လေသည်၊ ထိုမင်းကား သာမန်မဟုတ်, ကောင်းကင်ပျံနိုင်ခြင်း, နတ်သားလေးယောက် သက်တော်စောင့်ရခြင်း, ကိုယ်မှ စန္ဒကူးနံ့ မွှေးခြင်း, ခံတွင်းမှလည်း ကြာညိုနံ့မွှေးခြင်းဟူသော တန်ခိုး ၄- မျိုးနှင့် ပြည့်စုံသူတည်း၊ တက္ကသိုလ်၌ ပညာသင်တုန်းက ပုရောဟိတ် ကြီး၏ ညီဖြစ်သော ကောရကလမ္ဗသည် အကျွမ်းတဝင် ချစ်ခင် ရင်းနှီးသူဖြစ်၏၊ မိမိရှင်ဘုရင်ဖြစ်လျှင် ကောရကလမ္ဗကိုပင် ပုရောဟိတ်ရာထူး တင်မည်ဟု ဝန်ခံခဲ့၏၊ သို့သော် ရှင်ဘုရင် ဖြစ်သောအခါ၌ကား ပုရောဟိတ်ဟောင်းကို ရာထူးမှ မချနိုင်၊ ပုရောဟိတ်ဟောင်းကမူ သူ၏ရာထူးကို သားအား လွှဲအပ်၍ ရသေ့ ရဟန်း ပြုသွားလေသည်။ ကောရကလမ္ဗသည် ပုရောဟိတ်ရာထူးကို မရသောကြောင့် သူ၏နောင်တော် ပုရောဟိတ်ဟောင်းအပေါ်မှာ ရန်ငြိုးဖွဲ့၏၊ ထုံးစံအားဖြင့်လည်း ပုရောဟိတ်ရာထူးမှာ နောင်တော်သာ လက်ကိုင်ဖြစ်၏၊ ထို့ကြောင့် နောင်တော်က အခွင့်မပြုသမျှ ထိုရာထူးကို အတင်းမပြောင်းလွှဲနိုင်ချေ၊ သို့ဖြစ်၍ ထိုရာထူးအတွက် Trang225 ဘုရင်နှင့် ကောရကလမွ (သူငယ်ချင်း ၂-ယောက်တို့မှာ) အခက်ကြုံ ကြရတော့၏၊ တစ်နေ့သ၌ကား ထိုရာထူးအတွက် စဉ်းစားရင်း ဘုရင်က သူ၏သူငယ်ချင်းကို ပြောသည်မှာ- ဘုရင်။။ကောရကလမွ ရာထူးအတွက် မပူနှင့်၊ ငါကိုယ်တိုင် ပရိသတ်အလယ်မှာ “သင့်ကို အကိုကြီး, သင်၏ နောင်တော်ကို အငယ်”ဟု မုသားပြောမည်၊ သည်လို ဆိုလျှင် သင်က အကြီးဖြစ်၍ ရာထူးကို ရခွင့်ရှိသည်။ ကောရ။။မင်းမြတ်- သည်အကြံဟာ ကောင်းပါ၏၊ သို့သော် နောင်တော်က တန်ခိုးကြီးသူ ဖြစ်၏၊ ယခုလို မုသား ပြောလျှင် နောင်တော်က အရှင်မင်းမြတ်၏ တန်ခိုး တွေကို (တကယ် မကွယ်ဘဲ) ကွယ်ပျောက်သလိုဖြစ် အောင် လုပ်ပါလိမ့်မည်၊ မြေကြီးထဲသို့ တကယ်မဝင် ဘဲနှင့် ဝင်သလိုဖြစ်နေအောင် လုပ်ပါလိမ့်မည်၊ ထို အခါ၌ အရှင်မင်းမြတ်က မုသားစကား မတည်ဘဲ စကားပြောင်းလွှဲသွားလျှင် အကျိုးမရှိနိုင်ပါ။ ဤကား- နောင်ဖြစ်ခဲ့လျှင် ဘုရင်စိတ်မပျက်ရအောင် ကြိုတင်၍ တုပ်နှောင်သော စကားများတည်း။ ဘုရင်။။ကောရ- သည်လို စကားပြောင်းလိမ့်မည်ဟု မထင် ပါနှင့်၊ မုသားကို ငါပြောမြဲပြောမည်။ ကောရ။။ဘယ်အခါ ပြောမည်နည်း။ ဘုရင်။။ယနေ့မှ နောက် ၇-ရက်မြောက်၌ ပြောမည်။ Trang226 ဤသို့ ဘုရင်နှင့် ကောရကလမ္ဗတို့ တိုင်ပင်ကြသောစကား သည် တစ်မြို့လုံး ပြန့်နှံ့သွား၏၊ ထိုအခါကား မုသားကို မကြား ဖူးကြ၊ အထူးသစ္စာတည်သောအခါဖြစ်၍ ဘုရင်ပြောမည့် မုသား ဆိုတာ ဘယ်လိုဟာပါလိမ့်၊ “ညိုညိုလား-ရွှေရွှေလား”ဟု မုသား၏ အဆင်းအရောင် အကောင်အထည်ကိုပင် ကြိုတင်၍ စဉ်းစားကြ လေ၏၊ ထိုမျှလောက် သတင်းကြီးနေသော မုသားကို ကြည့်ရှုကြားသိ လိုကြသော မြို့သူမြို့သားတို့သည် ဘုရင် မုသားပြောမည့်ဌာန၌ ခုတင်ကြီးငယ် အသွယ်သွယ်ခင်းလျက် အလုအယက် နေရာယူကာ ၇-ရက်မြောက်နေ့ဝယ် စောစောကပင် ပရိသတ်တွေ ပြည့်ကြပ် ကျိတ်ခဲနေလေသည်၊ ထိုသို့ ပရိသတ်စုံညီဝယ် အခြွေအရံများ နှင့်တကွ ဘုရင်နှင့် ကောရကလမ္ဗတို့အပြင် ပုရောဟိတ်ဟောင်း ရသေ့လည်း ဈာန်အဘိညာဉ်ဖြင့် ကောင်းကင်မှ ဆိုက်ရောက်လာ ၏၊ ထိုအခါ-- ရသေ့။။မင်းမြတ်- အငယ်ကို အကြီး, အကြီးကို အငယ်ဟု မုသားပြောမည်ဆိုတာ မှန်ပါသလား။ ဘုရင်။ ။မှန်ပါတယ်။ ရသေ့။။မင်းမြတ် မုသာဝါဒဆိုတာ လွန်စွာအပြစ်ကြီးပါတယ်၊ ရှိသမျှဂုဏ်ကို ဖျက်ဆီးပစ်ရုံမက အပါယ်သို့ပင် ချတတ် ပါတယ်၊ မုသာဝါဒပြောဆိုသူမှန်လျှင် မိမိကိုယ်ကျင့် တရားကို သတ်ပစ်ရာရောက်ပါတယ်၊ ကိုယ်ကျင့်တရား တွေ သတ်ပစ်တဲ့သူဟာ မိမိကိုလည်း မိမိသတ်ရာ ရောက်ပါတယ်၊ မုသားပြောသူကို ကိုယ်စောင့်နတ် Trang227 များလည်း မစောင့်လိုကြပါ၊ ခံတွင်းက အပုပ်နံ့များ လည်း ထွက်တတ်ပါတယ်၊ ရာထူးလည်း လျှောတတ် ပါတယ်၊ (ထိုစကားကိုကြားလျှင် ဘုရင်သည် ကြောက်ရွံ့ လာ၏၊ ထို့ကြောင့် သူ၏သူငယ်ချင်း ကောရကလမ္ဗကို (ဘယ်နှယ့်လဲဟု မေးသောသဘောဖြင့်) ကြည့်ရှာလေ သည်။] ကောရ။။မင်းမြတ်- အစတုန်းကပင် သည်လိုပြောပါလိမ့်မည် ဟု တင်ကြို သံတော်ဦးတင်ခဲ့သည် မဟုတ်ပါလား။ ဘုရင်။။ (အနည်းငယ် ရဲလာ၍ ပုရောဟိတ်ရသေ့ကို ပြော သည်မှာ) အရှင်ရသေ့- အရှင်က အငယ်, ကောရကလမွ အကြီးဖြစ်တယ်။ ဤမုသားကား ယခုကမ္ဘာတွင် ပထမဆုံး မုသားတည်း၊ ထိုမုသားစကား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘုရင်ကို စောင့် နေကျဖြစ်သော သက်တော်စောင့် နတ် ၄-ယောက်တို့ သန်လျက်ကို ပစ်ချ၍ ကွယ်ပျောက်ကြတော့၏၊ ဘုရင်၏ ခံတွင်းမှ ကြာညိုနံ့ ကွယ်ပ၍ ကြက်ဥအပုပ်နံ့ ထွက်လာ၏၊ တစ်ကိုယ်လုံးမှာလည်း စန္ဒကူးနံ့ ကွယ်ပျောက်၍ အိမ်သာနံ့ကြီး ပေါ်ပေါက်လာလေသည်၊ ကောင်းကင်မှာလည်း မသွားနိုင်တော့ဘဲ မြေပေါ်သို့ ကျရောက်ရှာ လေသည်။ ထိုအခါ-- Trang228 ရသေ့။။(သနားကြင်နာသော မျက်နှာဖြင့်) မင်းမြတ်- မုသား မပြောပါနှင့်၊ အမှန်ကို ပြင်၍ပြောလျှင် တန်ခိုးဣဒ္ဓိ များ မူလအတိုင်း ရှိပါလိမ့်မည်။ ဘုရင်။။“အသင် ရသေ့တို့က ငါ့ကို တန်ခိုးဖြင့် လှည့်ပတ်ကြ သည်၊ ငါတော့ နောက်ဆုတ်လိမ့်မည် မဟုတ်၊ သင် ရသေ့က အငယ်၊ ကောရကလမ္ဗက အကြီးပဲ”ဟု မုသား ပြောပြန်၏။ ဤ ဒုတိယမုသား ပြောသည့်အတွက် ခြေမျက်စိထိအောင် ခြေ ၂-ချောင်း မြေသို့ဝင်သွား လေသည်၊ “မြေမျိုစ ပြုလေပြီ”ဟု ဆိုလိုသည်။ ရသေ့။။မင်းမြတ်- မုသားမပြောပါနှင့်၊ မုသားပြောလျှင် မိုးလေများလည်း မမှန်မကန်ဖြစ်ကာ သတ္တဝါများ ဆင်းရဲတတ်ပါသည်၊ မှန်မှန်ပြောပါ၊ ဘယ်သူ အကြီး ပါလဲ။ ဘုရင်။။ “ငါ့နန်း ငါထိုင် မခိုင်ကျိုးဟ”ဆိုသော သဘောမျိုးဖြင့် “သင်က အငယ်, ကောရကလမ္ဗက အကြီးပဲ” ဤ တတိယမုသားအပြောတွင် ဒူးဆစ်ထိအောင် မြေသို့ ဝင်သွားလေသည်။ ရသေ့။။မင်းမြတ်- မုသားပြောသူမှာ မြွေများလို လျှာ ၂-ခွ ဖြစ်တတ်ပါတယ်၊ မှန်မှန်ပြင်ပြောလျှင် နဂိုအတိုင်း ဖြစ်နိုင်ပါသေးတယ်၊ မှန်မှန်ပြောပါ၊ ဘယ်သူက အကြီးပါလဲ။ Trang229 ဘုရင်။။“ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” ဆိုတဲ့ သဘော မျိုးဖြင့် “သင်ရသေ့က အငယ်, ကောရလမွက အကြီး ပဲ”။ ဤစတုတ္ထမုသားအပြောတွင် ခါးထိအောင်မြေသို့ ဝင်သွားလေသည်။] ရသေ့။။မုသားပြောသူတို့မှာ ဖြစ်လေရာဘဝ၌ စကားပီပီ သသဖြစ်အောင် မပြောတတ်ဘဲ စကားထစ်အသူ ဖြစ် တတ်ပါတယ်၊ မှန်မှန်ပြောပါ၊ ကျွန်ုပ်တို့ ၂-ယောက်တွင် ဘယ်သူက အကြီးပါလဲ။ ဘုရင်။။ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုတဲ့ သဘောဖြင့် “သင်ရသေ့က အငယ်, ကောရကလမ္ဗက အကြီးပဲ”ဟု ပြောပြန်၏။ ဤ ပဉ္စမအကြိမ် မုသား အပြောတွင် ချက်ထိအောင် မြုပ်သွားလေသည်။] ရသေ့။။မင်းမြတ်- မုသားပြောသူတို့မှာ ဖြစ်လေရာဘဝ၌ သားရတနာ မထွန်းကားဘဲ သမီးမိန်းမသာ ရတတ်ပါ သည်၊ မှန်မှန်ပြောလျှင် နဂိုအတိုင်း ပြန်ဖြစ်နိုင်ပါ သေးသည်၊ မှန်မှန်ပြောပါ၊ ဘယ်သူက အကြီးပါလဲ။ ဘုရင်။။“ပေါက်တဲ့နဖူး မထူးဘူး”ဆိုတဲ့ သဘောဖြင့် “သင် ရသေ့က အငယ်, ကောရကလမွက အကြီးပဲ” ဟု ပြောပြန်၏။ ဤဆဋ္ဌမအကြိမ် မုသားအပြောတွင် သားမြတ်ထိအောင် မြုပ်သွားလေသည်။ Trang230 ရသေ့။။မင်းမြတ်- မုသားပြောသူတို့မှာ ဖြစ်လေရာဘဝ၌ သားရသော်လည်း သားများက ကျေးဇူးမသိတတ်ဘဲ တော်ရာအရပ်သို့ ရှောင်လွှဲ၍ နေတတ်ပါသည်၊ မှန်မှန်ပြောလျှင် နဂိုအတိုင်း ဖြစ်နိုင်ပါသေးသည်၊ မှန်မှန်ပြောပါ၊ ဘယ်သူအကြီးပါလဲ။ ဘုရင်။ ။ “သန်းခေါင်ထက်ဖြင့် ညဉ့်မနက်တော့ဘူး” ဆိုတဲ့ သဘောဖြင့် “သင်ရသေ့က အငယ်, ကောရကလမ္ဗက အကြီး” ဟုပြောပြန်၏။ ဤသတ္တမအကြိမ် မုသား အပြောတွင် အဝီစိမှ မီးတောက် မီးလျှံတို့က အဝီစိ တိုင်အောင် ယူဆောင်သွားလေသည်။][အဋ္ဌကနိပါတ်, စေတိယဇာတ်။ ဝတ္ထုမှတ်ချက်။ ။ဤဝတ္ထု၌ မုသာဝါဒ၏ အပြစ်ကား လွန် လွန်းလှ၏ဟု မှတ်ထင်ကြပေလိမ့်မည်၊ မလွန်လွန်းပါ၊ ထိုစေတိယ မင်း၏ မုသားပြောသောအချိန်ကား တစ်စုံတစ်ယောက်မှ မုသား ပြောသူ မရှိသေး၊ အားလုံး သစ္စာတည်သောအခါ ဖြစ်သည်၊ ညစ်စုတ် ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်း မထူး, ဖြူစင်သော ပဝါ၌ကား မြူမှုန်လောက်အကွက်ကလေးပင် ထင်ရှားသကဲ့သို့ အားလုံး သစ္စာတည်ကြသောကာလ၌ ပထမဖြစ်သော ထိုမုသားသည် အလွန် Trang231 ထင်ရှား၍ အပြစ်လည်းကြီးမားလေသည်၊ ယခုခေတ် ယခုခေတ်ကား အချို့ လူကြီးလူကောင်း ပညာရှိသူတော်ကောင်းတွေပင် မုသားမပါ လင်္ကာမချော”ဟူသော စကားကို လက်ကိုင်ပြုလျက် ရေလဲနှင့် သုံးစွဲနေကြသော ခေတ်ဖြစ်၏။ သို့ကလောက် မုသားပေါသော ခေတ်၌ မုသားပြောသူတိုင်း မြေမျိုရလျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟု မဟုတ်ချေ၊ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်ကြီးသော အပြစ်များလည်း မရှိသေး ယခုခေတ်၌ကား မုသားလောက် အပြစ်မျိုးကို အပြစ်ဟုပင် မဆိုသာ၊ ထို့ထက် ဆိုးဝါးသောအပြစ်ကြီးတွေက လွှမ်းမိုးနေသဖြင့် မုသား လောက်အပြစ်မှာ သာမန်အပြစ်မျှ ဖြစ်ရသည်။ သို့ရာဝယ် ခေတ်အလျောက် မုသားအပြစ်က မျက် မှောက်ဘဝ၌ အကျိုးမထင်ရှားစေကာမူ သံသရာ၌ ဝဋ်လိုက်သော အပြစ် မှာ စေတိယမင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့် အပြင် တကယ့် သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလို ချင်ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှ အသေးအဖွဲ့ ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သော သစ္စာကြောင့် အလိုလို အရှိန်အဝါ တက်လာပါလိမ့်သတည်း။ ၅။ သုရာဇမရယအဖွင့် သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ Trang232 ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-မေ့လျော့ ပေါ့ဆခြင်း၏, အကြောင်းစင်စစ်, မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊” ဟူလို၊ သုရာ• သေရည်+မေရယ-အရက်+မဇ္ဇ-မူးယစ်စေတတ်သော+ပမာဒ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏+ဌာန-အကြောင်း။] သေရည်အရက်။ ။မူးယစ်စေတတ်သော အဆောက်အဦထည့်ခတ်၍ စီရင်အပ်သော ထန်းရည်, ပေရည်, ဓနိရည် စသည်ကို “သေရည်”ဟု ခေါ်၏၊ မူးယစ်အောင် စီရင်အပ်သော ပန်းပွင့်ရည်, စပျစ်ရည် စသည်ကို “အရက်”ဟုခေါ်၏၊ သေရည်အရက်သာမက ယခုကာလ သုံးစွဲနေကြသော ကဇော်, ဘိန်း, ကုတ်ကင်း, ဆေးခြောက်, မာဖိယား စသော အားလုံးကိုလည်း ဤသိက္ခာပုဒ်၌ ယူကြသည်။ ထိုသေရည်အရက်ကို သောက်စားမိလျှင် မူးယစ်၍ တွေးချင်ရာ တွေးကာ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တတ်၏၊ ထို့ကြောင့် သေရည်အရက်နှင့် ဘိန်း, ကဇော် စသော အစာများကို “မေ့လျော့ခြင်း၏အကြောင်း”ဟု ဆိုသည်။ [ဆောင်] သေရည်သောက်လင့်, သင့်-မသင့်၌, ရေးခွင့်မသိ, ပျင်းရိ မေ့ရူး, ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို, အကုသိုလ်ကို, မငြိုလွယ်စွာ, ပြုကျင့်ရာသည်... ရှောင်ခါ အပြန်အကျိုးတည်း။ Trang233 သေရည်အရက် စသည်ကို သောက်စားမိလျှင်-- ၁။ အရေးအခွင့် သင့်-မသင့်ကို မသိတတ်ခြင်း။ ၂။ ပျင်းရိတတ်ခြင်း။ ၃။ မေ့လျော့ မူးရူးတတ်ခြင်း။ နောက်ဘဝ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း။] ၄။ သူများက ပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း။ ၅။ ဟိရီ ဩတ္တပ္ပဟူသော အရှက်အကြောက်မှ ကင်းခြင်း။ ၆။ သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြဉ်ဘဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း။ ကာမေသုမိစ္ဆာစာရကဲ့သို့ ဤသေရည်အရက်သောက်မှုကို မိစ္ဆာစာရတစ်မျိုးဟု ကျမ်းဂန်တို့၌ ဆိုထားသည်၊ ထို့ကြောင့် သေရည် အရက်သောက်ခြင်း၌ အပြစ်ရှိသည်မှာ သေချာပြီ၊ သို့သော် မည်မျှ လောက် အပြစ်ရှိနိုင်ပါလိမ့်နည်းဟုကား စဉ်းစားဖွယ်ရှိ၏၊ ယခုခေတ် အချို့ဆေးရည်များ၌ မထင်မရှား အရက်ပါတတ်၏၊ သုရာမေရယ သိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌ သေရည်အနည်း ငယ်မျှခတ်၍ ချက်ရာဝယ် (သေရည်အနံ့ မထင်ရှားလျှင်) ထိုဟင်း ကို ရဟန်းများပင် စားကောင်း၏ဟု ခွင့်ပြုတော်မူ၏၊ အမျိုးသမီး များကို ဆရာဝန်တို့က အရက်ချိုတစ်မျိုး ပေးကြ၏၊ တကယ့်ကို ဆေးအဖြစ်ဖြင့် သောက်ကြရ၏၊ တစ်ချို့လူများကား အရက်ကို သောက်ချင်လို့ပင် သောက်ကြ၏။ Trang234 ဤစကားစုကို ကောက်ချက်ချလိုက်လျှင် ၁-မထင်မရှား သေရည် အရက် ပါသောဟင်း, ဆေးများကို စားသောက်မှု၊၂-မလွှဲသာ၍ ဆေးအဖြစ်ဖြင့် သောက်မှု၊ ၃-သောက်ချင်၍ သောက်မှု ဟု ၃-မျိုး ထွက်၏၊ ထို ၃-မျိုးတွင် ၁-နံပါတ် သောက်ခြင်းမျိုးသည် လုံးဝအပြစ် မရှိ၊၂-နံပါတ်သောက်ခြင်းမျိုးကား တကယ် အရက် ဟုတ်-မဟုတ်, သောက်ခြင်းကြောင့် မူး-မမူးကို ပထမဆုံး စဉ်းစားသင့်၏၊ သက္ကတ ဆေးကျမ်းတို့၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်ကို “အာသဝ”ဟု ခေါ်၏၊ ထိုအာသဝကို မြန်မာလို “အရက်စိမ်ရည်”ဟုပင် ပြန်ဆို ကြ၏၊ ထို့ကြောင့် မျက်နှာမြင်ပြီးစ အမျိုးသမီးတို့ သောက်ရသော အရက်ချိုသည် မူးလျှင် အရက်စစ်, မမူးလျှင် စိမ်ရည် အမျိုးအစား တည်း၊ အရက်အစစ်ဖြစ်လျှင် ဤသုရာမေရယသိက္ခာပုဒ် ပျက်ဖွယ် ရှိသည်၊ သို့သော် မလွှဲသာ၍ ဆေးအဖြစ် သောက်ရသောကြောင့် အပြစ်ကြီးလှမည် မဟုတ်ပါ။ အရက်အစစ်ကို တကယ်သောက်ချင်၍ သောက်သော ၃- နံပါတ် သောက်ခြင်း၌ မည်မျှအထိ အပြစ်ကြီးသည်ကို ရှင်တော် ဘုရားသာ သိမြင်တော်မူပေလိမ့်မည်၊ ဘုရားလက်ထက်တော်က ရှင်သာဂတမည်သော မထေရ်သည် ဈာန်အဘိညာဉ်ရပြီးသော ပုထုဇဉ်တစ်ပါးပေတည်း၊ အခါတစ်ပါး၌ သရက်ပင်ဆိပ်ဝယ် နဂါးကြီးနှင့် တန်ခိုးပြိုင်လေရာ နဂါးကို အနိုင်ရကြောင်း ကောသမ္ဗီ ပြည်သူတို့ ကြားသဖြင့် လွန်စွာကြည်ညိုကြ၍ ဆွမ်းခံဝင်လာသော အခါ အိမ်ပေါက်စေ့လိုပင် သေရည်ကို ကပ်လှူကြ၏၊ ထိုအခါ Trang235 သိက္ခာပုဒ်ပညတ်တော်မမူသေးသောကြောင့် ကပ်လှူသမျှ သေရည် များကို အရှင်သာဂတ သောက်လေရာ သေရည်မူးသဖြင့် ဈာန် အဘိညာဉ်ကွယ်ပလျက် မြို့ပေါက်ဝတွင် လဲရှာလေ၏၊ ထို့နောက် ဘုရားရှင် တွေ့မြင်တော်မူ၍ တွဲခေါ်ဖို့ရန် အမိန့်ပေးသဖြင့် ရဟန်းတော်များ တွဲယူလာပြီးလျှင် ဘုရားဘက်သို့ ဦးခေါင်းလှည့်၍ အချတွင် ဦးခေါင်းကို ပြောင်းပြန်ပြန်လျက် ဘုရားဘက်သို့ ခြေလှည့်ထားလေသည်။ ဤမျှလောက် တန်ခိုးရှင်ကိုပင် အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ပြုတတ်သော သေရည်အရက်သည် ယခုခေတ် သာမန် လူမျိုးကို အဘယ်မှာ အကျိုးများအောင် ပြုနိုင်တော့အံ့နည်း၊ ရှေးအခါတုန်းက ဘုရင်တစ်ဦးသည် သေရည်မူးခိုက် အသားဟင်း မပါသော ပွဲတော်စာကို ဆက်လာသဖြင့် ရင်ခွင်ထက်က သားငယ် ကို သတ်၍ ချက်စေအပ်ဖူးလေသည်၊ သောက်ချင်၍ သောက်သူမှာ တစ်ခါနှစ်ခါ သောက်ရုံမျှဖြင့် တင်းတိမ်မည်မဟုတ်၊ သောက်စရှိ လျှင် သောက်ချင်ချင်ပင်ဖြစ်လိမ့်မည်၊ တိကအင်္ဂုတ္တိုရ်ပါဠိတော်၌ “သေရည်အရက်သောက်မှု, မေထုန်မှု, အိပ်မှု” ဤ ၃-ခုကို မတင်းတိမ်နိုင်, အားမရနိုင်, မဝနိုင်သော အမှုများဟု ဟောတော်မူ သည်၊ ထို့ပြင် “သေရည်အရက်များစွာ သောက်သူသည် အပါယ်ကျ တတ်၏၊ အပါယ်မှ လွတ်၍ လူဖြစ်လာသော် အရူးအနှမ်း ဖြစ်တတ် ၏”ဟုလည်း ဟောတော်မူ၏၊ ထို့ကြောင့် သိက္ခာရှိသူ ဖြစ်လိုလျှင် ဘုရားမကြိုက်သော သေရည်ကို ရှောင်ကြဉ်ထိုက်ပါသည်။ Trang236 အေ, စီ, ဆယ်လ်မုန်းမည်သော ဆရာဝန်ကြီး၏ “ပါဏာဝုဓ”ဆေးကျမ်းမှ ထုတ်နုတ်ချက် ၁။ အရက်သောက်ခြင်းသည် မူရင်းရှိ မေတ္တာကို လျော့ပါးစေ၍ သား,လင်တို့၏ ဝတ္ထရားကို တိမ်းပါးစေပါသည်၊ မိမိအလုပ်အကိုင်၌ ညံ့ဖျင်းစေပြီး ခိုးခြင်း, လုယက်ခြင်းစသော ဇရာဝတ်မှုများကို ကျူးလွန်စေပါသည်၊ ရောဂါအချို့တို့မှာ-သွက္ချာပါဒ(အင်္ဂါသေခြင်း), အစာအိမ်ရောင်ခြင်း, အသည်း ကျောက်ကပ် အဆုတ်ရောင်ခြင်း, ချောင်းဆိုးသွေးပါနှင့် ရူးသွပ်တတ်သော ရောဂါများ ဖြစ်ပွားစေ ပါသည်။ ၂။ အရက်သောက်သူတို့ကား “အရက်သောက်ခြင်းသည် မိမိတို့စိတ်ကူးကို ထက်မြက်စေသည်”ဟု ထင်မြင်တတ်ကြ၏၊ မုချ အားဖြင့် အရက်သောက်စ ၁ဝ-မိနစ်လောက်၌ စိတ်ကူးသွက်လာ ဟန်ရှိသော်လည်း သူ၏ထင်မြင်ချက်နှင့် နှုတ်ထွက်စကားတို့မှာ ပရမ်းပတာ မလိမ္မာသော အနက်ကို ပေးကြသည်၊ နှုတ်စောင့်စည်း သူ, အကျင့်ကောင်းသူပင် မူးယစ်လာသောအခါ လုံးလုံးတစ်မျိုး ဖြစ်သွားသည်၊ စကားနည်းသူ အရက်သောက်လျှင် စကားပေါလာ ၏၊ အရက်သောက်ပြီး မူးဝေခေါင်းလေးသဖြင့် အိပ်ချင်လာ၏။ ၃။ အရက်သည် သောက်သူ၏ သားသမီးများလည်း ရောဂါ ဖြစ်စေတတ်၏၊ ကလေးအရူးထောင်တွင် တစ်ရာလျှင် ၄၁-ယောက် သည် အရက်သမား၏ သားသမီးများဖြစ်ကြ၏၊ အရက်သမားသည် မသောက်သူတို့ထက် ၂-ဆလောက် ရောဂါထူကြောင်းကို တွေ့၏၊ Trang237 များမကြာမီ ကာလတုန်းက ဆေးဆရာတို့သည် ရောဂါကို သက်သာ စေလိမ့်မည်အထင်နှင့် အရက်ကို ပေးကြ၏၊ သို့သော် အရက်သည် ရောဂါကို မသက်သာစေသည့်အပြင် သာ၍ တိုးတက်စေကြောင်း သိကြရ၏၊ ဤသို့ စသည်ဖြင့် အရက်၏ အပြစ်များကို ရေးသား ထားလေသည်။ ဤသိက္ခာပုဒ်အဆုံး၌ ငါးပါးသီလပေး ကိုယ်တော်က-- “တိသရဏေန သဟ ပဉ္စသီလံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ”ဟု ဆို၏။] အနက်။ ။တိသရဏေန-သရဏဂုံသုံးပါးနှင့်၊ သဟ-တကွ၊ ပဉ္စသီလံ-ငါးပါးသီလကို၊ သာဓုကံ-လေးလေးစားစား၊ ကတွာ-ပြု၍၊ အပ္ပမာဒေန-မမေ့မလျော့သော သတိတရားဖြင့်၊ သမ္ပာဒေထ- ကောင်းစွာ ပြီးစီးစေကြကုန်လော၊ “ယခုဆောက်တည်အပ်သော သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအကျင့်ကို လေးလေးစားစား ပြု၍ စောင့်ထိန်းကြ”ဟု တိုက်တွန်းသော စကားဖြစ်သည်။ ထို့နောက် လူများက “အာမ ဘန္တေ”ဟု လိုက်ဆိုကြပြန်၏၊ “မှန်ပါဘုရား စောင့်ထိန်းပါမည်”ဟု ဝန်ခံသောစကားဖြစ်၏၊ ထို့ကြောင့် ဘုရားရှေ့တော်မှာ ကိုယ့်ဘာသာ သီလယူရာ၌ ရုပ်ပွား တော်က တိုက်တွန်းစကားကို မိန့်တော်မမူသောကြောင့် “အာမ ဘန္တေ”ဟု ဆိုဖွယ်မလို၊ အချုပ်မှာ-ဘုရားရှေ့သီလယူရာ၌ “အာမ ဘန္တေ”ဟူသော စကားကို မည်သည့်နေရာ၌မျှ ထည့်သွင်းဖွယ် မလိုတော့ပါ။ Trang238 ဥပုသ်သီလတောင်းအဖွင့် (ကျက်မှတ်ရန်) အဟံ ဘန္တေ၊ တိသရဏေန သဟ, အဋ္ဌင်္ဂသမန္နာဂတံ, ဥပေါသထ သီလံ, ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ အဟံ ဘန္တေ မေ ဘန္တေ စသည် ဆက်ဆို။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် (၁) ဘန္တေ-အရှင်ဘုရား၊ အဟံ-တပည့်တော် (တပည့်တော်မ) သည်၊ တိသရဏေန-သရဏဂုံသုံးပါးနှင့် သဟ-တကွ၊ အဋ္ဌင်္ဂသမန္နာ ဂတံ- ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ ဥပေါသထသီလံ-ဥပုသ်သီလ တည်းဟူသော၊ ဓမ္မံ-သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ-တောင်းပါ ၏၊ ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော် (တပည့်တော်မ)အား၊ အနုဂ္ဂဟံ-ချီးမြှောက်ခြင်းကို၊ ကတွာ-ပြု၍၊ သီလံ-သီလကို၊ ဒေထ- ပေးတော်မူပါကုန်ဘုရား၊ “အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို တောင်း ပါ၏၊ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ”ဟု ဆိုလိုသည်။ ဤသို့စသည်ဖြင့် ငါးပါးသီလ၌ ပြခဲ့သည့်အတိုင်း သိရာ၏၊ သရဏဂုံ ဆောက်တည်ပုံတိုင်အောင် မထူးပါ၊ “အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော”ဟူရာ၌ “ပါဏာတိပါတာ ဝေရမဏိ”စသော သိက္ခာပုဒ် ရှစ်ပါးကို “အင်္ဂါရှစ်ပါး”ဟု ဆိုသည်။ Trang239 ရှစ်ပါးသီလ (ကျက်မှတ်ရန် သိက္ခာပုဒ်များ) ၁။ ပါဏာတိပါတာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၂။ အဒိန္နာဒါနာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၃။ အဗြဟ္မစရိယာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၄။ မုသာဝါဒါ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၆။ ဝိကာလဘောဇနာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၇။ နစ္စ-ဂီတ-ဝါဒိတ္တ, ဝိသူက ဒဿန-မာလာဂန္ဓ-ဝိလေပန, ဓာရဏ-မဏ္ဍန-ဝိဘူသနဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ ၈။ ဥစ္စာသယန, မဟာသယနာ, ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ [၁-၂-၃-၄-၅ သိက္ခာပုဒ်များ၏ အဓိပ္ပာယ်ကို ပြခဲ့ပြီ။] ၃။ အဗြဟ္မစရိယ အဖွင့် အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ Trang240 (ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်) အဗြဟ္မစရိယာ-မမြတ်သော မေထုန်အကျင့်မှ၊ ဝေရမဏိသိက္ခာ ပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏” ဟူလို၊ “မမြတ်သော မေထုန်အကျင့်”ဟူရာ၌ “မေထုန”ဟူသော ပါဠိကို မြန်မာလို “မေထုန်”ဟု ခေါ်သည်၊ “အချင်းချင်းကိစ္စ”ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် မိန်းမ-ယောက်ျား နှစ်ဦးတို့၏ ပျော်မြူး ပေါင်းဖက် ဆက်ဆံခြင်းကို “မမြတ်သော မေထုန်အကျင့်”ဟု မှတ်ပါ။ ကာမေသုမိစ္ဆာစာရအတွက်မှာ မိမိတို့ ဇနီး ခင်ပွန်းအချင်းချင်း ပေါင်းသင်းဆက်ဆံခွင့် ရသေး၏၊ ဤအဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်ရှောက်သူကား ဇနီး-ခင်ပွန်းချင်း ဆက်ဆံမှုကိုသော်မှ ရှောင် ကြဉ်ရ၏၊ ထို့ကြောင့် ဥပုသ်စောင့်သူများသည် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အရာ၌ အဗြဟ္မစရိယသိက္ခာပုဒ်ကို ဆောက်တည်ကြရ၏၊ အိမ်ထောင်မရှိသော သူတော်စင်များကား ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ကို အထူးမဆောက်တည်တော့ဘဲ ဤအဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ထားလျှင် သာ၍ အကျိုးများ၏။ [ဆောက်တည်ပုံကို နောက်၌ပြထားသည်။] ညီမခုနစ်ဖော်။ ။ကဿပဘုရားရှင် လက်ထက်တော်၌ ခေမာ ထေရီ, ဥပ္ပလဝဏ်ထေရီ, ပဋာစာရီ, ဓမ္မဒိန္နာ, ကုဏ္ဍလကေသီ, ကိသာဂေါတမီ, ဝိသာခါတို့၏ အလောင်းလျာများဖြစ်ကြသော ညီမခုနစ်ဖော် ကိကီမင်း၏ သမီးတော်တို့သည် ငယ်စဉ်ကပင် အနှစ် Trang241 ဝိကာလဘောဇနအဖွင့် ၂-သောင်းတိုင်အောင် ငယ်သွေးငယ်မှု ဖြူဖြူစင်စင်ဖြင့် ဤသိက္ခာ ပုဒ်ကို စောင့်သုံးလျက် အသက်ထက်ဆုံး နေခဲ့ကြလေသည်၊ ဤ အကျင့်မျိုးကို မိန်းမများ၌ “ကောမာရီဗြဟ္မစရိယ”ဟု ခေါ်၍ ယောက်ျားများအတွက် “ကောမာရဗြဟ္မစရိယ”ဟု ခေါ်၏၊ (ကောမာရ-ငယ်သွေး ငယ်မူ ဖြူစင်သူတို့၏ ဥစ္စာဖြစ်သော+ ဗြဟ္မစရိယ-ကောင်းမြတ်သော အကျင့်)။ ဤမေထုန်အကျင့်မျိုးသည် လူ့ဘဝ၌သာ ရှိသည်မဟုတ်၊ နတ် ပြည်မှာလည်း ခမ်းနားစွာရှိ၏၊ အောက်တန်းကို ကြည့်လျှင် ရေနေ, ကုန်းနေ, ကောင်းကင်နေသော တိရစ္ဆာန်တွေမှာလည်း ရှိ၏၊ မျက်စိ ဖြင့်ကြည့်၍ မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးကလေး များမှာလည်း ရှိကြပေသည်၊ ဤအကျင့်ကို မစွန့်နိုင်ကြ၍ သံသရာ ဆင်းရဲ၌ တဝဲလည်လည်နေရုံမျှမက ယခုမျက်မြင်ပင် ရိုက်နှက် သတ်ပုတ် ထိုးခုတ် လုယက်မှုကြောင့် ထောင်တန်းကျရ, အသက်ဆုံး ရသူတွေ အများပင်ရှိကြသည်၊ ဆင်းရဲဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မှုမှ စ၍ဖြစ်၏။ တကယ် သူတော်ကောင်းဖြစ်သူတို့ကား ဤအကျင့်၏ ဆိုးဝါးပုံ ကို အလုံးစုံမြင်ကြသဖြင့် ရပြီးသော အာရုံများကို စွန့်လွှတ်၍ တောထွက်တော်မူကြသည်၊ သွာက္ခာတဂုဏ်အဖွင့်၌ ပြအပ်သော ဥဒယဘဒ္ဒမင်းသား မင်းသမီး အလောင်းတော်ကြီးနှစ်ပါးကား ထီးနန်းစည်းစိမ်ကြီး၏ အလယ်မှာ ခန်းဆောင်ကြီးတစ်ခုတည်းဝယ် စက်တော်ခေါ်ရပါသော်လည်း ကျူးကျော်ဖောက်ပြားခြင်း မရှိ၊ Trang242 ပကတိ ခိုင်မြဲသော မေတ္တာစိတ်ဓာတ်ဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် အသက်ဆုံးသည့်တိုင်အောင် စောင့်စည်း၍ နေကြသည်မှာ လွန်စွာ နည်းယူဖွယ် ကောင်းပါပေသည်၊ ထို့ကြောင့် သူတော်စင်တို့ စက်ဆုပ် ဖွယ်ရာ ယုတ်မာသောအကျင့်ကို ယခုလို လူ့ဘဝ၌ ကျေကျေနပ်နပ် ရှောင်ရှား၍ ပါရမီကိုသာ အားရပါးရ ဖြည့်ကျင့်လျက် အဆင့်ဆင့် မြင့်မြတ်အောင် အထူးသတိဆောင်နိုင်မှ ပါရမီရှင် ပီသကြပေ လိမ့်မည်။ ကောမာရဗြဟ္မစရိယ သီလတည်ဆောက်တည်ပုံ အဟံ ဘန္တေ တိသရဏေနသဟ, ကောမာရဗြဟ္မစရိယ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။ ဒုတိယမ္ပိ, တတိယမ္ပိ . . . ဆက်ဆို။ အနက်။ ။“ကောမာရဗြဟ္မစရိယသီလံ-ငယ်သွေး ငယ်မူ, ဖြူစင် သူတို့၏ မြတ်သော အကျင့်သီလဟူသော၊ ဓမ္မံ-သိက္ခာပုဒ်အကျင့်ကို” ဟု အနက်ဆိုပါ၊ ဤမှနောက်၌ ငါးပါးသီလအတိုင်းဆို၍ ကာမေသု မိစ္ဆာစာရနေရာ၌ အဗြဟ္မစရိယကို ထည့်၍ ဆိုရုံသာ ထူးသည်။ အမှာ။ ။ ပါဠိလို မဆိုတတ်လျှင် မြန်မာလို “တပည့်တော်မသည် အဗြဟ္မစရိယကို ရှောင်ကြဉ်သော ငါးပါးသီလကို ဆောက်တည်ပါ၏”ဟု ဘုရားရှေ့မှာ ဆိုပါ၊ သဒ္ဒါနည်းမှန်မှန် ဆိုလိုလျှင် အမျိုးသမီးများအတွက် “ကောမာရိဗြဟ္မစရိယသီလံ ဓမ္မံ ယာစာမိ”ဟု ဆိုပါ။ Trang243 နစ္စဂီတသိက္ခာပုဒ် ၆။ ဝိကာလဘောဇန အဖွင့် ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် ဝိကာလဘောဇနာ-နေလွဲအခါ၌ စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏”ဟူရာ၌ နေ့လည် မွန်းတည့် ၁၂-နာရီအချိန်မှ နောက်ကို “နေ့လွဲ-မွန်းလွဲ”ဟု ဆို၏၊ ထိုနေလွဲသည်ကစ၍ ညဉ့်အတွက် စားခြင်းသာမက အရုဏ်တက်သည့်တိုင်အောင် အဖျော်ရည်, ဆေး, စတုမဓု စသည်တို့မှတစ်ပါး ထမင်း, ဟင်းလျာ, ကွမ်း, ဆေး, လက်ဖက်, သစ်သီးဟူသမျှ မစားရတော့ပြီ။ ထမင်း, ဟင်း(ဟင်းချက်၍ ရသော, သွားရည်စာဖြစ်သော) အသီးအရွက်များကို စားလျှင် ဤဝိကာလဘောဇနသိက္ခာပုဒ် ပျက်၏၊ အကြောင်းမရှိဘဲ ဖျော်ရည်, စတုမဓု, ထန်းလျက်, သကြား, ဂျင်းသုပ်, ကွမ်း, ဆေး စသည်ကို စားသောက်လျှင် ဤသိက္ခာပုဒ် ညှိုး၏, လုံးလုံးကား မပျက်ပါ၊ သစ်ပင်ညှိုးလျှင် အသီးနည်းသကဲ့သို့ ဥပုသ်ညှိုးလျှင် အကျိုးရနည်း၏။ ဆာလောင်မွတ်သိပ်လျှင် မန်ကျည်းဖျော်ရည်, ဘိလပ်ရည်စသော အရည်ကို သောက်ကောင်း၏၊ အဖတ်ကို မစားကောင်း၊ မိမိအိမ်မှာ စိမ်သော မန်ကျည်းဖျော်ရည် စသည်ကို အမှုန့်အဖတ် မပါအောင် စင်ကြယ်စွာ စစ်ပြီးမှ သောက်ရသည်၊ လေနာသော်လည်းကောင်း, အခြားသော တစ်စုံတစ်ရာ ရောဂါရှိသော်လည်းကောင်း စတုမဓု, Trang244 ထန်းလျက်, သကြားစသော ဆေးဘက်ဝင်သည့် အရာဝတ္ထုနှင့် ဆေးအမျိုးမျိုးကိုသာ စားသောက်ကောင်း၏။ ထိုသို့ စားသောက် ခြင်းကြောင့် သီလညှိုးသည်ဟု မမှတ်ပါနှင့်၊ နေမလွဲခင်၌ကား မည်သည့်အရာမဆို စားသောက်ကောင်းပါသည်။ ညစာမစားခြင်း အကျိုး။ ။ဤဝိကာလဘောဇနသိက္ခာပုဒ်အရညစာမစားဘဲ ကျင့်ခြင်းသည် ဘာအကျိုးရှိပါသနည်း, ထမင်း အငတ်ခံခြင်းကိုပင် ဥပုသ်စောင့်သည်, ကျင့်သည်ဟု ဆိုလိုသလား” ဟုမေးကြ၏၊ ညစာမစားဘဲ ရှောင်ကြဉ်ခြင်းသည် အင်္ဂါရှစ်ပါး ရှိသော ဥပုသ်သီလတွင် တစ်ပါးမျှသာဖြစ်၏၊ ညစာမစားမှု တစ်ခုတည်းကို “ဥပုသ်စောင့်”ဟု မဆိုနိုင်ပါ၊ ထိုညစာမစားမှုသည် ရှစ်ပါးသီလတွင် အပေါ့ဆုံး အကျင့်မျှသာဖြစ်သည်၊ ထိုသီလ၏ ရည်ရွယ်ချက်အကျိုးကား ၁-ကိစ္စနည်း၍ တရားအာရုံပြုဖို့ရန် အချိန်များစွာရစေခြင်း၊ ၂-လောကီအာရုံ ကာမဂုဏ်သို့ စိတ်စက် မဝင်စားအောင် ချုပ်တည်းပြီးသားဖြစ်ခြင်း ဤ ၂-မျိုးတည်း။ ထင်ရှားအောင်ပြဦးမည် ညစာစားဖို့ ချက်ပြုတ်မှု စသောအလုပ်သည် အတော်ကိစ္စများသော အလုပ်ဖြစ်၏၊ ထိုအလုပ်များကို လုပ်ကိုင်စားသောက်နေရာ အချိန်အတွင်း၌ ဘုရားအာရုံ, တရား အာရုံ စသည်တို့ကို အာရုံပြုနိုင်ဖို့ရာ အချိန်မရတော့၊ (ယခုအခါ အများစောင့်နည်းမဟုတ်ဘဲ) တကယ်စောင့်ရမည့် အရိယဥပုသ် ကား သီလဆောက်တည်ပြီးနောက် ဘုရားအာရုံစသော အာရုံ တစ်မျိုးမျိုးကိုသာ အာရုံပြုနေရသည်၊ ထို့ကြောင့် ညစာမစားခြင်း သည် ကိစ္စနည်း၍ တရားအာရုံကို ယူနေရာ၌ အချိန်များစွာ Trang245 ဝိကာလဘောဇနအဖွင့် ရစေခြင်း အကျိုးရှိသည်၊ ထိုသို့ ညစာမစားဘဲ ရှောင်ကြဉ်နေ ရသော်လည်း ဆာလောင်လျှင် ဖျော်ရည်စသည်တို့ကို စားသောက် နိုင်သောကြောင့် မွတ်သိပ် ဆာလောင်လျက်နှင့် အငတ်ခံနေရ မည်လည်း မဟုတ်ပါ။ ထို့ပြင် လူအများထုံးစံမှာ နံနက်စာနှင့် ညစာတွင် နံနက်စာကို သင့်တော်ရုံသာ စီမံ၍ ညစာကိုကား အထူးတလည် စီမံစားသောက်ရိုး ရှိသည်ဟု ကျန်းဂန်တို့၌ဆို၏၊ ယခုကာလ ဟော်တယ်များ၌ ညစာက တန်ဖိုးများသည်ကိုလည်း သတိပြုရာ၏။] “ထိုသို့ ညစာကိုမှ အထူး တလည် စီမံစားသောက်ခြင်းသည် အဘယ်အကျိုးငှာနည်း”ဟု စဉ်းစားသော် (မကွယ်မထောင့် ဖြောင့်ဖြောင့်ဖြေဆိုရလျှင်) ကောင်း မွန်သော အစားအသောက်များကိုစား၍ ပျော်ပါးဖို့ပင် ဖြစ်၏။ ထို့နောက် ညစာမစားမှုသည် လောကီအာရုံ ကာမဂုဏ်ဘက် ကိုသာ စိတ်စက်ညွတ်စေတတ်ရကား အဗြဟ္မစရိယသိက္ခာပုဒ်တော် ကို ထိန်း၍ မေထုန်စောင့်စည်းလျှင် ညစာစားမှုကိုလည်း ရှောင်နိုင် မှသာ အမြီးအမောက် အဖုံးအပိတ်ညီသော အကျင့်ကို ကျင့်ရာ ရောက်ပေမည်။ [အစာအာဟာရ ကောင်းကောင်းစားလျှင် ကာမ စိတ်ကို အားပေးတတ်၏။] ထို့ကြောင့် ဤဝိကာလဘောဇနသိက္ခာပုဒ်သည် ၁-ကိစ္စနည်း ၍ တရားကို အာရုံပြုရာ၌ အချိန်များစွာ ရစေခြင်း၊ ၂-လောကီ အာရုံ ကာမဂုဏ်ဘက်သို့ စိတ်စက်မဝင်စားရအောင် ချုပ်တည်း ပြီးသားဖြစ်ခြင်းဟူသော အကျိုးနှစ်မျိုးကို ရစေနိုင်သည်ဟု မှတ်ပါ။ Trang246 ၇။ နစ္စ ဂီတ သိက္ခာပုဒ် နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (ကြည့်ရှုရန် အနက်နှင့် အဓိပ္ပါယ်) နစ္စ ဂီတ ဝါဒိတ္တ ဝိသူကဒဿန, မာလာဂန္ဓ ဝိလေပန, ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ-အကုသိုလ်များကြောင်း မကောင်းမှုဖြစ်သော ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ဘုရားအဆုံးမတော်၏ ဆန့်ကျင်ဘက်စို့ပမာ ဖီလာဖြစ်သော ကြည့်ရှုနားထောင်ခြင်း ပန်းပန်ခြင်း နံ့သာပျစ်ကို နိမ့်ရာအရပ်သို့ ဖို့သိပ်ခြင်း, နံ့သာရည် နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ကို၊ သမာဒိယာမိ-၏။ နစ္စ = ကိုယ်တိုင်ကခြင်း, သူတစ်ပါးကို အကခိုင်းခြင်း၊ [မျောက်, ဒေါင်းစသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူ။] ဂီတ = ကိုယ်တိုင်သီဆိုခြင်း, သူတစ်ပါးကို အဆိုခိုင်းခြင်း။ ဝါဒိတ = - ကိုယ်တိုင်တီးမှုတ်ခြင်း, သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း။ ဝိသူကဒဿန = - ဝိသူက - ဘုရားအဆုံးမ၏ ဆန့်ကျင်ဘက်စို့ပမာ ဖီလာဖြစ်သော+ဒဿန ကြည့်ရှုနားထောင်ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက်သော်လည်းကောင်း, အခြားသူက ခိုင်း၍ သော်လည်းကောင်း, က-ဆို- Trang247 နစ္စဂီတသိက္ခာပုဒ် တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှု နားထောင် ခြင်း၊ မိမိဘာသာ နေ့စဉ် မြင်လောက်ကြားလောက်သော အရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း, အခြားအလုပ်ကိစ္စဖြင့် သွားရင်း လာရင်း တွေ့မြင်နေသော်လည်းကောင်း သီလမပျက်ပါ၊ သို့သော် မမြင်-မြင်အောင် တမင်တကာလှည့်၍ မကြည့်ရ၊ မာလာဂန္ဓ စသည်၌ “မာလာနှင့် ဓာရဏ၊ ဂန္ဓနှင့် မဏ္ဍန, ဝိလေပနနှင့် ဝိဘူသန”ကို အစဉ်အတိုင်းတွဲ၍ လည်းကောင်း, ဖြစ်သင့်သလို တွဲ၍ လည်းကောင်း အဓိပ္ပါယ်ယူကြသည်။] မာလာ = ပန်းအမျိုးမျိုး+ဓာရဏ-ပန်ဆင်ခြင်း။ ဂန္ဓ= နိမ့်ရာအရပ်၌ ဖို့သိပ်၍ ရကောင်းသော သနပ်ခါးစသော နံ့သာပျစ်, နံ့သာပျောင်းကို + မဏ္ဍန - ကျောက်ပေါက်မ စသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း။ ဝိလေပန = လိမ်းကျံခြယ်လှယ်ခြင်းငှါလည်းကောင်း, အနံ့ထုံခြင်းငှါ လည်းကောင်း, ရကောင်းသော အရာင်တင်ဆေး, ရေမွှေး, နံ့သာဆီ, မျက်နှာချေ ပေါင်ဒါကို + ဝိဘူသန-လိမ်းကျံ ခြယ်လှယ်ခြင်း, အနံ့ထုံခြင်း။ [ဆပ်ပြာမွှေးလည်းမတိုက် ကောင်း။ ဋ္ဌာနာ = ကာမစိတ်ဓာတ်တိုးပွါးခြင်း၏ အကြောင်း။ Trang248 အမှာ။။ဤနံ့သာလိမ်းမှုစသည်ကို သာယာသောအားဖြင့် မပြုကောင်း၊ အနာရောဂါရှိသော် လိမ်းကျံကောင်း၏၊ အနာရောဂါရှိသော် လည်း ထိုနံ့သာများနှင့် သင့်မြတ်သော ရောဂါရှိမှ လိမ်းကောင်၊ သည်၊ မဖြစ်လောက်သော ရောဂါကို ရိုးမယ်ဖွဲ့ကာ မျက်နှာ စသော မဆိုင်ရာအရပ်၌ နံ့သာမလိမ်းကောင်း၊ သို့သော် ရဟန်းများ၌ ကိုယ်နံ့မကောင်းလျှင် နံ့သာ (ရေမွှေး, ဆပ်ပြာ စသည်)ကို ခွင့်ပြုသောကြောင့် ဥပုသ်သည်များလည်း ကိုယ်၌ အနံ့မကောင်းသောအခါ ထိုအနံ့ကို ကာကွယ်ဖို့ရာ လိမ်းကောင်း, ဆပ်ပြာမွှေးကို သုံးကောင်းသည်ဟု ဆိုသင့်သည်။ ၈။ ဥစ္စာသယန မဟာသယန အဖွင့် ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ, သမာဒိယာမိ။ (ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ်) ဥစ္စာသယန မဟာသယနာ-မြင့်သောနေရာ မြတ်သော နေရာ၌ အိပ်ခြင်း နေထိုင်ခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ-ကို၊ သမာဒိယာမိ-၏။ ဥစ္စာသယန-မြင့်သောနေရာ၌ အိပ်ခြင်း, နေထိုင်ခြင်း။ [အခြေ တစ်တောင့်ထွာထက်ရှည်သော အိပ်ရာ, ခုတင်, ကုလားထိုင်ကြီးများ တည်း၊ “လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည်လူငယ်က အထက်အမြင့်၌ မနေကောင်း”ဟူသော အမြင့်မျိုးမဟုတ်။ မဟာသယန-မြတ်သောနေရာ၌ အိပ်စက် နေထိုင်ခြင်း၊ ဤ နေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစား, စံစားလေ့ရှိကြသော Trang249 ဥစ္စာသယန မဟာသယနအဖွင့် စည်းစိမ်ရှင်ကြီးများ၏ အိမ်ဝယ် ရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေးအခင်း, ခြင်္သေ့, သစ်ကျားအရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း, ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း။ ရိုးရိုး ပိုးအခင်းမဟုတ်, လဲ ဝါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတည်း။] မှတ်ချက် ။ ။ဤမွေ့ရာကို ယခုကာလ ဥပုသ်သည်များ သုံးစွဲနေကြသည်မှာ မသင့်တော်ပါ၊ အုန်းဆံသွတ်မွေ့ရာ, အဝတ်အဆာ ပိုးချည်အဆာ ပါသော မွေ့ရာကိုကား သုံးကောင်းပါ၏၊ သင်ဖြူးချောချော, ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့၏ နေရာစသည်များကို ဤသိက္ခာပုဒ်အရ “မြတ်သောနေရာ”ဟု မဆိုထိုက်။ ဥပုသ်သီလများ၌ စဉ်းစားဖွယ်။ ။ ဥပုသ်စောင့်သောအခါ ရိုးရိုးငါးပါးသီလထက် အပိုယူကာ ကာမေသုမိစ္ဆာစာရအရာ၌ အဗြဟ္မစရိယကိုသွင်း၍ ဆောက်တည်ရ၏၊ ထို့နောက် ဝိကာလ ဘောဇန-နစ္စ-ဂီတ-ဥစ္စာသယန သိက္ခာပုဒ်များကို ဆောက်တည် ရ၏၊ ဤသိက္ခာပုဒ် ၄-ပါးကို ခြုံ၍စဉ်းစားလျှင် ဥပုသ်စောင့်သော အခါ မဖြစ်အောင်ထိန်းရမည့် အကုသိုလ်စိတ်များ ထင်ရှားစွာ ပေါ်လာသည်၊ ထိုစိတ်များကား ကာမဂုဏ်စိတ် (ကိလေသာ တဏှာ စိတ်)ပင်တည်း၊ ထင်ရှားစေအံ့- ခမ်းနားသော အိပ်ရာ နေရာ၌ အိပ်စက်နေထိုင်ခြင်း, ဖြီးလိမ်း ပန်ဆင်ခြင်း, ကပြ သီဆို တီးမှုတ် ခြင်း, ညစာ ထမင်းစားခြင်းတို့သည် ကိလေသာ(တဏှာ လောဘ) စိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများတည်း။ Trang250 ထို့ကြောင့် တဏှာ လောဘ ကိလေသာ ကာမစိတ်ကို ဆို့ပိတ် ဖို့ရာ ဥစ္စာသယနသိက္ခာပုဒ်ဖြင့် ခမ်းနားသော အိပ်ရာ နေရာတို့၌ အိပ်စက် နေထိုင်ခြင်းကို တားမြစ်၏၊ နစ္စ ဂီတသိက္ခာပုဒ်ဖြင့် ကပြ သီဆို တီးမှုတ်မှုနှင့်တကွ ဖြီးလိမ်း ပန်ဆင်မှုများကို တားမြစ်၏ ဝိကာလဘောဇနသိက္ခာပုဒ်ဖြင့် ညစာ ထမင်းစားမှုကို တားမြစ်၏၊ ထိုသိက္ခာပုဒ် ၃-ရပ်ဖြင့် ကာမစိတ်ဓာတ်ကို တွန်းလှန်ပိတ်ဆို့မှသာ အဗြဟ္မစရိယသိက္ခာပုဒ်တော်အရ မေထုန်အမှုမှ ကျကျနနရှောင် ကြဉ်နိုင်မည်၊ ထို့ကြောင့် ဥပုသ်စောင့်သောအခါ အဗြဟ္မစရိယ စသော သိက္ခာပုဒ်တော်များကို (ငါးပါးသီလထက် ပို၍) ထိန်းခြင်း သည် အဖုံးအပိတ် ညီညွတ်သော အကျင့်ကောင်း ဖြစ်ပေသတည်း။ ဥပုသ်စောင့်ပုံ အစီအစဉ် ဥပုသ်စောင့်ပုံ။ ။“ဥပုသ်”ဟူသော စကားသည် “ဥပေါသထ” ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက်စကားတည်း၊ “ဥပ+ ဝသထ”ဟု ပုဒ်ခွဲ၊ ဥပ-ညစာမစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍+ဝသထ-နေခြင်း၊ ညစာ မစားခြင်း, သူ့အသက်မသတ်ခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ သော သီလကိုခံယူဆောက်တည်၍ ဘုရားဂုဏ်တော်, တရား ဂုဏ်တော်စသော အာရုံများကို အာရုံပြုကာ (ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်း နေထိုင်မှုကို “ဥပုသ်စောင့်”ဟု ခေါ်သည်။ Trang251 [ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်းအားထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။ ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင် သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင် ခြင်းငှာ မလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများ ကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။ ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြစီစဉ်ထားရာ၏။ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်။ ၃။ ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျှင် နက်ဖြန် ကိစ္စနည်း အောင် ပြီးစီးကောင်းသော စားဖွယ်သောက်ဖွယ်များကို ပြီးစီး အောင် စီမံထားရာ၏။ ၄။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များ ကို စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ် ကို ဝတ်ဆင်ရာ၏။ ၅။ ပန်းပန်မှု, နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။ ၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို Trang252 ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် “ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏”ဟု နှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ] ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ်ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍, မရှိက မိမိအတွက် သင့်တင့်ရုံသာ စီမံ၍ စားသောက်ရာ၏။ တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက် အောင်ပင် စားသောက်ခွင့်ရှိ၏။] ၈။ ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏။ ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်, စိတ်ကြည်လင်မှ တရားအာရုံပြု၍ ကောင်းသည်။] ၂၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။ ၁ဝ။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏။ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို, လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။] ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ်ရှိလျှင် တရား နာရာ၏။ ၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။ Trang253 ၁၃။ ညဉ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။ အောက်မေ့ပုံ။ ။“ရဟန္တာအရှင်မြတ်သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဉ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှုအမျိုးမျိုးကို ရှောင် ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား”ဟု မိမိ ကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာယောက်ျား, ရဟန္တာမိန်းမ စိတ်ကိုဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါ လျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်ဟု ဆင်ခြင်ရာ၏။ ၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလ သာ ကျန်ရစ်တော့သည်။ ယခုကာလ အချို့အရပ်မှာလို ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ် တည်း။ ဥပုသ်ကာလ အပိုင်းအခြား။ ။ဥပုသ်သည် ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂-မျိုးရှိ၏၊ ကာလခြား၍ စောင့်အပ်သော ဥပုသ်မှာ ၂-ရက်, ၃- ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဉ့်လုံးဖြစ်စေ, နေ့ဝက် ညဉ့်ဝက် ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်)ဖြစ်စေ စောင့်ကောင်းပါသည်၊ Trang254 အနာထပိဏ်သူဌေး၏ အလုပ်သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများဥပုသ်စောင့်ကြောင်း သိရကား ထမင်းကိုပင် မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ်ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန်ပိုင်းခြား၍လည်း စောင့်ကောင်းပါသည်။ သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား “မဏ္ဍပ်ကမထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ”ဟု ဆိုပြီး လျှင် ဖြီးလိမ်းပြင်ဆင်ထားသူတို့အား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ်ကို ဓမ္မကထိကတို့က ချပေးကြ၏၊ “ဥပုသ်မစောင့်ခင်က ဖီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပနသိက္ခာပုဒ်မပျက်”ဟု လည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျ-မကျ စဉ်းစားကြပါလေ။ ဥပုသ်အမျိုးမျိုး။ ။ဥပုသ်သည် အချုပ်အားဖြင့် အရိယ(မြတ်သော) ဥပုသ်, ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ် ဟု ၂-မျိုး ရှိ၏၊ ထိုတွင် အရိယဥပုသ်သည် ဗြဟ္မဥပုသ်, ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။ ၁။ ဗြဟ္မဥပုသ်။ ။ဘုရားရှင်သည် “ဗြဟ္မ”မည်တော်မူ၏၊ရှစ်ပါးသီလယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေ ခြင်းကို “ဗြဟ္မဥပုသ်”ဟု ခေါ်၏၊ အလွတ် အာရုံမပြုတတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ကြည့်ရှုနေရာ၏။ Trang255 ၂။ ဓမ္မဥပုသ်။ ။ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း, တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။ ၃။ သံဃာ့ဥပုသ်။ ။ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ် တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း, သံဃာ့ဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း, နေခြင်းကို “သံဃာ့ ဥပုသ်”ဟု ခေါ်သည်။ ၄။ သီလဥပုသ်။ ။သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် မပြောက်မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်”ဟု ခေါ်သည်။ မကျိုး - ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော်လည်း ကောင်း, အဆုံးသိက္ခာပုဒ်သော်လည်းကောင်း ပျက်စီးလျှင် “ဥပုသ်ကျိုး”သည် မည်၏၊ ထိုသို့ မပျက်စီးလျှင် ဥပုသ် မကျိုးမပြတ် သည်မည်၏။ [ဆောင်] အင်္ဂါရှစ်ပါး, စွန်အဖျားက, တစ်ပါးပါးကျိုး, ဥပုသ်မျိုး “အကျိုးအပြတ်”ခေါ်။ မပေါက် - အဝတ်၌ အလယ်ကပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် “ပေါက်သည်”ဟု ခေါ်၏၊ ထိုသို့ မပျက်လျှင် “မပေါက်”သည် မည်၏။ Trang256 [ဆောင်] အင်္ဂါရှစ်ပါး, အလယ်ကြားက, တစ်ပါးပါးပျက်, ဥပုသ်တွက်, “ပေါက်ပျက်”သည်ဟုခေါ်။ မပြောက် = ရှစ်ပါးသောသိက္ခာပုဒ်တို့တွင် အလယ်၌တစ်ပါးလည်း မက, အစဉ်အတိုင်း တစ်ဆက်တည်းလည်းမဟုတ်ဘဲ နွား၌ “ဝါစေ့”ပြောက်ကဲ့သို့ အဒိန္နာဒါနနှင့် မုသာဝါဒ သော်လည်းကောင်း, အဗြဟ္မစရိယနှင့် သုရာမေရယ သော်လည်းကောင်း ဤသို့ ပြောက်ကျား ပြောက်ကျား ပျက်သည်ကို “ပြောက်သည်”ဟု ခေါ်၏။ [ဆောင်] အင်္ဂါရှစ်ပါး, တစ်မျိုးအားဖြင့်, ကြိုးကြားပြိုးပြောက်, ယွင်းသွေဖောက်, “အပြောက်”ဥပုသ်ခေါ်။ မကျား = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် ပါဏာတိပါတနှင့် အဒိန္နာဒါန ဆက်၍ လည်းကောင်း, အဗြဟ္မစရိယနှင့် မုသာဝါဒဆက်၍လည်းကောင်း၊ ဤသို့ နှစ်ပါး, သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင်, နွားကျားကဲ့သို့ “အကျားထင်သော ဥပုသ်”ဟု ခေါ်၏။ [ဆောင်] နွားကြောင်နွားကျား, ပုံအလားသို့, နှစ်ပါးသုံးပါး, အများဆက်လျက်,တရားပျက်, “ကျားကွက်”သည်ဟု ခေါ်။ ဤသို့သောနည်းဖြင့် မိမိဥပုသ်၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် “သီလဥပုသ်”ဟု ခေါ်သည်။ Trang257 မှတ်ချက်။ ။ယခုကာလ သီလဆောက်တည်တုန်းက တစ်ပါး စီခွဲ၍ ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပါး ပျက်သော်လည်း ကျန်သီလအတွက် အကျိုးရှိသေး၏၊ တစ်ပါးပျက်ရုံ ဖြင့် အားလုံးပျက်သွားသည်ဟု မမှတ်နှင့်။ ၅။ နတ်ဥပုသ်။ ။သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ရှိသော သဒ္ဓါ သီလစသော သူတော်ကောင်းတရား များကို အောက်မေ့ဆင်ခြင်လျက် ကြည်လင်ဝမ်းမြောက်နေခြင်းကို “နတ်ဥပုသ်”ဟု ခေါ်သည်။ ဆင်ခြင်ပုံ။ ။“နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ရှိကြသော နတ်ဗြဟ္မာ တို့သည် လူ့ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂ ဟိရီ ဩတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘဝအသစ်ကူးသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်၊ ထိုသူတော်ကောင်းဥစ္စာများသည် ငါ့မှာလည်း ရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်အညီ မိဘဆရာတို့၏ အဆုံးအမ ကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးနောင်တာ သံသရာအတွက် စိတ်ချဖွယ်ရာ လွန်စွာ လူဖြစ်ကျိုးနပ်ပါပေစွ တကား”ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ဝမ်းမြောက်စွာ ဆင်ခြင် ရာ၏၊ ရံဖန်ရံခါ ဆင်ခြင်ရုံမျှဖြင့် အားမရသေးဘဲ အလွန့်အလွန် ဝမ်းမြောက်လာအောင် အောက်၌ပြထားသော ဥဒါန်းဂါထာကို ကျူးရင့်ရာ၏။ Trang258 ယေဟိ သဒ္ဓါဒိဂုဏေဟိ, ဒေဝတာ ဒေဝတ္တံ ဂတာ၊ မယှံပိ တေ သံဝိဇ္ဇန္တိ, အဟော မေ ဂုဏဝန္တတာ။ ဒေဝတာ-စတုမဟာ, ဝတိံသာနှင့်, နတ်ရွာခြောက်လီ, ဗြဟ္မာ့ ပြည်ဝယ်, ကိုယ်စီစံစား, နတ်ဗြဟ္မာအများတို့သည်၊ ယေဟိ သဒ္ဓါဒိ ဂုဏေဟိ-သဒ္ဓါ သီလ, များသုတနှင့်, စာဂ ပညာ, စဉ်လာပြည့်စုံ အကြင်ဂုဏ်တို့ကြောင့်၊ ဒေဝတ္တံ-ရောဂါမကပ်, ဥပဒ်မတွယ်, စားသောက်ဖွယ်ရေး, ဝတ်ဆင်ရေးနှင့်, မင်းဘေးစိုးတာ, ကင်းစင် ကွာလတ်, ဗြဟ္မာနတ်၏အဖြစ်သို့၊ ဂတာ-ဤလူ့ပြည်မှ စုတေကြ လျှင်, ခဏမနေ, ကပ်ရောက်ကြရလေကုန်ပြီ၊ တေ ဂုဏာ-နတ် ဗြဟ္မာနန်း, ကပ်ခါမြန်းဖို့, အစွမ်းလောက်လုံ, ထိုကဲ့သို့ ဂုဏ်တို့သည်၊ မယှံပိ-ဘုရားအကြိုက်, တရားလိုက်၍, အားစိုက်နှစ်လို, ဤငါ့ကိုယ် မှာလည်း၊ သံဝိဇ္ဇန္တိ-အမြဲမပြတ်, သတိချပ်သဖြင့်, မလပ်ပုံသေ, ရှိကြပေကုန်၏၊ မေ-ငါ၏၊ ဂုဏဝန္တတာ-သဒ္ဓါ သီလ, များသုတနှင့်, စာဂ ပညာ, စဉ်လာလောက်လုံ, ဂုဏ်ပေါင်းစုံသူတို့၏အဖြစ်သည်၊ အဟောဝတ-တမလွန်အရေး, ကြံတိုင်အေးဖို့, လေးလေးပင်ပင်, အစဉ်မျိုးမှန်, ဩော်.... အဖိုးတန်လေစွတကား။ ဤသို့ ဥဒါန်းကျူးကာ နတ်တို့ကို သက်သေအရာ၌ထားလျက် မိမိ၏ သူတော်ကောင်းဖြစ်ပုံကို အာရုံပြု၍ ဝမ်းမြောက်နေခြင်း သည် နတ်ဥပုသ်”မည်၏၊ ဤဗြဟ္မဥပုသ် စသည်ကို ပုဗ္ဗာရုံတိုက်အမ ဝိသာခါအား ဘုရားရှင် ဟောတော်မူသည်၊ တိတ္ထိ တက္ကဒွန်းတို့ စောင့်ကြသော နိဃဏ္ဌဥပုသ် တစ်မျိုးလည်း ရှိသေး၏၊ အများနှင့် မဆိုင်၍ မရေးတော့၊ ဗုဒ္ဓဘာသာဝင်တို့ စောင့်အပ်သော ဥပုသ်ကား Trang259 ဥပုသ်စောင့်ပုံအစီအစဉ် အရိယဥပုသ် ဖြစ်လျှင်ဖြစ်, မဖြစ်လျှင် ဂေါပါလဥပုသ်သာ ဖြစ် စရာရှိသည်။ တိက အင်္ဂုတ္တိုရ်။ ဥပုသ်အကျိုး။ ။ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ ဥပုသ်မျိုး၏ အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရသော မင်း မိဖုရား အဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု ဟောတော်မူ၏၊ မှန်၏၊ မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာဖြစ်၍ နတ်စည်းစိမ်ကို ထောက်လျှင် အောက်ကျ နောက်ကျ သေးနုပ်လှသေး၏၊ ထိုစည်းစိမ်လည်း တစ်ဘဝသာ၊ ကျနစွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကား လူမင်း, နတ်မင်းစည်းစိမ် အကြိမ်အများပင်တည်း၊ ထို့ကြောင့် ကောင်းမွန် စွာ စောင့်ထိန်းအပ်သော ဥပုသ်အကျိုးကို “ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အုပ်စိုးရခြင်းထက်ပင် သာ၏”ဟု ဟောတော်မူပေသည်။ ကောင်းစွာစောင့်မှ အကျိုးရ။ ။ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလစောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ၊ သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ်သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးများပါသည်၊ [တိကအင်္ဂုတ္တရ, ဒုတိယပံ, မဟာဝဂ္ဂဋ္ဌ။] ဥပမာ-ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီး သည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော်ရ၏၊ ခေါင်းမလျှော်ဘဲ ဖီးလိမ်း ပြင်ဆင်လျှင် အနံ့မကောင်း၊ ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏စိတ်ကို လောဘ(တဏှာရာဂ) ဒေါသ-မာန် မာန-ဣဿာ-မစ္ဆရိယ စသော ကိလေသာ အညစ်အကြေးတို့မှ Trang260 စင်ကြယ်အောင် ဗြဟ္မဥပုသ်ကိုဖြစ်စေ, ဓမ္မဥပုသ် စသည်တို့တွင် တစ်မျိုးမျိုးဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးကို အပြည့်အစုံ ရနိုင်ပါသည်။ ထို့ကြောင့် နဂိုက လောဘကြီးသူဖြစ်လျှင် ဥပုသ်စောင့်ရင်း ထိုလောဘကြောင့် ယခုဘဝ တွေ့ခဲ့ (တွေ့တတ်ကြသော)အပြစ်ကို လည်းကောင်း, နောက်ဘဝ၌ အပါယ်ငရဲအထိဖြစ်နိုင်သည့် အပြစ် များကိုလည်းကောင်း ဆင်ခြင်၍ လောဘနည်းအောင် အထူး ကြိုးစား၍ ဘုရားဂုဏ်တော် စသည်ကို ပွားများနေပါလော့၊ ထိုသို့ ဥပုသ်စောင့်ပြီးနောက် ဥပုသ်ထွက်သောအခါလည်း လောဘ ကြောင့် အမှားအယွင်း မရှိရအောင် နေ့စဉ်သတိထားပါလော့၊ ဤသို့ ကြိုးစားလျှင် မကြာခင် လောဘနည်းသူ (တဏှာရာဂနည်းသူ) ဖြစ်လာပါလိမ့်မည်၊ ဒေါသ-မာန-ဣဿာ-မစ္ဆရိယ အားကြီးသူများ လည်း ဤနည်းအတိုင်း ကြိုးစားပါ။ နွားကျောင်းသားဥပုသ်။ ။ထိုကဲ့သို့ ကျနစွာမစောင့်နိုင်ဘဲ “ယနေ့ မည်သည့်နေရာ၌ နွားများ ရေသောက်ကြ၏၊ နက်ဖြန် မည်သည့် နေရာ၌ မြက်စား၍ မည်သည့်နေရာ၌ ရေသောက်လိမ့်မည်”ဟု နွားကျောင်းသား ကြံစည်ခြင်းကဲ့သို့ “ယနေ့ မည်သည့်စားဖွယ်ကို စား၍ နက်ဖြန် မည်သည့်စားဖွယ်စားသောက်မည်”ဟု အစား အသောက်နှင့် လောကီရေးရာကိုသာ ကြံစည်နေသော ဥပုသ်သည် “ဂေါပါလဥပုသ်”(နွားကျောင်းသားဥပုသ်)မည်၏၊ ဤနွားကျောင်းသား ဥပုသ်ကို လုံးလုံးအကျိုးမရှိဟု မဆိုရသော်လည်း အကျိုးမများလှဟု ဟောတော်မူသည်။ Trang261 အာဇီဝမဋ္ဌကသီလအဖွင့် သတိပေးချက်။ ။ထို့ကြောင့် နွားကျောင်းသားဥပုသ်မဖြစ်စေဘဲ အရိယဥပုသ်မျိုးဖြစ်အောင် ကြိုးစားလျက် စောင့်သုံးမှသာ လောကအကျိုး, သံသရာအကျိုး၂-ပါးစုံ တိုးဖွယ်ရှိ၏၊ ယခုအခါ၌ကား ဥပုသ်စောင့်ရင်း စားသောက်ကြ, ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဖို့မှာ စိတ်ပျက်စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့ကမူ များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ “ဆင်ခြင်စဉ်းစားဉာဏ်မရှိသော လူမျိုး”ဟု အထင်သေးကြပေလိမ့်မည်၊ ထို့ကြောင့် အမျိုးဘာသာ အဆင့်အတန်း မြင့်ရေးကို တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဖို့ သတိပေးသည်။ *** *** အာဇီဝဋ္ဌမကသီလ အဖွင့် (ကျက်မှတ်ရန် ဆောက်တည်ပုံအစဉ်) အဟံ ဘန္တေ တိသရဏေန သဟ, အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ, သီလံဒေထ မေ ဘန္တေ၊ “ဒုတိယမ္ပိ အဟံ ဘန္တေ” စသည်ဖြင့် ငါးပါးသီလတောင်းပုံအတိုင်း “တတိယမ္ပိ သံဃံ သရဏံဂစ္ဆာမိ”တိုင်အောင် ဆိုပါ။ ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၅။ ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ Trang262 ၆။ ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၇။ သမ္ဖပ္ပလာပါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၈။ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ (ကြည့်ရှုရန် အဓိပ္ပာယ်) ဘန္တေ-အရှင်ဘုရား၊ အဟံ-တပည့်တော်သည် (တပည့်တော်မ သည်)၊ တိသရဏေန-သရဏဂုံသုံးပါးနှင့်၊ သဟ-တကွ၊ အာဇီဝဋ္ဌမက သီလံ-အာဇီဝဋ္ဌမကသီလဟူသော၊ ဓမ္မံ-သိက္ခာပုဒ်အကျင့်ကို၊ ယာစာမိ-တောင်းပန်ပါ၏၊ ဤသို့စသည်ဖြင့် ရှေ့အတိုင်း ဆိုပါ၊ ပါဏာတိပါတာ စသည်၏ အနက်ကိုလည်း ၅-ပါးသီလအတိုင်း ဆိုပါ၊ ပိသုဏဝါစာ-ပိသုဏဝါစာမှ၊ ဖရုသဝါစာ-ဖရုသဝါစာမှ၊ သမ္ဖပ္ပလာပါ-သမ္ဖပ္ပလာပမှ၊ မိစ္ဆာဇီဝါ-ယုတ်မာသော အသက်မွေး မှုမှ၊ ဝေရမဏိ သိက္ခာပဒံ-ရှောင်ကြဉ်ရကြောင်း, ကောင်းမြတ်သော သိက္ခာပုဒ်တော်ကို၊ သမာဒိယာမိ-စိတ်၌မြဲစွာ ဆောက်တည်ပါ၏။ သတိပြုရန်။ ။ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ ရုပ်ပွားတော်, စေတီတော်ရှေ့ဝယ် ဆောက်တည်ကြရာ၌ “အဟံ ဘန္တေ”စသော သီလတောင်းများကို ဆိုဖွယ်မလို၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”က စ၍ “မိစ္ဆာဇီဝါ ဝေရမဏိ”တိုင်အောင် ဆိုပါလေ၊ ငါးပါးသီလ, ရှစ်ပါးသီလ တစ်မျိုးမျိုးကို ယူပြီးမှ ဤအာဇီဝဋ္ဌမက သီလကို ဆက်၍ဆောက်တည်ရာ၌ကား မုသာဝါဒါ ဝေရမဏိ Trang263 တိုင်အောင် ရှေ့သီလများ၌ ပါဝင်ပြီးဖြစ်၍ နောက်ထပ် ဆိုဖွယ်မလို၊ “သုဏဝါစာ ဝေရမဏိ”က စ၍ နောက်သိက္ခာပုဒ် ၄-ပါးကိုသာ ဆက်၍ ဆိုရာ၏။ ဤအာဇီဝဋ္ဌမကသီလသည် တစ်ကြိမ်လောက် ဆောက်တည် ပြီးဖြစ်လျှင် အသက်မွေးစင်ကြယ်သမျှ ပိသုဏဝါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ် ဆောက်တည်ဖွယ် မလို၊ အခြားသော ၅-ပါး, ၈-ပါးသီလများလည်း မကျိုးမပျက်သမျှ ထပ်၍ ဆောက်တည်ဖွယ်မလို၊ သို့သော် ထပ်၍ဆောက်တည်ခြင်း ကြောင့်ကား အပြစ်မရှိပါ။ အာဇီဝဋ္ဌမက။ ။အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာရှာဖွေရသော အလုပ်အကိုင် အရောင်းအဝယ်ဟူသမျှကို ပါ ဠိလို “အာဇီဝ”ဟုခေါ်၏၊ မတရားသော ပစ္စည်းရှာဖွေမှုကို “မိစ္ဆာဇီဝ”ဟု ခေါ်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရအောင် ရှာဖွေမှုကို“သမ္မာအာဇီဝ”ဟုခေါ်၏၊ ရှစ်ပါးမြောက် သိက္ခာပုဒ်တော်ကို ပါဠိလို “အဋ္ဌမ”ဟုခေါ်၏၊ ပါဏာတိပါတာ ဝေရမဏိမှစ၍ ရေတွက်လျှင် မိစ္ဆာဇီဝါဝေရမဏိသည် ၈-ပါး မြောက်သိက္ခာပုဒ်တည်း၊ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျှင် ၈-ပါးမြောက်ရှိသော သီလကို “အာဇီဝဋ္ဌမကသီလ”ဟုခေါ်သည်။ ဤအာဇီဝဋ္ဌမကသီလ ဆောက်တည်ပုံကို ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်မပြကြ၊ ငါးပါးသီလ စသည် ဆောက်တည် Trang264 ပုံကို နည်းယူ၍ ရှေးပညာရှိတို့ ဆောက်တည်ပုံကို ပြထားကြသည်၊ “ပါဏာတိပါတာ ပတိဝိရမာမိ”စသည်ဖြင့်လည်း ဆောက်တည် နိုင်ပါ၏။ ထိုသိက္ခာပုဒ် ၈-ပါးတွင် ၁-နံပါတ်မှစ၍ ၇-နံပါတ် အထိ သိက္ခာပုဒ်တို့မှာ သုစရိုက် ၁၀-ပါးတွင် ကာယကံ ၃-ပါးနှင့် ဝစီကံ ၄-ပါးတည်း၊ ထို ၇-ပါးလုံခြုံပြီးသော သူတော်ကောင်း၌ အသက်မွေး ဝမ်းကြောင်းနှင့်ဆိုင်သော အရောင်းအဝယ် အလုပ်အကိုင်များလည်း စင်ကြယ်ပါမူ အာဇီဝဋ္ဌမကသီလ ဆောက်တည်သည်ဖြစ်စေ, မဆောက်တည်သည်ဖြစ်စေ အမြဲလုံခြုံနေပါသည်။ [ထိုသိက္ခာပုဒ် များတွင် ၁-၂-၃-၄-နံပါတ် သိက္ခာပုဒ်များကို ငါးပါးသီလ၌ ဖွင့်ပြ ခဲ့ပြီ၊ ၅-၆-၇ နံပါတ် သိက္ခာပုဒ်များကို ဒုစရိုက် သုစရိုက် အဖွင့်ကျမှ ပြမည်။] ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ, မဆောက်တည် သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိသကဲ့သို့ ဤအာဇီဝဋ္ဌမကသီလ ကိုလည်း ဆောက်တည်သည်ဖြစ်စေ, မဆောက်တည်သည်ဖြစ်စေ လွန်ကျူးလျှင် အပြစ်ရှိ၏၊ ငါးပါးသီလသည် သူတော်ကောင်းတို့ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်သီလဖြစ်သကဲ့သို့ ဤအာဇီဝဋ္ဌမက သီလလည်း အထက်တန်း သူတော်စင်တို့ အမြဲထိန်းရမည့် ကိုယ် ကျင့်သီလဖြစ်သည်၊ ဤအာဇီဝဋ္ဌမကကို ကျမ်းဂန်၌ အာဒိဗြဟ္မ စရိယသီလဟုလည်း ခေါ်သေး၏၊ ဗြဟ္မစရိယ+မဂ္ဂဗြဟ္မစရိယ၏+ အာဒိ-အစဖြစ်သော သီလ၊] ဤအာဇီဝဋ္ဌမကသီလလုံခြုံမှ မဂ်ဖိုလ် ကို ရနိုင်၏၊ အာဇီဝဋ္ဌမကသီလ မလုံခြုံလျှင် မဂ်ဖိုလ်မရနိုင်၊ Trang265 ထို့ကြောင့် “ဤအာဇီဝဋ္ဌမကသီလသည် မဂ်ဟူသော မြတ်သော အကျင့်၏ အစအခြေခံသီလဖြစ်သည်”ဟု မှတ်ပါ။ အမှာ။ ။ဤအာဇီဝဋ္ဌမကသီလကို စောင့်ကောင်း-မစောင့် ကောင်း ငြင်းခုံကြ၏၊ မစောင့်ကောင်းစရာ အကြောင်းကို ရှာ၍ မရပါ၊ ပါဠိတော်မှာ တိုက်ရိုက်သီလအဖြစ်ဖြင့် မပြသော်လည်း အာဇီဝစင်ကြယ်ဖို့ နည်းလမ်းနှင့် အာဇီဝစင်ကြယ်ခြင်း၏ (သမ္မာ အာဇီဝဖြစ်ခြင်း၏)အကျိုးကို များစွာပြရုံမျှမက ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ဋီကာတို့၌ကား အာဇီဝဋ္ဌမကသီလကို “ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတိ” ဟူသော ပါဠိတော်အရ အကျယ်ထုတ်ပြလျက်ရှိ၏။ ထို့ကြောင့် အာဇီဝဋ္ဌမကသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းသင့်ကြ ပါသည်။ မိစ္ဆာဇီဝအဖွင့် မုဆိုး, တံငါအလုပ်တို့ဖြင့် သူ့အသက်ကိုသတ်၍ ပစ္စည်း ရှာဖွေရသော ပါဏာတိပါတမှု၊ သူခိုး ဓားပြလုပ်၍ ပစ္စည်းရှာဖွေရ သော အဒိန္နာဒါနမှု၊ သူတစ်ပါးက ပစ္စည်းဥစ္စာပေးသဖြင့် ဖျက်ဆီး ရသော ကာမမှု၊ မတရားရှေ့နေ မတရားသက်သေလိုက်၍ဖြစ်စေ, လိမ်လည် လှည့်ပတ်ရောင်းဝယ်၍ဖြစ်စေ, ပစ္စည်းရှာရသော မုသာဝါဒမှု, ပစ္စည်းရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြောဆရာ လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုး Trang266 မရှိသော (ကြားရသူတို့ပျော်ရွှင်ရရုံ စိတ်လေလွင့်ရုံသာဖြစ်သော) ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မိစ္ဆာဇီဝမှုများတည်း၊ ဤမိစ္ဆာဇီဝမျိုးကို ပါဏာတိပါတာ ဝေရမဏိ စသော ရှေ့သိက္ခာပုဒ် ၇-ပါးဖြင့် ရှောင်ကြဉ်ပြီး ဖြစ်တော့သည်၊ သို့သော် “မြဲရာ သံပတ်”ဆိုသလို ရှေ့သိက္ခာပုဒ်များဖြင့် ရှောင်ကြဉ် ရာဝယ် သာ၍ ခိုင်မြဲအောင် ဤမိစ္ဆာဇီဝါဝေရမဏိ သိက္ခာပုဒ်ဖြင့် လည်း ရှောင်ကြဉ်ရသည်။ ရှေ့သိက္ခာပုဒ် ၇-ပါးဖြင့် မရှောင်ကြဉ်ရသေးသော မိစ္ဆာဇီဝ များလည်း ရှိသေး၏၊ ထိုမိစ္ဆာဇီဝများကား- သတ္ထဝါဏိဇ္ဇာ-ဓား လှံ သေနတ် ပိုက်ကွန် စသောလက်နက်ရောင်းမှု၊ သတ္တဝါဏိဇ္ဇာ- လူသတ္တဝါကို သွေးဆောင်ခေါ်ယူလျက် သူတစ်ပါးထံ ကျွန်အဖြစ် ဖြင့် ရောင်းမှု (ပြည့်တန်ဆာများကိုမွေး၍ ခေါင်းလုပ်မှုများလည်း ပါဝင်၏၊) မံသဝါဏိဇ္ဇာ-နွား, ကျွဲ, ဝက်, ဆိတ်, ကြက်, ငှက် စသည် တို့ကို မွေး၍ အသားစားဖို့ရာ သတ်ဖြတ်သူအား ရောင်းမှု၊ မဇ္ဇဝါဏိဇ္ဇာ-ထန်းရည် အရက် ဘိန်းစသည်ကို ရောင်းမှု(ဘုံဆိုင် တည်မှု)၊ ဝိသဝါဏိဇ္ဇာ-အဆိပ်ရောင်းမှုဟု ကျန်းဂန်၌ ၅-မျိုးလာ၏၊ ထိုငါးမျိုးကို ရတနာသုံးပါး ကိုးကွယ်သူ ဥပါသကာ ဥပါသိကာမတို့ မပြုရဟုလည်း ဆိုသည်၊ ထို့ပြင် မြင်းလောင်း, နွားလောင်း, ကျွဲတိုက်, ဖဲရိုက်၍ ပစ္စည်းရှာမှုများလည်း မိစ္ဆာဇီဝပင်တည်း၊ မိမိကိုယ်တိုင် မိစ္ဆာဇီဝမှုဖြင့် ပစ္စည်းမရှာပါသော်လည်း စီးပွားတူဖြစ်သော ညီ Trang267 အစ်ကို မောင်နှမတို့၏ မိစ္ဆာဇီဝကို ဝမ်းမြောက်သဘောတူလျှင် မိစ္ဆာဇီဝပင်ဖြစ်၏၊ သဘောမတူလျှင် မိမိမှာ မိစ္ဆာဇီဝမဖြစ်။ ဓမ္မိယလဒ္ဓပစ္စည်းနှင့် သမ္မာအာဇီဝ။ ။ပြခဲ့သော မိစ္ဆာဇီဝမှရှောင်ကြဉ်၍ တရားသဖြင့်ရရှိသော ပစ္စည်းဥစ္စာကို “ဓမ္မိယလဒ္ဓ” ပစ္စည်းဟုခေါ်သည်၊ [ဓမ္မိယ-တရားနှင့်လျော်စွာ+လဒ္ဓ-ရအပ်သော ပစ္စည်း၊ မိဘ စသူတို့ထံမှ အမွေအနှစ်ရသော ပစ္စည်း, ကူလီလုပ်၍, စာရေးစာချီလုပ်၍, ကျောင်းဆရာလုပ်၍, လယ်လုပ်၍, အတိုး အပွားချ၍ ရသောပစ္စည်းသည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းတည်း၊ ထိုပစ္စည်းဖြင့် အသက်မွေးသူ၏ သမ္မာအာဇီဝ ဖြစ်ကြောင်းမှာ ဆိုဖွယ်ရာမရှိပြီ၊ အချို့ကား နားမလည်ခင် မတရား ပစ္စည်းရှာ၍ နားလည်သောအခါ ထိုပစ္စည်းဖြင့် စားသောက်နေထိုင် သောကြောင့် “မိမိ၏ အသက်မွေးမှုသည် သမ္မာအာဇီဝဖြစ်လေ သလား, မဖြစ်လေသလား”ဟု စဉ်းစားတတ်ကြပေသည်။ သမ္မာအာဇီဝ ၂-မျိုး။ ။သမ္မာအာဇီဝသည် သုတ္တန်ပါဠိတော်၌ လာသော သမ္မာအာဇီဝ, အဘိဓမ္မာပါဠိတော်၌လာသော သမ္မာ အာဇီဝဟု ၂-မျိုးရှိ၏၊ ထိုတွင် တရားသဖြင့်ရအပ်သော ပစ္စည်းများ ကို စားသောက်သုံးစွဲခြင်း, တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်း သည် သုတ္တန်သမ္မာအာဇီဝမည်၏၊ မတရားသဖြင့် ပစ္စည်းရဖို့ အခွင့် ကြုံလာလျှင် ထိုပစ္စည်း ရမည့်လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေ ခြင်းသည် အဘိဓမ္မာသမ္မာအာဇီဝ မည်၏၊ ထို့ကြောင့် နားမလည် ခင်က မတရားသဖြင့် ရအပ်သောပစ္စည်းများကို သုံးစွဲနေသော် Trang268 လည်း နားလည်သောအခါ ထိုကဲ့သို့ မတရားမှုများကို ရှောင်ကြဉ် နေလျှင် အဘိဓမ္မာသမ္မာအာဇီဝ ဖြစ်သေး၏၊ ဆိုလိုရင်းကား- “မတရားသဖြင့် ရခဲ့သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံသော မတရားပစ္စည်း ရှာမှုကို ရှောင်ကြဉ်နိုင်လျှင် အဘိဓမ္မာသမ္မာအာဇီဝ ဖြစ်နိုင်ပါသေး ၏”ဟု ဆိုလိုသည်။ ထို့ကြောင့် သုတ္တန်သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်ပါလျှင် အဘိဓမ္မာသမ္မာအာဇီဝဖြစ်နိုင်အောင် နောက်ထပ် မတရားပစ္စည်း ရှာမှုမှ ရှောင်ကြဉ်၍ ဤအာဇီဝဋ္ဌမကသီလကို ထိန်းသိမ်းနိုင်ပါ သေး၏၊ ဘုရားလက်ထက်တော်တုန်းက “ကုက္ကုဋမိတ္တ”မုဆိုးသည် တစ်သက်လုံး မုဆိုးလုပ်၍ အသက်မွေးခဲ့သောကြောင့် သူ၏ အသက်မွေးမှုမှာ မိစ္ဆာဇီဝပင်တည်း၊ သို့သော် ဘုရားနှင့်တွေ့သော အခါ တရားတော်ကိုနာရ၍ သား ၇-ယောက်, ချွေးမ ၇-ယောက် တို့နှင့်အတူ သောတာပန်ဖြစ်လေသည်၊ ထိုသူတို့သည် ရှေးက မိစ္ဆာဇီဝဖြင့်ရခဲ့သော ပစ္စည်းတွေကို ရှောင်ကြဉ်စွန့်ပစ်သည်ဟု ကျမ်းဂန်တို့၌ မလာချေ၊ စွန့်ပစ်မည်လည်း မဟုတ်၊ ထို့ကြောင့် တတ်သိနားလည်သောအခါမှစ၍ မိစ္ဆာဇီဝကိုရှောင်လျှင် ဤ အာဇီဝဋ္ဌမကသီလ လုံခြုံနိုင်သည်ဟု ဆိုထိုက်ပေသည်၊ သူတော် ကောင်းဖြစ်လိုသူများ သတိပြုပါလေ၊ မိစ္ဆာဇီဝဖြင့် ရရှိအပ်သော ပစ္စည်းများကို လှူဒါန်းရာ၌လည်း အကျိုးမရဟု မမှတ်ရ၊ ထိုက်တန် သမျှ အကျိုးရသည်သာ၊ သို့သော် ဓမ္မိယလဒ္ဓပစ္စည်းများလောက် ကား အကျိုးပေး မထက်သန်လှချေ။ Trang269 နဝင်္ဂဥပုဥသ်သီလအဖွင့် ရဟန်းများ၏ အာဇီဝ။ ။ရဟန်းများ၌ကား မတရားသဖြင့် ရအပ်သော ပစ္စည်းများကို လုံးဝစွန့်ပစ်နိုင်မှသာ သမ္မာအာဇီဝဖြစ် သည်၊ ဆေးကုမှု, ဗေဒင်ဟောမှု, ကြည်ညိုလာအောင် ဟိတ်ဟန် ဆောင်မှု စသော မတရားမှုဖြင့် ရအပ်သောပစ္စည်းကို သုံးစွဲနေလျှင် သုံးတိုင်း သုံးတိုင်း အာပတ်သင့်ရုံမက ထိုပစ္စည်းများကို အခြား ရဟန်းတော်များ သုံးလျှင်လည်း အာပတ်သင့်သည်သာ၊ ထို့ကြောင့် ရဟန်းတော်များ၏ မိစ္ဆာဇီဝသည် လူတို့၏ မိစ္ဆာဇီဝထက် သာ၍ အပြစ်ကြီးသည်ဟု မှတ်ပါ။ ထို့ကြောင့် တကယ်စင်စစ် သူတော်ကောင်းဖြစ်လိုသူ မှန်လျှင် လူဖြစ်စေ, ရဟန်းဖြစ်စေ မိစ္ဆာဇီဝကို အထူးရှောင်ကြဉ်လျက် သမ္မာ အာဇီဝဖြစ်အောင် အသက်မွေးကာ ဤအာဇီဝဋ္ဌမကသီလကို စောင့်ထိန်းမှသာ အစစ်အမှန် သူတော်ကောင်းဟု ဆိုထိုက်ရကား သူတစ်ပါးမြင်လို့ ကောင်းရုံကောင်းသော သူတော်ကောင်း မဟုတ် ပါဘဲ အစစ်အမှန် သူတော်ကောင်းဖြစ်အောင် ကိုယ်တိုင်ကြိုးစား ကြပါကုန်။ ***** နဝင်္ဂဥပုသ်သီလအဖွင့် (ကျက်မှတ်ရန် ဆောက်တည်ပုံ) အဟံ ဘန္တေ တိသရဏေန သဟ, နဝင်္ဂသမန္နာဂတံ, ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ မေ ဘန္တေ၊ ဒုတိယမ္ပိ-တတိယမ္ပိ စသည်ကို ဆက်၍ ဥစ္စာသယန Trang270 မဟာသယန တိုင်အောင် ရှစ်ပါးသီလအတိုင်း ဆိုပါ၊ ထို့နောက် “ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ”ဟု ဆောက်တည်ရာ၏။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် “နဝင်္ဂသမန္နာဂတံ-အင်္ဂါ ၉-ပါးနှင့် ပြည့်စုံသော”ဟု ဆိုပါ၊ ထို့နောက် ရှစ်ပါးသီလအတိုင်းဆို၍ မေတ္တာအတွက် “ယထာဗလံ- စွမ်းနိုင်သလောက်၊ မေတ္တာသဟဂတေန-မေတ္တာနှင့် တကွဖြစ်သော၊ စေတသာ-စိတ်ဖြင့်၊ သဗ္ဗာဝန္တံ-အလုံးစုံသတ္တဝါအပေါင်းရှိသော၊ လောကံ-သတ္တလောကကို၊ ဖရိတွာ-ပြန့်နှံစေ၍၊ ဝိဟရာမိ-နေပါအံ့” “စွမ်းနိုင်သမျှ မေတ္တာစိတ်ဖြင့် သတ္တဝါတို့အပေါ်၌ ဖြန့်၍ နေပါမည်” ဟု ဆိုလိုသည်။ အမှာ။ ။အချို့ကား “မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ”ဟု ဆောက်တည် ပုံကို ပြကြ၏၊ ဤကျမ်း၌ကား ပါဠိတော်နှင့် ညီနိုင်သမျှ ညီအောင် “သဗ္ဗာဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ”ဟု ပြလိုက်ပါသည်။ နဝင်္ဂ ။ ။ နဝ+အင်္ဂ။ နဝ-၉-ပါး+အင်္ဂ+အစိတ်အပိုင်း၊ အစိတ် အပိုင်းအားဖြင့် ၉-ပါးရှိသော သိက္ခာပုဒ်များ။] ဤအင်္ဂါ ၉-ပါးရှိသော ဥပုသ်ကို “နဝင်္ဂဥပုသ်”ဟုခေါ်သည်၊ ယခုကာလ အများစောင့်သုံးရိုး ရှစ်ပါးသီလတွင် မေတ္တာကိုထည့်လျှင် ၉-ပါးသီလ “နဝင်္ဂဥပုသ်”ဖြစ်၏၊ Trang271 ဤနဝင်္ဂဥပုသ်မှာ နဝကအင်္ဂုတ္တိုရ်ပါဠိတော်၌ တိုက်ရိုက်လာ၏၊ ဤနဝင်္ဂ ဥပုသ်၌ မေတ္တာကို ထည့်ထားခြင်းမှာလည်း ထိုခေတ်က ဥပုသ်သည်တို့၏ အလိုကျအောင် ထည့်ရခြင်း ဖြစ်သည်။ စင်စစ်မှာ- ပါဏာတိပါတစသော သိက္ခာပုဒ်များကဲ့သို့ မေတ္တာသည် သိက္ခာပုဒ်တစ်ပါးမဟုတ်ပါ၊ “ပါဏာတိပါတမှ ရှောင်ကြဉ်ပါ၏”ဟု ဆောက်တည်ရာ၌ တစ်နေ့လုံး ရှောင်ကြဉ်နိုင်သလို “မေတ္တာဖြင့်နေပါ မည်”ဟု ဆောက်တည်သူသည် တစ်နေ့လုံး မေတ္တာစိတ်ဖြင့် မနေနိုင်၊ ထို့ကြောင့် မေတ္တာသည် သိက္ခာပုဒ်မဟုတ်၊ သို့သော် မေတ္တာကို အမွှမ်း တင်လျက် စောင့်အပ်သော ဥပုသ်သည် ရိုးရိုးဥပုသ်ထက် အကျိုးများသော ကြောင့် မေတ္တာနှင့်တကွသော နဝင်္ဂဥပုသ်ကို ဘုရားလက်ထက်တော်မှာ ပင် အချို့စောင့်သုံးကြသည်။ စောင့်ထိန်းရပုံ။ ။ဤနဝင်္ဂဥပုသ်ကို စောင့်သုံးလိုသူသည် သီလဆောက်တည်ပြီးနောက် စားဖွယ်သောက်ဖွယ်ကို စားသောက်ပြီးလျှင် ဆိတ်ငြိမ်ရာအရပ်၌ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများနေမှသာ နဝင်္ဂဥပုသ်ကို ကျနစွာစောင့်သုံးရာရောက်မည်၊ ယခု တွေ့ရသလောက် ကား နဝင်္ဂဥပုသ်ကို ခံယူပြီးနောက် အိမ်ရောက်လျှင် သားသမီး စသူတို့ကို ဆူပူကြိမ်းမောင်းလျက် ဒေါသထွက်ရ၏၊ မိမိနှင့် မတည့်သူများကို တွေ့ရ မြင်ရ၍ ဒေါသဖြစ်ရ၏၊ “မေတ္တာ”ဆိုသည်ကား ဒေါသနှင့် ဆန့်ကျင်ဘက် တည်း၊ ထို့ကြောင့် အမှတ်တမဲ့ ဒေါသဖြစ်လျှင် ဆောက်တည်မှုမပျက် ရအောင် “ယထာဗလံ-စွမ်းနိုင်သမျှ မေတ္တာဖြင့် နေပါမည်”ဟု ယထာဗလံ ပုဒ်ကို ထည့်၍ နဝင်္ဂဥပုသ် ဆောက်တည်ပုံကို ပြလိုက်ရပါသည်။ Trang272 ဆယ်ပါးသီလအဖွင့် (ကျက်မှတ်ရန် ခံယူဆောက်တည်ပုံ) အဟံ ဘန္တေ တိသရဏေန သဟ, ဒသ ဂဟဋ္ဌသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ, သီလံဒေထ မေ ဘန္တေ၊ (ဒုတိယမ္ပိ စသည် ဆက်၍ဆိုပါ၊ ဝိကာလဘောဇနတိုင်အောင် ရှေ့သိက္ခာ ပုဒ် ၆-ပါးကို ၈-ပါးသီလအတိုင်း ဆိုပါ။) ၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၉။ ဥစ္စာသယနမဟာသယနာ, ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ကြည့်ရှုရန် အနက်နှင့် အဓိပ္ပာယ် ဘန္တေ-အရှင်ဘုရား၊ အဟံ-သည်၊ တိသရဏေန-နှင့်၊ သဟ- တကွ၊ ဒသ ဂဟဋ္ဌသီလံ-လူတို့၏ ဆယ်ပါးသီလဖြစ်သော၊ ဓမ္မံ- သိက္ခာပုဒ်တရားတော်ကို၊ ယာစာမိ-တောင်းပါ၏၊ (နစ္စ ဂီတ စသည် တို့၏အနက်ကို ရှစ်ပါးသီလ၌ ပြခဲ့ပြီ၊) ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ- ရွှေငွေကိုကိုင်ခြင်း, ခံယူခြင်း,စီမံခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ Trang273 သမာဒိယာမိ-ပါ၏။ [ဥစ္စာသယနမဟာသယနာအထိ ၈-ပါး သီလ၌ ဖွင့်ပြခဲ့ပြီ။ နစ္စ ဂီတနှင့် မာလာဂန္ဓ ခွဲခြင်းအကြောင်း နစ္စ ဂီတ သိက္ခာပုဒ်အရ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း, ကြည့်ရှု နားထောင်ခြင်းတို့သည် တစ်ခုနှင့်တစ်ခု သဘောခြင်း ဆက်သွယ်နေ၏၊ ထို့ကြောင့် ထိုအမှုများမှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တစ်ပါးအဖြစ်ဖြင့် ထားသည်၊ မာလာဂန္ဓသိက္ခာပုဒ်အရ ပန်းပန်မှု စသည်တို့လည်း တစ်ခုနှင့်တစ်ခု သဘောချင်း ဆက်သွယ် လျက်ရှိ၏၊ ထို့ကြောင့် ပန်းပန်မှု စသည်မှ ရှောင်ကြဉ်ခြင်းကို သိက္ခာပုဒ်တစ်ပါးအဖြစ်ဖြင့် ထားရသည်၊ နစ္စ ဂီတ သိက္ခာပုဒ်၌ ပါဝင်သော အမှုများနှင့် မာလာဂန္ဓသိက္ခာပုဒ်ပါဝင်သော အမှုများကား တစ်ခုနှင့်တစ်ခု သဘောချင်း မဆက်သွယ်လှ၊ ထို့ကြောင့် နစ္စ ဂီတနှင့် မလာဂန္ဓဆိုင်ရာ ခွဲခြား၍ သိက္ခာပုဒ် ၂-ပါး ဖြစ်ရပေသည်။ ရှစ်ပါးသီလ၌ကား နစ္စ ဂီတဆိုင်ရာ, မာလာဂန္ဓဆိုင်ရာ နှစ်ရပ်လုံးကိုပင် (ရှစ်ပါးဖြစ်အောင်)ပေါင်းစပ်ထားရသည်၊ ဆိုလိုရင်းကား နစ္စ ဂီတနှင့် မာလာဂန္ဓကို သိက္ခာပုဒ် ၂-ပါးအဖြစ် ဖြင့် ဧကန်ခွဲခြားသင့်၏၊ သို့သော် ၈-ပါးသီလ၌ကား ရှေးရိုးစဉ်လာ ထုံးစံအားဖြင့် ၉-ပါးမဟုတ်, ၈-ပါးသာဖြစ်၍ ထို ၈-ပါးတွင် အားလုံး ပါဝင်ဖို့ရာ နစ္စ ဂီတနှင့် မာလာဂန္ဓကိုပေါင်း၍ ဆောက်တည်ရ သည်ဟု ဆိုလိုသည်၊ ဤကား ဤကျမ်း၏ အကြံတည်း၊ သည့်ထက် Trang274 ကောင်းမွန်၍ သေချာသော အကြံကိုလည်း ပညာရှိတို့ ကြံစည် ကြပါလေ။ ဇာတရူပသိက္ခာပုဒ် အဖွင့် ရဇတ စတရူပ ရဇတ ပဋိဂ္ဂဟဏာ။ ။ဇာတရူပ-ရွှေ+ရဇတ-ငွေ+ ပဋိဂ္ဂဟဏ-ခံယူခြင်း၊] ဇာတရူပအရ ခရ ရွှေတုံး ရွှေခဲသာမက ရွှေဖြင့် ပြုလုပ်ထားသော လက်ဝတ်တန်ဆာအားလုံးကိုပင် မခံယူရ၊ ရဇ အရလည်း ငွေအသပြာသာမက ရောင်းဝယ်သုံးစွဲရိုးဖြစ်သော ငွေ စက္ကူပိုက်ဆံ အားလုံးကိုပင် မခံယူရ၊ ပဋိဂ္ဂဟဏအရ လက်ဖြင့်ကို ခြင်း, ခံယူခြင်းသာမက ရှောင်ကြဉ်ဖွယ် ၅-မျိုးကို ကျမ်းဂန်တို့၌ ပြသည်၊ ဤနေရာ၌ လွန်စွာထင်ရှား ပြတ်သားသော လယ်တီဆရာ တော်ဘုရားကြီး၏ သီလဝိနိစ္ဆယအခန်းတစ်ခန်းကို ထုတ်ပြပါအံ့။ ရွှေ ငွေ ရတနာနှင့်စပ်၍ ဝိနည်းတော်၌ ပယ်တော်မူသော အမှု ၅-ပါးရှိ၏၊ ဥဂ္ဂဟတစ်ပါး, ဥဂ္ဂဟာပဏတစ်ပါး, ဥပနိက္ခိတ္တ သာဒယနတစ်ပါး, ဒုဗ္ဗစာရဏတစ်ပါး, အာမသနတစ်ပါး၊ ထိုတွင်- ၁။ အရှင်မရှိသော ရွှေ ငွေ, ရတနာကို တွေ့မြင်၍ ကိုယ်တိုင် ကိုင်ယူခြင်းသည်လည်းကောင်း, လက်ရောက် လှူသည်ကို ကိုယ်တိုင်ခံယူခြင်းသည်လည်းကောင်း ဥဂ္ဂဟမည်၏။ [ဥဂ္ဂဟ-ကိုယ်တိုင်ခံယူခြင်း။] Trang275 စာတရူပသိက္ခာပုဒ်အဖွင့် ၂။ အရှင်မရှိသော ရွှေ ငွေ ရတနာကို တွေ့မြင်၍ (သို့မဟုတ် လာလှူ၍) မိမိဖို့ရာ သူတစ်ပါးကို အယူခိုင်းခြင်းသည်လည်း ကောင်း, မိမိဖို့ရာ သူတစ်ပါးကို အလှူခိုင်းခြင်းသည်လည်း ကောင်း ဥဂ္ဂဟာပဏမည်၏။ [ဥဂ္ဂဟာပဏ-ယူစေခြင်း။] ၃။ ဒါယကာက ရွှေ ငွေရတနာကို ယူဆောင်ခဲ့၍ ရဟန်း၏ရှေ့၌ ချထားပြီးလျှင် ဤရွှေငွေကို အလိုရှိရာ သုံးဆောင်တော်မူပါဟု လည်းကောင်း, သင်္ကန်းဖိုးပါ, ဖိနပ်ဖိုးပါ, ရထားခပါ, သင်္ဘောခ ပါဟုလည်းကောင်း လျှောက်၍ လှူသည်ကို ကိုယ်နှုတ်ဖြင့် မပယ်ဘဲ စိတ်ဖြင့်သာ ခံယူခြင်းသည်လည်းကောင်း,ဒါယကာ က မိမိ၏ အိမ်တွင်သော်လည်းကောင်း, တစ်ပါးသောဌာန၌ သော်လည်းကောင်း ရှိ၍နေသော ရွှေငွေကို ကိုယ်တော် အလိုရှိသောအခါ ယူပါ, သုံးပါဟူ၍ လှူသည်ကို ကိုယ်နှုတ် ဖြင့်မပယ်ဘဲ စိတ်ဖြင့် သာယာခံယူခြင်းသည်လည်းကောင်း, ဥပနိက္ခိတ္တသာဒယန မည်၏။ [ဥပနိက္ခိတ္တ-ဘဏ်စသည်၌ ထားအပ်, အနီး၌ထားအပ်သည်ကို+သာဒယန-သာယာခြင်း။] ၄။ ကပ္ပိယနည်းလမ်းဖြင့် ရှိနေသော (ကပ္ပိယထံ ဝိနည်းတော်နှင့် အညီ အပ်နှံထားသော) ရွှေငွေကို “ဤရွှေငွေဖြင့် ဘယ်ဟာ ဝယ်ချေလော့, ဘယ်လောက် ပေးလိုက်လော့, သေတ္တာထဲမှာ ထားလိုက်လော့, ထုတ်လိုက်လော့, ယူလိုက်လော့”အစရှိသည်ဖြင့် စီမံခြင်းသည် ဒုဗ္ဗိစာရဏ မည်၏၊ [ဒု-မကောင်းသော (ဝိနည်း တော်နှင့်မလျော်သော)+ဝိစာရဏ - စီမံခြင်း။) Trang276 ၅။ သူတစ်ပါးဥစ္စာဖြစ်သော ရွှေငွေကိုပင် သာယာသောစိတ်ဖြင့် ထီပါး သုံးသပ်ခြင်းသည် အာမသနမည်၏။ (ကို (ကိုယ့်ဥစ္စာကို သုံးသပ်ကိုင်ရာ၌ကား ပြောဖွယ်မလို၊) [အာမသန • သုံးသပ် ထီပါးခြင်း၊ မသာယာဘဲ မတော်တဆထိမိလျှင် အပြစ်မရှိပါ။] ရဟန်း သာမဏေတို့မှာ ဤ ၅-ပါးစလုံးကို လွတ်ကင်းစေရ မည်၊ လူဖြစ်စဉ်ကရှိနေသော ရွှေ ငွေ ရတနာ, ကပ္ပိယနည်းလမ်းဖြင့် ရဟန်းဖြစ်မှရသော ရွှေ ငွေ ရတနာတို့ကို ထိုအချက်တို့မှ လွတ်ကင်းစေ၍ ကပ္ပိယနည်းလမ်းဖြင့် နေရာတကျ ပြုပြင်ပြီးလျှင် အသက်ထက်ဆုံး စိတ်ဖြင့်သာယာ၍ ထိုရွှေငွေမှဖြစ်သော ကပ္ပိယ ဘဏ္ဍာ(အပ်သောပစ္စည်း)များကို သုံးဆောင်၍ နေငြားသော်လည်း ဝိနည်းတော်နှင့် အပြစ်ဆိုခွင့် မရှိပြီ၊ ဆယ်ပါးသီလ စောင့်ထိန်းကြ သူတို့မှာလည်း ထို ၅-ပါးသောအမှုကို လွတ်ကင်းစေလျှင် ပြီး တော့သည်၊ နဂိုက ရှိ၍နေသော ရွှေ ငွေ ရတနာတို့ကို စိတ် သက်သက်ဖြင့် အာရုံပြုကာ (ငါ့ရွှေ, ငါ့ငွေ)ဟု သာယာသော်လည်း ရတနာဝ အပြစ်မရှိ, သိက္ခာပုဒ်မပျက်၊ ဤကား လယ်တီဆရာတော်ဘုရားကြီး ၏ သီလဝိနိစ္ဆယမှ ထုတ်နုတ် ဖော်ပြချက်တည်း။ ဤအချက်ကိုထောက်၍ ဆယ်ပါးသီလစောင့်သူ လူတို့သည် မိမိ၌ရှိသော ရွှေ ငွေကို ယုံကြည်လောက်သူထံ အပ်၍ထားရမည်၊ ဆယ်ပါးသီလ စောင့်ထိန်းသည့် အတောအတွင်းမှာ ထိုရွှေငွေကို မကိုင်ရ၊ “ဖယ်ထားလိုက်ပါ, သိမ်းထားလိုက်ပါ”ဟုလည်း မပြောရ၊ ထိုရွှေငွေဖြင့် “ဘာဝယ်လိုက်ပါ”စသည်ကိုလည်း မပြောရ၊ မိမိအသုံး Trang277 လိုနေသော ပစ္စည်းကိုသာ “ဘာလိုချင်သည်, ဘာစားချင်သည်” စသည်ဖြင့် ပြောဆိုရမည်၊ သူတစ်ပါးက ငွေလာပေးခဲ့သော် ထိုငွေကို ကိုယ်တိုင်လည်း မယူရ, သူများကိုလည်း မခိုင်းရ၊ နားလည်သူ တစ်ယောက် (သို့မဟုတ် ကပ္ပိယလုပ်သူက) ယူထားလျှင် မိမိမှာ အပြစ်မရှိပါ၊ စာတိုက်မှ မန်းနီးအော်ဒါလာလျှင် ငွေရရှိကြောင်း လက်မှတ်ထိုးရုံဖြင့် အပြစ်မရှိပါ၊ လက်မှတ်ထိုးပြီးနောက် စာပို့က ပေးသောငွေကို ကိုယ်တိုင်လည်း မကိုင်ယူပါနှင့်, သူများကိုလည်း အယူမခိုင်းနှင့် နားလည်သူ ကပ္ပိယက ယူထားလျှင် မိမိမှာ အပြစ် မရှိပါ၊ ဆယ်ပါးသီလ စောင့်ထိန်းနေသောအခါ ရွှေငွေသာမက စိန် ကျောက် ပုလဲ ပတ္တမြားစသော ရတနာများကိုလည်း မကိုင် မခံရချေ။ ဤဆယ်ပါးသီလနှင့်စပ်၍ စောင့်ကောင်း-မစောင့်ကောင်း ဝါဒကွဲပြား၏၊ တစ်ချို့က သစ်ခေါက်ဆိုးဝတ်၍ အမြဲစောင့်နိုင်မှ စောင့်ကောင်းသည်ဟု ဆိုကြ၏၊ တစ်ချို့ကလည်း မိမိ၌ရှိသော ရွှေငွေဥစ္စာများကို စွန့်ပစ်နိုင်မှ စောင့်ကောင်းသည်ဟု ဆိုကြ၏၊ သို့သော် ဒက္ခိဏေယျသံဃာ့ဂုဏ်တော်၌ပြခဲ့သော မင်းသားတို့ကား မိမိ၌ရှိနေသော ရွှေငွေပစ္စည်းများကို တစ်ခါတည်း ပြတ်အောင် သူတစ်ပါးအား အပိုင်မပေးကြဘဲ ကပ္ပိယထံ အပ်နှံထားရုံမျှဖြင့် (တစ်စုံတစ်ခုကိုမျှလည်း မစီမံတော့ဘဲ) ဆယ်ပါးသီလ စောင့်ကြ ပေသည်။ Trang278 ထို့ကြောင့် ရွှေငွေဥစ္စာကို လုံးဝမစွန့်ပစ်ဘဲ ကပ္ပိယထံ အပ်နှံ ထားရုံမျှဖြင့် တစ်နေ့တစ်ရက်ဖြစ်စေ ဆယ်ပါးသီလ စောင့်ကောင်း ကြောင်းကို ဆရာများ ဆုံးဖြတ်ကြသည်၊ အဘိဓမ္မာသဘောဖြင့် စဉ်းစားလျှင်လည်း ကုသိုလ်စိတ် ပို၍ ဖြစ်ဖွယ်ရာရှိသဖြင့် မစောင့် ကောင်းစရာ အကြောင်းမမြင်ပါ၊ သို့သော် လက်မှာ ရွှေလက်စွပ် စသည်ကို ဝတ်ခြင်း, နားမှာလည်း ပန်ဆင်ခြင်းသည် မာလာဓာရဏ တွင် ပါဝင်သောကြောင့် ဆယ်ပါးသီလကို မဆိုထားဘိ၊ ရှစ်ပါး သီလနှင့်ပင် မသင့်လျော်ချေ။ ဒုစရိုက် – သုစရိုက်အဖွင့် (ဒု - မကောင်းသော + သု - ကောင်းသော+ စရိတ - စရိုက် (အကျင့်)၊ ထိုဒုစရိုက် သုစရိုက်ကား ၁၀-ပါးစီရှိ၏။ ထိုတွင်- ဒုစရိုက် ကာယကံ ၃-ပါး ၁။ ပါဏာတိပါတ =- သူ့အသက်သတ်မှု။ ၂။ အဒိန္နာဒါန =သူ့ဥစ္စာခိုးမှု။ ၃။ ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ယုတ်ယုတ်မာမာ ကျင့်ကြံမှု။ ဒုစရိုက် ဝစီကံ ၄-ပါး ၄။ မုသာဝါဒ = မုသားပြောဆိုမှု။ ၅။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်မှု။ Trang279 (ချစ်သူနှစ်ဦး ကွဲသွားအောင်, သို့မဟုတ် မိမိအား ချစ်ခင်လာ အောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးမှု။) ၆။ ဖရုသဝါစာ = - အယုတ်တမာ ဆဲဆိုမှု။ ၇။ သမ္ဖပ္ပလာပ = - ပိန်ဖျင်းသောစကားကို ပြောဆိုမှု။ စပါးပိန်, စပါးဖျင်းသည် အတွင်း၌ အနှစ်အဆန် မရှိသကဲ့သို့ အနှစ်လည်းမဖက်, အနက်အဓိပ္ပာယ်လည်း မဟုတ်မမှန်, ဒဏ္ဍာရီ ဝတ္ထုသွား ရွှေယုန်နှင့် ရွှေကျားတို့ သက်ငယ်ရိတ် သွားရောတဲ့” စသော စကားတည်း၊ မဟုတ်သော်လည်း ဥပမာသဘောဖြင့် အကျိုးရှိအောင် ပြောဆိုရေးသားမှုမျိုးမှာ “သမ္ဖပ္ပလာပ”မဖြစ်ပါ။ ဒုစရိုက် မနောကံ ၃-ပါး ၈။ အဘိဇ္ဈာ = - သူတစ်ပါး၏ စည်းစိမ်ကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရားကြံစည်မှု။ (တောင်း၍ ငှား၍ ဝယ်၍ ယူမည်ဟု ကြံစည်မှုမှာ အဘိဇ္ဈာ အပြစ်မရှိ။) ၉။ ဗျာပါဒ = - သေကြေ ပျက်စီးသွားလျှင် ကောင်းလေစွဟု သူတစ်ပါးကို ပြစ်မှားမှု။ ၁၀။ မိစ္ဆာဒိဋ္ဌိ = - အယူမှားမှု။ (ကံ-ကံ၏အကျိုးကို မယုံမှု။) ဤဒုစရိုက် ၁၀-ပါးကို “အကုသလကမ္မပထ ၁ဝ-ပါး”ဟုလည်း ခေါ်၏။ “အပါယ်ရောက်ကြောင်း မကောင်းသောလမ်းဖြစ်သော အကုသိုလ်ကံများ”ဟူလို၊ ထိုဆယ်ပါးကို ၁-ကိုယ်တိုင် ပြုလုပ်ခြင်း Trang280 “သာဟတ္ထိက”၂-သူတစ်ပါးကို အပြုခိုင်းခြင်း အာဏတ္တိက”၊၃-ဒုစရိုက် ပြုလျှင် ရနိုင်မည့် လောကီအကျိုးကို ပြောပြခြင်း “ဝဏ္ဏဘာသန” ၄-သူတစ်ပါးတို့ အလိုအလျောက် ပြုနေသည်ကို သဘောတူခြင်း “သမနုည”၊ ဤလေးမျိုးဖြင့် မြှောက်လျှင် ဒုစရိုက်-၄ဝ ဖြစ်၏။ [ဆောင်] ၁။ သက်သတ်ခိုးမှု, ကာမေသု, သုံးခု ကာဃကံ။ ၂။ လှည့်စားရန်တိုက်, မိုက်မိုက်ကန်းကန်း, နှုတ်ကြမ်းလေခြင်း, ပြိန်ဖျင်းစကား, ပြောဆိုငြား, လေးပါးဝစီကံ။ ၃။ သူ့ဥစ္စာမှန်, မတရားကြံ၍, ဖောက်ပြန်သေကြေ, ပျက်စေလိုငြား, အယူမှား, သုံးပါးမနောကံ။ သုစရိုက်ကာယကံ ၃-ပါး ၁။ ပါဏာတိပါတဝိရတိ- =ပါဏာတိပါတမှ ရှောင်ကြဉ်မှု။ ၂။ အဒိန္နာဒါနဝိရတိ= အဒိန္နာဒါနမှ ရှောင်ကြဉ်မှု။ ၃။ ကာမေသုမိစ္ဆာစာရဝိရတိ = ကာမေသုမှ ရှောင်ကြဉ်မှု။ သုစရိုက် ဝစီကံ ၄-ပါး ၄။ မုသာဝါဒဝိရတိ =* မုသာဝါဒမှ ရှောင်ကြဉ်မှု။ ၅။ ပိသုဏဝါစာဝိရတိ =- ပိသုဏဝါစာမှ ရှောင်ကြဉ်မှု။ ၆။ ဖရုသဝါစာဝိရတိ =- ဖရုသဝါစာမှ ရှောင်ကြဉ်မှု။ ၇။ သမ္ဖပ္ပလာပဝိရတိ =- သမ္ဖပ္ပလာမှ ရှောင်ကြဉ်မှု။ Trang281 သုစရိုက် မနောကံ ၃-ပါး ၈။ အနဘိဇ္ဈာ = - အဘိဇ္ဈာကို မပြုခြင်း။ ၉။ အဗျာပါဒ = - ဗျာပါဒကို မပြုခြင်း။ ၁ဝ။ သမ္မာဒိဋ္ဌိ = - ကောင်းသောအယူကို ယူခြင်း။ ဤသုစရိုက် ၁၀-ပါးကို “ကုသလကမ္မပထ” ၁ဝ-ပါးဟုလည်း ခေါ်၏၊ [ပထ-လူ့ပြည် နတ်ပြည်သို့ ရောက်ကြောင်း၊] ၁-ကိုယ်တိုင် ပြုခြင်း၊ ၂-သူများကို ပြုဖို့ရန် စေခိုင်းခြင်း၊ ၃-သုစရိုက်၏ အကျိုးကို ပြောပြခြင်း၊ ၄-သူတစ်ပါးတို့ အလိုအလျောက် ပြုနေသည်ကို သဘောတူခြင်း၊ ဤလေးမျိုးဖြင့် မြှောက်လျှင် ၄၀-ဖြစ်၏။ [ဆောင်] ဒုစရိုက်နှင့်, သုစရိုက်ပြိုင်, ဤဆယ်ခိုင်ကို, ကိုယ်တိုင်ပြုငြား, သူများခိုင်းတုံ, ဂုဏ်ကိုပြောပြ, ဝမ်းမြောက်ကြပြန်,လေးဆယ်မှန်, မြှောက်ဟန် သဘောပိုက်။ ပုညကိရိယဝတ္ထုအဖွင့် [ကိရိယ-ပြုထိုက်သော+ဝတ္ထု-စီးပွားချမ်းသာ၏ တည်ရာ၊] စီးပွားချမ်းသာ နောင်သံသရာအကျိုး၏ တည်ရာဖြစ်၍ စင်စစ် ပြုထိုက်သော ကုသိုလ်ကောင်းမှုများလည်း ၁၀-ပါးပင် ရှိ၏။ ၁။ ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု။ ၂။ သီလ = ဆိုင်ရာ သီလများကို စောင့်ထိန်းမှု။ Trang282 ၃။ ဘာဝနာ = ဘုရားဂုဏ်တော် စသည်ကို အာရုံပြုနေမှု။ (ကမ္မဋ္ဌာန်း အားထုတ်မှု) ၄။ အပစာယန = - ရိုသေထိုက်သူကို ရိုသေမှု။ ၅။ ဝေယျာဝစ္စ = - သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ကူညီမှု။ ၆။ ပတ္ထိဒါန = - မိမိကုသိုလ်အဖို့ကို အမျှဝေမှု။ ၇။ ပတ္တာနုမောဒန = -သူတစ်ပါးက အမျှပေးဝေသောအခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။ ၈။ ဓမ္မဿဝန =- တရားစကားကို နားထောင်မှု။ပါးလ ၉။ ဓမ္မဒေသနာ =- ပစ္စည်းလာဘ်မငဲ့ပဲ တရားဟောမှု။ ၁၀။ ဒိဋ္ဌိဇုကမ္မ = - အယူကို ဖြောင့်မှန်စွာယူမှု။ (ကံ ကံ၏အကျိုး ကို ယုံကြည်မှု။) အမျှဝေ-သာဓုခေါ်။ ။ပတ္တိဒါန ပတ္တာနုမောဒနဖြစ်ပုံကား- ကုသိုလ်ကောင်းမှုပြုရာ၌ မိမိကုသိုလ်ရသကဲ့သို့ အခြားလူတို့လည်း မိမိနှင့်အညီအမျှ ကုသိုလ်အဖို့ရစေရန် ဝေငှခြင်းကို “ပတ္တိဒါန- အမျှဝေခြင်း”ဟု ခေါ်သည်၊ ထိုအမျှဝေသံကို ကြားရသူတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လျှင် ကောင်းမှုရှင်နှင့် အလားတူစွာ ကုသိုလ်အဖို့ ရ၏၊ ပြိတ္တာဖြစ်နေသူတို့ သာဓုခေါ်ရာ၌ကား ချက်ချင်း အကျိုးခံစားကြရ၏၊ ဝမ်းမြောက်ဝမ်းသာမဟုတ်ဘဲ ဝတ်ကျေတန်း ကျေခေါ်လျှင် တော်ရုံသာ အဖို့ရ၏၊ သူတစ်ပါးလှူဒါန်းနိုင်သည်ကို မနာလိုလျှင် “ဣဿာ”အကုသိုလ်ပင် ဖြစ်သေး၏။ Trang283 ပြခဲ့သော ပုညကိရိယဝတ္ထုဆယ်ပါးကို ကိုယ်တိုင်ပြုခြင်း စသော ၄-မျိုးဖြင့် မြှောက်လျှင် ၄၀-ဖြစ်၏၊ တစ်နည်း- ဤ ၁၀-ပါးကို ပုဗ္ဗစေတနာ, မုဉ္စစေတနာ, အပရစေတနာဟူသော စေတနာ သုံးတန်ဖြင့် မြှောက်လျှင် ပုညကိရိယဝတ္ထု ၃၀-ဖြစ်၏၊ မပြုခင် ရှေးအဖို့၌ဖြစ်သော စေတနာကို “ပုဗ္ဗစေတနာ”ဟု ခေါ်၏၊ ပြုတုန်း စွန့်လွှတ်တုန်း၌ဖြစ်သော စေတနာကို “မုဉ္စစေတနာ”ဟု ခေါ်၏၊ ပြုပြီးနောက်၌ ဝမ်းမြောက်မှုကို “အပရစေတနာ”ဟု ခေါ်သည်။ ငါးပါးသီလနှင့် အာဇီဝဋ္ဌမကသီလကို စောင့်ထိန်း၍ ဒုစရိုက် ၁ဝ-ပါးကို ရှောင်ကြဉ်ပြီးလျှင် သုစရိုက် ၁၀-ပါး၊ ပုညကိရိယဝတ္ထု ၁၀-ပါးကို တွေ့ကြုံရာ၌ ပြုကျင့်အားထုတ်၍နေသူသည် ဧကန် သူတော်ကောင်းဖြစ်၍ စင်စစ်သုဂတိဘဝကို ရပေလိမ့်မည်။ [ဆောင်] ၁။ ဒါန သီလ, ဘာဝနာနှင့်, အပစာယနာ, ရိုသေစွာ, ဝေယျာဝစ္စဖြင့်။ ၂။ ပတ္တိဒါန, အမျှပေးဝေ၊ ခေါ်လေသာဓု, ပတ္တာနုမော, ဟောလေသမျှ, နာယူက, ဓမ္မဿဝနနှင့်။ ၃။ ကိုယ်တိုင်ဟောပြ, ဓမ္မဒေသနာ၊ ဖြောင့်စွာယူမှု, ဒိဋ္ဌိဇုကမ်, ဤဆယ်တန်, မှတ်ရန်အဆင့်ဆင့်။ Trang284 ကံ ကံ၏ အကျိုးအဖွင့် ဘုရားရှင်လက်ထက်တော်တုန်းက “သုဘ”လုလင်သည် လူချင်း တူပါလျက် တစ်ဦးနှင့်တစ်ဦး အကျိုးပေး ထူးခြားပုံကို မြင်ရသဖြင့် မရှင်းလင်းသည့်အတွက် မေးလျှောက်အပ်သော ပြဿနာတစ်ဆပ လေးချက်ကို ဘုရားရှင် ဖြေတော်မူပုံမှာ ယခုခေတ်လူတို့ နားလည်ဖို့ ကောင်းလှသောကြောင့် ပါဠိတော်အတိုင်းဝယ် အနည်းငယ်မျှ ရှေ့နောက်ထား၍ အတိုချုပ်ရေးသားပေအံ့။ [ဆောင်] ထောက်မှန်ပေါ်တွင်, ကိုယ့်ရုပ်သွင်ကို, ဆင်ပြင်သမျှ, နေ့စဉ်ရှုသို့, ယခုအခန်း, မှန်လိုမှန်း၍, ရှုစမ်းစေချင်, စိတ်အစဉ်ကို, ဆင်ပြင်လေကွဲ့, နေစဉ်တဲ့။ (က) သုဘလုလင်၏ အမေး ၁ - လူချင်းတူပါလျက် အဘယ့်ကြောင့် အချို့မှာ အသက်တို၍။ ၂ - အချို့က အသက်ရှည်ပါသနည်း။ ဘုရားရှင်၏ အဖြေ ၁။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် သတ္တဝါ တို့အပေါ်၌ သနားကြင်နာ ကရုဏာကင်းလျက် ရက်စက်ဆိုးဝါး သူများအသက်ကို သတ်ဖြတ်လေ့ရှိကြ၏၊ ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ (ရှေးကကုသိုလ်ကံ တစ်စုံတစ်ခု၏ ထောက်ပံ့မှု ကြောင့် ) ငရဲသို့မကျဘဲ လူ့ပြည်သို့ ရောက်ရလျှင် ကြာရှည်နေခွင့် မရ၊ အသက်တိုရလေသည်။ Trang285 ၂။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့ကား သတ္တဝါ တို့အပေါ်၌ သနားကြင်နာ ကရုဏာအားကြီးလျက် သူ့အသက်သတ် ခြင်းမှ ရှောင်ကြဉ်ကြ၏၊ ထိုသူမျိုး စုတေလျင် နတ်ပြည်သို့ ရောက်ရ တတ်၏၊ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အသက်ရှည်စွာ တည်နေရပေသည်။ (ခ) ၃ - အဘယ့်ကြောင့် အချို့မှာ အနာရောဂါများ၍၊ ၄ - အချို့မှာ အနာရောဂါ ကင်းရှင်းပါသနည်း။ ၃။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် တစ်ပါးသော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း, ခဲ တုတ် ဓား စသော လက်နက်ဖြင့်သော်လည်းကောင်း ညှဉ်းဆဲလေ့ရှိကြ ၏၊ (သေအောင်ကား မသတ်၊) ထိုသူမျိုးသေလျှင် ငရဲကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ရောက်လျှင် ရောဂါထူပြော အနာပေါလေ သည်။ ၄။ ထိုကဲ့သို့ ညှဉ်းဆဲနှိပ်စက်လေ့ မရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည် ရောက်လျှင်ကား အနာရောဂါ ကင်းရှင်းရပေသည်။ (ဂ) ၅ - အဘယ့်ကြောင့် အချို့မှာ အရုပ်ဆိုး၍၊ ၆ - အချို့မှာ အဆင်းလှပါသနည်း။ ၅။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် အလွန် ဒေါသကြီးကြ၏။ အနည်းငယ် စကားပြောစရာရှိလျှင် သူတစ်ပါးကို Trang286 ထိပါးပုတ်ခတ်၍ ပြောဆိုလေ့ရှိကြ၏၊ ထိုသူမျိုးသေလျှင် ငရဲကျ တတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ရောက်ရလျှင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။ ၆။ ထိုကဲ့သို့ ဒေါသမထွက်ဘဲ စိတ်စက်ကြည်လင် အစဉ်အေးမြ သူသည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည် မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း ကြည်လင်လှပသော အဆင်းကို ရပေသည်။ (ဃ) ၇ -အဘယ့်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍၊ ၈- အချို့မှာ တန်ခိုးအာဏာ ကြီးမားပါသနည်း။ ၇။ ဤလောက၌ အချို့သော မိန်းမယောက်ျားတို့သည် ဣဿာ အားကြီးကြ၏၊ ထိုလူမျိုးသေလျှင် ငရဲသို့ ကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ရောက်ရလျှင် ခြွေရံစိုးမိုး တန်ခိုးနည်းပါးလေ၏။ ၈။ ထိုကဲ့သို့ ဣဿာမရှိသူသည် စုတေလျှင် နတ်ပြည်သို့ ရောက်တတ်၏၊ နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ရောက်ရပြန်လျှင် နာမည်ကျော်ကြား ခြွေရံများ၍ တန်ခိုးအာဏာ ဩဇာကြီးမား ပေသည်။ မှတ်ချက်။ … ။သူတစ်ပါး၏ ကံ ဉာဏ် ဝီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း, ဂုဏ်သိန်ကြီးမားခြင်း, ထင်ရှားကျော်စော ခြင်း, တတ်သိလိမ္မာခြင်း စသည်ကို မနာလိုမှု, စောင်းမြောင်းမှု, Trang287 (မျက်စောင်းထိုးကြည့်မှု)ငြူစူမှု, (သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့ ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့) စသည်ဖြင့် နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည် အတွင်းက ဣဿာ၏ အစွမ်းပင်တည်း။ (င) ၉ - အဘယ့်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍၊ ၁၀ - အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။ ၉။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ၊ မစ္ဆေရတရား အလွန်အားကြီး ကြ၏၊ ထိုလူမျိုးသေလျှင် ငရဲ၌ဖြစ်တတ်၏၊ ငရဲမကျဘဲ လူ့ပြည် သို့ရောက်လျှင် ဥစ္စာမဲ့မွဲ ဆင်းရဲရလေ၏။ ၁၀။ ထိုသို့ မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိသူ သည် စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်မရောက် ဘဲ လူ့ပြည်ရောက်ပြန်လျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပေသည်။ [မိမိ၌ရှိသော ပစ္စည်း, မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးနှင့် မဆက်ဆံလိုမှု, မပေးကမ်း မလှူဒါန်းလိုမှုများကိုလည်းကောင်း, မိမိ၏ စည်းစိမ်ဂုဏ်သိန်မျိုးကို သူတစ်ပါးရမှာ စိုးခြင်းကိုလည်း ကောင်း “မစ္ဆေရ”ဟု ခေါ်သည်။] (စ) ၁၁ - အဘယ့်ကြောင့် အချို့မှာ အမျိုးယုတ်၍၊ ၁၂ - အချို့မှာ အမျိုးမြတ်ပါသနည်း။ ၁၁။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် အလွန်မာနကြီးကြ၏၊ (သူတစ်ပါးကို အထင်သေး၏၊ ကိုယ့်ကိုယ်ကို Trang288 အထင်ကြီး၏။) ရိုသေလေးစားထိုက်သူကိုမျှ ရိုသေလေးစားရမှန်း မသိတတ်၊ ထိုလူမျိုးသေလျှင် ငရဲသို့ကျတတ်၏၊ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း အောက်ကျနောက်ကျနှင့် ယုတ်ညံ့ သောအမျိုး၌ ဖြစ်တတ်သည်။ ၁၂။ ထိုသို့ မာန်မာနမကြီးဘဲ ရိုသေလေးစားထိုက်သူကို ရိုသေ လေးစားလေ့ရှိသူသည် နတ်ပြည်သို့ရောက်ရ၏၊ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ရောက်ရလျှင်လည်း မြင့်မြတ်သောအမျိုး၌ ဖြစ်ရရိုးရှိသည်။ (ဆ) ၁၃ - အဘယ့်ကြောင့် အချို့မှာ အသိ အလိမ္မာ ဉာဏ် ပညာ နည်းပါး၍၊ ၁၄ - အချို့မှာ ဉာဏ်ပညာ ကြီးမားပါသနည်း။ ၁၃။ ဤလောက၌ အချို့သော မိန်းမ ယောက်ျားတို့သည် ပညာရှိအထံချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း, အပြစ်ရှိ-မရှိ၊ မိမိ မှီဝဲထိုက်-မမှီဝဲထိုက်သောအရာ, နောင်သံသရာ ဝယ် ရှည်ကြာလေးမြင့် ဖွံ့ဖွံ့ဖြိုးဖြိုး အကျိုးပေးမည့် တရားအချက် တို့ကိုလည်းကောင်း မေးမြန်းလေ့မရှိကြ၊ ထိုလူမျိုးသည် ထင်မိ ထင်ရာပြုလုပ်၍ ဒုစရိုက်များဖြင့် သေလျှင် ငရဲသို့ သွားရတတ်၏၊ ငရဲသို့မကျဘဲ လူ့ပြည်သို့ရောက်ရလျှင် အသိအလိမ္မာဉာဏ် ပညာကင်း လူဖျင်း, လူအ, လူမိုက်ဖြစ်ရလေသည်။ Trang289 ၁၄။ ထိုကဲ့သို့သော တရားအချက်ကို နှစ်သက်ကြည်ဖြူ နာယူ မေးမြန်းလေ့ရှိသူတို့ကား စုတေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏၊ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်ရောက်ရလျှင်လည်း အသိအလိမ္မာ ဉာဏ်ပညာထက်မြက်သူ ဖြစ်ရတတ်ပေသည်။ လိုရင်းအချုပ်မှာ‘“ဘယ်သူမပြု မိမိမှု”ဟူသည်နှင့်အညီ ရှေးက မိမိပြုခဲ့သော ကံအားလျော်စွာ ကောင်းကျိုး မကောင်းကျိုးကို ရကြပေသည်၊ ဤကား အကျဉ်းမျှသာ ဟောအပ်သော ပါဠိတော် အရတည်း၊ ဤပြခဲ့သော အမေးအဖြေများကို စဉ်းစားပြီးလျှင် ဆုတောင်းရုံမျှဖြင့် လိုရာအကျိုးကို မရနိုင်သောကြောင့် ဆုတောင်း အားလျော်စွာ သတိထားလျက် ကြိုးစား၍ ပြင်ဆင်ကြပါကုန်။ နံပါတ်အစဉ်အတိုင်းဆောင်ပုဒ်များ ၁။ သူများအသက်, သတ်သည့်တွက်, အသက်ကိုယ့်မှာတို။ ၂။ မသတ်ရှောင်ရှား, ထိုသူများ, ရှည်လျားအသက်ကို။ ၃။ နှိပ်စက်ကလူ, ညှဉ်းဆဲသူ, ပြောထူရောဂါဆို။ ၄။ သနားစိတ်သွင်း, မနှိမ်နင်း, ကင်းရှင်းရောဂါကို။ ၅။ ထန်ပြင်းဒေါသ, ကြီးတတ်က, အလှပျက်မည်ဆို။ ၆။ ဒေါသကင်းစင်, မေတ္တာယှဉ်, ကြည်လင်လှသကို။ ၇။ မနာလိုပြန်, ဣဿာထန်, ခြံရံကင်းမည်ဆို။ ၈။ ဣဿာမထား, ဝမ်းမြောက်ငြား, ပေါများခြွေရံကို။ ၉။ မလှူမဒါန်း, မပေးကမ်း, ခြောက်ခန်းဥစ္စာဆို။ Trang290 ၁၀။ စွန့်ကြဲလေ့တုံ, ပြုပါကုန်, ကုံလုံကြွယ်ဝလို။ ၁၁။ မာန်မာနကြွယ်, ထိုသူဝယ်, မျိုးနွယ်ညံ့မည်ဆို။ ၁၂။ ထိုက်သူရိုကျိုး, မာန်ကိုချိုး, အမျိုးမြတ်သကို။ ၁၃။ သိဖွယ်ဟူသမျှ, မမေးက, ဖျင်းအ-ပညာဆို။ ၁၄။ ကြားမြင်များအောင်, မေးလေ့ဆောင်, ခုနောင်တတ်သိလို။ ကံ ဉာဏ် ဝီရိယအဖွင့် ကံ-ကံ၏အကျိုးကို ရေးသားပြီးနောက် ဉာဏ် ဝီရိယတို့၏ အကြောင်းကို မရေးသားလျှင် မစုံလင်သေးသောကြောင့် ကံ ဉာဏ် ဝီရိယ သုံးပါးစုံပေါင်းလျက် အကျဉ်းအမြွက်မျှ ရေးသားဦးအံ့။ ကံအကြောင်း။ ။ကမ္မ-ဟူသော ပါဠိစကားကို မြန်မာလို “ကံ” ဟုခေါ်၏၊ ထို့ကြောင့် ကိုယ်ဖြင့်ပြုလုပ်မှု, နှုတ်ဖြင့်ပြောဆိုမှု, စိတ် ဖြင့်ကြံစည်မှုများကို “ကံ”ဟု မှတ်ပါ၊ ထိုကံသည် ရှေးရှေးဘဝ၌ ပြုအပ်ခဲ့သောကံ, ယခုဘဝမှ ပြုအပ်ခဲ့သောကံဟု ၂-မျိုးရှိ၏၊ ထို နှစ်မျိုးတို့တွင် အကျိုးတစ်ခုကိုပေးရာ၌ ရှေးရှေးကံသည် လိုရင်း အကြောင်းတည်း၊ ယခုဘဝကံမှာ ယခုဘဝအတွက် ရှေးက အခွင့်ရ အောင်, သို့မဟုတ် အားရှိအောင် ကူညီထောက်ပံ့ရုံသာ၊ နောက် ဘဝ၌ကား ဆိုင်ရာအကျိုးကို ကိုယ်တိုင်ပေးခွင့်ရှိသည်။ ထိုရှေးကံများသည် အလွန်အားကောင်းသောကံ, သာမန် လောက်သာ အားရှိသောကံ ဟု ၂- မျိုးရှိပြန်၏၊ ထိုတွင် ၁- ကံမျိုး၏ Trang291 အကျိုးပေးပုံသည် အလွန်ထင်ရှား၏၊ ဥပမာ-ရှင်ဘုရင်, သူဌေး, မှူးမတ် စသည်ကို ဖြစ်စေနိုင်၏၊ ဆင်းရဲသားအမျိုး၌ ဖြစ်စေကာမူ တစ်နည်းနည်းဖြင့် ကြွယ်ဝချမ်းသာစေနိုင်၏၊ ၂-ကံမျိုး၏ အကျိုး ပေးပုံမှာ မထင်ရှားလှ၊ သူများနည်းတူ အကျိုးမျိုးကိုသာ ရစေနိုင်၏၊ ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းသက်သက် အကျိုး ပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဉာဏ် ဝီရိယနှင့် သတိ ဟူသော ပယောဂကို ကူညီပေးရသည်။ ဉာဏ်အကြောင်း။ ။အဘိဓမ္မာနည်းအရ အကုသိုလ်အပြစ် မရှိသော တတ်သိလိမ္မာမှုကိုသာ “ဉာဏ်”ဟု ဆိုရသော်လည်း ကံ အကျိုးပေးခွင့်သာအောင် ကြံဆောင်ရသည့်အရာ၌မူ အပြစ်ရှိသည် ဖြစ်စေ, မရှိသည်ဖြစ်စေ တတ်သိမှု, ပါးနပ်, ဖျတ်လတ် သွက်လက် ချက်ချက်ချာချာနှင့် အရာရာနှံ့စပ်မှုများကို “ဉာဏ်”ဟုပင် ခေါ်ရ ပေသည်၊ ထိုဉာဏ်သည် ၁-မိမိဘာသာ တတ်သိလိမ္မာသော “ဇာတိဉာဏ်”၊ ၂-နောက်မှဖြစ်ပေါ်လာသော “ပဝတ္တိဉာဏ်”ဟု နှစ်မျိုးရှိပြန်သည်။ ထိုနှစ်မျိုးတွင် “ဇာတိဉာဏ်”ရှိသူမှာ ပြောဖွယ်မလို၊ ဇာတိ ဉာဏ်ကို အခြေခံ၍ ပဝတ္တိဉာဏ်လည်း တိုးပွားအောင် ကြိုးစား ပါလျှင် လူတွင်တစ်ယောက် ဆိုရလောက်အောင် ထွန်းတောက် လတ္တံ့၊ ဇာတိဉာဏ် မရှိသူတို့အတွက်မှာမူ ကျမ်းစာအမျိုးမျိုးကို ကြည့်ရှုသင်ယူခြင်း, မိမိထက် တတ်သိနားလည်သော ပညာရှိထံ ဆည်းကပ်ခြင်းတို့ဖြင့် ပဝတ္တိဉာဏ်ဖြစ်ပေါ်လာအောင် ကြံဆောင် Trang292 အားထုတ်ရာ၌ ယခုအခါ စာသင်ခြင်း, ဒေသန္တရ ဗဟုသုတရှိခြင်း တို့ကြောင့် ပဝတ္တိဉာဏ် တိုးပွားလျက် လောကီကြီးပွားရေး, သံသရာ ကြီးပွားရေးတို့၌ ထိပ်တန်းရောက်နေသူများကို ကြည့်ပါ။ ဗြိတိပျို့] ကောင်းစွာမရှောင် နားထောင်သူကား, အကြားအမြင်, မြားမြောက်စင်၏၊ ဂုဏ်အင်ပွား၍, ပညာလွေ့မှု, အောက်မေ့ ဉာဏ်ဖြင့်, ဆင့်ဆင့်မနား, ကျိုးစီးပွားကို, ထောက်ထားစာနာ, သိလိမ္မာ၏၊ သိပါသူသည်, အရှည်ချမ်းသာ, မင်္ဂလာကို, အခါလေးမြင့်, ဆောင်နိုင်သင့်။ အသိလိမ္မာ ဉာဏ်ပညာနှင့် ကံရှိပါသော်လည်း လုံ့လမရှိလျှင် မည်သည့်အကျိုးကိုမျှ မပြီးစေနိုင်၊ ဟိ-ထိုစကားမှန်ကြောင်းကား၊ သုတ္တဿ-အပျင်းအားကြီး၍ တစ်အိပ်တည်း အိပ်နေသော၊ သီဟဿ-ခြင်္သေ့၏၊ မုခေ-ပါးစပ်ထဲသို့၊ မိဂါ-သမင်တို့သည်၊ န ပဝိသန္တိ-အလိုအလျောက် မရောက်လာကုန်၊ “ထ၍ဖမ်းမှု လုံ့လ ပြုရဦးမည်”ဟူလို။ [ဟိတောပဒေသ။] ဝီရိယအကြောင်း။ ။ကိစ္စတစ်ခုပေါ်ပေါက်လျှင် မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ်မှုကို “ဝီရိယ-လုံ့လ”ဟု ခေါ်၏၊ ဤဝီရိယသည် ၁-ပင်ကိုယ် “ဇာတိဝီရိယ”၊ ၂-နောက်မှ ဖြစ်ပေါ် လာသော “ပဝတ္တိဝီရိယ”ဟု နှစ်မျိုးရှိ၏၊ ရှေးရှေးဘဝက ဝီရိယအထုံ ပါခဲ့သဖြင့် ဇာတိဝီရိယရှိသူမှာ ဉာဏ်ရှိပါလျှင် သူတကာနှင့် မယှဉ်သာအောင် အကျိုးခံစားရမည်၊ ဇာတိဝီရိယ မရှိသူကား ပဝတ္တိဝီရိယရှိအောင် ပြုပြင်ရပေလိမ့်မည်။ Trang293 [ဆောင်] အကျိုးအပြစ်, အမျိုးစစ်လျက်, ဆိုးညစ်ရိပျင်း, သူကိုကွင်း၍, ထန်ပြင်းလုံ့လ, ရှိသူခမူ, ဝီရိယဧကန် တိုးမည်တည်း။ ၁။ လုံ့လဝီရိယရှိလျှင် ရနိုင်မည့်အကျိုး။ ၂။ လုံ့လဝီရိယမရှိလျှင် ဤဘဝ နောက်ဘဝ၌ အောက်ကျ နောက်ကျ ဖြစ်ရမည့်အပြစ်။ ၃။ ငါတို့အမျိုးသည် အထက်တန်းကျ၍ ထက်မြက်သော အမျိုးဖြစ်ခဲ့၏၊ ငါတို့လက်ထက်ကျမှ အောက်မကျထိုက် ဟု အမျိုးအရိုးကို စိစစ်ဆင်ခြင်ရမည်။ ၄။ ပျင်းရိသူများကို မပေါင်းဘဲ ရှောင်ရမည်၊ ထိုသူများနှင့် အပေါင်းများလျှင် “တံငါနားနီး တံငါ” ဟူသကဲ့သို့ အပျင်း ဓာတ် ကူးစက်၍ အပျင်းဘက်၌ ပါနေတတ်သည်။ ၅။ လုံ့လပြင်းထန်သူကို ဆည်းကပ် ခယခြင်းပြုလျှင် “ဘုရား ဒကာနားနီး ဘုရားဒကာ”ဟူသကဲ့သို့ ဝီရိယဓာတ်ကူး၍ အထူး အားတက်သည်။ ငါးသုံးကောင် ဝတ္ထု မြစ်တစ်စင်း၌ ကံယုံ, ဉာဏ်ယုံ, ဝီရိယယုံ, ငါးသုံးကောင်ရှိရာ အခါတစ်ပါး၌ တံငါသည်များရောက်လာလျှင် ဝီရိယယုံငါးသည် စောစောက တင်ကြို၍ အဝေးသို့ ပြေးလေ၏၊ ဉာဏ်ယုံငါးသည် စောစောကမပြေးဘဲ တံငါသည်များအမိတွင် သေချင်ဟန်ဆောင်၍ နေပြီးလျှင် “သေပြီ”ဟူသောအမှတ်ဖြင့် ကုန်းပေါ်ရေစပ်၌ တံငါသည်တို့ Trang294 ချထားသောအခါ ရေနက်ရာသို့ အမြန်ဆင်းပြေးလေ၏၊ “ကံရှိသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုတည်းကိုသာ ယုံသော ကံယုံငါးကား တံငါသည်တို့၏ ပြုသမျှကိုခံကာ အသက်ဆုံးရှာ လေသည်။ ဤငါးသုံးကောင်တို့တွင် ဝီရိယယုံငါး၌ လွတ်လောက်သော ကံလည်း ရှိ၏၊ ပြေးလျှင် လွတ်မည်ဟု ဉာဏ်လည်းရှိ၏၊ ထို့ကြောင့် ဝီရိယထုတ်၍ ပြေးသည့်အတွက် လွတ်၏၊ ဉာဏ်ယုံငါးမှာလည်း လွတ်လောက်သော ကံနှင့်ဉာဏ်သာမက ရေထဲသို့ ဆင်းပြေးမှုလုံ့လ ကိုလည်း ပြု၏၊ ထို့ကြောင့် လွတ်၏၊ ကံယုံငါးမှာ (ကံရှိစေကာမူ) ဉာဏ်နှင့် လုံ့လကို အသုံးမချသောကြောင့် အသက်ဆုံးရှုံးရလေ သည်။ ထို့ကြောင့် ကံပေးသမျှ ပဋိသန္ဓေနေခဲ့ရပြီးနောက် တစ်စုံတစ်ခု ကောင်းကျိုးပေးရာ၌ ကံသည် ဝေးသောအကြောင်း, ဉာဏ်သည် အလယ်ကြောင်း, ဝီရိယသည် အနီးဆုံးသောအကြောင်းဟု သဘောကျပြီးလျှင် ရှေးကံ၏အကျိုးပေးမှုကို အလေးဂရု မမျှော်လင့် ဘဲ လောကီလောကုတ္တရာဆိုင်ရာ၌ အသိအလိမ္မာ ဉာဏ်ပညာ တိုးပွားအောင် ကြိုးစား၍ ကိုယ်နှင့်တန်သော လုံ့လကို အသုံးချပါမူ ကျက်သရေမင်္ဂလာ အလိုအလျောက် ပေါ်ပေါက်လာပါလိမ့်မည်၊ ဥယျောဂိနံ-ကြိုးစားအားထုတ်လေ့ရှိသော၊ ပုရိသသံဟံ-ယောက်ျား မြတ်သို့၊ လကွီ-ကျက်သရေမင်္ဂလာသည်၊ ဥပေတိ-ကပ်ရောက်လာ ၏၊-ဟိတောပဒေသ။] Trang295 သတိအကြောင်း။ ။ကံအကျိုးပေးခွင့်ရအောင် ဉာဏ်ဝီရိယသာမက ထိုထိုကိစ္စ၌ အမြဲအမှတ်ရသော သတိလည်း အရေးကြီး၏၊ ပြုဖွယ်ကိစ္စကို အမှတ်မရဘဲ မေ့နေလျှင် ဉာဏ်နှင့်ဝီရိယကို အသုံး မပြုနိုင်တော့၊ ထို့ကြောင့် ပယောဂသမ္ပတ္တိကို ပြရာ၌ ဉာဏ်, ဝီရိယ, သတိ ၃-မျိုးလုံးကို ပြသင့်ပါသည်။ [ပယောဂ-ကိုယ်မှု, နှုတ်မှု, စိတ်မှု၏+သမ္ပတ္တိ-ပြည့်စုံခြင်း။] မဃဒေဝလင်္ကာမှ ထုတ်နုတ်ချက် ၁။ ကံဟုမူလ, သမ္ဗုဒ္ဓတို့, ဟောပြသည်မှာ, အရင်းသာရှင့်။ ၂။ ဥစ္စာဘောဂ, ဇီဝိတနှင့်, သုခပွားရန်, ဤလူ့ထံ၌, ဉာဏ်ဝီရိယ, ပယောဂတည်း။ ၃။ ကာလဒေသ, ပုဂ္ဂလကို, နှိုင်းဆအပ်တုံ, ကံကိုယုံ၍, မီးပုံအတွင်း, မဆင်းထိုက်စွာ, ကျားရဲရာလည်း, ကြမ္မာအကြောင်း, မရိုး ကောင်းဟု, သူဟောင်းရှေးက, ဆိုကုန်ကြ၏။ ၄။ လုံ့လမထူ, ဉာဏ်မကူဘဲ, အယူတစ်စောင်း, ကံတစ်ကြောင်းမျှ, မကောင်းလည်းကံ, ကောင်းလည်းကံဟု, ကံကိုချည်းသာ, မကိုးရာဘူး။ ၅။ ပညာဉာဏ်ဖြင့်, သင့်မသင့်ကို, အခွင့်ရှု၍, အပြုလုံ့လ, ရှိအပ်စွ တည့်၊ တံငါ့လက်တွင်း, ရောက်လျှင်းတုံငြား, သုံးကောင်ငါးကို, မှတ်သားဝမ်းထဲ, နည်းယူစွဲလော့။ Trang296 ၆။ ကံမွဲဉာဏ်နှံ့ မလုံ့မလ, နတ်မမဘူး၊ အလသမျိုး, အကျိုးယွင်းယိ အလိုရော့ရည်း, မကျော့ကျည်းနှင့်၊ ကိုယ်လည်းလုံ့လ, နတ်လည်း မ၍, တောင့်တကြံရာ, မြန်မကြာလျှင်, လွယ်ကာကိစ္စ, ပြီးနိုင် ကြ၏။ ၇။ အန္ဓ ဗာလ, လူ့ထိုမျှတို့, ကမ္မဝီရိယ, မယုံကြဘူး၊ သိဝမဟေ, ပရမေသွာ, ဗြဟ္မာဗိဿနိုး, ကမ္ဘာစိုးနှင့်, တန်ခိုးကြီးမား, နတ်ဘုရားတို့, ပေးစားဖန်ဆင်း, ဖြစ်တုံလျှင်းဟု, ချွတ်ယွင်း သမှု, အမှားရှုသည်.... တောင်သူ့ယူလေ့ ယူလာတည်း။ ဤခန္ဓာကိုယ်ကြီး၏ အတွင်း၌ ကောင်းမြတ်သောအရာ, မြဲခိုင် သောအရာဟူ၍ ဘာတစ်ခုမျှ မရှိပါ၊ အလိမ္မာစသော ဂုဏ်များကား အလွန်စင်ကြယ်၏၊ မစင်ကြယ်သော ခန္ဓာကိုယ်ကြီးဖြင့် စင်ကြယ် သော ဂုဏ်သတင်းများကိုရအောင် အားထုတ်လိုက်ကြလော့။ ငါတို့ ဗုဒ္ဓဘာသာဝင်များသည် မအို-မသေ အမြဲနေရာ နိဗ္ဗာန် ကိုပင် မြော်မြင်မှန်းဆ၍ မရ-ရအောင် အားထုတ်ကြကုန်သေး၏၊ ယခုဘဝ ကြီးပွားရေး, စီးပွားရေး, ပညာရေးလောက်ကို ပဇာမူ၍ ကြောက်ရမည်နည်း၊ လုံ့လဝီရိယကင်း၍ အဖျင်းစား အပေါစား လုပ်နေသော်လည်း ဤခန္ဓာကိုယ်ကြီး ပို၍မကျန်းမာ, ပို၍ အသက် မရှည်တော့ပြီ။ စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးအငွေ့ တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍ Trang297 မကျန်းမမာ ဖြစ်သေး၏၊ ထိုမကျန်းမာမှုကြောင့် အပြင်းထူသူမှာ အသက်တိုဖွယ်သာ များ၏၊ ပျင်း၍ အလုပ်မလုပ်သူသည် သာ၍ ပျင်းစရာဖြစ်နေပါလိမ့်မည်၊ လုံ့လဝီရိယ မှန်မှန်ဖြင့် အလုပ် လုပ်နေသူကို လူတွေကလည်း ကြည်ညို, နတ်တွေကလည်း စောင့် ရှောက်လို၏၊ ရှေးကံတွေကလည်း အကျိုးပေးခွင့်သာ၍ လှလှပပ အကျိုးပေးကြသည်၊ ထို့ကြောင့် လုံ့လရှိသူတို့အဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်။ တစ်နေ့အဖို့၌ ၁-ကုသိုလ်၊ ၂-ဥစ္စာ၊ ၃-ကျန်းမာရေး၊ ၄-အတတ် ပညာ၊ ၅-တန်ခိုးဂုဏ်သိန် ဤ ၅-မျိုးတွင် တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာအသုံးမကျ, မသေခင် က အသေဖြစ်ရသော နေ့ပင်တည်း။ [ဆောင်] ကုသိုလ်ဥစ္စာ, ကျန်းခံ့သာ၍, ပညာတန်ခိုး, တစ်မျိုးမျိုးမှ, အကျိုးမထွက်, ထိုနေ့တွက်, သက်သက်ဝမ်းနည်းဖွယ်။ Trang298 ယခုကာလ အမြီးအမောက် ရှေ့နောက်မတည့်ဘဲ ရောက်မိ ရောက်ရာ ဆုတောင်းရှာကြပုံတို့ကို ကြားသိရသဖြင့် အများနှင့် သင့်လျော်စွာ သံသရာစခန်းဝယ် နိဗ္ဗာန်နှင့် ဖြောင့်တန်းအောင် ဆုတောင်းခန်း ထည့်သွင်း၍ အကျဉ်းမျှ ပြပေအံ့။ [ဆောင်] ဓာတ်မရိုက်ခင်, ကောင်းစွာပြင်မှ, ပုံတွင်ကျန, ရုပ်သွင်လှသို့ မုချမှန်စွာ, သံသရာဟု, ကမ္ဘာရပ်ခွင်, ဓာတ်အပြင်၌, စိတ်စဉ်ကျန, ရုပ်သွင်လှ၍, ခေမမြို့နန်း, အရောက်မြန်းဖို့ ပြင်စမ်းစေချင်, ဆုပန်းစင်ကို, ပန်ဆင်လေကွဲ့, နေ့စဉ်တဲ့။ ၁။ ပုညေနာနေန စညေန, သိဝံ ပတ္ထေ တဒန္တရေ၊ ဓီရံ ပဿ သုဏေ ဓီရံ, ဓီရေန သဟ သံဝသေ။ အနေန ပုညေန-ယခုခဏ, ပြုစုရသည့်, သုခအကျိုး, ကောင်းမှု မျိုးကြောင့်လည်းကောင်း၊ အညေန စ-ရှေးရှေးကပြု, ကောင်းမှု ထိုထို, ကုသိုလ်မူလ, တူသမျှကြောင့်လည်းကောင်း၊ သိဝံ-အရိယာ အပေါင်း, သူတော်ကောင်းတို့ ပျော်အောင်းရာမှန်, အေးနိဗ္ဗာန်ကို၊ ပတ္ထေ, ပတ္ထေယျာမိ-ရည်ရွယ်လိုအင်, ဆုထူးဆင်လျက်, ဆောလျင် မြန်စွာ, ပန်ထွာဆုတောင်းပါ၏၊ တဒန္တရေ-ဆုထူးဂုဏ်အင်, မစုံလင် ၍, ကြုံတင်ပြရ, ဘဝဖန်ခါ, သံသရာ၌၊ ဓီရံ-ရိုးသားထက်မြတ်, အချက်ချက်၌, သွက်လက်ပေတောင်း, ပညာရှိသူတော်ကောင်းကို၊ Trang299 ပဿ, ပဿေယျာမိ-ထိုဤဘုံဓလေ့, ကြုံသရွေ့ပင်, တွေ့မြင်ရပါ လို၏၊ ဓီရံ-ပညာရှိများ, ဆိုစကားကို၊ သုဏေ, သုဏေယျာမိ- နှစ်သက်ကြည်ညို, နာယူရပါလို၏၊ ဓီရေန-ရိုးသားထက်မြက်, အချက်ချက်၌, သွက်လက်ပေတောင်း, ပညာရှိသူတော်ကောင်းနှင့်၊ သဟ သံဝသေ-ရေစက်ဟောင်းချင်း, အကြောင်းရင်းကြောင့်, ပေါင်းသင်း နေထိုင်ရပါလို၏။ ပညာရှိသူတော်ကောင်း, ပညာရှိသူယုတ်မာ နှစ်မျိုးရှိရာ ဤဂါထာ ဖြင့် (၁) နိဗ္ဗာန်ကို လိုအပ်သောဆုဖြင့် ရဖို့ရန်၊ (၂) ပညာရှို သူတော်ကောင်းကို တွေ့မြင်ဖို့ရန်၊ (၃) ထိုသူ၏စကားကို နာယူဖို့ရန်၊ (၄) ထိုပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းဆက်ဆံမိဖို့ရန် ဆုတောင်း သည်၊ မရိုးမသား ဆိုးရွားသော ပညာရှိသူများကား သူယုတ်မာထက်ပင် ကြောက်စရာကောင်း၏။] ၂။ ဓီရော အဿံ သယံစာပိ, ဓီရော ကုသလ ကရဏေ၊ ဥစ္စေ အဍ္ဎေ စ အက္ခဏ္ဍ, ပဉ္စသီလော စာတိယာ။ သယံစာပိ-မိမိကိုယ်တိုင်ကလည်း၊ ဓီရော-ရိုးသားထက်မြတ်, အချက်ချက်၌, သွက်လက်ပေတောင်း, ပညာရှိသူတော်ကောင်းသည်၊ အဿံ-စင်စစ်မကွာ, ဖြစ်ရပါလို၏၊ ကုသလ ကရဏေ-ကုသိုလ်ပြု ရန်, ပေါ်ပေါက်ပြန်သည်ရှိသော်၊ ဓီရော-မကြောက်မရွံ့, နောက်မတွန့် ဘဲ, သက်စွန့်ကြိုးပမ်း, ရဲစွမ်းသတ္တိ, လုံ့လရှိသည်ဖြစ်၍၊ ဇာတိယာ- မီးရှူးသန့်စင်, ဖွားမြင်သည်မှစ၍၊ အခဏ္ဍ ပဉ္စသီလောဝ-ကိုယ်ဝတ် သဖွယ်, မကွယ်မပ, ငါးဝပဉ္စသီ, အစဉ်တည်လျက်သာလျှင်၊ ဥစ္စေစ- Trang300 ဂုဏ်သိန်မောက်မိုး, မြင့်မြတ်သော အမျိုး၌လည်းကောင်း၊ အဍ္ဎေ စ-ဥစ္စာပြည့်ဖြိုး, ကြွယ်ဝသော အမျိုး၌လည်းကောင်း၊ အဿံ- တမြင့်တည်းမြင့်, ဆင့်ကဲတင့်၍, အသင့်မကွာ, ဖြစ်ရပါလို၏။ ဤဂါထာဖြင့် (၁) မိမိကိုယ်တိုင်လည်း ပညာရှိသူတော်ကောင်း ဖြစ်ဖို့ရန်၊ (၂) ကုသိုလ်ကောင်းမှု ပြုစုရေး၌ ရဲရင့်ဖို့ရန်၊ (၃) မြင့်မြတ်သော အမျိုး (၄) ကြွယ်ဝသောအမျိုး၌ ဖြစ်ဖို့ရန်၊ (၅) ဝတ်ဆင်ထားအပ်သော အဝတ်ကဲ့သို့ ငယ်စဉ်ကစ၍ ငါးပါးသီလမြဲဖို့ရန် ဆုတောင်းသည်၊ (အမျိုး မသန့်လျှင် စိတ်ဓာတ်လည်း ညံ့တတ်၏)။ ၃။ ဒဒတော မေ န ခီယေထ, ဒတွာ နာနုတပေယျ.