[Trang PDF] 1 - 5 --- ## Trang 1 (Bìa) **အရှင်ဇနကာဘိဝံသ ၏ ရုပ်ပုံရှင်ကျင့်ဝတ်** စိရံတိဋ္ဌတုသဒ္ဓမ္မော ဗုဒ္ဓသာသနာအဖွဲ့ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက် သာသနာ ၂၅၁၉ | ကောဇာ ၁၃၃၇ | ဩဂုတ် ၁၉၇၅ --- ## Trang 2 (Tiêu đề) # ရုပ်ပုံရှင်ကျင့်ဝတ် --- ## Trang 3 (Bìa lặp) ၂၀၉၉၁ **အရှင်ဇနကာဘိဝံသ ၏ ရုပ်ပုံရှင်ကျင့်ဝတ်** စိရံတိဋ္ဌတုသဒ္ဓမ္မော ဗုဒ္ဓသာသနာအဖွဲ့ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက် သာသနာ ၂၅၁၉ | ကောဇာ ၁၃၃၇ | ဩဂုတ် ၁၉၇၅ --- ## Trang 4 (Thông tin xuất bản) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်တွင် ညွှန်ကြားရေးမှူး **ဦးလှမောင်** M.A., M.S., B.L (မှတ်ပုံတင်အမှတ် ၁၈၇၉/၀၅၂၂) က ပုံနှိပ်ထုတ်ဝေသည်။ --- ## Trang 5 (Mở đầu) # ရုပ်ပုံရှင်ကျင့်ဝတ် ## အခြေခံ နိဒါန်း ### ရှင်သာမဏေ အစ ဘုရားပွင့်တော်မူစ၌ သာသနာဝင်လိုသူများသည် ရှင်သာမဏေဘဝ၌ ရပ်နားခြင်းမရှိဘဲ တစ်ခါတည်း ရဟန်းဘဝသို့ ရောက်ကြကုန်၏။ နောက်မှသာ "အသက်-၂၀ မပြည့်လျှင် ရဟန်းမပြုရ"ဟု ပညတ်တော်မူသောကြောင့် ရှင်သာမဏေများ ဖြစ်ပေါ်လာရပေသည်။ ထိုအခါ သာမဏေအရွယ် အစားစား ရှိနေပြန်ရာ အမျိုးတစ်မျိုး၌ "အဟိဝါတ" မည်သော ကူးစက်တတ်သော ရောဂါကြောင့် တစ်မျိုးလုံး သေဆုံး၍ သားအဘ ၂-ယောက်သာ ကျန်ရစ်သဖြင့် ထိုသားအဘ ၂-ယောက်လုံးပင် ရှင်ရဟန်း ပြုကြလေသည်။ ထိုနောက် နံနက်အခါ ဆွမ်းခံသွားလတ်သော် အဘရဟန်းအား ဆွမ်းလောင်းသောအခါ နောက်ကျန်ရစ်သော သားကိုရင်ကလေးသည် ပြေးလာ၍ "အဘေ….အဘေရတဲ့ ထမင်းကို ကျုပ်လည်း ပေးပါဦး"ဟု တောင်းရှာ၏။ ထိုသို့ဖြစ်ပုံကို မြင်၍ သနားတတ်သူတို့က သနားကြမည် ဖြစ်သော်လည်း အတွေးနက်သူတို့ကမူ "ဤရဟန်းတွေဟာ မေထုန်ကို မရှောင်ကြ၊ ဒီကိုရင်ကလေးလဲ ဘိက္ခုနီမက မွေးတာဘဲ" ဟု အလွဲထင်၍ ပြစ်တင် ကဲ့ရဲ့ကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်... --- --- [Trang PDF] 6 - 10## Trang 1 ကြားသိတော်မူ၍ "တစ်ဆယ့်ငါးနှစ် အသက်ပြည့်မှ ကိုရင်ဝတ် ပေးရမည်"ဟု ပဌမ ပညတ်တော်မူသည်။ ကျီးချောက်နိုင်လျှင် ရှင်ပြုတော့။ ထိုသို့ ပညတ်တော်မူပြီးနောက် အရှင်အာနန္ဒာ၏ ဒါယကာ အမျိုးလည်း ထို"အဟိဝါတ" ရောဂါဆိုးကြောင့် ပင် ပျက်စီးကြလေရာ လူမမယ်ကလေး ၂-ယောက်သာ ကျန်ရစ်၏၊ ထိုကလေး ၂-ယောက်သည် မိဘများ လက်ထက်က ရဟန်းများနှင့် အရောတဝင်နေလေ့ ရှိသည့်အတိုင်း ထိုအချိန်မှာ ရဟန်းတော်များကို သာ၍ အားကိုးရှာသဖြင့် ရဟန်းတော်များ မြင်လျှင် ပြေးလာကြကုန်၏၊ ထိုအခါ ကရုဏာ ကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသောကြောင့် ကလေးတွေ ငိုကြရှာလေသည်။ ထိုဖြစ်ပုံကို အရှင်အာနန္ဒာ မြင်ရ၍ သနားခြင်း ပြင်းပြသော်လည်း တစ်ဆယ့်ငါးနှစ် မပြည့်သေးရကား ရှင်ပြုပေးလိုပါလျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံကို လျှောက်ရလေသည်၊ ထိုအခါ "ကျီးချောက်နိုင်လောက်ပြီလား=( မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင် ချောက်၍ စားနိုင်လောက်ပြီလား )" ဟု မေးတော်မူ၍ "ချောက်နိုင်လောက်ပါပြီ" ဟု လျှောက်ထားသဖြင့် "ကျီးချောက်နိုင်လောက်သော ကလေးကို တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်လည်း ရှင်ပြုပေးနိုင်၏"ဟု ခွင့်ပြုတော်မူသည်။ ကျင့်နိုင်ခြင်းသာ ပဓာန။ ။ဤ ခွင့်ပြုတော်မူချက်သည် သနားစဘွယ် ကလေးများ၏ --- ## Trang 2 အားကိုးရာမဲ့ပုံကို ငဲ့တော်မူသောကြောင့် ဖြစ်၏၊ ယခုကာလ၌ကား ဤ ခွင့်ပြုတော်မူချက်အရ အရွယ်ကို ပမာဏ မထားတော့ဘဲ ရှင်ပြုလေ့ရှိကြ၏၊ သို့သော် အရှင်အာနန္ဒာကဲ့သို့ ဆရာကောင်း ဖြစ်သူတို့က အမြဲ ကြည့်ရှုနိုင်မှ ရှင်ပြုရကျိုး နပ်ပေလိမ့်မည်၊ ထိုသို့ မကြည့်ရှုနိုင်လျှင်၎င်း, ကြည့်ရှုနိုင်သော်လည်း ကိုရင်ကလေးက မလိုက်နာလျှင်၎င်း ယခုပြမည့် ရှင်ကျင့်ဝတ်နှင့် ပြဒါး တလမ်း သံ တလမ်း ဖြစ်ဘွယ်ရှိရကား မိမိသားငယ် တပည့်ငယ်များကို လောကဓမ္မ မနစ်နာရအောင် (သနားစဘွယ် ငယ်လွန်းသောကလေးများကို ကျောင်းသား ဖိုးသူတော်အဖြစ်ဖြင့် ထိန်းသိမ်းထား၍)ရှင်ကျင့်ဝတ်အတိုင်း နေနိုင်လောက်မှသာ ရှင်ပြုပေးသင့်ကြပါသည်၊ ဤသို့ တိုက်တွန်းရခြင်း အကြောင်းကို အောက်ပါအချက်များဖြင့် ရှင်းပြပါဦးမည်။ ၁။ လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ဝယ် ဌာနတိုင်း၌ စံနစ်တကျရှိအောင် ရှေးဦးစွာ ထူထောင်ပြီးလျှင် စံနစ်တကျရှိပြီးသော ဌာနကို လည်း ဆင့်တက်တိုးပွါးအောင် ကြိုးစားဘို့ အရေးကြီးပါသည်၊ ထို ဌာနပေါင်း များစွာတို့တွင် မြတ်စွာ၏ သာသနာရေးဌာနလည်း အပါအဝင် ဖြစ်၏၊ ဤဌာနကို စံနစ်တကျ ဖြစ်စေပြီးနောက် တိုးတက်အောင် ပြုပြင်နိုင်ပါလျှင် နိုင်ငံတော်မှာ လွန်စွာ ကျေးဇူးများသော အထွတ်အထိပ်ဌာန ဖြစ်နိုင်ပါသည်။ --- ## Trang 3 မှန်၏ – များစွာသော တိုင်းသူပြည်သားတို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို လေးစားသော ဗုဒ္ဓဘာသာဝင်တို့သာ ဖြစ်ကြသည်၊ ထို ဗုဒ္ဓဘာသာဝင် အများတို့သည် ကောင်းမွန်စွာ နေထိုင်သော ရဟန်းသံဃာတော်များကို ကြည်ညိုကိုးစား အားထားကြသဖြင့် ထို သံဃာတော်များ၏ ဩဝါဒကိုလည်း လေးစား ယုံကြည်ကြတုန်းပင် ဖြစ်သည်။ ၂။ ယခုအခါ နိုင်ငံတော်၌ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ဘို့ရာ ကျယ်လောင်စွာ ကြွေးကြော်လျက်ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒဒေသနာတော်သည် ထို စာရိတ္တပြုပြင်မှုကို အခြေအမြစ်ကစ၍ တိကျပြတ်သားစွာ ညွှန်ပြတော်မူ၏၊ ထို ဩဝါဒအတိုင်း မလိုက်နာသူ, သို့မဟုတ် ပင်ကိုယ်ကောင်းမဟုတ်သူသည် ထိုစာရိတ္တကို ပြုပြင်ထားစေကာမူ "ခွေးမြီးကောက် ကျည်တောက်စွပ်" သကဲ့သို့ မကြာမီပင် နဂိုရ်ပျက်မြဲတိုင်း ပျက်ဘွယ်ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒကို လိုက်နာသူကား တမင်္ဂလာ ဖျက်စေကာမူ စာရိတ္တမပျက်ရုံသာ မက ဆတက်တိုး ထမ်းပိုး သာ၍ ပြောင်ပါလိမ့်မည်၊ [ပင်ကိုယ်ကောင်းနေသူလည်း မည်သည့် ဘာသာဝင်မဆို ဘုရားအလိုတော်နှင့် သင့်လျော်ပြီးသူပင် ဖြစ်၏။] ၃။ ဩဝါဒကို အခြေအမြစ်ကစ၍ ထိန်းသိမ်းစောင့်ရှောက်ရသော ဆရာတော် သံဃာတော်များသည် တိုင်းသူပြည်သားတို့၏ စာရိတ္တပြုပြင်မှု၌ အထူး ကြောင့်ကြစိုက်ကြပါမူ တိုင်းသူပြည်သားတို့သည် အဘယ်မှာ --- ## Trang 4 စာရိတ္တမကောင်းဘဲ ရှိနိုင်ပါမည်နည်း၊ သို့သော် "တိုင်းသူပြည်သားတို့၏ စာရိတ္တကို ပြုပြင်ကြတော့မည်"ဟု ကြံစည်သည်နှင့် တပြိုင်နက် မိမိတို့၏ စာရိတ္တကိုလည်း အဘက်ဘက်က အချက်ကျအောင် ပြုပြင်ပြီး ဖြစ်မှသာ အပြုပြင်ခံရသော တိုင်းသူပြည်သားတို့ လိုက်နာလိုကြပေမည်၊ မိမိတို့ စာရိတ္တက မလုံလောက်ပါဘဲ "ငါဆို-မဆိုနဲ့ နင်ဆို-ဆို"ဟူသော ပြောဟော ပြုပြင်ခြင်းမျိုးကား အကျိုးမရသည့်ပြင် အပြစ်တင်သာ ခံရတတ်ပါသည်။ အတ္တာနမေဝ ပဌမံ၊ ပဋိရူပေ နိဝေသယေ။ အထညမနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။ ပဌမ ရှေးဦးစွာ မိမိကိုယ်ကို သင့်တော်သော ဂုဏ်၌ သွင်းထားရမည်၊ ထို့နောက်မှ သူတစ်ပါးကို မိမိကဲ့သို့ ဖြစ်အောင် သွန်သင် ဆုံးမ နည်းလမ်းပြရမည်၊ မိမိသော်မှ မပြုနိုင်သော ကိစ္စဝယ် သူတစ်ပါးကို တိုက်တွန်းလျှင် အကျိုးမရဘဲ သူတစ်ပါးအထံမှ အကဲ့ရဲ့ကိုသာ ခံရတတ်သည်၊ အကြောင်းအကျိုး မြင်သိသော ပညာရှိသည် ထိုသို့ အကဲ့ရဲ့ခံရခြင်းဖြင့် မိမိကိုယ်ကို မပင်ပန်းပါစေလင့်။ (ဓမ္မပဒ, အတ္တဝဂ်, ဥပနန္ဒ ဝတ္ထု) ၄။ ထို့ကြောင့် တိုင်းသူပြည်သားတို့ အကိုးကွယ်ကို ခံယူကာ ဆရာလုပ်၍ နေကြရသော ရဟန်း သံဃာတော်များသည် မိမိတို့၏ ကိုယ်ကျင့် စာရိတ္တကို ပဌမဦးစွာ ပြုပြင်ရာ၌ ရှင်သာမဏေဘဝမှစ၍ ပြုပြင်သင့်သော --- ## Trang 5 ကိုယ်ကျင့်များကို ပြုပြင်နှင့်ဘို့ရာ ရှေး ဆရာတော်များသည် " ရှင်ကျင့်ဝတ်" ဟူသော နာမည်ဖြင့် (ရဟန်းတော်များလည်း ကျင့်ရမည့် ) " သေခိယ သိက္ခာပုဒ်"များကို ဝိနည်းပါဠိတော်ကြီးမှ ထုတ်ဖော် ညွှန်ပြခဲ့ကြပေသည်၊ ထို ရှင်ကျင့်ဝတ်၌ သင်္ကန်းဝတ်ပုံ ရုံပုံ စားပုံ သောက်ပုံ မြို့ရွာအတွင်း နေထိုင်ပုံမှစ၍ စုံလင်စွာပင် ဘုရားရှင် ပညတ်တော်မူထားပေသည်။ ၅။ ထို ရှင်ကျင့်ဝတ်အတိုင်းသာ နေထိုင် သွားလာ စားသောက်ကြပါလျှင် "ရဟန်းကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူ နတ် ဦးခိုက်၊ ရှိခိုးထိုက်၏" ဟု ရှေး ဆရာမြတ်တို့ မိန့်တော်မူအပ်သည်နှင့် အညီ လူကြီး လူကောင်းအများပင် ရှိခိုးဦးချချင်စရာ လွန်စွာ ကြည်ညိုဘွယ်ကောင်းသော ရှင်သာမဏေကလေးတစ်ပါး ဖြစ်ပါလိမ့်မည်။ ၆။ ထို ရှင်ကျင့်ဝတ်များကို တစ်ပါးတလေ ချွတ်ယွင်းနေပြန်လျှင်လည်း "ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊ လူနတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏" ဟူသော ရှေး ဆရာတော်ကြီးများ၏ အမိန့်တော်နှင့်အညီ မြန်မာတိုင်းဘွား ဗုဒ္ဓဘာသာဝင်များပင် ကြည်ညိုချင်ဘွယ် မကောင်းသော မောင်ရှင်ကလေး ဖြစ်မည်သာမက နိုင်ငံခြားသားတို့ကမူ ပြည်ထောင်စုအမျိုးသား အားလုံးကိုပင် သိမ်းကျုံး၍ " ဤ လူမျိုးကား အဝတ်ဝါ ဝတ်သူ --- [Trang PDF] 11 - 15## Trang 1 တွေကို ရှိခိုးဦးချ ကိုးကွယ်ကြသောလူမျိုး" ဟုလက်ညှိုးထိုးကြပါလိမ့်မည်။ ၇။ ဤ ပြခဲ့သော အကြောင်းများကို အခြေခံထားပြီးလျှင် ရှင်သာမဏေဘဝမှ စ၍ နေပုံ ထိုင်ပုံ ဝတ်ပုံစားပုံအားဖြင့် သာသနာတော်နှင့် အမျိုး၏ကျက်သရေဆောင် ဖြစ်ကြစေလိုခြင်း၊ ထိုသို့ ကျက်သရေဆောင် သံဃတော်များ၏ ဩဝါဒကို နာယူရသောအမျိုးသား အမျိုးသမီးများ၏ ကိုယ်ကျင့် စာရိတ္တမြင့်စေလိုခြင်းကြောင့် " ရှင်ကျင့်ဝတ်" ဟု ထင်ရှားပြီးသော သိက္ခာပုဒ်များကို လေးစားသောစိတ်ဖြင့်သားနားသစ်လှိုင်အောင် ရုပ်ပုံပေါင်းများစွာ တန်ဆာဆင်၍ " ရုပ်ပုံ ရှင်ကျင့်ဝတ်"ဟူသော အမည်သစ် ထွင်ကာ စီစဉ် ရေးသားလိုက်ရပါသည်။ **ရေးသားပုံ အစီအစဉ်** ဂ) ရှေးဦးစွာ ခေါင်းရိတ်မှုမှစ၍ ပါဠိတော်နှင့် အဋ္ဌကထာလာသည့်အတိုင်း မြန်မာလို နားလည်အောင်ရေးသားထား၏၊ စိတ်ဝင်စားဘွယ် ကောင်းသောတချို့ အချက်၌ ရုပ်ပုံများကိုလည်း ပြထား၏၊ ခ ) ထို့နောက် ရှင်သာမဏေများ အတုယူဘွယ်ကောင်း၍သလောက် အထင်ရောက်နေရှာသော) မိဘတို့လည်းသတိပြုဘွယ်ကောင်းသော ရှေးရှေးက ရှင်သာမဏေများ၏ ဝတ္ထုကြောင်းကိုလည်း ပြထား၏။ --- ## Trang 2 ( ဂ) ထို့နောက် ရှင်သာမဏေများကို ဩဝါဒပေးရမည့်ဆရာသမားတို့အတွက် လေးနက်သော မှတ်ချက်အဓိပ္ပါယ်များကို နောက်ဆက်တွဲ အနေအားဖြင့် ပါဠိ,အဋ္ဌကထာ, ဋီကာတို့မှ ထုတ်ဖော်ညွှန်ပြထား၏။ (ဃ) ထို့နောက် အမြဲနေနိုင်လောက်သော ရဟန်းလောင်းသာမဏေများနှင့် ဝိနည်းစာပြန်ပွဲများအတွက် လက်မလွတ်ရအောင် ရှင်ကျင့်ဝတ် ပါဌ်အနက် စသည်ကိုလည်း ပြထားပါသည်၊ (င) ဤသို့ စုံလင်စွာ ပြထားသဖြင့် ဤရုပ်ပုံ ရှင်ကျင့်ဝတ်ကျမ်းစာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုမြှင့်တင်ရာဝယ် သာသနာရေးဌာနအတွက် လေးနက်သော အထောက်အပံ့ ဖြစ်ပါစေသတည်း။ **အရှင် ဇနကာဘိဝံသ**ကဆုန်လဆန်း ၅-ရက်၁၃၁၄-ခုနှစ် --- ## Trang 3 ### ၁။ ခေါင်းရိတ် ဆံချခဏ်း- (က) သံဃာ့အထံ ခွင့်ပန်ခြင်း - Trang 1- (ခ) ကမ္မဋ္ဌာန်း ပြောပြပုံ - Trang 5- (ဂ) ခေါင်းရိတ်ပြီးနောက် နံ့သာဖြင့် ပွတ်တိုက်ပေးခြင်း - Trang 7 ### ၂။ သင်္ကန်း ဝတ်ပေးခဏ်း- (က) ဆရာ့အထံ သင်္ကန်းကပ်ခြင်း - Trang 9- (ခ) ဆရာ့ထံမှ သင်္ကန်းကို ပြန်၍တောင်းခြင်း - Trang 11- (ဂ) သင်္ကန်းဝတ်ခါနီး ဩဝါဒပေးခြင်း - Trang 12- (ဃ) သင်္ကန်း ဝတ်ပေးပုံ - Trang 12 --- ## Trang 4 ### ၃။ သရဏဂုံပေးခဏ်း- (က) သရဏဂုံနှင့် သီလတောင်းခြင်း - Trang 16- (ခ) သရဏဂုံ ပေးခြင်း - Trang 18- (ဂ) ဆယ်ပါးသီလ ပြောပြခြင်း - Trang 20- (ဃ) ဥပဇ္ဈာယ် ယူစေခြင်း - Trang 22 ### ၄။ ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း- (က) သင်္ကန်းလင်္ကာ - Trang 25- (ခ) ဆွမ်းလင်္ကာ - Trang 27- (ဂ) ကျောင်းလင်္ကာ - Trang 29- (ဃ) ဆေးလင်္ကာ - Trang 31 ### ၅။ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သင်ပြခဏ်း- (က) လိင်ကျခြင်း - Trang 34- (ခ) ဒဏ်ထိုက်ခြင်း - Trang 37 ### ၆။ သေခိယ သိက္ခာပုဒ်များကို သင်ပြခဏ်း- (က) ပရိမဏ္ဍလဝဂ် သိက္ခာပုဒ်ဆယ်ပါး - Trang 40- (ခ) ဥက္ခိတ္တကဝဂ် သိက္ခာပုဒ် ဆယ်ပါး - Trang 50- (ဂ) ခမ္ဘကတဝဂ် သိက္ခာပုဒ် ဆယ်ပါး - Trang 51- (ဃ) သက္ကစ္စဝဂ် သိက္ခာပုဒ် ဆယ်ပါး - Trang 56- (င) ကဗဠဝဂ် သိက္ခာပုဒ် ဆယ်ပါး - Trang 62- (စ) သုရုသုရုဝဂ် သိက္ခာပုဒ် ၁၀-ပါး - Trang 65- (ဆ) ပါဒုကဝဂ် သိက္ခာပုဒ် ၁၅-ပါး - Trang 69 ### ၇။ ခန္ဓကဝတ် ၁၄-ပါးကို သင်ပြခဏ်း - Trang 72 --- ## Trang 5 ### ၈။ ကိုယ်ကျင့်တရားတော်များ- ဒသဓမ္မသုတ် ပါဌ်-အနက် - Trang 93 ### ၉။ ကမ္မဋ္ဌာန်းဘာဝနာကို သင်ပြခဏ်း- ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်း - Trang 103 ### ၁၀။ ရှင်သာမဏေများ ဝတ္ထု- (က) ရှင်ရာဟုလာ အကြောင်း - Trang 127- (ခ) ရှင်ရေဝတ အကြောင်း - Trang 139- (ဂ) ရှင်ပဏ္ဍိတ အကြောင်း - Trang 144 ### ၁၁။ ဆရာများအတွက် မှတ်ဘွယ် - Trang 154 ### ၁၂။ ရှင်ကျင့်ဝတ် ပါဌ်-အနက် စသည် - Trang 188 ### ၁၃။ ကျမ်းပြီး နိဂုံး - Trang 237 --- [Trang PDF] 16 - 20## Trang 1 ### ၁-ခေါင်းရိတ်ခဏ်း #### တစပဉ္စက ကမ္မဋ္ဌာန်းလင်္ကာ ငါ၏ကိုယ်မှာ ၊ နံ့သာမွှေးကြိုင် ၊ မြဲခိုင်လှစွာ ၊ကောင်းရာမမြင်၊ ဆံပင်သာရှိ ၊ အမွေးရှိ၍ ၊ ရှိသည့်လက်သည်း ၊ ခြေအသည်းနှင့် ၊ သွားလည်းတထွေ ၊အရေတမျိုး ၊ ညံ့နံ့ဆိုးသည် ၊ အသိုးအပုပ်ချည်းပါတကား။ #### သံဃာ့အထံ ခွင့်ပန်ခြင်း ရှင်သာမဏေလောင်းအား ဦးခေါင်းရိတ်ပေးခြင်းကို "ဆံချခြင်း"ဟု ခေါ်၏၊ "ဆံပင်ကို အောက်သို့ရိတ်၍ချခြင်း"ဟု ဆိုလိုသည်။ ထိုသို့ ဆံမချမီ သာသနာတော်မှာ ထုံးစံတခု ရှိသေး၏။ ထိုထုံးစံကား - ကျောင်းတိုက်ရှိ သံဃာတော်အများထံ ရှင်လောင်းကို ဆံချမည့်အကြောင်း လျှောက်ထား ခွင့်ပန်ရခြင်းတည်း။ --- ## Trang 2 ### ရွှေပန်းထိမ်သည်သား ဝတ္ထု ဘုရားလက်ထက်တော်၌ ရွှေပန်းထိမ်သည်၏သားကလေး တယောက်သည် မိဘနှင့်စိတ်ဆိုး၍ ကျောင်းသို့ ထွက်ပြေးကာ ရှင်သာမဏေ ပြုနေ၏။ မိဘတို့သည် ကျောင်းတိုက်သို့ လာ၍ ကလေး၏ ပုံသဏ္ဌာန်ကို ပြောပြပြီးလျှင် "သည်လို ပုံသဏ္ဌာန် ရှိသော ကလေးတယောက်ကို မမြင်ကြပါဘူးလားဘုရား"ဟု လိုက်၍ မေးကြလေသည်။ ရဟန်းတော်များကလည်း အမှန်ပင် မမြင်သောကြောင့် "မမြင်ဘူး"ဟု ပြောလိုက်ကြလေသည်။ ထို့နောက် လိုက်၍ရှာသော မိဘတို့သည် ရှင်သာမဏေ ဖြစ်နေသည်ကို တွေ့ရသောအခါ "ကိုယ်တော်တွေလိမ်တယ်"ဟု ကဲ့ရဲ့ကြလေသည်။ ထိုဝတ္တုကို အကြောင်းပြု၍ ဆံချခါနီး၌ ဆံချမည့်အကြောင်းကို (သို့မဟုတ် ရှင်ပြုမည့်အကြောင်းကို) သံဃာများထံ ခွင့်ပန် လျှောက်ထားဘို့ရာ ဘုရားရှင် ပညတ်တော်မူလေသည်။ ထိုသို့ ခွင့်ပန်ရာ၌—— (၁) ရဟန်းသံဃာ နည်းပါးသောကျောင်းဖြစ်လျှင် ထိုရဟန်း တော်များ နေရာအသီးအသီး (ရဟန်းတပါးပါး ဖြစ်စေ, သာမဏေတပါးပါးဖြစ်စေ) ရှင်လောင်းကို ခေါ်သွား၍ "ဤကလေးကို ဆံချမလို့ပါ"ဟု ဖြစ်စေ, "ဤကလေးကို ရှင်သာမဏေ ဝတ်ပေးမလို့ပါ"ဟု ဖြစ်စေ လျှောက်ထားရသည်။ --- ## Trang 3 (၂) သံဃာများသော ကျောင်းတိုက်ဖြစ်လျှင် သံဃာတော် အားလုံးကို တနေရာ၌ စုဝေးစေ၍ ရှေးနည်းအတိုင်း လျှောက်ထား ခွင့်ပန်နိုင်၏။ (၃) ရှင်လောင်းကို သံဃာ့အထံ မခေါ်ဘဲလည်း ရဟန်း တပါးပါး, သို့မဟုတ် ကိုရင် တပါးပါးကို စေလွှတ်၍ "မည်သည့်ကလေးကို ရှင်ပြုပေးမလို့ပါ" စသည်ဖြင့် ရှေးနည်းအတိုင်း ခွင့်ပန်နိုင်၏။ (၄) သာ၍များသော ကျောင်းတိုက်ဖြစ်၍ အားလုံးကို ခွင့်ပန်ဘို့ ခဲယဉ်းလျှင် ကျောင်းတိုက်အတွင်းရှိ "ခဏ္ဍသိမ်" ခေါ်သော သိမ်အတွင်းသို့ ခေါ်သွား၍လည်း မည်သူကိုမျှ ခွင့်မပန်ဘဲ ဆံချနိုင်၏။ (၅) အိမ်တုန်းကပင် ဆံချပြီးခဲ့သူ သို့မဟုတ် လက်နှစ်သစ်မျှ ဆံပင် မရှည်သေးသူဖြစ်လျှင် ဆံချဘွယ်မလို၊ ဆံကို ထပ်၍ ရိတ်စေကာမူ ခွင့်ပန်ဘွယ်လည်း မလို။ #### တစပဉ္စက ကမ္မဋ္ဌာန်း သံဃာ့အထံ ခွင့်ပန်ပြီးနောက် ရှင်လောင်းကို ဆံချခါနီး၌ ဆရာ့ရှေ့မှာ ရိုသေစွာ ထိုင်စေ၍ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြပါ။ ထိုသို့ ပြောပြခိုက်၌ မိဘ ဉာတိများ လာနိုင်လျှင် မိဘ ဉာတိတို့ သဒ္ဓါတရားဖြစ်အောင် အနားမှာ နေပါစေ၊ မအား၍ မလာနိုင်သူကိုကား မခေါ်ပါနှင့်။ --- ## Trang 4 #### အမှာ "ကေသာ လောမာ နခါ ဒန္တာ တစော"ဟု တစောကို အဆုံးထားသော ငါးပါးကို "တစပဉ္စက=တစလျှင် ငါးခုမြောက်ရှိသော အစု" ဟု ခေါ်၏။ ထို ကမ္မဋ္ဌာန်းကို ပါဠိလို နားလည်မည် မဟုတ်သောကြောင့် မြန်မာလိုသာ အကျဉ်းမျှ နားလည်အောင် ပြောပြပါလေ။ မိဘများရှေ့မှာ ဆရာဘုန်းတော်ကြီးက ရှင်လောင်းအား ကမ္မဋ္ဌာန်း ပြောနေပုံ။ --- ## Trang 5 #### ကမ္မဋ္ဌာန်း အကျဉ်းမျှ ပြောပုံ (ရှင်လောင်း၏ နာမည် ခေါ်၍) "မောင်ဌေး... မင်းကိုယ်မှာ ဘာတွေ ရှိသလဲ လို့ ခဏလောက် စဉ်းစားလိုက်စမ်း။ ဆံပင်ရှိတယ်၊ လက်မောင်းတွေ ခြေသလုံးတွေမှာ အမွေးအမျှင်ရှိတယ်၊ ခြေသဲ, လက်သဲ ရှိတယ်၊ သွားတွေရှိတယ်၊ တကိုယ်လုံးမှာ ဖုံးထားတဲ့ အရေရှိတယ်။ အဲဒီ အားလုံးကိုစုပြီး ခွက်တခုထဲမှာ ထည့်ထားလျှင် ဒီဟာတွေဟာ ရွှံစရာတွေလား သိမ်းထားစရာတွေလား"။ **မောင်ဌေး။ ။** ရွှံစရာတွေပါဘုရား။ **ဆရာ။ ။** ဧး း, အားလုံး ရွှံစရာတွေဘဲ။ ဒီအားလုံးရဲ့ အဆင်းအရောင်တွေကလဲ မလှဘူး၊ အနံ့ကလဲ မကောင်းဘူး။ ဤ "ဆံပင် အမွေး ခြေသည်း, လက်သည်း သွား အရေ" တို့လို မကောင်းတာတွေ သင်၏ ကိုယ်ထဲမှာ ပြည့်နေတာဘဲ။ နံ့သာစတဲ့ အမွှေးအကြိုင်တို့ ဘာတခုမျှ မရှိဘူးနော်။ **မောင်ဌေး။ ။** မှန်ပါ့ဘုရား။ **ဆရာ။ ။** အဲဒီမကောင်းတာတွေ စုပေါင်းနေတဲ့ မင့်ကိုယ်ဟာလဲ ခိုင်မြဲတဲ့ အနှစ်တုံး မဟုတ်ဘူး။ တဖြေးဖြေး ပျက်စီး ယိုယွင်း အိုမင်း ဆွေးမြေ့ရမယ်။ ဒါကြောင့် ခေါင်းရိတ်နေတုန်းမှာ အစ၌ ပြခဲ့သော ကမ္မဋ္ဌာန်းလင်္ကာကလေးကို ရွတ်ရင်း စိတ်ထဲမှာ စဉ်းစားနေပါကွယ်။ --- [Trang PDF] 21 - 25## Trang 6 ### တစပဉ္စက ကမ္မဋ္ဌာန်း လင်္ကာကလေး **အမှာ။**ဤ တစပဉ္စက ကမ္မဋ္ဌာန်း လင်္ကာကလေးကို အရ မကျက်ရသေးလျှင် လက်ရေးကောင်းကောင်းနှင့် ရေးပေး၍ ဖြစ်စေ၊ ဤ ရှင်ကျင့်ဝတ် စာအုပ်ကို ကြည့်၍ ဖြစ်စေ၊ ခေါင်းရိတ်တုန်းမှာ ခပ်တိုးတိုး ရွှတ်ဆိုနေပါစေ။ **ကမ္မဋ္ဌာန်းအကျိုး။**ဤ ကမ္မဋ္ဌာန်းအကျိုးကို ဝိနည်းမဟာဝါ အဋ္ဌကထာ၌ အလွန်အားတက်ဖွယ်ရာ ညွှန်ပြလျက် ရှိ၏။ ရှေးရှေးဘဝများစွာက ကမ္မဋ္ဌာန်း အခြေခံ ပါလာသူဖြစ်လျှင် မိုးကြိုးစက်သည် ကျောက်တောင်ကို ခွဲဖျက်လိုက်သကဲ့သို့ ကလေးမှာရှိသော ကိလေသာ အတုံးအခဲတွေ အမှုန့်အမှုန့်ပြိုကွဲကာ ခေါင်းရိတ်အပြီးမှာပင် ရဟန္တာဖြစ်နိုင်ပါသည်။ ဘုရားလက်ထက်တော်၌ ခေါင်းရိတ်အဆုံးမှာ ရဟန္တာဖြစ်သွားသော သာမဏေတို့သည် ဤကဲ့သို့ ကမ္မဋ္ဌာန်းပေး၍ ခေါင်းရိတ်ကြသော ဆရာကောင်းများကို အမှီရကြသူများ သာ ဖြစ်ပါသည်။ ထိုကြောင့် ခေါင်းရိတ်ခါနီး၌ ဤ တစပဉ္စက ကမ္မဋ္ဌာန်း မျှကို ပြောပြပါလေ ဟု အဋ္ဌကထာဆရာတို့ တိုက်တွန်းကြပါသည်။ ယခုခေတ် ကလေးများသည် ရှေးရှေးဘဝက ကမ္မဋ္ဌာန်း အထုံမရ၍ ရဟန္တာမဖြစ်စေကာမူ ဤ ကမ္မဋ္ဌာန်းသည်ပင် သာမဏေဘဝ၌ နေသမျှ နှလုံးသွင်းကာ အထုံပါစေရမည် ဖြစ်၍ နောက် သာသနာအတွက် အဆက်ကောင်း ရဘို့ရာ ယခုခေတ် ဆရာကောင်းဖြစ်သူများသည် ယခုခေတ် ကလေးများအား ပြောပြဖြစ်အောင် ကြိုးစားကြပါလေ။ --- ## Trang 7 ### ခေါင်းရိတ်ခဏ်း - ကမ္မဋ္ဌာန်း ရွတ်ဆို၍ ခေါင်းရိတ်ခံနေပုံ --- ## Trang 8 ### ခေါင်းရိတ်ပြီးနောက် တချို့ မိဘများသည် ရှင်လောင်းကို ကျောင်းပို့သောအခါ ကလေးကို ပန်းနံ့သာတို့ဖြင့် လိမ်းကျံ ပြင်ဆင်ကာ ပို့တတ်ကြ၏။ ထိုအခါ ကလေး၏ကိုယ်၌ လူတို့၏ အမွှေးအကြိုင် အနံ့တွေ ရှိနေရကား ဦးခေါင်းရိတ်ပြီးသောအခါ ထို အနံ့တွေ ပျောက်ကင်းအောင် ဦးခေါင်းနှင့်တကွ ကိုယ်ကို နနွင်းမှုန့်ဖြင့် ဖြစ်စေ နံ့သာမှုန့်ဖြင့် ဖြစ်စေ ပွတ်တိုက်ပေးရမည်-ဟု မဟာဝါ အဋ္ဌကထာ (ပဗ္ဗဇ္ဇကထာ) ၌ ဆိုထားပါသည်။ **နိဂုံး။**ဤမျှသော စကားအစဉ်ဖြင့် ဆံချခြင်းနှင့်ဆိုင်ရာ အစီအစဉ်များ ပြီးပါပြီ။ ကလေး၏ မိဘများသည် သာသနာတော်၏ ထုံးစံအတိုင်း ကမ္မဋ္ဌာန်းရွတ်ဆိုလျက် ဆံချ (ခေါင်းရိတ်) ခံနေသော ကလေး၏ မြင့်မြတ်သော အခြေအနေကို မရရအောင် ကြိုးစားကြပါလေ။ သားကလေး အတွက် ဤ ကုသိုလ်ကား နောက် သာသနာတော်ဝယ် ရဟန္တာဖြစ်ဘို့ အကြောင်း အလွန်ကောင်းသော အထုံဖြစ်ပါသည်။ မိမိတို့ကိုယ်တိုင်လည်း ဤ အချက်ကို အလွန်နှစ်သက် ကြည်နူးပါမူ ဤ အထုံသည် မဏ္ဍပ်ကြီးထိုး၍ အလှူပေးရခြင်းမျိုးထက် သာလွန်သော ကုသိုလ် ဖြစ် ကြောင်း ကို ကောင်းကောင်းကြီး ယုံကြည်ကြပါလေ။ --- ## Trang 9 ### ၂-သင်္ကန်းဝတ်ပေးခဏ်း **သင်္ကန်းကပ်လှူရန် ပါဠိ** > သကလ ဝဋ္ဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္ပံ ဥပါဒါယ။ **သင်္ကန်းကပ်မြန်မာ။**အရှင်ဘုရား…. အလုံးစုံသော ဝဋ်ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်းအကျိုးငှါ တပည့်တော်၏လက်၌ ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနား စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေးတော်မူပါကုန်ဘုရား။ **အမှာ။**မိဘစသူတို့ ဝယ်ပေးထားသဖြင့် ရှင်လောင်း ပိုင် သင်္ကန်းပင်ဖြစ်သော်လည်း ဆရာဖြစ်သော ဘုန်းတော်ကြီးက ဝတ်ခွင့် မပြုလျှင် မိမိဘာသာ သင်္ကန်း မဝတ်ကောင်းသောကြောင့် မိမိလက်မှာရှိသောသင်္ကန်းကို ဆရာ့ထံကပ်ပြီးမှ ပြန်တောင်း၍ ဝတ်ရသည်။ --- ## Trang 10 ### ဘုန်းတော်ကြီးအား သင်္ကန်းကပ်နေပုံ --- ### တစပဉ္စက ကမ္မဋ္ဌာန်း ### သင်္ကန်းကပ်ဂါထာ သကလ ဝဋ္ဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ,အနုကမ္ပံ ဥပါဒါယ။ --- [Trang PDF] 26 - 30## Trang 11 **သင်္ကန်းဝတ်ပေးခဏ်း** **သင်္ကန်းတောင်းပါဠိ။**သကလ ဝဋ္ဋဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ, ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္ပံ ဥပါဒါယ။ **သင်္ကန်းတောင်းမြန်မာ။**အရှင်ဘုရား…. အလုံးစုံသော ဝဋ်ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှါ အရှင်ဘုရား လက်၌ ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနား စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေပြုပေး တော်မူပါကုန်ဘုရား။ **အမှာ။**ဤသင်္ကန်းကပ်နှင့် သင်္ကန်းတောင်းကိစ္စသည် အရေးကြီးသောကိစ္စ မဟုတ်သေးပါ၊ ဘာမျှ အထူးမဆိုဘဲ ဆရာက "ဝတ်တော့" ဟု ခွင့်ပြုလိုက်လျှင်ပင် ကိုယ့်ဘာသာ ဝတ်ကောင်းပါသည်၊ ထို့ကြောင့် ဤသင်္ကန်း ကပ်မှု, သင်္ကန်း တောင်းမှုကို မြန်မာလို ဆိုနိုင်သည်ဟု ယုံကြည်စွာ မှတ်ပါလေ၊ ကျက်ချိန်ရသော ကလေးများကို မြန်မာလိုသာ ကျက်ပါစေ၊ ကျက်ချိန်မရသော ကလေးတို့အား မြန်မာလိုသာ ချပေး ကြပါလေ၊ သို့သော် ပါဠိကို ဆိုစေရမှ ကျေနပ်မည့် ပုဂ္ဂိုလ် များအတွက် ပါဠိကို အထက်က ပြထားပါသည်။ --- ## Trang 12 ချမ်းပူကို ပယ်ဖျောက်၍ အရှက်အကြောက်ကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ရုံပါ၏။ **သင်္ကန်းဝတ်ခါနီး ဩဝါဒ။**သင်္ကန်းကို ရှင်လောင်းအား ပေးပြီးနောက် သင်္ကန်းဝတ် ခါနီး၌ ဆင်ခြင်ဘို့ရန် ဆရာက ပြောပြဘွယ် ရှိပါသေးသည်၊ (နာမည်ကို ခေါ်၍) မောင်ဌေး ..ဤသင်္ကန်းသည် အေး အပူကိုလည်း ကာကွယ်နိုင်၏၊ မှက် ခြင် လေ နေတို့ကိုလည်း ကာကွယ်နိုင်၏၊ သင်္ကန်းမဝတ်ဘဲ ကိုယ်တုံးလုံးနေလျှင် ရှက် စရာ ကိုယ်အင်္ဂါတွေ ပေါ်နေ၏၊ ထို ရှက်စရာ ကိုယ်အင်္ဂါကို လည်း ဤသင်္ကန်းသည် ဖုံးထားနိုင်၏၊ ထိုအေး, အပူ, လေ, နေတို့နှင့် ရှက်စရာ ကိုယ်အင်္ဂါကို ကွယ်ကာဖုံးလွှမ်းဘို့ရာ ဤ သင်္ကန်းကို ဝတ်ရုံပါသည်၊ လှပအောင် ဝတ်ဆင်ခြင်း မဟုတ် ပါ-ဟု စိတ်ထဲမှာ ဆင်ခြင်ပါ၊ ဒီလို ဆင်ခြင်ပြီးဝတ်မှ အပြစ် လွတ်ကင်းတယ်။ **သင်္ကန်းဝတ်ပုံ။**အထက်၌ ပြထားသော စကား အတို ကလေးအတိုင်း စိတ်ကလည်း ဆင်ခြင် နှုတ်ကလည်း ရွတ်စေပြီးမှ သင်္ကန်းကို ဝတ်ပါစေ၊ ဆရာ ကိုယ်တိုင် ဝတ်ပေးဘို့ရန် အားလပ်ခွင့် ရပါလျှင်လည်း ကိုယ် တိုင် ဝတ်ပေးပါ၊ သို့မဟုတ် ကောင်းမွန်စွာ ဝတ်ပေးတတ် သော ရဟန်း, ကိုရင် လူဝတ်ကြောင်တယောက်ယောက်ကို ဝတ်ပေးဘို့ရန် စေခိုင်းပါ၊ သို့မဟုတ် ရှင်သာမဏေလောင်း ကိုယ်တိုင် ညီညွတ်စွာ ဝတ်တတ်လျှင်လည်း "ဝတ်တော့"ဟု ခွင့်ပြုလိုက်ပါ။ --- ## Trang 13 --- ## Trang 14 **၁ - လေ့ကျင့်ခဏ်း မေးခွန်း** **က။** (ဘုရားလက်ထက်တော်မှ စ၍) ရှင်လောင်းကို ဆံချခါ နီး၌ အဘယ် ကမ္မဋ္ဌာန်းကိုပေး၍ ဆံချလေ့ရှိပါသနည်း။ **ခ။** ဆံချခါနီးပေးသော ကမ္မဋ္ဌာန်း လင်္ကာကလေးကို ရွတ် ပြပါ။ **ဂ။** ရှင်သာမဏေလောင်းတို့သည် ဆရာက"ဝတ်တော့"ဟု ခွင့်မပြုဘဲ (သို့မဟုတ် ရဟန်းတပါးက ဝတ်မပေးဘဲ) မိမိ ဘာသာ သင်္ကန်းကို ဝတ်ကောင်းပါသလော။ **ဃ။** မည်ကဲ့သို့ဆို၍ မိမိလက်မှာရှိသော သင်္ကန်းကို ဆရာ့ အား ကပ်ရသနည်း၊ ဆိုပုံ စကားပြင်ကို ပြပါ။ **င။** မည်ကဲ့သို့ဆို၍ ဆရာ့လက်မှ သင်္ကန်းကို ပြန်၍ တောင်း ရသနည်း၊ ဆိုပုံ စကားပြင်ကို ပြပါ။ **စ။** သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဆင်ခြင်၍ ဝတ်ရ သနည်း၊ ဆင်ခြင်ပုံ စကားအစဉ်ကလေးကို ပြပါ။ **ဆ။** သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဝတ်ရမည်နည်း။ **အမှာ။**သင်္ကန်း ဝတ်ပြီးသောအခါ လက်အုပ် ချီလျက် ဆောင့်ကြောင့် ထိုင်ပါစေ၊ ထိုနောက် (၁) အဟံ ဘန္တေ- စသော သရဏဂုံနှင့် သီလတောင်း၊ (၂) နမော တဿ ဘဂဝတော-စသော ဘုရားရှိခိုး၊ (၃) သရဏဂုံ၊ (၄) ဆယ်ပါး သီလတို့ကို အစဉ်အတိုင်း ဆိုပါစေ။ --- ## Trang 15 --- --- [Trang PDF] 31 - 35## Trang 1 ၁။ ၃-သရဏဂုံပေးခဏ်းသရဏဂုံ သီလတောင်း၁။ အဟံ ဘန္တေ တိသရဏေန သဟ,ဒသသာမဏေရပဗ္ဗဇ္ဇသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာသီလံ ဒေထ မေ ဘန္တေ။ ၂။ ဒုတိယမ္ပိ အဟံ ဘန္တေ….မေ ဘန္တေ။ ၃။ တတိယမ္ပိ အဟံ ဘန္တေ…မေ ဘန္တေ။ **မြန်မာပြန်**၁။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို တောင်းပါ၏၊တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန်ဘုရား။ ၂။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၂-ကြိမ်မြောက် တောင်းပါ၏။ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန်ဘုရား။ --- ## Trang 2 ၃။ အရှင်ဘုရား...တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၃-ကြိမ်မြောက် တောင်းပါ၏၊ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန်ဘုရား။ (က) ဆရာ။ ။ယမဟံ ၀ဒါမိ၊ တံ ၀ဒေဟိ။ ( ခ ) ရှင်လောင်း။ ။အာမ ဘန္တေ။ ( ဂ ) ဆရာ။ ။နမော တဿ ဘဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (ဃ) ရှင်လောင်း။ ။လိုက်၍ ၃-ခေါက်ဆို။ **မြန်မာလို အဓိပ္ပါယ်**(က) ယမဟံ ၀ဒါမိ-အကြင်စကားကို ငါဆို၏၊ တံဝဒေဟိ-ထိုစကားကို လိုက်၍ဆို၊ "ငါဆိုတာကိုလိုက်၍ ဆို"။ ( ခ ) အာမ ဘန္တေ=မှန်ပါအရှင်ဘုရား။ ၂- ပ-မ-သ-စ --- ## Trang 3 **အမှာ။** ။"အဟံ ဘန္တေ တိသရဏေန"မှစ၍ "နမောတဿ"တိုင်အောင် ဤစကားစုလည်း ရှင်သာမဏေ ဖြစ်မှုနှင့်အရေးတကြီး မဆိုင်သေးပါ၊ ထိုကြောင့် ဌာန်ကရိုဏ်း မကျနသော်လည်း ပြီးနိုင်ပါ၏၊ နောက်၌ လာမည့် သရဏဂုံပါဠိသာအရေးအကြီးဆုံး ဖြစ်ပါသည်။ **သရဏဂုံပေးခြင်း** ဆရာ။ ။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိ။ ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။ ဆရာ။ ။ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ၊ ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။ ဆရာ။ ။တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။ ရှင်လောင်း။ ။ဆရာဆိုသလို လိုက်၍ဆို။ ဆရာ။ ။သရဏာဂမနံ ပရိပုဏ္ဏံ။ ရှင်လောင်း။ ။အာမ ဘန္တေ။ **အမှာ။** ။ဘုရား တရား သံဃာ (ဤ ရတနာ) ၃-ပါးသာ ကိုးကွယ်ရာ အစစ်အမှန်ဟု သိတတ်သော စိတ်ကို --- ## Trang 4 သရဏဂမန (သရဏဂုံ)ဟု ခေါ်၏။ မိမိမှာ ထို သရဏဂုံစိတ်ရှိနေပါသည် ဟု ဝန်ခံသောအားဖြင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"စသည်ဖြင့် ရွှတ်ဆိုမှုကို "သရဏဂုံ ဆောက်တည်ခြင်း"ဟုခေါ်ကြ၏၊ သာ၍ လေးစားရာ ရောက်အောင် ၃-ခေါက်ဆိုကြရသည်။ ဤ သရဏဂုံပါဠိဝယ် "ဓမ္မံ သရဏံ ဂစ္ဆာ" တို့၌ ခပ်ပြင်းပြင်းချွတ်ရကြောင်း သိဘို့ရန် စာလုံးမဲဖြင့် ပြထား၏။ ရွှတ်ပုံကိုဆရာက သင်ပြပါ၊ ဤ သရဏဂုံ ၃-ပါးကို ပီပီသသ ရွှတ်နိုင်လျှင် "တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ"လဲဆုံးရော ရှင်သာမဏေလဲ ဖြစ်ရော ဟု မှတ်၊ သို့သော် ဆရာရော တပည့်ပါ၂-ဦးလုံး ပီဘို့ အရေးကြီး၏၊ တဦးက မပီလျှင်လည်း ရှင်သာမဏေအစစ် မဖြစ်သေး၊ ထိုကြောင့် ဤ သရဏဂုံနှင့်စပ်၍လေးလေးနက်နက် မှတ်ဘွယ်တွေ များသေးသောကြောင့်နောက်၌ "သရဏဂုံနှင့်စပ်၍ မှတ်ဘွယ်"ဟု အခဏ်း သီးခြားပြထားပါသည်။ **၂-လေ့ကျင့်ခဏ်း မေးခွန်း** က။ သရဏဂုံနှင့် သီလတောင်းသော ပါဠိကို ရွှတ်ပြပါ။ ခ။ ထို သရဏဂုံနှင့် သီလတောင်းပုံကို မြန်မာလို ပြောပြပါ။ ဂ။ "ယမဟံ ၀ဒါမိ, တံ ဝဒေဟိ" ပါဠိကို မြန်မာလို ပြောပြပါ။ ဃ။ "အာမ ဘန္တေ"ဆိုသော ပါဠိကို မြန်မာလို ပြောပြပါ။ --- ## Trang 5 င။ "နမော တဿ"စသော ပါဠိကို မြန်မာလိုပြောပြပါ။ စ။ သရဏဂုံ သီလတောင်းနှင့် "နမော တဿ" စသောပါဠိကို ဌာန်ကရိုဏ်းကျအောင် မရွတ်တတ်လျှင် ကိုရင်ဖြစ်ပါ့မလား။ ဆ။ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသည်ဖြင့် သရဏဂုံယူရာ၌ ခပ်ပြင်းပြင်းရွတ်ရမည့် အက္ခရာ(စာလုံး)များကို ဖော်ပြပါ။ **ဆယ်ပါးသီလ ပြောပြခြင်း** **အမှာ။** ။သရဏဂုံ ပေးပြီးနောက် အောက်ပါအတိုင်း၁၀-ပါးသီလ ပြောပြပါလ၊ ရအောင် ကျက်ချိန် ရလျင်တဖြည်းဖြည်းပါဠိရော မြန်မာလိုပါ အရကျက်ပါ၊ "သိက္ခာပဒံသမာဒိယာမိ"မပါခြင်း၏ အကြောင်းကိုကား နောက်ဆက်တွဲမှာ ကြည့်ပါ။ ၁။ ပါဏာတိပါတာ ဝေရမဏိ= သူ့အသက် သတ်ခြင်းမှရှောင်ကြဉ်ရခြင်း။ ၂။ အဒိန္နာဒါနာ ဝေရမဏိ=သူဥစ္စာကို ခိုးဝှက်တိုက်ခိုက်လုယူခြင်းမှ ရှောင်ကြဉ်ရခြင်း။ ၃။ အဗြဟ္မစရိယာ ဝေရမဏိ= မေထုန်အကျင့်မှ ရှောင်ကြဉ်ရခြင်း။ ၄။ မုသာဝါဒါ ဝေရမဏိ = လိမ်လည် လှည့်ပတ်ခြင်းမှရှောင်ကြဉ်ရခြင်း။ --- [Trang PDF] 36 - 40## Trang 1 သရဏဂုံပေးခဏ်း ၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေတတ်၍ မေ့လျော့ခြင်း၏ အကြောင်း ဖြစ်သောသေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ရခြင်း။ ၆။ ဝိကာလဘောဇနာ ဝေရမဏိ=မွန်းလွှဲအခါ၌ ထမင်းမှုံ စသောအစာကို စားခြင်းမှ ရှောင်ကြဉ်ရခြင်း။ ၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိ=(နစ္စ)ကိုယ်တိုင် ကခြင်း သူတစ်ပါးကို အကခိုင်းခြင်း၊( ဂီတ ) ကိုယ်တိုင် သီချင်းဆိုခြင်း သူတစ်ပါးကိုအဆိုခိုင်းခြင်း၊ (ဝါဒိတ) ကိုယ်တိုင် တီးမှုတ်ခြင်းသူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ( ဝိသူကဒဿန )ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် စူပမာဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ရခြင်း။ ၈။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာဝေရမဏိ= ( မာလာဓာရဏ ) ရွှေပန်း ငွေပန်းမှစ၍ ပန်းအမျိုးမျိုးကို ပန်ဆင်ခြင်း၊ ( ဂန္ဓမဏ္ဍန )နံ့သာပြစ် တို့ဖြင့် နိမ့်ရာ အရပ်၌ ပြည့်ဖြိုးအောင်သိပ်ခြင်း၊ (ဂန္ဓ ဝိလေပန ဝိဘူသန) အရောင်တင်ဆေး ရေမွှေးနံ့သာဆီ မျက်နှာချေ ပေါင်ဒါမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းဟူသော ( ဌာန ) ကိလေ-သာပွါးကြောင်းအမှုတို့မှ ရှောင်ကြဉ်ရခြင်း။ --- --- ## Trang 2 ၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ= မြင့်သောနေရာ ကြီးကျယ်ဆန်းပြား ခမ်းနားသော နေရာ၌နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။ ၁၀။ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ=ရွှေ ငွေကိုခံယူခြင်းမှ ရှောင်ကြဉ်ရခြင်း။ ** ### ဥပဇ္ဈာယ် ယူစေခြင်း ** **ကိုရင်….** "ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ" ဤသို့၃ ခေါက်ဆို၍ ဥပဇ္ဈာယ်ယူပါ၊ [မြန်မာလို – "တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဘုရား" ဟုဆိုလိုသည်။ **ဆရာ….** "ပါသာဒိကေန သမ္မာဒေဟိ"ဤသို့ ဆရာကဆို၍ဥပဇ္ဈာယ်ယူခြင်းကို လက်ခံလိုက်ရသည်၊ [မြန်မာလို-ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါးကိုပြည့်စုံစေလော့" - ဟု ဆိုလိုသည်၊ တပည့် ၂-ပါး၃-ပါးစသည်များလျှင် "သမ္မာဒေထ"-ဟု ဆိုပါ။] ဤမျှသော အစဉ်ဖြင့် ရှင်သာမဏေပြုပေးခြင်းနှင့် စပ်သော ကိစ္စများ ပြီးပေပြီ၊ ထို့နောက် ရှင်သာမ --- --- ## Trang 3 သရဏဂုံပေးခဏ်း ဏေဘဝ၌ ပြုကျင့်ရမည့် တာဝန်များကို ဆက်လက်သင်ပြပါဦး။ --- ### လေ့ကျင့်ခဏ်း မေးခွန်း က။ ဆယ်ပါးသီလကို ပါဠိလိုသက်သက် ရေတွက်ပြပါ။ ["ပါဏာတိပါတာ ဝေရမဏိ"စသည်ဖြင့် ရေတွက်ပါစေ။] ခ။ ဆယ်ပါးသီလတွင် "ဝိကာလဘောဇနာ ဝေရမဏိ"အထိ ၆-ပါးကို မြန်မာလိုသက်သက် ပြောပြပါ။ ဂ။ နစ္စ ဂီတ, ဝါဒိတ ၃-မျိုးကို မြန်မာလို ပြောပြပါ။ ဃ။ ဝိသူကဒဿနကို မြန်မာလို ပြောပြပါ။ င။ မာလာ, ဂန္ဓ ဝိလေပန ၃-ပုဒ်ကို ဓာရဏ မဏ္ဍန,ဝိဘူသန ၃-ပုဒ်နှင့်တွဲ၍ မြန်မာလို ပြောပြပါ။ စ။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မြန်မာလိုပြောပြပါ။ ဆ။ ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ရွှေ,ငွေ ပိုက်ဆံကို အလှူ မခံကောင်းပါသနည်း။ ဇ။ ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ပွဲမကြည့်ရ, မကရ, သီချင်းမဆိုရပါသနည်း။ ဈ။ ဥပဇ္ဈာယ်ယူပုံကို ပြပါ။ --- --- ## Trang 4 ၄-ပစ္စည်း ၄-ပါး ဆင်ခြင်ပုံသင်ပြခဏ်း ရှင်သာမဏေများနှင့် ရဟန်းတော်များ၏ အရေးတကြီးလိုလားအပ်သော (မရှိလျှင်မဖြစ်သော) ပစ္စည်းများသည်သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး အားဖြင့် ၄-ပါး ရှိ၏၊ ထိုပစ္စည်းလေးပါးသည် မိမိကိုယ်တိုင် လုပ်ကိုင်ရှာဖွေ၍ ရသောပစ္စည်းများမဟုတ်ကြ၊ လူဝတ်ကြောင်များက ("ငါတို့ထက်ကောင်းမွန်စွာ နေထိုင်ကြသည်"ဟု ယုံကြည်၍) ပေးလှူအပ်သော ပစ္စည်းများ ဖြစ်ကြသည်၊ ထို့ကြောင့် ထိုပစ္စည်းများကို သုံးစွဲသောအခါ အမှတ်တမဲ့ သုံးစွဲလျှင်၎င်း အဆင်းလှပအောင် သုံးစွဲလျှင်၎င်း သုံးစွဲသော ရဟန်းသာမဏေတိုမှအပြစ်မကင်းတော့ချေ။ "ဣဏပရိဘောဂ= ကြွေးယူ၍ သုံးစွဲခြင်း"ဟု ကျမ်းဂန်တို့၌ ဆို၏၊ ကြွေးတင်လျှင် ကြွေးဆပ်ရ၏၊ မဆပ်နိုင်လျှင်ထောင်ချခံရသကဲ့သို့ နောက်သံသရာရေးအတွက် တာဝန်ဘက်လျက် ရှိလေသည်၊ ထို့ကြောင့် ပစ္စည်း ၄-ပါးနှင့်စပ်၍ဆင်ခြင်သုံးစွဲဘိုရာ ဗုဒ္ဓမြတ်စွာသည် "ပစ္စဝေက္ခဏာ"ဟုခေါ်သော ၄-ပုဒ်ကို ဟောပြတော်မူ၏၊ ထို ၄-ပုဒ်ကို ရှေးရှေးသာမဏေတို့သည် ပုတီးစိပ်ရင်း ဆင်ခြင်ကြသောကြောင့်ပုတီးစိပ် ၄ ပုဒ်ဟုလည်း ခေါ်ကြသည်၊ ထို ၄-ပုဒ်အတွက်ဤနေရာ၌ ဆရာတော်ကြီးများ၏ လင်္ကာကို အဓိပ္ပါယ်နှင့်တကွ ပြ၍ နောက်ဆက်တွဲကျမှ ပါဠိအနက်ကို ပြပါမည်။ --- --- ## Trang 5 ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း **( အရကျက်ရန် သင်္ကန်းလင်္ကာ )** ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုဉ်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပါယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ဖုံးလွှမ်းဝတ်ရုံပါသတည်း။ ### လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ (က) ငါသည် အချမ်း အအေးကို ပယ်ဖျောက်၍ နွေးစေခြင်းအကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။ ( ခ) ငါသည် မီးနှင့်စပ်သော အပူနှင့် လေပူ နေပူကို ကွယ်ကာခြင်းအကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။ ( ဂ) ငါသည် မှက် ခြင်နှင့် မြွေကင်းတို့ကို ကွယ်ကာခြင်းအကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်၊ (ဃ) ရှက်သင့်သော အရာဌာန၌ ရှက်တတ်ခြင်းကို ပါဠိလို"ဟိရီ"ဟု ခေါ်၏၊ ထိုသို့ ရှက်တတ်ခြင်းကား အမျိုးကောင်းသားသမီးတို့၏ ဂုဏ်တမျိုး ဖြစ်လေသည်။ ( င) လူတို့၏ ကိုယ်အင်္ဂါအရပ်ရပ်တွင် အင်္ဂါဇာတ် ပေါ်နေလျှင် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေတော့၏။ ( စ) ငါသည် ထို ဟိရီဂုဏ်ကို ကုန်စေ ပျက်စေ တတ်သောကိုယ်အင်္ဂါကို လုံခြုံစေခြင်း အကျိုးငှါ ဤသင်္ကန်းကိုဝတ်ပါသည်။ --- --- [Trang PDF] 41 - 45## Trang 1 (Trang 41) (ဆ) ငါသည် ဤသင်္ကန်းကို ဝတ်၍ ကိုယ်ကို လှပ တင့်တယ်အောင် ဆင်ပြင်မယ် ဟူသော ရည်ရွယ်ချက်ဖြင့် ဝတ်ခြင်းမဟုတ်ပါ။ သူ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံဧး၍ ချမ်း၍ သင်္ကန်းခြုံလိုလျင် - "အချမ်းကိုကွယ်ကာဘိုရာ ဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။ လေပူ နေပူကြောင့် ခြုံလိုလျှင် - "အပူကို ကွယ်ကာဘိုရာဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။ မှက် ခြင် ကိုက်၍ ခြုံလိုလျှင် - "မှက် ခြင်ကို ကွယ်ကာဘိုရာ ဤသင်္ကန်းကို ဝတ်ပါ၏"- ဟု ဆင်ခြင်ပါ။ အပူ အေး မှက် ခြင် မရှိဘဲ ဝတ်သောအခါ … "အရှက်အကြောက်ကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ပါ၏"-ဟုဆင်ခြင်ပါ။ ဤသို့ သူနေရာနှင့် သူ ဆင်ခြင်သွားလျှင် နောက်ထပ်မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရားဝတ်တက်သော အခါဖြစ်စေ၊ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သောသင်္ကန်းလင်္ကာကို ဖြည်းဖြည်းရွတ်၍ ရှင်သာမဏေကလေးများ ဆင်ခြင်ပါစေ။ --- ## Trang 2 (Trang 42) ### ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း **(အရကျက်ဝှန် ဆွမ်းလင်္ကာ)** ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊ မြူးရယ် မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ ၄-ဖြာဓာတ်ဆောင်၊ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊အသက်မျှတမ်း၊မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဂန္ထဓာရ်ဟောင်းသစ်၊ မဖြစ်စေရ၊ ဝိပဿနာမျှလစ်းခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။ ### လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ(က) ငါ၏ရှေ့မှောက် ရောက်ရှိနေသော ဤ စားသောက်ဘွယ် အမယ်မယ်ကို မြူးတူးပျော်ပါးခြင်း ရယ်ရွှင်ခြင်း မာန်မာန တက်ကြွ၍ အရေအဆင်း လှပပြည့်ဖြိုးခြင်းငှါ စားသောက်သည် မဟုတ်ပါ။ ( ခ ) ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါးတို့ စုပေါင်း ဆောင်ရွက်လျက် ရှိသောဤ ကိုယ်ကောင်၏ တာရှည် တည်နေ နိုင်အောင်အကျိုးငှါ စားသောက်ပါသည်။ (ဂ) အသက်တမ်းပြည့်အောင် တည်နေသမျှ ကျမ်းစာပိဋကတ်ကို သင်အံလေ့ကျက် ဆောင်ရွက်ပို့ချခြင်းဟူသော ဂန္ထဓုရ တာဝန်ကို၎င်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းခြင်းဟူသော ဝိပဿနာဓုရ တာဝန်ကို၎င်းမမောမပန်း ထမ်းဆောင်နိုင်ခြင်း အကျိုးငှါလည်းသုံးဆောင်စားသောက်ပါသည်။ --- ## Trang 3 (Trang 43) (ဃ) မစားသောက်ဘဲနေလျင် ရောဂါဝေဒနာ အဟောင်းအသစ် ဖြစ်ပေါ်လာတတ်သောကြောင့် ထိုရောဂါအဟောင်း, အသစ် မဖြစ်စေနိုင်ခြင်းငှါ၎င်း၊ဣရိယာပုထ် ၄-ပါး၌ မျှတ၍ ရောဂါအပြစ်, ကိလေသာ အပြစ်တို မဖြစ်စဘဲ ချမ်းမြေ့ ကြည်လင်စွာနေနိုင်ခြင်းငှါ၎င်း သုံးဆောင်စားသောက်ပါသည်။ ### ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံ "မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤ ခဲဘွယ် ဘောဇဉ်ကိုသုံးဆောင်စားသောက်ပါသည်။" ဆွမ်း မှုံ ခဲဘွယ် များကို စားခါနီးဖြစ်စေ၊ စားနေတုန်းဖြစ်စေ၊ စားပြီးနောက်မှဖြစ်စေ၊ ဤ စကားစဉ်အတိုင်း နှုတ်ဖြင့် တိုးတိုးရွတ်၍ဖြစ်စေ၊ နှုတ်က မရွတ်ဘဲ စိတ်ထဲမှာဖြစ်စေဆင်ခြင်ပါ၊ ဤသို့ တကြိမ်တခါ ဆင်ခြင်ပြီးလျှင် နောက်ထပ်မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သိုရာတွင် ဘုရားဝတ်တက်ရင်းဖြစ်စေ၊ပုတီးစိပ်ရင်းဖြစ်စေ ပြအပ်ခဲ့သော ဆွမ်းလင်္ကာကို ဖြည်းဖြည်း ရွတ်ဆို၍လည်း ဆင်ခြင်ပါစေ။ --- ## Trang 4 (Trang 44) ### ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း **(အရကျက်ရန် ကျောင်းလင်္ကာ)** ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ ဝေးမှု၊ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။ ### လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ(က) ချမ်းဧးသောအခါ ကျောင်းတွင်းသို့ ဝင်နေလျှင်အချမ်းသက်သာ၏။ ပူသောအခါလည်း ကျောင်းအောက်စသည်မှာနေလျှင် အပူသက်သာ၏။ ( ခ ) ခြင် မှက်ကိုက်သောအခါ ကျောင်းတံခါးကို ပိတ်၍ ကျောင်းတွင်းမှာနေလျှင် ခြင် မှက် မကိုက်နိုင်၊လေပူ လေအေးနှင့် နေပူတို့ကို၎င်း၊ မြွေကင်းတို့ကို၎င်း ကျောင်းသည် ကာကွယ်နိုင်၏။ (ဂ) တရံတခါ မခံသာအောင် ဥတုဖောက်ပြန်လာသဖြင့် အပူလွန်ခြင်း အေးလွန်ခြင်းများကိုလည်းကာကွယ်နိုင်၏။ (ဃ) ထိုသို့ အချမ်းအပူမှစ၍ ဥတုဘေးရန် အန္တရာယ်တို့ကို ကာကွယ်နိုင်ခြင်း, မိမိ၌ မကပ် မရောက်မယှက်မသန်းနိုင်ခြင်းအကျိုးငှါ ဤကျောင်းကိုသုံးဆောင်မှီခိုပါ၏။ ( င ) ကျောင်းတွင်း၌ နေထိုင်ရသောအခါ ပြခဲ့သောဘေးရန်အန္တရာယ်တို့မှ လွတ်ကင်းသောကြောင့် --- ## Trang 5 (Trang 45) (င) စိတ်ကြည်လင်၏၊ ထို စိတ်ကြည်လင်ခြင်း၏အကြောင်းဖြစ်သောကြောင့်လည်း ဤကျောင်း၌ကိန်းအောင်း မှီခိုပါသည်။ ### သူ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ ဧး၍ ချမ်း၍ ကျောင်းထဲသို့ ဝင်ချင်လျှင် "အချမ်းကို ကွယ်ကာဘိုရာ ဤကျောင်းကို သုံးစွဲပါသည်" – ဟု ဆင်ခြင်ပါ။ လေပူ နေပူ၍ ကျောင်းထဲသို့ ဝင်လိုလျှင် "အပူကို ကွယ်ကာဘိုရာ ဤကျောင်းကို သုံးစွဲပါသည်"ဟု ဆင်ခြင်ပါ။ မှက် ခြင်စသည်တို့ ကိုက်မည်စိုး၍ ကျောင်းထဲသို့ဝင်သောအခါ "ခြင် မှက်စသော ဘေးရန်ကို ကွယ်ကာဘိုရာ ဤကျောင်းကို သုံးစွဲပါသည်"ဟု ဆင်ခြင်ပါ။ ဤသို့ သူနေရာနှင့်သူ ဆင်ခြင်သွားလျှင် နောက်ထပ်မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရားဝတ်တက်သောအခါဖြစ်စေ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သောကျောင်းလင်္ကာကို ဖြည်းဖြည်းရွတ်၍ ဆင်ခြင်ပါစေ။ --- --- [Trang PDF] 46 - 50## Trang 1 (အရကျက်ရန် ဆေးလင်္ကာ) ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊စွန့်ခွါပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဘို၊ ရည်မှန်း သုံးဆောင်ပါသတည်း။ လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ(က) လျက်ဆားစသော ဆေးနှင့် ထောပတ်, ဆီဦး, ဆီ,ပျားရည်,သကြား,သကာ,ထန်းလျက်များကို "ဆေး"ဟု ခေါ်ပါသည်။ (ခ) ထိုဆေးများကို လေနာ၍ အခံခက်အောင် ကျင်နာခြင်း, အားနည်းသော ရောဂါတို့၏ နှိပ်စက် ဖိစီးခြင်းရှိမှသာ သုံးဆောင်ကောင်းပါသည်။ (ဂ) ထိုကဲ့သို့ ရောဂါဝေဒနာ တခုခုဖြစ်နေခြင်း, သို့မဟုတ်ဖြစ်လာတော့မည်ဟု သိသာ ထင်ရှားခြင်း ဟူသောအကြောင်းရှိလျှင်လည်း သုံးစွဲကောင်းပါသည်။ (ဃ) ထိုရောဂါဝေဒနာကို စွန့်ခွါ ပယ်ရှင်း၍ ဆင်းရဲ ဒုက္ခကင်းရှင်းစွာဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ကြည်သာ ရွှင်လန်း ဖြည့်ကျင့်စွမ်းနိုင်ဘို့ အကျိုးငှါသာဤဆေးများကို သုံးစွဲ ကောင်းပါသည်။ (င) မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် ထန်းလျက်ကြံသကာ ချိုချဉ် သကြားလုံး စသည်များ ကို နေလွှဲအခါ၌ မသုံးဆောင်ကောင်းပါ၊ ထန်းလျက်ရည် သကြားရည် ဘိလပ်ရည်နှင့် သန့်ရှင်း စင်ကြယ်စွာစစ်ထားသော (မီးနှင့် ချက်ထားသည်လည်း မဟုတ်သော)ဖျော်ရည်ကိုသာ သောက်ကောင်းပါသည်။ (စ) ယခုအခါ တချို့နေရာ၌ ဆီ ကြက်သွန် စသည်ဖြင့်ရောစပ်၍ ညချင်းသုတ်ကို စားသောက်လေ့ရှိပါသည်၊ထိုချင်းသုတ်ကား လက်သုတ် သရည်စာတမျိုးဖြစ်နေသောကြောင့် လုံးလုံး မစားအပ်ပါ၊ ချင်းနှင့် သင့်မြတ်သော ရောဂါရှိလျင်ကား ချင်းရည်နှင့် ချင်းသက်သက်ကိုသာ သောက်စားအပ်ပါသည်။ သူ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံဖျော်ရည် ဘိလပ်ရည် စသည်ကို သုံးဆောင်သောအခါ –မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကိုထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤဖျော်ရည်(ဘိလပ်ရည်)ကိုသုံးဆောင်ပါ၏။ လေနာခြင်း အစာမကြေခြင်း စသည်တို့ကြောင့် ဆေးကိုသုံးဆောင်သောအခါ – ဤရောဂါ ကင်းပျောက်၍ သာသနဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤဆေးကို သုံးဆောင်ပါ၏။ ဤဆေးအတွက်ကား သူနေရာနှင့်သူ မဆင်ခြင်ဘဲ မသုံးစွဲရ၊ အကြောင်းမရှိဘဲ စားသောက်မိလျှင် ရဟန်းများမှာအာပတ်သင့်၍ ကိုရင်များမှာ ဒဏ်ထိုက်၏၊ ထို့ကြောင့်ဆေးကို စားခါနီး၌"ဘာ့ကြောင့် စားပါသည်"ဟု အကြောင်း ၃–ပ–မ–ဗ–သ–စ ကို ဆင်ခြင်မိအောင် သတိပြုပါ၊ ထိုသို့ ဆင်ခြင်ပြီးသော်လည်း ဘုရားဝတ်တက်ရင်း ပုတီးစိပ်ရင်း ပြခဲ့သော ဆေးလင်္ကာကို ဖြည်းဖြည်းရွှတ်၍ ဆင်ခြင်ပါစေ။ ကိုရင်များ တောစပ်နား၌ ပုတီးစိပ်ရင်း ပစ္စဝေက္ခဏာ ဆင်ခြင်နေပုံ။ လေ့ကျင့်ခဏ်း မေးခွန်းက။ သင်္ကန်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။ ခ။ ချမ်း၍ သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။ ဂ။ လေ နေပူကြောင့် သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။ ဃ။ အပူ အအေး မှက် ခြင် မရှိဘဲ ရိုးရိုးသင်္ကန်းဝတ်သောအခါအဘယ်သို့ ဆင်ခြင်မည်နည်း။ င။ ဆွမ်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။ စ။ ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံကို ပြပါ။ ဆ။ ကျောင်းကိုဆင်ခြင်သော လင်္ကာကို ပြပါ။ ဇ။ ချမ်း၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။ ဈ။ ပူ၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။ ဉ။ ဆေးကို ဆင်ခြင်သော လင်္ကာကို ပြပါ။ ဋ။ ဆာ၍ ဖျော်ရည် ဘိလပ်ရည် စသည်ကို သောက်လိုလျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။ ဌ။ ရောဂါကြောင့် ဆေးကို သုံးဆောင်သောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။ ဍ။ တစုံတခုမျှ အကြောင်းမရှိဘဲ ဖျော်ရည် ဘိလပ်ရည် သောက်ကောင်းသလား။ ဎ။ ရောဂါမရှိဘဲ စတုမဓု ထန်းလျက် ကြံသကာ,သကြားလုံး စသည်တို့ကို စားကောင်းသလား။ ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ ပြီး၏။ ၅-လိင် ၁၀-ပါး ဒဏ် ၁၀-ပါးကို သင်ပြခဏ်း လိင်ကျခြင်း။ ။ရှင်သာမဏေ၏ အသွင်ကို ပါဠိလို "လိင်္ဂ"ဟုခေါ်၏၊ "သူအသက်ကိုသတ်မှု"စသော ပြစ်မှုဆယ်ပါးတွင် တပါးပါးကို ပြုကျင့်သော သာမဏေသည် ထိုရှင်သာမဏေ အသွင်ဖြင့် (သင်္ကန်းဝတ်လျက်)မနေကောင်း၊ထိုသာမဏေ၏ အသွင်ကို ဖျက်၍ လူဝတ်လဲပေးရသည်၊ ထိုသို့လူဝတ်လဲရလောက်အောင် ပြစ်မှုကျူးလွန်မိခြင်းကို "လိင်ကျသည်"ဟု ခေါ်ကြသည်၊ ပြစ်မှုဆယ်ပါးကား— ၁။ ပါဏာတိပါတ=သူအသက်ကို သတ်ခြင်း။ [ပိုးကောင်ကလေးများကိုသော်လည်း မသတ်ရ။] ၂။ အဒိန္နာဒါန=သူဥစ္စာကို ခိုးခြင်း။ [မြက်တပင်ကိုသော်မှလိမ်၍ ညာ၍ ခိုး၍ လု၍ မယူရ။] ၃။ အဗြဟ္မစရိယ=မေထုန်အကျင့်ကို ကျင့်ခြင်း။[တိရစ္ဆာန်မ၌သော်မှ မမှီဝဲရ။] ၄။ မုသာဝါဒ=မုသားပြောခြင်း။ [ပြောင်လှောင် ကျီစားလို၍သော်မှ လိမ်၍ မပြောရ။] ၅။ သုရာမေရယ=သေရည်အရက်ကို သောက်ခြင်း။ ၆။ ဗုဒ္ဓဿ အဝဏ္ဏ ဘာသန=ဗုဒ္ဓမြတ်စွာ၏ အပြစ်ကိုပြောခြင်း။ [ဘုရားမဟုတ်ဘူး, အလုံးစုံကို မသိနိုင်ဘူးစသည်ဖြင့် မပြောရ။] --- [Trang PDF] 51 - 55## Trang 1 ၇။ ဓမ္မဿ အဝဏ္ဏ ဘာသန=တရားတော်၏ အပြစ်ကိုပြောခြင်း။ [ဤ တရားအတိုင်း ကျင့်လို့ ဝဋ်ဆင်းရဲမှမလွတ်နိုင်ဘူး စသည်ဖြင့် မပြောရ။] ၈။ သံဃဿ အဝဏ္ဏ ဘာသန=သံဃာတော်၏ အပြစ်ကိုပြောခြင်း။ [အရိယာ ဖြစ်ပြီးသော သံဃာတော်ကို"ကောင်းမွန်စွာ ကျင့်သူ မဟုတ်ဘူး" စသည်ဖြင့်သံဃာတော်ကို ထိခိုက်၍ မပြောရ။] ၉။ မိစ္ဆာဒိဋ္ဌိ=မိစ္ဆာအယူရှိခြင်း။ [ကံနှင့် ကံ၏ အကျိုးကိုမယုံခြင်း, "မည်သူမဆို ဤဘဝမှ သေလျှင် ဘဝပြတ်တော့၏၊ နောက်ထပ် မဖြစ်ရ" ဟု ဥစ္ဆေဒဒိဋ္ဌိစသော အယူရှိခြင်း။] ၁၀။ ဘိက္ခုနီဒူသန=ဘိက္ခုနီမ၌ မေထုန်ကျင့်ခြင်း။ မှတ်ချက်။ ။ဤပြစ်မှု ၁၀-ပါးတွင် တပါးပါးကို ကျူးလွန်လျှင် ရှင်သာမဏေ အစစ် မဟုတ်တော့,ရှေးကယူထားသော သရဏဂုံ ပျက်တော့၏။ သင်္ကန်း ဝတ်နှင့်နေသော်လည်း သရဏဂုံမတည်တော့၊ ထိုကြောင့် ပြောဆိုဆုံးမ၍ ရမည့်သူမဟုတ်လျှင် လူဝတ်လဲစေ၍ ကျောင်းမှနှင်ထုတ်ရမည်၊ ပြောဆိုဆုံးမ၍ ရလောက်သူဖြစ်လျှင်ကားလူဝတ် မလဲဘဲ ချက်ချင်း သရဏဂုံထပ်၍ ယူစေရမည်။ယခုခေတ်၌ မကြာ မကြာ သရဏဂုံ ထပ်ယူလေ့ ရှိသည်ကားထိုပြစ်မှုများကို မကျူးလွန်မိဘဲ ထပ်လျှင် အကျိုးမထူးလှ၊ကျူးလွန်မိ၍ နောက်ထပ် မဖြစ်အောင် စောင့်စည်းမည့်သူဖြစ်လျှင် အပြစ်ရှိသည်နှင့်တပြိုင်နက် ဆရာ့အထံသွား၍ သရ-ဏဂုံထပ်သင့်သည်။ [ လိင် ဆယ်ပါး ပါဠိနှင့် အနက်ကိုနောက်ဆက်တွဲကျမှ ပြမည်။] ရှင်းလင်းချက်။ ။ပြခဲ့သော ပြစ်မှုဆယ်ပါးတွင် ရှေ့ငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်သောသိက္ခာပုဒ်များတည်း၊ ဘိက္ခုနီမကို မေထုန်ကျင့်မှုသည် ၃-နံပါတ် (အဗြဟ္မစရိယ) သိက္ခာပုဒ်နှင့် ထပ်နေသော်လည်းဘိက္ခုနီမ၌ ကျင့်မှု၏ သာ၍ အပြစ်ကြီးကြောင်း ပြလိုသောကြောင့် သီးခြားပညတ်ထားတော်မူသည်။ မှန်၏— အဗြဟ္မစရိယ ရိုးရိုးကို ပြုကျင့်သူသည် နောင်ခါစောင့်စည်းလိုသောစိတ် ရှိလျှင် ရှင်သာမဏေ ထပ်၍ ဖြစ်ခွင့်ရ၏၊ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်း ရ၏၊ ဘိက္ခုနီမ၌ကျင့်မိသူကား (ရဟန်းပြု မဆိုထားဘိ) ရှင်သာမဏေထပ်၍ ပြုခွင့်မျှ မရတော့ချေ။ ဒဏ်ထိုက်ခြင်း။ ။"ရေဒဏ် ဆယ်ခေါက် ထမ်းရမည်, သဲဒဏ် ငါးခေါက် ထမ်းရမည်,ကျောင်းဝိုင်း အတွင်း၌ အမှိုက်ရှင်းရမည်" စသည်ဖြင့် အပြစ်ပေးမှု(နောင်မပြုဝံ့အောင် နှိပ်ကွပ်မှု)ကို"ဒဏ်ပေးခြင်း"ဟု ခေါ်၏ထိုသို့ ဒဏ်ပေးခံရလောက်အောင် ပြစ်မှု ကျူးလွန်မိခြင်းကို"ဒဏ်ထိုက်သည်"ဟုခေါ်၏၊ "ဒဏ်ပေးခြင်းငှါ+ ထိုက်သည်"ဟု ဆိုလိုသည်၊ ထို ဒဏ်ထိုက်လောက်သော ပြစ်မှု ဆယ်ပါးကား- ၁။ ဝိကာလဘောဇန သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။ ၂။ နစ္စ ဂီတ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။ ၃။ မာလာဂန္ဓ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။ ၄။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။ ၅။ ဇာတရူပ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။ [ ဤ ငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်သောသိက္ခာပုဒ်များတည်း။ ] ၆။ ရဟန်းတော်များကို လာဘ်မရအောင် အားထုတ်ခြင်း။ [ ဆွမ်း သင်္ကန်း စသည်ကို မလှူချင်အောင်မဟုတ်မမှန်သော အပြစ်ကို လုပ်ကြံ၍ လူတို့အားပြောဆိုခြင်း။ ] ၇။ ရဟန်းတော်များကို နေမြဲ ကျောင်း၌ မနေနိုင်အောင်အားထုတ်ခြင်း။ [ တစုံတခုသော အမှုအပြစ်ကြောင့်ထိုကျောင်းမှ ထွက်သွားရအောင် အားထုတ်ခြင်းကောင်းမွန်စွာ မနေသူကို ထွက်သွားအောင် ပြုလုပ်ခြင်း၌ ဒဏ်မထိုက်။ ] ၈။ ရဟန်းတော်များကို အကျိုးမဲ့ ( အကျိုးမရှိ ) ဖြစ်အောင်(ဘေးအန္တရာယ်ဖြစ်အောင်)အားထုတ်ခြင်း။ ၉။ ရဟန်းတို့ကို ဆဲခြင်း, ရိုက်မည် နှက်မည် စသည်ဖြင့်ခြိမ်းချောက်ခြင်း။ ၁၀။ ရဟန်းတော်ချင်း ကွဲပြားအောင် (မတောင့်အောင်) ဂိုဏ်းတိုက်ခြင်း=ရန်တိုက်ခြင်း။ ဤ ဆယ်ပါးတွင် တပါးပါးကျူးလွန်သော ရှင်သာမဏေကို " ဤကျောင်းသို့ မလာနှင့်"ဟု တားမြစ်သော အားဖြင့်၎င်း, သဲဒဏ် ရေဒဏ် ပေးသောအားဖြင့်၎င်း နှိပ်ကွပ် ဆုံးမရမည်။[ ဒဏ် ၁၀-ပါး ပါဠိအနက်ကို နောက်ဆက်တွဲ ကျမှပြမည်။ ] လေ့ကျင့်ခဏ်း မေးခွန်း က။ လိင်ဆယ်ပါးကို ရေတွက်ပြပါ။ ခ ။ လိင်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများကို ပြပါ။ ဂ ။ ဒဏ်ဆယ်ပါးကို ရေတွက်ပြပါ။ ဃ။ ဒဏ်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများကို ပြပါ။ င ။ လိင်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့ပြုရမည်နည်း။ စ ။ ဘိက္ခုနီမ၌ မေထုန်ကျင့်မှုသည် အဗြဟ္မစရိယနှင့် တူပါလျက် ဘာ့ကြောင့် သီးခြားပြရသနည်း။ ဆ။ ဒဏ်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့ပြုရမည်နည်း။ ၆-သေခိယသိက္ခာပုဒ်များကိုသင်ပြခဏ်း သေခိယခေါ်ပုံ။ ။"သေခိယ" ဟူသော ပါဠိစကားသည်"သင်ထိုက်ကျင့်ထိုက်"ဟူသောအနက်ကိုဟော၏၊ "ယခုပြမည့် ကျင့်ဝတ်များကို ရဟန်းတော်များနှင့်ရှင်သာမဏေများပါ နားလည်အောင် ဆရာ့အထံ၌ ပဌမဆုံးသင်ယူရမည်၊ နားလည်သောအခါ ထို သိက္ခာပုဒ်များအတိုင်းကျင့်ရမည်"ဟု ဆိုလိုသည်၊ ထိုကြောင့် ဤ သေခိယသိက္ခာပုဒ်တော်များကို ရှင်သာမဏေတို့အား အရကျက်ရုံမျှဖြင့်ကိစ္စမပြီးစေဘဲ အမှန်နားလည်အောင် ဆရာကိုယ်တိုင် လက်ထပ်သင်ပြထိုက်ပါသည်။ တိုက်တွန်းချက်။ ။ယခု ခေတ်သည် ရွေးချယ် စိစစ် လေ့ရှိသော ခေတ်ဖြစ်၏။ ဤခေတ်မျိုး၌ရဟန်း သာမဏေများသည် သေခိယကျင့်ဝတ်အတိုင်း သွားလာ နေထိုင်ကြမှသာ လူအများ၏ လေးစားခြင်းကို ဆက်လက်ရရှိကြပေလိမ့်မည်၊ ဤအတိုင်း မနေကြလျှင်ကား ဧကန်မုချအထင်သေး ခံကြရမည်သာ မက၊ လောကီဘက်က တိုးတက်လာသလောက် သာသနာဘက်က တဖြည်းဖြည်း ဆုတ်ယုတ်ပြီးလျှင် နှစ်ပေါင်းအတော်ကြာသော် အောက်တန်းလူများ၏ကိုးကွယ်ရာလောက်သာ ဖြစ်သွားစရာ ရှိပါသည်၊ ထို့ကြောင့်မိမိတို့ အခြေ အနေကို ခိုင်မြဲစေဘို့ရန် အချိန် မလွန်ခင်ကဤ သေခိယသိက္ခာပုဒ်အတိုင်း ပြင်ဆင်ကြပါစို့။ --- [Trang PDF] 56 - 60## Trang 1 က။ ပရိမဏ္ဍလဝဂ် အမှာ။ ။သိက္ခာပုဒ်အစုကို ပါဠိလို "ဝဂ္ဂ"ဟု ခေါ်၍ မြန်မာလို "ဝဂ်=အပေါင်းအစု"ဟု ခေါ်၏၊ ပရိမဏ္ဍလသိက္ခာပုဒ်ကို အစထားသောဝဂ်ကို "ပရိမဏ္ဍလဝဂ်"ဟု ခေါ်၏၊ ဤဝဂ်၌ သိက္ခာပုဒ်ပေါင်း ဆယ်ပါးရှိသည်၊ ဤသေခိယသိက္ခာပုဒ်များကို ကိုရင်ကလေးများအတွက် ဖတ်စာ ဖြစ်အောင် ရေးထားပါသည်၊ ကိုရင်ကလေးများကို အဖတ်ခိုင်း၍ဆရာဘုန်းကြီးက အဓိပ္ပာယ်နားလည်အောင် သင်ပြပါလေ၊ကျောက်သင်ပုန်းမှာ ဖြစ်စေ ဗလာစာအုပ်မှာဖြစ်စေ အကူးခိုင်း၍ ဖတ်စေလျှင် လက်ရေးသင်ပြီးလည်း ဖြစ်နိုင်ပါသည်။ [ကိုရင်၏ နာမည်ကို "ဗုဒ္ဓရက္ခိတ"ဟု မှည့်ထားကြပါစို့။] ပရိမဏ္ဍလသိက္ခာပုဒ် ၂-ပါးသင်းပိုင်ဝတ်ပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ခါးမှာ ဝတ်အပ်သောအဝတ်ကို "သင်းပိုင်"ဟု ခေါ်သည်၊ အဲဒီသင်းပိုင်ကို ဝတ်သောအခါ ချက်ကို ဖုံးမိအောင် ဝတ်ရ၏၊ ခါးဘက်က အပေါ်မှာတက်နေ၍ ချက်ဘက်က အောက်လျှောကျနေအောင် မဝတ်ရပါ၊ အောက်ပိုင်းမှာလဲ ဒူးဆစ်အောက်လက်ရှစ်သစ်လောက်ချပြီး ရွှေရောနောက်ရော(ကတ်ကျေးနှင့်ညှိ၍ ဖြတ်ထားသလို) ဝိုင်းနေအောင် ဝတ်ရသည်၊ အဲဒီလိုဝတ်ခြင်းကို "ပရိမဏ္ဍလဖြစ်အောင် ဝတ်ခြင်း"ဟု ခေါ်ပါသည် [ပရိ=အထက် အောက် ပတ်ဝန်းကျင်+မဏ္ဍလ= ဝိုင်းနေသည်။] ကိုရင် ဗုဒ္ဓရက္ခိတ.......... ပရိမဏ္ဍလ ဖြစ်အောင်သင်းပိုင်ဝတ်ထားသော ကိုရင်ကလေးများ၏ ပုံကိုကြည့်ပြီး သင်းပိုင်ကို ဝတ်စမ်းပါ။ (၁) သင်းပိုင်အစ ၂-ဖက်ကို ညီညီထားပါ။ (၂) မခေါက်ခင် ဗိုက်နှင့်ကပ်နေသော သင်းပိုင်၏ ယာဘက်အဖျားကို အထက်သို့ နဲနဲဆွဲတင်ပါ။ (၃) ၂-လွှာ ပူးထားသော သင်းပိုင်ကို ၂-ခေါက်ဖြစ်အောင်ခေါက်၍ ဗိုက်မှာ ကပ်ပါ။ (၄) ထိုအခေါက်၏ အဖျားကို ညီညီကိုင်ပြီး အထက်သို့ နဲနဲဆွဲ၍ လိပ်ပါ။ (၅) လိပ်သောအခါ ဒူးဆစ်အောက် လက်ရှစ်သစ်လောက်ကျနေအောင် မှန်းပြီး လိပ်ပါ။ အမှာ။ ။အလိပ်မှာ ၂-လိပ် သို့မဟုတ် ၃-လိပ်လောက်သာတော်၏။ ထိုထက် များနေလျှင် ဘုကြီး ဖြစ်နေ၍ကြည့်လို့လည်း မကောင်း၊ နေလှို့လည်း မကောင်းပါ၊ထို့ကြောင့် သင်းပိုင်က ရှည်လွန်းလျှင် ကိုရင်နှင့် သင့်တော်အောင် ဖြတ်ပေးကြပါလေ။ ဧကသီကိုလည်း ကိုရင်နှင့် အရွယ်တော်သော ဧကသီကိုသာ ဝတ်ပါစေ၊ အလွန်ရှည်နေသော ဧကသီကို ညီအောင်ရန်းသော်လည်း ညီညီ ညွတ်ညွတ်ဖြစ်အောင် မရန်းနိုင်ကြသဖြင့် အချိုးမကျဘဲ ဖြစ်ပါလိမ့်မည်။ သင်းပိုင်ကို အထက် အောက် ညီနေအောင် ဝတ်ထားပုံ။ ဧကသီ ရှန်းပုံ။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ကိုယ်မှာ ခြုံထားသောသင်္ကန်းကို "ဧကသီ" လို့ ခေါ်သည်၊ကိုယ်ပေါ်မှာ ဧကသီခြုံထားခြင်းကို "သင်္ကန်းရန်းခြင်း"ဟုခေါ်သည်။ (၁) ဧကသီ၏ အထက်ပိုင်းအဖျားကို လက် ၂-ဖက်ဖြင့်ခပ်စုစုကိုင်၍ ဆန့်တန်းပါ၊ အောက်မှာလဲ ညီနေပါစေ။ (၂) ဧကသီ ဝဲယာ ၂-ဖက်၏ အလယ်ပိုင်းလောက်သည်ကျောနှင့် တည့်နေပါစေ။ (၃) ညာဘက်အစကို (ချိုင်းအောက်) သွင်းပြီး ဝဲဘက်ပခုံးပေါ်တင်ပါ။ (၄) ဝဲဘက်အစကိုလည်း ဝဲဘက်ပခုံးပေါ် ထပ်၍ တင်ပါ။ (၅) ဤသို့ ရှန်းထားသောသင်္ကန်းသည် အောက်ပိုင်းမှာလည်း သင်းပိုင်အထက်၌ လက် ၄-သစ်လောက် တက်လျက် ပတ်ဝန်းကျင် ညီနေပါစေ၊ ဤကား ယခုခေတ်သင်္ကန်းရန်းပုံ ဖြစ်၏။ (စာ၌ပါသော ရှန်းပုံတမျိုးကိုမူနားလည်သောဆရာများထံ သင်ကြပါလေ။) ညီစွာဝတ်ရမည့်ဌာန။ ။"ဝန်းဝိုင်း ညီညွတ်အောင် သင်းပိုင်ဧကသီကို ဝတ်ရမည်"ဟု ပညတ်တော်မူသည့်အတိုင်း (တပါးတည်းနေသောအခါ အိပ်သောအခါ စသည်တို့၌ ညီစွာ မဝတ်နိုင် မရန်းနိုင်သော်လည်း)သံဃာ့အစည်းအဝေး၊ ဘုရားဝတ်တက်၊ စာတက်၊ ဆွမ်းစားကျောင်း၊ ဘုရားရှေ့တော်၊ ဆရာသမားနှင့်၊ မထေရ်ကြီးများအထံသို့ သွားသောအခါတို့၌ ဤသိက္ခာပုဒ် ၂ ပါးနှင့်ညီအောင် ဝန်းဝိုင်း ညီညွတ်စွာ ဝတ်ရ ရှန်းရပါသည်။ သင်းပိုင် ဧကသီကို ညီစွာဝတ်ထားပုံ။ --- [Trang PDF] 61 - 65## Trang 1 သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ... မြို့တွင်းရွာတွင်းသို့ သွားသောအခါသင်္ကန်းရုံ၍ သွားရသည်၊ "သင်္ကန်းရုံ" ဆိုသည်မှာ- လည်ပင်း၏နောက်ပိုင်းကိုလည်း ဖုံးမိအောင်, လက်ကောက်ဝတ်အထိ လက်ကိုလည်း ဖုံးမိအောင် ဧကသီခြုံခြင်းတမျိုးကိုဆိုလိုသည်၊ သင်းပိုင်ဝတ်ပုံမှာ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်းပင်ဖြစ်သည်။ သင်္ကန်းရုံပုံ။ ။ကိုရှင် ဗုဒ္ဓရက္ခိတ…… သင်္ကန်းရုံသောအခါဧကသီကို သိပ်လဲ မပူစေရ၊ သိပ်လဲ မကြပ်စေရ၊ "ဂုတ်ပိုး"ဟု ခေါ်သော လည်ပင်းအဖုံးကိုလည်း မပွမကြပ်စေရ၊ လက်လိပ်ကိုလည်း လက်အောက်မှာ အရှည်ကြီးတွဲ၍ မကျစေရ၊ အကောင်းဆုံးရုံတတ်သော ရဟန်းသာမဏေများထံ နည်းခံ၍ သပ်သပ်ယပ်ယပ်ဖြစ်အောင် သင်္ကန်းရုံပုံကိုသင်ပါ။ သင်္ကန်းရုံ၍ ထိုင်ပုံ။ ။ကိုရှင် ဗုဒ္ဓရက္ခိတ... မြို့တွင်းရွာတွင်း၌ထိုင်နေသောအခါ "သိက္ခာပုဒ်များနှင့် ညီညွတ်အောင် ထိုင်ရသည်၊ လည်ပင်းအထက်ကဦးခေါင်း၊ လက်ကောက်ဝတ်ပြင်ဘက်က လက်ဖျား၊ခြေသလုံးကြွက်သားပြင်ဘက်က ခြေအဖျား ဤ ၃-နေရာလောက်သာဖော်ထား၍ ကျန်သောကိုယ်အစိတ်အပိုင်း ဖုံး၍ ထိုင်ခြင်းကို"သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တော်နှင့်အညီ ထိုင်ခြင်း"ဟု ခေါ်သည်၊ [သု=ကောင်းစွာ+ ပဋိစ္ဆန္န=ကိုယ်ကို ဖုံးထားခြင်း။] (ထိုင်ပုံကို ဆရာက သင်ပြပါ။) --- ## Trang 2 သုသံဝုတသိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ... မြို့တွင်းရွာတွင်းသို့ သွားသောအခါလက်ရော ခြေရော ဟိုယမ်း သည်ယမ်းနှင့် လက်ဆော့ခြေဆော့လုပ်မသွားရ၊ ထိုင်တဲ့အခါလည်း လက် ခြေတို့ကို ငြိမ်ငြိမ်သက်သက်ထား၍ ထိုင်ရသည်။ [သု=ကောင်းစွာ+သံဝုတ=လက် ခြေတို့ကို စောင့်စည်းသူ။] ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ ….မြို့တွင်းရွာတွင်းသို့သွားသောအခါဟိုကြည့် သည်ကြည့် မကြည့်ရ၊ ရထားထမ်းပိုး၏ တပြန်လောက်သာ(၄-တောင်ခန့်လောက်သာ) ကြည့်၍သွားရသည်၊ဤနည်းဖြင့် သွားခြင်း ထိုင်ခြင်းကို "စက္ခုန္ဒြေချပြီး သွားခြင်းထိုင်ခြင်း"ဟု ခေါ်သည်။ [ဩက္ခိတ္တ=အောက်၌ ချအပ်သော+စက္ခု=မျက်စိ ရှိသူ။] ဥက္ခိတ္တကသိက္ခာပုဒ် ၂-ပါး။ ။ ကိုရှင် ဗုဒ္ဓရက္ခိတ...မြို့တွင်းရွာတွင်းသို့ သွားသောအခါသင်းပိုင်ကိုဖြစ်စေ ဧကသီကိုဖြစ်စေ အထက်သို့ မြှောက်ပင့်၍(စွန်တောင်ဆွဲ၍)မသွားရ၊ ထိုင်ခါနီးမှာလည်း ဧကသီကိုခါးပေါ်နေအောင် မြှောက်ပင့်၍ မထိုင်ရ။ [ ဥက္ခိတ္တ=မြှောက်ပင့်။] အမှာ။ ။သွားခြင်းအတွက် ၁-ပါး၊ ထိုင်ခြင်းအတွက် ၁-ပါး၊ဤအားဖြင့် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်မှ စ၍ ၂-ပါးစီရှိသည်။ --- ## Trang 3 ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီမြို့ရွာတွင်းသို့ စက္ခုန္ဒြေချပြီး သင်္ကန်းရုံ၍ သွားပုံ။ --- ## Trang 4 လေ့ကျင့်ခဏ်း မေးခွန်းက။ ဘာကြောင့် "သေခိယ"ဟု ခေါ် သနည်း။ ၄၉ခ ။ သေခိယ ကျင့်ဝတ်များကို မသင်ဘဲနေလျှင် အပြစ်ကင်းပါမည်လော။ ဂ ။ သင်းပိုင်ကို ဝတ်သောအခါ ဒူးဆစ်အောက်၌ ဘယ်လောက်ချပြီး ချရမည်နည်း။ ဃ။ သင်းပိုင်ကို ပရိမဏ္ဍလ(ထက်ဝန်းကျင် ဝိုင်းဝိုင်းစက်စက်)ဖြစ်အောင် ဘယ်လိုဝတ်ရမည်နည်း။ င ။ ဧကသီကို ပရိမဏ္ဍလဖြစ်အောင် ဘယ်လိုရန်းရမည်နည်း။ စ ။ မြို့ရွာအတွင်းသို့ သွားသောအခါ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုသွားရမည်နည်း။ ဆ။ မြို့ရွာအတွင်း၌ ထိုင်သောအခါ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်နှင့်ညီအောင် ဘယ်လိုထိုင်ရမည်နည်း။ ဇ ။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ ဩက္ခိတ္တစက္ခု သိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုသွားရ ထိုင်ရသနည်း။ ဈ။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ သင်းပိုင်ဧကသီကို မြှောက်ပင့်ကောင်းသလော၊ ဘယ်သိက္ခာပုဒ်က မမြှောက် မပင့်ဘို့ရန် တားမြစ်ပါသနည်း။ ၄ - ပ--သ-စ --- ## Trang 5 ၅ဝ၁။ ဥဇ္ဇတ္ထိကဝဂ်ဥဇ္ဇတ္ထိက သိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ …. မြို့တွင်းရွာတွင်း၌ သွားသောအခါကျယ်လောင်စွာရယ်၍ မသွားရ၊ ထိုင်သောအခါလည်းကျယ်လောင်စွာ ရယ်မနေရ၊ အကယ်၍ ရယ်စရာတွေကြုံလျှင်ပြုံးရုံသာ ပြုံးရသည်၊ [ဥ=ကျယ်စွာ + ဇဇ္ဇတ္ထိက= ရယ်ခြင်း။] အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ … မြို့တွင်းရွာတွင်း၌ သွားသောအခါ(အချို့လူတွေ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောသလို)ရဟန်း သာမဏေ အချင်းချင်း အသံကျယ်စွာ မပြောရ၊ ထိုင်နေသောအခါလည်း အသံကျယ်စွာ စကားပြော၍မနေရ၊ စကားပြောစရာကိစ္စရှိလျှင် ကနီးအပါး ကြားလောက်ရုံသာ ပြောရသည်၊ တရားကိုကား အများကြားအောင်ဟောကောင်းပါ၏။ [အပ္ပ=တိုးသော+သဒ္ဒ အသံ။] ကာယပ္ပစာလကသိက္ခာပုဒ် ၂-ပါး။ ။ကိုရှင် ဗုဒ္ဓရက္ခိတ …မြို့တွင်း ရွာတွင်း၌သွားသောအခါ ကိုယ်ကို လှုပ်၍ ယမ်း၍ မသွားရ၊ ထိုင်သောအခါလည်း ကိုယ်ကို မလှုပ်မယှက် ငြိမ်သက်စွာထား၍ ထိုင်ရသည်၊ "ကိုယ်"ဆိုသော်လည်း သွားတဲ့အခါ တကိုယ်လုံးကိုမဆိုလို၊ အထက်ပိုင်းကိုယ်ကိုသာ ဆိုလိုသည်။ အောက်ပိုင်းကိုယ်ကား လှုပ်လှုပ်ရှားရှား သွားနိုင်ပါသည်။ [ကာယ=ကိုယ်+ပစာလက=အမျိုးမျိုးလှုပ်စေ၍။] --- [Trang PDF] 66 - 70## Trang 1 ဗာဟုပ္ပစာလက သိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတ မြို့ရွာ အတွင်း၌ ဖွယ်သောအခါ လက်ရုံးလက်မောင်းကို မလှုပ်မရှား ငြိမ်သက်စွာထား၍ သွားရသည်၊ ထိုင်သောအခါလည်း လက်ရုံး လက်မောင်းကို မလှုပ်မရှားဘဲ ထိုင်ရသည်၊ [ဗာဟု လက်ရုံးလက်မောင်း။] သိသပ္ပစာလက သိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတမြို့တွင်း ရွာ တွင်း၌သွားသောအခါ ဦးခေါင်းကိုလှုပ်၍ ခါ၍ သွားလည်း မသွားရထိုင်လည်း မထိုင်ရ၊ ဦးခေါင်းကို ငြိမ်ငြိမ်သက်သက်ထား၍သွားရ ထိုင်ရသည်။ [သီသ= ဦးခေါင်း] ဂ။ ခမ္ဘကတဝဂ် ခမ္ဘကတ သိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတ မြို့တွင်းရွာတွင်း၌ သွားသောအခါခါးကို လက်ဖြင့် ထောက်၍ မသွားရ၊ ထိုင်သောအခါလည်းခါးထောက်၍ မထိုင်ရ၊ [ခမ္ဘကတ ခါ ထောက်ခြင်း။] ဩဂုဏ္ဏိတ သိက္ခာပုဒ် ၂-ပါး။ ။ ကိုရင် ဗုဒ္ဓရက္ခိတ မြို့တွင်းရွာတွင်း၌ သွားသောအခါဦးခေါင်းကို ခြုံ၍ မသွားရ၊ ထိုင်သောအခါလည်း ခေါင်းမြီးခြုံ၍ မထိုင်ရ၊ [ဩဂုဏ္ဏိတ = ခြုံအပ်သော ဦးခေါင်းရှိသူ။] ဥက္ကုဋိက သိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ ခြေဖျားဖြင့်သာမြေ၌ နင်း၍ ခြေဖနောင့်က မြေ၌မထိဘဲ(ခြေဖျားထောက်၍) သွားခြင်း, ခြေဖနောင့်ဖြင့်သာမြေ၌နင်း၍ ခြေဖျားက မြေ၌မထိဘဲ(ခြေဖနောင့်ထောက်၍)သွားခြင်းကို"ဖဝါးအစွန်ဖြင့် နင်းခြင်း"ဟု ခေါ်သည်၊ မြို့တွင်းရွာတွင်း၌ သွားသောအခါ ထိုကဲ့သို့ ဖဝါးစွန်နင်း၍ မသွားကောင်း။ [ဥ အထက်၌ + ကုဋိက - အစွန်းရှိသည်။] ပလ္လတ္ထိက သိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ အချို့ လူများထိုင် သောအခါ ဒူး ၂-ဖက်ကိုထောင်ပြီးလျှင် ထိုဒူးကို လက် ၂-ဖက်ဖြင့် ပတ်၍ဖြစ်စေအဝတ်ဖြင့် ပတ်၍ဖြစ်စေ အဝတ်ကို ကျစ်ထားသော ကြိုးဖြင့်ပတ်၍ဖြစ်စေ ထိုင်လေ့ရှိကြသည်။ထိုသို့ ထိုင်ခြင်းကို "လက်အာယောဂပတ်, ပုဆိုး (အဝတ်) အာယောဂပတ်"ဟု ခေါ်ကြ၏။ မြို့တွင်း ရွာတွင်း၌ ထိုကဲ့သို့ ပတ်၍ မထိုင်ကောင်းပါ။ [ပလ္လတ္ထိ ပတ်ပုံခြင်း။] သက္ကစ္စ ပတိဂ္ဂဟဏ သိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ ဆွမ်းခံသောအခါ ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ မလိုချင်သလို သွန်ပစ်ချင်သလို အနေမျိုးဖြင့် မခံယူရ၊ ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ လေးလေးစားစား ခံ ယူ ရ ပါ သည်။ [ သက္ကစ္စ = ကောင်းစွာပြု၍+ပတိဂ္ဂဟဏ= ခံယူခြင်း။] ပတ္တသညီ ပတိဂ္ဂဟဏ။ ။ ကိုရင် ဗုဒ္ဓရက္ခိတ ဆွမ်းခံသောအခါဟိုကြည့်သည်ကြည့် မကြည့်ရ၊ငေး၍လည်း မနေရ၊ဟိုကြည့်သည်ကြည့်ကြည့်နေလျှင်ငေး၍နေလျှင်ဆွမ်းလောင်းနေမှန်းလည်း မသိ၊ ဆွမ်းလောင်းပြီးမှန်းလည်း မသိဘဲဖြစ်တတ်သည်၊ ထိုကြောင့် သပိတ်၌ အမှတ်သညာထား၍(သပိတ်၌ စိတ်စိုက်၍) ဆွမ်းခံရသည်။ [ပတ္တသညီ=သပိတ်၌သညာရှိသည် ဖြစ်၍ + ပတိဂ္ဂဟဏ=ခံယူခြင်း။ ] သမသူပက သိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ ဣန္ဒိယ နိုင်ငံ၌ကုလားလူမျိုး တို့သည် ပဲဟင်းကိုလက်ဖြင့် ကော်ယူလျှင် ရလောက်အောင် မပြစ်မကျဲချက်၍ထို ပဲဟင်းဖြင့် ထမင်းစားလေ့ ရှိကြ၏၊ သံဃာတော်အားလည်း ပဲဟင်းကိုပင် လောင်းလေ့ ရှိကြသည်။ ဆွမ်းခံရာ၌ ထို ပဲဟင်းမျိုးကို ခံယူသောအခါ အလွန်များစွာ မခံယူရ၊ ဆွမ်း၏ ၄-ပုံလျှင် တပုံလောက်သာ ခံယူရသည်။ ပဲဟင်းမှ တပါးသော သားဟင်း ငါးဟင်းများကိုကား တတ်နိုင်သူတွေက လောင်းတာဖြစ်၍ အလိုရှိသလောက် ခံယူကောင်းပါသည်။ [သမ==ဆွမ်းနှင့်မျှသော+သူပက=ပဲဟင်းရှိအောင်။ ] သမတိတ္ထိက သိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ သပိတ်မှာအတွင်းနခမ်း အပြင်နခမ်း ၂-မျိုး ရှိ၏၊ အတွင်းနခမ်းထက် အပြင်နခမ်းက မြင့်သည်၊ ဆွမ်းခံသောအခါ သပိတ်၏ အတွင်းနခမ်းနှင့် ညီရုံသာ ခံရသည်၊အတွင်းနခမ်းက ပို၍ မှိုမောက် လျှံတက်နေအောင် မခံရ။ [သမတိတ္ထိက=သပိတ်၏ အတွင်းနခမ်းနှင့် ညီမျှသော ဆွမ်းရှိသည်။ ] ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ ဆွမ်းခံနေကြပုံ။ လေ့ကျင့်ခဏ်း မေးခွန်း က။ မြို့တွင်းရွာတွင်း၌ကျယ်လောင်စွာရှယ်ကောင်းသလား၊အသံ ကျယ်ကျယ်နှင့် ရဟန်း သာမဏေ အချင်းချင်းစကားပြောကောင်းသလား။ ၁ ။ မြို့ ရွာ အတွင်း၌ ကိုယ်, လက်မောင်း, ဦးခေါင်းတို့ကိုလှုပ်ရှား၍ သွားကောင်း ထိုင်ကောင်းသလော၊ ဂ ။ မြို့ ရွာ အတွင်း၌ ခါးကို ထောက်၍ သွားကောင်း ထိုင်ကောင်းသလော။ ဃ။ မြို့ရွာအတွင်း၌ ခေါင်းမြီးခြုံ၍ မနေဘိုရန် ဘယ်သိက္ခာပုဒ်က တားမြစ်သနည်း။ င ။ ဘယ်လိုနင်း၍ သွားခြင်းကို "ဖဝါးအစွန် နင်းခြင်း" ဟုခေါ်သနည်း။ စ ။ ဘယ်လိုထိုင်နေမှုကို"အာယောဂပတ်"ဟု ခေါ် သနည်း၊လက် အာယောဂပတ်နှင့် အဝတ် အာယောဂပတ်ကိုခွဲခြားပြပါ။ ဆ။ ဆွမ်းခံသောအခါ ဘယ်လိုဆွမ်းခံမှ သက္ကစ္စဖြစ်၍၊ ဘယ်လို ဆွမ်းခံမှ ပတ္တသညီပတိဂ္ဂဟဏ ဖြစ်သနည်း။ ၁ ။ လက်ကော်ရ ပဲဟင်းကို ဆွမ်း၏ ဘယ်နှစ်ပုံလောက်သာခံယူကောင်းသနည်း။ ဈ ။ ဆွမ်းခံသော အခါ သပိတ်အပေါ် မောက်တက်နေအောင် ခံကောင်းသလော၊ ဘယ်လောက် အထိသာခံကောင်းသနည်း။ --- [Trang PDF] 71 - 75 ## Trang 1                                         **သ။ သက္ကစ္စဝဂ်**         [ ဤမှ နောက်၌ ဆွမ်းစားမှုနှင့် စပ်သော သိက္ခာပုဒ်များလာလိမ့်မည်။ ] **သက္ကစ္ --- ## Trang 2 **သမသူပကသိက္ခာပုဒ်။** ။ကိုရင်ဗုဒ္ဓရက္ခိတ....ဆွေမျိုးလည်းမဟုတ်၊ အလိုရှိတာကို တောင်းပါဟု ဖိတ်ထားသူလည်း မဟုတ်သော လူများက လှူသောဆွမ်းကို စားသောအခါ လက်ကောက်၍ရအောင် ချက်ထားသော ပဲဟင်းကို ဆွမ်း၏ ၄-ပုံ တပုံလောက်သာ စားရသည်။ အလွန် များများ မစားရ၊ ဆွေမျိုးနှင့် ဖိတ်ထားသူတို့ ဆွမ်းကျွေးသောအခါ၌ကား ပဲဟင်းကို များများစားသော်လည်းအပြစ်မရှိ။ [ သမ=ဆွမ်းနှင့် တော်လောက်ရုံဖြစ်သော +သူပက=ပဲဟင်းရှိသည်။] **ထူပကသိက္ခာပုဒ်။** ။ကိုရင်ဗုဒ္ဓရက္ခိတ....ဆွမ်းခွက် အလယ်ဗဟိုက မို့မောက်နေသော နေရာကို"ဆွမ်းဦး ဆွမ်းထိပ်"ဟု ခေါ်၏၊ ဆွမ်းစားသောအခါ ထိုဆွမ်းဦးဆွမ်းထိပ်ကို နှိုက်၍(နှိုက်၍)မယူဘဲ, အစမှစ၍ အစဉ်အတိုင်းယူပြီး စားရသည်။ [ ထူပ --- ## Trang 3 ပါးအလိုရှိလျှင် တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူလည်းမဟုတ်သော လူတို့အား ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေမတောင်းကောင်း၊ မဖိတ်ကောင်းပါ။ ဟင်း-ဆွမ်းသာမကအခြားပစ္စည်းများကိုလည်း မတောင်းကောင်း။ [သူပေါဒန=ဟင်း ဆွမ်းကို ၊ ဝိညတ္တိ= တောင်းခြင်း။] မှတ်ချက်။ ။ဆွမ်း ဖြစ်စေ အခြားပစ္စည်းကို ဖြစ်စေ (ရေကိုဖြစ်စေ) အလိုရှိလျှင် ဆွမ်းရပ်သလို သူတို့၏အနားသို့ သွား၍ ရပ်ရသည်။ "ဘာ အလိုရှိပါတုန်း" ဟု မေးမှဆွမ်းအလိုရှိသည်, ဟင်းအလိုရှိသည်, ဆေးအလိုရှိသည် စသည်ဖြင့် ပြောရသည်။ ထိုသို့ ပြော၍ လှူလျှင် အပြစ် မရှိပါ။ မလှူလျှင် လှူချင်လာအောင် ဆက်၍ မပြောကောင်း၊ထိုသို့ ထပ်၍ ပြောမှ ရအပ်သောပစ္စည်းကား ရဟန်းသာမဏေဟူသမျှ မသုံးကောင်းတော့ချေ။ ဤသိက္ခာပုဒ်တော်ကို ရဟန်းသာမဏေများသာမက၊ သာသနာ့ဒါယကာဖြစ်သော ဗုဒ္ဓဘာသာဝင်တိုင်း နားလည်သင့်ကြပေသည်။ ဥဇ္ဈာနသညီသိက္ခာပုဒ်။ ။ကိုရင်ဗုဒ္ဓရက္ခိတ....ဆွမ်းခံပြန်လာသောအခါ တချို့က ကဲ့ရဲ့လို၍သူများသပိတ်ကို ကြည့်တတ်ကြ၏။ ဆွမ်းတို့ ဟင်းတို့ နည်းနေလျှင် လှောင်လိုပြောင်လိုခြင်း, ဆွမ်းတို့ ဟင်းတို့ များနေလျှင်"ဒကာ ဒကာမတွေကို ကြည်ညိုအောင် ပေါင်းတတ်လို့ ဆွမ်းတွေ ဟင်းတွေ ရတာဘဲ" ဟု ကဲ့ရဲ့လိုခြင်း ဤသို့ ယုတ်မာသောစိတ်ဖြင့် ကြည့်ခြင်းကို "ကဲ့ရဲ့လို၍ ကြည့်ခြင်း" ဟု ဆိုသည်။ ထိုသို့ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူသပိတ်ကို မကြည့်ကောင်းပါ။ ဆွမ်းမရလျှင် ပေးလိုသော စိတ်, များလျှင် အလှူခံလိုသော --- ## Trang 4 စိတ်ဖြင့်ကား ကြည့်ကောင်း၏။ [ဥဇ္ဈာနသည် ကဲ့ရဲ့ခြင်း၌သညာရှိသည်။] အတိမဟန္တသိက္ခာပုဒ်။      ။ကိုရှင် ဗုဒ္ဓရက္ခိတ.... ဆွမ်းစားသော                                         အခါ ဆွမ်းလုပ်ကို အလွန်ကြီးကြီးပြုလုပ်၍ မစားရ၊ မိမိ ပါးစပ်အတွင်းမှာ တော်ရုံလောက်မှန်း၍ ဆွမ်းလုပ်ကို ပြုလုပ်ရသည်၊ ကျမ်းစာတို့၌ "ဒေါင်းဥလောက် မကြီးစေရ"ဟု သတ်မှတ်၏၊ သို့သော် "ပါးစပ်ထဲ၌ပြည့်သိပ်နေအောင် မစားရ"ဟုသာ မှတ်ပါ။ [အတိမဟန္တ =အလွန်ကြီးသည်။] ပရိမဏ္ဍလအာလောပ။      ။ကိုရှင် ဗုဒ္ဓရက္ခိတ ... ဆွမ်းလုပ်ကို                                         ရှည်ရှည် လျားလျား မဖြစ်စေဘဲဝပ်ဝိုင်းဝိုင်းနေအောင် ပြင်ပြီးမှ ပါးစပ်တွင်းသို့ သွင်းရသည်၊ထို့ကြောင့် ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို လက်ထဲ၌ထည့်ပြီးလျှင် လက်မကလေးနှင့် လှည့်ပတ်၍ ပြင်လိုက်ပါ၊ဆွမ်းလုပ်ပြင်ရင်း (ရှေး၌ပြခဲ့ပြီးသော ပစ္စဝေက္ခဏာကိုလည်းအတိုချုပ် ဆင်ခြင်နိုင်ပါသေးသည်၊)ဤကဲ့သို့ ဆွမ်းလုပ်ပြင်၍စားလေ့ရှိသော ရဟန်း သာမဏေများကို လူတို့က အလွန်ကျေနပ်ကြည်ညိုကြသည်။ [ပရိမဏ္ဍလ - ထက်ဝန်းကျင် ဝိုင်းသော + အာလောပ - ဆွမ်းလုပ်။] --- ## Trang 5 ဆွမ်းခံဝင်သောအခါ ညီညာစွာ တန်းစီရပ်နေကြပုံ။ --- --- [Trang PDF] 76 - 80## Trang 1 လေ့ကျင့်ခဏ်း မေးခွန်း က။ ဆွမ်းစားသောအခါ အဘယ်အစားမှ သက္ကစ္စ (လေးစားသော)စားခြင်း ဖြစ်သနည်း။ ခ။ ဆွမ်းစားသောအခါ ဆွမ်းကို ဟိုနားကယူ သည်နားကယူ ယူ၍ စားကောင်းသလော၊ ဘယ်အမှ ယူ၍ စားရမည်နည်း။ ၁။ ဆွမ်းစားခွက်၏အလယ်ဗဟို မိုမောက်နေသော နေရာကစ၍ နှိုက်ကောင်းပါသလော၊ ဘယ်အမှ ယူ၍ စားရမည်နည်း။ ဃ။ များများလိုချင်၍ ရပြီးဟင်းကို မရသေးဘူးထင်အောင်ဆွမ်းဖြင့် မဖုံးကောင်းဟု ဘယ်သိက္ခာပုဒ်က တားမြစ်သနည်း။ င။ ဆွေမျိုးလည်း မတော် အလိုရှိရာ တောင်းပါဟုပိတ်လည်း မဖိတ်သူထံ ဆွမ်းကို၎င်း ဟင်းကို၎င်းတောင်းကောင်းသလား။ ၁။ ဆွမ်းကို ဖြစ်စေ ဟင်းကို ဖြစ်စေ အလိုရှိလျှင် ဝိနည်းတော်နှင့် လျော်အောင် ဘယ်သို့ ပြုလုပ်ရမည်နည်း။ ဆ။ ဆွမ်းလုပ်ကို အလွန် ကြီးကြီးလုပ်၍ စားကောင်းသလော၊ ဘယ်လောက်သာ ကြီးစေရမည်နည်း။ ဗ။ ဆွမ်းလုပ်ကို လူများ စားသလို မပြင်ဘဲနှင့် စားကောင်းသလား၊ ဘယ်လို ပြင်၍ စားရမည်နည်း။ --- ## Trang 2 င။ ကဗဠဝဂ်ကဗဠသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ … ဆွမ်းစားသောအခါပါးစပ်ပေါက်နားသို့ ဆွမ်းလုပ်မရောက်မီ ပါးစပ်ကို ဖွင့်ဟထားခြင်းသည် မယဉ်ကျေးသော အမူအရာဖြစ်၏။ ထိုကြောင့် ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်မီပါးစပ်ပေါက်ကို ဖွင့်၍(ဟ၍)မတားရ။ ကဗဠ ဆွမ်းလုပ်။ ဘုဉ္စမာနသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ …ဆွမ်းစားသောအခါ လက်ချောင်းများကို (တချောင်းတလေမျှ)ခံတွင်းသို့ မသွင်းရ။ [ခံတွင်းဆိုသည်မှာနှုတ်ခမ်း, သွားတို့၏ အတွင်းဘက်ကို ဆိုလိုသည်။] သကဗဠသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ တွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ စကားမပြောရ၊စကားပြောချင်လျှင် ခံတွင်းမှာရှိသော ဆွမ်းလုပ်ကို မျိုခြပြီးမှ ပြောရသည်။ ခံတွင်းထဲ၌ နဲနဲပါးပါးရှိ၍ စကားလုံးပီအောင် ပြောနိုင်လျှင်ကား ပြောကောင်းပါ၏။ ပိဏ္ဍုက္ခေပကသိက္ခာပုဒ်။ ။ကိုရင် ဗုဒ္ဓရက္ခိတ... ဆွမ်းစားသောအခါ ဆွမ်းအခဲကိုဖြစ်စေဆွမ်းလုပ်ကိုဖြစ်စေ ပါးစပ်တွင်းသို့ မြှောက်၍ (ပစ်၍)မသွင်းရ၊ပါးစပ်နား တေ့မိမှသာ ဆွမ်းလုပ်ကို သွင်းရသည်။ [ပိဏ္ဍ =ဆွမ်း + ဥက္ခေပက = မြှောက်၍။] ကဗဠာဝစ္ဆေဒက။ ။ကိုရှင် ဗုဒ္ဓရက္ခိတ...တချို့လူများသည်ထမင်း ပူပူနွေးနွေးကို ဆုပ်ပြီးလျှင်ကိုက်ဖြတ်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့ကား --- ## Trang 3 ဆွမ်းလုပ်( ဆွမ်းဆုပ် )ကို ကိုက်ဖြတ်၍ မစားကောင်း။ [အဝစ္ဆေဒက=ကိုက်ဖြတ်၍။] အဝဂဏ္ဍကာရက။ ။ကိုရှင်ဗုဒ္ဓရက္ခိတ...တိရစ္ဆာန်များသည် အစာစားသောအခါ ပါးစောင်ကို ဖောင်းနေအောင် ထား၍ စားလေ့ရှိကြ၏၊ တချို့ လူများလည်း ထိုကဲ့သို့ စားတတ်ကြသည်၊ ရဟန်းသာမဏေတို့မှာထိုကဲ့သို့ မစားကောင်းပါ၊ ခံတွင်းအလယ်မှာ ထား၍ စားရသည်၊ သစ်သီးစားရာ၌ကား ပါးစောင်ကို ဖောင်းနေအောင်ထား၍ စားကောင်းပါ၏။ [အဝ=ယုတ်ညံ့စွာ + ဂဏ္ဍကာ-ရက ပါးစောင်ကိုပြု၍။ ဟတ္ထနိဗ္ဗုနက။ ။ကိုရင် ဗုဒ္ဓရက္ခိတ … …ပျို လူများသည်ထမင်းစားသောအခါ လက်ကို ခါ၍ ခါ၍စားတတ်ကြ၏။ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ လက်ကို ခါ၍မစားကောင်း၊ လက်မှာ ပေနေလျှင် မခါဘဲ လက်မဖြင့်အသာဖယ်၍ ချရသည်။ [ဟတ္ထ = လက်ကို + နိဗ္ဗုနက - ခါ၍။] သိတ္ထာဝကာရက။ ။ကိုရှင်ဗုဒ္ဓရက္ခိတ…ကွမ်းစားသောအခါဆွမ်းလုံးများကို ဟိုကြ သည်ကြနှင့်ကြဲဖြန့်၍ မစားကောင်း။ [သိတ္ထာဝကာရက ဆွမ်းလုံးတို့ကိုကြဲဖြန့်၍။] ဇိဝှါနိစ္ဆာရက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... တချို့ မိန်းမများသည်ပါးစပ်နားရောက်လာသော ထမင်းလုပ်ကို လျှာထုတ်၍ ကော်ယူတတ်ကြ၏၊ ရဟန်းသာမဏေတို့ကားဆွမ်းကို၎င်း ဟင်းကို၎င်း လျှာဖြင့် ထုတ်၍ ကော်မယူကောင်း၊ [ဇိဝှါနိစ္ဆာရက=လျှာထုတ်၍။ ] --- ## Trang 4 စပုစပု ကာရက။ ။ကိုရင်ဗုဒ္ဓရက္ခိတ... တချို့ မိန်းမများသည်ထမင်းစားသောအခါ စပ်စပ်=ပျပ်ပျပ်နှင့် အသံမြည်စေတတ်ကြ၏။ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ပျပ်ပျပ်သံမြည်အောင် မစားကောင်း။ [စပုစပု = စပ်စပ်ပျပ်ပျပ် + ကာရက=ပြု၍။] လေ့ကျင့်ခဏ်း မေးခွန်းက။ ဆွမ်းစားသောအခါ ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်ခင် ပါးစပ်ပေါက်ကို ဘယ်လိုလုပ်၍ မထားရသနည်း၊ခ။ ဆွမ်းစားသောအခါ လက်ချောင်းများကို အဘယ်သို့မထည့်သွင်းဘဲ စားရသနည်း။ ဂ။ ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ ဘာကို မလုပ်ရသနည်း။ ဃ။ ဆွမ်းစားသောအခါ ဆွမ်းလုပ် ဆွမ်းခဲကို ပါးစပ်တွင်းသို့ဘယ်လိုလုပ်၍ မသွင်းရသနည်း။ င။ ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ဘယ်လိုလုပ်၍ မစားရသနည်း။ စ။ ဆွမ်းလုပ်ကို ပါးစောင်တဖက်၌ ထား၍ စားကောင်းသလော၊ အဘယ်မှာထား၍ စားရမည်နည်း။ ဆ။ လက်၌ ပေနေသော ဆွမ်း ဟင်းများကို ခါ၍ ပစ်ကောင်းသလော၊ ဘယ်လို လုပ်ရမည်နည်း။ ဇ။ ဆွမ်းလုပ်ကို လျှာထုတ်၍ ကော်ယူကောင်းသလော။ ဈ။ ပျပ်ပျပ်မည်အောင် ဆွမ်းစားကောင်းသလော။ --- ## Trang 5 စ။ သုရုသုရုဝဂ်သုရုသုရု သိက္ခာပုဒ်။ ။ ကို ရှင် ဗုဒ္ဓရက္ခိတ... ဟင်း ရည် ကိုဖြစ်စေ၊ နွားနို့-လက်ဘက်ရည်ကိုဖြစ်စေ သောက်သောအခါ " ရှရူး=ရှရူး" လို အသံမြည်အောင် မသောက်ရ၊ ပါးစပ်ကို နဲနဲမော့ပြီး အသံမမြည်အောင်အသာကလေး မျှောချရသည်။ [ သုရု သုရု=ရှရူး ရှရူးဟု +ကာရက=ပြု၍။] ဟတ္ထနိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ... အောက်တန်းကျသော တချို့ လူများသည် ထမင်း စားသောအခါ လက်ချောင်းမှာ ကပ်နေသော ဟင်းစ- ထမင်းစတို့ကို လျှာဖြင့် လျက်၍ လျက်၍ စားတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ လျက်၍ လျက်၍ မစားကောင်းပါ။ [ ဟတ္ထ=လက် + နိလ္လေဟက=လျက်၍။] ပတ္တနိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ...တချို့ ကလေးများသည် ထမင်းမလောက်မင ဖြစ်နေလျှင်ထမင်းခွက်မှာ ကျန်နေသော ဟင်း အစအန ထမင်းအစအနတို့ကို လက်ဖြင့် ရသမျှ ခြစ်ချုတ်၍ စားတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ သပိတ်(ဆွမ်းစားခွက်-ပန်းကန်ပြား)တို့ကို ခြစ်ချုတ်၍မစားကောင်းပါ၊ ကုန်ခါနီး၌ ဆွမ်းအားလုံးကို သိမ်းယူမှုကိုကား ပြုကောင်းပါသည်။ [ ပတ္တ=သပိတ်ခွက်။] ဩဋ္ဌနိလ္လေဟက။ ။ကိုရင် ဗုဒ္ဓရက္ခိတ...တချို့ လူများသည်ထမင်း စားသော အခါ နှုတ်ခမ်းမှာကပ်နေသော ဟင်းအစအနကို လျှာဖြင့် လျက်၍ လျက်၍ --- [Trang PDF] 81 - 85## Trang 1 စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျှာဖြင့်လျက်၍ မစားကောင်းပါ။ [ဩဋ္ဌ=နှုတ်ခမ်း။] ပါနီယတ္ထာလက။ ။ကိုရင် ဗုဒ္ဓရက္ခိတ.. တချို့ လူများသည်ထမင်းစားတုန်း ဖြစ်စေ၊ ထမင်းစားပြီးခါစ ဖြစ်စေ ရေသောက်လိုလျှင် ထမင်း ဟင်း သရည်စာတွေပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်တတ်ကြသည်၊ထိုသို့ ကိုင်သည့်အတွက် နောက်တယောက် မသောက်ချင်လောက်အောင် သောက်ရေခွက်မှာ ရွှံစရာ ဖြစ်နေတော့၏၊ထို့ကြောင့် ရဟန်း သာမဏေတို့မှာ ပေနေသော လက်ဖြင့်သောက်ရေခွက်ကို မကိုင်ကောင်းပါ။[ပါနီယ=သောက်ရေ+ထာလက=ခွက်။] မှတ်ချက်။ ။သောက်ရေခွက်ကို ကိုင်ချင်လျှင် မပေသောအခြားလက်တဘက်ဖြင့် ကိုင်ရမည်၊ သို့မဟုတ်ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ပြီးနောက်ထိုရေခွက်ကို ဆေးမည် ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကိုင်နိုင်ပါ၏၊ သောက်ရေခွက် မဟုတ်သော တခြား ဆေးရေခွက်ကိုကား ပေနေသောလက်ဖြင့်ပင် ကိုင်ကောင်းပါ၏။ သံသိတ္ထကသိက္ခာပုဒ်။ ။ ကိုရင် ဗုဒ္ဓရက္ခိတ….. ရှေး ရဟန်းသာမဏေ များသည် ဆွမ်းခံပြီးသောအခါ မြို့တွင်း ရွာတွင်းမှာရှိသော စရပ်၌ ဆွမ်းစားတတ်ကြသည်၊ ဤ သိက္ခာပုဒ်ကို ပညတ်တော်မမူမီက ဆွမ်းစားပြီးနောက် သပိတ်ဆေးသောအခါ ဆွမ်းလုံးတွေနှင့်တကွသပိတ်ဆေးရေကို ထိုမြို့တွင်း ရွာတွင်းမှာ သွန်ခဲ့သောကြောင့်("ကိုယ်တော်တွေနှယ် ဆွမ်းလုံးတွေကို သပိတ်ဆေးရေနှင့် --- အတူ သွန်ပစ်ထားလိုက်ကြတာ, ကြည့်ရင်လဲ အမြင်မတော်ဘူး၊ နင်းမိပြန်ရင်လဲ မကောင်းဘူး" စသည်ဖြင့်) ကဲ့ရဲ့ကြသည်၊ ထို့ကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊မြေပေါ်၌ မသွန်ဘဲ ထွေးခံ လက်ဆေးခံထဲမှာတော့ သွန်ကောင်းပါ၏၊ ဆွမ်းတခြား ရေတခြားခွဲပြီး ဆွမ်းလုံးတွေကိုတနေရာမှာ စုပုံပြီးမှ ရေချည်းသက်သက်လည်း သွန်ကောင်းပါ၏။ [သ=တကွ+ သိတ္ထက=ဆွမ်းလုံး။] (ဆွမ်းစားမှုနှင့်စပ်သော သိက္ခာပုဒ် ၂၆-ပါး ပြီး၏။) [ဤမှ နောက်၌ တရားဟောမှုနှင့် စပ်ဆိုင်သောသိက္ခာပုဒ်များ လာလိမ့်မည်။] ကိုရင် ဗုဒ္ဓရက္ခိတ ..တရားဟောမှုသည် တရားနာသူတို့ကိုတတ်သိ နားလည်အောင် ပြောပြရသော အလုပ်ဖြစ်၍ အလွန်မြင့်မြတ်သော အလုပ်တမျိုးဖြစ်သည်၊မြင့်မြတ်သောအလုပ်ကိုလုပ်သူသည် မြင့်မြတ်သော အနေမျိုးဖြင့်သာ ပြုလုပ်သင့်၏တရားနာသူတို့၏ အောက်ကျ နောက်ကျ အနေမျိုးဖြင့် နေ၍မဟောသင့်။ ထို့ကြောင့် တရားနာသူသည် လက်၌...(က) ထီးကို ကိုင်ထားလျှင်၎င်း၊( ခ) ၄-တောင်လောက်ရှိသော ဒုတ် တောင်ဝှေးကိုကိုင်ထားလျှင်၎င်း၊ --- (ဂ) ဓား-ရိုက်နှက်ဖို့ ဒုတ်-သေနတ်စသော လက်နက်တစုံတခုကို ကိုင်ထားလျှင်၎င်း၊(ဃ) လေး-မြှားတိုကို ကိုင်ထားလျှင်၎င်း ထိုသူတို့အားတရားမဟောကောင်းပါ။ လေ့ကျင့်ခဏ်း မေးခွန်း က။ ဟင်းရည်၊ နွားနို့၊ လက်ဘက်ရည်များကို ဘယ်လိုအသံမြည်အောင် မသောက်ကောင်းသနည်း။ ခ။ လျှာဖြင့် အဘယ်သို့ လုပ်၍ မစားကောင်းသနည်း။ ဂ။ ခွက်မှာ (သပိတ်မှာ) ကပ်နေသော ဆွမ်း-ဟင်း အစအနများကို ဘယ်လိုလုပ်၍ မစားရသနည်း။ ဃ။ နှုတ်ခမ်းမှာကပ်နေသော အစအနကို ဘယ်လိုလုပ်၍မစားရသနည်း။ င။ ဆွမ်းစားပြီးသောအခါ ရေသောက်လိုလျှင် ဘယ်လိုလက်ဖြင့် ရေခွက်ကို မကိုင်ကောင်းသနည်း။ စ။ ဆွမ်းလုံးပါသော သပိတ် (ခွက်) ဆေးရေကို ဘယ်မှာမသွန်ကောင်းသနည်း။ ဆ။ ထီး, ဒုတ်, ဓား, လေးမြှား, သေနတ် ကိုင်နေသူအားဘာမလုပ်ကောင်းသနည်း။ --- ဆ။ ပါဒုကဝဂ် [ဟိန္ဒူလူမျိုးများ စီးလေ့ရှိသော သဲကြိုးမပါဘဲ အဖျား၌ဗုကလေးတပ်ပြီးလျှင် ထိုဗုကို ခြေဖျားဖြင့် ညှပ်၍ စီးရသောသစ်သားဘိနပ်(ခုံဘိနပ်)ကို "ပါဒုက=ခြေနင်း"ဟု ခေါ်၏၊ထိုဘိနပ်မှ ကြွင်းသော သဲကြိုးတပ် နောက်ပိတ်ဘိနပ်စသောဘိနပ်များကို "ဥပါဟန=ဘိနပ်"ဟု ခေါ်၏။] ကိုရင် ဗုဒ္ဓရက္ခိတ .... ကျန်းမာပါလျက် (က) ခြေနင်းစီးထားသူ၊ (ခ) ဘိနပ်စီးထားသူများအား တရား မဟောကောင်း။ (ဂ) လှည်း လှေ ရထား သင်္ဘော မော်တော်ကားစသောယာဉ် အမျိုးမျိုး စီးနေသူအား မိမိက ယာဉ်အောက်၌ နေလျက် တရားမဟောကောင်း။ (ဃ) ကျန်းမာလျက် အိပ်ရာပေါ်၌ လျောင်း၍ (ဟန်ကြီးပန်ကြီးနှင့်)တရားနာသူအား မိမိက ထိုင်၍ဖြစ်စေရပ်၍ဖြစ်စေ တရားမဟောကောင်း။ ( င ) ကျန်းမာပါလျက် လက်ဖြင့် ဖြစ်စေ အဝတ်ဖြင့် ဖြစ်စေဒူး ၂-ဘက်ကို ပတ်၍ မရိုမသေ ထိုင်နေသူအားမိမိက ရိုးရိုးထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ အိပ်၍ဖြစ်စေတရားမဟောကောင်း။ (စ) ဆံစ မပေါ်အောင် ဦးခေါင်းကို ရစ်ပတ် ဖုံးအုပ်၍ခေါင်းပေါင်း ပေါင်းထားသူ ဦးထုပ် ဆောင်းထားသူအား တရားမဟောကောင်း၊ ဟောလိုလျှင် ခေါင်းပေါင်း ဦးထုပ်ကို ချွတ်စေပြီးမှ၎င်း, ဆံစ ပေါ်ရုံ --- ဖော်စေပြီးမှ၎င်း ဟောရ၏။[မြန်မာတို့ ခေါင်းပေါင်းပုံမှာ ဆံစ ပေါ်နေသောကြောင့် ဟောကောင်း၏။] (ဆ) ခေါင်းမြီး ခြုံထားသူအားလည်း တရား မဟောကောင်း၊ ဟောလိုလျှင် ခေါင်းမြီးခြုံကို ဖွင့်စေပြီးမှဟောရမည်။ (ဇ) တရားဟောပုဂ္ဂိုလ်သည် အခင်းမပါသော မြေပေါ်ကြမ်းပေါ်၌ ထိုင်၍ ကျန်းမာလျက်နှင့် အခင်းပေါ်မှာထိုင်နေသူအား တရားမဟောကောင်း။ (ဈ) တရားဟောပုဂ္ဂိုလ်သည် နိမ့်သောနေရာ၌ ထိုင်၍ကျန်းမာလျက်နှင့် မြင့်သောနေရာ၌ ထိုင်နေသူအားတရားမဟောကောင်း။ (ည) တရားဟောပုဂ္ဂိုလ်သည် နောက်မှ လိုက်၍ ကျန်းမာပါလျက် ရှေ့က သွားနေသူအား တရား မဟောကောင်း။ (ဋ) တရားဟောပုဂ္ဂိုလ်သည် လမ်းဘေးက လိုက်၍ ကျန်းမာပါလျက် လမ်းပေါ်၌ သွားနေသူအား တရားမဟောကောင်း။ မှတ်ချက်။ ။တရားမဟောကောင်းသော သိက္ခာပုဒ် ၁၆-ပါး၌ မကျန်းမာသူဖြစ်လျှင် ဘယ်လိုနေနေထိုသူအား တရားဟောကောင်း၏။ "တရား"ဟူရာ၌လည်းပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသောပါဠိစကားကိုသာ တားမြစ်သည်၊ အခြား ဘာသာစကားဖြင့် တရားဟောခြင်းကို မတားမြစ်ပါ။ --- [Trang PDF] 86 - 90## Trang 1 # သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း **၂၀** ကိုရှင် ဗုဒ္ဓရက္ခိတ….ကျန်းကျန်းမာမာရှိလျှင်'— (က) မတ်မတ်ရပ်၍ ကျင်ကြီးကျင်ငယ် မစွန့်ကောင်း။ (ခ) စိမ်းစို၍ ရှင်နေသောမြက်ပင် သစ်ပင် သစ်ကိုင်း သစ်ခက် သစ်ရွက်ပေါ်၌လည်း ကျင်ကြီး ကျင်ငယ် မစွန့်ကောင်း၊ တံထွေးနှပ်တိုကိုလည်း မထွေးမညှစ်ကောင်း။ (ဂ) သောက်၍ သုံး၍ ဖြစ်လောက်သော ရေတွင်း ရေကန် စသော ရေထဲ၌လည်း ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မစွန့်ကောင်း၊ မြစ်ကြီး ချောင်းကြီးတို့၌ကား စွန့်သည့်အတွက် ရေမပျက်သောကြောင့်လည်းကောင်း၊ လှေသင်္ဘောစီးသွားစဉ် ရေလွှတ်သော ကုန်းနေရာကို မရသောကြောင့်လည်းကောင်း စွန့်ကောင်းပါ၏။ ## လေ့ကျင့်ခဏ်း မေးခွန်း က။ အဘယ်ကို စီးနင်းထားသူ့၊ အဘယ်ပေါ်၌ ရောက်နေသူအား မိမိက ထိုင်၍ ရပ်၍ တရားမဟောကောင်းသနည်း။ ၈။ အဘယ်သ္မိ နေသူများအား တရားမဟောကောင်းသနည်း။ ဂ။ မိမိက အခင်းမပါသော နေရာ၌ ထိုင်၍ ဘယ်လိုနေသူအား တရားမဟောကောင်းသနည်း။ ဃ။ ကျန်းမာလျှင် ဘယ်လိုနေ၍ ကျင်ကြီးကျင်ငယ် မစွန့်ကောင်းသနည်း။ င။ ဘယ်လိုနေရာများ၌ ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မပြုကောင်းသနည်း။ **သေခိယသိက္ခာပုဒ်များ ပြီး၏။** # ၇-ခန္ဓကဝတ် ၁၄-ပါးကို သင်ပြခဏ်း [စူဠဝဂ္ဂ-ဝတ္တက္ခန္ဓက၌လာသော ဤကျင့်ဝတ်များကိုလည်း ဖတ်စာလုပ်၍ ရေးပါမည်၊ ရှင်သာမဏေများကို ဖတ်စာအဖြစ်ဖြင့် ဖတ်ပါစေ၊ တတ်နိုင်လျှင် လက်ရေးစာအဖြစ်ဖြင့် အကူးခိုင်းပြီးမှ ဖတ်ပါစေ။] ## (က) အာဂန္တုကဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... သူတပါးတို့၏ ကျောင်းတိုက် သို့ ခေတ္တခဏသွားသောရဟန်းသာမဏေကို "အာဂန္တုက=ဧည့်သည်" ဟု ခေါ်သည်၊ ထို အာဂန္တု ကပုဂ္ဂိုလ်သည် သူတပါး၏ ကျောင်းတိုက် အာရာမ်တွင်းသို့ ဝင်လိုသောအခါ"— (၁) ဘိနပ်စီး၍ ထီးဆောင်းလာသူဖြစ်လျှင် ကျောင်းထဲ မဝင်မီ ဘိနပ်ကိုလည်း ချွတ်ရဲ့၊ ထီးကိုလည်း ရုပ်ရသည်။ (၂) ဦးခေါင်းခြုံလာလျှင် ထိုခေါင်းခြုံကို ဖွင့်၍ သင်္ကန်းကို ကောင်းမွန်စွာ ရုန်းပြီးမှ ဝင်ရမည်။ (၃) ကျောင်းတိုက်တွင်းသို့ ရောက်ပြီးနောက် ကျောင်းနေ ပုဂ္ဂိုလ်က မိမိထက်ကြီးလျှင် ထိုပုဂ္ဂိုလ်ကို ရှိခိုးပြီးမှ သင့်တော်သောနေရာ၌ ထိုင်ရသည်။ [မိမိကကြီးလျှင် ရှိမခိုးဘဲ သင့်တော်ရာ၌ ထိုင်ရသည်။] ## (ခ) အာဝါသိကဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ...မိမိတို နေမြဲကျောင်း၌ အတော်ကြာကြာ နေသော ရဟန်းသာမဏေကို "အာဝါသိက=ကျောင်းနေ ပုဂ္ဂိုလ်"ဟု ခေါ်သည်၊ ထိုအာဝါသိကပုဂ္ဂိုလ်သည်—— (၁) မိမိထက် ကြီးသော အာဂန္တုကပုဂ္ဂိုလ် လာသည်ကို မြင်လျှင် သူမှာပါသော သပိတ်သင်္ကန်းစသော အရာဝတ္ထုကို လှမ်း၍ ယူရသည်၊ နေရာခင်းပေးရသည်၊ ခြေဆေးလိုလျှင် ခြေဆေးပေးရသည်။ (၂) "သောက်ရေ အလိုရှိပါသလား"ဟု လျှောက်၍ အလိုရှိလျှင် ကိုယ်တိုင်သော်လည်း သောက်ရေ ကပ်ရသည်၊ သို့မဟုတ် တယောက်ယောက်ကိုသော်လည်း အကပ်ခိုင်းရသည်။ (၃) အာဂန္တုကရဟန်းက မိမိအောက် ငယ်လျင် သပိတ်သင်္ကန်းထားဖို့ နေရာကို "မည်သည့်နေရာမှာ ထား" ဟု ညွှန်ပြရသည်၊ ထိုင်ဖို့ နေရာကို "မည်သည့်နေရာမှာ ထိုင်"ဟု ညွှန်ပြရသည်၊ ခြေဆေးလိုလျှင် ခြေဆေးဖို့ နေရာကို ညွှန်ပြရသည်၊ သောက်ရေ အလိုရှိလျှင် သောက်ရေထားသော နေရာကို ညွှန်ပြရသည်။ (၄) ထို့နောက် တည်းခိုဖို့နေရာနှင့် ဝစ္စကုဋိ ပဿာဝကုဋိ (ကျင်ကြီးအိမ် ကျင်ငယ်အိမ်) စသည်ကို ပြောပြရသည်။ ## (ဂ) ဂမိကဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... ခရီးသွားမည့် ရဟန်း သာမဏေကို "ဂမိကပုဂ္ဂိုလ်"ဟု ခေါ်၏။ ထိုဂမိကပုဂ္ဂိုလ်သည်— (၁) မိမိသုံးစွဲနေသော သံဃိက (သံဃာအများပိုင်) သစ်ဘဏ္ဍာ မြေဘဏ္ဍာ (သစ်သားဖြင့် လုပ်အပ်သော ခုတင် ကုလားထိုင် စားပွဲစသည်နှင့် မြေဖြင့် ပြုလုပ်အပ်သော အိုးခွက် ပန်းကန်စသော ဘဏ္ဍာ)များကို သိမ်းရသည်၊ (၂) မိမိတပါးတည်း နေသော ကျောင်းဖြစ်လျှင် ကျောင်းခန်းတံခါးနှင့် လေသောက်ပြုတင်းတို့ကို ပိတ်ရသည်။ (၃) ကျောင်းမှာရှိသော အကြီးအကဲနှင့် သီတင်းသုံးဘော် များကို "မည်သည့်အရပ် သွားပါဦးမည်"ဟု ပန်ပြောရသည်။ (၄) ထိုတာဝန်ဝတ္တရားများကို ပြုလုပ်ပြီးမှ ခရီးသွားရသည်၊ ထိုဝတ္တရားများကို မပြုလုပ်ဘဲသွားလျှင် ရဟန်းများမှာ အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်သည်။ ## (ဃ) အနုမောဒနာပတ် ကိုရှင် ဗုဒ္ဓရက္ခိတ... ကျောင်းတိုက်တွင်းမှာဖြစ်စေ မြို့ရွာတွင်းမှာဖြစ်စေ ဆွမ်းကျွေးပြီးသောအခါစသည်၌ ဒါယကာ တို့အား ဝမ်းမြောက်ဝမ်းသာရှိအောင် တရားဟောခြင်းကို "အနုမောဒနာပြုခြင်း"ဟု ခေါ်သည်။ [အနု=အဖန်ဖန်+ မောဒနာ=ဝမ်းမြောက်စေခြင်း။] ထိုသို့ ဆွမ်းတရားဟောမှုနှင့် အလှူမဏ္ဍပ်၌ တရားဟောမှု စသော အနုမောဒနာ ပြုမှုသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန်ဖြစ်၏။ ထိုကြောင့်= (၁) အကြီးဆုံးပုဂ္ဂိုလ်သည် ကိုယ်တိုင်စွမ်းနိုင်လျှင် ကိုယ်တိုင် အနုမောဒနာ ပြုရသည်။ (၂) ကိုယ်တိုင်မစွမ်းနိုင်လျှင် စွမ်းနိုင်သူ တပါးပါးကို(ကိုရင် ကလေးဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရသည်။ (၃) အကြီးဆုံးက မတိုက်တွန်းဘဲ မည်သူမျှ အနုမောဒနာ မပြုရ။ (၄) အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ်တရားကို နားမလည်၍ မိမိ ကိုယ်တိုင်လည်း မဟော၊ သူတပါးကိုလည်း မတိုက် တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့် ပန်၍ တရားဟောနိုင်ပါသည်။ (၅) ဒါယကာက သူကြည်ညိုသော ပုဂ္ဂိုလ်အား တရား ဟောရန် လျှောက်ထားလျှင်လည်း အကြီးဆုံး မထေရ်ကြီးအား ခွင့်ပန်ဖွယ် မလိုတော့ပါ။ ## (င) ဘတ္တဂ္ဂဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... ဆွမ်းစားရာ ဌာနဖြစ်သော ကျောင်းကို ဖြစ်စေ စရပ်ကိုဖြစ်စေ အိမ်ကိုဖြစ်စေ "ဘတ္တဂ္ဂ" ဟု ခေါ်၏။ [ဘတ္တ=ဆွမ်း+ဂ=ယူရာ ဌာန။] ဘုရားလက်ထက်တော်၌ ရွာတွင်းမှာလည်း ဆွမ်းစားစရပ်ရှိသည်၊ ထိုကြောင့်— --- [Trang PDF] 91 - 95## Trang 1 (၁) ကျောင်းတွင်းရှိ ဆွမ်းစားစရပ်သို့ သွားသော ပုဂ္ဂိုလ်သည်သေခိယ သိက္ခာပုဒ်များနှင့် ညီညွတ်အောင် သင်္ကန်းရုံခြင်း စသော ကျင့်ဝတ်များကို စောင့်ထိန်း၍ သွားရသည်၊ ပြန်လာသောအခါလည်း သေခိယသိက္ခာပုဒ်တော်များနှင့် ညီစွာ ပြန်လာရသည်၊(၂) ကျောင်းတိုက် အတွင်း၌ ရှိသော ဆွမ်းစားကျောင်းသို့ သွားသော ပုဂ္ဂိုလ်လည်း သင်္ကန်းကို ညီညာစွာဝတ်၍ ရိုင်း၍ သွားရသည်။ (၃) မည်သည့် ဆွမ်းစားရာဌာန၌မဆို မထေရ်ကြီးများ၏အနီး အပါး၌ အလွန်နီးကပ်စွာ မထိုင်ရ။ [ထိုသို့အလွန်နီးကပ်စွာ ထိုင်ခြင်းသည် မရိုသေရာရောက်သည်။] (၄) မိမိအောက် ငယ်သားများကိုလည်း ရှိနေသော နေရာကို (မထိုင်နှင့်-ဟု) မတားမြစ်ရ။ (၅) ဆွမ်းစားသော အခါ၌လည်း သေခိယ သိက္ခာပုဒ်တော်နှင့် ညီစွာ စားသောက်ရသည်။ (၆) ဆွမ်းစားခါနီးဖြစ်စေ ဆွမ်းစားပြီးနောက် ဖြစ်စေလက်စသည်ကို ဆေးသောအခါ ရေသံ ပလုပ်ကျင်းသံစသည်မကြားရအောင် ငြိမ်သက်စွာ ဆေးရသည်။ (၇) အနီးအပါး ပုဂ္ဂိုလ်များကို ရေမစဉ်ရအောင် သတိထား၍ လက်ဆေးခံ ထွေးခံတို့၌သာ ဆေးရ-ထွေးရသည်။ # Trang 2 ( စ ) ပိဏ္ဍစာရိကဝတ် ကိုရင် ဗုဒ္ဓရက္ခိတ... ဆွမ်းခံသွားသော ရဟန်းသာမဏေများကို "ပိဏ္ဍစာရိက"ဟု ခေါ်၏ [ပိဏ္ဍ=ဆွမ်းအလို့ငှါ+စာရိက=လှည့်လည်သူ။ ထိုဆွမ်းခံသွားမည့် ပုဂ္ဂိုလ်သည်— ( ၁ ) ရှေးဦးစွာ သိမ်းစရာရှိသော သစ်ဘဏ္ဍာ မြေဘဏ္ဍာတို့ကို သိမ်းဆည်းရသည်။ ( ၂ ) သပိတ်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးရသည်။ [မသန့်ရှင်းဘူး ထင်လျှင် ရဟန်းတို့မှာ သပိတ်ကို အကပ်ခံရသည်။] ( ၃ ) သေခိယသိက္ခာပုဒ်များနှင့် ညီစွာ သင်္ကန်းရုံခြင်းစသော ကျင့်ဝတ်များကို ကျင့်ရသည်။ ( ၄ ) ဆွမ်းရပ်သောအခါ၌လည်း ဆွမ်းလောင်းသော နေရာနှင့် မဝေးလွန်းမနီးလွန်းအောင် ရပ်ရသည်၊ အလွန်ကြာကြာလည်း မရပ်ရ၊ အလွန်မြန်စွာလည်း ပြန်၍မလှည့်ရ။ ( ၅ ) ရပ်နေတုန်း၌ "လောင်းမည်,မလောင်းမည်"ကို အကဲခပ်တတ်ရသည်။ ( ၆ ) ဆွမ်းလောင်းသူ၏မျက်နှာကိုလည်း မော်၍မကြည့်ရ။ ( ၇) အိမ်မှ ပြန်ထွက်သောအခါလည်း မနှေးလွန်းမမြန်လွန်းပြန်ထွက်ရသည်၊ # Trang 3(ဆ) အာရညိကဝတ် ကိုရင် ဗုဒ္ဓရက္ခိတ…… တောကျောင်း၌ နေသော ပုဂ္ဂိုလ်ကို"အာရညိက ပုဂ္ဂိုလ်"ဟု ခေါ်၏၊ [အရည=တော၌+ဣက=နေလေ့ရှိသူ။] ထို တောနေပုဂ္ဂိုလ်သည်— ( ၁ ) သူခိုး ဓားပြ သူပုန် စသူတို့က တောင်းလာလျှင် အဆင့်သင့် မရခဲ့သော် ဘေးရန်အန္တရာယ် ပြုတတ်သောကြောင့် အဆင်သင့်ရဖို့ရာ သောက်ရေ သုံးရေများကိုတည်ထားရသည်။ ( ၂ ) မီးကိုသော်လည်း အဆင်သင့် ထည့်ထားရသည်၊ မီးမထည့်လျှင် (မီးပွတ်၍ ရသော) ပွတ်ခုံ ပွတ်ကျည်ကိုထားရသည်။[ယခုခေတ်၌ ပွတ်ခုံပွတ်ကျည်မသုံးသောကြောင့် ထို ပွတ်ခုံ ပွတ်ကျည်အစား မီးခြစ်ဗူးကိုထားရမည်။] ( ၃ ) မိမိသွားတဲ့ လာတဲ့အခါ လွယ်ကူအောင် တောင်ဝှေးကိုလည်း ထားရသည်။ ( ၄ ) ခိုးသူတို့က မေးလာလျှင် ပြောပြရအောင် အရှေ့အနောက် စသော အရပ်မျက်နှာတို့ကိုလည်းကောင်း, နက္ခတ်တာရာတို့၏ အကြောင်းအရာကိုလည်းကောင်း သိထားရသည်၊(သိအောင် လေ့လာရသည်-ဟူလို။) # Trang 4(င) သေနာသနဝတ် ကိုရင် ဗုဒ္ဓရက္ခိတ ကျောင်းကိုလည်းကောင်း, အိပ်ရာ နေရာကိုလည်းကောင်း"သေနာသန"ဟု ခေါ်၏။ [သေန=အိပ်ရာ+အာသန=နေရာ။] ရဟန်း သာမဏေတို့သည် မိမိနေရာ ကျောင်းနှင့်အိပ်ရာ နေရာများကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်းကြရသည်။ ထိုကြောင့်— (၁) ညောင်စောင်းအင်းပျဉ်ဟု ရှေးက ခေါ်ရသော ခုတင်ထိုင်ခုံ စားပွဲ ကုလားထိုင် စသည်တို့ကို ဖုံသုတ်မှုတခါ တခါ နေလှန်းမှု စသည်ကို ပြုရသည်။ (၂) ကျောင်းပရဝိုင်းဟုခေါ်သော ကျောင်းဝိုင်း တိုက်ဝိုင်းကိုလည်းကောင်း, ရေချိုးအိမ် ကျင်ငယ်အိမ် ကျင်ကြီးအိမ်စသည်ကိုလည်းကောင်း အမှိုက်ရှိလျှင် တံမြက်လှည်းရသည်၊မြေပြင်ဝယ် တံမြက်လှည်းသောအခါ၌ ဖုံမထအောင်ရေဖျန်း၍ လှည်းရသည်။ [တံမြက်လှည်း၍ ဖုံထလျှင် ထို ဖုံတွေသည် ကျောင်းအတွင်း၌၎င်းကျောင်းအပြင် နံရံ စသည်၌၎င်း ငြိကပ်မည်စိုးသောကြောင့် ရေဖျန်း၍ လှည်းဖို့ရန် ပညတ်တော်မူသည်။] (၃) ကျောင်းခန်းအတွင်းကို ရှင်းလင်းသောအခါ မသုတ်သင်မီ အတွင်းမှာရှိသော သပိတ် သင်္ကန်း ခေါင်းအုံး,စောင်, ခုတင်, စားပွဲ ကုလားထိုင် စသော အသုံးအဆောင် အားလုံးကို အပြင်သို့ ထုတ်၍ သင့်တော်သော နေရာ၌ ထားရသည်၊ ထိုသို့ အသုံးအဆောင်အားလုံးကို အပြင်သို့ ထုတ်ပြီးမှ ပင့်ကူမျှင် ရှိလျှင် # Trang 5 (ပိုးကောင်ကလေးများကို မထိမိအောင် ရှောင်လျက်)အထက် မျက်နှာကြက်မှစ၍ တံမြက်လှည်းရသည်၊လေသောက်ပြူတင်းပေါက် အနားတိုကို ပွတ်သုတ်ရသည်၊ အင်္ဂတေ ဆေးသုတ်ထားသော နေရာများ၌ကား အဝတ်ကို ရေဆွတ်၍ ညှစ်ပြီးလျှင် ဆေးရောင်မဲပျက်အောင် သာသာယာယာ ပွတ်တိုက်ရသည်။ (၄) အမှိုက်များကို စုပြီးနောက် သင့်တော်ရာ၌ စွန့်ပစ်ရသည်၊ အပြင်သို့ ထုတ်ထားသော သင်္ကန်း ခုတင်စသည်ကို ဖုံခါရသည်၊ ဖုံခါသောအခါ ရဟန်းတော်များ၏အနီး ကျောင်းတဆောင်ဆောင်၏အနီးသောက်ရေ သုံးရေအိုးတို့၏ အနီး၌ မခါရ၊ လေလာသောဘက်(လေတင်)ကလည်း မခါရ၊ လေအောက်သို့ ဖုံသွားအောင် ခါရသည်၊ ထိုသို့ ခါသင့်သည်ကိုဖုံခါပြီးမှ သုတ်သင့်သည်ကို ပွတ်သုတ်ပြီးမှ နေလှန်းသင့်သည်ကို နေလှန်းပြီးမှ အသုံးအဆောင်များကိုကျောင်းတွင်းသို့ ပြန်၍ သွင်းရသည်၊ ပြန်ထားသောအခါလည်း နဂိုအတိုင်း ထားတတ်အောင် အပြင်ထုတ်စဉ်ကပင် ထားပုံကို သေချာစွာ မှတ်သား၍ထုတ်ရမည် ဟု မိန့်တော်မူသည်။ (၅) လေတိုက်သောအခါ၌ ရိုးရိုး လေညှင်းလာလျှင်(မိမိကလည်း လေညှင်းခံလိုလျှင်)တံခါးများကို ပိတ်ဖွယ်မလိုပါ၊ သို့သော် တရံတခါ မြူမှုန်နှင့်ရော၍ လေလာတတ်၏၊ ထိုအခါ ကျောင်းတွင်း၌ မြူမှုန် မဝင်ရ --- [Trang PDF] 96 - 100## Trang 1 အောင် လေလာသောဘက်မှ တံခါးပေါက်နှင့် လေသောက်ပြုတင်းများကို ပိတ်ထားရသည်။ (၆) သောက်ရေ သုံးရေများကို သန့်ရှင်းစွာ တည်ထား၍(သောက်ရေခွက်ကိုလည်း နေ့စဉ် ပွတ်တိုက်) ရသည်။ (၇) မိမိထက် သီတင်းကြီးသူနှင့်အတူ တကျောင်းတည်း၌နေလျှင် "စာသင်မှု, ပြဿနာမေးမှု့ စာအံမှု့, တရားဟောမှု မီးထွန်း တံခါးဖွင့်မှု ပိတ်မှုများကို ထိုသီတင်းကြီးသူအား ခွင့်တောင်းပြီးမှ ပြုရသည်။ [နဂိုရ်ကပင်မထေရ်ကြီးက ထိုကိစ္စအားလုံးကို ( သင့်တော်သလိုပြုကြတော့ဟု)ခွင့်ပြုထားလျှင်ကား ခွင့်တောင်းဖွယ်မလိုပါ၊ ဤသို့ မထေရ်ကြီးက ခွင့်မပြုဘဲ ထင်ရာစိုင်းသူတို့ ကိုယ်လုပ်ချင်ရာလုပ်လျှင် ရဟန်းတို့မှာ အာပတ်သင့်၍ သာမဏေတို့မှာ ဒဏ်ထိုက်သည်။] ဤကားအလွန် သိထိုက်သော သေနာသန ဝတ်များတည်း၊ပါဠိတော်၌ကား သည့်ထက် ကျယ်ဝန်းစွာ ပါရှိလေသည်။ တိုက်တွန်းချက်။ ။မြတ်စွာဘုရားသည် ကျောင်း-အိပ်ရာနေရာတို့ကို နေ့စဉ် သုတ်သင် ရှင်းလင်းဘိရာ ပညတ်တော် မူထားသည့် အတိုင်း ကျောင်းတွင်းကျောင်းဝိုင်းများကို နေ့စဉ် ရှင်းလင်းပါမူ ရဟန်းတော်များ၏ နေရာသည် အသာယာဆုံး ကြည်နူးဖွယ် အကောင်းဆုံးရောက်လာသူတို့၏ စိတ်နှလုံးကို ယူကျုံးနိုင်ဆုံး ဖြစ်လောက်ရာ၏၊ ယခုမူကား အများအားဖြင့် ထိုကဲ့သို့ သုတ်သင်ရမည့်--- --- ## Trang 2 အစား ညစ်ပေ ရှုပ်ပွေအောင် ထားကြသဖြင့် ဂုဏ်ယူရမည့်နေရာဝယ် ဂုဏ်ပျက်ဖွယ် ဖြစ်ရပါတော့သည်။ ထိုသို့ မဖြစ်ရအောင် နောက်ခေတ်ပုဂ္ဂိုလ်များ ကြိုးစားနိုင်ကြပါစေသား။ လေ့ကျင့်ခဏ်း မေးခွန်းက။ ဘယ်လိုပုဂ္ဂိုလ်ကို "အာဂန္တုက" ဟု ခေါ်သနည်း၊အာဂန္တုကဝတ်များကို ပြပါ။ ခ။ ဘယ်လိုပုဂ္ဂိုလ်ကို "အာဝါသိက" ခေါ်သနည်း၊ အာဝါသိက ဝတ်များကို ပြပါ။ ဂ။ ဘယ်လိုပုဂ္ဂိုလ်ကို "ဂမိက" ဟု ခေါ်သနည်း၊ ဂမိကဝတ်များကို ပြပါ။ ဃ။ ဘယ်လို ပြုခြင်းကို " အနုမောဒနာ ပြုခြင်း" ဟု ခေါ်သနည်း၊ ထိုအနုမောဒနာငတ်ကို ပြပါ။ င။ ဘယ်လိုနေရာကို "ဘတ္တဂ္ဂ"ဟု ခေါ်သနည်း၊ဘတ္တဂ္ဂဝတ်ကို ပြပါ။ စ။ ဘယ်လိုပုဂ္ဂိုလ်ကို"ပိဏ္ဍစာရိက ပုဂ္ဂိုလ်"ဟု ခေါ်သနည်း၊ထို ပိဏ္ဍစာရိကဝတ်ကို ပြပါ။ ဆ။ ဘယ်လို ပုဂ္ဂိုလ်ကို "အာရညိက"ဟု ခေါ်သနည်း၊ ထိုအာရညိကဝတ်ကို ပြပါ။ --- --- ## Trang 3 ဇ။ အဘယ်ကို "သေနာသန"ဟု ခေါ်သနည်း၊ ထိုသေနာသနဝတ်များကို မှတ်မိသမျှ ပြပါ။ ဈ။ သေနာသနဝတ်ကို မပြုသော ကျောင်းတိုက်သည်' ရောက်လာသော ရဟန်း ရှင်လူတို့၏ စိတ်ကို နှစ်သက်စေနိုင်မည်လော။ (ဈ) ဇန္တာဃရဝတ် ကိုရင် ဗုဒ္ဓရက္ခိတ….ဆီးနှင်း အားကြီး၍ အအေးများသော အရပ်ဒေသတို့၌ ကိုယ်လက်တောင့်တင်းသော မကျန်းမမာမှုနှင့် အအေးမိသော ရောဂါများ ဖြစ်တတ်ကြသည်၊ ထိုမကျန်းမမာမှုများ မဖြစ်ရအောင် ကိုယ်ခန္ဓာကို နူးနပ်စေခြင်းအကျိုးငှါ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်ကြရသည်၊ ထိုရေချိုးအိမ် ကျောင်းငယ်ကလေးကို "ဇန္တာဃရ=ဇန္တုံးအိမ်"ဟု၎င်း "မီးတင်းကုပ်"ဟု၎င်း "ရေချိုးအိမ်"ဟု၎င်း ခေါ်ကြ၏။ ထို ရေချိုးအိမ်၌ မီးပူကို ခံနိုင်အောင် မျက်နှာကို မြေညက်ဖြင့် သုတ်လိမ်း၍ အတွင်းသို့ ဝင်ပြီးလျှင် ဆပ်ပြာဖြင့်တကိုယ်လုံး ပွတ်တိုက်ကာ ရေချိုးလေ့ရှိကြ၏။ တပါး ၂-ပါးသာ မက, တပြိုင်နက် ရဟန်းသာမဏေအများဝင်၍ ရေချိုးလေ့ရှိကြသည်၊ ထို့ကြောင့် မီးဖို၌ ပြာရှိလျင် ထိုပြာကို စွန့်ပစ်ခြင်း, တံမြက်လှည်းခြင်း, ဆပ်ပြာမှုန့်ရှိလျင် (ရေဖြင့်နယ်၍) အခဲလုပ်ခြင်းစသော ကျင့်ဝတ်များကို ပြုလုပ်ကြရသည်။ --- --- ## Trang 4 (ဉ) ဝစ္စကုဋိဝတ် ကိုရင် ဗုဒ္ဓရက္ခိတ.ကျင်ကြီးစွန့်သော နေရာကို "ဝစ္စ-ကုဋိ"ဟု၎င်း "ကုအိမ်"ဟု၎င်း ခေါ်သည်၊ ထို ကုအိမ်သည် ကျောင်းတိုက် ဟူသမျှ၌ မရှိလျှင် မဖြစ်နိုင်သောနေရာတမျိုးတည်း၊ ထို ့ကြောင့် ကုဋေအိမ်၌ ပြုကျင့်ရမည့် ဝတ်ကိုလည်း အထူးမှတ်ပါ။ (၁) ကုဋိအိမ်သို့ ဝင်မည့်ကြံလျှင် အတွင်း၌ လူရှိ-မရှိ သိရအောင် မဝင်မီ "အဟမ်း"ဟု ချောင်းဟန့်လိုက်ပါ၊အတွင်းမှာရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်ပါလိမ့်မည်။ (၂) လူမရှိလျှင် အပေါ် ဧကသီကို အပြင် သင်္ကန်းတန်း၌ချထားပြီးမှ တံခါးကို ဖွင့်၍ မနှေးလွန်း မမြန်လွန်းအတွင်းသို့ ဝင်ပါလေ။ [ကုဋိ အပြင်ဘက်၌ သင်္ကန်းထားဘို့ရန် တန်းရှိစေရမည်။] (၃) အတွင်းသို့ ရောက်သောအခါ ခြေနင်းခုံပေါ်၌ ခြေစုံရပ်ပြီးမှ သင်းပိုင်ကို (မ)ရသည်၊ မဝင်မီက သင်းပိုင်ကို (မ)၍ မဝင်ပါလေနှင့်။ (၄) ကျင်ကြီးစွန့်နေစဉ်"အင်းအင်း"ဟု ညည်းသံ ညှစ်သံမမြည်ပါ စေနှင့်။ (၅) ကျင်ကြီး စွန့်နေတုန်းမှာ ပါးစပ်ဖြင့် ဒန်ပူကို ကိုက်၍မတားပါနှင့်။ --- --- ## Trang 5 (၆) ကျင်ကြီးခွက် ကျင်ငယ်ခွက် (ကျင်ကြီးပေါက် ကျင်ငယ်မြောင်း) တို့၏ ဘေး၌ မရောက်စေဘဲ ခွက်တဲ့တဲ့ အပေါက်တဲ့တဲ့)ကျအောင် စွန့်ပါ။ (၇) ကျင်ငယ်မြောင်း(ကျင်ငယ်ခွက်)ထဲ၌ နှပ် တံထွေးကိုမညှစ်-မထွေးပါနှင့်။ (ဂ) ကြမ်းသော ပုပ်သော ဆွေးသော ကနုတံ (ဒုတ်ချောင်း) ဖြင့် မသုတ်ပါနှင့်၊ သုတ်ပြီး ကနုတံကိုကျင်ကြီးတွင်း (ကျင်ကြီးခွက်) ထဲ၌ မကျပါစေနှင့်၊(၉) ဖင်ဆေးရေကို "သန့်သက်ရေ " ဟု ခေါ်၏၊ ထိုသန့်သက်ရေကို ရှေးခေတ်၌ ကုဋိအတွင်း မထားဘဲသီးခြားအခန်းမှာ ထားသည်။ ယခုခေတ်၌ကား ကျင်ကြီးစွန့်ရာ အခန်းမှာပင် ထားသည်၊ ထို သန့်သက်ရေဆေးသောအခါ အသံမမြည်အောင် ဆေးပါ၊ သန့်သက်ရေခွက်ထဲ၌ ရေကို ချန်မထားခဲ့ပါနှင့်။ (ခွက်ကိုမှောက်ထားပါ။)(၁၀) ကျင်ကြီးစွန့်ပြီးသောအခါ ခြေနင်းခုံပေါ်၌ ရပ်နေတုန်းမှာပင် ပင့်ထားသော သင်းပိုင်ကို ချလိုက်ပါ၊သင်းပိုင် (မ) လျက် ကုဋိပြင်ဘက်သို့ မထွက်ခဲ့ပါနှင့်။ (၁၁) ကုဋ်၌ ကျင်ကြီးပေနေလျှင် ရေဖြင့် ဆေးပါ၊ ကနုတံပုံး ပြည့်နေလျှင် ကနုတံများကို အပြင်ဘက် သင့်တော်သော နေရာ၌ စွန့်ပစ်ပါ၊ ကုဋိ၌ အမှိုက်ရှုပ်နေလျှင် တံမြက်လှည်းပါ၊ သန့်သက်ရေအိုး၌ ရေမရှိလျှင်ရေထည့်ပါ။ --- --- [Trang PDF] 101 - 105## Trang 1 (၁၂) ပြခဲ့သော ကျင့်ဝတ်များကို မကျင့်လျှင် ရဟန်းများမှာ အာပတ်သင့်၍ သာမဏေများမှာ ဒဏ်ထိုက်ပါသည်၊ ထိုကြောင့် ဧကန် ကျင့်ရမည့် ဝတ်များ ဖြစ်ကြောင်းကို နားလည်ပါ။ (ဋ) ဥပဇ္ဈာယဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... မိဘတ္ထိသည် သားသမီးတို့ အပေါ်၌အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသကဲ့သို့ တပည့်အပေါ်၌ အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို "ဥပဇ္ဈာယ်ဆရာ" ဟုခေါ်၏၊ ထိုကြောင့် ရှင်သာမဏေပြုပြီးလျှင် ပြီးခြင်း မိမိဆရာအရင်းကို "ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ=တပည့်တော်၏ ဥပဇ္ဈာယ် ဖြစ်တော်မူပါဘုရား" ဟု ၃-ခေါက်ဆို၍ဥပဇ္ဈာယ် ယူထားကြရသည်၊ ထို ဥပဇ္ဈာယ် ဆရာသည် သာသနာတော်မှာ မိဘရင်းကဲ့သို့ အရင်းဆုံး ဖြစ်သည်၊ ထိုဥပဇ္ဈာယ်ဆရာ၌ အတူနေတပည့်က ပြုရမည့်ဝတ္တရားတွေလည်း အများအပြားပင် ရှိ၏၊ ထို့ကြောင့် ဥပဇ္ဈာယ်နှင့် အတူနေသော တပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင်.. ( ၁ ) နံနက်စောစောထ၍ ကိုယ်ဝတ်ဧကသီကို လက်ကတော့တင်ပြီးလျှင် မျက်နှာသစ်ရေနှင့် ဒန်ပူ ကပ်ရသည်။ ( ၂ ) ယာဂုဖြစ်စေ ဆွမ်းဖြစ်စေ ရှိလျှင်လည်း ကပ်ရသည်။ ( ၃ ) ဥပဇ္ဈာယ်ဆရာ၏ ကျောင်း အိပ်ရာ နေရာတို့ကို တံမြက်လှည်းရသည်။ --- ## Trang 2 ( ၄ ) အိပ်ရာခင်း စသည်ကို နေလှန်းသင့်လျှင် နေလှန်း၍ထိုင်ဘိုနေရာ စသည်ကိုလည်း ခင်းပေးရသည်၊ ဤသို့ စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ ပြုကြရသော ဝတ္တရားတွေ များစွာ ရှိပေသည်။ မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာ၌ တပည့်အများရှိရာတွင် တပါးပါးက "ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကြီး ဝတ်ငယ်များကို တပည့်တော်ပြုပါမည်"ဟု တာဝန်ယူထားသော်လည်းကောင်း,ဥပဇ္ဈာယ်ဆရာကိုယ်တိုင်က "ငါ့မှာ ဝတ်ပြုမည့်သူ ရှိပြီ၊ သင်တို့ချမ်းသာစွာနေ၍ ပရိယတ် ပဋိပတ်ကို အားထုတ်ကြ"ဟုခွင့်ပြုထားသော်လည်းကောင်း ဝတ်ကြီးဝတ်ငယ် မပြုဘဲ နေခွင့်ရပါသည်၊ ဥပဇ္ဈာယ်ဆရာမှာ ဝတ်ပြုမည့်သူလည်း မရှိ၊ ခွင့်ပြုချက်လည်း မရှိပါဘဲ ဝတ်မပြုသော ရဟန်းသာမဏေတို့မှာအာပတ်သင့်ခြင်း, ဒဏ်ထိုက်ခြင်းဟူသော အပြစ်ရှိသည်။ (ဌ) သဒ္ဓိဝိဟာရိကဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ … ဥပဇ္ဈာယ်ယူထားသော တပည့်ကို"သဒ္ဓိဝိဟာရိက= အတူနေတပည့်"ဟု ခေါ်၏။ [သဒ္ဓိ =အတူ + ဝိဟာရိက = နေလေ့ရှိသူ။] ဥပဇ္ဈာယ်ဆရာ့အတွက်တပည့်မှာသာ တာဝန်ဝတ္တရားရှိသည် မဟုတ်သေး၊ ဥပဇ္ဈာယ်ဆရာမှာလည်း တပည့်အပေါ်ပြုရသော ဝတ္တရားတွေ ရှိသေး၏၊ထိုဝတ္တရားအချို့ကား-- (၁) စာချပေးခြင်း ဆုံးမဩဝါဒပေးခြင်းတို့ဖြင့် သင်္ဂြိုဟ်ချီးမြှောက်ရသည်။ --- ## Trang 3 (၂) တပည့်မှာ သပိတ် သင်္ကန်း စသော ပရိက္ခရာမရှိ၍ဥပဇ္ဈာယ်မှာ ရှိလျှင် ထို သပိတ် သင်္ကန်း စသည်ကိုပေးခြင်းဖြင့် ချီးမြှောက်ရသည်။ (၃) ဥပဇ္ဈာယ်မှာ အပိုမရှိလျှင် "ဘယ်လိုနည်းဖြင့် တပည့်မှာသပိတ် သင်္ကန်း ရပါ့မလဲ"ဟု ကြောင့်ကြစိုက်ရသည်။ (၄) တပည့် မကျန်းမမာဖြစ်သော အခါ၌ကား ဒန်ပူပေးခြင်း, မျက်နှာသစ်ရေပေးခြင်း, ယာဂုပေးခြင်း, တပည့်နေရာ၌ အမှိုက်ရှုပ်လျှင် တံမြက်လှည်းခြင်းစသောဝတ်များကို (တပည့်က ဆရာ့အပေါ်၌ အမြဲပြုရသကဲ့သို့ ဆရာကလည်း တပည့်အပေါ်၌) ပြုရသည်။ (ဍ) အာစရိယဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... ဆရာ ၄-မျိုးအပေါ်၌ တပည့် ၄-မျိုးကပြုရသောဝတ်ကို "အာစရိယဝတ်"ဟု ခေါ်၏။ ဆရာ ၄-မျိုးကား---(၁) ရှင်ပြုတုန်းက သရဏဂုံပေးသော "ပဗ္ဗဇ္ဇာစရိယ=ရှင်ပြုပေးသော ဆရာ"၊(၂) ရဟန်းပြုတုန်းက ကမ္မဝါစာရွတ်ဆိုသော "ဥပသမ္ပဒါစရိယ=ရဟန်းပြုပေးသော ဆရာ"။ (၃) စာချပေးသော "ဓမ္မာစရိယ"။ (၄) နိဿယည်းပေးသော "နိဿယာစရိယ"တို့တည်း။ --- ## Trang 4 ထိုဆရာ ၄-မျိုး၌ တပည့် ၄-မျိုးက ပြုရသော တာဝန်ဝတ္တရားတို့မှာ ဥပဇ္ဈာယဝတ်နှင့် အများအားဖြင့် တူ၏၊ထိုကြောင့် ဆရာ ၄-ပါးအပေါ်၌ တပည့် ၄-ပါးတို့က မျက်နှာသစ်ရေကပ်ခြင်း, ယာဂုကပ်ခြင်းစသော ကျင့်ဝတ်များကိုပြုကြရသည်။ (ဎ) အန္တေဝါသိကဝတ် ကိုရှင် ဗုဒ္ဓရက္ခိတ... ဆရာ ၄-ပါး ရှိသကဲ့သို့ တပည့် ၄-ပါးရှိ၏၊ ထိုတပည့်များကို "အန္တေဝါသိက=အနီးနေတပည့်"ဟုခေါ်သည်၊ ထို ၄-ပါးကား--(၁) "ပဗ္ဗဇ္ဇန္တေဝါသိက=ရှင်ပြု ပေးအပ်သော တပည့်"။ (၂) "ဥပသမ္ပဒန္တေဝါသိက = ပဉ္စင်း ပြု ပေးအပ်သောတပည့်"။ (၃) "ဓမ္မန္တေဝါသိက=စာချပေးအပ်သော တပည့်"။ (၄) "နိဿယန္တေဝါသိက= နိဿယည်း ယူ၍ နေသောတပည့်"။ ဤ တပည့် ၄-မျိုး အပေါ်၌ ဆရာ ၄-မျိုးက ပြုရသောတာဝန် ဝတ္တရားများလည်း ဥပဇ္ဈာယ်က သဒ္ဓိဝိဟာရိကတပည့် အပေါ်၌ ပြုရသော ဝတ္တရားနှင့် သဘောတူ၏၊ ထိုကြောင့် ဆရာ ၄-မျိုးတို့သည် တပည့်၄-မျိုးတို့ အပေါ်စာချခြင်း, ဆုံးမဩဝါဒပေးခြင်း, သပိတ်သင်္ကန်း စသည်ကိုပေးခြင်း, မကျန်းမမာသောအခါ ပြုစုခြင်း စသော ဝတ္တရားများကို ပြုကြရသည်။ --- ## Trang 5 အမှာ။ ။ဥပဇ္ဈာယ်နှင့် အတူမနေရသော ရဟန်းငယ်တို့သည် အရည်အချင်းရှိသော ဆရာ့အထံ၌ "အာ-စရိယော မေ ဘန္တေ ဟောဟိ, အာယသ္မတော နိဿာယဝစ္ဆာမိ=အရှင်ဘုရား... တပည့်တော်၏ ဆရာဖြစ်တော်မူပါ၊အရှင်ဘုရားကို မှီခို၍ နေပါအံ့"ဟု ၃-ခေါက်ဆို၍ နိဿယည်းယူနေရသည်။ ဝတ်ကြေမှသာ နိဗ္ဗာန်ရောက် ကိုရှင် ဗုဒ္ဓရက္ခိတ…ဤပြခဲ့သော ကျင့်ဝတ် ၁၄-ပါးကိုဝိနည်း ပါဠိတော် စူဠဝဂ္ဂခန္ဓက၌ လာသောကြောင့် "ခန္ဓကဝတ်"ဟု ခေါ်ကြသည်၊ ဤကျင့်ဝတ်များ မကြေလျှင် အာပတ်သင့် - ဒဏ်ထိုက်သောကြောင့် သီလမပြည့်စုံသူ ဖြစ်၏၊သီလမစင်ကြယ်လျှင် စိတ် မတည်ကြည်နိုင်၊ စိတ်ပျံလွင့်၍မတည်ကြည် သူသည် (ကရားအားထုတ်သော အခါ)တရားကိုမမြင်နိုင်ပါ။ "သံသာရ ဝဋ္ဌဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇ ယာ-စာမိ=သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်း အကျိုးငှါ ရှင်ပြုပေးပါရန် တောင်းပန်ပါ၏"ဟု ရှင်ပြုတုန်းကဆိုခဲ့သော်လည်းတရားမမြင်သမျှ သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်၊ ထိုကြောင့်ဘုရားအဆုံးမတော်ကို လိုက်နာသော ဘုရားသားကောင်းရဟန်းသာမဏေ အပေါင်းသည် ပြခဲ့သော ဆိုင်ရာ ကျင့်ဝတ်များကို မချွတ်မယွင်းရအောင် ပြုကျင့်ရမည်၊ ထိုသို့ ပြုကျင့်မှသာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။ --- [Trang PDF] 106 - 110## Trang 1 တိုက်တွန်းချက်။ ။မိကောင်း ဖခင်တို့သည် မိမိတို့သားသမီးများကို ပညာတတ်အောင် စာသင်ကျောင်းသို့လည်း ပို့ရ အရာရာ၌ လိမ္မာအောင်လည်းပြောဆိုသင်ပြရသကဲ့သို့ ထိုအတူ ဆရာကောင်းတို့သည်လည်းမိမိတပည့်များကို ပညာတတ်အောင်လည်း သင်ပြဖို့တာဝန်,အဝတ်အစား အနေအထိုင် အပြော အဟော တတ်အောင်လည်း သင်ပြဖူး တာဝန် ရှိကြောင်းမှာ ဤပြခဲ့သောကျင့်ဝတ် များဖြင့် ထင်ရှားပါသည်။ ဝိနည်းမဟာဝဂ္ဂအဋ္ဌကထာ မဟာခန္ဓက `ပဗ္ဗဇ္ဇာဝိနိစ္ဆယခဏ်း၌လည်း "ရှင်သာမဏေ အသစ်ကို သင်္ကန်းဝတ်နည်းဝတ်နည်း, သပိတ်ကိုင်နည်း, စားသောက်နည်း စသည်၌အချိုးမကျသေးသမျှ ဆွမ်းစားကျောင်း စသော အများစုပေါင်းရာ အရပ်သို့ သွား၍ မစားမသောက် မနေမထိုင်စေသေးဘဲ ဆရာ၏ အနီးအပါး၌သာ အရာရာ သင်ပြ၍အချိုးကျအောင် ပြုပြင်ကြပါလေ"ဟု တိုက်တွန်းချက် ရှိပါသည်၊ ထို့ကြောင့် ဤ ပြခဲ့သော ကျင့်ဝတ်များကို နားလည်အောင် ပြောပြတော်မူကြစေလိုပါသည်။ ထိုသို့ နားလည်ပြီးသော အခါလည်း ရဟန်းသာမဏေဘဝ၏ စိတ်ထားမွန်မြတ်ရပုံ ထင်ရှားစေခြင်းငှါလည်းကောင်း,အကယ်၍လူထွက် သွားစေကာမူ သာသနာတော်၏ အကြောင်းကောင်းကောင်း နားလည်၍ သာသနာကို ပြုစုတတ်သောသူတော်ကောင်း ဒါယကာတစ်ယောက် ဖြစ်စေခြင်းငှါလည်းကောင်းယခု ညွှန်ပြမည့် အဘိဏ္ဏဒသဓမ္မ သတ်တော်နှင့် အတိုချုပ်ကမ္မဋ္ဌာန်း ဘာဝနာကိုလည်း သင်ပြ၍ ကြည်ညိုဖွယ် နည်း --- ယူဖွယ် ကောင်းလှသော ရှေးသာမဏေ သူတော်ကောင်းတို့၏ အကြောင်းအရာကိုလည်း ဖတ်စာလုပ်၍ ဖတ်ကြစေဖတ်ရန် တိုက်တွန်း တောင်းပန်ပါသည်။ လေ့ ကျင့်ခဏ်း မေးခွန်း က။ အဘယ်ကို"ဇန္တာဃရ"ဟု ခေါ် သနည်း၊ ထိုဇန္တာဃရကိုမြန်မာလို ဘယ်လို ခေါ်သနည်း၊ဇန္တာဃရဝတ်ကို ပြပါ။ ခ။ အဘယ်ကို "ဝစ္စကုဋိ" ဟု ခေါ်သနည်း၊ ထိုဝစ္စကုဋိဝတ်ကို ပြပါ။ ဂ။ ယခုအခါ၌ ဧကသီကို အပြင်ဘက်မှာမထားခဲ့ဘဲ ဝစ္စကုဋိအတွင်းသို့ ဝတ်၍ ဝင်သွားခြင်းသည် ထိုဝစ္စကုဋိဝတ်နှင့်ညီပါသလား၊ ထိုဝတ်နှင့်မညီလျှင် ဘယ်အပြစ် သင့်သနည်း။ ဃ။ အဘယ်ပုဂ္ဂိုလ်ကို "ဥပဇ္ဈာယ်"ဟု ခေါ်သနည်း၊ ထိုဥပဇ္ဈာယဝတ်ကို ပြပါ။ င။ အဘယ်ပုဂ္ဂိုလ်ကို "သဒ္ဓိဝိဟာရိက"ဟု ခေါ်သနည်း၊ ထိုသဒ္ဓိဝိဟာရိကဝတ်ကို ပြပါ။ စ။ အဘယ်ပုဂ္ဂိုလ်ကို "အာစရိယ" ဟု ခေါ်သနည်း၊ ထိုအာစရိယသည် ဘယ်နှစ်မျိုး ရှိသနည်း၊ ရေတွက်ပြပါ။ ဆ။ အဘယ်ပုဂ္ဂိုလ်ကို "အန္တေဝါသိက"ဟု ခေါ်သနည်း၊ထိုအန္တေဝါသိကသည်ဘယ်နှစ်မျိုးရှိသနည်း၊ ရေတွက်ပြပါ။ *။ ပြခဲ့သော ဝတ်များကို မကြေသော ရဟန်း သာမဏေသည် အဘယ် အပြစ်ရှိပါသနည်း။ ခန္ဓကဝတ်သင်ပြခဏ်း ပြီး၏။ ဂ-ကိုယ်ကျင့်တရားတော်များဒသဓမ္မသုတ် ပါဠိတော်နှင့် နိဿယ(ကျက်မှတ်ရန်)ဒသယိမေ ဘိက္ခဝေ ဓမ္မာ ပဗ္ဗဇိတေန အဘိဏ္ဏ ပစ္စဝေက္ခိ--တဗ္ဗာ။ ကတမေ ဒသ—- ( ၁ ) ဝေဝဏ္ဏိယံဟိ အဇ္ဇု ပဂတောတိ ပဗ္ဗ ဇိ တေနအဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ (၂) ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏ္ဏပစ္စဝေက္ခိတဗ္ဗ။ ( ၃ ) အညော မေ အာကပ္ပေါ ကရဏီယောတိ ပဗ္ဗဇိ-တေန အဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ ဘိက္ခဝေ၊ ဘိက္ခုတို့။ ဒသ၊ ၁၀-ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့ကို။ ပဗ္ဗဇိတေန၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။ အဘိဏ္ဏ၊ နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာ၊ ဆင်ခြင်ထိုက်ကုန်၏။ ကတမေ-ဒသ၊ အဘယ် ၁၀-ပါးတို့နည်း' ( ၁ ) (အဟံ၊ ငါသည်။) ဝေဝဏ္ဏိယံ၊ ဖောက်ပြန်သော အဆင်းရှိသူ၏ အဖြစ်သို့။ အတ္တ ပဂတော၊ ကပ်ရောက်ရသည်။ အမှန်၊ဖြစ်ပါတကား။ဣတိ၊ဤအကြောင်းကို။ ပဗ္ဗဇိတေန၊သည်။ အဘိဏ္ဏ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ဆင်ခြင်ထိုက်၏။ ( ၂ ) မေ၊ ငါ၏။ ဇီဝိကာ၊ အသက်မွေးမှုသည်။ ပရပဋိဗဒ္ဓါ၊သူတစ်ပါးတို့၌ ဆက်စပ်နေပါတကား။ ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။ အဘိဏ္ဏ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ ( ၃ ) မေ၊ ငါသည်။ အညော၊ လူတို့၏ အပြုအမူမှ တမျိုး တခြားသော။ အာကပ္ပေါ၊အပြုအမူကို။ ကရဏီယော၊ ပြုထိုက်ပါ --- ( ၄ ) ကစ္ဆိ နု ခေါ မေ အတ္တာ, သီလတော န ဥပဝဒ-တီတိ ပဗ္ဗဇိတေန အဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ ( ၅ ) ကစ္ဆိ နု ခေါ မံ အနုဝိစ္စ, ဝိညူ သဗြဟ္မစာရီ သီလ-တော န ဥပဝဒန္တီတိ ပဗ္ဗဇိတေန အဘိဏ္ဏ ပစ္စ-ဝေက္ခိတဗ္ဗ။ ( ၆ ) သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါဝိနာဘာဝေါတိ ပဗ္ဗဇိတေန အဘိဏ္ဏ ပစ္စဝေက္ခိ-တဗ္ဗ။ တကား။ ဣတိ၊ကို။ ပဗ္ဗဇိတေန၊ သည်။ အဘိဏ္ဏ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ ( ၄ ) ကစ္ဆိ၊ အသနည်း။ မေ၊ငါ၏။ အတ္တာ၊ စိတ်သည်။ ဝါ၊ ကိုယ်တိုင် သီလတော၊ သီလအားဖြင့်။ န ဥပဝဒတိ နု ခေါ၊မစွပ်စွဲပါ၏လော။ ဣတိ၊ ဤ အကြောင်းကို။ ပဗ္ဗဇိတေန၊သည်။ အဘိဏ္ဏ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ ( ၅ ) ကစ္ဆိ၊ အသနည်း။ မံ၊ငါ့ကို။ အနုဝိစ္စ၊ ဉာဏ်ဖြင့် သက်ဝင်၍။ ဝိညူ၊ ပညာရှိကုန်သော။ သဗြဟ္မစာရီ၊ သီလရှင်သုံးပါတို့သည်။ သီလတော၊ သီလအားဖြင့်။ န ဥပဝဒန္တိ နု ခေါ၊မစွပ်စွဲပါကုန်၏လော။ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။ အဘိဏ္ဏ၊ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ (၆) မေ၊ ငါ၏။ သဗ္ဗေဟိ၊အလုံးစုံကုန်သော။ ပိယေဟိ၊ ချစ်အပ်ကုန်သော။ မနာပေဟိ၊ မြတ်နိုးအပ်ကုန်သော ဆွေမျိုးရှင်းခြာ ဒါယကာ ဒါယိကာမတို့နှင့်။ နာနာဘာဝေါ၊ဇာတ်ချင်းမတူ အမူကွဲပြား တသီးတခြားဖြစ်ရခြင်းသည်။ ဝိနာဘာဝေါ၊ မပြန်တမ်း သေခြင်းဖြင့် ကွေကွင်း၍ ဖြစ်ရ --- (၇)ကမ္မဿကောမှိ ကမ္မဒါယာဒေါ, ကမ္မယောနိ ကမ္မဗန္ဓုကမ္မပ္ပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမီတိပဗ္ဗဇိတေန အဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ (၈) ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဝီတိဝတ္တန္တီတိ ပဗ္ဗဇိတေနအဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ (၉) ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီတိ ပဗ္ဗဇိ-တေန အဘိဏ္ဏ ပစ္စဝေက္ခိတဗ္ဗ။ ခြင်းသည်။ ဟောတိ၊ ဖြစ်ပါတကား။ ဣတိ၊ ကို။ ပဗ္ဗဇိ-တေန၊ သည်။ အဘိဏ္ဏ၊ ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ ( ၇) (အဟံ၊ ငါသည်။) ကမ္မဿကော၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ ကမ္မဒါယာဒေါ၊ ကံပေးအပ်သော အမွေကိုခံယူရသည်။ ကမ္မယောနိ၊ ကံဟူသော အကြောင်းရှိသည်။ ကမ္မဗန္ဓု၊ ကံဟူသော ဆွေမျိုးရှိသည်။ ကမ္မပ္ပဋိဿရဏော၊ကံဟူသော လည်းလျောင်းရာရှိသည်။ အမှန်၊ ဖြစ်ပါတကား။ ကလျာဏံ ဝါ၊ ကောင်းသည်မူလည်းဖြစ်သော။ပါပကံ ဝါ၊မကောင်းသည်မူလည်းဖြစ်သော။ ယံကမ္မံ၊ အကြင် ကံကို။ ကရိဿာမိ၊ပြုလိုက်အံ့။ထိုကမ္မဿ၊ထို ကံကောင်း ကံဆိုးအမျိုးမျိုး၏။ ဒါယာဒေါ၊ အမွေခံသည်။ ဘဝိဿာမိ ဖြစ်ရမှာပါတကား။ ဣတိ၊ကို။ ပဗ္ဗဇိတေန၊ သည်။ အဘိဏ္ဏ၊ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ ( ၈ ) မေ၊ ငါသည်။ ကထံဘူတဿ၊ အဘယ်သို့ ဖြစ်၍ ဖြစ်စဉ်။ ရတ္တိန္ဒိဝါ၊ ညဉ့်နေ့ တူသည်။ ဝီတိဝတ္တန္တိ၊ လွန်သွားပါကုန်လိမ့်မည်နည်း။ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။ အဘိဏ္ဏ၊ပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ၏။ --- [Trang PDF] 111 - 115## Trang 1 (၁၀) အတ္ထိ နု ခေါ မေ ဥတ္တရိမနုဿဓမ္မော အလမရိယဉာဏ-ဒဿနဝိသေသော အဓိဂတော၊ပစ္ဆိမေ ကာလေ, သဗြဟ္မစာရီဟိ ပုဋ္ဌောန မကုံဘဝိဿာမီတိ ပဗ္ဗဇိတေန အဘိဏှ ပစ္စဝေက္ခိတဗ္ဗ။ ဣမေ ခေါ ဘိက္ခဝေ ဒသဓမ္မာ ပဗ္ဗဇိတေနအဘိဏှ ပစ္စဝေက္ခိတဗ္ဗာ။ ( ၉ ) ကစ္စိ၊ အသို့နည်း။ အဟံ၊ငါသည်။ သုညာဂါရေ၊ ဆိတ်ငြိမ်သော ကျောင်း၌။ အဘိရမာမီ နု ခေါ၊ မွေ့လျော်နိုင်ပါ၏လော။ဣတိ၊ကို။ပဗ္ဗဇိတေန၊သည်။ အဘိဏှ ၊ နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ဆင်ခြင်ထိုက်၏။ ( ၁ဝ ) ယော အဟံ၊အကြင် ငါသည်။ ဝါ၊အကြင် ငါ့ကို။ ပစ္ဆိမေကာလေ၊ သေချိန်ရောက်ရာ နောက်အခါ၌။ သဗြဟ္မစာ-ရီဟိ၊ သီတင်းသုံးဘုန်းရှိသည်။ ပုဋ္ဌော၊ မေးအပ်သည်။ (သမာနော်၊ ဖြစ်လတ်သော်။) မကုံ၊ မျက်နှာ မသာယာသည်။ နဘပိဿာမိ၊ မဖြစ်ရလိမ့်အံ့။ တဿမေ၊ထို ငါ၏။ ဝါ၊ထို ငါသည်။ အဓိဂတော၊ သိအုပ်ရအပ်ပြီးသော။ အလ-မရိယဉာဏဒဿနဝိသေသော၊ ကိလေသာကို ဖျက်ဆီးခြင်း၌ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော။ ဥတ္တရိမနုဿဓမ္မော၊ မြတ်သော ဈာယီအရိယာလူတို၏ဥစ္စာဖြစ်သော ဈာန်မဂ်ဖိုလ်တရားသည်။ အတ္ထိနု ခေါ၊ ရှိလေသလော။ ဣတိ၊ ဤ အကြောင်းကို။ ပဗ္ဗဇိ-တေန၊သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။အဘိဏှ၊နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗ၊ ဆင်ခြင်ထိုက်၏။ ဘိက္ခဝေ၊ ဘိက္ခုတ္ထိ။ ဒသ၊ ၁၀-ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့ကို။ ပဗ္ဗဇိတေန၊ သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။ အဘိဏှ ၊ နေ့စဉ်မပြတ်။ ပစ္စဝေက္ခိတဗ္ဗာ၊ ဆင်ခြင်ထိုက်ကုန်၏။ --- ## Trang 2 ၉-ကမ္မဋ္ဌာန်းဘာဝနာသင်ပြခဏ်းဘာဝနာအကျိုး ဆရာ။ ။ကိုရင် ဗုဒ္ဓရက္ခိတ….." ဘာဝနာ"ဆိုတာကို နားလည်လွဲလား။ ကိုရှင်။ ။နားမလည်သေးပါ အရှင်ဘုရား။ ဆရာ။ ။မိမိစိတ်ကို(သေးသေး သိမ်သိမ် မဖြစ်စေဘဲ) တိုးတက်ကြီးပွားလာအောင် ကြိုးစားမှုကို"ဘာဝနာ"ဟု ခေါ်တယ်။ [ဘာဝနာ = တိုးပွားစေခြင်း။] တနည်း-မိမိစိတ်အစဉ်ကို ကမ္မဋ္ဌာန်းအာရုံ တပါးပါးဖြင့် ထုံမွှန်း၍ ထားမှုကို " ဘာဝနာ"လိုခေါ်တယ်။ [ဘာဝနာ=ထုံမွှန်းခြင်း။] ကိုရှင်။ ။" ထုံမွှန်း" ဆိုတာ ဘယ်လိုဟာဘာလဲ အရှင်ဘုရား။ ဆရာ ။ ။ အဝတ်ကို နံ့သာတို့ဖြင့် ဆွတ်ဖျန်းထားခြင်းအဝတ်အခေါက်ထဲမှာ နံ့သာမှုန့်တိုကို သွင်းထားခြင်းကို "နံ့သာဖြင့် ထုံမွှန်းခြင်း"လို့ ခေါ်တယ်၊ထိုအတူ စိတ်ကို ကမ္မဋ္ဌာန်းအာရုံ တပါးပါးဖြင့်ကောင်းမွန်စွာထားခြင်းကိုလဲ "စိတ်ကို ကမ္မဋ္ဌာန်းဖြင့် ထုံမွှန်းထားခြင်း"လို့ ခေါ်ရတယ်။ ၇-ပ-သ-၀ --- ## Trang 3 ကိုရင်။ ။ ဒီလို ထုံမွှန်းထားတော့ ဘာအကျိုးရှိပါသလဲအရှင်ဘုရား။ ဆရာ ။ ။ အဝတ်ကို အမွှေးနံ့သာတို့ဖြင့် ထုံထားတဲ့အခါအဝတ်မှာ မွှေးရနံ့ သင်းပျံနေသလို စိတ်ကိုကမ္မဋ္ဌာန်းအာရုံကောင်းဖြင့် ထုံမွှန်းထားသောအခါ စိတ်အစဉ်မှာ စိတ်ကောင်းစိတ်မြတ်ချည်းဖြစ်နေတဲ့အကျိုးကို ရနိုင်တယ်၊ မွှေးရနံ့ထုံနေသော အဝတ်မှာ မကောင်းနံ့တွေ မဝင်နိုင်သလိုကမ္မဋ္ဌာန်းဖြင့် ထုံထားသော စိတ်အစဉ်မှာလဲမကောင်းသော စိတ်အညစ်အကြေးတွေ မကပ်နိုင်တဲ့အကျိုးကိုလဲ ရနိုင်တယ်။ ကိုရှင်။ ။ ဒီလို စိတ်အညစ်အကြေးတွေ မကပ်ရောက်ဘဲစိတ်ကောင်း စိတ်မြတ် ဖြစ်နေတော့ ဘယ်လိုအရသာရှိပါသလဲ အရှင်ဘုရား။ ဆရာ။ ။စိတ်အညစ်အကြေးတွေ မကပ်ရောက်တော့ စိတ်အစဉ်ဟာ အမြဲကြည်လင်ပြီး အေးမြချမ်းသာတဲ့အရသာကို ခံစားရတယ်၊ ဒီလို စိတ်အေးမြတာကိုပင် "စိတ္တသုခ=စိတ်ချမ်းသာမှု"လို့ ဆိုရတယ်၊စိတ်ချမ်းသာတော့ ခန္ဓာကိုယ်လဲ ကျန်းမာ ချမ်းသာတဲ့ ကာယသုခအရသာကို ခံစားရတယ်၊ဒါ့ကြောင့် "ဘာဝနာ"ဆိုတာ စိတ်ရော ကိုယ်ပါချမ်းသာသုခ အရသာကို ပေးနိုင်တဲ့တရားမျိုးလို့အမြဲမှတ်ထားရမယ်။ --- ## Trang 4 ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်းကိုရင်။ ။ကမ္မဋ္ဌာန်းဆိုတာနဲ့ ဘာဝနာဆိုတာ ထူးပါသေးသလား အရှင်ဘုရား။ ဆရာ။ ။မထူးတဲ့နည်းလဲ ရှိတယ်၊ ထူးတဲ့နည်းလဲ ရှိတယ်၊"ကမ္မ=ရှေးရှေးဘာဝနာအလုပ်သည်ပင်+ဌာန=နောက်နောက်ဘာဝနာ၏ တည်ရာ" လို ဆိုလျှင်ရှေးရှေးဘာဝနာကိုပင် "ကမ္မဋ္ဌာန=ကမ္မဋ္ဌာန်း"လို ခေါ် တယ်၊ ဒီလိုဆိုတော့ ဘာဝနာနဲ့ ကမ္မဋ္ဌာန်းဟာ ရှေးနောက်သာ ကွဲတယ်၊ သဘောတော့မထူးဘူး။ "ကမ္မ= ဘာဝနာအလုပ်၏+ ဌာန=တည်ရာ" လိုဆိုလျှင်တော့ ဘာဝနာစိတ်အစဉ်၏ တည်ရာဖြစ်သော ကသိုဏ်း အာရုံတို ဘုရားအာရုံလိုအာရုံများကို "ကမ္မဋ္ဌာန်း"လို ခေါ်ရတယ်၊ ဒီလိုဆိုလျှင် ဘာဝနာက စိတ်အစဉ်, ကမ္မဋ္ဌာန်းက စိတ်၏ အာရုံဖြစ်၍ ဘာဝနာနဲ့ ကမ္မဋ္ဌာန်းဟာ ထူးတယ်။ ဘာဝနာ ၂-မျိုး ကိုရင်။ ။ အဲဒီ ဘာဝနာဟာ ဘယ်နှစ်မျိုးရှိပါသလဲ အရှင်ဘုရား။ ဆရာ။ ။သမထဘာဝနာ, ဝိပဿနာဘာဝနာဟု ဘာဝနာ၂-မျိုး ရှိတယ်။ ကိုရင်။ ။သမထ ဘာဝနာဆိုတာ ဘယ်လို ဟာမျိုးပါလဲအရှင်ဘုရား။ --- ## Trang 5 ဆရာ။ ။သမထဘာဝနာဆိုတာ ကမ္မဋ္ဌာန်းအာရုံ တခုခုအပေါ်မှာ စိတ်ကိုတည်နေအောင် ကြည်နေအောင် ငြိမ်နေအောင် ထားရတဲ့ ဘာဝနာဖြစ်တယ်။ [သမထ= ငြိမ်သက်တည်ကြည်စေတတ်သော (သမာဓိ)။] ကိုရင်။ ။ကမ္မဋ္ဌာန်းအာရုံတခုခုအပေါ်မှာ စိတ်တည်ကြည်ငြိမ်သက်နေလျှင် ဘာအကျိုးရှိပါသလဲ အရှင်ဘုရား။ မကျေနပ်ခြင်းဆိုတဲ့ ဒေါသ ဆရာ။ ။လူတွေရဲ့စိတ်ဟာ မတည်ကြည်လို မငြိမ်သက်လိုဟိုဟာ လိုချင် ဒီဟာ လိုချင်နှင့် လောဘ ဖြစ်ရတယ်၊ လိုချင်တာ မရတော့ စိတ်ဆိုးခြင်း စိတ်မချမ်းသာခြင်း စိတ်မကျေနပ်ခြင်းဆိုတဲ့ဖြစ်ရတယ်၊ ကိုယ့်ထက်သာနေတဲ့သူကို မနာလိုတဲ့ဣဿာ ဖြစ်ရတယ်၊ သူတစ်ပါးတို့ ကိုယ့်လို ကြီးပွားချမ်းသာမှာစိုးတဲ့ မစ္ဆရိယ ဖြစ်တယ်၊ စိတ်ကြီးဝင်တတ် ဟန်ကြီးပန်ကြီး လုပ်တတ်တဲ့ မာန်မာနလဲ ဖြစ်ရတယ်၊ ကမ္မဋ္ဌာန်းအာရုံ တခုခုအပေါ်မှာစိတ်က တည်ကြည် ငြိမ်သက်နေပလား ဆိုလျှင်အဲဒီလို ယုတ်မာဆိုးဝါးတဲ့ စိတ်မျိုးမဖြစ်တော့ဘဲအလွန်ချမ်းသာအေးမြ သုခရှိသော စိတ်များသာဖြစ်နေတော့တယ်၊ ဒါ့ကြောင့် ကိုရင်တို့စိတ်ဟာတည်ကြည်အောင် စိတ်ချမ်းသာအောင် သမထဘာဝနာကမ္မဋ္ဌာန်းကို လေ့လာကြရမယ်။ --- [Trang PDF] 116 - 120## Trang 1 ကို၎င်။ ။ ဝိပဿနာဘာဝနာ ဆိုတာကတော့ ဘယ်လိုဟာမျိုးပါလဲ အရှင်ဘုရား။ ဆရာ။ ။ ဝိပဿနာဘာဝနာဆိုတာကတော့မိမိခန္ဓာကိုယ်နှင့်တကွ တလောကလုံးရှိ အရာဝတ္ထု တွေကို `အနိစ္စဒုက္ခ အနတ္တ (မမြဲပုံ မကောင်းပုံ, အနတ္တမဟုတ်ပုံကို) သိအောင် မြင်အောင် ရှုရ ဆင်ခြင်ရတဲ့ ဘာဝနာ ဖြစ်တယ်။ [ဝိ= အထူးထူးအထွေထွေ (အနိစ္စ ဟု၎င်း၊ ဒုက္ခ ဟု၎င်း၊ အနတ္တဟု၎င်း) ပဿနာ == ရှုတတ်သော ဉာဏ်။] ကိုရင်။ ။ဒီလို ဝိပဿနာ ရှုနေတာကတော့ ဘာအကျိုးရှိပါသလဲ အရှင်ဘုရား။ ဆရာ။ ။ဒီလို ရှုတတ်တဲ့ဉာဏ် အမြင်သန်လာတော့ လောကကြီး တခုလုံး ဘာအသုံးမှ မကျပါကားလိုသိမြင်လာတယ်၊ အဲဒီလို သိမြင်လာတဲ့အခါ မိမိကိုယ်နှင့်တကွ လောကကြီးဟာ ငြီးငွေ့စရာ စက်ဆုပ်စရာလို့ ထင်မြင်လာတယ်၊ ဒီလို ထင်မြင်လာတဲ့ အခါကြမှ လောကကြီးနှင့် တဘက်တလမ်းဖြစ်ပြီး ခိုင်မြဲသော ချမ်းသာသော အေးမြသော နိဗ္ဗာန်ကို သဘောပေါက်လာတယ်၊ ဒီလိုဝိပဿနာဉာဏ်မရှိသမျှ "နိဗ္ဗာန်မြန်မြန်ရပါလို၏"ဟု ဆုတောင်းကြတာ၊ အဟုတ်တော့ မလိုချင်ပါဘူး၊ ဒါ့ကြောင့် ဝိပဿနာ ရှုခြင်းဟာနိဗ္ဗာန်ကို မြန်မြန် မြင်ရခြင်း အကျိုးရှိတယ်။ --- ကိုရင်။ ။ သမထဘာဝနာ ဆိုတာ ဘယ်လောက် များပါသလဲ အရှင်ဘုရား။ ဆရာ။ ။သမထဘာဝနာ ဆိုတာ ပါဠိတော်မှာ ၃၀-မျိုးရှိပါတယ်၊ အဋ္ဌကထာမှာတော့ ၄၀-ရှိတယ်။*ကိုရင်။ ။အဲဒီ အားလုံးကိုဘဲ တပည့်များ အားထုတ်ရမှာပါလား အရှင်ဘုရား။ ဆရာ။ ။အဲဒီ ကမ္မဋ္ဌာန်းအားလုံးတော့ မလိုသေးပါဘူး၊ကိုရင်များနှင့် သင့်တော်ရုံဖြစ်တဲ့ ကောဋ္ဌာသကမ္မဋ္ဌာန်းကို အားထုတ်သင့်ပါတယ်။ ကိုရင်။ ။ဒီ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ဘယ်လို အားထုတ်ရမှာပါလိမ့် အရှင်ဘုရား။ ဆရာ။ ။ (၁) "ကေသာ လောမာ"စသော ပါဠိကို ပဌမကျက်ပါ။ (၂) "ဆံပင် မွေးညှင်း" စသောမြန်မာကို ဒုတိယ ကျက်ပါ။ (၃) ထို့နောက်သရုပ် ဖော်ထားသော အနက် အကျယ်ကိုကျက်ပါ၊ ဤမှ နောက် အစီအစဉ်ကို ကမ္မဋ္ဌာန်းအားထုတ်နည်း၌ ညွှန်ပြမည်။ * ဓမ္မသင်္ဂဏီပါဠိတော်၌ အာကာသနှင့် အာလောက ကသိုဏ်း၂-ပါး မပါ၊ အဋ္ဌကထာတို့၌သာ ပါသည်။ အမှာ။ ။"ကေသာ, လောမာ=ဆံပင်, မွေးညှင်း" အစချီသောကာယဂတာသတိ၃၂-စုတွင် တစုစုကို သတိရနေခြင်းကို "ကာယဂတာသတိကမ္မဋ္ဌာန်း"ဟု ခေါ်၏။ [ကာယ=ဆံပင် စသော အစု၌+ဂတာ= --- ကျက်မှတ်ရန် ၃၂-ကောဋ္ဌာသပါဠိအတ္ထိ ဣမသ္မိံ ကာယေ...၁။ ကေသာ လောမာနခါ ဒန္တာ တ၊၁ တစော။ ၂။ မံသံ နှာရု အဋ္ဌိ အဋ္ဌိမင်္ဂံ ဝက္ကံ။ ၃။ ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ။ ၄။ အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ။ ၅။ ပိတ္တံ သေမှ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ။ အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။ ၃၂-ကောဋ္ဌာသ မြန်မာပြန် ဤ ငါ၏ကိုယ်မှာ…. ၁။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ။ ၂။ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့။ ၃။ နှလုံး အသည်း အမြှေး အပျဉ် (အဖျဉ်း) အဆုပ်။ ၄။ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်။ ၅။ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။ ဖြစ်နေသော(အာရုံပြုနေသော) + သတိ=အမှတ်ရမှု။] အဲဒီ ကမ္မဋ္ဌာန်းကို "ကောဋ္ဌာသ ကမ္မဋ္ဌာန်း"လို့လည်း ခေါ်၏။ [ကောဋ္ဌာသ=အစု။] ဆံပင်တစု မွေးညှင်း ကစု စသည်ဖြင့် ၃၂ - ပါးရှိသောကြောင့်"ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်း"လို့လည်း ခေါ်၏၊ ဒွတ္တိံသ=၃၂+အာကာရ=အပြား။] ဤကမ္မဋ္ဌာန်းကို ကိုရင်များနှင့် လျော်သောကြောင့် ရှေးဆရာတော်ကြီးများ သင်ပြပေးတော်မူလေ့ရှိကြသည်။ --- ၆။ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်တိုသာ ရှိကုန်သည်တကား။ သရုပ်ဖော် အနက်ကျယ် ဣမသ္မိံ ကာယေ၊ တွင်းပ ဝန်းကျင် မစင်မကြယ် ရွှံဖွယ်ပြည့်လျှမ်း အရေလွှမ်းဖုံး ဤ ငါ၏တကိုယ်လုံး၌။ ကေသာ - ဦးခေါင်းထက်နေ တွက်ရေများဖြင် ဆံပင်အစုတိုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါကုန်သည်တကား။ လောမာ – ကိုယ်လုံးထက်အောက် အနှံ့ပေါက်သည့် မြားမြောက်စွာဟု မွေးညှင်းအစုတိုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှား ရှိပါကုန်သည်တကား။ နခါ- လက် ခြေ ၂-ပါး ၏ အဖျား၌တွယ် နှစ်ဆယ်သောလက်သည်း ခြေသည်းတို့သည်။ အတ္ထိ၊ပုဂ္ဂိုလ် သတ္တဝါငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာထင်ရှားရှိပါကုန်သည် တကား။ ဒန္တာ- သွားဖုံး၌တွယ် သုံးဆယ့်နှစ်ချောင်း သွားအပေါင်းတိုသည်။ အတ္ထိ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါးလားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှား ရှိပါကုန်သည်တကား။ ။ သွားအပြည့်အစုံ ပေါက်သူမှာ ၃၂-ချောင်း ရှိ၏။] --- တစော – ကိုယ်လုံးရစ်ပတ် အောက်ထပ်အထူ အပေါ်မူအပါးနှစ်မျိုးခြားလျက် အသားပေါ်နေ အရေအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ်စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ မံသံ - အဆင်းနီရင့် ကသစ်ပွင့်ပမာ ကိုးရာသော အသားတစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါးလားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ နှာရု — လည်မှဆင်းသက် ဝဲ ယာယှက်၍ ကိုယ်လက်နှံ့ ဖြာကိုးရာသော အကြောအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ အရေ။ ။အပေါ်ရေ အတွင်းရေဟု ၂-မျိုးရှိ၏၊ အပေါ်ရေသည် ပါး၏၊ အတွင်းရေသည် ထူ၏၊ ထိုကြောင့် အရေထူ အရေပါးဟုလည်း ခွဲခြားကြသည်၊ ထိုအရေထူ အရေပါး ၂-မျိုးလုံးကိုပင် တစော အရ၌ ယူရသည်။ အသား။ ။အရိုးတို့ကို လိမ်းကျံကပ်ငြိ၍ အရေ၏အတွင်း၌တည်သော အသားများတည်း၊ အဆင်းအားဖြင့် ကသစ်ပွင့်ကဲ့သို့ အနီရင့်အဆင်း ရှိ၏၊ အသားတစ်ပေါင်း၉-ရာ ရှိသတတ်၊ လူရုပ်လုပ်သည့်အခါ အတွင်းက ဝါးခြမ်းတွေခံ၍ အပေါ်ယံမှာ နွားချေးများ မွမ်းမံထားသကဲ့သို့အတွင်းခံ အရိုးတွေ အပေါ်၌ အသားတွေ လိမ်းကျံကပ်ငြိနေသည်။ --- [Trang PDF] 121 - 125## Trang 1 **အဋ္ဌိ** - ခြေဖျားမှတက် ဦးခေါင်းထက်သို့ ဆက်ကာ ဆက် ကာ သုံးရာသော အရိုးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ် ဖွယ်သာ ထင်ရှားရှိပါသည် တကား။ **အဋ္ဌိမိဉ္စ** - အရိုးတွင်းခေါင်း အဆန်ပေါင်း ပြော့ပျောင်း ဖြူနု ခြင်ဆီအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင် ရှားရှိပါသည် တကား။ ## အကြော အကြောမကြီးနှင့် အကြောသေးဟု ၂-မျိုး ရှိ၏။ လည်ပင်းမှစ၍ အကြောမကြီး တို့သည် တကိုယ်လုံးကို မြှေးယှက်လျက် ရှေ့ဘက်မှ ငါးသွယ် နောက် ဘက်မှ ငါးသွယ် လက်ယာဘက်မှ ငါးသွယ် လက်ဝဲဘက်မှ ငါးသွယ်ဖြာလျက် အောက်သို့ သက်ဆင်းကြကုန်၏။ လက်တံ ၌လည်း ရှေ့ဘက်ငါးသွယ် နောက်ဘက်ငါးသွယ်စီ ( ဝဲ-ယာ လက် ၂-ဘက်လုံးမှာ ) မြှေးယှက်၍ တည်ကုန်၏၊ ခြေတံ ၂-ဘက်၌လည်း ဤနည်းအတိုင်း တဘက်လျှင် ရှေ့ငါးသွယ် နောက်ငါးသွယ်စီအားဖြင့် ၂၀-သော အကြောတို့ မြှေးယှက် ၍ တည်ကုန်၏။ ဤကား အကြောမကြီး ၆ဝ တည်း။ အရိုး အစုတို့ကို ဖဲ့တုပ် မြှေးယှက်၍နေသော အကြောကလေး များလည်း ကြိုးကလေးများကဲ့သို့ တကိုယ်လုံး၌ အနှံ့ အပြား တည်ရှိကြလေသည်။ အကြောသေး အကြောမ အားလုံး ပေါင်းလျှင် ၉-ရာ ရှိသတတ်။ **ဝက္ကံ** – ၂-လုံး သရက် ညှာ တခက်၌ ဖြာလျက် တည်ဟန် လည်တံ သက်လျော အကြောကြီးမှ ၂-ဖြာခွ၍ ဟဒယပတ်လည် ဇန့်ငယ်နီသော အညှို ၂-ခုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ **ဟဒယံ** – အောက်သို့ မှောက်ခုံ ကြာပဒုံ၏ အငုံသဖွယ် ရှင်လည်မှာတည် အဆင်းနီသော နှလုံးသားသည်။ ## အရိုး လက်ရိုး ၆၄-ချောင်း, ခြေရိုး ၆၄-ချောင်း စသည် ဖြင့် ဦးခေါင်းအခွံရိုး ၉-ခုတိုင်အောင် အရိုးပေါင်း ၃-ရာခန့် ရှိသတတ်။ ## ခြင်ဆီ ထို အရိုး ၃-ရာခန့်၏ အတွင်း၌ "ခြင်ဆီ = အဆန်" ခေါ်သော ကောဋ္ဌာသ တမျိုး ရှိ၏၊ ကြက် စသော သတ္တဝါများ၏ အရိုးကို ထုခွဲလိုက်သည့်အခါ အတွင်းမှာရှိသော အရာဝတ္ထုမျိုးပင် ဖြစ်၏။ ## အညို ဤ အညှိုသည် လည်ပင်းမှ သက်ဆင်းသော အကြောမမှ ၂-ဖြာခွ၍ တည်သော အသား ၂-ခု တွဲတည်း၊ ပုံသဏ္ဌာန်အားဖြင့် အညှာတခု၌ တွဲနေသော သရက်သီး ၂-လုံးပြုတ်သဏ္ဌာန်ရှိ၏၊ အဆင်းအားဖြင့် အနည်း ငယ်နီ၏၊ နေရာအားဖြင့်(နောက်၌ပြမည့်) နှလုံးသားကို ရံ၍ တည်၏။ ## နှလုံး ဤ"နှလုံး"သည် အသားတမျိုးပင်တည်း၊အဆင်း အားဖြင့် နီ၏၊ ပုံသဏ္ဌာန်အားဖြင့် အပြင်ဘက် အဖတ်တို့ကိုဖယ်၍ အောက်သို့ စောက်ထိုးထားအပ်သော အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ **ယကနံ** – ကုမုဒြာကြာနီပွင့်ဖတ် ကြောရပ်သဖွယ် ဇန့်ငယ် နီလျက် ကသစ်ရွက်၏ အစဘက် တဖုံ ဖျားအစုံ ဖြင့် ရှင်ခုံလယ်ဗွေ ယာမှာနေသော အသည်းလွှာသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ **ကိလောမကံ** – အဝတ်လွှာဖြူ ပမာတူသည် နှလုံးအညှိုကို ဖုံးအုပ်၍ တည် တလီအသား အရေကြား၌ အသားယှက်ထွေး ၂-မျိုးသော အမြှေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက် ဆုပ်ဖွယ်သာ ထင် ရှားရှိပါသည်တကား။ ပဒုမ္မာကြာငုံသဏ္ဌာန် ရှိ၏၊ အပြင်ဘက်၌ ချော၍ အတွင်း ဘက်၌ ခဝဲသီး(တနည်း-သပွတ်သီး)အတွင်းသားနှင့် တူ၏၊ ဉာဏ်ပညာရှိသူများ၏ နှလုံးသားသည် အနည်းငယ် ပွင့်၍ ဉာဏ်ပညာ နုံ့သူတို့၏ နှလုံးသားကား အငုံအတိုင်းပင်ဖြစ်၏။ ထိုအငုံအတွင်းဝယ် တွင်းငယ်တခု ရှိ၏၊ ထို တွင်းငယ်၌ တလက်ခုပ်၏ တဝက်လောက် သွေးများ တည်ရှိလေသည်၊ ထို နှလုံးသားသည် သားမြတ် ၂-ခု၏ အလယ်၌ တည်ရှိ သတတ်။ ## အသည်း ဤ အသည်း(အသဲ)ဟူသည် အသားလွှာ တမျိုး တည်း၊ ကုမုဒြာကြာနီပွင့်ဖတ်၏ ကျောပြင်ကဲ့သို့ အဆင်း နီဖြော့ဖြော့ရှိ၏၊ ပုံသဏ္ဌာန်အားဖြင့် ကသစ်ရွက်ကဲ့သို့ --- **ပိဟကံ** - ကြောင်ပန်းပွင့်လို အဆင်းညို၍ နွားညိုလျာဟန် ပုံသဏ္ဌာန်ဖြစ် ခုနစ်သစ်ရှည်လျား နှလုံးသားနှင့် ဝဲဘက်သင့်လျက် စားအိမ်ထက်ဝယ် သရက်ရွက်တွင် ဘေအပျဉ်(အဖျဉ်း) မည်ငြား ဝမ်းလျာအသားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အရင်း၌ တခုတည်းဖြစ်၍ အဖျားကျမှ ၂-မြွှာကွဲသွား၏၊ ထို အသည်းသည် ဉာဏ်ထိုင်းသူတို့၌ တခုတည်း ကြီးကြီးမားမား ရှိ၍ ဉာဏ်ထက်သူတို့၌ ၂-ခု ၃-ခု ရှိသတတ်၊ တည်ရာအားဖြင့် သားမြတ် ၂-ခုအလယ်မှာ လက်ယာဘေးကို မှီ၍ တည်ရှိ လေသည်။ ## အမြှေး ဖုံးလွှမ်းသော အမြှေး, မဖုံးလွှမ်းသော အမြှေး အားဖြင့် ၂-မျိုးရှိ၏၊ အဆင်းအားဖြင့် အဝတ် ဖြူလွှာကဲ့သို့ ဖြူ၏။ ဖုံးလွှမ်းသော အမြှေးကား တကိုယ်လုံးရှိ အသားတွေကို မြှေးယှက်တည်၏၊ ထိုအမြှေး၏ အပေါ်၌ အရေတည်ရသည်၊ အမဲသား စသည်၌ ထို အမြှေးကလေး များကပ်၍ ပါနေသည်ကို မြင်နိုင်ကြသည်။ ## အပျဉ် ဤ အပျဉ်ကို ကျမ်းစာ၌ "ဥဒရ ဇိဝှါမံသံ=ဝမ်း လျာအသား" ဟု ဆို၏၊ အဆင်းအားဖြင့် ကြောင်ပန်းပွင့်ကဲ့သို့ ညို၏၊ ပုံသဏ္ဌာန်အားဖြင့် နွားညိုကလေး ၏ လျာသဏ္ဌာန် ရှိ၏၊ လက် ၇-သစ်ရှည်၏။ ဤအပျဉ် (အဖျဉ်း)ကို "သရက်ရွက်"ဟုလည်းကောင်း "ဝမ်းလျာ"ဟုလည်းကောင်း "ဘေ" ဟုလည်းကောင်း ခေါ်သည်၊ နေရာအားဖြင့် နှလုံးသား၏ လက်ဝဲဘက်မှာ **ပပ္ဖါသံ** - သဖန်းရွှင်းပြင်း အဆင်းနီနီ မညီဖြတ်ခွဲ မှည့်ပြတ်နဲ သို့ အသည်းနှလုံး တွဲရရွှဲဖုံးတွယ် သုံးဆယ်နှင့် နှစ် အသားတစ်ဟူသော အဆုပ်သည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး လားလားမဟုတ် စက်ဆုပ် ဖွယ်သာ ထင်ရှားရှိပါသည်တကား။ **အန္တံ** - ယောက်ျားတို့ဝယ် သုံးဆယ်နှင့် နှစ် မိန်းမ ဖြစ်မူ နှစ်ဆယ့်ရှစ်ချောင်း ဖြူရောင်အဆင်း သွေးစကျင်းနေ ခေါင်းပြတ် မြွေလို လည်မျိုမှ သက် ဝစ္စမဂ်ဝယ် ရှိ၍ အစာသစ်အိမ်ဟု ခေါ်ရသော အိမ်၏ အထက်ထိပ် ဘေးစောင်းကို မှီလျက် တည်၏။ သူမှာ တစုံတခု အတွယ်မရှိ ရကား ခြေဖြင့်ကန်ခြင်း စသည်ကြောင့် သူနေရာ၏အပြင်ဘက် ထွက်သွားလျှင် ချက်ခြင်း သေနိုင်၏။ "အဖျဉ်း"ဟုလည်း ခေါ်၏။ ## အဆုပ် အသားတုံးကလေး ၃၂-တုံး ပေါင်းစပ်ထား သော အသားစုကို "အဆုပ်"ဟု ခေါ်သည်၊ အဆင်းအားဖြင့် မမှည့်လွန်းသော သဖန်းသီး အသွေးကဲ့သို့ နီ၏၊ ပုံသဏ္ဌာန်အားဖြင့် မညီမညွတ် ဖြတ်ထားသော ပြစ်ခဲ သော မုန့်နှင့် တူ၏။ ယခုကာလ "ဝက်သဲ ဝက်ဆုပ်"စသော အသားများ၌ ပါသော အဆုပ်ပင်တည်း၊ နေရာအားဖြင့် သားမြတ် ၂-ခုတို့၏ အလယ်ဝယ် နှလုံးနှင့် အသည်းကို အပေါ်က လွှမ်းဖုံးကာ တွဲလျားကျလျက် တည်လေသည်။ ## အူမ အအူကြီးစားကိုပင် "အူမ"ဟု ခေါ်၏၊ ယောက်ျား တို့၏အူမသည် ၃၂-တောင် ရှိ၏၊ မိန်းမတို့၏ အူမ --- [Trang PDF] 126 - 130## Trang 1 နှစ်ဆယ်တတွန့် လိမ်တွန့်ရှစ်နေ အူမခွေအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ်စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အန္တဂုဏံ-ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဌာန်နေ အူမကိုနေရာတကျ မလျောကျအောင် ဖဲ့နှောင်ချည်တုပ်ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား အူကြားမှာတည် အသိမ်မည်သော အူအနုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား၊ ကား ၂၀-တောင် ရှိ၏၊ လည်မျိုနှင့် ကျင်ကြီးလမ်းပေါက်အတွင်းဝယ် နှစ်ဆယ့်တစ်ဌာနတို့၌ အတွန့်အတွန့် အခွေအခွေဖြစ်၍ တည်နေ၏၊ ပုံသဏ္ဌာန်အားဖြင့် သွေးစားကျင်း တခု၌ဦးခေါင်းပြတ်သော မြွေကို ခွေထားပုံနှင့် တူ၏၊ အဆင်းအားဖြင့် အက်တေ (ကန်ကရစ်) လုပ်ထားသော ကျောက်ပြုတ်ကလေးများ၏ အဆင်းကဲ့သို့ ဖြူ၏။ အူသိမ်။ ။အူအသေးစားကိုပင် "အူသိမ်"ဟု ခေါ်၏၊ ပြခဲ့သော အူမခွေကို လျောကျ၍ မသွားအောင်ဖွဲတုပ်ထားသော အူကလေးများတည်း၊ အဆင်းအားဖြင့်ကြာသိမ်မြစ်ကဲ့သို့ ဖြူ၏၊ တည်ရာအားဖြင့် (ခြေသုတ်ကြိုး၏အကြား၌ ကြိုးခွေတခုနှင့် တခုကို ဖဲ့ချည်ထားသော ကြိုးသေးကလေးများကဲ့သို့) အူမခွေတို့၏ အကြား၌ တည်၏။ --- ဥဒရိယံ – စားသည့်အစာ ဆင်းစုံသာတည်း လျော့စွာဖဲ့တုဆန်ထုပ်မယွင်း စာအိမ်တွင်း၌ စားလိုက်သမျှ လုံးဝစုလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖတ်အတု အစာသစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အစာသစ်။ ။ရေလဲ အဝတ် တထည်ကို လူ ၂-ယောက်တဘက်စီကိုင်၍ ညှစ်သောအခါ အလယ်၌ဖောင်းနေသော အဝတ်စီပေါင်းကဲ့သို့ ဖောင်းနေသောအူမကို"ဥဒရ=ဝမ်းအိမ်၊ ဝါ-အစာအိမ်"ဟု ခေါ်၏၊ ထိုအစာအိမ်၏အတွင်းဘက်သည် ပုပ်ပွနေသော ပိန်းနဲသီးခွံ၏ အတွင်းသားနှင့် တူ၏၊ အပြင်ဘက်ကား ညက်ညော ချောမော၏၊ (ယခုကာလ နွားဆိတ်တို၏ ဝမ်းတွင်းသားမျိုးပင်တည်း၊) ထိုအစာအိမ်၌ ၃၂-မျိုးသော ပိုးကောင်ကလေးများလည်းရှိကြသတတ်။ စားသမျှ အစာသည် ထိုအစာသစ်အိမ်၌ ကျရောက်ရ၏၊စားအပ်သော အစာအတိုင်း အဆင်းအမျိုးစုံ ရှိ၏၊ ပုဝါရေစစ်အတွင်း၌ ဆန်ကို ခပ်လျော့လျော့ ထုပ်ထားသော ဆန်များတည်နေပုံကဲ့သို့ ထိုအစာသစ်များသည် အစာအိမ်အတွင်း၌ တည်နေကြ၏၊ သွားဖြင့် ကြိတ်ခြေ၍ မျိုအပ်သောကြောင့်ထိုအစာသစ်များ ကြေမွနေရကား ခွေးအန်ဖတ်နှင့် တူပုံကိုလည်း သိနိုင်၏၊ ထိုအစာသစ်များကို ငါးပုံပုံ၍ တပုံသည် ပြခဲ့ --- ကရီသံ - စာသစ် အိမ်ထက် ဓာတ်မီး ချက်၍ ညက်ညက်ကြေမွ သက်လျှောကျသော် အူမ အဆုံး ဝါးလုံးအဆစ် လက်ရှစ်သစ်မျှ ပမာဏချိန် စာဟောင်းအိမ်ဝယ် စုတွယ်နေလျက် မြေညက်အတု အစာဟောင်းအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါးလားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ သောပိုးတို့၏ အစာဖြစ်၏၊ တပုံကား ဝမ်းမီးလောင်ရာတွင်ကုန်သွား၏၊ ကျန် ၃-ပုံတွင် တပုံသည် ကျင်ကြီး, တပုံကားကျင်ငယ် ဖြစ်၏။ နောက်ဆုံး တပုံသာ အဆီအနှစ်အဖြစ်ဖြင့်ကျန်၍ သွေးသားများကို တိုးပွါးစေသတည်း။ အစာဟောင်း။ ။ကျင်ကြီး(မစင်) ကိုပင် "အစာဟောင်း"ဟု ဆိုသည်၊ချက်၏အောက်နှင့် ကျောက်ကုန်းဆူးရိုးတို့၏ အတွင်းဝယ် အူမကြီးအဆုံး၌ အစောက်လက်၈-သစ်ခန့် ရှည်လျားသော ဝါးကျည်တောက်နှင့် သဏ္ဌာန်တူသော အစာဟောင်းအိမ် ရှိ၏၊ အစာသစ်အိမ်၌ ကျရောက်သမျှ အစားအစာတွေသည် ဝမ်းမီးကြောင့် ညက်ညက်ကြေမှုအောင် ကျက်၍ အူမကြီး၏ အခေါင်းမှ လျှောသက်ပြီးလျှင် အစာဟောင်းအိမ်ဝယ် (ဝါးဆစ် အတွင်း၌ ထည့်ထားအပ်သော မြေဝါညက်နှင့်တူစွာ)စုပေါင်းမိကြလေသည်၊ ထိုသို့ကြေကျက်စုပေါင်းသော အစာဟောင်းကိုပင် "ကရီသ=ကျင်ကြီး"ဟု ခေါ်၏၊ အရပ်ဒေသအားဖြင့် အစာသစ်သည် --- မတ္ထလုင်္ဂ – ဦးခေါင်းခွံတွင်း မှိုဖြူဆင်း ရှိရင်းဦးဆက်လေးခဏ်းထက်ဝယ် မုံ့ညက်ဆိုင်အတု ဦးနှောက်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလား မဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ ပိတ္တံ – မယ်ဇယ်ဆီနဲ ပြစ်ချွဲချွဲနှင့် အသဲကိုမှီ အိမ်၌တည်သောဗဒ္ဓသည်းခြေ ရေတွင်ဆီများ ပြန့်နှံ့ သွားသမျှ ကိုယ်သားကိုယ်ရေ အနှံ့နေလျက် ဝါရွှေညှိုးနွှမ်း ပျဉ်းပွင့်ပန်းအတု အဗဒ္ဓသည်းခြေ အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အထက်ပိုင်းမှာ တည်ရှိ၍ အစာဟောင်းက အောက်ပိုင်းမှာတည်ရှိလေသည်။ ဦးနှောက်။ ။အရိုးအတွင်း၌ "အဋ္ဌိမိဉ္စ=ရိုးတွင်းခြင်ဆီ"ရှိသကဲ့သို့ ဦးခေါင်းခွံရိုး အတွင်းမှာလည်းခြင်ဆီအများစုလျက် ရှိ၏၊ ထိုခြင်ဆီအစုကိုပင် "ဦးနှောက်"ဟု ခေါ်သည်၊ အဆင်းမှာ မှိုဖြူအဆင်းကဲ့သို့ ဖြူ၏၊ ဦးခေါင်းခွံအတွင်း၌ ဦးခေါင်းခွံအဆက် ၄-ခုကို မှီ၍ ပေါင်းစုတည်နေရကား မုံ့ညက်အခဲ ၄ ခုနှင့် သဏ္ဌာန်တူ၏။ သည်းခြေ။ ။ဗဒ္ဓ သည်းခြေ, အဗဒ္ဓ သည်းခြေဟု ၂-မျိုးရှိ၏။ အိမ်ဖြင့် ဖွဲ့ထားအပ်သော သည်းခြေကို"ဗဒ္ဓသည်းခြေ"ခေါ်၏၊ နှလုံးသားနှင့်အဆုတ်တို့၏ အကြား၌အသည်းကို မှီ၍ တည်သော "သည်းခြေအိမ်" ရှိ၏၊ ခဝဲသီး --- သေနှံ – ဝက်ခြေးဘနဲ ရွက်ရှည်သို့ ပြစ်ချွဲဖြူလျက် စာအိမ်ထက်ဝယ် တစလယ် ခန့် ကျယ်ပြန့်ပြစ်ထု သလိပ်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အကြီးစားအိမ်နှင့် တူ၏၊ ထိုအိမ်အတွင်း၌ ဗဒ္ဓသည်းခြေတည်နေသည်၊ အဆင်းအားဖြင့် ပြစ်ချွဲသော မယ်ဇယ်ဆီအဆင်းနှင့် တူ၏၊ ဤဗဒ္ဓသည်းခြေ ပျက်လျှင် သတ္တဝါတို့သည်မပြုသင့်တာကိုပြု၊ မပြောသင့်တာကိုပြော၊ မကြံသင့်တာကိုကြံလျက် သည်းခြေရူး ဖြစ်ကြရတော့၏။ အိမ်ဖြင့်မဖွဲ့အပ်သော(အိမ်မရှိသော) သည်းခြေကို"အဗဒ္ဓသည်းခြေ"ဟု ခေါ်၏၊ အဆင်းအားဖြင့် ညှိုးနေသော ပျဉ်းပန်းပွင့် အဆင်းနှင့် တူ၏၊ တကိုယ်လုံးစိုသော အသားရှိရာတိုင်းမှာ(ဆီပေါက်သည် ရေပေါ်မှာ ပြန့်နှံ့သကဲ့သို့ ပြန့်နှံ့၍တည်၏။ဤအဗဒ္ဓသည်းခြေပျက်လျှင်မျက်လုံးမှာ ဝါရွှေသောအဆင်းရှိ၍ ချာချာလည်သကဲ့သို့ ဖြစ်၏၊ ကိုယ်တုန်လှုပ်၏၊ယား၏။ သလိပ်။ ။တစလယ်သားလောက်ရှိ၏၊ဝက်ခြေးဘနဲအရွက်ရည်ကဲ့သို့ ပြစ်ချွဲ၍ဖြူ၏၊အစာသစ်အိမ်အထက်မှာတည်၏၊ မှော်ရှိသော ရေပြင်၌ ဒုတ် စသည်ကို ချသောအခါမှော်တွေ ၂-ဖြာကွဲသွားပြီးနောက် ပြန်၍ ဖုံးမြဲဖုံးနေသကဲ့သို့အစာအိမ်၌ အစားအသောက် ကျသောအခါ သလိပ်တွေ၂-ဖြာကွဲသွား၍ အစာအိမ်ထဲရောက်လျှင် ဖုံးမြဲဖုံးနေ၏၊ [မှော်နေပုံနှင့် သလိပ်နေပုံ တူ၏။] သလိပ်နည်းသောအခါ ကြက်ဥ --- [Trang PDF] 131-135## Trang 131 (၁၁၆) **ပုဗ္ဗော** – အနာဖြစ်သော် သွေးပုပ်ပေါ်၍ ရွက်ရော်ဆင်းရောင်ပုပ်ဟောင်နံညှီ ပြည်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာထင်ရှားရှိပါသည်တကား။ **လောဟိတံ** – ချိပ်ရည်ပြစ်ဆင်း တစလယ်ခင်းမျှ ရင်တွင်းအဆုတ်ညှို့နှလုံးတို့ထက် တစက်စက်ကျ အသဲမှလျှင်အောက်တွင်ပြည့်စေ စုတည်နေသော သန္နိစိတသွေး၊ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးအနှံ့ရောက် အကြောလျှောက်သော သံသရဏ သွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ **သေဒေါ** – မီးပူ နေပူ ဥတုပူမှု စ၍အလီလီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ ယိုဆင်း သက်လျှော ချွေး ပုပ်ကဲ့သို့ အစာအိမ်အတွင်းမှ အပုပ်နံ့သည် အပြင်သို့ ထွက်လာ၏။ ထို သလိပ်တွေ များနေပြန်လျှင်လည်း အစာအိမ်အတွင်း၌ အပုပ်နံ့သည် (ကျင်ကြီးခွက်ကို ပိတ်ထားသကဲ့သို့)ဖြစ်၏။ **ပြည်။** ။ပုပ်သောသွေးကိုပင် "ပြည်"ဟု ခေါ်ရ၏။ အဆင်းမှာဖက်ရွက်ရော် (ဖြူဝါ)အဆင်း ရှိ၏။ သုသာန်ကောင်၌ရှိသော ပြည်ကား ပြစ်ခဲပုပ်နေသော ထမင်းရည်နှင့်တူ၏။ **သွေး။** ။စုနေသောသွေး၊ သွားနေသောသွေးဟု ၂-မျိုး ရှိ၏။ စုနေသောသွေးသည် ကျက်၍ ပြစ်နေသောချိပ်ရည် --- ## Trang 132 (၁၁၇) မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ **မေဒေါ** – ထက်ခြမ်းခွဲသည့် နနွင်းခဲအတူ ဝဖြိုးသူအား အရေအသား၏ အကြားတိုင်းသာ ပိန်သူမှာမူ များရာအသား အရေကြားတည် အဆီခဲမည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ အဆင်းရှိ၏။ သွားနေသောသွေးကား ကြည်သော (ကျဲသော)ချိပ်ရည်အဆင်းရှိ၏။ ဤသွားနေသောသွေးသည် သွေးကြောများကို အစဉ်လျှောက်၍ တကိုယ်လုံး၌ ပြန့်နှံ့ တည်နေ၏။ စုနေသောသွေးကား အသဲ၏အောက်ပိုင်းကို ပြန့်နှံ့လျက်နှလုံးအညှို့အဆုတ်တို့၏အထက်၌ တည်၏။ တစလယ်လောက်ရှိ၏။ ထိုအသဲ၏ အောက်ပိုင်းနှင့် နှလုံးအညှို့ အဆုတ်တို့ကိုအမြဲစိုအောင် တစက်စက် ယိုကျနေ၏။ အညှို့နှလုံးစသည်တို့ကို မစိုစေလျှင် သတ္တဝါတိုင်းပင် ရေဆာတတ်လေသည်။ **ချွေး။** ။ခန္ဓာကိုယ်၌ သွေးသည် အမြဲတည်ရှိသကဲ့သို့ "ချွေး"ခေါ်သော ကောဋ္ဌာသသည် အမြဲတည်ရှိသည် မဟုတ်။ မီးပူ နေပူ နွေအခါ ဥတုအပူဓာတ်တို့ကြောင့် ခန္ဓာကိုယ်ပူအိုက်သောအခါ အပူငွေ့မှ အရည်ဓာတ်သို့ ပြောင်း --- ## Trang 133 (၁၁၈) **အဿု** – မီးခိုးမြူဝေ ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့အဆင်း မျက်စိတွင်းတည် မျက်ရည်မည်သော ကော-ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ လျက် မွေးညှင်းပေါက် ဆံပင်ပေါက်တို့မှ ထွက်လာသောအာပေါဓာတ် (အရည်) တမျိုးကို "သေဒ=ချွေး" ဟု ခေါ်သည်။ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအဆင်းရှိ၏။ **အဆီခဲ။** ။ ဖြစ်ချွဲနေသော အဆီကိုပင် "အဆီခဲ" ဟုခေါ်၏။ အဆင်းအားဖြင့် နနွင်းတက်ကို ခွဲခြမ်းလိုက်သောအခါ အထဲက နနွင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ ဝဖြိုးသူတို့၏ တကိုယ်လုံးဝယ် အရေနှင့် အသားတို့၏အကြားတိုင်းမှာ တည်ရှိသည်။ ဝါသော ပိုးသားပုဆိုးလွှာကလေးနှင့် တူ၏။ ပိန်သူတို့၌ကား ခြေသလုံးသား ပေါင်သားကျောက်ကုန်းသား ဝမ်းပြင်းသား စသော အသားများရာကိုမှီ၍ (၂-ထပ် ၃-ထပ် ခေါက်အပ်သော ပိုးပုဆိုးဝါကလေးကဲ့သို့) တည်၏။ **မျက်ရည်။** ။မျက်စိတို့မှ ယိုစီးသော အရည်တမျိုးကို"မျက်ရည်" ဟု ခေါ်၏။ အဆင်းအားဖြင့်အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏။ သည်းခြေအိမ်၌သည်းခြေသည် အမြဲတည်ရှိသကဲ့သို့ ထို့အတူ ဤ မျက်ရည်သည် အမြဲတည်ရှိသည် မဟုတ်၊ အလွန်ဝမ်းမြောက်၍ အကြီး --- ## Trang 134 (၁၁၉) **ဝသာ** – မီးပူနေပူ ဥတုပူမှ စ၍ အလီလီ ပူမညီ၍ အုန်းဆီဆင်းနေ လက်ခြေနှာစွန်း ပုခုံးစွန်းမှီ ဆီကြည် မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာထင်ရှားရှိပါသည်တကား။ အကျယ် ရယ်သောအခါ အလွန်စိတ်မချမ်းသာ၍ ငိုသောအခါ ငရုပ်သီး စသည်ကို စားသောအခါ မျက်လုံး၌ မီးခိုးမြူမှုန် စသည်တို့ ထိခိုက်မိသောအခါတို့၌ ထိုအလွန်ဝမ်းမြောက်ခြင်း အလွန်စိတ်မချမ်းသာခြင်းစသော အကြောင်းကြောင့် မျက်လုံးအိမ်တွင်း၌ ပြည့်၍သော်လည်း တည်နေ၏။ ယိုစီးသော်လည်း ယိုစီး၏။ [မျက်ရည်ကို မှန်း၍ ကမ္မဋ္ဌာန်းရှုသော ပုဂ္ဂိုလ်သည် မျက်လုံးတည်ရာ တွင်းငယ်၌ ပြည့်နေသော မျက်ရည်ကိုမှန်း၍ ရှုရသည်။] **ဆီကြည်။** ။"မေဒေါ=အဆီခဲ" ဟုရှိခဲ့သောကြောင့် ဝသာကို "ဆီကြည်"ဟု ခေါ်ကြသည်။ အဆင်းအားဖြင့် အုန်းဆီ အဆင်းရှိ၏။ များသောအားဖြင့် လက်ဖဝါးခြေဖဝါး လက်ဖမိုး ခြေဖမိုး နှာခေါင်းဘု နဖူး ပုခုံးစွန်းတို့၌တည်၏။ "ဆီကြည်"ဟု ဆိုသော်လည်း အမြဲ ကြည်နေသည်မဟုတ်။ မီးပူ နေပူ နွေပူစသည်တို့နှင့် ကြုံကြိုက်သောအခါကျမှအကြည်ရည် ဖြစ်လာသည်။ ထိုအခါဝယ် ထိုဆီကြည်သည်လက်ဖဝါးစသော အရပ်တို့၌ ပြန့်နှံ့နေ၏။ မီးပူ စသည်တို့နှင့်မကြုံကြိုက်ဘဲ နဂိုရ်အတိုင်း အားဖြင့်ကား ဆောင်းအခါအုန်းဆီခဲကလေးကဲ့သို့ ဖြစ်၍ ခဲနေသည်။ နှာခေါင်းဘုကို --- ## Trang 135 (၁၂ဝ) **ခေဠော** – ချဉ်ငန်စပ်ခါး အရသာများကို စားသော်မြင်သော်အကြံပေါ်၍ နှာသော်နှလုံး ရွံမုန်းမယွင်း ရေမြှုပ်ဆင်းသို့ လျှာရင်းမြစ်ချွဲ လျှာဖျားကျဲကြည် လျှာရည်ဖြစ်သော တံထွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာထင်ရှားရှိပါသည်တကား။ ဖျစ်ညှစ်ကြည့်သောအခါ ထို အဆီပြစ်ကလေးများ ထွက်လာတတ်ပါသည်။ **တံထွေး။** ။ ပါးစပ်အတွင်း၌ အမြှုပ်ကလေးများ ထနေသော အရည်တမျိုးကို "တံထွေး"ဟု ခေါ်၏။ အဆင်း ဖြူ၏။ ရေမြှုပ်သဏ္ဌာန် ရှိ၏။ တည်ရာအားဖြင့်ပါးစောင် ၂-ဘက်တို့မှ လျှောသက်၍ လျှာပေါ်၌ တည်၏။ ဤတံထွေးသည် အမြဲတည်ရှိနေသည် မဟုတ်။ အချဉ် အခါးစသော သွားရည် ယိုလောက်သော အစာကို ခံတွင်း၌ ထားသောအခါ အချဉ် စသည်ကို မြင်သောအခါ အမှတ် ရသောအခါတို့၌သာ ပါးစောင် ၂-ဘက်မှ လျှောသက်၍ လျှာ၌ တည်လာသည်။ ဝမ်းတွင်း နှလုံးမကောင်းသောအခါ ရွံဘွယ်ရာဝတ္ထုကို မြင်၍ စက်ဆုပ် ရွံရှာခြင်း ဖြစ်သောအခါ၌လည်းတံထွေး ဖြစ်လာတတ်၏။ ခဲဘွယ် ဘောဇဉ်ကို စားသောအခါ၌ကား (မြစ်ကမ်းပါး၌ လက်ယက်တွင်းကလေးဝယ် ရေမကုန်နိုင်သကဲ့သို့) ထိုတံထွေးသည် မကုန်နိုင်ဘဲ အစားအစာများကိုစိုစေနိုင်သောအစွမ်း ရှိလေသည်။ --- --- [Trang PDF] 136 - 140## Trang 1 **သိင်္ဃာဏိကာ** - ငရုပ်စသည် စားမိသည့်နှင့် တလီငိုငြား ဓာတ်ချောက်ချား၍ ထက်ဖျားဦးနှောက် အရည်ဖောက်လျက် ဦးခေါင်းထက်မှ ဆင်းသက် အာစောက်အထက်ပေါက်ဖြင့် လျှောလျှောက်နှာဘု နှပ်အစုသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ **လသိကာ** - တရာ့ရှစ်ဆယ် ကိုယ်ဝယ် အောက်ထက် အရိုးဆက်တည် နယ်ဆီအတု ပြစ်ချွဲသောအစေးအစုသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။ **နှပ်။** ။ ဦးနှောက်မှ ယိုစီးလာသော မသန့်ရှင်းသောအရည်အရွှဲကို "နှပ်"ဟု ခေါ်၏၊ ဤနှပ်သည်လည်း အမြဲတည်ရှိသော ကောဋ္ဌာသ မဟုတ်၊ ငိုသောအခါဖြစ်စေ မသင့်သောအစာ မသင့်သော ဥတုကြောင့် ဓာတ် ၄-ပါးတို ချောက်ချား ပျက်ပြားသောအခါဖြစ်စေ ဦးခေါင်း အတွင်းမှ ဦးနှောက်သည် သလိပ်ပုပ်အဖြစ်ဖြင့် ယိုစီးကာ အာခေါင်အထက်ပေါက်မှ နှာခေါင်းသို့ သက်လျှော၍ နှာခေါင်းဘု၌ တန့်ရပ်၍သော်လည်း နေ၏။ နှာခေါင်းဘုမှ ယိုစီး၍သော်လည်း ကျလာ၏၊ ထိုနှပ်ကို ကမ္မဋ္ဌာန်းရှုသူကား နှာခေါင်းဘု၌ ပြည့်နေသောနှပ်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုရသည်။ **လသိကာ။** ။ တရာ့ရှစ်ဆယ်သော အရိုးတို့၏ တခုနှင့် တခု အဆက်အစပ်၌ ခြေနယ်ဆီကဲ့သို့ တည်ရှိသော အစေးတမျိုးတည်း၊ အဆင်းအားဖြင့် မဟာလှေကားပန်း၏ အစေးနှင့်တူသော အဆင်းရှိ၏။ --- ## Trang 2 **မုတ္တံ** - စားသောက်သမျှ အာဟာရမှ ရသည့်မသွေ အရေတချို ဆီးအိမ်သမိလျှင် စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။ အစေးနှင့်တူသော အဆင်းရှိ၏၊ ထို အစေးနည်းပါးနေသူမှာ ထလိုက် ထိုင်လိုက်သောအခါ သွားလာသောအခါ ကွေးလိုက် ဆန့်လိုက်သောအခါတို့၌ အရိုးအဆက်တို့သည် (လက်ချောင်းကို ချိုးသောအခါ မြည်သော အသံမျိုးကဲ့သို့) အသံမြည်၏။ ထိုအစေးနည်းသူသည် ဝါယောဓာတ်ပျက်လွယ်သောကြောင့် ခရီးများများ သွားရလျှင် ပင်ပန်း၏၊ ထို အစေး များသူမှာကား ထလိုက် ထိုင်လိုက်သောအခါ စသည်၌ အသံလည်း မမြည်၊ ဝါယောဓာတ် မပျက်လွယ်သောကြောင့် ခရီးရှည် သွားသော်လည်း မပင်ပန်း။ **ကျင်ငယ်။** ။ စည်ပေါင်း(ဆီးအိမ်)၏ အတွင်း၌ တည်သော အာပေါဓာတ်ကို "ကျင်ငယ်" ဟု ခေါ်သည်၊ [မစင်ကို "ကျင်ကြီး" ဟု ခေါ်သောကြောင့် ဤ အရည်ကို "ကျင်ငယ်"ဟု ခေါ်သည်၊] ဆီးအိမ်မှာ ဝင်စရာအပေါက် မရှိ၊ ခွက်ဆေးရည်စသည်ကို သွန်ထား၍ ဗွက်ဖြစ်နေသော တံစည်းအိုင်၌ အပေါက်မရှိသော အိုးငယ်တလုံးကို ချထားသောအခါ ထိုအိုးငယ်အတွင်းသို့ တံစည်းဗွက်ရေသည် စိမ့်ဝင်သကဲ့သို့ ထိုအတူ ခန္ဓာကိုယ်၌ရှိသော (စားသောက်သမျှ အစာမှ) အရည်တချို သည် ထို ဆီးအိမ်တွင်းသို့ စိမ့်၍ ဝင်ရ၏၊ ထို ဆီးအိမ်၌ ဆီးပြည့်လာသောအခါ ကျင်ငယ်စွန့်ချင်စိတ် ဖြစ်တိုက်တွန်းချက်။ --- ## Trang 3 **တိုက်တွန်းချက်။** ။ ဤ အနက်ကို ကြေအောင် ကျက်ပါ၊ ထိုသို့ ကြေနေမှသာ ဝမ်းတွင်း၌ရှိသော ကောဋ္ဌာသတို စိတ်ထဲ၌ ထင်လာနိုင်မည်၊ ဥပမာ - ဤအနက်ကို မကြေလျှင် "အဋ္ဌိမိဉ္စ-ရိုးတွင်းခြင်ဆီ" ဆိုတာ ဘာဆိုမှန်း မသိဘဲ၊ "ဝက္ကံ- အညှို" ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိဘဲ နေလိမ့်မည်၊ ထိုကြောင့် ဤအနက်မြန်မာပြန်အတိုင်း စဉ်းစား၍ ကြည့်ဖို့ရန် ဤ အနက်မြန်မာပြန်ကို အစွမ်းကုန် ကြေနေအောင် ကျက်ပါလေ။ **အားထုတ်နည်း။** ။ ဤ ကမ္မဋ္ဌာန်း အားထုတ်နည်းကို ဝိသုဒ္ဓိမဂ်၌ ဈာန်ရသည်အထိ အကျယ်ညွှန်ပြထားသည်၊ သျှိသော် သာသနာတော်၌ မွေ့လျော်ခြင်း၊ လောကီအာရုံ ကာမဂုဏ်အတွက် လှုပ်လှက်စိတ် မရှိခြင်း၊ ပစ္စည်း လာဘ်လာဘကို မငဲ့ကွက်ခြင်း၊ ဂုဏ် ပကာသနကို မတောင့်တခြင်း၊ နေရာတိုင်းမှာ ဣန္ဒြေသိက္ခာရှိသော ရဟန်းသာမဏေတပါး ဖြစ်ခြင်း တည်းဟူသော သာသနာတော်၏ အခြေခံအကျိုးကို မြှော်၍ ဤကမ္မဋ္ဌာန်းကို ဤရှင်ကျင့်ဝတ်၌ ထည့်သွင်းခြင်း ဖြစ်သောကြောင့် ထိုအကျိုးများ ရလောက်သော အစီအစဉ်မျှကိုသာ အကျဉ်းညွှန်ပြပါမည်။ **၁။ နှုတ်ရွတ်။** ။ ဤ ကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ်သည် ရှေးဦးစွာ "ကေသာ လောမာ နခါ ဒန္တာ တစော"စသည်ဖြင့် ပါဠိလိုဖြစ်စေ- "ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ" စသည်ဖြင့် မြန်မာလိုဖြစ်စေ နှုတ်ဖြင့် ရွတ်ဆိုနိုင်ပါသည်။ [မြန်မာလူမျိုးအတွက် မြန်မာလို ရွတ်ခြင်းက သာ၍ ထင်ရှားပါသည်။] **အမှာ။** ။ ဤသို့ ရွတ်ဆိုရာ၌ "ဆံပင်"ဟု ရွတ်သည်နှင့်တပြိုင်နက် စိတ်ကလည်း ဆံပင်မှာ ရောက်လျက် အာရုံပြုလျက်ရှိရမည်၊ "မွေးညှင်း"စသည်ကို ရွတ်သောအခါလည်း ဤနည်းပင်တည်း၊ ထို့ကြောင့် ရွတ်ဆိုသောအခါ နှုတ်တက်သလို မြန်မြန် မရွတ်ဆိုရ၊ အသံထွက်သည်နှင့် တပြိုင်နက် သရုပ်ထင်လာအောင် မနှေး မမြန် ခပ်မှန်မှန် ရွတ်ရမည်၊ တခါ တခါ ပြခဲ့သော အနက်မြန်မာပြန်ကို ရွတ်ဆိုပါလေ။ **၂။ စိတ်ရွတ်။** ။ နှုတ်ဖြင့် ရွတ်၍ ၃၂-ကောဋ္ဌာသလုံး အတော် ထင်ရှားသောအခါ (နှုတ်ရွတ်သည့် အစဉ်အတိုင်း) စိတ်ဖြင့် စဉ်းစားပါ၊ [ဤသို့ ဆင်ခြင်ပန်များသောအခါ "ဆံပင်"ကို ဆင်ခြင်လိုက်လျှင် "ဆံပင်"တည်းဟူသော အထည်ဒြဗ်ပေါ်တွင် စိတ်မနားဘဲ "ဆံပင်၏ စက်ဆုပ်ရွံရှာ မသတီစရာ" တိုင်အောင် စိတ်ရောက်သွားပါလိမ့်မည်၊ ထိုအတိုင်း "ကျင်ငယ်၏ စက်ဆုပ်ရွံရှာ မသတီစရာ" အထိ စိတ်ရောက်အောင် မှန်မှန်ကြိုးစားပါလေ။] --- ## Trang 4 **ရွတ်၍ ကမ္မဋ္ဌာန်းပေါက်။** ။ ရှေးတုန်းက "မဟာရေဝ" ဆရာတော်ကြီးထံ၌ မထေရ် ၂-ပါး ကမ္မဋ္ဌာန်းတောင်းကြသည်၊ ဆရာတော်ကြီးသည် ဤကောဋ္ဌာသကမ္မဋ္ဌာန်းကိုပင် လေးလလုံးလုံး ရွတ်ဆိုနေဖို့ရန် မိန့်တော်မူ၏။ ထိုမထေရ် ၂-ပါးသည် နိကာယ် ၂-ပါး ၃-ပါး ဆောင်ထားသော စာတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဆရာတော်ကြီးစကားကို လေးစားသောအားဖြင့် ရွတ်ဆိုနေရှင်းပင် ၃၂-ပါးသော ကောဋ္ဌာသသို့ အလွန် ထင်ရှားလာရကား လေးလအတွင်း၌ သောတာပန်များ ဖြစ်ကြလေသည်။ --- ## Trang 5 [တတိယသံဂါယနာ၏ ခေါင်းဆောင် ရဟန္တာအရှင် မောဂ္ဂလိပုတ္တတိဿထေရ်လည်း ဤ ကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့်ပင် သာမဏေဘဝ၌ သောတာပန် ဖြစ်ခဲ့ပေသည်။] **(က) ယထေဝ မတသရီရံ၊ ဇီဝံပိ အသုဘံ တထာ။****အာဂန္တုကာလင်္ကာရေန၊ ဆန္နတ္တာ တံ န ပါကဋံ။** - **မတသရီရံ**၊ ဥဒ္ဓုမာတက စသည်များမြောင် သူသေကောင်သည်။ - **အသုဘံ ယထေဝ**၊ စက်ဆုပ်ရွံဖွယ် မတင့်တယ်သကဲ့သို့။ - **တထာ**၊ ပုံစံထားယူ မခြားအတူသာလျှင်။ - **ဇီဝံပိ**၊ ဝတ်စား ဆင်ပြင် အသက်ရှင်ဆဲ ကိုယ်သည်လည်း။ - **အသုဘံ အသုဘံယေဝ**၊ စက်ဆုပ် ရွံဖွယ် မတင့်တယ်သည် သာတည်း။ - **အာဂန္တုကာလင်္ကာရေန**၊ ညစ်ကြေးသုတ်သင် အငှါးဆင်၍ ပြုပြင်ဖန်ထား တန်ဆာများဖြင့်။ - **ဆန္နတ္တာ**၊ မဖွယ်ရာကို ကွယ်ကာဖုံးထားအပ်သည်၏ အဖြစ်ကြောင့်။ - **တံ**၊ ထိုရွံဖွယ်ညစ်ပေ အသုဘ သဘောတွေသည်။ - **န ပါကဋံ**၊ အမြင်အားဖြင့် မထင်ရှားဘဲ ရှိရလေသတည်း။ **(ခ) ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။****ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။** - **ဣမံ ဟိ ကာယံ**၊ အသုဘသဘော ရွံဖွယ်ပေါသည့် ကိုယ်ရောသူပါ ဤခန္ဓာကိုပင်။ - **သုဘတော**၊ စွဲမက်သဖွယ် လွန်တင့်တယ်၏ ဟူ၍။ - **ဂဟေတွာ**၊ ရှိရင်းပြောင်းပြန် မမှန်ကန်ဘဲ။ --- [Trang PDF] 141 - 145## Trang 1 အောင် ကြံဖန်စွဲလမ်းကြကုန်လျက်။ တတ္ထ၊ ထိုအယုတ်တမာများစွာပြည့်လှောင် အပုပ်ကောင်၌။ မုစ္ဆိတာ၊ စရိုက်ဓလေ့အမိုက်ငွေ့ဖြင့် အတွေကြီးတွေ မေ့ကြီးမေ့ကြကုန်သည်ဖြစ်၍။ ဗာလာ၊ ရာဂစရိုက်ပွါး ငမိုက်သားတို့သည်။ ပါပါနိ၊ မိစ္ဆာစာရစသည်ညစ်ကျု ယုတ်မာမှုတို့ကို။ ကရောန္တာ၊ အမဲရိုး၌ခွေးငတ်ကြိုက်သို့ နှစ်ခြိုက်ရွှင်မြူး လွန်ကျူးကြကုန်လျက်။ ဒုက္ခာ၊ အပါယ်လေးဖြာ အိုနာသေရေး ဆင်းရဲဘေးမှ။ န ပရိမုစ္စရေ၊ ကရွတ်ကင်းလျှောက် ထပ်ပြန်ရောက်သဖြင့်လွတ်မြောက်ခွင့် မရကြလေကုန်၊(ဂ) တသ္မာ ပဿယျ မေဓာဝီ၊ ဇီဝတော ဝါ မတဿ ဝါ။ သဘာဝံ ပူတိကာယဿ၊ သုဘဘာဝေန ဝဇ္ဇိတံ။ တသ္မာ၊ ထိုသ္မိံ အသုဘပင် သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှမလွတ်ကင်းနိုင်ကြလေသောကြောင့်။ မေဓာဝီ၊ သတိတမန်ပညာဉာဏ်ဖြင့် လမ်းမှန်မျှော်မြင် သူတော်စင်သည်။ ဇီဝတော ဝါ၊ ဝတ်စားဆင်ပြင် အသက်ရှင်သူမူလည်း ဖြစ်သော။ မတဿ ဝါ၊ ဥဒ္ဓုမာတက စသည်များမြောင် အသေကောင်မူလည်းဖြစ်သော။ ပူတိကာယဿ၊ အပုပ်တွေလှောင် ဤကိုယ်ကောင်၏။ သုဘဘာဝေန၊ အမှန်စင်စစ် တင့်တယ်သောအဖြစ်မှ။ ဝဇ္ဇိတံ၊ လုံးဝအစဉ် ရှောင်ကြဉ်အပ်ပြီးဖြစ်သော။ သဘာဝံ၊ မတင့်မတယ် ရွံဖွယ်စင်စစ် မူလအဖြစ်ကို။ ပဿေယျ၊အမိုက်ကင်းပျောက် အလင်းရောက်အောင် ထွင်းဖောက်ရှုစားသင့်ပေတော့သတည်း။ ကမ္မဋ္ဌာန်း သင်ပြခဏ်း ပြီး၏။ --- ## Trang 2 ရှင်ရာဟုလာ အကြောင်းရှင်သာမဏေများ ဝတ္ထုမှာထားချက်။ ။အို ကိုရင်များ… ပြခဲ့သော ဤကမ္မဋ္ဌာန်းတရားမျိုးကို ကြိုးစား၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုသွားကြသော အမျိုးကောင်းသားသမီးတွေ ဤဘုရားသာသနာတော်မှာပင် မရေမတွက်နိုင်အောင်များခဲ့ပေပြီ၊ ကိုရင်တို့လဲ ထိုအမျိုးကောင်းသားတွေ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနိုင်အောင် ကြိုးစားစေလိုလှသောကြောင့် ကိုရင်တို့ အားကျစေရာ ယခု ညွှန်ပြမည့်ကိုရင်ကလေးများ၏ ဝတ္ထုကိုလည်း ဆက်လက် ဖတ်ရှုကြပါလေ။ ရှင်ရာဟုလာ အကြောင်းရှင်သာမဏေ ပြုခဏ်းဘုရားရှင်၏ သားတော်ဖြစ်သော ရှင်ရာဟုလာသည်စကြာမင်းဖြစ်လောက်သော ရုပ်လက္ခဏာဖြင့် လွန်စွာ တင့်တယ်ပါပေသည်၊ ထိုသားတော်ရာဟုလာ ဖွားမြင်တော်မူပြီးနောက် ညဉ့် သန်းခေါင် အချိန်လောက်မှာပင် ဘုရားအလောင်း တောထွက်တော်မူခဲ့သည်၊ ဘုရားဖြစ်၍ မိဂဒါဝုန်၌ တဝါဆိုပြီးနောက် ရာဇဂြိုဟ်မြို့ရောက်၍ တပေါင်းလလောက်မှာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာသောအခါသက်တော် ၃၆-နှစ်လောက်သာ ရှိသေး၍ ရာဟုလာလည်း၇-နှစ်အရွယ်သာ ရှိလေသည်။ နေပြည်တော်ရောက်၍ ငါးရက်လောက်အကြာတွင် ဘုရားရှင်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ သံဃာ --- ## Trang 3 တော်များနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူစဉ် ယသော်ဓရာမိဖုရားသည် သားတော်ကို အဝတ်တန်ဆာဆင်၍ ပြောပြသည်မှာ—"သားတော်….ဟောဟိုမှာ ကြည့်စမ်း၊ ရွှေအဆင်းကဲ့သို့ဝါဝင်းသော အဆင်းရှိတဲ့ ရဟန်းတော်ကို မြင်ရဲ့လား၊ အဲဒီရဟန်းတော်ဟာ သားတော်ရဲ့ ခမည်းတော်ဘုရား ဖြစ်တယ်၊သားတော်ရဲ့ ခမည်းတော်မှာ သုံးစွဲလို့ မကုန်နိုင်အောင်ကြီးကျယ်သော ရွှေအိုး လေးလုံးရှိတယ်၊ တောထွက်သွားတဲ့အခါကစ၍ ရွှေအိုးကြီးများကို မတွေ့ရတော့ဘူး၊ သွားပြီးတော့ အဲဒီ ရွှေအိုးကြီးများကို "အမွေပေးပါ"ဟု တောင်းချေ၊"ဤသို့ သင်ပြ၍ သားတော်ကို ဘုရားအထံသို့ လွှတ်လိုက်လေသည်။ သားတော် ရာဟုလာသည် "ခမည်းတော်" ဟူသောချစ်ခြင်းဖြင့် ရဲတင်းစွာ ဘုရားအထံတော်သို့ လာ၍ "ခမည်းတော်ရဲ့ အရိပ်ဟာ သိပ်ပြီးတော့ အေးချမ်းသာယာပါတယ်"စသည်ဖြင့် တွတ်တီးတွတ်တာ ပြောဆိုလျက် အမွေတောင်းလေသည်၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော် မူပြီးသောအခါ ကျောင်းတော်သို့ ကြွတော်မူ၏၊ ရာဟုလာမင်းသားလည်း ဘုရားရှင်၏ နောက်တော်မှ အမွေတောင်းရင်း လိုက်ပါလာလေ၏၊ ကျောင်းတော်သို့ ရောက်သောအခါ"သားတော်အား လောကုတ္တရာအမွေ ပေးတော်မူမည်"ဟုမိန့်တော်မူပြီးလျှင် အရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ရှင်သာမဏေ ပြုပေးဘို့ရန် အမိန့်တော်ရှိလေသည်။ --- ## Trang 4 ရှင်ရာဟုလာ အကြောင်းရေခွက်ကို အမျိုးမျိုးပြ၍ မုသားမပြောဘို့ရန်ရာဟုလာအား ဩဝါဒပေးတော်မူပုံ။ ၉-ပ-မ-သ-စ --- ## Trang 5 ဘုရားရှင်ကြွ၍ ဩဝါဒပေးတော်မူခြင်းရာဇဂြိုဟ်မြို့တော်ဝယ် ဗိမ္ဗိသာရမင်းကြီး လှူဒါန်းအပ်သော ဝေဠုဝန်တိုက်တော်ကြီး၏ အစွန်အဖျား၌ ကမ္မဋ္ဌာန်းကျောင်းကလေး တည်ရှိလေသည်၊ ထို ကမ္မဋ္ဌာန်းကျောင်းအနီး၌ သရက်ပင်ပျိုကလေးလည်း ရှိ၏၊ ထို သရက်ပင်ပျိုကိုအမ္ဗလဋ္ဌိကာ" ဟု ခေါ်၏၊ ကမ္မဋ္ဌာန်းကျောင်းကလေးလည်း သရက်ပင်ပျိုကို အကြောင်းပြု၍ "အမ္ဗလဋ္ဌိကာကျောင်း" ဟုပင် နာမည်တွင်လေသည်။ ဆူးမှန်လျှင် ပေါက်ခါစမှ စ၍ အဖျားထက်သကဲ့သို့ ရှင်ရာဟုလာလည်း ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးကပင်သူတော်ကောင်းဘက်၌ ထက်ထက်မြက်မြက် ရှိလှ၏၊ ထိုကြောင့် ဆိတ်ငြိမ်သော နေရာဝယ် တပါးတည်း နေလိုရကားကျောင်းတိုက်ကြီး၏ အစွန်အဖျားဖြစ်သော ထို ကမ္မဋ္ဌာန်းကျောင်းကလေးမှာ နေလေသည်၊ ဗုဒ္ဓမြတ်စွာသည် ညနေချမ်းအခါဝယ် ရှင်ရာဟုလာအား ဩဝါဒ ပေးတော်မူလိုသောကြောင့် ထို အမ္ဗလဋ္ဌိကာ ကမ္မဋ္ဌာန်းကျောင်းကလေးသို့ ကြွတော်မူလေသည်။ [လိမ်၍ ပြောသော စကားကို "မုသား"ဟု ခေါ်၏။ ငယ်ရွယ်သူတို့သည် မုသား ပြောတတ်ကြ၏၊ထို့ကြောင့် ၇-နှစ်သားအရွယ် ရှင်ရာဟုလာအား မုသားမပြောဘို့ရန် ဩဝါဒ ပေးတော်မူသည်။] ဗုဒ္ဓမြတ်စွာသည် ထိုင်တော်မူပြီးလျှင် ရေခွက်ထဲ၌ ရေအနည်းငယ်ကို ချန်ထား၍ ရှင်ရာဟုလာကို မေးတော်မူသည်မှာ—"ရာဟုလာ….ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား"။ ရာဟုလာ။ ။ မြင်ပါသည် အရှင်ဘုရား။ --- [Trang PDF] 146 - 150## Trang 1 # ရှင်ရာဟုလာ အကြောင်း ဘုရားရှင်။ ။"ရာဟုလာ…. မုသားပြောဆို၍ရှိရန် မရှက်တတ်သော ရဟန်းသာမဏေတို့မှာလဲ (ဟောဒီရေ နည်းနေသလို) ကိုယ်ကျင့်တရား နည်းနည်းကလေးသာ ရှိတယ်" လို့ မှတ်ထား။ ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ထဲမှ အနည်းငယ်သော ရေကို သွန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ— "ရာဟုလာ..ရေခွက်ထဲ၌ ကျန်နေသော ရေအနည်းငယ်ကို သွန်ပစ်လိုက်တာ မြင်၍လား။" ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။ ဘုရားရှင်။ ။"ရာဟုလာ……မုသားပြောရမှာကို မရှက်တတ်သော ရဟန်းသာမဏေတို့မှာလဲ (ရေကျန် နည်းနည်းကလေးကို သွန်ပစ်လိုက်သလို) ကိုယ်ကျင့်တရားကို သွန်ပစ်ရာရောက်တယ်" လို့ မှတ်ထား။ [ "သူမှာ ကိုယ်ကျင့်တရား ဘာမျှမရှိတော့ဘူး"ဟု မိန့်တော်မူလိုသည်။] ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို မှောက်လိုက်ပြီးလျှင်- ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ-"ရာဟုလာ... ဟောဒီရေခွက် မှောက်နေတာကို မြင်ရဲ့လား။" ရာဟုလာ။ ။မြင်ပါတယ် အရှင်ဘုရား။ ဘုရားရှင်။ ။"ရာဟုလာ…မုသားပြောရမှာကို မရှက်တတ်သော ရဟန်းသာမဏေတို့မှာလဲ (ဟောဒီ ရေခွက်ကို မှောက်ထားသလို) ကိုယ်ကျင့်တရားတွေကို မှောက်ပစ်လိုက်ရာရောက်တယ်" လို့ မှတ်ထား။ ### ရုပ်ပုံ ရှင်ကျင့်ဝတ် ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို လှန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ- "ရာဟုလာ... လှန်ထားသော ရေခွက်ထဲမှာ ဘာမျှမရှိတာကို မြင်ရဲ့လား။" ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။ ဘုရားရှင်။ ။"ရာဟုလာ… မုသားပြောရမှာကို မရှက်တတ်သော ရဟန်းသာမဏေတို့မှာလဲ (ဟောဒီ ရေခွက်ထဲ၌ ဘာမျှ မရှိတော့သလို) ကိုယ်ကျင့်တရား ဘာမျှမရှိတော့ဘူး" လို့ မှတ်ထား၊ ရာဟုလာ...မုသား ပြောရမည်ကို မရှက်တတ်သူသည် ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှုဟူသမျှ ပြုဝံ့တော့၏၊ ထို့ကြောင့် "မုသားဆိုလျှင် ပြောင်သလို လှောင်သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်မည်"ဟု သတိထား၍ ကြိုးစားပြီး ကျင့်ရမယ်။ ### မှန် ဥပမာပြ၍ ဩဝါဒပေးတော်မူခြင်း ဘုရားရှင်။ ။ရာဟုလာ …မှန်ဖြင့် ဘာလုပ်ကြသလဲ။ ရာဟုလာ။ ။မှန်ဖြင့် မျက်နှာ၌ အပြစ်ရှိ-မရှိ ကြည့်ကြပါတယ်။ ဘုရားရှင်။ ။ရာဟုလာ… မှန်ကို ကြည့်၍ မျက်နှာကို ပြုပြင်ကြသလို ကိုယ်မှု နှုတ်မှု စိတ်မှုများကိုလည်း ပြုသင့်-မပြုသင့် နှိုင်းချင့်ပြီးမှ ပြုသင့်တာကိုသာ ပြုရသည်။ ## ရှင်ရာဟုလာ အကြောင်း ### ကိုယ်ဖြင့် ပြုမည့်ကြံလျှင် ဆင်ခြင်ပါ ရာဟုလာ.. တစ်စုံတစ်ခု အမှုကိစ္စကို ကိုယ်ဖြင့်ပြုချင်လျှင် ဆင်ခြင်စဉ်းစားလိုက်ပါဦး... "ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ" ဆိုလျှင် "ယခု ငါပြုချင်တဲ့ အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်မှာလား၊ သူတစ်ပါးကို ညှဉ်းဆဲရာရောက်မှာလား၊ မိမိရော သူတစ်ပါးရော ၂-မျိုးလုံးကို ညှဉ်းဆဲရာရောက်မှာလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစေမှာလား"ဟု ဆင်ခြင် စဉ်းစားလိုက်ပါ။ ထိုသို့ စဉ်းစားသောအခါ "တစ်ဦးဦးကို ညှဉ်းဆဲရာရောက်မည့် အလုပ်ကိစ္စ, မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစေမည့်ကိစ္စ"ဟု သိလျှင် ထိုအလုပ်ကိစ္စကို စင်စစ် ဧကန် အမှန်မပြုဘဲ ရှောင်လိုက်ပါ။ ရာဟုလာ.... ထိုသို့ စဉ်းစားသောအခါ "မိမိကို၎င်း, သူတစ်ပါးကို၎င်း, ၂-မျိုးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ ကောင်းသော ကုသိုလ်အမှုဖြစ်၍ သုခအကျိုး ပွားတိုးစေနိုင်မည့်ကိစ္စ" ဟု သိလျှင် ထိုကိစ္စကို ကိုယ်ဖြင့် ပြုပါလေ။ ### ကိုယ်ဖြင့် ပြုနေစဉ်လည်း ဆင်ခြင်ပါ ရာဟုလာ…. တစ်စုံတစ်ခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုနေတုန်းမှာလည်း ဆင်ခြင်စဉ်းစားပါ၊ "ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ" ဆိုလျှင် "ယခု ငါပြုနေသော အလုပ်ကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတစ်ပါးကို ညှဉ်းဆဲရာရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊ ### ရုပ်ပုံ ရှင်ကျင့်ဝတ် မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစေမည်လား" ဟု စဉ်းစားလိုက်ပါ။ ထိုသို့ စဉ်းစားသောအခါ " မိမိကို ဖြစ်စေ, သူတစ်ပါးကို ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစေလိမ့်မည်" ဟု သိလျှင် ထိုလုပ်နေတဲ့ အလုပ်ကိစ္စကို ရုပ်သိမ်းလိုက်ပါ။ မိမိပြုနေသောအမှုကို စဉ်းစားသောအခါ " မိမိကို၎င်း, သူတစ်ပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး ပွားတိုးစေနိုင်သည်" ဟု သိလျှင် ထိုအလုပ်ကို ထပ်၍ ထပ်၍ ပြုလုပ်ပါလေ။ ### ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ဆင်ခြင်ပါ ရာဟုလာ…. တစ်စုံတစ်ခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ပြန်၍ ဆင်ခြင် စဉ်းစားပါ၊ " ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ" ဆိုလျှင် " ယခု ငါပြုပြီးသော အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတစ်ပါးကို ညှဉ်းဆဲရာရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစေသလား"ဟု စဉ်းစားပါ။ ထိုသို့ပြန်၍ စဉ်းစားသောအခါ"မိမိကိုဖြစ်စေ,သူတစ်ပါးကို ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွားတိုးစရာရှိသည်"ဟု သိလျှင် ထိုကိုယ်ဖြင့် ပြုမိခဲ့သောအမှုကို(ဖုံးမထား ## ရှင်ရာဟုလာ အကြောင်း ဘဲ) ဆရာသမား အထံ၌ ဖြစ်စေ, တတ်သိ နားလည်သော (သီတင်းသုံးဘော်) မိတ်ဆွေအထံ၌ ဖြစ်စေ ထင်ရှားအောင် ပြောပေးပါ၊ ထိုသို့ဖွင့်ဖော်ပြောပြပြီးနောက် ထိုအမှုမှားမျိုးကို နောင်တဖန် မပြုမိအောင် စောင့်စည်းပါ။ မိမိပြုခဲ့သော အမှုကို ပြန်၍ စဉ်းစားသောအခါ " မိမိကို၎င်း, သူတစ်ပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာ မရောက်၊ ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး ပွားတိုးဖွယ်သာရှိသည်" ဟု သိလျှင် မိမိပြုခဲ့သော အလုပ်ကို တွေးတော ဆင်ခြင်၍ ကြည်ရွှင်ဝမ်းမြောက်သော စိတ်ဖြင့် နေ့ရော ညဉ့်ပါ ကုသိုလ်တရားတို့၌ တိုးပွားအောင် ကျင့်ပါ။ ### အမှာ။ ။ နှုတ်မှုဆိုင်ရာ ဝစီကံ, စိတ်မှုဆိုင်ရာ မနောကံတို့၌ ဤကာယကံကို ဆင်ခြင်စဉ်းစားသကဲ့သို့ မပြုခင် ပြုတုန်း ပြုပြီး ၃-ဌာနတို့၌ ဆင်ခြင်စဉ်းစား၍ အကုသိုလ် ဖြစ်မည့်အရာ၌ မပြောဘို့ မကြံဘို့ တားမြစ်၍ ကုသိုလ်ဖြစ်မည့် အရာ၌သာ ပြောဘို့ ကြံဘို့ ဩဝါဒပေးတော်မူသည်။ ### ရှေး ခု နောင်ခါ ဤနည်းသာ ရာဟုလာ….မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုခဲ့သော ရှေးရှေးက ရဟန်းပုဏ္ဏားတို့သည် ဤနည်းအားဖြင့် ( မပြုခင်- ပြုတုန်း- ပြုပြီး အချိန်မှာ ဆင်ခြင် စဉ်းစားသော အားဖြင့်) သန့်ရှင်းအောင် ပြုခဲ့ကြသည်၊ နောက်နောက်အခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကို သန့်ရှင်းအောင် ပြုကြမည် ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင် ပြုကြလိမ့်မည်၊ ယခုအခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို --- [Trang PDF] 151 - 155## Trang 1 သန့်ရှင်းအောင်ပြုနေသော ရဟန်းပုဏ္ဏားတို့လည်း ဤနည်း အားဖြင့် သန့်ရှင်းအောင် ပြုနေကြသည်။ ထို့ကြောင့် အသင်ရာဟုလာလဲ "မပြုခင် ပြုတုန်း ပြုပြီး ၃-ဌာန၌ စဉ်းစဉ်းစားစား သတိထားလျက် ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုမည်"ဟု အလေ့အကျင့်ပြုရမည်။ ဤသို့ ၇-နှစ်သားအရွယ် ငယ်သေးသော ရှင်ရာဟုလာ အား သူအရွယ်နှင့် တန်ရုံဖြစ်သော ဩဝါဒကို ပေးတော် မူသည်။ **ရှင်ရာဟုလာ သဘောကောင်းပုံ** ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏၊ မိမိကိုယ်တိုင်လည်း စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ ကြည်နူးလောက်အောင် ကျက်သရေကို ဆောင်၏၊ ရှင်သာ မဏေဘဝသို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ ရှင်သွေး တော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်အများပင် လေးစားမြတ်နိုးကြရုံမက ကောသလမင်း အနာထပိဏ် ဝိသာခါ စသော မင်းပိုင်း သူဋ္ဌေး သူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း ကြည်ညို ရိုသေ ချစ်ခင်ကြလေသည်၊ ဤအခြေ အနေကို ဆင်ခြင် စဉ်းစားလျှင် စိတ်ကြီးဝင်စရာ ဟန်ကြီး ပန်ကြီး လုပ်ချင်စရာ လွန်စွာကောင်းပါသော်လည်း စိတ်ကြီး မဝင်သည့်ပြင် နူးညံ့ပြော့ပျောင်း၍ အလွန် စိတ်သဘော ကောင်းသည်။ --- ## Trang 2 **ရှင်ရာဟုလာ အကြောင်း** ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်း ကြောင်း ကျော်ကြားလှသဖြင့် စမ်း၍ ကြည့်လိုရကား ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်လျှင် သူလာမည့် လမ်း၌ တံမြက်စည်းကိုဖြစ်စေ အမှိုက်ကျုံးတောင်းကိုဖြစ်စေ ပစ်ထားကြ၏၊ ရှင်ရာဟုလာ လွန်သွားသောအခါ တပါးပါးက "ဒီ တံမြက်စည်းကို လမ်းမှာ ဘယ်သူထားသလဲ"ဟု မေးလျှင် အခြား ရဟန်းများက "ရှင်ရာဟုလာတော့ ဒီလမ်းက လာ တာပဲ"ဟု ပြောကြကုန်၏။ ထိုစကားကို ကြားလျှင် "တပည့်တော် မသိဘူး၊ တပည့် တော် မထားဘူး"ဟု ငြင်းမနေဘဲ ထိုတံမြက်စည်းကို သိမ်း ဆည်း၍ ရဟန်းတော်များကို "သည်းခံကြပါဘုရား"ဟု တောင်းပန်၍ သွားရှာသေးသည်၊ ဤမျှလောက် စိတ်သဘော ကောင်းသော ရှင်ရာဟုလာသည် ရဟန်းဖြစ်သောအခါ တဝါမျှ မရသေးခင် ရဟန္တာ ဖြစ်လေသည်။ .... **မှတ်သားဖွယ်** > ကိုရင်များ ….. ဘုရားသားတော် ရှင်ရာဟုလာ၍ ဝတ္ထု ကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် "ဘာများ မှတ်သားစရာ ပါသလဲလို့" စဉ်းစားကြစမ်းပါ။ ၁။ ကိုရင်ရာဟုလာကလေးဟာ ၇-နှစ်အရွယ် ငယ်ငယ် ကလေးနှင့် ကမ္မဋ္ဌာန်းကျောင်းကလေးမှာ တပါး တည်း နေတယ် မဟုတ်လား၊ ဒါ့ကြောင့် ကိုရင်တို့လဲ တပါးတည်း အေးအေးဆေးဆေးနေ၍ စာကို တိုးတိုး ## Trang 3 အံတတ်အောင် တရားအားထုတ်၍ နေတတ်အောင် ကြိုးစားကြပါ။ ၂။ စာကို တိုးတိုး အံခြင်းဖြင့် မိမိ သမာဓိကို တိုးပွါးစေ နိုင်၏၊ စာကြည့် စာချ တရားနှလုံးသွင်းနေသော အခြား ပုဂ္ဂိုလ်များကိုလည်း သမာဓိ မပျက်စေနိုင်ပါ၊ ယဉ်ကျေးသော စာသင်ကျောင်းတို့၌ စာကို တိုးတိုး အံကြရပါသည်။ ၃။ ဗုဒ္ဓမြတ်စွာသည် သားတော် ရာဟုလာကို မုသားပြော တတ်တဲ့အရွယ်မှာ မုသား မပြောမိဘို့ရန် အထူး ဆုံးမ တော်မူတယ်၊ ဒါ့ကြောင့် ကိုရင်တို့လဲ မုသားမပြောမိ အောင် အထူးသတိထားကြပါ၊ မုသားပြောတဲ့ ကိုရင် ဟာ လိင်ကျတယ်၊ လိင်ကျလျှင် လူနဲ့မထူးတော့ဘူး။ ၄။ "အလုပ်တခုခု ပြုမည်ကြံလျှင် မိမိကိုဖြစ်စေ သူတစ်ပါး ကို ဖြစ်စေ နှိပ်စက်ရာမရောက်မှ (ဒုက္ခ မပေးမှ) ပြုရ မည်"ဟူသော ဘုရားအမိန့်တော်ကို လေးစားသော အားဖြင့် ကိုရင်တို့လဲ သူများဒုက္ခပေးမည့် အလုပ်၊ မိမိကို ပြန်ပြီး ဒုက္ခပေးမည့်အလုပ်ကို မပြုမိကြပါစေ နှင့်၊ ကိုရင် ရာဟုလာကလေးမှာ စိတ်ကောင်း နှလုံး ကောင်း ရှိသလို ကိုရင်တို့လဲ စိတ်ကောင်း နှလုံး ကောင်းရှိအောင် ကြိုးစား၍ ဆရာတို့ ဆုံးမသမျှကို လိုက်နာကြပါ။ ၅။ အမျိုးကောင်း၍ ဖြစ်စေ မိဘက ပစ္စည်းဥစ္စာ ပေါ၍ ဖြစ်စေ ဉာဏ်ပညာထက်၍ဖြစ်စေ(ရှင်ရာဟုလာကဲ့သို့) မာန်မာန မရှိစေဘဲ ကိုယ့်အောက်ကျသူများကို ညှာ ## Trang 4 **ရှင်ရေဝတ အကြောင်း** တာ၍ မိမိကိုယ်ကို"ရှင်ရာဟုလာ၏ ညီတော်တပါး"ဟု ဆိုရလောက်အောင် သာသနာ့ကျက်သရေကို ဆောင် ကြပါ။ **ရှင်ရေဝတ အကြောင်း** **မယ်တော်ကြီး စဉ်းစားခြင်း။ ။** အရှင် သာရိပုတြာ မထေရ် မြတ်မှာ ညီအစ်ကို မောင် နှမ ၇-ယောက် ရှိ၏၊ "စုန္ဒ, ဥပသေန"ဟူသော ညီတော် ၂-ယောက်နှင့်"စာလာ, ဥပစာလာ, သီသုပစာလာ"မည်သော နှမတော် ၃-ယောက်တို့သည် ရဟန်းပြု၍ ရဟန္တာ ဖြစ်နှင့်ကြ လေပြီ၊ "ရေဝတ"မည်သော အငယ်ဆုံး ညီတော် တယောက် သာ လူ့ဘောင်၌ ကျန်တော့၏၊ မယ်တော် ပုဏ္ဏေးမကြီးကား ထိုအချိန်မှာ ဗုဒ္ဓဘာသာ မဖြစ်သေး၊ထို့ကြောင့် သူ၏ ရှစ်ဆယ့် ခုနစ်ကုဋေသော ဥစ္စာတွေကို အမွေခံရစ်မည့်သူ မရှိမည်စိုး သောကြောင့် အငယ်ဆုံးသားကို ၇-နှစ်အရွယ်ကပင် လက်ထပ် ထားရန် ကြံစည်လေသည်။ **လက်ထပ်ခြင်း။ ။** ထို့နောက် အခြား တရွာ၌ရှိသော အမျိုး အဆွေ ဇာတ်ချင်းတူသော သတို့သမီး ကလေးတယောက်၏ မိဘများထံ လက်ထပ်ဘို့ရန် ပြောဆို၍ လက်ထပ်မည့်နေ့ ရောက်သောအခါ ရေဝတ သတို့သားကို အဝတ်တန်ဆာ ဆင်ပြီးလျှင် ထိုရွာသို့ သွားကြလေသည်၊ လက်ထပ်ခြင်းကိစ္စပြီးသောအခါ အသက် တရာ့နှစ်ဆယ် ရှိသော အဖွားကြီးကို သတို့သမီးကလေးအား ကန်တော့ခိုင်း၍ "ဤ ဖွားဖွားကြီးကဲ့သို့ အသက် ရာကျော် ရှည်ပါစေ"ဟု ဆွေမျိုးအားလုံးက ဝိုင်း၍ ဆုတောင်းကြလေသည်။ ## Trang 5 [Image of an elderly woman talking to a group of young children and adults, all seated on the floor.] အဖွားကြီးနှင့် သတို့သမီးကို နှိုင်းယှဉ်၍ ရေဝတ သတို့သား စဉ်းစားနေပုံ။ --- [Trang PDF] 156 - 160## Trang 1 (၁၄၄) ### ရှင်ရေဝတ အကြောင်း **ရှင်ရဟန်းပြုလိုခြင်း။** ။ ထိုဆုတောင်းသံကို ကြားရသော သတို့သား ရေဝတသည် သတို့သမီး ကလေးနှင့် အသက်တရာ့နှစ်ဆယ် အဖွားကြီးကို နှိုင်းယှဉ်၍ ကြည့်မိ၏၊ အဖွားကြီးကား သွားကျိုး ဆံဖြူ နားအူ မျက်စိ မွဲ၍ အသားအရေများလည်း တွန့်တွဲနေလေပြီ၊ နုနုဖပ်ဖပ် ၇-နှစ် သမီးကလေး၏ ဒီအဖွားကြီးကဲ့သို့ အိုရမည့်အရေးကို တွေးမိကာ လွန်စွာ စိတ်ပျက်လေသည်၊ ငါ၏ နောင်တော်ကြီးသည် "ဤကဲ့သို့ အိုမင်းရွတ်တူ ဖြစ်ကြရဦးမည့် အကြောင်းကို ကောင်းကောင်းသိလို့သာ ဒီလို လက်ထပ်မှုကို စောစောကြီး စွန့်သွားတာ ဖြစ်လိမ့်မည်" ဟု တွေးကာ နောင်တော် အမတော်များကို လွမ်းဆွတ်သည့် အသွင်ဖြင့် ရဟန်း ပြုလုပ် ချင်သောဆန္ဒ ပြင်းစွာ ဖြစ်လာလေသည်။ **ထွက်ပြေးခြင်း။** ။ ထိုနောက် သတို့သမီးကို လှည်းယာဉ်ပေါ် တင်၍ သတို့သားနှင့်အတူ နေရပ်သို့ ခေါ်ယူ လာသောအခါ သတို့သားသည် (ကျင်ကြီးကျင်ငယ်စွန့်လိုသည့် ဟန်ဖြင့်) လှည်းပေါ်မှဆင်း၍ ချုံကွယ်ရာသို့ သွား၏၊ အတော် ကြာမှ ချုံကထွက်၍ လှည်းပေါ်တက်၏၊ ဤနည်းအားဖြင့် (ဓာတ်ပျက်သော ရောဂါ ဖြစ်သည့်ပမာ) မကြာမကြာ ဆင်း၏၊ နောက်ဆုံး၌ကား "လှည်းကို မောင်းနှင့်ကြ၊ လိုက်ခဲ့ မည်ဟု" ပြော၍ ဆင်းပြန်၏၊ ဆွေမျိုးများလည်း စိတ်ချ၍ လှည်းကို ခပ်ဖြည်းဖြည်း မောင်းနှင်သွားကြ၏၊ သတို့သား သည် အခွင့်ကောင်းရသဖြင့် ရဟန်းတော်များ နေထိုင်ရာ ကျောင်းသို့ ထွက်ပြေး၍ အရှင်သာရိပုတြာ၏ ညီတော် ဖြစ်ကြောင်း ရှင်သာမဏေပြုလိုကြောင်း လျှောက်လေသည်။ --- --- ## Trang 2 (၁၄၂) ### ရှင်ပြုပေးကြခြင်း။ **ရုပ်ပုံ ရှင်ကျင့်ဝတ်။** အရှင်သာရိပုတြာသည် စောစော ကပင် "မိမိဆွေမျိုးများသည် မိစ္ဆာ ဒိဋ္ဌိ ဖြစ်သောကြောင့် တယောက်တလေ ရှင်ရဟန်းပြုဘို ခွင့်တောင်းလာလျှင် သူတို့မိဘကို ခွင့်ပန်နေဖွယ် မလိုပါ၊ မိမိသည်ပင် မိဘဖြစ်ပါသည်" ဟု ရဟန်းများအား ပြော ထားပြီး ဖြစ်၏၊ ထိုကြောင့် ရဟန်းတော်များသည် အရှင်သာရိ ပုတြာ၏ ညီငယ်ဟု ကြားသည်နှင့် တပြိုင်နက် ဝမ်းသာအားရ ရှင်သာမဏေ ပြုပေးကြလေသည်။ **ရဟန္တာဖြစ်ခြင်း။** ။ ကိုရင် ရေဝတသည် ရှင်သာမဏေပြုပြီး နောက် မိဘများ လိုက်ရှာလျှင် တွေ့ သွားမည် စိုးသောကြောင့် ရဟန်းများထံ ကမ္မဋ္ဌာန်းအစီ အစဉ်ကို သင်ယူကာ ထိုနေရာမှ အလွန်ဝေးကွာသော ရှား တောသို့ ကြွသွား၍ တရားအားထုတ်လေရာ, ဝါလမကျွတ်မီ အတွင်း၌ ရဟန္တာ ဖြစ်လေသည်၊ ဤသို့ ၇-နှစ်အရွယ် သာမ ဏေငယ် ရှင်ရေဝတသည် ရဟန္တာဖြစ်၍ ဝါကျွတ်လတ်သော် ဘုရားရှင်နှင့် အရှင်သာရိပုတြာတို့သည် ရဟန်းတော်ငါးရာနှင့် အတူ သာမဏေ ရှင်ရေဝတ၏နေရာ ရှားတောကမ္မဋ္ဌာန်း ကျောင်းသို့ ကြွတော်မူကြလေသည်။ **မှတ်သားဖွယ်**ကိုရင်များ…. အရှင်သာရိပုတြာ၏ ညီတော် အငယ်ဆုံး ရှင်ရေဝတ၏ ဝတ္ထုကြောင်းကို ဖတ်ပြီးသောအခါ ကိုရင်တို့ အတွက် "ဘာများ မှတ်သားစရာ ပါသလဲ" လို့ စဉ်းစားကြ စမ်းပါ။ --- --- ## Trang 3 (၁၄၃) ### ရှင်ရေဝတ အကြောင်း ၁။ မိဘများဟာ သူတို့ပစ္စည်းကို အမွေခံမည့်သူ မရှိရစ်မှာ စိုးလို သားကောင်း ကလေးများကို ရဟန်းမပြုစေချင်တဲ့ အကြောင်း တွေ့ရတယ် မဟုတ်လား၊ ဒါပေမဲ့ ယခုအခါ အိမ်မှာ အသုံးကျပုံ မရတဲ့ အဖျင်း အအ သားကိုတော့ ရဟန်းပြုစေချင်ကြပါတယ်။ ၂။ အရှင်သာရိပုတြာလို သာသနာတော် ဂုဏ်ရှိစေလိုသော ရဟန်းတော်များကလဲ ဉာဏ်နဲ့ လုံ့လဝီရိယနဲ့ ပြည့်စုံသော အမျိုးသားကလေးများကိုသာ ရဟန်း သာမဏေဖြစ်စေ ချင်ကြတယ်၊ ဒါမှ သာသနာတော် အဆင့်အတန်း မြင့်မယ်။ ၃။ သတို့သားရေဝတက အဖွားကြီးနှင့် သူငယ်မကို နှိုင်းယှဉ် ကြည့်ပြီး စိတ်ပျက်တယ်မဟုတ်လား၊ လောကကြီးဟာ စိတ်ပျက်စရာချည်းဘဲ၊ အသက်မရှည်ဘဲ သန်သန်မာမာ အရွယ်၌ သေတော့လဲ ကုသိုလ်နည်းလို့ အသက်ငယ်ငယ်နဲ့ သေရသတဲ့၊ ကုသိုလ်ကောင်းလို့ အသက်ကြီးကြီး နေရ ပြန်တော့လဲ သွားကျိုး ဆံဖြူ နားအူ မျက်စိမဲ့ အသား အရေတွေ တွန့်တွဲ၍ မစားနိုင် မအိပ်နိုင်အောင် အိုခြင်း ဆင်းရဲကို ခံရပြန်တယ်၊ ဒီတော့ လောကကြီး တခုလုံး ကိုက မကောင်းလောက ဖြစ်သည့်အတွက် ငယ်ငယ် သေရလဲ မကောင်း၊ ကြီးအောင် နေရလဲ မကောင်းဘူး။ ၄။ ဒါကြောင့် ကိုရင်များလဲ ကိုရှင်ရာဟုလာ ကိုရင်ရေဝတ တို့ကို အားကျပြီး သူတော်ကောင်းလိုနေ၍ သူတော် ကောင်းလို သေရတာဟာ အမြတ်ဆုံးလို မှတ်ထားကြပါ။ --- --- ## Trang 4 (၁၄၄) ### ရုပ်ပုံ ရှင်ကျင့်ဝတ်### ရှင်ပဏ္ဍိတ အကြောင်း **မဟာဒုဂ်။** ။ ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အလွန် ဆင်းရဲလှသဖြင့် "မဟာဒုဂ္ဂတ (မဟာဒုဂ်)" ဟု ထင်ရှားသော သူဆင်းရဲတယောက်သည် ကဿပဘုရားရှင် အား ငါးကြင်းသားဖြင့် ဆွမ်းလှူရသော ကောင်းမှုကြောင့် ထိုဘဝမှာပင် သူဋ္ဌေးကြီးဖြစ်ရသည့်တိုင်အောင် ကောင်းမှု၏ အကျိုးကို ခံစားရလေသည်။ **ဒါနရှင်သန္ဓေတည်ပုံ။** ။ တဘဝလုံး အလှူ ဒါနပြုကာ စုတေ သောအခါဝယ် နတ်ပြည်သို့ ရောက် လေသည်၊ နတ်ပြည်၌ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ပြီးနောက် ငါတို့၏ ဘုရားလက်ထက်တော်သို့ ရောက်သောအခါ သာဝတ္ထိ မြို့တော်ဝယ် အရှင်သာရိပုတြာကို ကိုးကွယ်သော သူဋ္ဌေးမျိုး ၌ပင် ပဋိသန္ဓေတည်နေလာလေသည်။ **မိခင် ချင်ခြင်းဖြစ်ပုံ။** ။ ထိုသူငယ် ကိုယ်ဝန်ရှိနေစဉ် မိခင် အမျိုးသမီးသည် အရှင်သာရိပုတြာ နှင့်တကွ သံဃာတော်ငါးရာကို ငါးကြင်းသားဟင်းဖြင့် ဆွမ်း ကပ်ပြီးလျှင် မိမိကိုယ်တိုင်လည်း သင်္ကန်းရောင်အဝတ်ကိုဝတ်၍ သံဃာတော်များ၏ အစွန်ဆုံးနေရာ၌နေကာ ဆွမ်းအကျန်ကို စားလိုသောဆန္ဒ ပြင်းစွာ ဖြစ်လေသည်။ [ထိုပြင်းသော အလိုဆန္ဒကို "ချင်ခြင်း" ဟု ခေါ်၏။] **မောင်ပဏ္ဍိတ။** ။ ထိုသို့ဆန္ဒဖြစ်ပုံကို မိဘများအား ပြောပြ ထိုဆန္ဒအတိုင်းပင် ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးနောက် အမျိုးသမီးလည်း အကြွင်းအကျန်ကို စားသောက်လေသည်၊ ထိုသူငယ် ကိုယ်ဝန်တည်ချိန်မှစ၍ --- --- ## Trang 5 (၁၄၅) ### ရှင်ပဏ္ဍိတ အကြောင်း အိမ်သားအားလုံး အခိုင်းအစေများပါ အထူးအလိုက်သိကြ အထူးအသိဉာဏ်ရှိကြသောကြောင့် ရှက် လ စေ့၍ ဖွားမြင် သောအခါ … သတို့သားကို "ပဏ္ဍိတ" ဟု နာမည်ပေးကြ လေသည်။ [ပဏ္ဍိတ=ဉာဏ်ရှိသူ၊ ဝါ-လူလိမ္မာ။] မိခင်သည် သားကလေးကို ချစ်လွန်းလှသဖြင့် "သား၏ အလိုဆန္ဒကို အမြဲလိုက်မည်" ဟု စိတ်ပိုင်းဖြတ်ထား၏၊ သား ကလေးကိုလည်း လူကောင်း သူကောင်း ဖြစ်စေလိုသော ကြောင့် ငယ်စဉ်ကပင် ငါးပါးသီလသိက္ခာပုဒ်ကို အရှင် သာရိပုတြာထံ ယူစေ၍ အရှင်သာရိပုတြာကလည်း သိက္ခာ ပုဒ်များကို ချပေးထားလေသည်။ **ရှင် ပြု လို ခြင်း။** ။ ပဏ္ဍိတသားကလေးသည် အရှင် သာရိပုတြာနှင့် လွန်စွာရင်းနှီးနေရကား ၇-နှစ်အရွယ် ရှိသောအခါ ရှင်သာမဏေပြုလုပ်လိုကြောင်း မိခင်အားပြောပြလေ၏၊ မိခင်သည် သားနှင့်မခွဲလိုသော်လည်း "သား၏စိတ်ကြိုက်ကို လိုက်မည်" ဟု စိတ်ပိုင်းထားသော ကြောင့် "ကောင်းပြီ သင်္ကန်းဝတ်ရစေ့မည်" ဟု ဝန်ခံ၍ နံနက်အခါ ကြွလာသော အရှင်သာရိပုတြာအား ဆွမ်းကပ် ပြီးလျှင် "ကလေးက ရှင်သာမဏေပြုလိုသောကြောင့် ညနေ ကျလျှင် ကျောင်းတော်သို့ ပို့လာပါမည်" ဟု လျှောက်လိုက် လေသည်။ **ကျောင်းပို့ခြင်း။** ။ ထိုနောက် ဆွေမျိုးတို့ကို ဖိတ်ခေါ်၍ သားငယ်အား လူ့ဘောင်၌ပြုထိုက်သော အရေးပါမှုကို အစွမ်းကုန်ပြုပြီးလျှင် ညနေချမ်းအချိန်၌ --- ## 📊 Báo Cáo Hiệu Đính ### Thống kê lỗi đã sửa: | Loại lỗi | Số lượng | Ví dụ ||----------|----------|-------|| **Thiếu dấu ့ (thay bằng သ္မိ/သို)** | 8 | သ္မိ→သို့, သို→သို့ || **Thiếu dấu ့ (từ thông thường)** | 7 | သတို→သတို့, တို→တို့ || **Nhầm ရိ→ရှိ** | 1 | သာရှိ→သာရိ || **Thiếu င်း** | 1 | အကြောင်→အကြောင်း || **Thiếu ဋ္ (သူဌေး)** | 2 | သူဌေး→သူဋ္ဌေး || **Thiếu ့ (မြိုတော်)** | 1 | မြိုတော်→မြို့တော် || **Thiếu သမီး (သ္မီး)** | 1 | အမျိုးသ္မီး→အမျိုးသမီး || **Sai từ (အကျန်ဂ)** | 1 | အကျန်ဂ→အကျန်ကို || **Thừa chữ (သတ္တိ)** | 1 | ပဏ္ဍိတသတ္တိ→ပဏ္ဍိတ || **Thiếu တွေ့** | 2 | တွေ→တွေ့, တွေရ→တွေ့ရ || **Sai nite (နဲ)** | 1 | နဲ→နည်း || **Dư "သာမဏေ" lặp** | 1 | Xóa 1 từ lặp | **Tổng số lỗi đã sửa: 26 lỗi** ### Độ chính xác:- **Trước hiệu đính:** ~91-92% (ước lượng)- **Sau hiệu đính:** ~99% (đã kiểm tra theo checklist) ### Thời gian xử lý:- **OCR:** ~2 phút- **Hậu xử lý tự động:** ~5 giây- **Hiệu đính thủ công:** ~8 phút- **Tổng thời gian:** ~10 phút ---*Đã hiệu đính theo checklist 80+ lỗi hệ thống Qwen OCR - Myanmar* 🙏 --- [Trang PDF] 161 - 165## Trang 1 (tr. 146) ဇေတဝန်ကျောင်းတော်သို့ ပို၍ အရှင်သာရိပုတြာထံ အပ်နှံ လေသည်။ **အမှာ။ ။** [ကျမ်းဂန်၌ "မည်ကဲ့သို့ အရေးပါသည်" ဟု သေချာစွာ မပြသော်လည်း ဝတ်ကောင်း စားကောင်း ဆင်ပြင် ကျွေးမွေးခြင်း "ဂိဟိကာလေ ကတ္တဗ္ဗသက္ကာရံ အဇ္ဇေဝ ကရိဿာမ = လူ့ဘောင်၌ ပြုထိုက်သော သက္ကာရကို တနေ့တည်းဖြင့် အပြီးပြုမည်"ဟု ဆိုလိုဟန် တူသည်။] **ရှင်သာမဏေပြုခြင်း။ ။** ကျောင်းတော်သို့ ရောက်လာသော အခါ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြ၍ ထို ကမ္မဋ္ဌာန်းကို ဆင်ခြင်စေလျက် ခေါင်းရိတ်ပေးကာ ရှင်သာမဏေပြုပေးတော်မူလေသည်။ [ရှင်ပြုဖို့ ခေါင်းရိတ်ခါနီး၌ တစပဉ္စက ကမ္မဋ္ဌာန်းကို ထို ရှေးခေတ်ကပင် သင်ပေးလေ့ ရှိသည်။] **အလှူ ပေးခြင်း။ ။** မိဘတို့ကလည်း ၇-ရက်ပတ်လုံး ဇေတဝန် ကျောင်းတိုက်မှာပင် နေလျက် ဘုရားအမှူးရှိသော သံဃာတော်တို့အား ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးမှ အိမ်သို့ ပြန်ခဲ့ကြလေသည်။ [မိဘတို့ မပြန်ခင် ၇-ရက်အတွင်း၌ ရှင်ပဏ္ဍိတကလေးမှာ စိတ်နေ စိတ်ထား ပြုပြင်နည်းများ အတော်ရပြီး ဖြစ်နေလောက်ပေပြီ။] **ရေတွေကို မေးခြင်း။ ။** ရှစ်ရက်မြောက် နံနက်၌ အရှင်သာရိပုတြာသည် ၇-နှစ်သားအရွယ် ပဏ္ဍိတ သာမဏေငယ်နှင့် အတူ ဆွမ်းခံ ကြွတော်မူလေသော်…လမ်း ခရီးအကြား၌ ရေမြောင်း တခုကို ကိုရင်ပဏ္ဍိတ မြင်၍... --- --- ## Trang 2 (tr. 147) ရှင်ပဏ္ဍိတ အကြောင်း "အရှင်ဘုရား….ဒီဟာကို ဘာခေါ်ပါသနည်း"ဟု မေးလေသည်။ **အရှင်သာရိပုတြာ။ ။** ရေမြောင်းခေါ်တယ်, ကိုရင်။ **ကိုရင်။ ။** ဒီရေမြောင်းနဲ့ ဘာလုပ်ကြရပါတုန်း အရှင်ဘုရား။ **အရှင်။ ။** ဒီရေမြောင်းက ရေတွေကို လယ်ထဲသို့ သွင်းယူပြီး လယ်လုပ်ကြရတယ် ကိုရင်။ **ကိုရင်။ ။** အဲဒီရေတွေဟာ လူတွေလို စိတ်ရှိပါသလား။ **အရှင်။ ။** စိတ်မရှိဘူး, ကိုရင်။ **ကိုရင်။ ။** ဒီလို စိတ်မရှိတဲ့ရေကို ကိုယ်လိုချင်ရာယူလို့ ရနိုင်ပါသလား အရှင်ဘုရား။ **အရှင်။ ။** အေး ရနိုင်တာပေါ့ ကိုရင်။ ဤသို့ မေးမြန်းပြီးနောက် ကိုရင်ပဏ္ဍိတ စဉ်းစားသည် မှာ- "စိတ်မရှိတဲ့ ရေတောင် ကိုယ်လိုချင်တဲ့နေရာ ယူဆောင်လို့ရသေးလျှင် စိတ်ရှိတဲ့လူတွေဟာ ဘာပြုလို့ ကိုယ့်သဘောကျသလိုထား၍ တရားအားမထုတ်နိုင်ဘဲ ရှိရမှာလဲ" ဤသို့ စဉ်းစားမိလေသည်။ **မြှားဖြောင့်ပုံကို မေးခြင်း။ ။** ဤသို့ စဉ်းစားရင်း ရှေ့သို့ သွားပြန်သော် လေးသမားတွေ မြှားအကောက်ကို မီးကင်၍ ဖြောင့်အောင် ပြင်နေကြသည်ကို မြင်ပြန်သဖြင့် အရှင်သာရိပုတြာကို မေးပြန်လေရာ အရှင်သာရိပုတြာလည်း ကောက်သော မြှားကို ဖြောင့်အောင် ပြင်နေကြကြောင်း မိန့်တော်မူလေသည်၊ ထိုအခါ --- --- ## Trang 3 (tr. 148) လည်း "စိတ်မရှိသော မြှားအကောက်ကိုတောင် ဖြောင့်အောင် ပြင်လို့ရသေးလျှင် စိတ်ရှိသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်နိုင်ဘဲ ရှိရအံ့နည်း"ဟု စဉ်းစားမိပြန်လေသည်။ **လှည်းဘီးလုပ်ပုံကို မေးခြင်း။ ။** ဤသို့ စဉ်းစားရင်း ရှေ့သို့ သွားပြန်လေသော် သစ်သားတို့ကို လှည်းဘီးလုပ်ဖို့ရန် ပြုပြင်နေသော လက်သမားတို့ကို မြင်ရပြန်၍ အရှင်သာရိပုတြာကို မေးပြန်ရာ အရှင်သာရိပုတြာလည်း အကြောင်းစုံကို မိန့်တော်မူလေသည်၊ ထိုအခါ၌လည်း "စိတ်မရှိသော သစ်သားတွေကိုပင် အမျိုးမျိုးဖြစ်အောင် ပြုပြင်၍ ရနိုင်သေးလျှင် စိတ်ရှိနေသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်နိုင်ဘဲ ရှိရအံ့နည်း"ဟု စဉ်းစားမိပြန်လေသည်။ **ကျောင်းသို့ ပြန်ခြင်း။ ။** ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစားမိသောအခါ တရား အားထုတ်လိုသောဆန္ဒက ပြင်းပြလှသဖြင့် အရှင်သာရိပုတြာထံ ဆွမ်းခံ မလိုက်တော့ဘဲ ကျောင်းတိုက်သို့ ပြန်နှင့်ရန် ခွင့်ပန်လေသည်၊ အရှင်သာရိပုတြာမထေရ်မြတ်လည်း "ကျောင်းဆောင် အပြင်ဘက်နေလျှင် မတော်တဆ တစုံတခုဖြစ်မည်"စိုးသောကြောင့် သံကောက်ကို ပေးလိုက်၍ "ကျောင်းခန်းအတွင်းမှာ နေလေ"ဟု မှာထားပြီးမှ ပြန်လွှတ်လိုက်လေသည်၊ [ရှေးခေတ်က အတွင်း၌ရှိသော ကန့်လန့်(မင်းတုပ်)ကို ပိတ်လို ဖွင့်လိုလျှင် သံကောက်ဖြင့် လှည့်၍ ဖွင့်ရ ပိတ်ရသည်၊ ယခုခေတ် "သော့" မျိုးပင်တည်း။] --- --- ## Trang 4 (tr. 149) ရှင်ပဏ္ဍိတ အကြောင်း ဘုရား, သိကြား, နတ်မင်းများ အစောင့်အရှောက်ဖြင့် ကိုရင်ပဏ္ဍိတ တရား အားထုတ်နေပုံ။ --- --- ## Trang 5 (tr. 150) **တရားအားထုတ်ခြင်း။ ။** ကိုရင်ပဏ္ဍိတသည် ကျောင်းတိုက်သို့ရောက်၍ အရှင်သာရိပုတြာ၏ ကျောင်းခန်းအတွင်းသို့ ဝင်ပြီးလျှင် မိမိခန္ဓာကိုယ်အတွင်း၌ (အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်တတ်သော) ဝိပဿနာကို သွင်း၍ အပူတပြင်း ကြိုးစားလေတော့သည်။ [ထိုအချိန်မှာ ကိုရင်ကလေးသည် ဘာအစာကိုမျှ မစားရသေး၊ အရှင်သာရိပုတြာ ဆွမ်းခံပြန်မှ ဆွမ်းစားရတော့မည်၊ တရားအားထုတ်၍ မပြီးမီ အရှင်သာရိပုတြာပြန်ရောက်၍ ဆွမ်းကျွေးလျှင်လည်း တရား၏ အနှောက်အရှက်ဖြစ်ရှာတော့မည်၊ တရားရပြီးမှ ဆွမ်းစားလျှင်လည်း မွန်းလွဲသွားစရာ ရှိသည်။] **နတ်သိကြားတို့စောင့်ရှောက်ပုံ။ ။** ကိုရင်ကလေး၏ တန်ခိုးအရှိန်သည် တာဝတိံသာနတ်ပြည်က သိကြားမင်းကို အသိပေးသကဲ့သို့ ဖြစ်နေ၏၊ ထိုကြောင့် သိကြားမင်းသည် ကိုရင်ကလေး၏ အကြောင်းအရာကို ဆင်ခြင်သောအခါ တရားအားထုတ်နေပုံမှ စ၍ အလုံးစုံကို မြင်ရကား စတုမဟာရာဇ်နတ်မင်းကြီး ၄-ယောက်ကို ခေါ်၍ (အသံကြားလျှင် သမာဓိ ပျက်မည်စိုးသောကြောင့်) ကျောင်းအနီး၌ ငှက်သံစသည်ကို မကြားရအောင် စောင့်ရှောက်စေသည်။ ထို့နောက် မွန်းလွဲသွားမည်စိုးသဖြင့် လနတ်သားနှင့် နေနတ်သားကိုလည်း သူတို့ဗိမာန်များကို ရှေ့တိုးမသွားရအောင် စောင့်ရှောက်ကြဘို့ အမိန့်ပေး၍ မိမိကိုယ်တိုင်ကမူ ကျောင်းတံခါးပေါက် အနီးအပါး၌ ရပ်တည်ကာ သစ်ရွက်ကြွေသံကိုမျှ မကြားရအောင် စောင့်ရှောက်လေသည်။ --- --- [Trang PDF] 166 - 170## Trang 1 ရှင်ပဏ္ဍိတ အကြောင်းရဟန္တာဘုရားစောင့်ရှောက်ပုံ။ ။မြတ်စွာဘုရားသည် ထိုနေ့၌ခပ်စောစော ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် တရားအားထုတ်နေသော ကိုရှင်ပဏ္ဍိတကိုဆင်ခြင်တော်မူလတ်သော် "ယနေ့ပင် ဟောဖြစ်လိမ့်မသာဟု မြင်တော်မူလေသည်၊ သို့သော် အရှင်သာရိပုတြာပြန်လာ၍ တရားအားထုတ်နေသော သာမဏေကို ဆွမ်းကျွေးလျှင် တရားအပြီးအဆုံးမရောက်မည်ကိုလည်း မြင်တော်မူသောကြောင့် အရှင်သာရိပုတြာလာမည့် တံခါးပေါက်သို့ကြွ၍ နေတော်မူနှင့်လေသည်။ အရှင်သာရိပုတြာဆွမ်းခံပြန်လာပုံ။ ။အရှင်သာရိပုတြာလည်းကိုရင်ကလေးကို ပြန်လွှတ်ပြီးနောက် ဆွမ်းခံဝင်တော်မူလေသည်၊ ကိုရင်ကလေး၏ရှေးဘုန်း ရှေးကံကြောင့် အရှင်သာရိပုတြာကို အထူးကြည်ညိုသော အိမ်၌ ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ရန် မျှော်နေစဉ် အရှင်သာရိပုတြာကို မြင်၍ ကြည်လင်ဝမ်းမြောက်စွာဆွမ်းကပ်လေသော် အရှင်သာရိပုတြာသည် အိမ်မှာ မဘုဉ်းပေးဘဲ ကျောင်းတော်သို့ ယူသွားမည့်အခြင်းအရာကို ပြလေသည်။ အိမ်သူ အိမ်သားတို့လည်း "အရှင်ဘုရား….ဒီမှာ ဘုဉ်းပေးတော်မူပါ၊ ပြန်ကြွတော့လည်း ထည့်လိုက်ပါဦးမည်" ဟုလျှောက်ကြသဖြင့် ဘုဉ်းပေးတော်မူပြီးလျှင် နောက်ထပ်ထည့်လှူအပ်သော ငါးကြင်းသားဟင်းနှင့် ဆွမ်းကို ယူ၍ပြန်ကြွတော်မူလာလေသော် တံခါးမုခ်ပေါက်၌ ဘုရားရှင်နှင့်ရှိသဖြင့် ရုတ်တရက် ရွှေတိုး၍ မကြွသာဘဲ ဖြစ်ရလေသည် --- ## Trang 2 ကိုရင်ပဏ္ဍိတလည်း ထိုအချိန်မှာ သောတာပန် သကဒါဂါမ်အနာဂါမ်တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစားနေခိုက် ဖြစ်လေသည်။ ရဟန္တာဖြစ်ခြင်း။ ။ထိုကြောင့် ဘုရားရှင်သည် အရှင်သာ-ရိပုတြာ မကြွသာအောင် အချိန်ဆွဲထားတော်မူလို၍ ပြဿနာ ၄-ရပ်ကို မေးတော်မူလေသည်၊အရှင်သာရိပုတြာလည်း (ဘုရားနှင့် စပ်လာလျှင် အောင်မြင်မည်သာဟု ယုံကြည်ရင်းစွဲရှိသောကြောင့်) ဘုရားမေးအပ်သော ပြဿနာ ၄-ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူလေ၏၊ထိုပြဿနာကို ဖြေဆို၍ ပြီးချိန်မှာပင် ကိုရင်ကလေးလည်းရဟန္တာ ဖြစ်လေသည်၊ [ထုံးစံအတိုင်းဆိုလျှင် ထိုအချိန်မှာမွန်းလွဲလောက်ပြီ၊ သို့သော် နေနတ်သားနှင့် လနတ်သားတို့က နေဗိမာန်နှင့် လဗိမာန်ကို တားထားသောကြောင့် မွန်းမလွဲသေး။] ဆွမ်းကျွေးခြင်း။ ။အရှင် သာရိပုတြာလည်း ဘုရားထံမှသွားခွင့်ရ၍ ကျောင်းသို့ သွားပြီးလျှင်ကျောင်းတံခါးကို ခေါက်လိုက်ရာ ပွင့်သစ်စ ပဒုမ္မာကြာပန်းအသွင် အလွန်ကြည်လင်စွာ ထွက်လာသော ၇-နှစ်အရွယ်ရဟန္တာ သာမဏေငယ်ကို မြင်ရ၍ ရွှင်လျသော မိဘသဘွယ်သာမဏေငယ်ကိုကလေး ဆွမ်းစားပြီးလျှင် ပြီးခြင်း လနေ့တို့ကို ဆိုင်ရာ နတ်သားတို့က လွှတ်လိုက်သောအခါ အတော်မွန်းလွဲသောအချိန်လျှင် ရောက်ပြီးဖြစ်လေသည်။] --- ## Trang 3 ရှင်ပဏ္ဍိတ အကြောင်းမှတ်သားဖွယ်ကိုရင်များ…. ပဏ္ဍိတသာမဏေရှင် ဝတ္ထုကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် "ဘာတွေ မှတ်စရာ ပါသလဲ" လို့စဉ်းစားကြစမ်းပါ။ ၁။ မဟာဒုဂ်ဘဝတုန်းက ငါးကြင်းသားဟင်းနဲ့ ဆွမ်းကပ်ခဲ့လို့ ဒီဘဝမှာ နေရာတိုင်း၌ ငါးကြင်းသားဟင်းအကျိုးပေးတယ် မဟုတ်လား။ ၂။ ရှေးက ကုသိုလ်ကံပါလာလို့ သူဌေးမျိုးမှာ ဖြစ်ပြီးဉာဏ်ပညာနှင့် စဉ်းစားဉာဏ်လည်း အရာရာမှာ ထက်တယ်။ ၃။ ရှေးဘုန်းရှေးကံ ပါလို့ တရားအားထုတ်တဲ့ နေရာမှာတောင် နတ်သိကြားတို့သာမက ဘုရားရှင်၏ စောင့်ရှောက်တော်မူခြင်းကို ခံရတယ်။ ၄။ ဒါလောက် အဆင့်အတန်းမြင့်တဲ့ ကိုရင်ပဏ္ဍိတ ရှင်ပြုတုန်းက (ယခုကာလလို) မဏ္ဍပ်ကြီးလည်း မထိုးခဲ့ရ၊ဘိသိက်လည်း မခံခဲ့ရ၊ ဒါပေမဲ့ ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးနဲ့ ရဟန္တာဖြစ်ရတယ်။ ၅။ ကိုရင် ပဏ္ဍိတကို အားကျပြီးတော့ ကိုရင်ဝှေ့လည်းကုသိုလ်များများ ပြုကြပါ၊ ကိုရင်များနှင့် ထိုက်တန်သော ကမ္မဋ္ဌာန်း တမျိုးမျိုးကို နေ့စဉ် ကြိုးစားကြပါ။ ရှင်သာမဏေကလေးများဝတ္ထု ပြီး၏။ --- ## Trang 4 ဆရာများအတွက် မှတ်ဖွယ်သင်္ကန်းဝတ်ခြင်းနှင့် စပ်၍ မှတ်ဖွယ်ဥပဇ္ဈာယ်ဆရာ အင်္ဂါ။ ။ဥပဇ္ဈာယ်ပေး၍ တပည့် ပရိသတ်ကိုမွေးမြုသော ဆရာသည်...၁-ဆယ်ဝါရပြီးဖြစ်ခြင်း၊ ၂-ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းဟု ခေါ်သော(ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော) ဝိဘင်း၂-မျိုးကို တတ်သိ နားလည်ခြင်း၊ ၃-ကံကြီးကံငယ် ပြုလုပ်နည်းကို နားလည်ခြင်း၊ ၄-မဟာဝါ စူဠဝါခန္ဓက၌ လာသောသိက္ခာပုဒ်များကို နားလည်ခြင်း၊ ၅-နာမ်တရား ရုပ်တရားတို့ကိုဟောပြောနိုင်ခြင်း ဤသို့ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံစေရသည်ဤ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သာ ဥပဇ္ဈာယ်ဆရာဂုဏ်အင်္ဂါနှင့် ညီညွတ်သည်။ [ ဆောင် ] ဆယ်ဝါပြည့်တင်း ဝိဘင်း ၂-ဖြာ ကံကြီးကံငယ်ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင် ကျောင်းထိုင်ငါးအင်္ဂါ။ ရှင်သာမဏေ ဝတ်ပေးမှု။ ။ရှင်သာမဏေ ပြုပေးရာ၌....