# Ân Đức Tam Bảo (Ratanàtthagunaram) - Dịch Song Ngữ
*Batch 4: Trang 7 & Trang 8*

---

## Trang 7

**[Myanmar]**
ကြည့်ရှုရန် အဓိပ္ပါယ်

**[Việt]**
Ý nghĩa cần xem xét (Phần giải nghĩa)

**[Myanmar]**
နီလရောင်ခြည်တော်။ ။ဘုရားရှင်၏ ဆံမုတ်ဆိတ်တော်နှင့် မျက်လုံးတော်အတွင်းက မျက်နက်ဝန်းတော်တို့သည် အညိုရောင် တောက်ပ၍ တင့်တယ်တော်မူကြကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် ညိုမှောင်နေသော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ နီလရောင် ခြည်တော်များ ထွက်တော်မူကြသည်။

**[Việt]**
**Hào quang màu xanh lam/lục (Nīlarasmī):** Tóc, râu và tròng đen trong mắt của Đức Phật tỏa sáng một màu xanh thẫm uy nghi và tĩnh tại. Từ những bộ phận vốn mang sắc xanh thẫm tự nhiên này, những luồng hào quang màu xanh lục (Nīlarasmī) phát chiếu ra.

**[Myanmar]**
ဤနီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလာ ကျောက်ရတနာအဆင်း, ရွဲညိုအဆင်း, တဖိတ်ဖိတ်တောက်သော ဖဲပဝါညို အဆင်း, ကြာညိုပွင့်ချပ်အဆင်း, မြရတနာဖြင့် ပြုအပ်သော ယပ်တောင်အဆင်း, စသည်နှင့်တူစွာ အလွန်ကြည်နူးဖွယ်ကောင်း သော ညိုညိုမှောင်မှောင်အရောင်တို့သည် ရှင်တော်ဘုရား၏ ဝဲယာ ဖက်နှင့် အထက်အောက်(ထက်ဝန်းကျင်)အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း အနှံ့အပြား ပျံသန်းကွန့်မြူးကာ အထူးကျက်သရေရှိပါပေသည်။

**[Việt]**
Khi hào quang màu xanh lục này phát chiếu, nó mang màu sắc của ngọc bích Indanīla (Sapphire), ngọc bảo lam, lụa xanh lấp lánh, cánh hoa sen xanh hay chiếc quạt làm bằng ngọc lam. Những sắc xanh thẫm vô cùng rực rỡ và thanh tịnh này lan tỏa ra các hướng trái, phải, trên, dưới (khắp bốn phương tám hướng) quanh Đức Thế Tôn. Chúng tỏa rộng lớn bằng cỡ một ngôi nhà, một ngọn núi, hoặc thậm chí còn to lớn hơn thế nữa, rạng ngời và vô cùng kiết tường.

**[Myanmar]**
ပီတရောင်ခြည်တော်။ ။ဘုရားရှင်၏ ကိုယ်အရေတော်နှင့် မျက်လုံးတော် အထက်က မျက်ခွံတော်စသော အရေတော်တို့သည် ဝါဝါဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်၏၊ ထိုသို့ ပင်ကိုယ်အားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အင်္ဂါ အစိတ် အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။

**[Việt]**
**Hào quang màu vàng (Pītarasmī):** Làn da và lớp mi mắt phía trên nhãn quan của Ngài, cùng các phần da khác, tỏa sáng rực rỡ và vô cùng kiết tường tựa như sắc vàng ròng. Từ những bộ phận vốn mang sắc vàng tự nhiên này, những luồng hào quang màu vàng (Pītarasmī) phát chiếu ra.

