TRANG 1 အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည် နယူးဘားမားအော့(ဖ်)ဆက်ပိတ္တကတ်ပုံနှိပ်တိုက်၊ အမရပူရမြို့။ အခန်းနိဒါန်း ဩံ နမော တေ ဝိဇေတုံ မေ၊ ယတော ဒဒေတော ဇယံ။ န ဒုဋ္ဌမ္ပိ သဗ္ဗသတ္တံ၊ က ရ မေ ဇယမင်္ဂလံ။ ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်။ သဗ္ဗညုဘုရားရှင်ကို “ဗုဒ္ဓ” ဟု ခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို “ဗုဒ္ဓဘာသာ” ဟု ခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာ နေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟူ၍ ခေါ်၏။ ထိုဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ (ဘုရား၊ တရား၊ သံဃာ) ရတနာမြတ် ၃-ပါး၏ အကြောင်းအရာကို ကောင်းစွာ နားလည်ရမည်။ ထိုသို့ နားလည်ပြီးနောက် ထိုရတနာ ၃-ပါးကို မိမိယုံကြည်သလား-မယုံကြည်ဘူးလား? ဟု စဉ်းစားထိုက်၏။ မယုံကြည်လျှင် “ဗုဒ္ဓဘာသာဝင်” ဟု ပြောဆိုဝန်ခံနေသော်လည်း “ဗုဒ္ဓဘာသာဝင်” မဖြစ်နိုင်သေးပါ။ ယုံကြည်လျှင်ကား “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော သရဏဂုံ ၃-ပါးကို ဆောက်တည်ရ၏။ ထိုအခါ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်၏။ TRANG 2 ပညာ ဗုဒ္ဓဘာသာဝင်။ ထိုဗုဒ္ဓဘာသာဝင်တို့သည် ဉာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ၊ စေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏။ တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို မှန်းဆ၍ အားပါးတရ ပူဇော်၏။ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ်တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း၊ အမှန်းအတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏။ ထိုရတနာသုံးပါးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏။ ဤသူကား ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေတည်း။ သဒ္ဓါ ဗုဒ္ဓဘာသာဝင်။ သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဓါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတို့ကား ဘုရားစစ်၊ တရားစစ်၊ သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏။ (လုံးလုံးမရှိဘူးဟု-မဆိုလိုပါ။) ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားထိအောင် စိတ်မရောက်နိုင်ဘဲ ရုပ်ပုံ၊ စေတီတော်လောက်သာ စိတ်ရောက်၏။ TRANG 3 ရုပ်ပုံ၊ စေတီတော်များတွင်လည်း ဆွေဘုရား၊ မျိုးဘုရား မိမိပူဇော်ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညိုတတ်ကြ၏။ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း သာ၍ ကြည်ညိုကြသေး၏။ ထို့ကြောင့်ပင် မိမိတို့၏ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့၍ မြို့ကြီးပြကြီးသို့ ဘုရားဖူးသွားကြ၏။ အခါတစ်ပါး၌ တောက မိန်းမတစ်စု မန္တလေးသို့ သွားခါနီးဝယ် “ဘုရားဖူး သွားမလို့၊ ဘုရားဖူး သွားမလို့” ဟု ကျယ်လောင် ကျယ်လောင်နှင့် ပြောဆိုနေကြသည်ကို အတော်နားလည်သော ကျောင်းဒကာကြီးက “တိုးတိုး ပြောကြပါဟဲ့၊ တို့ရွာက ကိုယ်တော်မြတ်တွေ ကြားလျှင် အားနာစရာ ဖြစ်နေပါဦးမယ်” ဟု ပြတ်ရယ်ပြုလိုက်သတဲ့။ ထိုသဒ္ဓါဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်းမကျသည် မဟုတ်သေး၊ တရား၊ သံဃာကြည်ညိုရာတွင်လည်း စည်းကမ်းမဲ့လှချေ၏။ ထိုစည်းကမ်းမဲ့ပုံတို့ကို တရားရတနာတော်နှင့် သံဃာရတနာတော်အဆုံးမှာ ပြထားသည်။ သရဏဂုံနှင့်သီလရှိသူ အပါယ်မကျ။ “ဆင်းတု၊ စေတီတော်များကို ဖူးမြော်သည်မှာ ကုသိုလ်မရ” ဟု မဆိုလိုပါ။ များစွာ ကုသိုလ်ရပေသည်။ သို့သော် ဆင်းတုတော်၊ စေတီတော်များသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထားကိုးကွယ်အပ်သော အတုအပပွားမျှသာဖြစ်သောကြောင့် ဘုရားရှင် TRANG 4 တိုင်အောင် အာရုံပြုနိုင်၊ မှန်းဆနိုင်မှသာ စနစ်ကျ သာ၍ အကျိုးရသော ဖူးမြော်ခြင်းဟု ဆိုလိုပါသည်။ ထိုသို့ ဘုရားရှင်၏ ဂုဏ်တော်များနှင့်တကွ တရား၊ သံဃာတော်၏ ဂုဏ်တော်များကို လေးလေးစားစား အာရုံပြုတတ်၊ ကြည်ညိုတတ်သည့်ပြင် ဒုစရိုက်ဆယ်ပါးမှ ရှောင်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံလုံခြုံပါမူကား- “ဣဓ မဟာနာမ ဧကစ္စော ပုဂ္ဂလော နဟေဝ ခေါ ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော ဟောတိ။ န ဓမ္မေ၊ န သံဃေ။ န ဟာသပ္ပညော၊ န ဇဝနပ္ပညော၊ န စ ဝိမုတ္တိယာ သမန္နာဂတော။ အပိ စဿ ဣမေ ဓမ္မာ ဟောန္တိ၊ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ။ တထာဂတေ စဿ သဒ္ဓါမတ္တံ ဟောတိ ပေမမတ္တံ။ အယမ္ပိ ခေါ မဟာနာမ ပုဂ္ဂလော အဂန္တာ နိရယံ၊ အဂန္တာ တိရစ္ဆာနယောနိံ၊ အဂန္တာ ပေတ္တိဝိသယံ၊ အဂန္တာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ” ဟူ၍- ဟောတော်မူအပ်သော (မဟာဝဂ္ဂ၊ သောတာပတ္တိသံယုတ်၊ သရဏာနိဝဂ်၊ ပထမ သရဏာနိသက္ကသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါးမှ တစ်ခါတည်း ကင်းလွတ်သော သောတာပန်အခြေသို့ ရောက်လေပြီဟု ယုံကြည်စိတ်ချလိုက်ပေတော့သည်။ ထိုစကား မှန်၏။ ပင်ကိုယ်က အောက်အကြောင်းသို့ စီးနေသော မြစ်ရေအလျဉ်သည် သမုဒ္ဒရာနှင့် ကြာလေနီးလေဖြစ်သကဲ့သို့ TRANG 5 အနိစ္စ ဒုက္ခ အနတ္တသဘောကို ထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ညွတ်ကိုင်းရန်းရှိရကား နိဗ္ဗာန်နှင့် ကြာလေနီးလေပင် ဖြစ်တော့၏။ အရှေ့ဘက်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်သည် လဲသည့်အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့၊ နိဗ္ဗာန်သို့ ကိုင်းညွတ်နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှုပြုသမျှ၌ နိဗ္ဗာန်ဘက်သို့သာ ညွတ်လျက်ရှိသည်ဖြစ်၍ ထိုသူတော်စင်သည် အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရာ ရှိပါတော့အံ့နည်း။ သရဏဂုံသီလလုံသူ သောတာပန်နှင့်တူ။ ဆိုအပ်ပြီးစကား၌ “ကိုယ်ကျင့်လုံခြုံ” ဟူရာဝယ် “ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာရောက်သည်” ဟု မဆိုလိုပါ။ သတိတရားရသည်ကစ၍ စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည်။ ဘုရားလက်ထက်တော်၌ “သရဏာနိ” မည်သော ဥပါသကာသည် ရတနာသုံးပါးကို အသည်းစွဲ ကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ်ကာလက ငါးပါးသီလလောက်မျှ မလုံခြုံဘဲရှိခဲ့ရာ စုတေခါနီးကျမှ သတိရ၍ လူသိက္ခာကို စောင့်ထိန်းလျက် စုတေသည်။ ထို့နောက် ကျန်ရစ်သူတို့က ထိုသူ၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ထားကြရာ ဘုရားရှင်က ထိုဥပါသကာကို အပါယ်လေးပါးမှ လွတ်သော သောတာပန်ဖြစ်ရကား သုဂတိသို့ ရောက်နေကြောင်းကို မိန့်တော်မူပါသည်။ TRANG 6 ကြိုးစားဖွယ်။ ထို့ကြောင့် မကောင်းသော မြေရည်၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင် အောင်မြင်စေကာမူ အကျိုးမပြီး အနည်းနည်းပျက်ပြား၍ ဆုံးပါးရသကဲ့သို့ မူလမမှန်သော ဘုရား-တရား၌ အားထားကိုးကွယ်လေသမျှသည် အနည်းနည်းအကျိုးမဲ့ဖြစ်ရုံသာမက ထိုဘုရား-တရားဘက်၌ အားတက်သရော ဟောပြောမှုကြောင့် အထုအထည်ကြီးမားလှသော မကောင်းမှုအကျိုးကိုပင် ခံရပေဦးမည်။ ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်ရှိသော ဘာသာတစ်ပါး အယူရှိကြသူများသည် သူတို့၏ ဘုရားတရားကို အားထားမိခိုကြည်ညို လေးမြတ်ကြကုန်သေး၏။ ကောင်းသော ရေမြေ၌ကား အားပါးတရမဟုတ်ဘဲ မလိုလဲလိုလို စိုက်ပျိုးရုံမျှဖြင့် ကြီးမြင့်ထွားကျိုင်းသော အပင်ကြီးများကို ရနိုင်သကဲ့သို့ ဘုရား၊ တရား၊ သံဃာမှန်တို့၌ ပြုစုအားထုတ်လိုက်သမျှသည် “ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည်ပမာ” ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည်။ စိတ်ပါလက်ပါ အားပါးတရ ဂရုစိုက်၍ ကိုးကွယ်ဆည်းကပ်လိုက်ပါမူကား တစ်သံသရာလုံး စိတ်ချလက်ချ နိဗ္ဗာန်တိုင်အောင် အကျိုးကို မုချရနိုင်သည်ဖြစ်၍ အကြောင်းအကျိုးစိစစ်က အပြစ်ဆိုဖွယ်မရှိသော ဗုဒ္ဓဘာသာ အယူကြီးကို လက်ကိုင်ရရှိပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာ ခပ်ပေါ့ပေါ့နေထိုက်ပါအံ့နည်း။ TRANG 7 နေ့စဉ်ရက်ဆက် နှစ်သက်ကျေနပ်အောင် အထပ်ထပ်စဉ်းစား၍ တရားတော်အရ ကျကျနန လိုက်နာကြသည် မဟုတ်ပါလော။ ဤသို့လျှင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လွန်စွာ အားထားလျက် ကိုယ်ကျင့်တရား လုံခြုံပါမူ နောက်သံသရာရေးဝယ် စိတ်ချဖွယ်ကောင်းလှသောကြောင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုတတ်၊ မှန်းဆတတ်ဖို့ရာ ရေးသားပေးဖို့ အကြောင်း တောင်းပန်အပ်ဖူးလှလေပြီ။ သို့သော် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၏ အဖွင့်ဖြစ်သော “သင်္ဂြိုဟ်ဘာသာဋီကာ” ကို ရေးသားဆဲဖြစ်၍ အားလပ်ခွင့်မရသောကြောင့် ရှေးဆရာတော်များ၏ ဂုဏ်တော်ဖွင့်ကိုသာ ကြည့်ရှုကျက်မှတ်ဖို့ရန် ညွှန်ပြခဲ့ရပေသည်။ ယခုတစ်ဖန် ရှေးခေတ်က ရှေးစနစ်ဖြင့် ရေးသားအပ်ပြီးသော ဘုရားရှင် ဂုဏ်တော်ဖွင့်များတွင် အသိဉာဏ်မသက်ဝင်နိုင်သူတို့က တောင်းပန်ကြပြန်သောကြောင့် ကျမ်းဂန်အဖွင့်လည်း လက်မလွှတ်စေရ၊ ခေတ်ကာလနှင့်လည်း လိုက်လျောအောင် ညက်ညောသော အနက်သွား၊ ထင်ရှားသော အဓိပ္ပာယ်ဖြင့် ခပ်လွယ်လွယ်ရေးသားဖို့ရန် စိတ်အကြံဖြစ်သည်အားလျော်စွာ ရတနာမြတ်သုံးပါး၏ ဂုဏ်တော်အရည်အချင်းများကို ပဓာနထားပြီးလျှင် “ရတနာ့ဂုဏ်ရည်” ဟူသော အမည်ဖြင့် ရေးသားပါအံ့။ TRANG 8 ရေးသားပုံ အစီအစဉ် ဘုရားဂုဏ်တော် - ဘုရားဂုဏ်တော် အဖွင့်ကို ရေးသားရာ၌ ဘုရားရှင်၏ အဖြစ်တော်စဉ်၊ ဘုရားရှင်၏ ရုပ်ပုံတော်၊ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပါယ်တော်မူပုံ၊ လုံ့လဝီရိယနှင့် မဟာကရုဏာတော် ကြီးမားသဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို အားလပ်ခွင့်မရအောင် ရွက်ဆောင်တော်မူပုံ၊ ဤအလုံးစုံကို သိစေပြီးမှ ဂုဏ်တော်၏ အရည်အချင်းကို ပြရလျှင် သပ္ပါယ်သော ရုပ်ပုံတော်တွင် ဂုဏ်တော်များ ထင်မြင်လာဖွယ်ရှိသောကြောင့် ရုပ်ပုံတော်ဖွင့်၊ ရောင်ခြည်တော်ဖွင့်၊ စေတီတော်ဖွင့်များကို ရှေးဦးစွာပြလျက် ဂုဏ်တော်ဖွင့်ကို ဆက်လက် ရေးသားပါသည်။ [ဘုရားအဖြစ်တော်စဉ်ကိုကား အနည်းငယ် ရှည်လျားသဖြင့် ဤကျမ်း၏ အဆုံးမှာ ပြထားပါသည်။] တရားဂုဏ်တော် - တရားဂုဏ်တော်ဖွင့်ကို ရေးသားရာ၌ ပုံသဏ္ဌာန် မထင်ရှားသော တရားဂုဏ်တော်စဉ်သည် စိတ်ထဲ၌ ထင်မြင်နိုင်ရန် ခဲယဉ်းသောကြောင့် နက်နဲသော တရားဂုဏ်တော်ကို ဝတ္ထုပုံသက်သေများဖြင့် ထင်ရှားအောင် ရေးသားထားပါသည်။ သံဃာ့ဂုဏ်တော် - သံဃာ့ဂုဏ်တော် အဖွင့်၌လည်း ယခုကာလ မျက်မြင် သံဃာလောက်တွင် စိတ်ဝင်စားမှု အထူးတားမြစ်၍ ရှေးရှေးက အရိယာသံဃာတော်များနှင့် TRANG 9 ပုထုဇဉ်သီလရှိသော သံဃာတော်များကို ရည်ညွှန်း၍ အာရုံပြုတတ်ဖို့ရာ ဝတ္ထုပေါင်းများစွာကို အချုပ်ချုပ်မျှ ထုတ်ပြထားပါသည်။ သရဏဂုံနှင့် ငါးပါးသီလ - ထို့နောက် ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်ကျေနပ်၍ ဆည်းကပ်ကိုးကွယ်သူသည် “သရဏဂုံ တည်သူ” ဖြစ်ရကား သရဏဂုံတည်လျှင် ငါးပါးသီလကိုလည်း နေ့စဉ်မပြတ် စောင့်ထိန်းမှသာ သူတော်ကောင်း ပီသရာ ရောက်သောကြောင့် ယခုကာလ အများသုံး “ဩကာသ” မှ စ၍ ငါးပါးသီလတိုင်အောင် ဖွင့်ပြထားပါသည်။ ရှစ်ပါးသီလ - ထို့နောက် ရံဖန်ရံခါ ဥပုသ်စောင့်ရာဝယ် လိုက်နာဖွယ်ရာ အချက်များနှင့်တကွ စောင့်ထိန်းအပ်သော သိက္ခာပုဒ်များ၏အကျိုးကို အမျိုးမျိုး ယုတ္တိပြလျက် ခေတ်ကာလ စဉ်းစားသူတို့၏ ဉာဏ်နှင့် သင့်တင့်အောင် မှန်းထား၍ တမ်းတမ်းတားတား ရေးသားထားပါသည်။ အာဇီဝဋ္ဌမကသီလ - ထို့နောက် ဗုဒ္ဓဘာသာစစ်စစ် သူတော်ကောင်း ဖြစ်ရိုးမှန်လျှင် မိမိ၏ အသက်မွေးမှုကို တရားနည်းလမ်းကျအောင် ပြုထိုက်သောကြောင့် “အာဇီဝဋ္ဌမကသီလ” ကိုလည်း ဖွင့်ပြထားပါသည်။ နဝင်္ဂသီလ၊ ၁၀-ပါး သီလ - ထို့နောက် ယခုအခါ အချို့ သူတော်ကောင်းတို့ ၉-ပါး၊ ၁၀-ပါးသီလများကို ဆောက်တည်လေ့ရှိသောကြောင့် ထိုသီလများ ဆောက်တည်ရာဝယ် စောင့်ရှောက်ဖွယ်များကို အချုပ်မျှ ရေးသားထားပါသည်။ TRANG 10 ဒုစရိုက် ၁၀-ပါး - ထို့နောက် ဗုဒ္ဓဘာသာတိုင်း သိဖွယ်၊ ကျင့်ဖွယ်ဖြစ်သော ဒုစရိုက်၊ သုစရိုက်၊ ပုညကြိယဝတ္ထုများကို အကျဉ်းအကျယ် ခွဲခြား၍ သိသာရုံ အချုပ်မျှ ထုတ်ပြထားသည်။ ကံ ကံ၏အကျိုး - ထို့နောက် အများမျက်မြင် နေ့စဉ်အကျိုးပေးဟန်ကို ရှေ့တန်းနှင့် ဆက်သွယ်၍ လူငယ်များပင် နားဝင်လောက်အောင် ကံ ကံ၏အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိ (ကမ္မဿကတာဉာဏ်) ဖြစ်ပေါ်စေနိုင်သော ပက္ကာသပါဠိတော်ကြီးလာ ကမ္မဝိဘင်္ဂသုတ်တော်ကို ဘာသာပြန်ထားပါသည်။ ကံ ဉာဏ် ဝီရိယ - ထို့နောက် အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ရှေးကံကိုသာ တစ်ထပ်တည်း အားကိုးတတ်ကြလေရာ ထိုသို့ အားကိုးမိရန် ဉာဏ်နှင့် ဝီရိယအချက်များကိုလည်း အမြွက်အားဖြင့် ထင်ရှားအောင် ဖော်ပြထားပါသည်။ ဆုတောင်းခန်း - ထို့နောက် အများနှင့်ဆိုင်သော ဆုတောင်းနည်းကို ပါရမီဖြည့်ဖို့ အရေး၌ လေးလေးပင်ပင် စီစဉ်ညွှန်ပြ၍ နေ့စဉ် ဒါနမှုဝယ် အတိုချုပ် ဆုတောင်းဟန်ကိုလည်း စီမံ ရေးသားထားပါသည်။ TRANG 11 နိဂုံး - ဤမျှလောက်သော အစီအစဉ်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သိဖွယ်များ အထိုက်အလျောက် လုံလောက်ပြီဖြစ်ရကား ဘုရားအဖြစ်တော်စဉ်နှင့်တကွ စာရှုသူအများပင် သတိပြုဖွယ်ကောင်းလှသော “သမုဒ္ဒဝါဏိဇ” ဇာတ်တော်ကို အကျဉ်းချုပ်၍ နိဂုံးအုပ်လိုက်ပါသည်။ ၁၂၉၃-ခု၊ တပို့တွဲလ အရှင်ဇနကာဘိဝံသ TRANG 1 မာတိကာ စဉ် - အကြောင်းအရာ - စာမျက်နှာ (က) ဘုရားဂုဏ်တော်ဖွင့်များ ၁။ ရုပ်ပုံတော်ဖွင့် ၂။ ရောင်ခြည်တော်ဖွင့် [ရောင်ခြည်တော် ပြဿနာပါသည်] .... ၅ ၃။ စေတီတော်ဖွင့် [ဘုရား ပုထိုးခေါ်ပုံနှင့် ဘုရားဖြစ်တော်ကို အာရုံပြုသင့်ပုံ] .... ၁၃ ၄။ ဘုရားဂုဏ်တော်ပြ ပါဠိတော်ဖွင့် .... ၂၆ ၅။ အရဟံဂုဏ်တော်ဖွင့် .... ၂၇ ၆။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ဖွင့် .... ၃၀ ၇။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်ဖွင့် .... ၃၃ ၈။ သုဂတဂုဏ်တော်ဖွင့် .... ၃၇ ၉။ လောကဝိဒူဂုဏ်တော်ဖွင့် .... ၄၀ ၁၀။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်ဖွင့် .... ၄၇ ၁၁။ သတ္ထာဒေဝမနုဿာနံဂုဏ်တော်ဖွင့် .... ၅၀ ၁၂။ ဗုဒ္ဓဂုဏ်တော်ဖွင့် .... ၅၃ ၁၃။ အိမ်သုံးမဂ္ဂင်ရှစ်ပါးနှင့် ဗုဒ္ဓါနုဿတိမဂ္ဂင်ရှစ်ပါး .... ၅၈, ၆၃ TRANG 2 ၁၄။ ဘဂဝါဂုဏ်တော်ဖွင့် [အရပ်တော်အဆုံးအဖြတ်] .... ၆၇ ၁၅။ ဘုရားရှိခိုး ဂါထာဖွင့် .... ၈၈ ၁၆။ ဂုဏ်တော် ၉-ပါး ဆက်သွယ်နည်း .... ၉၀ ၁၇။ ဂုဏ်တော်အကျိုး [မိဖုရားစောလုံဝတ္ထု] .... ၉၄ (ခ) တရားဂုဏ်တော်ဖွင့်များ ၁။ တရားဂုဏ်တော်ပြ ပါဠိတော်အဖွင့် .... ၉၉ ၂။ သွာက္ခာတ ဂုဏ်တော်ဖွင့် .... ၁၀၀ ၃။ သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့် .... ၁၀၇ ၄။ အကာလိကဂုဏ်တော်ဖွင့် .... ၁၁၀ ၅။ ဧဟိပဿိက ဂုဏ်တော်ဖွင့် .... ၁၁၁ ၆။ သြပနေယျိက ဂုဏ်တော်ဖွင့် .... ၁၁၆ ၇။ ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့် .... ၁၂၀ ၈။ တရားရှိခိုး ဂါထာဖွင့် .... ၁၂၂ ၉။ တရားပူဇော်နည်း .... ၁၂၆ (ဂ) သံဃာ့ဂုဏ်တော်ဖွင့်များ ၁။ သံဃာ့ဂုဏ်တော်ပြ ပါဠိတော်အဖွင့် .... ၁၃၁ ၂။ သုပ္ပဋိပန္န ဂုဏ်တော်ဖွင့် .... ၁၃၂ ၃။ ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့် .... ၁၃၅ TRANG 3 ၄။ ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့် .... ၁၃၈ ၅။ သာမီစိပ္ပဋိပန္န ဂုဏ်တော်ဖွင့် .... ၁၄၀ ၆။ ပုရိသယုဂါနိ ပါဠိအဖွင့် .... ၁၄၄ ၇။ အာဟုနေယျ ဂုဏ်တော်ဖွင့် .... ၁၄၅ ၈။ ပါဟုနေယျ ဂုဏ်တော်ဖွင့် .... ၁၄၈ ၉။ ဒက္ခိဏေယျ ဂုဏ်တော်ဖွင့် .... ၁၄၉ ၁၀။ အဉ္ဇလီကရဏီယ ဂုဏ်တော်ဖွင့် .... ၁၅၅ ၁၁။ အနုတ္တရံပုညက္ခေတ္တ ဂုဏ်တော်ဖွင့် .... ၁၅၉ ၁၂။ သံဃာ့ရှိခိုး ဂါထာဖွင့် .... ၁၆၃ ၁၃။ သာသနာတော်ဆောင်ရွက်ခဲ့ပုံ အစဉ် .... ၁၆၇ (ဃ) သရဏဂုံသီလ ဆောက်တည်မှုနှင့် ဆိုင်ရာများ ၁။ သြကာသ အဖွင့် [အခါကြီး ရက်ကြီးများ၌ ကန်တော့နည်း အမျိုးမျိုးပါသည်။] .... ၁၇၃ ၂။ ငါးပါးသီလ ခံယူပုံအစဉ် .... ၁၉၁ ၃။ ငါးပါးသီလတောင်း အဖွင့် .... ၁၉၅ ၄။ သရဏဂုံ အဖွင့် .... ၁၉၉ ၅။ ငါးပါးသီလသိက္ခာပုဒ်များ .... ၂၀၈ ၆။ ပါဏာတိပါတ အဖွင့် .... ၂၀၉ ၇။ အဒိန္နာဒါန အဖွင့် .... ၂၁၄ TRANG 4 ၈။ ကာမေသုမိစ္ဆာစာရ အဖွင့် .... ၂၁၆ ၉။ မုသာဝါဒ အဖွင့် [စေတီယဇာတ်] .... ၂၂၂ ၁၀။ သုရာမေရယအဖွင့် .... ၂၃၁ (င) ဥပုသ်သီလ ဆိုင်ရာများ ၁။ သီလတောင်းအဖွင့် .... ၂၃၈ ၂။ ရှစ်ပါးသီလသိက္ခာပုဒ်များ .... ၂၃၉ ၃။ အဗြဟ္မစရိယအဖွင့် .... ၂၃၉ ၄။ ကောမာရဗြဟ္မစရိယ သီလတည်ဆောက်တည်ပုံ ၂၄၂ ၅။ ဝိကာလဘောဇနအဖွင့် .... ၂၄၃ ၆။ နစ္စ ဂီတသိက္ခာပုဒ် .... ၂၄၆ ၇။ ဥစ္စာသယနအဖွင့် .... ၂၄၈ ၈။ ဥပုသ်သီလများနှင့် စဉ်းစားဖွယ် .... ၂၄၉ ၉။ ဥပုသ်အမျိုးမျိုး .... ၂၅၄ ၁၀။ အာဇီဝဋ္ဌမကသီလအဖွင့် .... ၂၆၁ ၁၁။ နဝင်္ဂဥပုသ်သီလအဖွင့် .... ၂၆၉ ၁၂။ ဆယ်ပါးသီလအဖွင့် .... ၂၇၂ (စ) ဒုစရိုက်-သုစရိုက်အဖွင့် .... ၂၇၈ TRANG 5 (ဆ) ပုညကိရိယာဝတ္ထုအဖွင့် .... ၂၈၁ (ဇ) ကံ ကံ၏ အကျိုးအဖွင့် .... ၂၈၄ (ဈ) ကံ ဉာဏ် ဝီရိယ အဖွင့် .... ၂၉၀ (ည) ဆုတောင်းခန်းအဖွင့် .... ၂၉၈ (ဋ) ဘုရားအဖြစ်တော်စဉ် နိဒါန်း .... ၃၀၀ ၁။ သူဌေးသား သုမေဓာ .... ၃၁၁ ၂။ စဉ်းစားတော်မူခန်း .... ၃၁၂ ၃။ တောထွက်၍ ဈာန်အဘိညာဉ်ရတော်မူခန်း ၃၁၃ ၄။ ဘုရားဆုပန်တော်မူခန်း .... ၃၁၄ ၅။ ဗျာဒိတ်ရတော်မူခန်း .... ၃၁၇ ၆။ ပါရမီတော်များကို ဆင်ခြင်တော်မူခန်း ၃၁၈ ၇။ ကြင်ရာတော်ရွေးခန်း .... ၃၃၇ ၈။ ကြင်ရာတော်၏ ဂုဏ်အင်္ဂါများ .... ၃၃၈ ၉။ ထီးနန်းစံတော်မူခန်း .... ၃၄၀ ၁၀။ သံဝေဂယူတော်မူခန်း .... ၃၄၃ ၁၁။ တောထွက်မူတော်မူရန် အစီအစဉ် .... ၃၄၄ ၁၂။ တောထွက်မူခြင်း .... ၃၄၆ ၁၃။ ရဟန်းပြုတော်မူခြင်း .... ၃၅၇ TRANG 6 ၁၄။ နန်းတော်၌ဖြစ်ပျက်ပုံ .... ၃၄၈ ၁၅။ ယသောဓရာ တမ်းတခန်း .... ၃၄၉ ၁၆။ ဒုက္ကရစရိယာကျင့်တော်မူခြင်း .... ၃၅၂ ၁၇။ မာန်နတ်ကို အောင်မြင်တော်မူခြင်း .... ၃၅၄ ၁၈။ ဘုရားဖြစ်တော်မူခန်း .... ၃၅၈ (ဌ) ကျမ်းပြီးနိဂုံး .... ၃၆၁ (ဍ) လင်္ကာတော်ကြီး ဘုရားရှိခိုး .... ၃၆၆ (ဎ) လင်္ကာတော်ငယ် (၈၀) .... ၄၁၉ မာတိကာ ပြီးပြီ။ TRANG 1 ရတနာဂုဏ်ရည် ရုပ်ပုံတော်ဖွင့် (ကျက်မှတ်ရန်) ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမိ။ Bởi việc cho quả vào kiếp cuối cùng, bởi các pháp Ba-la-mật đã tích lũy nhiều. ယဿ ဝေသိ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။ Sắc thân của Ngài đã được tạo nên một cách tốt đẹp, không ai sánh bằng và vô cùng hoàn hảo. ဗဟုံ-ဤရွေ့ဤမျှ၊ ဂဏန်းချ၍၊ မရနှိုင်းပြီ၊ အတိုင်းမရှိရလေအောင်။ ပစိတပါရမိ-လေးသင်္ချေကိန်း၊ ကပ်တစ်သိန်းက၊ ထိန်းသိမ်းစုဆောင်း၊ ပါရမီတော် အပေါင်းတို့သည်။ ပစ္ဆိမံ ဖလဒါနေန-ဖြစ်ပျက်ဖန်ခါ၊ သံသရာဝယ်၊ ခန္ဓာကိုယ်ရေး၊ အဆုံးစွန် အကျိုးပေးသောအားဖြင့်။ ယဿ ဘဂဝတော-အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ ဝေသိ-ရွှေမျက်နှာတော်၊ လက်ခြေတော်နှင့်၊ ကိုယ်တော်သဏ္ဌာန်၊ ပုံဟန်ထင်ပေါ်၊ အသွင်အပြင်တော်ကို။ ကေနာပိ-လူမင်းနတ်မင်း၊ ဗြဟ္မာမင်းဝယ်၊ ဘယ်သူတစ်ယောက်နှင့်မျှ။ အသမံ-လက္ခဏာတော်ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ ဘယ်ဝယ်တိုင်းတာ၊ မနှိုင်းသာသည်ဖြစ်၍။ သမံ-တစ်ကိုယ်တော်လုံး၊ ရွှေတုံးရွှေနှစ်၊ ပျုရာဇ်သိင်္ဂီ၊ နာရဏီမျှ၊ သာကီဝင်သွေး၊ အယဉ်ကျေးဆုံးဖြစ်ရလေအောင်။ သုမာပေန္တိ-တက်သစ်နေဝန်း၊ ထွန်းသစ်လဝန်း၊ ပွင့်သစ်ပန်းသို့၊ ဆန်းအံ့ပုံ၊ စခန်းစုံအောင်၊ အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။ TRANG 2 ကြည်ညိုရန် အဓိပ္ပာယ် ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် “ဤရွေ့ဤမျှ ရှိ၏” ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များမြောက်လှပါပေ၏။ ကမ္ဘာလောက၌ ရှိသမျှသတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတစ်ရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရားရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်းယှဉ်သည်ရှိသော်။ ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏။ ထိုမျှလောက် များပြားသော ပါရမီတော်တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး စုဆောင်းတော်မူခဲ့သောကြောင့်။ “ဤရွေ့ ဤမျှ-မည်၍ မည်မျှရှိသည်” ဟု ပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။ အသင်္ချေတွက်ပုံ။ ။ ကမ္ဘာကြီးတည်၍ ပျက်စီးသည်တိုင်အောင်သောအခါကို “တစ်ကပ် တစ်ကမ္ဘာ” ဟု ခေါ်၏။ အလျား အနံ တစ်ယူဇနာရှိသော “ဂါဝုဒ်” တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင်။ အနှစ်တစ်ရာကြာမှ တစ်စေ့ကျယူပစ်ရာ ထိုမုန်ညင်းစေ့များ ကုန်သွားသော်လည်း တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင် မိန့်တော်မူခဲ့သည်။ [နိဒါနဝဂ္ဂ-အနမတဂ္ဂသံယုတ်၊ သာသပသုတ် ပါဠိတော်] ထိုမျှကြာသော ကမ္ဘာပေါင်းမည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင် များမြောက်သောကမ္ဘာကို အသင်္ချေဟု ဆိုသည်။ ထိုသို့ ရေတွက်၍မရသောကြောင့် ဘုရားတစ်ဆူနှင့် တစ်ဆူအကြား၌ တစ်အသင်္ချေဟု မှတ်ထားရသော လေးကြိမ်ကို “လေးအသင်္ချေ” ဟု ဆိုသည်။ TRANG 3 ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူတစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံးအချိန်အခါတည်း။ အချို့ ဘုရားရှင်များမှာ ပါရမီဖြည့်ဖို့ရန် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသည်။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော်မူအပ်ခဲ့သော ပါရမီတော်တို့သည် အလွန်အလွန် များပြားရကား။ အကျိုးပေးခွင့် အလျဉ်းမရဘဲ အကျိုးပေးမည်ဟု တစ်ခဲနက်နေခဲ့ကြရာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မည့်ဘဝ၌ကား။ ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ် အကျိုးပေးခွင့်မရှိ၊ အဆုံးစွန် အကျိုးပေးရမည့် အခါကြီးဖြစ်ပေသည်။ ထို့ကြောင့် ထိုပါရမီများသည် ရှင်တော်ဘုရားကို မျက်နှာတော် ကျက်သရေရှိအောင်လည်းကောင်း၊ လက်တော်ခြေတော် ပြေပြစ် ညက်ညောချောမောအောင်လည်းကောင်း။ ကိုယ်လုံးတော်နှင့် အရပ်တော် ခန့်ညားညီညွတ်အောင်လည်းကောင်း၊ ဤသို့အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင်အရပ်ရပ်၌ ယောက်ျားမြတ်တို့၏ အမှတ်အသားဖြစ်သော လက္ခဏာတော်ကြီး ၃၂-ပါး။ ရှစ်ဆယ်သော လက္ခဏာတော်ငယ်များဖြင့် တံဆိပ်ခတ်လျက် အလွန်တင့်တယ်သပ္ပာယ်စွာ ဖန်ဆင်းလိုက်ရကား။ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းဝယ် ဘယ်သူတစ်ယောက်နှင့်မျှ နှိုင်းယှဉ်၍ မရဘဲ ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီရွှေတုံး ရွှေနှစ်ကဲ့သို့ သာကီဝင်မင်းမျိုးတွင် အလှပဆုံး အယဉ်ကျေးဆုံး ဖြစ်ပါပေသည်။ TRANG 4 ထိုသို့ ဖန်ဆင်းရာ၌ ပါရမီတော်များသည် သူရဇ ဓမ္မရ အလွန်အယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်သည့် အခါကြီးဖြစ်၍။ ဘုရားရှင်၏ ပုံဟန်တော်သည် ဖူးမျှော်၍ မဝနိုင်အောင် တက်သစ်စနေဝန်း၊ ထွန်းသစ်စလဝန်းနှင့် ပွင့်ခါစပန်းကဲ့သို့ လန်းလန်းဆန်းဆန်း ရှုးရှုးရှန့်ရှန့်ဝေဝေ အလွန်ကျက်သရေ ရှိတော်မူလှပေသည်။ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ တာဝတိံသာ နတ်ပြည်ဝယ် နတ်ဗြဟ္မာတို့၏အလယ်မှာ အဘိဓမ္မာတရားကို ဟောတော်မူ၏။ ထိုအခါ ထိုနတ် ဗြဟ္မာတို့၏ ရုပ်အဆင်းထက် ဘုရားရှင်၏ အဆင်းတော်က သာလွန်၍ တင့်တယ်တော်မူလှပေသတဲ။ ထိုစကားကို ဆိုသင့်ပါပေ၏။ နတ် ဗြဟ္မာတို့သည် အလွန်လှကြပါပေလိမ့်မည်။ သို့သော် သူတို့ကိုယ်တွင်း၌ ရာဂ၊ ဒေါသ စသော အညစ်အကြေး မကင်းပါ။ ဘုရားရှင်ကား အညစ်အကြေးကင်း၍ သန့်ရှင်းသော စိတ်တော်ဝယ် သဗ္ဗညုတဉာဏ်တော်နှင့် မေတ္တာ ကရုဏာတော် ထုံမွမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။ ထိုမျှလောက်သပ္ပာယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ရလျှင် တရားစစ် တရားမှန်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့ လွန်စွာ ကံဆိုးလှချေတကား။ သို့သော် ဘုရားရှင်၏ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ သတိပဋ္ဌာန်စသည်ဖြင့် အဖိုးတန်တရားတော်ကြီးများ မပျက်မပြား တည်ရှိနေသေးသောကြောင့်။ ထိုတရားတော်များကို ကိုယ်တွေ့လိုက်စား၍ [ကျင့်ကြံရမည်]။ TRANG 5 တရားထူးရအောင်၊ တရားထူးမရသေးလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင် ကြိုးစားကြပါလေ။ ရောင်ခြည်တော်ဖွင့် (ကျက်မှတ်ရန်) နီလာယော နီလဌာနမှာ၊ ပီတောဒါတာ စ လောဟိတာ။ တမ္ဗာ တမ္ဗာ စ မဉ္ဇိဋ္ဌာ၊ နိက္ခမိံသု ပဘဿရာ။ ယဿ ဘဂဝတော-အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ နီလဌာနမှာ-ဆံမုတ်ဆိတ်တော်၊ မျက်နက်တော်မှစ၍ထိုထို ညိုရောင်ပိတ်ပိတ်၊ ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ။ နီလာယော-နီလာရွဲညို၊ ဖဲအညိုနှင့်၊ ကြာညိုပွင့်ချပ်၊ မြညိုယောင်သို့၊ လျှပ်လျှပ်စိုပြောင်၊ ညိုမှောင်သော ရောင်ခြည်တော်တို့သည်။ နိက္ခမိံသု-ဝန်းကျင်အထက်၊ ဝဲယာယက်၍၊ မြန်းထွက် ကွန့်မြူးတော်မူကြလေကုန်ပြီ။ ပီတဌာနမှာ-ကိုယ်အရေတော်၊ မျက်လုံးတော်မှစ၍ထွေထွေ၊ ရွှေရောင်ပိတ်ပိတ်၊ ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ။ ပီတာစ-ရွှေနှစ်သိင်္ဂီ၊ ရွှေအထည်နှင့်၊ ရွှေရည်ယဉ်သန်း၊ ရွှေစင်ပန်းသို့၊ လျှမ်းလျှမ်းထိန်ဝေ၊ ဝါရွှေသောရောင်ခြည်တော်တို့သည်လည်း။ နိက္ခမိံသု-ဝန်းကျင်အထက်၊ ဝဲယာယက်၍၊ မြန်းထွက် ကွန့်မြူးတော်မူကြလေကုန်ပြီ။ သြဒါတဌာနမှာ-အရိုးတော် သွားတော်၊ မျက်ဖြူတော်မှ စ၍ဖွေးလူ၊ ဖြူရောင်ပိတ်ပိတ်၊ ကိုယ်အင်္ဂါတော်။ TRANG 6 အစိတ်အပိုင်းမှ၊ သြဒါတာ စ-ငွေလရောင်ခြည်၊ ငွေအထည်နှင့်၊ ငွေရည်ယဉ်သန်း၊ ငွေစင်ပန်းသို့၊ လျှမ်းလျှမ်းဖွေးလူ၊ ဖြူဝင်းသော ရောင်ခြည်တော်တို့သည်လည်း။ နိက္ခမိံသု-ဝန်းကျင်အထက်၊ ဝဲယာယက်၍၊ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။ လောဟိတဌာနမှာ-အသားတော် အသွေးတော်၊ နှုတ်ခမ်းတော်မှ စ၍ထိုထို၊ နီရောင်ပိတ်ပိတ်၊ ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ။ လောဟိတာစ-ကမ္ဗလာနီ၊ သန္တာနီနှင့်၊ ကြာနီပွင့်ချပ်၊ ပတ္တမြားယောင်သို့၊ လျှပ်လျှပ်ထိန်ကြည်၊ နီသောရောင်ခြည်တော်တို့သည်လည်း။ နိက္ခမိံသု-ဝန်းကျင်အထက်၊ ဝဲယာယက်၍၊ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။ တမ္ဗာ တမ္ဗာ စ-လက်ခြေဖဝါးတော်၊ လက်သည်းခြေသည်းတော်၊ စသည်ခင်းထိုထို၊ ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ။ မဉ္ဇိဋ္ဌာစ-ထန်းကျင်နီပုဆိုး၊ ပန်းရောင်သွေးသို့၊ နီထွေးလွင့်လွင့်၊ ဝါကြင်ကြင်လောင်း၊ မောင်းသော ရောင်ခြည်တော်အပေါင်းတို့ သည်လည်းကောင်း။ ပဘဿရာ စ-နဂ်အလွှာ၊ ဝသန္တာဝယ်၊ သံဝါဝါချွန်း၊ မိုးရွာတုန်း၌၊ ရုန်းရင်းပြက်သန်း၊ လျှပ်စစ်ပန်းသို့၊ ပျံမြန်းပြီးပြက်၊ တလက်လက်ထွက်သော ရောင်ခြည်တော်တို့သည်လည်းကောင်း။* နိက္ခမိံသု-ဝန်းကျင်အထက်၊ ဝဲယာယက်၍၊ မြန်းထွက်ကွန့်မြူးတော်မူကြလေကုန်ပြီ။ *** မှတ်ချက်။ ။ အထက်ကောင်းကင်ကို "နဂ်အလွှာ" "မိုးအခါ" ကို "ဝသန္တာ" ဟု ခေါ်သည်။ မိုးလအခါ အထက်ကောင်းကင်ဝယ် မိုးရွာတုန်း၌ လျှပ်ပန်းသလို ဝင်းခနဲ လက်ခနဲလည်း ရောင်ခြည်တော်များ ထွက်တော်မူကြသည်။** TRANG 7 ကြည်ညိုရန် အဓိပ္ပာယ် နီလရောင်ခြည်တော်။ ။ ဘုရားရှင်၏ ဆံမုတ်ဆိတ်တော်နှင့် မျက်လုံးတော်အတွင်းက မျက်နက်ဝန်းတော်တို့သည် အညိုရောင် တောက်ပ၍ တင့်တယ်တော်မူကြကုန်၏။ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် ညိုမှောင်နေသော ကိုယ်အင်္ဂါတော်၏ အစိတ်အပိုင်းမှ နီလရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤနီလရောင်ခြည် ထွက်တော်မူသောအခါ ဣန္ဒနီလာ ကျောက်ရတနာအဆင်း၊ ရွဲညိုအဆင်း၊ တဝိတ်ဝိတ်တောက်သော ဖဲပုဝါညို အဆင်း၊ ကြာညိုပွင့်ချပ်အဆင်း၊ မြရတနာဖြင့် ပြုအပ်သော ယပ်တောင်အဆင်း၊ စသည်နှင့်တူစွာ အလွန်ကြည်ညိုဖွယ်ကောင်းသော ညိုညိုမှောင်မှောင်အရောင်တို့သည် ရှင်တော်ဘုရား၏ ဝဲယာဖက်နှင့် အထက်အောက် (ထက်ဝန်းကျင်) အရပ်တို့၌ အိမ်လုံးတောင်လုံးခန့်မျှလည်းကောင်း၊ ထို့ထက် ကြီးမားစွာလည်းကောင်း၊ အနှံ့အပြား ပျံ့နှံ့ကွန့်မြူးကာ အထူးကျက်သရေရှိပါပေသည်။ ပီတရောင်ခြည်တော်။ ။ ဘုရားရှင်၏ ကိုယ်အရေတော်နှင့် မျက်လုံးတော် အထက်က မျက်ခုံးတော်စသော အရေတော်တို့သည် ဝါဝါဝင်းဝင်း ရွှေအဆင်းကဲ့သို့ လွန်မင်းစွာ တင့်တယ်ကြကုန်၏။ ထိုသို့ ပင်ကိုယ်အားဖြင့် ရွှေအဆင်းရှိနေသော ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ ပီတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤပီတရောင်ခြည် ထွက်တော်မူသောအခါ “သိင်္ဂီနိက်” ဟု ခေါ်သော သီဟိုဠ်ရွှေစင် ရွှေနှစ်အဆင်း၊ ရွှေပြား ရွှေထည်အဆင်း၊ TRANG 8 တသွင်သွင်စီးသွားသော ရွှေရည်အဆင်း၊ ရွှေပန်းအဆင်း စသည်နှင့်တူစွာ အလွန်ကြည်ညိုဖွယ်ရှိသော ဝါရွှေရွှေအရောင်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း၊ ထို့ထက် ကြီးမားစွာလည်းကောင်း၊ ပျံ့နှံ့ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ သြဒါတရောင်ခြည်တော်။ ။ ဘုရားရှင်၏ အသားတော်အတွင်း၌ရှိသော အရိုးတော် သွားတော် မျက်ဖြူတော် စသည်တို့မှာ လွန်စွာဖြူဝင်း သန့်ရှင်းတင့်တယ်ပါပေကုန်၏။ ထိုသို့ ပင်ကိုယ်အားဖြင့် ဖြူဝင်းသော ကိုယ်အင်္ဂါတော် အစိတ်အပိုင်းမှ သြဒါတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤသြဒါတရောင်ခြည် ထွက်တော်မူသောအခါ ငွေအရောင်တောက်သော လရောင်အဆင်း၊ ငွေပြားငွေထည်အဆင်း၊ ကူးသန်းသွားလာသော ငွေရည်အယဉ် ငွေပန်းအဆင်း စသည်တို့နှင့်တူစွာ အလွန်ကြည်ညိုဖွယ်ရှိသော ဖြူဝင်းသောအရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း၊ ထို့ထက် ကြီးမားစွာလည်းကောင်း၊ အနှံ့အပြား ပျံ့နှံ့ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ လောဟိတရောင်ခြည်တော်။ ။ ဘုရားရှင်၏ အရေတော်အတွင်းက အသားတော် အသွေးတော်နှင့် နှုတ်ခမ်းတော် စသည်တို့မှာ လွန်စွာနီမြန်းပါပေကုန်၏။ ထိုကဲ့သို့ ပင်ကိုယ်အားဖြင့် နီမြန်းထွေးသော ဟင်္သပဒါးသွေးနှင့်တူသော ကိုယ်အင်္ဂါအစိတ်အပိုင်းမှ TRANG 9 လောဟိတရောင်ခြည်တော်များ ထွက်တော်မူကြသည်။ ဤလောဟိတရောင်ခြည် ထွက်တော်မူသောအခါ ကမ္ဗလာနီအဆင်း၊ “သန္တာ” ဟုခေါ်အပ်သော ရတနာနီအဆင်း၊ ကြာနီပွင့်အဆင်း၊ ပတ္တမြားယပ်အဆင်း စသည်တို့နှင့်တူစွာ ကြည်ညိုဖွယ်ကောင်းသော အနီရောင်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်၌ အိမ်လုံးတောင်လုံးခန့်မျှလည်းကောင်း၊ ထို့ထက် ကြီးမားစွာလည်းကောင်း၊ ပျံ့နှံ့ ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ မဉ္ဇိဋ္ဌရောင်ခြည်တော်။ ။ မောင်းသော အဆင်းရှိသော မဉ္ဇိဋ္ဌရောင်ခြည်တော်များကား အဝါဖက်လည်းမကျ၊ အနီဖက်လည်းမကျ၊ နီကြင်ကြင် ဝါကြင်ကြင်ရှိသော ကိုယ်အင်္ဂါတော်၏ ထိုထိုအရပ်မှ ထွက်တော်မူကြသည်။ ဤမဉ္ဇိဋ္ဌရောင်ခြည် ထွက်တော်မူသောအခါ အချို့အရပ်တို့၌ရှိသော ထန်းကျင်ပင်၊ သို့မဟုတ် “နီပဆေး” ဟု ခေါ်အပ်သော သစ်ပင်၏အတွင်းသား အဆင်းကဲ့သို့ အဝါရင့်၊ ပန်းရောင်အစု၊ အနီနုသဏ္ဌာန် အင်မတန် ကြည်ညိုဖွယ်ကောင်းသော ရောင်ခြည်တော်တို့သည် ဘုရားရှင်၏ ထက်ဝန်းကျင်အရပ်တို့၌ အိမ်လုံး တောင်လုံးခန့်မျှလည်းကောင်း၊ ထို့ထက် ကြီးမားစွာလည်းကောင်း၊ အနှံ့အပြား ကွန့်မြူးလျက် အထူးကျက်သရေရှိပါပေသည်။ ပဘဿရရောင်ခြည်တော်။ ။ ပြိုးပြိုးပြက်ထွက်သော “ပဘဿရ” ရောင်ခြည်တော်၏ အဆင်းကား ရှေ့ရောင်ခြည်တော် ငါးသွယ်၏ အဆင်းပင်ဖြစ်သည်။ ထွက်တော်မူပုံ ထူးသောကြောင့် ရောင်ခြည်တော်တစ်ပါးဟု ခွဲထားရသည်။ ရှေ့ရောင်ခြည်တော်များမှာ TRANG 10 အဆက်မပြတ်ဘဲ အိမ်လုံး တောင်လုံးခန့် စသည်ဖြင့် ကြီးကြီးမားမား ကျယ်ဝန်းစွာ ပျံ့နှံ့ကွန့်မြူးလျက် ထွက်တော်မူကြသည်။ ဥပမာ-ညိုသောရောင်ခြည်တော်ဆိုလျှင် လကွယ်သန်းခေါင် အခါ၌ ညိုမှောင်နေသကဲ့သို့ တစ်ဆက်တည်း ညိုမှောင်နေသည်။ ဤ “ပဘာသရ” ရောင်ခြည်တော်ကား တစ်ဆက်တည်းမဟုတ်၊ ကောင်းကင်ဝယ် လျှပ်စစ်ပြတ်သလို ပြိုးခနဲ ပြတ်ခနဲ လက်ခနဲဖြစ်ကာ အရောင်အမျိုးမျိုးဖြာလျက် တစ်မျိုးအားဖြင့် ကျက်သရေရှိအောင် ထွက်တော်မူကြသည်။ ဤကဲ့သို့ လင်းခနဲ လက်ခနဲနှင့် ပြိုးပြိုးပြတ် ထွက်တော်မူရာဝယ် “ပိုးစုန်းကြူး” ဟု ခေါ်အပ်သော ပိုးကောင်ကလေးများ ညအခါ၌ လက်သလို သေးသေးသိမ်သိမ် မဟုတ်။ မှန်အပြင် ကြေးမုံအပြင်ပေါ်မှာ လရောင် ဓာတ်မီးရောင်ဟပ်သကဲ့သို့ ကတ်ကတ်သတ်သတ် မထင်မရှားဖြင့် မလင်းတလင်းမျိုးလည်း မဟုတ်၊ ကြီးကြီးမားမား ထင်ရှားစွာ ထွက်တော်မူပေသည်။ ရောင်ခြည်တော်ပြဿနာ။ ။ပြခဲ့သည့်အတိုင်း “ရောင်ခြည်တော်” ဟူသည် ဘုရားရှင်၏ ကိုယ်ခန္ဓာ၌တည်ရှိသော အဆင်းတော်နှင့်တူစွာ အတွင်းစိတ်တော်၏ ကြည်လင်သန့်ရှင်းမှုကြောင့် တန်ခိုးဣဒ္ဓိပါဒ်တော်အစွမ်းဖြင့် အဆက်ဆက် ဖြာ၍ထွက်သော အရောင်များပင်ဖြစ်သည်။ ယခုအခါ၌ လရောင် ဓာတ်မီးရောင်စသည်တို့ ဟတ်သဖြင့် ဘုရားရှင်နှင့်စပ်သော အရာဝတ္ထုများ၌ တစ်ခုခု အရောင်ကလေးတွေ့လျှင် “တကယ် ရောင်ခြည်တော်ပဲ” ဟု ပြောကြဆိုကြ ကောလာဟလဖြစ်နေကြသည်မှာ ဘာသာခြားလူမျိုးတို့ ပြက်ရယ် ပြောင်လှောင်စရာ ဖြစ်သောကြောင့် အဆင်ခြင်နည်းပါးသူ အချို့လူများအတွက် ဘုရားရှင်ကိုယ်တော်မြတ်မှာ ဂုဏ်တော်မတက်ဘဲ ဂုဏ်ပျက်ဖွယ်သာရှိသဖြင့် ဝမ်းနည်းဖွယ်ကောင်းလှချေသည်။ TRANG 11 မင်းတုန်းမင်းတရားကြီး လက်ထက်က ရွှေပြည်များ၏ ပယောဂဖြင့် မန္တလေး မဟာမြတ်မုနိရုပ်ပုံတော်မှ ခဏခဏ ရောင်ခြည်တော် လွှတ်နေကြောင်းကို မင်းတုန်းမင်းတရားကြီး ကြားသိတော်မူ၍ “ယနေ့ကစပြီး ဘုရားက ရောင်ခြည်တော် မလွှတ်စေနှင့်” ဟု တားမြစ်ရဖူးသတဲ့။ မိလိန္ဒမင်းအား အရှင်နာဂသိန် ဖြေပုံ ဤနေရာဝယ် စေတိယပဋိဟာရိယ အခန်း၌ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူပုံကို မှတ်သားသင့်၏။ အရှင်နာဂသိန်။ ။မဟာရာဇာ-အကြောင်း ၃-မျိုးတွင် တစ်မျိုးမျိုးကြောင့် စေတီတော်မှ ရောင်ခြည်တော်စသော တန်ခိုးများကို ဖူးမြင်ကြရသည်။ (၁) ရဟန္တာတစ်ပါးသည် ပရိနိဗ္ဗာန်စံတော်မမူမီကပင် လူနတ်တို့ကို သနားတော်မူသောကြောင့် “ငါ၏ အရိုးဓာတ် ဌာပနာရာစေတီတော်မှ မည်သည့်တန်ခိုးမျိုး ထွက်ပေါ်ရစေသတည်း” ဟု အဓိဋ္ဌာန်တော်မူတတ်၏။ ထိုအဓိဋ္ဌာန်တော်မူချက်ကြောင့်လည်း စေတီတော်မှ ရောင်ခြည်တော်စသော တန်ခိုးများ ပေါ်ထွက်တတ်ပေသည်။ (၂) သာသနာအကျိုးကို များစွာလိုလားသော နတ်တို့သည် “စေတီတော်၌ တန်ခိုးပြရလျှင် သာသနာတော်ကို ပိုမို၍ ကြည်ညိုကြလိမ့်မည်၊ ကြည်ညိုသူတို့မှာ ကုသိုလ်တရားတို့ပွားလိမ့်မည်” ဟု ကောင်းမြတ်သောဆန္ဒဖြင့် တန်ခိုးပြတတ်ကြ၏။ TRANG 12 ထိုသို့ နတ်များ၏ တန်ခိုးပြမှုကြောင့်လည်း စေတီတော်မှ တန်ခိုးပေါ်ထွက်တတ်ပေသည်။ (၃) သဒ္ဓါတရား ထက်သန်သော အမျိုးသား အမျိုးသမီး လူကြီး လူကောင်းတို့သည် ပန်း၊ နံ့သာ၊ အဝတ်စသော လှူဖွယ်ဝတ္ထုများကို စေတီတော်သို့ တင်လှူလျက် “မည်သည့် တန်ခိုးများ ပြပါစေသား” ဟု အဓိဋ္ဌာန်တတ်ကြ၏။ ထိုသို့ သဒ္ဓါထက်သန်သူတို့၏ ထူးခြားသော အဓိဋ္ဌာန်မှုကြောင့်လည်း စေတီတော်မှ တန်ခိုးထွက်ပေါ်တတ်ပေသည်။ ဤသို့ မိလိန္ဒမင်းအား အရှင်နာဂသိန် မိန့်တော်မူသည်။ ဤအမိန့်တော်ကို ထောက်ထားလျှင် ဘုရားရှင်နှင့် ရဟန္တာများ၏ အထူး အဓိဋ္ဌာန်ထားချက်မရှိသော စေတီတော်မှ ရောင်ခြည်တော်များ ထွက်ဖို့ရန် မဖြစ်နိုင်။ အကယ်၍ ရောင်ခြည်တော် ထွက်ရိုးမှန်လျှင်လည်း ဆိုင်ရာနတ်များက ဆောင်ပြင်ခြင်းသာ ဖြစ်ရာ၏။ ဘုရားရှင်၏ အဓိဋ္ဌာန်တော်မူချက်ကြောင့် မဟာဗောဓိပင်မှလည်းကောင်း၊ အရိုးဓာတ်တော်များမှလည်းကောင်း၊ ရောင်ခြည်တော်များ ခမ်းနားစွာ ကွန့်မြူးကြောင်း၊ သာသနာကွယ်သောအခါ ဓာတ်တော်အားလုံး စုရုံး၍ ဘုရားပွင့်တော်မူရာ မူလမဟာဗောဓိပင်သို့ ကြွတော်မူပြီးလျှင် ရောင်ခြည်တော်များ ကွန့်မြူးကြလိမ့်မည် အကြောင်းမျှသာ ကျမ်းဂန်၌ လာသည်။ ထို့ကြောင့် ရုပ်ပွားစေတီတော်များမှထွက်သော ရောင်ခြည်တော်ကို ဖူးရသည် ဖြစ်စေ၊ မဖူးရသည်ဖြစ်စေ ဤရောင်ခြည်တော်ဖွင့် ဘုရားရှိခိုးမှာလာသည့်အတိုင်း သက်တော်ထင်ရှား ဘုရားရှင်၏ ထက်ဝန်းကျင်ဝယ် အလွန် ကြည်ညိုဖွယ်ကောင်းသော ရောင်ခြည်တော် ခြောက်သွယ်တို့၏ စံပယ် ကွန့်မြူးနေပုံကို စိတ်ကူးဉာဏ်ဖြင့် မှန်းဆ၍ မိမိတို့ အိမ်မှာဖြစ်စေ၊ စေတီတော် ဆင်းတုတော် အနီးအပါးမှာဖြစ်စေ၊ ဘုရားအာရုံပြုရင်း ရောင်ခြည်တော်များ ထွက်တော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ကြိုးစားကြပါ။ သူကငါက လုပ်၍ပြသော အတုရောင်ခြည်များကို ဘုရားရောင်ခြည်တော်ဟု မထင်မှတ်ပါစေနှင့်။ TRANG 13 စေတီတော်ဖွင့် (ကျက်မှတ်ရန်) စရံ ယော ယဒိဝါ တိဋ္ဌံ၊ နိသိန္နော ဥဒဝါ သယံ။ နိဗ္ဗာယံ ဓာတုဘာဝေန၊ ဟိတံ သတ္တောနမာစရေ။ ယော ဘဂဝါ-အကြင် ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ စရံ ဝါ-သံဃာတော်များ၊ ရှေ့တော်များက၊ ကြွသွားထို၍၊ စက်တော်ချီလျက်လည်းကောင်း၊ ယဒိ ဝါ တိဋ္ဌံ-မကြွမသွား၊ ရွှေတောင်လားသို့၊ မားမားမတ်မတ်၊ ရပ်တော်မူလျက် လည်းကောင်း၊ နိသိန္နော-ပရိသတ်အလယ်၊ ရောင်ခြောက်သွယ်ဖြင့်၊ ထက်ဝယ်ဖွဲ့ခွေ၊ ထိုင်နေတော်မူလျက်လည်းကောင်း၊ ဥဒဝါ သယံ-အမေးပုစ္ဆာ၊ ဖြေရှင်းကာဖြင့်၊ ညဉ့်ခါကျောင်းပေါ်၊ လျောင်းတော်မူလျက်လည်းကောင်း၊ နိဗ္ဗာယံ-ဝါလေးဆယ့်ငါး၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန်၊ ဝင်စံတော်မူခါနီးသည်ရှိသော်၊ ဓာတုဘာဝေန-နောင်ခါစင်စစ်၊ ကိုးကွယ်ရပ်ဖို့၊ အနှစ်အမွေ၊ ဓာတ်တော်အနေဖြင့်လည်းကောင်း၊ သတ္တာနံ-သုံးတိုက်ဝေနေ၊ ဗိုလ်ခြေများစွာ၊ သတ္တဝါတို့၏၊ ဟိတံ-လူ့ရွာနတ်ဌာန၊ နိဗ္ဗာန်အထိ၊ ချမ်းသာရှိကြောင်း၊ ကောင်းသောအစီးအပွားကို၊ အာစရေ-ရင်သွေးရာဟု၊ ပမာရှုလျက်၊ အမှုသင့်စွာ၊ ပြုကျင့်ပါပေသည်တကား။ TRANG 14 ကြည့်ရှုရန် အဓိပ္ပာယ် ဘုရားရှင်သည် “သတ္တဝါအများကို သံသရာဝဲမှ ကယ်တင် တော်မူမည်” ဟု ရည်ရွယ်တော်မူပြီးလျှင် ဘုရားဖြစ်ဖို့ရန် ပါရမီတော်များကို ဖြည့်ကျင့်တော်မူခဲ့သည့် အားလျော်စွာ ဘုရားဖြစ်သောအခါ တည်နေရမည့် အသက်တမ်းကာလလည်း လွန်စွာတိုလှ၍၊ သတ္တဝါများ၏ သန္တာန်မှာလည်း တရားကင်းမဲ့လှသဖြင့် လေးဆယ့်ငါးနှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ အားလပ်ခွင့်ရ တော်မူဘဲ သတ္တဝါတို့၏အကျိုးကို ပြုကျင့်ရင်း အချိန်ကုန်စေတော်မူပါသည်။ နေ့အချိန်။ ။ဆွမ်းဘုဉ်းပေးတော်မူမီ ဆွမ်းခံကြွတော်မူရင်းလည်း လူအပေါင်းကို သင့်လျော်အောင် ဟောပြောဆုံးမတော်မူရ၏။ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ရဟန်းသံဃာတော်များ ဆည်းကပ်လာကြသောအခါ ဆုံးမဩဝါဒနှင့် ကမ္မဋ္ဌာန်းတရားကို ပေးတော်မူရ၏။ ထို့နောက် ရဟန်းများ ပြန်ကြကြသဖြင့် ခေတ္တမျှကိန်းအောင်း တော်မူပြီး၍ ထတော်မူသောအခါ တစ်လောကလုံးကို သိမ်းကျုံး လျက် ချေချွတ်သင့်သော သတ္တဝါအများကို ကြည့်ရှုတော်မူရ၏။ ထို့နောက် ဆိုင်ရာမြို့ရွာများမှ ရောက်လာသော လူပရိသတ်ကို တရားဟောတော်မူရ၏။ ထို့နောက် ညနေစောင်း၍ လူအများ ပြန်သွားသောအခါ ရေသုံးသပ်တော်မူပြီးလျှင် ခေတ္တခဏနားနေ တော်မူစဉ် နေဝင်လေ၏။ ညဉ့်အချိန်။ ။နေဝင်ပြီးနောက် ညဉ့်ဦးယံအခါ၌ ရောက်လာသော ရဟန်းတော်များတွင် အချို့က ကမ္မဋ္ဌာန်းတောင်း၊ အချို့က ပုစ္ဆာလျှောက်၊ အချို့ကလည်း တရားတောင်းလေရာ အားလုံး၏ TRANG 15 အလိုဆန္ဒကို ပြည့်ဝစေလျက် ညဉ့်ဦးယံကို ကုန်စေတော်မူပါသည်။ သန်းခေါင်ယံအခါ ရဟန်းတော်များ ပြန်ကြ၍ မကြာမီပင် လူခြေတိတ်ချိန်မှာ စကြာဝဠာတစ်သောင်းမှ အချို့သော နတ်ဗြဟ္မာ အပေါင်းတို့ လာရောက်၍ ပုစ္ဆာမေးကြ၊ တရားတောင်းပန်ကြပြန်ရာ ဖြေရှင်းရင်း ဟောပြောတော်မူရင်းဖြင့်ပင် သန်းခေါင်ယံအချိန်ကို ကုန်လွန်စေတော်မူ၏။ မိုးသောက်ယံအခါ။ ။မိုးသောက်ယံအခါကို သုံးပိုင်း ပိုင်း၍ ရှေ့ဦးတစ်ပိုင်းအချိန်၌ စင်္ကြံကြွတော်မူ၏။ အလယ်ပိုင်း၌ ကိန်းစက်တော်မူပြီးလျှင် အရုဏ်မတက်ခင် ခပ်စောစောအပိုင်း၌ ရှေးရှေးသော သာသနာက ဖြည့်ကျင့်ခဲ့၍ ကောင်းမှုပါရမီ စုံညီပြည့်ဝသဖြင့် ချေချွတ်သင့် သူတို့ကိုကြည့်ရှု ဆင်ခြင်တော်မူ၏။ ထို့နောက် အလင်းရောက်၍ အချိန်ကျက ဆွမ်းခံကြွတော်မူရ၏။ ဤသို့လျှင် ရင်သွေးတော် ရာဟုလာနှင့်မခြားဘဲ သတ္တဝါအများကို သနားတော်မူသဖြင့် သတ္တဝါတို့၏ အကျိုးကိုသာ အမြဲပြုကျင့်တော်မူပေသည်။ ကြွချီတော်မူပုံ။ ။နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်ကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူရင်းလည်း ဝေနေယျတို့၏ အကျိုးသည်ပိုးဆောင်ရွက်တော်မူ၏။ ထို့ကြောင့် ယခုအခါ ကြွသွား တော်မူပုံ ရေးသားထုလုပ်ထားအပ်သော ရုပ်ပုံ၊ ရုပ်ပွားဆင်းတုတော်များကို ဖူးရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွားတို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံတွင်က TRANG 16 အသက်ရှင်တုန်းက မိဘဘိုးဘွားကိုပါ တစ်ခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေပါ ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြပါ။ ရပ်တော်မူပုံ။ ။ကြွသွားတော်မူဘဲ ရွှေတောင်ကြီးအလား ကဲ့သို့ မားမားမတ်မတ် တန့်ရပ်တော်မူလျက်လည်း ဝေနေယျတို့၏ အကျိုးစီးပွားကို သည်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ယခုအခါ ရပ်တော်မူနေပုံကို ရေးသားထုလုပ်အပ်သော ရုပ်ပုံ၊ ရုပ်ပွားဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်က ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင်ဖြစ်လာအောင် အလွန်ရိုသေစွာ ဖူးမြော်ကြပါ။ ထိုင်နေတော်မူပုံ။ ။ပရိသတ်အလယ်မှာ ရောင်ခြည်တော် ခြောက်သွယ်ကို တစ်ခါတစ်ရံ လွှတ်တော်မူပြီးလျှင် ထက်ဝယ်တင် ပလ္လင်ဖွဲ့ခွေတော်မူလျက်လည်း တရားဟောပြောကာ သတ္တဝါအများ၏အကျိုးကို သည်ပိုးရွက်ဆောင်တော်မူခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ တင်ပလ္လင်ခွေ ထိုင်နေတော်မူပုံကို ရေးသားထုလုပ် အပ်သော ရုပ်ပုံ၊ ရုပ်ပွားဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏အနီး၌ တရားဓမ္မသြဝါဒတော်ကို နာကြားနေရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြပါ။ TRANG 17 လျောင်းတော်မူပုံ။ ။ညဉ့်အခါ ဂန္ဓကုဋိတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက်လည်း နတ်ဗြဟ္မာများ၏ လျှောက်ထားသမျှ ပုစ္ဆာတို့ကို ဖြေရှင်းဟောပြော၍ သတ္တဝါတို့၏အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ “ရွှေသာလျောင်း” ဟု ခေါ်အပ်သော လျောင်းတော်မူပုံကို ဖူးမြော်ရသည်ရှိသော် သက်တော်ထင်ရှား မြတ်စွာဘုရား၏ အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို ထင်မြင် လာအောင် ဖူးမြော်ကြပါ။ ဓာတ်မွေ့တော်များ။ ။ဘုရားရှင်သည် ၂၉-နှစ် အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ် အရွယ်မှာ ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈၀-ပြည့်မှာ ပရိနိဗ္ဗာန်စံတော်မူသောကြောင့် ဘုရားအဖြစ်၌ ဝါတော် ၄၅-ဝါမျှသာ သီတင်းသုံးတော်မူရသည်။ ထို ၄၅-ဝါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာတော်ကို ယုံကြည်သူတို့ ကိုးကွယ်ရစ်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့်အနေ အားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ [သက်တော်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမွှာမွှာ မဖြစ်ဘဲ တစ်လုံးတစ်ခဲတည်း တည်ရစ်တော်မူ၏။] ထို့ကြောင့် ဓာတ်တော်များကို ဖူးမြော်ရသောအခါ၌လည်းကောင်း၊ ဓာတ်တော်များကို ဌာပနာ ထားသော စေတီပုထိုးတော်ကို ဖူးမြော်ရသောအခါ၌လည်းကောင်း၊ ဓာတ်တော် စေတီတော် TRANG 18 လောက်တွင် စိတ်မထားဘဲ (မိဘဘိုးဘွား၏ အရိုး၊ သို့မဟုတ် အရိုးအိုးကို မြင်ရသောအခါ မိဘဘိုးဘွားများလည်း ထင်ယောင် မြင်ယောင် ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြပါ။ စေတီတော် ၄-ပါး။ ။(လူတို့၏ အမြတ်တနိုး ကိုးကွယ်ရာဌာနကို ပါဠိလို “စေတိယ” မြန်မာလို “စေတီ” ဟု ခေါ်သည်။) မိမိတို့ အယူဝါဒ အားလျော်စွာ ကိုးကွယ်အပ်သော သစ်ပင်ကြီး၊ တောင်ကြီး၊ သဲပုံ၊ အုတ်ပုံ၊ ရုပ်တုဟူသမျှတို့ စေတီမည်ကြသည်သာ။ ထို့ကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ အုတ်ပုံ သဲပုံများကိုသာ စေတီဟု ခေါ်ဝေါ်နေ ခြင်းသည် မစုံလင်သော ခေါ်ဝေါ်ခြင်းသာတည်း။ ထိုသို့ စေတီတော် အမျိုးမျိုး ရှိသည့်တွင် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်အပ်သောစေတီသည် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီဟု ၄-မျိုးရှိ၏။ ဓာတုစေတီတော်။ ။(ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကျန်ရှိ ရစ်သော အရိုးဓာတ်တော်များသည် ဓာတုစေတီမည်၏။) အမွေအနှစ် အဖြစ်ဖြင့် ဘုရားရှင်ထားခဲ့တော်မူသောကြောင့် “ဓမ္မေတာ” ဟုလည်း ခေါ်ကြ၏။ အမွေအနှစ်တော်ဟု ဆိုလိုသည်။ ထိုဓာတ်တော်များတွင် အကြီးဆုံးသည် ပဲနောက်ခြမ်းခန့်ရှိ၏။ အလတ်စားဓာတ်တော်မှာ ဆန်ကျိုး ဆန်ကွဲခန့်ရှိ၏။ အငယ်ဆုံး ဓာတ်တော်ကား မုန်ညင်းစေ့ခန့်ရှိသည်။ ဓမ္မစေတီတော်။ ။(ဘုရားရှင်၏ တရားပိဋကတ်တော်များသည် ဓမ္မစေတီတော်မည်၏။) ထိုပိဋကတ်တော်ဖြစ်သော တရားဓမ္မများသည် ရိုသေမြတ်နိုး ရှိခိုးကိုးကွယ်ရုံသာမက ထိုတရားတော်အတိုင်း ကျင့်ကြ TRANG 19 ရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အဖို့မှာ လွန်စွာအားကိုးလောက်သော စေတီတော်ပါပေတည်း။ ဥဒ္ဒိဿစေတီတော်။ ။ဥဒ္ဒိဿဟူသော ပါဠိသည် ရည်စူးအပ် ရည်ညွှန်းအပ်သော အရာဝတ္ထုကို ဟော၏။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်ညွှန်း၍ ဘုရားရှင်ပုံဟန်တော်၏ အတုပြုလုပ်အပ်သော ရုပ်တော်မူပုံ၊ ထိုင်တော်မူပုံ၊ လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီတော်ဟု မှတ်ပါ။ ထိုဥဒ္ဒိဿစေတီတော်များကို ရုပ်ပွားတော်၊ ဆင်းတုတော်ဟုလည်း အမည်ပေးကြသည်။ [ဘုရားရှင်၏ ရုပ်ပုံတော်ကို အတုပြု၍ထားသောကြောင့် “ရုပ်ပွားတော်” ဟုလည်းကောင်း၊ ဘုရားရှင်၏ အဆင်းသဏ္ဌာန် တော်ကို အတုပြုထားသောကြောင့် “ဆင်းတုတော်” ဟုလည်းကောင်း အမည်ပေးခြင်းတည်း။ ရုပ်ပွားတော် ဆင်းတုတော်မပါဘဲ စိတ်ထဲ၌သာ အာရုံပြု အပ်သော ပုံတော်ကိုလည်း “ဥဒ္ဒိဿစေတီတော်” ဟု ခေါ်နိုင် ပါသည်။] ပရိဘောဂစေတီတော်။ ။ဘုရားရှင်၏ အသုံးအဆောင်ကို ပါဠိလို “ပရိဘောဂ” ဟုခေါ်၏။ ထို့ကြောင့် ဓာတ်တော်ဌာပနာထားသော အုတ်သား စေတီတော်၊ ရုပ်ပွားတော်ကိန်းဝပ်ရာဖြစ်သော ပြသာဒ် စသည်၊ ဗောဓိပင်၊ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော သပိတ်၊ သင်္ကန်းများကို “ပရိဘောဂစေတီတော်” ဟု မှတ်ပါ။ ဘုရား-ပုထိုး။ ။“ဘုရား-ပုထိုး” ဟူသော အသုံးအနှုန်းကို ယုဒယမှ ကူးစက်လာသော အသုံးဟု ကြံကြ၏။ ယုဒယလူမျိုးများက ဆင်းတု စေတီတော်များကို စာရေးသောအခါ “ဝရား-ဗုဒ္ဓေါ” ဟုရေး၍ ဖတ်သော အခါ “ဖရား-ဗုတ်ထိုး” ဟု အသံထွက်၏။ ထိုအသံထွက်ကိုလိုက်၍ မြန်မာ တို့က “ဘုရား-ပုထိုး” ဟု ရေးဟန်တူ၏။ TRANG 20 ထိုယုဒယအသုံးဖြစ်သော “ဖရား-ဗုဒ္ဓေါ” စကား၌လည်း “ဝရား မြတ်သော+ဗုဒ္ဓေါ-ဘုရား၊ မြတ်သောဘုရား-မြတ်စွာဘုရား” ဟု ဆိုလို သည်။ ထို့ကြောင့် “ဝရား-ဘုရား-ဘုရား” ဤ ၃-မျိုးသည် ပါဠိ၊ ယုဒယ၊ မြန်မာအသုံးအားဖြင့် ကွဲပြားသော်လည်း “မြတ်” ဟူသော အနက်အားဖြင့် တူ၏။ “ဗုဒ္ဓေါ-ဗုတ်ထိုး-ပုထိုး” ဤ ၃-မျိုးလည်း ပါဠိ၊ ယုဒယ၊ မြန်မာအသုံးအဖြစ် ကွဲပြားသော်လည်း “ဘုရားရှင်” ဟူသော အနက် အားဖြင့် တူမျှသည်ဟု မှတ်ပါ။ [ယခုကာလ၌ “ဗုဒ္ဓမပါလျှင် စေတီ၊ ဗုဒ္ဓပါလျှင် ပုထိုး” ဟု ပြောကြသည်မှာ အခြေအမြစ်ကို မစဉ်းစားနိုင် ခြင်းကြောင့် ဖြစ်ရလေသည်။] ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ ဗုဒ္ဓါနုဿတိ။ ။ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများရာ၌ “ဘုရားရှင်၏ ပုံပြင်တော်ကို အာရုံပြု၍ စီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်” ဟု ပြောကြသည်။ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပါယ်ပုံသည် ဘဝေါဂုဏ်တော်၌ ပါဝင်သော သီရိဘုန်းတော်ပင် တည်း။ ထို့ကြောင့် ရုပ်ပုံတော်ဖြင့်၊ ရောင်ခြည်တော်ဖြင့်၊ စေတီတော် ဖြင့်၊ အခန်း ၃-ပိုင်းကိုပြု၍ စဉ်းစားသောအခါ ဗုဒ္ဓရှင်တော်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ် တော်မူပုံ၊ တစ်ခါတစ်ရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့်သာ၍ သပ္ပါယ်တော်မူပုံ၊ ထိုမျှလောက် တင့်တယ်သပ္ပါယ်တော်မူသော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တဝါများ၏အကျိုးကို TRANG 21 ပရိနိဗ္ဗာန်စံတော်မူချိန်အထိ ဆောင်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာ ထင်မြင်လာပါလိမ့်မည်။ ထိုသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေဘဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို “ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတစ်မျိုး” ဟု မှတ်ပါ။ [ဗုဒ္ဓ=ဘုရားကို+အနု=အဖန်တလဲလဲ အထပ်ထပ်+သတိ=အမှတ်ရနေခြင်း။] ထိုအာရုံယူမှု၏ ရှေးသူတော်ကောင်းတို့ ထုံးဟောင်းတစ်ခု ဖြစ် ကြောင်းကို မှတ်သားဖို့ရာ ဗုဒ္ဓအပဒါန်ပါဠိတော်မှ ထုတ်ပြဦးမည်။ စကြာမင်း စိတ်ကူးပုံ။ ။ရှေးလွန်လေပြီးသောအခါ ငါတို့၏ ဘုရားလောင်းတော်သည် တစ်ခုသောဘဝဝယ် “တိလောကဝိဇယ” မည်သော စကြာမင်းဖြစ်ခဲ့ဖူး၏။ ထိုမင်းသည် သံဃာတော်အများ နှင့်တကွ ရှေးရှေးသော ဗုဒ္ဓရှင်တော်မြတ်တို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း စိတ်ထဲ၌ ထင်မြင်လာအောင် စိတ်ကူး၏။ စိတ်ကူးသည့်အတိုင်း ထင်လာသော ဘုရားရှင်ကို လက်အုပ်ချီ၍ ဦးခေါင်းညွတ်လျက် နှစ်သက်ကြည်ညိုလှစွာ ရှိခိုးဦးချ၏။ ထိုမျှဖြင့် အားမရသေးဘဲ ရတနာမျိုးစုံဖြင့် ခြယ်လှယ် အပ်သော “ဝေဇယန္တာ” မည်သော ရတနာဗိမာန် ပြသာဒ်တော် ကြီးကို အထပ်ပေါင်းများစွာဆင့်လျက် စိတ်ကူးဖြင့် ဖန်ဆင်းလျက် ရှိ၏။ ထိုဗိမာန်ကြီးဝယ် တင့်တယ်သာနားသော အခင်းမျိုးစုံကို လည်း စိတ်ကူးဖြင့် ခင်းထား၏။ သူ့နေရာနှင့်သူ ရေပြည့်အိုး၊ ပန်းပြည့် ရေတကောင်းများကိုလည်း တည်ထား၏။ ထို့နောက် ကျယ်ပြန့်သော တံခါးကြီးများမှ နောက်ပါသံဃာတော်များနှင့်တကွ TRANG 22 ဘုရားရှင်များစွာ ပစ္စေကဗုဒ္ဓါများစွာတို့မှာ မိမိ၏ ပင့်ဖိတ်ချက်အရ ကြွတော်မူလာကြ၍ ရွှေသားအတိပြီးသော ပလ္လင်တော်များဝယ် အသီးသီး ထိုင်နေတော်မူပုံ စိတ်ကူးလေသည်။ လှူဒါန်းပုံ။ ။ထို့နောက် လူ့ပြည် နတ်ပြည်ရှိသမျှ အထည် ကောင်းတို့ကို စုပေါင်းဆောင်ယူလျက် ထိုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သံဃာတော်တို့အား ၃-ထည်သော (တိစီဝရိက်) သင်္ကန်းကို လှူဒါန်း၍ မွန်မြတ်သော ခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာအဖြာဖြာ တို့ဖြင့် သပိတ်အသီးသီးသို့ အပြည့်ထည့်၍ ဆက်ကပ်နေပုံကို စိတ်ကူးပြန်လေသည်။ အသီးသီး ဆွမ်းဘုဉ်းပေးပြီးသောအခါ ဘုရားပစ္စေကာ အရိယာသံဃာတော်တို့သည် ဗိမာန်ကြီး၌ အသီး အသီးသော ရတနာတိုက်ခန်းသို့ဝင်ကာ ခေတ္တခဏမျှ ကိန်းအောင်း တော်မူပြီးနောက် ကိန်းအောင်းရာမှထ၍ တစ်ချို့က ဈာန်ဝင်စား နေပုံ၊ တစ်ချို့က ပြဿနာမေးပုံ၊ ဖြေပုံများကိုပါ စိတ်ကူးလေသည်။ မွမ်းမံခြယ်လှယ်ပုံ။ ။ဘုရားပစ္စေကာ အရိယာသံဃာတော် တို့သည် ဈာန်ဝင်စားမှုစသော အလိုတော်ရှိရာကိစ္စဖြင့် မွေ့လျော် တော်မူနေစဉ် ထိုအရှင်မြတ်တို့၏အထက်တွင် ရတနာထီးဖြူ ဆောင်လျက် မွှေးကြိုင်သော ပန်းမျက်နှာကျက်တွေ တဝေဝေနှင့် ထီးများ၏ ပတ်ဝန်းကျင်ဝယ် နီမြန်းသော ဇာပန်းတွေ တွဲလျားကျ နေပုံ၊ ရတနာဗိမာန်၏ အရပ်လေးမျက်နှာတို့၌ ကြာမျိုးငါးပါးဖြင့် တင့်တယ်သော ရေကန်ကြီးများ တည်နေပုံ၊ ပတ်ဝန်းကျင်ဝယ် TRANG 23 တည်ရှိနေသော ပန်းဥယျာဉ်၏ ပန်းပင်များမှ ပန်းဝတ်မှုန့်တို့သည် အထက်သို့ လွင့်တက်ကာ ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ၊ ရွှေခုံပေါ်၌ ရောင်စုံမီးတိုင်များကို စကြာဝဠာအနှံ့စိုက်၍ ညှိထွန်း ထားပုံ၊ သစ်ပင်များနှင့် တောင်ထိပ်တိုင်း၌ အလံတလူလူ စိုက်ထူ ထားပုံတို့ကိုပါ စိတ်ကူးလေသည်။ ပရိသတ်များ။ ။ထိုမျှလောက် ကြည်နူးဖွယ်ကောင်းသော ဗိမာန်တော်ကြီး၏ အနီးအပါး၌ သိဆိုတီးမှုတ် မပြတ်သူတို့လည်း မနေနိုင် မထိုင်နိုင် ပျော်မြူး၍ ကြည်နူးသောစိတ်ဖြင့် ကကြ၊ သီဆို ကြ၊ တီးမှုတ်ကြပုံ၊ လူ၊ နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗမကျန် သူတော်ကောင်းမှန်သမျှလည်း အသီးသီး လက်အုပ် ချီကာ အရိယာတို့ သီတင်းသုံးရာဖြစ်သော ထိုဗိမာန်အနီးသို့ ချဉ်းကပ်လာကြပုံ၊ ထိုပရိသတ်အား စကြာမင်းကြီးက မိမိပြုအပ် သော ကုသိုလ်၏အဖို့ကို အမျှဝေစကား ပြောကြားနေပုံ၊ ဤနေရာ သို့ မရောက်လာသေးသူတို့အား နတ်များကတစ်ဆင့် ပြောပြနေပုံ တို့ကိုပါ စိတ်ကူးလေသည်။ အကျိုးရပုံ။ ။ထိုကဲ့သို့ အလှူဒါနကြီးကို စိတ်ကူးဖြင့် ပေးလှူ သော စကြာမင်းကြီးသည် နတ်ရွာစံ ကံတော်ကုန်သောအခါ ထို ကောင်းမှုကြောင့် တာဝတိံသာ၌ ဖြစ်ရလေသည်။ ထိုကောင်းမှု စေတနာစုကြောင့် နတ်ပြည်မှ လူပြည်သို့လည်းကောင်း၊ လူပြည်မှ နတ်ပြည်သို့လည်းကောင်း၊ စုတေရွှေ့ပြောင်း၍ ဖြစ်လေရာ၌ ပညာ TRANG 24 အရည်အချင်း ရုပ်အဆင်းအားဖြင့် နတ်ချင်းလည်းသာလွန်၊ လူချင်းလည်းသာလွန်သူသာ ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ယခုအခါ သူတော်ကောင်းစိတ်ဓာတ် ကိန်းဝပ်တည်ရှိသော အမျိုးသား အမျိုးသမီး လူကြီးသူမတို့သည် သန့်ရှင်းသော ဘုရားအနီးမှာ ဖြစ်စေ၊ အခြားတစ်နေရာမှာဖြစ်စေ၊ သက်တော်ထင်ရှား ဘုရားရှင် ကို ထင်မြင်လာအောင် စိတ်ကူးလျက် အထူးကြည်ညိုသော သဒ္ဓါ တရားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်အောင် စီးဖြန်းပွားများ၍ ပန်း၊ ဆီမီး၊ အမွှေးတိုင်စသော ပူဇော်ဖွယ်များကို ပူဇော်ကြပါကုန်။ ပုံအတွင်း ဂုဏ်သွင်းပါ။ ။သက်တော်ထင်ရှား မြတ်စွာဘုရား ကို စိတ်ထဲထင်မြင်လာအောင် မှန်းဆနိုင်သူသည် ဘုရားရှင်ကို အထူးကြည်ညို လေးစားသူဖြစ်ပေကာစံ၊ ဘုရားရှင်၏ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် ဓာတ်တော်ဌာပနာထားသော စေတီတော် များအနီးပါး၌ မလေးမစား မနေဝံ့တော့ပါ။ ဘာသာရေး၌ အလွန် အချိုးကျသော လူကောင်း ရှင်ကောင်း ဖြစ်လောက်ပါပြီ။ သို့ရာဝယ် လောက၌ ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ဂုဏ်ထူးကိုမသိခင်က ကြည်ညို ပြီးနောက် ဂုဏ်ထူးကိုသိပြန်သောအခါ အတိုင်းထက်အလွန် ကြည်ညိုလေးစား အားထားကိုးကွယ်လိုသောစိတ်များ ဖြစ်ပေါ်လာ သကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ ချီးမွမ်း၍မကုန်နိုင်သော ဂုဏ်တော်များတွင် လူချင်း၊ နတ်ချင်း၊ ဗြဟ္မာချင်း ပြောကြလျက် TRANG 25 တသောသော ချီးမွမ်းအပ်သော ဂုဏ်တော် ၉-ပါးလောက်ကိုပင် မိမိဉာဏ်မိမိသမ္ပ သိရှိကြရလျှင် သဒ္ဓါ ပညာတို့သည် ရှေးကထက် တိုးပွားကြပါလိမ့်မည်။ ဆက်ပါဦးမည်- မိမိတို့သည် ဘဝများစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း စိတ်ထဲ၌ ဤဘုရားရှင်ဟူသော အာရုံမျိုး ကို ယူနိုင်ဖို့ရာ ခဲယဉ်းပါသည်။ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပါ သည်။ ထို့ကြောင့် အေးအေးဆေးဆေး မိမိအိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ်အနက်များကို နှုတ်တက်ဆောင်ထား၍ အဓိပ္ပာယ်များကို ကြည့်ရှုမှတ်သားပြီးလျှင် ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ ဤပြအပ်လတ္တံ့ သော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သောသီလကို ဆောက်တည်ကာ ကြိုးစား၍ အာရုံပြုကြပါကုန်။ အမှာ။ ။ဂုဏ်တော်အနက်များကို ကျက်သောအခါ အလွတ် အဖတ်ကောင်းသော ဆရာသမားတို့ထံ၌ စနစ်တကျဖတ်ပြီးမှ ကျက်ကြပါလေ၊ အလွတ်အဖတ်လည်း မမှန်၊ အသံကလည်း မကောင်းလျှင်ကား အသံကျယ်ကျယ် ရှိမခိုးဘဲ ခပ်တိုးတိုးရွတ်ဆို၍ ရှိခိုးပါလေ၊ အရမကျက်နိုင်လျှင် ဘုရားစေတီတော်ရှေ့၌ စာအုပ် ကြည့်၍ ဖတ်ကြပါလေ။ * * * * * * * TRANG 26 ဘုရားဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဂုဏ်တော် ၉ ပါး ပါဠိတော် ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရောပုရိသဒမ္မသာရထိ၊ သတ္ထာဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။ ကြည့်ရန် အဓိပ္ပာယ် “ဣတိပိ သော ဘဂဝါ ”၌ “ဣတိပိ”သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသော အကြောင်းတစ်ခုခုကို ညွှန်ပြအပ်သော ပါဠိ၊ “သော ဘဂဝါ”ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း၊ ထို့ကြောင့် ထိုပါဠိ ၂-ရပ်ကို ဂုဏ်တော် ၉-ပါးလုံးနှင့် တွဲစပ်ပါ။ ၁။ ဣတိပိ သော ဘဂဝါ အရဟံ၊ ၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ၊ ၃။ ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော၊ ၄။ ဣတိပိ သော ဘဂဝါ သုဂတော၊ ၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ၊ ၆။ ဣတိပိ သော ဘဂဝါ အနုတ္တရောပုရိသဒမ္မသာရထိ၊ ၇။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ၊ TRANG 27 ၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ၊ ၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ။ အရဟံဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၁) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ် ဘုရားသည်၊ ဣတိပိ ဣမိနာ ကာရဏေန-တစ်ထောင့်ငါးရာ ကိလေသာတို့၊ ဝါသနာဓလေ့, အထုံငွေ့မျှ, မငွေ့မရိပ်, ဝင်းဝင်း စိတ်သို့, ရွှေစိတ်ပုံသင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူ ကော်ရော်, အလှူတော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤ အကြောင်းကြောင့်လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီး ဖြင့်, အံ့ချီးမကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရန် အဓိပ္ပာယ် အရဟံ ဂုဏ်တော်သည်- ၁။ “ကိလေသာတို့မှ ဝေးကွာတော်မူ၏” ဟူသော အနက်၊ ၂။ “လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏”ဟူသော အနက်ကိုပြသည်။ တစ်ထောင့်ငါးရာ ကိလေသာ။ ။ပုထုဇဉ်တို့၏သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏။ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။ TRANG 28 [ထို ၁၅၀၀ တွက်ပုံကို အလိုရှိက သင်္ဂြိုဟ်သင်ဖူးသူများကို မေးပါ။ အခြေပြုသင်္ဂြိုဟ် သမုစ္စည်းပိုင်းမှာလည်းပြထားသည်] ဝါသနာဓလေ့ အထုံငွေ့။ ။သတ္တဝါတို့၏သန္တာန်၌ အငွေ့ အသက် ထုံလျက်ပါသော ကိလေသာတို့၏သတ္တိကို “ဝါသနာ-အထုံ” ဟုခေါ်သည်။ ရဟန္တာများသန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းကပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ။ ဥပမာ-စူးရှသော အရက်ထည့်ရာပုလင်းမှ အရက်ကုန်သွားသော် လည်း အရက်နံ့ အထုံမပျောက်သကဲ့သို့တည်း။ ဘုရားရှင်ကား ထိုကိလေသာတို့ကို အငွေ့အသက် အထုံဝါသနာ ပျောက်ကင်း အောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် ဝင်းဝင်းဖိတ်ဖိတ် အရောင်တော်ကဲ့သို့ ကြည်လင်သန့်ရှင်း တော်မူပေသည်။ ပူဇော်ထိုက်ပုံ။ ။ထို့ကြောင့် အညစ်အကြေးကင်း၍ သန့်ရှင်း သော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာ ကြီးမား ထွားကျိုင်းပွင့်လန်း၍ အကျိုးများသောကြောင့် ထိုမြေမျိုး၌သာ စိုက်ပျိုးကြသင့်သကဲ့သို့ ထို့အတူ ကိလေသာအနှောက်အယှက် မရှိသဖြင့် စိတ်တော်အစဉ် ကြည်လင်သော ဘုရားရှင်၌ လှူဒါန်း ပူဇော်ခြင်းဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ် သလောက် အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူဒါန်း ပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။ TRANG 29 ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော “အရဟံ”ဂုဏ်တော်ကြောင့် ဘုရားရှင်လက်ထက်တော်အခါ၌ “သဟမ္ပတိ”ဗြဟ္မာမင်းသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ။ “ပိမ္ဗိသာရ”မင်းလည်း ဝေဠုဝန်ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ။ ပရိနိဗ္ဗာန် စံတော်မူပြီးနောက်၌လည်း “ဓမ္မာသောက”မင်းသည် ၉၆-ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှ ၄-ကုဋေထပ်ဖြည့်၍ ကုဋေတစ်ရာစွာ တိတိကို) အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်း တိုက်တို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ ပူဇော်ဖူးလေပြီ။ ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုမှုတို့သည်လည်း ဘုရားရှင်ကို ကြည်ညိုမှုက အရင်းခံလျက်ရှိ၏။ ယခုတိုင်အောင် အပူဇော်ခံနေရပါသည်ဟူလို။ ဤသို့လျှင် ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာပြည်တိုင်အောင် ပျံ့နှံ့မွှေးကြူပါသည်။ တိုက်တွန်းချက်။ ။ဘုရားရှင်၏ “အရဟံ”ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ ပုံတော် အတွင်း၌ ရင်ချိုင့်အလယ် နှလုံးအိမ်ဝယ် ဘုရားရှင်စိတ်တော်၏ ကိလေသာအနှောက်အယှက်တို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင် တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ။ ထိုကြည်လင်သော စိတ် တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ၊ ဒေါသ၊ မာန်မာန နှင့် ဣဿာ မစ္ဆရိယစသော ကိလေသာအနှောက်အယှက် ကင်းစင် ၍ အမြဲကြည်လင် သန့်ရှင်းအောင် သတိထားကြပါလေ။ ဤသို့ TRANG 30 ဘုရားရှင်၏ ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းမှုကို အာရုံပြုဖန်များလာလျှင် ထိုသန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါလိမ့်မည်။ ဥပမာ- သူတော်ကောင်းနှင့် ပေါင်းသင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့ တည်း။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၂) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗညုဉာဏ်အား၊ စွမ်းပကားဖြင့်၊ များသီခေါရ၊ ဝိကာရနှင့်၊ လက္ခဏပညတ်၊ နိဗ္ဗာန်ဓာတ်ဟု၊ ငါးရပ်သိရန်၊ ဉေယျဓံကို၊ ဖောက်ပြန်မရှိ၊ ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်သည် “အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏” ဟူသော အနက်ကို ပြသည်။ [သမ္မာ = မဖောက်မပြန် (အမှားမရှိအောင်) + သံ = ကိုယ်တော်တိုင် + ဗုဒ္ဓ = သိတော်မူနိုင်သည်] TRANG 31 သဗ္ဗညုဉာဏ်အား၊ စွမ်းပကားဖြင့်။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့်အားလျော်စွာ ဘဝအဆက်ဆက် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဉာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။ ယခုလောက၌ သေးငယ်သောမြူမှုန်တို့ကို လူအပေါင်းတို့ ဝိုင်း၍ကြည့်သောအခါ မျက်စိကောင်းသူများသာမြင်၍ မျက်စိမှုန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာမရှိတော့သကဲ့သို့။ ထိုအတူ သိဖွယ်အာရုံများကို သတ္တဝါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြသော်လည်း ပင်ကိုယ်ဉာဏ်မျက်စိရှိသလောက်သာ သိမြင်နိုင်ကြသည်။ လုံးလုံးဉာဏ်မျက်စိမရှိသူတို့မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် တင်းတောင်း ပမာဏကိုမျှ မသိနိုင်ကြပေ။ ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်။ ထိုသိဖွယ်တရားများကို “ဉေယျဓံ” ဟု ခေါ်၏။ [ဉေယျ = သိသင့်သိထိုက်သော + ဓမ္မ = ဓမ္မ = တရား] ဉေယျဓံတရား ၅ ပါးကား ၁။ သင်္ခါရ-စိတ်စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ပန္နရုပ်များ။ ၂။ ဝိကာရ-ဝိကာရရုပ် ငါးပါး။ ၃။ လက္ခဏ-လက္ခဏရုပ်လေးပါး။ TRANG 32 ၄။ ပညတ်-လူနတ် ဗြဟ္မာ ဆင်မြင်း ကျွဲ နွား တော တောင် ရေ မြေစသော ပညတ်များ။ ၅။ နိဗ္ဗာန်-ရုပ်နာမ်ပညတ်မှတစ်ပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။ [ဤ ငါးမျိုးမှတစ်ပါး သိဖွယ်ရာ မရှိပြီ၊ ဝိကာရနှင့်လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။] ဤဉေယျဓံငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏကထ၌ပါရှိသည်။ ဖောက်ပြန်မရှိ၊ ကိုယ်တော်တိုင်သိ။ ဤဉေယျဓံတရား ငါးပါးကို ဘုရားရှင်သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍ မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်း မရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်။ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပါယ်သော ရုပ်အဆင်းတော်အတွင်း၌ “အရဟံဂုဏ်တော်” အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ၊ ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဉာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများကြပါလေ။ တိုက်တွန်းချက်။ အသိ အလိမ္မာ ဉာဏ်ပညာ ဟူသည် အလွန်အရေးကြီး၏။ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှာ အတူသင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကိုလည်းကောင်း၊ စီးပွားဥစ္စာရှာဖွေရာဝယ် အရင်းအနှီးချင်းတူပါလျက် ဉာဏ်ရှိသူမှာ ကြီးပွား၍ ဉာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း၊ မိမချင်းတူပါလျက် အချို့သားသမီးများလိမ္မာ၍ အချို့ ယုတ်မာပုံကိုလည်းကောင်း၊ TRANG 33 ထိုကဲ့သို့ ကွာခြားသည့်အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ရှိသူကား ကြီးကျယ်ထွန်းကား၊ ဉာဏ်မရှိသူက ပျက်ပြားနစ်မွန်းရပုံကိုလည်းကောင်း စဉ်းစား၍ ဤ “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ပညာပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။ “မရှိတာထက် မသိတာခက်” ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၃) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန-သုံးပါး၊ ရှစ်ပါး၊ ၂-မျိုးအားဖြင့်၊ ဟောထားပညာ၊ ဉာဏ်ဝိဇ္ဇာတည်း၊ နိဗ္ဗာန်ဓာတ်၊ အမြိုက်ရပ်သို့၊ ဆိုက်ကပ်ရန်ဖြင့်၊ အမှန်သင့်သည့်၊ အကျင့်စရဏ၊ ဆယ့်ငါးဝနှင့်၊ တကွပြည့်စုံ၊ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏ သမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် “ဝိဇ္ဇာတရား၊ စရဏတရားနှင့် ပြည့်စုံတော်မူ၏” ဟူသော အနက်ကို ပြ၏။ [ဝိဇ္ဇာ = အသိဉာဏ် + စရဏ = အကျင့် + သမ္ပန္န = ပြည့်စုံ၏။] TRANG 34 သုံးပါး၊ ရှစ်ပါး-ဉာဏ်ဝိဇ္ဇာတည်း။ အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် “ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး” ဟု ကွဲနေသည်။ [ဆောင်] သုံးပါး ဝိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ဝိဇ္ဇာရှစ်ရပ်၊ ဝိပဿနာဉာဏ်၊ မနောမယိဒ္ဓိ၊ ဒိဗ္ဗနှင့်ဣဒ္ဓိ၊ ထည့်သိရေတွက်လေ။ ဝိဇ္ဇာသုံးပါး ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။ ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သောဉာဏ်။ ဒိဗ္ဗစက္ခုဉာဏ်။ နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သောဉာဏ်။ အာသဝက္ခယဉာဏ်။ ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။ ဝိဇ္ဇာရှစ်ပါး ဝိပဿနာဉာဏ်။ “အနိစ္စ ဒုက္ခ အနတ္တ” ဟု ရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဉာဏ်။ စေတောပရိယဉာဏ်။ သူတစ်ပါး၏ စိတ်ကိုသိနိုင်သောဉာဏ်။ မနောမယိဒ္ဓိဉာဏ်။ မိမိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်။ TRANG 35 ဒိဗ္ဗသောတဉာဏ်။ နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ၊ သေးငယ်သော အသံကို ကြားနိုင်သောဉာဏ်။ ဣဒ္ဓိဝိဓဉာဏ်။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။ ရှေ့ ၃-ပါးတွင် ဤငါးပါးကိုထည့်လျှင် ဝိဇ္ဇာရှစ်ပါးဖြစ်၏။ နိဗ္ဗာန်ဓာတ်-အကျင့်စရဏ။ မပျက်စီးနိုင်သောအရာကို “အမြိုက်” ဟု ခေါ်၏။ ထိုအမြိုက်နှင့်တူသော နိဗ္ဗာန်ဓာတ်သို့ ရောက်ဖို့ရန်ကျင့်သော အကျင့်ကို “စရဏ” ဟုခေါ်သည်။ စရဏ ၁၅-ပါး [ဆောင်] သဒ္ဓါ သတိ၊ ဟိရီသြတ္တပ်၊ ဝီရိယနှင့်၊ သုတပညာ၊ ခုနစ်ဖြာ၊ သဒ္ဓမ္မ ဟုပြု။ ထိုသဒ္ဓမ္မ၊ ခုနစ်ဖြာနှင့်၊ ဘော ဇာ သီ ဣန္ဒြ၊ ဈာန်လေးကြိမ်ထား၊ ဤဆယ့်ငါး၊ မှတ်သား စရဏ။ သဒ္ဓါ-“ကုသိုလ်-အကုသိုလ်ကံရှိသည်။ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်။ ရတနာသုံးပါး ရှိသည်။ နောင်ဘဝ ရှိသည်” ဟု ယုံကြည်မှု။ သတိ-ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု။ ဟိရီ-ကောင်းမှု ဒုစရိုက်မှ ရှက်မှု။ သြတ္တပ္ပ-မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။ TRANG 36 ဝီရိယ-ကုသိုလ်ကောင်းမှုကိုစွဲမြဲ အားထုတ်မှု။ သုတ-အကြားအမြင်များမှု။ ပညာ-အရာရာ၌ တတ်သိ လိမ္မာမှု။ ဤကား “သဒ္ဓမ္မ” ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း။ [သူတော်ဥစ္စာကား သတိနှင့် ဝီရိယကို နှုတ်ပြီးလျှင် သီလ (သီလစောင့်မှု) စာဂ (စွန့်ကြဲလှူဒါန်းမှု) ထည့်၍ ရေတွက်ရသည်။] ဘောဇနေမတ္တညုတတာ-စားသောက်ရာ၌ မိမိနှင့် သင့်မသင့် နှိုင်းချင့်၍ အတိုင်းအရှည်သိမှု။ ဇာဂရိယာနုယောဂ-နိုးနိုးကြားကြား အိပ်မှု၊ အအိပ်အနေ နည်းမှု။ သီလ-ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု။ ဣန္ဒြိယသံဝရ-တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။ ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပေါင်း စရဏ ၁၅-ပါး ဖြစ်၏။ “ဝိဇ္ဇာ” ဟူသော အသိဉာဏ်ရှိသော်လည်း “စရဏ” ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်။ “စရဏ” အကျင့်သာရှိ၍ “ဝိဇ္ဇာ” ဟူသော အသိဉာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကိုကျင့်နေသဖြင့် ခရီးတွင်ဘဲရှိမည်။ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ဝိဇ္ဇာ-ဉာဏ်၊ စရဏ-အကျင့်နှင့် ပြည့်စုံတော်မူပါသည်။ TRANG 37 တိုက်တွန်းချက်။ အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်။ ယခုအခါ၌ကား အသိဉာဏ်ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မှု “စရဏ” မရှိသောကြောင့် အောက်ကျနောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညိုကြပြီးလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂-ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။ သုဂတ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၄) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန-ဒီပင်္ကရာ၊ ထုတ်ချာသန်း၊ ခြေတော်ရင်းမှ၊ မှန်ကင်းသိရီ၊ ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်အောင်၊ ဆယ်ခိုင်ပါရမီ၊ စုံပြည်ညီလျက်၊ သုံးလီဘဝ၊ များသတ္တ၏၊ သုခစီးပွား၊ ကျင့်သောအားဖြင့်၊ မိုက်မှားအယူ၊ မိစ္ဆာဟူက၊ ဆံဖြူတစ်စိ၊ မကပ်ငြိဘဲ၊ သတိသမ္ဗဇဉ်၊ မပြတ်ယှဉ်လျက်၊ သဗ္ဗညုဉာဏ်တော်၊ ရကြောင်းဇော်၍၊ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း။ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ TRANG 38 သုဂတ ဂုဏ်တော်၏ အဓိပ္ပာယ်မှာ “ကောင်းစွာ ကြွတော်မူခဲ့၏” ဟူသော အနက်ကို ပြသည်။ [သု = ကောင်းစွာ + ဂတ = ကြွတော်မူခဲ့သည်။] ထုတ်ချာသန်း။ ။ အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သော ဘုရားရှင်။ မှန်ကင်းသိရီ။ ။ ပြာသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော တုရင်မှန်ကင်းကဲ့သို့ မိုးမှောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။ ဗောဓိမဏ္ဍိုင်။ ။ ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗူဒီပကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း “မဏ္ဍိုင်” ဟု ဆိုသည်။ (တစ်နည်း) ဗောဓိပင်ကိုပင် သဗ္ဗညုတဉာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်။ [ဤနည်း၌ “ကြည်လင်ခြင်း” အနက်ကိုဟောသော “မဏ္ဍ” ဟူသော ပါဠိမှ မဏ္ဍိုင်ဖြစ်လာသည်ဟု ကြံပါ။] ခန်းဝါပိုင်အောင်။ ။ အရောင်အဝါရှိသော ခန်းဆောင်နေရာကို “ခန်းဝါ” ဟု ခေါ်သည်။ ဤ၌ ဗောဓိပင်ကို အရောင်အဝါရှိသော အခန်းဆောင်ကဲ့သို့ ဥပမာပြုထားသည်။ “ရောင်ဝါထိန်လွှမ်းသည့် အခန်းဆောင်သို့ရောက်လျှင် အင်မတန် အဖိုးတန်သော ရတနာကို ရသကဲ့သို့၊ သဗ္ဗညုတဉာဏ်တည်းဟူသော အဖိုးတန်ရတနာကိုလည်း ဗောဓိမဏ္ဍိုင်တည်းဟူသောနေရာ၌ ရတော်မူသည်” ဟူလို။ TRANG 39 ဘုရားရှင်သည် ဘုရားဆုပန်တော်မူရာ ဒီပင်္ကရာထုတ်ချာသန်း တရားမင်း၏ ခြေတော်ရင်းမှစ၍ “ဗောဓိမဏ္ဍိုင်” တည်းဟူသော ခန်းဝါဆောင်နန်းကို စိုးပိုင်စံမြန်းတော်မူလျက် ဘုရားဖြစ်သည်တိုင်အောင် (ကာမ, ရူပ, အရူပအားဖြင့် ဘဝသုံးပါး၌ရှိသော) သတ္တဝါအများ၏ စီးပွားချမ်းသာအလို့ငှာ ပါရမီဆယ်ပါးကို အစုံအညီ ဖြည့်ကျင့်တော်မူခဲ့ပေသည်။ ထိုဖြည့်ကျင့်စဉ်အခါ၌ မိစ္ဆာအယူဟူသော မိစ္ဆာဒိဋ္ဌိ အယူဆိုးကြီးများလည်း ကိုယ်တော်၏သန္တာန်၌ တစ်ဆံခြည်မျှ မြူမှုန်ကလေးမျှ တစိတစိ မကပ်ငြိရအောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘဝဆက်တိုင်း လွန်ကဲသော သတိ “သမ္ဗဇဉ်” ဟု ခေါ်အပ်သော ပညာတရားတို့ကို အမြဲလက်ကိုင်ထားတော်မူ၍ သဗ္ဗညုတဉာဏ်တော်အရှင် ဘုရားရှင်အဖြစ်သို့ ရောက်ဖို့ရန်သာ ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံတော်မူခဲ့ပေသည်။ [ဤနေရာ၌ ရပ်တန့်၍ “ဘုရားရှင်သည် ပါရမီဖြည့်တော်မူစဉ်က မိစ္ဆာအယူကို မယုံမိအောင် သတိနှင့်ဉာဏ် အမြဲရှိပုံကို” အာရုံပြုလိုက်ပါ။] တိုက်တွန်းချက်။ သာသနာပအခါဝယ် မိစ္ဆာအယူများတွေ့ လွန်စွာလွှမ်းမိုးလာမည်ဖြစ်၍ ဘုရားရှင်၏ သုဂတဂုဏ်တော်ကို ကြည်ညိုပြီးလျှင် မိမိတို့လည်း မိစ္ဆာအယူဟူသမျှ ဘဝဆက်တိုင်း မကပ်ငြိ မယုံမိအောင် သတိပညာတရားကို သန်သန်ကြီးထားအပ်ကြကုန်၏။ “ကုသိုလ်ကံ အကုသိုလ်ကံရှိ၏၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိ၏” ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သော “ကမ္မဿကတာဉာဏ်” ကို မိမိသန္တာန်၌ဖြစ်အောင် ပထမကြိုးစားသင့်၏။ TRANG 40 ထို့နောက် “ဤခန္ဓာကိုယ်၌ ရုပ်တရား နာမ်တရားသာ ရှိ၏” ဟု သိအောင် ဆရာသမားအထံ မေးမြန်း၍ ထိုရုပ်နာမ်၏ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ပုံကို နားလည်သော ဝိပဿနာဉာဏ်ဖြစ်အောင် ကြိုးစားပါ။ ထိုသို့သိလျှင် ပါရမီဖြည့်လိုသော သို့မဟုတ် ကမ္မဋ္ဌာန်းအားထုတ်လိုသောဆန္ဒ ပြင်းပြ၍ မိစ္ဆာအယူသမ္မတ ဂုဏ်ပကာသနစိတ်တွေပါ ကင်းဝေးသွားပါလိမ့်မည်။ လောကဝိဒူ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၅) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဣမိနာ စ ကာရဏေန-သတ္တောကာသ၊ သင်္ခါရဟု၊ လောကသုံးဘုံ၊ အလုံးစုံကို၊ အာရုံထင်စွာ၊ ပိုင်းခြားကာဖြင့်၊ ကောင်းစွာကုန်စင်၊ သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း။ လောကဝိဒူ-လောကဝိဒူဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် လောကဝိဒူဂုဏ်တော်သည် “လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏” ဟူသော အနက်ကို ပြသည်။ [လောက = ကမ္ဘာလောကကြီးကို + ဝိဒူ = သိတော်မူနိုင်သည်] TRANG 41 လောကသုံးပါး။ ။ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟု လောကသုံးပါးရှိ၏။ သက်ရှိသတ္တဝါအပေါင်းသည် သတ္တလောကမည်၏။ သတ္တဝါတို့၏ တည်နေရာဘုံဌာနသည်လည်းကောင်း၊ ဘုံမရှိသော နေရာဌာနသည်လည်းကောင်း သြကာသလောကမည်၏။ ရုပ်တရား၊ နာမ်တရားအားလုံးသည် သင်္ခါရလောကမည်၏။ သတ္တလောက သိတော်မူပုံ။ ။ “ဤကမ္ဘာလောကကြီး၌ အပါယ်လေးပါးတွင် ခြတောင်ပို့တစ်ခု၌ ခြသတ္တဝါပေါင်းများစွာ၊ ပုရွက်တွင်း တစ်တွင်း၌ ပုရွက်သတ္တဝါပေါင်းများစွာ၊ ငါးဥတစ်ခု၌ ငါးသတ္တဝါလေးတွေများစွာ၊ ပြိတ္တာသတ္တဝါတွေများစွာ၊ ငရဲသတ္တဝါတွေများစွာ၊ လူနတ်ဗြဟ္မာသတ္တဝါတွေ များစွာရှိသည်” ဟု သိရုံမျှဖြင့် ဆန်းကျယ်လှသည် မဟုတ်ပါ။ ဘုရားရှင်ကား ထိုသိမှုမျိုးထက် လွန်၍ သတ္တဝါတစ်ယောက်ကို “ဤသူသည် စရိုက်အမျိုးမျိုးတွင် မည်သည့်စရိုက်က လွန်ကဲနေ၏။ အနုသယအမျိုးမျိုးတွင် မည်သည့်အနုသယက ထက်သန်နေ၏။ ပင်ကိုယ်ဆန္ဒ ညံ့ဖျင်း၏ သို့မဟုတ် ထက်သန်၏။ သဒ္ဓါစသော ဣန္ဒြေ ၅-ပါးတွင် မည်သည့်ဣန္ဒြေက ထက်မြက်၍ မည်သည့်ဣန္ဒြေက ညံ့သေး၏” စသည်ဖြင့် သိတော်မူပါသည်။ ထိုသို့ သိတော်မူရာ၌ အတွေးအခေါ်အားဖြင့် မှန်းဆ၍ သိတော်မူခြင်း မဟုတ်။ ဆရာဝန်သည် ပြွန်တံဖြင့် လူနာ၏ အပူဒီဂရီကို ချိန်ကြည့်သောအခါ တက်သော အပူဒီဂရီကို သိနိုင်သကဲ့သို့ ထို (သို့) ... TRANG 42 သတ္တဝါ၏ အတွင်းဓာတ် အခြေအနေအားလုံးကို ကွဲကွဲပြားပြားနှင့် ထင်ရှားစွာ သိမြင်တော်မူနိုင်ပါသည်။ [စရိုက်-အနုသယ-ဣန္ဒြေတို့၏ အကြောင်းများမှာ အဘိဓမ္မာနှင့် သက်ဆိုင်သောကြောင့် မိမိတို့လေ့လာနေကျ အဘိဓမ္မာကျမ်းစာများ၌ ရှာဖွေကြည့်ရှု၍လည်းကောင်း၊ မေးမြန်း၍လည်းကောင်း သိပါလေ။] သြကာသလောက သိတော်မူပုံ။ ။ သတ္တဝါတို့နေရာ ကမ္ဘာလောကကြီး တည်နေပုံကိုပြရာ၌ ကျမ်းဂန်အဆိုသည် ယခုခေတ် လောကဓာတ်ဆရာတို့၏ အယူအဆနှင့် မတူသည်ရှိနေ၏။ ကမ္ဘာတည်နေဟန်ကို ပါဠိကျမ်းဂန်များ၌ ဆိုပုံကား- ဤမြေကြီးသည် အထု(အထူ)အားဖြင့် ယူဇနာပေါင်း ၂-သိန်း ၄-သောင်း ရှိ၏။ အထက်တစ်ဝက်သည် ပကတိမြေသားဖြစ်၍ အောက်တစ်ဝက်မှာ ကျောက်မြေသား ဖြစ်သတည်း။ ဤမြေကြီး၏အောက်၌ ယူဇနာ ၄-သိန်း ၈-သောင်းထုသော ရေပြင်ကြီး တည်ရှိ၏။ “ရေပြင်” ဟုဆိုသော်လည်း အရည်ဟုမမှတ်မယူ၊ အလွန်အေး၍ ခဲနေသော ရေခဲတုံးကြီးဖြစ်ဟန်ရှိ၏။ မြေအထုထက် ၂-ဆလောက်ထူသော ရေခဲတုံးကြီးက မြေပြင်ကို ပင့်မြှောက်ခံယူထားနိုင်သည်မှာ အံ့သြစရာမရှိတော့ပြီ။ ထိုရေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်းထုသော လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခတ်လျက်ရှိ၏။ ဤလေပြင်ကြီး အောက်၌လည်း ဆုံးနိုင်အောင် ဟင်းလင်းဟာလာ အာကာသကောင်းကင် ရှိလေသည်။ ဤကား ကမ္ဘာမြေကြီး၏ အောက်ပိုင်းမြေပုံတည်း။ TRANG 43 စကြဝဠာတစ်ခုဟု သတ်မှတ်အပ်သော ဤကမ္ဘာမြေကြီး၏ အဝန်းယူဇနာမှာ သုံးသန်းခြောက်သိန်းတစ်သောင်းသုံးရာငါးဆယ် ရှိ၏။ ကမ္ဘာမြေဝန်းကို ကျောက်တောင်ကြီးများက တံတိုင်းခတ်သလို ရံပတ်၍နေ၏။ ထိုကျောက်တောင်ကြီးများ ဆက်စပ်၍ ရံပတ်နေသည်ကိုပင် စကြဝဠာမဟာရံတံတိုင်းဟု ခေါ်စမှတ်ပြုကြ၏။ ဤကမ္ဘာမြေဝန်း၏ အတွင်း၌ကား သမုဒ္ဒရာရေပြင်ကြီး ရှိ၏။ ထိုရေပြင်၏ အနက်ဆုံးနေရာသည် ယူဇနာ ၈-သောင်း ၄-ထောင် နက်၏။ အလယ်ဗဟို တည့်တည့်၌ကား ရေ၏အထက်၌ ယူဇနာ ၈-သောင်း ၄-ထောင်၊ ရေ၏အတွင်း၌ ယူဇနာရှစ်သောင်း လေးထောင်ရှိ၍ ယူဇနာပေါင်း ၁-သိန်း ၆-သောင်း ၈-ထောင် မြင့်သော မြင်းမိုရ်တောင် တည်ရှိ၏။ ထိုမြင်းမိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီတာ” ခေါ်သော မြစ်တစ်ခြားစီ၍ မြင်းမိုရ်တောင်၏ အောက်တစ်ဝက်လောက်နိမ့်သော ယုဂန္ဓိုရ်တောင် တည်ရှိ၏။ ဤနည်းအတိုင်း “သီတာမြစ်” တစ်ခု ခြားကာခြားကာ တောင်စဉ် ခုနစ်ထပ် မြင်းမိုရ်တောင်ကို ရံပတ်၍ တည်လေသည်။ ထိုမြင်းမိုရ်တောင်နှင့် တောင်စဉ်ခုနစ်ထပ်တို့၏ လေးမျက်နှာ အရပ်ရှိ ရေလယ်ခေါင်၌ ကျန်းကြီး ကျန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိ၏။ ထိုကျွန်းမြေများသည်ပင် လူစသော သတ္တဝါတို့၏ တည်နေရာ မြို့ရွာတောတောင်များ ဖြစ်ကြလေသည်။ အရှေ့ဘက်၌ပေါ်ထွန်းသော ကျွန်းမြေကို အရှေ့ကျွန်း၊ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့၌ပေါ်ထွန်းသော ကျွန်းမြေများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟုခေါ်သည်။ TRANG 44 ထိုမြင်းမိုရ်တောင်၏ ထက်ဝက်လောက်၌ ယုဂန္ဓိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်ဝယ် စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ မြင်းမိုရ်တောင်ထိပ်ပေါ်လောက်၌ တာဝတိံသာနတ်ပြည် တည်ရှိ၏။ ဤနတ်ပြည် နှစ်ထပ်သာလျှင် မြေနှင့်ဆက်စပ်လျက်ရှိသည်။ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီနတ်ပြည်နှင့် အထက်ဗြဟ္မာ့ဘုံတို့ကား မြေနှင့်မဆက်စပ်ဘဲ ကောင်းကင်အရပ်မှာပင် တည်ရှိကြ၏။ ဤကား ကမ္ဘာ၏အထက်ပိုင်း မြေပုံတည်း။ [လောကဓာတ်ဆရာတို့၏ ကမ္ဘာ့မြေပုံကို လောကဓာတ်ကျမ်းစာများ၌ ရှုပါ။] ဤဘုံအမျိုးမျိုးတို့ တည်နေဟန်နှင့်တကွ နတ်ဗြဟ္မာတို့ စံစားပုံကို ရိုက်နှိပ်ပြီး “သင်္ဂြိုဟ်ဘာသာဋီကာ” နှင့် ဒုတိယအကြိမ်ရိုက် “ကိုယ်ကျင့်အဘိဓမ္မာ” တို့ထည့်သွင်း ပြထားပြီး။ ဤပြခဲ့သော ကမ္ဘာကဲ့သို့ အခြားသော စကြဝဠာကမ္ဘာကြီးများလည်း မရေတွက်နိုင်အောင် များမြောင်စွာရှိသေး၏။ ဘုရားရှင်သည် ထိုပြအပ်ခဲ့သော စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးများကိုလည်း အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။ သင်္ခါရလောကကို သိမြင်တော်မူပုံ။ ။ ရုပ်နာမ်တရားတွေ ပေါင်းစပ်နေသည်ကို “ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ၊ ယောက်ျား၊ မိန်းမ၊ အထီး၊ အမ” စသည်ဖြင့် ခေါ်ဝေါ်ကြရသည်။ ထိုရုပ်နာမ်ကို ဖယ်ထားလျှင် သို့မဟုတ် ရုပ်နာမ်အားလုံး အဆုံးသတ်ချုပ်သွားလျှင် ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါဟူ၍ မရှိတော့ပြီ။ ခန္ဓာကိုယ်၌ မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ မီးဓာတ်ဟု အမာခံဓာတ်ကြီး ၄-ပါးရှိ၏။ TRANG 45 ထိုအမာခံဓာတ်ကြီး ၄-ပါးကို မှီခမ်းခံလျက်သော အမွှန်းတင်ရုပ်များလည်း ရှိ၏။ ထိုရုပ်အစိတ်အမြဲကလေးတွေ ပေါင်းစပ်နေသော အစုအခဲကို “ရုပ်ကလာပ်” ဟုခေါ်၏။ ရုပ်ကလာပ်မှုန် တစ်ခုတစ်ခုသည် ပကတိ မျက်စိတို့ဖြင့် မမြင်ရလောက်အောင် သိမ်မွေ့သေးငယ်၏။ “လောကဓာတ်ဆရာတို့သည် သူတို့၏ မှန်ပြောင်းအားဖြင့် အသေးအမွှားဆုံး ရုပ်မှုန်ကလာပ်များကို မြင်နိုင်၏” ဟုဆိုသော်လည်း ကလာပ်တစ်ခုတည်းကို မြင်ရသည်မဟုတ်။ ကလာပ်မှုန်ကလေးတွေ အတော်များများ ပေါင်းစပ်နေသည်ကိုသာ မြင်သည်။ ကလာပ်တစ်ခုတစ်ခု၌ “ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ” ဤရုပ် ၈-ခု စုပေါင်းနေကြောင်းသိဖို့ကား လောကဓာတ်ပညာ၏ အရာမဟုတ်တော့ပြီ။ ဘုရားရှင်ကား ထိုကဲ့သို့ အသေးအမွှား ရုပ်ကလေးများအပြင် ထိုရုပ်ကလေးများ ဖြစ်ပေါ်လာဖို့ အကြောင်းနှင့်တကွ လက္ခဏာစသည်တို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။ ထို့ပြင် ထိုရုပ်ကလာပ်ကလေးတွေ စုပေါင်း တွေ့ခဲ့နေသဖြင့် သတ္တဝါဟု ခေါ်သော ဤခန္ဓာကိုယ်အတွင်း၌ စိတ်၊ စေတသိက်ဟူသော နာမ်တရားရှိသေး၏။ ထိုနာမ်တရား၏ အစွမ်းကြောင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့နှင့် သိဖွယ်ဟူသမျှကို သိမြင်ကြရပေသည်။ ထိုနာမ်တရားတို့၏ အကြောင်းကိုကား လောကဓာတ်ပညာရှိတို့ ထိမိအောင်သိဖို့ မဆိုထားဘီ၊ ဖဿ၊ ဝေဒနာ၊ သညာစသော နာမည်ကိုပင် မသိမြင်နိုင်ကြတော့ချေ။ TRANG 46 ရှင်တော်ဘုရားကား ထိုနာမ်တရားတို့ ဖြစ်ခြင်း၏အကြောင်းနှင့်တကွ လက္ခဏာတို့ကိုပါ အကုန်အစင် သိမြင်တော်မူနိုင်ပေသည်။ ဤသို့ ရှင်တော်ဘုရားသည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတို့ကို အကုန်အစင် သိမြင်တော်မူရကား “အလွန်အလွန် သိနိုင်ပါပေ၏” ဟု ချီးကျူးရသော ဗြဟ္မာမင်းတို့ကပင် ဘုရားရှင်ကို “လောကဝိဒူ = လောကအားလုံးကို သိမြင်တော်မူသော ဘုရား” ဟု ဦးထိပ်ပေါ်တွင် မြှောက်တင်ကိုးကွယ်ကြပေသည်။ တိုက်တွန်းချက်။ ။ဘုရားရှင်၏ လောကသုံးပါး သိတော်မူရာ၌ သတ္တလောကကို သိတော်မူခြင်းမှာ သတ္တဝါကို ချေချွတ်ဖို့အရေးဝယ် အလွန်အရာရောက်သော အချက်ပေတည်း။ ဟောပြောချေချွတ်တော်မူရာ၌ ထိုသတ္တဝါတို့၏ ပင်ကိုယ်စရိုက် အနုသယနှင့် ဣန္ဒြေအနုအရင့်ကို နှိုင်းယှဉ်ပြီးမှ သင့်တော်သော တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေး၍ ချေချွတ်တော်မူပေသည်။ ဥပမာ- ဆေးကုကျွမ်းကျင်သော သမားတော်သည် လူနာ၏ရောဂါကို အခြေအမြစ်နှင့်တကွ သိပြီးမှ သင့်တော်သောဆေးကို တိုက်ကျွေးသကဲ့သို့တည်း။ ထို့ကြောင့် ယခုသာသနာတော်တွင်း၌ တရားထူးမရကြသေးလျှင် နောင်ဘုရားရှင်တို့နှင့် တွေ့ကြုံသောအခါ လွယ်ကူစွာ ချေချွတ်ထိုက်သူဖြစ်အောင် ယခုနှယ်က ဆိုးဝါးသော အနုသယ ကိလေသာဓာတ်တွေကို ပါးလွှာသည်ထက် ပါးလွှာစေပြီးလျှင် သဒ္ဓါ ပညာစသော ဣန္ဒြေများ ရင့်သန်ထက်မြက်ဖို့ရန် ကြိုးစားကြပါကုန်။ ဤနေရာဝယ် စာဖတ်ရင်း ရပ်တန့်၍ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်၏အတွင်း၌ သန့်ရှင်းသော စိတ်တော်မှာ ယှဉ်နေသော... TRANG 47 သော သဗ္ဗညုတဉာဏ်တော်ဖြင့် လောကအားလုံးကို သိတော်မူပုံ၊ မိမိကိုယ်တိုင် ဘုရားရှင်ကိုဖူးရလျှင် မိမိစိတ်ကိုကြည့်၍ မိမိနှင့်သင့်တော်သောတရားကို ဟောတော်မူမည့်ပုံ၊ ထိုတရားတော်နာရင်း တရားထူးရမည့်ပုံကိုပါ “မစားရ၊ ဝမခန်း” အာရုံပြုလိုက်စမ်းပါ။ လောက၌ နေမင်းသာ ပေါ်မထွက်လာလျှင် ခလုတ် ကန်သင်း ကုန်းကျင်း အရပ်တို့ကို ခွဲခြား၍မသိနိုင်ဘဲ သွားတိုင်း သွားတိုင်း တိုက်မိ ခိုက်မိ ကျင်းထဲကျဖွယ်ရှိသကဲ့သို့ ထို့အတူ ဘုရားရှင်နေမင်းသာ ပေါ်ထွက်၍မလာလျှင် ကုသိုလ် အကုသိုလ်ကို ခွဲခြား၍မသိဘဲ အကုသိုလ်တွေကိုသာပြုမိကာ သတ္တဝါအများပင် အပါယ်လားဖို့ ရှိတော့သည်။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၆) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန်၊ သတ္တဝါမှန်သော်၊ ချောက်တန်လျှင်ချောက်၊ မြှောက်တန်မြှောက်၍၊ အောက်အောက်ထက်ထက်၊ ဆင့်ဆင့်စုံဖုံ၊ ပုံပုံသင်ပေး၊ အစဉ်ဖေးလျက်၊ ယဉ်ကျေးလေအောင်၊ သွေးဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာရထိ-အနုတ္တရော ပုရိသဒမ္မသာရထိဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ TRANG 48 ကြည့်ရန် အဓိပ္ပာယ် အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်သည် “ဆုံးမထိုက်သော သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်” ဟူသော အနက်ကို ပြသည်။ [အနုတ္တရော+ပုရိသဒမ္မ+သာရထိ၊ အနုတ္တရော = အတုမရှိမြတ်သည်+ပုရိသ = ယောက်ျား (သတ္တဝါ) +ဒမ္မ = ဆုံးမထိုက်သူ+သာရထိ = ဆုံးမနိုင်သည်]။ အောက်အောက်ထက်ထက်။ ။အောက်အောက် သီလဂုဏ်နှင့် အထက်အထက် ဈာန်မဂ်ဖိုလ်ဂုဏ်များ အဆင့်ဆင့်စုံလင်အောင် အဖုံဖုံသင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။ တောဆင်ရိုင်း၊ မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ၊ မြင်းဆရာတို့သည် အလွန်ရိုင်းပျသော ဆင်-မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင်၊ စီးတော်မြင်းများအဖြစ်သို့ ရောက်စေသကဲ့သို့ ရှင်တော်မြတ်ဘုရားလည်း “လောကဝိဒူ” ဂုဏ်တော်၌ ပြခဲ့သည့်အတိုင်း သတ္တဝါတို့၏အတွင်းစိတ်ကို ရှေ့နောက်ကုန်စင် သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တဝါများကို တွေ့မြင်တော်မူသောအခါ ချောက်၍ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် ချောက်၍ဆုံးမတော်မူ၏၊ မြှောက်ပင်၍ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် မြှောက်ပင်၍ ဆုံးမတော်မူသည်။ TRANG 49 ထိုသို့ ဆုံးမရာ၌ ပင်ကိုယ်က သီလမရှိသူဖြစ်လျှင် သီလ၌ တည်စေတော်မူ၏။ သီလရှိပြန်လျှင်လည်း အထက်အထက်ဈာန်တရား၊ မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်ရအောင် ဆုံးမတော်မူ၏။ ထိုဘဝ၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောင်နောင်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏။ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။ ဤနေရာဝယ် ရပ်တန့်၍ ဘုရားရှင်၏ စိတ်တော် ကြည်လင်ပုံ၊ ဉာဏ်တော်ထက်မြက်ပုံ၊ ထိုဉာဏ်တော်ဖြင့် ဟောပြောဆုံးမမှုရန် တရားမျိုးစုံကို သိတော်မူပုံ၊ ထိုတရားမျိုးစုံမှ သင့်တော်သောတရားတို့ကို ရွေးချယ်၍ သတ္တဝါတစ်ယောက်အား ဆုံးမတော်မူလျှင် တရားအထူးရပုံကို အာရုံပြုကာ ဘုရားရှင်၌ ကြည်ညိုစိတ် တိုးပွားအောင် ကြိုးစားကြပါလေ။ တိုက်တွန်းချက်။ ။ဤစကားအစဉ်ဖြင့် “ဘုရားရှင်သည် တွေ့သမျှ သတ္တဝါတိုင်းကို အကျွတ်တရားရအောင် ဆုံးမတော်မူသည် မဟုတ်၊ အထိုက်အလိုက် တရားထူးရလောက်သော ပါရမီအခံရှိသူကိုသာ ဉာဏ်တော်ဖြင့် ကြည့်ရှု၍ အထူးဆုံးမတော်မူသည်” ဟု နားလည်ကြပါ။ ဘုရားရှင်လက်ထက်၌ သာဝတ္ထိပြည်ရှင် ဘုရင်ကောသလမင်းကြီးနှင့် မိဖုရားခေါင်ကြီး မလ္လိကာတို့သည် ဘုရားကျောင်းဒကာ ကျောင်းအမဖြစ်၍ ဘုရားကို လွန်စွာကြည်ညိုကြ၊ တရားကိုလည်း မကြာမကြာနာပါလျက် မည်သည့်တရားထူးကိုမျှ ရကြသည်ဟု ကျမ်းဂန်၌ မတွေ့ရပါ။ TRANG 50 ယခုကာလ၌ သဒ္ဓါလွန်၍ ပညာနည်းပါးသူတို့ကား “ဘုရားနှင့် တွေ့လျှင်ပင် ကေန်တရားထူးရနိုင်မည်”ဟု မျှော်လင့်နေကြရုံမက ယခုဘဝမှာပင် အတော်အတန် တတ်သိနားလည်သူကို ဆည်းကပ်ရလျှင် “ထိုသူ၏တရားတွေ မိမိမှာ အလိုလိုကူးစက်လာလိမ့်မည်”ဟု တွေးဆကြ၏။ ကိုယ်အားထုတ်မှ ကိုယ်ရနိုင်သည်ကိုကား မသိရှာကြကုန်။ ထို့ကြောင့် နောင်ပွင့်တော်မူလာမည့် ဘုရားရှင်နှင့် တွေ့ရသော အခါ၌လည်း ဆုံးမထိုက်သော ပါရမီအခံ လုံလောက်ပြီးသူဖြစ်အောင် ယခုလိုအတော်အတန် တတ်သိနားလည်သော ဘဝကောင်းက ဖြစ်ခွင့်ကြုံသော ပါရမီအားလုံးကို သိမ်းကျုံး၍ ဖြည့်ကျင့်ကြပါကုန်။ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၇) သော ဘဂဝါ-ထို ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည် ဣတိပိ ဣမိနာ စ ကာရဏေန-သတ္ထာဝါဟော၊ ကုန်သည်ကျော်သည်၊ ဖော်လှေငယ်သား၊ နောက်ပါများကို၊ ရေရှားဘေးအစ၊ ကန္တာရမှ၊ ခေမမြေသို့၊ ထုတ်ကယ်ယူသို့၊ ထိုတူတစိ၊ ခဲယဉ်းဘိသည့်၊ ဇာတိ ဇရာ၊ မရဏဟု၊ ကန္တာရကြမ်း၊ ခရီးလမ်းမှ၊ ရွှေနန်းမြေသို့၊ ပြည်နိဗ္ဗူသို့၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ကောင်းစွာဆောင်ယူ၊ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေဝမနုဿာနံ-သတ္ထာဒေဝမနုဿာနံဟူသော ဂုဏ်တော်ကြီးဖြင့်၊ TRANG 51 အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် သတ္ထာဒေဝမနုဿာနံဂုဏ်တော်သည် “နတ်လူတို့၏ ရှေ့ဆောင်ဦးစီး ကုန်သည်ကြီးနှင့် တူတော်မူ၏”ဟူသော အနက်ကိုပြသည်။ [ဒေဝမနုဿာနံ-နတ်လူတို့၏+သတ္ထာ-(ဆရာဖြစ်၍)ကုန်သည်ကြီးနှင့် တူတော်မူသည်]။ သတ္ထာဝါဟော၊ ကုန်သည်ကျော်သည်။ “သတ္ထာဝါဟ” ဟူသော ပါဠိကို “သတ္ထာဝါဟော”ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ၏ အကြီးအမှူးဖြစ်၍ ကူးသန်းရောင်းဝယ်မှု၌ ကျွမ်းကျင် နားလည်သော “ကုန်သည်ကြီး”ဟူလို။ ကန္တာရမှ။ “ခြင်္သေ့ သစ်ကျား ခိုးသား စားပြ ပေါများ၍ အစာရေစာရှားသောခရီးကို “ကန္တာရ”ဟုခေါ်သည်။ အသွားအလာ ခက်ခဲသောကြောင့် “ခရီးခဲ”ဟုလည်း ခေါ်သည်။ [ခေမမြေ = ဘေးရန်မရှိသော ကုန်းမြင့်မြေအရပ်]။ ဇာတိဇရာ၊ မရဏာဟု။ “ဇာတိ = ပဋိသန္ဓေနေရမှု၊ ဇရာ-အိုမှု၊ မရဏ-သေရမှုဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။ ရွှေနန်းမြေသို့၊ ပြည်နိဗ္ဗူသို့။ “ရွှေထီး ရွှေနန်း၌ စံမြန်းရသကဲ့သို့ အေးမြချမ်းသာသော နိဗ္ဗာန်ပြည်တည်းဟူသော မြေအပြင်သို့။ TRANG 52 ရှေးအခါ၌ လှည်းအစီးများစွာ ငါးရာတစ်ထောင်စသည် စုပေါင်း၍ ကုန်များကို တင်ဆောင်လျက် ကူးသန်းရောင်းဝယ်လေ့ရှိကြ၏။ အကြီးအမှူးဖြစ်သော ကုန်သည်ကြီးလည်း ပါရှိရသည်။ လမ်းစခန်း၌ ခြင်္သေ့၊ သစ်၊ ကျား၊ ဘီလူး၊ ခိုးသူ၊ စားပြ စသော ဘေးတို့ဖြင့် အလွန်ဆိုးဝါး၍လည်းကောင်း၊ အစာရေစာရှားပါး၍ လည်းကောင်း၊ နေအလွန်ပူသော သဲပြင်ကြီးဖြစ်၍လည်းကောင်း၊ အကူးအသန်း အသွားအလာခက်၍ “ကန္တာရ”ခေါ်သော ခရီးဆိုး ခရီးကြမ်းများလည်း ရှိတတ်လေသည်။ ကုန်သည်မျိုးကြီးတို့သည် ထိုခရီးဆိုးကြီးမှ လွတ်မြောက်၍ ဘေးမရှိရာသို့ရောက်အောင် အဖော်ငယ်သား ကုန်သည်များကို ပို့ဆောင်သကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်လည်း အိုရမှု နာရမှု သေရမှု စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲ တကွဲတပြားဖြစ်ရမူစသော ဘေးဒုက္ခတို့ဖြင့် မရှောင်သာအောင် ဆိုးသွမ်းသော သံသရာတည်းဟူသော ကန္တာရကြီးမှ သတ္တဝါအများကို ကယ်တင်၍ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တော်မူရကား ကုန်သည်ကြီးနှင့် တူတော်မူပေသည်။ တိုက်တွန်းချက်။ “ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူလာသောအခါ များစွာသောသတ္တဝါကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါလျက် ငါတို့တစ်တွေ မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလှပေပြီ၊ သို့ပါလျက် ယခုခေတ်၌ သူတော်ကောင်းအခေါ်ခံရသူတို့မှာ ကိုယ့်တာဝန်ဖြစ်သော တရားအားထုတ်မှု၊ TRANG 53 ပါရမီဖြည့်မှုကို မကြိုးစားဘဲ “နိဗ္ဗာန်ကို မြန်မြန်ရလိုပါ၏”ဟု ဆုတောင်းတုန်းပင်။ ထိုသို့ ဆုတောင်းရင်း ကျန်ရစ်ကြရသည်ကိုကား သတိရကြဟန်မတူ၊ သတိရ၍ ကြိုးစားလိုသူအတွက်မှာမူ ယခုလည်း အချိန်ရပါသေး၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ သတိရ၍ တရားတော်လာအတိုင်း ကြိုးစားသူတွေ အရှင်မဟိန္ဒထေရ်၊ သံဃမိတ္တာထေရီ စသည်ကဲ့သို့ များစွာကျွတ်တမ်းဝင်ခဲ့ကြပါသည်။ ထို့ကြောင့် ဘုရားကို အာရုံပြုရင်း ဖြစ်လာသော နှစ်သက်မှု (ပီတိ) စိတ်ကိုပင် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာကမ္မဋ္ဌာန်းရှုကာ မိမိ၏ ခန္ဓာကိုယ်နှင့်တကွ တစ်လောကလုံးကို ငြီးငွေ့စရာဟု ဆင်ခြင်စမ်းပါလော့၊ ပီတိတစ်ခုကိုပင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မြင်လာသောအခါ တစ်ကိုယ်လုံးရှိ ရုပ်တရား နာမ်တရားတွေကိုလည်း ကူးစက်၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မြင်လာနိုင်ပါသည်။ ဗုဒ္ဓဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၈) သော ဘဂဝါ-ထိုရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည် ဣတိပိ ဣမိနာ စ ကာရဏေန-ဒုက္ခသမုဒယ၊ နိရောဓနှင့်၊ မဂ္ဂမည်သာ၊ လေးသစ္စာကို၊ ဦးစွာပိုင်ပိုင်၊ သိမြင်နိုင်၍၊ သုံးဆိုင်ဝေနေ၊ များဗိုလ်ခြေကို၊ မသွေအတူ၊ သိစေတော်မူနိုင်သော ဤ TRANG 54 အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီး၍မကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပါပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် ဗုဒ္ဓဂုဏ်တော်သည် “ကိုယ်တော်တိုင်သိ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြ၏။ (၁) ဒုက္ခသစ္စာ။ ။(ဒုက္ခ-ဆင်းရဲခြင်း+သစ္စာ-အမှန်) ရုပ်ခန္ဓာနှင့် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာတရားတွေ ပေါင်းစပ်နေသည်ကို “ခန္ဓာကိုယ်”ဟု ခေါ်၏။ ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်း အမှန်ဖြစ်၏။ ဤခန္ဓာကိုယ်ကြီးရှိလို့သာ စားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ ရှာဖွေသွားလာရ၏။ အိုရ နာရ သေရ ကြုံရ၏။ အရှာအဖွေအနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန်အလွန် စီးပွားတွေ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏။ မခွဲချင်ဘဲနှင့် တကွဲတပြားဖြစ်ရ၏။ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစဆုံးကြည့်လိုက်လျှင် ချမ်းသာစစ်စစ်ဟူ၍ မမြင်ရချေ။ “အလွန်ချမ်းသာသည်”ဟုဆိုရသော နတ်ပြည် ဗြဟ္မာပြည်များသို့လည်းရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ၊ ရောက်ပြီးသည်နောက်၌ ပျက်စီးရသောအခါ ဒုက္ခ၊ [နတ်ပြည်၌“ပျက်စီးလိမ့်မည်”ဟု စောစောက အချို့သိနှင့်ကြသဖြင့် “ဤမျှလောက် ကြီးကျယ်သော စည်းစိမ်ကို စွန့်ရတော့မှာပါတကား”ဟု ဇောချွေးများ ကျပြီးလျှင် “အလွန်အလွန် ဆင်းရဲရလေသည်”]။ TRANG 55 ဤသို့ဆင်းရဲကန် စင်စစ်မှန်သောကြောင့် ငါ၏ခန္ဓာကိုယ်နှင့် သတ္တဝါအားလုံး၏ ခန္ဓာကိုယ်သည် ဒုက္ခသစ္စာချည်းပါတကား။ (၂) သမုဒယသစ္စာ။ ။(သမုဒယ-ဒုက္ခဖြစ်ကြောင်း + သစ္စာ-အမှန်) ထိုဒုက္ခ၏ အကြောင်းရင်းကား “တဏှာလောဘ”ခေါ်သော နှစ်သက်ခင်မင် လိုချင်တောင့်တမှုသည် အကြောင်းအမှန်ဖြစ်တော့၏။ ဒုက္ခသစ္စာ၌ပြခဲ့သော ဒုက္ခဟူသမျှသည် ဤလိုချင်တောင့်တမှုကို အကြောင်းပြု၍ ဖြစ်၏။ ထိုတောင့်တလိုချင်မှုကြောင့် တစ်ခါတစ်ရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ်မင်းဒဏ်၊ နောက်သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို ခံရသည်၊ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ရချက်သည် ထိုထိုဘဝကို တောင့်တလိုချင်သော လောဘတဏှာ၏ စနက်သာတည်း။ တောင့်တလိုချင်မှုဟူသော တဏှာလောဘသည် တရားသဖြင့် မချုပ်တည်းနိုင်မျှ သူ့အလိုလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်။ “သံပရာသီး ကြီးလေ ချဉ်လေ”ဖြစ်သကဲ့သို့လည်းကောင်း၊ “ငယ်စဉ်ကပေါက်သော နွားဦးချိုသည် ကြီးလေ ရှည်လေ”ဖြစ်သကဲ့သို့လည်းကောင်း၊ “မီးသည် လောင်စာများလေ မီးတောက်ကြီးလေ”ဖြစ်သကဲ့သို့လည်းကောင်း၊ ဤတဏှာလောဘ၏သဘောသည်လည်း “ရလေ လိုလေ၊ ရဖန်များလေ လောဘတိုးလာလေပင်”ဖြစ်တော့သည်။ TRANG 56 တဏှာလောဘ ကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင် ရောက်ကြမည်သာ။ မန္ဓာတ်စကြာမင်း ဝတ္ထု။ ။ဤကမ္ဘာ၏ အစပိုင်းလောက်က ဘုရားအလောင်းတော်သည် လေးကျွန်းလုံးကို အစိုးရသော မန္ဓာတ်စကြာမင်းဖြစ်၏။ တစ်နေ့သ၌ စကြာရတနာဖြင့် ပရိသတ်ခြံရံလျက် ကောင်းကင်ခရီး၌ လေးကျွန်းလုံးလှည့်လည်စဉ် စတုမဟာရာဇ် နတ်ပြည်၏ ကြီးကျယ်ခမ်းနားကြောင်းကို ကြားရ၍ အခြံအရံ ပရိသတ်များနှင့်တကွ စတုမဟာရာဇ်နတ်ပြည်သို့ ချီတက်လေသော် စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးက ခရီးဦးကြိုဆိုလျက် နတ်ပြည်ကို ဆက်သကြ၏။ ထိုအခါ နတ်စည်းစိမ်ကို ခံစားရသော်လည်း တာဝတိံသာနတ်ပြည်သည် ဤနတ်ပြည်ထက်ပင် အဆတစ်ရာမက သာလွန်ကြီးကျယ်ကြောင်း ကြားရပြန်၍ တာဝတိံသာသို့ ချီပြန်လေသော် စကြာရတနာနှင့် ပရိသတ်တို့ မလိုက်နိုင်ကြဘဲ လမ်းခုလတ်မှ လူ့ပြည်သို့ ပြန်ကြရလေသည်။ ထိုအခါ တစ်ကိုယ်တည်း ကြွလာသော မန္ဓာတ်မင်းအား သိကြားကိုယ်တိုင် နတ်ပြည်ကို တစ်ဝက်ခွဲ၍ လွှဲအပ် ခံစားစေလေသည်။ ထိုအခါ လူတို့၏ အသက်တမ်းမှာလည်း အလွန်ရှည်ကြာသော အသင်္ချေတန်းအခါဖြစ်၍ ပကတိ သိကြားပေါင်း ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် ထိုမန္ဓာတ်စကြာမင်းသည် စုတေတော်မမူသေးဘဲ ခံစားမြဲ ခံစားနေပါလျက် နတ်ပြည်တစ်ဝက်မျှ အုပ်စိုးရခြင်းဖြင့် တင်းတိမ်တော်မမူသောကြောင့် ရောက်ခါစ သိကြားသစ်ကို သတ်ဖြတ်လိုသော အကြံဆိုးပေါ်ပေါက်လာသဖြင့် ထိုနတ်ပြည်မှ ကွယ်ပျောက်ခဲ့၍ လူ့ပြည်သို့အရောက်တွင် စုတေပွဲဝင်ရလေသည်။ [အတတ္တဒုက္ခတာ-တိကနိပါတ်-သက်ပုဝါတ်၊ မန္ဓာတုဇာတ်]။ TRANG 57 ဤဝတ္ထု၌ သိကြားပေါင်း ၃-ကျိပ် ၆-ယောက် ပြောင်းလဲအောင် နတ်စည်းစိမ်ကို စံရပါလျက် အားမရနိုင်သော လောဘ၏ကြီးကျယ်ပုံကို မှန်းဆသင့်တော့သည်။ ထို့ကြောင့် တဏှာလောဘမည်သည် တရားဖြင့် မချုပ်တည်းနိုင်မျှ သူ့အလိုအလျောက် မည်သည့်အခါမှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ တဏှာလောဘ နောက်မဆုတ်သမျှလည်း ပြခဲ့သော ဒုက္ခပေါင်းမှ လွတ်နိုင်ကြဦးမည်မဟုတ်၊ ထို့ကြောင့် နှစ်သက်ခင်မင် လိုချင်တောင့်တမှုဟူသော တဏှာလောဘသည် အားလုံးသော ဒုက္ခပေါင်းတို့၏ အကြောင်းရင်းခံ စင်စစ်မှန်သော သမုဒယသစ္စာပေတည်း။ (၃) နိရောဓသစ္စာ။ ။(နိရောဓ-ဒုက္ခ၏ချုပ်ဆုံးရာ+ သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာအမှန်ကား နိဗ္ဗာန်တည်း။ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ၊ မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဉာဏ်ရမှသာ ကျနစွာသိနိုင်ရာ၏။ သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ။ သောတာပန်များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာအဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ်ကြတော့သည်။ ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ်ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာလည်း ဒုက္ခရုပ်နာမ်ကို စွန့်ရတော့မည်ဖြစ်၍ ကြည်လင် ရွှင်ပျတော်မူကြသည်။ TRANG 58 နိဗ္ဗာန်သည် ယခုပုထုဇဉ်တို့ အတွေးမျိုးဖြင့်တွေးကာ ပျင်းစရာဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်ပါ။ မိမိတို့သွားရမည့် နိဗ္ဗာန်၏ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏ အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေသည်။ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး၌ နတ်ရောလူပါ လွမ်းဆွတ်တသ ငိုပွဲကြီးကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ “သားတော် သမီးတော်များ- ဤအခါမျိုးကား ငိုရမည့်အခါမဟုတ်၊ ဝမ်းမြောက်ရမည့်အခါ ဖြစ်သည်”ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေးသေးသည်။ အမျိုးဇာတ် ဂုဏ်သိမ် စည်းစိမ်အားဖြင့် အထက်တန်းကျ၍ ပါရမီကြီးမားလှသော ရှင်တော်ဘုရားနှင့် သူတော်ကောင်းကြီးများ သွားရာလမ်းကောင်းကို ငါတို့တတွေ အဘယ်မှာ မလိုက်လိုဘဲ ရှိသင့်အံ့နည်း။ တပျော်တပါး မနားမနေပါရမီတွေကို ဖြည့်ကာ ဖြည့်ကာ ကောင်းစွာစိုက်စိုက်လိုက်ကြဖို့ရာ ယခုနှယ်က ပြင်ဆင်ထားကြပါကုန်။ (၄) မဂ္ဂသစ္စာ။ ။(မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း+ သစ္စာ-အမှန်) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။ မဂ္ဂင်ရှစ်ပါး သမ္မာဒိဋ္ဌိ = ကောင်းသော အမြင်မှာ ဉာဏ်ပညာ။ သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ TRANG 59 သမ္မာဝါစာ = ကောင်းသော စကားကို ဆိုခြင်း။ သမ္မာကမ္မန္တ = ကောင်းသော အမှု့ကို ပြုခြင်း။ သမ္မာအာဇီဝ = ကောင်းသော အသက်မွေးခြင်း။ သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။ [အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း”ဟု ဆိုလိုသည်။] [ဆောင်] အလီဗာဉာဏ်၊ ကောင်းအောင်ကြံ၍ အမှန်ပြောပြ၊ ပြုသမျှ ကောင်း၊ သက်မွေးကောင်းပင်၊ ကောင်းကောင်းအားစိုက်၊ စိတ်၌စွဲမှတ်၊ ကောင်းမြတ်တည်ကြည်၊ ကောင်းရှစ်လီသည်၊ ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။ ဘုရားရှင်၏ သန္တာန်တော်၌- “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုဥဒပါဒီ၊ ဉာဏံဥဒပါဒီ၊ ပညာဥဒပါဒီ၊ ဝိဇ္ဇာဥဒပါဒီ၊ အာလောကော ဥဒပါဒီ”ဟူသော ဓမ္မစကြာနှင့်အညီ ဘုရားဖြစ်အံ့ရှေးအခါက ကြားမျှမကြားဖူးအပ်သော ဤသစ္စာလေးပါးတရားတို့၌ သိမြင်နိုင်သော ပညာ၊ ဝိဇ္ဇာအရောင်အလင်းဟူသော ဉာဏ်စက္ခုသည် ဘုရားဖြစ်တော်မူခါနီးဝယ် ထင်ရှားစွာပေါ်လာ၏။ သစ္စာလေးပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးနောက် ဘုံသုံးပါး၌ရှိကြသော ဝေနေယျသတ္တဝါတို့ကိုလည်း ကိုယ်တော်ကဲ့သို့ သိကြဖို့ရာ ဟောပြတော်မူပေသည်။ TRANG 60 [ယခုကာလ ဉာဏ်ထက်မြက်သူတို့သည် ရှေးကမသိဖူးသောအရာကို စူးစူးစိုက်စိုက် ကြံသောအခါ ထိုအရာကို သိနိုင်သောဉာဏ်များ ထင်ရှားပေါ်လာတတ်ပုံကို သတိထား၍ ဘုရားရှင်၏သန္တာန်၌လည်း ရှေးကမရှိသော ဝိဇ္ဇာဉာဏ်ပေါ်လာပုံကို ယုံကြည်ပါကုန်။] တိုက်တွန်းချက်။ ။ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖို့ရာ တဏှာလောဘကို တစ်စတစ်စ ပယ်ရှားလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိအောင် သတိတရားကောင်းစွာထား၍ ကြိုးစားသင့်ကြသည်။ ထိုသို့ ကြိုးစားရာ၌ တကယ်တမ်း တောထွက်၍ အားတိုက်သရော မလိုက်နိုင်သေးလျှင် အိမ်သုံးမဂ္ဂင်များကို ကြိုးစားပါ။ အိမ်သုံးမဂ္ဂင် ရှစ်ပါး သမ္မာဒိဋ္ဌိ။ ။ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှုကံတို့သည် ငါ၏သန္တာန်၌ အမှတ်တင်ရစ်သည်။ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့်ကံ၏အကျိုးကို နားလည်သောဉာဏ်ဖြစ်ပါစေ။ တစ်ခါတစ်ရံကား ရုပ်နာမ်နှစ်ရပ်ပေါင်းစပ်၍ လူဟုခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ဝိပဿနာဉာဏ်ဖြစ်ပါစေ။ သမ္မာသင်္ကပ္ပ။ ။မိမိအတွက်ဖြစ်စေ၊ သူများအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ။ သူတစ်ပါးတို့ ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲသွားမည့် အကြံများကို မကြံမိပါစေနှင့်။ TRANG 61 မေတ္တာကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ။ တစ်ခါတစ်ရံကား “လူ့လုပ်ငန်းကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ် (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်”ဟု ကြံပါ။ သမ္မာဝါစာ။ ။မိမိမှာဖြစ်စေ၊ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ။ မုသားစကား၊ ကြမ်းတမ်းသောစကား၊ အပုပ်အစပ် အချောင်အလွင့်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်ကပတ်တော် တရားစာများကို ရွတ်နိုင်လျှင် သာ၍ကောင်းပါသည်။ သမ္မာကမ္မန္တ။ ။မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ။ သတ်မှု, ခိုးမှုစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်။ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ၊ ပန်းကပ်) စသည်ကို နေ့စဉ်ပြုပါစေ။ သမ္မာအာဇီဝ။ ။မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ၊ သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ။ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။ သမ္မာဝါယာမ။ ။စီးပွားရှာရာဖြစ်စေ၊ ကုသိုလ်ကိစ္စဖြစ်စေ၊ ဝီရိယအမြဲရှိပါစေ၊ လောကီစီးပွားရေးဖြစ်စေ၊ သံသရာကြီးပွားရေးဖြစ်စေ... TRANG 62 ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးဖြစ်စေ “အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုကိုအားကိုးလို့ ရနိုင်ရိုး မရှိပါ။ ရေလာမြောင်းပေးဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။ သမ္မာသတိ။ ။နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲ သတိရပါစေ။ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။ သမ္မာသမာဓိ။ ။စိတ်နေစိတ်ထား တည်ကြည်ပါစေ။ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ။ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်တည်ကြည်နေလျှင် မြင်သူလူအများက ခန့်ညားကြည်ညို လျက် မျက်နှာအနေ မတင်းသည့်အတွက်လည်း တစ်မျိုးကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။ ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်းဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန်မဂ်ဖိုလ် မဂ္ဂင်များသို့ရောက်အောင် သမ္မာသတိကြီးစွာထားလျက် သမ္မာဝါယမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထဲ၌ ဘုရားအာရုံပြုရင်း၊ ဘုရားရှိခိုးရင်း၊ ရေတော်၊ ပန်းတော်၊ ဆီမီးတော်ကပ်ရင်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြစ်၍ ထိုကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ပြပါဦးမည်။ TRANG 63 ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး “အမျိုးသား အမျိုးသမီး လူကြီးသူမတစ်ယောက်သည် ဘုရားကို ပန်း၊ ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်ကန်တော့နေသည်”ဟု ဆိုကြပါစို့။ ထိုအချိန်မှာ ထိုသူတော်ကောင်း၏စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား- သမ္မာဒိဋ္ဌိ။ ။“ဘုရားရှင်သည် ငါတို့လို သတ္တဝါတွေအပေါ်မှာ မေတ္တာကရုဏာကြီးမားတော်မူသောကြောင့် ၄၅-ဝါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြဆုံးမတော်မူခဲ့ပေ၏။ ငါသည် ထိုတရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမှုများကို ရှောင်ရှား၍ ကောင်းမှုကုသိုလ်များကို ပြုတတ်ပေးသည်။ ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့် ငါသည် အပါယ် ၄-ပါးမှလွတ်၍ ကောင်းရာဘဝနှင့် နိဗ္ဗာန်ကို အမှန်ရတော့မည်။ ဘုရားရှင်သည် ငါ၏ကျေးဇူးတော်ရှင် အစစ်ပေတည်း။ ငါ့ကျေးဇူးရှင်ကို ရည်မှန်း၍ ငါသည် ပန်း၊ ရေချမ်းတို့ကို လှူဒါန်း ပူဇော်နေပါတကား၊ ဤသို့ စိတ်ထဲ၌ အသိဉာဏ်ဖြစ်နေခြင်းသည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း။ သမ္မာသင်္ကပ္ပ တည်း။ ။ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစားကြံစည်နေခြင်းသည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏။ ဘုရားဂုဏ်တော်များကို ရွတ်ဆိုရှိခိုး နေခြင်းသည် သမ္မာဝါစာမဂ္ဂင် ဖြစ်နေ၏။ ပန်း၊ ရေချမ်း၊ အမွှေးတိုင်၊ TRANG 64 ဆီမီးတို့ကို သန့်ရှင်းအောင် သားနားအောင် ပြုလုပ်နေခြင်းသည် သမ္မာကမ္မန္တမဂ္ဂင် ဖြစ်နေ၏။ ဘုရားကိစ္စကို ပြုလုပ်နေချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်းသော စီးပွားရှာမှု မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည်ဟု ဆိုသင့်ပေ၏။ ဘုရားကိစ္စကို ပြုလုပ်အားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမမဂ္ဂင် ဖြစ်နေ၏။ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်များကို သတိရနေခြင်းသည် (ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများနေခြင်းသည်) သမ္မာသတိမဂ္ဂင် ဖြစ်နေ၏။ (တစ်ခြားကိစ္စကို အမှတ်မရတော့ဘဲ)ဘုရားကိစ္စတစ် ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာသမာဓိမဂ္ဂင်ဖြစ်နေ၏။ ဤသို့လျှင် ဘုရားကို ရှိခိုးကန်တော့နေသောအခါ ပန်း၊ ဆီမီးစသည်ဖြင့် ပူဇော်နေသောအခါ ဘုရားကိုအာရုံပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွားများလျက် (ပုတီးစိပ်)နေသောအခါတို့၌ ထိုသူတော်ကောင်း၏ စိတ်တွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပါသည်။ ထိုမဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို (မျက်စိဖြင့် မြင်ရသလို) မျက်မှောက်ပြုနိုင်ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏။ မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ။ ဤနေရာဝယ် ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်သော “ဖုဿဒေဝ”ရဟန်းတော်၏ဝတ္ထုကို သတိပြုပါ။ TRANG 65 ဖုဿဒေဝ ဝတ္ထု ရှေးတုန်းက ရဟန်းတော်တစ်ပါးသည် စေတီအပြင်ကို တံမြက်လှည်းပြီးလျှင် သန့်ရှင်းသော စေတီအပြင်ကိုကြည့်ကာ သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျက် နှစ်သက်သော (ပီတိ)စိတ် ဖြစ်နေ၏။ ထိုအခါ မာရ်နတ်သည် နှောင့်ယှက်လိုသော သဘောဖြင့် ဗြိတ္တယ္ဗျားကြီး ဟန်ဆောင်၍ နွားချေးတွေကို