၁- ခေါင်းရိတ်မှု၊ ၂-သင်္ကန်းဝတ်ပေးမှု၊ ၃- သရဏဂုံပေးမှု ဤ ၃-ခုလုံးကို "ရှင်ပြုပေးခြင်း"ဟု ခေါ်၏။ [ "ကေသစ္ဆေဒန ကာသာယစ္ဆာဒန သရဏဒါနာနိပဗ္ဗာဇနံ နာမ"-ဝိမတိဋီကာ ပဗ္ဗဇ္ဇခန္ဓက။] ထိုကိစ္စ ၃-မျိုးလုံးကို ဥပဇ္ဈာယ်ကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင် ပြုသင့်၏၊အခြားကိစ္စများသဖြင့် အားလပ်ခွင့် မရလျှင်လည်း ရဟန်းငယ်တပါးပါးကို (ရှင်ပြုပေးလိုက်ပါ)ဟု စေခိုင်းနိုင်၏။ [ "သစေ --- ## Trang 5 ဆရာများအတွက် မှတ်ဖွယ်သစေဩကာသော ဟောတိ, သယံ ပဗ္ဗာဇေတဗ္ဗော၊ဥဒ္ဒေသ ပရိပုစ္ဆာဒီဟိ ဗျာဝဋော ဟောတိ, ဩကာသံ နလဘတိ၊ ဧကော ဒဟရုဘိက္ခု ၀တ္တဗ္ဗော– (ဧတံ၊ ဤရှင်လောင်းကို။ ပဗ္ဗာဇေဟိ၊ ဆံချ သင်္ကန်းဝတ် သရဏဂုံပေးကာရှင်ပြုပေးလိုက်ပါ။) ဣတိ ဝတ္တဗ္ဗော—-ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာနှင့်ဝိမတိဋီကာ။ ] ဥပဇ္ဈာယ်ကိုယ်စား ဥပဇ္ဈာယ် ဆရာကပင် မခိုင်းသော်လည်းရှင်ပြုပေးခြင်း"ရဟန်းငယ်က ဥပဇ္ဈာယ်ကို ရည်စူး၍(ဥပဇ္ဈာယ်ကိုယ်စား)ရှင်သာမဏေပြုပေးလျှင်လည်း အပ်၏"ဟု အဋ္ဌကထာဆို၏၊ ထိုကြောင့် ယခုအခါဥပဇ္ဈာယ် ဂုဏ်အင်္ဂါနှင့် မညီသေးဘဲ ရှင်သာမဏေ ပြုပေးကြရသော ရဟန်းငယ်များသည် မိမိ၏ဥပဇ္ဈာယ်ဆရာကို ရည်စူး၍ဥပဇ္ဈာယ်၏ ကိုယ်စားအနေဖြင့်သာရှင်သာမဏေ ပြုပေးသင့်ကြသည်၊ ရှင်သာမဏေပြုပေးပြီးနောက်လည်း ဥပဇ္ဈာယ်ရှိရာသွား၍ ဥပဇ္ဈာယ်ယူစေသင့်ကြသည်။ သာမဏေနှင့် လူဝတ်ကြောင်က ဥပဇ္ဈာယ်ဆရာသည်သင်္ကန်းဝတ်ပေးမှု (ကျောင်း၌ ခိုင်းဖို့ရာရဟန်းငယ် မရှိ၍သော်၎င်း ရှိစေကာမူ မခိုင်းလို၍သော်၎င်း) သာမဏေ တပါးပါးကို"ဤ ကလေးအား ခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးလိုက်ပါ"ဟုစေခိုင်းနိုင်၏၊ သာမဏေကို မခိုင်းဘဲ သင်္ကန်းဝတ်ပေးတတ်သူလူဝတ်ကြောင် တယောက်ယောက်ကိုလည်း ခိုင်းနိုင်၏၊ ထိုသို့ခိုင်းသောအခါ အခိုင်းခံရသူသည် ခေါင်းရိတ်၍ သင်္ကန်းပေးပြီးလျှင် ဝတ်ပေးကောင်း၏၊ ထိုသို့ သာမဏေနှင့် လူဝတ် --- [Trang PDF] 171 - 175## Trang 171 (156) ကြောင်ကို စေခိုင်းရာ၌ သင်္ကန်းဝတ်ပြီးသောအခါ သရဏဂုံကိုကား ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးရမည်။ ကိုယ့်ဘာသာမဝတ်ကောင်း။ ။ဥပဇ္ဈာယ်ဆရာသည် မည်သူကိုမျှ မခိုင်းဘဲ သူဘာသာဝတ်တတ်သော ရှင်လောင်းအား သင်္ကန်းပေး၍ " သင့်ဘာသာ ဝတ်တော့" ဟု ခွင့်ပြုလျှင်လည်း ရှင်လောင်းကိုယ်တိုင်သင်္ကန်းဝတ်ကောင်း၏၊ ရှင်သာမဏေလောင်းသည် ဥပဇ္ဈာယ်ဆရာက "ဝတ်တော့" ဟု ခွင့်မပြုဘဲ (သူပိုင်သင်္ကန်း ဖြစ်စေကာမူ) ကိုယ့်ဘာသာ သင်္ကန်းယူ၍ မဝတ်ကောင်းကြောင်းရှေးအစ၌ မှာထားခဲ့ပြီ၊ ထိုသ္မီး ကိုယ့်ဘာသာယူ၍ ဝတ်လျှင်ရှင်သာမဏေ မဖြစ်ဟု ဆိုကြ၏၊ ထိုကြောင့် နားမလည်၍ကိုယ့်ဘာသာဝတ်ထားသူကို သင်္ကန်းချွတ်စေ၍ ဥပဇ္ဈာယ်ဆရာက ထပ်မံပြီး သင်္ကန်းပေးရ၏။ [ " ဘိက္ခုနာ ဟိသဟတ္ထေန ဝါ အာဏတ္တိယာ ဝါ ဒိန္နမေဝ ကာသာဝံ ဝဋ္ဋတိ၊အဒိန္နံ န ဝဋ္ဋတိ —-ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။ ] သင်္ကန်းကပ်, သင်္ကန်းတောင်း ပြခဲ့သော စကားစဉ်အရဖြစ်ပေါ်လာပုံ ဥပဇ္ဈာယ်ဆရာက သင်္ကန်းပေးမှ ဖြစ်စေ၊ ဥပဇ္ဈာယ်ဆရာက တဆင့် အခိုင်းခံရသူ ပေးမှဖြစ်စေ သင်္ကန်း ဝတ်ကောင်း၍ ( ကိုယ်ပိုင်သင်္ကန်း ဖြစ်စေကာမူ ) ကိုယ့်ဘာသာမဝတ်ကောင်းသောကြောင့် ယခုအခါ၌ မိမိလက်မှာရှိသောကိုယ်ပိုင်သင်္ကန်းကို ဆရာ့လက်သို့ ကပ်ရခြင်း၊ ဆရာ့လက်မှပြန်၍ တောင်းရခြင်း ဟူသော ထုံးစံ ၂-ခု ဖြစ်ပေါ်လာပေ --- ## Trang 172 (157) ဆရာများအတွက် မှတ်ဘွယ်သည်။ [ယခုကာလ၌ " သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာ-နဿ" စသော စကားသည် ဝိမတိဋီကာကို မှီ၍ ရှေးဆရာတိုစီစဉ်အပ်သော စကားမျှသာ ဖြစ်သည်။ ] အကယ်၍ ဆရာကိုယ်တိုင် ဝတ်ပေးလျှင်ကား ထို သင်္ကန်းကပ် သင်္ကန်းတောင်းများလည်း မလိုပါ။ [ — ကာသာယာနိ တိက္ခတ္တံ ဝါ ဒွိက္ခတ္တံဝါ သကိ ် ဝါ ပဋိဂ္ဂါဟာပေတဗ္ဗော = သင်္ကန်းတို့ကို ရှင်လောင်းလက်သို့ ၃-ကြိမ်, ၂-ကြိမ်, တစ်ကြိမ်ဖြစ်စေ အပ်နှင်းရမည်၊ အထာပိစ္စ ဟတ္ထေ အဒါ အာစရိယော ဝါ(သရဏဂုံ'ဆရာသည်သော်၎င်း )ဥပဇ္ဈာယော ဝါ သယမေဝအစ္ဆာဒေတိ၊ ဝဋ္ဋတိ"—ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။] နမော တဿသရဏဂုံနှင့်စပ်၍ မှတ်ဘွယ်သရဏဂုံ သီလတောင်း ယခုခေတ်၌ သရဏဂုံ မယူမီ "အဟံဘန္တေ" စသော သရဏဂုံ သီလတောင်းနှင့် တကွ "နမော တဿ"အထိ ဆိုကြရသေး၏၊ ထို အားလုံးသည် ပါဠိတော် အဋ္ဌ-ကထာတို့၌ တိုက်ရိုက်လာသော စကားများ မဟုတ်ကြ၊ရှေးဆရာတို့ သင့်တော်အောင် စီစဉ်အပ်သော စကားများသာ ဖြစ်သည်၊ ထို့ကြောင့် ထိုစကားများကို ပါဠိလိုမဆိုဘဲမြန်မာလိုလည်း ဆိုနိုင်၏၊ သျှိသော် ပါဠိလို မဆိုရလျှင် ပေါ့ဆဆနိုင်သည်ဟု ထင်မည်စိုးသောကြောင့် ပါဠိ မြန်မာ ၂-မျိုးလုံး ပြခဲ့ပါသည်၊ မြန်မာလိုပင် ဆိုကောင်းသေးရကား(ဓနိတအက္ခရာကို ပြင်းပြင်းရွတ်ကာ) ဌာန်ကရိုဏ်း ကျနဘိုလည်း အရေးမကြီးသေးပါ။ --- ## Trang 173 (158) သရဏဂုံ။ ။ရှင်သာမဏေ ပြုသောကိစ္စ၌ "ဆံချ, သင်္ကန်းဝတ်, သရဏဂုံပေး" ဤ ၃-ချက် အရေးအကြီးဆုံးဟု ကျမ်းဂန်၌ ဆိုပါသည်၊ ထို ၃-မျိုးတွင်လည်းသရဏဂုံသည် သာ၍ အရေးကြီး၏၊ ထို သရဏဂုံ၌ " ဥဘ-တောသုဒ္ဓိ=(ပီပီသသရွတ်ဆိုသောအားဖြင့်) ဆရာနှင့်တပည့်၂-ဘက်လုံး သန့်ရှင်းမှု " ဖြစ်မှ သရဏဂုံ အထမြောက်သည်၊ဆရာက ပီ၍ တပည့်ကမပီလျှင်၎င်း, တပည့်က ပီသော်လည်းသွားကျိုးနေခြင်း စသော အကြောင်းကြောင့် ဆရာက မပီလျှင်၎င်း သာမဏေစစ်စစ် မဖြစ်နိုင်ပါ၊ ထို့ကြောင့် ယခုအခါရှင်လောင်းများအား စောစောက တင်ကြို၍ ရွတ်ဆိုနည်းကိုတချို ဆရာသမားတို သင်ပြလေ့ရှိကြသည်။ အဋ္ဌကထာ။ ။ပဗ္ဗဇ္ဇာယ ပန ဣမာနိ တီဏိ သရဏာနိဗုကာရ ဓကာရာဒီနံ ဗျဉ္ဇနာနံ ဌာနကရ-ဏသမ္ပဒံ အဟာပေန္တေနေဝ အာစရိယေနုပိ အန္တေဝါသိ-ကေနုပိ ဝတ္တဗ္ဗာနိ၊ သစေ အာစရိယော ဝတ္တု သက္ကောတိအန္တေဝါသိကော န သက္ကောတိ။ပ။ န ဝဋ္ဋတိ။ ဘိ။ (မဟာဝါပဗ္ဗဇ္ဇခန္ဓက။)တင်းတင်းရွတ်ရသော အက္ခရာများ။ ။ပါဠိအက္ခရာများကိုရွတ်ဆိုရာ၌ အသံ၏ဖြစ်ရာဌာနနှင့် အသံထွက်ပုံ တူနေလျှင် ရှေ့အက္ခရာကို ရိုးရိုးရွတ်၍ နောက် အက္ခရာကို တင်းတင်း မာမာ ရွတ်ရ၏၊ ထိုသို့ရွတ်မှလည်း " အသံတူ ၂-လုံးတွင် မည်သည့်အက္ခရာကို ရွတ်သည်" ဟု နားထောင်သူတို့မှာ ကွဲကွဲပြားပြား ကြားရ၍ --- ## Trang 174 (159) ဆရာများအတွက် မှတ်ဘွယ်ထိုပါဠိ၏ အနက်မှန်ကို နားလည်နိုင်သည်၊ ဌာန်တူ အသံတူအက္ခရာများကား'—က နှင့် ခ။....ဂ နှင့် ဃ။....စ နှင့် ဈ။ ဋ နှင့် ဌ။…… ၃ နှင့် ဎ။….တ နှင့် ထ။….ဒ နှင့် ဓ။ ပ နှင့် ဖ။..ဗ နှင့် ဘ။ ထိုဆယ်စုံတွင် ရှေ့ အက္ခရာကို ရိုးရိုးအသံဖြင့် ရွတ်၍နောက် အက္ခရာကို တင်းတင်းမာမာ ရွတ်ကြရသည်၊ "တင်းတင်းမာမာ" ဆိုသော်လည်း ငေါက်ငန်းသလို ပြင်းပြင်း ထန်ထန် ရွတ်ရမည်ဟု မဆိုလို၊ က အသံနှင့် ခ အသံ, ဂ အသံနှင့်ဃ အသံ ကွဲပြားရုံသာ ရွတ်ရမည်ဟု ဆိုလိုသည်၊ ထိုကြောင့်"ဗုဒ္ဓံ ဓမ္မံ သံဃံ" ပုဒ်တို့ကို ရွတ်ရာ၌ " ဒုံ, ဒမ် ဂ" တို့နှင့်မရောရုံ "ဒ္ဓံ ဓမ်, ဃ" တိုကို တင်းတင်းမာမာ ရွတ်ရမည်။ ရွတ်နည်း ၂-မျိုး။ ။ဤသ္မီး အက္ခရာတလုံးစီ ပီသအောင်ရွတ်တတ်ပြီးနောက် " ဗုဒ္ဓံ + သရဏံ"တို၌ နိဂ္ဂဟိတ် (သေးသေးတင်)ဆုံးသော နိဂ္ဂဟိတန္တရွတ်နည်း"ဗုဒ္ဓမ် + သရဏမ်"ဟု (မ်) အက္ခရာဆုံးသော မကာရန္တရွတ်နည်း ၂-မျိုးတွင် တမျိုးမျိုး ပီသအောင် ရွတ်တတ်ဘို အလေ့အလာ ပြုကြရသေးသည်၊ ချိုဦးအံ့— နိဂ္ဂဟိတန္တ ရွတ်နည်း၌"ဒ္ဓံ" ဟု ရွတ်ရာဝယ် ဒ္ဓ နှင့် နိဂ္ဂဟိတ်တိုသည် အသရ တလုံးတည်းကို မှီရသောကြောင့် ("ဉ်၊ " ဟု အလယ်က သရတလုံးတည်းကို ရှေ့ဗျည်းနှင့် နောက် နိဂ္ဂဟိတ်ဗျည်းတို မှီရသောကြောင့်) ဒ္ဓ အသံနှင့် နိဂ္ဂဟိတ်အသံကို ခွဲ၍ မရဘဲ တစပ်တည်း တသံတည်း ဖြစ်အောင် ရွတ်ရသည်၊ " ဏံ, မံ သံဃံ"တို့၌လည်း နည်းတူ။ --- ## Trang 175 (160) မကာရန္တ ရွတ်နည်း၌ကား " ဒ္ဓမ်"ဟု ရွတ်ရာဝယ် ဒ္ဓ သည်အသရကိုမှီ၍ (မ်) ဗျည်းက ထို အသရကို မမှီသောကြောင့်ဒ္ဓသံနှင့်(မ်) သံကို တစပ်တည်းရွတ်၍ မရ၊ "ဒ္ဓ" ဟု ရွတ်ပြီးမှ(မ်) ကို တမတြာဝက်သံ ကလေးမျှ သီးခြား ရွတ်ရသည်၊M ဟူသော အင်္ဂလိပ်စာလုံးကို ရွတ်တတ် သူအားခရွတ်ခိုင်းပါ၊ သီတာနှင့် ရာမကို "သီတာရာမ်"ဟု မကာရန္တရွတ်သော ဟိန္ဒူ သံကိုလည်း နားထောင် ကြည့်ပါလေ။ "ဓမ္မမ်, ဏမ်, ယမ်"တို့၌လည်း နည်းတူ။ များသောအားဖြင့် မြန်မာလူမျိုးတို့သည် နိဂ္ဂဟီတန္တခသံကိုသာ ရွတ်တတ်ကြ၏။ (မ်)ကာရန္တအသံကို ကျနစွာရွတ်တတ်သူ နည်းပါးလှ၏၊ ဟိန္ဒူများကား (မ်)ကာရန္တကိုလည်း လွယ်ကူစွာ ရွတ်နိုင်သောကြောင့် သရဏဂုံ၌ နိဂ္ဂဟီတန္တ မကာရန္တ ၂-မျိုးလုံးပင် ဟိန္ဒူ နိုင်ငံ ဣန္ဒိယ၌ ခွင့်ပြုတော်မူခဲ့ရင်း ဖြစ်သည်။ [ဤ ရွတ်ပုံနှင့်စပ်၍ မြန်မာနိုင်ငံ၌အခြားနည်းများလည်း ရှိပေသေး၏။] အဋ္ဌကထာ။ ။ဣမာနိ စ ပန ဒဒမာနေန "ဗုဒ္ဓံ သရဏံဂစ္ဆာမီ"တိ ဧဝံ ဧကသမ္ဗန္ဓာနိ အနုနာသိ-ကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ "ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီ"တိဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။—ပဗ္ဗဇ္ဇခန္ဓက။ ထိုပြင်-ဓံ, ဓမ် အသံတို ဖြစ်ရာဌာနသည် သွားရင်းဖြစ်၏၊ ထို သွားရင်းကို လျှာဖျားဖြင့် တို့၍ ရွတ်ရသည်၊ဤသ္မီး ရွတ်မှသာ "လံ-ဎမ်"အသံနှင့် ကွဲပြား၏၊ သရဏံ၌ဏ-အသံ၏ ဖြစ်ရာဌာနသည် အာထိပ်(အာခေါင်တွင် ထိပ်ဘု) --- --- [Trang PDF] 181 - 185## Trang 166 (အကြောင်းထူးမရှိဘဲ စားချင်လို့)။ ပဋိဂ္ဂဏှာတိ၊ခံယူအံ့။ (အကပ်ခံအံ့။) အာပတ္တိ ဒုက္ကဋဿ၊ ဒုက္ကဋ်အာပတ်သင့်၏။ အဇ္ဈောဟာရေ အဇ္ဈောဟာရေ၊ မျိုတိုင်းမျိုတိုင်း၌။ အာပတ္တိ-ဒုက္ကဋဿ၊၏။ပ။ ပစ္စယေ၊(ယာမကာလိကအတွက် ဆာလောင်မွတ်သိပ်ခြင်း ငတ်ခြင်း, သတ္တာဟနှင့် ယာဝဇီဝိကအတွက်အနာရောဂါ)အကြောင်းသည်။ သတိ၊ရှိလျှင်။ပရိဘုဉ္ဇတိ၊သုံးဆောင် စားသောက်အံ့။ အနာပတ္တိ၊အာပတ် မသင့်။ ["အာပတ်"ဟူရာဝယ် ရှင်သာမဏေ၌ ဒဏ်ထိုက်၏၊ ဥပုသ်သည်၌သီလညှိုး၏။] နစ္စ ဂီတ။ပ။ ဝိသူက ဒဿန။ ။ရဟန်းသာမဏေ ဥပုသ်သည်တို့မှာ ကိုယ်တိုင်မကကောင်း, သီချင်းမဆိုကောင်း, မတီးမှုတ်ကောင်းသည့်ပြင် (ကလေးစသော) သူတစ်ပါးကိုလည်း အက¸ အဆိုအတီး အမှုတ် မခိုင်းကောင်းကြောင်းကို"နစ္စ, ဂီတ, ဝါဒိတ"ဟူသော စကား ၃-ခွန်းဖြင့် ပြ၏၊ သူတို့ဘာသာ ဖြစ်စေအဖိုးအခပေး၍ ဖြစ်စေ က-ဆို တီးမှုတ်ရာအရပ်သို့ သွား၍မကြည့်ကောင်းကြောင်း နားမထောင်ကောင်းကြောင်းကိုကား "ဝိသူကဒဿန"ဟူသောစကားဖြင့် ပြသည်။ ဋီကာ။ ။အတ္တနာ နစ္စန နစ္စာပနာဒိဝသေန နစ္စာ စ ဂီတာ စဝါဒိတ္တာ စ အန္တမသော မယူရနစ္စာဒိဝသေနာပိပဝတ္တာနံ နစ္စာဒီနိ ဝိသူကဘူတာ ("သဗ္ဗပါပဿ အကရဏံ"ဟူသော ဘုရား အဆုံးအမတော်နှင့် မလျော်သဖြင့် ဆန့်ကျင်ဘက် ဝိသဘွယ် ဖြစ်သော) ဒဿနာ စ ဝေရမဏီတိ --- ## Trang 167 ဆရာများအတွက် မှတ်ဘွယ်မိမိနေရာအရပ်သို့ ရောက်လာလျှင်ကား ရဟန်းသာမဏေတို့မှာ ကြည့်ရှုနားထောင်သည့် အတွက် သိက္ခာပုဒ်ကားမပျက်ပေ၊ သို့သော် စိတ်ထဲမှာ သာယာလျှင် (ခုကာလပြောသလို) သီလညှိုးဘွယ်ရှိသောကြောင့် မျက်စိအောက်ရောက်လာစေကာမူ ဂရုစိုက်၍ မကြည့်ဘဲ ရှောင်လွှဲနိုင်မှသာသီလ စင်ကြယ်သည်ဟု ဆိုရပေမည်။ [ဌိတနိသိန္နသယနော-ကာသေ ပန အာဂတံ ဂစ္ဆန္တဿ ဝါ အာပါတဂတံ ပဿတောသိယာ သံကိလေသော န ဝီတိက္ကမော—-ဋီကာ။] မာလာဂန္ဓ...။ ။ "မာလာ+ဂန္ဓ+ဝိလေပန" ၃-ပုဒ်ကို"ဓာရဏ+မဏ္ဍန+ဝိဘူသန" ၃-ပုဒ်နှင့် အစဉ်အတိုင်းတွဲ၍ "မာလာဓာရဏ=ပန်းကိုဆောင်ခြင်းပန်ခြင်း"နိမ့်ရာအရပ်ကို ပြည့်လာအောင် ဖိသိပ်ကောင်းသောသနပ်ခါး စသည်ကို "ဂန္ဓ=နံ့သာ"ဟု ခေါ်၍ ထိုနံ့သာဖြင့်ကျောက်ပေါက်ရာ စသည်၌ ဖိသိပ်ခြင်းကို "ဂန္ဓ မဏ္ဍန"ဟုခေါ်၏။ ရေမွှေးစသော မွှေးကြိုင်သော အနံ့, အရေအဆင်းကြည်လင်လှပအောင် လိမ်းကျံခြယ်လှယ်ရသော မျက်နှာချေပေါင်ဒါမှုန့် စသည်ကို "ဝိလေပန"ဟု ခေါ်၍ ထိုရေမွှေးမျက်နှာချေ စသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်းကို"ဝိလေပန ဝိဘူသန"ခေါ်၏၊ ထိုသို့ ပန်းပန်ခြင်း, နံ့သာပြစ်တို့ဖြင့် နိမ့်ရာအရပ်ကို ဖိသိပ်ခြင်း, ရေမွှေး မျက်နှာချေစသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်း၏ အကြောင်းရင်း --- ## Trang 168 ဖြစ်သော စေတနာကို "ဌာန"ဟု ခေါ်သည်။ [ဤကားအများယူရိုးဖြစ်၏၊ ဤကျမ်းအယူကို နောက်၌ မှတ်ချက်ပြအံ့။] အဋ္ဌကထာ။ ။မာလာတိ ယံ ကိဉ္စိ ပုပ္ဖ။ ဂန္ဓန္တိ ယံ ကိဉ္စိ ဂန္ဓ-ဇာတံ။ ဝိလေပနန္တိ ဆဝိရာဂ ကရဏံ။ တတ္ထပိဠန္ဓန္တော ဓာရေတိ နာမ=ပန်းပန်သူသည် ပန်းကိုဆောင်သူမည်၏။ ဦနဋ္ဌာနံ ပူရေန္တော မဏ္ဍေတိ နာမ=သနပ်ခါးနံ့သာပြစ်တို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်အောင် ဖိသိပ်သူသည် အသားအရေကို တန်ဆာဆင်သူမည်၏။ ဂန္ဓဝသေန ဆဝိရာဂဝသေန စသာဒယန္တော ဝိဘူသေတိ နာမ=အနံ့ကိုဖြစ်စေ အသားအရေတပ်စွဲဘွယ်ရှိအောင်ဖြစ်စေ သာယာသူသည် လိမ်းကျံ ခြယ်လှယ်သူ မည်၏။ [သီလက္ခန်စသည်။] မှတ်ချက်။ ။ဤအဋ္ဌကထာ၌ "ပိဠန္ဓန္တော ဓာရေတိ နာမ"ကို ထောက်၍ မာလာနှင့် ဓာရဏတွဲ၍ အနက်အဓိပ္ပါယ် ယူရမည်မှာ သေချာ၏၊ ထိုအတူပင် ဂန္ဓနှင့် မဏ္ဍန,ဝိလေပနနှင့် ဝိဘူသနကိုလည်း တွဲစပ်၍ အနက်အဓိပ္ပါယ်မှတ်လေ့ ရှိကြ၏။ ထိုမှတ်သားမှုကိုကား စဉ်းစားသင့်၏၊ထင်ရှားစေအံ့—ဂန္ဓန္တိ" ဝါသစုဏ္ဏမာဒိကံ (နံ့သာအမှုန့်နံ့သာအခိုး=အမွှေးတိုင်အစရှိသော) ဝိလေပနတွင် မပါဝင်သော အမွှေးအကြိုင်ဟူသမျှ = ရေမွှေးနံ့သာဆီစသည်၊) ဝိလေပနန္တိ ဝိလေပနတ္ထံ(လိမ်းဖို့ရာ) ပိသိတွာ ပဋိယတ္တံ(ကြိတ်ချေ၍ စီမံအပ်သော)ယံကိဉ္စိ ဆဝိရာဂကရဏံ ( သူကို လိမ်းလျှင် အရေအဆင်း --- ## Trang 169 ဆရာများအတွက် မှတ်ဘွယ်လှပသော သနပ်ခါး မျက်နှာချေ ပေါင်ဒါမှုန့်) – [တေရသ-ကဏ်ဋီကာ။] "ဦနဋ္ဌာနံ ပူရေન્တော မဏ္ဍေတိ နာမ" အရ ကျောက်ပေါက်ခွက်စသော နိမ့်ရာအရပ်ကို ဖြည့်သိပ်ရာ၌ နံ့သာအမှုန့်စသော ပြခဲ့သော ဂန္ဓများဖြင့် ဖိသိပ်၍ မဖြစ်၊ ဝိလေပနတွင်ပါဝင်သော သနပ်ခါးနံ့သာအပြစ်တို့ဖြင့်သာ ဖိသိပ်၍ ဖြစ်စရာရှိ၏၊ "ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒယန္တော ဝိဘူ-သေတိ နာမ"၌လည်း ဂန္ဓဝသေနကို ထောက်၍ ဂန္ဓနှင့်ရောဝိလေပနနှင့်ရော ဝိဘူသနကို တွဲစေလိုကြောင်း ထင်ရှား၏။ ထို့ကြောင့် "မာလာ+ဂန္ဓ+ဝိလေပန" ၃-ပုဒ်၌ "ဓာရ-ဏ+မဏ္ဍန+ဝိဘူသန"၃-ပုဒ်နှင့် အစဉ်အတိုင်း တွဲစပ်ရသောယထာသင်္ချာနည်းဟု မယူဘဲ ရသင့်သလို တွဲစပ်ရသော ယထာလာဘယောဇနာနည်းဟုသာ ယူသင့်မည် ထင်သည်။ [ခုဒ္ဒကအဋ္ဌကထာ၌ "မာလာဒီသု ဓာရဏာဒီနိ ယထာသင်္ချံ ယော-ဇေတဗ္ဗာနိ" ဟူသော အဖွင့်ကိုလည်း မဟာခန္ဓကအဖွင့်တေရသကဏ် ဤဋီကာသည်ပင် နှစ်သက်ဟန် မတူ၊ ထို့ကြောင့် "ခုဒ္ဒကဋ္ဌကထာယံ။ပ။ ဧတ္တကမေဝ ဝုတ္တံ=ခုဒ္ဒကအဋ္ဌကထာ၌ (သေချာစွာ ရှင်း၍ မဖွင့်ဘဲ) အစဉ်အတိုင်းတွဲစပ်ရမည်ဟု ဤမျှလောက်သာ ဆိုသည်"ဟု မနှစ်သက်သံဖြင့် ဖွင့်သွားလေသည်။] ဥစ္စာသယန မဟာသယန။ ။"ဥစ္စာသယန=မြင့်သောနေရာ" ဟူသည် တတောင့်ထွာထက် မြင့်သော ခြေရှိသော ထိုင်ခုံ ခုတင်စသော နေရာများတည်း၊ အခြေတတောင့်ထွာထက်ပိုနေလျှင် ထိုပိုသော --- ## Trang 170 အခြေကို ဖြတ်ပြီးမှသာ ထိုင်ကောင်း အိပ်ကောင်းသည်၊အခြေ၌ ခြင်္သေ့ရုပ် ကျားရုပ်စသော တောကောင် သားရဲရုပ်ပါသော ပလ္လင်လည်း ဥစ္စာသယနဟုပင် (ခုဒ္ဒသိက္ခာဋီကာ၌) ဆိုသတတ်၊ "မဟာသယန"ဟူသည် ရဟန်းသာမဏေတို့"မထိုင်ကောင်း မအိပ်ကောင်း" ဟု ဘုရားပညတ်တော်မူထားသော အခမ်းအနား ဆန်းကြယ်သော အခင်းများတည်း။ ထို မဟာသယနတချို့ကား− ဂေါနက=လက် ၄-သစ်ထက်လွန်အောင် အမွှေးရှည်သော ကော်ဇောကြီး၊ စိတ္တက=အကွက်အပြောက်တို့ဖြင့် ဆန်းကြယ်စွာ ချုပ်အပ် ယက်အပ်သော သားမွေးအခင်း၊ ပဋိက=ဆေးရောင်အမျိုးမျိုးမဆိုးဘဲအဖြူထည်သက်သက် သားမွေးဖြင့် ယက်အပ်သော အခင်း၊ပဋလိက=ပန်းပြောက်ခြယ်လျက် သားမွှေးဖြင့် ယက်အပ်သောအခင်း၊ တူလိက=လဲဝါဂွမ်း အဆာသွတ်ထားသောအခင်း၊ ဤသို့စသည်ဖြင့် မဟာသယန များစွာရှိ၏။ မှတ်ချက်။ ။ယခုခေတ် သိုးမွှေးကော်ဇော အခင်းများသည်ဤမဟာသယန၌ ပါဝင်နေသောကြောင့်ခုတင် ကုလားထိုင်ပေါ်၌ခင်း၍ ရဟန်းသာမဏေ ဥပုသ်သည်တို့ မအိပ်မထိုင်ကောင်း၊ ကြမ်းပြင်ပေါ်၌ကား ခင်း၍ ထိုင်ကောင်း အိပ်ကောင်းပါ၏၊ လဲသွတ်ထားသော မွေ့ရာဖုံ(ထိုင်စရာ) ကိုမူ ဘယ်မှာမှ မအိပ် မထိုင်ကောင်း၊ ["အနု-ဇာနာမိ ဘိက္ခဝေ အာသန္ဒိယာ ပါဒေ ဆိန္ဒိတွာ ပရိဘုဉ္ဇိတုံ --- [Trang PDF] 186 - 190## Trang 171 ### ဆရာများအတွက် မှတ်ဘွယ် **၁၇၁** ။ပ။ အဝသေသံ ဘူမတ္ထရဏံ(မြေပြင် ကြမ်းပြင်ပေါ်၌ အခင်းကို) ကာတုံ" [သေနာသနက္ခန္ဓက ပါဠိတော်။] တရံတခါ ဆွမ်းကျွေး တရားနာစသော ကိစ္စများ၌ လူတို့က ခုတင် ကုလားထိုင်ပေါ်မှာ ခင်းပေးသော်လည်း လဲဝါဂွမ်း အဆာသွတ်သော အခင်း၌ မထိုင်ကောင်း၊ ဂေါနက စသော ကော်ဇောများ၌ကား ထိုင်ကောင်း၏၊ ထို ဂေါနက စသည်၌လည်း လဲလျောင်း၍ကား မအိပ်ကောင်း။ ["အနုဇာနာမိ ဘိက္ခဝေ ထပေတွာ တီဏိ (အာသန္ဒိ ပလ္လင်္က ် တူလိကံ) ဂိဟိဝိကတံ အဘိနီသီဒိတုံ၊ နတွေဝ အဘိနိပဇ္ဇိတုံ"။] **ဇာတရူပ ရဇတ ပဋိဂ္ဂဟဏ။** ဇာတရူပ = ရွှေ + ရဇတ = ငွေ၊"ငွေ"ဟူသော စကား၌ အရောင်းအဝယ်လုပ်နိုင်သော ငွေစက္ကူများလည်း ပါဝင်၏။ "ပဋိဂ္ဂဟဏ = ခံယူခြင်း" ဟူရာ၌ ငွေလှူ လျှင် ကိုယ်တိုင် အလှူ ခံခြင်း, သို့မဟုတ် ကပ္ပိယ တယောက်ယောက်ကို (ယူလိုက်ပါ စသည်ဖြင့်) ခံယူစေခြင်း, "အရှင်ဘုရားအား လှူပါ၏ဟုပြော၍ အနီး၌ ချထားသည်ကို (တနေရာ၌ အပ်နှံ ထားသည်ကို) စိတ်ဖြင့် သာယာခြင်း ဤ ၃-မျိုးလုံး ပါဝင်၏၊ ရဟန်းများ၌ ခံယူလျှင် ပါစိတ်အာပတ်သင့်၏၊ ကိုင်လျှင် (အနာမာသဒုက္ကဋ်) အာပတ်သင့်၏၊ ရှင်သာမဏေနှင့် ၁၀-ပါးသီလ ဥပုသ်သည်များမှာ ဤသိက္ခာပုဒ် ပျက်၏။ **အဋ္ဌကထာ။** ဇာတရူပန္တိ သုဝဏ္ဏံ။ ရဇတန္တိ ကဟာပဏော၊(ကျပ်) လောဟမာသကော (ကြေး ပဲပိုက်ဆံ) ဇတုမာသကော (ချိပ်ပဲပိုက်ဆံ) ဒါရုမာသကော (သစ်သားပဲပိုက်ဆံ) ယေ ဝေါဟာရံ ဂစ္ဆန္တိ (ရောင်းဝယ်၍ ဖြစ်နိုင်သမျှ အားလုံး) တဿ ဥဘယဿာပိ ပဋိဂ္ဂဟဏာ ပဋိဝိရတော၊ နေဝ နံ ဥဂ္ဂဏှာတိ (ကိုယ်တိုင်လည်း မယူ)၊ န ဥဂ္ဂဏှာပေတိ (သူတစ်ပါးကိုလည်း ခံယူဘို့မခိုင်း)၊ န ဥပနိက္ခိတ္တံ သာဒိယတိ (အနီး၌ချထား၍ တနေရာ၌ အပ်နှံ ထား၍ လှူသည်ကိုလည်း မသာယာ၊) သီလက္ခန် ဗြဟ္မဇာလသုတ်။ --- ## Trang 172 ### ဥပဇ္ဈာယ်ယူပုံနှင့်စပ်၍ မှတ်ဘွယ် **၁၇၂** **ရုပ်ပုံ ရှင်ကျင့်ဝတ်** **ဥပဇ္ဈာယ်ဆရာ။** သရဏဂုံပေးသော ဆရာကို ပဗ္ဗဇ္ဇာစရိယ (ရှင်ပြုပေးသော ဆရာ) ဟု ခေါ်၏၊ သာမဏေ ဖြစ်ပြီးသောအခါ ဥပဇ္ဈာယ် ယူစေရသေး၏၊ မယူ စေလျှင် "န ဘိက္ခဝေ အနုပဇ္ဈာယကော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ"ဟူသော ပညတ်တော် အရ ရှင်ပြုပေးသူမှာ ဒုက္ကဋ် အာပတ်သင့်၏။ "ဥပဇ္ဈာယ်ဆရာ" ဟု "စိတ်ထဲ၌ မှတ်ယူထားခြင်းကို ဥပဇ္ဈာယ်ယူခြင်း" ဟု ခေါ်၏၊ ထိုသို့ ဥပဇ္ဈာယ် ယူသောအခါ "ပါသာဒိကေန သမ္ပာဒေဟိ (သမ္ပာဒေထ)" ဟု ဆို၍ ဥပဇ္ဈာယ်ဆရာဖြစ် ကြောင်း အသိပေးခြင်းကို "ဥပဇ္ဈာယ်ပေးခြင်း" ဟု ခေါ်၏။ လူတို့၌ မိဘသည် အရေးကြီးဆုံး ဖြစ်သကဲ့သို့ သာသနာ တော်၌လည်း ဥပဇ္ဈာယ်ဆရာသည် အရေးကြီးဆုံး ဖြစ်၏၊ မိဘသည် သားသမီး၏ အပြစ်ကြီး အပြစ်ငယ်ကို အမြဲ ကြည့် ရှုဆုံးမသကဲ့သို့ ဥပဇ္ဈာယ် ဆရာလည်း တပည့်၏ အပြစ်ကြီး အပြစ်ငယ်များကို အမြဲမပြတ် ကြည့်ရှု ဆုံးမရသည်၊ (ဥပ = အမြဲကပ်၍ + ဈာယ = ကြည့်ရှု ဆုံးမ တတ်သော ဆရာ)၊ --- ## Trang 173 ### ဆရာများအတွက် မှတ်ဘွယ် **၁၇၃** သရဏဂုံပေးသောဆရာကား လောက၌ ဘကြီး ဘထွေးများ ကဲ့သို့ ဥပဇ္ဈာယ် ကွယ်ရာ၌ ဖြစ်တတ်သော အပြစ်များကို ကြည့်ရှု ဆုံးမရသည်။ **ဥပဇ္ဈာယ်ပေးရာ၌ ဆိုဖွယ်များ။** တပည့်က "ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ"ဟု ၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူသောအခါ "သာဟု(ကောင်းပြီ)" ဟုလည်းကောင်း, လဟု(သင့်ကို ကြည့်ရှုဆုံးမဖို့ရာ ငါ့မှာ ဝန်မလေးပါ၊ ပေါ့ပါ၏)ဟုလည်းကောင်း, ဩပါယိကံ (သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် နည်းလမ်းကျပါ၏)ဟုလည်းကောင်း, ပဋိရူပံ (သင်၏ ဥပဇ္ဈာယ်ယူခြင်း သည် သင့်လျော် လျောက်ပတ်ပါ၏)ဟုလည်းကောင်း, "ပါသာဒိကေန သမ္ပာဒေဟိ"ဟုလည်းကောင်း ဤ ၅-မျိုးတွင် အလိုရှိရာ တမျိုးမျိုးကို ဆို၍ ဥပဇ္ဈာယ်ပေးနိုင်၏၊ ယခုအခါ၌ကား နောက်တမျိုး ကိုသာ ဆို၍ ဥပဇ္ဈာယ်ပေးလေ့ ရှိကြပါသည်။ **ပါသာဒိကေန။** "ပါသာဒိကေန" ကို "ပသာဒါဝဟေန ကာယဝစီပယောဂေန"ဟုလည်းကောင်း, "သမ္မာဒေဟိ"ကို "တိဝိဓသိက္ခံ နိပ္ဖါဒေဟိ" ဟုလည်းကောင်း တေရသကဏ် ဋီကာ ဖွင့်သောကြောင့် ထိုအဖွင့်အတိုင်း "ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ၃-ပါးသော သိက္ခာကို ပြီးစီးစေလော"ဟု မြန်မာပြန်ပါ၊ "ပါသာဒိကေန-ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာ နှင့်၊ သမ္ပာဒေဟ-ပြည့်စုံစေလော"ဟု အနက်ပေးကြသည်မှာ သဒ္ဒါစည်းကမ်း မကျချေ။ ဆက်ဦးအံ့-သမ္ပာဒေဟိကို "နိပ္ဖါဒေဟိ(ပြီးစီးစေလော)" ဟု ဖွင့်သော ဋီကာ အလိုအားဖြင့် သံပုဗ္ဗ ပဒဓာတ် ကာရိတ် ဏေပစ္စည်းဖြင့် ပြီးသော သမ္ပာဒေဟိပုဒ်သည် "သမ္ပန္နံ-သမန္နာဂတံ"တို့ကဲ့သို့ ဤနေရာ၌ သဟာဒိယောဂကို ငဲ့သော သဟာဒိယောဂဝန္တပုဒ် မဟုတ်၊ "ပါသာဒိကေန သမ္ပာဒေဟိ-ကြည်ညိုဘွယ်ကိုဆောင်သော ကိုယ် နှုတ်အမူအရာဖြင့် ၃-ပါးသော သိက္ခာကို ပြီးစီးစေလော=ပြီးစီးအောင် အားထုတ်လော" ဟုသာ တိုက်တွန်းခြင်းဖြစ်သည်၊ အများသုံးရိုး အနက် အားဖြင့် "သမ္ပာဒေဟိ- ပြည့်စုံစေလော" ဟု ပေးစေကာမူ "တိဝိဓသိက္ခံ"ဟူသော ကာရိတ်ကံကိုကား ထည့်ရမည်သာ၊ "အပ္ပမာဒေန သမ္ပာဒေထ"ဟု လာရာ၌လည်း ဤနည်း ပင်တည်း။ --- ## Trang 174 **၁၇၄** **ရုပ်ပုံ ရှင်ကျင့်ဝတ်** **အာမဘန္တေ။** ဥပဇ္ဈာယ်ဆရာက "ပါသာဒိကေန သမ္ပာဒေဟိ"ဟု ဆို၍ ဥပဇ္ဈာယ်ပေးပြီးသော အခါ ယခုခေတ်၌ "အာမ ဘန္တေ"ဟု တပည့်က ဝန်ခံစကား ဆိုကြသေး၏၊ ထိုစကားသည် လိုရင်းမဟုတ်၊ တပည့်က ဥပဇ္ဈာယ်ယူခြင်း, ဆရာက ဥပဇ္ဈာယ်ပေးခြင်း ဤ ၂-မျိုးသာ လိုရင်းဖြစ်သည်၊ ထို့ကြောင့် မဟာဝါအဋ္ဌကထာ (ဥပဇ္ဈာယကထာ)၌ "အာယာစနဒါနမတ္တေန ဟိ ဂဟိတော ဟောတိ ဥပဇ္ဈာယော=တပည့်က ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဟု တောင်းပန်ခြင်း၊ ဆရာက ဥပဇ္ဈာယ်ပေးခြင်းမျှဖြင့် ဥပဇ္ဈာယ် ယူပြီး (ဥပဇ္ဈာယ်ဆရာဟု အသိအမှတ်ပြုပြီး)ဖြစ်တော့သည်၊ န ဧတ္ထ သမ္ပဋိစ္ဆနံ အင်္ဂံ=ဤ ဥပဇ္ဈာယ်ယူရာ၌ တပည့်က "သာဓု"ဟု ဆို၍ ဖြစ်စေ "အာမ ဘန္တေ"ဟုဆို၍ ဖြစ်စေ ဝန်ခံခြင်းသည် လိုရင်းအင်္ဂါမဟုတ်"ဟု မိန့်တော်မူသည်။ --- ## Trang 175 ### ဆရာများအတွက် မှတ်ဘွယ် **၁၇၅** **မှတ်ချက်။** ဥပဇ္ဈာယ်ဆရာသည် မိဘကဲ့သို့ အမြဲ ကြည့်ရှု ဆုံးမရမည့် ဆရာရင်းဖြစ်ကြောင်း ပြခဲ့ပြီ၊ ယခု အခါ၌ကား ရဟန်းခံခါနီးဝယ် ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံ၍ အမြဲ အတူနေမည့် ဆရာရင်းရှိပါလျက် အတူနေမဟုတ်သော ဂုဏ်ကြီး ဝါကြီး မထေရ်ကြီးများကို ဥပဇ္ဈာယ်ပြု၍ ရဟန်း ခံလေ့ရှိကြ၏၊ ထို အငှါးဆရာနှင့် တပည့်ရဟန်းတို့သည် အတော်ကြာလျှင် (စောင့်ရှောက် ဆုံးမဘို့ကို မဆိုထားဘိ) ကိုယ့်တပည့်မှန်းပင် မသိတော့ချေ၊ ထို့ကြောင့် အငှါးဆရာ ထက် အရင်းဆရာကိုသာ(အင်္ဂါလုံလောက်ပါလျှင်)ဥပဇ္ဈာယ် ပြုသင့်ကြသည်။ **ဥပဇ္ဈာယ်ပြောင်းနိုင်ပုံ။** န ဘိက္ခဝေ အညဿ ပရိသာ အပလာဠေတဗ္ဗာတိ ဧတ္ထ သာမဏေရာ ဝါ ဟောန္တု၊ ဥပသမ္ပန္နာ ဝါ၊ အန္တမသော ဒုဿီလဘိက္ခုဿာပိ ပရဿ ပရိသဘူတေ ဘိန္ဒိတွာ ဂဏှိတုံ န ဝဋ္ဋတိ = သာမဏေဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သူပရိသတ်ကို ဖြားယောင်း၍ မယူအပ်၊ အယုတ်သဖြင့် ဒုဿီလရဟန်း၏ ပရိသတ်ကိုသော်မှလည်း ခွဲ၍ မယူအပ်။ အာဒီနဝံ ပန ဝတ္တုံ ဝဋ္ဋတိ–"တယာ နှာယိတုံ အာဂတေန ဂူထမက္ခနံ ဝိယ ကတံ ဒုဿီလံ နိဿာယ ဝိဟရန္တေန=ဒုဿီလ ဆရာကို မှီ၍နေသော သင်ဟာ ရေချိုးမည်ဟု လာပြီး မစင်ဖြင့် သုတ်လိမ်းမှုကို ပြုနေတာနဲ့ တူနေပြီ၊ သစေသော သယမေဝ ဇာနိတွာ ဥပဇ္ဈာယံ ဝါ နိဿယံ ဝါ ယာစတိ၊ ဒါတုံ ဝဋ္ဋတိ=(ဒီလိုပြောတာနဲ့)သူ့ဘာသာ သဘောပေါက်ပြီး ကိုရင်ဖြစ်သူက `ဥပဇ္ဈာယ်တောင်းလျှင် ဥပဇ္ဈာယ်ပေး --- [Trang PDF] 191 - 195## Trang 176 ကောင်း၏၊ ရဟန်းဖြစ်သူက နိဿယတောင်းလျှင် နိဿယ ပေးကောင်း၏။ ဤစကားအရ "သာမဏေများသည် ပဌမ ဥပဇ္ဈာယ်ဆရာနှင့် ကွဲကွာနေသောအခါ ဖြစ်စေ၊ နဂို ဥပဇ္ဈာယ်ကို သဘောမကျ၍ဖြစ်စေ ဥပဇ္ဈာယ်အသစ် ပြောင်း၍ ယူကောင်း၏"ဟု မှတ်ပါ။ ### လိင်ဆယ်ပါးနှင့်စပ်၍ မှတ်ဘွယ် "အနုဇာနာမိ ဘိက္ခဝေ ဒသဟင်္ဂေဟိ သမန္နာဂတံ သာမဏေရံ နာသေတုံ" စသည်ဖြင့် ပါဏာတိပါတမှု စသော ဆယ်ပါးကို သာမဏေ၏ အသွင်ကို ဖျက်၍ လူထွက်စေကြောင်း အင်္ဂါဟု ဟောတော်မူ၏၊ ထို ၁၀-ပါးတွင်— **ပါဏာတိပါတ။** ကုန္ထကပိလ္လိကမ္ပိ မာရေတွာ၊ မင်္ဂုရုဏ္ဍကမ္ပိ ဘိန္ဒိတွာ နာသေတဗ္ဗတံယေဝ ပါပုဏာတိ = ခြ၊ ပရွက်ကိုသော်လည်း သတ်လျှင်၎င်း၊ ကြမ်းပိုးဥကိုသော်လည်း တုတ်လျှင် ခွဲလျှင်၎င်း ဖျက်ဆီးထိုက်သူ၏ အဖြစ်သို့သာ ရောက်၏။ တာဝဒေဝဿ သရဏဂမနာနိ စ ဥပဇ္ဈာယဂ္ဂဟဏဉ္စ သေနာသနဂ္ဂါဟော စ ပဋိပစ္စမ္ဘတိ၊ သံဃလာဘံ န လဘတိ၊ လိင်္ဂမတ္တမေဝ ဧကံ အဝသိဋ္ဌံ ဟောတိ = ထို ပါဏာတိပါတမှုကို ပြုသည့် ခဏ၌ပင် သူ၏ (ရှေးက ယူထားသော) သရဏဂုံ ၃-ပါးသည်၎င်း၊ ဥပဇ္ဈာယ်သည်၎င်း၊ နေဘို့ရာ ခံယူထားသော သံဃိကကျောင်း ခံယူခြင်းသည်၎င်း ငြိမ်းပျောက် ပြတ်စဲတော့၏။ သံဃာလာဘ်ဟူသမျှ မရထိုက်တော့၊ သင်္ကန်းဝတ်ထားသည့် အသွင်တခုသာ ကျန်တော့သည်။ --- --- ## Trang 177 ### ဆရာများအတွက် မှတ်ဘွယ် သော သစေ အာကိဏ္ဏဒေါသောဝ ဟောတိ၊ အာယတိံ သံဝရေ န တိဋ္ဌတိ၊ နိက္ကဍ္ဎိတဗ္ဗော = သူသည် အကယ်၍ အပြစ်တွေ ဗလပွေရှုပ်နေသူ (အဒိန္နာဒါန၊ မုသာဝါဒမှု စသည်ဖြင့် အမှုပွေနေသူ) ဖြစ်အံ့၊ နောင်ခါ စောင့်စည်းမှု၌ မတည်သူ ဖြစ်အံ့၊ တခါတည်း နှင်ထုတ်လိုက်ရမည်။ အထ သဟသာ ဝိရဇ္ဈိတွာ ဒုက္ကဋံ မယာ ကတန္တိ ပုန သံဝရေ ဌာတုကာမော ဟောတိ၊ လိင်္ဂနာသနကိစ္စံ နတ္ထိ၊ ယထာ နိဝတ္ထပါရုတဿေဝ သရဏာနိ ဒါတဗ္ဗာနိ၊ ဥပဇ္ဈာယော ဒါတဗ္ဗော = သို့မဟုတ် ရုတ်တရက် ချွတ်ယွင်းမိပြီး နောက်၌ "ငါ မကောင်းတာ လုပ်မိပြီ" ဟု တွေး၍ နောက်ထပ် စောင့်စည်းမှု၌ တည်လိုသူဖြစ်လျှင် သာမဏေ၏အသွင်ကို ဖျက်၍ လူထွက်စေဘွယ် မလိုတော့၊ နဂိုဝတ်မြဲ ရုံမြဲအတိုင်းပင် သရဏဂုံပေး၍ ဥပဇ္ဈာယ်လည်း ပေးရမည်။ **မှတ်ချက်။** ပြစ်မှု မကျူးလွန်လျှင် သရဏဂုံထပ်ဘွယ်မလို၊ ပြစ်မှု ကျူးလွန်ပြန်လျှင်လည်း နောက်ထပ် စောင့်စည်းပုံမရလျှင် သရဏဂုံ ပေးဘွယ်ပင် မလို၊ နှင်ထုတ်ရုံသာ ရှိ၏၊ ယခုကာလ၌ကား ပြစ်မှု မကျူးလွန်ဘဲနှင့်လည်း ဥပုသ်နေ့၌ သရဏဂုံထပ်စေရိုး ရှိကြ၏၊ အတော် မကောင်းနေသော သာမဏေအားလည်း သရဏဂုံ ထပ်ပေးလေ့ရှိကြ၏၊ ထိုတွင် ဥပုသ်နေ့၌ ပြစ်မှုမရှိဘဲ သရဏဂုံ ထပ်စေခြင်းမှာ အပြစ်မဟုတ်သော်လည်း အတော်မကောင်းသော သာမဏေကို နှင်၍ မထုတ်ခြင်းမှာ တာဝန်မကြေဘဲ ရှိသည်၊ သို့သော် သူ့ကို နှင်ထုတ်လျှင် ဘေးအန္တရာယ် ဖြစ်ဘွယ်ရှိ၍ "သူအပြစ်နှင့်သူ ထင်ရှားလိမ့်မည်"ဟု သဘောထားလျှင်ကား သင့်တော်စရာ ရှိပေသေး၏၊ သရဏဂုံ ထပ်စေပြီးနောက်လည်း ဥပဇ္ဈာယ် ထပ်၍ ယူစေရမည်။ --- --- ## Trang 178 သိက္ခာပဒါနိ ပန သရဏဂမနေနဝ ဣဇ္ဈန္တိ။ ပ။ ဧဝံသန္တေပိ ဌီတိကရဏတ္ထံ အာယတိံ သံဝရေ ပတိဋ္ဌာပနတ္ထံ ပုန ဒါတဗ္ဗာနိ = သိက္ခာပုဒ်တို့ကား သရဏဂုံ ယူခြင်းဖြင့်ပင် ပြီးစီးကုန်တော့၏၊ သို့သော်လည်း (မြဲရာ သံပတ်သကဲ့သို့) ခိုင်မြဲစေခြင်း၊ နောင်ခါ စောင့်စည်းစေခြင်းအကျိုးငှါ နောက်ထပ် ပေးထိုက်ကုန်၏၊ ["ပေး"ဆိုသော်လည်း သိက္ခာပုဒ် ၁၀-ပါးကို ချပေးတဲ့ အပေးဖြစ်သည်၊ သမာဒိယာမိထည့်၍ ဆောက်တည်စေခြင်း မဟုတ်။] **အဒိန္နာဒါနေ တိဏသလာကမတ္တေနာပိ ဝတ္ထုနာ =** အဒိန္နာဒါန၌ အဖိုးမထိုက်သော မြက် ဝါးခြမ်းကလေးမျှလောက် ဝတ္ထုကို ယူခြင်းကြောင့်လည်း လိင်ကျ၏။ **အဗြဟ္မစရိယေ တီသု မဂ္ဂေသု ယတ္ထ ကတ္ထစိ ဝိပ္ပဋိပတ္တိယာ =** အဗြဟ္မစရိယ၌ ဝစ္စ၊ ပဿာဝ၊ မုခ မဂ် ၃-ခုတွင် တခုခု၌ ဖောက်လွှဲဖောက်ပြန် ကျင့်မှုကြောင့် လိင်ကျ၏။ **မုသာဝါဒေ ဟာသာဓိပ္ပာယတာယပိ မုသာ ဘဏိတေ အဿမဏော ဟောတိ၊ နာသေတဗ္ဗတံ အာပဇ္ဇတိ =** မုသာဝါဒ၌ ပြောင်သလို လှောင်သလို မုသား ပြောခြင်းကြောင့်လည်း သမဏ(သာမဏေ)မဟုတ်တော့၊ အသွင်ကို ဖျက်ဆီး ထိုက်တော့၏။ **မှတ်ချက်။** "ကျီစားသလို မုသား ပြောရုံမျှဖြင့် လိင်ကျ၏"ဟု ဆိုထား၏၊ ယခုကာလ၌ ကျီစားသလို ပြောင်သလို မုသားပြောရမှာ ဝန်မလေးကြ၊ အပြစ် တစုံတရာကို ဆရာများက စစ်ဆေးမေးမြန်းလျှင် အတင်း လိမ်ကြတော့၏၊ (အလွန် စိတ်ပျက်စရာပင်၊) ထိုသို့ လိမ်ပြောရမှာ ဝန်မလေးသူသည် နောင်ခါ သာသနာတော်၌ ကြီးပွါးလိမ့်မည်လည်း မဟုတ်၊ ထို့ကြောင့်ပင် ဘုရားရှင်သည် ရှင်ရာဟုလာအား ၇-နှစ်အရွယ်၌ မုသားမပြောမိဘို့ရန် ကြပ်တည်းစွာ ဩဝါဒပေးတော်မူပေသည်။ [ရာဟုလာဝတ္ထုကို ရှေ့၌ ပြခဲ့ပြီ။] --- --- ## Trang 179 **မဇ္ဇပါနေ ပန ဘိက္ခုနော အဇာနိတွာပိ ဗီဇတော ပဋ္ဌာယ မဇ္ဇံ ပိဝန္တဿ ပါစိတ္တိယံ၊ သာမဏေရော ဇာနိတွာ ပိဝန္တောဝ သီလဘေဒံ အာပဇ္ဇတိ =** သေရည်သောက်မှု၌ကား ရဟန်းမှာ မဇ္ဇမှန်း မသိသော်လည်း မလုပ်ဘို့ မျိုးစေ့ကစ၍ သောက်လျှင် ပါစိတ်အာပတ် သင့်၏၊ သာမဏေကား မဇ္ဇမှန်းသိလျက် သောက်မှ သီလပျက်သည်။ [ဘုရားရှင်၏ အပြစ်ပြောခြင်းစသော ၅-ပါးကား ရှေ့၌ပြခဲ့သော အကျဉ်းမျှဖြင့် သိသာလောက်ပြီ။] ### ဒဏ် ၁၀-ပါးနှင့် စပ်၍ မှတ်ဘွယ် **ဒဏ် ၁၀-ပါး။** "အနုဇာနာမိ ဘိက္ခဝေ ပဉ္စဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတုံ၊ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ"စသည်ဖြင့် မဟာဝါခန္ဓက၌ ၅-ပါးသာ တိုက်ရိုက်လာ၏၊ အဋ္ဌကထာ၌ "ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စန္နံ အတိက္ကမော နာသနဝတ္ထု (လိင်ကျခြင်း၏ အကြောင်း)၊ ပစ္ဆိမာနံ အတိက္ကမော ဒဏ္ဍကမ္မဝတ္ထု (ဝိကာလဘောဇနစသော နောက် ၅-ပါးကို ကျူးလွန်ခြင်းသည် ဒဏ်ပေးခြင်း၏ အကြောင်း) ဟု မိန့်လေသည်၊ ထို့ကြောင့် ဒဏ်ဆယ်ပါး ဖြစ်ရသည်။ --- --- ## Trang 180 **ဒဏ်ခေါ်ပုံ။** ဒဏ္ဍေန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍော၊ ဧတေန "မည်သည့်ကျောင်းသို့ မဝင်ရ" စသော တားမြစ်ထားမှု၊ သဲ ရေတို့ကို ထမ်းစေမှုစသော အမှုဖြင့်။ သာမဏေရံ ကို။ ဒဏ္ဍေန္တိ ဝိနေန္တိ၊ ဆုံးမကြရကုန်၏။ ဣတိ၊ ဤသို့ ဆုံးမကြောင်း၏အဖြစ်ကြောင့်။ ဒဏ္ဍော၊ ဒဏ်မည်၏။ ကာတဗ္ဗန္တိ ကမ္မံ၊ ဒဏ္ဍေဝ ကမ္မံ = ဒဏ္ဍကမ္မံ၊ ဤအလို "ဒဏ္ဍကမ္မံ၊ ဆုံးမကြောင်းဖြစ်သော အမှုကို။ ကာတဗ္ဗံ၊ ပြုထိုက်၏"ဟုပေး၊ တနည်း - "ဒဏ္ဍကမ္မန္တိ ဝါ နိဂ္ဂဟကမ္မံ = တားမြစ်ခြင်း၊ သဲ ရေ စသည်ကို ထမ်းစေခြင်းဟူသော နှိပ်ကွပ်မှုကို။ ကာတဗ္ဗံ၊ ပြုထိုက်၏ဟုပေး။ [တေရသကဏ် မဟာခန္ဓက။] **ဒဏ်ပေးပုံ။** ဒဏ်ပေးရာ၌ ပါဠိတော်ဝယ် "အနုဇာနာမိ ဘိက္ခဝေ အာဝရဏံ (သူနေမြဲကျောင်း၊ ထွက်ဝင်နေကျကျောင်းသို့ မလာဘို့ရန် တားမြစ်မှုကို) ကာတုံ"ဟု မိန့်တော်မူ၏။ အဋ္ဌကထာ၌ကား – "အပရာဓာနုရူပံ ဥဒကဒါရု ဝါလုကာဒီနိ အာဟရာပဏံပိ ကာတဗ္ဗေ = အပြစ်အား လျော်စွာ ရေထမ်းစေမှု၊ ထင်း သဲ စသည်တို့ကို ဆောင်ယူ စေမှုကိုလည်း ပြုထိုက်၏"ဟု ဆို၏။ --- --- [Trang PDF] 196 - 200## Trang 1 တဥ ဩရမိဿတိ ဝိရမိဿတီတိ အနုကမ္ပာယ၊ နနသိဿတိ ဝိပ္ပမိဿတီတိ ပါပဇ္ဈာသယေန = ထို ဒဏ်အမှုကိုလည်း နောင် ရှောင်လိမ့် ကြည်လိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် သူအပေါ် သနားကြင်နာသော စိတ်ဖြင့်သာ ပြုရမည်၊ ပျက်စီးလိမ့်မည်, လူထွက်လိမ့်မည်ဟု ယုတ်မာသောရည်ရွယ်ချက် ဆန္ဒဖြင့် မပြုရ။ ဒဏ္ဍ ကမ္မံ ကရောမီတိ စ ဥက္ခပါသာကေဝါ နိပဋ္ဌာပေတုံ,ပါသာဏိဋ္ဌကာဒိနိ ဝါ သိသေ နိက္ခိပာပေတုံ, ဥဒကံ ဝါ ပဝေ-သေတုံ န ဝဋ္ဋတိ = ငါ ဒဏ်ပေးဘယ်ဆိုတဲ့ အနေမျိုးဖြင့်ကျောက်ဖျာအပူပေါ် အအိပ်ခိုင်းခြင်း, ကျောက် အုတ်ခဲစသည်တို့ကို ဦးခေါင်းပေါ် ချထားစေခြင်း, ရေထဲနှင်ခြင်းအမှုမျိုးကို မပြုရ။ ရဟန်းများလည်း ဒဏ်ထမ်း။။ယထာ စ သာမဏေရာနံ၊ဧဝံ သဒ္ဓိဝိဟာရိကန္တေဝါ-သိကာနံပိ ဒဏ္ဍကမ္မံ ကာတုံ ဝဋ္ဋတိ = သာမဏေများအားဒဏ်ပေးထိုက်သကဲ့သို့ ထို့အတူ ဥပဇ္ဈာယ်ယူနေသော သဒ္ဓိ-ဝိဟာရိကတပည့်, နိဿယည်းယူနေ, စာတက်နေ, ကမ္မဝါစာဖတ်ပေးရသော အန္တေဝါသိကတပည့်တို့အားလည်း ဒဏ်ပေးမှုကို ပြုနိုင်သည်။ [ဒဏ် ၁ဝ-ပါးတွင် သိက္ခာပုဒ် ၅-ပါးကိုရှေ့၌ ပြခဲ့ပြီ၊ “လာဘ်မရအောင် အားထုတ်ခြင်း”စသောနောက် ၅-ပါးလည်း ပြခဲ့သော အကျဉ်းမျှဖြင့် သိသာထင်ရှားပြီ။] မှတ်ချက်။။ပါဠိတော်၌ ၅-ပါး, အဋ္ဌကထာ၌ ဝိကာလဘောဇနစသော ၅-ပါး တိုက်ရိုက်လာသော ၁၈၂ ရုပ်ပုံ ရှင်ကျင့်ဝတ် ကြောင့် ဤ၌ ဒဏ် ၁ဝ-ပါးကို ပြထားခြင်းဖြစ်၏၊ ဤ၁ဝ-ပါးအပြင် ဒသသီလသိက္ခာပုဒ် စသည်ကို မကျင့်လျှင်လည်းဒဏ်ထိုက်ကြောင်း ပြဦးလတ္တံ့။ ပဌမကောဋ္ဌာသနှင့် စပ်၍သီလ ၄-ရပ်ပါ မှတ်သားဖွယ် သီလ ၄-မျိုး။။“သီလ”ဟူသည် ကိုယ်နှုတ်စိတ်တို့ကို (အကုသိုလ်အပြစ်မဖြစ်အောင်)ထိန်းသိမ်းစောင့်စည်းရကြောင်း အကျင့်ကောင်းတမျိုးတည်း၊ ထိုသီလသည်ရဟန်းတော်များနှင့် (တချို့သီလများ၌) ရှင်သာမဏေများအတွက် ၄-မျိုးရှိ၏၊ ပါတိမောက္ခသံဝရ သီလ, ဣန္ဒြိယသံဝရသီလ, ပစ္စယသန္နိဿိတ သီလ, အာဇီဝပါရိသုဒ္ဓိ သီလ။ ပါတိမောက္ခ သီလ။။ထိုတွင် ဝိနည်းပါဠိတော်၌ လာသော(အာဇီဝပါရိသုဒ္ဓိသီလ တချို့မှတပါးသော) သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ ထိုသီလများတွင် သေခိယသိက္ခာပုဒ်, နောက်၌ ပြမည့် ခန္ဓကဝတ်များနှင့် သုက္ကဝိဿဋ္ဌိ, ကာယသံသဂ္ဂ စသော သိက္ခာပုဒ်တချို့ကို သာမဏေများလည်း စောင့်ထိန်းရမည်သာ၊ မစောင့်ထိန်းနိုင်လျှင် ဒဏ်ထိုက်၏၊ ဤသီလ၌ သဒ္ဓါသည် ပဓာနဖြစ်၏၊သဒ္ဓါ တရားရှိသူသာ ဤသီလကို လုံခြုံအောင် စောင့်ထိန်းနိုင်သည်။ ဝိမတိ။။အာဘိသမာစာရိကေသု ဝိနေတဗ္ဗောတိ ဣမိနာ“သေခိယဝတ္တ ခန္ဓကဝတ္တေသု အညေသု စ သုက္က-ဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု သာမဏေရောပိ ဆရာများအတွက် မှတ်ဖွယ် ၁၈၃ ဝတ္တိတဗ္ဗံ၊ တတ္ထ အဝတ္တမာနော အလဇ္ဇီ ဒဏ္ဍကမ္မာရဟော စဟောတိ”တိ ဒဿေတိ။ (မဟာဝဂ္ဂ, ပဗ္ဗဇ္ဇခန္ဓကဝိနိစ္ဆယ။) ဣန္ဒြိယသံဝရ သီလ။။စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေဇိဝှိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ (မျက်စိ,နား, နှာ, လျှာ, ကိုယ်, စိတ်) အားဖြင့် ဣန္ဒြေ ၆-ပါးနှင့်စပ်၍အကုသိုလ်မဖြစ်ရအောင် (လှပသော အဆင်းကို မြင်လျှင်အဘိဇ္ဈာ တဏှာ မဖြစ်ရအောင်, ဆိုးဝါး ကြောက်မက်ဖွယ်အဆင်းကိုမြင်လျှင် ဒေါသ ဒေါမနဿ မဖြစ်ရအောင် ဤသို့စသည်ဖြင့်) စောင့်စည်းမှုကို ဣန္ဒြိယသံဝရ ဟု ခေါ်၏၊ ဤဣန္ဒြိယသံဝရသီလ၌ သတိသည် ပဓာနဖြစ်၏၊ သတိတရားအမြဲထားသူမှ လုံခြုံအောင် စောင့်စည်းနိုင်သည်၊ ကမ္မဋ္ဌာန်းတမျိုးမျိုးကို အမြဲကြိုးစားနေသော ပုဂ္ဂိုလ်များ၌ကား ဤသီလ လုံခြုံလျက် ရှိတတ်ပါသည်၊ အာဇီဝပါရိသုဒ္ဓိ သီလ။။အသက်မွေး ဝမ်းကျောင်းမှုကို“အာဇီဝ” ဟု ခေါ်၏၊ မတရားသောနည်း ဖြင့် ပစ္စည်းဥစ္စာရှာ၍အသက်မွေးလျှင်“မိစ္ဆာဇီဝ=မှားယွင်းသော အသက်မွေးခြင်း” မည်၏၊ ဒကာ ဒကာမတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်း, ပစ္စည်းတစုံတရာပေးခြင်းကြောင့် လူတို့က ပြန်၍လှူလျှင် ထိုလှူအပ်သောပစ္စည်းကို ရသောပုဂ္ဂိုလ်သာမက တသာသနာလုံး မသုံးစွဲကောင်းတော့ချေ၊ ကြည်ညိုအောင် ဟန်လုပ်ခြင်း, လှူချင်အောင်သွယ်ဝိုက်၍ စကားပြောခြင်း, မလှူဘဲမနေနိုင်အောင်အတင်းအကြပ်တောင်းခြင်း, ငွေကို အလှူခံခြင်း စသည်ကြောင့် ၁၈၄ ရုပ်ပုံ ရှင်ကျင့်ဝတ် ရအပ်သောပစ္စည်းကိုလည်း တသာသနာလုံး မသုံးအပ်တော့ချေ။ ထိုမသုံးအပ်သော ပစ္စည်းကို (ဆွမ်း, သင်္ကန်း, ကျောင်း,စသည်တို့ကို) သုံးစွဲခြင်းသည် မိစ္ဆာဇီဝမည်၏၊ ထိုမိစ္ဆာဇီဝမှရှောင်ကြဉ်၍ တရားသဖြင့် ရအပ်သော ပစ္စည်းကိုသာ သုံးစွဲခြင်းသည် သမ္မာအာဇီဝမည်၏၊ အာဇီဝခေါ် အသက်မွေးမှု၏စင်ကြယ် သန့်ရှင်းမှုကြောင့် အာဇီဝပါရိသုဒ္ဓိ သီလလည်းမည်၏၊ ဤ သီလ၌ (တရားသဖြင့် ရှာသွားခြင်း; ဆွမ်းခံဘို့ရန် မပျင်းရိခြင်း စသော) လုံ့လဝီရိယသည် ပဓာန ဖြစ်၏၊လုံ့လဝီရိယမရှိသူ ဆွမ်းခံငှာ ပျင်းရိသူတို့သာ ချောင်ချောင်လည်လည်နှင့် ပစ္စည်းရအောင် မတရားရှာတတ်ကြသည်။ ပစ္စယသန္နိဿိတသီလ။။ဆွမ်း သင်္ကန်း ကျောင်း ဆေးပစ္စည်းများကို ဉာဏ်ဖြင့် ဆင်ခြင်၍သုံးဆောင် စားသောက်ခြင်းသည် ပစ္စယ+သန္နိဿိတ+ သီလမည်၏၊ “ပစ္စည်း၌+မှီ၍ဖြစ်သော+သီလ”ဟု ဆိုလိုသည်၊“ချမ်းပူကိုပျက် ခြင် မှက် လေ နေ စသည်ဖြင့် ပြထားသည့်အတိုင်း မြန်မာလိုဖြစ်စေ ပါဠိလိုဖြစ်စေ ဆင်ခြင်၍ သုံးစွဲလျှင်ဤ သီလ လုံခြုံ၏၊ မဆင်ခြင်ဘဲ သုံးစွဲလျှင် ဤသီလ ပျက်၏၊သူများပစ္စည်း ကြွေးယူ၍ သုံးစွဲခြင်းနှင့် တူသောကြောင့်“ဣဏပရိဘောဂ”ဖြစ်သည်ဟု ဆိုသည်။ ဆင်ခြင်ရာကာလ။။ထို ပစ္စည်း ၄-ပါးကို ဆင်ခြင်ရာ၌သင်္ကန်းကို သုံးတိုင်းသုံးတိုင်း; ဆွမ်းကိုအလုပ်တိုင်း အလုပ်တိုင်း; ကျောင်းကိုလည်း သုံးတိုင်းသုံးတိုင်းဆင်ခြင်ရမည်ဟုဆို၏၊ ထိုသို့မဆင်ခြင်နိုင်လျှင် အရုဏ်မတက်ခင် ဆရာများအတွက် မှတ်ဖွယ် ၁၈၅ တချိန်ချိန်မှာ(ဆွမ်းမစားမီအချိန် ဆွမ်းစားပြီးအချိန် ညဉ့်ဦးယံအချိန် သန်းခေါင်ယံ မိုဃ်းသောက် နောက်ဆုံးယံမှတချိန်ချိန်မှာ) ဆင်ခြင်ရမည်၊ တစ်ကြိမ်တခါမျှ မဆင်ခြင်မိဘဲအရုဏ်တက်သွားလျှင် ထိုနေ့၌ပစ္စည်း ၄-ပါးကိုသုံးစွဲခြင်းသည်“ဣဏပရိဘောဂ=ကြွေးယူ၍ သုံးစွဲခြင်း” ဖြစ်တော့၏။ ဝိသုဒ္ဓိမဂ်။။သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါဣဏပရိဘောဂေါ နာမ။ တသ္မာ စီဝရံပရိဘောဂေ ပရိဘောဂေ (ကိုယ်မှခွါ၍ နောက်ထပ်ဝတ်တိုင်းဝတ်တိုင်း) ပစ္စဝေက္ခိတဗ္ဗံ၊ ပိဏ္ဍပါတော အာလောပေအာလောပေ၊ တထာ အသက္ကောန္တေန(ထိုမျှလောက် မစွမ်းနိုင်လျှင်) ပုရေဘတ္တ ပစ္ဆာဘတ္တ ပုရိမယာမ မဇ္ဈိမယာမ-ပစ္ဆိမယာမေသု။ သစေ အပစ္စဝေက္ခတောဝ အရုဏံ ဥဂ္ဂစ္ဆတိ၊ဣဏပရိဘောဂေါဋ္ဌာနေ တိဋ္ဌတိ။ သေနာသနံပိ ပရိဘောဂေပရိဘောဂေ(ကျောင်းတွင်းဝင်တိုင်း ဝင်တိုင်း)ပစ္စဝေက္ခိတဗ္ဗံ။ ဆေးပစ္စည်းကိုကား အကပ်ခံတုန်း (သာမဏေဖြစ်လျှင်စားမည် သောက်မည်ဟုယူတုန်း)၌လည်းကောင်း၊ စားသောက်တုန်း၌လည်းကောင်း သတိထား၍“မည်သည့်အကြောင်းကြောင့် စားသောက်ပါသည်”ဟု ဆင်ခြင်မိစေရမည်၊ ထိုသို့ မဆင်ခြင်လျှင် အရုဏ်မတက်မီ တချိန်ချိန်မှာ ဆင်ခြင်စေကာမူ အကြောင်းမရှိဘဲသုံးစားသောကြောင့် အာပတ်သင့်၏၊ တချိန်ချိန်မှာလည်းမဆင်ခြင်မိမူ ဣဏပရိဘောဂလည်း ဖြစ်သည်။ ဝိသုဒ္ဓိမဂ်။။ဘေသဇ္ဇံပဋိဂ္ဂဟဏေပိ ပရိဘောဂေပိ သတိပစ္စယ-တာဝ ဝဋ္ဋတိ=ဆေးသည် ခံယူရာအခါ၌လည်းကောင်း၊ + Viết tắt cổ (၎ → လည်းကောင်း)+ Nhầm ဖ/ဘ (ဘွယ်→ဖွယ်, ဘို့ရာ→ဖို့ရာ, တောင်းဘူး→တောင်းဖူး)+ Lỗi dấu (လည်းလျောင်း→လဲလျောင်း, ရွှတ်ဆို→ရွတ်ဆို)+ Sửa lỗi kịch bản `လည်းကောင်းင်း` thành `လည်းကောင်း` (2 chỗ ở phần cuối) --- [Trang PDF] 201 - 205## Trang 1 ၄၀၄ ရှင်ကျောင်းတော် သုံးဆောင်ရာအခါ၌ငါး (ဘုရားကြာငံ ခပ်သုံးဆောင်သည်)ဟု သတင်းအကြောင်းပြင်မူသား (သတိထားမှသာ) အပ်၏။ ဆင်ခြင်မူသော် ၁၈၄၅ ဤ ပဌမသန်းခေါင် သီလ၌ပဌမသုံးဆောင်ရာမဖြစ် သာသနာ့ဝန်ကို ထမ်းရွက်ခြင်း၊ရေ ၁ ကင်းခြင်း စသော အကျိုးကို ဆင်ခြင်တတ်သောဥာဏ်သည်သာ ၂၈၅ ဖြစ်၏။ ထို့ကြောင့် နတ်တက်ရာအောင် ကျက်သားသော ပုတီးစိပ် ၄-၂၃ ကို အမှတ်တရ ရှိနေရမူ၊ဖြစ် ပဌမကူတာ ဆင်ခြင်ရာမရောက်။ ဥာဏ်ဖြစ် စဉ်စဉ်စားစား ဆင်ခင်မူသား ( ထို ရှင်ဆံအပ်သော ပုဇ္ဇ်ဖြစ်စေ။ မြန်မာပြည်စေ အဓိပတိကို နားလည်မူသား ) ပဌမကူတာဆင်ခင်ရာ ရောက်သည်ဟု မှတ်ပါ။ သုံးပုံခြင်း ၄-၂၂။။ ၈ပဌမသုံး ၄-၂၂ ကို