ဟံ၊ ဒဒံ စိတ္တံ ပသာဒေယျုံ, အဒိန္နံ န ဗလံ ဟရေ။ မေ-တပည့်တော်၏၊ ဓနံ-စည်းစိမ်ဥစ္စာ, ရတနာသည်၊ ဒဒတော- စွန့်ကြဲပေးကမ်း, လှူဒါန်းသော်လည်း၊ န ခီယေထ-မကုန်ခန်းနိုင် ပါစေသတည်း၊ ဒတွာ-စွန့်ကြဲပေးကမ်း, လှူဒါန်းပြီး၍ လည်း၊ နာနု တပေယျ-နောင်တတစ်ဖန်, မပူပန်ရပါလို၊ အဟံ-တပည့်တော် သည်။ ဒဒံ-စွန့်ကြဲပေးကမ်း, လှူဒါန်းဆဲအခိုက်မှာလည်း၊ စိတ္တံ-မိမိ စိတ်ကို၊ ပသာဒေယျံ-ကြည်လင်ရွှင်လန်း, ဝမ်းမြောက်စေနိုင်ရပါလို ၏။ အဒိန္န-ကိုယ်ထိလက်ရောက်, မျက်မှောက်ကြည်ဖြူ, မလှူမပေး အပ်သည်ရှိသော်၊ န ဗလံ ဟရေ-အနိုင်အထက်, နှိပ်စက်ကလူ, မယူမဖျက်, မခိုးဝှက်နိုင်ပါစေသတည်း။ Trang301 ဤဂါထာဖြင့် (၁) စွန့်ကြဲလှူဒါန်း၍ မကုန်ခန်းနိုင်ဖို့ရန်၊ (၂) ပေးကမ်း လှူဒါန်းပြီးနောက် “လှူဒါန်းပေးကမ်းမိတာ မှားလေခြင်း”ဟု နောင်တ တစ်ဖန် မပူပန်ဖို့ရန်၊ (၃) လှူဒါန်းပေးကမ်းဆဲ အခိုက်မှာလည်း ဝမ်းမြောက်ဝမ်းသာရှိဖို့ရန်၊ (၄) ကြည်ကြည်ဖြူဖြူမပေးဘဲ ရန်သူများ မဖျက်ဆီးနိုင်ဖို့ရန် ဆုတောင်းသည်။] ၄။ ဖုသိတေ လောက ဓမ္မေဟိ, ယထာကမ္မံ ဘဝါ ဘဝေ၊ ယေန စိတ္တေန ကမ္ပေန္တိ, တံ စိတ္တံ န မယိ ဝသေ။ ဘဝါဘဝေ-ဘဝကြီးငယ်, အသွယ်သွယ်၌၊ ယထာကမ္မံ-ရှေးရှေး ကဖန်, အကြောင်းကံအားလျော်စွာ၊ လောကဓမ္မေဟိ-ဖြစ်က ပျက်တုံ, တွေ့ကြုံရရိုး, လောကဓမ်တရားမျိုးတို့သည်၊ ဖုသိတေ- တစ်နေ့မထိ, တစ်နေ့ထိဖြင့်, တွေ့ထိနှိပ်စက်အပ်သည်ရှိသော်၊ ယေန စိတ္တေန-မတည်တံ့နိုင်, မခံ့ခိုင်လတ်, အကြင်သို့သော စိတ်ဓာတ်ကြောင့်၊ ကမ္ပေန္တိ-တရားမမြင်, နားမဝင်ဘဲ, အားအင်ရိ နွမ်း, ပင်ပန်းတုန်လှုပ်ကြရလေ၏၊ တံ စိတ္တံ-ထိုကဲ့သိုသော စိတ်မျိုး သည်၊ မယိ-တပည့်တော်၏ သန္တာန်၌၊ န ဝသေ-တစ်ရံတစ်ဆစ်မျှ မဖြစ်ရပါစေသတည်း။ ဤဂါထာဖြင့် ဆွေမျိုးဉာတိ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းဟူသော လောကဓံနှင့် တွေ့ကြုံလျှင် မတုန်လှုပ်ဖို့ ဆုတောင်းသည်။ Trang302 အဘိဇ္ဈာ ဣဿာ မစ္ဆေရ, မိစ္ဆာဒိဋ္ဌိဘိ ပါပတော၊ မာနကောဓာ ကာမလောလာ, ယာပျရောဂါ ဂတော သဒါ။ ပါပတော-အပါယ်လေးတန်, ရောက်ရန်ညစ်ကျု, မကောင်းမှု ဖြစ်သော၊ အဘိဇ္ဈာ စ-သူများစည်းစိမ်ကို မတရားလိုချင်တတ်သော လောဘမှလည်းကောင်း၊ ဣဿာစ-သူများဂုဏ်သိန်, သူ့စည်းစိမ် ကို, မမြိန်နိုင်တောင်း, စောင်းမြောင်း ငြူစူတတ်သော ဣဿာမှ လည်းကောင်း၊ မစ္ဆေရ မိစ္ဆာဒိဋ္ဌိဘိ စ-ကိုယ့်စည်းစိမ်ကို, ဝန်တိုတတ် ခြင်း, မှားယွင်းသောအယူတို့မှလည်းကောင်း၊ မာနကောဓာ-မောက်မာ တက်ကြွ, မာန်မာ့နနှင့်, ဒေါသထန်ပြင်း, ကြမ်းတမ်းခြင်းမှလည်း ကောင်း၊ ကာမလောလာ-ကာမဂုဏ်ပွက်, အာရုံတွက်ကြောင့်, ယောက်ယက်ခတ်ပျော်, လျှပ်ပေါ်လော်လီခြင်းမှလည်းကောင်း၊ ယာပျရောဂါ-ကုစားဖေးမ, မအေးရအောင်, ဘေးဘယစုံ, အဖုံဖုံ သော ရောဂါမျိုးမှလည်းကောင်း၊ သဒါ ဂတော-ပိန်းကြာဖက်ပြင်, ရေမတင်သို့, ကင်းစဉ်လွင့်ပျောက်, မကပ်ရောက်ပါစေသတည်း။ ဤဂါထာဖြင့် အဘိဇ္ဈာ ဣဿာ မစ္ဆရိယ မိစ္ဆာဒိဋ္ဌိ မာန ဒေါသတို့နှင့် ကာမဂုဏ်အတွက် လျှပ်ပေါ်လော်လီခြင်း, အနာရောဂါများခြင်းမှ ကင်းဖို့ရန် ဆုတောင်းသည်။] Trang303 ၆။ ပါယေန ပေါရာဏာ သန္တာ, နေက္ခမ္မာဘိရတာ သဒါ၊ တသ္မာ နေက္ခမ္မ နိန္ဒောမှိ, သုဒိဋ္ဌာဒီနဝေါ ဃရေ။ ပေါရဏာ-ရှေးအထက်က, ဖြစ်ပေါ်ကြကုန်သော၊ သန္တာ- ပါရမီနှင့်, ညာညီတင့်၍, အရင့်အမာ, လောင်းလျာဂိုဏ်းဝင်, သူတော်စင်တို့သည်၊ ပါယေန-တွေ့ကြဆုံကြ, ဘုံဘဝဝယ်, ကြုံရ လေငြား, များသောအားဖြင့်၊ သဒါ-ဖြစ်ရဖန်ခါ, သံသရာဟု, ခန္ဓာဖြင့်ပိုင်း, ဘဝတိုင်း၌၊ နေက္ခမ္မာဘိရတာ-ရွက်ဟောင်းကျကြွေ, ရွက်သစ်ဝေသည့်, အောင်မြေရဂုံ, ရိပ်မြုံခင်တန်း, ကျောင်းသင်္ခမ်း၌, ရွှင်လန်းမွေ့လျော်, စံပျော်တော်မူကြလေကုန်ပြီ၊ တသ္မာ-ရှေးသော ခါတွင်, သူတော်စင်တို့, တောဝင်အောင်းခို, ဗြဟ္မစိုရ်ဖြင့်, အလို ပြည့်ဝ, ဖြည့်တော်မူကြလေသောကြောင့်၊ ဃရေ-စားသောက်နေရေး, ဖွေရှာရေးနှင့်, မင်းဘေးစိုးတာ, လွန်စွာမြားမြောင်, လူတို့ဘောင်၌၊ သုဒိဋ္ဌာဒီနဝေါ-ပစ္စည်းဥစ္စာ, အရာရာဝယ်, မရှာမကောင်း, ရှာမကောင်းနှင့်, မစုဆောင်းခက်, စုဆောင်းခက်သည့်, သက်သက် ဖြစ်ချေ, အပြစ်တွေကို, စစ်လေရိပ်မိ, တွေးတိုင်းသိသည်ဖြစ်၍၊ နေက္ခမ္မနိန္နော-အခွင့်အခါ, မသင့်ပါလည်း, ချင့်စာရော်ယမ်း, တောကိုမှန်းသည်၊ အမှိ-စင်စစ်မကွာ, ဖြစ်ရပါလို၏။ [သူတော်ကောင်းတို့သည် လူ့ဘောင်၌နေရသော်လည်း မပျော်မွေ့ကြ၊ ထို့ကြောင့် ဤဂါထာဖြင့် တောထွက်ခွင့်မရစေကာမူ ဘဝတိုင်း တောထွက် လိုသောစိတ် ဖြစ်ဖို့ရန် ဆုတောင်းသည်။] Trang304 ၇။ သံသာရမှာ သာမညေန, န မုစ္စေယျ တဟိံ တဟိံ ၊ ဂတိံ ဂတိံ ဘဉ္ဇနတ္ထာပိ, သဉ္စယိဿာမိ ပါရမီ။ တဟိံ တဟိံ-တွေ့ကြဆုံကြ, ဘုံဘဝဝယ်, ကြုံရလေတောင်း, သောင်းပြောင်းအာရုံ, အဖုံဖုံ၌၊ သာမညေန-သူများနည်းတူ, သူ့မူမပျက်, သူ့ထက်မသာ, လိမ္မာဟန်မျှ, စံမပြလောက်သေးပါမူ ကား၊ သံသာရမှာ-မဟာဗြဟ္မ, လျှာကုဋေဖြင့်, ရှာဖွေမှန်းဆ, ဂဏန်းပြဖို့, နှမ်းမျှမလွယ်, တကယ်မှန်စွာ, မကြံသာသည့်, သံသရာ ခရီး, ကန္တာရကြီးမှ၊ န မုစ္စေယျ-ဘုန်းစကံချွန်, သမ္ဘာမွန်၍, တံခွန်ဆောက်ကိုင်, မလွန်မြောက်နိုင်သေးရာ၊ အမုတ္တတ္တာ-လွတ်ဖို့ ဝေးရဲ့, မတွေးနဲ့တော့, ဘေးတကယ့်စုံ, အဖုံဖုံဇာတ်ပြား၍, ထပ်မနား အပါယ်ခရီး၌, တလယ်တည်း လယ်နေရမည့် အရေး ကြောင့်၊ ဂတိံ ဂတိံ-ဒေဝမနုဿ, နိရယနှင့်, ပေတ တိရစ္ဆာန်, လားရန်အရှိ, ငါးတန်ဂတိကို၊ ဘဉ္ဇနတ္ထာပိ-ကောင်းရာမြန်းလင့်, စခန်းတင့်လည်း, ငြမ်းဖြင့်တက်ပြီး, ငြမ်းဖျက်နည်းသို့, ဖျက်ဆီး လွန်မြောက်, နိဗ္ဗာန်ရောက်ဖို့အကျိုးငှာ၊ ပါရမီ-နိဗ္ဗာန်နန်းခွင်, စခန်းဝင်ဖို့, လမ်းစဉ်အကျ, ဒါနစသည်, ပါရမီအကျိုး, ကောင်းမှု မျိုးကို၊ သဉ္စယိဿာမိ-တမြင့်တည်းမြင့်, ဆင့်ကဲတင့်ဖို့, အသင့်မကွာ, ချင့်စာတိုးပွား, တစ်မျိုးအားဖြင့်, ကြိုးစားဖြည့်ကျင့်ပါတော့မည် ဘုရား။ Trang305 ဤဂါထာ၌ သာမညအနေမျိုးဖြင့် သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန် မရောက်နိုင်သောကြောင့် ငြမ်းဖြင့် အထက်ရောက်အောင် တက်ပြီးလျှင် အထက်သို့ရောက်က ငြမ်းကို ဖျက်ချလိုက်သကဲ့သို့ အထက်တန်း ဂတိကောင်း ဂတိမြတ်ဖြစ်လျက် ပါရမီကိုဖြည့်ပြီးလျှင် ပါရမီပြည့်က ဂတိကောင်းတွေကိုပင် ဖျက်ဆီးကာ နိဗ္ဗာန် ရောက်ဖို့ရန်အရာရာ သတိ ထားလျက် အများထက်သာအောင် ပါရမီဖြည့်ပါမည်ဟု ဝန်ခံသည်။] ဤကား ဖြည်းဖြည်းသက်သာ ဆုတောင်းဖို့ရာ အများနှင့် ဆက်ဆံသော ဆုတောင်းတည်း၊ ထိုထိုကောင်းမှုကို ပြုတုန်းအခါ ကြည်ညိုလျက် ပရိသတ်အလယ်မှာဖြစ်လျှင် တိုးတိုးရွတ်ဆို၍ ဆုတောင်းရန် အကျဉ်းချုပ်ကား-- ဆွမ်းလှူသောအခါ ဆုတောင်း ရသာမွှေးကြူ, ဆွမ်းဖွေးဖြူကို, ပေးလှူပါရ, ဤပုညကြောင့်, ဘဝတိုင်းဝယ်, ပညာကြွယ်လျက်, မြနှယ်ရွှေနှင့်, အနေတင့်, အဆင့်ဆင့်မြင့်ရလို။ ပန်းလှူသောအခါ ဆုတောင်း အနံ့လည်းသင်း, အဆင်းလည်းလှ, ပန်းလှူရ၍, ဘဝတိုင်းဝယ်, ပညာကြွယ်လျက်, သွယ်သွယ်ဂုဏ်နှင့်, အစုံတင့်, ထုံသင့်ကြိုင်ရလို။ ရေချမ်းလှူသောအခါ ဆုတောင်း ကြည်လင်အေးမြ, ရေလှူရ၍, ဘဝတိုင်းဝယ်, ပညာကြွယ် လျက်, ကိုယ်ဝယ်တွင်းပြင်, ညစ်ကြေးစင်, ကြည်လင်အေးမြလို။ (ကိလေသာကို “အတွင်းအညစ်အကြေး”ဟု ဆိုသည်။) Trang306 မီးလှူသောအခါ ဆုတောင်း ထွန်းလင်းတောက်ပ, မီးလှူရ၍, ဘဝတိုင်းဝယ်, ပညာကြွယ် လျက်, လနှယ်နေနှင့်, အသရေတင့်, ဆင့်ဆင့်ထွန်းတောက်လို။ နံ့သာတိုင်လှူသောအခါ ဆုတောင်း သင့်ပျံ့လွှမ်းကြိုင်, ဤပန်းတိုင်ကို, လှိုင်ပစေဟူ, ပူဇော်ပါရ, ဤပုညကြောင့်, ဘဝစဉ်လာ, မယှဉ်သာအောင်, ပညာဆင်းနံ့, သတင်းနှံ့, သင်းပျံ့ကြိုင်ရလို။ ဆုတောင်းမှု။ ။ဆုတောင်းဟူသည် မိမိလိုသောအကျိုးကိုစိတ်ဖြင့် မှန်းဆ၍ဖြစ်စေ, နှုတ်ဖြင့် တမ်းတ၍ဖြစ်စေ တောင်းဆိုခြင်း ဖြစ်သည်၊ ကောင်းမှုကိုလည်းပြု, ဆုကိုလည်းတောင်းလျှင် လိုရာ အကျိုး ပြီးစီးတတ်၏၊ တောင်းသောဆုနှင့် ထိုက်တန်အောင်ကား ကုသိုလ်ကောင်းမှုကို ပြုကြရပေမည်၊ ဘုရားအဖြစ်ကို အလိုရှိလျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် အရှင်သာရိပုတ္တရာ ကဲ့သို့ အဂ္ဂသာဝကအဖြစ်ကို အလိုရှိလျှင် တစ်အသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်အောင်, အရှင်မဟာကဿပ, အရှင်အာနန္ဒာ စသည် ကဲ့သို့ မဟာသာဝကအဖြစ်ကိုလည်းကောင်း, မိထွေးတော်ဂေါတမီ, ခေမာ, ဥပ္ပလဝဏ်ထေရီမတို့ကဲ့သို့ ထင်ရှားသော ရဟန္တာမိန်းမ အဖြစ်ကိုလည်းကောင်း အလိုရှိလျှင် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်ကြရလိမ့်မည်။ Trang307 အထူးအထွေ ဂုဏ်ထူးကို မလိုလားဘဲ သာမညအနေမျိုးဖြင့် နိဗ္ဗာန်ကို အမြန်လိုချင်သူကား ကြိုးကြိုးစားစား အားထုတ်ပါမူ ယခုဘဝမှာပင် ရနိုင်ခွင့်ရှိပါသည်၊ မရနိုင်သေးပါလျှင် ဤဘုရားရှင် ၏ သာသနာမှာပင် ရခွင့်ရှိ၏၊ အရိမေတ္တေယျဘုရားရှင်၏ လက်ထက်တော်ကျလျှင်ကား မုချရနိုင်စရာရှိ၏၊ ဆုတောင်းသော အခါလည်း မိမိအလိုရှိရာဆုကို မိမိဘာသာ တောင်းခြင်းသာလျှင် လမ်းမှန်ကျ၏၊ ယခုကာလ၌ကား ကောင်းမှုပြုရာဝယ် ဘုန်းတော်ကြီး က ရေစက်ချနှင့် ဆုတောင်းကို ချပေးသောကြောင့် ဘုန်းကြီး နှုတ်တက် ရသော ဆုတောင်းနှင့် အလှူရှင်၏အလိုမှာ သဘောတူဖို့ ခဲယဉ်း ၏၊ စိတ်မပါဘဲ လိုက်နေရလျှင်လည်း ပြည့်စုံဖို့ ခဲယဉ်းလှ၏။ အောက်နိုင်ငံ ရှင်ပြုတစ်ခု၌ တော်တော်နာမည်ကြီးသော ဘုန်းကြီးတစ်ပါး ရေစက်ချပေးရာဝယ် အဂ္ဂသာဝက,မဟာသာဝကကြီးများ ရသမျှအကျိုးဂုဏ်များကို အလှူ့ဒါယကာ တစ်ဦးတည်းက အစုံအလင်ရဖို့ရန် ရေစက်ချ၍(ဆုတောင်း)ပေးသောကြောင့် အတော်နားလည်သော ဒကာတစ်ယောက်က “တကယ့်ရဟန္တာကြီး များတောင်မှ တစ်မျိုးစီသာ ရနိုင်ကြတဲ့အကျိုးကို အရှင်ဘုရား ဒကာမှာ အလုံးစုံ ရနိုင်ပါမည်လားဘုရား”ဟု လျှောက်ထားသဖြင့် ထိုဆရာတော်မှာ မျက်နှာညို၍ အလိုမကျဘဲ ရှိဖူးသတဲ့။ ရွှေတိဂုံကုန်းတော်ပေါ်ကဲ့သို့ အချို့သောမြို့ကြီးများ၏ ဘုရား များ၌ကား ရေလှူ, ပန်းလှူသည့်အခါမှစ၍ ဆုတောင်းကို Trang308 ရေသည်အား ငွေပေး၍ ခိုင်းကြသေး၏၊ အားလုံးလုပ်ငန်းများ နည်းလမ်းမကျချေ၊ ရှေးက အလောင်းအလျာတို့ ကောင်းမှုပြု ကြရာ၌ ရေအဆင်သင့်ရှိလျှင် ရေစက်သွန်းချ၍ မရရှိလျှင် ရေစက်ပင်မချတော့ဘဲ လိုရာဆုကို အတိုချုပ်မျှ တောင်းကြ၏၊ ယခုကာလလို “ဘန္တေ-အရှင်ဘုရား၊ မယံ-အကျွန်ုပ်တို့သည်”ဟု တခမ်းတနား သွယ်ဝိုက်နေသည်မဟုတ်၊ ထို့ကြောင့် မိမိဘာသာ လိုရာဆုကို တောင်းခြင်းသာလျှင် ရှေးထုံးကျသဖြင့် ဘုန်းကြီး ချပေးတိုင်း လိုက်ဆိုရသော ယခုကာလ ဆုတောင်းနည်းကို ရှောင်ကြဉ်သင့်ကြပါပေသည်။ ရေစက်ချ စဉ်းစားဖွယ်။ ။ယခုခေတ် အလှူဒါနပြုကြသောအခါ ရေဖလား, ရေကရား စသည်၌ ရေထည့်၍ အောက်ခံခွက်တစ်ခုပေါ်မှာ ရေတစ်စက်စက်ချရင်း ဘုန်းကြီးချပေးသော “ဘန္တေ-အရှင်ဘုရား၊ မယံ- တပည့်တော်တို့ သည်၊ သံသာရဝဋဒုက္ခတော-သံသာရာဝဋ်ဆင်းရဲ မှ”စသော စာတမ်းကို လိုက်၍ဆိုကြရ၏၊ ထိုသို့ ရေတစ်စက်စက်ချရင်း ဆိုနေခြင်းကိုပင်“ရေစက်ချ”ဟု ခေါ်တွင်နေသည်၊ ထိုရေစက်ချနည်းကို ဘုန်းကြီး မသင်္ကာသလို ဖြစ်နေသောကြောင့် ကျမ်းစာများကို ကြည့်ရှုပို့ချ ရင်း ကျမ်းစာအသုံးအနှုန်းများကို သတိထားလေ့ရှိရာ-- ၁။ ဝေဿန္တရာဇာတ်ဝယ် ဆင်ဖြူတော်လှူခန်း၌ “သုဂန္ဓောဒက ပူရိတံ သုဝဏ္ဏဘိင်္ကာရံ ဂဟေတွာ ဟတ္ထိသောဏ္ဍံ ဂဟေတွာ တေသံ ဟတ္ထေ ထပေတွာ ဥဒကံ ပါတေတွာ အဒါသိ - နံ့သာရေဖြင့်ပြည့်သော ရွှေကရားကိုယူ၍ ဆင်ဖြူတော်၏နှာမောင်းကို ကိုင်ပြီးလျှင် ထိုပုဏ္ဏားတို့ Trang309 လက်၌ထား၍ ရေကိုကျစေလျက် လှူပြီ”ဟု တွေ့ရ၏၊ သားတော် သမီးတော်လှူခန်း, မဒ္ဒီမိဖုရားကို လှူခန်း၌လည်း ဤနည်းပင်တည်း။ ၂။ ဝိနည်းမဟာဝါ, စီဝရက္ခန္ဓကအဖွင့် ဝိမတိဋီကာ၌ “ပဌမံ ဥဒကံ ပါတေတွာ ပစ္ဆာဒေန္တိ-ရေကို ပဌမကျစေ၍ နောက်မှ(သင်္ကန်းတို့ကို) လက်ရောက်လှူကုန်၏”ဟုလည်းကောင်း, ပဉ္စက အင်္ဂုတ္တိုရ်, ဗြာဟ္မဏဝဂ် ဋီကာ၌ “ဥဒကံ ပါတေတွာ ဒေန္တီတိ-ဗြာဟ္မဏဿ ဟတ္ထေ ဥဒကံ အာသိဒ္ဓန္တာ ဒေန္တိ-ပုဏ္ဏား၏လက်၌ ရေကိုလောင်းထည့်၍ (သတို့သမီးကို) ပေးလှူကုန်၏”ဟုလည်းကောင်း တွေ့ရ၏။ ဤအားလုံးကို ကောက်ချက်ချလိုက်လျှင် ရှေးအခါက အလှူ ဒါနပြုရာတိုင်းဝယ် ကြည်လင်အေးမြသော လက္ခဏာကို ဖော်ပြဖို့ရာ ရေကို အလှူခံပုဂ္ဂိုလ်၏ လက်၌လောင်းထည့် သွန်ချ၍ ပေးလှူလေ့ ရှိကြဟန်တူသည်၊ ယခုကာလ တစ်စက်တစ်စက်ချနေသော ရေစက်ချသည် ထိုထုံးစံကို လိုက်ဟန်ရှိသော်လည်း ထိုရှေးစနစ်နှင့် မတူချေ၊ ထို့ကြောင့် ဘာသာရေးကိစ္စ၌ သဘာဝကျကျပြုပြင်လိုသော အမျိုးသား အမျိုသမီးတို့သည် ဘုန်းကြီးက ချပေးတိုင်းလိုက်ဆို ရသော ဆုတောင်းနှင့် တစ်စက်တစ်စက် ချရသော ရေစက်ချနည်း ကို ပြုပြင်၍ ကြည်လင်သောရေကို အလှူခံပုဂ္ဂိုလ်၏ လက်ပေါ်မှာ ဖြစ်စေ, မြေပေါ်မှာဖြစ်စေ သွန်းလောင်း၍ အလိုရှိရာဆုကို ကိုယ့် ဘာသာတောင်းသော ရှေးအကျဆုံး မူဟောင်းကိုသာ လိုက်သင့်ကြ ပါသည်။ Trang310 ဘုရားအဖြစ်တော်စဉ် နိဒါန်း ဤမျှလောက်သော စကားအစဉ်ဖြင့် ဘုရားဖြစ်တော်မူသော အခါ ရရှိသောဂုဏ်တော်များနှင့် တရား, သံဃာတော်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ ကျင့်စဉ်သိဖွယ် အသွယ်သွယ်သော အချက် များကို ထင်ရှားပြခဲ့ပြီ၊ ထိုကဲ့သို့ ဂုဏ်ရှိသော တရား, သံဃာတော် တို့၏ အရှင်, ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ အားထားကိုးကွယ်ရာ “မြတ်စွာဘုရား”ဟူသည် “လူလော, နတ်လော, ဗြဟ္မာလော အဘယ်အရပ်မှာ ဖွားမြင်သော အဘယ်အမျိုးသား ဖြစ်သနည်း၊ ဘုရားဖြစ်ဖို့ရာ အဘယ်မျှလောက် အချိန်ကစ၍ အဘယ်အရာ များကို အားထုတ်တော်မူခဲ့သနည်း၊ ထိုသို့ အားထုတ်ဆည်းပူးတော်မူ အပ်သောအရာကို အခြားသော လူ-နတ်-ဗြဟ္မာတို့က ထိုဘုရားရှင် နှင့်တန်းတူအောင် အားထုတ်နိုင်မည်လော၊ ဘုရားဖြစ်အောင် အားထုတ်တော်မူခြင်းသည် သံသရာမှာ ကြာရှည်စွာနေလို၍ ပေလော, သို့မဟုတ် ဂုဏ်ပကာသနအတွက် သူတစ်ပါးအထက်က သက်သက် ကိုးကွယ်ခံလို၍ ပေလော” ဤသို့သော မေးမြန်းဖွယ်, စဉ်းစားဖွယ်အချက်တွေကို ဖြေဆိုရှင်းလင်းပြီးဖြစ်အောင် ထိုထို ကျမ်းဂန်တို့မှ ထုတ်ဆောင်၍ “ဘုရားအဖြစ်တော်စဉ်”ကို ပြဦးအံ့။ [အချို့ မကြားနာဖူး ထူးဆန်းသော စကားများကို မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်တို့၏ “လလိတဝိတ္ထာရသုတ္တန်စကား” ဟု မှတ်ပါ။] Trang311 သူဋ္ဌေးသား သုမေဓာ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ “အမရဝတီ”မင်းနေပြည်တော်ဝယ် သူဋ္ဌေးမျိုးရိုး အစဉ်အဆက်မှ ဆင်းသက်လာခဲ့သော သတို့သား တစ်ယောက်သည် “သုမေဓာ”ဟူသော အမည်ဖြင့် ထင်ရှားခဲ့လေ ၏၊ ထိုသတို့သား ငယ်စဉ်ကပင် မိဘများ ကွယ်လွန်ကြသဖြင့် ရွှေငွေ စိန်ကျောက် အစရှိသော ရတနာတိုက်ပေါင်းများစွာကို ဘဏ္ဍာတော် ထိန်း အမတ်က ထိန်းသိမ်းစောင့်ရှောက်ထားရလေသည်။ ထိုသတို့သား သုမေဓာသည် အတတ်ပညာကို သင်ကြား လေရာ ၁၆-နှစ်အရွယ်မှာပင် ဆိုင်ရာအားလုံးတို့ကို ပြီးဆုံး လုံလောက် တဖက်ကမ်းရောက်မျှ တတ်မြောက်ပြီးဖြစ်၍ ပစ္စည်း များကို စာရင်းနှင့်တကွ ပစ္စည်းထိန်းအမတ်က လွှဲအပ်သည်ကို လက်ခံပြီးနောက် ပစ္စည်းရှင်ဖြစ်ကြသော မိဘဘိုးဘွားတို့ အဆက် ဆက် ကွယ်လွန်ကြကာ ပစ္စည်းတွေသာ ကျန်ရစ်ပုံကို အကြောင်းပြု လျက် ပင်ကိုယ်က ပညာပါရမီဓာတ်ခံရင့်သန်ပြီး အပေါ်ဝယ် သင်ယူတတ်မြောက်ထားသော ကျမ်းစာအသိတို့ကိုပါ့ ရောစွက်၍ ဆိတ်ငြိမ်ရာအရပ် အုတ်တိုက်၏ အထက်ထပ်သို့ တက်ပြီး ကမ္မဋ္ဌာန်း အားထုတ်သည့်အသွင် တင်ပလ္လင် ဖွဲ့ခွေထိုင်နေလျက် လေးနက်စွာ စဉ်းစားလေသည်။ [ပင်ကိုယ်ဉာဏ်ရှိ၍ ကျမ်းစာတတ်သိသူ၌ ထူးထူးခြားခြား စဉ်းစားဉာဏ် ပေါ်လာတတ်သည်မှာ ထုံးစံဖြစ် သည်၊ သို့သော် သင်ယူအပ်သော ပညာသည် လမ်းမှန်ကို ညွှန်ပြ နိုင်သော ပညာဖြစ်မှ အမှန်ကို စဉ်းစားနိုင်ပေမည်။] Trang312 စဉ်းစားတော်မူခန်း အိုကြရ, နာဖျားကြရ, မိန်းမောတွေဝေလျက် သေကြေ ပျက်စီးကြရ, သေလွန်ပြီးနောက် ပဋိသန္ဓေတည်နေကြရသဖြင့် ဤသတ္တလောကကြီးသည် သက်သာခွင့် မရလောက်အောင် ဆင်းရဲ လှပါတကား၊ ငါသည်လည်း ဤဆင်းရဲမျိုးမှ မလွတ်သေး၊ ဤ ဆင်းရဲမျိုးမှ လွတ်ရာလွတ်ကြောင်းဖြစ်၍ ကောင်းမြတ်သော သဘောတစ်မျိုးကား ဧကန်မုချ ရှိရပေလိမ့်မည်၊ အပူရှိလျှင် အအေးလည်းရှိရ, မကောင်းမှုရှိလျှင် ကောင်းမှုလည်းရှိရ, ဆင်းရဲ ရှိလျှင် ချမ်းသာလည်း ရှိရသကဲ့သို့, အို-နာ-သေရေး ဒုက္ခဘေးတို့ဖြင့် ကြီးလေးစွာ ဆင်းရဲခံနေရသော ဤခန္ဓာကိုယ်ရှိလျှင် မအို-မနာ မသေရာဖြစ်သော ဓာတ်တစ်မျိုးလည်း ဧကန်ရှိသင့်သေး၏၊ ထို တရားထူးကို မရမနေ ရှာဖွေတော့အံ့။ “ထင်ရှားရှိသော တရားကိုမရှာဘဲနေခြင်းသည် တရား၏ အပြစ်မဟုတ်၊ မရှာသူ၏ အပြစ်သာတည်း၊ မိဘဘိုးဘွား အဆက် ဆက် ဆွေမျိုးများသည် စီးပွားဥစ္စာတွေကို ရှာဖွေစုဆောင်းပြီးလျှင် အနည်းငယ်မျှမယူနိုင်ဘဲ စွန့်ခဲ့ကြရကုန်ပြီ၊ ငါ၏ ဆွေမျိုးများသည် ပစ္စည်းကို ရှာသာ ရှာတတ်၍ မယူတတ်ကြပေ၊ ငါကား ဤပစ္စည်း ဥစ္စာတွေကို စွန့်ကြဲပေးကမ်းသောအားဖြင့် ယူသွားတော့အံ့”၊ ဤသို့ ကြံစည် စဉ်းစားလေသည်။ “လှူဒါန်းပေးကမ်းလျှင် မိမိသန္တာန်၌ ဒါနကုသိုလ် ကျန်ရစ်၏၊ ထိုဒါနဖြင့် နောက်နောက်ဘဝ၌ နောက်ဘဝ၌ ဤကဲ့သို့ သော ပစ္စည်းများကို ရနိုင်သည်”ဟု ကြံစည်လိုရင်းဖြစ်သည်၊ ထိုသို့ ကြံစည်ပုံကိုထောက်လျှင် “ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်” ရနေ ပြီဟု သိသာ၏။] Trang313 တောထွက်၍ ဈာန်အဘိညာဉ် ရတော်မူခန်း ဤသို့လျှင် သတို့သား သုခမိန်သည် မအို-မနာ-မသေရာကို ရှာလိုသော ဇောဆန္ဒက ပြင်းထန်ကြီးမာလှသောကြောင့် မရေ မတွက်နိုင်အောင် မြားမြောင်လှသော စည်းစိမ်တွေအပေါ်မှာ အနည်းငယ်မျှ တွယ်တာတော်မမူဘဲ ရွှေငွေဘဏ္ဍာ ရတနာအပြည့် ဖြစ်သော တိုက်ကြီးများကို ဖွင့်လှစ်ကာ “အလိုရှိရာကို ယူရစ်ကြ တော့”ဟု စွန့်ကြဲတော်မူပြီးနောက် ဝတ်ဆင်မြဲ အဝတ်တစ်စုံမျှဖြင့် ဟိမဝန္တာသို့ မြန်းကြွပြီးလျှင် ဝိသကြုံနတ်သား ဖန်ဆင်း၍ထားနှင့် သော ကျောင်းသင်္ခမ်းနှင့် ရဟန်းပရိက္ခာတို့ကို တွေ့မြင်၍ ရသေ့ ရဟန်းအသွင်ကို ယူတော်မူလေသည်။ ထို့နောက် ကမ္မဋ္ဌာန်းကို အားထုတ်လေရာ ပင်ကိုယ်ထက်မြက် သော ဉာဏ်ပါရမီနှင့် သင်ကြားတတ်မြောက်ထားသော ကျမ်းစာ တို့၏ အစွမ်းအပြင် ဈာန်အဘိညာဉ်တို့အထက် ဟိုဘက်နိဗ္ဗာန်ကို ရှာကြံလိုသော ဆန္ဒတော်ကြောင့် “လောကီဈာန်အဘိညာဉ်အတွက် မှာ ရက်များစွာမကြာဘဲ ခုနစ်ရက်အတွင်းဝယ် အလွယ်တကူ ထမြောက်တော်မူလေသည်။ ——————————————— အဘိညာဉ်၏ အစွမ်းကား မြေလျှိုး မိုးပျံ ပုံသဏ္ဌာန်အမျိုးမျိုး ဖန်ဆင်းခြင်းနှင့်တကွ ဝေးဝေးလံလံ သေးငယ်သောအသံကို ကြားနိုင်ခြင်း, သေးငယ်သောအဆင်း, ငရဲသူ ငရဲသား ပြိတ္တာများနှင့် အထက်နတ်များကိုမြင်နိုင်ခြင်း စသည်တည်း။ Trang314 ထို့နောက် ရအပ်ပြီးသော ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ နိဗ္ဗာန်ကို ရှာကြံသော်လည်း ကောင်းစွာ အထမမြောက်သေးချေ၊ သို့သော် ပင်ကိုယ်ပညာပါရမီခံ ရင့်သန်ပြီး ဖြစ်သည့်အပြင် ဈာန် အဘိညာဉ်တို့၏အတွက် တိုးတက်လာသော ဘာဝနာဉာဏ်အစွမ်း ကြောင့် အနည်းငယ်မျှ သဲလွန်စရလျှင် နိဗ္ဗာန်ကို ဘွားကနဲ မြင်နိုင် ဖို့ရာ ကောင်းကောင်းကြီး လုံလောက်သော အခြေအနေသို့ ရောက်လေပြီ။ ဘုရားဆု ပန်တော်မူခြင်း ထိုသို့ ဈာန်အဘိညာဉ်ဖြင့် မွေ့လျော်ကာ တစ်ခါတစ်ရံ ကောင်းကင်ခရီးဖြင့် လှည့်လည်တော်မူလေရာ နှစ်ပေါင်းအတော် ကြာလျှင် “ဒီပင်္ကရာ”ဘုရားရှင်လည်း ပွင့်တော်မူလာသောကြောင့် “ရမ္မာ”နေပြည်တော်သားတို့သည် ဘုရားရှင်ကို ပင့်ဖိတ်လျက် ကြွတော်မူရန် လမ်းပြင်နေသည်ကို မြင်သဖြင့် ကောင်းကင်မှ ဆင်းသက်၍ မေးမြန်းလေလျှင် အကြောင်းအရာကို ကောင်းစွာ သိရသည့်အတွက် နှစ်သက်ဝမ်းမြောက်ခြင်း ပြင်းစွာဖြစ်ရကား မိမိလည်း လမ်းပြင်လိုကြောင်း ခွင့်တောင်းလေသည်၊ ထိုအခါ “ဤ ရသေ့သည် တန်ခိုးကြီးသူဖြစ်၏၊ တန်ခိုးဖြင့် လမ်းကိုပြင်လိမ့်မည်၊ ရွှံ့ညွှန်ရှိသောနေရာကို ပေးကြစို့ရဲ့”ဟု တိုင်ပင်လျက် အပြုအပြင် ခက်သောနေရာကို ပေးကြလေသတဲ့။ အရှင်ရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာ ပြီး နိုင်သော်လည်း ကိုယ်ဖြင့်အပင်ပန်းခံ၍ပြုမှ သာ၍ အကျိုးများဖွယ် Trang315 ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေ စဉ် ရဟန္တာလေးသိန်း အခြံအရံဖြင့် ဘုရားရှင် ကြွတော်မူလာ လေသည်၊ ထိုအခါ ဘုရားရှင်၏ ကျက်သရေတော်ကို ဖူးမြော်ရ၍ လွန်စွာ ဝမ်းမြောက်လှသဖြင့် ယခင်က မပြီးသေးသော ရွှံ့ညွန် အပြင်ဝယ် ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန္တာအပေါင်းကို နင်းတော်မမူစေဘဲ မိမိအပေါ်၌ နင်း၍ ကြွတော်မူရန် တံတား အသွင်ခင်းလျက် ဝပ်စင်းနေလေသည်။ ထို့နောက် မိမိဦးခေါင်းရင်းသို့ ဘုရားရှင်ရောက်တော်မူလာ သောအခါ ဆင်ခြင်စဉ်းစားတော်မူသည်မှာ “ငါသည် တစ်ကိုယ်ရေ တစ်ကာယဖြင့် နိဗ္ဗာန်ကိုအလိုရှိလျှင် ယခုပင် ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေလျက် ရဟန္တာအဖြစ်သို့ ရောက်နိုင် လောက်ပေပြီ၊ သို့သော် အိုနာသေရေး ဒုက္ခဘေးတို့ဖြင့် နစ်မွန်း မျောပါနေကြရှာသောသတ္တဝါတွေကို ကယ်ဆယ်နိုင်လောက်သော စွမ်းရည်သတ္တိရှိသူတစ်ယောက်က မကယ်မယူ လျစ်လျူပစ်ထား၍ ကိုယ်လွတ်ရုန်းသွားခြင်းကို တရားနည်းလမ်းကျသည်ဟု မဆိုနိုင် ချေ၊ ဥပမာ- လူပေါင်းများစွာ ပင်လယ်ကြောဝယ် မျောနေကြရာ၌ ကိုယ်ပိုင်သင်္ဘောဖြင့်လာသူက မကယ်ဆယ်ဘဲ ရှောင်လွှဲ၍ သွား သကဲ့သို့ ရှိရာ၏”ဟု ကြံတော်မူ၏။ ဤအကြံသည် သတ္တဝါများ အပေါ်၌ ကရုဏာအားကြီးသူမှန်လျှင် ဧကန်ဖြစ်ထိုက်သော အကြံ တည်း။] Trang316 ဤသို့လျှင် အရှင်ရသေ့သည် ရှေးတုန်းက မိမိအတွက်သာ နိဗ္ဗာန်ကို ရှာခဲ့ပါသော်လည်း နိဗ္ဗာန်ကိုညွှန်ပြမည့် ဘုရားရှင်နှင့် တွေ့ရသောအခါ သတ္တဝါအပေါင်းကို ကယ်တင်နိုင်လောက်သော ဘုရားရှင်၏ အသရေတော်ကိုလည်း ဖူးမြော်ရ, အပါယ်လေးပါး၌ အလွန်အမင်း ဆင်းရဲနေကြရှာသော သတ္တဝါတွေကို အဘိညာဉ်စွမ်း ဖြင့် မျက်ဝါးထင်ထင် လှမ်း၍လည်း မြင်ရ, မိမိ၏စွမ်းရည်ကိုလည်း ယုံကြည်စိတ်ချရသောကြောင့် သတ္တဝါတို့၌ လွန်မင်းစွာ သနားတော် မူသော မဟာကရုဏာတော်က အားကြီးလှသဖြင့် ဆန္ဒတော် တစ်မျိုးတက်ကာ ကြာပန်း ၅-စည်းကို လှူပြီးလျှင် ဘုရားဆုကို ပန်တော်မူလေသည်။ အမှာ။။ဒီပင်္ကရာဘုရားရှင်ကို ဖူးမြော်ကန်တော့ရန် ထွက်လာကြ သော အမျိုးသမီးများတွင် “သုမိတ္တာ”မည်သော အမျိုးသမီး သည် အလောင်းတော် ရှင်ရသေ့ကို မြင်လျှင်မြင်ချင်း ရေစက်မကင်းသည့်အတွက် ထူးခြားသော မေတ္တာစနက် ဖြင့် သွယ်ဆက်မိလေသည်၊ ထို့ကြောင့် မိမိမှာပါသော ကြာပန်း ရှစ်စည်းတွင် မိမိပူဇော်ဖို့ သုံးစည်း ချန်ထား၍ အလောင်းတော် ရသေ့အား ကြာ ၅-စည်းကို ဆက်ကမ်း လေသတဲ့။ Trang317 ဗျာဒိတ်ရတော်မူခန်း ဒီပင်္ကရာဘုရားရှင်သည် အရှင်ရသေ့၏ ဦးခေါင်းရင်း၌ ရပ်တန့်တော်မူပြီးလျှင် နောင်ရေးနောင်တာကို ဆင်ခြင်တော်မူရာ ရသေ့၏ ဘုရားအလောင်း ဖြစ်ကြောင်းကို မြင်တော်မူသောကြောင့် “မိမိကိုယ်ကို တံတားလိုခင်းလျက် ထက်မြက်သော အကျင့်ဖြင့် တင့်တယ်သော ဤရသေ့ကို ကြည့်ရှုကြလော့၊ ဤရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်သောအခါ ငါဘုရားကဲ့သို့ “ဂေါတမဗုဒ္ဓ”ဟူသော အမည်ဖြင့် ဘုရားတစ်ဆူ ဖြစ်လိမ့်မည်၊ ဤရသေ့နှင့်အတူ ကြာပန်းပူဇော်သူ အမျိုးသမီးကား ပါရမီကို ကူညီဖြည့်ဘက် အသက်ပမာ ကြင်ရာတော် ဖြစ်လိမ့်မည်”ဟု ဘုရားတံဆိပ် ဗျာဒိတ်တော်မြတ်ကို ခတ်နှိပ်တော်မူပြီးလျှင် ယခင် ကြာပန်းရှစ်စည်းဖြင့် ရသေ့အပေါ် ကြဲဖြန့်ကာ ရသေ့၏ နံပါးမှ ရှောင်လွှဲ၍ ကြွတော်မူသည်။ ဗျာဒိတ်တော်ပွဲ ရောက်လာကြသော လူရောနတ်ပါ ဗြဟ္မာ အပေါင်းလည်း ကောင်းချီးဩဘာ မင်္ဂလာစကားကို အသီးအသီး ပြောဆို ချီးကျူးရုံသာမက ရှေးရှေးက ဗျာဒိတ်ပွဲကို နွှဲလိုက်ဖူးသော ဗြဟ္မာမင်းတို့ကမူ မိမိတို့တွေ့ဖူးသော စနည်းတဘောင် အထောက် အထားတို့ဖြင့် “ဧကန်မုချ ဗုဒ္ဓဖြစ်ပါလိမ့်မည်”ဟု အားပေးကြ လေသည်။ Trang318 ပါရမီတော်များကို ဆင်ခြင်တော်မူစန်း အလောင်းတော်သည် ဗျာဒိတ်ရတော်မူပြီးနောက် ညွှန်ပျောင်းမှ ထတော်မူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူကာ စဉ်းစား ဆင်ခြင် သည်မှာ “များစွာသော သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ ကယ်တင်ဖို့ရာ လွန်စွာမြင့်မြတ်သော ဘုရားအဖြစ်သည် သာမန် ကောင်းမှုပါရမီဖြင့် ပြည့်နိုင်သောအဖြစ်မျိုး မဟုတ်၊ ဘုရားဖြစ်ဖို့ အကြောင်း ကောင်းမှုပါရမီတော်ကား ဘယ်လောက် များပါလိမ့် မည်နည်း” ဤသို့ စဉ်းစားဆင်ခြင်တော်မူရာ-- ဒါနံ သီလဉ္စ နေက္ခမ္မံ, ပညာ ဝီရိယ ပဉ္စမံ၊ ခန္တီ သစ္စာ အဓိဋ္ဌာနံ, မေတ္ထုပေက္ခာတိမာ ဒသ။ ဟူသော ဤပါရမီဆယ်ပါးကို အစဉ်အတိုင်း မြင်တော်မူလေ သည်၊ “ပါရမီ”ဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု, သီလစောင့်မှု စသည်တို့သာတည်း၊ လောကီစည်းစိမ် ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှု စသည်ကို ပါရမီကုသိုလ်ဟု မဆိုထိုက်၊ ထိုပါရမီများတွင်-- ၁။ ဒါနဟူသည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းတည်း။ ၂။ သီလဟူသည် ၅-ပါး, ၈-ပါး, ၁၀-ပါးစသော ဆိုင်ရာသီလ များကို စောင့်ထိန်းမှုတည်း။ ၃။ နေက္ခမ္မဟူသည် စည်းစိမ်ကို စွန့်ခွာ၍ တောထွက်မှုတည်း။ Trang319 ၄။ ပညာဟူသည် အရာရာ၌ တတ်သိနားလည်မှုတည်း။ ၅။ ဝီရိယဟူသည် ကုသိုလ်ကိစ္စတို့၌ မကြောက်မရွံ့ သက်စွန့် ကြိုးပမ်း အားထုတ်မှုတည်း။ ၆။ ခန္တီဟူသည် သူတစ်ပါးက နှိပ်စက်လျှင် သည်းညည်းခံနိုင်မှု နှင့် အအေး အပူစသော ဒဏ်ကို ခံနိုင်မှုတည်း။ ၇။ သစ္စာဟူသည် မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်မှု တည်း။ ၈။ အဓိဋ္ဌာနဟူသည် မိမိရည်မှန်းအပ်သော ကောင်းသော အလုပ်၌ “မဖြစ်မနေ”ဟု စွဲစွဲမြဲမြဲ ဇွဲကောင်းမှုတည်း။ ၉။ မေတ္တာဟူသည် သတ္တဝါတို့အပေါ်၌ ချစ်ခင်သောအားဖြင့် ကောင်းကျိုးလိုလားမှုတည်း။ ၁၀။ ဥပေက္ခာဟူသည် မုန်းအောင်ပြုသည်ကိုလည်း မမုန်း, ချစ် အောင် ပြုသည်ကိုလည်း မချစ်ဘဲ လျစ်လျူရှုမှုတည်း။ ဤဆယ်ပါး၌ သာမန်ဖြည့်ကျင့်မှုကို “ပါရမီ”ဟုခေါ်၏၊ မျက်စိ, နား, နှာ အင်္ဂါခြေလက်တို့ အပျက်အစီးခံ၍ ဖြည့်ကျင့်မှုကို “ဥပပါရမီ”ဟု ခေါ်၏၊ အသက်ကိုပင် မငဲ့ညှာဘဲ လွန်စွာဖြည့်ကျင့်မှု ကို “ပရမတ္ထပါရမီ”ဟု ခေါ်၏၊ ယခင် ဆယ်မျိုးကို ဤသုံးမျိုးဖြင့် မြှောက်လျှင် ပါရမီသုံးဆယ်ဖြစ်၏၊ ထိုပါရမီများကို အရေးတကြီး ဖြည့်ကျင့်ထိုက်ကြောင်းကို ဉာဏ်မြင်သည့်အတိုင်း ပြပါဦးမည်။ Trang320 ဒါနပါရမီ။ ။သတ္တဝါအပေါင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုး ဆုံးမ လိုလျှင် စွန့်ကြဲပေးကမ်းလှူဒါန်းမှု၌ အထူးရက်ရောမှ သင့်လျော်၏။ ပေးကမ်းမှုဟူသည် မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်၏၊ ရန်သူ ပင်ဖြစ်သော်လည်း ထိုက်တန်သောဝတ္ထုကိုပေးလျှင် မိမိအလိုသို့ ပါလာတတ်၏၊ ပေးကမ်းမှုတစ်ခုဖြင့် များစွာသော အကျိုးကို ပြီးစေ နိုင်၏၊ အားရပါးရ ပေးကမ်းစွန့်ကြဲနေရခြင်းသည် အလွန်ပျော်စရာ ကောင်း၏၊ ပေးသူကလည်း အားရ, ရသူကလည်း ရွှင်ပျသဖြင့် ဤဘဝ၌ အရှိန်အဝါ ဩဇာအာဏာတိုးတက်လျက် ဂုဏ်သတင်း ပျံ့နှံ့ဖို့အချက်မှာ ပေးကမ်းမှုထက်သာသောအရာ မရှိချေ၊ သံသရာ ဝယ် ကြီးကျယ်ခမ်းနား ပေါများလေသမျှ၌ ဤဒါနမှု၏ လက်ရာ ခြေရာတွေသာ များပေသည်။ “အူမတောင့်မှ သီလစောင့်နိုင်သည်”ဟု ပြောဆိုရိုးအတိုင်း ဒါနမရှိလျှင် သီလပါရမီကိုပင် လုံခြုံအောင်စောင့်ဖို့ ခဲယဉ်း၏၊ ပညာပါရမီဖြည့်ဖို့ရာ လုံလောက်သော အထက်တန်းပညာကို ရှာလျှင်လည်း ဒါနချို့ငဲ့ ပစ္စည်းမဲ့သူမှာ တော်ရာက မျှော်ရှာရ၏၊ ပစ္စည်းမရှိလျှင် သူတစ်ပါးက ရိုးရိုးသားသား ပြောသည်ကိုပင် အလွဲ ထင်လျက် မခံချင်တတ်သဖြင့် ခန္တီပါရမီပြည့်ဖို့ရန် အနှောင့်အယှက် များလှ၏၊ “ဥစ္စာမရှိ-ကတိမတည်”ဆိုသည့်အတိုင်း “ကတိသစ္စာ” ခေါ်သော သစ္စာပါရမီ ပြည့်စုံဖို့အရေးမှာ သာ၍ ဝေးလေတော့၏၊ မိမိက အောက်ကျနောက်ကျ နေပြန်လျှင်လည်း “ကိုယ့်ထက်သာ မနာလိုတတ်သည့်အတိုင်း” တွေ့သမျှအပေါ်မှာ မေတ္တာပါရမီ Trang321 ရောက်ဖို့ ခဲယဉ်းပြန်၏၊ ထို့ကြောင့် “ဒါနပါရမီသည် ပါရမီအာလုံး၏ အခြေခံ”ဟု ဆိုထိုက်ရကား အလောင်းတော် ရှင်ရသေ့သည် ဖြည့်ကျင့်ဖွယ်အများတွင် ဤဒါနပါရမီကို ပထမ မြင်တော်မူသည်။ သီလပါရမီ။ ။မည်သူမဆို ကောင်းသော သုဂတိဘဝသို့ရောက်ဖို့ရာအတွက် သီလကိုသာ အားထားရ၏၊ ဒါနအဆောက် အအုံက မည်မျှပင် ကြီးကျယ်နေပါသော်လည်း သီလမလုံခြုံလျှင် (ဒုစရိုက် မလုံခြုံလျှင်) အပါယ်လေးဘုံက တက်နိုင်ဖွယ်မရှိချေ၊ အပါယ်လေးပါး၌ ဖြစ်သမျှသည် သီလကင်းမဲ့မှု၏ လက်ချက်သာ တည်း၊ မြောက်ကျွန်းသူ ကျွန်းသားတို့သည် ၅-ပါးသီလ အမြဲလုံခြုံ နေကြသောကြောင့် တစ်စုံတစ်ယောက်မျှ အပါယ်မကျပေ၊ သီလ အတွက် ဂတိကောင်းသို့ရောက်ပြီးမှ ဒါနက စည်းစိမ်ဥစ္စာကို ကြွယ်ဝချမ်းသာစေသည်၊ ထို့ကြောင့် မြင့်မြတ်လိုသူမှန်လျှင် ဤ သီလပါရမီကိုလည်း အရေးတကြီး အားထုတ်ရမည်ဖြစ်သောကြောင့် ဒါန၏အခြားမဲ့၌ သီလပါရမီကို ဆက်၍ မြင်တော်မူကာ ကိုယ်နှုတ် နှလုံး သုံးပါးလုံးကို ကောင်းစွာစောင့်သုံးလျက် လုံခြုံသော ကိုယ်ကျင့် သီလဖြင့် နေထိုင်ဖို့ရာ ဆုံးဖြတ်တော်မူသည်။ နေက္ခမ္မပါရမီ။ ။လောကီအာရုံ ကာမဂုဏ်ထူထပ်သော လူတို့၏ အရပ်၌ အလွန်မြင့်မြတ်သော အထက်တန်းတရားကို မရနိုင်၊ လူသူ မခို မြိုင်ညိုစိမ့်စမ်း တောတောင်တန်း၌ ပန်းရနံတကြူကြူနှင့် သမာဓိ ကို မွေးမြူပြီးလျှင် ဖြူစင်သောသီလဖြင့် တကယ်တမ်း အားထုတ်မှ Trang322 အထက်တန်းတရားကို ရနိုင်၏၊ ထို့ကြောင့် “နေက္ခမ္မ”ဟု တောထွက် မှုကိုလည်း ဂရုတစိုက် ပြုကျင့်ထိုက်သည်ဟု ဆုံးဖြတ်တော်မူသည်။ ပညာပါရမီ။ ။အသိအလိမ္မာ ပညာဉာဏ်ရှိမှသာ ဒါန သီလ စသော ပါရမီများ၏ အကျိုးကို သိမြင်၍ ဖြည့်ကျင့်လိုသောစိတ်များ ဖြစ်ပေါ်နိုင်ပေမည် “ပညာရဲရင့် ပွဲလယ်တင့်”ဆိုသည့်အတိုင်း တကယ်ပညာရှိသူတို့အလယ်မှာ တကယ်ပညာရှိသူသာ တင့်တယ်နိုင် သည်၊ ဘူးလုံး နားမထွင်း အဖျင်း အ-အ ပညာပိုင်းက အောက်တန်း ကျနေလျှင် စည်းစိမ်ရှင်ပင်ဖြစ်သော်လည်း အထက်တန်းသို့ မတက် လှမ်းနိုင်၊ ကမ္ဘာကိုလွှမ်းမိုး၍ အုပ်စိုးနိုင်သော သတ္တိမှာ ဉာဏ်ပညာ သာတည်း၊ မြေလျှိုးမိုးပျံနိုင်သော ဈာန်အဘိညာဉ်ဟူသည်လည်း ဤဉာဏ်ပင် ဖြစ်၏။ တစ်သံသရာလုံးက ပါလာသော ကိလေသာအာသဝေါတွေကို ကုန်ခမ်းစေနိုင်သော တရားဟူသည်လည်း မဂ်ပညာ, ဖိုလ်ပညာပင် ဖြစ်၏၊ အချုပ်အားဖြင့် ဘုရားအဖြစ်ဟူသည်မှာ သဗ္ဗညုတဉာဏ် ပညာတော်ကြီးပင် ဖြစ်၏၊ ဤပညာပါရမီ ရင့်သန်လာအောင်ကား ထိုထိုကောင်းမှုကို ပြုတိုင်းလည်း မိမိစိတ်က ဉာဏ်ပညာဘက်သို့ ညွတ်ကိုင်း တောင့်တလျက် ရှိရမည်၊ တကယ့်ပညာရှိထံ ချဉ်းကပ်၍ မပြတ်မလတ် စုံစမ်းမေးမြန်းလေ့ရှိရမည်၊ ထို့ကြောင့် အလောင်းတော် အရှင်ရသေ့သည် ဤပညာပါရမီကိုလည်း ၄-ကြိမ်မြောက် မြင်တော် မူ၍ ကောင်းစွာဖြည့်ကျင့်ဖို့ ဆုံးဖြတ်တော်မူပြန်သည်။ Trang323 ဝီရိယပါရမီ။ ။ပညာက မည်မျှလောက် ရှိနေသော်လည်း လုံ့လဝီရိယကင်းမဲ့ပြန်လျှင် စိတ်ကူးနေရုံမျှဖြင့် မည်သည့်အကျိုး ကိုမျှ ရလိမ့်မည် မဟုတ်ပါ၊ ယခင်က ပညာတွေသည် ဝီရိယအဖော် ကောင်းမှသာ လိုရာအကျိုးကို ပြီးစေနိုင်ပါသည်၊ အထက်တန်း ရောက်သူဟူသမျှ ဝီရိယကင်းသည့် အပျင်းသမား, အပြောသမား မဟုတ်ကြချေ၊ ထို့ကြောင့် ပညာနှင့်အတူ ဝီရိယပါရမီကိုလည်း ဖြည့်ကျင့်တော်မူဖို့ရန် ၅-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ခန္တီပါရမီ။ ။မြင့်မြတ်သော အထက်တန်းကို ရည်မှန်းသော ပုဂ္ဂိုလ်သည် ဆန့်ကျင်ဘက် ရန်သူနှင့် မတွေ့နိုင်ဟူ၍ မမှတ်သင့်၊ ကိုယ့်ထက်သာလျှင် မနာလိုလေ့ရှိကြသော ဤသံသရာကြီးထဲမှာ သာ၍ပင် တွေ့ကြုံတတ်သေး၏၊ မိမိ၏ ဆန့်ကျင်ဘက်တွေကို တုပြိုင်နေလျှင်လည်း ခရီးတွင်မည် မဟုတ်ပါ၊ မိမိကို မနာလိုသူ ဟူသမျှ ရန်သူဟု သဘောမထားဘဲ ခန္တီပါရမီပြည့်အောင် တစ်ဖက် တစ်လမ်းက ကူညီနေသူဟုသာ သဘောထားလျှင် အလွန်စိတ် သက်သာပါသည်၊ ထို့ကြောင့် ခန္တီပါရမီကိုလည်း တွေ့ကြုံရာတိုင်း၌ ဖြည့်ကျင့်ဖို့ရန် ၆-ကြိမ်မြောက် ဆုံးဖြတ်တော်မူသည်။ သစ္စာပါရမီ။ ။ဤလောကဝယ် သစ္စာမရှိသူလောက် ကြောက် စရာကောင်းသူ မရှိပါ၊ “လူယုံသတ် သေတတ်”ဟူသော စကားသည် သစ္စာမတည်သူများကိုစွဲ၍ ဖြစ်လာသောစကားတည်း၊ သစ္စာမရှိသူ သည် မည်သည့်အခါမျှ အထက်တန်းသို့ မရောက်နိုင်၊ သစ္စာတရား Trang324 သည် လွန်စွာအစွမ်းထက်မြက်၏၊ လောင်လာသော မီး, တိုးလာ သော ရေ, တက်နေသော အဆိပ်ကိုပင် သစ္စာစကားဖြင့် လျှောကျ စေနိုင်, ရပ်တန့်စေနိုင်သည်၊ တကယ် မြင့်မြတ်သူမှန်လျှင် ဧကန် သစ္စာရှိထိုက်ရကား သစ္စာပါရမီဖြည့်ဖို့ရန်ကိုလည်း ၇-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ အဓိဋ္ဌာနပါရမီ။ ။မြင့်မြတ်သောအကျိုးကို မျှော်ကို။သူသည် တော်တော်တန်တန်နှင့် စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်း နှင့် အားထုတ်ရ၏၊ ထိုသို့ အားထုတ်မှသာ ထိထိရောက်ရောက် ပြီးမြောက်နိုင်၏၊ ထို့ကြောင့် ကုသိုလ်ကောင်းမှု၌ ဇွဲကောင်းဖို့ရန် အဓိဋ္ဌာန်ပါရမီကိုလည်း ၈-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ မေတ္တာပါရမီ။ ။မြင့်မြတ်သောအဖြစ်ကို ရလိုပါလျှင် သတ္တဝါ တိုင်းအပေါ်၌ မေတ္တာကင်းမဲ့လို့ မတော်ပါ၊ အချို့အပေါ်မှာ အကျိုး လိုလား မေတ္တာပွားလျက် အချို့အတွက်မှာ မေတ္တာကင်းပြီးလျှင် ကွက်တိကွက်ကျား မေတ္တာပွားသူကို မြင့်မြတ်သူဟု မဆိုထိုက်ပါ၊ ထို့ကြောင့် အားလုံးသတ္တဝါတို့၏ အကျိုးကို အညီအမျှ လိုလားသော မေတ္တာပါရမီကိုလည်း ကြိုးစားဖြည့်ကျင့်ဖို့ရန် ၉-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ ဥပေက္ခာပါရမီ။ ။မြင့်မြတ်သော တရားထူးကို ကြိုးစား၍ မိမိကိုဂရုစိုက်ကာ အရေးပါနေသူများအတွက် ရှာဖွေသူသ မဖြစ်၊ ာက်ဆံတင်းလျက် မခွာရက်အောင် ဗျာပါရများ ဗျာပါရများနေလို့လည်း မလိုမုန်းထားသူများကိုလည်း ဂရုတစိုက် အရေးမယူထိုက်၊ Trang325 ပန်းနံ့သာ တင်သ၍ နေသော်လည်း ဝမ်းမသာ, မစင်ဘင်ပုပ် စွန့်ချ သွားသည်ကိုလည်း အရေးမကြီးသော မဟာပထဝီမြေကြီးကဲ့သို့ မုန်းချစ်မပြု လျစ်လျူရှုနိုင်ရပေသည်၊ ထို့ကြောင့် ဥပေက္ခာပါရမီ ကိုလည်း အခွင့်အားလျော်စွာ ဖြည့်ကျင့်ဖို့ရန် ၁၀-ကြိမ်မြောက် ဆုံးဖြတ်တော်မူပြန်သည်။ အလောင်းဘုရားသည် ဤပါရမီတော်များအပြင် ဆင်ခြင်သော် လည်း ဖြည့်စရာ မြင်တော်မမူသောကြောင့် ဤပါရမီဆယ်ပါးကို အစကအဆုံး, အဆုံးကအစ ထပ်ကာထပ်ကာ ဆင်ခြင်တော်မူ ပြန်ရာ လွန်စွာ အားရတော်မူလှသဖြင့် ဆင်ခြင်တော်မူသော ဉာဏ်တော်၏ အစွမ်းကြောင့် ဤမဟာပထဝီမြေကြီးသည် (မြေစောင့်နတ်သည်) ကောင်းချီးမင်္ဂလာ ဩဘာပေးသောအနေ ဖြင့် ယန္တရားစက်ကို လှည့်လိုက်သကဲ့သို့ သွက်သွက်ခါအောင် တုန်လှုပ်ရလေသည်၊ အလောင်းဘုရားလည်း ထိုပါရမီများကို ဖြည့်ကျင့်ဖို့ရန် ဟိမဝန္တာသို့ ပြန်ကြွတော်မူလေသည်၊ ထိုဘဝမှ စုတေသော် ဗြဟ္မာ့ပြည်သို့ရောက်၍ ထို့နောက် ကမ္ဘာပေါင်းများစွာ၌ သင့်ရာသင့်ရာ ပါရမီတော်များကိုလည်း ထူးထူးခြားခြား ဖြည့်ကျင့် တော်မူခဲ့ပေသည်။ သိဝိဇာတ်တော်နှင့် ဒါနပါရမီ။ ။ အလောင်းဘုရားသည် သိဝိမင်းဘဝ၌ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာကို အကုန်ခံ၍ လှူနေရသော်လည်း တင်းတိမ်အားရတော် မမူနိုင်သောကြောင့် “ငါ့မှာ လှူရိုးလှူစဉ်ဒါန၌ မလှူဖူးတာ မရှိတော့ပြီ၊ ယခုအခါ Trang326 မျက်လုံးကို အလှူခံလာလျှင် လှူချင်စမ်းပါဘိတော့”ဟု အကြံဖြစ်လေ သည်၊ အကြံကို သိကြားမင်းသိသဖြင့် မျက်မမြင်ပုဏ္ဏားယောင် ဟန်ဆောင်ပြီးလျှင် မျက်လုံးတစ်ဖက်ကို အလှူခံရန် လာလေသော် “ငါ၏အကြံ အထမြောက်တော့မည်”ဟု ဝမ်းမြောက်တော်မူလျက် သမားတော်ကို ခေါ်စေပြီးလျှင် မျက်လုံးတစ်ဖက်ကို အလှူခံသော် လည်း ၂-ဖက်လုံးကိုထုတ်၍ ဆက်သဖို့ရန် အမိန့်ပေးတော်မူသောအခါ.... သမားတော်။ ။အရှင်မင်းမြတ်၊ မျက်လုံးတော်ကို မလှူသင့်ပါ၊ အခြားသောနည်းဖြင့် ဤပုဏ္ဏားကို ချမ်းသာအောင်ထားနိုင် ပါသည်၊ ဘုရင်မင်းမြတ် ဆိုသည်မှာ မျက်လုံးကွယ်နေလို့ မတင့် တယ်ပါ။ မင်းတရား။။သမားတော်... စကားမများနဲ့၊ မျက်လုံးကိုသာ ထုတ်၍ ဆက်ပါ။ [အမျိုးမျိုးသောနည်းဖြင့် တောင်းပန်သော် လည်း မရသောကြောင့် သမားတော်သည် မျက်လုံးအစုံကို ဆေးဖြင့်သုတ် လိမ်းလိုက်ရာ တစ်ခါတည်းဖြင့် မျက်လုံးများ စူ၍လာလေသည်။] သမားတော်။ ။အရှင်မင်းမြတ်... ပင်ကိုယ်အတိုင်းဖြစ်အောင် တတ်နိုင်ပါသေးသည် စဉ်းစားတော်မူပါ။ မင်းတရား။ ။သမားတော်- စကားမများနဲ့၊ ထုတ်သာ ထုတ်လိုက်။ ထို့နောက် ဆေးဖြင့်ထပ်၍ တို့လိုက်ပြန်ရာ မျက်လုံးတော် နှစ်ဖက် အပြင်သို့ထွက်၍ မျက်ကြောမျှင်များဖြင့် အောက်သို့ ကျလာလေသည်။] Trang327 သမားတော်။ ။အရှင်မင်းမြတ်... စဉ်းစားတော်မူပါ၊ ပင်ကိုယ် အတိုင်းဖြစ်အောင် တတ်နိုင်ပါသေးသည်။ မင်းတရား။ ။(ဆတ်ဆတ်တုန်အောင် နာကျင်သည်ကိုမျှ ဂရုစိုက် တော်မမူဘဲ) စကားမများနဲ့ သမားတော် ဖြတ်သာ ဖြတ်လိုက်ပါ။ ထို့နောက် မည်သည့်နည်းနှင့်မျှ တောင်းပန်၍ မရသော ကြောင့် မျက်ကြောများကို ဓားဖြင့်ဖြတ်လျက် မျက်လုံးနှစ်ဖက်ကို ဆက်ရရှာလေသည်၊ ထိုအခါ မင်းတရားသည် မျက်စိမမြင်ဘဲလျက် နှစ်သက်ရွှင်ပျစွာ မျက်လုံးတော်နှစ်ဖက်ကို ပုဏ္ဏားလက်သို့ လှူတော် မူရှာသည်။ [သိဝိမင်းကား ဘုရားအလောင်း၊ သမားတော်ကား အရှင်အာနန္ဒာအလောင်းတည်း။] ဤသို့လျှင် မျက်လုံးကို ထုတ်၍ထုတ်၍ လှူခဲ့သည်မှာ မိုးပေါ်က ကြယ်တွေထက်ပင် များပါသေး၏၊ အသားတော်ကို လှူခဲ့သည်မှာ ဤမဟာပဝီမြေကြီးထက်ပင် များပါသေး၏၊ အသွေးတော်ကို လှူခဲ့သည်မှာ သမုဒ္ဒရာရေထက်ပင် များပါသေး၏၊ ဝေဿန္တရာမင်း အဖြစ်၌ကား ဘုရားရှင်၏ ဒါနတော်ကို ကြည်ညို၍ အားမရအောင် ရှိပါတော့သတည်း။ သင်္ခပါလနဂါးမင်းနှင့် သီလပါရမီ။ ။ဘုရားအလောင်းတော် သည် သင်္ခပါလနဂါးမင်းဖြစ်စဉ်က “ငါ၏ အရေ အသား အကြော အရိုးများကို အလိုရှိသူ ယူစေတော့”ဟု မိမိကိုယ်ကို စွန့်၍ လူတို့ သွားရာ လမ်းအနီး တောင်ပို့ကြီးအပေါ်မှာ သီလဆောက်တည်၍ နေလေသည်၊ မုဆိုး၏ သားတို့သည် ထိုနဂါးကို မြင်လျှင် အနီးသို့ Trang328 ချဉ်းကပ်၍ အချို့က လှံဖြင့်ထိုး, အချို့က စို့ဖြင့်နှက်, နှခေါင်း နှစ်ဖက်ကိုထိုး၍ နဖားကြိုးတပ်သူက တပ်ပြီး ဆိုင်းဖြင့် ထမ်းဆောင် သွားကြလေရာ ရန်မူလိုပါလျှင် နှာခေါင်းမှ လေကို မှုတ်လိုက်ရုံမျှဖြင့် တောတောင်နှင့်တကွ သမုဒ္ဒရာရေပြင်ကိုပါ မီးဟုန်းဟုန်း ထစေနိုင် ပါသော်လည်း အသက်ကိုစွန့်၍ သီလကို စောင့်တော်မူရှာပေသည်၊ ဤသို့ သီလပါရမီဖြည့်ကျင့်တော်မူရာ ဇာတ်တော်ပေါင်း များစွာကို လည်း ကြည်ညို၍ အားမရနိုင်အောင် ရှိပါတော့သတည်း။ မဟာဇနက ဇာတ်တော်ကဲ့သို့ ထီးနန်းစည်းစိမ်ကြီးကိုပင် စွန့်ခွာတော်မူလျက် တောသို့ထွက်ကြွ၍ နေက္ခမ္မပါရမီကို ဖြည့် ကျင့်တော်မူပုံ, မဟောသဓဇာတ်တော်ကဲ့သို့ ပညာပါရမီတော် အစွမ်းဖြင့် သတ္တဝါများ ချမ်းသာအောင် ဆောင်ရွက်တော်မူခဲ့ပုံ တို့မှာ အားကျဖွယ်ရာ, ကြည်ညိုဖွယ်ရာကောင်းလှပါပေသည်။ ဝီရိယပါရမီနှင့် မဟာဇနက။ ။အလောင်းဘုရားသည်မဟာဇနကမင်းသားဖြစ်စဉ်က ၁၆-နှစ်အရွယ်၌ ကြီးကျယ်သော ရွက်သင်္ဘောကြီးဖြင့် လူပေါင်းခုနစ်ရာနှင့်အတူ သမုဒ္ဒရာကို ကူးတော်မူလေသည်၊ ခုနစ်ရက်လောက်အကြာ၌ လှိုင်းလေအဟုန် ကြောင့် ရွက်သင်္ဘောကြီးပျက်သဖြင့် လှိုင်းဂယက်အလယ်မှာ လူပေါင်းခုနစ်ရာလုံး ပြုတ်ပြုတ်ပြုန်းလျက် လုံးလုံးကြီး ငါးလိပ် ဖြစ်ကြလေသည်၊ ကျယ်ဝန်းသော ရေအပြင်သည် သွေးချင်းနီနေ၏၊ အလောင်းတော်ကလေးကား အနည်းငယ်မျှ ကြောက်ရွံ့တွန့်ဆုတ်ခြင်း မရှိဘဲ ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး ကူးတော်မူကာ ဝီရိယအစွမ်းကို ပြတော်မူခဲ့ပါသည်။ Trang329 ဓမ္မပါလဇာတ်တော်နှင့် ခန္တီပါရမီ။ ။ဘုရားအလောင်းတော်၏ဓမ္မပါလမင်းသားလေး ဘဝတုန်းက ခန္တီပါရမီ ဖြည့်ကျင့်တော်မူပုံမှာ ကြားရသူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေပါသည်၊ ခမည်းတော်သည် ဒေဝဒတ်အလောင်းဖြစ်သော မဟာပတာပမင်းဖြစ်၍ မယ်တော်ကား မိထွေးတော် ဂေါတမီအလောင်းဖြစ်သော စန္ဒာဒေဝီမိဖုရားတည်း။ တစ်နေ့သ၌ မိဖုရားသည် ၇-လ အရွယ်မျှသာ ရှိသေးသော သားတော်ကလေးကို ရေမိုးချိုးပေးကာ နံ့သာလိမ်းကျံ၍ အလွန် ပျော်ရွှင်စွာဖြင့် ချော့မြူနေတုန်းဝယ် မိမိအဆောင်တော်သို့ မဟာပတာပမင်း ရောက်လာသည်ကို ခရီးဦးကြို မပြုမိချေ၊ ထိုအခါ၌ “သူ့သား ငယ်စဉ်ကပင် ငါ့ကိုဂရုမစိုက်လျှင် သူ့သား ကြီးရင့်သောအခါ ငါ့ကို လူထင်တော့မှာ မဟုတ်”ဟု မဆိုင်သော သားအပေါ်မှာ ရန်သူလုပ်လျက် ပြင်းစွာအမျက်ထွက်၍ မိမိ အဆောင်တော်သို့ ပြန်သွားပြီးလျှင် သူသတ်ယောက်ျား အာဏာ သားတို့ကိုခေါ်၍ သားတော်ကို အယူခိုင်းပြီးနောက် နန်းကြမ်း ပြင်မှာ ချထားစေလေသည်။ မိဖုရားသည်လည်း ရှင်ဘုရင် စိတ်ဆိုးသွားသည်ကို သိ၍ ပြင်းစွာငိုကြွေးလျက် သားတော်ကလေးနောက်မှ လိုက်လာ၍ အမျိုးမျိုးတောင်းပန်တုန်းမှာပင် လက်ကလေးနှင့် ခြေကလေးများ ကို အဖြတ်ခိုင်း၏၊ ထိုအခါ မိဖုရားက လက်ပြတ် ခြေပြတ်ကလေး များကို ကောက်ယူလျက် ရင်ခွင်မှာထားပြီးလျှင် “ကိုင်း... ယခုမှဖြင့် သားတော်ကလေးက အရှင်မင်းကြီးကို ရန်မပြုနိုင်တော့ပါ၊ Trang330 သည်ကလေးနှင့် တော်ရာကိုသွားပြီး လုပ်ကိုင်စားသောက်ပါရ စေတော့”ဟု ပြောဆိုကာ သားတော်ကို တောင်းရှာလေသည်။ သားကလေးက မိမိဖခင် ရှင်ဘုရင့်အပေါ်မှာ စိတ်မျှ မပြစ် မှား၊ လက်ခြေကို ဖြတ်ထားသော်လည်း သနားစဖွယ် မျက်ရည်မျှ မလည်မူ၍ တင့်တယ်သောမျက်နှာဖြင့် သည်းခံခြင်းတရားကိုသာ များများကြီး အသုံးပြုတော်မူရှာပေသည်၊ [အို... အလောင်းတော် ကလေးဘုရား “အားရပါးရ နှိက်စက်သောဒဏ်ကို သည်းခံ၍ နေရ ခြင်းသည် ခန္တီပါရမီတစ်မျိုး ပြည့်တာပဲ”ဟု စိတ်ထဲ၌ တွေးကာ စိတ်မနာဘဲ ဝမ်းသာတော်မူပါသလားဘုရာ့၊ ဤမျှလောက် ဒုက္ခကြီး ကိုပင် ပါရမီဖြည့်မည့်အရေးကိုတွေးကာ ကျေနပ်တော်မူနေပါ သလားဘုရာ့။ ထိုမျှနှင့် အားမရသေးဘဲ ဦးခေါင်းကို အဖြတ်ခိုင်းပြန်လေရာ မယ်တော်မှာ မခံသာလှ၍ “မိမိ၏ ဦးခေါင်းကိုသာ ဖြတ်လိုက်ပါ တော့”ဟု အာဏာသားအထံချဉ်းကပ်ကာ ဦးခေါင်းကို စင်းထားလေ ၏၊ သို့သော် မိဖုရားကိုမဖြတ်ဘဲ သားတော်ကလေးကို အဖြတ်လိုက် တွင် မိဖုရား အသည်းကွဲ၍ စုတေပွဲဝင်ရှာလေသည်၊ မိဖုရားကြီး စုတေပြီးနောက် ရှင်ဘုရင်လည်း မနေတတ်မထိုင်တတ်ဖြစ်ကာ ရာဇပလ္လင်ပေါ်မှဆင်း၍ နန်းကြမ်းပြင်သို့ လျှောက်လေရာ ပျဉ်ချပ်တွေ ကွဲရာမှ မြေသို့အကျတွင် မြေတွင်းသို့ဝင်ကာ အဝီစိသို့ သွားရလေတော့သည်။ မဟာသုတသောမဇတ်နှင့် သစ္စာပါရမီ။။အလောင်းတော်၏ မဟာသုတသောမမင်း ဖြစ်စဉ်တုန်းက သစ္စာပါရမီကို ဖြည့်ကျင့် Trang331 တော်မူပုံမှာလည်း အတုယူစရာ, ကြည်ညိုစရာကောင်းလှပေသည်၊ ဗြဟ္မဒတ်မင်းအဖြစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေရာမှ လူသားစားမှု အတွက် တိုင်းပြည်က နှင်ထုတ်ခံရ၍ “ပေါရိသာဒ”ဟု ထင်ရှားခဲ့ သော နန်းကျဘုရင်သည် ပညောင်ပင်အောက်မှာနေလျက် တော သွား တောလာသူများကို ဖမ်းယူစားသောက်လေ့ရှိ၏၊ အခါတစ်ပါး ဝယ် အတော်ဝဖြိုးသော ပုဏ္ဏားကို ဖမ်းယူ၍ ပြေးစဉ် ရှားငုတ်တိုစူး သဖြင့် မသွားနိုင်၍ လူသားကို မစားရသောကြောင့် ညောင်ပင် စောင့်နတ်အား “အရှင်နတ်မင်း... ကျွန်ုပ်အနာပျောက်အောင် စောင့်ရှောက်တော်မူပါ၊ ၇-ရက်အတွင်း အနာပျောက်လျှင် တစ်ရာ့ တစ်ယောက်သော မင်းတို့၏ အသွေးအသားဖြင့် ယဇ်ပူဇော်ပါ မည်”ဟု တိုင်ကြားလေသည်၊ အစာမစားရသဖြင့် ၇-ရက်အတွင်းမှာ အနာသွေ့ချောက်၍ အလိုလိုပျောက်သည်ကို ညောင်ပင်စောင့်နတ် က ကယ်မသည်ဟု ထင်သဖြင့် မဟာသုတသောမမင်းမှတစ်ပါး အခြားသော မင်းများကို ဖမ်းယူပြီးလျှင် "ယဇ်ပူဇော်ရန် ပြင်ဆင်၍ ထားလေသည်။ * ရှင်ဘုရင်များကို ဖမ်းရာ၌ ရှေးဘဝက မိတ်ဆွေဖြစ်ခဲ့ဖူးသော ဘီလူး ထံမှ မန္တာန်ကို ရ၍ ထိုမန္တာန်အစွမ်းဖြင့် အလွယ်တကူ ဖမ်းယူနိုင် သည်၊ သုတသောမမင်းကိုကား တက္ကသိုလ်ပြည်၌ ပညာသင်စဉ် တုန်းက မိတ်ဆွေလည်းဖြစ်, လက်ထောက်ဆရာလည်း ဖြစ်ဖူးသော ကြောင့် မဖမ်းယူပဲ ချန်ထားလေသည်။ Trang332 ထို့နောက် ညောင်ပင်စောင့်နတ်ကလည်း မင်းတို့၏ အသွေး အသားများကို ပူဇော်မခံလိုသောကြောင့် သိကြားမင်း၏ အကြံပေးချက် အရ ကိုယ်ထင်ပြလျက် သုတသောမမင်း မပါလျှင် သင်၏ အပူဇော် မခံနိုင်ကြောင်းကို ပြောပြလေသော် ထိုစကားအရ သုတသောမ မင်းကို မဖမ်းလျှင် မဖြစ်တော့၊ ထို့ကြောင့် သုတသောမမင်း ခေါင်းဆေးမင်္ဂလာပြုမည့်နေ့၌ မင်္ဂလာကန်တော်အတွင်းဝယ် ပုန်းအောင်းလျက် ရေသုံးသတ်အပြီးတွင် ဖြုန်းခနဲထွက်၍ “ငါဟ... ပေါရိသာဒတဲ့”ဟု ကျယ်စွာသော အသံကိုပြုလျက် သန်လျက်ကို ဝင့်ကာ သုတသောမမင်းကိုထမ်း၍ စစ်တပ်အကြားမှ ထွက်သွား လေသည်။ (ထိုခေတ်က ပေါရိသာဒဆိုလျှင် အားလုံးလိုလို လန့်နေ ကြသောခေတ်ဖြစ်၍ မည်သူမျှမလှုပ်ဝံ့ဘဲ ပြားပြားဝပ်နေကြသတဲ့။) သုတသောမမင်း ခေါင်းဆေးမင်္ဂလာပြုရန် ထွက်လာစဉ်တုန်း က ပုဏ္ဏားတစ်ယောက်သည် တစ်ဂါထာလျှင် တစ်ရာတန်သော ဂါထာ ၄-ပုဒ်ကို ရွှေနားတော်သွင်းလိုကြောင်း ခွင့်တောင်းလေ သော် “ခေါင်းဆေးမင်္ဂလာပြုပြီး နောက်တစ်ရက်မှ ကြားနာပါ မည်”ဟု ဝန်ခံထား၏၊ ပေါရိသာဒ ဖမ်းသွားစဉ် ထိုဝန်ခံချက်ကို သတိရ၍ ညောင်ပင်အောက်သို့ ရောက်သောအခါ ထိုဂါထာကို နာယူပြီးလျှင် ပြန်လာခဲ့ပါမည်ဟု ယုံကြည်လောက်အောင် ပြောပြ၍ ပေါရိသာဒထံမှ ခွင့်ရလေသည်။ Trang333 ထို့နောက် တိုင်းပြည်သို့ ပြန်သွား၍ ဂါထာများကို နာယူကာ တစ်ဂါထာကို တစ်ထောင်ကျ ဆုတော်များကို ပေးသနားလေသည်၊ ထို့နောက် တိုင်းပြည်ကို ခမည်းတော်ထံအပ်နှံ၍ တိုင်းသူပြည်သား လူအများတို့က တားကြသော်လည်း “ပြန်လာပါမည်”ဟူသော ကတိသစ္စာကို မဖျက်ဘဲ “ဧကန် သတ်မှာပဲ”ဟု သိတော်မူပါလျက် နှင့် ပေါရိသာဒထံ ဆက်ဆက်ကြီး ပြန်လာတော်မူခဲ့ပေသည်။ ဤနေရာ၌ အသက်စွန့်၍ သစ္စာပါရမီဖြည့်ပုံကို သတိထားရာ၏။] ပေါရိသာဒလည်း မကြောက်မရွံ့ ရဲဝံ့စွာ ပြန်လာပုံကို အံဩ၍ “ဘယ်အတွက် မကြောက်ပါလိမ့်မည်နည်း”ဟု စဉ်းစားရာ ထိုနာယူ ခဲ့သော ဂါထာ၏တန်ခိုးများပင် ဖြစ်လေရော့သလားဟု အောက်မေ့ ၍ ထိုဂါထာများကို နာယူလိုကြောင်း ခွင့်တောင်းလေသည်၊ ထို ဂါထာများကို နာယူပြီးသောအခါ စိတ်ပြောင်းသွားကာ “ထိုဂါထာ များကို ပြောပြသည့်အတွက် အလိုရှိရာဆုကို ယူပါ”ဟု တောင်းပန် လေသော် သုတသောမမင်းသည် ဖမ်းထားသော မင်းအများကို လွှတ်ဖို့နှင့်တကွ အခြားဆုများကို တောင်း၏၊ ထိုအခါ အစက ငြင်းသော်လည်း တဖြည်းဖြည်း စိတ်ပြောင်းကာ တစ်ရာသော မင်းအပေါင်းကို လွှတ်ပြီးနောက် သုတသောမမင်း၏ အဆုံးအမကို နာခံ၍ လူသားစားမှုကိုပါ ရှောင်ကြဉ်လေသည်၊ ထို့နောက် မူလတိုင်းပြည်သို့ ပြန်ရောက်၍ မင်းအဖြစ်ကို ရပြီးနောက် တစ်ရာ သော မင်းများလည်း ဆိုင်ရာတိုင်းပြည်သို့ ပြန်သွားကြလေသည်။ Trang334 အမှာ။ ။ဤဇာတ်၌ အလောင်းတော်၏ သစ္စာပါရမီသည် အသက်ကိုစွန့်၍ ဖြည့်ကျင့်အပ်သော ပါရမီတော်တည်း၊ ထိုပါရမီ တော်၏ အစွမ်းကြောင့် အားလုံးသော မင်းများလည်း လွတ်လတ် ချမ်းသာခွင့်ရကြလေသည်။ အဓိဋ္ဌာန်ပါရမီ စသည်။ ။အလောင်းတော် တေမိမင်းသားဘဝ တုန်းက တောထွက်လိုသော ဆန္ဒတော်ကြောင့် “အ-ယောင်, ဆွံ့ယောင်, နားပင်းယောင်ဆောင်မည်”ဟု အဓိဋ္ဌာန်ပြုပြီးလျှင် တစ်ဆယ့်ခြောက်နှစ်တိုင်အောင် စမ်းသပ်မှုအမျိုးမျိုးကို သည်းခံ အောင့်အည်းလျက် အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော်မူပုံမှာလည်း အံ့ဩဖွယ်ကောင်းလှပါသည်။ မေတ္တာပါရမီ, ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မူခဲ့ရသည်မှာ လည်း ဘဝပေါင်းများစွာတည်း၊ ထိုပါရမီ ၁ဝ-ပါးကို လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်တော်မူပြီးနောက် ဝေဿန္တရာ မင်းအဖြစ်သို့ အရောက်မှာ ပြည့်စုံလုံလောက်ပြီဖြစ်၍ ထိုမှတစ်ဖန် တုသိတာနတ်ပြည်၌ နတ်မင်းအဖြစ်ဖြင့် စိုးစံတော်မူလေသည်။ ပဋိသန္ဓေတည်နေတော်မူခန်း။။နတ်သက်စေ့သောအခါ တစ်သောင်းသော စကြဝဠာမှ နတ်ဗြဟ္မာအပေါင်းတို့သည် “လူ့ပြည်၌ ပဋိသန္ဓေတည်နေတော်မူလျက် ဘုရားဖြစ်တော်မူ၍ သတ္တဝါအများ ကို ကယ်ဆယ်တော်မူပါရန်” တောင်းပန်ကြသဖြင့် Trang335 *ကပိလဝတ်နေပြည်တော်ဝယ် “မယ်တော်မာယာ” မိဖုရား၏ ဝမ်းတိုက်၌ စွဲပိုက် သန္ဓေတည်တော်မူလေသည်။ မီးရှုးသန့်စင်တော်မူခန်း။ ဝါဆိုလပြည့်နေ့ဝယ် ပဋိသန္ဓေနေ တော်မူခဲ့၍ ဆယ်လစေ့ရာ ကဆုန်လပြည့်နေ့၌ မယ်တော်မာယာ သည် ဆွေတော်မျိုးတော်များနေထိုင်ရာ ဒေဝဒဟပြည်သို့ သွားလိုပါ ကြောင်း သုဒ္ဓေါဓနမင်းထံ ခွင့်တောင်း၍ မင်းခမ်းမင်းနား ခင်းကျင်း လျက် ထွက်တော်မူခဲ့ပြီးလျှင် “လုမ္ဗိနီ”ခေါ် အင်ကြင်းဥယျာဉ်တော် ၏ သာယာပုံကို မြင်တော်မူသဖြင့် ရှုစားတော်မူရန် ခေတ္တဝင်တုန်း မှာပင် ကမ္မဇလေလှုပ်ရကား အင်ကြင်းခက်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကောင်းမွန်စွာ ရပ်တော်မူရင်းမှာပင် အလောင်းဘုရားကို မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။ ————————————- * ကပိလဝတ်နေပြည်တော်ကား ယခုအခါ အိန္ဒိယမြောက်ပိုင်း နီပေါ နယ်တွင်းမှာ ရှိ၏၊ ဟိမဝန္တာနှင့် တော်တော်နီးသတဲ့၊ ထိုစဉ်က ကပိလဝတ် နေပြည်တော်ကို သုဒ္ဓေါဒနမဟာရာဇာသည် “မာယာဒေဝီ, ဂေါတမီ” ဟူသော ညီအစ်မတော်နှစ်ပါးကို သိမ်းပိုက်၍ စိုးစံတော်မူလေသည်၊ ကမ္ဘာဦးက မင်းမျိုးအစဉ်အဆက်မှ ဆင်းသက်လာခဲ့သော သာကီဝင် မင်းမျိုးဖြစ်၍ အမျိုးအားဖြင့် အမြတ်ဆုံးဟု ထင်ရှားကျော်စောလေ၏၊ မြန်မာများလည်း ထိုသာကီဝင်မင်းမျိုးနှင့် အဆက်အနွယ် တူသည်ဟု ရာဇဝင်က ယူရုံသာမက လူပုံပန်းနှင့် တစ်ချို့ စကားသုံးများ ခပ်ဆင်ဆင် ဖြစ်ပုံကို ထောက်၍ ယုံမှားမရှိသင့်။ Trang336 သန့်စင်သောအခါ သုဒ္ဓါဝါသဘုံသား ရဟန္တာ ဗြဟ္မာမင်း များက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော်ရှေ့၌ပြကာ “အရှင်မိဖုရား ဝမ်းမြောက်တော်မူပါ, သားရတနာကို ဖွားမြင်ပါပြီ”ဟု ပြောဆိုကြ လေ၏၊ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သား အမွှေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်သို့ လှမ်းလိုက်လေသည်၊ ထို့နောက် လူတို့လက်မှ ဆင်းလျက်မြေ၌ တည့်မတ်စွာ ရပ်တော်မူ၍ အရပ်ဆယ်မျက်နှာကို ရှုစားတော်မူလေရာ အားလုံးသော နတ် ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်လှမ်း လောက် ကြွလှမ်းပြီးလျှင် “အဂ္ဂေါဟမသ္မိ လောကဿ-တစ်လောက လုံး၌ ငါသာလျှင် အမြက်ဆုံး”ဟူသော စကားသံကို ခန့်ခန့်ညားညား မိန့်မြွက်တော်မူလေသည်။ အကျိုးအားလုံးကို ပြီးစီးစေနိုင်သောကြောင့် အလောင်း ဘုရားကို “သိဒ္ဓတ္ထ”ဟု နာမည်တော် တင်သကြလေသည်၊ ထို့နောက် ရုပ်လက္ခဏာကို ကြည့်ရှုစစ်ဆေးကြသော ပုရောဟိတ်ပုဏ္ဏားတို့ တွင် ပုဏ္ဏားခုနစ်ယောက်တို့က လက်နှစ်ချောင်း ထောင်ပြလျက် “လူ့ဘောင်မှာ နန်းစံလျှင် စကြားမင်း, တောထွက်တော်မူလျှင်ကား —————————————————— * အချို့က ဘုရားအလောင်းကို နားမှဖွားသည်ဟု ထင်ကြလေသည်၊ မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းစာများ၌ကား လက်ယာနံပါးမှ ဖွားသည်ဟု ဆို၏၊ မဟုတ်ပါ၊ ထုံးစံအတိုင်းသာတည်း၊ ဘုရားအလောင်း ဖွားမြင်ပြီး နောက် ၇-ရက်မြောက်မှာ မယ်တော်မာယာ နတ်ရွာစံ၏၊ သို့သော် ဖွားမြင် ရခြင်းကြောင့် စံရသည်မဟုတ်၊ ကံကုန်၍ စံရခြင်းဖြစ်သည်။ Trang337 ဘုရားဖြစ်လိမ့်မည်”ဟု ဟောကြ၍ အညာသိကောဏ္ဍညမထေရ် အလောင်းဖြစ်သော အငယ်ဆုံးပုဏ္ဏားကမူ လက်တစ်ချောင်းသာ ထောင်ပြလျက် “ဧကန်မုချ ဗုဒ္ဓဖြစ်လိမ့်မည်”ဟု ဟောလေသည်။ [ထိုအဟောကို အခြားပုရောဟိတ်တို့ကလည်း သဘောတူကြလေ သည်။] ကြင်ရာတော်ရွေးခန်း အလောင်းဘုရားသည် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ သာကီဝင်မင်းမျိုးအားလုံးကပင် တောထွက်သွားမည်ကို စိုးရိမ်ကြ၏၊ စကြာမင်း စည်းစိမ်ကြီးဖြင့် လေးကျွန်းလုံးကို အုပ်စိုးလျက် သာကီဝင် တစ်မျိုးလုံးက အထက်တန်းက နေလိုကြ၏၊ ထို့ကြောင့် တစ်နေ့သ၌ သုဒ္ဓေါဒနမင်းကြီးထံ ညီလာခံရင်း စကားစပ်မိကြသဖြင့် “အလောင်းဘုရားကို သင့်လျော်သော ကြင်ရာတော်နှင့်ဖက်စပ်၍ ထီးနန်းကို အပ်နှင်းမှ သာ၍ စိတ်ချရမည်၊ သို့မဟုတ်လျှင် တောထွက် သွားလိမ့်မည်ဟု ပြောဆိုကြရာ သမီးရှင်ဖြစ်ကြသော မင်းကြီး အများကပင် မိမိ၏သမီးတော်နှင့် သင့်လျော်ကြောင်းကို အသီး အသီး ပြောဆိုကြသတဲ့။ ထိုအခါ သုဒ္ဓေါဒနမင်းက “သားတော်၏ အလိုကို သိဖို့ရန် ခဲယဉ်းပေသည်၊ သားတော်၏ အလိုမကျလျှင် သင့်လျော်မည် မဟုတ်၊ သားတော်ကို စုံစမ်းကြရမည်”ဟု အမိန့်တော်ရှိ၏၊ အလောင်း ဘုရားထံ စုံစမ်းကြလေရာ ရှေးဦးစွာ “ထီးနန်းမစံလိုကြောင်း” ငြင်း ပယ်သော်လည်း အမျိုးမျိုးတောင်းပန်ကြသဖြင့် “ဤဂုဏ်အင်္ဂါ Trang338 များနှင့် ပြည့်စုံသော ကြင်ရာတော်ကိုရလျှင် ထီးနန်းလက်ခံပါမည်”ဟု ခမည်းတော်ထံ သံတော်ဦးတင်လေသည်။ ကြင်ယာတော်၏ ဂုဏ်အင်္ဂါများ ၁။ အဆင်းအရွယ် တင့်တယ်လှပခြင်း၊ ၂။ အလှဆုံးဖြစ်သော်လည်း ရုပ်အဆင်းအတွက် မာန်မာန မတက်ခြင်း၊ ၃။ မိမိအပေါ်မှာ မိခင်အလား မေတ္တာစိတ်များများဖြင့် လေးလေး စားစား ယုယတတ်ခြင်း၊ ၄။ စွန့်ကြဲပေးကမ်း လှူဒါန်းနေရသည်ကိုပင် အလွန်ပျော်စရာဟု မှတ်ထင်လေ့ရှိခြင်း၊ ၅။ သူတစ်ပါးကို မထီလေးစား မပြုသည့်အပြင် မာယာ- သာဌေယျအမှုမှလည်း ကင်းရှင်းခြင်း၊[မိမိမှာရှိသော အပြစ် ကို မရှိဟန်ဆောင်ခြင်းကို “မာယာ”ဟု ခေါ်၍ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်ခြင်းကို “သာဌေယျ”ဟုခေါ်သည်။] ၆။ မာန်မာန မကြီးရသော်လည်း သူတစ်ပါး၏ အစေအပါး ကဲ့သို့ အောက်ကျနောက်ကျလည်း မရှိရခြင်း၊ [အားလုံး အပေါ်၌ သဘောထားကြီးကြီးနှင့် ခန့်ခန့်ကြီးနေတတ်ရမည် ဟူလို။ ၇။ လောကီအာရုံ ကာမဂုဏ်၌ မက်မက်မောမော မရှိရခြင်း။ ၈။ မိမိ၏ စီးပွားဥစ္စာ, မိမိ၏ အရှင်သခင်နှင့်သာ တင်းတိမ် ရခြင်း။ Trang339 ၉။ ယောက်ျားတစ်ပါးနှင့်ဆိုလျှင် အိပ်မက်ကိုသော်မျှ မမက်မိ အောင် စောင့်စည်းရခြင်း၊ ၁ဝ။ သစ္စာဂတိ ကောင်းစွာရှိ၍ တရားပြည့်ဝခြင်း၊ ၁၁။ ကိုယ်,နှုတ်,နှလုံး သုံးပါးလုံး စောင့်စည်းလေ့ရှိရခြင်း၊ ဤသို့ စသော ဂုဏ်အင်္ဂါများတည်း။ ဤဂုဏ်အင်္ဂါတို့နှင့်ပြည့်စုံသော မင်းသမီးကို လှည့်လည်ရှာဖွေစေ ရာ သုပ္ပဗုဒ္ဓမင်း၏ အိမ်တော်သို့ရောက်သောအခါ “ယသော်ဓရာ” အမည်ရှိသော မင်းသမီးကို တွေ့လေလျှင် မင်းသမီးက စတင်၍ စုံစမ်းလာသော အမတ်တို့ကို လောကွတ်ပျူငှာပြုလျက် “မည်သည့် ကိစ္စဖြင့် အိမ်တော်သို့ ကြွလာပါသလဲ”ဟု မေး၍ အကြောင်းစုံကို သိရလေသော် တော်တော်သွက်လက်သော အာဇာနည်မင်းသမီး ဖြစ်သည့် အားလျော်စွာ ဂုဏ်အင်္ဂါတို့ကို တောင်းယူကြည့် ရှုပြီးလျှင် “ဤဂုဏ်များနှင့် ပြည့်စုံသူမှာ မိမိတစ်ယောက်သာရှိကြောင်းကို မောင်တော်ဘုရားအား သံတော်ဦး တင်လိုက်ကြပါ၊ မောင်တော် ဘုရားမှာ ဂုဏ်မဲ့သိန်ကင်း ညံ့ဖျင်း ရိုးအသော ကြင်ယာနှင့်အတူ ထီးနန်းစံနေတာကို မမြင်ပါရစေနှင့်”ဟု မှာထား ပြောဆိုလိုက်လေ သည်။ မှတ်ချက်။ ။ယသော်ဓရာ မင်းသမီးကား သာမညပါရမီရှင် မဟုတ်ပေ၊ ဘုရားအလောင်း သုမေဓာဘဝက ကြာပန်းများကို ဆက်ကပ်ပြီးလျှင် အတူဆုပန်လာခဲ့သော “သုမိတ္တာ”အမျိုးသမီးပင် Trang340 ဖြစ်သည်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် အလောင်း တော်၏ ပါရမီကို ကူညီခဲ့ရသဖြင့် သူ့အတွက် ပါရမီတွေမှာ ပိုလွန်၍ နေလေပြီ၊ ပရိနိဗ္ဗာန်စံခါနီး၌ မိန်းမအများတွင် မိမိသည် အလှဆုံး အချောဆုံးဟု ထုတ်ဖော်၍ ပြောဆိုထားသဖြင့် ရုပ်အဆင်းဘက်က “မိန်းမအားလုံးတို့၏ မျက်နှာဖုံး”ဟု ဆိုရပေမည်။ ပါရမီတော် ဖြည့်စဉ်အခါဝယ် အလောင်းတော်ဘုရား၏ တတွတ်တွတ် သွန်သင်ပြသ ဆုံးမသံတွေကို စိတ်ရောကိုယ်ပါ နာခံခဲ့ ရလှသဖြင့် လိမ္မာရေးခြား ပါးပါးနပ်နပ် ဖျတ်လတ်သည့်ဘက်ကမူ မည်သူနှင့်မျှ မတူနိုင်ပါ၊ ဣန္ဒြေစောင့်စည်းသည့်ဘက်ကဆိုလျှင် အမရာဒေဝီ, ကိန္နရီနှင့် မဒ္ဒီမိဖုရား စသော ဘဝတုန်းကပင် အားရ ကျေနပ်ဖွယ်ကောင်းလှပြီဖြစ်၍ အထွတ်အထိပ်ရောက်နေသော ယခုဘဝမှာ အပြစ်ရှာသော်လည်း တွေ့ရတော့မည် မဟုတ်ပါ၊ အချုပ်အားဖြင့်ဆိုရလျှင် “အမျိုးသမီးအားလုံး၏ တစ်မျိုးစီတစ်မျိုးစီ အစွမ်းကုန်ရှိနေသော ဂုဏ် အင်္ဂါတွေကို ယသော်ဓရာတစ်ယောက် တည်း၌ အပြည့်အစုံ ခြုံပြီးဖြစ်နေသည်”ဟု ဆိုလိုပါသည်။ ထီးနန်းစံတော်မူခန်း ခမည်းတော် သုဒ္ဓေါဒနမင်းသည် ပြခဲ့သော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော ယသော်ဓရာမင်းသမီးကို သာကီဝင်မင်းသမီး လေးသောင်းတို့၏ ထိပ်ထားမိဖုရားခေါင်အရာ၌ မြှောက်စား၍ အလောင်းတော်ဘုရားနှင့်အတူ ဘိသိက်ခံတော်မူပြီးလျှင် ဆောင်း Trang341 ဥတုအခါတွင် စံမြန်းတော်မူရန် “ရမ္မ”မည်သော ၉-ဆင့် တိုက်နန်းကို လည်းကောင်း, နွေဥတုအခါတွင် စံမြန်းတော်မူရန် “သုရမ္မ”မည် သော ၅-ဆင့် တိုက်နန်းကိုလည်းကောင်း, မိုးဥတုအခါတွင် စံမြန်း တော်မူရန် “သုဘ”မည်သော ၇-ဆင့် တိုက်နန်းကိုလည်းကောင်း ခမ်းနားစွာ တည်ဆောက်စေတော်မူသည်။ဇိနာလင်္ကာရဋီကာ၊ ဆောင်း နွေ မိုး ဥတုသုံးပါးအလိုက် သိုက်မြိုက်သော အသုံး အဆောင် ဥယျာဉ် ရေကန်တို့ကို တည်ဖန်ပြီးနောက် နွေဥတုရောက် သောအခါ စိတ်ကြည်နူးဖွယ်ရာ ရေပြွန်တို့မှ ရေပန်းတို့ကို ထွက်ဖြာ စေလျက် အထက်ကောင်းကင်၌လည်း သားရေများ ကြက်ပြီးလျှင် ထိုသားရေ မျက်နှာကြက်တို့အပေါ်၌ မိုးရွာသံ ထင်ရအောင် ကျောက်ခဲကလေးများဖြင့် အသံပေးကာ ဥယျာဉ်၏အလယ်မှာ စိတ်ဓာတ်ကို လွန်စွာအေးမြစေသည့်အပြင် နန်းတော်၏ အရှေ့ အနောက် ကန်တော်ကြီးတို့၌ ပျံသန်းပျော်မြူးနေကြသော ငှက်တို့၏ အသံက ထပ်မံအေးမြစေသည့်အတွက် အထက်နန်း၌ စံမြန်းရသည့် ပမာ လွန်စွာချမ်းမြေ့စေတော်မူပေသည်။ နန်းတော်ကြီး၏ အတွင်းမှာလည်း မကင်းစကောင်းသော ဆန္နအမတ်တို့လို အမတ်အချို့ကလွဲ၍ အားလုံးသောနေရာ၌ တင့်တယ်လှပသော အမျိုးသမီးများကိုသာ အမှုတော်ထမ်းစေရုံ မက “သူအို, သူနာ, သူသေတို့ကိုမြင်လျှင် တောထွက်လိမ့်မည်”ဟု နိမိတ်ဖတ်ထားသဖြင့် ထိုသူအိုစသူတို့ကို မမြင်ရအောင် နန်းတော်၏ Trang342 အနီးအပါး၌ အစောင့်အကြပ်များထားသည့်ပြင် တိတ်တဆိတ် ထွက်သွားမည်စိုးသဖြင့် လူတစ်ထောင်ဖွင့်မှ ပွင့်နိုင်မည့် မြို့တံခါး ကြီးကိုလည်း လဲလှယ်တပ်ဆင်ထားလေသည်။ သုဒ္ဓေါဒနမင်းကြီး၏ စီမံချက်အရ အလောင်းဘုရား၏ ရှေးဘုန်း ရှေးကံကြောင့် စိုးစံတော်မူရသော စည်းစိမ်ကား ကြီးကျယ်လှပါ ပေသည်၊ သာကီဝင်မင်းသမီးအပေါင်းတို့ အလယ်မှာ ယသော်ဓရာ မိဖုရား၏ ထူးခြားသော အသရေတော်သည် ကြယ်အပေါင်းတို့ အလယ်၌ လရတနာ တင့်တယ်သလို ရှိပါပေ၏၊ ကြီးမားသော မေတ္တာဖြင့် အရာရာယုယလေ့ရှိသော ယသော်ဓရာမိဖုရားကြောင့် အလောင်းဘုရား၏ နေက္ခမ္မဓာတ် မြင့်မြတ်သော စိတ်တော်သည် အိပ်ပျော်သကဲ့သို့ ထင်စရာရှိပေသည်။ သို့သော် အလောင်းဘုရားကား ထိုမျှနီးနီး လူ့စည်းစိမ်ကြီးကို ဘဝပေါင်းများစွာ၌ စွန့်ခဲ့ပေါင်း များပြီဖြစ်၍ ထိုကဲ့သို့ စည်းစိမ်ကြီး များကို စွန့်ခွာရာ၌ လွန်စွာကျင့်သားရပြီးဖြစ်၏၊ မူလဓာတ်ခံမှာလည်း သတ္တဝါတို့ကို ချမ်းသာအောင် ကယ်တင်လိုသော မဟာကရုဏာ ဓာတ်တော်ကြီးပေတည်း၊ ထိုမဟာကရုဏာတော် အလိုကျအောင် သတ္တဝါအများကို မကယ်ရသေးသမျှ အေးအေးလူလူ စည်းစိမ် ခံစားနိုင်မည်မဟုတ်ပါ၊ အထက်မြစ်ညာမှ အဟုန်ပြင်းစွာ စီးလာ တရဟောတိုက်လွှင့်၍ သမုဒ္ဒရာရောက်အောင် စီးသကဲ့သို့ ဘုရား သော ရေအယဉ်သည် လမ်းတွင်တွေ့သမျှ အရာဝတ္ထုတွေကို အလောင်း၏ သဗ္ဗညုတဉာဏ်ဘုရားဖြစ်ရန်အကြောင်း စုဆောင်း Trang343 ခဲ့သော ပါရမီတော်အဟုန်သည်လည်း ကာမဂုဏ်စည်းစိမ်ကြီးကို အပြီးသတ်တိုက်လွှင့်၍ တောထွက်ခွင့်ရဖို့ရန် စီမံပါလိမ့်မည်။ ***** သံဝေဂ ယူတော်မူခန်း အလောင်းဘုရားသည် ပြခဲ့သော ထီးနန်းစည်းစိမ်ကြီးကို ခံစားတော်မူစဉ် သက်တော် ၂၉-နှစ် အရွယ်သို့ ရောက်သောအခါ များစွာသော အခြွေအရံတို့ဖြင့် ဥယျာဉ်သို့ ထွက်တော်မူလေသော် အလောင်းဘုရား၏ တောထွက်ဖို့ အခွင့်အခါကို မကြာခဏကြည့်ရှု နေကြသော ဗြဟ္မာမင်းတို့က သူအို, သူနာ, သူသေ, ရဟန်းဟု ၄- ပါးသော နိမိတ်ကြီးများကို အစဉ်အတိုင်း ဖန်ဆင်းလျက် အလောင်း ဘုရားနှင့် ရထားထိန်းမြင်ရုံမျှ ပြကြလေသည်။ ထိုအခါ သူအို, သူနာ, သူသေတို့ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ ဖူးသော အလောင်းဘုရားသည် ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်အားလုံးပင် အိုရ, နာရ, သေကြရဦးမည့်အချက်ကို ဆက်လက်တွေးဆ သံဝေဂဖြစ်တော်မူတုန်းဝယ် သပ္ပာယ်သော ရဟန်းတော်ကို ဖူးမြော်ရသောအခါ ကမ္ဘာအဆက်ဆက်က နှစ်သက် ခဲ့သော အသွင်ဖြစ်ရကား အားရရွှင်လန်းလျက် ရဟန်းပြုဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလေသည်၊ ထို့နောက် ညနေချမ်း၌ ဥယျာဉ်တော် မင်္ဂလာရေကန်မှ ရထားစီး၍ ပြန်တော်မူလေသည်၊ ထိုပြန်ခါနီး၌ Trang344 သားတော်ရတနာ ဖွားမြင်တော်မူကြောင်းကို သံတော်ဦးတင်လာ သဖြင့် ““ရာဟုဇာတော-အနှောင်အဖွဲ့ဖြစ်ပါပကော”ဟု ညည်းတွား တော်မူလေသည်။ တောထွက်တော်မူခန်း အစီအစဉ် အလောင်းဘုရားသည် နန်းတော်သို့ ရောက်တော်မူပြီးနောက် ကချေသည် မောင်းမတို့ ကပြတီးမှုတ်လျက် ဖြေဖျော်ကြသည်ကို ရှေးကလို စိတ်ဝင်စားတော်မမူဘဲ သလွန်တော်၌ လျောင်းစက်တော် မူလေသည်၊ ထိုအခါ ကချေသည် မောင်းမအပေါင်းလည်း သီဆို တီးမှုတ်မှုများကို ရပ်တန့်၍ အိပ်ပျော်နေကြစဉ် ဒူးပေါ်, ပေါင်ပေါ် စသည်တို့ဖြင့် မလျော်သော အိပ်ပျော်နေကြပုံကို အလောင်းဘုရား စက်တော်ခေါ်ရာမှ အထတွင် မြင်တော်မူရ၍ ရှေးကထက် သံဝေဂ ရပြီးလျှင် “ယနေ့ညပင် တောထွက်တော့အံ့”ဟု ကြံတော်မူကာ ငယ်ကျွန်တော်ရင်း ဆန္နအမတ်မင်းကို နှိုးလျက် ကဏ္ဍကမြင်းကို ဆက်ဖို့ရန် အမိန့်ပေးလေသည်။ ထိုအခါ နန်းတော်၏ အတွင်းအပြင်၌ နတ်ဗြဟ္မာအများတို့ ရောက်နေကြ၏၊ နန်းတော်တွင်းရှိ လူများနှင့်တကွ တစ်မြို့လုံး မနိုးကြရအောင် နတ်များက စီမံထား၏၊ ကဏ္ဍကမြင်းတော်ကို ဆက်သဖို့ရန် ဆန္နသည် အတော်ဝန်လေး၏၊ တောထွက်မည်ကို ——————————————- * ရာဟု ဇာတော-ဟူသော စကားတော်ကြောင့် သားတော်ကို “ရာဟုလာ” ဟု နာမည်မှည့်ကြလေသည်။ Trang345 အမှန်ပင် မလိုလား၊ သူ၏သခင် စကြာရှင် ဖြစ်သည်ကိုသာ မြင်လို ၏၊ သို့သော် အမိန့်တော်ကို မလွန်ဆန်ဝံ့ရုံသာမက မည်သူမျှလည်း မနိုးကြသဖြင့် ကဏ္ဍကစီးတော်မြင်းကို ပြင်ဆင်ရရှာလေသည်။ အလောင်းဘုရားသည် တောသို့ ထွက်ခွာတော်မူခါနီးဝယ် သား တော်ကို ရှုစားတော်မူလိုသောကြောင့် ယသော်ဓရာမိဖုရား၏ အဆောင် တော်သို့ ကြွတော်မူလေသည်၊ ထိုအခါ အဆောင်တော်အတွင်းဝယ် နံ့သာတိုင်များကို ထွန်းညှိထား၏၊ ယသော်ဓရာမိဖုရားသည် မြလေး ပန်းတို့ဖြင့် ရောပြွမ်းနေသော သလွန်ပေါ်၌ သားတော်ကလေး၏ ဦးခေါင်းပေါ်မှာ ရွှေလက်တော်တင်လျက် စက်တော်ခေါ်နေ၏။ အလောင်းဘုရားသည် အဆောင်တော်၏ တံခါးခုံအတွင်းသို့ ချင်းနင်းမိသောအခါ လွန်စွာကျက်သရေရှိသော တိုက်ခန်းဝယ် တင့်တယ်သော သလွန်တော်ထက်၌ မြလေးပန်းတို့၏ အလယ်တွင် ရင်သွေးတော်ရတနာနှင့် ကြင်ယာတော်မိဖုရား စက်တော်ခေါ်နေ ပုံကို ရှုစားတော်မူရသောအခါ တော်တော်တန်တန် ပါရမီရှင်ဆိုလျှင် ထိုနေရာတစ်ချက်နှင့် တောထွက်ဖို့ အထမြောက်တော့မည် မဟုတ် ပါချေ။ မိဖုရားကား ရှိသမျှ အမျိုးသမီးတို့တွင် အသာဆုံးဖြစ်ရုံသာ မက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကစ၍ ပါရမီကို ကူညီလာခဲ့ရှာသူ ဖြစ်သည့်ပြင် မီးရှူးသန့်စင်ပြီးခါစ အားတော် ခပ်နွဲ့နွဲ့ဖြင့် သားတော်ကလေးအပေါ် လက်တော်တင်လျက် တောထွက်မည့်အကြောင်းကို လုံးလုံးမသိရှာဘဲ စက်တော်ခေါ်နေ၏၊ Trang346 သားတော်ကလေးကား ရင်သွေးတော်ရတနာ စကြာမင်းလောင်း လျာကလေး ဖြစ်ရုံသာမက တစ်ခါမျှလည်း အားရပါးရ ရှုစားတော် မမူရသေး၊ ရင်သွေးတော်ရတနာကို အားရပါးရ ပွေ့ယူတော်မူလို သော်လည်း မိဖုရား နိုးတော်မူလျှင် ထွက်နိုင်ဖို့ လမ်းမမြင်သော ကြောင့် “ဘုရားဖြစ်မှ သားချစ်ကို ရှုတော့အံ့”ဟု အာရုံတော် ရုပ်သိမ်း၍ အဆောင်တော်မှ ထွက်ခွာပြီးလျှင် မင်္ဂလာမြင်းတော် ထက်သို့ ရွှေစက်တော် တင်ရလေသည်။ တောထွက်တော်မူခန်း မင်္ဂလာမြင်းတော်ထက်သို့ ရောက်ပြီးနောက် ဝါဆိုလပြည့် သန်းခေါင်အချိန်မှာ နတ်ဗြဟ္မာများ ခြံရံလျက် ဖွားဘက်တော် ဆန္နအမတ်အား မြင်းမြီးကို ကိုင်ဆွဲစေပြီးလျှင် မြို့တော်တံခါး အနီး သို့ ရောက်သောအခါ မြို့တံခါးစောင့်နတ်များက အဆင်သင့် တံခါးကို ဖွင့်ကြလေသည်၊ ထိုအခါ မာရ်နတ်မင်းက “အသင် မင်းသား- တောထွက်ဖို့ မလိုပါ၊ မကြာခင် ၇-ရက်မြောက်၌ စကြာ ရတနာ ဆိုက်ရောက်ပါလိမ့်မည်”ဟု ပြော၍ တားမြစ်သော်လည်း ဂရုမပြု၊ စကြာမင်းစည်းစိမ်ကိုပင် လျစ်လျူရှုတော်မူလျက် မင်္ဂလာ တံခါးမှ ထွက်တော်မူလေသည်။ ထိုအခါ အချို့ နတ်ဗြဟ္မာတို့သည် မီးရောင်စုံများကို ရှေ့ နောက်ဝဲယာ ညှိထွန်းလျက် အချို့က ပန်းနံ့သာများကို ကြဲဖြန့် ပူဇော်ပြီးလျှင် အချို့က ဘုန်းတော်ဘွဲ့ သီချင်းနှင့် တူရိယာမျိုးစုံ တို့ကို တီးမှုတ်သီဆိုကာ လွန်စွာကြည်နူးဖွယ်ကောင်းပါပေသည်။ Trang347 ရဟန်းပြုတော်မူခန်း ထိုအစီအစဉ်ဖြင့် ထွက်တော်မူလာရာ အနော်မာမြစ်ကမ်းသို့ ရောက်တော်မူလျှင် မြင်းတော်ကိုအချက်ပေး၍ ရှစ်ဥသဘလောက် ဝေးသော ဟိုဘက်ကမ်းသို့ ပျံသန်းစေပြီးနောက် ထိုဘက်ကမ်း အရောက်တွင် ငွေသားအဆင်းရှိသော သဲသောင်ပြင်ဝယ် ထိုင်တော် မူ၍ သန်လျက်ဖြင့် ဆံတော်ကို ကိုယ်တိုင်ပယ်တော်မူလေသည်၊ ထို့နောက် ဆံတော်ကိုကောင်းကင်သို့ မြှောက်လိုက်သောအခါ သိကြားမင်း ခံယူ၍ တာဝတိံသာနတ်ပြည်၌ “စူဠာမဏိစေတီ”တည် ထားလေသည်၊ ထို့နောက် ဃဋိကာရဗြဟ္မာမင်းက ကပ်လှူအပ် သော ရဟန်းပရိက္ခရာတို့ကို ဆင်မြန်းတော်မူပြီးလျှင် ဝတ်လဲတော် ကို ကောင်းကင်သို့ မြှောက်ပြန်ရာ ဃဋိကာရဗြဟ္မာမင်း ခံယူ၍ ဗြဟ္မာပြည်၌ “ဒုဿစေတီ”တည်ထားကိုးကွယ်လေသည်။ အလောင်းဘုရားသည် ရဟန်းပြုတော်မူပြီးနောက် ဆန္နအား တိုင်းပြည်သို့ ပြန်ဖို့ရန် အမိန့်ပေးသံကို ကဏ္ဍကမြင်းတော် ကြားရ သဖြင့် မိမိ၏သခင်နှင့် ခွဲခွာရမည့်အချက်ကြောင့် စိတ်မသက် မသာ နှလုံးနာသဖြင့် စုတေရှာပြီးနောက် တာဝတိံသာနတ်ပြည်သို့ ရောက်လေ၏၊ ဆန္နအမတ်လည်း မိမိသခင်ကို ခွဲရမှာကတစ်ဖက်, မြင်းတော် စုတေသည်ကတစ်ဖက်နှင့် အခက်ကြုံကာ တိုင်းပြည်သို့ မပြန်လိုပါသော်လည်း အရှင်၏အာဏာကို မလွန်ဆန်ဝံ့သော ကြောင့်သာလျှင် တိုင်းပြည်သို့ ပြန်ရရှာလေသည်။ Trang348 နန်းတော်၌ ဖြစ်ပျက်ပုံ အလောင်းဘုရား တောထွက်သွားတော်မူပြီးနောက် အလင်းသို့ ရောက်သောအခါ အလောင်းဘုရားကို မတွေ့မြင်ရ၍ ယသော်ဓရာ မိဖုရား ရုတ်ခနဲ တသငိုကြွေးလိုက်သောအသံကို မောင်းမအများ ကြားသဖြင့် ဆင့်ကာဆင့်ကာ ငိုကြွေးကြလေရာ အလောင်းဘုရား တစ်နန်းတော်လုံး ဆူညံသွားလေသည်၊ အလောင်းဘုရား၏ စံနန်း က ဆူညံသံကို ခမည်းတော်မင်းကြီး ကြားသဖြင့် ချက်ချင်း စေလွှတ် ၍ မေးမြန်းစေရာ “အလောင်းဘုရား မရှိကြောင်း”ကို ကြားတော်မူ ပြီးလျှင် မြို့တံခါးတို့ကို အပိတ်ခိုင်း၍ လိုက်လံရှာဖွေကြစဉ် မိထွေးတော်ဂေါတမီသည် လူးကာလှိမ့်ကာနှင့် သားတော်ကို ရှာပေး ရန် သုဒ္ဓေါဒနမင်းကြီးထံ ပူဆာလေသည်၊ သုဒ္ဓေါဒနမင်းကြီးလည်း မိဖုရားကြီး ပူဆာသည်က တစ်တန်, ယသော်ဓရာစုဖုရားတို့ လှိုက်လှိုက်လှဲလှဲ ငိုသံကတစ်ဖက်, သားတော်ထွက်သွား၍ ရတက် မအေးရသည်က တစ်ဖုံနှင့် ဝိုင်းအုံ၍ နေသော ဒုက္ခတွေအကြားဝယ် မြင်းလျင်တော်များကို ဆင့်ခေါ်၍ သားတော်ကို မတွေ့တွေ့အောင် ရှာဖို့ရန် အမြန်စေခိုင်းတော်မူရလေသည်။ မြင်းလျင်တော်များသည် မင်္ဂလာတံခါးမှအထွက်တွင် ညဉ့်က ပူဇော်ကြသော ပန်းတွေကိုမြင်၍ လမ်းစဉ်အတိုင်း လိုက်သွားကြရာ ပြန်လာသော ဆန္နအမတ်နှင့် တွေ့ကြသဖြင့် အကြောင်းစုံကို သိကြ ရသောကြောင့် အတင်းပင့်သော်လည်း လိုက်တော့မည် မဟုတ်ဟု ဆန္န၏ ပြောချက်အရ တိုင်းပြည်သို့ ပြန်ခဲ့ကြရလေသည်၊ ဆန္န Trang349 အမတ် ဥယျာဉ်တော်သို့ရောက်လျှင် သုဒ္ဓေါဒနမင်းကြီးနှင့် တွေ့၍ အလောင်းဘုရားက ခမည်းတော် မယ်တော်ဘုရားများထံ မှာလိုက် သော စကားနှင့် အဖြစ်အပျက်ကို သံတော်ဦးတင်ပြီးနောက် အလွန် ပူဆွေးနေသော ယသော်ဓရာကို သက်သာနိုင်သမျှ သက်သာစေ ဖို့ရာ ယသော်ဓရာ စံနန်းသို့ ဆက်လက်သွားလေသည်။ ယသော်ဓရာတမ်းတခန်း အလောင်းဘုရား တောထွက်သွားသော်လည်း ယသော်ဓရာ မိဖုရား၏ စိတ်၌ “သုဒ္ဓေါဒနမင်းကြီး အရှာခိုင်းလိုက်သော မြင်းလျင် တော်များနှင့်အတူ ဆန္နရော အလောင်းတော်ဘုရားပါ ပြန်ပါလာ လိမ့်မည်”ဟုမျှော်လင့်ချက်ဖြင့် စိတ်သက်သာခွင့် ရရှာပေသေး၏၊ ထိုကဲ့သို့ မျှော်လင့်ချက်ဖြင့် အလောင်းဘုရား ပြန်လာမည့်လမ်းသို့ စိတ်အားထက်သန်စွာ မျှော်နေစဉ် ဆန္နတစ်ယောက်တည်း ပြန်လာ သည်ကို မြင်လိုက်ရလျှင် ရွှေရင်မှာ အပူခွေ့သဖြင့် မျောမေ့၍ သွားရှာလေတော့သည်၊ ရံရွေတော်များက နှာတော်ဆက်သ၍ သတိရသောအခါ အလောင်းဘုရား၏ဂုဏ်ကို ဖွဲ့နွဲ့ကာ ပြင်းစွာ ငိုကြွေးလျက် “ညဉ့်အခါတုန်းက မောင်တော်ဘုရား တောထွက် တော့မည်ဟု မြင်းတော်ကို တောင်းတဲ့အခါ အနှိုးတော်မဆက် ကောင်းလား”ဟု ဆန္နကို အပြစ်တင်လေသော်-- ဆန္နအမတ်က သံတော်ဦးတင်သည်မှာ “သခင်မဘုရား- ညဉ့်အခါ၌ ဖြစ်ပျက်ခဲ့ရပုံကို အလုံးစုံသံတော်ဦးတင်ပါမည်၊ ရွှေနား ဆင်တော်မူပါ၊ သန်းခေါင်ယံအချိန်လောက်တွင် အားလုံးသော Trang350 ရံရွေတော်များ အိပ်ပျော်နေကြစဉ်ဝယ် ဘုရာ့ကျွန်ကို ခေါ်တော်မူ၍ “ကဏ္ဍကမြင်းတော်ကို ဆက်ရမည်”ဟု အမိန့်ပေးပါသည်၊ ထိုအခါ တုန်းက သလွန်ပေါ်မှာ စက်တော်ခေါ်နေသော သခင်မဘုရားကို ဘုရာ့ကျွန် အမှန်ပင် အနှိုးတော်ဆက်ပါသည်၊ သို့ရာဝယ် နတ် အများက ပိတ်ချုပ်ထားသဖြင့် မည်သူတစ်ယောက်မျှ မနိုးကြပါ၊ သခင်မဘုရား- ငိုကြွေးခြင်းဖြင့် အကျိုးမရှိတော့ပါ၊ အမြတ်ဆုံး ဘုရားအဖြစ်ကို မကြာခင် ရပါတော့မည်၊ ထိုဘုရားအဖြစ်ကျမှ အားရပါးရ ဖူးမြော်ဖို့ရာ ဤရွှေနန်းတော်ကနေ၍ မျှော်လင့်တော်မူ ပါ”ဟု သံတော်ဦးတင်လေသည်။ လလိတဝိတ္ထာရကျမ်းလာ ယသော်ဓရာတမ်းတပုံ ဟာ မယှံ ပီတိဇနနာ, ဟာ မမ နရပုင်္ဂဝါ၊ ဟာ မမ သုရူပရူပါ, ဟာ မမ ဝရလက္ခဏာ။ မယှံ-မဒ္ဒီအဖြစ်, မောင့်ကိုချစ်၍, တောပြစ်ကိုခံ, တောမှာစံလျက်, တောဒဏ်ဖြင့်ပျော်, နှမတော်၏၊ ပီတိဇနနာ-အသုံးယဉ်ယဉ်, မမုန်းချင်အောင်, ပြုံးရွှင်စေတတ်, အို- မောင်တော်မြတ်ဘုရား၊ ဟာ-ယခုမှပင်, မပျော်ရွှင်အောင်, တမင်ရှောင်လျက်, တော တောင်သာခန်း, မောင်တော်လှမ်း၍, မြန်းရက်လေခြင်းဘုရား။ မမ- ကိန္နရီဘဝတုန်းက, ချုန်းချုန်းကျလျက်, တမ်းတနှောင့်နှေး, မောင့်အရေးကြောင့်, တွေးကာတွေးကာ, ငိုကြွေးရပါသော နှမတော်၏၊ နရပုင်္ဂဝါ-လူနတ်ကောင်းအောင်, သောင်းအထောင် Trang351 ၏, ခေါင်းဆောင်ရှေ့သွား, အို- မောင်တော်မြတ်ဘုရား၊ ဟာ- တစ်ဖန်ယခု, ငိုအောင်ပြုလျက်, စုစုကိုရှောင်, တောတောင် သာခန်း, မောင်တော်လှမ်း၍, မြန်းရက်လေခြင်းဘုရား။ မမ- အမရာမည်, အခါဆီဝယ်, သာကြည်ရွှင်ပျော်, အရှင်ကျော် အောင်, ထင်ပေါ်စေမှု, ကူညီ၍ ပြုခဲ့ရသော နှမတော်၏၊ သုရူပရူပါ-ပန်းတော်အင်ကြင်း, ပင်လုံးဝင်းမျှ, ပွင့်လင်းယှက် ဝေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာရှုမျှော်, အို- မောင်တော်မြတ်ဘုရား၊ ဟာ-သွေးတော်နုနု, သားရွှေဥမျှ, မရှုနိုင်အောင်, တမင်ရှောင်လျက်, တောတောင်သာခန်း, မောင်တော်လှမ်း၍, မြန်းရက်လေခြင်းဘုရား။ မမ- လေးအသင်္ချေထက်, ဟို့ဟိုဘက်က, မပျက်နှစ်ကိုယ်, မောင်တော့် ကိုပြု, မောင်တော်ရှုလျက်, ယခု ယသော်, နှမတော်၏၊ ဝရလက္ခဏာ-ယောက်ျားမြတ်၏, အမှတ်တံဆိပ်ဖြင့်, ခတ်နှိပ် စုံလင်, ဂုဏ်အင်ပြည့်မော်, အို- မောင်တော်မြတ်ဘုရား၊ ဟာ- တရားအသစ်, ဘုရားဖြစ်မှ, သားချစ်နှင့်အတူ, နာယူမည် မှန်းဆလျက်, တမ်းတကာ တစ်ကိုယ်ရေဖြင့် ငိုကြွေး၍ ကျန်ရစ် ရချေပေါ့ဘုရား။ အမှာ။ ။ကျမ်းရင်းကမဖွင့်သော်လည်း တမ်းတပုံ သရုပ်ပေါ်အောင် အမရာ, ကိန္နရီ, မဒ္ဒီဘဝနှင့် ယသော်ဓရာဘဝတို့ကို တန်ဆာ ဆင်လျက် အနက်ပေးထားသည်။ Trang352 ထို့နောက် ယသော်ဓရာမိဖုရားသည် အလောင်းဘုရား ဝတ်စား နေထိုင်တော်မူပုံကို မေးလေရာ ညဉ့်စာမစား, ပန်းနံ့သာမဆင်, ခမ်းနားသောအိပ်ရာတွင် မအိပ်ကြောင်းကို ကြားရသောကြောင့် အလောင်းဘုရားကို အတုလိုက်ပြီးလျှင် ညဉ့်စာအတွက် ပွဲတော် တည်မှု, ပန်းနံ့သာလိမ်းကျံမှု, ကြီးကျယ်ခမ်းနားသော အိပ်ရာနေရာ၌ စက်တော်ခေါ်မှုဟူသော ဝိကာလဘောဇန, နစ္စ, ဂီတ, ဥစ္စာသယန မဟာသယနသိက္ခာပုဒ်တော်များကို စောင့်ထိန်းကာ ၂၉-နှစ် အရွယ် တော်မှာပင် ဥပုသ်သည်ကလေးဖြစ်၍ နေရစ်ရှာလေသတည်း။ * ဒုက္ကရစရိယာ ကျင့်တော်မူခန်း ဘုရားအလောင်းတော်သည် ရဟန်းပြုပြီးနောက် ဒေသစာရီ လှည့်လည်တော်မူစဉ် အာဠာရနှင့် ဥဒကရသေ့တို့ထံဝင်၍ တရား ထူးကို စုံစမ်းတော်မူရာ လောကီဈာန်လောက်ကိုသာ ထိုရသေ့တို့ အထံမှ ရရှိသဖြင့် တင်းတိမ်အားရတော်မမူသောကြောင့် ဥရုဝေဠတောသို့ကြွ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူသည်။ ——————————————- * ၃ရ-ပြုနိုင်ခဲသောအကျင့်ကို +စရိယာ -ပြုကျင့်ခြင်း၊ အခြားသူတို့ ပြုကျင့်နိုင်ခဲသောအကျင့်ကို ကျင့်တော်မူခြင်းသည် “ဒုက္ကရစရိယာ” မည်၏၊ “ဒုက္ခစရိယာ”ဟု ပြောကြသည်မှာ ကျမ်းဂန်လာ မဟုတ်ပါ။ “ဒုက္ခစစ် အလောင်းတော် ၆-နှစ်မျှ ခန္ဓာကိုယ်ကို အလွန်ပင်ပန်းစေလျက် ကျင့်တော်မူ ခြင်းသည် စင်စစ် လမ်းမှန်ကျသောအကျင့် မဟုတ်ပါ၊ ထိုစဉ်က ခန္ဓာကိုယ်ပင်ပန်းခံနိုင်သော(အတ္တကိလမထ)အကျင့်ဖြင့် အသား Trang353 ကျင့်တော်မူပုံ အစီအစဉ်မှာ- ရှေးဦးစွာ“သေနာ”မည်သော နိဂုံးသို့ ဆွမ်းခံဝင်ကာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် မေတ္တာ ဘာဝနာကိုပွားများလျက် ထိုနေ့ကာလကို လွန်စေတော်မူသည်၊ ထို့နောက် ဆွမ်းအာဟာရကို သုံးဆောင်တော်မမူတော့ဘဲ အလို အလျောက် ကြွေကျလာသော သစ်သီးကိုသာ ကောက်ယူ၍ ဘုဉ်းပေး တော်မူ၏၊ ထို့နောက် ထိုထိုဤဤ သစ်ပင်အောက် လှည့်လည် ကောက်ယူ၍ စားရခြင်းကိုပင် အလုပ်ပျက်သည်ဟု အယူရှိသဖြင့် ကိုယ်တော်မြတ်နေရာ သစ်ပင်အောက်၌သာ ကြွေကျသော သစ်သီး များဖြင့် မျှတတော်မူလေသည်။ ထို့နောက် အစာအာဟာရ စားသောက်နေခြင်းကိုပင် အလုပ် ပျက်သည်ဟု ထင်တော်မူ၍ လုံးလုံးအစာမစားဖို့ရန် ကြံစည်သော် လည်း “အစာမစားဘဲနေလျှင် နတ်ဩဇာသွင်းပေးမည်”ဟု နတ် တို့က လျှောက်ထားကြသဖြင့် နတ်ဩဇာအသွင်းလည်း မခံလိုသော ကြောင့် လက်တစ်ခုပ်လောက် ပဲရည်, ဆီးသီးကလေးမျှကို ဘုဉ်းပေး