စေတီရင်ပြင်တော်၌ ကြဲဖြန့်ပြေး၏။ ထိုနှောင့်ယှက်မှုကြောင့် ထိုနေ့၌ တရားထူးရအောင် အာရုံမပြုနိုင်တော့ချေ။ ဒုတိယနေ့၌လည်း နွားအိုယောင်ဆောင်၍ နှောင့်ယှက်ပြန်၏။ တတိယနေ့၌ကား အလွန်အရုပ်ဆိုးသော ယောင်္ကျားယောင်ဆောင်၍ နှောင့်ယှက်စဉ် “ဒီလိုလူမျိုး ဒီနယ်မှာ မမြင်ဖူးချေ၊ မာရ်နတ် ဖြစ်လေသလား”ဟု စဉ်းစား၍ မေးလေရာ “မာရ်နတ်ဟုတ်ကြောင်း” ဝန်ခံလေသည်။ “မာရ်နတ်ဖြစ်လျှင် ဘုရားရှင်၏ ပုံတော်ကို ဖန်ဆင်းပြစမ်းပါ”ဟု တောင်းပန်သောကြောင့် “တကယ်တူအောင်တော့ မဖန်ဆင်းနိုင်ပါ၊ အတုလောက်သာ ပြပါမည်”ဟုပြော၍ ဘုရားပုံတော်ကို ဖန်ဆင်းပြလေသည်။ ထိုအခါ “အတုဖြစ်သော ပုံတော်သည်ပင် ဤမျှလောက် သပ္ပာယ်တော်မူသေး၏။ အတွင်းစိတ်တော်၌ ရာဂ၊ ဒေါသ၊ မောဟ စသော အညစ်အကြေးကင်း၍ သန့်ရှင်းသော ဘုရားအစစ်မှာ ဘယ်လောက် သပ္ပာယ်တော်မူမည်နည်း”ဟု စိတ်ထဲ၌ တွေးတောကာ... TRANG 66 လွန်စွာ နှစ်သက်ကြည်ညိုသော (ပီတိ)စိတ်ဖြစ်လေရာ ထိုပီတိစိတ်ကိုပင် စိတ်တစ်ခုပြီးတစ်ခု ပြောင်းလဲ၍ဖြစ်သောကြောင့် မမြဲသော အနိစ္စတရား၊ စိတ်တစ်ခုခု ချုပ်ဆုံးခြင်းသည် (လူတစ်ယောက် သေဆုံးခြင်းကဲ့သို့) ဆင်းရဲသော ဒုက္ခတရား၊ တစ်ခုပြီးတစ်ခု ပျက်နေသည့်အတွက် ခိုင်မြဲရာ အနှစ်အသား(အသက်)မပါသော အနတ္တတရားဟု ဝိပဿနာကမ္မဋ္ဌာန်း ရှုလေသည်။ ထိုအခါ ပီတိစိတ်ကို အနိစ္စ ဒုက္ခ အနတ္တဟု မြင်နေသကဲ့သို့လည်းကောင်း၊ တစ်ကိုယ်လုံးလည်း အနိစ္စ ဒုက္ခ အနတ္တဟု ထင်နေရကား ထိုအချိန်မှာ အလွန်နက်နဲသော အသိအမြင်မှန် (သမ္မာဒိဋ္ဌိမဂ္ဂင်) ဖြစ်နေသောကြောင့် ထိုပီတိစိတ်၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံကို အထပ်ထပ် အမှတ်ရနေသော သမ္မာသတိမဂ္ဂင်နှင့် တည်ကြည်နေသော သမ္မာသမာဓိမဂ္ဂင်ကို လက်မလွှတ်ဘဲ သမ္မာဝါယာမမဂ္ဂင်ဖြင့် အစဉ်တစိုက် ကြိုးစားလေရာ တစ်ခဏချင်းပင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်လေတော့သည်။ ထို့ကြောင့် ယခုအခါ ဤရဟန်းတော်၏ထုံးကို နှလုံးသွင်းကာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်သို့ လှမ်းနိုင်အောင် ကြိုးပမ်းကြပါကုန်။ [ပရိဝါအဋ္ဌကထာ၊ ကေတ္တူရိကဏ္ဍယ၊ ပဗ္ဗတဝါရ။] တိုက်တွန်းချက်။ ။ဘုရားကိုအာရုံပြု၍ စီးဖြန်းရသော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် တရားမပေါက်သေးသော်လည်း မိမိ၏စိတ်ကို အလွန်ထူးခြားသော ဘုရားအာရုံ၌ ချထားရသောကြောင့် အမြဲရွှင်လန်းသော ပီတိသောမနဿစိတ်၊ အမြဲကြည်လင်သော TRANG 67 သဒ္ဓါစိတ်များ ဖြစ်ပေါ်နေရကား ထိုသူ၏မျက်နှာသည် အလွန်ကြည်လင်၏။ မျက်နှာကြည်လင်သကဲ့သို့ တစ်ကိုယ်လုံး ရုပ်လည်း ကြည်လင်၏။ ဤသို့လျှင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ကိုယ်ရောစိတ်ပါ ချမ်းသာစေနိုင်၏။ ထိုသို့ ချမ်းသာလျှင် အလွန်ကောင်းသော ကျန်းမာရေးကိုလည်း ရနိုင်သောကြောင့် ဤစာအုပ်ကို ကြည့်၍ဖြစ်စေ၊ စာအုပ်ကို မကြည့်ဘဲဖြစ်စေ မကြာခဏ အားလပ်ချိန်ရသမျှ မိမိစိတ်ကို ဘုရားအာရုံ၌ ချထားကြပါလေ။ ဘဂဝါ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၉) သော ဘဂဝါ-ထို ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်၊ ဣသိပိ ဣမိနာစ ကာရဏေန-အကုမ္ပ္ဗုသဖွယ်၊ ပျောက်ကွယ်သိမ်မွေ့၊ မမြင်တွေ့အောင်၊ ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ”ဘုန်းတော်၊ စိတ်၏အလား၊ ကောင်းကင်ဖျား၌၊ ပေါ့ပါးလျင်မြန်၊ ဈာန်ပျံကြွသွားနိုင်သော “လဃိမာ”ဘုန်းတော်၊ ကိုယ်တော်သဏ္ဌာန်၊ ပုံဟန်တိုင်းခြား၊ မနှိုင်းအားဖို့၊ ကြီးမားလေအောင်၊ ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊ ဆီးတားကွယ်ကာ၊ မရှိပါဘဲ၊ လိုရာတိုင်းပေါက်၊ တစ်ခဏလောက်ဖြင့်၊ ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်၊ အဆင်းအတန်တန်၊ ပုံသဏ္ဌာန်ကို၊ စိမံဖန်တီး၊ တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်၊ TRANG 68 ကိုယ်တော်မြတ်၏၊ စိတ်ဓာတ်တော်မှ၊ စဉ်မကြွင်း၊ လူနတ်မင်းကို၊ ပိုင်နင်းအုပ်စိုး၊ လွှမ်းမိုးနိုင်သော “ဣသိတာ” ဘုန်းတော်၊ သမာပတ်ဈာန်၊ အဘိညာဏ်ကို၊ ဝင်စံလိုက၊ တစ်ခဏချင်းပိုင်၊ ဝင်စားနိုင်သော “ဝသိတာ” ဘုန်းတော်၊ ကိစ္စတစ်ခု၊ ပြုစုတုန်းပင်၊ ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ၊ ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်၊ ရှစ်ဖော်အပြား၊ ဤသို့အားဖြင့်၊ ထင်ရှားလေဘိ၊ “ဣဿရိယ” ဘုန်းတော်၊ ကိလေသာရန်၊ ပယ်ဖျက်လှန်ဖို့၊ နိဗ္ဗာန်ဖိုလ်မဂ်၊ ကိုးချက်အပြား၊ လောကုတ္တရာတရားဟူသော “ဓမ္မ” ဘုန်းတော်၊ ဟုတ်တိုင်းမှန်စွာ၊ ဖြစ်ပေါ်လာ၍၊ ကမ္ဘာတိုက်ပေါင်း၊ သောင်းလောကဓာတ်၊ ပဲ့တင်ထပ်မျှ၊ နံ့စပ်သတင်း၊ ကျော်စောခြင်း ဟူသော “ယသ” ဘုန်းတော်၊ ရွှေမျက်နှာတော်၊ လက်ခြေတော်မှ၊ စဉ်မကြွင်း၊ ပင်လုံးဝင်းသည့်၊ ပန်းမင်းအနေ၊ ကျက်သရေမင်္ဂလာ၊ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ်၊ သပ္ပာယ်တော်မူသော “သီရိ” ဘုန်းတော်၊ အလိုတော်အတိုင်း၊ တောင့်တတိုင်းပင်၊ မဆိုင်းမတွ၊ ပြီးစီးရသည့် “ကာမ” ဘုန်းတော်၊ တစ်လောကလုံး၊ ညွတ်ရုံးကိုးစား၊ အားထားဖို့ရာ၊ လွန်စွာကြိုးကုတ်၊ အားထုတ်တော်မူသော “ပယတ္တ” ဘုန်းတော်၊ TRANG 69 ဤခြောက်ဖော်ဂုဏ်၊ ဘုန်းတော်ဟုန်နှင့်၊ ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂဝါ-ဘဂဝါဟုဆိုသော ဂုဏ်တော်ကြီးဖြင့်၊ အံ့ချီးမကုန်၊ ဗြဟ္မာ့ဘုံတိုင်အောင်၊ ပျံ့လှိုင်ကျော်ကြား၊ ထင်ရှားတော်မူပေသည်တကား။ ကြည့်ရှုရန် အဓိပ္ပာယ် ဘဂဝါဂုဏ်တော်သည် “ဘုန်းကံကြီးတော်မူ၏” ဟူသော အနက်ကို ပြသည်။ [ဘဂ+ဝါ။ ဘဂ=ဘုန်းကံ+ဝါ=ရှိသည်။ ကြီးသည်။] အဏိမာဘုန်းတော်။ ။ဘုရားရှင်သည် ဖန်ဆင်းတော်မူလိုလျှင် ကိုယ်တော်ကို အဏုမြူမုန့်မျှ အလွန်ငယ်အောင် ဖန်ဆင်းတော်မူပြီးလျှင် ပရိက္ခရာရှစ်ပါးကို လွယ်တော်မူ၍ မှန်ညွှန်းစေ့အတွင်း စင်္ကြံကြွတော်မူ၏။ ထိုအခါဝယ် သေးငယ်သော မှန်အတွင်း၌ တိုက်ရိပ် အိမ်ရိပ် ထင်နေသလို ဘုရားရှင်ကို ဖူးမြင်ကြရ၏။ အနီးအပါး၌ရှိနေသူတို့ မမြင်ရအောင်လည်း ကိုယ်တော်ကို ကွယ်ပျောက်တော်မူနိုင်၏။ ကွယ်ပျောက်တော်မူသော ဝတ္ထု။ ။ဘုရားရှင် လက်ထက်တော်က “ဗက”မည်သော ဗြဟ္မာမင်းကြီးသည် သူကိုယ်သူ “အမြဲတည်၍ တန်ခိုးအကြီးဆုံး”ဟု အထင်ကြီးရုံမက “ဤလောကကြီးနှင့်တကွ သတ္တဝါအပေါင်းကိုပင် သူဖန်ဆင်းထားသည်”ဟု အယူရှိနေ၏။ လက်အောက်ဗြဟ္မာငယ်များကလည်း ဤအတိုင်းပင် သူ့အပေါ်မှာ ထင်နေကြသည်။ ထိုအကြောင်းကို ရှင်တော်မြတ်ဘုရား သိတော်မူ၍... TRANG 70 ဗြဟ္မာ့ပြည်သို့ ကြွတော်မူပြီးလျှင် ဗြဟ္မာ့ပရိသတ်အလယ်တွင် ပကတိဗြဟ္မာကြီးအား “အသင်သည် ရှေ့နောက်အလုံးစုံကို အကုန်မသိနိုင်” စောသော ခပ်နှိပ်နှိပ်စကားကို မိန့်တော်မူသောအခါ။ ဗြဟ္မာကြီး ရှက်သဖြင့် ကြံမိကြံရာ ကြံပြီးလျှင် “အသင်ရဟန်းကြီးအား အကျွန်ုပ် တန်ခိုးသိရအောင် ကိုယ်ဖျောက်ပြမည်” ဟု ပြောဆို၍ ကိုယ်ကိုဖျောက်စမ်းသော်လည်း။ မပျောက်နိုင်ရကား ဗိမာန်အတွင်း ဝင်လိုဝင်၊ ပဒေသပင်အောက် ပုန်းလိုပုန်း၊ တစ်ကိုယ်လုံးပုပြီးလျှင် ငုတ်စုတ် ဆောင့်ကြောင့်ထိုင်သော်လည်း။ ဘယ်နည်းနှင့်မျှ ပျောက်ကွယ်သွားသဖြင့် အရှက်ကွဲရလေသည်။ ထို့နောက် ဘုရားရှင်က တစ်ဖန် “ကိုယ်တော်ကို ဖျောက်ပြမည်” ဟု မိန့်တော်မူပြီးလျှင် ထိုနေရာတွင်ပင် ဖျောက်လိုက်ရာ တစ်ခါတည်း ပျောက်သွားလေသည်။ “တခြားများ ကြွသွားရော့သလား” ဟု ထင်မှတ်မည့်စိုးသောကြောင့် - “ဘဝေ ဝါဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေသိနံ၊ တံ ဝါ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိံ စ န ဥပါဒိယိံ” ဟု ဂါထာကိုပင် ရွတ်ပြတော်မူ၍ တရားတော်၏အဆုံး၌ ဗြဟ္မာတစ်သောင်းမျှ မဂ်ဖိုလ်ရကြလေ၏။ ဤသို့ အနည်းငယ်မျှသော်လည်းကောင်း၊ လုံးလုံးပျောက်ကွယ်သွားအောင်လည်းကောင်း၊ ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “အဏိမာ” ဘုန်းတော်ဟု ခေါ်သည်။ TRANG 71 ဂါထာအနက်။ ။ အဟံ-သင်လိုထပ်တူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါတို့၏ ဆရာစင်စစ်၊ ဖြစ်တော်မူသော ငါဘုရားသည်။ ဘဝေ-ဖြစ်လျှင်ပျက်မြဲ၊ မလွဲတံထွာ၊ သံသရာနှောင်တွင်း၊ ထောင်အကျဉ်း၌။ ဘယံ-အိုနာသေရေး၊ ဒုက္ခဘေးမှ၊ စ၍ ရန်စွယ်၊ အန္တရာယ်ဟု၊ ဘေးအစုကို။ ဒိသွာစ-ကောင်းစွာပိုင်နင်း၊ သိမြင်တော်မူခြင်းကြောင့်သာလျှင်။ ဘဝဉ္စ-ကာမရူပ၊ အရူပဟု၊ လောကသုံးဘုံ၊ အလုံးစုံကိုလည်းကောင်း။ ဝိဘဝေသိနံ-ဘဝကင်းရာ၊ ရှာကြံပါလည်း၊ သုံးဖြာဘဝ၊ ကျင်လည်ရသည့်၊ များလှသောင်းသောင်း၊ သတ္တဝါအပေါင်းတို့ကိုလည်းကောင်း။ ဒိသွာ-ဆုံးစကန်စင်၊ သိမြင်တော်မူသည်ဖြစ်၍။ ကိဉ္စိဘဝံ-လူ့ဘုံ နတ်ဘုံ၊ ဗြဟ္မာဘုံဟု၊ သုံးဘုံဌာန၊ တစ်စုံတစ်ခုသော ဘဝကို။ နာဘိဝဒိံ-စွဲစုံမက်မက်၊ နှစ်သက်ခင်မင်၊ လိုချင်တောင့်တတော်မမူ။ နန္ဒိဉ္စ-လူ့ဘုံ နတ်ဘုံ၊ ဗြဟ္မာဘုံဝယ်၊ စွဲစုံမက်မက် နှစ်သက်တွယ်တာ၊ ဘဝတဏှာကိုလည်း။ န ဥပါဒိယိံ-စွဲလမ်းလွတ်ကင်း၊ အမြစ်ရင်းက၊ အလျှင်းပြတ်စေ၊ ဖြတ်တောက်တော်မူခဲ့ပေးသတည်း။ [မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ ဗြဟ္မနိမန္တနသုတ်] လဃိမာဘုန်းတော်။ ။ စိတ်၏လျင်မြန်ခြင်းကဲ့သို့ ခန္ဓာကိုယ်ကို ပေါ့ပါးလျင်မြန်အောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ [ဈာန်ပျံ၍ ကြွတော်မူခြင်းမျိုးတည်း။] မဟိမာဘုန်းတော်။ ။ ကိုယ်တော်ကို ပကတိအနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ဖြစ်သည်။ TRANG 72 ကြီးမားအောင် ဖန်ဆင်းတော်မူပုံ။ ။ “ရာဟု” ခေါ်သော အသုရိန်နတ်ကြီးသည် အလွန်ကြီးမား၏။ အမြင့်အားဖြင့် ယူဇနာလေးသောင်းရှစ်ထောင်ရှိသတဲ့။ ထိုမျှကြီးမားသော အသုရိန်ကြီးသည် ဘုရားရှင်၏ ဂုဏ်သတင်းတော်ကို ကြားရသဖြင့် သွား၍ဖူးမြော်လိုသော်လည်း။ “လူသားဖြစ်သောဘုရားကို ငါသွား၍ ဖူးမြော်ရလျှင် ငုံ့၍ပင် ကြည့်ရှုရလိမ့်မည်” ဟု အထင်ရ၍ မဖူးမြင်ဘဲနေခဲ့ရာ။ ဂုဏ်တော်ကြီးမားလှသဖြင့် သင့်သလိုပင် ဖူးမြော်အံ့ဟု ကြံပြီးလျှင် ဘုရားရှင်၏အထံတော်သို့ ရောက်လာလေသည်။ မြတ်စွာဘုရားက “မဟိမာ” ဘုန်းတော်ဖြင့် သူထက်ကြီးမားအောင် ဖန်ဆင်းတော်မူလျက် လျောင်း၍ အဖူးမြော်ခံတော်မူလေလျှင်။ လွန်စွာမြင့်သော အသုရိန်ကြီးသည် တအားကုန်မော့၍ ဖူးမြော်သော်လည်း ဘုရားရှင်၏ အထက်ပိုင်းအဆုံးကို မမြင်နိုင်ရှာချေ။ ဤသို့ ပကတိကိုယ်အနေထက် ကြီးမားအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်ကို “မဟိမာ” ဘုန်းတော်ဟု ခေါ်၏။ [ဤရာဟုအသုရိန်ကို ပြရာ၌ “မဟိမာ” ဘုန်းတော် မဟုတ်၊ ပါရမီတော်အစွမ်းသာဟု ဋီကာမှာပင် အဆိုရှိ၏။] ကိဉ္စန္တော သဿပ ဂမ္ဗေ၊ စင်္ကမံ ကတောဝိတော၊ ကိဉ္စန္တော လောကဓာတုမှိ၊ အတ္တဘာဝေန ဆာဒယေ။ ဘဂဝါ-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ကိဉ္စန္တော-သေးငယ်လေဟန်၊ ပုံသဏ္ဌာန်သွင်း၊ ဖန်ဆင်းတော်မူလိုသည်။ TRANG 73 သည်ရှိသော်၊ သဿပ ဂမ္ဗေ-သေးငယ်သိမ်မွေ့၊ မုန်ညင်းစေ့အတွင်း၌၊ ကူတော စိတော-တုန့်ပြန်ထိုင်၍၊ လှည့်လည်တော်မူလျက်လည်း။ စင်္ကမံ-ပရိက္ကရာရှစ်တန်၊ ကိုယ်လုံးရံ၍၊ စင်္ကြံတွားတွား၊ ကြွသွားတော်မူနိုင်၏။ ကိဉ္စန္တော-ကြီးမားလေဟန်၊ ပုံသဏ္ဌာန်သွင်း၊ ဖန်ဆင်းတော်မူလိုသည်ရှိသော်။ လောကဓာတုမှိ-စကြာဝဠာ၊ ကမ္ဘာစလုံး၊ တစ်ခုလုံး၌၊ အတ္တဘာဝေန-ကြီးမားမြင့်မော၊ ရွှေကိုယ်တော်ဖြင့်။ ဆာဒယေ-အကုန်သိမ်းကျုံး၊ လွှမ်းမိုးတော်မူနိုင်သတည်း။ ပကတိကိုယ်တော်မှာ အဌာဒသဟတ္ထပ္ပမာ-တစ်ဆယ့်ရှစ်တောင် အမြင့်တော်ရှိ၍ အတောင်အားဖြင့် ခြောက်တောင်ခန့်ရှိ၏။ “တစ်ဆယ့်ရှစ်တောင် မြင့်တော်မူသည်” ဟု ဆိုသောစကားကို လူသားပကတိဖြစ်၍ အခြားလူများထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မကွာခြားသင့်သောကြောင့် စဉ်းစားရာ၏ဟု ပထမရိုက်နှိပ်အပ်သောစာအုပ်၌ ကျမ်းဂန်ကို ဖော်ထုတ်၍ အကျယ်မရေးသားလိုသောကြောင့် အထက်ပါအတိုင်း အကျဉ်းမျှသာ ရေးသားလိုက်သည့်အတွက်။ “အချို့မြို့ရွာတို့၌ ၁၈-တောင် ယူသူတို့ကတစ်ဖက်၊ ၁၈-မိုက်ယူသူတို့ကတစ်ဖက် ငြင်းခုံ ရန်ပွား၍ စကားများကြသည်” ဟု ကြားရသောကြောင့်။ “အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်ထမ်းစတေ” ဆိုသော စကားကဲ့သို့ “အများအကျိုးရှိအောင် ရေးသားရာတွင် ထိုသူများအတွက် အကျိုးမဲ့ဖြစ်ရလေခြင်း” ဟု သံဝေဂဖြစ်မိပါသည်။ ယခုအခါ မိမိအယူကို အကျယ်ရေးမှပင် သင့်မည်ထင်သောကြောင့် ပါဠိအဌကထာဆိုစဉ်နှင့်တကွ ဉာဏ်မြင်သမျှ ထုတ်ဖော်ရေးပြပါအံ့။ TRANG 74 အရပ်တော်အဆုံးအဖြတ် ဘုရားရှင်၏အရပ်တော်ကို ဗုဒ္ဓဝင်ပါဠိတော်ကြီး၌ “သောဠသ ဟတ္ထုဗ္ဗေဓ-၁၆ တောင်” ဟု ဆို၏။ များစွာသော အဋ္ဌကထာတို့၌ “အဋ္ဌာဒသဟတ္ထုဗ္ဗေဓ-၁၈ တောင်” ဟု ဆို၏။ သုတ်မဟာဝါဋီကာ၌ “ဒွါဒသဟတ္ထော-၁၂ တောင် မြင့်၏” ဟု အပရေဝါဒရှိ၏။ ၁၈-တောင် ယူသူတို့က ဘယ်ဝါကို အတည်ပြုကြမည်နည်း။ ၁၈-တောင်ဟူသည် တော်တော်မြင့်သော အိမ်၏ခေါင်မိုးလောက် ရှိ၏။ ထိုအတိုင်းမှန်လျှင် ဘုရားရှင်ကို ဆွမ်းလောင်းလိုသောအခါ လှေကား ထောင်လျက် အတော်မြင့်အောင်တက်၍ လောင်းကြရပေလိမ့်မည်။ ဘုရားအရပ်တော်ကို စဉ်းစားကြပါလေ။ သီဟိုဠ်ကျွန်းရှိ အချို့မထေရ်တို့သည် “ဟတ္ထသဒ္ဒါ” အတွက် “မိုက်” ဟူသော အနက်ကိုယူ၍ “၁၈-မိုက်(ခြောက်တောင်)ရှိ၏” ဟု ယူကြ၏။ [ပထမရိုက်စာအုပ်၌ ထိုသီဟိုဠ်ဝါဒအတိုင်း ရေးခြင်းဖြစ်၏။ ဤကျမ်းက ဟတ္ထသဒ္ဒါအတွက် “မိုက်” ဟူသော အနက်ကို ဝန်မခံ] “အော်လတ်ကောက်” အမည်ရှိသော အမေရိကန်သား ဗုဒ္ဓဘာသာဝင် တစ်ယောက်ရေးသားသော စာအုပ်၌ကား “ဂေါတမမြတ်စွာဘုရားသည် ပကတိလူများထက် ထူးခြားစွာမမြင့်” ဟု ယူဆပြုလျက် ရေးသားလေသည်။ ယိုးဒယားပြည် သာသနာပိုင်ဆရာတော်လည်း “မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာမမြင့်” ဟု အဆုံးအဖြတ်ထား၏။ TRANG 75 ဤ “ရတနာ့ဂုဏ်ရည်” ကျမ်းကလည်း သူများယောင်လို့ ယောင်သည် မဟုတ်။ ညွှန်ပြအပ်လတ္တံ့သော ကျမ်းဂန်ယုတ္တိများအရ “မြတ်စွာဘုရား အရပ်တော်သည် ပကတိလူများထက် ထူးခြားစွာ မြင့်တော်မမူ” ဟုပင် ယူလိုပါသည်။ [ကျေးဇူးရှင် ဆရာတော်များလည်း ဤအတိုင်း ယူကြပါသည်။] ထောက်ထားချက်များ (၁) ဘုရားပရိနိဗ္ဗာန်စံတော်မူသည်မှာ နှစ်ပေါင်း ၂၅၆၇-နှစ် ကျော်ခဲ့ပြီးဖြစ်၍ ထိုခေတ်က လူများသည် ယခုခေတ် လူများထက် အနည်းငယ်ကြီးမားချင် ကြီးမားပေလိမ့်မည်။ သို့သော် ယခုကာလ ထောင်ထောင်မောင်းမောင်း လူများထက် နှစ်တောင်၊ သုံးတောင် ပိုလွန်အောင်ကား မကွာခြားနိုင်ပါ။ ကျောက်စာဘက်ဌာနနှင့်စပ်၍ ရှေးဟောင်း အသုံးအဆောင် အရိုးများကို တွေ့ရသူတို့ကား ဘုရားရှင် သီတင်းသုံးတော်မူဖူးသော ကျောင်းတော် တံခါးပေါက်များ၏ ယခု သံတံခါးပေါက်များထက် ပို၍ မကျယ်ဝန်းခြင်း။ ဘုရားလက်ထက်တော်က သပိတ်များကိုလည်း ငယ်ငယ်ပင်တွေ့ရခြင်း၊ ထိုရှေးက လူရိုးများသည် ယခုလူရိုးများထက် မကြီးမားခြင်း။ ပဌမသံဂါယနာတင်ရာ စုရည်းပင် လိုဏ်ဂူအပေါက်၏ (အထက် အောက်အားလုံး) ၆-ပေ လောက်သာရှိခြင်းတို့ကို ထောက်၍ “ဘုရားလက်ထက်က လူများသည် ယခုလူတို့ထက် မမြင့်” ဟု အယူရှိကြသည်။ TRANG 76 ဘုရားရှင်လည်း ထိုခေတ်က လူအများတွင် ဗားဗားမတ်မတ် ပုဂ္ဂိုလ်တစ်ပါးပင်တည်း။ အကယ်၍ မြတ်စွာဘုရားသည် ထိုခေတ်က လူများထက် ထူးခြားစွာ မြင့်တော်မူအံ့။ “မည်းဖြူဆူကြုံ၊ နိမ့်မြင့်တုံ၊ မှတ်ကုန် ဖြစ် ၆-ပါး” ဟူသော အပြစ်တို့တွင် မြင့်လွန်းသော အပြစ်ရှိရာ၏။ စင်စစ်စကား ဘုရားရှင်၏ အရပ်တော်သည် မနိမ့်မမြင့် အဆင်သင့်ရုံသာ။ (၂) ဘုရားရှင်သည် နတ်အဖြစ် ဗြဟ္မာအဖြစ်ဖြင့် တန်ခိုးပြ၍ တရားဟောမည်ဆိုလျှင် ဖြစ်နိုင်ဖွယ်ရှိပါသည်။ သို့သော် အများက တအံ့တဩ လိုက်နာကြမည် မဟုတ်ပါ။ “နတ်ဘဲ ဟောနိုင်မှာပေါ့၊ ဗြဟ္မာဘဲ တန်ခိုးကြီးမှာပေါ့” ဟု ဆိုကြပေလိမ့်မည်။ လူစင်စစ်မှန်း သိဖို့ရာ မယ်တော် ခမည်းတော် ဆွေတော် မျိုးတော်များနှင့်တကွ သားတော်တစ်ပါး ရသည့်တိုင်အောင် ထီးနန်းစံပြီးမှ ဘုရားဖြစ်ဖို့ရာ တောထွက်တော်မူပါသည်။ အကယ်၍ ၁၈-တောင်မျှ အရပ်တော် မြင့်နေလျှင် “တန်ခိုးကြီးမှာပေါ့ကွာ၊ အရပ်တော်ကြီးကိုက နည်းတာမှ မဟုတ်ဘဲ၊ လူသားစင်စစ် ဟုတ်ချင်မှလည်း ဟုတ်မှာ” ဟု ပြောစရာ ဖြစ်ပေလိမ့်မည်။ [မဟာပဒါနသုတ်ဋီကာ] (၃) ဘုရားရှင်သည် မင်းသားဖြစ်စဉ်က ကြင်ယာတော် မိဖုရားလောင်း ရွေးချယ်ဖို့ရာ အခွင့်ကြုံလာ၏။ ထိုအခါ ခမ်းနားကြီးကျယ်သော မဏ္ဍပ်ကို ဆောက်လုပ်စေပြီးလျှင် သာကီဝင် မင်းသမီးများအား မင်းသားကိုယ်တိုင် ဆုလာဘ်ပေးဖို့ရန် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက စီမံလေသည်။ ထိုမဏ္ဍပ်အတွင်း၌ မင်းသားမှတစ်ပါး... TRANG 77 အခြားယောက်ျား တစ်ယောက်မျှ မရှိစေရ၊ သို့သော် မင်းချင်းယောက်ျားတို့အား ပြောသမျှစကားတို့ကို ချောင်း၍ နားထောင်ကြရ စေခိုင်းထားလေသည်။ ထိုအခါ သာကီဝင်မင်းသမီးအများပင် တစ်ချိန်တည်း ဆုလာဘ်တော်များကို လာယူကြသော်လည်း။ “ယသောဓရာ” မင်းသမီးကား သူများနှင့် အတူမလာဘဲ တစ်ယောက်တည်း နောက်ချန်၍ အများပြန်မှ မိမိအခြွေအရံနှင့် ရောက်လာရာ ဆုလာဘ်တွေ ကုန်သွားပြီဖြစ်သောကြောင့်။ မင်းသမီးက ပြုံးရွှင်သော မျက်နှာထားဖြင့် “ဘယ်နှယ့်လဲ၊ မောင်တော်က နှမတော်ကို မုန်းလို့ ဆုလာဘ်သနားဖို့ စာရင်းထဲ မသွင်းဘဲထားတော်မူပါသလား”။ အလောင်းဘုရား။ ။ “မုန်းလို့ မဟုတ်ပါ။ နောက်ကျနေသောကြောင့် မရခြင်းဖြစ်ပါတယ်” ဟု ပြောပြီးလျှင် သိန်းပေါင်းများစွာ ထိုက်တန်သော လက်စွပ်ကို ချွတ်၍ သနားတော်မူသည်။ ယသောဓရာ။ ။ “ဒီလက်စွပ်ကို တကယ်ပဲ ယူသွားရမှာပါလား”။ အလောင်းဘုရား။ ။ “မောင်တော် တစ်ကိုယ်လုံးမှာ ဝတ်ဆင်ထားတဲ့ တန်ဆာအားလုံးကိုပင် ယူနိုင်ပါတယ်”။ ယသောဓရာ။ ။ “နှမတော်က မောင်တော်ကို တန်ဆာမဲ့ဖြစ်အောင် မလုပ်ရက်ပါ။ တကယ်ဆိုလျှင် နှမတော်က တိုး၍ ဆင်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ပြောကာ ပြုံးရွှင်သော မျက်နှာ၊ ကျေနပ်သော လက္ခဏာဖြင့် ပြန်သွားလေ၏။ [“လလိတဝိတ္ထာရ” ခေါ် မြောက်ပိုင်းဗုဒ္ဓဘာသာသုတ္တန်] TRANG 78 အကယ်၍ အလောင်းတော်မင်းသားသည် သူများထက် ထူးခြား၍ ၁၈-တောင်တိုင်အောင် မြင့်ငြားအံ့။ ယသောဓရာ မင်းသမီးသည် ထိုကဲ့သို့သော စကားမျိုးကို မပြောဝံ့တန်ရာ။ သူလိုကိုယ်လို သက်တူရွယ်မျှဖြစ်သောကြောင့်သာ ပြောဆိုဝံ့ခြင်း ဖြစ်ရာ၏။ ထို့ပြင် အရပ်တော် ၁၈-တောင် ရှိနေလျှင် ကိုယ်လုံးတော် ပမာဏ၏ ရှေ့ပိုင်းထက်ဝက်မှာပင် ၄-တောင်ခန့်ရှိရာ၏။ ထိုမျှ ကြီးကျယ်သော် ယခုကာလ မိန်းမများထက် အလွန်မကြီးမားသော မိဖုရားများနှင့်အတူ ထီးနန်းစံတော်မူဖို့ရာ သင့်လျော်ပါမည်လော။ (ဤနေရာ၌ တန်ခိုးတော်ဟု ဆိုကြဦးမည်လား။) (၄) “ဘုရားဖြစ်မှ အရပ်တော် မြင့်သွားသည်၊ လူတုန်းကတော့ သူလို ကိုယ်လိုပါပဲ” ဟု ဆိုပြန်အံ့။ ဘုရားဖြစ်မှလည်း ထူးခြား၍ မမြင်ပါ။ ဘုရားဖြစ်ပြီး၍ မကြာမီပင် ဥပကတက္ကုဒ္ဓုန်းကြီးနှင့် လမ်းခရီးမှာ တွေ့ဖူး၏။ ဥပက-က သပ္ပါယ်သော ရဟန်းတစ်ပါးဟုသာ မှတ်ထင်လေသည်။ [မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ရာဇဝဂ်၊ ဗောဓိရာဇကုမာရသုတ်] (၅) ပုဏ္ဏားတစ်ယောက်သည် ယဇ်ပူဇော်ပြီးနောက် ပုဏ္ဏားတို့အား ကြွင်းကျန်သော ယဇ်စာကို ကျွေးဖို့ရန် လိုက်အရှာတွင် ခေါင်းမြီးခြုံ၍ သစ်ပင်အောက်မှာနေသော ဘုရားရှင်ကို ပုဏ္ဏားထင်၍ အနားသို့ ချဉ်းကပ်လေရာ ခေါင်းမြီးခြုံကို ဖွင့်လိုက်မှ ရဟန်းမှန်းသိသဖြင့် ပြန်သွားမည်ပြုလေ၏။ အကယ်၍ ၁၈-တောင်... TRANG 79 မြင့်အံ့၊ ထိုင်တော်မူနေသော ဘုရားရှင်သည် မန္တလေးမြို့၊ မဟာမြတ်မုနိ ရုပ်ပွားတော်လောက် မြင့်ဖွယ်ရှိသောကြောင့် “ပုဏ္ဏားလေးလား” ဟု အထင်မမှားထိုက်ပါ။ [သံယုတ်ပါဠိတော်] (၆) ဘုရားရှင်သည် ကောသမ္ဗီပြည်မှ “ပါလိလေယျက” တောသို့အကြွတွင် တောကျောင်း၌ သီတင်းသုံးနေကြသော အရှင်နန္ဒိယ၊ အရှင်ကိမိလ၊ အရှင်အနုရုဒ္ဓါ မထေရ်သုံးပါးတို့အထံ ဝင်တော်မူရာ တောစောင့်ယောက်ျားက “ရဟန်းကြီး မဝင်ပါနှင့်၊ အမျိုးကောင်းသားတွေ တရားအားထုတ်နေပါသည်” ဟု တားမြစ်လေသည်။ အကယ်၍ ၁၈-တောင် မြင့်ငြားအံ့၊ ထိုတောစောင့်ယောက်ျားသည် ဘုရားရှင်ကို မတားဝံ့ရာ။ [ဥပရိပဏ္ဏာသ၊ ဥပက္ကိလေသသုတ်ပါဠိတော်] (၇) ပက္ကုသာတိမည်သော ဘုရင်သည် ဘုရားရှင်ကို မမြင်ဖူးဘဲ သတင်းကြားဖြင့် ကြည်ညို၍ ရဟန်းပြုပြီးလျှင် ဘုရားရှင်အထံ လာခဲ့လေရာ ညဉ့်အခါ အိုးထိန်းသည်ဇရပ်မှာ ဘုရားနှင့် တွေ့သော်လည်း ဘုရားမှန်း မသိသေး၊ ရဟန်းတစ်ပါးဟူသော အထင်ရှိနေသေး၏။ ထို့နောက် တရားဟောမှ သဘောကျ၍ ဘုရားမှန်း သိလေသည်။ [ဥပရိပဏ္ဏာသ၊ ဓာတုဝိဘင်္ဂသုတ်ပါဠိတော်] (၈) မာဂဏ္ဍီမည်သော ပုဏ္ဏားသည် သမီးချောအတွက် သမက် လိုက်ရှာလေရာ ဘုရားရှင်ကိုတွေ့လေသည်။ အကယ်၍ သမီးနှင့် အရွယ် အရပ်ချင်း အလွန်အမင်း ကွာခြား၍နေလျှင် သမက်ဖမ်းဖို့ မမှန်းတန်ရာ။ [ဓမ္မပဒအဋ္ဌကထာ၊ သာမာဝတီဝတ္ထု] TRANG 80 (၉) ဘုရားရှင်သည် အရှင်မဟာကဿပနှင့် သင်္ကန်းချင်းလဲ၍ ဝတ်တော်မူဖူးပါသည်။ အကယ်၍ ဘုရားရှင်သည် တစ်ဆယ့်ရှစ်တောင် မြင့်တော်မူငြားအံ့၊ အရှင်မဟာကဿပသည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဝတ်ရုံ၍မဖြစ်ရာ၊ ဘုရားရှင်လည်း အရှင်မဟာကဿပ၏ သင်္ကန်းကို မဝတ်ရုံလောက်ရာ။ [နိဒါနဝဂ္ဂ၊ ကဿပသံယုတ်၊ စီဝရသုတ်ပါဠိတော်] (၁၀) ပုဏ္ဏားတစ်ယောက်သည် မိမိဝတ်နေကျဖြစ်သော အထည်ကို ဘုရားရှင်အား လှူ၏။ ဘုရားဝတ်ရုံလောက်သည်သာ။ [သုတ်မဟာဝဂ္ဂ၊ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်] (၁၁) ဘုရားရှင်၏ ညီတော်အရင်းဖြစ်သော အရှင်နန္ဒ (နန္ဒမင်းသား)သည် အခါတစ်ပါး၌ ဘုရားရှင် သင်္ကန်းတော်နှင့် ညီမျှသော သင်္ကန်းကို ဝတ်ရုံလာ၏။ ထိုအခါ ရဟန်းတို့က အဝေးမှ လာသည်ကို မြင်ရလျှင် ဘုရားဟု ထင်မှတ်၍ နေရာမှ ထကြ၏။ အနားကျမှ အရှင်နန္ဒ ဖြစ်ကြောင်းကို သိကြလေ၏။ ဤစကားကို ထောက်လျှင် မြတ်စွာဘုရားသည် အရှင်နန္ဒထက် များစွာမမြင့်ဟု သိသာပြီ။ ထို့ကြောင့် ပါဠိတော်၌ “စတုတင်္ဂုလောကော-ရှင်နန္ဒက ဘုရားအောက် လက် ၄-သစ်သာ ငယ်သည်” ဟု မိန့်တော်မူသည်။ [ဝိနည်း၊ ပါစိတ်ပါဠိတော်၊ ရတနဝဂ်] (၁၂) လူ့ပြည်လောက၌ရှိကြသော ခြေရာတို့တွင် ဆင်သတ္တဝါ၏ ခြေရာကို အကြီးဆုံးဟု ဘုရားရှင် ဟောတော်မူ၏။ အကယ်၍... TRANG 81 ၁၈-တောင်မြင့်အံ့၊ ဘုရားရှင်၏ ခြေရာတော်သည် ၂-တောင်ကျော်ကျော် ရှိမည်ဖြစ်၍ ဆင်၏ ခြေရာထက် ကြီးရာသောကြောင့် “ငါ့ဘုရား၏ ခြေရာသည်သာ အကြီးဆုံး” ဟု ဟောတော်မူသင့်၏။ [မူလပဏ္ဏာသ၊ မဟာဟတ္ထိပဒေါပမသုတ် ပါဠိတော်] (၁၃) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ ကုသိနာရုံပြည်သို့ ကြွ၍ အင်ကြင်းဥယျာဉ်အတွင်းဝယ် မလ္လာမင်းတို့၏ အသုံးပြုနေကျ ညောင်စောင်း (ခုတင်ငယ်)ပေါ်မှာပင် လျောင်းတော်မူလေသည်။ အကယ်၍ ၁၈-တောင် မြင့်အံ့၊ ရိုးရိုးလူတို့ အသုံးပြုအပ်သော နေရာမှာ မနေလောက်ရာ၊ တန်ခိုးတော်အရာလည်း မဟုတ်။ [ပရိနိဗ္ဗာန်သုတ်ပါဠိတော်] (၁၄) ပရိနိဗ္ဗာန်စံတော်မူခါနီး၌ နတ်ဗြဟ္မာအများတို့ အဖူးမြော် လာကြရာ ရှင်ဥပဝါဏမထေရ်က ရှေ့တည့်တည့်မှ ကွယ်နေသောကြောင့် ဘုရားမျက်နှာတော်ကို မဖူးကြရသဖြင့် နတ်များက မထေရ်ကို ကဲ့ရဲ့ကြ၏။ ၁၈-တောင် မြင့်တော်မူလျှင် ထိုမထေရ်က မျက်နှာတော်ကို မကွယ်နိုင်ရာ။ [ပရိနိဗ္ဗာန်သုတ်ပါဠိတော်] (၁၅) ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာသည် သူဆင်မြန်းနေကျဖြစ်သော “မဟာလတာ” တန်ဆာဖြင့် အလောင်းတော်ကို ပူဇော်လေရာ ဦးခေါင်းတော်မှ ခြေဖျားတိုင်အောင် ဖုံးလွှမ်းနိုင်သည်ဟု မဟာပရိနိဗ္ဗာန်သုတ်အဋ္ဌကထာ ဆိုသည်။ ၁၈-တောင် မြင့်ရိုးမှန်လျှင် ထိုတန်ဆာသည် အလောင်းတော်၏ တစ်ကိုယ်လုံးကို မဖုံးလွှမ်းနိုင်ရာ။ TRANG 82[a] ဤသို့ စသည်ဖြင့် ပိဋကတ်တော်မှ ကောက်နုတ်ဖွယ်ရာ များစွာ ရှိသေးသည်။ ကျယ်ဝန်းမည်စိုး၍ လျစ်လျူရှုရပေတော့သည်။ ဤကောက်နုတ်ချက်များအရ “ဘုရားရှင်သည် ထိုခေတ် လူများထက် တအံ့တဩ ထူးခြားစွာ မြင့်တော်မူ”ဟု အတိအလင်း ယူလိုပါသည်။ ထိုခေတ်က လူအများမှာလည်း ယခုခေတ် ထောင်ထောင်မောင်းမောင်း ရှိသူများထက် များစွာမကွာခြားသင့်သောကြောင့် “ဘုရားရှင်၏ အရပ်တော်သည် ၁၈-တောင် မြင့်၏”စသော အယူဝါဒ၌ ယုတ္တိယုတ္တာကို ရှာကြပါလေ။ ဘုရားရှင်သည် ဝါဝင်းသော အဆင်းတော်ရှိ၏။ ကိုယ်တော်မြတ်၏ ဝါဝင်းသော အရောင်တော်သည် ပတ်ဝန်းကျင်နှင့်တကွ အထက်သို့တက်နေရာ မှောင်သောအရပ်၌ ၁၈-တောင်၊ ၂၆-တောင်ခန့် ရှိသည်ဟု ထင်ရပေမည်။ ထို့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာတို့၌ အထက်သို့ အမြဲတက်နေသော ကိုယ်အရောင်တော်နှင့်တကွ မှန်းဆရေတွက်၍ ၁၈-တောင်၊ ၂၆-တောင် မြင့်ကြောင်းကို မိန့်ဆိုကြဟန်တူသည်ဟု မိမိသဘောမှာ ထင်မိပါသည်။ အရပ်တော် အဆုံးအဖြတ် ပြီး၏။ ပတ္တိဘုန်းတော်။ ဤဘုန်းတော်မူရာအရပ်သို့ ဆီးတားကာကွယ်ခြင်း မရှိ၊ တစ်ခဏချင်း ကြွရောက်နိုင်သော ဘုန်းတော် ဖြစ်သည်။ ဘုရားရှင်သည် ချော့ချွတ်ထိုက်သော သတ္တဝါကို မြင်တော်မူလျှင် နတ်ပြည် ဗြဟ္မာပြည်ပင် ဖြစ်စေကာမူ ထိုသူ၏အထံသို့ တစ်ခဏချင်း အရောက်ကြွတော်မူနိုင်သည်။ TRANG 83 ပါကမ္မဘုန်းတော်။ အဆင်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တစ်ခဏတည်းဖြင့် ပြီးစေနိုင်သော ဘုန်းတော်ဖြစ်သည်။ ဘုရားရှင်သည် တစ်ခါတစ်ရံ မြောက်ကျွန်းသို့ ကြွတော်မူပြီးလျှင် ထိုကျွန်းသားတို့၏ ဘုရင်သဏ္ဌာန် ဖန်ဆင်းလျက် တရားဟောတော်မူဖူးသည်။ ဤသိတာဘုန်းတော်။ မိမိ၏ စိတ်တော်ကိုလည်းကောင်း၊ များစွာသော သတ္တဝါတို့ကိုလည်းကောင်း အုပ်စိုးနိုင်သော ဘုန်းတော်ပေတည်း။ ဤဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကို များစွာသော သတ္တဝါတို့က ရိုသေခန့်ညားကြရပေသည်။ ဝသိတာဘုန်းတော်။ ဈာန်သမာပတ် အဘိညာဉ်ကို ဝင်စားတော်မူလိုလျှင် အဆိုင်းအငံ့မရှိဘဲ တစ်ခဏချင်းပင် ဝင်စားနိုင်သော ဘုန်းတော်ပေတည်း။ ယတ္ထကာမာဝသာယိတာဘုန်းတော်။ ဈာန်ဝင်စားခြင်း၊ ကောင်းကင်ပျံကြွခြင်းစသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုသောအခါ ဆိုင်းငံ့တော်မမူရဘဲ ပြီးဆုံးစေလိုသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ပြီးဆုံးစေနိုင်သော ဘုန်းတော်ပေတည်း။ [ယတ္ထကာမ-အလိုရှိရာခဏ၌+အဝသာယိတာ-ပြီးစေနိုင်ခြင်း။] (၁) ဣဿရိယဘုန်းတော်။ ဤပြခဲ့သော ဘုန်းတော်ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော်ခြောက်ပါးတွင် “ဣဿရိယ”ဘုန်းတော်ချည်းသာတည်း။ TRANG 84 (၂) ဓမ္မဘုန်းတော်။ တစ်ထောင်ငါးရာကိလေသာ ရန်သူရန်မြေတို့ကို ပယ်ရှားသုတ်သင်နိုင်သော မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတို့ကို “ဓမ္မ”ဘုန်းတော်ဟု ခေါ်သည်။ (၃) ယသဘုန်းတော်။ ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်းတော်ကို “ယသ”ဘုန်းတော်ဟု ခေါ်သည်။ ဘုရားရှင်၏ ဂုဏ်သတင်းတော်သည် သူတကာတို့ကဲ့သို့ အသိုင်းအဝိုင်းတို့ဖြင့် မဟုတ်မမှန် လုပ်ကြံ၍ ဖြစ်ရခြင်းမျိုး မဟုတ်။ ဟုန်မှန်သော ဂုဏ်တော်ကြောင့် အလိုလိုထင်ပေါ်လျက် လူ့ပြည်လောကထက် နတ်ပြည်လောက၌ သာ၍ ပျံ့နှံ့ကျော်စောပေသည်။ အခြားစကြဝဠာက နတ်ဗြဟ္မာများလည်း ဤစကြဝဠာသို့ လာနိုင်သဖြင့် နတ်ဗြဟ္မာအချင်းချင်း ဂုဏ်သတင်းပြန့်သောကြောင့် “စကြဝဠာတစ်သောင်းတိုင်းအောင် ပျံ့နှံ့၏၊ လူ့လောက၌ကား ထိုမျှလောက် ဂုဏ်သတင်းမပျံ့နှံ့”ဟု ဆိုလာပါသည်။ (၄) သိရီဘုန်းတော်။ ကျမ်းစာ၌ ပြခဲ့သည့်အတိုင်း အလွန်ကြီးမားသော ပါရမီရှင်ဖြစ်စေကာမူ ဖူးမြော်၍မဝနိုင်အောင် လွန်စွာသပ္ပာယ်သော ကျက်သရေကို “သိရီ”ဘုန်းတော်ဟု ခေါ်သည်။ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်း စီးဖြန်းသောအခါ ဤ“သိရီ” ဘုန်းတော်ဖြစ်သော ရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။ ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုံးတော်နှစ်သွယ်၏အကြား၌ “ဥဏ္ဏလုံ”ဟု ခေါ်အပ်သော ဆွတ်ဆွတ်ဖြူသော အမွေးတော်သည်။ TRANG 85 ဆန့်ထားလျှင် လက်မောင်းတစ်ဝက်ခန့် ရှည်၍ ပင်ကိုယ်အတိုင်းထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် ကျက်သရေ အလွန်ရှိပေ၏။ ဝါဝင်းသော အရေပေါ်ဝယ် မျက်ခုံးအမွေးတော်နှစ်ဖက်၏ မည်းနက်သော အရောင်တော်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤဥဏ္ဏလုံမွေးရှင်တော်သည် အလွန်ထင်ပေါ်၍နေပေတော့၏။ ဥဏ္ဏလုံမွေးရှင်တော်၏ အောက်နားဝယ် ဝဲယာနှစ်ဖက်က မျက်တောင်တော်များသည်လည်း အထက်သို့ အဖျားကော့ကာ မွေးရှင်တော်ကို မော်၍ဖူးမြော်သလို ထင်ရပေသည်။ ပတ္တမြားလုံးတပ်ထားသကဲ့သို့ ခပ်မို့မို့ထင်လင်းသည့် မျက်လုံးတော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်ချက်က မျက်နက်ဝန်းတော်မှာ ကုမုဒြာ ကြာဖြူပန်းအတွင်းမှ ပိတုန်းကလေးများ ထွက်ပြုနေသလို တင့်တယ်ပါပေသည်။ မျက်လုံးတော်နှစ်သွယ်၏ အလယ်မှအောက်သို့သက်သော နှာတံတော်သည်ကား မပိန်မပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သလို ရှိပါပေသည်။ နှုတ်ခမ်းတော်အစုံမှာ ဟင်္သပဒါးရည် ပက်ဖျန်းသကဲ့သို့ နီမြန်းတော်မူပြီးလျှင် စီနီအစဉ် စီထားသလို ထင်ရသော သွားတော်အစဉ်၏ ဆွတ်ဆွတ်ဖြူပုံကိုပင် ပြုံးတော်မူသောအခါ ကျက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်။ ဤသို့ အမြတ်မျှုြဗအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကျက်သရေတော်သည် နတ်လူဗြဟ္မာတို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မဝနိုင်အောင် ရှိပါပေသတည်း။ [ဤအကြိမ်ရိုက်စာအုပ်၌ ဘုရားရှင်၏...] TRANG 86 ကျက်သရေတော်ကို ထင်ပေါ်အောင် ရှေးဆရာတို့ဖွဲ့ဆိုအပ်သော လက္ခဏာတော်ကြီးဘုရားရှိခိုးထည့်ထားပါသည်။ ဆက်ဦးအံ့- “ကျက်သရေ” ဆိုသည်မှာ အလှကို ဆိုလိုသည်မဟုတ်။ မလှသော်လည်း တစ်ချို့မှာ ရုပ်အနေအထား အချိုးကျ၍ဖြစ်စေ၊ အနေအထိုင် အပြောအဆို အချိုးကျ၍ဖြစ်စေ “ကျက်သရေ ရှိပါပေသည်” ဟု ချီးမွမ်းခံကြရပေသည်။ ဘုရားရှင်ကား ပင်ကိုယ်အဆင်းလည်း တင့်တယ်၏။ လှမ်းကြွတော်မူပုံ၊ နေထိုင်တော်မူပုံ၊ ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရှု၍မငြီး၊ နာ၍မငြီးအောင် ကျက်သရေကို ဆောင်တော်မူ၏။ ထို့ကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရားဓမ္မဟောပြောတော်မူသော ဘုရားရှင်သည် ဝင်းစက်ညက်ညောသော အသားအရည်ပေါ်တွင် ကြည်လင်ပြတ်သားသော အသံတော်ကို တန်ဆာဆင်သလိုဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကျက်သရေ သာလွန်၍ ထူးချွန်တင့်တယ်တော်မူပေသည်။ သေလသုတ်မှ ကောက်နုတ်ချက်။ လုလင်ငယ် သုံးရာလောက်ကို စာပြနေသော ဗြာဟ္မဏတတ်ရှိသူ “သေလ”မည်သော ကျောင်းအုပ်ဆရာကြီးတစ်ယောက်သည် အခါတစ်ပါးဝယ် ဘုရားရှင်အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင်ထံသို့ ရောက်လာလေရာ ရှင်တော်ဘုရား၏ ကျက်သရေရှိလှသော ရုပ်အဆင်းတော်ကို မြင်ရုံမျှဖြင့် “ဤမျှလောက် ကျက်သရေရှိသော အရှင်မှာ ရဟန်းပြုနေလို့ ဘာအကျိုးရှိမှာလဲ၊ လေးကျွန်းလုံးကို TRANG 87 လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဖို့ရာ ရုပ်လက္ခဏာတွေ ပြည့်စုံနေပါတယ်။ ထို့ကြောင့် ရဟန်းအဖြစ်၌မနေဘဲ လူ့ဘောင်မှာနေ၍ မင်းတကာတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သော စကြာမင်း လုပ်တော်မူပါ” ဟု လျှောက်ထားလေသည်။ [သုတ္တနိပါတ်၊ မဟာဝဂ်၊ သေလသုတ်ပါဠိတော်။] ဤမျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေ တိုးပွား၍ အကျိုးများသော်လည်း ဘုရားရှင်၏ သပ္ပာယ်သော အဆင်းကို ကြည့်ရှုဖူးမြော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွားသဖြင့် အကျိုးများလှပေသည်။ ဤမျှလောက် ကြီးကျယ်သော ကျက်သရေတော်ရှင်ကို ငါတို့ မဖူးမြင်လိုက်ရသည်မှာ များစွာဝမ်းနည်းဖွယ်ကောင်းလှပေသည်တကား။ (၅) ကာမဘုန်းတော်။ “ရှင်တော်မြတ်၏ အလိုတော်ရှိလေသမျှ လုံးစုံတို့ကို အကုန်ပြီးစီးနိုင်ခြင်းကို “ကာမ”ဘုန်းတော်ဟု ခေါ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္တဝါတို့ကို ချော့ချွတ်နိုင်ဖို့ရန် တောင့်တတော်မူခဲ့ရာ ထိုတောင့်တတော်မူသည့်အတိုင်း ပြည့်စုံပေသည်။ (၆) ပယတ္တဘုန်းတော်။ ကြီးမားလှစွာသော လုံ့လ ဝီရိယတော်ကို “ပယတ္တ”ဘုန်းတော်ဟု ခေါ်သည်။ ဤကျမ်းအစ “စရံ ဝါ ယဒိဝါ တိဋ္ဌံ”ဂါထာ၌ ပြခဲ့သည့်အတိုင်း နေ့ရော ညပါ အားလပ်ခွင့်ရတော်မမူဘဲ ဝေနေယျတို့၏အကျိုးငှာ လွန်စွာ အားထုတ်တော်မူပေသည်။ TRANG 88 ဘုရားရှိခိုး ဂါထာဖွင့် (ကျက်မှတ်ရန်) ဝံ နဝံ ဂုဏေဟိ၊ လောကမှိ ကိတ္တိဗျာပိတံ။ အတုလံ ဓမ္မရာဇာနံ၊ ဝန္ဒာမိ တိဟိ သာဒရံ။ ဝံ နဝံ ဂုဏေဟိ-ဤအဟတာ၊ အစလာတည်းဟူသော ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်။ လောကမှိ-ဘဝဂ်ဆုံးအောင်၊ ဘုံသုံးဆောင်၌။ ကိတ္တိဗျာပိတံ-သိမ့်သိမ့်တုန်နံ့၊ ပဲ့တင်ထပ်မျှ၊ နှံ့စပ်ကျော်စောတော်မူထသော။ အတုလံ-သီလခေါင်ထိ၊ သမာဓိနှင့်၊ ကြီးဘိပညာ၊ လွန်ကဲသာ၍၊ ပြိုင်လာနိုင်သူ၊ အတူလည်းရှိတော်မမူထသော။ ဓမ္မရာဇာနံ-သုံးဘုံကိုစိုး၊ သုံးထိုက်သရဖူ၊ သုံးလူသင်းကျပ်၊ ဓမ္မရာဇ်ထွတ်ထား၊ ရှင်တော်မြတ်ဘုရားကို။ တိဟိ-လက်အုပ်အဉ္ဇလီ၊ နှုတ်သံချီ၍၊ ရွှင်ကြည်မနော၊ သုံးပါးသော ဒွါရတို့ဖြင့်။ သာဒရံ-လေးမြတ်ကြည်ညို၊ ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာညွတ်ကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့ပါ၏ဘုရား။ ကြည့်ရန် အဓိပ္ပာယ် ၁- အရဟံဂုဏ်တော်ကိုပင် သဒ္ဒါနည်းအရ “အဟတာ”ဟုဆိုသည်။ ၂- “ထောမနာ”ကား ချီးမွမ်းခြင်းကိုဟောသော ပါဠိစကား။ ၃- ကိုးညွတ်ခြင်း=ရှိခိုးခြင်းကိုဟောသော “ပဏာမ”ပါဠိကိုပင် “ပဏာ”ဟု ဆိုထားသည်။ TRANG 89 ဘဝဂ်ဆုံးအောင်၊ ဘုံသုံးဆောင်၌။ ဘုံဘဝတို့၏ အထက်ဆုံးဖြစ်သော “နေဝသညာနာသညာယတန”ဘုံကို “ဘဝဂ်”ဟု ခေါ်သည်။ ကာမ၊ ရူပ၊ အရူပ၊ ဘုံသုံးဆောင်၏ အဆုံးဘဝဂ်တိုင်အောင် ဘုရားရှင်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များသည် သူတစ်ပါးထက် ထိပ်ခေါင်ထိမျှ လွန်ကဲတော်မူပေသည်။ ထို့ကြောင့် တိတ္ထိအများပင် ဘုရားရှင်ကို ပြိုင်လာ နှိုင်းလာကြပါသော်လည်း သီလ၊ သမာဓိ၊ ပညာဂုဏ်အားဖြင့် တစ်စုံတစ်ယောက်မျှ တူတန်သူ မရှိခဲ့ကြပေ။ သုံးဘုံမကိုဋ်။ မင်း မိဖုရားတို့၏ ဦးခေါင်း၌ ဆောင်းအပ်သော အရာကို “မကိုဋ်-သရဖူ”ဟု ခေါ်၏။ နဖူး၌ ရစ်ပတ်အပ်သော ရွှေပြားကို “သင်းကျပ်”ဟုခေါ်၏။ ဘုရားရှင်သည် ဦးထိပ်တင်ကာ ရှိသေရာဖြစ်၍ သုံးဘုံသားတို့၏ မကိုဋ်သရဖူ သင်းကျပ်နှင့်တူစွာ တရားမင်းကြီး ဖြစ်ပါပေသည်။ လက်အုပ်အဉ္ဇလီ။ လက်အုပ်ကို ပါဠိလို “အဉ္ဇလီ”ဟု ခေါ်၏။ ကိုယ်ဖြင့် ရှိခိုးကြောင်းဖြစ်သော ကာယဝိညတ်ကို “ကာယဒွါရ”ဟု ခေါ်၏။ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးကြောင်း ဝစီဝိညတ်ကို “ဝစီဒွါရ”ဟုခေါ်၏။ ကိုယ်နှုတ်မပါဘဲ ဘာဝနာပွားသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုနေသော ကုသိုလ်ဇောစိတ်ကို “မနောဒွါရ”ဟု ခေါ်၏။ ဂုဏ်တော်အပေါင်းဖြင့် ထုံမွှမ်းအပ်သော သက်တော်ထင်ရှား မြတ်စွာဘုရား၏ ရုပ်ပုံတော်ကို စိတ်ဖြင့်မှန်း၍ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် ကိုယ်ဖြင့် ကိုင်းညွတ်ကာ ထိုသုံးဖြာသော ဒွါရတို့ဖြင့် ရှိခိုးပါ၏ဟူလို။ TRANG 90 ဂုဏ်တော် ၉-ပါးကို ဆက်သွယ်၍ အကျဉ်းချုပ် အာရုံပြုနည်း- ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုလျက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရာ၌ ရှေးဦးပထမ သမာဓိမရသေးခင် ဂုဏ်တော်တစ်ပါးတည်းကိုသာစွဲ၍ အထပ်ထပ် အာရုံပြုနေလျှင် ပျော်မွေ့ဖွယ်ကောင်းသော်လည်း ကျဉ်းမြောင်းသော ဥယျာဉ်တွင် ကြာရှည်စွာ မကြည့်ချင်သကဲ့သို့ ထိုဂုဏ်တော်တစ်ပါးတည်း၌ စိတ်အစဉ်မပျော်မမွေ့ဘဲ ပျံ့လွင့်နေတတ်ပါသည်။ ဂုဏ်တော် ၉- ပါးကို တစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက် လှည့်ကာပတ်ကာ အာရုံပြုနေသောအခါ သာယာကျယ်ဝန်း၍ ပန်းမျိုးစုံသော ဥယျာဉ်ကြီးတွင် ပျော်ပြီးရင်းပျော်ရင်းဖြစ်လာသကဲ့သို့ ဘုရားဂုဏ်တော်ကို အာရုံပြုသူတို့၏ စိတ်ဓာတ်လည်း မပြတ်ကြည်ညွှန်း ရွှင်မြူးချမ်းမြေ့ရုံသာမက အတော်ကြာလျှင် ဂုဏ်တော်တစ်ပါးစီ၌ သမာဓိစူးစိုက်လာပါလိမ့်မည်။ ထို့ပြင် အတော်ကြာလျှင် ဂုဏ်တော်တစ်ပါးစီ၌ သမာဓိစူးစိုက်လာပါလိမ့်မည်။ ထို့ကြောင့် ဤနည်းအတိုင်းပင် ဘုရားရှင်၏ ဂုဏ်တော်များကို ဆက်သွယ်၍ အာရုံပြုလိုကြသော အမျိုးသား အမျိုးသမီးတို့သည် ရှေးဦးစွာ မိမိ၏ သီလကို ၅-ပါးဖြစ်စေ၊ ၈-ပါးဖြစ်စေ၊ ၁၀-ပါးဖြစ်စေ၊ အထူးလုံခြုံစွာရှိစေရမည်။ ထို့နောက် ဆိတ်ငြိမ်သော အရပ်ကို ရစေရမည်။ မိမိအိမ်မှာဖြစ်လျှင်လည်း အားလုံးတိတ်ဆိတ်သော အခါ ဖြစ်စေရမည်။ ရုပ်ပွားတော် စေတီတော် အနီးအပါး ဖြစ်လျှင်လည်း ပွဲလမ်းအခါမဟုတ်ဘဲ ဆိတ်ငြိမ်သောအခါ ဖြစ်စေရမည်။ TRANG 91 သို့သော် အမျိုးသမီးဖြစ်လျှင် မည်သည့်နည်းနှင့်မျှ ယုံကြည်စိတ်ချလောက်သော အဖော်မပါဘဲ စေတီရုပ်ပွားအနီး၊ သို့မဟုတ် တောတောင်ပိတ်ပေါင်း၊ ကမ္မဋ္ဌာန်းကျောင်းတို့၌ နေထိုင်၍ အာရုံမပြုသင့်ပါ။ အရပ်ရပ်အပြစ်ကင်းသော နေရာကောင်းကို ရွေးချယ်ပြီးနောက် တကယ်ယောဂီစိတ်ကို ရောက်စေလျက် မိမိရှေ့မှောက်၌ ဘုရားရှင် ရောက်တော်မူနေသကဲ့သို့ ထင်မြင်စေကာ အောက်ပါအတိုင်း အာရုံပြုပါ။ ၁။ ဗုဒ္ဓဂုဏ်တော်။ ။ဘုရားရှင်သည် အလောင်းတော် သုမေဓာဘဝက ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒတော်ပြင်းပြလှသဖြင့် “ဗုဒ္ဓေါ-ကိုယ်တိုင်သိရသော အခါဝယ်၊ ဗောဓေယျံ-သတ္တဝါတို့ကိုလည်း သိစေတော်မူမည်”ဟု အဓိဋ္ဌာန်တော်မူခဲ့ပါသည်။ ၂။ သုဂတဂုဏ်တော်။ ။ထိုသို့ အဓိဋ္ဌာန်တော်မူခဲ့သည့်အားလျော်စွာ အသက်ပေါင်းများစွာနှင့် စည်းစိမ်ပေါင်းများစွာတို့ကို စွန့်တော်မူလျက် သတိတရား ကြီးစွာထားပြီးလျှင် အမှားမရှိအောင် ဉာဏ်ဖြင့်ရှောင်၍ ပါရမီတော်များကို ဖြည့်ကာဖြည့်ကာ ကောင်းစွာကြွတော်မူခဲ့ပါသည်။ ၃။ ဝိဇ္ဇာစရဏသမန္နဂုဏ်တော်။ ။ထိုကဲ့သို့ ပါရမီဖြည့်၍ ဘုရားဖြစ်တော်မူမည့်ဘဝ၌ သီလစောင့်ခြင်း၊ ဣန္ဒြေစောင့်စည်းခြင်းစသော ကိုယ်ကျင့်တရား စရဏ ၁၅-ပါးနှင့် ပြည့်စုံတော်မူရကား ဘုရားမဖြစ်မီ ကဆုန်လပြည့် ညဦးယံဝယ် ရှေးဖြစ်ဟောင်းကို TRANG 92 အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသနုဿတိဉာဏ်တော်၊ သန်းခေါင်ယံဝယ် နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ ပြိတ္တာ သတ္တဝါဟူသမျှကို မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်၊ မိုးသောက်ယံဝယ် ကိုယ်တော်၏သန္တာန်၌ ကိလေသာဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝခြောက်ခန်းစေနိုင်သော “အာသဝက္ခယ”ခေါ် အရဟတ္တမဂ်ဉာဏ်တော်ဟူသော ဉာဏ်တော်ကြီးများ အဆင့်ဆင့် ပေါ်ပေါက်လာပါသည်။ ၄။ အရဟံဂုဏ်တော်။ ။ထိုဉာဏ်တော်များကြောင့် ဘုရားရှင်၏ စိတ်တော်အစဉ်သည် ကိလေသာအနောက်အကျုမှ ကင်းစင်သဖြင့် အမြဲကြည်လင်တော်မူပါသည်။ ၅။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။ ။ထိုကဲ့သို့ ကြည်လင်သော စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ်ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါသည်။ ၆။ လောကဝိဒူဂုဏ်တော်။ ။ထိုကဲ့သို့ ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်တော်အစဉ်ဝယ် တွဲယှဉ်၍ မကြာမကြာ ပါဝင်သောကြောင့် ရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောကဓာတ် အရပ်ရပ်ကိုလည်းကောင်း၊ သတ္တဝါအနန္တကိုလည်းကောင်း၊ ရုပ်နာမ်ဓမ္မသင်္ခါရလောကကိုလည်းကောင်း သိမြင်တော်မူပါသည်။ TRANG 93 ၇။ အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်။ ။သတ္တလောက (သတ္တဝါဟူသမျှ၏) လိုအင်ဆန္ဒနှင့် သတ္တိ ပညာ စသော ဣန္ဒြေတို့၏ အနုအဆင့်ကို နှိုင်းချင့်ခွဲခြမ်း သိစွမ်းတော်မူရကား ထိုသတ္တဝါအများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော်မူနိုင်ပါသည်။ ၈။ သတ္ထာဒေဝမနုဿာနံဂုဏ်တော်။ ။ထိုကဲ့သို့ မိမိတို့ အလိုလိုက်၍ အကြိုက်ကျအောင် ဟောပြောဆုံးမတော်မူသော ဘုရားရှင်ကို ဆရာမတင်လျှင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆရာတင်တော့မည်နည်း၊ ဘုရားရှင်သည်သာ မိမိတို့၏ ဆရာစင်စစ် ဖြစ်တော်မူပေသည်။ ၉။ ဘဂဝါဂုဏ်တော်။ ။ထိုကဲ့သို့ လူရော နတ်ပါဗြဟ္မာပါ အရပ်ရပ်ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ်ပါးတည်းသောဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကျက်သရေတော်၊ တန်ခိုးကြီးမားပုံကို အာရုံပြု၍ ကုန်နိုင်ဖွယ် မရှိတော့ပြီတကား။ အားတက်ဖွယ်။ ။ထိုမျှလောက် ထူးခြားသော ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်မိကြသည်မှာ မိမိတို့ ရှေးကံကောင်းလှပေပြီ။ ထိုဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုနေရ၊ အောက်မေ့နေရသည်မှာ စိတ်ဓာတ် ချမ်းသာလှပေ၏။ ဘုရားရှင်ကို ရည်မှန်းလျက် လှူဒါန်းပူဇော်နေရသည်မှာ အကျိုးကြီးမားလှပေ၏။ TRANG 94 ဂုဏ်တော်များကို အာရုံပြုလိုက်ရလျှင် မိမိသန္တာန်မှာ ကိလေသာ အနှောင့်အယှက်ကို ကင်းဝေးစေလျက် ကုသိုလ်စိတ်တွေ များလှသောကြောင့် အထပ်ထပ် အာရုံပြုနေပါမူ ကိလေသာတွေ နည်းပါးသည်ထက် နည်းပါးပေလိမ့်မည်။ လုံးဝလွတ်လပ်ခွင့် မရသေးသော အိမ်ရှင်တို့ကား အလုပ်ကိစ္စ အားလပ်တိုင်းမှာပင် သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ပြီးလျှင် ဘုရားရှေ့တော်မှာဖြစ်စေ၊ သို့မဟုတ် ဆိတ်ငြိမ်သော အိမ်ခန်းမှာဖြစ်စေ ငြိမ်သက်စွာနေလျက် ဘုရားဂုဏ်တော်များကို အထပ်ထပ် အာရုံပြုကြပါလေ။ အာရုံမပြုတတ်သေးပါလျှင် အားလပ်ခွင့်ရချိန်မှာ ဤဂုဏ်တော် ၉-ပါးလုံး ဆက်သွယ်၍ အာရုံပြုနည်းကို ကြည့်ရှုရွတ်ဖတ်နေကြပါကုန်။ လူမှုရေးကိစ္စ များပြားလှ၍ အချိန်မရလျှင်လည်း ဂုဏ်တော် တစ်ပါးပါးကို စိတ်ထဲမှာစွဲ၍ အလုပ်လုပ်ရင်း အာရုံပြုနေပါလျှင် လောကသံသရာ နှစ်ဖြာသော အကျိုးများကို ရနိုင်ပါသည်။ ဂုဏ်တော်ကို အာရုံပြု၍ အကျိုးရသော မိဖုရား စောလုံ ဝတ္ထု။ ပုဂံပြည် “နရသီဟပတေ့”မင်း၏ “စောလုံ”မည်သော မိဖုရားသည် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါလက္ခဏာ အသွင်အပြင်နှင့် ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး မိဖုရားတစ်ဦးပေတည်း။ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်းတွင် စံနန်းတော်တည်၍ မောင်းမမိဿံ အခြွေအရံများနှင့် အတူ ရေကစားတော်မူမြဲ ဖြစ်၏။ TRANG 95 အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မျက်နှာဆံပင်မကျန် တစ်ကိုယ်လုံး ရွဲရွဲစိုအောင် ရေဖြင့်ပက်စေတော်မူသည်။ စောလုံမိဖုရားလည်း ကျီစယ်သည်ကို အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် “မိန်းမတို့ဓမ္မတာ သာမန်အပြစ်မျိုးဖြင့် အပြိုးကြီးတက်သည်” အားလျော်စွာ အနာကြီး နာသောကြောင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်။ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲ ခွေးကို ကျွေးစေရာတွင် တစ်ခဏချင်း ခွေးသေသည်ကိုမြင်၍ ပွဲတော်ဆက်သူကို စစ်ဆေးသောအခါ မိဖုရားစောလုံ အပေါ်ကျရောက်၏။ မိဖုရားကို စစ်ဆေးပြန်ရာ “မိမိကို တစ်ကိုယ်လုံးစိုအောင် ရေပက်စေလျက် အရှက်ခွဲသောကြောင့် မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း”ဟု ပြတ်တောင်းတောင်း ခပ်မာမာနှင့် သံတော်ဦးတင်သဖြင့် မင်းတို့ မျက်စောင်း အကြောင်းမရွေးတတ်သည့်အတိုင်း ဆိုင်းငံ့စဉ်းစားခြင်း မရှိ၊ အမြတ်နိုးဆုံး မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမားကိုခေါ်၍ သံကျပ်စင် (ကျပ်ခိုးစင်)ကို လုပ်စေပြီးလျှင် “မီးရဲရဲတောက်သော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့်ချမှတ်သတည်း။ မိဖုရားလည်း ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနစ်ရက်ကြာအောင် ကျပ်စင်ကို ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရော ညဉ့်ပါ သီလကိုဆောက်တည်လျက် ၇-ရက်ပတ်လုံး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များကို ရွတ်ဖတ် အာရုံပြုနေလေသည်။ TRANG 96 ၇-ရက်စေ့သောအခါ ရဲရဲညီးသော သံကျပ်စင်ထက်သို့ မကြောက်မရွံ့တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒနနံ့သာကို ထည့်ခတ်လိုက်သလို တစ်ခါတည်း မီးငြိမ်း၍ သွားလေသည်။ ဤနည်းအတိုင်း ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုနေမှုကြောင့် သုံးကြိမ်တိုင်အောင် ထပ်ကာထပ်ကာ မီးငြိမ်းပြီးနောက် “ချမ်းသာခွင့် ရမည်မဟုတ်လျှင် တစ်ခဏချင်း လောင်ကျွမ်းစေတော့”ဟု စိတ်ကိုလျှော့ချ ဓိဋ္ဌာန်သည့်အခါကျမှ တစ်ခဏချင်း ကွယ်ပျောက်ရရှာလေသည်။ မိဖုရားမရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်ရာ၌ ကယောင်ကတမ်း ဖြစ်ပြီးလျှင် မိဖုရားကို တမ်းတ၍ နေရရှာလေသတည်း။ [ဤဝတ္ထု၌ ရာဇဝင်ဆရာတို့ ယူပုံနှင့် အနည်းငယ်ကွဲလွဲ၏။ တွေ့ဖူးသော စာအတိုင်း ရေးသားလိုက်သည်။] အထူးသတိပေးချက်။ ။ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်နှင့်စပ်၍ တစ်သိန်းနားလည်ထိုက်သော အချက်များကို အထိုက်အလျောက် နားလည်လောက်ပေပြီ။ ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင် စသည်တို့ကို ပူဇော်လေ့ရှိကြ၏။ ထိုသို့ ပူဇော်ရာ၌ ဝတ်ကျေတန်းကျေ အိမ်နီးချင်း ရှိသေရုံသဘောထားဘဲ ရုပ်ပုံတော်၊ စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်းတော်ကိုသွား၍ သက်တော်ထင်ရှား ရှင်တော်ဘုရားအား လှူဒါန်းပူဇော်ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင်မြင်ယောင် ဖြစ်လာအောင် ပူဇော်ရာ၏။ TRANG 97 ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေ့လွဲသောအခါ ပူဇော်လျှင် အပြစ်တင်လေ့ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ မှောင်သောနေရာမဟုတ်ဘဲ “နေ့လယ်ကြောင်တောင်အခါ ဆီမီးပူဇော်မှုကို ပြုသင့်သည်”ဟု မထင်ပေ။ ထို့ပြင် ရုပ်ပွားတော်တည်ရာ ဂူလိုဏ်၊ အာရုံခံတန်ဆောင်း၊ စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ ဗလပွေကျအောင် ပူဇော်မှု၊ ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မှု၊ ရေတွေ ပုပ်နှံအောင် ရက်ရှည်လများထားမှုကို ယခုအခါ တန်ခိုးကြီးသော ဘုရားတိုင်းမှာလိုပင် တွေ့မြင်ရ၏။ ထိုအမှုများကို မိမိတို့ အိမ်မှာပြုလျှင် ကျေနပ်နိုင်ကြမည် မဟုတ်ပါဘဲလျက် ဘယ်အတွက် ဘုရားနှင့်စပ်သော အဆောက်အဦမှာ ပြုရဲကြ၊ ပြုရက်ကြပါလိမ့်မည်နည်း။ ထို့ကြောင့် ပန်း၊ ဆီမီး စသည်ကို ပူဇော်ရာ၌ မိမိတို့၏ ပစ္စည်းဝတ္ထုအတွက် ဘုရားနှင့်စပ်သော အဆောက်အဦ၌ မညစ်မပေစေဘဲ ဖူးမြင်သူ လူအများတို့ သဒ္ဓါတိုးပွားအောင် သားနား သပ်ရပ်စွာ ပူဇော်ကြမှသာ နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင်ပါသည်။ ထို့ပြင် ဘုရားနှင့်စပ်သော အဆောက်အဦများ၌လည်း ခမ်းနားသပ်ရပ်သော ဝတ္ထုတစ်ပါးပါး တိုးလီမိုးလော မလှပသော ပစ္စည်းဝတ္ထု မရှိမှသာ ပို၍ ကျက်သရေရှိရာသောကြောင့် တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများစုပေါင်း၍ ကြီးကျယ်ခမ်းနားသော ဘုရား၊ TRANG 98 ကျောင်း၊ စေတီတော် စသည်များကိုသာ တည်ထားကိုးကွယ်ခြင်း၊ ကြည်ညိုဖွယ်မဖြစ်လောက်အောင် ပျက်စီးယိုယွင်းနေသော ဘုရား၊ ကျောင်း စသည်များကို စုပေါင်းပြုပြင်ခြင်း၊ ရှိပြီးနေရာများ၌ နောက်ထပ် တည်ထားမည့်အစား မရှိသေးသော နေရာဝယ် တည်ထားကိုးကွယ်ခြင်း စသည်တို့ဖြင့် အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ်သင့်ကြသည်။ အမှာ။ ။ယခုအခါ တစ်ချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမှု တစ်ခုကိုသာ ရည်ရွယ်ဟန်တူ၏။ ဘာသာ၊ သာသနာ အသရေရှိမှုကို ရည်ရွယ်ဟန်မတူ။ ထို့ကြောင့် ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မှုအတွက် အမျိုး၊ ဘာသာ၊ သာသနာမှာ ဂုဏ်မတက်ဘဲ ဂုဏ်ပျက်ရလေသည်။ ယခုခေတ်သည် သူတစ်ပါးအလုပ်ကို ဝေဖန်ကြသော ခေတ်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု၊ ရဟန်းခံ၊ ဘုန်းကြီးပျံ စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန်ခံနိုင်အောင် ပြုပြင်ကြဖို့ရန် တိုက်တွန်းပါသည်။ TRANG 99 တရားဂုဏ်တော်ဖွင့် (ကျက်မှတ်ရန် ပါဠိတော်) သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ကြည့်ရန် အဓိပ္ပာယ် ဘဂဝတာ ဓမ္မော-ကား ဂုဏ်တော်ကိုပြသော ပါဠိမဟုတ်၊ “ဘုရားဟောအပ်သော တရား” ဟု တရားနာမည်တော်ကို ပြသော စကားတည်း။ ထို့ပြင် “တရား” ဟူသော အသုံးအနှုန်းလည်း ပို့ဆောင်ခြင်းအနက်ကိုဟောသော “ဓရ” ဟူသော ပါဠိမှ ကူးပြောင်းခဲ့ဟန် တူသောကြောင့် “တရား” ဟု မရေးဘဲ “ဓရား” ဟု ရေးလျှင် သာ၍ ကောင်းမြတ်ဖွယ်ရှိ၏ဟု ယူဆကြသည်။ တရားဂုဏ်တော် ၆-ပါး: ၁။ သွာက္ခာတ ဂုဏ်တော် ၂။ သန္ဒိဋ္ဌိက ဂုဏ်တော် ၃။ အကာလိက ဂုဏ်တော် ၄။ ဧဟိပဿိက ဂုဏ်တော် ၅။ ဩပနေယျိက ဂုဏ်တော် ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော် TRANG 100 သွာက္ခာတ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဘဂဝတာ-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရားသည်။ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန်၊ ဓမ္မက္ခန်ဟု၊ ဆယ်တန်သော တရားတော်မြတ်ကို။ သွာက္ခာတော-ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါလည်း၊ လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် သွာက္ခာတဂုဏ်တော်သည် “ကောင်းမွန်စွာ ဟောတော်မူအပ်” ဟူသော အနက်ကို ပြ၏။ [သု+အက္ခာတ၊ သု-ကောင်းစွာ၊ အက္ခာတ-ဟောအပ်သည်။] မဂ်ဖိုလ်နိဗ္ဗာန်၊ ဓမ္မက္ခန်။ ။ မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် ၁၊ ဓမ္မက္ခန္ဓာဟု ခေါ်သော ပိဋကတ် ၁ ပေါင်း ၁၀-ပါးတည်း။ မဂ် ၄-ပါး: (၁) သောတာပတ္တိမဂ် (၂) သကဒါဂါမိမဂ် (၃) အနာဂါမိမဂ် (၄) အရဟတ္တမဂ် ဖိုလ် ၄-ပါး: (၁) သောတာပတ္တိဖိုလ် (၂) သကဒါဂါမိဖိုလ် (၃) အနာဂါမိဖိုလ် (၄) အရဟတ္တဖိုလ် ဤစကားအရ ယခုပြအပ်လတ္တံ့သော ဂုဏ်များနှင့် ပြည့်စုံသော တရားဟူသည် ဘုရားရှင်ဟောတော်မူအပ်သော ပိဋကတ် TRANG 101 ပါဠိတော်၊ အဋ္ဌကထာအစဉ်နှင့် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားများ ဖြစ်သည်ဟု မှတ်ပါ။ စာအုပ်ပေစာတို့သည် ထိုတရားတော်များကို မှတ်သားထားရာ “တရားဘဏ္ဍာတိုက်” များသာတည်း။ “ဓမ္မစေတီတော်” ဟုလည်း ခေါ်၏။ ထိုတရားတော်များကို ပို့ချသောပုဂ္ဂိုလ်များကား တရားဘဏ္ဍာတိုက်ကို စောင့်သော ဘဏ္ဍာစိုးများ ဖြစ်၏။ ကြားနာရုံပင်၊ အပူစင်၍။ ။ ရှင်တော်ဘုရား၏ တရားတော်များသည် ၁-ကြားနာရခြင်းတည်းဟူသော အစ၏ကောင်းခြင်း၊ ၂-ကျင့်ကြံအားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ၃-ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ခြင်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံရကား မကျင့်နိုင်သေးစေကာမူ ကြားနာရုံမျှဖြင့် ဟုန်းကနဲ ထနေသော ကိလေသာမီးပူကြီးများကို ငြိမ်းစေနိုင်ပါသည်။ ကိလေသာမီး ၁၀-ပါး: ၁။ လောဘ = လိုချင်မှုမီး။ ၂။ ဒေါသ = စိတ်ဆိုးမှုမီး။ ၃။ မောဟ = မသိ မလိမ္မာမှုမီး။ ၄။ မာန = မာနကြီးမှုမီး။ ၅။ ဒိဋ္ဌိ = အယူမှားမှုမီး။ ၆။ ဝိစိကိစ္ဆာ = ဘုရား တရား သံဃာ ကံ-ကံ၏ အကျိုးများ၌ ယုံမှားမှုမီး။ TRANG 102 ၇။ ထိန - အိပ်ချင်အားကြီး ထိုင်းမှိုင်းမှု။ ၈။ ဥဒ္ဓစ္စ - ပျံ့လွင့်မှု မတည်ကြည်မှု။ ၉။ အဟိရိက - အကုသိုလ် ဒုစရိုက်မှ မရှက်မှု။ ၁၀။ အနောတ္တပ္ပ - ဒုစရိုက်မှ မကြောက်လန့်မှု။ ဤကိလေသာဆယ်ပါး မီးပူကြီးများသည် ငါတို့ ပုထုဇဉ်များ၏ သန္တာန်၌ လောင်မြန်းမသိ လောင်ကျွမ်းလျက်ရှိရာ တစ်ခါတစ်ခါ သိသိသာသာ အပြင်းအထန် လောင်ကျွမ်းကာ "ဪ- တကယ်ပူတဲ့ မီးပါတကား" ဟု အထင်အရှား သိကြရလေသည်။ လောဘမီး လောင်ပုံ။ ။ ဘိက္ခုနီမတစ်စု သိမ်အတွင်းသို့ ဥပုသ်ပြုသွားကြရာ ဘိက္ခုနီမတစ်ယောက်သည် သိမ်အပေါက်၌ ထားသော လုလင်ပျို၏ ရုပ်တုကိုမြင်၍ စွဲလမ်းခင်မင်သောကြောင့် အများပြန်သော်လည်း မပြန်နိုင်သေးဘဲ ကြည့်ရှုကြည့်ရှုနေလေသော် အဖော်တစ်ယောက်က လာရောက်ခေါ်ငင်သောအခါ မတ်တတ်ရပ်လျက် အသက်မရှိတော့ဘဲ လက်ဆွဲ၍ အခေါ်တွင် ဝုန်းခနဲ လဲကျသွားလေသည်။ ဒေါသမီးလောင်ပုံ။ ။ နတ်ပြည်၌ နတ်တို့သည် မိမိတို့၏ အခြွေအရံများနှင့် ဥယျာဉ်သို့ တပျော်တပါး သွားတတ်ကြလေရာ အခါတစ်ပါး၌ နတ်သားတစ်ယောက်သည် အခြွေအရံများနှင့် ရထားစီး၍ ဥယျာဉ်သို့သွားနေစဉ် နောက်မလှမ်းမကမ်းမှ လိုက်လာသော နတ်သားမြင်၍ "ရှေ့ကသွားနေသော နတ်သားသည် မဖြစ်စလောက် သူ့စည်းစိမ်ကလေးကို ဧရာမစည်းစိမ်ကြီးထင်ကာ လွန်စွာဟိတ်ကြီးလေသည်" ဟု ကဲ့ရဲ့သော အသံကို ရှေ့ကနတ်သား ကြား၍ TRANG 103 တစ်ယောက်တစ်ခွန်း စကားများပြီးလျှင် နတ်သမီးတို့က တောင်းပန်တုန်းမှာပင် အလွန်နုနယ်သော နတ် ၂-ယောက်၏ ခန္ဓာကိုယ်သည် ဒေါသမီးအရှိန်ကြောင့် ဇီဝိန္ဒြေပျောက် ဆုံးခန်းရောက်ကြရှာလေသည်။ အမှား။ ။ ဝမ်းနည်းမှု-သောကမီး၊ ငိုကြွေးမှု-ပရိဒေဝမီး၊ ကိုယ်ဆင်းရဲမှု-ဒုက္ခမီး၊ စိတ်ဆင်းရဲမှု-ဒေါမနဿမီး၊ ရှိုက်ကာ ငင်ကာ ပြင်းစွာ ပူပန်မှု-ဥပါယာသမီးလည်း ဤဒေါသမီး၌ ပါဝင်လေပြီ။ ယခု လူပြည်၌လည်း တစ်စုံတစ်ခု ပျက်စီးခြင်းကြောင့် သောက၊ ပရိဒေဝဟူသော ဒေါသမီးများလောင်လျက် စိတ်ကောက်ကောက်တက်ဖြစ်ကာ မစားနိုင်မသောက်နိုင် တမှိုင်မှိုင်နေပြီးလျှင် အဆုံး၌ ဘဝတုံးသူတွေ အများပင်ရှိလေသည်။ ဤကိလေသာမီးပူကို တရားတော်ကာ ကြားနာရုံမျှဖြင့် အေးငြိမ်းအောင် ငြိမ်းနိုင်ပါသည်။ ဤကား တရားတော်၏ "ကြားနာမှု" ဟူသော အစ၏ကောင်းခြင်းတည်း။ ကျင့်လျှင်ချမ်းသာ။ ။ များစွာသော လူအပေါင်းက "ဘုရား၏တရားတော်လာသည့်အတိုင်း စောင့်စည်းကျင့်ကြံနေရလျှင် စိတ်ကျဉ်းကျပ်၍ ဆင်းရဲလိမ့်မည်" ဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်သော လောကီအာရုံများကို လိုက်စားနေရမှ ပျော်ရွှင်ဖွယ်ရှိသည်" ဟု ထင်မှားနေတတ်ကြသည်။ ဥပမာ-ညဉ့်အခါ မီးထွန်းထားလျှင် မီးရောင်ကို ရွှေတောင်ထင်၍ ဝင်ရောက်တိုးဝှေ့သော ပိုးဖလံကောင်များနှင့် တူလှချေ၏။ TRANG 104 စင်စစ်မှာ ထိုထင်ကြသည့်အတိုင်းမဟုတ်၊ ဘုရားရှင်အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော လောကီအာရုံကို လိုက်စားမှုကြောင့် ယခုဘဝမှာပင် လူချင်းမတူ သူချင်းမမျှ နယ်မထူနိုင်အောင် အောက်ကျ သွားသူတွေကို မြင်ကြရလေပြီ။ ပါးစပ်လှရုံ ဤဘဝ၌ လူတွင်ကျယ် ဖြစ်နေစေကာမူ နောင်သံသရာဝယ် လူပါးလူလည် လုပ်၍ ရတော့မည်မဟုတ်၊ မုချဆိုးဝါးသော ဒုက္ခကြီးနှင့် တွေ့ကြရတော့မည်။ ဘုရားရှင်၏ အလိုတော်ကျအောင် တရားကို လိုက်နာကျင့်ကြံ၍ နေထိုင်ပါမူ လွန်စွာချမ်းသာပေမည်။ သားသမီးနှင့်တကွ တစ်အိမ်သားလုံး သူတော်ကောင်းချည်းဖြစ်လျှင် မည်မျှချမ်းသာလိမ့်မည်။ ထိုထက်အလွန် စိတ်တူသဘောတူ ပါရမီဖြည့်မှုကိုသာ လိုရင်းထားလျက် တရားဘက်လိုက်စား၍ အေးအေးဆေးဆေး နေနိုင်ကြပါလျှင် မည်မျှချမ်းသာလိမ့်မည်ကို ဆင်ခြင်တွေးဆ၍ ကြည့်ကြပါကုန်။ ဥဒယဘဒ္ဒဇာတ်တော်။ ။ ဘုရားရှင်နှင့် ယသောဓရာလောင်းလျာနှစ်ပါးသည် ဥဒယဘဒ္ဒမင်းသား၊ ဥဒယဘဒ္ဒမင်းသမီးဟူသော အမည်ဖြင့် "သုရုန္ဓန" ပြည်ကြီးကို အုပ်ချုပ်လျက် မင်း၊ မိဖုရား ပြုလုပ်ခဲ့ဖူးကြလေသည်။ ပါရမီဖြည့်ဘက်များဖြစ်ကြသည်အားလျော်စွာ မည်မျှကြင်နာကြမည်ကိုကား စာဖြင့်ရေးသား၍ပင် ကုန်ဖွယ်ရာမရှိ။ သို့သော် ဖတူ မိကွဲ မောင်နှမလည်းဖြစ်ကြ၊ အသိအလိမ္မာတွင် အထွဋ်အထိပ်ရောက်သော ပါရမီရှင်လည်းဖြစ်ကြသည့်အတိုင်း မင်းမိဖုရားအဖြစ်ဖြင့် နေကြရသော်လည်း