---

## Trang 8

**[Myanmar]**
ဤပီတရောင်ခြည် ထွက်တော်မူသောအခါ “သိင်္ဂနိက်”ဟု ခေါ်သော သိင်္ဂီရွှေစင် ရွှေနှစ်အဆင်း, ရွှေပြား ရွှေထည်အဆင်း, တသွင်သွင်စီးသွားသော ရွှေရည်အဆင်း, ရွှေးပန်းအဆင်း စသည် နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဝါရွှေရွှေအရောင်တော်တို့ သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှ လည်းကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း ပျံသန်းကွန့်မြူး လျက် အထူးကျက်သရေရှိပါပေသည်။

**[Việt]**
Khi hào quang màu vàng này phát chiếu, nó mang màu sắc của vàng ròng tinh khiết gọi là "Siṅganika" (vàng nguyên chất), như những lá vàng dát, vàng khối, như dòng vàng đang tuôn chảy, hay những bông hoa vàng. Những sắc vàng chói lọi vô cùng rực rỡ và thanh tịnh này lan tỏa khắp không gian bao quanh Đức Phật, rộng lớn bằng cỡ một ngôi nhà, một ngọn núi, hoặc thậm chí to lớn hơn thế nữa, rạng ngời và vô cùng kiết tường.

**[Myanmar]**
သြဒါတရောင်ခြည်တော်။ ။ဘုရားရှင်၏ အသားတော် အတွင်း၌ရှိသော အရိုးတော် သွားတော် မျက်ဖြူတော် စသည်တို့မှာ လွန်စွာဖြူဝင်း သန့်ရှင်းတင့်တယ်ပါပေကုန်၏၊ ထိုသို့ ပင်ကိုယ် အားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ ဩဒါတ ရောင်ခြည်တော်များ ထွက်တော်မူကြသည်။

**[Việt]**
**Hào quang màu trắng (Odātarasmī):** Tương tự, xương, răng và tròng trắng trong mắt của Đức Phật... tỏa ra sự trắng ngần, thanh khiết và tĩnh tại tột bậc. Từ những bộ phận vốn mang sắc trắng ngần tự nhiên này, những luồng hào quang màu trắng (Odātarasmī) phát chiếu ra.

**[Myanmar]**
ဤ ဩဒါတရောင်ခြည် ထွက်တော်မူသောအခါ ငွေအရောင် တောက်ပသော လရောင်အဆင်း, ငွေပြားငွေထည်အဆင်း, ကူးသန်း သွားလာသော ငွေရည်အယဉ် ငွေပန်းအဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်နူးဖွယ်ရှိသော ဖြူဝင်းသောအရောင်တို့သည် ဘုရား ရှင်၏ ထက်ဝန်းကျင်အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်း ကောင်း, ထို့ထက် ကြီးမားစွာလည်းကောင်း အနှံ့အပြား ပျံသန်း ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။

**[Việt]**
Khi hào quang màu trắng này phát chiếu, nó mang màu sắc rực rỡ như ánh trăng bạc, như những khối bạc nguyên chất, như dòng suối bạc đang tuôn chảy hay những bông hoa bạc lấp lánh. Những luồng ánh sáng trắng trong trẻo và thanh tịnh tột độ này lan tỏa khắp không gian xung quanh Đức Phật, rộng lớn bằng cỡ một ngôi nhà, một ngọn núi, hoặc thậm chí to lớn hơn thế nữa, rạng ngời và vô cùng kiết tường.

**[Myanmar]**
လောဟိတရောင်ခြည်တော်။ ။ဘုရားရှင်၏ အရေတော် အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော် စသည် တို့မှာ လွန်စွာနီမြန်းပါပေကုန်၏၊ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် နီနီ တွေးတွေး ဟင်္သပြဒါးသွေးနှင့်တူသော ကိုယ်အင်္ဂါအစိတ်အပိုင်းမှ

**[Việt]**
**Hào quang màu đỏ (Lohitarasmī):** Tương tự, phần thịt, máu huyết bên dưới lớp da và đôi môi của Đức Phật... mang một sắc đỏ vô cùng thắm tươi. Từ những bộ phận vốn dĩ mang sắc đỏ tự nhiên thắm đượm như màu chu sa (Hiṅgulaka) này... *(Tiếp tục ở Trang 9)*