တော်မူလေသည်။ ယူ၍ ဘုရားတစ်ဆူ လုပ်နေကြသော ခေတ်ကြီးပေတည်း၊ အလောင်းတော် လည်း ဇောတိပါလဘဝက ကဿပဘုရားရှင်အား “ဗောဓိဉာဏ်နှင့် ဝေးပါသေးရဲ့”ဟု နှုတ်ကြွေးတော် ဝစီပြစ်ကြောင့် ထိုအတ္တကိလမထ အကျင့်မှားကိုပင် ကျင့်မိတော်မူလေသည်၊ “ဇောတိပါလ, ဖြစ်စဉ်ကလျှင်, ကဿပဘုန်းရှိ, စောမုနိကို, ဗောဓိဉာဏ်ရေး, အလွန်ဝေးဟု, နှုတ်ကြွေး တင်လစ်, ဝစီပြစ်ကြောင့်, ခြောက်နှစ်ဒုက္ကရ, ကျင့်လွဲရ၏”။ Trang354 ထိုသို့ အာဟာရလည်း ဆုတ်ယုတ်, တရားကိုလည်း အားထုတ်မှု ကြောင့် အလောင်းဘုရား၏ ရွှေအဆင်းသို့ ဝါဝင်းပြည့်ဖြိုးသော ကိုယ်တော်သည် ညိုမည်းခြောက်ကပ်၍ နေလေတော့၏၊ သွေးသား ဟူ၍ မရှိတော့ဘဲ အရိုးနှင့်အရေသာ ကျန်လေတော့သည်၊ ထိုကဲ့သို့ ခြောက်ကပ်မှုကြောင့် ဝစ္စမဂ်(စအို)သည် အတွင်းသို့ တွန့်နေရကား ကျင်ကြီးစွန့်လိုသောအခါ မစွန့်နိုင်ဘဲ မူးမိုက်၍ ထိုင်နေရာမှာပင် လဲရှာလေသည်။ ဤသို့သော နည်းများဖြင့် ၆-နှစ်ခန့်ကြာအောင် ဒုက္ကရစရိယာ ကျင့်တော်မူသော်လည်း တရားထူးကို မရနိုင်သောကြောင့် အတိုင်း ထက်အလွန် ခန္ဓာကိုယ်ကို အပင်ပန်းခံခြင်းသည် သမာဓိရဖို့ရန် နည်းလမ်းမဟုတ်သေးသဖြင့် နောက်တစ်ဖန် သေနာနိဂုံး၌ ဆွမ်းခံ၍ အာဟာရကို မှီဝဲပြန်ရာ မကြာခင် အားအင်တိုးပွား၍ ပင်ကိုယ်က အရေအသားများ ဖြစ်ပေါ်လာလေသည်။ မာရ်နတ်ကိုအောင်မြင်တော်မူခန်း ဘုရားအလောင်းတော်သည် ၂၉-နှစ်အရွယ်တွင် တောထွက် တော်မူ၍ ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာကို ကျင့်တော်မူပြီးနောက် ၃၅-နှစ်အရွယ်တော်သို့ ရောက်တော်မူရာ ကဆုန်လပြည့်နေ့ဝယ် သေနာနိဂုံးသူ သူဌေးကတော်ကလေး သုဇာတာ*၏ နို့ဃနာဆွမ်းကို ———————————# * သုဇာတာသည် အပျိုဘဝတုန်းက “အမျိုးတူ သူဌေသားနှင့်ရ၍ သားဦးဖွားအောင် စောင်မလျှင် အရှင်နတ်မင်းအား နှစ်စဉ်ပူဇော်ပါမည်” ဟု ဝန်ခံခဲ့၍ သူတောင့်တတိုင်း အကျိုးရသောကြောင့် ညောင်ပင်စောင့် Trang355 ရွှေခွက်ပါခံယူတော်မူ၍ နေရဉ္ဇရာမြစ်ကမ်း၌ ၄၉-လုတ်မျှ ဘုဉ်းပေး တော်မူပြီးလျှင် “ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်စေသား”ဟု အဓိဋ္ဌာန်၍ မျှောလိုက်ရာ ရွှေခွက် လည်း ဝမ်းဘဲအလား ရေညာသို့ ဆန်သွား၍ ကာဠနဂါးမင်း ဗိမာန် တွင်းသို့ သက်ဆင်းနစ်မြုပ်လျက် ရှေးဘုရားရှင်တို့ ရွှေခွက်အောက်၌ တည်လေသတဲ့။ ထို့နောက် ဘုရားအလောင်းသည် နေရဉ္ဇရာမြစ်ကမ်းဝယ် အင်ကြင်းဥယျာဉ်၌ နေ့အဖို့ သီတင်းသုံး၍ ညနေချိန်တွင် ဗောဓိပင် သို့ကြွတော်မူစဉ် လမ်းခရီးအကြား၌ မြက်ရိတ်သမား ပုဏ္ဏားအထံမှ မြက်ဆုပ်ကို အလှူခံလျက် ဗောဓိညောင်ပင်အောက်သို့ ရောက်သော အခါ ထိုမြက်များကိုပင် “ခင်းတော်မူကာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ တော်မူသည်။ နတ်က မစသည်ထင်၍ နှစ်စဉ် ညောင်ပင်ကို ပူဇော်၏၊ ထိုနှစ်၌ ဘုရား အလောင်းနှင့်တွေ့၍ ညောင်ပင်စောင့်နတ်ဟုပင် မှတ်ထင်၍ နို့ဃနာကို ရွှေခွက်ပါ ပူဇော်သွားလေသည်။ —————————————————- * ဤနေရာ၌ “မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းသောအခါ ၁၄-တောင် မြင့် သော ပလ္လင်တော်ပေါက်လာသည်ဟုလည်းကောင်း, ၁၄-တောင် ပြန့်ကျယ်သော ပလ္လင်တော်ဖြစ်နေသည်ဟုလည်းကောင်း” ဝါဒကွဲပြား လျက် ရှိသည်၊ အမြင့်မဟုတ်၊ အကျယ်ဖြစ်ကြောင်းကို သီလက္ခန်ဋီကာ သစ် ဗြဟ္မဇာလသုတ်အဖွင့်၌ ဆုံးဖြတ်၏။ Trang356 ထိုကဲ့သို့ နွေကာလဝယ် စိမ်းစိုသော မြက်ခင်းပေါ်မှာ အေးမြ သာယာသော ဗောဓိညောင်ပင်ရိပ်၌ “ဘုရားမဖြစ်သမျှ ဤထက် ဝယ် တင်ပလ္လင်ကို မဖျက်တော့အံ့”ဟု အဓိဋ္ဌာန်၍ နေထိုင်သော အခါ သိကြားမင်းသည် “ဝိဇယုတ္တရ”မည်သော ခရုသင်းကြီးကို မှုတ်လျက် အောင်သံပေးနေ၏၊ ပဉ္စသီခနတ်သားက “ဗေဠုဝ”မည် သော စောင်းကြီးကို တီးလျက်နေ၏၊ သုယာမနတ်မင်းနှင့် သန္တုသိတ နတ်မင်းတို့ကမူ သားမြီးယပ်နှင့် ပတ္တမြားယပ်များကို တငြိမ့်ငြိမ့် ခတ်၍နေ၏။. သဟမ္ပတိဗြဟ္မာမင်းမှာ ထီးဖြူတော်ကို ဆောင်းမိုး နေ၏၊ ကာဠနဂါးမင်း၏ ကိုယ်ရံတော် နဂါးပျိုမလေးများက ဘုန်းတော်ဖွဲ့များကို သာယာစွာ ရွတ်ဆိုနေကြ၏၊ အခြားသော နတ်ဗြဟ္မာအပေါင်းတို့သည် ပန်းနံ့သာအမျိုးမျိုးဖြင့် ပူဇော်ကာ ကောင်းချီးပေးကြလေသည်။ ထိုကဲ့သို့အခြင်းအရာကို မာရ်နတ်မင်း မြင်လျှင်မြင်ချင်း နတ် ပြည်တက်၍ မိမိစစ်သည်တပ်သားများကို စုရုံးလျက် မိမိကိုယ်တိုင် က လက်နက်အမျိုးမျိုးစွဲကိုင်သော လက်ရုံးတစ်ထောင် ဖန်ဆင်းပြီး လျှင် “ဂ်ရိမေခလာ”မည်သော ဆင်ပြောင်ကြီးကို စီးနင်းကာ ဗောဓိပင်သို့ ရှေးရှုလာ၍ မိမိစစ်သည်များကို “တက်ကြလော့, လက်ရဖမ်းကြလော့”ဟု တိုက်တွန်း ဆော်ဩလေသည်၊ သို့သော် ဗောဓိပင်နားသို့ မကပ်ဝံ့ကြ၊ အဝေးက နေ၍သာ အမျိုးမျိုးသော လက်နက်များဖြင့် ပစ်ခတ်ကြလေသည်။ မာရ်နတ်စစ်သည်များ တက်လာကာစကပင် ဗြဟ္မာ, သိကြား စသည်တို့လည်း ဝေးရာအရပ်မှာရှောင်လွှဲ၍ အောင်ပွဲကို ကြည့်ရှု Trang357 နေကြ၏၊ ဘုရားအလောင်းတော်မှာ တစ်ပါးတည်း ကျန်ရစ်တော်မူ သော်လည်း အနည်းငယ်မျှ စိုးရွံ့တော်မမူပဲ “သားသည် မိခင်သည် ရင်ခွင်ထဲမှာနေသော သားငယ်က ဆံပင်ကိုဆွဲ, မျက်နှာကိုကုပ်, ပါးကိုပုတ်လျက်, တစ်လှုပ်လှုပ်နှိပ်စက်သော်လည်း မပြယ်နိုင်သော အချစ်မျိုးဖြင့် တိုး၍သာ ပွေ့ပိုက်သကဲ့သို့” ထို့အတူ မာရ်နတ်ကို မေတ္တာမကင်းဘဲ သနားသောကြည့်ခြင်းဖြင့် ကြည့်တော်မူလျက် နှစ်သက်ဖွယ် စကားများကို တုံ့ပြန်ပြောဆိုတော်မူပြီးလျှင် “ဤပလ္လင် နေရာကို ရဖို့အတွက် မရေမတွက်နိုင်သော ကာလတုန်းက စွန့်လွှတ် ခဲ့ရသည်ကို ထားလိုက်ပါဦးတော့၊ နောက်ဆုံးဖြစ်သော ဝေဿန္တရာ ဘဝဝယ် ကြင်ယာတော်မြောက်သား မဒ္ဒီမိဖုရားကို လှူတုန်းက ဤမဟာပထဝီမြေကြီးသည် ပဲ့တင်ဟီးလျက် ရိုက်တီးဆော်ခတ် အသိအမှတ်ပြုခဲ့ဖူးလေပြီ”ဟု မိန့်တော်မူလျက် လက်တော်ဖြင့် မြေ ကို သုံးသပ်တော်မူသောအခါ ယန္တရားစက်ခလုတ်ကို ဖြုတ်လိုက်သည့် ပမာ ပြင်းစွာတုန်လှုပ်လေသည်။ [ဤနေရာဝယ် လလိတဝိတ္ထာရ သုတ္တန်က “မြေစောင့်နတ်သားသည် ကိုယ်တစ်ဝက်မျှ ဖော်ထွက် ပြ၍ သက်သေခံသည်”ဟု ဆို၏၊ ထိုအဆိုအတိုင်းပင် ဘုရားပရိဝုဏ် အတွင်း၌ “ဝသုန္ဒြေအရုပ်”လုပ်ထားကြလေသည်။] မဟာပထဝီမြေကြီး၏ တုန်လှုပ်သံမှာ ပဲ့တင်ထပ်မျှ တောသံ- တောင်သံတို့ ပြင်းစွာ ဆူညံသည့်အပြင် ကောင်းကင် တစ်ပြင်လုံး လည်း တဂျုံးဂျုံးထစ်ကြိုးလျက် မိုးကြိုးများ ကျရောက်လေ၏၊ ထိုသို့ တစ်ပြိုင်နက် အကြီးအကျယ် ကြောက်မက်ဖွယ်ရာများ ဖြစ်ပေါ် Trang358 သောအခါ “ဂိရိမေခလာ”ဆင်ပြောင်ကြီးသော်မှ မကြည့်ရှုအား တော့ဘဲ လက်ရုံးပေါင်းတစ်ထောင်ကို ဖယ်ရှား၍ မာရ်နတ်ကြီး ထွက်ပြေးလေရာ နောက်လိုက်နောက်ပါ စစ်သည်တော်များ အားလုံး သည် အစုအရုံးပျက်ပြား၍ ဝသဝတ္တီနတ်ပြည်သို့ ထွက်ပြေးကြ လေသော် သိကြား, ဗြဟ္မာတို့၏ အောင်သံဖြင့် ဆူညံ၍ သွားလေ သတည်း။ ဘုရားဖြစ်တော်မူခန်း အလောင်းဘုရားသည် “ဒေဝပုတ္တမာရ်”ဟုခေါ်အပ်သော မာရ် နတ်၏ရန်ကို နေမဝင်မီ အောင်မြင်တော်မူ၍ တရားတော်ကို အားထုတ်တော်မူရာ ညဉ့်ဦးယံအချိန်၌ ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏၊ ထို့နောက် သန်းခေါင်ယံအချိန်ဝယ် တစ်လောကလုံး၌ရှိသော သတ္တဝါ အပေါင်းတို့ကို မျက်ဝါးထင်ထင် သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူ၏၊ ထို့နောက် အတွင်းသန္တာန်၌ တစ်ထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန်ကို အနည်းငယ်မျှ မကျန်ရအောင် ဖြိုဖျက်နိုင်ဖို့ရာ သဒ္ဓါ, ပညာ, ဝီရိယ, သမာဓိ, သတိဟူသော တရား ၅-ဦးကို ဗိုလ်မှူးတင်၍ မဂ်လေးပါးတည်းဟူသော စက်အမြောက် များကို အသုံးပြုလျက် ဖြိုဖျက်တော်မူလေရာ အရုဏ်တက်မည့်ဆဲဆဲ အချိန်မှာ ကိလေသာအားလုံး ပြုတ်ပြုတ်ပြုန်းသဖြင့် သုံးလောက ခပင်း အမင်းမင်းတို့၏ ဝပ်စင်းပူဇော်ရာ သဗ္ဗညုတဉာဏ်ပညာ တည်းဟူသော ထီးဖြူတော်ကို စိုက်ထူဆင်နွှဲ၍ အောင်ပွဲဆင်တော် မူသတည်း။ Trang359 မှတ်ချက်။ ။ဘုရားဖြစ်တော်ပြီးနောက် နတ်ဗြဟ္မာတို့ ပူဇော်ရာတွင် “အချို့က မြေပြင်ကို ကောင်းစွာရှင်းလင်း၍ နံ့သာရေဖြင့် သွန်းဖျန်းလျက် ပန်းများဖြင့် ပူဇော်ကြသည်၊ အချို့က ဗောဓိပင်နှင့် တကွ ဘုရားရှင်ကို ရေသပ္ပာယ်ကြ၍ ဘုရားရှင်မှ ကျလာသော ရေဖြင့် မိမိတို့ကိုယ်ကို သုတ်လိမ်းကြသည်”ဟု လလိတဝိတ္ထာရက ဆို၏၊ ထိုအဆိုကိုလိုက်၍ ယခုအခါ သင်္ကြန်တွင်း၌ ရေသပ္ပာယ်ကြ ခြင်း, ကဆုန်ညောင်ရေသွန်းခြင်းကို ပြုကြဟန်တူသည်။ ဥုံ နမော တေ ဝိဇေတုံ မေ, ဇယတော ဒဒတော ဇယံ၊ နဋ္ဌထန္တံ သဗ္ဗသန္တံ, ကရ မေ ဇယမင်္ဂလံ။ ဥုံ-အန္တရာယ်ကင်း, ရန်စွယ်ရှင်း၍, ကောင်းခြင်းဆင်ကာ, မယှဉ်သာအောင်, မင်္ဂလာကြီးဖြစ်ပါစေသတည်း၊ နဋ္ဌထမ္ဘံ-ထောက်ပံ့ မည့်လူ, ကူညီမည့်နတ်, ရံပတ်ဝဲယာ, ဗြဟ္မာလည်း မရှိပါဘဲ၊ သဗ္ဗသန္တံ-ကိုယ်နေရှိန်မပျက်, တစ်သိန်ထွက်ဖို့, ငြိမ်သက်ဖွေးဖြူ, အေးအေးလူလူသာလျှင်၊ ဇယတော-ပါရမီစက်ဟုန်, လက်နက်စုံ ဖြင့်, ချက်ကုန်မလွဲ, ပွဲတိုင်းမရှောင်, နွှဲတိုင်းပင် အောင်တော်မူပေ ထသော၊ ဇယံ ဒဒတော-အောင်ရာစည်းကမ်း, အောင်နည်းလမ်း၌, မှီငြမ်းမလစ်, အသစ်အဆန်း, တစ်ဂဏန်းက, မှန်းဆ၍ မျှော်, ပန်းရ အောင်လည်း လမ်းပြပေးသနားတော်မူပေထသော၊ တေ တဝ- မကိုဋ်ရောင်လျှံ, ဥသျှောင်ပျံမှာ, အောင်လံစွင့်စွင့်, လွှင့်တလူလူ, Trang360 အောင်တော်မူ မြတ်ဘုရားအား၊ မေ-မအောင်သေးခင်, အောင် ကြွေးတင်၍, အောင်မြင်ရန်မျှော်, တပည့်တော်၏၊ ဝိဇေတုံ- မရှောင်ခပင်း, အခေါင်နင်း၍, အောင်ခြင်းကြီး အောင်ပါရခြင်း အကျိုးငှာ၊ နမော-အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို, အမျိုးစုံ မှန်းဆ၍, တမ်းတ ရှိခိုးပါ၏ဘုရား၊ မေ-မအောင်သေးခင်, အောင်ကြွေးတင်၍, အောင်မြင်ရန်မျှော်, တပည့်တော်အား၊ ဇယမင်္ဂလံ-အောင်ရန် အတိတ်, အောင်နိမိတ်ဖြင့်, အောင်ဘိသိက်သွင်း, အောင်ဟိတ် ကျင်း၍, အောင်ခြင်းဆင်ကာ, မင်္ဂလာကို၊ ကရ-သပြေအနု, ငွေခရု ဖြင့်, ဇေယတုပုံ, မေရုတုန်အောင်, အဖုံဖုံအမှုအေးဖို့, ပြုပေး တော်မူပါ့ အောင်တော်မူအရှင်မြတ်ဘုရား။ အမှာ။။ပါဠိရော အနက်ပါ ဤဂါထာကို ကောင်းစွာ နှုတ်တက် အရကျက်၍ ဘုရားရှင်၏ အောင်မြင်တော်မူပုံကို အာရုံပြု ကာ အိပ်ရာဝင် အိပ်ရာထ ရွတ်ဆိုကြပါလေ။ ဘုရားအဖြစ်တော်စဉ် ပြီး၏။ Trang361 ကျမ်းပြီး နိဂုံး ယခုအခါ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့ မသိလျှင် မတော်, သိမှသာ လျော်မည်ဖြစ်သော ဘာသာရေးနှင့်ဆိုင်ရာတို့ကို လုံလောက်စွာ စီစဉ်ပြီးပေပြီ၊ ဤကျမ်း၏ ညွှန်ပြချက်များကို လိုက်နာမှု မလိုက်နာ မှုမှာ ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်သာ ဖြစ်၏၊ အို- ဗုဒ္ဓဘာသာဝင် အပေါင်းတို့... ငါတို့ လေးမြတ်ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော် ဘုရားဟူသည် ဘာသာခြားဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော် တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င ကျင့်ကြဖို့ရန် လမ်းမှန်ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်၊ ထိုကဲ့သို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့”။ သမုဒ္ဒဝါဏိဇဇာတ် ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက် ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခု ကိုတွေ့၍ ပျော်မွေ့စွာနေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်း ကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင် သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။ ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက် ကောင်းကင်မှ ကိုယ်ထင်ပြ၍ “နောက် ၁၅-ရက်လောက်ကြာလျှင် Trang362 ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်၊ စောစောက တင်ကြိုလျက် လှေများကို အဆင်သင့် ပြင်ထားကြကုန်လော့”ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။ ထို့နောက် အဓမ္မနတ်သားက တောင်အရပ်မှ ကိုယ်ထင်ပြ၍ “ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး၊ အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ”ဟု ပြောပြီးနောက် ကွယ်ပျောက်သွားလေသော် ခေါင်းဆောင်လူကြီး၂-ယောက်တွင် တစ်ယောက်က “ပထမနတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်း ဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာနေကြ”ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။ ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆို သည်မှာ “အမောင်တို့- လှေများ, တက်များကို အဆင်သင့် ရှာထား ကြစို့ရဲ့၊ ဒုတိယနတ်သား၏စကားက မှန်လျှင်လည်း လှေ, တက်များ ကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ၊ အလိုရှိသော အခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမနတ်သား၏ စကားမှန် လျှင် ပြင်ဆင်ထားသော လှေ, တက်များဖြင့် အဆင်သင့် ထွက်သွား ကြရပါလိမ့်မည်”။ ဤသို့ ပြောဆိုပြီးလျှင် လပြည့်နေ့အချိန်ဝယ် ခါတိုင်းထက်ပိုမို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြ Trang363 ပြီးလျှင် ရေလွှမ်း၍ အလာတွင် လွတ်ရာသို့ ထွက်သွားကြလေသည်၊ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက် အလာတွင် မျက်လုံးများပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာကြလေသည်။ ဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှုအတွက် မည်မျှချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှုအတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရား က “ကယ်တင်မည်”ဟု ဝန်ခံရာ ဝန်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ရှိပါသေး၏၊ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။ ငါတို့ဘုရားကား “ကယ်တင်မည်”ဟု ဝန်မခံပေ၊ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့်ညွှန်ပြတော်မူ၏၊ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်၊ အပါယ်လေးပါးသွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏၊ ကယ်တင်မည်ဟု ဝန်ခံထားအပ်သော ဘုရားက ကယ်တင်နိုင်တယ်ပဲ ဆိုပါဦးတော့ သူနှင့်အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်၊ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့်အလားတူ ဘုရားတစ်ဆူဖြစ်အောင်ပင် ညွှန်ပြတော်မူ၏၊ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူ ခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။ Trang364 ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူး လျှင် “အင်မတန် အသက်သခင် ကျေးဇူးရှင်ကြီးပေ”ဟု ပြောဆိုကာ လွန်စွာအားထားကြ, မြတ်နိုးကြ, အသက်ကိုပင် အပ်နိုင်ကြ၏၊ ဘုရားရှင်ကား တစ်သက်,တစ်ဘဝလောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး၊ ဘဝပေါင်းများစွာ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန် ရသည့် ဘဝတိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။ ဤနေရာ၌ “ကယ်တင်မည်”ဟူသောစကားနှင့် “ကိုယ်တိုင်ကျင့်” ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် “ကယ်တင် မည်”ဆိုသော စကားက အဓမ္မနတ်သား၏ “အေးအေးနေကြ” ဟူသော စကားမျိုးဖြစ်၍“ကိုယ်တိုင်ကျင့်”ဟူသော စကားက ဓမ္မ နတ်သား၏ စကားမျိုးဖြစ်၏၊ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ,တက် များကို အဆင်သင့် ရှာထားခြင်းနှင့် တူ၏၊ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာဝန်လည်း မတက်လှပါ။ လှေ, တက်များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ, ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက် သည်မှာ မှန်ပါ၏၊ သို့သော် ထိုတာဝန်တက်မှုသည်ကား ဤဘဝ အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်း အနှီး အကျိုးမဲ့မဖြစ်ဘဲ ကောင်းကျိုးရဖို့အကြောင်းသာ ဖြစ်ပါပေ သည်၊ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်း၏ ညွှန်ပြ ချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာ ဆုထူးဖြင့် နိဗ္ဗာန်ကူးလို လျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား Trang365 သင်္ဘော, လှေ,တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေလို။ နိဂုံးချုပ် လင်္ကာ ကျမ်းပြီးမှတ်ထုံး,ကမ္ပတ်ဖုံး၍, နိဂုံးအရာ, အကျဉ်းမှာပိမ့်, မြန်မာတို့ဆွေ, မွန်တို့တွေကား, တို့မြေဌာနီ, နေပါပြီလည်း, မဆီမ ဆိုင်, မသီနိုင်ဘဲ, ဤတိုင်အောင်ကျ, ဖြစ်ကုန်ရ၍, ဒေသ ဘာသာ, သာသနာလည်း, အာဏာတန်ခိုး, ညှိုးကြီးညှိုးခဲ့။ လူမျိုးကွယ်ပျောက်, အပါယ်ရောက်ဖို့, အနောက်တိုင်းသား, ဘာသာများကား, ထိပါးထိုဤ, လွှမ်းမိုးပြီမို့, ကိုယ်စီဆောင်စွမ်း, တာဝန်လမ်းကို, ထမ်းမသင့်မည်, ထင်မိသည်ကြောင့်, တိုင်းပြည် အတွက်, ဘာသာဘက်က, ရာသက်ပန်မှု, ကောင်းအောင်ပြုဖို့, ဂရုတစိုက်, ရေးသားလိုက်၏။ သိထိုက်သိရာ, သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်၍, စည်ပင်သာယာ, သာသနာနှင့်, ဘာသာအမျိုး, တိုးကြီးတိုးဖို့, ကိုယ်ကျိုးလည်းအောင်, သူ့ကျိုးဆောင်လျက်, နောက်နောင်ဂတိ, ကောင်းစေဘိလော့၊ မရှိမခက်, မသိခက်မို့, သိချက်ဖွယ်ဖွယ်, ဖွင့်သွယ်သွယ်ကို, ဘယ်ဝယ်မလပ်, စဉ်တိုင်းလှပ်၍, လက်ထပ် ပြီးစ, ဇနီးလှသို့, ကျနစေ့ငု, တွေ့တိုင်းရှုက, သိမှုကုန်စင်, ခန်းတိုင်း မြင်မည်.... ဤတွင်မှာတမ်းနိဂုံးတည်း။ ရတနာ့ဂုဏ်ရည် ပြီးပြီ။ Trang366 လက္ခဏာတော်ကြီး ဘုရားရှိခိုး နိဒါန်း လက္ခဏ။ ။“လက္ခဏ”ဟူသော ပါဠိစကားသည် မြန်မာလို “အမှတ်အသား”ဟု အဓိပ္ပါယ်ထွက်၏၊ ထိုအမှတ်အသားသည် ရှေး ဘဝကံနှင့် ဆိုင်၏၊ မျက်လုံး, မျက်ခုံး, လက်, ခြေ စသော ကိုယ်ခန္ဓာ အစိတ်အပိုင်းနှင့် တစ်ကိုယ်လုံး ပုံသဏ္ဌာန်တို့ဝယ် ရှေးကံအားလျော် စွာ ကောင်း-မကောင်း အမှတ်အသားများပါရှိ၏၊ ထိုအမှတ်အသား ကိုကြည့်၍ ဝေဒသိမြင် ဗေဒပညာရှင်တို့သည် ယောက်ျားမြတ်- ယောက်ျားယုတ်, မိန်းမမြတ်-မိန်းမယုတ်ဟု အတတ်ဟောနိုင် ကြကုန်၏။ [ယခုအခါ လက်-ခြေကိုသာ ကြည့်၍ ဟောခြင်းမှာ မပြည့်စုံသေးပါ။] ဗုဒ္ဓလက္ခဏာ။ ။ဝေဒကျမ်းတို့၌ ဗုဒ္ဓဖြစ်ထိုက်သော (သို့မဟုတ် စကြာမင်း ဖြစ်ထိုက်သော) ယောက်ျားမြတ်၏ လက္ခဏာများကို ဖော်ပြထားပါသည်၊ ထို့ကြောင့် ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသော သေလ မည်သော ဝေဒပညာရှိသည် ဗုဒ္ဓကို မြင်သောအခါ “စကြာမင်း ဖြစ်ထိုက်သော ပုဂ္ဂိုလ်ပါတကား၊ စကြာမင်းလုပ်တော်မူပါ”ဟု လျှောက်ထားလေသည်။ သပ္ပါယ်ခြင်း၏အကြောင်း။ ။ဗုဒ္ဓမြတ်စွာ၏ သပ္ပာယ်တော်မူခြင်း သည် ယခုပြအပ်လတ္တံ့သော လက္ခဏာတော်ကြီး, လက္ခဏာတော် Trang367 ငယ်များကြောင့်သာ ဖြစ်ရကား ထိုလက္ခဏာတော်များ အကြောင်း အရာတို့ကို ကောင်းကောင်းသိလေ, “ငါတို့ဘုရား”ဟု အားရပါးရ ကိုးကွယ်၍ ကောင်းလေ ဖြစ်ရုံသာမက ဗုဒ္ဓါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကို ကြိုးပမ်းသော ယောဂီပုဂ္ဂိုလ်အတွက်လည်း ဗုဒ္ဓမြတ်စွာ ကို အာရုံပြု၍ အလွန်ထင်လွယ်သောကြောင့် ယောက်ျားမြတ်၏ ၃၂-ပါးသော အထိမ်းအမှတ် လက္ခဏာတော်များကို ဘုရားရှိခိုး အဖြစ်ဖြင့် ရှေးဆရာတို့ ရေးသားစေတော်မူခဲ့ကြပါသည်။ ဗုဒ္ဓါနုဿတိဘာဝနာ။ ။ထိုလက္ခဏာတော်ကြီး ဘုရားရှိခိုးကို ရွတ်ဆို၍ ဘုရားရှိခိုးသောအခါ ဗုဒ္ဓမြတ်စွာ၏ ထူးခြားသော လက္ခဏာတော်ကို စိတ်ထဲ၌ အလွန် ထင်မြင်လာပါလိမ့်မည်၊ ထိုသို့ ထင်မြင်လာသောအာရုံကို အာရုံပြုနေခြင်းသည် ဗုဒ္ဓမြတ်စွာ၏ သိရီဘုန်းတော်ကို အာရုံပြုခြင်းဖြစ်သောကြောင့် အလွန်လွယ်ကူစွာ ဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများရာလည်း ရောက်ပါသည်၊ ထို့ကြောင့် ဤလက္ခဏာတော်ကြီး ဘုရားရှိခိုးကို နှုတ်တက်ရအောင် မကျက်နိုင်သေးလျှင် စာအုပ်ကို ကြည့်၍ ရွတ်ဆို ရှိခိုးကြပါလေ။ မှီရာကျမ်းဂန်။ ။ရှေးဆရာတော်ကြီးများသည် ဤလက္ခဏာ တော်ကြီး ဘုရားရှိခိုးကို ရေးသားခဲ့ရာ သုတ်မဟာဝဂ္ဂ, မဟာပဒါန သုတ်ပါဠိတော်နှင့် အဋ္ဌကထာတို့ကိုလည်းကောင်း, သုတ်ပါထေယျ, လက္ခဏသုတ် ပါဠိတော်နှင့် အဋ္ဌကထာတို့ကိုလည်းကောင်း, အမှီပြု Trang368 ခဲ့ရပါသည်၊ ထို့ကြောင့် ဤဘုရားရှိခိုးသည် အလွန်အခြေခံကောင်း ရကား မိမိငယ်စဉ်က သင်ခဲ့ရသည်ကို ကျေးဇူးဆပ်သောအားဖြင့် အကူးအပြောင်းများ၍ မှားနေသော အချို့ကို ပြင်ဆင်၍လည်း ကောင်း, ဘုရားရှိခိုးမူရင်းကို အဓိပ္ပါယ်ပေါ်လွင်အောင် တန်ဆာဆင် ၍လည်းကောင်း စီစဉ်ထားသဖြင့် သူတော်ကောင်းများကို အားရ နှစ်သက်စေပါလိမ့်မည်။ သုပ္ပတိဋ္ဌိတ ပါဒတာ လက္ခဏာတော် ၁။ ပုဗ္ဗေ ပုညေသု သမ္ဗုဒ္ဓေါ, သမာဒါနေန ဒဠှတော၊ သုပ္ပတိဋ္ဌိတပါဒေါစ, အက္ခမ္ဘိယောစ တံ နမေ။ ယော သမ္ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ, ရှေးရှေးအခါ၌၊ ပုညေသု-ဒါန သီလ, စသည်ပေါင်းစု, ကုသိုလ် ကောင်းမှုတို့၌၊ ဒဠှတော-မတွန့်ဆုတ်ဘဲ, ခိုင်မြဲသောအားဖြင့်၊ သမာဒါနေန-အားရရွှင်ပျော်, ဆောက်တည်တော်မူခဲ့ခြင်းကြောင့်၊ သုပ္ပတိဋ္ဌိတပါဒေါစ-ခြေတော်ချရာ, ရပ်တိုင်းမှာဝယ်, ကောင်းစွာ အညီ, တည်သော ခြေတော်ရှိသည်လည်းကောင်း၊ အက္ခမ္ဘိယောစ- ရလတ္တံ့ရပြီး, ကျိုးသီးသီးဝယ်, ဘယ်ရန်သူမျှ, ခွာ၍မချနိုင်သည် Trang369 လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ-သုပ္ပတိဋ္ဌိတ, ပါဒတာခေါ်, လက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ * အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် အလောင်းအလျာဖြစ်ခဲ့ သော ဘဝများစွာတို့၌ ကုသိုလ်ကောင်းမှုကိစ္စစုကို ပြုလုပ်ရာဝယ် လွန်စွာ ခိုင်မြဲတော်မူ၏၊ မိမိပြုနေသော ကောင်းမှုကို အခြားသူတို့က နောက်ဆုတ် အောင် ပြောကြသော်လည်း မည်သည့်အခါမျှ တွန့်ဆုတ်ခြင်း မရှိချေ၊ ဤသို့ ကုသိုလ်ကောင်းမှုကိစ္စစု၌ နောက်မဆုတ်ဘဲ ခိုင်မြဲတော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်ပါသည်။ အကျိုးလက္ခဏာတော်။ ။ထိုကဲ့သို့ ကုသိုလ်ကောင်းမှုကိစ္စစု၌ ခိုင်မြဲစွာ ဆောက်တည်ခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ခြေတော်၏ ခိုင်မြဲစွာတည်ခြင်းတည်းဟူသော (သုပ္ပတိဋ္ဌိတ ပါဒတာ လက္ခဏာတော်)အကျိုးကို ရတော်မူသည်၊ မြတ်စွာဘုရား၏ ခြေတော် သည် မည်သည့်အရပ်၌မဆို နင်းတော်မူသောအခါ ဖနောင့်တော်ဘက်က လည်း အလျင်မကျ၊ ခြေဖျားတော်ဘက်ကလည်း အလျင်မကျ၊ ခြေဖဝါး တစ်ပြင်လုံး တစ်ပြိုင်နက်ကျ၍ တည်ရာအရပ်၌ ဖဝါးတော်တစ်ပြင်လုံး ထိတော်မူ၏၊ ယခု လူများ၏ ခြေဖဝါးကဲ့သို့ အလယ်၌ ဟာ၍ ဟိုက်၍ မနေ။ [သုပ္ပတိဋ္ဌိတ-ကောင်းစွာတည်သော၊ ပါဒတာ-ခြေတော်ရှိခြင်း။] Trang370 လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ကို ရတော်မူခြင်း၏ အကျိုးဆက်မှာ အကျိုးပေးဖို့ရန် ရှေးရှုနေသော အကျိုးကို မာရ်နတ်, တိတ္ထိဆရာကြီး စသော မည်သည့်ရန်သူမျှ မတားမြစ် နိုင်ခြင်း, ပေးအပ်ပြီးသော အကျိုးကိုလည်း မည်သည့်ရန်သူမျှ ဖယ်၍ခွာ၍ မရနိုင်ခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်ကောင်းမှု, အကျိုး လက္ခဏာတော်, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစား ကာ ဗုဒ္ဓမြတ်စွာ၏ သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှု ကိစ္စစုဝယ် ပြုဖို့ရန် အခွင့်ရောက်လာလျှင် နောက်မဆုတ်ဘဲ ခိုင်မြဲအောင် ကြိုးစားကြပါလေ။ စက္ကေနင်္ကိတပါဒတာ လက္ခဏာတော် ၂။ သပရိဝါရက ဒါနေန, တထာဂတော ပုရေဘဝေ၊ စက္ကေန.င်္ကိတပါဒေါ စ, ပရိဝါရော စ တံ နမေ။ ယော တထာဂတော-အကြင်မြတ်စွာဘုရားသည်၊ ပုရေဘဝေ- ဘဝများစွာ, ရှေးရှေးအခါ၌၊ သပရိဝါရက ဒါနေန-ဆိုင်ရာမချန်, အခြွေအရံနှင့်တကွ, ပြုအပ်ခဲ့သော အလှူဒါနကြောင့်၊ စက္ကေန- တစ်ရာ့ရှစ်ကွက် ခြေတော်စက်ဖြင့်၊ အင်္ကိတပါဒေါစ-အမှတ်တံဆိပ်, Trang371 ခတ်နှိပ်အပ်သော ခြေတော်ရှိသည်လည်းကောင်း၊ ပရိဝါရော စ- ဗြဟ္မာလူနတ်, ပရိသတ်တို့, မပြတ်မှန်မှန်, အခြံအရံရှိသည်လည်း ကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ-စက္ကေနင်္ကိတ, ပါဒတာ ခေါ်, လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ * အကြောင်းကုသိုလ်ကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် အလှူဒါနပြုသောအခါ မူလဒါန၏ အခြံအရံအဖြစ်ဖြင့် ဆိုင်ရာပစ္စည်းကိုပါထည့်၍ လှူလေ့ရှိတော်မူ၏၊ ဥပမာ-သင်္ကန်းလှူသောအခါ အခြံအရံအဖြစ်ဖြင့် ဆွမ်းကိုထည့်၍လှူခြင်း, ကျောင်းလှူသောအခါ ကျောင်းအသုံးအဆောင်ကိုပါ ထည့်၍ လှူခြင်း တည်း။ အကျိုးလက္ခဏာတော်။ ။ထိုကဲ့သို့ အခြွေအရံနှင့်တကွ ပေးလှူ လေ့ရှိခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ခြေဖဝါးတော် အပြင်ဝယ် ခြေတော်၏ အခြံအရံအဖြစ်ဖြင့် စက်လက္ခဏာတော်များ ပေါ်ထင်၍လာခြင်းတည်းဟူသော အကျိုးရတော်မူသည်၊ မြတ်စွာဘုရား၏ ခြေဖဝါးတော်အပြင်၌ စက်ဝိုင်းပုံသဏ္ဌာန်ပါသော အရပ်ဝယ် အမျိုးမျိုး သော အရုပ်များ ပေါ်လွင်ထင်ရှားနေသည်ကို စက္ကလက္ခဏ(စက်လက္ခဏာ) ခေါ်၏၊ ထိုစက်လက္ခဏာသည် လူအများ၏ ခြေဖဝါး၌မပါဘဲ ဘုရား အလောင်း, စကြာမင်းလောင်းတို့၌သာ ပါနိုင်သော ထူးခြားသော Trang372 လက္ခဏာတော်တည်း။ [စက္ကေန-စက်လက္ခဏာဖြင့်+အင်္ကိတပါဒတာ- အမှတ်တံဆိပ် ခတ်နှိပ်အပ်သော ခြေတော်ရှိခြင်း။] လက္ခဏာတော်၏အကျိုးဆက်။ ။ဤပြအပ်ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်ကို ရတော်မူခြင်း၏ အကျိုးဆက်မှာ လူ့အဖြစ်၌ များစွာသော လူအခြံအရံ တို့ကိုရခြင်း, ဗုဒ္ဓဖြစ်သောအခါ၌လည်း ဗြဟ္မာနတ်လူ, ဘိက္ခု ဘိက္ခုနီ ပရိသတ်ဟူသော များသောအခြံအရံတို့ကို ရတော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်ကောင်းမှု, အကျိုး လက္ခဏာတော်, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစား ကာ ဗုဒ္ဓမြတ်စွာ၏ စက်လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကုသိုလ်ပြုရာအခါ၌ ကုသိုလ်ဒါန ၏ အခြံအရံပါအောင် သတိပြုကြပါလေ။ မှတ်ချက်။ ။ဤစက်လက္ခဏာတို့ပါသော ခြေတော်ရာသည် နင်းတော် မူရာ အရပ်တိုင်း၌ ထင်တော်မမူ၊ ဘုရားရှင်က ထင်စေတော်မူလိုမှသာ ထင်ပါသည်၊ ထိုသို့ စက်လက္ခဏာအပြည့်အစုံ ထင်တော်မူခြင်းမှာလည်း သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော်အတွက် ခြေချတော်မူရာအရပ်၌ ခြေဖဝါးအပြင်တော်၏ အညီအမျှ ထိတော်မူခြင်းကြောင့်သာ ဖြစ်ပါသည်၊ ယခု လူတို့ကဲ့သို့ အလယ်၌ ဟာနေလျှင် စက်လက္ခဏာများ ထင်နိုင်မည် မဟုတ်ပါ၊ ဤသို့ လက္ခဏာတော် ၂-ရပ် ဆက်စပ်နေပုံကို သတိပြုပါ။ Trang373 ဒီဃပဏှိတာ, အာယတင်္ဂုလိတာ ဗြဟ္မုဇုဂတ္တတာ လက္ခဏာတော် ၃-ပါး ၃။ ပါဏဃာတ ဝိရတိယာ, ဒီဃပဏှိ ယတင်္ဂုလိ၊ ဗုဒ္ဓေါ ဗြဟ္မုဇုဂတ္တော စ, ဒိဃာယုကော စ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုရေဘဝေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ ပါဏဃာတဝိရတိယာ-သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ခြင်းကြောင့်၊ ဒီဃပဏှိ စ-ရှည်သော ဖနောင့်တော်ရှိသည်လည်းကောင်း၊ အာယတင်္ဂုလိ စ-ရှည်သွယ်သော လက်ချောင်းတော်ရှိသည်လည်းကောင်း၊ ဗြဟ္မုဇုဂတ္တော စ-ဗြဟ္မာ မင်းလို, ဖြောင့်မတ်သော ကိုယ်တော်ရှိသည်လည်းကောင်း၊ ဒီဃာယုကောစ-ရှည်သော အသက်တော်ရှိသည်လည်းကောင်း၊ ဟောတိ- အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း တော်မူ၏၊ တံ ဗုဒ္ဓံ-ဒီဃပဏှိတာ, အစဖြာသည့်, လက္ခဏာသုံးဖော်, ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ပါဏာတိပါတမှ ရှောင်ကြဉ်တော်မူ၏၊ [ဘဝတိုင်း Trang374 ရှောင်ကြဉ်တော်မူခဲ့သည်ဟု မဆိုလိုသော်လည်း များစွာသော ဘဝတို့၌ ရှောင်တော်မူခဲ့သည်ဟု ဆိုလိုပါသည်၊] ဤသို့ ပါဏာတိပါတမှ ရှောင်တော် မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်၏။ အကျိုးလက္ခဏာတော်။ ။ထိုသို့ ပါဏာတိပါတမှ ရှောင်တော်မူ ခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ (၁) ဖနောင့်တော် ရှည်ခြင်းဟူသော ဒီဃပဏှိတာ လက္ခဏာတော်၊ (၂) ရှည်သွယ်သော လက်ချောင်းရှိခြင်းဟူသော အာယတင်္ဂုလိတာ လက္ခဏာတော်၊ (၃) ဖြောင့်မတ်သော ကိုယ်ရှိခြင်းဟူသော ဗြဟ္မုဇုဂတ္တတာ လက္ခဏာတော်၊ ဤလက္ခဏာတော် ၃-ပါးကို ရတော်မူသည်။ ဖနောင့်တော်ရှည်ပုံ။ ။ပါဏာတိပါတကို ပြုသူတို့သည် ချောင်း၍ သူတစ်ပါးကို သတ်သောအခါ ခြေသံကြားမည်စိုးသောကြောင့် ခြေဖျား ထောက်၍ သွားရတတ်၏၊ ထိုသို့ ခြေဖျားထောက်သောအခါ ခြေတို့သည် ကောက်၍ သော်လည်း နေတတ်၏၊ ဖနောင့်တို၍သော်လည်း နေတတ်၏၊ ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် ထိုကဲ့သို့ ခြေဖျားထောက်၍ သွားလျက် သူတစ်ပါးကို မသတ်ခဲ့ကြောင်း ထင်ရှားအောင် ခြေဖနောင့်တော်သည် ရှည်တော်မူ၏၊ ဖနောင့်တော် အစွန်းသည် လုံးဝန်းသော ပုံသဏ္ဌာန်ဖြင့် လွန်စွာ တင့်တယ်တော်မူ၏။ [ခြေတော်ကို ၄-ဖို့ခွဲလျှင် နောက်တစ်ဖို့သည် ဖနောင့်တော်ဖြစ်၏၊ ဒုတိယတစ်ဖို့သည် ခြေသလုံးပေါ်ထွက်ဖို့နေရာ ဖြစ်၏၊ ရှေ့ ၂-ဖို့သည် ခြေသလုံးနေရာ၏ ရှေ့ဘက်ဖြစ်၏။ Trang375 လက်ချောင်းများ ရှည်သွယ်ပုံ။ ။ ပါဏာတိပါတကို ပြုသောအခါ လက်နက်ကို ဆုပ်ကိုင်ရ၏၊ ထိုသို့ ဆုပ်ကိုင်ရသဖြင့် လက်ချောင်းတို့သည် တိုသူကဲ့သို့ ဖြစ်ကုန်၏၊ ဗုဒ္ဓမြတ်စွာ၏ အလောင်းတော်ကား ထိုကဲ့သို့ လက်နက်ကို ဆုပ်ကိုင်၍ မသတ်ခဲ့ကြောင်း ထင်ရှားအောင် လက်ချောင်း တို့သည် အများလူတို့၏ လက်ချောင်းတို့ထက် ရှည်လည်းရှည်၍ အရင်းမှ အဖျားတိုင်အောင် သွယ်လည်း သွယ်တော်မူသည်။ ဖြောင့်မတ်သော ကိုယ်တော်ရှိပုံ။ ။ပါဏာတိပါတပြုဖို့ရန် သွား သောအခါ သူတစ်ပါး မြင်မည်စိုးသောကြောင့် ကိုယ်ကို မတ်မတ်မထားဘဲ ပုအောင် နိမ့်အောင်လုပ်၍ ကောက်လျက် ကွေးလျက် သွားရ၏၊ ဗုဒ္ဓမြတ်စွာ အလောင်းတော်သည် ထိုကဲ့သို့ ပုအောင် နိမ့်အောင်လုပ်၍ မသွားခဲ့ရ ကြောင်း ထင်ရှားဖို့ရာ ကိုယ်အရပ်တော်သည် ကောက်ကွေး၍ မနေဘဲ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်ဖြောင့်စင်းစင်း မားမားမတ်မတ် ထောင်ထောင်မောင်းမောင်း ရှိတော်မူရကား လွန်စွာတင့်တယ် သပ္ပါယ် တော်မူသည်။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြခဲ့သော လက္ခဏာတော် ၃-ပါး သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထို လက္ခဏာတော် ၃-ပါးအတွက် အကျိုးဆက်မှာ အသက်တော်ရှည်ခြင်းဟူသော အကျိုး တည်း။ [ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ချွတ်ထိုက်သော ဝေနေယျသတ္တဝါ ရှိသေးလျှင် သက်တော် ၈ဝ-ကျော်သည့်အပြင် အာယုကပ်ကုန်အောင်ပင် တည်နိုင်ပါ၏၊ သို့သော် ဘုရားချွတ်မှ ကျွတ်မည့်ဝေနေယျများ ပြည့်စုံပြီ ဖြစ်သောကြောင့် သက်တော် ၈၀-ပြည့်ရုံမျှဖြင့် ပရိနိဗ္ဗာန်စံတော်မူပါ သည်။] Trang376 တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကောင်းမှု, အကျိုးလက္ခဏာ, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၃-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြပြီး လျှင် မိမိတို့လည်း သန်းဥ, ကြမ်းပိုးဥ, ပိုးမွှားကလေးကိုမျှ ပါဏာတိပါတ အမှု မပြုမိအောင် ရှောင်ကြပါလေ။ ဆက်ပါဦးမည်- ပါဏာတိပါတအမှုကို ပြုရာ၌ အသက်မွေးမှု ချောင်လည်အောင်ပြုခြင်း, အခြားနည်းဖြင့် အသက်မွေးစရာမရှိ၍ မရှောင်သာသောကြောင့် ပြုရခြင်း, သက်သက်နှိပ်စက်လိုသောကြောင့် ပြုခြင်းဟု ၃-မျိုးရှိ၏၊ ထို ၃-မျိုးတွင် မည်သည့်ပါဏာတိပါတမဆို ငရဲသို့ ချနိုင်၏၊ ပြိတ္တာလည်း ဖြစ်စေနိုင်၏၊ ထို့ကြောင့် ဘုရားအလောင်းသည် မည်သည့်အကြောင်းကြောင့်မျှ ဘဝများစွာဝယ် ပါဏာတိပါတကို မပြုခဲ့ပါ။ *** သတ္တုဿဒတာ လက္ခဏာတော် ၄။ ဝရဘောဇနဒါနေန, ဗုဒ္ဓေါ ပုရိမဇာတိယံ၊ ဟောတိ သတ္တုဿဒေါ စေဝ, ဝရဘောဇီ စ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ- ဘဝများစွာ, ရှေးရှေးအခါ၌၊ ဝရဘောဇနဒါနေနေ-စားဖွယ်ခဲဖွယ်, လျက်ဖွယ်နှင့်, သောက်ဖွယ်ဖြာဖြာ, ပေးလှူရာဝယ်, ဩဇာပြည့်ဝ, မွန်မြတ်သော အာဟာရကို ပေးလှူခဲ့ခြင်းကြောင့်၊ သတ္တုဿဒေါ Trang377 စေဝ-လက်ဖမိုးတော် ၂-ဘက်, ခြေဖမိုးတော် ၂-ဘက်, ပခုံးတော် ၂-ဘက်, လည်ကုပ်တော်အားဖြင့်, ခုနစ်ပါးသောအရပ်တို့၌ ပြည့်ဖြိုး သော အသားတော်ရှိသည်လည်းကောင်း၊ ဝရဘောဇီ စ-ခဲဖွယ် ဘောဇဉ်, ချိုချဉ်ရသာ, မွန်မြတ်သောအစာကို ရတော်မူသည်လည်း ကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ-သတ္တုဿဒတာ, လက္ခဏာ နှင့်, ကောင်းစွာကုံလုံ, ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် စားဖွယ် မုန့်ခဲဖွယ် သောက်ဖွယ် လျှာဖြင့် လျက်ဖွယ်ဖြစ်သော အစာအာဟာရတို့ကို ပေးလှူသောအခါ မိမိတတ်နိုင် ပါလျှင် အဆီဩဇာ အရသာရှိသော အစာအာဟာရတို့ကိုသာ ပေးလှူ တော်မူ၏၊ အဆီဩဇာခြောက်ခန်းသော အာဟာရတို့ကို မပေးမလှူခဲ့ချေ၊ (အကောင်း မလှူနိုင်သောအခါ၌ကား ထိုကဲ့သို့ အညံ့ကိုလည်း လှူရပေ လိမ့်မည်။) ဤသို့ မွန်မြတ်သော အာဟာရတို့ကို ပေးလှူတော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးဖြစ်သည်။ အကျိုးလက္ခဏာတော်။ ။ထိုသို့ဘဝများစွာ၌ အဆီဩဇာ အရသာရှိ သော အစာအာဟာရတို့ကို ပေးလှူတော်မူခဲ့သောကြောင့် ဘုရားဖြစ်တော် Trang378 မူမည့်ဘဝ၌ သတ္တုဿဒတာလက္ခဏာတော်ကို ရတော်မူသည်၊ ဗုဒ္ဓမြတ်စွာ ၏ လက်ဖမိုးတော် ၂-ဖက်သည် ပြားချပ်ချပ်မနေဘဲ အသားအရေ ပြည့်ဖြိုး၍ မိုမိုမောက်မောက် ရှိတော်မူ၏၊ ခြေဖမိုးတော် ၂-ဖက်လည်း ပိပိပြားပြားမနေဘဲ အသားအရေပြည့်ဖြိုး၍ မိုမောက်တော်မူ၏၊ ပခုံး တော် ၂-ဖက်လည်း ချိုင့်လျက်မနေဘဲ အသားအရေ ပြည့်ဖြိုးတော်မူ၏၊ လည်ကုပ်တော်လည်း အရိုးမထင်ပေါ်ဘဲ အသားအရေ ပြည့်ဖြိုးတော် မူ၏၊ ဤသို့လျှင် ၇-ပါးသောအရပ်တို့၌ သူတစ်ပါးတို့ထက် အသားအရေ ပြည့်ဖြိုး၍ မိုမိုမောက်မောက်ရှိတော်မူခြင်းကို သတ္တုဿဒတာ လက္ခဏာ တော်ဟုခေါ်သည်။ [သတ္တ-၇-ပါးသော အရပ်တို့၌၊ ဥဿဒတာ-အသား တို့၏ များသည်၏အဖြစ် (ပြည့်ဖြိုးခြင်း)။] လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော သတ္တုဿဒတာ လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းပင်တည်း၊ ထိုလက္ခဏာတော်အတွက် မွန်မြတ်သော အဆီဩဇာ အရသာရှိသော စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်ဟူသော အကျိုးဆက်ကိုလည်း ရတော်မူပေသည်။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာတော်, လက္ခဏာတော်၏ အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ သတ္တုဿဒတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း တတ်နိုင်ပါမူ အဆီဩဇာရှိသော မွန်မြတ် သော အာဟာရတို့ကိုသာ စွန့်ကြဲပေးကမ်း လှူဒါန်းကြပါလေ။ Trang379 မုဒုတလုဏ ဟတ္ထပါဒတာနှင့် ဇာလဟတ္ထပါဒတာ လက္ခဏာတော် ၂-ပါး ၅။ ဇနသင်္ဂဟတော ပုဗ္ဗေ, မုဒုဟတ္ထပဒေါ ဇိနော၊ ဇာလဟတ္ထပဒေါ စေဝ, သုသင်္ဂဟဇနော နမေ။ ယော ဇိနော-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ, ရှေးရှေးအခါ၌၊ ဇနသင်္ဂဟတော-သင်္ဂဟ ၄-ပါးဖြင့်, လူအများကို ချီးမြှောက်ခဲ့ခြင်းကြောင့်၊ မုဒုဟတ္ထပဒေါစေဝ-နုပျိုသော လက်ခြေ တော်ရှိသည်လည်းကောင်း၊ ဇာလဟတ္ထပဒေါစေဝ-ဇာကွန်ယက် ပမာ, ညီစွာတည်သော