TRANG 105 လောကီလူကိုိစ္စ လူအာရုံ၌ စိတ်စက်မညွတ်ကြဘဲ နန်းဆောင်တစ်ခန်းတည်းမှာပင် ဖြူဖြူစင်စင် စံတော်မူကြသတဲ့။ ထိုကဲ့သို့ စံနေစဉ် နောင်ရေးနောင်တာကို တွေး၍ တစ်နေ့သ၌ "မင်း-မိဖုရား နှစ်ပါးတွင် အလျင်နတ်ရွာစံသူက ရောက်ရာဘဝမှလာ၍ ပြောကြစတမ်း" ဟု (အချင်းချင်း မခွဲလိုသောကြောင့်) ကတိစကား သစ္စာထားကြလေသည်။ ထိုသို့ ကတိထားပြီးနောက် ဘုရင်မင်းမြတ်က ရှေးဦးစွာ နတ်ရွာစံနှင့်၍ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း ဖြစ်လေသည်။ ထို့နောက် အတော်ကြာမှ သတိရသဖြင့် မိဖုရားအထံသို့ လာ၍ နတ်ပြည်၌ သိကြားမင်းဖြစ်ကြောင်း၊ ကိုယ်နှုတ်စိတ်များကို စောင့်စည်း၍ စွန့်ကြဲလှူဒါန်းနေပါလျှင် အတူတကွဖြစ်ဖို့ရန်ရှိကြောင်းနှင့်တကွ သံဝေဂတရားစကားများကို ပြောဆိုဆုံးမ၏။ နတ်ပြည်သို့ ပြန်ကြလေသော် မိဖုရားလည်း ဆုံးမသည့်အတိုင်း လိုက်နာ၍ ကံကုန်သည့်အခါ သိကြားမင်း၏အထံတော်၌ မိဖုရားပင် ဖြစ်လေသည်။ ဤကား "ကျင့်ကြံမှု" ဟူသော အလယ်၏ကောင်းခြင်းတည်း။ ကျင့်ပြီးခါလည်း စခန်းသင့်အောင်။ ။ အစွမ်းကုန် ကျင့်ပြီးသည့်အခါလည်း ကိလေသာမီးများ တစ်ခါတည်း ချုပ်ငြိမ်းသဖြင့် ထီးနန်းစည်းစိမ်ထက် သာလွန်ငြိမ်းချမ်းသော နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် ရွှေဉာဏ်တော်ဖြင့် ချိန်၍ ဟောတော်မူထားရကား ဟောတော်မူသည့်အတိုင်း ကျင့်လျက် နိဗ္ဗာန်ကို ဧကန်ရနိုင်ပေသည်။ ဤကား "ကျင့်ပြီးခြင်း" ဟူသော အဆုံး၏ကောင်းခြင်းတည်း။ TRANG 106 တိုက်တွန်းချက်။ ။ ယခုအခါ၌ အသိအလိမ္မာ နောက်ကျ၍ ဥစ္စာစည်းစိမ် ဂုဏ်သိန် ပျက်စီးခါမှလည်းကောင်း၊ အကုသိုလ် ဒုစရိုက်တွေ တင်းကျပ်အောင် ပြည့်နေမှလည်းကောင်း နောင်တရ၍ အထိုက်အလျောက် လိမ္မာသူတွေ ရှိကြပါပေ၏။ တကယ်တမ်း ဒုက္ခနှင့် တွေ့ကြုံရသောအခါ ဘယ်လိုဖြေဖျောက်ရမှန်း မသိကြ၍ ကြံမိကြံရာ စိတ်နောက်ကိုယ်ပါကြလျက် အသက်ဆုံးအောင် စီမံရာ သူတွေကိုလည်း အများပင် ကြားဖူးလေပြီ။ ထိုသို့ အကြံဆိုး ပေါ်လာလျှင် ဆရာကောင်းထံ ချဉ်းကပ်၍ တရားကိုနာပါတော့လား။ ဘုရားရှင်၏ တရားတော်သည် သေချာစွာ သဘောကျလျှင် ယခုဘဝ တွေ့ကြုံရိုး ဒုက္ခမျိုးကိုလည်း ငြိမ်းစေနိုင်၊ သံသရာ၌ တွေ့ရမည့် ဒုက္ခမီးကိုလည်း မချိငြိမ်းစေနိုင်ပါသည်။ ထိုတရားတွေကို နားလည်ဖို့ရာလည်း ရဟန်းတော်များ စာသင်သလို ၁၀-နှစ်၊ အနှစ် ၂၀-မျှ လေ့လာနေကြရမည် မဟုတ်ပါ။ တရားလမ်းကြောင်းသက်သက်ကို ဟောပြောပြသော ပညာရှိသူတော်ကောင်း၊ ယုံကြည်စိတ်ချရသော ဆရာသမား၊ တတ်သိနားလည်သော မိခင် ဖခင် အိမ်ရှင် အိမ်သူ၏စကားကို လိုက်နာမှု၊ တရားလမ်းမှန်ရေးထားသော ပညာရှိတို့၏ စာများကို စိတ်ပါလက်ပါ ကြည့်ရှုမှုဖြင့် သူတော်ကောင်း ပညာရှိကလေးများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် “မိုးကုန်မှ ထွန်ချခြင်း၊ မျက်စိကန်းမှ မျက်ကွင်းဆေးတင်ခြင်း၊ နေဝင်မှ စပါးလှန်းခြင်း၊ သူခိုးပြေးမှ ထိုးကွင်းထှန့်၊ လူမိုက်နောက်မှ အကြံရခြင်းမျိုး” မဖြစ်စေဘဲ ဗုဒ္ဓဘာသာတရား၌ သိထိုက်သော လိုရင်းချက်များကို လက်မလွှတ်ခင် စောစောက ကြိုတင်၍ သိရှိနားလည်အောင် ကြိုးစားကြဖို့ရန် အထူးတိုက်တွန်းပါသည်။ (HÀNG TRẮNG CÁCH BIỆT) TRANG 107 သန္ဒိဋ္ဌိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်၊ သန္ဒိဋ္ဌိကော-ဟောပြသလောက်၊ ကျင့်တိုင်းပေါက်၍၊ မဂ်ရောက်ဖိုလ်ထိ၊ ပညာရှိသည်၊ များအရိယာ၊ သူတော်စွာတို့၊ သုတကာပြော၊ ယုံကြည်သောကြောင့်၊ သဘောချင်းထပ်၊ မဆည်းကပ်ဘဲ၊ တပ်အပ်ထင်ထင်၊ ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် သန္ဒိဋ္ဌိကဂုဏ်တော်သည် “ကိုယ်တိုင် သိမြင်တော်မူထိုက်၏” ဟူသော အနက်ကို ပြ၏။ “သံ-ကိုယ်တိုင်+ဒိဋ္ဌ-သိမြင်ခြင်း၊ ဣက-ထိုက်သည်”။ ဘုရားရှင် ဟောတော်မူအပ်သော တရားတော်သည် ဟောတော်မူထားသည့်အတိုင်းသာ ကျင့်ကြံအားထုတ်ကြလျှင် မဂ်ဖိုလ်အထိ ပေါက်ရောက်နိုင်ပေ၏။ မဂ်ဖိုလ်ရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်သိနိုင်၏။ ထို့ကြောင့် များစွာသော အရိယာအပေါင်း သူတော်ကောင်းတို့သည် သုတကာ အပြောကောင်း၍ ယုံကြည်ကျေနပ် သဘောချင်းထပ်မိ၍ ဆည်းကပ် ကျင့်ကြံရသည် မဟုတ်ဘဲ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာတရား ၉-ပါးကို တပ်အပ်ထင်ထင် ကိုယ်တိုင်သိမြင်နိုင်ကြပေသည်။ (HÀNG TRẮNG CÁCH BIỆT) TRANG 108 အမှား။ ။ ဓမ္မန္တာတရားတော်များသည် ဘုရားရှင်၏ စကားတော်အစဉ်သာဖြစ်၍ ကိုယ်တိုင်သိရ၊ မြင်ရ၊ ကိုယ်သန္တာန်၌ ဖြစ်စေရမည့် တရားမဟုတ်သောကြောင့် ဤသန္ဒိဋ္ဌိကဂုဏ်တော်၌ မပါဝင်ချေ။ တိုက်တွန်းချက်။ ။ ဤဗုဒ္ဓဘာသာ တရားတော်သည် ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်လောက်အောင် ထင်ရှားသော ဂုဏ်တော်ရှိ၏။ အခြားတရားများတွင် ဟိန္ဒူတရား၌သာ လောကီဈာန် အဘိညာဉ်ရစေနိုင်သော အစီအစဉ်ရှိ၏။ လောကီမှ လွတ်မြောက်ကြောင်းဖြစ်သော မဂ်တရား ဖိုလ်တရားတို့ကား မရှိချေ။ အခြားသော ဘာသာတို့ကား ဈာန်အဘိညာဉ်ကိုမျှ ရနိုင်သော အစီအစဉ်မရှိချေ။ သူတို့တရားတွေကို မည်မျှလောက် ကျင့်နေသော်လည်း ကိုယ်တိုင်ဒိဋ္ဌသိမြင်ရမည် မဟုတ်ချေ။ တရားဟောဆရာတို့၏ အဟောဖြင့်သာ ကျေနပ်နေကြပေမည်။ တရားတော်ကို ထားလိုက်ပါဦး။ ထိုတရားကို ဟောပြပညတ်ခဲ့သော ဘုရားလုပ်သူပင် အချို့ဘာသာ၌ အထင်အရှားဖြစ်နိုင်သော အစွမ်းမရှိကြ။ ကောင်းကင်ဘုံမှာနေသလိုလို၊ ဟိုမှာလိုလို၊ သည်မှာလိုလိုနှင့် ရိုးတိုးရိပ်တားဖြင့်သာ ကျေနပ်ကြရသည်။ ထိုသူတို့ ဖြည့်ကျင့်လျက် မည်သည့်အမျိုးမြတ်၊ အဆွေမြတ်တွင် ဖွားပြီးလျှင် မည်ကဲ့သို့ တရားအားထုတ်၍ မည်သည့်အရပ်၌ ဘုရားဖြစ်ပြီး နောက် မည်မျှလောက်ကြာအောင် တရားဟော၍ မည်မျှသတ္တဝါတွေကို အကျွတ်တရား ရစေသည်” ဟု ကျကျနန ပြစရာမရှိချေ။ (HÀNG TRẮNG CÁCH BIỆT) TRANG 109 ဗုဒ္ဓဘာသာဝင်တို့၏ ရှင်တော်မြတ်အတွက်ကား ထိုအားလုံးကို စေ့စေ့ငင ပြနိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လေးရာ ခုနှစ်ဆယ်ကျော်လောက်က အိန္ဒိယပြည်ဝယ် ငါတို့၏ ဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ကြောင်းကို ဘုရားရှင်၏ သီတင်းသုံးတော်မူရာ အရပ်နှင့် အဆောက်အအုံ အစအနများ ယခုတိုင် ထင်ရှားရှိသေးသဖြင့် မည်သူမျှ ငြင်းဆန်ဖွယ်ရာ မရှိပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ဘုရားသည် “လေဖမ်း ဒန်းစီး၊ ကောင်းကင်မှာ တိုက်ကြီးတည်သလို” ရိုးတိုးရိပ်တား ဟိုလိုလို သည်လိုလိုနှင့် လှည့်ပတ်ထားအပ်သော ကလိကမာဘုရား မဟုတ်ပါ။ တကယ်ပင် ထင်ရှားရှိခဲ့သော ဘုရားဖြစ်ပါသည်။ ထိုဘုရားရှင်၏ တရားတော်များကိုလည်း ယခုတိုင် ထင်ရှားရှိကြသေး၏။ ထိုတရားတော်လာသည့်အတိုင်း ကျင့်ပါလျှင် ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်၏။ ကိုယ့်သန္တာန်မှာ မဂ်တရား ဖိုလ်တရား ဖြစ်ပေါ်နေသည်ကို ကိုယ်တိုင်သိနိုင်၏။ ထိုမဂ်ဖိုလ်ကိုရသောအခါ နိဗ္ဗာန်ကို ကိုယ်တိုင် မြင်နိုင်၏။ ဤသို့ ကိုယ်တိုင် မြင်နိုင်သောတရား ဖြစ်ရကား အခြားဘာသာတို့က လောကီဂုဏ်ကိုပြ၍ မည်မျှပင် သွေးဆောင် ကြသော်လည်း ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍လည်းကောင်း၊ အခြား ပညာရှင်များနှင့် ဆွေးနွေးသောအားဖြင့်လည်းကောင်း ယုံကြည်မှု သန္တိအစစ် ဖြစ်ကြပါစေ။ TRANG 110 ဆက်ပါဦးမည် - ဗုဒ္ဓဘာသာ၌ ပဋိစ္စသမုပ္ပါဒ် (ကြောင်း-ကျိုး ဆက်စပ်) တရားတော်မြတ်သည် သတ္တဝါတိုင်း၏ ဖြစ်ပျက်ပုံကို စုံစုံလင်လင် ပြတော်မူ၏။ ထိုတရားတော်ကိုလည်း အဘိဓမ္မာ အခြေခံမရှိသူသည် ပိုင်ပိုင်နိုင်နိုင် နားမလည်ပါ။ ထိုတရားတော်ကို နားမလည်သမျှ ဤဘဝ နောင်ဘဝအရေးကို အမှန်ကျအောင် မတွေးနိုင်ပါ။ ထို့ကြောင့် အဘိဓမ္မာကို အခြေရအောင် သင်ပြီးမှ ပညာရှိများနှင့် ဆွေးနွေးကြလျှင် သာ၍ သဘောကျပါလိမ့်မည်။ အကာလိကဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-သောတာပတ္တိ စသည်ဆင့်တက်၊ လေးချက်အပြား၊ မဂ်တရားသည်။ အကာလိကော-ငါးရက် ခုနစ်ရက်၊ စသည်တက်၍၊ ငံ့လျက်ရှည်ဝေး၊ အကျိုးပေးရာ၊ အခါမဲ့၊ အခြားမဲ့ဖိုလ်၊ အကျိုးကိုလည်း ပေးတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အကာလိကဂုဏ်တော်သည် “အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ” ဟူသော အနက်ကို ပြ၏။ [အ+ကာလ+က္ကဏ၊ အ=မ+ကာလ=အချိန်+က္ကဏ=ရှိ]။ ဤ “အကာလိက” ဂုဏ်တော်ကား မဂ် ၄-ပါးနှင့်သာ ဆိုင်၏။ မဂ်တရားဟူသည် ကုသိုလ်ကံတရားတည်း၊ ဖိုလ်တရားကား TRANG 111 ထိုမဂ်ကုသိုလ်၏ အကျိုးတရားတည်း။ ပုဂ္ဂိုလ်တစ်ဦးသန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်၍ မဂ်ကုသိုလ်စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးလည်း တစ်ဆက်တည်း ပေါ်လာ၏။ “လောကီကုသိုလ်ကံများကဲ့သို့ ၅-ရက်၊ ၇-ရက်၊ ၁-ဘဝ၊ ၂-ဘဝ စသည်ဖြင့် အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ၊ ချက်ချင်း အကျိုးပေးနိုင်သော ဂုဏ်ထူးရှိသည်” ဟူလို။ ဤ “အကာလိက” ဂုဏ်တော်ကား အဘိဓမ္မာသဘောတရားကို လေ့လာဖူးသူတို့သာ ကျကျနန သဘောကျနိုင်စရာရှိပါသည်။ ဧဟိပဿိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်။ ဧဟိပဿိကော-ဝေဟာတက်ထွန်း၊ ယူဂန္ဓွန်း၌၊ လဝန်းအလား၊ ပတ္တမြားသဖွယ်၊ စင်ကြယ်ထင်ရှား၊ ရှိသည်များကြောင့်၊ အားရရွှင်လန်း၊ လိုက်ခဲ့စမ်းပါ၊ ရှုစမ်းပါဟု၊ သံသာချိုမြ၊ ဖိတ်ခေါ်ပြဖို့၊ မချေကန်၊ အမှန်သင့်လျော်၊ ထိုက်တန်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ဧဟိပဿိကဂုဏ်တော်သည် “လိုက်ခဲ့စမ်းပါ။ ကြည့်ရှုလှည့်စမ်းပါ” ဟု ဖိတ်ခေါ်ထိုက်၏ ဟူသော အနက်ကို ပြ၏။ [ဧဟိ+ပဿ+က္ကဏ၊ ဧဟိ-လိုက်ခဲ့ပါ+ပဿ-ရှုလှည့်စမ်းပါ+က္ကဏ-ဤသို့ ဖိတ်ခေါ်ထိုက်]။ TRANG 112 လောက၌ သေတ္တာ စသည်တို့၏ အတွင်းဝယ် ဘာမျှမရှိလျှင် “လာစမ်းပါ၊ ကြည့်စမ်းပါ” ဟု ခေါ်ယူပြသခြင်းငှာ မထိုက်။ ရှိပင် ရှိသော်လည်း ထိုဝတ္ထုက ကြည့်ရှုဖွယ်ကောင်းလောက်အောင် အဖိုးထိုက် အဖိုးတန် လှပသော အရာဝတ္ထုမျိုးမဟုတ်ဘဲ သာမန်ဝတ္ထုမျိုး ဖြစ်နေပြန်လျှင်လည်း အရေးတကြီး ခေါ်ငင်ပြသခြင်းငှာ မထိုက်။ ဘုရားရှင်၏ တရားတော်ကား ဝေဟာသ(ကောင်းကင်) ဗဟိုဝယ် ယူဂန္ဓိုရ်တောင်ထွဋ်မှ တက်ထွန်းလာသော လပြည့်ဝန်းကြီးအလား ပတ္တမြားရတနာသဖွယ် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လိုက်ခဲ့စမ်းပါ၊ မည်မျှအဖိုးတန်၍ အကျိုးများတဲ့တရားဟု ကိုယ်တိုင်သိရအောင် ကျင့်ကြည့်စမ်းပါ” ဟု ခေါ်ငင်ပြသ တိုက်တွန်းခြင်းငှာ ထိုက်တန်သော ဂုဏ်တော်ရှိပါသည်။ တိုက်တွန်းချက်။ ။ ဤဂုဏ်တော်၌ လောကုတ္တရာတရား ကိုးပါးသာ ကျမ်းဂန်တို့၌ လာ၏။ သို့သော် ဤဂုဏ်တော်ကို အတုလိုက်၍ စာပေပရိယတ် တရားတော်မြတ်ကိုလည်းကောင်း၊ ကောင်းမွန်စွာ ကျင့်ကြံနေသော သံဃာတော်များကိုလည်းကောင်း “လိုက်ခဲ့စမ်းပါ၊ နာကြည့်စမ်းပါ၊ ဖူးမြော်လှည့်စမ်းပါ” ဟု မိတ်ကောင်း ဆွေကောင်းများကို တိုက်တွန်းသင့်ပါသည်။ အလောင်းတော် ဇောတိပါလနှင့် ဃဋိကာရ “သိဒ္ဓတ္ထမင်းသား ဘုရားလောင်း တောထွက်တော်မူလာသောအခါ ဃဋိကာရဗြဟ္မာကြီးက သင်္ကန်းကပ်လှူလာသည်” ဟု ပြောစမှတ်ပြုကြသော ဃဋိကာရဗြဟ္မာအလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုနေသော ဃဋိကာရအိုးထိန်းသည် ဖြစ်၏။ ဘုရားရှင်ကို အလွန်ကြည်ညိုသော သီတင်းသည် သူတော်ကောင်းကြီးပေတည်း။ TRANG 113 မှတ်ပြုကြသော ဃဋိကာရဗြဟ္မာအလောင်းသည် ကဿပဘုရား လက်ထက်တော်တုန်းက မျက်မမြင် မိဘတို့ကို ပြုစုနေသော ဃဋိကာရအိုးထိန်းသည် ဖြစ်၏။ ဘုရားရှင်ကို အလွန်ကြည်ညိုသော သီတင်းသည် သူတော်ကောင်းကြီးပေတည်း။ ငါတို့ ဘုရားအလောင်းကား အမျိုးအစားဖြင့် အထက်တန်းကျ၍ အလွန်မာန်ကြီးသော ဇောတိပါလလုလင် ဖြစ်လျက် ထိုစဉ်က ဗုဒ္ဓဘာသာမဟုတ်သေးဘဲ ဃဋိကာရ၏ အသည်းစွဲ မိတ်ဆွေတစ်ယောက်တည်း။ ဃဋိကာရသည် ဘုရားရှင်ကို ဖူးမြော်ဖို့ရန် ဇောတိပါလကို အတန်တန်တိုက်တွန်း၏။ သို့သော် အမျိုးဂုဏ် မာန်တက်၍ ဘုရားကိုပင် အဖတ်မထင်သေးချေ။ ဃဋိကာရလည်း “ဘုရားအထံ မရောက်လျှင် မနေ” ဟု အမြဲ ကြံစည်ကာ မြစ်ဆိပ်သို့ ရေချိုးဖို့ရန် ခေါ်သွားပြီးလျှင် “မိတ်ဆွေ-ကဿပဘုရားရှင်သည် အနီးမှာပင် သီတင်းသုံးတော်မူနေ၏။ ထိုဘုရားရှင်ကို ဖူးမြင်ခြင်းသည် ကျွန်ုပ်တို့၌ အမြတ်ဆုံးဟု ထင်၏။ လိုက်ခဲ့ပါ၊ ဖူးချေကြစို့” ဟု သုံးကြိမ်တိုင်အောင် ခေါ်သော်လည်း ရှေးနည်းအတူ ပယ်ရှား၍နေသဖြင့် နောက်ဆုံး၌ “မလိုက်လျှင် မနေရ” ဟု ဆံပင်ကို အတင်းဆွဲ၍ ခေါ်လေသော်- “ဪ- ဃဋိကာရသည် အမျိုးအစားဖြင့် ငါ့အောက်ကျသူ ဖြစ်ပါလျက် ဆံပင်ကို ဆွဲနိုင်သည်မှာ အံ့ဩစရာကြီး ဖြစ်ပေသည်။ ဧကန်အကျိုးရှိ၍သာ မရမက ခေါ်ရှာပေသည်” ဟု သဘောကျ၍ ဘုရားအထံသို့ လိုက်သွားပြီးလျှင် တရားတော်ကို နာရသောအခါ TRANG 114 လွန်စွာအားရ နှစ်သက်လှသဖြင့် သာသနာ့ဘောင်သို့ ဝင်လေသည်။ ဤသို့ ဝမ်းမြောက်လောက်အောင် “ဧဟိပဿိက” ဂုဏ်တော်နှင့် အထိုက်အလိုက် ပြည့်စုံပါလျှင် ယခုကာလ တရားဟောရာအရပ်နှင့် သံဃာတော်များထံသို့လည်း ခေါ်ငင်ပြသထိုက်ပေသည်။ [မဇ္ဈိမပဏ္ဏာသ၊ ရာဇဝဂ်၊ ဃဋိကာရသုတ်။] သို့သော် စဉ်းစားရန်တစ်ချက်မှာ- ယခုကာလ၌ ဘာသာအမျိုးမျိုးက မိမိတို့ဘာသာကိုသာ မှန်ကန်ကြောင်း၊ အခြားဘာသာများယွင်းကြောင်းကို ဟောပြောကြ၏။ ဗုဒ္ဓဘာသာတရားတွင်လည်း “သူတို့ဂိုဏ်းက ကောင်းသည်၊ ငါတို့ဂိုဏ်းက ကောင်းသည်။ သူကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏၊ ငါ့ကိုယ်တော်က ကြည်ညိုဖွယ်ကောင်း၏။ ငါ့ကိုယ်တော်က စာတတ်၏၊ တရားဟောကောင်း၏၊ ကမ္မဋ္ဌာန်းပေးကောင်း၏။ ဇာတ်ရိုက် ယတြာဆင်ကောင်း၏” စသည်ဖြင့် “(ဧဟိ)လိုက်ခဲ့စမ်းပါ။ (ပဿ)ဖူးမြော်ကြည့်စမ်းပါ” ဟု သွေးဆောင်ခေါ်ငင်ကာ ကိုယ်ငါးချင်းကိုသာ ကိုယ်ချင်းလျက် ရှိကြလေသည်။ ဤမျှလောက် ရှုပ်ထွေးသော လောကကြီးဝယ် ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုနိုင်သူလည်း နည်းပါးလှ၏။ သာသနာတော်ဆိုင်ရာဝယ် များစွာသောပုဂ္ဂိုလ်၌ မာတုဂါမတွေသာ ခေါင်းဆောင်ဖြစ်နေကြ၏။ မာတုဂါမဟူသည် မိမိက သူတစ်ပါးတို့ကို လှည့်ပတ်ရမည့်အရာ၌ လွန်စွာဥာဏ်များသလောက်၊ သူတစ်ပါးက မိမိကို ဖြားယောင်းသည်ကိုလည်း ယုံကြည်လွယ်ရုံမက၊ မပြောပလောက်သော ဂုဏ်ကလေးကိုပင် တကယ့်ဂုဏ်ကြီးဟု ထင်တတ်ကြလေသည်။ (HÀNG TRẮNG CÁCH BIỆT) TRANG 115 ထို့ကြောင့် မာတုဂါမတွေ ခေါင်းဆောင်၍နေသော သာသနာကိစ္စအဝဝ၌ မကျန် မသန့်ရှင်းဘဲ ချွတ်ယွင်းသောအချက်တွေ အလွန်များနေတော့၏။ အမှန်ကို ဟောပြလိုသူတို့မှာလည်း မိုးခါးရေသောက်ကာလကြီးမို့ မတတ်နိုင်ဘဲ လက်မှိုင် ချရလေပြီ။ သို့ဖြစ်၍ ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များကို ဆည်းကပ်မိဖို့ရန်မှာ ရှေးကကောင်းမှုမှ ဖြစ်ရုံမျှဖြင့် မလောက် ရှိတော့သည်။ အချို့မျှ သတိပေးရလျှင် ပုဂ္ဂိုလ်တစ်ပါးပါးကို ကိုးကွယ်မိက အသိအလိမ္မာ ဥာဏ်ပညာနှင့် သူတော်ကောင်းစိတ်များ တိုးပွား-မတိုးပွား စဉ်းစားကြပါလေ။ တိုးပွားလျှင် ကိုးကွယ်သူမှာ အမြတ်ရ၏။ ကုသိုလ်မတိုးပွားဘဲ မိမိတို့နှင့် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များကို ပြိုင်ရ ဆိုင်ရ တိုက်ခိုက်ရသဖြင့် မတရားမှု ဒုစရိုက်တွေသာ တိုးပွား၍ အကုသိုလ်များနေပါလျှင် အရင်းပင် ဆုံးရှုံးသေး၏။ တစ်ချို့ကား ပြိုင်ရင်း ဆိုင်ရင်း ရန်ခိုက်ဒေါသဖြစ်ကြရ၍ ရုံးသို့ရောက်ရသောကြောင့် ငွေကုန်လူပန်း စိတ်မချမ်းသာစရာတွေလည်း ဖြစ်ကြရရှာလေ၏။ ထို့ကြောင့် “ကိုးကွယ်ရာမှ ဘေးမဖြစ်အောင်” ကြိုးစား၍ သတိဆောင်ကြပါလေ။ ဘုရားချင်းပေါက်။ ။ အဝေဠု၌ ရှေးအခါက ရဟန်းတော်နှစ်ပါး ဒက္ခိဏသာခါရုပ်တုတော်ကို ကိုးကွယ်ကြပြီးလျှင် ရုပ်တုတော်ချင်း အသုဘယပြိုင်စဉ် မခံချင်သဖြင့် “သတ္တိရှိလျှင် ဘုရားချင်းပေါက်ကြစို့” ဟု ပြောဆိုကာ ရုပ်တုတော်ချင်း တစ်ယောက်တစ်လှည့် ပေါက်ကြဖူးသတဲ့။ ယခုကာလလည်း ဒကာကို ဆရာက မြှောက်၊ ဆရာကို ဒကာက မြှောက်၍ ဒကာချင်းပေါက်၊ ဆရာချင်းပေါက်လျက် ကမောက်ကမ ဖြစ်နေကြသည်မှာ ဘာသာခြားတွေကို ရှက်ဖွယ်ကောင်းလှပေသည်။ (HÀNG TRẮNG CÁCH BIỆT) TRANG 116 ထို့ကြောင့် မိမိတို့ရပ်ရွာ မြို့နယ်၌ သံဃာချင်း၊ ရပ်ရွာသားချင်း ဆန့်ကျင်ဘက် မဖြစ်ရအောင် စောင့်ရှောက်နိုင်လျှင် အကောင်းဆုံးဖြစ်၏။ မိမိမှာ ထိုကဲ့သို့ စောင့်ရှောက်နိုင်လောက်အောင် ဩဇာမရှိလျှင် မည်သည့်ဘက်ကိုမျှ အရေးတကြီး အားမပေးဘဲ “ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်း ကိုယ်သွားရမည်” ကို နှလုံးသွင်းကာ အေးအေးနေနိုင်ခြင်းသာ အပြစ်ကင်းပေမည်။ မနေသာ၍ ပါဝင်လျှင်လည်း အကောင်းဆုံးစိတ်ထားနိုင်အောင် သတိပြုပါလေ။ ဩပနေယျိက ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်၊ ဩပနေယျိကော-မိမိစိတ်တွင်၊ တစ်ကြိမ်ထင်က၊ လေးခွင်အပါယ်၊ ငရဲနွယ်ကို၊ ဆံခြည်အမျှ၊ မငြိမ်းအားဘဲ၊ တရားမျက်ရှင်၊ စိတ်စွဲထင်အောင်၊ ကျင့်ဆောင်ခြင်းငှာ ထိုက်တော်မူပါပေ၏။ (HÀNG TRẮNG CÁCH BIỆT) TRANG 117 ကြည့်ရှုရန် အဓိပ္ပာယ် ဩပနေယျိကဂုဏ်တော်သည် “မိမိစိတ်သို့ ကပ်၍ ဆောင်ယူထိုက်၏” ဟူသော အနက်ကို ပြသည်။ [ဥပ+နေယျ + က္ကဏ၊ ဥပ=မိမိစိတ်သို့ ကပ်၍+နေယျ=ဆောင်ခြင်း+က္ကဏ=ထိုက်သည်]။ မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့သန္တာန်၌ တစ်ရံတစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။ မိမိ၏စိတ်တွင် တစ်ကြိမ်တစ်ခါမျှ အထင်အရှားပေါ်လာလျှင် [“သောတာပန်ဖြစ်လျှင်” ဟု ဆိုလိုသည်] အပါယ် ၄-ပါး၌ ခံစားရမည့် ဝဋ်ဒုက္ခ အပူမီးတို့ကို တစ်ခါတည်းဖြင့် ငြိမ်းစေနိုင်သောသတ္တိ (မည်သည့်အခါမျှ အပါယ်သို့ မကျအောင် စောင့်ရှောက်နိုင်သောသတ္တိ) ရှိခြင်းကြောင့် မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်နေတုန်းဝယ် ကိုယ်၌ဝတ်ဆင်ထားသော အဝတ်ကို သို့မဟုတ် ဥဿီသ(ခေါင်း)ကို မီးလောင်နေကာမူ ထိုမီးကို မငြိမ်းအားဘဲ ကမ္မဋ္ဌာန်းကိုသာ အတွင်းကြိုးစား၍ ပတ္တမြားမျက်ရှင်နှင့်အလားတူသော ထိုမဂ်ဖိုလ်တရားတော်များ စိတ်ထဲ၌ စွဲလမ်းအောင်၊ ထင်မြင်လာအောင် (မဂ်ဖိုလ်ရအောင်) အားထုတ်ထိုက်ပါသည်။ အပြင်မီးကို မငြိမ်းနိုင်သော်လည်း တစ်ခါသာ လောင်နိုင်မည်။ အတွင်းကိလေသာမီးတွေကား မဂ်ဖိုလ်မရသေးလျှင် ဘဝများစွာ လောင်နေကြမည်-ဟူလို။ TRANG 118 သာဝတ္ထိပြည်၌ တိဿမည်သော သူကြွယ်တစ်ယောက်သည် ရဟန်းဘောင်သို့ ဝင်ပြီးလျှင် တောကျောင်း၌ တရားအားထုတ်နေ၏။ ခယ်မဖြစ်သူ (ညီမယား)က ခဲအိုရဟန်းတော် လူထွက်လာလျှင် အမွေခွဲပေးရမည်စိုးသောကြောင့် လူဆိုးများကို လာဘ်ပေးလျက် ဖျောက်ဖျက်ခိုင်းလေသည်။ လူဆိုးများက သွား၍ သတ်မည့်အကြောင်းကို ပြောကြရာ “သည်တစ်ညမျှ ခွင့်ပေးကြပါ၊ အာမခံပေးပါမည်”ဟု ပြောလေသည်။ “ကိုယ်တော်ကို အာမခံမည့်သူ အဘယ်မှာ ရနိုင်မှာလဲ”ဟု ပြောကြလေသော် ကျောက်ခဲကြီးကို ယူကာ ခြေနှစ်ဖက်ကို ကိုယ်တိုင်ပေါက်ချိုး၍ ထွက်မပြေးနိုင်ကြောင်းကို အာမခံပေးလေသည်။ ထို့နောက် ဝေဒနာဖြတ်ပါး နာကျင်သောခြေကို ဂရုမစိုက်အားဘဲ တရားကို အားထုတ်လေရာ အရုဏ်တက်ချိန်မှာ ရဟန္တာဖြစ်ပါသည်။ [ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။] တိုက်တွန်းချက်။ ။ဤဝတ္ထု၌ လာသည့်အတိုင်း အရေးကြီးသော အချက်ဝယ် အသက်ကိုပင် ပဓာနမထားဘဲ ကြိုးကြိုးစားစား အားထုတ်ထိုက်အောင် “တရားတော်မှာ ကောင်းသောဂုဏ်တော် ရှိပေသည်”ဟု တရားတော်၏ ဤသြပနေယျိကဂုဏ်တော်ကို အာရုံပြုကြပြီးလျှင် မိမိသန္တာန်၌လည်း “ဤမဂ်ဖိုလ်တရားများ ကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာအောင် အားထုတ်ထိုက်သည်၊ TRANG 119 အားထုတ်မှသာ အမှန်ချမ်းသာခွင့်ရတော့မည်”ဟု နှလုံးပြုကာ ရဟန်း၊ သီလရှင်, သူတော်စင်တို့ တရားအားထုတ်ဖြစ်အောင် ကြိုးစားသင့်ကြပါသည်။ လူဝတ်ကြောင်များကလည်း တစ်သက်သာ တစ်ခဏမျှ အပျော်အပါးနှင့် မော်ကြွားသောက်စားဖို့အတွက် စက်ဆုပ်ဖွယ်ရာ မတရားသောနည်းတို့ဖြင့် ပစ္စည်းရှာဖွေမှုများကို အရေးတကြီး သတိထားလျက် ပယ်ရှားရှောင်ကြဉ်၍ တရားတော်နည်းလမ်းအရ စည်းကမ်းကျအောင် ရှာဖွေစုဆောင်းပြီးလျှင် ဆင်ခြင်တိုင်းထွာ၍ သုံးစွဲကာ မကြာမကြာ အိမ်မှထွက်၍ ဥပုသ်ရက်ရှည်စောင့်ရင်း တရားအားထုတ်သင့်ကြပါသည်။ ထို့ပြင် မိမိတို့ ယခုဘဝ၌ အစွမ်းကုန် ရှာဖွေ၍ ရသော ဥစ္စာကား ယခုဘဝ၌သာ အကျိုးပေး၏။ ပါရမီစီးပွားမှာ နောင်သံသရာတစ်လျှောက်လုံး ကောင်းကျိုးပေးလိမ့်မည်။ ထို့ကြောင့် “မိမိတို့မှာ ပင်ပန်းကြီးစွာ အားထုတ်ကြရာ၌ ယခုဘဝအတွက် စီးပွားစုမှုက များသလား၊ တစ်သံသရာလုံးအတွက် ပါရမီကုသိုလ် စီးပွားစုမှုက များသလား”ဟု ကြပ်ကြပ်စဉ်းစားပြီးလျှင် “ကမ္မဿကာ-ကံသာ ကိုယ်ပိုင်ဥစ္စာ”ဟု သဘောပေါက်၍ သံသရာစီးပွားက ယခုတစ်ဘဝ စီးပွားထက် များအောင်ကြိုးစား၍ ပါရမီဖြည့်သင့်ကြပါသည်။ [အဟံ-ငါသည်၊ ကမ္မဿကော-ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ အမှိ-ဖြစ်ပါတကား။] TRANG 120 ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) စမြော-မဂ် ဖိုလ် နိဗ္ဗာန်, ကိုးတန်သော တရားတော်မြတ်ကို ဝိညူဟိ-ပုထုဇဉ်နှင့်, မတန်သင့်စွာ, လေးသစ္စာကို, ကောင်းစွာမြင်သိ, ပညာရှိအပေါင်း, အရိယာသူတော်ကောင်းတို့သည်။ ပစ္စတ္တံ ဝေဒိတဗ္ဗော-ကိုယ်စီကိုယ်င, လိုတိုင်းရ၍, နိဗ္ဗာန်ဓာတ်, သမာပတ်ဖြင့်, မပြတ်သိပိုင်, ခံစားနိုင်ပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်သည် “ကိုယ်စီကိုယ်င သိအပ် ခံစားအပ်၏”ဟူသော အနက်ကိုပြ၏။ [ပစ္စတ္တံ+ဝေဒိတဗ္ဗ၊ ပစ္စတ္တံ=ကိုယ်စီကိုယ်င၊ ဝေဒိတဗ္ဗ-သိနိုင် ခံစားနိုင်သည်။] ဤမဂ်ဖိုလ်နိဗ္ဗာန် တရားတော်သည် ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် မတန်မရာချေ။ သစ္စာလေးပါးသိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်င အလိုရှိတိုင်းရ၍ နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားသောအားဖြင့် ခံစားကြရပေသည်။ [အခြားစိတ်တွေ မပါစေဘဲ ဖိုလ်စိတ်ချည်းသာ ဆက်ကာဆက်ကာ ဖြစ်စေမှုကို “ဖလသမာပတ်ဝင်စားသည်”ဟု ခေါ်၏။] အရိယာတို့သည် ဖလသမာပတ်ကို ဝင်စား၍ နိဗ္ဗာန်ကို အာရုံပြုလေ့ရှိကြ၏။ ထိုအခါ ပုထုဇဉ်များ စည်းစိမ်ခံစား သလောက်မက လွန်စွာချမ်းသာတော်မူကြသည်။ TRANG 121 တရားရှိခိုး ဂါထာဖွင့် (ကျက်မှတ်ရန်) ဣစ္စေဝံ ဆဟိ ဂုဏေဟိ၊ ပါကဋံ ဇိနပူဇိတံ။ သမ္မတ္တဒါယကံ ဓမ္မံ၊ ဝန္ဒာမိ တိဟိ သာဒရံ။ Sammattadāyakaṃ dhammaṃ, vandāmi tihi sādaraṃ. ဣစ္စေဝံ ဆဟိ ဂုဏေဟိ-ဤသို့သမ္မာတတာ, အစလာသည့်, ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့်။ ပါကဋံ-တိတ္ထိတို့ဘောင် လွန်မိုးမြောင်သည့်, ဟန်ဆောင်တရား, အစားစားထက်, မားမားစွင့်စွင့်, ဂုဏ်ရည်တင့်၍, ကြီးမြင့်ထင်ရှားပေသော။ ဇိနပူဇိတံ-ကိုယ်တိုင်သိခြား, ကိုယ့်တရားလည်း, ငါးပါးမာရ်နှိမ်, မာရဇိန်ပင်, ကြိမ်ကြိမ်လေးမြတ်, မှီဝဲပူဇော်တော်မူအပ်သော။ သမ္မတ္တဒါယကံ-ကျင့်ကြံလိုက်နာ, ဝေနေယျအား, လူ့ရွာနတ်ထံ, နိဗ္ဗာန်အထိ, သမ္မတ္တိကို, မိမိရရ, ပေးစွမ်းနိုင်ပေသော။ ဓမ္မံ-မဂ်ဖိုလ်နိဗ္ဗာန်, ပရိယတ်ဟူ, ဆယ်တန်သော တရားတော်မြတ်ကို။ တိဟိ-လက်အုပ်အဉ္စလီ, နှုတ်သံချီ၍, ကြည်ကြည်မနော, သုံးပါးသော ဒွါရတို့ဖြင့်။ သာဒရံ-လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍။ ဝန္ဒာမိ-စိတ်ဖြင့်ဦးတန်, ဂုဏ်တော်မှန်းလျက်, ချီးမွမ်းထောပနာ, ပဏာညွတ်ကျိုး, လက်စုံမိုး၍, ရှိခိုးကန်တော့ပါ၏ဘုရား။ [ဂုဏ်တော် ၆-ပါးကို တရားဂုဏ်တော်ဖွင့် အစ၌ ပြခဲ့ပြီ။ ဗုဒ္ဓရှင်တော်မှာ ပုံသဏ္ဌာန် ထင်ရှားရှိသကဲ့သို့ တရားတော်မှာ ရုပ်ပုံသဏ္ဌာန် အထင်အရှား မရှိပါ။ ထို့ကြောင့် “ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက်” ဟု မဆိုဘဲ “စိတ်ဖြင့်ဦးတန်၊ ဂုဏ်တော်မှန်းလျက်” ဟု ဆိုလိုက်ပါသည်။] TRANG 122 ကြည့်ရန် အဓိပ္ပာယ် တိတ္ထိတို့ဘောင်၊ ဟန်ဆောင်တရား။ ဗုဒ္ဓဘာသာမှ တစ်ပါးသော အယူရှိသူကို “တိတ္ထိ” ဟု ဆိုလိုပါသည်။ ထိုတိတ္ထိတို့ သာသနာဘောင်၌ အလွန်များသော ဟန်ဆောင်တရားတွေ ရှိ၏။ ပြောပုံဟောပုံကို ကြားရလျှင် များစွာအားထားကိုးကွယ် ယုံကြည်ဖွယ်ကောင်းလှ၏။ “ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းသည်၊ သုခ ဒုက္ခကိုလည်း ထိုဗြဟ္မာမင်းကြီးအလိုအတိုင်း ခံစားကြရသည်”ဟု ယူဆ၍ ထိုဗြဟ္မာမင်းကြီးကား ဘယ်တော့မှ မသေနိုင်ဘဲ ခိုင်မြဲသော “ထာဝရ” ဟု ယူဆကြသည်။ [သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်]။ ဤတရားကို ကြားရသောအခါ ဗြဟ္မာမင်းကြီးကို “အလွန်တန်ခိုးကြီးသော ဗြဟ္မာမင်းကြီး ဖြစ်ပါပေသည်” ဟု ဘုရားကဲ့သို့ အားထားမိကြ၊ ကိုးကွယ်မိကြရှာပေလိမ့်မည်။ ဤကမ္ဘာလောကကို မဖန်ဆင်းမီ ထိုဗြဟ္မာမင်းသည် ဘယ်ဆီမှာ နေသနည်း။ “ကောင်းကင်ဘုံမှာ နေသည်”ဟုဆိုလျှင် ထိုကောင်းကင်ကို ဘယ်သူဖန်ဆင်းသလဲ။ ဗြဟ္မာမင်း ဖန်ဆင်းလျှင် ကောင်းကင်ဘုံမရှိခင် ဘယ်မှာနေသလဲ။ ဤကမ္ဘာလောကကြီးကို ဖန်ဆင်းသည်မှာ ဘယ်မျှကြာပြီနည်း။ အဘယ်ကြောင့် အို-နာ-သေရေး ကြီးလေးသော ဒုက္ခဘေးတွေကို ဖန်ဆင်းထားပါလိမ့်မည်နည်း။ မည်သူမျှ မလွတ်နိုင်ပါချေတကား။ ပထမကမ္ဘာစစ်ကြီး အတွင်းက သတ်ကြဖြတ်ကြသူတွေမှာ ထာဝရဗြဟ္မာမင်း၏ တပည့်တွေချည်းသာ များပါတကား။ ယခုအခါ၌ အလုပ်လက်မဲ့ဖြစ်၍ TRANG 123 အနောက်နိုင်ငံ၌ ငတ်ပြတ်နေသူတွေကို တပည့်ရင်းများဖြစ်ပါလျက် ဘယ်အတွက် ကြည့်နေရက်ပါသနည်း။ အနန္တတန်ခိုးတော်ကို ဘယ်နေရာမှာ အသုံးပြုထားပါသနည်း။ မိမိကို ကိုးကွယ်သော တပည့်များကိုသာ သေသောအခါ ကယ်တင်၍ အခြားဘာသာဝင်ကိုကား မကယ်တင်နိုင်ဘူး၊ သို့မဟုတ် မကယ်တင်ချင်ဘူး ဆိုပါလျှင် ထိုဗြဟ္မာမင်း၏ ကရုဏာ မေတ္တာသည် မျှမျှတတ လုံလုံလောက်လောက် မရှိပါတကား။ မိဘတို့အစွမ်းကြောင့် အမိဝမ်း၌ အတော်ကြာညောင်းအောင် အောင်းခဲ့ပြီး၍ လက်သည်ဆရာမတို့၏ ကူညီချက်ဖြင့် ထွက်ခဲ့ရသည်ကို အများအသိဖြစ်ပါလျက် ဗြဟ္မာမင်း၏ ပယောဂကို အားကိုးနေသည်မှာ သဘာဝမကျပါ။ ဖန်ဆင်းသော ဗြဟ္မာဟူသည် ဘယ်လိုအရာပါနည်း။ ဤသို့ စသည်ဖြင့် ကြပ်ကြပ်နယ်နယ် သွယ်သွယ်ဝိုက်ဝိုက် ဆင်ခြင်လိုက်သောအခါ အကြိတ်အနယ်ကို မခံနိုင်ရကား ဘာသာခြားတရားသည် မျောက်ကလေးကို ပင်းမင်းပေးသည်နှင့် တူလှချေ၏။ မျောက် ပင်းမင်းပေးသည့်ပုံ။ ။ရှေးက မိန်းမကို အလွန်ကြောက်ရသည့်ပြင် အင်မတန် ချစ်ခင်သော ယောကျ်ားကို ကိုယ်ဝန်အရင့်အမာရှိသော အိမ်ရှင်မက “ကလေးမျက်နှာ မြင်သောအခါ ကစားဖို့ရာ ဒီမျောက်ကလေးကို ပင်းမင်းဆိုင်အပ်ချေပါ” ဟု ခိုင်းလိုက်သဖြင့် သွား၍ “မျောက်ကလေးကို ပင်းမင်း(ဆေး)ဆိုးပေးပါ” ဟု ပြောဆို အပ်နှံလေသည်။ ပင်းမင်းဆရာက “ခင်ဗျား၏ TRANG 124 မျောက်ကလေးသည် လှအောင် ဆေးဆိုးခြင်းကိုသာ ခံနိုင်မည်၊ ဖြူအောင် ပွတ်လျှော်ဖို့ရာ အထုအရိုက်မခံနိုင်ပါ” ဟု ပြောသဖြင့် ပြန်ယူသွားရသတဲ့။ ထို့အတူ ဘာသာခြားတို့၏ တရားများသည် အပေါ်ယံ နားထောင်ကောင်းသလောက် ကြပ်ကြပ်နယ်နယ် စဉ်းစားခြင်းကိုကား မခံနိုင်ပါချေ။ မားမားစွင့်စွင့်၊ ဂုဏ်ရည်တင့်၍၊ ကြီးမြင့်ထင်ရှားပေသော။ ။ ဘုရားရှင်၏ တရားတော်ကား အမျိုးမျိုးသော ထိုထိုဗုဒ္ဓဘုရားတို့၏ တရားထက် ဂုဏ်အရည်အချင်းအားဖြင့် မားမားစွင့်စွင့် ကြီးမြင့်ထင်ရှားပေသည်။ ဗုဒ္ဓဘာသာတရားတော်သည် ဉာဏ်ပညာကြီးမားသူတို့၏ ကြပ်ကြပ်နယ်နယ် စဉ်းစားမှုကို ခံနိုင်၏။ တကယ် ကြီးမားသူမှန်လျှင် “ထမင်းအငတ်ခံ၍ ဥပုသ်စောင့်တာ ဘာအကျိုး ရှိသလဲ၊ အုတ်ပုံကြီးနှင့် အရုပ်တွေကို ကိုးကွယ်နေတာ ဘာကျေးဇူး ရှိသလဲ” ဟု အောက်တန်းတရားကလေးတွေကို ဗုဒ္ဓဘာသာ အသေးစားကလေးများထံ စုံစမ်းမနေဘဲ တကယ့်ပညာရှိ အခေါ်ခံရသော ဆရာတော်များထံ ချဉ်းကပ်၍ အရေးကြီးသော အထက်တန်းတရားများကို စုံစမ်းကြပါလေ။ [အုတ်ပုံအတွင်း၌ ဘုရားရှင်၏ အရိုးဓာတ်တော်ရှိ၏။ အရုပ်မှာ ဘုရားရှင်၏ ပုံတော်ကို