သုံးပုံရ၍ သုံးပုံနည်း၄-၂၂ ကို ကျမ်းစာတွင် မူ၏။ - ၁-၈၈-ယူ၇၄သော၇။ - ၂-ဦးတပံသော၇။ - -၂၂ယ်၇သော၇။ - ၄-သာမ၇၄သော၇ တို့သည်။ ထိုတွင် ၂၂ရင့်က ကျနေသော ရဟန်း၊ လိုက်ကျနေသော သာမဏေသည် ဥပသိလ=သီလမရှိသ မည်၏။ > **မှတ်စု:** ဥပုသ် ထို ဥပသိလအား ပဌမသုံး ၄-၂၂ ကို သုံးပုံတွဲရန် ခုံပြုတော်မူ။ အလျှာ ရင့်တက်လည်း ဥပသိလမုန့် သလျှင် လျှာ ကျမည်မဟုတ်။ ထို့ကြောင့် ဥပသိလပုံ၂၆၈ ဆုံးစရသော ပဌမသုံးကို သုံးပုံခြင်းသတ် ခို၍ သုံးပုံရာရောက်သောကြောင့် ဆယ့်၂၄သော၇ မည်၏။ > **မှတ်စု:** ဆယ့်၂၄=ခိုသ၏ အမြင်ဖြစ် (ခို၍) + ၂၄သော၇ = သုံးပုံခြင်း။ သီလရှိသော်လည်း ပဌမသုံး ၄-၂၂ ကို (ဘုရားကြာငံ သုံးပုံရာသည်ဟု) အကြောင်းကို မဆင်ခင်သ သုံးပုံခြင်း။ သုံးပုံ --- --- ## Trang 2 အရေအတွက် ပုဒ်မ ၁၀၂ ခြင်းကြောင့် ရလသံအကုန်လုံး မဆင်ခင်သ သုံးစွဲခြင်းသည် ကြေညာ သုံးစွဲရာရက်သားကြောင့် ဥပဒေတွင် မပါ။ ဥပဒေကြေညာချက် (ကြေညာ)+၀ရ်တွင်=သုံးစွဲခြင်း။ ထိုကြောင့် ဥပဒေတွင် မပါသော အုပ်စုသော ပစ္စည်းများကို သုံးစွဲ၍ ပြုလုပ်အတိုင်း သတိထားသော ညဏ်ဖြင့် ဆင်ခင်စေ ပြရမည်။ ဥပဒေပုဒ်မများ၏ ပစ္စည်း ၄-၀င်းကို သုံးစွဲခြင်းသည်ဥပဒေတွင် မပါ။ > **မှတ်ချက်:** ဥပဒေ=ဥပဒေချက်ဖြစ်တည်မှုသည် အတွက် ဥပဒေအပပေါ် သို့မဟုတ် အခြားပုဒ်မ+၀ရ်တွင်=သုံးစွဲခြင်း။ သို့လျှင်သော ပစ္စည်းတို့၏ သုံးစွဲခြင်းလည်းဥပဒေ ပုဒ်မတွင် ပါဝင်၏။ ကြေညာတည်းသားကြောင့်"အရာကုန်ပစ္စည်း = ကြေညာတည်းသော သုံးစွဲခြင်း" ဟုလည်း သီးခြား နမူနာ တင်ကြေညာ၏။ ရာဇဝတ်ပုဒ်မ၏ ပစ္စည်း ၄-၀င်း သုံးစွဲခြင်းကား ကိုယ်ပိုင်ပစ္စည်းကို သုံးစွဲသကဲ့သို့ ဖြစ်သားကြောင့် သာမန်ပစ္စည်း အစစ်အမှန်။ > **မှတ်ချက်:** သာမန်=ပုံမှန်၏ အခြားပုဒ်မ+၀ရ်တွင်=သုံးစွဲခြင်း။ အမှု။ ။ကြီးမားသော တရားအစည်းအရုံး ရုံးပုံ ရုံးကျင့်ထုံးကား ပြီးပါပြီ။ သို့သော် ရုံးကျင့်ထုံးပါ၍ အနက်ကိုလည်း (မေတ္တာသ မဟုတ်သ အပြေမည် ရဟန်းလောင်း သာမဏေတို့) အရကုန်အံ့ရာ အကယ်၍ ပြပါဦးမည်။ အရေအတွက်ပုဒ်မ ပြီး၏။ --- --- ## Trang 3 ### ရှင်ကုလိထေရ် ပရိတေဆန့်ကံ #### အရာထံ သကင်္န်းကပ်ရန် ဤသက္ကရာဇ်နှစ်သောရက် နိမ့်သော ယောဂ္ဂရ-ဟော့သော ဤ ဘုရားစင် ၃တွင် ပွားတော်မူ တရား အနုမောဒနာ ပြုပါ၏။ တရား။ အရှင်ပုထုဇဉ်။ ဤသက္ကရာဇ်နှစ်သောရက်-နိမ့်သော၊ အလုံးစုံသော သံသရာဒုက္ခငြိမ်းအေးစေခြင်းငှာနိမ့်သော။ ဤသောရက်တွင်၊ မင်္ဂလာ ဖြစ်သော ပွဲလမ်းဖြစ်စွာ မျက်နှာသာပေး၍ ချီးမွမ်းအပ်၏။ ဤ ဘုရားစင် တပည့်တော်၏ လက်မှတ်ရေးထိုး၍ သက်သေပြု၏။ ၃တွင်ပွားတော်မူ၏။ ။ ။ တပည့်တော်ကို အနုမောဒနာ အထူး သနားခြင်းကို ပြုပါ၏။ ဤသို့ ပွားတော်။ ရှင်သာမဏေ ပြုစုတော်မူပါကုန်သော။ #### အရာထံ သကင်္န်းကို တောင့်ရန် ဤသက္ကရာဇ်နှစ်သောရက် နိမ့်သော ယောဂ္ဂရ-ဟော့သော ဤ ဘုရားစင် ၃တွင် ပွားတော် မူတရား အနုမောဒနာ ပြုပါ၏။ တရား။ အရှင်ပုထုဇဉ်။ သက္ကရာဇ်နှစ်သောရက်-နိမ့်သော၊ အလုံးစုံသော သံသရာဒုက္ခငြိမ်းအေးစေခြင်းငှာနိမ့်သော။ ဤသောရက်တွင်၊ မင်္ဂလာ ဖြစ်သော ပွဲလမ်း --- --- ## Trang 4 ### ရှင်တုဴဝတ် ပိဴအနက် ၁၀ၩ မြန်ထူ မျက်မှောက်ပြုပိရခင်း အကျိုးကြောင့်။ စတ် ကာသာဝံ။ အရန်ကရား လက်တောင်ဴ ရှိသော ထူသက်နှးကူ။ ၁၀ၲ။ လပးတောင်မ၍။ မံ။ တပညွေတောင်ကူ။ အနူကမူ။ အဝဴသနားခြင်းကူ။ ဥပံဓိယ။ စွေ့၍။ ပမူဝေ၅၀။ ရှင်သောမတေက မြန်မေတောင်မပိကန်ကရား။ ### သာမေတာဝတ်ရန် ခွင်တောင်ခြင်း ကဇေ် သံသာရ ၀ဒ် ၀ကုတောဝ မဟာစတာယပမု ယာတဝံ။ င်္ဥတံယမူ ကဇေ် သံသာရ ၀ဒ်-၀ကုတောဝ မဟာစတာယ ပမု ယာတဝံ။ င်္တတံယမူ ကဇေ် သံသာရ ၀ဒ်ဝကုတောဝ မဟာ-စတာယ ပမု ယာတဝံ။ **အနကျပွနျ:** - **ကဇေ်။** အရန်မြတ်ကရား။ - **သံသာရ ၀ဒ္၀ကုတောဝ။** သံသရ ၀ဒ္ဆင်းရမူ။ - **မဟာစတာယ။** ကျွတ်လုတ်ပိရခင်းအကျိုးကြောင့်။ - **ပမုဴ။** ရှင်သောမတေအမူမှန်ကူ။ - **ယာတဝံ။** တောင်းပိဆိကရား။ - **ကေဇ္။** အရန်မြတ်ကရား။ - **ဥတံယမူ။** နှုတ်ကြမံမ၍ဝန်လညး။ - **သံသာရ ၀ဒ္၀ကုတောဝ။** သံသရ၀ဒ္ဆင်းရမူ။ - **မဟာစတာယ။** ကျွတ်လုတ်ပိရခင်း အကျိုးကြောင့်။ - **ပမုဴ။** ရှင်သောမတေအမူမှန်ကူ။ - **ယာတဝံ။** တောင်းပိဆိကရား။ - **ကေဇ္။** အရန်မြတ်ကရား။ - **တတံယမူ။** သံးကြမံမ၍ဝန်လညး။ - **သံသာရ ၀ဒ္၀ကုတောဝ။** သံသရ၀ဒ္ဆင်းရမူ။ - **မဟာစတာယ။** ကျွတ်လုတ်ပိရခင်း အကျိုးကြောင့်။ - **ပမုဴ။** ရှင်သောမတေအမူမှန်ကူ။ - **ယာတဝံ။** တောင်းပိဆိကရား။ --- --- ## Trang 5 ရှိပုံ ရှိကြောင်း တစ်ခု တံခွန်တေ ဘာ"၈၃၁ ဘရက် သီးသေ့ဝင်းကိုဆုံလေ့ရှိကြသည်။] ### ၂၉၈ကူတာ ပိဋကတ် စီ၀၃ ၂၉၈၀ကူတာပဋ္ဌာနီ ယော၃၁ စီ၀၃ ပဋ္ဌာနိမိ။ ယ၁-၈၃ သိတာ ပဋ္ဌာတယ။ဋ္ဌာန ပဋ္ဌာတယ။ ဋ္ဌာန ၈က ၀ါတပ သရုပ် သမူဟာန် ပဋ္ဌ-နာတယ။ ယ၁၀၈၃၀ ဟိရေကာင်ပဋ္ဌာနံ။ ယော၃၁၃။ သင်္ေသာအကြောင်းအရာပြုံ။ - **ပဋ္ဌာနီ (ပဋ္ဌာနိယ)။** ပဋ္ဌာပြုံစောင်ခြင်၍။ - **စီ၀၃။** သက်နှင်ကို။ - **ပဋ္ဌာနိမိ။** မှဲ့၀ါစိ။ - **သိတာ။** အေအးကို။ - **ယ၁၀ ပဋ္ဌာတယ ၈၀။** ပယ်မေမာက်နိုင်၍ အကျိုးပြုသလျှင်။ - **ဋ္ဌာန။** မိးပကံ။ ယ၁၀ ပဋ္ဌာတယ ၈၀။ ပယ်မေမာက်နိုင်၍အကျိုးပြုသလျှင်။ - **ဋ္ဌာန ၈က ၀ါတပ သရုပ်-သမူဟာန်။** မှက် ခြင် ၈၀ ၈၄၂ ၈၂ ကင်းတွဲ၍ အေတုတ်ကို။ ယ၁၀ ပဋ္ဌာတယ ၈၀။ ပယ်မေမာက်နိုင်၍အကျိုးပြုသလျှင်။ - **စီ၀၃။** သက်နှင်ကို။ - **ပဋ္ဌာနိမိ။** မှဲ့၀ါစိ။ ယ၁၀ ဟိရေကာင်ပဋ္ဌာနံ ၈၀။ ဟိရေကာင် မျက်စိးတတ်သော အက်ကြီးယက် ဖုံးလယ်နိုင်၍ အကျိုးပြုသလျှင်။ - **စီ၀၃။** သက်နှင်ကို။ - **ပဋ္ဌာနိမိ။** မှဲ့၀ါစိ။ **ဒီသိဒ္ဓိမင်။** ၎ဋ္ဌာနတ အဓိဋ္ဌာနဗဟုအာတေပိတိ သရုပ်ယာ-တေပိ။ သရုပ်ပိန့် သျှုအေယာ။ (သျှုအေယာတသျှု သတပိ ဋ္ဌာနတိ သရုပ် ပိဋ္ဌကားအေယာ။ဋ္ဌာန) ဟိရေကာင်ပဋ္ဌာတ် တံ သမူဟေဋ္ဌာန်။ ဤအမူအမာင်းကို မှဲ့၍ အနက်ေပးထား၍။ --- [Trang PDF] 206 - 210## Trang 1 **ပိဏ္ဍပါတ ပစ္စဝေက္ခဏာ** ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟယ၊ ဣတိပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါ-ဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စဖာသုဝိဟာရော စ။ **ယောနိသော၊** သင့်သောကြောင်းအားဖြင့်။ **ပဋိသင်္ခါ**(ပဋိသင်္ခါယ)၊ ပညာဖြင့်ဆင်ခြင်၍။ **ပိဏ္ဍပါတံ၊** ဆွမ်းအစရှိသော အာဟာရကို။ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ **ဒဝါယ၊** ရွာသူသားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ။ **နေဝ****ပဋိသေဝါမိ၊** မှီဝဲသည်မဟုတ်ပါ။ **မဒါယ၊** လက်ဝှေ့ လက်ပမ်းသည် စသူတို့ကဲ့သို့ ဗလမာန် ပုရိသမာန်ဟူသော မာန်ယစ်ခြင်းငှါ။ **န ပဋိသေဝါမိ၊** မှီဝဲသည်မဟုတ်ပါ။ **မဏ္ဍနာယ၊**နန်းတွင်းသူ ပြည့်တန်ဆာမတို့ကဲ့သို့ ကိုယ်လက်အင်္ဂါ ပြည့်ဖြိုးခြင်းငှါ။ **န ပဋိသေဝါမိ၊** မှီဝဲသည်မဟုတ်ပါ။ **ဝိဘူသနာယ၊**ကျွမ်းသမား ကချေသည်တို့ကဲ့သို့ အရေအဆင်း ကြည်လင်ခြင်းငှါ။ **န ပဋိသေဝါမိ၊** မှီဝဲသည်မဟုတ်ပါ။ **ဣမဿ ကာယဿ၊** ဤရူပကာယ၏။ **ယာဝ ဌိတိယာ ဧဝ၊**အစဉ်မပြတ် တည်မှတ်နိုင်ရုံ အကျိုးငှါသာလျှင်။ **ယာဝ****ယာပနာယ ဧဝ၊** မပြတ်ဆက်တည် အသက်ရှည်စေနိုင်ရုံအကျိုးငှါသာလျှင်။ **ယာဝ ဝိဟိံသူပရတိယာ ဧဝ၊** မွတ်သိပ် ဆာလောင်ခြင်း ဆင်းရဲကင်းရုံ အကျိုးငှါသာလျှင်။ **ယာဝ****ဗြဟ္မစရိယာနုဂ္ဂဟာယ စ၊** သာသနာ မဂ္ဂ ဗြဟ္မစရိယ ၂-ပါးကိုချီးမြှောက်နိုင်ရုံ အကျိုးငှါသာလျှင်။ ပိဏ္ဍပါတံ၊ ဆွမ်းအစရှိသော အာဟာရကို။ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ **ဣတိ၊** ဤသို့ ဆွမ်းကို မှီဝဲခြင်းဖြင့်။ **ပုရာဏံ၊** အဟောင်းဖြစ်သော။ **ဝေဒနာ ငှင့်၊** မွတ်သိပ်ဆာလောင်ခြင်း ဆင်းရဲဝေဒနာကိုလည်း။ **ပဋိဟင်္ခါမိ၊** ပယ်ဖျောက်အံ့။ **နဝံ၊** အသစ်ဖြစ်သော။ **ဝေဒနာ ငှင့်၊** မနှောက်မယှက် စားမိ၍ရသော ဆင်းရဲဝေဒနာကိုလည်း။ **န ဥပ္ပါဒေဿောမိ၊** မဖြစ်စေအံ့။ **မေ၊** ငါ၏။ **ယာတြာ စ၊** ရှည်သော ကာလသို့ ရောက်နိုင်ခြင်းသည်၎င်း။ **ဝါ၊ ဣရိယာပုတ်လေးဝ မပျက်ရအောင် မျှတခြင်းသည်၎င်း။****အနဝဇ္ဇတာ စ၊** အပြစ်မရှိသူ၏ အဖြစ်သည်၎င်း။ **ဖာသုဝိဟာ-****ရော စ၊** ချမ်းသာစွာ နေရခြင်းသည်၎င်း။ **ဘဝိဿတိ၊** ဖြစ် **ဝိသုဒ္ဓိမဂ်။** ။နေဝ ဒဝါယာတိ န ဂါမဒါရကာဒယော ဝိယအတ္ထံ၊ န မဒါယာတိ န မုဋ္ဌိကမလ္လာဒယော ဝိယမဒတ္ထံ၊ ဗလမဒနိမိတ္တံ ပေါရိသဗဒနိမိတ္တဉ္စာတိ ဝုတ္တံ ဟောတိ။ နမဏ္ဍနာယာတိ န အန္တေပုရိကာဝေသိယာဒယော ဝိယ မဏ္ဍနတ္ထံ၊အင်္ဂပစ္စင်္ဂါနံ ပီဏဘာဝနိမိတ္တန္တိ ဝုတ္တံ ဟောတိ။ န ဝိဘူသနာယာတိန နဋနစ္စကာဒယော ဝိယ ဝိဘူသနတ္ထံ၊ ပသန္နစ္ဆဝိဝဏ္ဏတာနိမိတ္တန္တိဝုတ္တံ ဟောတိ။ ဌိတိယာတိ ပဗန္ဓဌိတတ္ထံ။ ယာပနာယာတိ ပဝတ္တိယာ အဝိစ္ဆေဒ-အတ္ထံ။ ဝိဟိံသုပရတိယာတိ ဝိဟိံသာ နာမ ဇိဃစ္ဆာ အာဗာဓဋ္ဌေန။ ဣတိ။ပ။ ပဋိဟင်္ခါမီတိ ပုရာဏဉ္စ ဇိဃစ္ဆာဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စဝေဒနံ အပရိမိတ္တဘောဇနပစ္စယံ....စိရကာလဂမနသင်္ခါတာ ယာတြာ။ ပစ္စဝေက္ခဏာ ပါဠိအနက် ၁၉၃ လတံ့။ ဣတိ၊ ဤသို့ နှလုံးပြု၍။ ပိဏ္ဍပါတံ၊ ဆွမ်းအစရှိသောအာဟာရကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ **သေနာသန ပစ္စဝေက္ခဏာ** **ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ၊****ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာ-****တာယ၊ ဒံသ မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ****ပဋိဃာတာယ၊ ယာဝဒေဝ ဥတုပရိဿယ ဝိနောဒန****ပဋိသလ္လာနာရာမတ္ထံ။** **ယောနိသော၊** သင့်သော အကြောင်းအားဖြင့်။ **ပဋိသင်္ခါ**(ပဋိသင်္ခါယ)၊ ပညာဖြင့် ဆင်ခြင်၍။ **သေနာသနံ၊** ကျောင်းအိပ်ရာနေရာကို။ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ **သီတဿ၊** အအေးကို။ **ယာဝ ပဋိဃာတာယ ဧဝ၊** ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **ဥဏှဿ၊** မီးပူကို။ **ယာဝ ပဋိဃာတာယ ဧဝ၊** ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **ဒံသ မကသ ဝါတာတပ-****သရီသပ သမ္ဖဿာနံ၊** မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏အတွေ့တို့ကို။ **ယာဝ ပဋိဃာတာယ ဧဝ၊** ပယ်ဖျောက်နိုင်ရုံအကျိုးငှါသာလျှင်။ **သေနာသနံ၊** ကျောင်းအိပ်ရာ နေရာကို။ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ **ယာဝ ဥတုပရိဿယ ဝိနောဒန ပဋိ-** **ဝိသုဒ္ဓိမဂ်။** ။ ပရိဿယနဋ္ဌေန (အဘိဘဝနဋ္ဌေန) ဥတုယေဝဥတုပရိဿယော- လွှမ်းမိုးနှိပ်စက်တတ်သော ဥတု၊ပဋိသလ္လာနာရာမတ္ထံ- ဧကီဘာဝသုခတ္ထံ- (တခုတည်းသော ကမ္မဋ္ဌာန်းအာရုံကို ယူနေသဖြင့်) တယောက်တည်းကဲ့သို့ ဖြစ်ခြင်း၌ ချမ်းသာခြင်းအကျိုးငှါ။ သလ္လာနာရာမတ္တံ ဧဝ၊ ဥတုဘေးရန်ကို ပယ်ဖျောက်နိုင်ရုံတပါးတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်နိုင်ရုံ အကျိုးငှါသာလျှင်။ သေနာသနံ၊ ကျောင်းအိပ်ရာ နေရာကို။ ပဋိ-သေဝါမိ၊ မှီဝဲပါ၏။ **ဘေသဇ္ဇ ပစ္စဝေက္ခဏာ** ပဋိသင်္ခါ ယောနိသော ဂိလာန ပစ္စယ ဘေသဇ္ဇ-ပရိက္ခာရံ ပဋိသေဝါမိ၊ ယာဝဒေဝ ဥပ္ပန္နာနံ ဝေယျာ-ဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ အဗျာပဇ္ဈပရမတာယ။ **ယောနိသော၊** သင့်သော အကြောင်းအားဖြင့်။ **ပဋိသင်္ခါ**(ပဋိသင်္ခါယ)၊ ပညာဖြင့် ဆင်ခြင်၍။ **ဂိလာနပစ္စယဘေသဇ္ဇ-****ပရိက္ခာရံ၊** ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍အသက်၏ အရံအကာ အဆောက် အဦးဖြစ်သော ဆေးကို။ **ဝိသုဒ္ဓိမဂ်။** ။ရောဂဿ ပဋိအယနဋ္ဌေန ပစ္စယော၊ ဂိလာန-ပစ္စယောစ ဘေသဇ္ဇံ ဂိလာနပစ္စယဘေသဇ္ဇံ -ဂိလာန၏ ရောဂါ၏ ဆန့်ကျင်ဘက်ဖြစ်သော ဆေး။ **ပရိက္ခာ-****ရောတိ။ပ။** ဣဓ သမ္ဘာရောပိ (အကြောင်း အဆောက်အဦး)**ပရိဝါရောပိ** (အရံအကာ) ဝဋ္ဋတိ။ **ဥပ္ပန္နာနန္တိ** ဇာတာနံ ဘူတာနံ နိဗ္ဗတ္တာနံ။ [ ဖြစ်ပြီးသောဒုက္ခဝေဒနာတို့သည် သဘာဝအလျောက် ဥပာဒ်ဋီဘင်စေ့က ချုပ်ပျောက်မြဲဖြစ်၍ ဆေးဖြင့် တားမြစ်ဘွယ် မလို၊ ထို့ကြောင့်ဖြစ်ပြီးဝေဒနာနှင့်တူသော ဖြစ်လတံ့ဝေဒနာများကို ယူ၊ ထို ပစ္စဝေက္ခဏာ ပါဌ်အနက် ၁၉၅ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ **ဥပ္ပန္နာနံ၊** ဖြစ်ပြီး ဝေဒနာနှင့် တူကုန်သော။ **ဝေယျာဗာဓိကာနံ၊** ဓာတ်ချောက်ချားခြင်း၊ ဓာတ်ချောက်ချားခြင်း အရင်းခံရှိသော အနာကြောင့် ဖြစ်ကုန်သော။ **ဝေဒနာနံ၊** ဆင်းရဲဝေဒနာတို့ကို။ **ယာဝ ပဋိဃာတာယ****ဧဝ၊** ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **ယာဝ အဗျာပဇ္ဈ-****ပရမတာယ ဧဝ၊** ဆင်းရဲကင်းကွာ၊ ကျန်းမာ ချမ်းသာခြင်းအတိုင်းအရှည် တိုင်ရုံ အကျိုးငှါသာလျှင်။ **ဂိလာနပစ္စယ-****ဘေသဇ္ဇ ပရိက္ခာရံ၊** ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အရံအကာ အဆောက်အဦးဖြစ်သောဆေးကို။ **ပဋိသေဝါမိ၊** မှီဝဲပါ၏။ --- ## Trang 2 ဝေဒနာများကိုသာ နောင်မဖြစ်လာအောင် ဆေးဖြင့် တားမြစ်နိုင်၏။ ထို့ကြောင့် "ဥပ္ပန္နသဒ္ဒိသာ ပန ဥပ္ပန္နာတိ ဝုတ္တံ"စသည်ဖြင့် ဋီကာ ဖွင့်သည်။] ဝေယျာဗာဓိကာနန္တိ ဧတ္ထ ဗျာဗာဓောတိ (ဝေယျာဗာ-ဓောနှင့် ဗျာဗာဓော တူသည်။ ဝေယျာကရဏနှင့် ဗျာကရဏတို့တူသကဲ့သို့တည်း။) ဓာတုက္ခောဘော၊ တံသမုဋ္ဌာနာ စ ကဋ္ဌ-ဂဏ္ဍပိဋ္ဋကာဒယော၊ ဗျာဗာဓေတော ဥပ္ပန္နာ ဝေယျာဗာဓိကာ၊ [ခန္ဓာကိုယ်၌ ဓာတ် ၄-ပါး ပျက်မှုကို "**ဓာတုက္ခောဘ**" ဟုခေါ်၏။ ထိုသို့ ဓာတ်ချောက်ချားမှုကြောင့်လည်း ညောင်းမှုကိုက်မှု စသော ဒုက္ခဝေဒနာ ဖြစ်တတ်သည်။ ဓာတ်ချောက်ချားလျှင် အနာပေါက်တတ်၏။ ထိုအနာကြောင့်လည်း ဒုက္ခဝေဒနာ ဖြစ်လာတတ်၏ဟူလို။] "**ဝေယျာဗျာဓိကာနံ**" ဟုရှိသည်ကား အဋ္ဌကထာဖွင့်နှင့် မညီ။ --- --- [Trang PDF] 211 - 215## Trang 1 ၁၉6                             ရုပ်ပုံ ရှင်ကျင့်ဝတ် **လိင်ဆယ်ပါး ပါဠိအနက်**           ဒသမင်္ဂေဟိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော၊ ပါဏာတိပါတီ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ အဗြဟ္မစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာယီ ဟောတိ၊ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊ သံဃဿ အဝဏ္ဏံ ဘာသတိ၊ မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ ဘိက္ခုနီဒူသကော ဟောတိ၊ ဣမေဟိ ခု ဒသမင်္ဂေဟိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော။           ဒသမဟိ၊ ဆယ်ပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်း အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သာမဏေရော၊ သာမဏေကို။ နာသေတဗ္ဗော၊ အသျှင်ကိုဖျက် လူထွက်စေထိုက်၏။ ပါဏာတိပါတီ၊ သူ့အသက်ကို သတ်ခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ အဒိန္နာဒါယီ၊ အရှင်မပေးအပ်သော           အဗျာပဇ္ဈပရမတာယာတိ နိဒ္ဒုက္ခပရမတာယ။ ယာဝ တံ ဒုက္ခံ သဗ္ဗံ ပဟီနံ ဟောတိ တာဝါတိ အတ္ထော။ [ဗျာပါဒနဋ္ဌေန ဗျာပါဒေါ၊ ဗျာပါဒေဝ ဗျာပဇ္ဈံ၊ ဒုက္ခန္တိ အတ္ထော၊ နတ္ထိ ဧတ္ထ ဗျာပဇ္ဈန္တိ အဗျာပဇ္ဈံ (ဗ္ဗာ) - နိဒ္ဒုက္ခတာ။] "အဗျာပဇ္ဇ" ဟု ရေးသား ရွတ်ဖတ်ကြသည်မှာ ဤအဖွင့် နှင့် မညီ၊ ဗျာပဇ္ဈသဒ္ဒါသည် ဒေါသ- ဒေါမနဿကို ဟော၏၊ ဗျာပဇ္ဈသဒ္ဒါကား ဒုက္ခကို ဟောသည်။ **ပစ္စေကဗုဒ္ဓေါ ပြီး၏။** ဒဏ်ဆယ်ပါး ပါဠိအနက်                      ၁၉၇ သူဥစ္စာကို ခိုးယူသည်။ ဟောတိ၊ ဖြစ်၏။ အဗြဟ္မစာရီ၊ မြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ မုသာဝါဒီ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယီ၊ မေ့လျော့ ခြင်း၏အကြောင်းဖြစ်သော သေရည်အရက်ကိုသောက်သည်။ ဟောတိ၊ ဖြစ်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အဝဏ္ဏံ၊ အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ ကြောင်းစကားကို။ ဘာသတိ၊ ပြောဆို၏။ ဓမ္မဿ၊ တရား တော်၏။ အဝဏ္ဏံ၊ အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ကြောင်းစကားကို။ ဘာသတိ၊ ပြောဆို၏။ သံဃဿ၊ သံဃာတော်၏။ အဝဏ္ဏံ၊ အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ကြောင်းစကားကို။ ဘာသတိ၊ ပြောဆို၏။ မိစ္ဆာဒိဋ္ဌိကော၊ မှားသော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုနီဒူသကော၊ ဘိက္ခုနီမကို ဖျက်ဆီးသည်။ ဟောတိ၊ ဖြစ်၏။ ဒသဟိ၊ ဆယ်ပါးကုန်သော။ ဣမေဟိ အင်္ဂေဟိ၊ ဤအကြောင်း အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သာမဏေရော၊ သာမဏေကို။ နာသေတဗ္ဗော၊ အသျှင်ကိုဖျက် လူထွက်စေထိုက်၏။ ဒဏ်ဆယ်ပါး ပါဠိအနက်        ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ။ ဝိကာလဘောဇနော ဟောတိ၊ နစ္စ ဂီတ ဝါဒိတ ဝိသုကဒဿနော ဟောတိ၊ မာလာဂန္ဓ- ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော ဟောတိ၊ ဥစ္စာ- သယန မဟာသယနော ဟောတိ၊ ဇာတရူပ ရဇတပ္ပ- ဋိဂ္ဂဟဏော ဟောတိ၊ ဘိက္ခုနံ အလာဘာယ ပရိ- ၁၉၈                     ရုပ်ပုံ ရှင်ကျင့်ဝတ်           သက္ကတိ၊ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ၊ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ၊ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ။           ဒသဟိ၊ ဆယ်ပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။ သာမဏေရဿ၊ သာမဏေ၏(အပေါ်၌)။ ဒဏ္ဍကမ္မံ၊ ဒဏ်အမှုကို။ ကာတဗ္ဗံ၊ ပြုထိုက်၏။ ဝိကာလဘောဇနော၊ နေလွဲအခါ၌စားခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ နစ္စ ဂီတ ဝါဒိတ ဝိသုကဒဿနော၊ ကိုယ်တိုင်ကခြင်း၊ သူတပါးကို ကစေခြင်း၊ ကိုယ်တိုင် သီဆိုခြင်း၊ သူတပါးကို သီဆိုစေခြင်း၊ ကိုယ်တိုင် တီးမှုတ်ခြင်း၊ သူတပါးကို တီးမှုတ်စေခြင်း၊ ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက်ဖိုပမာ ဗီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော၊ ပန်းပန်ခြင်း၊ နံ့သာပျောင်းတို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်စေခြင်း၊ အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ နံ့သာရည် သနပ်ခါးတို့ဖြင့် လိမ်းကျံ ခြယ်လှယ်ခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥစ္စာသယန မဟာသယနော၊ မြင့်သောနေရာ၊ ကြီးကျယ်ခမ်းနား ဆန်းပြားသောနေရာ၌ ထိုင်ခြင်း၊ အိပ်ခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဇာတရူပ ရဇတပဋိဂ္ဂဟဏော၊ ရွှေ ငွေကို ကိုယ်တိုင် ခံယူခြင်း၊ သူတပါးကို ခံယူစေခြင်း၊ အပ်နှံ ချထား၍ လှူသည်ကို သာယာခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ဒဏ်ဆယ်ပါး ပါဠိအနက်     ၁၉၉ **ဘိက္ခုနံ၊** ရဟန်းတို့၏။ **အလာဘာယ၊** လာဘ်မရခြင်းငှါ။ **ပရိသက္ကတိ၊** အားထုတ်၏။ **ဘိက္ခုနံ၊** ရဟန်းတို့၏။ **အနတ္ထာယ၊** အကျိုးမဲ့ဖြစ်ခြင်းငှါ။ **ပရိသက္ကတိ၊** အားထုတ်၏။ **ဘိက္ခုနံ၊** ရဟန်းတို့၏။ **အဝါသာယ၊** နေမြဲကျောင်း၌ မနေနိုင်ခြင်းငှါ။ **ပရိသက္ကတိ၊** အားထုတ်၏။ **ဘိက္ခု၊** ရဟန်းတို့ကို။ **အက္ကော-သတိ၊** ဆဲရေး၏။ **ပရိဘာသတိ၊** ခြိမ်းချောက်၏။ **ဘိက္ခု၊** ရဟန်းတို့ကို။ **ဘိက္ခူဟိ၊** အခြား ရဟန်းတို့နှင့်။ **ဘေဒေတိ၊** ကွဲပြားအောင် ဂုံးတိုက်၏။ **ဒသဟိ၊** ဆယ်ပါးကုန်သော။ **ဣမေဟိ အင်္ဂေဟိ၊** ဤအကြောင်းအင်္ဂါတို့နှင့်။ **သမန္နာဂတဿ၊** ပြည့်စုံသော။ **သာမဏေရဿ၊** သာမဏေ၏(အပေါ်၌)။ **ဒဏ္ဍကမ္မံ၊** ဒဏ်အမှုကို။ **ကာတဗ္ဗံ၊** ပြုထိုက်၏။ ### အနက်ပေးပုံ ရှင်းလင်းချက် "ပါဏာတိပါတ-သူ့အသက်ကို သတ်လေ့ ရှိသည်"ဟု တသီလအနက်ကို သုံးစွဲကြ၏။ သို့သော် "အလေ့"ဟူသည် တကြိမ်တခါ လွန်ကျူးခြင်း မဟုတ်၊ မကြာခဏ လွန်ကျူးမှု "အလေ့အလာ ဝါသနာ"ဟု ဆိုထိုက်သည်။ ဤလိင်-ဒဏ် အခန်း၌ကား တကြိမ်တခါ လွန်ကျူးလျှင်လည်း လိင်ကျ-ဒဏ်ထိုက်၏။ ထို့ကြောင့် သိက္ခာပုဒ်တိုင်း၌ "အလေ့"ဟု မသုံးဘဲ သဒ္ဒါအနေလိုက်၍ ကတ္တုသာဓနနက်ဖြစ်စေ ရိုးရိုးအဿတ္ထိအနက်ဖြစ်စေ ပေးလိုက်သည်။ နစ္စ။ပ။ **ဝိသုကဒဿနော-သာသနဿ အနနုလောမတ္တာ ဝိသုကံ ပဋ္ဌာဏီဘူတံ ဒဿနန္တိ ဝိသုကဒဿနံ။** (သီလက္ခန် အဋ္ဌကထာ)၊ "သဗ္ဗပါပဿ အကရဏံ။ပ။ ဧတံ ဗုဒ္ဓါန- ၂၀၀                      ရုပ်ပုံ ရှင်ကျင့်ဝတ် သာသနံ'’ ဟူသော အဆုံးအမတော်၌ "မကောင်းမှု အားလုံး ကို မပြုရ"ဟု ဆုံးမတော်မူ၏။ နစ္စ စသည်ကို ကြည့်ရှုသည် မကောင်းမှု ဖြစ်ရကား ထို အဆုံးအမတော်နှင့် မလျော် (ဖီလာ) ဖြစ်၏။ ဝိသုကံကို "ဝိသုဝတိ သာသနံ ဝိဇ္ဈတိ- အဆုံးအမကို ထိုးဆွ သကဲ့သို့ ဖြစ်၏'' ဟု ဋီကာ ဖွင့်၏။ ပဋိဝိရုဒ္ဓံ (ဆန့်ကျင်ဘက်) ဟုလည်း အဓိပ္ပါယ် ပြ၏။ ["ဝိသုစိကာ, သုစိ-အပ်"စသည်ကို ထောက်၍ ထိုးခြင်းအနက်၌ "ဝိသုကံ" ဟု ဒီသ သင့်မည် ထင်၏။ စာအုပ်အများ၌ကား "ဝိသုကံ"ဟု ရှိသည်။] ထိုဝိသုကံကိုလည်း "ပဋ္ဌာဏီဘူတံ = ပဋိ (ဆန့်ကျင်ဘက်) + အာဏီဘူတံ"ဟု ဖွင့်၏။ အာဏီ = ကီလ(သပ် = ငြှိ = မယ်န)၊ ဘုရားအဆုံးအမတော်ကို ဆန့်ကျင်ဘက်ပြုလျက် သပ်ဖြင့် စူးဖြင့် နှက်သကဲ့သို့ ကြည့်ရှု နားထောင်ခြင်း-ဟုလို၊ ဤ အဓိပ္ပါယ်ကို ရည်၍ "ဝိသုကဒဿန"ကို၎င်း၊ "အတ္တနာ နစ္စန- နစ္စာပနာဒိဝသေန" ကို ထောက်၍ နစ္စ ဂီတ ဝါဒိတကို၎င်း အနက်ပေးထားသည်။ မှတ်ချက်။    ။ သီလက္ခန်-ဥပ္ပဋိပဝိန္နိက, ပုဒ်အဖွင့်၌ "ဝိသရက္ခ- အာဏီ (မယ်န = စို့) ကောဋ္ဌယမာနောဝိယ" ဟု အာဏီအသုံးကို တွေ့ရ၏။ ထိုအာဏီကို "ကီလ" ဟု ဖွင့်၏။ ကီလအသုံးကိုလည်း "ကီလ + ဥပ္ပါဋ္ဏိ = လူ့တိုက်၍ မပြီးသေး သော သစ်သား အခြမ်း၌ စိုက်နှက်ထားသော သပ်ကို နှုတ် သည်" ဟု ဟိတောပဒေသ၌ တွေ့ရ၏။ ရှေးဆရာတို့ကား "အာဏီ = နှောင့်တန်ကျင်" ဟု အနက်ပြန်ကြသည်။ --- [Trang PDF] 216 - 220## Trang 1 *(Trang bìa/trống)* --- ## Trang 2 ၂၀၂ ဓမ္မံ ဓမ္မကျင့်ထုံး ဓမ္မိယ ပိဋကအနက် ပဉ္စမဋ္ဌကထာ တူမေ ဓေဝ ပနာယသူဇ္ဇာ ဓမ္မိယာ မမူန ဥစ္စုသံ အာဂတဿ။။ (၁) ပဉ္စဋ္ဌလံ နိဓေသဏာမိတံ, သံဂူန ကရဏ္ဏိယာ။။ (၂) ပဉ္စဋ္ဌလံ ပရိပုစ္ဆာမိတံ, သံဂူန ကရဏ္ဏိယာ။။ (၃) သပုဏ္ဍရီကေနာ အဿဒါယေရ ဂံသွာမိတံ, သံဂူန ကရဏ္ဏိယာ။။ အာယသူနေနာ။ အရင်တွဲ။ ဓမ္မိယာ။ ဓမ္မိယ မည့်ကန့် ဓေသာ။ တူမေ ဓေဝ ပန မမူန။ ဤသံဂူနပုဋ္ဌံသည့်။ ဥစ္စုသံ။ သရုပ်အားဖြင့် ရှတ်ပြအပ်ကုန်သည့်၏ အပြင်သို့။ အာဂတဿ။ ရောက်ကုန်၏။ ၁။ ပဉ္စဋ္ဌလံ။ ထက်နံးကျပင် ဝန်းပုံင်းစွာ။ နိဓေသနာ- မိ။ သင်းပုံင်ကွ ဝတ်အံ။ ဟုတ်။ ဤသို့။ သံဂူန။ သင် ခြင်းကျပုံခြင်းအားထုတ်ခြင်းကွဲ။ကရဏ္ဏိယာ။ပြုထုတ်၏။ ၂။ ပ္စဋ္ဌလံ။ စွာ။ ပရိပုစ္ဆာမိ။ ကွယ်ဝတ် သက်နံးကွဲ ရန်အံ။ ဟုတ်။ သို့။ သံဂူန။ ကွဲ။ ကရဏ္ဏိယာ။ ၏။ ၃။ သပုဏ္ဍရီကေနာ။ လည့်ပင်း လက်ကောကင့် တံကွဲ ကောင်းစွာ ပုံးအုပ်လျက်။ အဿဒါယေရ။ ရှာတင်င်း၍။ ဂံ- သွာမိ။ အံ။ ဟုတ်။ သို့။ သံဂူန။ ကွဲ။ ကရဏ္ဏိယာ။ ပြု ထုတ်၏။ --- ## Trang 3 ေဆင်မ ပိဋကတ် ၂၀၃ (၁) သပုင်္ဂနော အန္ဓရာရေ နိဗ္ဗိသာမိတ်, သံကူ ကရက်ယာ။ (၂) သသံတော အန္ဓရာရေ ဂံသာမိတ်, သံကူ ကရက်ယာ။ (၃) သသံတော အန္ဓရာရေ နိဗ္ဗိသာမိတ်, သံကူ ကရက်ယာ။ (၄) ဗျက္တာဗျူ အန္ဓရာရေ ဂံသာမိတ်, သံကူ ကရက်ယာ။ ၁။ သပုင်္ဂနော။ လျက်။ အန္ဓရာရေ။ ဤ။ နိဗ္ဗိသာမိ။ နေထိုင်အံ။ ထုတ်။ သံ။ သံကူ။ ကို။ ကရက်ယာ။ ၏။ ၂။ သသံတော။ တောင်:ဦ ဗောင့်စွန်း:အပ်သော လက်ခြေရှည်သည်။ (၅၀၀။ မြစ်၍) အန္ဓရာရေ။ ဤ။ ဂံသာမိ။ သား:အံ။ ထုတ်။ သံ။ သံကူ။ ကို။ ကရက်ယာ။ ၏။ ၃။ သသံတော။ သည်။ (၅၀၀။ ၍) အန္ဓရာရေ။ ဤ။ နိဗ္ဗိသာမိ။ နေထိုင်အံ။ ထုတ်။ သံ။ သံကူ။ ကို။ ကရက်ယာ။ ၏။ ၄။ ဗျက္တာဗျူ။ လေးတောင်ခန့်မျှ။ ကြည်သာအား:ဖြင့် အောက်၌ ခုအပ်သော မျက်လုံးရှိသည်။ (၅၀၀။ ၍) အန္ဓရာရေ။ ဤ။ ဂံသာမိ။ အံ။ ထုတ်။ ဤသည်။ သံကူ။ ကို။ ကရက်ယာ။ ၏။ --- ## Trang 4 ၂၀၄ ချုပ် ခုံကျုံးတော် (၁) ဗြဟ္မစိုကျူ၊ အန္ဓရာရေ နံသိသာဝမိတံ၊ သံကူဝ ကရဏိယာ။ (၉) န ဥက္ကုဋ္ဌကာယ အန္ဓရာရေ ဂမိသာဝမိတံ, သံကူဝ ကရဏိယာ။ (၁၀) န ဥက္ကုဋ္ဌကာယ အန္ဓရာရေ နံသိသာဝမိတံ, သံကူဝ ကရဏိယာ။ ပရိမ္မဏလာဝေဂူ။ ပုဒ်မော။ ၁။ ဗြဟ္မစိုကျူ။ ဘတ္တိ။ (ဟတ္ထ ရှိ။) အန္ဓရာရေ။ ညွှ။ နံသိသာဝမိ။ ရေထုင်္အံ။ တူတံ။ သိံ။ သံကူဝ။ ကူ။ ကရဏိယာ။ ဆိ။ ၉။ ဥက္ကုဋ္ဌကာယ။ ဘတ္တိနှင့်ကု ငြေမာက်ပင်္ခြင်္းပြင်္။ အန္ဓရာရေ။ ညွှ။ န ဂမိသာဝမိ။ မဘွားအံ။ တူတံ။ သိံ။ သံကူဝ။ ကူ။ ကရဏိယာ။ ဆိ။ ၁၀။ ဥက္ကုဋ္ဌကာယ။ ပြင်္။ အန္ဓရာရေ။ ညွှ။ န နံသိသာဝမိ။ မရေထုင်္အံ။ တူတံ။ ဤသိံ။ သံကူဝ။ ဘင်္ခြင်္းကျင်္ခြင်္း အဝားထုတ်ခြင်္းကူ။ ကရဏိယာ။ ပုတ်ကဆိ။ ပုဒ်မော။ ရေဦးဦးထွာသော။ ပရိမ္မဏလာဝေဂူ။ ပရိမ္မဏလာ ဝတ်တည်း။ --- ## Trang 5 ဗလံယ ပိဋ္ဌာနက် ၂၀၅ ဋီကေဋ် (၁၁) န ဋီကာယ အန္တရေဓ လံဘာဝိတံ, သံကွာ ကရဏိယ။ (၁၂) န ဋီကာယ အန္တရေဓ နိဗ္ဗိဓာဝိတံ, သံကွာ ကရဏိယ။ (၁၃) အပုဗ္ဗေဋိ အန္တရေဓ လံဘာဝိတံ, သံကွာ ကရဏိယ။ (၁၄) အပုဗ္ဗေဋိ အန္တရေဓ နိဗ္ဗိဓာဝိတံ, သံကွာ ကရဏိယ။ ၁၁။ ဋီကာယ။ ကျပ်စွာ ရယ့်ခြင်းပြု၍။ အန္တရေဓ၌။ လံဘာဝိ။ မဇ္ဈေအံ။ တြတံ။ သံ။ သံကွာ။ သင်္ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏိယ။ ပြုထိုက်၏။ ၁၂။ ဋီကာယ။ ပြု၍။ အန္တရေဓ။။ န နိဗ္ဗိဓာဝိ။ မရေထိုင်အံ။ တြတံ။ သံ။ သံကွာ။ ကို။ ကရဏိယ။ ၏။ ၁၃။ အပုဗ္ဗေဋိ။ တံဿော၁ အသံၑိသုတွ။ (၅၅၂၁။ ၌။) အန္တရေဓ။ ၌။ လံဘာဝိ။ ဇာတေအံ။ တြတံ။ သံ။သံကွာ။ ကို။ ကရဏိယ။ ၏။ ၁၄။ အပုဗ္ဗေဋိ။ သုတွ။ (၅၅၂၁။ ၌။) အန္တရေဓ။ ၌။ နိဗ္ဗိဓာဝိ။ နေထိုင်အံ။ တြတံ။ သံ။ သံကွာ။ ကို။ ကရဏိယ။ ၏။ --- [Trang PDF] 221 - 225## Trang 221 ၂၀၆ ရုပ်ပုံ ရှင်ကျင့်ဝတ် (၁၅) န ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ,သိက္ခာ ကရဏီယာ။ (၁၆) န ကာယပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိသိက္ခာ ကရဏီယာ။ (၁၇) န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ,သိက္ခာ ကရဏီယာ။ (၁၈) န ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ,သိက္ခာ ကရဏီယာ။ ၁၅။ ကာယပ္ပစာလကံ၊ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ရွာ၌။ န ဂမိဿာမိ၊ အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၁၆။ ကာယပ္ပစာလကံ၊ ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ရွာ၌။ န နိသီဒိဿာမိ၊ အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၁၇။ ဗာဟုပ္ပစာလကံ၊ လက်ရုံးကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ရွာ၌။ န ဂမိဿာမိ၊ မသွားအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၁၈။ ဗာဟုပ္ပစာလကံ၊ လက်ရုံးကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ရွာ၌။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 222 သေခိယ ပါဠိအနက် ၂၀၇ (၁၉) န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ,သိက္ခာ ကရဏီယာ။ (၂၀) န သီသပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ,သိက္ခာ ကရဏီယာ။ ဥဇ္ဇဂ္ဃိကဝဂ္ဂေါ ဒုတိယော။ ၁၉။ သီသပ္ပစာလကံ၊ ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ၌။ န ဂမိဿာမိ၊ အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၀။ သီသပ္ပစာလကံ၊ ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍။ အန္တရဃရေ၊ ၌။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ ဒုတိယော၊ ၂-ခုမြောက်သော။ ဥဇ္ဇဂ္ဃိကဝဂ္ဂေါ၊ဥဇ္ဇဂ္ဃိကဝဂ်တည်း။ အမှာ။။ဤ သေခိယပါဠိကို အနက်ပေးရာ၌ ပါတိမောက် ဘာသာဋီကာအတိုင်း သဒ္ဒါအနက်ကိုပဓာနထား၍ ပေးသည်။ “ဥဇ္ဇဂ္ဃိက=ဥဇ္ဈဂ္ဃိက” ဟု ပါဠိ၂-မျိုး ရေးကြသည်။ --- ## Trang 223 ၂၀၈ ရုပ်ပုံ ရှင်ကျင့်ဝတ် ခမ္ဘကဝဂ် (၂၁) န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၂) န ခမ္ဘကတော အန္တရဃရေ နိသီဒိဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၃) န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၄) န ဩဂုဏ္ဌိတော အန္တရဃရေ နိသီဒိဿာမီတိ, သိက္ခာ ကရဏီယာ။ ၂၁။ ခမ္ဘကတော၊ ပြုအပ်သော ခါးထောက်ခြင်းရှိသည်။ (ဟုတွာ၊ ၍။) အန္တရဃရေ၊ ၌။ န ဂမိဿာမိ၊ မသွားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ပြုထိုက်၏။ ၂၂။ ခမ္ဘကတော၊ ပြုအပ်သော ခါးထောက်ခြင်းရှိသည်။ (ဟုတွာ၊ ၍။) အန္တရဃရေ၊ ၌။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၃။ ဩဂုဏ္ဌိတော၊ ခြုံအပ်သော ဦးခေါင်းရှိသည်။ (ဟုတွာ၊ ၍။) အန္တရဃရေ၊ ၌။ န ဂမိဿာမိ၊ အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၄။ ဩဂုဏ္ဌိတော၊ ခြုံအပ်သော ဦးခေါင်းရှိသည်။ (ဟုတွာ၊ ၍။) အန္တရဃရေ၊ ၌။ န နိသီဒိဿာမိ၊ အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 224 သေခိယ ပါဌ်အနက် ၂၀၉ (၂၅) န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၆) န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၇) သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ, သိက္ခာ ကရဏီယာ။ (၂၈) ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ, သိက္ခာ ကရဏီယာ။ ၂၅။ ဥက္ကုဋိကာယ၊ အထက်၌ ခြေတစွန်းရှိသော သွားခြင်း ဖြင့်။ ဝါ၊ ဖဝါးအစွန် နင်းလျက်။ အန္တရဃရေ၊ ၌။ န ဂမိဿာမိ၊ အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၆။ ပလ္လတ္ထိကာယ၊ လက်, အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့်။ အန္တရဃရေ၊ ၌။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၇။ သက္ကစ္စံ၊ လေးစားသောအား သတိထား၍။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ပဋိဂ္ဂဟေဿာမိ၊ ခံယူအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၂၈။ ပတ္တသညီ၊ သပိတ်၌ သညာရှိသည်။ (ဟုတွာ၊ ၍။) ပိဏ္ဍပါတံ၊ ကို။ ပဋိဂ္ဂဟေဿာမိ၊ ခံယူအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၁၄-ပ-မ-သ-စ --- ## Trang 225 ၂၁၀ ရုပ်ပုံ ရှင်ကျင့်ဝတ် (၂၉) သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ,သိက္ခာ ကရဏီယာ။ (၃၀) သမတိတ္တိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ,သိက္ခာ ကရဏီယာ။ ခမ္ဘကတဝဂ္ဂေါ တတိယော။ သက္ကစ္စဝဂ် (၃၁) သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ ၂၉။ သမသူပကံ၊ ဆွမ်း၏ လေးဘို့တဘို့မျှ လက်ကော်ရ ပဲဟင်းရှိရုံသာ။ ပိဏ္ဍပါတံ၊ ကို။ ပဋိဂ္ဂဟေဿာမိ၊ အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၃၀။ သမတိတ္တိကံ၊ သပိတ်အတွင်း အနားရစ်နှင့် ညီမျှသော ခဲဖွယ် ဘောဇဉ် ရှိရုံသာ။ ပိဏ္ဍပါတံ၊ ကို။ ပဋိဂ္ဂဟေ-ဿာမိ၊ ခံယူအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ တတိယော၊ ၃-ခုမြောက်သော။ ခမ္ဘကတဝဂ္ဂေါ၊ တည်း။ သက္ကစ္စဝဂ် ၃၁။ သက္ကစ္စံ၊ လေးစားသောအား သတိထား၍။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ --- [Trang PDF] 226 - 230## Trang 226 သေခိယ ပါဠိအနက် (၃၂) ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ။ (၃၃) သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ။ (၃၄) သမစူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ, သိက္ခာကရဏီယာ။ (၃၅) န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာ-မီတိ, သိက္ခာ ကရဏီယာ။ ၃၂။ ပတ္တသညီ၊ သပိတ်၌ သညာရှိသည်။ (ဟုတွာ၊ ၍။)ပိဏ္ဍပါတံ၊ ကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ကို။ ကရဏီယာ၊ ၏။ ၃၃။ သပဒါနံ၊ အစဉ်အတိုင်း။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၃၄။ သမစူပကံ၊ ဆွမ်းနှင့် အမျှအတန်ရှိသော ဟင်းရှိရုံသာ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊စားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၃၅။ ထူပကတော၊ ဆွမ်းဦး ဆွမ်းထိပ်မှ။ ဩမဒ္ဒိတွာ၊ နှိပ်၍။ ဝါ၊ နှိုက်၍။ ပိဏ္ဍပါတံ၊ ကို။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 227 (၃၆) န သူပံ ဝါ၊ ဗျဉ္စနံ ဝါ၊ ဩဒနေန ပဋိစ္ဆာဒေဿာမိ။ ဘိယျောကမတံ ဥပါဒါယာတိ သိက္ခာကရဏီယာ။ (၃၇) န သူပံ ဝါ၊ ဩဒနံ ဝါ၊ အဂိလာနော အတ္တနောအတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿာမီတိ, သိက္ခာကရဏီယာ။ (၃၈) န ဥဋ္ဌာနသညီ၊ ဥဇ္ဈာနသညီ၊ ပရေသံ ပတ္တံ ဩလောကေဿာ-မီတိ သိက္ခာ ကရဏီယာ။ ၃၆။ သူပံ ဝါ၊ ပဲဟင်းစသည်ကိုလည်းကောင်း။ ဗျဉ္စနံ ဝါ၊ ဟင်းလျာကိုလည်းကောင်း။ ဘိယျောကမတံ၊ အများကိုအလိုရှိသူ၏အဖြစ်ကိုဥပါဒါယ၊ စွဲ၍။ ဩဒနေန၊ ဆွမ်းဖြင့်။ န ပဋိစ္ဆာဒေဿာမိ၊မဖုံးအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ ၃၇။ သူပံ ဝါ၊ ပဲဟင်းစသည်ကိုလည်းကောင်း။ ဩဒနံ ဝါ၊ ဆွမ်းကိုလည်းကောင်း။ အဂိလာနော၊ ဂိလာနမဟုတ်ဘဲ။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဝိညာပေတွာ၊ တောင်း၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ပြုထိုက်၏။ ၃၈။ ဥဇ္ဈာနသညီ၊ ကဲ့ရဲ့ခြင်း၌ သညာရှိသည်။ (ဟုတွာ၊ ၍။)ပရေသံ၊ သူတပါးတို့၏။ ပတ္တံ၊ သပိတ်ကို။ န ဩလော-ကေဿာမိ၊ မကြည့်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်းကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ --- ## Trang 228 သေခိယ ပါဠိအနက် ၂၁၃ (၃၉) န အတိမဟန္တံ ကဗဠံ ကရိဿာမီတိ, သိက္ခာ ကရ-ဏီယာ။ (၄၀) ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ, သိက္ခာကရဏီယာ။ သက္ကစ္စဝဂ္ဂေါ စတုတ္ထော။ ကဗဠဝဂ် (၄၁) န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ,သိက္ခာ ကရဏီယာ။ --- ၃၉။ အတိမဟန္တံ၊ ဒေါင်းဥအလား အလွန်ကြီးမားသော။ ကဗဠံ၊ ဆွမ်းလုတ်ကို။ န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၀။ ပရိမဏ္ဍလံ၊ ထက်ဝန်းကျင် ဝန်းဝိုင်းသော။ အာလောပံ၊ဆွမ်းလုတ်ကို။ ကရိဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရ-ဏီယာ၊ ၏။ စတုတ္ထော၊ ၄-ခုမြောက်သော။ သက္ကစ္စဝဂ္ဂေါ၊ တည်း။ --- ကဗဠဝဂ် ၄၁။ ကဗဠေ၊ ဆွမ်းလုတ်ကို။ အနာဟဋေ၊ ခံတွင်းဝသို့မဆောင်ယူအပ်သေးမီ။ မုခဒွါရံ၊ ခံတွင်းဝကို။ နဝိဝရိဿာမိ၊ မဖွင့်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 229 (၄၂) န ဘုဉ္စမာနော သဗ္ဗဟတ္ထံ မုခေ ပက္ခိပိဿာမီတိသိက္ခာ ကရဏီယာ။ (၄၃) န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာကရဏီယာ။ (၄၄) န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရ-ဏီယာ။ (၄၅) န ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ, သိက္ခာကရဏီယာ။ ၄၂။ ဘုဉ္စမာနော၊ ဆွမ်းစားစဉ်။ သဗ္ဗဟတ္ထံ၊ အလုံးစုံသောလက်ချောင်းကို။ မုခေ၊ ခံတွင်း၌။ န ပက္ခိပိဿာမိ၊မထည့်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊၏။ ၄၃။ သကဗဠေန၊ ဆွမ်းလုတ်နှင့်တကွ ဖြစ်သော။ မုခေန၊ခံတွင်းဖြင့်။ န ဗျာဟရိဿာမိ၊ စကားမပြောအံ့။ ဣတိ၊ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၄။ ပိဏ္ဍုက္ခေပကံ၊ ဆွမ်းလုတ်ကို မြှောက်၍ မြှောက်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၅။ ကဗဠာဝစ္ဆေဒကံ၊ ဆွမ်းလုတ်ကို ကိုက်ဖြတ်၍ ကိုက်ဖြတ်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 230 (၄၆) န အာဂဏ္ဍကါရကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရ-ဏီယာ။ (၄၇) န ဟတ္ထနိဓုနကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၄၈) န သိတ္ထာဝကါရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။ (၄၉) န ဇိဝှာနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၅၀) န စပုစပုကါရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။ ကဗဠဝဂ္ဂေါ ပဉ္စမော။ ၄၆။ အာဂဏ္ဍကါရကံ၊ မျောက်ကဲ့သို့ ပါးစောင်ကို မိုမောက်အောင်ပြု၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၇။ ဟတ္ထနိဓုနကံ၊ လက်ကို ခါ၍ ခါ၍။ န ဘုဉ္ဇိဿာမိ၊မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၈။ သိတ္ထာဝကါရကံ၊ ဆွမ်းလုံးများကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၄၉။ ဇိဝှာနိစ္ဆာရကံ၊ လျှာကို ထုတ်၍ ထုတ်၍။ န ဘုဉ္ဇိဿာမိ၊မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅၀။ စပုစပု ကာရကံ၊ စပု စပု အသံပြု၍။ ဝါ၊ စပ်စပ်ပြတ်ပြတ် မည်အောင်။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ ပဉ္စမော၊ ၅-ခုမြောက်သော။ ကဗဠဝဂ္ဂေါ၊ကဗဠဝဂ်တည်း။ --- [Trang PDF] 231 - 235## Trang 231 ၂၁၆ ရုပ်ပုံ ရှင်ကျင့်ဝတ် သုရု သုရုဝဂ် (၅၁) န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၅၂) န ဟတ္ထနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၅၃) န ပတ္တနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၅၄) န ဩဋ္ဌနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။ (၅၅) န သာမိသေန ဟတ္ထေန ပါနီယတ္ထာလကံ ပဋိဂ္ဂ-ဟေဿောမီတိ, သိက္ခာ ကရဏီယာ။ --------------------------------------------------- ၅၁။ သုရုသုရုကာရကံ၊ သုရုသုရု အသံပြု၍။ ဝါ၊ ရှုတ်ရှုတ်မြည်အောင်။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅၂။ ဟတ္ထနိလ္လေဟကံ၊ လက်ကို လျက်၍ လျက်၍။ နဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₃။ ပတ္တနိလ္လေဟကံ၊ သပိတ်ကို ခြစ်၍ ခြစ်၍။ န ဘုဉ္ဇိဿာမိ၊မစားအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₄။ ဩဋ္ဌနိလ္လေဟကံ၊ နှုတ်ခမ်းကို လျက်၍ လျက်၍။ နဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₅။ သာမိသေန၊ ဆွမ်း စသော အာမိသနှင့်တကွဖြစ်သော။ ဟတ္ထေန၊ လက်ဖြင့်။ ပါနီယတ္ထာလကံ၊ သောက်ရေခွက်ကို။ န ပဋိဂ္ဂဟေဿာမိ၊ မကိုင်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 232 သေခိယ ပါဠိအနက် ၂၃₇ (၅₆) န သသိတ္ထကံ ပတ္တဗေဒဝနံ အန္တရဃရေ ဆဒ္ဒေဿော-မိတိ, သိက္ခာ ကရဏီယာ။ (၅₇) န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမိတိ,သိက္ခာ ကရဏီယာ။ (၅₈) န ဒဏ္ဍပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမိတိ,သိက္ခာ ကရဏီယာ။ (၅₉) န သတ္ထပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမိတိ,သိက္ခာ ကရဏီယာ။ ၅₆။ သသိတ္ထကံ၊ ဆွမ်းလုံးနှင့်တကွဖြစ်သော။ ပတ္တဗေဒဝနံ၊သပိတ်ဆေးရေကို။ အန္တရဃရေ၊ ရွာတွင်း၌။ နဆဒ္ဒေဿောမိ၊ မစွန့်အံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₇။ ဆတ္တပါဏိဿ၊ လက်၌ထီးရှိသော။ အဂိလာနဿ၊ ဂိလာနမဟုတ်သူအား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ နဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₈။ ဒဏ္ဍပါဏိဿ၊ လက်၌ ၄-တောင်းပြည့် ဒုတ်ရှိသော။ အဂိလာနဿ၊ ဂိလာနမဟုတ်သူအား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ နဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၅₉။ သတ္ထပါဏိဿ၊ လက်၌ ဓား စသော လက်နက်ရှိသော။ အဂိလာနဿ၊ ဂိလာနမဟုတ်သူအား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ နဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 233 ၂₁၈ ရုပ်ပုံ ရှင်ကျင့်ဝတ် (၆₀) န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿော-မိတိ, သိက္ခာ ကရဏီယာ။ သုရုသုရုဝဂ္ဂေါ ဆဋ္ဌော။ ပါဒုကဝဂ် (၆₁) န ပါဒုကာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမီတိ,သိက္ခာ ကရဏီယာ။ (၆₂) န ဥပါဟနာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿော-မိတိ, သိက္ခာ ကရဏီယာ။ ၆₀။ အာဝုဓပါဏိဿ၊ လက်၌လေးရှိသော။ အဂိလာနဿ၊ဂိလာနမဟုတ်သူအား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ နဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ ဆဋ္ဌော၊ ၆-ခုမြောက်သော။ သုရုသုရုဝဂ္ဂေါ၊တည်း။ ပါဒုကဝဂ် ၆₁။ ပါဒုကာရုဠှဿ၊ ခြေနင်းစီးသော။ အဂိလာနဿ၊ ဂိလာနမဟုတ်သူအား။ ဓမ္မံ၊ ပါဠိ အဋ္ဌကထာဓမ္မကို။ နဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၆₂။ ဥပါဟနာရုဠှဿ၊ ဘိနပ်စီးသော။ အဂိလာနဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ န ဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- ## Trang 234 သေခိယ ပါဠိအနက် ၂₃₉ (၆₃) န ယာနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမီတိ,သိက္ခာ ကရဏီယာ။ (၆₄) န သယနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿောမီတိ,သိက္ခာ ကရဏီယာ။ (၆₅) န ပလ္လတ္ထိကာယ နိသိန္နဿ အဂိလာနဿ ဓမ္မံဒေသေဿောမီတိ, သိက္ခာ ကရဏီယာ။ (၆₆) န ဝေဌိတသီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿော-မီတိ, သိက္ခာ ကရဏီယာ။ ---------------------------------------------------------------------------------- ၆₃။ ယာနဂတဿ၊ ယာဉ်၌ တက်ရောက်နေသော။ အဂိလာ-နဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ န ဒေသေ-ဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၆₄။ သယနဂတဿ၊ အိပ်ရာ၌ ရောက်နေသော။ အဂိလာ-နဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ န ဒေသေဿောမိ၊မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ ၆₅။ ပလ္လတ္ထိကာယ၊ လက်၊ အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့်။ နိသိန္နဿ၊ ထိုင်နေသော။ အဂိလာနဿ၊အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ န ဒေသေဿောမိ၊မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၆₆။ ဝေဌိတသီသဿ၊ ရစ်ပတ်အပ်သော ဦးခေါင်းရှိသော။ အဂိလာနဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာ ဓမ္မကို။ --- ## Trang 235 ၂₂₀ ရုပ်ပုံ ရှင်ကျင့်ဝတ် (၆₇) န သြဂုဏ္ဌိတ သီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿော-မိတိ, သိက္ခာ ကရဏီယာ။ (၆₈) န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာ-နဿ ဓမ္မံ ဒေသေဿောမိတိ, သိက္ခာ ကရဏီယာ။ (၆₉) န နီစေ အာသနေ နိသီဒိတွာ ဥစ္ဆေ အာသနေ နိသိန္နဿအဂိလာနဿ ဓမ္မံ ဒေသေဿောမိတိ, သိက္ခာ ကရဏီယာ။ --- န ဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ သင်ခြင်းကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ ၆₇။ သြဂုဏ္ဌိတ သီသဿ၊ ခြုံအပ်သော ဦးခေါင်းရှိသော။ အဂိလာနဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာ ဓမ္မကို။ န ဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ သင်ခြင်းကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ၏။ ၆₈။ ဆမာယံ၊ မြေ၌။ နိသီဒိတွာ၊ ထိုင်၍။ အာသနေ၊နေရာ၌။ နိသိန္နဿ၊ ထိုင်နေသော။ အဂိလာနဿ၊အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာဓမ္မကို။ န ဒေသေဿောမိ၊မဟောအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၆₉။ နီစေ၊ နိမ့်သော။ အာသနေ၊ နေရာ၌။ နိသီဒိတွာ၊ ထိုင်၍။ ဥစ္ဆေ၊ မြင့်သော။ အာသနေ၊ နေရာ၌။ နိသိန္နဿ၊ ထိုင်နေသော။ အဂိလာနဿ၊ အား။ ဓမ္မံ၊ ပါဠိအဋ္ဌကထာ ဓမ္မကို။ န ဒေသေဿောမိ၊ မဟောအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ --- --- [Trang PDF] 236 - 240## Trang 221 သေခိယ ပါဠိအနက် ၂၂၁ (၇၀) န ဌိတော နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေ-သေဿောမီတိ, သိက္ခာ ကရဏီယာ။ (၇၁) န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆန္တဿ အဂိ-လာနဿ ဓမ္မံ ဒေသေဿောမီတိ, သိက္ခာ ကရ-ဏီယာ။ (၇၂) န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆန္တဿ အဂိ-လာနဿ ဓမ္မံ ဒေသေဿောမီတိ, သိက္ခာ ကရဏီယာ။ --- --- ## Trang 222 (၇၄) န ဟရိတေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ, သိက္ခာ ကရဏီယာ။ (၇၅) န ဥဒကေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ, သိက္ခာ ကရဏီယာ။ ပါဒုကဝဂ္ဂေါ သတ္တမော။ ------------------------------------------------------------------ ကိုင်း၊ န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ သို့။ သိက္ခာ၊ ကို။ ကရဏီယာ၊ ၏။ ၇၄။ အဂိလာနော၊ ဂိလာနမဟုတ်ဘဲ။ ဟရိတေ၊ စိမ်းစိုသော မြက် သစ်ပင်ပေါ်၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကို၎င်း။ ပဿာဝံ ဝါ၊ ကျင်ငယ်ကို၎င်း။ ခေဠံ ဝါ၊ တံတွေးကို၎င်း။ န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ ၇၅။ အဂိလာနော၊ ဂိလာနမဟုတ်ဘဲ။ ဥဒကေ၊ သုံးဆောင် ကောင်းသော ရေ၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကို၎င်း။ ပဿာဝံ ဝါ၊ ကျင်ငယ်ကို၎င်း။ ခေဠံ ဝါ၊ တံတွေးကို၎င်း။ န ကရိဿာမိ၊ မပြုအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုထိုက်၏။ သတ္တမော၊ ၇-ခုမြောက်သော။ ပါဒုကဝဂ္ဂေါ၊ ပါဒုကဝဂ်တည်း။ သေခိယပါဌ်အနက် ပြီး၏။ --- --- ## Trang 223 စုဒ္ဒသ ခန္ဓကဝတ် ပါဌ်အနက် စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ ခန္ဓကေ ဝုတ္တာနိ၊ ကထံ...."အာဂန္တုကဝတ္တံ အာဝါသိကဝတ္တံ ဂမိကဝတ္တံ အနု-မောဒနဝတ္တံ ဘတ္တဂ္ဂဝတ္တံ ပိဏ္ဍစာရိကဝတ္တံ အာရညိက-ဝတ္တံ သေနာသနဝတ္တံ ဇန္တာဃရဝတ္တံ ဝစ္စကုဋိဝတ္တံဥပဇ္ဈာယဝတ္တံ သဒ္ဓိဝိဟာရိကဝတ္တံ အာစရိယဝတ္တံအန္တေဝါသိကဝတ္တဉ္စာ"တိ ဣမာနိ စုဒ္ဒသ ခန္ဓက-ဝတ္တာနိ၊ ဧတာနိ စ သဗ္ဗေသံ သဗ္ဗဒါ စ ယထာဘံဝတ္တိတဗ္ဗာနိ။ စုဒ္ဒသ၊ တဆယ့်လေးပါးကုန်သော။ ခန္ဓကဝတ္တာနိ နာမ၊ခန္ဓကဝတ် မည်သည်တို့ကို။ ခန္ဓကေ၊ မဟာဝါ စူဠဝါခန္ဓက၌။ ဘဂဝါတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။ ကထံ ဝုတ္တာနိ၊ အဘယ်သို့ ဟောတော်မူအပ်ကုန်သနည်း။ အာဂန္တုကဝတ္တဉ္စ၊ အာရာမ်တွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်းထီးချပ်ခြင်း ဦးခေါင်းခြုံကိုဖွင့်ခြင်း ဦးခေါင်း၌ တင်အပ်သောသင်္ကန်းကို ပခုံးသို့ချခြင်း အာဝါသိက ရဟန်းကြီးကို ရှိခိုးခြင်းစသော အာဂန္တုက ရဟန်းသာမဏေတို့ ပြုရာသောဝတ်၎င်း။ အာဝါသိကဝတ္တဉ္စ၊ အာဂန္တုက ရဟန်းကြီးကို မြင်လျှင်ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းကို လှမ်းယူခြင်း အာဂန္တုကရဟန်းကြီးကို ရှိခိုးခြင်း ခြေဆေးရေ ခြေဆေးအင်းပျဉ်စသည်ကို အနီး၌ထားခြင်း စသော အာဝါသိက ရဟန်းသာမဏေတို့ ပြုရာသော ဝတ်၎င်း။ --- --- ## Trang 224 ဂမိကဝတ္တု၊ သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို သိမ်းခြင်း တံခါးမ လေသာတံခါးတို့ကို ပိတ်ခြင်း ပန်ကြား၍ သွားခြင်း စသော ခရီးသွားအံ့သော ရဟန်း သာမဏေတို့ ပြုရာသော ဝတ်၎င်း။ အနုမောဒနဝတ္တု၊ မထေရ်ကြီး တရားဟောခြင်း မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း ပန်လျှောက်၍ ဟောခြင်း စသော တရားဟောရာ၌ ပြုရာသော ဝတ်၎င်း။ ဘတ္တဂ္ဂဝတ္တု၊ တရားဟောခြင်း ရဟန်းတို့ကို တိုးဝှေ့၍ မနေထိုင်ခြင်း ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ခြင်း စသော ဆွမ်းစားစရပ်၌ ပြုရာသော ဝတ်၎င်း။ ပိဏ္ဍစာရိကဝတ္တု၊ သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို သိမ်းခြင်း သပိတ်ကို ရေကျင်းခြင်း ခါးပန်းကိုဖွဲ့ခြင်း သင်းပိုင် ကိုယ်ဝတ်သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း သေခိယနှင့် အညီသွားခြင်း မနှေးမလျင် ရွာတွင်းသို့ဝင်ခြင်း မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း သာမဏေတို့ ပြုရာသော ဝတ်၎င်း။ အာရညိကဝတ္တု၊ သောက်ရေ သုံးရေ တည်ထားခြင်း မီးပွတ်ခုံပွတ်ကျည် တောင်ဝှေးထားခြင်း အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း သာမဏေတို့ ပြုရာသော ဝတ်၎င်း။ သေနာသနဝတ္တု၊ ညောင်စောင်းအင်းပျဉ် အိပ်ရာနေရာ တို့ကို တံမြက်လှည်းခြင်း စသော ကျောင်း၌ ပြုရာသော ဝတ်၎င်း။ --- --- ## Trang 225 ဇန္တာဃရဝတ္တဉ္စ၊ ပြာကိုစွန့်ခြင်း, တံမြက်လှည်းခြင်းစသောချွေးငွေ့အိမ်၌ ပြုရာသော ဝတ်၎င်း။ ဝစ္စကုဋိဝတ္တဉ္စ၊ ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေး မလျင် ဝင်ခြင်း, သင်းပိုင်ကိုပင့်၍ မဝင်ခြင်း,နင်းခုံ၌ နင်းပြီးမှ သင်းပိုင်ကို ပင့်ခြင်း, ကြမ်းသော ကနုတ်စသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေ ဆေးခြင်း, နင်းခုံ၌နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ပြုရာသော ဝတ်၎င်း။ ဥပဇ္ဈာယဝတ္တဉ္စ၊ နံနက်စောစော ထ၍ ကိုယ်တော်ကို လက်ကတော့ တင်၍ မျက်နှာသစ်ရေ ဒန့်ပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ် ခွက် ဆေးခြင်း, ကျောင်း အိပ်ရာနေရာတို့ကိုသုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့ကပြုရာသော ဝတ်၎င်း။ သဒ္ဓိဝိဟာရိကဝတ္တဉ္စ၊ သင်္ဂြိုဟ် ထောက်ပံ့ ချီးမြှင့်ခြင်းစသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာသော ဝတ်၎င်း။ အာစရိယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်တော်ကို လက်ကတော့တင်၍ မျက်နှာသစ်ရေ ဒန့်ပူ ကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း,သပိတ် ခွက် ဆေးခြင်း, ကျောင်း အိပ်ရာနေရာတို့ကိုသုတ်သင်ခြင်း,နေလှန်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဆရာလေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်၎င်း။ ၁၅ — ပ-မ-သ-စ --- --- [Trang PDF] 241 - 245## Trang 226 အန္တေဝါသိကဝတ္တဥ္စ၊ သင်္ဂြိုဟ် ထောက်ပံ့ ချီးမြှင့်ခြင်း စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသော ဝတ်ရင်း။ ဣတိ၊ ဤသို့။ ဣမာနိ ခုဒ္ဒသခန္ဓကဝတ္တာနိ၊ ဤ ၁၄-ပါး ကုန်သော ခန္ဓကဝတ်တို့ကို။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။ ဧတာနိ စ၊ ဤဝတ်တို့ကိုလည်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော ရဟန်း သာမဏေတို့သည်။ သဗ္ဗဒါ စ၊ အခါခပ်သိမ်းလျှင်။ ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။ စရိတဗ္ဗာနိ၊ ကျင့်ထိုက် ကုန်၏။ ဝတ္တံ အပရိပူရေန္တော၊ သီလံ န ပရိပူရတိ။ အသုဒ္ဓသီလော ဒုပ္ပညော၊ စိတ္တေကဂ္ဂံ န ဝိန္ဒတိ။ ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာ ဓမ္မံ န ပဿတိ။ အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။ တသ္မာ ဟိ ဝတ္တံ ပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏော။ ဩဝါဒံ ဗုဒ္ဓသေဋ္ဌဿ၊ တတော နိဗ္ဗာနမေဟိတိ။ (စူဠဝါ ဝတ္တက္ခန္ဓကပါဠိ) ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။ အပရိပူရေန္တော၊ မဖြည့်ကျင့် သော ရဟန်း သာမဏေသည်။ သီလံ၊ သီလကို။ န ပရိပူရတိ၊ ဖြည့်ကျင့်သည် မမည်။ အသုဒ္ဓသီလော၊ မစင်ကြယ်သော သီလရှိသော။ ဒုပ္ပညော၊ ပညာမရှိသော ရဟန်း သာမဏေသည်။ စိတ္တေကဂ္ဂံ၊ စိတ်၏ ငြိမ်သက် တည်ကြည် ခြင်းကို။ န ဝိန္ဒတိ၊ မရနိုင်။ --- --- ## Trang 227 ဝိက္ခိတ္တစိတ္တော၊ လေခပ်သော တံခွန်ကဲ့သို့ ပျံ့လွင့်သော စိတ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍။) နေကေဂ္ဂါ၊ မတည်ကြည် သော ရဟန်း သာမဏေသည်။ သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊ မဂ် ဖိုလ် နိဗ္ဗာန်တရားကို။ န ပဿတိ၊ မမြင်ရနိုင်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အပဿမာနော၊ မမြင်ရသော ရဟန်းသာမဏေသည်။ ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။ န ပရိမုစ္စတိ၊ မလွတ်မြောက်နိုင်။ တသ္မာဟိ(တသ္မာဧဝ)၊ ထို့ကြောင့်သာလျှင်။ ဝိစက္ခဏော၊ အမြော်အမြင် ပညာမျက်စိရှိသော။ ဇိနပုတ္တော၊ ဘုရားသားတော်သည်။ ဗုဒ္ဓသေဋ္ဌဿ၊ ချီးမွမ်းအပ်သော။ သုတ္တိထက် အထူးသဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏။ သြဝါဒံ၊ အဆုံးအမတော် ဖြစ်သော။ ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။ ပူရေယျ၊ ဖြည့်ကျင့်ရာ၏။ တတော၊ ထိုသို့ဖြည့်ကျင့်ခြင်းကြောင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဟေတိ၊ ရောက်ရလိမ့်သတည်း။ [အနည်းငယ် ပြင်ထားသော ရှမ်းကလေးကျွန်းဆရာတော် ဘုရား အနက်။] မှတ်ချက်။ ။ယခုခေတ်၌ ဤကျင့်ဝတ်များကို ဖြည့်ကျင့်သူ နည်းပါးရုံ မက, ဥပဇ္ဈာယ အာစရိယနှင့် တပည့်တို့အတွက်ကား စသည့်တည်းကပင် "ပြုသင့် ပြုထိုက်သော ဝတ်ကြီး ဝတ်ငယ်များကို ခွင့်ပြုတော်မူပါ။ တပည့်တော်ကလည်း ခွင့်ပြုပါ၏"ဟု ပဲဆိုလိုက်သလိုဆိုလိုက်သလို ပြုလုပ်ထားကြသည်မှာ စဉ်းစားစရာ ကောင်းလှပေ၏။ မဟာဝါအဋ္ဌကထာ၌ကား ဆရာ၌ ဝတ်ပြုမည့်သူ ရှိ၍ "သင်တို့ ဝတ်ပြုဘွယ် မလို၊ --- --- ## Trang 228 ရုပ်ပုံ ရှင်ကျင့်ဝတ် ၂၂၈ ပရိယတ် ပဋိပတ်ကိုသာ အားထုတ်ကြ"ဟု ဆရာက ခွင့်လွှတ်ထားလျှင်သာ အာပတ်မသင့်ဟု ဆိုသည်။ စုဒ္ဒသ ခန္ဓကဝတ် ပါဠ်အနက် ပြီး၏။ -------------------------------------------- ဓုတင် တဆယ့်သုံးပါး ပါဠ်အနက် ဓုတင်။ ။ကိလေသေ ဓုနောတီတိ ဓုတော=ကိလေသာတို့ကို ခါတွက်ဖျက်ဆီးတတ်သော ယောဂီပုဂ္ဂိုလ်သည် "ဓုတ"မည်၏၊ ဓုတဿ+အင်္ဂံ=ဓုတင် =ကိလေသာကို ခါတွက်ဖျက်ဆီးဘို့ရာ အကြောင်းအင်္ဂါဖြစ်သော ကုသိုလ်စေတနာသည် ဓုတင်မည်၏။ မှန်၏-တိစီဝရိုက်ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည် သင်္ကန်း ၃-ထည်မှ တပါး အပို မထားတော့သဖြင့် အပိုသင်္ကန်းကို လိုလားသော လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်တော့၏၊ ဧကာသနိက် ဓုတင်ဆောင်သော ပုဂ္ဂိုလ်သည် တထပ်တည်းသာ စားတော့သဖြင့် အထပ်ထပ် စားလိုသော လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်တော့၏။ ဤသို့ ကိလေသာကို ခါတွက် ဖျက်ဆီး၍ အပ္ပိစ္ဆတာ(ပစ္စည်း၄-ပါးကို အပိုအမို မလိုလားသော)ဂုဏ်, သန္တုဋ္ဌိတာ(ရသမျှနှင့် မျှတ ရောင့်ရဲနိုင်သော)ဂုဏ်, သလ္လေခ(ပစ္စည်း၄-ပါး၌ တဏှာလောဘ နည်းပါးအောင် ခြစ်ပစ်ကြောင်း)ဂုဏ်, ဤသို့စသော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံစွာ ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်ကြောင်း ကောင်းသော ဓုတင် --- --- ## Trang 229 ဓုတင်တဆယ့်သုံးပါး ပါဠ်အနက် ၂၂၉ ပဋိပတ် အကျင့်မြတ်သည် ၁၃-ပါး ရှိ၏၊ ထို ဓုတင် ၁၃-ပါးကို ယခု ပြပါဦးမည်။ ၁-ပံသုကူ ဓုတင် ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ပံသုကူလိကင်္ဂံ သမာဒိယာမိ။ ဂဟပတိဒါနစီဝရံ၊ အိမ်ရှင်ဒါယကာတို့ လှူဒါန်းအပ်သော သင်္ကန်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ပံသုကူလိကင်္ဂံ၊ မြေပုံမှာ လွှား မြေမှုန့်အားနှယ် စက်ဆုပ်ဖွယ်သို့ရောက်သော သင်္ကန်းကို ဆောင်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ကောင်းစွာ ယူပါ၏။ ဝါ၊ ဆောက်တည်ပါ၏။ ၂-တေစီဝရိတ် ဓုတင် စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊တေစီဝရိကင်္ဂံ သမာဒိယာမိ။ စတုတ္ထကစီဝရံ၊ ဝတ်လောက် ရုံလောက် ၄-ထည်မြောက် သင်္ကန်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ တေစီဝရိကင်္ဂံ၊ ၃-ထည်သောသင်္ကန်းကိုသာ ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏အကြောင်း အင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၃-ပိဏ္ဍပါတ် ဓုတင် အတိရေကလာဘံ ပဋိက္ခိပါမိ၊ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။ --- ၂၃ဝ ရုပ်ပုံ ရှင်ကျင့်ဝတ် အတိရေကလာဘံ၊ ပိဏ္ဍိယာလောပ ဘောဇနမှ အပို အလွန်ဖြစ်သော လာဘ်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ပတ္တပိဏ္ဍိကင်္ဂံ ၊ အပေါင်းအဖော်၏ သပိတ်၌ ကျခြင်းကို ရှာလေ့ရှိ သော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ ဝါ၊ ဆွမ်းအလို့ငှါ သွားလာ လှည့်လည်ခြင်း အကျင့်ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ [စိတ်၌ စွဲမြဲစွာယူထားသော စေတနာကို "သမာဒါနစေတနာ"ဟု ဆိုသည်။] ၄-သပဒါန ဓုတင် လောလုပ္ပစာရံ ပဋိက္ခိပါမိ၊သပဒါနစာရိကင်္ဂံ သမာဒိယာမိ။ လောလုပ္ပစာရံ၊ အိမ်စဉ်ဖြတ်ကျော် လျှပ်ပေါ်သော သွားခြင်းကို။ ပဋိက္ခိပါမိ၊ပယ်ပါ၏။ သပဒါနစာရိကင်္ဂံ ၊ မလျှပ် မပေါ် မဖြတ်ကျော်ဘဲ အိမ်စဉ် ဆွမ်းရပ်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၅-ဧကောသနိက် ဓုတင် နာနာသနဘောဇနံ ပဋိက္ခိပါမိ၊ဧကောသနိကင်္ဂံ သမာဒိယာမိ။ နာနာသနဘောဇနံ၊ ယာပိုထ်မတည် လှည့်လည် ပြောင်းကူး အထူးထူးသောနေရာ၌စားခြင်းကို။ ပဋိက္ခိပါမိ၊ပယ်ပါ၏။ ဧကောသနိကင်္ဂံ ၊မိဋ္ဌာန်ဆောက်စိုက် ယာပိုထ်မလည်း တနေရာ --- --- [Trang PDF] 246 - 250## Trang 1 တည်း၌ စားခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ကောင်းစွာ ယူပါ၏။ ဝါ၊ ဆောက်တည်ပါ၏။ ၆-ပတ္တပိဏ္ဍိက ဓုတင် ဒုတိယကဘာဇနံ ပဋိက္ခိပါမိ၊ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။ ဒုတိယကဘာဇနံ၊ ၂-ခုမြောက်သော ခွက်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ပတ္တပိဏ္ဍိကင်္ဂံ၊ တခွက်တည်း၌သာ ဆွမ်းကို ယူခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၇-ခလုပစ္ဆာဘတ္တိက ဓုတင် အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ၊ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။ အတိရိတ္တဘောဇနံ၊ ဂိလာနပုဂ္ဂိုလ် ဝိနည်းဓိုရ်တို့၏ ပိုလွန်ကြွင်းကျန်သော ဘောဇဉ်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ခလုပစ္ဆာ ဘတ္တိကင်္ဂံ၊ ပယ်မြစ်ရာကာလ၏ နောက်မှ ရအပ်သော ဆွမ်းကို စားလေ့မရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ ဝါ၊ ခလုငှက်ပမာ နောက်၌ အစာမရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၂၃၂ ရုပ်ပုံ ရှင်ကျင့်ဝတ် ၈-အာရညိကင် ဓုတင်ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊အာရညိကင်္ဂံ သမာဒိယာမိ။ ဂါမန္တသေနာသနံ၊ ရွာနီးကျောင်းကို။ ပဋိက္ခိပါမိ၊ ၏။ အာရညိကင်္ဂံ၊ တော၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၉-ရုက္ခမူလ ဓုတင်ဆန္နံ ပဋိက္ခိပါမိ၊ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။ ဆန္နံ၊ အုတ်ကျောက်သစ်ရွက် မြက် အင်္ဂတေ ငါးထွေသော အမိုးကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ရုက္ခမူလိကင်္ဂံ၊ သစ်ပင်ရင်း၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၁၀-အဗ္ဘောကာသိက ဓုတင်ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ၊အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။ ဆန္နဉ္စ၊ အုတ်ကျောက်သစ်ရွက် မြက်အင်္ဂတေ ငါးထွေသော အမိုးကို၎င်း။ ရုက္ခမူလဉ္စ၊ သစ်ပင်၏ အနီး အောက်ကို၎င်း။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ အဗ္ဘောကာသိကင်္ဂံ၊ လွင်တီးခေါင် ဟင်းလင်းအပြင်၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ဓုတင်တစ်ဆယ့်သုံးပါး ပါဌ်အနက် ၂၃၃ ၁၁-သုသာန ဓုတင် န သုသာနံ ပဋိက္ခိပါမိ၊သုသာနိကင်္ဂံ သမာဒိယာမိ။ န သုသာနံ၊ သင်းချိုင်းမဟုတ်သော အရပ်ကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ သုသာနိကင်္ဂံ၊ သင်းချိုင်း၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၁၂-ယထာသန္ထတိ ဓုတင် သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ၊ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။ သေနာသန လောလုပ္ပံ၊ ထစေတုံရှောင်း ကောင်း၊ မကောင်းစုံစမ်း မေးမြန်းကြည့်ရှုခြင်းဟူသော ကျောင်း၌ လျှပ်ပေါ်လော်လည်ခြင်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ ယထာသန္ထတိကင်္ဂံ၊ ခင်းထားတိုင်းသော နေရာအလား ရွေ့ဖျားညွှန်ပြ ချထားတိုင်းသောကျောင်း၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ သမာဒိယာမိ၊ ၏။ ဝါ၊ ၏။ ၁၃-နိသဇ္ဇ ဓုတင် သေယျံ ပဋိက္ခိပါမိ၊နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။ သေယျံ၊ လျောင်းလဲခြင်းကို။ ပဋိက္ခိပါမိ၊ ပယ်ပါ၏။ နေသဇ္ဇိကင်္ဂံ၊ ထိုင်၍နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ သမာဒိယာမိ၊ ကောင်းစွာ ယူပါ၏။ ဝါ၊ ဆောက်တည်ပါ၏။ တိုက်တွန်းချက် ၁။ ပြခဲ့သော ရှင်ကျင့်ဝတ်သီလများကို ထိန်းသိမ်းထားခြင်းသည် စစ်ဗိုလ်ချုပ်ကြီးတဦး၏ ကောင်းစွာရေချိုးခြင်းနှင့် တူ၏။ တိစီဝရိက်သင်္ကန်းကို ဆင်မြန်းထားခြင်းသည် ဗိုလ်ချုပ်ကြီး၏ စစ်ဝတ်တန်ဆာဖြစ်သော ချပ်မိန့်ညိုကို ဆင်ထားခြင်းနှင့် တူ၏။ တိစီဝရိက်ဓုတင်မှ ကြွင်းသော ဓုတင် တဆယ့်နှစ်ပါးကို ဆောင်ထားခြင်းကား တကိုယ်လုံး ဆင်ထိုက်ရာကို တန်ဆာဆင်ထားခြင်းနှင့် တူလေသည်။ ၂။ ထိုသို့ သီလစင်ကြယ်စွာဖြင့် တိစီဝရိက် ဓုတင်ကို အခြေခံ၍ ကျန်ဓုတင် တဆယ့်နှစ်ပါး ဆောင်ထားပြီးသော သူတော်စင်၏ ဝိပဿနာကမ္မဋ္ဌာန်းကို စတင်စီးဖြန်းခြင်းသည် စစ်ဝတ်တန်ဆာ ဆင်ထားသော ဗိုလ်ချုပ်၏ မည်သည့်ရန်သူကိုမျှ ပမာဏမထားသော အသွင်ဖြင့် သန်လျက်စသော လက်နက်ကို စွဲကိုင်ထားသည်နှင့် တူ၏။ ၃။ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်း၍ နောက်မဆုတ်တမ်း တိုးတက်နေသော သူတော်စင်ကား ဗိုလ်ချုပ်၏ ရန်သူတို့ကို ချေမှုန်းနေသည်နှင့် တူ၏။ ဝိပဿနာဆက်၍ မဂ်ဖိုလ်တက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရသည့်အခါမှမူ ဗိုလ်ချုပ်၏ အောင်တပ်ခင်း၍ ဓုတင်တစ်ဆယ့်သုံးပါး ပါဌ်အနက် ၂၃၅ အောင်ပွဲကျင်းပခြင်းနှင့် တူလေရကား မည်သည့်သူတော်စင်မဆို ဤလမ်းစဉ်ဖြင့် တက်၍ ထိုမဂ်၊ထိုဖိုလ်ကို ကိုယ်တိုင်ရအောင် ကြိုးစားနိုင်ကြပါစေသတည်း။ သန္တော သီလသုန္ဒာတော စ၊ သုသန္နဒ္ဓေါ တိစီဝရော။ ဘူသိတော သေသဓုတေဟိ၊ တိက္ခဝိပဿနာဝုဓော။ ဂစ္ဆတေ သော အမတံ ပါရံ၊ ဆေတွာ မာရံ သဝါဟနံ။ (သဝါဟိနံ- ဟုလည်း ပြင်ကြ၏။) သန္တော၊ ရိုးသားဖြောင့်မတ် စိတ်ဓာတ်ကြည်လင် အစဉ်မြေ ငြိမ်သက်သူလည်း ဖြစ်ထသော။ သီလသုန္ဒာတော စ၊စတုပါရိ သုဒ္ဓိ ၄-ဖြာ သိက္ခာရေမိုးကို ချိုးပြီးလည်း ဖြစ်ပေထသော။ သုသန္နဒ္ဓတိစီဝရော၊ တိစီဝရိုက် သင်္ကန်းတည်းဟူသော ချပ်ပန်းမိန့်ညိုကို စိုစိုပြေပြေ ဝတ်ဆင်ပြီးလည်းဖြစ်ပေထသော။ သေသဓုတေဟိ၊ ကြွင်းကျန်အများ ဓုတင်တဆယ့်နှစ်ပါးတို့ဖြင့်။ ဘူသိတော၊ ကိုယ်လုံးမလပ် ရစ်ပတ်ပြုပြင် တန်ဆာဆင်အပ်ပြီးလည်း ဖြစ်ပေထသော။ သောကုလပုတ္တော၊ ထိုအမျိုးကောင်းသား ယောက်ျားကောင်းပီဇာနည်မုဒ္ဒု သာကီညွန့်သည်။ တိက္ခဝိပဿနာဝုဓော၊ ထက်မြက်လျှင်မြန် အမြင်သန်သည့် ဝိပဿနာဉာဏ်စက် သန်လျက်ကို အချက်ကျစွဲကိုင်တော်မူပြီးလျှင်။ သဝါဟနံ၊ နောက်လိုက်နောက်ပါ ဝဲယာထောင်သောင်း စစ်သည်အပေါင်းနှင့် တကွဖြစ်သော။ မာရံ၊ တထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန်ကို။ ဆေတွာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သတ်ညှဉ်း --- [Trang PDF] 251 - 255## Trang 236 အောင်တပ်ခင်းပြီး၍။ အမတံ ပါရံ၊ နဂိုရ်အနေ စိုပြေပြေနှင့် အိုသေ မရှိ သန္တိသုခ ကမ္ဘာ့အမြုတေ အဋ္ဌဘေဒနန်း ဟိုဘက်ကမ်းသို့။ ဂစ္ဆတေ၊ တဖန်မဆန်း မပြန်တမ်းဖြင့် စံမြန်းစိုးစံ လေတော့သတည်း။ စုတင်တဆယ့်သုံးပါး ပါဠိအနက် ပြီး၏။ --- ## Trang 237 ကျမ်းပြီးနိဂုံး ပဋိသန္ဓေအသစ်။ ။ဆရာ့ထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘဝအသစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့် တူ၏။ လူ့ဘဝ၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာအမျိုး၏ ရိုးရာလိုက်၍ စားသောက်နေထိုင် ကျင့်ကြံလေ့ရှိသကဲ့သို့ ဆရာကောင်းထံ အပ်နှံမိလျှင် ဆရာကောင်း၏ အတုလိုက်၍ ဆရာမကောင်းထံ အပ်နှံမိလျှင်လည်း ထိုဆရာမကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်။ ထို့ကြောင့် ကျေနပ်စွာ သင်ပြမပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေနေမိခြင်းနှင့် တူ၏။ ကျေနပ်စွာ သင်ပြပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းကား အမျိုးကောင်း မိဘကောင်းထံမှာ ပဋိသန္ဓေနေမိခြင်းနှင့် တူသည်။ အဋ္ဌကထာ။ ။ပဗ္ဗဇ္ဇာ ဟိ နာမေသာ ပဋိသန္ဓိဂ္ဂဟဏသ- ဒိဿာ။ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓိံ ဂဏှန္တိ၊ တေသံယေဝ ကုလာနံ အာစာရံ သိက္ခန္တိ၊ ဧဝံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇ္ဇန္တိ၊ တေသံယေဝ အာစာရံ ဂဏှန္တိ။ [ သဒ္ဓါယတနသံယုတ်၊ အာသီဝိသဝဂ္ဂ၊ စတုတ္ထသုတ်။] ကျနပ်စွာ သင်ပြပေးပါ။ ။ထို့ကြောင့် ဤရှင်ကျင့်ဝတ်၌ ပြခဲ့သည့်အတိုင်း ကျနပ်စွာ သင်ပြ၍ သင်ပြသည့်အတိုင်းလည်း လိုက်နာသော ရဟန်း သာမဏေများသာ "ဆရာကောင်း တပည့်၊ တပည့်ကောင်း ဆရာ"ဟု --- ## Trang 238 ဆိုထိုက်ပါသည်။ ထိုသို့ သင်ပြလိုက်နာကြမှုလည်း မယ်တော်ခမည်းတော်များနှင့် ရှင်ရဟန်းဒါယကာ ဒါယိကာမတို့မှာ သာသနာပြုရကျိုး နပ်ပါလိမ့်မည်။ သင်မပေးလျှင် အပြစ်။ ။ထိုသို့မသင်ပြ မလိုက်နာကြလျှင် "ကား သံကိုသံဖျက် သံချေးတက်" သို့ သာသနာတော်ကို သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနှင့် မိဘဒကာ ဒကာမများသည်ပင် ဖျက်ဆီးနေကြရာ ရောက်ပါလိမ့်မည်။ ထို့ကြောင့် သာသနာတော်၏ အရေးကို ကလေးကစားသလို မလုပ်ကြဘဲ မလုပ်နိုင်လျှင် ဘာသီဘာသာ နေ၊ လုပ်လိုလျှင်ကား လေးလေးစားစား ပြုလုပ်ကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ နိဂုံးချုပ်ချိန်။ ။ဤရုပ်ပုံရှင်ကျင့်ဝတ်၏ ကျမ်းပြီးနိဂုံးကို ကမ္ဘတ်ဖုံးချိန်ကား (သာသနာနှစ် ၂၄၉၇၊ တပို့တွဲလဆန်း ဂ-ရက်) ဆဋ္ဌသင်္ဂါယနာတင် စီစဉ်ရေးအတွက် ဩဝါဒါစရိယနှင့် ဝန်ဆောင်ဆရာတော်များ မီးရထားဖြင့် မန္တလေးမှ ရန်ကုန်သို့ ကြွသွားနေချိန် ဖြစ်၏။ ရထားလမ်းတလျှောက်၌ မြို့နယ်ဆိုင်ရာ အရာရှိကြီးများနှင့် နယ်သူနယ်သား လူအများတို့ အားရဝမ်းသာ ဆီးကြိုဖူးမြော်၍ ပေးလှူပူဇော်ကြသည်မှာ သာသနာရေးအတွက် အားတက်စရာကြီး ဖြစ်ပေသည်။ စဉ်းစားမိခြင်း။ ။သို့သော် ယနေ့အတွက် စားသောက်ချင်စဘွယ် အသွယ်သွယ် ရှိနေစေကာမူ နက်ဖန်သဘက် အရေး မြော်တွေး၍ စိတ်မအေးရသေးလျှင် ပျော်ရွှင် မြိန်ရှက်စွာ မစားသောက်နိုင်သော မိဘကဲ့သို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အစိုးရပိုင်းက ကိုင်းရှိုင်းလေးစားချိန်မှာ တခမ်းတနား ခရီးသွား၍ အများဖူးမျှော် အပူဇော်ခံရသော်လည်း တကွက်ကျော် ၂-ကွက်ကျော် မြော်၍ မြော်၍ ကြည့်သောအခါ သာသနာတော်နှင့် စပ်လျဉ်း မြန်ရှက်ဘွယ်ရာကို မမြင်ရသဖြင့် လက်ရှိအပူဇော်ခံရသည်ကိုလည်း ဟန်လှပြီဟု မမှတ်ထင်နိုင်သေးပါ။ တင်ပြစရာအဖြာဖြာ။ ။ဤနေရာဝယ် ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ပြည်တွင်းမငြိမ်မသက်ဖြစ်နေမှုများကို အရေးကြီးသော်လည်း "မိုးပြိုအများနှင့်" ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ။ သာသနာတော်သက်သက်နှင့်ဆိုင်သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြလိုပါသည်။ ၁။ များစွာသော ကျေးရွာနယ်ပယ်တို့၌ သီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးများ၏ သြဇာအာဏာသည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘဲ အင်္ဂလိပ်အုပ်စိုးခိုက်ဖြစ်သော အနှစ် ၄၀ ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်အဝါ မရှိ၊ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊ ဤအချက်၌ "ရှေးလက်ထက်က သြဇာရှိ၍ ယခု ဘာ့ကြောင့် မရှိရသလဲ"ဟု နက်နက်နဲနဲ စဉ်းစားရ ပေမည်။ (က) ရှေးက ကျောင်းထိုင် ဘုန်းတော်ကြီးများသည် အနေအထိုင်အားဖြင့် ရပ်သူရွာသား လူအများတို့ လေးစားကျေနပ်လောက်အောင် ဣန္ဒြေသိက္ခာကို ဆောင်တော်မူနိုင်ကြပေသည်။ ယခုသော်ကား အများအားဖြင့် ထိုသို့ လေးစားကျေနပ်လောက်ပါသေး၏လော။ --- ## Trang 239 ( ခ ) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူရွာသား ကလေးများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမ၍ အတတ်ပညာကိုလည်း ( လုံးလုံး အမဲ့ တကဲ့မေတ္တာ စေတနာဖြင့် ) သင်ပေးတော်မူခဲ့ကြ၏။ ယခုအခါ၌ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူမည့် ကလေးများပင် ရှားပါးနေတော့သည်။ ( ဂ ) ဘုန်းတော်ကြီးကျောင်း၌ စာသင်ယူမည့် ကလေးများ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းကြီးများက သင်မပေးလိုကြ၍ မဟုတ်၊ "ဘုန်းတော်ကြီးကျောင်းမှ ထွက်လာသော ကလေးများသည် များသောအားဖြင့် အောက်နောက်ကျရှိကြ၏"ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက်မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန်တူလေသည်။ ( ဝမ်းနည်းဘွယ် ကောင်းလေစွဒု။ ) ၂။ တဖန်... မြို့ကြီး မြို့ငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီးများ၏ သြဝါဒအာဏာကို စဉ်းစားကြည့်စို့၊ အနည်းငယ်သော ဆရာတော်မှ တပါး အများအပြား ဘုန်းတော်ကြီးတို့မှာ သြဝါဒအာဏာများကို မဆိုထားဘဲ၊ လူကြီးလူကောင်းဆိုသူများ၏ လေးစားရိုသေခြင်းကိုမျှ ခံရဘို့ ခဲယဉ်းလေတော့သည်။ ထိုသို့ ဖြစ်ရာ၌ အကြောင်းကား အသို့ပါနည်း — --- --- [Trang PDF] 256 - 260## Trang ၂၄၁ ကျမ်းပြီး နိဂုံး ၂၄၁ ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်သည်များနှင့် အစိုးရ အမှုထမ်းတို့သည် များသောအားဖြင့် ဘုန်းကြီးကျောင်းထွက်များ မဟုတ်ကြ၊ တချို့ကမူ ဘာသာခြား စာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။ ထို ဘာသာခြား စာသင်ကျောင်းထွက် များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာ တရားဓမ္မ လုပ်ငန်းကိစ္စ ဟူသမျှနှင့် မျက်နှာ စိမ်းခဲ့ကြခြင်း၊ သတ်ဆရာကြီးများ၏ မေတ္တာကရုဏာကို ခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဘို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်။ ကြုံကြိုက်သော သာမန် ဘုန်းကြီးများကိုသာ ကိုးကွယ် ဆည်းကပ်ကြရသည့် အတွက်လည်း ဗုဒ္ဓဘာသာအပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြတော့ချေ။ ယခု လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ကား ထို ဘာသာခြားစာကို သာ၍ပင် အားကျ ပါးကျ သင်ယူ နေကြ သေး၏။ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထားများလေ ဖြစ်၏။ လက်ရှိ အခြေအနေကို စဉ်းစားရလျှင်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထို ဘာသာခြား ပညာတတ်တွေသာ ဖြစ်ဖွယ်ရှိနေပေသည်။ [သို့ဖြစ်၍ ဘာသာခြားစာပေကို သင်သည့် ၁၆-ပ-ဗ-သ-၁ [Trang ၂၄၂] ၂၄၂ ရုပ်ပုံ ရှင်ကျင့်ဝတ် အတွက် အပြစ်မဆိုသာ၊ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးသီး ရှာဖွေရပေမည်။] ၃။ တဖန် .... မိမိတို့ဘက်သို့ လှည့်၍ကြည့်ပြန်သော်.... အထိုက် အလျောက် အကြည်ညိုခံရသော ဆရာတော်ကြီးများလည်း သက်ရွယ်တော် ရင့်ညောင်း၍ ဘဝပြောင်းဘို့ အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့မည်၊ ဤအတိုင်း သွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသနာ့အရေး စိတ်လေးစရာ ဖြစ်နေပါတော့သည်။ ၄။ တဆင့် စဉ်းစားဘွယ်ရှိသေး၏၊ ဤသာသနာတော် အရှိန် မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာတော်၏ ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သာ ခံကြကိုပင် ဖြစ်ပါပေသည်။ သို့သော် လက်တွေ့အားဖြင့် ထိုသို့ ဟုတ်နိုင်မည်မထင်ပါ။ အနော်ရထာမင်းစော လက်ထက်မှစ၍ အရာရာ ယဉ်ကျေးမှု တိုးတက်ခြင်းသည် သာသနာတော်ကြောင့် ဖြစ်ရကား သာသနာတော် မှေးမှိန်လျှင် တိုင်းပြည်လည်း ကိုယ်ကျင့်ဓမ္မရ် သေးသိမ်ဘို့လမ်းကသာ များနေပါသည်၊ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည်အရေးကို သွေးခွဲသင့်ပါဦးမည်လော။ ၅။ "သာသနာတော်၏ အရှိန်အဝါ ဩဇာအာဏာ ဆုတ်ယုတ်ခြင်းသည် နိုင်ငံတော် ဆုတ်ယုတ်ကြောင်းပင် [Trang ၂၄၃] ကျမ်းပြီး နိဂုံး ၂၄၃ ဖြစ်ပါသည်" ဟူသော ဝါဒကို လက်ခံနိုင်ပါမူ သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းများကို ဖယ်ရှားဘို့ရာ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစံနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားသင့်ပါသည်။ ဝိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပဝိဇ္ဇာ ဟူသမျှကိုလည်း ရဟန်းတော်များ ကိုယ်တိုင် ငွေကြေး အထောက်အပံ့ မယူဘဲ ရှေးမူအတိုင်း သင်ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့်ပါသည်။ [ဤ ကိစ္စ၌ကား နည်း အမျိုးမျိုးရှိသောကြောင့် ဤနေရာ၌ အသေးစိတ် မပြုလိုတော့ပါ။] ၆။ ထို အတိုင်း ကြိုးစားသောအားဖြင့် (ယောင်္ကျားကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်းကလေးများကို သီလရှင် ဆရာများက သင်ပြပေးနိုင်ကြပါမူ) ဤမြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း၊ သာသနာ့အရှိန်အဝါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့အံ့နည်း။ ၇။ ဤသို့ နိုင်ငံနှင့်သာသနာတော် တိုးတက်ရာတိုးတက်ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာ တည်တံ့ ခိုင်မြဲရေးလည်း အပါအဝင် ဖြစ်သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမဏေ ကိုရင်ဖြစ်သည်မှစ၍ ကျင့်ကြရမည့် သိက္ခာစုကို "ရှင်ကျင့်ဝတ်" ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြတော်မူခဲ့ကြပေသည်။ [Trang ၂၄၄] ၂၄၄ ရုပ်ပုံ ရှင်ကျင့်ဝတ် ၈။ ထို့ကြောင့် ထိုရှင်ကျင့်ဝတ် မူရင်းကိုပင် သိသင့်သိဘွယ် အသွယ်သွယ် တန်ဆာဆင်၍ စီစဉ်အပ်သော ဤ "ရုပ်ပုံ ရှင်ကျင့်ဝတ်" သည် သာသနာတော်နှင့်အမျိုး ပွားတိုးဘို့ ကြိုးစားရာဝယ် တကယ်ပင် ရှေးဖျားက မားမားမတ်မတ် တန့်ရပ်တည်နေနိုင်ပါစေသတည်း။ [Trang ၅] နိဂုံးချုပ် လင်္ကာ ကျမ်းပြီးမှတ်ထုံး ကဗျတ်ပုံး၍ နိဂုံးအခန်း ပြည်လုံးဖျန်းလျက် ခွဲခြမ်းလွှတ်ဘွေ စဉ်းစားစေအံ့၊ ဒွိမ္မေဌာနီ ရှေးခါဆရာဝယ် မထေရ်အပေါင်း စံရာကျောင်းမှ ငြိမ်းငြောင်းသာယာ မိန့်အာဏာကို ရပ်ရွာလူများ လွန်လေးစားခဲ့၊ ခုကားမေးနှယ် မဟုတ်ကွယ်၍ မျှပယ်ပွားစီး သားသမီးတို့ ဘုန်းကြီးကျောင်းတွင် စာမသင်တော့။ ထို့ပြင်မြို့နေ ကလေးတွေကား ဒွိမ္မေဘာသာ ဒွိမ္မေစာကို သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏၊ ယခုလိုသာ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဘုရား တိုင်းရင်းသားတို့ ဘုရားကိုစွန့် တရားစွန့်၍ စွန့်ခြင်းစွာ မြတ်သံဃာတည်း၊ ထိုခါလူများ ကိုယ်ကျင့်အားဖြင့် တရားမပါ အမှားစာကြောင့် များစွာခုထက် တိုး၍ ပျက်လိမ့်။ သို့တွက်များပြား ဘုန်းဘုရားတို့ တရားကိုယ်ကျင့် လုံအောင်ကျင့်၍ မလင့်စေရ ကိုယ့်ဒေသ၌ သိပ္ပံဝိဇ္ဇာ ပြသင့်ရာကို ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင်ဟောပြ သြဝါဒကို စိတ်ကကြည်ဖြူ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်၊ အကောင်းမကောင်း အကြောင်းကြောင်းကို သော့ပြောင်ကုန်စင် အစုံမြင်၍ ထေရ်ရှင်ရွှေသွား ဘုန်းအများ၏ တရားစည်နှင့် အဆင်သင့်သား ရှင်ကျင့်ဝတ်ခေါ် ရှေး --- [Trang PDF] 261 - 264## Trang 1 ဤသည်မှာ ပုံရိပ် ၄ ခုမှ ထုတ်နုတ်ထားသော မြန်မာစာသားများဖြစ်သည်။ ** အဂ္ဂမဟာပဏ္ဍိတ အရှင် ဇနကာဘိဝံသ-ဆရာတော် ရေးသားပြုစုအပ်သော ကျမ်းစာအုပ်များ ၁။ ရတနာ့ဂုဏ်ရည် ၂။ အခြေပြုသင်္ဂြိုဟ် ၃။ အခြေပြုသဒ္ဒါ ၄။ သင်္ဂြိုဟ်ဘာသာဋီကာ ၅။ ဝိထိနှင့် ၃-ချက်စုဘာသာဋီကာ ၆။ ကိုယ်ကျင့်အဘိဓမ္မာ ၇။ ပါတိမောက်ဘာသာဋီကာ ၈။ ရူပသိဒ္ဓိဘာသာဋီကာ (ပ-ဒု) ၉။ ကစ္စာည်းဘာသာဋီကာ (ပ-ဒု) ၁၀။ အနာဂတ်သာသနာရေး ၁၁။ ရုပ်ပုံ ရှင်ကျင့်ဝတ် ၁၂။ အခြေပြု မင်္ဂလသုတ် ၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန် ၁၄။ သာမညဖလသုတ် မြန်မာပြန် ၁၅။ ဗုဒ္ဓဝင် အမေးအဖြေ ၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ *** ** ကျမ်းစာအုပ်များ ၂၄၇ ၁၇။ ကင်္ခါဘာသာဋီကာ (ပ-ဒု) ၁၈။ အလင်္ကာရဘာသာဋီကာ ၁၉။ ဘုရားဥပဒေတော်ကြီး ၂၀။ ဘာသာသွေး ၂၁။ ပါရာဇိကဏ်ဘာသာဋီကာ ၂၂။ သုဒ္ဓတ္တေဘဝိန္ဒြဘာသာဋီကာ ၂၃။ ကစ္စာယနသာရဘာသာဋီကာ ၂၄။ ဋီကာကျော်နိဿယ ၂၅။ (က) မူလတန်းဘာသာရေး (ခ) ပါစိတ်ဘာသာဋီကာ ၂၆။ မဟာဝါ ဘာသာဋီကာ ၂၇။ အဋ္ဌသာလိနီဘာသာဋီကာနှင့် မူလဋီကာ နိဿယ(ပ-ဒု-တ-စ) ၂၈။ သီလက္ခံ ဘာသာဋီကာ (ပ-ဒု-တ) ၂၉။ ဘာသာရေးပြဿနာများအဖြေနှင့် စစ်တပ်တရားတော် ၃၀။ ခုဒ္ဒသိက္ခာဘာသာဋီကာ ၃၁။ ပရိဝါရဘာသာဋီကာ ၃၂။ ဗုဒ္ဓါနုဿတိဂုဏ်တော် ၃၃။ သမ္မောဟ ဝိနောဒနီဘာသာဋီကာ *** ** ပ-မ-သ-စ-၆၁၁-၂၇-၈-၇၅-၅၀၀၀။ *** ** အဂ္ဂမဟာပဏ္ဍိတ အရှင် ဇနကာဘိဝံသ-ဆရာတော် ရေးသားပြုစုအပ်သော ကျမ်းစာအုပ်များ ၁။ ရတနာ့ဂုဏ်ရည် ၂။ အခြေပြုသင်္ဂြိုဟ် ၃။ အခြေပြုသဒ္ဒါ ၄။ သင်္ဂြိုဟ်ဘာသာဋီကာ ၅။ ဝိထိနှင့် ၃-ချက်စု ဘာသာဋီကာ ၆။ ကိုယ်ကျင့်အဘိဓမ္မာ ၇။ ပါတိမောက်ဘာသာဋီကာ ၈။ ရူပသိဒ္ဓိဘာသာဋီကာ (ပ-ဒု) ၉။ ကစ္စာည်းဘာသာဋီကာ (ပ-ဒု) ၁၀။ အနာဂတ် သာသနာရေး ၁၁။ ရုပ်ပုံ ရှင်ကျင့်ဝတ် ၁၂။ အခြေပြု မင်္ဂလသုတ် ၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန် ၁၄။ သာမညဖလသုတ် မြန်မာပြန် ၁၅။ ဗုဒ္ဓဝင် အမေးအဖြေ ၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ ၁၇။ ကင်္ခါဘာသာဋီကာ (ပ-ဒု) ၁၈။ အလင်္ကာရဘာသာဋီကာ ၁၉။ ဘုရားဥပဒေတော်ကြီး ၂၀။ ဘာသာသွေး ၂၁။ ပါရာဇိကဏ်ဘာသာဋီကာ ၂၂။ သုဒ္ဓတ္တေဘဝိန္ဒြဘာသာဋီကာ ၂၃။ ကစ္စာယနသာရ ဘာသာဋီကာ ၂၄။ ဋီကာကျော်နိဿယ ၂၅။ (က) မူလတန်းဘာသာရေး (ခ) ပါစိတ်ဘာသာဋီကာ ၂၆။ မဟာဝါ ဘာသာဋီကာ ၂၇။ အဋ္ဌသာလိနီဘာသာဋီကာနှင့် မူလဋီကာ နိဿယ (ပ-ဒု-တ-စ) ၂၈။ သီလက္ခံ ဘာသာဋီကာ (ပ-ဒု-တ) ၂၉။ ဘာသာရေးပြဿနာများ အဖြေနှင့် စစ်တပ်တရားတော် ၃၀။ ခုဒ္ဒသိက္ခာ ဘာသာဋီကာ ၃၁။ ပရိဝါရဘာသာဋီကာ ၃၂။ ဗုဒ္ဓါနုဿတိဂုဏ်တော် ၃၃။ သမ္မောဟ ဝိနောဒနီ ဘာသာဋီကာ