လက်ချောင်း ခြေချောင်းတော်ရှိသည်လည်း ကောင်း၊ သုသင်္ဂဟဇနော စ-မခွဲမခွာ, အမြဲပါအောင်, ကောင်းစွာ သိမ်းသွင်းအပ်သော အခြွေအရံရှိသည်လည်းကောင်း၊ ဟောတိ- အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း တော်မူ၏၊ တံ ဇိနံ-မုဒုဇာလဟတ္ထပါဒတာ လက္ခဏာတော်နှစ်ပါး နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့် တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံ မိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ * အကြောင်းကောင်းမှု ။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသောဘဝတို့ဝယ် လူတို့ကို သင်္ဂဟ(၄)ပါးဖြင့် ချီးမြှောက်ခဲ့ပေသည်၊ ချီးမြှောက်သည်ဟုဆိုသော်လည်း မိမိကို မမုန်းအောင် ချစ်ခင်အောင် Trang380 သိမ်းသွင်းခြင်းပင်တည်း၊ ထိုသိမ်းသွင်းနည်းသည် ၄-မျိုးရှိ၏၊ ထို ၄-မျိုး ကား ဒါန, ပိယဝါစာ, အတ္ထစရိယာ, သမာနတ္တတာတည်း၊ ဤ ၄- မျိုး ကိုပင် သင်္ဂဟဝတ္ထု ၄-ပါးဟုလည်း ခေါ်သည်။ ဒါနဖြင့် သိမ်းသွင်းပုံ။ ။အချို့လူများသည် ပစ္စည်းဥစ္စာမရှိ, ဆင်းရဲ နွမ်းပါး၏၊ ထိုလူတို့သည် ပေးကမ်းခြင်းကို သဘောကျ၏၊ ထိုလူတို့အား ဘုရားအလောင်းသည် စွန့်ကြဲပေးကမ်းခြင်းဖြင့် မိမိကို မမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခဲ့ပါသည်။ ပိယဝါစာဖြင့် သိမ်းသွင်းပုံ။ ။အချို့လူတို့သည် အထိုက်အလျောက် ပြည့်စုံရကား စွန့်ကြဲပေးကမ်းမှုကို မမျှော်လင့်ကြ၊ ချစ်ခင်ဖွယ်ရာ ချိုသာ သောစကားဖြင့် ပြောဆိုဆက်ဆံမှုကိုသာ အလိုရှိကြ၏၊ ဘုရားအလောင်း တော်သည် ထိုသူတို့ကို သင့်တော်သော စကားအသုံးအနှုန်းဖြင့် ချိုချို သာသာသုံးနှုန်း၍ မိမိကို မမုန်းအောင် ချစ်ခင်အောင် သိမ်းသွင်းခဲ့ပါသည်။ အတ္ထစရိယာဖြင့် သိမ်းသွင်းပုံ။ ။[အတ္ထ-အကျိုးစီးပွားတိုးတက်အောင် +စရိယာ-ပြုကျင့်ခြင်း၊] အချို့လူတို့သည် စွန့်ကြဲပေးကမ်းခြင်းကိုလည်း မလိုလား၊ ပိယဝါစာဖြင့် ပြောဆိုခြင်းကိုလည်း အရေးတကြီးဟု သဘော မထား၊ လောကကြီးပွားရေး, နောင်တမလွန်ချမ်းသာရေးကိုသာ နည်းပေး လမ်းပြ ညွှန်ပြပြောဆိုခြင်းကို အလိုရှိကြ၏၊ ဘုရားအလောင်းတော်သည် ထိုသူတို့ကို ပစ္စုပ္ပန်ကြီးပွားရေး, တမလွန်ချမ်းသာရေးတို့ကို နည်းပေး လမ်းပြသောအားဖြင့် သိမ်းသွင်းခဲ့ပါသည်။ သမာနတ္တတာဖြင့် သိမ်းသွင်းပုံ။ ။ သမာန-မိမိနှင့်တန်းတူသော+ အတ္တတာ-သဘောရှိသူ၏အဖြစ်၊] အချို့လူတို့သည် စွန့်ကြဲပေးကမ်းခြင်း Trang381 ကိုလည်း မတောင်းတ၊ ပိယဝါစာကိုလည်း မတောင့်တ၊ အတ္ထစရိယာကို လည်း ညွှန်ပြဖွယ်မလို၊ သူတို့ဘာသာ ပြည့်စုံပြီးဖြစ်ကြသည်၊ ထိုသူတို့သည် အတူသွား အတူလာ အတူနေ အတူစားခြင်း စသည်ဖြင့် သူတစ်ပါးကို မနှိမ်ချပဲ တန်းတူထား၍ ဆက်ဆံခြင်းကို အလိုရှိကြ၏၊ ဘုရားအလောင်း တော်သည် ထိုသူတို့ကို အရာရာ၌ တန်းတူထား၍ သိမ်းသွင်းခဲ့ပါသည်။ အကျိုးလက္ခဏာတော်။ ။ပြအပ်ခဲ့သည့်အတိုင်း သူတစ်ပါး စိတ်ချမ်းသာအောင်, စိတ်နုညံ့အောင် အမျိုးမျိုးသောနည်းလမ်းဖြင့် ချီးမြှောက် သိမ်းသွင်းခဲ့သောကြောင့် ဘုရားဖြစ်တော်မူမည့်ဘဝ၌ မုဒုတလုဏဟတ္ထ ပါဒတာနှင့် ဇာလဟတ္ထပါဒတာ လက္ခဏာတော်နှစ်ပါးကို ရတော်မူသည်။ မဒုတလုဏဟတ္ထပါဒတာဖြစ်ပုံ။။မြတ်စွာဘုရား၏ လက်တော် ခြေတော်တို့သည် များစွာသောလူတို့၏ လက်ခြေကဲ့သို့ မကြမ်းတမ်းပဲ (မုဒု)နုနုညံ့ညံ့ရှိတော်မူ၏၊ သက်တော်ရွယ်တော်ကြီးရင့်သော်လည်း နုပျို တော်မူ၏၊ ဤသို့ လက်တော် ခြေတော်တို့၏ နုပျိုခြင်းကို မုဒုတလုဏ ဟတ္ထပါဒတာဟု ခေါ်သည်။ [မုဒု•နုညံ့သော+တလုဏ-နုပျိုသော+ ဟတ္ထပါဒတာ-လက်ခြေတော်ရှိခြင်း။] ဇာလဟတ္ထပါဒတာဖြစ်ပုံ။ ။ဗုဒ္ဓမြတ်စွာ၏ လက်မ ခြေမမှတစ်ပါးသော လက်ချောင်း ခြေချောင်းတော်တို့သည် အရှည်ပမာဏအားဖြင့် ညီမျှကြကုန်၏၊ အလွန်ကျွမ်းကျင်သော လက်သမားသည် လေသာပြတင်း ပေါက်၌ ဇာကွန်ယက်ကို တပ်သောအခါ အဖျားညီညီ စီရရီရှိအောင် တပ်၏၊ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ လက်ချောင်း ခြေချောင်းတော်ညီပုံကို လေသာ ပြတင်းဝယ် ဇာကွန်ယက်နှင့်တူ၏ဟု ဥပမာပြုကြသည်။ Trang382 လက္ခဏာတော်၏အကျိုးဆက်။ ။ပြအပ်ပြီးသော မုဒုတလုဏဟတ္ထပါဒတာလက္ခဏာ, ဇာလဟတ္ထပါဒတာလက္ခဏာတော် နှစ်ပါးသည် ရှေးကံကြောင့်ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် နှစ်ပါး အတွက် ရအပ်သောအကျိုးဆက်ကား မခွဲမခွါ အမြဲပါအောင် ကောင်းစွာ သိမ်းသွင်းအပ်ပြီးသော ပရိသတ်အခြံအရံရှိခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့အကြောင်းကောင်းမှု, အကျိုးလက္ခဏာ,လက္ခဏာတော်အတွက်အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ လက္ခဏာတော်နှစ်ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း မိမိဆိုင်ရာ လူအများကို သင်္ဂဟ ၄-ပါးဖြင့် ချီးမြှောက်နိုင်, သိမ်းသွင်းနိုင်အောင် အမြဲသတိထား၍ ကြိုးစားကြပါလေ။ ဥဿင်္ခပါဒတာ, ဥဒ္ဓဂ္ဂလောမတာ လက္ခဏတော် ၂-ပါး ၆။ ဗုဒ္ဓေါ ဥဂ္ဂတဝါစာယ, ဘာသတုဿင်္ခပါဒကော၊ ဥဒ္ဓဂ္ဂလောမကော စေဝ, လောကဂ္ဂေါ စာပိ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင် မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ- ဘဝများစွာ, ရှေးရှေးအခါ၌၊ ဥဂ္ဂတဝါစာယ-လူအများတို့, စီးပွား မြင့်လျက်, တိုးတက်ကြောင်း တရားစကားကို၊ ဘာသတော-ဟော ပြောတော်မူခဲ့ခြင်းကြောင့်၊ ဥဿင်္ခပါဒကောစ-အောက်သို့မသက်, အထက်တက်သည့်, ဖမျက်အနေ, ခြေတော်ရှိသည်လည်းကောင်း၊ Trang383 ဥဒ္ဓဂ္ဂလောမကောစေဝ-ရွှေမျက်နှာတော်, ဖူးမြော်လိုဘိ, မော်၍ ကြည့်သို့, အဖျားလှည့်မော်, မွေးညင်းတော်ရှိသည်လည်းကောင်း၊ လောကဂ္ဂေါစာပိ-သတ္တလောက, ဟူသမျှဝယ်, အစစအရာရာ, အသာဆုံး အမြတ်ဆုံးသည်လည်းကောင်း၊ ဟောတိ-အကြောင်း အလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံဗုဒ္ဓံ-ဥဿင်္ခပါဒ, ဥဒ္ဓဂ္ဂလောမတာ, လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ဆရာမိဘအဖြစ်, မိတ်ဆွေအဖြစ်ဖြင့် တပည့် သားသမီးတို့နှင့် မိတ်ဆွေတို့အားလည်းကောင်း, ဤဘဝ နောက်ဘဝ၌ ကြီးမြင့်ခြင်း ကောင်းသော တရားစကားကိုသာ ဟောလေ့ ပြောလေ့ ရှိခဲ့ပေသည်၊ ဤကား ရှေးရှးကောင်းမှုတော် တစ်ပါးဖြစ်သည်။ အကျိုးလက္ခဏာတော်။ ။ထိုကဲ့သို့ မြင့်မြတ်သော တရားစကားကို ပြောဟောတော်မူခဲ့ခြင်းကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ဥဿင်္ခပါဒတာနှင့် ဥဒ္ဓဂ္ဂလောမတာ, လက္ခဏာတော် ၂-ပါးကို ရတော်မူ သည်။ [ဥ-အထက်သို့မြင့်တက်သော+သင်္ခတ-ဖမျက်တော်ရှိခြင်း၊ ဥဒ္ဓဂ္ဂ- အထက်သို့ အဖျားလှည့်သော+လောမတာ-မွေးညင်းတော်ရှိခြင်း။] Trang384 မြင့်သော ဖမျက်တော်ရှိပုံ။ ။များစွာသောလူတို့၏ ခြေမျက်စိဟု ခေါ်အပ်သော ဖမျက်သည် ခြေဖမိုးနှင့်နီးကပ်၍ အနည်းငယ် အောက်ကျ လျက်ရှိ၏၊ ဗုဒ္ဓမြတ်စွာ၏ ဖမျက်တော်သည်ကား ခြေဖမိုးအထက်၌ လက် ၂-သစ် (လက် ၄-သစ်)လောက် မြင့်တက်နေ၏၊ ထိုသို့ မြင့်တက်နေသော် လည်း ဘုကြီးအဖြစ်ဖြင့် ထင်ရှား၍ မနေ, မသိမသာ ပြေနေ၏။ မွေးညင်းတော်၏အထက်သို့ အဖျားလှည့်ပုံ။ ။များစွာသောလူတို့၏ မွေးညင်းတို့သည် အောက်ဖက်သို့ အဖျားလှည့်ကုန်၏၊ ဗုဒ္ဓမြတ်စွာ၏ မွေးညင်းတော်များကား မျက်နှာတော်ကို မော်၍ ကြည့်သကဲ့သို့ အထက်သို့ အဖျားလှည့်၍နေကုန်၏။ လက္ခဏာတော် ၂-ပါး၏ အကျိုးဆက်။ ။ပြခဲ့သော လက္ခဏာတော် ၂-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာ တော် ၂-ပါးအတွက် ရအပ်သော အကျိုးဆက်မှာ လူနတ်ဗြဟ္မာ သတ္တဝါ ဟူသမျှထက် အသာဆုံး အမြတ်ဆုံး ဖြစ်ရခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကောင်းမှု, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ အထက်သို့ မြင့်တက်သော ဖမျက်တော်နှင့် အထက်သို့ အဖျား လှည့်သော မွေးညင်းတော်ဟူသော လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း လက်အောက်ငယ်သား တို့အား မြင့်မြတ်သော ဩဝါဒစကားကို ပြောကြပါလေ။ ************** Trang385 ဧဏီဇင်္ဃတာ လက္ခဏာတော် ၇။ သက္ကစ္စံ သိပ္ပ ဝါစေတာ, တေနေဏီဇင်္ဃလက္ခဏော၊ အနုစ္ဆဝိကလာဘော စ, သမ္ဗုဒ္ဓေါ ဟောတိ တံ နမေ။ ယော သမ္ဗုဒ္ဓေါ-အကြင် မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ- ဘဝများစွာ, ရှေးရှေးအခါ၌၊ သက္ကစ္စံ-တပည့်အပေါင်း, ကြာ မညောင်းဘဲ, နည်းကောင်းခြယ်လှယ်, တတ်သိလွယ်မှု, ကောင်းစွာ ပြု၍၊ သိပ္ပံ-ဝိဇ္ဇာသိပ္ပ, စရဏနှင့်, ကမ္မဿကတာ, ဉာဏ်ပညာအထိ, သိဖွယ် တတ်ဖွယ်, ကျင့်ဖွယ်အပေါင်း, အတတ်ကောင်းကို၊ ဝါစေတာ-မေတ္တာကရုဏာ, ရှေးရှုကာဖြင့်, ဆရာအနေ, ပို့ချခဲ့ပေ၏၊ တေန-ထိုသို့ လေးလေးစားစား, အတတ်များကို, သင်ကြားပြသ, ပို့ချခဲ့ခြင်းကြောင့်၊ ဧဏီဇင်္ဃလက္ခဏောစ-ဧဏီမည်သော သားကောင်၏ သလုံးအသွင်, အစဉ်အဆက်, လုံး၍တက်သော ခြေသလုံးတော်ရှိသည်လည်းကောင်း၊ အနုစ္ဆဝိကလာဘော စ- ရဟန်းတော်နှင့်, သင့်လျော်လျောက်ပတ်, ကောင်းသော လာဘ်ရှိ တော်မူသည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုး ဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ- ဧဏီဇင်္ဃတာ, လက္ခဏာတော်နှင့်, ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ Trang386 အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ဆရာသမားအဖြစ်ဖြင့် အတတ်ပညာကို သင်ပေးသောအခါ မိမိတပည့်အပေါင်းကို ဒူးတုပ်စေခြင်းအားဖြင့်လည်း ကောင်း, အစေအပါးခိုင်းခြင်းအားဖြင့်လည်းကောင်း, ဒူးတို့ကို ညောင်းစေ ၍ ကြာရှည်စွာ မသင်ရဘဲ တတ်လွယ်အောင် နည်းကောင်းလမ်းကောင်း စည်းမျဉ်းကောင်းတို့ကို ညွှန်ပြလျက် သင်ပေးခဲ့၏၊ ဤသို့ တတ်လွယ် အောင် သင်ပေးတော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးကောင်းမှုတော် တစ်ပါးဖြစ်သည်။ အကျိုးလက္ခဏာတော်။ ။ထိုသို့ အတတ်ပညာ တတ်လွယ်အောင် သင်ပေးခဲ့သော ကောင်းမှုကြောင့် ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌ ဧဏီဇင်္ဃလက္ခဏာတော်ကို ရတော်မူ၏။ [ဧဏီဇင်္ဃ-ဧဏီမည်သော သားကောင်၏ ခြေသလုံးနှင့် တူသော ခြေသလုံးတော်။] သလုံးမြင်းခေါင်း၏ တင့်တယ်ပုံ။ ။များစွာသော လူတို့၏ ခြေသလုံးသည် နောက်ဘက်က ဆန်အိတ်ကလေးကဲ့သို့ ကွဲ၍ ရှေ့ဘက်၌ အရိုးချောင်းချောင်း ပေါ်ထင်နေ၏၊ ဘုရားရှင်သည်ကား ထိုခြေသလုံးကို မညောင်းစေအောင် အတတ်ပညာ သင်ပြခဲ့သော ကောင်းမှုကြောင့် ရှေ့ရောနောက်ပါ အသားမျှလျက် တခဲနက် လုံးဝန်း၍ နေ၏၊ ထိုကဲ့သို့ လုံးဝန်း၍ နေပုံကို ဧဏီမည်သော တောဆိတ်နက်၏ ခြေသလုံးနှင့် ဥပမာပြုကြသည်။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြခဲ့ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်ကား မင်းဖြစ်လျှင် မင်းနှင့်ထိုက်တန်သော အသုံး Trang387 အဆောင်ကို ရရှိ၍ ရဟန်းဖြစ်လျှင် ရဟန်းတော်နှင့် ထိုက်တန်သော ပစ္စည်းလာဘ်ကို ရတော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ ထိုဧဏီဇင်္ဃတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း ဆရာဖြစ်သောအခါ တပည့်တို့အား တတ်လွယ်အောင် သင်ပြကြပါလေ။ သုခုမစ္ဆဝိတာ လက္ခဏာတော် ၈။ ပရိပုစ္ဆနတော ပုဗ္ဗေ, ပဏ္ဍိတံ ကုသလာဒိကံ၊ သုခုမစ္ဆဝိကော ဗုဒ္ဓေါ, မဟာပညော စ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုရိမဇာတိယံ- ဘဝများစွာ, ရှေးရှေးအခါ၌၊ ပဏ္ဍိတံ-လောကဓမ္မ, ၂-ဌာန၌, ကျန မြင်သိ, ပညာရှိပုဂ္ဂိုလ်ကို၊ ကုသလာဒိကံ-ကုသိုလ် အကုသိုလ်, ထိုထို များစွာ, အကြောင်းအရာကို၊ ပရိပုစ္ဆနတော-အမှန်သိရေး, အဖန်ဖန် မေးခဲ့ခြင်းကြောင့်၊ သုခုမစ္ဆဝိကော-နူးညံ့သိမ်မွေ့သော အသားအရေတော်ရှိသည်လည်းကောင်း၊ မဟာပညောစ-ကြီးကျယ် သော ပညာတော်ရှိသည်လည်းကောင်း၊ ဟောတိ-အကြောင်း အလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ-သုခုမစ္ဆဝိတာ လက္ခဏာတော်နှင့်, ပြည့်စုံတော်မူသော Trang388 ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ) သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ပညာရှိပုဂ္ဂိုလ်အထံ ချဉ်းကပ်၍ “ကုသိုလ် တရားဟူသည် အဘယ်ပါနည်း၊ အကုသိုလ်တရားဟူသည် အဘယ်ပါ နည်း၊ အဘယ်တရားကို ပြုကျင့်လျှင် မကောင်းကျိုးကိုရ၍ အဘယ်တရား ကို ပြုကျင့်လျှင် ကောင်းကျိုးကို ရပါသနည်း”ဟု သိမ်မွေ့သော အကြောင်း အရာတို့ကို မေးမြန်းလေ့ရှိ၏၊ ထိုသို့ မေးမြန်းခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးဖြစ်သည်။ အကျိုးလက္ခဏာတော်။ ။ထိုကဲ့သို့ မိမိထက် တတ်သိသော ပညာရှိ အထံ၌ သိမ်မွေ့သော အကြောင်းအရာ တရားစကားကို မေးမြန်းခဲ့ခြင်း ကြောင့် ဘုရားဖြစ်မည့် နောက်ဆုံးဘဝ၌ သုခုမစ္ဆဝိတာ (သိမ်မွေ့သော အသားအရေတော်ရှိခြင်းဟူသော)လက္ခဏာတော်ကို ရတော်မူပေသည်။ သုခုမ-သိမ်မွေ့သော နုညံ့သော၊ ဆဝိတာ-အသားပေါ်က အရေတော် ရှိခြင်း။] သိမ်မွေ့သော အရေတော်ရှိပုံ။ ။များစွာသော လူတို့၏ အသားအရေသည် သိမ်မွေ့နုညံ့ခြင်း မရှိလှ, အချို့မှာ ကြမ်း၍ပင်နေသေး၏၊ စိုစိုပျိုပျို လည်း မရှိ, မွဲခြောက်ခြောက်ဖြစ်နေတတ်၏၊ ဗုဒ္ဓမြတ်စွာ၏ အသားအရေ တော်ကား သိမ်မွေ့သော အကြောင်းအရာကို မေးမြန်း၍ ကျင့်လည်း ကျင့်ခဲ့သည့် ကုသိုလ်ကံကြောင့် သိမ်မွေ့နုညံ့တော်မူပေသည်။ Trang389 လက္ခဏာတော်၏ အကျိုးဆက်။ ။ပြခဲ့သော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုးဆက်မှာ အရာရာ၌ သူတစ်ပါးထက်သာအောင် ကြီးကျယ်သော ဉာဏ်ပညာရှိတော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ ထိုသုခုမစ္ဆဝိတာ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ပညာရှိများအထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကံနှင့် ထိုကံတို့၏ အကျိုးရပုံကို မေးမြန်းကြပါလေ။ ကံနှင့် ကံ၏ အကျိုးအဖွင့် အောက်ပါလင်္ကာကို ဆိုခဲ့ပါသည်။ ၁။ သိရန်မှန်သမျှ, မမေးက, ဖျင်း-အ ပညာဆို။ ၂။ ကြားမြင်များအောင်, မေးလေ့ဆောင်, ခုနောင် တတ်သိလို။ သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော် ၉။ သုခုမဝတ္ထဒါနေန, အက္ကောဓေန ပုရေ ဘဝေ၊ ဟေမဝဏ္ဏော ဇိနော လာဘီ, မုဒုဝတ္ထာနဉ္စ တံ နမေ။ ယော ဇိနော-အကြင် မြတ်စွာဘုရားသည်၊ ပုရေဘဝေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ သုခုမဝတ္ထဒါနေန-သိမ်မွေ့ နုညံ့သော အဝတ်အရုံ, အခြုံအခင်းတို့ကို ပေးလှူခဲ့ခြင်းကြောင့်လည်းကောင်း၊ Trang390 အက္ကောဓေနစ-အမျက်ဒေါသ, မထွက်ရအောင်, နိစ္စချုပ်တည်း, စောင့်စည်းခဲ့ခြင်းကြောင့်လည်းကောင်း၊ ဟေမဝဏ္ဏော-ရွှေအဆင်း ကဲ့သို့, ဝါဝင်းသော အဆင်းတော်ရှိသည်လည်းကောင်း၊ မုဒုဝတ္ထာနံ- နုညံ့သောအဝတ်အရုံ, အခြုံအခင်းတို့ကို၊ လာဘီ စ-ရခြင်းရှိတော် မူသည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ-သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည် မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌များစွာသော ဘဝတို့ဝယ် အဝတ်ကိုလှူသောအခါ လှူဖို့ရန်အဆင်သင့် ရှိလျှင် နုညံ့သောအဝတ်အရုံ ခြုံထည်အခင်းတို့ကို ပေးလှူလေ့ရှိ၏၊ [ထိုသို့ အနုအညံ့ မရှိလျှင်ကား ကြမ်းသောအဝတ်တို့ကိုလည်း ပေးလှူရပေလိမ့် မည်။] ထို့ပြင် များစွာသောဘဝတို့၌ အမျက်ဒေါသမဖြစ်အောင်, ဖြစ်ပြန် လျင်လည်း အပြင်မထွက်အောင် စောင့်စည်း ချုပ်တည်းလေ့ရှိခဲ့ပေသည်၊ ဤသို့ နုညံ့သောအဝတ်တို့ကို ပေးလှူခဲ့ခြင်းနှင့် အမျက်ဒေါသမဖြစ် ရအောင်, ဖြစ်ပြန်လျှင်လည်း အပြင်မထွက်ရအောင် စောင့်စည်း ချုပ်တည်းခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးဖြစ်သည်။ Trang391 အကျိုးလက္ခဏာ။ ။ထိုကဲ့သို့သော ကောင်းမှုကြောင့် ဘုရားဖြစ်တော် မူမည့် နောက်ဆုံးဘဝ၌ သုဝဏ္ဏဝဏ္ဏတာ လက္ခဏာတော်ကို ရတော်မူ သည်၊ များစွာသောလူတို့၏ အရေအဆင်းသည် အမျိုးမျိုးရှိကြသော်လည်း ရွှေအဆင်းရှိသူက နည်းပါးလှ၏၊ ဗုဒ္ဓမြတ်စွာ၏ အရေအဆင်းတော်သည် ဇမ္ဗူရာဇ်ရွှေ သိင်္ဂီရွှေ, နာရဏီရွှေအဆင်းတို့ကဲ့သို့ ဝင်းဝင်းဝါဝါ လွန်စွာ တင့်တယ်တော်မူသည်။ အမှာ။ ။ဆွမ်းစသော အာမိသ အကောင်းအမွန်ကို ပေးလှူခဲ့ခြင်း, ဘုရားတန်ဆောင်းအတွင်း ကျောင်းဝိုင်းအတွင်းတို့၌ ဖြစ်စေ, လူအများ သွားလာရာ လမ်း၌ဖြစ်စေ သန့်သန့်ရှင်းရှင်းဖြစ်အောင် တံမြက်လှည်းလေ့ ရှိခြင်းကြောင့်လည်း ထိုကဲ့သို့ ရွှေအဆင်းရှိသူများ ဖြစ်တတ်ပါသည်။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြခဲ့သော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်အတွက် အကျိုးဆက်ကား နုညံ့သိမ်မွေ့သော အဝတ်အရုံ, အခြုံအခင်းတို့ကို ရတော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော ကိုယ်တော်ရှိပုံကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း တတ်နိုင်ပါလျှင် နုညံ့ သော အဝတ်အရုံ အခြုံအခင်းတို့ကို ပေးလှူနိုင်အောင် ကြိုးစားကြပါလေ၊ ထိုသို့ ပေးလှူရာ၌ ရွှေအဆင်းရဖို့အရေးကို တွေးတော၍ ဆုမတောင်း မိစေဘဲ နိဗ္ဗာန်ကိုသာ ရည်စူးကြပါစေ။ Trang392 ကောသောဟိတ ဝတ္ထဂုယှတာ လက္ခဏာတော် ၁၀။ ဉာတိမိတ္တေ သမာနေတာ, ပုဗ္ဗေ တေန တထာဂတော၊ ကောသောဟိတ ဝတ္ထဂုယှော, ဗဟုပုတ္တောစ တံ နမေ။ ယော တထာဂတော-အကြင်မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ ဉာတိမိတ္တေ- အမိတစ်ခြား, သားတစ်ခြားသို့, ကွဲပြား၍နေ, ဆွေမျိုးမိတ်ဆွေတို့ကို၊ သမာနေတာ-ပြန်၍ ပေါင်းဆုံ, တွေ့ကြုံမိအောင်, ပို့ဆောင်တော်မူ၏၊ တေန-ထိုသို့ ပြန်၍တွေ့ အောင်, ပို့ဆောင်ခဲ့ခြင်းကြောင့်၊ ကောသောဟိတ ဝတ္ထဂုယှောစ- ဥသဘနွားမြတ်, အင်္ဂါဇာတ်သို့, အအိမ်ဖြင့်ဖုံးအပ်သော အင်္ဂါဇာတ် တော်ရှိသည်လည်းကောင်း၊ ဗဟုပုတ္တောစ-များသောသားတော်ရှိ သည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ် ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ-ကောသော ဟိတ ဝတ္ထဂုယှတာ လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ *** အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌များစွာသော ဘဝတို့ဝယ် မိဘနှင့်ကွဲနေသော သားသမီးတို့ကိုလည်း ကောင်း, သားသမီးနှင့်ကွဲနေသော မိဘတို့ကိုလည်းကောင်း, ကွဲနေသော ဆွေမျိုးတို့ကိုလည်းကောင်း, အချင်းချင်း ပြန်၍ တွေ့အောင် ကိုယ်တိုင် Trang393 လည်း ပို့ဆောင်ခဲ့၏၊ ရှင်ဘုရင် စသည်ဖြစ်သောအခါ ကွဲနေသူတို့ကို ပြန်၍ တွေ့အောင် ဆောင်ပို့ပေးဖို့ရာ မြို့တံခါးပေါက်စသော အရပ်တို့၌ မင်းချင်းယောက်ျား အစေအပါးတို့ကို ထားပေးခဲ့၏၊ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေးကောင်းမှုတည်း။ အကျိုးလက္ခဏာတော်။ ။ထိုကုသိုလ်ကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ၌ နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့် ဖုံးအပ် သော အင်္ဂါဇာတ်တော်ရှိခြင်းဟူသော လက္ခဏာတော်ကို ရတော်မူသည်၊ ဆက်ဦးအံ့- သားသမီးနှင့်မိဘ ဆွေမျိုးအချင်းချင်းတို့သည် တစ်ယောက် အပြစ်ကို တစ်ယောက် ကာကွယ်ဖုံးထားလေ့ရှိ၏၊ ထို့ကြောင့် ဆွေမျိုး အချင်းချင်း ပေါင်းမိအောင် ဆောင်တော်မူခြင်းသည် အပြစ်ကို ကာကွယ် နိုင်ခြင်း၏ အကြောင်းကို ပြုရာရောက်၏၊ လူတို့အင်္ဂါဇာတ်လည်း မမြင် အပ်သော အပြစ်တစ်မျိုးပင်တည်း၊ ထိုအင်္ဂါဇာတ်ကို တိုးလိုတွဲလဲ မနေစေ ဘဲ နွားလားဥသဘ၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့် ဖုံးထားခြင်းသည် အပြစ်ကို ဖုံးကွယ်ရာရောက်၏၊ ထို့ကြောင့် ဤလက္ခဏာတော်သည် အများယောက်ျားတို့ထက် ထူးခြားသော လက္ခဏာတော်ဖြစ်ရပေသည်။ [ကောသ-အအိမ်၌၊•ဩဟိတ-ထားအပ်သော၊ ဝတ္ထဂုယှ-အင်္ဂါဇာတ်။] လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ခဲ့သော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်မှာ သားရတနာများစွာနှင့် ပြည့်စုံခြင်းတည်း၊ မှန်၏၊ လူမင်းဖြစ်လျှင် တစ်ဖက်စစ်တပ်ကို အလွယ်တကူ နှိမ်နင်းနိုင်သော သားပေါင်းတစ်ထောင်နှင့် ပြည့်စုံနိုင်၏၊ ဗုဒ္ဓမြတ်စွာဖြစ်သောအခါ အရှင် သာရိပုတ္တရာအစရှိသော သားရတနာများစွာနှင့် ပြည့်စုံတော်မူသည်။ Trang394 တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ ကောသောဟိတဝတ္ထဂုယှတာလက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း ဆွေမျိုးချင်း သားအမိ သားအဖချင်း, သမီးခင်ပွန်းချင်း ကွဲနေသည်ကို မြင်ရသောအခါ ပြန်၍ ပေါင်းမိအောင် စွမ်းနိုင်သမျှ ဆောင်ရွက်ကြပါလေ။ နိဂြောဓ ပရိမဏ္ဍလ, ဇာဏုပရာမသန လက္ခဏာတော် ၂-ပါး ၁၁။ ဂုဏာနုရူပ ကာရတော, နိဂြောဓ ပရိမဏ္ဍလော၊ ဌိတောဝါမသန္တော ဇာဏူ, မဟဒ္ဓနော စ တံ နမေ။ ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ- ဘဝများစွာ, ရှေးရှေးအခါ၌၊ ဂုဏာနုရူ ပကာရတော-သူ၏ဂုဏ် နှင့်, လျော်ကန်သင့်အောင်, ချီးမြှင့်မှုကို, ပြုခဲ့ခြင်းကြောင့်၊ နိဂြောဓ ပရိမဏ္ဍလောစ-ဝန်းဝိုင်းသော ပညောင်ပင်ကဲ့သို့, ကိုယ်တော်နှင့် အလံ, လျော်ကန်ညီညီ, ဝန်းဝိုင်းတော်မူသည်လည်းကောင်း၊ ဌိတောဝ-မကိုင်းမညွတ်, မတ်မတ်ရပ်တော်မူလျက်သာလျင်၊ ဇာဏူ- ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို၊ အာမသန္တော- သုံးသပ်တော်မူနိုင်သည် လည်းကောင်း၊ မဟဒ္ဓနော စ-ပြည့်စုံရုံမျှ, မကတိုးပွား, အလွန်များ သော လောကီလောကုတ္တရာ ဥစ္စာရှိသည်လည်းကောင်း၊ ဟောတိ- Trang395 အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်း တော်မူ၏၊ တံ တထာဂတံ-နိဂြောဓ ပရိမဏ္ဍလတာ, ဇာဏုပရာမ သန, လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော်(တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် သူတစ်ပါး၏ဂုဏ်ကို အမှန်အတိုင်း သိတော်မူ ရကား ဂုဏ်ထူးရှိသူတို့ကို ဂုဏ်ထူးအလိုက် ပေးကမ်းချီးမြှောက်ခဲ့၏၊ လျှော့၍လည်း မချီးမြှောက်၊ ပို၍လည်း မချီးမြှောက်ပါ၊ ဥပမာ-တစ်ကျပ် တန်သူအား ငါးမူးလည်း မပေး၊ ၂-ကျပ်လည်း မပေး၊ တစ်ကျပ်သာ ပေးသကဲ့သို့ တည်း၊ ဤသို့ သူ၏ဂုဏ်အားလျော်စွာ ချီးမြှောက်ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။ အကျိုးလက္ခဏာတော် ၂-ပါး။ ။ထိုအကြောင်းကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ၌ နိဂြောဓပရိမဏ္ဍလလက္ခဏာနှင့် ဇာဏုပရာမသန လက္ခဏာတော် ၂-ပါးကို ရတော်မူ၏၊ အရပ်တော် ၄- တောင်ရှိလျှင် လက်နှစ်ဖက် အလံတော်လည်း ကိုယ်လုံးနှင့်တကွ ၄- တောင်ပင် ရှိ၏၊ ဤသို့ အရပ်တော်နှင့် အလံတော်ညီမျှခြင်းကို အဝန်း ညီမျှသော ပညောင်ပင်နှင့် တူသောကြောင့် “နိဂြောဓပရိမဏ္ဍလ လက္ခဏာ”ဟု ခေါ်၏၊ (ပညောင်ပင်သည် အမြင့်အတောင်ငါးဆယ်ရှိလျှင် ဘေးပတ်ဝန်းကျင် အပြန့်လည်း အတောင်ငါးဆယ်ပင် ရှိ၏။) ထို့ပြင် Trang396 ဗုဒ္ဓမြတ်စွာသည် မကိုင်းမညွတ်ဘဲ မတ်မတ်ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို လက်တော် ၂-ဖက်ဖြင့် ထိအောင် သုံးသပ်တော်မူနိုင်၏။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် ၂-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာ တော် ၂-ပါးအတွက် အကျိုးဆက်မှာ လူမင်းဖြစ်လျှင် လောကီဥစ္စာ ရတနာတို့နှင့် ပြည့်စုံခြင်း, တရားမင်း ဘုရားဖြစ်လျှင် သဒ္ဓါ သီလစသော လောကုတ္တရာရတနာတို့နှင့် ပြည့်စုံခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကိုယ့်အောက်ငယ်သားတို့ကို ဂုဏ်အား လျော်စွာ ချီးမြှောက်တတ်ကြပါစေ။ ဝတ္တက္ခန္ဓတာ, စိတန္တရတာ, သီဟပုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် ၃ ပါး ၁၂။ မဟာစနတ္ထကာမေန, ဝတ္တက္ခန္နော စိတန္တရော၊ သီဟပုဗ္ဗဒ္ဓကာယော စ, အဟာနိယော စ တံ နမေ။ ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ ပုရေ ဘဝေ-ဘဝများစွာ, ရှေးရှေးအခါ၌၊ မဟာဇနတ္ထကာမေန-သတ္တဝါ အပေါင်း, ကြီးပွားကြောင်းကို, ငဲ့စောင်းလိုလား, ကြိုးစားတော် Trang397 မူခဲ့ခြင်းကြောင့်၊ ဝတ္တက္ခန္ဓောစ-ရွှေမုရိုးစည်ကဲ့သို့, အညီပတ်ဝင်း, လုံးသော လည်ပင်းတော်ရှိသည်လည်းကောင်း၊ စိတန္တရောစ- လက်ပြင်ရိုး ၂-ဖက်အကြား၌ စီ၍ထားသကဲ့သို့ ပြည့်သောအသား တော်ရှိသည်လည်းကောင်း၊ သီဟပုဗုဒ္ဓကာယောစ-ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ်ကဲ့သို့ အထက်အောက် ၂-ဌာန၌ ပြည့်ဝသော ကိုယ်တော်ရှိသည်လည်းကောင်း၊ အဟာနိယောစ-သဒ္ဓါစသည်, အလီလီနှင့်, လောကီဓန, ဟူသမျှလည်း, လျောကျဆုတ်ယုတ်ခြင်း မရှိသည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက် ၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ- ဝတ္တက္ခန္ဓ, စိတန္တရနှင့် သီဟပုဗုဒ္ဓကာယာ, ၃-ဖြာသော လက္ခဏာ တော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရား တပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် သတ္တဝါများ၏ ကြီးပွားချမ်းသာကြောင်းကို အလိုရှိတော်မူရကား ပြုလေသမျှ ကိစ္စအဝဝတို့၌ ပရဟိတအမှုကိုသာ ပြုကျင့်တော်မူခဲ့ပေသည်၊ လောကကြီးပွားရေးသာမက သဒ္ဓါ သီလ သုတ စသော သူတော်ကောင်းဥစ္စာတို့၏ တိုးပွားရေးကိုလည်း မျှော်တွေး၍ ဟောပြောပြသ ဆုံးမတော်မူခဲ့ပေသည်၊ ဤကား ဗုဒ္ဓမြတ်စွာ၏ ရှေး ရှေးအကြောင်း ကောင်းမှုတော် တစ်ပါးဖြစ်သည်။ Trang398 စရိယာ ၂-ပါး။ ။ဗုဒ္ဓမြတ်စွာ၏ စရိယာ ၃-ပါးတွင် အလောင်း အလျာဘဝတုန်းက ဉာတတ္ထစရိယာ-ဆွေမျိုးတို့၏ စီးပွားကို ကျင့်ခြင်း၊ လောကတ္ထစရိယာ-ဆွေမျိုးဟု မခွဲခြားဘဲ သတ္တဝါအများ၏ စီးပွားကို ကျင့်ခြင်း၊ ဤ ၂-ပါးကို များစွာသောဘဝတို့၌ ပရဟိတအကျိုးငှာ ကျင့်တော်မူခဲ့ပါသည်။ အကျိုးလက္ခဏာတော် ၃-ပါး။ ။ထိုအကြောင်း ကောင်းမှုကြောင့် ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ၌ ဝတ္တက္ခန္ဓတာလက္ခဏာ, စိတန္တရတာ လက္ခဏာ, သီဟပုဗ္ဗဒ္ဓကာယတာလက္ခဏာအားဖြင့် လက္ခဏာ ၃-ပါးကို ရတော်မူသည်၊ [ဝတ္တ-လုံးသော+ခန္ဓတာ-လည်ပင်းတော်ရှိခြင်း+စိတ- အသားတွေကို စီထားသကဲ့သို့ ပြည့်သောအသားရှိသော+အန္တရတာ-လက် ပြင်ရိုး ၂-ဖက်၏ အကြားရှိခြင်း၊ (လက်ပြင်တော် ၂-ဖက်၏ အကြား၌ အသားတော်ပြည့်ခြင်း၊)+သီဟပုဗုဒ္ဓ-ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ်ကဲ့သို့ အထက်ပိုင်း အောက်ပိုင်း ၂-ပိုင်းလုံး ပြည့်ဖြိုးသော ကိုယ်တော်ရှိခြင်း။] လုံးသော လည်ပင်းတော်ရှိခြင်း။ ။အချို့သူတို့၏ လည်ပင်းသည် ကြိုးကြာ(ဂျိုးဂျာ)လည်ပင်းကဲ့သို့ ရှည်၍ နေတတ်၏၊ အချို့ လည်ပင်းကား ဗျိုင်း၏ လည်ပင်းကဲ့သို့ ကောက်၍နေတတ်၏၊ အချို့ လည်ပင်းမှာ တောဝက်၏ လည်ပင်းကဲ့သို့ ပြန့်ကျယ်၍နေတတ်၏၊ ဘုရားအလောင်း၏ လည်ပင်းသည် လည်ကုပ်တော် လှပရကား ကောင်းစွာလုံးအပ်သော ရွှေမုရိုးစည်ကဲ့သို့ တင့်တယ်တော်မူ၏၊ စကားပြောသောအခါ လည်ပင်း အကြောများ မထင်ရှားဘဲ မိုးခြိမ်းသကဲ့သို့ အသံတော်လည်း ဟိန်း၍ နေပါသည်။ Trang399 လက်ပြင်ရိုး ၂-ဖက်အကြား၌ အသားပြည့်ပုံ။ ။နောက်ကျော ပြင်ဝယ် လည်ကုပ်၏အောက်၌ ပေါ်ထွက်၍နေသော အရိုး၂-ဖက်ရှိ၏၊ လက်ပြင်ရိုးဟု ခေါ်၏၊ များစွာသောလူတို့၏ လက်ပြင်ရိုး၂-ဖက်အကြား၌ များသောအားဖြင့် အသားမပြည့်ချေ၊ ဘုရားအလောင်းမှာ ခါးမှအထက် ပခုံးတိုင်အောင် အသားလွှာပြည့်နေသောကြောင့် ထိုလက်ပြင်၂-ဖက် ကြား၌လည်း ရွှေပျဉ်ပြားကဲ့သို့ အသားပြည့်လျက် ရှိပေသည်။ ခြင်္သေ့မင်း၏ ကိုယ်နှင့်တူပုံ။ ။ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်သာ တုတ်ခိုင်၏၊ နောက်ပိုင်းကိုယ်ကား သေးငယ်သည်၊ ဗုဒ္ဓမြတ်စွာကား အထက်ပိုင်း အောက်ပိုင်း ၂-ပိုင်းလုံးမှာပင် တုတ်တုတ်ခိုင်ခိုင် ရှိတော်မူ၏။ (“တုတ်တုတ်ခိုင်ခိုင်”ဟု ဆိုသော်လည်း ကြည့်ရှု၍ မလှပအောင် ဝဝဖိုင့်ဖိုင့် ဘုတ်ထိုင်းထိုင်း မဟုတ်ပါ၊ ပြည့်ပြည့်ဖြိုးဖြိုး ပြေပြေပြစ်ပြစ် သွက်သွက် လက်လက်သာတည်း။) လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် ၃-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာ တော် ၃-ပါးအတွက် အကျိုးဆက်မှာ လူဖြစ်လျှင် ပြည့်စုံပြီးသော ရွှေငွေ စသော ရတနာတို့မှ မဆုတ်ယုတ်ခြင်း, တရားမင်းဖြစ်သောအခါ သဒ္ဓါ စသော ဥစ္စာတို့မှ ယုတ်လျော့၍ မသွားခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၃-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ ကို ပွားများပြီးလျှင် မိမိတို့လည်း လူအများ၏ အကျိုးစီးပွားကို လိုလို လားလား ဆောင်ရွက်ကြပါလေ။ Trang400 ရသဂသဂ္ဂိတ လက္ခဏာတော် ၁၃။အဝိဟေဌနတော ပုဗ္ဗေ, ပါဏီနံ ပါဏိအာဒိနာ၊ ဇိနော ရသဂသဂ္ဂီ စ, အပ္ပါဗာဓော စ တံ နမေ။ ယော ဇိနော-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ ပါဏီနံ-သတ္တဝါတို့ကို၊ ပါဏိအာဒိနာ- လက် အစရှိသည်ဖြင့်၊ အဝိဟေဌနတော-မညှဉ်းဆဲခဲ့ခြင်းကြောင့်၊ ရသဂသဂ္ဂီ စ-အရသာကိုဆောင်ယူနိုင်သော အကြောတို့တွင် အမြတ်ဆုံးဖြစ်သော ခုနစ်ထောင်သော အကြောတော်ရှိသည် လည်းကောင်း၊ အပ္ပါဗာဓော စ-အနာရောဂါ, များစွာလွတ်ကင်း, ကျန်းမာခြင်းရှိသည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ- ရသဂသဂ္ဂိတာ လက္ခဏာတော်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော်(တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ **** အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌များစွာသော ဘဝတို့ဝယ် လက်ဖြင့်လည်းကောင်း, လက်နက်တစ်စုံတစ်ခု ဖြင့်လည်းကောင်း, သတ္တဝါတို့ကို မညှဉ်းဆဲမိ, မနှိပ်စက်မိအောင် ရှောင်ကြဉ်တော်မူ၏၊ ညှဉ်းဆဲနှိပ်စက်လျှင် ညှဉ်းဆဲခံရသူ၏ အကြော Trang401 တို့သည် ပျက်စီးကုန်၏၊ အကြောတွေ ပျက်စီးလျှင် စားအပ်သမျှ အစာတို့၏ အရသာကို ကောင်းစွာမခံယူနိုင်၊ မနှိပ်စက် မညှဉ်းဆဲခြင်း ကြောင့်ကား ထိုအကြောတို့ကို မပျက်စီးစေ, အကြောများ မပျက်စီးလျှင် စားလိုက်သမျှ အစာတို့၏ အရသာကိုလည်း ခံယူနိုင်၏၊ ဤကား ဗုဒ္ဓမြတ်စွာ ရှေးရှေးအကြောင်း ကောင်းမှုတော်တည်း။ အကျိုးလက္ခဏာတော်။။ထိုအကြောင်း ကောင်းမှုကြောင့် ဗုဒ္ဓ ဖြစ်မည့် နောက်ဆုံးဘဝ၌ စားအပ်သမျှအစာ၏ အရသာကို ကောင်းစွာ ဆောင်ယူနိုင်သော အကြောပေါင်းခုနစ်ထောင်သည် အထက်သို့ အဖျား လှည့်၍ လည်ပင်းမှာ စွပ်ထားသကဲ့သို့ တည်ကုန်၏၊ ထိုအကြောပေါင်း ခုနစ်ထောင်ကြောင့် နှမ်းတစ်စေ့မျှလောက်သော အာဟာရကို လျှာဖျား၌ တင် ဝါးလိုက်လျှင် အရသာ၏ အဆီဩဇာသည် တစ်ကိုယ်လုံးနှံ့အောင် ပြန့်နိုင်ပါသတဲ့၊ ထို့ကြောင့် ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ၌ သစ်သီးတစ်လုံး, ပဲပြုတ်ရေ တစ်ခွက်စသော အာဟာရဖြင့် မျှတတော် မှုနိုင်ပါသည်။ (ရသ-အရသာကို၊ ဂသ-ဆောင်နိုင်သော အကြောတို့တွင်၊အဂ္ဂ-မြတ်သော အကြောတော်များ။) လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော်သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်မှာ အနာရောဂါကင်း၍ ကျန်းမားခြင်းတည်း။ မှတ်ချက်။ ။ယခုအခါ များစွာသောလူတို့၏ အသီးအရွက် အစာ၌ ချက်ရိုးချက်စဉ်အားဖြင့် အရသာမရှိသောကြောင့် အရသာရှိစေအောင် သားငါးတို့ကို များစွာထည့်၍ ချက်ကြရ၏၊ ထိုကဲ့သို့ ချက်ပါလျက်လည်း အရသာမရှိ၊ ထိုသို့ အရသာမရှိခြင်းသည် အစာကြောင့်ချည်း မဟုတ်ပါ၊ Trang402 အစာကလည်း ရှေးကလောက် အဆီအရသာ မရှိခြင်း, မိမိမှာရှိသော အကြောများကလည်း ချွတ်ယွင်းခြင်း ဤနှစ်မျိုးကြောင့် ဖြစ်ရသည်ဟု မှတ်ပါ။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ,လက္ခဏာတော်အတွက် အကျိုးဆက်, ဤသုံးချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားပြီးလျှင် မိမိတို့လည်း သတ္တဝါတို့ကို မညှဉ်းဆဲမိအောင် သတိထားကြ ပါလေ။ အဘိနီလနေတ္တတာ, ဂေါပခုမတာ လက္ခဏာတော် ၂-ပါး ၁၄။ သြလောကနေန သတ္တာနံ, ပိယက္ခိနာ နီလက္ခိကော၊ ဗုဒ္ဓေါ ဂေါပခုမော စေဝ, ပိယဒဿော စ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုရေဘဝေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ သတ္တာနံ-တွေ့ရာမြင်ရာ, သတ္တဝါတို့ကို၊ ပိယက္ခိနာ-ချစ်ဖွယ်သော မျက်လုံးတော်ဖြင့်၊ ဩလောကနေန- ချစ်ဖွယ်အပြည့်, ကြည့်တော်မူခဲ့ခြင်းကြောင့်၊ နီလက္ခိကောစ- အောင်မဲညိုပွင့်, နှမ်းကြက်ပွင့်သို့, ညိုသင့်ထိုထို, ရွှမ်းရွှမ်းစိုမျှ, ညိုသော မျက်လုံးတော်ရှိသည်လည်းကောင်း၊ ဂေါပခုမောစေဝ- မွေးစအရွယ်, နွားနီငယ်၏, တင့်တယ်ကြည်အေး, မျက်လုံးကလေးသို့ Trang403 မျက်မွေးစီရရီ, အလွန်ကြည်သော မျက်လုံးတော်ရှိသည်လည်း ကောင်း၊ ပိယဒဿောစ-ချစ်ခင်ကြည်နူး, ဖူး၍ မဝ, လှပတင့်တယ်, အလွန် သပ္ပာယ်သည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ- နီလနေတ္တ, ဂေါပခုမတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူ သော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတည့်တော် (တပည့်တော်မ) သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ ပါ၏ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌များစွာသော ဘဝတို့ဝယ် တွေ့ရာကြုံရာ သတ္တဝါတို့ကို ကြည့်သောအခါ မေတ္တာအပြည့် ချစ်ဖွယ်သော မျက်စိဖြင့် ကြည့်လေ့ရှိတော်မူခဲ့၏၊ ဤသို့ ကြည့်တော်မူခြင်းကား ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးပေတည်း။ အကျိုးလက္ခဏာတော် ၂-ပါး။ ။ထိုအကြောင်း ကောင်းမှုကြောင့်ဗုဒ္ဓဖြစ်မည့် နောက်ဆုံးဘဝ၌ မျက်လုံးတော်၏ ညိုသင့်ရာအရပ်ဝယ် အောက်မဲညိုပန်း နှမ်းကြက်ပန်းအသွေးကဲ့သို့ ညိုသောမျက်လုံးတော် လည်းရှိတော်မူ၏၊ မွေးဖွားခါစ နွားနီငယ်၏ မျက်လုံးကဲ့သို့ မျက်တောင်မွေး စီရရီဖြင့် အလွန်ကြည်လင်သော မျက်လုံးတော်လည်း ရှိတော်မူ၏။ (အဘိနီလ-ညိုသင့်ရာအရပ်၌ အလွန်ညိုသော၊ နေတ္တတာ-မျက်လုံးတော် ရှိခြင်း၊ ဂေါပခုမတာ-မွေးဖွားခါစ နွားနီငယ်၏ မျက်တောင်မွေးနှင့်တူသော မျက်တောင်မွေးတော် ရှိခြင်း။ Trang404 လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် ၂-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာ တော် ၂-ပါးအတွက် အကျိုးဆက်မှာ ဖူးမြင်၍ မဝအောင် လှပတင့်တယ် သပ္ပာယ်တော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ ကို ပွားများပြီးလျှင် မိမိတို့လည်း ချစ်ဖွယ်သော မျက်လုံးဖြင့် သူတစ်ပါးကို ကြည့်မိအောင် မေတ္တာဘာဝနာအလုပ်ကို အားထုတ်ကြပါလေ။ ဆက်ပါဦးမည်- သတ္တဝါအများကို ချမ်းသာစေဖို့ရန် နေ့စဉ်မှန်မှန်မေတ္တာပို့နေ, မေတ္တာဘာဝနာပွားများနေပါလျှင် ရှေးဦးစွာ မိမိစိတ် ကြည်လင်၏, စိတ်ကြည်လင်သောအခါ စိတ်ကြောင့်ဖြစ်သော ရုပ်လည်း ကြည်လင်၏၊ ဤနည်းအားဖြင့် မျက်နှာတစ်ရပ်လုံး ကြည်လင်ရကား သူတစ်ပါးကို ကြည်လင်သော စက္ခုဖြင့်သာ ကြည့်ရှုလေ့ ရှိရပါတော့သည်။ ဥဏှီသသီသတာ လက္ခဏာတော် ၁၅။ ဒါနာဒိ ပုညကမ္မေသု, ပုဗ္ဗင်္ဂမော တထာဂတော၊ တေန ဥဏှီသသီသောစ, ဇနာနုဝတ္တီ စ တံ နမေ။ ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ ပုရေ ဘဝေ-ဘဝများစွာ, ရှေးရှေးအခါ၌၊ ဒါနာဒိ ပုညကမ္မေသု-ဒါန Trang405 စသည်, အလီလီသော ကုသိုလ်ကောင်းမှုတို့၌၊ ပုဗ္ဗင်္ဂမော-တက်တက် ကြွားကြွား, ရှေ့ကသွား၍, အများလိုက်အောင်, ခေါင်းဆောင်တော် မူ၏၊ တေန-ထိုကုသိုလ်ကောင်းမှု, ကိစ္စစု၌, လူထုပါအောင်, ခေါင်းဆောင်တော်မူခဲ့ခြင်းကြောင့်၊ ဥဏှီသသီသောစ-သင်းကျစ် အပြား, ဖွဲ့ပတ်ထားသို့, သီးခြားဆန်းထူး, မဟာနဖူးကြောင့်, ဖူးရ ရွှင်ပျော်, လုံးသောဦးခေါင်းတော်ရှိသည်လည်းကောင်း၊ ဇနာနုဝတ္တီ စ-လူနတ်ဗြဟ္မာ, သတ္တဝါတို့, နောက်မှာစိုက်စိုက်, လိုက်ပါခြင်းရှိ သည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ-ဥဏှီသ သီသတာလက္ခဏာနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ * *** * အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ဒါနအစရှိသော ကုသိုလ်ကောင်းမှုကို ပြုသော အခါ ခေါင်းဆောင်၍ ပြုလေ့ရှိ၏၊ ကောင်းသောအလုပ်ဝယ် ရှေ့သွား ခေါင်းဆောင် ဖြစ်သောကြောင့်လည်း ပရိသတ်အပေါင်းဝယ် ဦးခေါင်း တမော်မော်နှင့် ပျော်ပျော်ကြီး လှည့်လည်နိုင်ခဲ့၏၊ ဤကား မြတ်စွာဘုရား ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးဖြစ်သည်။ Trang406 အကျိုးလက္ခဏာတော်။ ။ထိုအကြောင်း ကောင်းမှုကြောင့် ဦးခေါင်းတော်၏ လှပတင့်တယ်ဖို့ရာ နဖူးတော်အပြင်ဝယ် သင်းကျစ်ပြား ဖွဲ့ပတ်ထားသကဲ့သို့ လွန်စွာတင့်တယ်တော်မူ၏၊ ထင်ရှားစေအံ့- လက်ယာ နားအစွန်းမှစ၍တက်သော အသားလွှာသည် အထက်သို့ တက်ပြီးလျှင် နဖူးတော်အပြင်ကို ပြည့်စေလျက် လက်ဝဲနားအစွန်းတိုင် အောင် တည်တော်မူ၏၊ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏ နဖူးတော်သည် လွန်စွာ တင့်တယ်တော်မူ၏၊ ထိုတင့်တယ်ပုံကို အတုပြု၍ ယခုအခါ အချို့ ဆင်းတုတော်၏ နဖူးတော်၌လည်းကောင်း, ရှင်ဘုရင်တို့၏ နဖူး၌လည်း ကောင်း, သင်းကျစ်အပြားကို ဖွဲ့တပ်ထားကြသည်၊ နဖူး၌သာမက ထို နဖူးတော်ကို အကြောင်းပြု၍ ဦးခေါင်းတော် တစ်ရပ်လုံးလည်း ပွတ်ဆောက်အဖျားဖြင့် လှည့်ပတ်၍ ပွတ်ခံထားသကဲ့သို့ ရေပွက်လုံး ကလေးပမာ လွန်စွာလုံးဝန်းတော်မူပါသည်။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ခဲ့ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်မှာ လူနတ်ဗြဟ္မာသတ္တဝါတို့၏ နောက်တော်ပါးက ခစားမကွာ လိုက်ပါရခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ဥဏှီသသီသတာလက္ခဏာတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကုသိုလ်ကောင်းမှုကိစ္စစု၌ ခေါင်းဆောင်းနိုင်လျှင် ခေါင်းဆောင်၍ ခေါင်းမဆောင်နိုင်လျှင် မခိုကပ်ဘဲ တက်တက်ကြွကြွ ကြိုးစားကြပါလေ။ Trang407 ဧကလောမတာ, ဥဏ္ဏလောမတာ လက္ခဏာတော် ၂-ပါး ၁၆။ မုသာဝါဒဝိရတိယာ, ဗုဒ္ဓေါ ဧကေကလောမကော၊ သောဒါတ ဥဏ္ဏလောမောစ, ဇနော ပဝတ္ထိ တံ နမေ။ ယော ဗုဒ္ဓေါ-အကြင်မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝများစွာ, ရှေးရှေးအခါ၌၊ မုသာဝါဒဝိရတိယာ-မဟုတ်မတရား, မုသားပြော ခြင်းမှ ရှောင်တော်မူခဲ့ခြင်းကြောင့်၊ ဧကေကလောမကော စ- မွေးတွင်းတစ်တွင်းလျှင်, တစ်ပင်စီ တစ်ပင်စီသော အမွေးတော် ရှိသည်လည်းကောင်း၊ သောဒါတဥဏ္ဏလောမော စ-မျက်ခုံးတော် ၂-ပါး, အလယ်ကြား၌, ထူးခြားပေါ်လွင်, အလွန်ဖြူစင်သော မွေးတော်ရှင် ရှိသည်လည်းကောင်း၊ ဇနောပဝတ္တိစ-လူအများပင်, ဘုရားရှင်၏, အစဉ်လိုသမျှ, လိုက်ပါရခြင်းရှိသည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဗုဒ္ဓံ-ဧကေကလောမ, ဥဏ္ဏာလောမတာ, လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။ * Trang408 အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် မုသာဝါဒမှ ရှောင်ကြဉ်တော်မူ၍ မှန်ကန်သော သစ္စာစကားကိုသာ ပြောဆိုတော်မူခဲ့သည်၊ ဟိုတစ်မျိုး ဒီတစ်မျိုး စကား ၂-မျိုးကို ပြောလေ့မရှိခဲ့ပါ၊ ဤသို့ မုသာဝါဒမှ ရှောင်ခြင်းသည် ဗုဒ္ဓမြတ်စွာ ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးတည်း။ အကျိုးလက္ခဏာတော်။ ။ထိုအကြောင်းကောင်းမှုကြောင့် ဘုရား ဖြစ်တော်မူမည့်ဘဝ၌ မွေးညင်းတော်တို့သည် မွေးညင်းတစ်တွင်းလျှင် တစ်ပင်စီသာပေါက်ခြင်းဟူသော ဧကေကလောမတာ လက္ခဏာတော်ကို လည်းကောင်း, ဥဏ္ဏလုံမွေးရှင်တော်ဟူသော ဥဏ္ဏလောမတာ လက္ခဏာ တော်ကိုလည်းကောင်း ရတော်မူသည်။ ဥဏ္ဏလုံမွေးရှင်တော်။ ။ဥဏ္ဏလောမဟူသော ပါဠိကို မြန်မာလို “ဥဏ္ဏလုံ”ဟု ပြန်ဆိုကြသည်၊ ထိုအမွေးတော်သည် မျက်ခုံးတော် ၂-သွယ် ၏ အလယ်ဗဟိုဝယ် နှာခေါင်းတော်၏ အဆုံးအထက်၌ ပေါက်တော် မူပြီးလျှင် အထက်သို့တက်၍ နဖူးအလယ်မှာ လဲဝါဂွမ်းအစုကဲ့သို့ အလွန် ဖွေးဖွေးဖြူလျက် တင့်တယ်တော်မူ၏၊ ဆွဲ၍ ဆန့်လိုက်သောအခါ လက်ယာ ရစ်လည်၍ လုံးသွားပြီးလျှင် အထက်သို့ အဖျားလှည့်လျက် တည်တော်မူ သောကြောင့် အသက်ရှင်နေသကဲ့သို့ ထင်ရ၏၊ ထို့ကြောင့် “ဥဏ္ဏလုံ မွေးရှင်တော်”ဟု ခေါ်စမှတ် ပြုကြသည်၊ ရွှေအဆင်းရှိသော နဖူးတော် အပြင်၌ တည်ရကား နံနက်စောစောအခါ အရုဏ်ရောင်ဖြာခိုက်ဝယ် သောကြာကြယ်ကဲ့သို့ လွန်စွာတင့်တယ်တော်မူပါသတဲ့။ Trang409 လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ခဲ့ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော်၏ အကျိုးဆက်မှာ နောက်တော်ပါးက ခစားမကွာ လိုက်ပါသူဟူသမျှတို့၏ ဘုရားအလိုတော်ကျအောင် နေကြကျင့်ကြခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်ကောင်းမှု, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ ကို ပွားများပြီးလျှင် မိမိတို့လည်း မုသားမှရှောင်ကြဉ်၍ စကား ၂-ခွ မပြောကြဘဲ သစ္စာစကားကိုသာ ပြောမိအောင် သတိပြုကြပါလေ။ စတ္တာလီသဒန္တတာ, အဝိရဠဒန္တတာ လက္ခဏာတော် ၂-ပါး ၁၇။ ပေသုည ဝိရမဏတော, သမစတ္တာလီသ ဒန္တော၊ ဇိနော အဝိရဠဒန္တော စ, အဘဇ္ဇပရိသော နမေ။ ယော ဇိနော-အကြင်မြတ်စွာဘုရားသည်၊ ပုရေဘဝေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ ပေသုညဝိရမဏတော-ချစ်ခင်သူများ, ကွဲ၍ သွားလျက်, ကိုယ့်အားချစ်အောင်, ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်တော်မူခြင်းကြောင့်၊ သမစတ္တာလီသဒန္တော-အမျှလေးဆယ်, လွန်တင့်တယ်သော, သွားတော်ရှိသည်လည်းကောင်း၊ အဝိရဠ ဒန္တော စ-ရွှေပြားအပြင်, ဝရဇိန်တင်သို့, အစဉ်မကွဲ, မကျဲသော Trang410 သွားတော်ရှိသည်လည်းကောင်း၊ အဘဇ္ဇပရိသော စ-မပျက်မကွဲ, သံဖြင့်တဲသို့ တစ်ခဲနက်လုံး, စည်းရုံးသော ပရိသတ်ရှိသည်လည်း ကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ ဇိနံ-သမစတ္တာလီသဒန္တ, အဝိရဠ ဒန္တတာ လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော်(တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် ချစ်သူနှစ်ယောက် ကွဲအောင်လည်းကောင်း, ထိုသို့ ကွဲပြီးနောက် မိမိကို ချစ်အောင်လည်ကောင်း ကုန်းတိုက်ခြင်း ဟူသော ပိသုဏဝါစာမှ ရှောင်တော်မူ၏၊ သူတစ်ပါးတို့ ညီညီမျှမျှ ချစ်ခင် နေသည်ကိုမြင်လျှင် ဝမ်းမြောက်နှစ်သက်ခဲ့၏၊ ချစ်ခင်နေသူများကို ကွဲ၍မသွားစေသည့်ပြင် စည်းလုံးညီညွတ်ခြင်း၏ အကျိုးကိုသာ ဟော ပြောလေ့ရှိ၏၊ ဤသို့ ပိသုဏဝါစာမှ ရှောင်ကြဉ်တော်မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးတည်း။ အကျိုးလက္ခဏာတော်။ ။ပိသုဏဝါစာမှ မရှောင်ဘဲ ချစ်သူတွေ စည်းစည်းလုံလုံး မနေနိုင်အောင် ကုန်းတိုက်ခဲ့သူတို့၏ သွားတို့သည် မပြည့်မစုံဖြစ်ရုံသာမက ကျိုးတိုးကျဲတဲလည်း ဖြစ်တတ်၏၊ များစွာသော Trang411 လူတို့၏ သွားသည် အများဆုံးအားဖြင့် ၃၂-ချောင်းသာ ရှိ၏၊ ဗုဒ္ဓမြတ်စွာ သည်ကား ပါရမီဖြည့်စဉ်အခါဝယ် သူတစ်ပါးကို ကွဲပြားအောင် ကုန်းတိုက် စကားကို မပြောဆိုဘဲ အချင်းချင်းညီညွတ်အောင် ပြောဆိုခဲ့ခြင်းကြောင့် ဗုဒ္ဓဖြစ်မည့်ဘဝ၌ သွားတော် ၄၀-တိတိ ပြည့်ပြည့်စုံစုံရှိခြင်းဟူသော သမစတ္တာလီသဒန္တာ, သွားအကြားတိုင်း၌ မကျဲသော အဝိရဠဒန္တတာ လက္ခဏာတော် ၂-ပါးကို ရတော်မူသည်။ [ဤနေရာ၌ သမသဒ္ဒါသည် ၄ဝ-အတိအကျ အပြည့်ဟူသောအနက်ကို ဟော၏၊ သင်္ဂြိုဟ်မှာလာသော သမဝီသတိ မဂ္ဂစိတ္တာနိ၌ သမသဒ္ဒါကဲ့သို့တည်း။] လက္ခဏာတော်၏ အကျိုးဆက်။ … ။ပြအပ်ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် ၂-ပါးအတွက် အကျိုးဆက်ကား အခြွေအရံပရိသတ်တို့ မကွဲမပြားဘဲ တစ်သားတည်း စည်းစည်းလုံးလုံး ရှိကြခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကောင်းမှု, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပြီးလျှင် မိမိတို့လည်း ကုန်းတိုက်ခြင်း ပိသုဏဝါစာမှ ရှောင်ကြဉ် မိအောင် အမြဲသတိပြုကြပါလေ။ Trang412 ပဟူတဇိဝှတာ, ဗြဟ္မဿရတာ လက္ခဏာတော် ၂-ပါး ၁၈။ ဖရုသဝါစာ ဝိရတိယာ, ပုဗ္ဗေ ပဟူတဇိဝှကော၊ ဗြဟ္မဿရော စ သမ္ဗုဒ္ဓေါ, အာဒေယျဝစနော နမေ။ ယော သမ္ဗုဒ္ဓေါ-အကြင် မြတ်စွာဘုရားသည်၊ ပုဗ္ဗေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ ဖရုသဝါစာဝိရတိယာ-စိတ်ကြမ်း နှုတ် ကြမ်း, ငေါက်ငန်းဆဲမှု, ဖရုသဝါစာမှ ရှောင်ကြဉ်တော်မူခဲ့ခြင်း ကြောင့်၊ ပဟူတဇိဝှကော စ-ရှည်လျားနုနယ်, ပြန့်ကျယ်သော လျှာ တော်ရှိသည်လည်းကောင်း၊ ဗြဟ္မဿရော စ-ဗြဟ္မာမင်း၏ အသံ ကဲ့သို့ သာယာနာပျော်, အသံတော်ရှိသည်လည်းကောင်း၊ အာဒေယျ ဝစနော စ-အများကြည်ဖြူ, နာယူဖွယ် စကားတော်ရှိသည်လည်း ကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ သမ္ဗုဒ္ဓံ-ပဟူတဇိဝှ, ဗြဟ္မဿရတာ, လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ * အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် သူတစ်ပါးတို့စိတ်ကို ထိခိုက်အောင် ဆဲဆို Trang413 ငေါက်ငန်း ကြမ်းတမ်းသော ဖရုသဝါစာမှ ရှောင်တော်မူ၍ ကြားရသူတို့ ချမ်းသာဖွယ်ရာ နုညံ့သော စကားကိုသာ ပြောဆိုတော်မူခဲ့၏၊ ဤသို့ ဖရုသဝါစာမှ ရှောင်တော်မူခဲ့ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါးပေတည်း။ အကျိုးလက္ခဏာတော်။ ။ ဖရုသဝါစာမှ မရှောင်ဘဲ ဆဲဆိုခဲ့သူတို့၏ လျှာသည် တစ်စုံတစ်ခုဖြင့် ဖွဲ့ထားသကဲ့သို့ လေးတွဲတွဲ ဖြစ်နေ၏၊ အချို့ လျှာကား တိုနေသကဲ့သို့ ဖြစ်၏၊ အချို့မှာ စကားပြောရာ၌ လျှာဒရွတ်ဆွဲ လျက် မန်းစွဲသကဲ့သို့ ဖြစ်နေ၏၊ ဗုဒ္ဓမြတ်စွာသည်ကား ဖရုသဝါစာမှ ရှောင်၍ နုညံ့သောစကားကို ပြောဆိုခဲ့သောကြောင့် ဘုရားဖြစ်မည့်ဘဝ၌ လျှာတော်၏ နုနုညံ့ညံ့ ပြန့်ပြန့်ကျယ်ကျယ်ရှိတော်မူခြင်းဟူသော ပဟူတဇိဝှတာ လက္ခဏာတော်နှင့် နုညံ့သောစကားကို ပြောဆိုခဲ့ခြင်း ကြောင့် သာယာသော အသံတော်ရှိခြင်းဟူသော ဗြဟ္မဿရတာ လက္ခဏာ တော် ၂-ပါးကိုရတော်မူသည်။ [သာယာနာပျော်သောအသံကို “ဗြဟ္မာမင်း ၏အသံနှင့် တူသောအသံ”ဟု ပြောစမှတ်ပြုကြသည်။] လက္ခဏာတော်၏ အကျိုးဆက်။ ။ ပြခဲ့ပြီးသော လက္ခဏာတော် ၂-ပါးသည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာ တော် ၂-ပါးအတွက် အကျိုးဆက်မှာ ပြောဟောသမျှ၌ ယုံကြည်ထိုက် သော စကားတော်ရှိခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော် ၂-ပါးကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာ Trang414 ကို ပွားများပြီးလျှင် မိမိတို့လည်း ဖရုသဝါစာမှ ရှောင်ကြဉ်ဖို့ရန် အမြဲ သတိပြုကြပါလေ။ ဆက်ဦးအံ့- ဖရုသဝါစာသည် ဝစီဒုစရိုက် ၄-ပါးတွင် ဒေါသကို အရင်းခံ၍ ဖြစ်ရသော ဒုစရိုက်တစ်ပါးတည်း၊ နဂိုက ဒေါသစရိုက် ဓာတ်ခံရှိသောပုဂ္ဂိုလ်သည် ဒေါသဖြစ်စရာ ကိစ္စကြုံလာတိုင်း ဖရုသဝါစာ ဖြင့် ပြောဆိုတတ်ရကား နောက်နောက်ဘဝ၌ ဒေါသနည်းအောင် ယခု ဘဝက မေတ္တာကို လေ့လာကြပါလေ။ သီဟဟနုတာ လက္ခဏာတော် ၁၉။ သမ္ဖပ္ပလာပဝိရတော, ပုရေ တေန တထာဂတော၊ မိဂ္ဂိန္ဒဟနုရူပေါ စ, အဓံသိယော စ တံ နမေ။ ယော တထာဂတော-အကြင် မြတ်စွာဘုရားသည်၊ ပုရေ- ဘဝများစွာ, ရှေးရှေးအခါ၌၊ သမ္ဖပ္ပလာပဝိရတော-သုခမဖက်, စီးပွားပျက်ဖို့, သက်သက်အပျော်, ပျက်ချော် ပြောင်လှောင်, ပြိန်ဖျင်း သောစကားကို ရှောင်တော်မူ၏၊ တေန-ထိုသို့ ပြိန်ဖျင်းသော စကား ´ကို ရှောင်တော်မူခဲ့ခြင်းကြောင့်၊ မိဂ္ဂိန္ဒဟနုရူပေါစ-ခြင်္သေ့မင်း၏, အောက်မေးအလား, ထက်အောက်အားဖြင့်, ၂-ပါး ထင်ပေါ်, ပြည့်ဝသော မေးတော်ရှိသည်လည်းကောင်း၊ အဓံသိယောစ-ရပြီး ရာထူး, ဂုဏ်အထူးမှ, တစ်ဦးတစ်ယောက်မျှ, မဖယ်ချ မဖျက်ဆီးနိုင် သည်လည်းကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍ Trang415 သိုက်မြိုက်ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံတထာဂတံ-သီဟ ဟနုတာလက္ခဏာ တော်နှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို၊ အဟံ-ဘုရားတပည့်တော်(တပည့်တော်မ)သည်၊ နမေနမာမိ- ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်သည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌ များစွာသော ဘဝတို့ဝယ် သမ္ဖပ္ပလာပမှ ရှောင်တော်မူ၏၊ [အကျိုး လည်းမရှိ မှန်လည်းမမှန်ဘဲ ပျော်ရရုံ, ရယ်မောရရုံမျှသာ ဖြစ်သော အပျက်အချော်စကား, အပြောင်အလှောင်စကားကို ပြောဆိုခြင်းကို “သမ္ဖပ္ပလာပ”ဟု ခေါ်သည်၊] ဤသို့သော သမ္ဖပ္ပလာပမှ ရှောင်ကြဉ်တော် မူခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော်တစ်ပါး ဖြစ်သည်။ အကျိုးလက္ခဏာတော်။ ။သမ္မပ္ပလာပမှ မရှောင်ဘဲ မေးကလေး လှုပ်ကာလှုပ်ကာ အပျက်အချော် ပြောဆိုခဲ့သူတို့၏ မေးသည် အတွင်းသို့ ပု၍သော်လည်း ဝင်နေတတ်၏၊ ကောက်၍သော်လည်း ဝင်နေတတ်၏၊ အတွင်းသို့ ချိုင့်၍သော်လည်း နေတတ်၏၊ ဗုဒ္ဓမြတ်စွာသည်ကား ထို သမ္ဖပ္ပလာပမှ ရှောင်တော်မူခဲ့ခြင်းကြောင့် ခြင်္သေ့မင်း၏ မေးနှင့်တူစွာ ပြည့်သောမေး ရှိတော်မူ၏၊ ဆက်ဦးအံ့- ခြင်္သေ့မင်း၏ မေးသည် အောက်ဘက်၌သာ ပြည့်၏၊ ဘုရားရှင်၏ မေးတော်ကား အောက်ဘက် အထက်ဘက် ပြည့်၍နေသောကြောင့် လဆန်း(၁၂)ရက် ညဉ့်အခါ၌ ထွက်ပေါ်လာသော လနှင့် တူတော်မူ၏၊ ထို့ကြောင့် ခြင်္သေ့မင်း မေးထက် ပင် သာ၍တင့်တယ်တော်မူပါသည်။ Trang416 လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်မှာ ရအပ်ပြီးသော ဂုဏ်, ရအပ်ပြီးသော ဌာနန္တရ ရာထူးကို မည်သည့်ရန်သူမျှ မဖျက်ဆီးနိုင်ခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ်, အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓ မြတ်စွာ၏ (၁၂)ရက် ညဉ့်၌ ထွက်သောလကဲ့သို့ ပြည့်ဝသော မေးတော်ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း အကျိုး မရှိသော အပျက်အချော် အပြောင်အလှောင်စကားကို ရှောင်ကြဉ်မိ အောင် သတိထားကြပါလေ။ ဆက်ဦးအံ့- အတွင်း၌ အနှစ်အဆန်မပါသော စပါးခွံကို “ဖွဲ, အနုပ်, အဖွဲ, အဖျင်း”ဟု ခေါ်၏၊ ထို့အတူ ပြောအပ်သော စကား၌ အကျိုးမရှိ အနက်မမှန်ဘဲ ပြောင်လှောင်သော စကားကိုလည်း “ပြိန်ဖျင်းသော စကား”ဟု ခေါ်သည်၊ ဝစီဒုစရိုက် တစ်ပါးပင်တည်း။ သမဒန္တတာ, သုသုက္ကဒါဌတာ လက္ခဏာတော် ၂-ပါး ၂ဝ။ မိစ္ဆာဇီဝ ဝိရတိယာ, သမဒန္တော တထာဂတော၊ ဟောတိ သုသုက္ကဒါဋ္ဌော စ, ဝိသုဒ္ဓပရိသော နမေ။ ယော တထာဂတော-အကြင်မြတ်စွာဘုရားသည်၊ ပုရေ-ဘဝ များစွာ, ရှေးရှေးအခါ၌၊ မိစ္ဆာဇီဝဝိရတိယာ-ကိုယ်နှုတ်ဖောက်ပြား, Trang417 ဒုစရိုက်များဖြင့်, မှားမှားယွင်းယွင်း, အသက်မွေးခြင်းတို့မှ ရှောင် တော်မူခဲ့ခြင်းကြောင့်၊ သမဒန္တော စ-ဝရဇိန်များ, စီ၍ထားသို့ ထက်ဖျားစီရရီ, ညီသော သွားတော်ရှိသည်လည်းကောင်း၊ သုသုက္က ဒါဌောစ-သောကြာကြယ်ဝန်း, ထွန်းသည့်အသွင်, အလွန်ဖြူစင် သော စွယ်တော်ရှိသည်လည်းကောင်း၊ ဝိသုဒ္ဓပရိသောစ-စင်ကြယ် သပ်ယပ်, လွန်စွာမြတ်သည့်, ပရိသတ်အခြံအရံရှိသည်လည်း ကောင်း၊ ဟောတိ-အကြောင်းအလိုက်, အကျိုးဆိုက်၍, သိုက်မြိုက် ထင်ပေါ်, ဖြစ်ထွန်းတော်မူ၏၊ တံ တထာဂတံ-သမဒန္တတာ, သုသုက္က ဒါဌတာ, လက္ခဏာတော် ၂-ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားကို၊ အဟံ-ဘုရားတပည့်တော် (တပည့်တော်မ)သည်၊ နမေ နမာမိ-ယုံကြည်မြတ်နိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ * အကြောင်းကောင်းမှု။ ။ဗုဒ္ဓမြတ်စွာသည် ကမ္ဘာများစွာ ဖြစ်ခဲ့ရာ၌များစွာသော ဘဝတို့ဝယ် မိစ္ဆာဇီဝမှ ရှောင်တော်မူ၏၊ [ပါဏာတိပါတ စသော ကာယဒုစရိုက် ၃-ပါးတွင် တစ်ပါးပါးဖြင့်ဖြစ်စေ, မုသာဝါဒစသော ဝစီဒုစရိုက် ၄-ပါးတွင် တစ်ပါးပါးဖြင့်ဖြစ်စေ ပစ္စည်းဥစ္စာရှာ၍ အသက်မွေး“ မှုကို “မိစ္ဆာဇီဝ”ဟု ခေါ်သည်။] ဤသို့သော ဒုစရိုက်တို့မှ ရှောင်ကြဉ်တော် မူ၍ လယ်ယာလုပ်ကိုင်ခြင်း, တရားသဖြင့် ကူးသန်းရောင်းဝယ်ခြင်း, ကိုယ့်တွက် သူ့တွက် မျှတအောင် အတိုးအပွား ချထားခြင်းဟူသော သမ္မာအာဇီဝဖြင့် အသက်မွေးခြင်းသည် ဗုဒ္ဓမြတ်စွာ၏ ရှေးရှေးအကြောင်း ကောင်းမှုတော် တစ်ပါးဖြစ်သည်။ Trang418 အကျိုးလက္ခဏာတော်။ ။မိစ္ဆာဇီဝဖြင့် အသက်မွေးသူတို့သည် ညစ်နွမ်းသော အသက်မွေးမှုကို ပြုရာရောက်၏၊ သူ့တွက် ကိုယ့်တွက် မညီမျှသော အသက်မွေးရာလည်း ရောက်၏၊ ထိုကဲ့သို့ အသက်မွေး ခဲ့သူတို့၏ သွားသည် အတို-အရှည် အနိမ့်-အမြင့် ဖြစ်နေတတ်၏၊ ဖြူဖြူ စင်စင်လည်း မရှိဘဲ ညစ်ပုပ်ပုပ် ဖြစ်နေတတ်၏၊ ဗုဒ္ဓမြတ်စွာသည်ကား သန့်ရှင်းစင်ကြယ်စွာ သူ့ဖို့ ကိုယ့်ဖို့မျှအောင် အသက်မွေးခဲ့ခြင်းကြောင့် သွားတော် စွယ်တော်တို့သည် ရွှေနီအင်းပျဉ်ပေါ်ဝယ် ဝရဇိန်တင်၍ စီထား သကဲ့သို့ နီမြန်းသော သွားဖုံးတော်ဝယ် ဖွေးဖွေးညီညီ စီရရီ ရှိတော်မူ၏။ လက္ခဏာတော်၏ အကျိုးဆက်။ ။ပြအပ်ပြီးသော လက္ခဏာတော် သည် ရှေးကံအတွက် ရအပ်သော အကျိုးရင်းတည်း၊ ထိုလက္ခဏာတော် အတွက် အကျိုးဆက်မှာ သန့်ရှင်းစင်ကြယ်သော ရဟန်းတော်ပရိသတ်, ဥပါသကာ, ဥပါသိကာ ပရိသတ်ရှိတော်မူခြင်းတည်း။ တိုက်တွန်းချက်။ ။ဤသို့ အကြောင်းကုသိုလ် အကျိုးလက္ခဏာ, လက္ခဏာတော်အတွက် အကျိုးဆက်, ဤ ၃-ချက်ကို စဉ်းစားကာ ဗုဒ္ဓမြတ်စွာ၏ ဖွေးဖွေးညီညီ စီရရီရရှိသော သွားတော် စွယ်တော်များကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားစေပြီးလျှင် မိမိတို့လည်း မတရား သဖြင့် အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝကိုရှောင်ကာ တရားသဖြင့် အသက်မွေးခြင်းဟူသော သမ္မာအာဇီဝဖြင့်သာ အသက်မွေးကြပါလေ။ လက္ခဏာတော်ကြီး ဘုရားရှိခိုး ပြီးပြီ။ Trang419 ၈၀-သော လက္ခဏာတော်ငယ် အမှာ။ ။ဇိနာလင်္ကာရဋီကာ ဝိဇာတမင်္ဂလာအဖွင့်၌ တွေ့ရသော ဗုဒ္ဓမြတ်စွာ၏ လက္ခဏာတော်ငယ် (၈ဝ)တို့ကို ပြပါဦးမည်။ ၁။ စိတင်္ဂုလိတာ-စီ၍ ထားသကဲ့သို့ လက်ချောင်း ခြေချောင်း တော်များ၏ တင့်တယ်တော်မူခြင်း။ ၂။ အနုပုဗ္ဗင်္ဂုလိတာ - တစ်ချောင်းစီ တစ်ချောင်းစီမှာလည်း အရင်းက စ၍ အစဉ်အတိုင်း သွယ်လျက်, တင့်တယ်သော လက်ချောင်းတော် ခြေချောင်းတော်ရှိခြင်း။ ၃။ ဝဋ္ဋင်္ဂုလိတာ-(လူအများ၏ လက်ချောင်း ခြေချောင်းများကဲ့ သို့ ခပ်ပြားပြားမနေဘဲ) လုံးသော လက်ချောင်း ခြေချောင်း တော်ရှိခြင်း။ ဤကား လက်ချောင်း ခြေချောင်းတော်၏ လက္ခဏာတော်ငယ် (၃)ပါးတည်း။] ၄။ တမ္ဗနခတာ - နီသော လက်သည်း ခြေသည်းတော်ရှိခြင်း။ (လက်သည်း ခြေသည်းတော် အတွင်းက အသားတော်များ သည် နီ၍ နေသောကြောင့် ထိုအရောင်ဟပ်သဖြင့် ခြေသည်း လက်သည်းတော်များလည်း နီရောင်သမ်းလျက်ရှိရပေသည်။) ၅။ တုင်္ဂနခတာ - ရှည်သော လက်သည်းတော်များ ရှိခြင်း။ (များစွာသော လူတို့၏ လက်သည်းသည် များစွာမရှည်လှ၊ Trang420 တစ်ချို့ လက်သည်းများမှာ တို၍ပင်နေသေး၏၊ ဗုဒ္ဓမြတ်စွာ ၏ လက်သည်းတော်ကား တင့်တင့်တယ်တယ် သပ္ပာယ်ရုံမျှ ရှည်တော်မူသည်၊ ထိုလက်သည်းရှည်ခြင်းကို သဘောကျ၍ အချို့သော အမျိုးသမီးများသည် လက်သည်း ခြေသည်း မဖြတ်ဘဲ ရှည်အောင်ထားတတ်ကြပါသေးသည်။) ၆။ သိနိဒ္ဓနခတာ-ညက်ညက်ညောညော ချောမောသော လက်သည်း ခြေသည်းတော် ရှိခြင်း။ (များစွာသောလူတို့၏ လက်သည်း ခြေသည်းသည် ချောချောမောမော မရှိသည့်ပြင် ခပ်ကြမ်း ကြမ်း ဖြစ်နေပါသေးသည်။) ဤကား လက်သည်း ခြေသည်း တော်အတွက် လက္ခဏာတော်ငယ် (၃)ပါးတည်း။] ၇။ နဂုဠဂေါပ္ဖကတာ-များစွာသော လူတို့၏ ဖမျက်ကဲ့သို့ ထင် ထင်ရှားရှား ပေါ်ထွက်၍မနေဘဲ အသားတော်အတွင်းဝယ် မြုပ်လျက် မထင်ရှားသော ဖမျက်တော်ရှိခြင်း။ [ဤကား ဖမျက်တော်အတွက် လက္ခဏာတော်ငယ်တစ်ပါးတည်း။ ၈။ သမပါဒတာ - ညီညီမျှမျှ လှပသော ခြေတော်ရှိခြင်း။ (လူ အများ၏ ခြေကဲ့သို့ အလယ်၌ ဟိုက်မနေဘဲ ညီ၍နေသည် ကို ဆိုလိုဟန်တူပါသည်၊ ဇာလဟတ္ထပါဒတာ လက္ခဏာတော် နှင့် ယှဉ်ကြည့်ပါ။) ဤကား ခြေ၏ပုံသဏ္ဌာန် လက္ခဏာတော် ငယ်တစ်ပါးတည်း။ Trang421 ၉။ ဂဇသမာနက္ကမတာ - ဆင်၏ ခြေလှမ်းပုံနှင့်တူစွာ ညင်ညင် သာသာ ခြေလှမ်းတော်ရှိခြင်း။ (ခြေသံမကြားရ-ဟူလို။) ၁၀။ သီဟသမာနက္ကမတာ - ခြင်္သေ့မင်း၏ ခြေလှမ်းပုံနှင့်တူစွာ ဣန္ဒြေရရ လှမ်းကြွတော်မူခြင်း။ ၁၁။ ဟံသသမာနက္ကမတာ - ဟင်္သာမင်း လှမ်းပုံကဲ့သို့ မကျဲမစိပ် သော ခြေလှမ်းတော်ရှိခြင်း။ ၁၂။ ဥသဘသမာနက္ကမတာ-နွားလားဥသဘ၏ ခြေလှမ်းပုံကဲ့သို့ ခြေအချင်းချင်း မထိမိဘဲ ရှင်းလင်းသော ခြေလှမ်းတော်ရှိ ခြင်း။ ၁၃။ ဒက္ခိဏာဝဋဂတိတာ-လက်ယာရစ်လည်သည့်ပမာ လက်ယာ ခြေတော်ကို စ၍ ကြွတော်မူခြင်း။ ဤကား ခြေလှမ်းခြင်းနှင့် စပ်၍ လက္ခဏာတော်ငယ် (၅)ပါးတည်း။] ၁၄။ သမန္တတောစာရုဇာဏုမန္တတာ - ပုဆစ်ဒူးဝန်း၏ ဝန်းကျင် အရပ်ဝယ် တင့်တယ်ဝန်းဝိုင်းတော်မူခြင်း။ ဤကား ပုဆစ် ဒူးဝန်းအတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၁၅။ ပရိပုဏ္ဏပုရိသဗျဉ္ဇနတာ-ယောက်ျားအင်္ဂါဇာတ်၏ အောင်မြင် ပြည့်ဝ လှပတော်မူခြင်း။ ဤကား အင်္ဂါဇာတ်တော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] Trang422 ၁၆။ အစ္ဆိဒ္ဒနာဘိတာ - ချက်တော်၌ အပေါက်မရှိခြင်း။ ၁၇။ ဂမ္ဘီရနာဘိတာ-(အပေါ်သို့ စူ၍ မထွက်)နက်သော ချက်တော် ရှိခြင်း။ ၁၈။ ဒက္ခိဏာဝဋ္ဋနာဘိတာ - လက်ယာရစ်လည်သော ချက်တော် ရှိခြင်း။ ဤကား ချက်တော်၏ လက္ခဏာတော်ငယ် (၃)ပါး တည်း။] ၁၉။ ဒွိရဒကရသဒိသဦရုဘုဇတာ - ဆင်၏အရင်း၌ တုတ်၍ အဖျားသေးသော နှာမောင်းသဖွယ် သွယ်တန်းသော ပေါင် တော်, လက်မောင်းတော်ရှိခြင်း။ ဤကား ပေါင်တော်, လက်မောင်းတော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။ (ဒွိ+ရဒ-၂-ချောင်းသော အစွယ်ရှိသော ဆင်၊ ကရ-လက်၊ ဝါ-နှာမောင်း။) ၂၀။ သုဝိဘတ္တဂတ္တတာ-ဆိုင်ရာကိုယ်အင်္ဂါတို့၌ သူ့အပိုင်းနှင့်သူ ကောင်းစွာ ဝေဖန်အပ်သော ကိုယ်တော်ရှိခြင်း။ ၂၁။ အနုပုဗ္ဗ၀တ္တတာ-ဦးခေါင်းနှင့် လည်ပင်းတော် လိုက်လျော ခြင်း, လည်ပင်းတော်နှင့် ပခုံးတော် လိုက်လျောခြင်း စသည် ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ လိုက်လျောသော ကိုယ်တော် ရှိခြင်း။ ပုဗ္ဗ-ရှေ့အင်္ဂါအား (အထက် အင်္ဂါအား) + အနု- လိုက်လျောသော နောက်(အောက်)အင်္ဂါတော် ရှိခြင်း။] Trang423 ၂၂။မဋ္ဌဂတ္တတာ-အင်္ဂါအစိတ်အပိုင်းတိုင်းမှာပင် ပြေပြစ် ညက် ညော ချောမောသော ကိုယ်တော်ရှိခြင်း။ (ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို “လူချောကြီး”ဟု ခေါ်ကြသည်။) ၂၃။အနုဿန္နာ နာနုဿန္နဂတ္တတာ-တစ်ကိုယ်လုံးဝယ် အသား နည်းသင့်ရာဌာန၌ နည်း၍, များသင့်ရာဌာန၌ များသော ကိုယ်တော်ရှိခြင်း။ (များမှ ကြည့်ကောင်းမည့်နေရာ၌ အသား များ၍, နည်းမှ ကြည့်ကောင်းမည့်နေရာ၌ အသားနည်းခြင်း ဟူလို။) ၂၄။ အလီနဂတ္တတာ-လူအများ စုဝေးမိရာဝယ် တိမ်မြုပ် ငုပ်၍ မနေဘဲ ပေါ်လွင်ထင်ရှားသော ကိုယ်တော်ရှိခြင်း။ (လူအများ စုမိရာတွင် ဤကဲ့သို့သော ကိုယ်မျိုးကိုသာ ပထမဆုံး မြင်ကြ ရသည်။) ၂၅။ တိလကာဒိဝိရဟိတဂတ္တတာ - မှဲ့ပြောက် တင်းတိပ် ဝက်ခြံ အစရှိသော အညစ်အကြေးတို့မှ ကင်း၍ သန့်ရှင်းသော ကိုယ်တော်ရှိခြင်း။ ၂၆။အနုပုဗ္ဗရုစိဂတ္တတာ - ကိုယ်အင်္ဂါ အစိတ်အပိုင်းဝယ် ရှေ့ နောက် လိုက်လျော တင့်တယ်သော ကိုယ်တော်ရှိခြင်း။ ၂၇။ဝိသုဒ္ဓဂတ္တတာ-အလွန်ဖြူစင်သော ကိုယ်တော်ရှိခြင်း။ ဤ ကား ကိုယ်တော်နှင့် တိုက်ရိုက်သက်ဆိုင်သော လက္ခဏာ တော်ငယ် ၉-ပါးတည်း။ Trang424 ၂၈။ ကောဋိ သဟဿ ဟတ္ထိဗလ ဓာရဏတာ-ကုဋေတစ်ထောင်ရှိ သော အာဠာဝက ဆင်ပြောင်အားကို ဆောင်သော ခွန်အား ရှိခြင်း။ (ယခုခေတ်၌ အနုမြူတို့၏အားကို သိကြရသကဲ့သို့ ဗုဒ္ဓမြတ်စွာ၌လည်း သာမန်လူတို့ထက် ထူးခြားသော ဓာတ် အားတော်ရှိကြောင်းကို သိနိုင်ပါသည်။) ဤကား ကာယဗလ အားတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၂၉။ တုင်္ဂနာသတာ-အချို့လူတို့၏ နှာတံသည် နိမ့်၍လည်းကောင်း, အဖျား၌ ပု၍လည်းကောင်း နေတတ်သော်လည်း ဗုဒ္ဓမြတ်စွာ ၏ နှာတံတော်ကား ထိုသို့ မနိမ့်မပုဘဲ မြင့်မြင့်မားမား ရှည် လျားတော်မူခြင်း။ (ထိုကဲ့သို့ မြင့်ခြင်းကို ဆင်ထိန်းသော ချွန်း နှင့် တူသောကြောင့် “နာသာဟေမင်္ကုသော - မပိမပြား, ရွှေချွန်လားသို့”ဟု အလင်္ကာကျမ်း၌ ဆိုသည်။) [ဤကား နှာတံတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၃၀။ သုရတ္တဒိဇမံသတာ - အလွန်နီသော သွားဖုံးတော် ရှိခြင်း။ ဤကား သွားဖုံးတော်အတွက် လက္ခဏာတော်ငယ် တစ်ပါး တည်း။] (ဒိဇမံသ-သွား၏ အသား၊ ဝါ-သွားဖုံး။) ၃၁။ သုဒ္ဓဒန္တတာ-စင်ကြယ်သော သွားတော်ရှိခြင်း။ ၃၂။ သိနိဒ္ဓဒန္တတာ-ညက်ညောချောမောသော သွားတော်ရှိခြင်း၊ ဤကား သွားတော်၏ လက္ခဏာတော်ငယ် ၂-ပါးတည်း။] Trang425 ၃၃။ ဝိသုဒ္ဓဣန္ဒြိယတာ-မျက်စိ နား နှာခေါင်း လျှာဟူသော ဣန္ဒြေ တို့၏ သန့်ရှင်းစင်ကြယ်ခြင်း။ (ကာယိန္ဒြေအတွက်မှာ ရှေ့၌ “ဂတ္တ”ဟူသော နာမည်ဖြင့် ဆိုခဲ့ပြီ။) ၃၄။ ဝဋ္ဋဒါဌတာ - လုံးသော စွယ်တော်ရှိခြင်း။ (“လုံး”ဟူရာ၌ မြတ်လေးပန်းငုံကဲ့သို့ လုံးခြင်းဟု မှတ်ပါ။)[ဤကား စွယ်တော် အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၃၅။ ရတ္တဩဋ္ဌတာ-နီးမြန်းသော နှုတ်ခမ်းတော်ရှိခြင်း။ ဤကား နှုတ်ခမ်းတော်အတွက် လက္ခဏာတော်ငယ်တစ်ပါးတည်း။] (“အဓရောရဉ္ဇိတာရုဏော - နှုတ်ခမ်းအစုံသည် ဆေးမဆိုး ရဘဲ အရုဏ်ရောင် အသွေးကဲ့သို့ နီးတွေးတော်မူသည်”ဟု သုဗောဓာလင်္ကာရကျမ်း၌ ဆိုသည်၊ ဤစကားအရ ဆေးဆိုး ထားသဖြင့် ရဲနေအောင် နီသော အနီမျိုးမဟုတ်ဟု မှတ်ပါ။) ၃၆။ အာယတဝဒနတာ - ရှည်လျား၍ ကျယ်ပြန့်သော ခံတွင်း တော်ရှိခြင်း။ ဤကား ခံတွင်းတော်အတွက် လက္ခဏာတော် ငယ် တစ်ပါးတည်း။ ၃၇။ ဂမ္ဘီရပါဏိလေခတာ-လက်၌ အရေးအသားတို့၏ နက်ခြင်း။ (လက္ခဏာဟု ခေါ်အပ်သော အရေးအသားတို့သည် အချို့ လူများ၌ မထင်ရှားဘဲ တိမ်၍ နေတတ်၏၊ ဘုရားရှင်၏ လက်အရေးအကြောင်းတို့ကား ထိုသို့ တိမ်၍မနေဘဲ နက် သည်-ဟူလို။) Trang426 ၃၈။ အာယတနလေခတာ-ရှည်သော လက်အရေးအကြောင်း ရှိ တော်မူခြင်း။ (လက္ခဏာဟုခေါ်သော အရေးအသားတို့သည် အချို့ပုဂ္ဂိုလ်တို့၌ ခပ်တိုတိုနှင့် ပြတ်၍နေတတ်၏။) ၃၉။ ဥဇုကလေခတာ-ဖြောင့်မတ်သော အရေးအကြောင်း ရှိခြင်း။ ၄၀။ သုရုစိရသဏ္ဌာနလေခတာ-လက္ခဏာအရေးအကြောင်းတို့၏ အလွန်တင့်တယ်သော ပုံသဏ္ဌာန်ရှိခြင်း။ ဤကား လက္ခဏာ ဟု ခေါ်ရသော ရေးအကြောင်းတို့၏ လက္ခဏာတော်ငယ် (၄)ပါးတည်း။] ၄၁။ ပရိမဏ္ဍလကာယ ပဘာဝန္တတာ-ကိုယ်တော်၏ ပတ်ဝန်းကျင် ၌ တစ်လံမျှလောက် အရောင်အဝန်းရှိခြင်း။ ဤကား ကိုယ် တော်အရောင်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။ ၄၂။ ပရိပုဏ္ဏကပေါလတာ- ပြည့်ဖြိုးသော ပါးစောင်တော်ရှိခြင်း။ ဤကား ပါးစောင်တော်အတွက် လက္ခဏာတော်ငယ် တစ်ပါး တည်း။] (အချို့ လူတို့၏ ပါးစောင်သည် မိုမိုမောက်မောက် မရှိဘဲ ပြားချပ်ချပ်နေတတ်၏။) ၄၃။ အာယတဝိသာလနေတ္တတာ-ရှည်လည်း ရှည်, ကျယ်လည်း ကျယ်သော မျက်လုံးတော်ရှိခြင်း။ ၄၄။ ပဉ္စပသာဒဝန္တနေတ္တတာ - အကြည်ဓာတ် ၅-မျိုး ပါသော မျက်လုံးတော်ရှိခြင်း။ [ရောင်ခြည်တော်ဖွင့်ဂါထာ၌ ပြခဲ့သည့် Trang427 အတိုင်း နီလ, ပီတ, လောဟိတ, ဩဒါတ, မဉ္ဇိဋ္ဌ အရောင် ၅-မျိုး ပါသည်ကို ဆိုလိုဟန် တူပါသည်။ ဤကား မျက်လုံး တော်အတွက် လက္ခဏာတော်ငယ် ၂-ပါးတည်း။] ၄၅။ အာကုဉ္စိတဂ္ဂပခုမတာ - ကော့၍ အထက်သို့ အဖျားလှည့် သော မျက်တောင်မွေးတော်ရှိခြင်း။ ဤကား မျက်တောင် မွေးတော်အတွက် လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၄၆။ မုဒုတနုကရတ္တဇိဝှတာ - နုလည်းနု, ပါးလည်းပါး, နီလည်း နီသော လျှာတော်ရှိခြင်း။ ဤကား လျှာတော်၏ လက္ခဏာ တော်ငယ် တစ်ပါးတည်း။] ၄၇။ အာယတရုစိရကဏ္ဏတာ-ရှည်သော တင့်တယ်သော နားရွက် တော်ရှိခြင်း။ ဤကား နားရွက်တော်အတွက် လက္ခဏာတော် ငယ် တစ်ပါးတည်း။] (“ရှည်”ဟု ဆိုထားသော်လည်း အချို့ ဆင်းတုတော်များ၌ ထုထားသကဲ့သို့ ပခုံးတော်ထောက်အောင် ရှည်လျားသည် မဟုတ်ပါ၊ ကျိုး၍မသွားအောင် ရုပ်တုတော် ပြုလုပ်သော ဆရာတို့က ထောက်ထားဟန် တူပါသည်။) ၄၈။ နိဂ္ဂဏ္ဌိသိရတာ-အဖုအထစ်မရှိသော အကြောတော်ရှိခြင်း။ ၄၉။ နိဂ္ဂူဠသိရတာ-အသားအထက်၌ အပေါ်တက်၍ မနေဘဲ အသားအတွင်း၌ မြုပ်နေသော အကြောတော်ရှိခြင်း။(များစွာ သော လူတို့၏ အကြောကား ပေါ်ထင်နေသည်။) Trang428 ၅၀။ ဝဋ္ဋဆတ္တနိဘစာရုသီသတာ-လုံးဝိုင်းသော ထီးကဲ့သို့ အရောင် ဖြင့် တင့်တယ်သော ဦးခေါင်းတော်ရှိခြင်း။ (ဦးခေါင်းတော်၌ တီးဝိုင်းကဲ့သို့သော အရောင်ဝိုင်း ရှိတော်မူခြင်း။) (သီဟိုဠ်ရေး ရုပ်တုတော်များ၌ ဤကဲ့သို့သော အရောင်ဝိုင်း ပုံသဏ္ဌာန် ဦးခေါင်းတော်၌ ပါရှိသည်။) [ဤကား ဦးခေါင်း တော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၅၁။ အာယတပုထုနလာဋသောဘတာ-ရှည်လျား ပြန့်ကျယ်သော နဖူးတော်ဖြင့် တင့်တယ်တော်မူခြင်း။ [ဤကား နဖူးတော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၅၂။ သုသဏ္ဌာနဘမုကတာ - ကောင်းသော ပုံသဏ္ဌာန်ရှိသော မျက်ခုံးတော်ရှိခြင်း။ [သုဗောဓာလင်္ကာရကျမ်း၌ “သမာနတာ ဘမုစာယံ, ဇိနာ နဝဉ္စိတာ တဝ (အို- မြတ်စွာဘုရား) ရှင်တော်ဘုရား၏ မျက်ခုံးတော်သည် မဆွဲမငင်အပ်ပါဘဲ လ၏ အရေးကဲ့သို့ ကွေး၍နေပါသည်ဘုရား”ဟုဆိုသည်။] ၅၃။သဏှဘမုကတာ-သိမ်မွေ့သော မျက်ခုံးတော်ရှိခြင်း။ (မျက်ခုံး မွေးများ မကြမ်းတမ်းဘဲ သိမ်မွေ့သော မျက်ခုံးတော်ရှိခြင်း။) ၅၄။အနုလောမဘမုကတာ-အရင်းအဖျား လျော်သော မျက်ခုံး တော်ရှိခြင်း။ ၅၅။ မဟန္တဘမုကတာ-ကြီးသော မျက်ခုံးတော်ရှိခြင်း။ Trang429 ၅၆။ အာယတဘမုကတာ - ရှည်သော မျက်ခုံးတော်ရှိခြင်း။ [ဤ ကား မျက်ခုံးတော်၏ လက္ခဏာတော်ငယ် ၅-ပါးတည်း။] ၅၇။ သုခုမာလဂတ္တတာ-ကိုယ်တော်၏ အလွန်နုပျိုခြင်း။ [သက်တော်ကြီးစေကာမူ အိုရုပ်ပုံသဏ္ဌာန်မပေါ်၊ နုပျိုသော ပုံသဏ္ဌာန် ရှိတော်မူခြင်း။] ၅၈။ အတိဝိယ သောမ္မဂတ္တတာ-အလွန်အေးမြသော ကိုယ်တော် ရှိခြင်း။ ၅၉။ အတိဝိယ ဥဇ္ဇလိတဂတ္တတာ-ညှိုးညှိုးမှိန်မှိန်မဟုတ်ဘဲ အလွန်တောက်ပသော ကိုယ်တော်ရှိခြင်း။ ၆၀။ ဝိမလဂတ္တတာ-ညစ်ကြေးမတင် သန့်စင်သော ကိုယ်တော်ရှိ ခြင်း။ ၆၁။ ကောမလဂတ္တတာ-နုညံ့သော ကိုယ်တော်ရှိခြင်း။ [ “ပါဒေ တုလှံ နမဿာမိ, ဒုဝေ ကမာလကောမလေ-အရှင် ဘုရားတို့၏ ကြာပဒုမ္မာကဲ့သို့ နုညံ့သော ခြေတော်တို့ကို ရှိခိုး ပါ၏”ဟု ရှေးပညာရှိတို့ စပ်ဆိုကြသည်။] ၆၂။ သိနိဒ္ဓဂတ္တတာ-ပြေပြစ် ညက်ညော ချောမောသော ကိုယ် တော်ရှိခြင်း။ ၆၃။ သုဂန္ဓတနုတာ-ကောင်းသော အနံ့ရှိသော ကိုယ်တော်ရှိခြင်း။ [ဤကား ကိုယ်တော်၏ ဂုဏ်နှင့်စပ်၍ လက္ခဏာတော်ငယ် Trang430 ၇-ပါးတည်း၊] ရှေ့၌ ကိုယ်ဒြပ်နှင့်စပ်၍ လက္ခဏာတော်ငယ် ၈-ပါးကို ပြခဲ့သည်။) ၆၄။ သမလောမတာ-အနိမ့်အမြင့် ညီမျှသော မွေးညင်းတော်ရှိ ခြင်း။ (များစွာသော လူတို့၏ မွေးညင်းများသည် အနိမ့်အမြင့် မညီကြချေ။) ၆၅။ ကောမလလောမတာ-နုညံ့သော အမွေးတော်ရှိခြင်း။ [တစ်ချို့ လူများ၏ အမွေးသည် ကြမ်းနေ၏။] ၆၆။ ဒက္ခိဏာဝဋ္ဋလောမတာ - လက်ယာရစ်လည်သော အမွေး တော်ရှိခြင်း။ ၆၇။ ဘိန္နဉ္စနသဒိသ နီလလောမတာ-ကွဲသော မျက်စဉ်း ကျောက် အဆင်းနှင့်တူသော ညိုသော အမွေးတော်ရှိခြင်း။ ၆၈။ ဝဋ္ဋလောမတာ-လုံးသော အမွေးတော်ရှိခြင်း။ ၆၉။ သိနိဒ္ဓလောမတာ-ညက်ညောသော မွေးညင်းတော်ရှိခြင်း။ [ဤကား မွေးညင်းတော်၏ လက္ခဏာတော်ငယ် ၆-ပါးတည်း။] ၇၀။ အတိသုခုမ အဿာသ ပဿာသဓာရဏတာ - အလွန် သိမ်မွေ့သော ထွက်သက်-ဝင်သက်ကို ဆောင်တော်မူခြင်း။ “အသက် အရှူအရှိုက် မကြမ်း”ဟူလို။ [ဤကား အဿာသ ပဿာသ၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။] Trang431 မှက်ချက်။ ။အာနာပါနကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်များ၏ ထွက်သက်-ဝင်သက်များလည်း တဖြည်းဖြည်း ငြိမ်သက်၍ ကမ္မဋ္ဌာန်းအသားကျသောအခါ ရှူမှန်း ရှိုက်မှန်း မသိရ လောက်အောင် ငြိမ်သက်ကြပေသည်။ ၇၁။ သုဂန္ဓမုခတာ - ကောင်းသော အနံ့ရှိသော ခံတွင်းတော်ရှိ ခြင်း။ ဤကား ခံတွင်းတော်၏ လက္ခဏာတော်ငယ် တစ်ပါး တည်း။] (သဒ္ဓမ္မဒေသနာကာလေ, သာဓု သာဓုတိ ဘာသတော၊ မုခတော ဇာယတေ ဂန္ဓော, ဥပ္ပလဝ ယထောဒကေ- သူတော်ကောင်းတရားကို ဟောတော်မူသောအခါ “သာဓု” ခေါ်သော ကောင်းမှုသည် နောက်ဘဝဝယ် အာခံတွင်းမှ ကြာညိုပန်းနံ့ သင်းပါသတဲ့။) ၇၂။ သုဂန္ဓမုဒ္ဓတာ-ဦးထိပ်တော်၏ မွှေးကြိုင်သော အနံ့ရှိခြင်း။ [ဤကား ဦးထိပ်တော်၏ လက္ခဏာတော်ငယ် တစ်ပါးတည်း။] ၇၃။ သုနီလကေသတာ-အလွန်ညိုသော ဆံတော်ရှိခြင်း။ ၇၄။ ဒက္ခိဏာဝဋ္ဋကေသတာ - လက်ယာရစ်လည်သော ဆံတော် ရှိခြင်း။ ၇၅။ သုသဏ္ဌာနကေသတာ-ကောင်းသော ပုံသဏ္ဌာန်ရှိသော ဆံ တော်ရှိခြင်း။ Trang432 ၇၆။ သိနိဒ္ဓသဏှကေသတာ-ညက်ညော သိမ်မွေ့သော ဆံတော် ရှိခြင်း။ [စာအုပ်တို့၌ “သိနိဒ္ဓကေသတာ, သဏှကေသတာ” ဟု ၂-ပုဒ်ခွဲလျက်ရှိသည်။] ၇၇။ အလုဠိတကေသတာ-မရှုပ်သော ဆံတော်ရှိခြင်း။ ၇၈။ သမကေသတာ-အနိမ့်အမြင့် ညီမျှသော ဆံတော်ရှိခြင်း။ ၇၉။ ကောမလကေသတာ-နုညံ့သော ဆံတော်ရှိခြင်း။ ဤကား ဆံတော်၏ လက္ခဏာတော်ငယ် ၇-ပါးတည်း။] ၈၀။ ကေတုမာလာရတနဝိစိတ္တတာ-“ကေတုမာလာ”ဟုခေါ်အပ်သော ရတနာရောင်ဖြင့် လွန်စွာသပ္ပာယ် ဆန်းကြယ်တော်မူခြင်း။ မှတ်ချက်။ ။ဦးခေါင်းတော်မှ ထွက်၍ အထက်ဦးထိပ်၌ အစုဖြစ်လျက်ထင်လင်းနေသော အရောင်ကို “ကေတုမာလာ ရောင်”ဟု ခေါ်ကြ ၏၊ ထိုအရောင်တော်ကို ပုံသဏ္ဌာန်ပေါ်အောင် ယခုခေတ် ဆင်းတု တော်များ၏ ဦးထိပ်တော်၌ စုနေသော အရောင်ပုံကို ထုလုပ်ကြ၏၊ သို့သော် ထိုအရောင်ပုံသည် များသောအားဖြင့် ဆံပင်တော်အရောင် ကဲ့သို့ ညိုမှောင်နေရကား တစ်ချို့က “သျှောင်ပုံ-သျှောင်ထုံးပုံ”ဟု ထင်မှားကြလေသည်၊ ထိုသို့ မထင်မှားရအောင် ဦးထိပ်တော်၌ အရောင်အဝါ စုနေပုံကို ပြနိုင်လျှင်သာ၍ သဘာဝကျပေလိမ့်မည်။ လက္ခဏာတော်ငယ် (၈၀) ပြီးပြီ။ Trang433 တိုက်တွန်းချက်။ ။ဤလက္ခဏာတော်ငယ်များကိုလည်း တစ်ပါးစီတစ်ပါးစီ စဉ်းစား၍ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများကြပါလေ၊ ဤ နေရာဝယ် ရတနာ့ဂုဏ်ရည်၏အစ၌ ပြအပ်ခဲ့သော အောက်ပါ ဂါထာ ကိုလည်း အနက်နှင့်တကွ ဘုရားအာရုံရအောင် ရွတ်ကြဖတ်ကြပါလေ။ ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတပါရမီ၊ ယဿ ဝေသံ သုမာပေန္တိ, ကေနာပိ အသမံ သမံ။ ဗဟုံ-ဤ၍ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်းမရှိရလေ အောင်၊ ပစိတပါရမီ-လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်း စုဆောင်း, ပါရမီတော်အပေါင်းတို့သည်၊ ပစ္ဆိမံ ဖလဒါနေနေ-ဖြစ်ပျက် ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသော အားဖြင့်၊ တဿ ဘဂဝတော-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရား၏၊ ဝေသံ-ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော် သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊ ကေနာပိ-လူမင်း, နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊ အသမံ- လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ်တိုင်းကာ, မနှိုင်းသာသည်ဖြစ်၍၊ သမံ-တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီဝင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရ လေအောင်၊ သုမာပေန္တိ-တက်သစ်နေဝန်း, ထွန်းသစ်လစန်း, ပွင့်သစ်ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။ ၁၃၃၂-ခု။