တတ်နိုင်သမျှ ပြုလုပ်အပ်သော ပုံတော်သာဖြစ်ပါသည်။ ထိုပုံတော်များကို ဘုရားအစစ်နှင့် မတူသော်လည်း မှန်း၍ အာရုံပြုနိုင်အောင် ထုလုပ်ကြပါသည်။] TRANG 125 ငါးပါးမာရ်နှိမ်၊ မာရဇိန်။ ။မာရ်ငါးပါးကို နှိမ်နင်းတော်မူနိုင်သော၊ မာရ်ငါးပါးကို အောင်တော်မူသော ဘုရားရှင်။ [မာရ-မာရ်ကို+ဇိန(ဇိန်)-အောင်တော်မူ၏။] မာရ်ငါးပါး ၁။ ဒေဝပုတ္တမာရ် = မာရ်နတ်မင်း။ ၂။ ကိလေသာမာရ် = တစ်ထောင့်ငါးရာ ကိလေသာ။ ၃။ ခန္ဓမာရ် = ခန္ဓာကိုယ်။ ၄။ မစ္စုမာရ် = သေခြင်း။ ၅။ အဘိသင်္ခါရမာရ် = ကုသိုလ် အကုသိုလ်ကံတည်း။ ကြိမ်ကြိမ်လေးမြတ်၊ မှီဝဲပူဇော်တော်မူအပ်သော။ ။ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် “လောက၌ ရှိသော ကိုးကွယ်ရာ အကြီးအကဲမရှိဘဲနေခြင်းသည် မသင့်လျော်ချေ၊ ငါသည် ဘယ်သူ့ကို ဆည်းကပ်ရမည်နည်း”ဟု ဆင်ခြင်တော်မူလေရာ၊ ဘုရားရှင်၏ ဆည်းကပ်ရှိခေမှု ခံနိုင်မည့်သူကို မြင်တော်မမူ၊ ထိုအခါ “ကိုယ်တော်တိုင်သိမြင်အပ်သော တရားကိုပင် အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင်သောအားဖြင့် လေးလေးမြတ်မြတ် ပူဇော်ရတော့မည်”ဟု ကြံတော်မူခဲ့ပါသည်။ [တရားတော်ကို မပြတ်ဆင်ခြင်၍ နေခြင်းကိုပင် “တရားပူဇော်သည်”ဟု ဆိုသည်။] ကျင့်ကြံလိုက်နာ၊ ပေးစွမ်းနိုင်ပေသော။ ။တရားတော်သည် ကျင့်ကြံလိုက်နာသော ဝေနေယျအပေါင်းအား လူနတ်တို့၏ TRANG 126 ပူဇော်အပ်သော သမ္မတ္တိ၊ နိဗ္ဗာန်ချမ်းသာဟူသော သမ္မတ္တိကို ပေးစွမ်းနိုင်၏။ တရားတော်ကို သိသော်လည်း မကျင့်မလိုက်နာလျှင် စည်းစိမ်ချမ်းသာကို ပေးဖို့ရန် တာဝန်မရှိချေ။ “ကိုယ်ကျင့်မှ ကိုယ်ရမည်” ဟူလို။ [ကြွင်းသော အနက်၏ အဓိပ္ပာယ်များကို ဘုရားဂုဏ်တော်အဖွင့်၌ ရေးခဲ့ပြီ]။ တရားပူဇော်နည်း။ ။“ဘုရားရှင်နှင့် သံဃာတော်သည် ပုံသဏ္ဌာန် အထင်အရှားရှိတော်မူသောကြောင့် ပူဇော်၍ဖြစ်၏။ တရားတော်ကား ပုံသဏ္ဌာန် မထင်ရှားသောကြောင့် မည်ကဲ့သို့ ပူဇော်ရပါအံ့နည်း”ဟု အကြံဖြစ်၍ ပုဏ္ဏားတစ်ယောက်သည် ဘုရားထံ လျှောက်ထားလေ၏။ ဘုရားရှင်ကလည်း “ပုဏ္ဏား- တရားတော်ကို ပူဇော်လိုလျှင် တရားတော်ကို များစွာသိ၍ ဗဟုသုတရှိသော ရဟန်းတော်ကို ပူဇော်လေ”ဟု မိန့်တော်မူသဖြင့် သံဃာများအထဲ ဗဟုသုတရှိသော ရဟန်းတော်ကို မေးလျှောက်လေရာ အရှင်အာနန္ဒာကို ညွှန်ပြကြသဖြင့် တရားတော်ကို ရည်မှန်း၍ တစ်ထောင်တန် သက္ကန်းဖြင့် လှူဒါန်းပူဇော်လေသည်။ ထို့ကြောင့် ယခုကာလ၌ ဗုဒ္ဓဘာသာဝင်ဟူသမျှတို့သည် ကိုယ်စီကိုယ်င ရဟန်းတော်များကို ဆည်းကပ်ကိုးကွယ်ကြရာ၌ ဘုရားရှင်ဟောပြတော်မူအပ်သော စာပေပရိယတ်ကို သင်ယူခြင်း၊ တတ်မြောက်၍ ပို့ချခြင်း၊ ဟောပြခြင်း၊ ကျမ်းရေးခြင်းတို့ဖြင့် သာသနာတာဝန်ကို အမြဲထမ်းဆောင်နေသော ပုဂ္ဂိုလ်များကို ဆည်းကပ်ကိုးကွယ်၍ ဆွမ်း၊ သက္ကန်း၊ ကျောင်း၊ ဆေးတို့ဖြင့် ထောက်ပံ့ပြုစု ဂရုစိုက်နေသူတို့မှာ “ငါတို့သည် တရားတော်ကိုလည်း အမြဲပူဇော်၍ နေရပေသည်။ TRANG 127 ငါတို့သာ မထောက်ပံ့လျှင် ငါတို့အရှင်သည် တတ်သိသော ပညာတွေကို သူတစ်ပါးအား ရေးသားဝေငှ ပို့ချနိုင်မည်မဟုတ်။ ငါတို့၏ ကူညီမှုကြောင့်သာ အဆက်ဆက် တိုးပွားအောင် သာသနာဝန်ကို ဆောင်နိုင်ပေသည်။ ငါတို့အရှင် ရွက်ဆောင်သမျှ တာဝန်တွေကို ငါတို့ကလည်း ကူညီထမ်းဆောင်ရာရောက်သဖြင့် ငါတို့အရှင် ရသမျှ ပညာပါရမီကို ငါတို့လည်း မုချရတော့မည်”ဟု ဟုတ်မှန်သည့်အတိုင်း ဉာဏ်ကိုချဲ့ထွင်၍ ဆင်ခြင်စဉ်းစားလျက် အားတက်သရော ရှိသင့်ကြပေသည်။ ထို့ကြောင့် သာသနာကိုပြုနိုင်သော အင်အားရှိသူ ဒကာ ဒကာမတို့ကလည်း မိမိတို့ ရပ်ရွာ မြို့နယ်၌ စာချနိုင်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်၍ဖြစ်စေ၊ မြို့ကြီးပြကြီးမှ ယုံကြည်စိတ်ချလောက်သော စာချပုဂ္ဂိုလ်ကို ပင့်၍ဖြစ်စေ အသီးသီး စာသင်တိုက်တည်လျှင် စာသင်သားတွေ မြို့ကြီးပြကြီးသို့ တက်၍ မသင်ရဘဲ မိဘဆရာတို့အနီးမှာပင် သင်ကြရသဖြင့် ယခုလို အပျက်အစီး မများရကား သာသနာတော်ကြီးသည် အတော်သန့်ရှင်းလျက် တိုးတက်လာပေလိမ့်မည်။ ထို့ကြောင့် ယခုပြခဲ့သော တရားပူဇော်နည်းကို သတိထား၍ တရားတော်ကို ပူဇော်တတ်သော သာသနာ့ဒါယကာ သာသနာ့ဒါယိကာမများ ဖြစ်ကြပါစေသတည်း။ TRANG 128 အထူးသတိပေးချက်။ ။“ဤပြခဲ့ပြီးသော စကားအစဉ်ဖြင့် တရားစစ် တရားမှန်ကို အတော်အတန် ရိပ်မိလောက်ပေပြီ။ ယခုအခါ မြန်မာနိုင်ငံ၌ အများအပြား အသုံးပြုနေကြသော အချို့ တရားစာအုပ်နှင့် တစ်ချို့သော တရားဟောပုဂ္ဂိုလ်များ၏ ဟောပြောချက်တွေကို “တရားလား၊ မတရားလား”ဟု စဉ်းစားကြဖို့ရန် ထပ်မံ၍ သတိပေးလိုသည်မှာ- ဘုရားရှင် ပွင့်တော်မမူမီ ရှေးက ဟိမဝန္တာမှ မျော၍လာသော ပုစွန်လက်မကြီးတစ်ခုကို “သာဂဟ”မင်းတို့သည် မင်္ဂလာစည်တော်အဖြစ်ဖြင့် အသုံးပြုကြလေသည်။ ထိုစည်တော်ကြီး၏ အသံသည် ၁၂-ယူဇနာတိုင်အောင်ပင် ပျံ့နှံ့ပါသတဲ့။ ထို့နောက် တရွေ့ရွေ့ ဆွေးမြည့်လာသဖြင့် စည်တော်ကြီးပေါက်တိုင်း ရွှေပြား၊ ငွေပြားတို့ဖြင့် ဖာထေးလာခဲ့ရာ အတော်ကြာလျှင် ပုစွန်လက်မ အသားကုန်၍ အဖာတွေချည်း ဖြစ်လေ၏။ တီးခေါက်သောအခါ ၁၂-ယူဇနာကို မဆိုထားဘိ၊ စည်တော်ကြီး၏ ထက်ဝန်းကျင် အနီးအပါးမှာပင် ကောင်းစွာ မကြားရတော့ချေ။ ထို့အတူ ဘုရားရှင်၏ တရားစစ်တွေကို လက်သစ်ဓမ္မကထိကတို့က အဆန်းတကြယ် ထည့်သွင်းဖာထေးမှုကြောင့် အစစ်အမှန် အရင်းခံ တရားတော်တွေ ကွယ်ပျောက်ရချေပြီ။ ထိုကွယ်ပျောက်သည့်အတိုင်း စည်ကြီးမှ အသံကောင်းမထွက်သလို ဓမ္မကထိကတို့ TRANG 129 ဖာထေးထားသော တရားအတုမှ မဂ်ဖိုလ်နိဗ္ဗာန် အကျိုးရဖို့ကို မဆိုထားဘိ၊ အထိုက်အလျောက် လောဘ ဒေါသနည်းပါး၍ အသိအလိမ္မာတိုးပွားမှု အကျိုးကိုမျှ မရတော့ဘဲ အသံကျယ်သလောက် အဆန်မပါသော သင်္ကြန်အမြောက်လို ဖြစ်လေတော့သည်။ [နိဒါနဝဂ္ဂ၊ ဩပမ္မသံယုတ်၊ အာဏိသုတ်]။ အို... ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၊ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လိုလျှင် အမြန်ပြုပြင်ကြလေော့။ ဘုရား၊ တရား၊ သံဃာ ကိစ္စများနှင့်ဆိုင်ရာ၌ မဟာကုသိုလ် သောမနဿဖြင့် ပျော်ရွှင်ဖို့သာ ရှိသည်။ တဏှာသဘော လောဘဇော တိုက်တွန်းကာ “အသံက သာယာလိုက်တာ၊ ဘယ်ဂါထာရွတ်ပုံမှာ ဇာတ်မင်းသားတောင် မသာဘူး၊ ဘယ်အချက် စကားလုံးပုံလေးဟာ လွန်စွာ ထိတာပဲ” စသော ချီးမွမ်းစကားသည် ပြောသူမရှက်သော်လည်း ကြားရသူများမှာ နားရှက်ဖွယ်ကောင်းလှချေ၏။ တရားဟောပုဂ္ဂိုလ်ကလည်း ထိုကဲ့သို့ ချီးမွမ်းသံကို အရသာခံပြီးလျှင် အသံသာအောင်လည်း ဂရုစိုက်ရှာ၏။ လွမ်းခန်းဆွေးခန်းကိုလည်း မပါပါအောင် ထည့်သွင်းရှာ၏။ ဘုရားဟောမဟုတ်၊ ယူတ္တိလည်းမရှိသော သီဟိုဠ်ကျွန်းဖြစ် ဝတ္ထုများစွာနှင့် ဇာတ်လမ်းပမာဏတို့လာသော ဒဏ္ဍာရီဝတ္ထုတို့ကို များများကြီး အသုံးပြုရှာ၏။ TRANG 130 ဒုတိယကမ္ဘာစစ်ကြီးပြီးသော ယခုခေတ်၌ကား ကမ္မဋ္ဌာန်းတရားတွေပင် အတော်ပေါများ၍ လာပြန်၏။ ထိုတရားများဖြင့် တရားပေါက်သည်ဟု ဆိုကြသူများလည်း အတော်များများ ကြားသိရ၏။ ထိုသို့ ကြားသိရာ၌ အတော်စဉ်းစားဖွယ်ကောင်းသော အချက်တစ်ခုကား တရားပေါက်သောအခါ ဘုန်းကြီးတွေကို မကြည်ညိုနိုင်၊ မလှူဒါန်းနိုင်သော အချက်ပင်တည်း။ တရားအစစ်ပေါက်ပြီးဖြစ်သော ဝိသာခါသည် မကောင်းဘုန်းကြီးနှင့် တွေ့သောအခါ "ဒီလို မနေပါနှင့်" ဟု ပြော၍ ရဟန်းတော်များကိုကား ကြည်ညိုမြဲ ကြည်ညိုခဲ့ပါသည်။ ထို့ကြောင့် တရားပေါက်ခြင်းနှင့် သံဃာကြည်ညိုခြင်းကို စဉ်းစားသင့်ကြသည်။ ယခုအခါ သာသနာတော်ကြီးဖြစ်နေပုံသည် ရေစုန် လေစုန်မှာ ရွက်ကုန်ဆင်ပြီးလျှင် တက်ကုန်နှင်နေသော လှေ၏ သဘောကဲ့သို့ ကောင်းကောင်းကြီး မျောနေတော့၏။ "ဘုရား သိကြား မလို့" ငါတို့ လက်ထက်မှာ ပြုပြင်နိုင်သူများ ပေါ်ထွက်ပါစေသတည်း။ တရားရတနာတော်ဖွင့် ပြီးပြီ။ TRANG 131 သံဃာရတနာတော်ဖွင့် (ကျက်မှတ်ရန် ပါဠိတော်) သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ (ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ)၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ကြည့်ရှုရန် အဓိပ္ပာယ် သံဃ-ဟူသော ပါဠိစကားကို မြန်မာလို "သံဃာ" ဟု ခေါ်၏။ အနက်အဓိပ္ပာယ်မှာ "အပေါင်းအစု အသင်းအဖွဲ့" ဟု ဖြစ်၏။ ထို့ကြောင့် အယူဝါဒသိက္ခာအားဖြင့် တူကြသော ရဟန်းတော်တို့၏ အပေါင်းအစု အသင်းအဖွဲ့ကို "သံဃာ" ဟု မှတ်ပါ။ သံဃိကမြောက်အောင် လှူဒါန်းရာ၌ တစ်သင်းလုံး၊ တစ်ဖွဲ့လုံး၊ တစ်သာသနာလုံး၊ ရည်မှန်းရသည်။ သံဃာ့ဂုဏ်တော် ၉-ပါး ၁။ သုပ္ပဋိပန္နဂုဏ်၊ ၂။ ဥဇုပ္ပဋိပန္နဂုဏ်၊ ၃။ ဉာယပ္ပဋိပန္နဂုဏ်၊ ၄။ သာမီစိပ္ပဋိပန္နဂုဏ်။ ၅။ အာဟုနေယျဂုဏ်၊ ၆။ ပါဟုနေယျဂုဏ်၊ ၇။ ဒက္ခိဏေယျဂုဏ်၊ ၈။ အဉ္ဇလိကရဏီယဂုဏ်၊ ၉။ အနုတ္တရပုညက္ခေတ္တဂုဏ်။ TRANG 132 သုပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၁) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ သူတော်ကောင်းသည်။ သုပ္ပဋိပန္နော-တရားသဖြင့်၊ ဆုံးမသင့်ရာ၊ သာသနာဝယ်၊ လျော်စွာထုံးပြု၊ ဆုံးအမကို၊ လုံးဝလိုက်နာ၊ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် သုပ္ပဋိပန္နဂုဏ်တော်သည် "ကောင်းစွာ ကျင့်တော်မူတတ်၏" ဟူသော အနက်ကို ပြသည်၊ [သု-ကောင်းစွာ+ပဋိပန္န-ကျင့်သည်]။ အရိယာဟု သံဃာတော်အပေါင်း။ ။ မဂ်ဖိုလ်၌ တည်သော (မဂ်ဖိုလ်ရပြီးသော) ပုဂ္ဂိုလ်ကို "အရိယာ" ဟုခေါ်၏။ [အရိယ-မြတ်သူ၊ တစ်နည်း-ဖြူစင်သူ]။ မဂ္ဂ ၄-မျိုး: ၁။ သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊ ၂။ သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊ ၃။ အနာဂါမိမဂ်ပုဂ္ဂိုလ်၊ ၄။ အရဟတ္တမဂ်ပုဂ္ဂိုလ်။ ဖလဋ္ဌ ၄-မျိုး: ၁။ သောတာပတ္တိဖိုလ်ရပုဂ္ဂိုလ်၊ ၂။ သကဒါဂါမိဖိုလ်ရပုဂ္ဂိုလ်၊ ၃။ အနာဂါမိဖိုလ်ရပုဂ္ဂိုလ်၊ ၄။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်။ TRANG 133 ရှေးခေတ်က အရိယာသံဃာတော်သည် ထောင်သောင်းများစွာ ရှိကြပါသော်လည်း အမျိုးအစားဖြင့် ဤရှစ်မျိုးတွင် အားလုံးပါဝင်ကြ၏။ ထို့ကြောင့် “အရိယာရှစ်ယောက်” ဟု ပြောစမှတ်ပြုကြသော်လည်း စင်စစ်မှာ ရှစ်ယောက်မဟုတ်၊ ရှစ်မျိုးသာ ဖြစ်၏။ တရားသဖြင့် ဆုံးမသင့်ရာ။ ။ ဘုရားရှင်၏ တပည့်အစစ် ဖြစ်တော်မူကြသော အရိယာသံဃာအပေါင်းသည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်းသက်သေပြု၍ ဆုံးမအပ်သော အဆုံးအမတော်ကို လုံးဝဥဿုံ အကုန်အစင် လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပေသည်။ အနည်းငယ်အပြစ်ကိုပင် အလွန်ကြီးသောအပြစ်ဟု ထင်လျက် ရှောင်ကြဉ်တော်မူကြပေသည်။ ထိုသို့ အဆုံးအမကို လိုက်နာသော အရိယာပုဂ္ဂိုလ်များလည်း ဘုရားလက်ထက်တော်မှစ၍ များစွာရှိခဲ့ဖူးပါသည်။ အရှင်သာရိပုတ္တရာ ဝတ္ထု ယခုကာလ ဘုရားပွဲသည် ကျင်းပသောအခါ ထိုထိုနေရာတို့၌ အလှူမဏ္ဍပ်ဆောက်၍ နေ့ရက်များစွာ ဓာတုဝိသက္ကျကျွေးသကဲ့သို့ ရှေးလက်ထက်ကလည်း လူအများစုပေါင်းလျက် ဧည့်သည်များအတွက် ဓာတုဝိသက္ကျကျွေးလေ့ရှိကြသည်။ ထိုအရပ်၌ အချို့ရဟန်းတော်များ နေ့စဉ်နေ့စဉ်သွား၍ စားသောက်ကြသည့်အတွက် လူတို့က ကဲ့ရဲ့သောကြောင့် “ယနေ့ကစ၍ တစ်ရက်တည်းသာ စားရမည်” ဟု ဘုရားရှင် ပညတ်တော်မူသည်။ အရှင်သာရိပုတ္တရာသည် TRANG 134 ဒေသစာရီလှည့်လည်ရင်း ထိုဓာတုဝိသက္ကျကို မကျန်းမမာဖြစ်နေ၏။ ထိုအခါ တစ်ရက်စာ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် နောက်ရက်၌ လူအများက ကပ်လှူကြပါသော်လည်း “ဘုရားရှင် တားမြစ်တော်မူသည်” ဟု ဘုဉ်းပေးတော်မမူဘဲ ရှောင်လွှဲတော်မူကာ ဆွမ်းအပြတ်ခံတော်မူခဲ့ရှာသည်။ ထို့နောက် ဘုရားရှင် သိတော်မူ၍ မကျန်းမမာလျှင် နေ့စဉ် စားနိုင်ကြောင်းကို ထပ်လောင်း ခွင့်ပြုတော်မူရလေသည်။ ပါစိတ်၊ ဘောဇနဝဂ်၊ အာဝသထပိဏ္ဍသိက္ခာပုဒ်။ ဤသို့လျှင် ဘုရားရှင်၏ တပည့်ကောင်းများသည် အဆုံးအမတော်ကို လုံးဝလိုက်နာလျက် ကျင့်တော်မူကြပေ၏။ နောက်နောက် ဆရာအစဉ်အဆက်များသည်လည်း “ကိစ္စတစ်ခု ကြုံတွေ့လာလျှင် အသက်ကိုသာ အသေခံပါ၊ သီလသိက္ခာကိုတော့ မပျက်ပါစေနှင့်” ဟု ဆုံးမတော်မူကြရာက ထိုအတိုင်းလည်း လိုက်နာခဲ့ကြပေသည်။ သတိထားဖွယ်။ ။ ဤစကားစဉ်အရ ယခု ပြအပ်လတ္တံ့သော ဂုဏ်နှင့်ပြည့်စုံသော သံဃာဟူသည် မဂ်ဖိုလ်ရပြီးသော သံဃာတော်များသာ ဖြစ်သည်။ မဂ်ဖိုလ်မရသေးသော်လည်း မဂ်ဖိုလ်ရအောင် ပါရမီကို ဖြည့်ကျင့်နေကြသော သူတော်စင် ရဟန်းတော်များသည်လည်း သောတာပန် အောက်တန်းတွင် ပါဝင်နိုင်ပါသေး၏။ ဘုရားရှင်၏ အဆုံးအမတော်ကို ကောင်းမွန်စွာ မလိုက်နာဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေထိုင်ကြသော ရဟန်းအပေါင်းကား ယခုပြအပ်လတ္တံ့သော သံဃာ့ဂုဏ်တော်များနှင့် လားလားမျှမဆိုင်။ ထို့ကြောင့် သံဃာ့ဂုဏ်တော်ကို အာရုံပြုသောအခါ ရှေးရှေးက အဟုတ်အမှန် ကျင့်တော်မူကြသော အရိယာသံဃာတော်များနှင့် ယခုကာလ ကောင်းမွန်စွာ နေထိုင်တော်မူကြသော ပုထုဇဉ်သံဃာတော်များ၏ ဂုဏ်တော်ကိုသာ မှန်းဆ၍ အာရုံပြုပါ။ TRANG 135 ဥဇုပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၂) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ သူတော်ကောင်းသည်။ ဥဇုပ္ပဋိပန္နော-စဉ်းလဲသမှု၊ မာယာစဖြင့်၊ ဖုဖုထပ်ထပ်၊ မကောက်ကျစ်ဘဲ၊ စင်စစ်နိဗ္ဗာန်၊ လမ်းဖြောင့်မှန်အောင်၊ လျှောက်ကန်ချင့်မျှော်၊ ကျင့်ကြံတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် ဥဇုပ္ပဋိပန္နဂုဏ်တော်သည် “ဖြောင့်မှန်စွာ ကျင့်တော်မူ၏” ဟူသော အနက်ကို ပြသည်။ [ဥဇု-ဖြောင့်မှန်စွာ+ပဋိပန္န-ကျင့်သည်]။ မာယာ သာဌေယျ။ ။ မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိသူထင်အောင် ဖုံးကွယ်မှုကို “မာယာ” ဟု ခေါ်၏။ ဥပမာ-ယောက်ျားမသိအောင် အပြစ်ကျူးလွန်မိသော မိန်းမသည် ထိုအပြစ်ကို မာယာဖြင့် လှည့်ပတ်သကဲ့သို့တည်း။ မိမိမှာ ဥစ္စာဂုဏ်၊ သီလဂုဏ် မရှိဘဲ ရှိဟန်ဆောင်မှုကို “သာဌေယျ” ဟု ခေါ်၏။ TRANG 136 လူမရှိသောအခါ တော်သလိုနေ၍ လူလာသောအခါ ဟန်လုပ်နေသူကဲ့သို့တည်း။ အရိယာသံဃာတော်ကား သူတစ်ပါးတို့ အထင်ကြီးအောင် ပစ္စည်းလာဘ်နှင့် ဒကာ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် ဖုဖုထပ်ထပ် စဉ်းလဲကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ရိုးသားဖြောင့်မတ်စွာ ကျင့်တော်မူကြပေသည်။ ထိုသို့ ဖြောင့်မတ်စွာ ကျင့်တော်မူသော အရှင်မြတ်များမှာ လွန်စွာပေါများခဲ့ပါ၏။ သို့သော် ယခုအခါ မရိုးမသား ကျင့်သူများနှင့် ဝမ်းရေးအတွက် သာသနာတော်ကို ဖျက်သူတွေ အတော်ပေါများနေသဖြင့် စဉ်းစားကြဖို့ရာ ကျမ်းဂန်လာ လှည့်ပတ်ပုံကို ပြပေအံ့။ အိုးစည် ရဟန်း။ ။ ဘုန်းကြီးတစ်ပါးသည် မိမိအပေါ်၌ လူအများ အထင်ကြီးစေလိုသောကြောင့် သူ့နေရာ ကျောင်းခန်းအတွင်းမှာ လူမမြင်နိုင်အောင် အိုးစည်ကြီး (အိုးအကြီး) ကို မြှုပ်ထားလေ၏။ အပြင်က ဒကာ ဒကာမများ လာသံကြားလျှင် ထိုအိုးကြီးထဲသို့ ဝင်နေ၏။ လူများက “ဘုန်းကြီးဘယ်မှာလဲ” ဟု မေးလျှင် တပည့်များက “ကျောင်းတွင်းမှာ” ဟု ပြော၍ အခန်းအတွင်းသို့ ဝင်ကြည့်သောအခါ မတွေ့ရသောကြောင့် “မရှိဘူး၊ ဘယ်ကြွသလဲ” ဟု မေးမြန်းလျှင် “ယခုတင်ကပဲ အခန်းထဲမှာ ရှိပါသေးတယ်” ဟု ပြောသဖြင့် ထပ်၍ကြည့်ကြပြန်ရာ ညောင်စောင်း (ကုလားထိုင်) ပေါ်မှာ ထိုင်လျက်နေသည်ကို တွေ့ကြရ၏။ TRANG 137 “ဘယ်ကြွနေပါသလဲဘုရား” ဟု လျှောက်ထားလျှင် “ရဟန်းဆိုတာ သည်လိုပဲ၊ အလိုရှိရာ ကြွနိုင်ကြတယ်” ဟု ဈာန်အဘိညာဉ်ရသည့် လေသံဖြင့် ပြောပြလေသော် အားလုံးကပင် “ရဟန္တာ” ဟု အထင်ကြီးကြလေသည်။ တိုက်တွန်းချက်။ ။ အိုလူအပေါင်းတို့- ဘုန်းကြီးဖြစ်စေ၊ လူဖြစ်စေ၊ မဖြူစင် မဖြောင့်မတ်ခြင်းကား ဆိုးဝါးလှ၏။ မရိုးသား မဖြောင့်မတ်သူကို ဘယ်အခါ ယုံကြည်ထိုက်တော့မည်နည်း။ သို့ဖြစ်၍ မိမိတို့ ကိုးကွယ်အပ်သော ဘုန်းတော်ကြီးများကို စာမတတ်သော်လည်း အကျင့်သိက္ခာလုံလောက်၍ ရိုးဖြောင့်လျှင် ကိုးကွယ်သင့်လှပေပြီ။ စာမတတ်ဘဲနှင့် တန်ဟန်ဆောင်သောပုဂ္ဂိုလ်၊ အကျင့်မကောင်းဘဲနှင့် ကောင်းဟန်ဆောင်နေသော ပုဂ္ဂိုလ်များကိုကား လုံးလုံးမကိုးကွယ်ထိုက်ပါ။ ယခုအခါ၌ကား “ကြောင်သူတော်” ကဲ့သို့ အတော်အတန် ပညာရှိပါလျက် အတွင်းစိတ်မဖြောင့်သူတွေ များလှချေ၏။ ထိုသို့ ပညာရှိ၍ မရိုးသားသူတို့ကား သာမန် မရိုးသားသူများထက်ပင် ကြောက်မက်ဖွယ်ကောင်းလှသေးသည်။ သို့ဖြစ်၍ အတွင်းအပြင် မသိရဘဲ “ဆေးဝါးစွမ်းသလို၊ စာတတ်သလို၊ လုပ်ရပ်ပေါက်သလို” ပညာနေသူများကို ယုံကြည်လွယ်သော မိန်းမသားတွေသာမက ပညာနည်းပါး၍ မစဉ်းစားတတ်သော ယောကျ်ားအများပင် သတိထားထိုက်လှပေသည်။ TRANG 138 မိမိကိုယ်တိုင်လည်း ရိုးဖြောင့်ဖို့ အရေးကြီးလှ၏။ ပစ္စည်းမရှိဘဲ ရှိဟန်ဆောင်မှု၊ သီလမရှိဘဲ ရှိဟန်ဆောင်မှု၊ နားမလည်ဘဲ နားလည်ဟန်ဆောင်မှုတို့မှာ မရိုးသားသော သဘောချည်းသာ ဖြစ်သည်။ သို့ဖြစ်၍ အရိယာသံဃာတော်များ၏ “ဥဇုပ္ပဋိပန္န” ဂုဏ်တော်ကို အာရုံပြုကြပြီးလျှင် မိမိတို့ ကိုယ်တိုင်ကလည်း ရိုးသားသူ ဖြောင့်မတ်သူဖြစ်အောင်၊ မိမိနှင့် အဆက်အသွယ်ရှိသူတို့ကိုလည်း ရိုးသားသူများဖြစ်အောင် ညွှန်ပြကြပါ။ မရိုးသားသူမှန်လျှင် ရဟန်းရှင်လူ မည်သူမဆို စွမ်းနိုင်သမျှ ရှောင်ကြဉ်ကြပါကုန်။ မတတ်သာ၍ ဆက်ဆံရလျှင်လည်း ကိုယ်ပေါင်းစိတ်ခွာ ဆက်ဆံကြပါကုန်။ ဉာယပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၃) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ သူတော်ကောင်းသည်။ ဉာယပ္ပဋိပန္နော-ကိုယ်ဝယ်ဝတ်ဆောင်၊ ဆံညိုနှောင်ကို၊ မီးလောင်သော်ငြား၊ မငြိမ်းအားဘဲ၊ ကြီးမားလောင်မီး၊ ဒုက္ခကြီးတို့၊ အပြီးကန်၊ ငြိမ်းရာမှန်သည်၊ နိဗ္ဗာန်အလို့ငှာ၊ ကျင့်တော်မူတတ်ပါပေ၏။ TRANG 139 ကြည့်ရှုရန် အဓိပ္ပာယ် ဉာယပ္ပဋိပန္နဂုဏ်တော်သည် “နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူ၏” ဟူသော အနက်ကို ပြသည်။ [ဉာယ+ပဋိပန္န၊ ဉာယ=နိဗ္ဗာန်+ပဋိပန္န=ကျင့်သည်]။ အရိယာဖြစ်သော သံဃာတော်အပေါင်းသည် အလွန်ကြီးမား များပြားသော သံသရာဝဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ မိမိကိုယ်၌ ဆင်အပ်သော အဝတ်၊ ဥသျှောင်(ဆံထုံး)ကို မီးလောင်စေကာမူ မငြိမ်းအားဘဲ သံသရာဝဋ်ကြီး ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ကျင့်တော်မူကြပေသည်။ ထို့ကြောင့် အရိယာဖြစ်ပြီးသောအခါ သံသရာထဲ၌ ကြာရှည်စွာ မကျင်လည်ရတော့ဘဲ ကာမဘုံ၌ အကြာဆုံး ခုနစ်ဘဝနေပြီးလျှင် ပရိနိဗ္ဗာန် စံဝင်ကြရပေသည်။ ရဟန်းတစ်ပါး ဝတ္ထု။ ။ ရဟန်းတစ်ပါးသည် သစ်ပင်ရိပ်တစ်ခု၌ ဘူမိစိုးနတ်သမီး၏ကလေး နတ်ငယ်ကို ခုတ်ဖြတ်မိသောကြောင့် နတ်သမီးက ဘုရားထံလျှောက်ထားသဖြင့် “ယနေ့ကစ၍ သာသနာတော်လမ်း ရဟန်းမှန်လျှင် သစ်ပင်ကို မခုတ်ရ” ဟု ပညတ်တော်မူသည်။ ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရဟန်းတော်တစ်ပါးကို ခိုးသူများက နွယ်ပင်ကလေးဖြင့် တုပ်နှောင်၍ တောထဲ၌ထားခဲ့စဉ် တောမီးလောင်လာလေသော် နွယ်ပင်ကို ဖြတ်မည်ဆိုလျှင် ဖြစ်နိုင်လောက်သော်လည်း နွယ်ပင်ဖြတ်လျှင် ပါစိတ်အာပတ်သင့်၏။ အာပတ်သင့်လျှင် တရားရတော့မည်မဟုတ်။ TRANG 140 ထို့ကြောင့် ပညတ်တော်ကို စောင့်စည်း၍ တရားကို နှလုံးသွင်းကာ ရဟန္တာဖြစ်ပြီးမှ တောမီးလောင်၍ ပရိနိဗ္ဗာန် စံဝင်တော်မူသည်။ တိုက်တွန်းချက်။ ။ ဤသို့လျှင် တစ်ကိုယ်လုံး မီးလောင်သည်ကို လျစ်လျူရှု၍ နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူပုံကို ကြည်ညိုလျက် “အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့နိုင်သည်” ဟု ဆိုသည့်အတိုင်း မလွဲသာသဖြင့် ဒုက္ခကြုံလာခဲ့သော် “သက်သာရာလေးမှ ရစေတော့” ဟု ကြံ၍ မကောင်းမှုကို မပြုမိစေဘဲ “နိဗ္ဗာန်နှင့် ဤဒုက္ခမျိုး၏တည်ရာ ရုပ်နာမ်ခန္ဓာကိုယ်မရှိ၊ ဤခန္ဓာကိုယ်ရှိနေလို့သာ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ ရှိရသည်။ ထိုသို့ ရှိသောကြောင့် သားဒုက္ခ၊ သမီးဒုက္ခ၊ ဆွေမျိုးဒုက္ခကို တွေ့ရသည်။ ထိုရုပ်နာမ်မရှိသော နိဗ္ဗာန်သည် ဧကန်အေးမြပေလိမ့်မည်” ဟု တွေးတောကာ သူလည်းမပါ၊ ငါလည်း မရှိ၊ သန္တိသုခ အေးမြမည့် နိဗ္ဗာန်ကို သိမြင်နိုင်အောင်သာ ကြိုးစားကြပါကုန်။ TRANG 141 သာမီစိပ္ပဋိပန္န ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၄) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သာဝကသံဃော-ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ သူတော်ကောင်းသည်။ သာမီစိပ္ပဋိပန္နော-ရိုသေသမှု၊ လူတို့ပြုသည့်၊ သာမီစိကံ၊ လျော်ထိုက်ဟန်အောင်၊ ကျင့်ကြံတော်မူတတ်ပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် သာမီစိပ္ပဋိပန္နဂုဏ်တော်သည် “ရိုသေသမှုနှင့်လျော်အောင် ကျင့်ပေ၏” ဟူသော အနက်ကို ပြသည်။ [သာမီစိ= ရိုသေမှု+ပဋိပန္န=လျော်အောင် ကျင့်သည်]။ ဒကာ ဒကာမတို့သည် မိမိတို့ မစားရက်၊ မသောက်ရက်၊ မသုံးရက်သော အစားအသောက် ကျောင်း အိပ်ရာ နေရာများကို ရိုသေသမှု ပြုစုလှူဒါန်းကြ၏။ အရိယာဖြစ်ပြီးသော (အရိယာဖြစ်အောင် အားထုတ်နေသော) သံဃာတော်များကလည်း ထိုကဲ့သို့ ရိုသေသမှု ပြုစုလှူဒါန်းခြင်းနှင့် ထိုက်တန်အောင် ကျင့်ကြံအားထုတ်တော်မူကြပါပေသည်။ အယျမိတ္တမထေရ်ဝတ္ထု။ ။ ရှေးအခါက လိုဏ်ဂူတစ်ခု၌နေသော “အယျမိတ္တ” မထေရ်ကို ဆွမ်းခံရွာ၌ ဒါယိကာမကြီးတစ်ယောက်က သားရင်းအမှတ်ထား၍ လေးစားသမှု ပြုနေ၏။ တစ်နေ့သ၌ လုပ်ငန်းဆောင်တာအတွက် နံနက်စောစော တောသို့သွားခါနီးဝယ် “ချစ်သမီး- မည်သည့်နေရာ၌ နှမ်းချို့၊ ဆန်ကလေးနှင့် နွားနို့၊ ထောပတ်၊ တင်လဲများ ရှိရစ်တယ်၊ သမီးမောင်တော် လာတဲ့အခါ ဆွမ်းချက်၍ ကပ်ပြီးလျှင် သမီးလည်း စားရစ်နော်” ဟု သမီးကို မှာခဲ့၏။ TRANG 142 ပြောဆိုမှာထား၏။ “မေမေကော ဘာစားမလဲ” ဟု သမီးက မေးရာ “မေမေတော့ ပုန်းရည်ဟင်းနဲ့ ညကကျန်တဲ့ ထမင်းကြမ်းကို စားပြီးပြီ” ဟု ပြော၏။ “နေ့စာကော ဘာစားမလဲ မေမေ” ဟု ထပ်၍မေးလျှင် “နေ့စာတော့ သမီးရယ်- ဟင်းရွက်ကလေးရောပြီး ဆန်ကွဲကယောကျိုထားလိုက်ပေါ့” ဟု ပြောဆိုမှာထား၍ တောသို့ သွားရှာလေသည်။ ထိုသားအမိနှစ်ယောက် ပြောဆိုသံကို အယျမိတ္တမထေရ် ဆွမ်းခံအလာတွင် ရွာအနီးမှ ကြား၍ မိမိကိုယ်ကို ဆုံးမသည်မှာ “နားထောင်စမ်း အယျမိတ္တ- ဒါယိကာမကြီးမှာ မိမိအတွက် ပုန်းရည်ဟင်း၊ ထမင်းကြမ်းနှင့် ဟင်းရွက်တွဲသည့် ဆန်ကွဲယာဂုကို စားသောက်လျက် သင့်အတွက်မှာ နှစ်ချို့ဆန်ကောင်းနှင့် နွားနို့၊ ထောပတ်၊ တင်လဲကို ကပ်ဖို့ရန် မှာနေရှာသည်။ သင်၏အပေါ်၌ ဝတ်စားတန်ဆာနှင့် လယ်ယာမိုးမြေ ပစ္စည်းတွေကိုမျှော်၍ ယခုလောက် ဂရုစိုက်သည် မဟုတ်၊ လူနတ်နိဗ္ဗာန်ကို မှန်း၍သာ ဂရုစိုက်ခြင်းဖြစ်သည်။ သူရည်ရွယ်တဲ့ ချမ်းသာကို သင် ပေးနိုင်ပါ့မလား၊ ကိလေသာ အာသဝေါမကုန်သမျှ ဒါယိကာမကြီးရဲ့ဆွမ်းကို အသင် မစားထိုက်” ဟု ဆုံးဖြတ်ပြီးလျှင် ဆွမ်းခံမဝင်ဘဲ ပြန်၍ တရားကို အားထုတ်လေရာ ပင်ကိုယ်က စင်ကြယ်သောသီလနှင့် အားထုတ်၍ အသားကျနေသော ကမ္မဋ္ဌာန်းဘာဝနာအစွမ်းကြောင့် သိပ်ကြာကြာ အားမထုတ်ရဘဲ ချက်ချင်းပင် ရဟန္တာဖြစ်လေသည်။ TRANG 143 ထို့နောက် ဆွမ်းခံဖို့အချိန်ရှိသေး၍ ဆွမ်းခံဝင်လေသော် စောင့်မျှော်နေသော နှမတော်က ဆွမ်းလောင်းအပြီးတွင် အထူးကြည်လင်သော မျက်နှာကို မြင်လိုက်ရ၍ မိခင်ပြန်လာသောအခါ “မေမေ ယနေ့ မောင်တော်ရဲ့မျက်နှာ လွန်စွာ ကြည်လင်နေပါတယ်” ဟု ပြောပြလေရာ “ယနေ့ ငါ့သားကြီးမှာ ရဟန်းကိစ္စပြီးစီးလေပြီ” ဟု ပြောဆိုကာ ဝမ်းမြောက်ရှာသတဲ့။ ဒါယိကာမကြီးနှင့် သမီးလည်း ရဟန္တာအရှင်မြတ်ကို ဆွမ်းလှူရာရောက်ပေသည်။ [ဒီဃနိကာယ၊ မဟာဝဂ္ဂ၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ။] တိုက်တွန်းချက်။ ။ “ဤသို့လျှင် သူတော်စင် သံဃာတော်အပေါင်း၏ လူတို့ရိုသေမှုနှင့် ထိုက်တန်အောင် ကျင့်ကြံတော်မူကြသည်ကို အာရုံပြုကာ ယခုကာလ ရဟန်းတော်များသည်လည်း မိမိတို့ဘက်က မလိုရအောင် သတိထားနိုင်မှ တာဝန်ကျေကြပေမည်။ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” ဆိုတာလို ကိုယ်ထင်ရာ ကြုံနေလျှင် နောင်သံသရာရေးကို မဆိုထားဘိ၊ ယခုဘဝရေးမှာပင် တဖြည်းဖြည်း မလွယ်ကူသော အခြေအနေကို တွေ့ရတော့မည်။ ယခုအခါ ဘာသာမရှိဟူသော ဝါဒ၊ ဘာသာရှိသော်လည်း အရေးမစိုက်သော ဝါဒများ ခေတ်စားလာပုံကို ဆင်ခြင်ကာ နောင်ရေးခက်ကြတော့မည်မှာ ဗေဒင်မေးစရာ မလိုပါသဖြင့် “ပညာရှိသော်လည်း သတိဖြတ်ခဲရကား” သတိကြီးစွာထားကြပါရန် ထပ်မံ၍ သတိပေးပါသည်။ TRANG 144 ပုရိသယုဂါနိ ပါဠိအဖွင့် (ကျက်မှတ်ရန်) စတ္တာရိ-လေးပါးကုန်သော၊ ယဒိဒံ ပုရိသယုဂါနိ-အကြင် ယောက်ျားအစုံတို့သည်။ အဋ္ဌ-ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလာ-ပုဂ္ဂိုလ်အသီးအခြား၊ ခွဲသောအားဖြင့်၊ ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလာ-ပုဂ္ဂိုလ်တို့ပါပေတည်း။ ကြည့်ရှုရန် အဓိပ္ပာယ် ဤ “စတ္တာရိ ပုရိသယုဂါနိ” စသော စကားတို့ကား သံဃာ့ဂုဏ်တော်ကိုပြသော စကားမဟုတ်။ သောတာပတ္တိမဂ်ကိုရသောပုဂ္ဂိုလ်နှင့် သောတာပတ္တိဖိုလ်ရသော ပုဂ္ဂိုလ်နှစ်ပါးတွဲလျှင် တစ်စုံ၊ ဤသို့စသည်ဖြင့် “မဂ်ဖိုလ်ကိုရသော ပုဂ္ဂိုလ်နှစ်ပါးကို တစ်စုံစီတွဲလျှင် အရိယာလေးစုံဖြစ်၍ အသီးအခြား ခွဲလျှင် ၈-မျိုးဖြစ်၏” ဟု ပြသောစကားတည်း။ ထိုသို့ ဖြစ်ခြင်းသည်လည်း မဂ်ကိုရလျှင် ချက်ချင်းဖိုလ်ရသောကြောင့် မဂ်ပုဂ္ဂိုလ်နှင့် ဖိုလ်ပုဂ္ဂိုလ်တို့ တစ်ယောက်တည်းသာ ဖြစ်ကြောင်းကို သိစေတော်မူလိုရင်း ဖြစ်ဟန်တူပါသည်။ အစုံလေးပါးကား: ၁။ သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်၊ သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်။ ၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်။ ၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်၊ အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်။ ၄။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ်။ TRANG 145 အာဟုနေယျ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၅) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သေသော်သော သာဝကသံဃော-အရုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်။ အာဟုနေယျော-တုံ့ပြန်၍ ကြီးကျယ်မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်သဖြင့်၊ အဝေးမှယူဆောင်၍ ပူဇော်အပ်သော၊ ကြည်ဖြူလေးမြတ်၊ ပူဇော်အပ်သည့်၊ လာဘ်သပ္ပကာ၊ အဖြာဖြာကို၊ ကောင်းစွာသိမ်းပိုက်၊ ခံယူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရှုရန် အဓိပ္ပာယ် အာဟုနေယျဂုဏ်တော်သည် “အဝေးမှယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကို ခံယူထိုက်၏” ဟူသော အနက်ကို ပြသည်။ [အာ+ဟုန+ေယျ၊ အာ-အဝေးမှယူဆောင်၍+ဟုန-ပူဇော်အပ်သောပစ္စည်း+ေယျ-ခံထိုက်သည်]။ အရိယာသံဃာတော်သည် လှူဒါန်းပူဇော်သူတို့အား အတုံ့ပြန်၍ ကြီးကျယ်မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြသဖြင့် အနီးအပါးကို မဆိုထားဘိ၊ တစ်နယ်တစ်ကျေး ဝေးသော မြို့ရွာတို့မှသော်လည်း လှူဖွယ်များကို တမင်တကာ ဆောင်ယူ၍ ပေးလှူပူဇော်ခြင်းငှာ ထိုက်တန်တော်မူပေသည်။ ထို့ကြောင့် ရှေးက ဒါနအကျိုး နားလည်ကြသော သူတော်ကောင်းတို့သည် ထိုသို့ ဆောင်ယူကာ များစွာပူဇော်ဖူးကြလေပြီ။ TRANG 146 နတ်ပြည်၌ နတ်အများရှိကြလေရာ သာသနာပအခါက ဖြစ်လာသော နတ်များထက် သာသနာတွင်းကျမှဖြစ်ရသော နတ်တို့က အစစအရာရာ ခပ်သာသာဖြစ်နေ၏။ အချို့နတ်များကား သိကြားမင်းထက်ပင် ကိုယ်ရောင်အဆင်းနှင့် စည်းစိမ်အခြွေအရံ သာလွန်လျက်ရှိ၏။ ထို့ကြောင့် အခါတစ်ပါး၌ အရှင်မဟာကဿပထေရ် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် ဆင်းရဲသူတို့၏နေရာ ရပ်ကွက်၌ ဆွမ်းခံဝင်တော်မူလေရာ သိကြားမင်းနှင့် သုဇာမိဖုရားတို့သည် အိုမင်းသော လူဆင်းရဲ လင်မယားအသွင်ဆောင်၍ ထိုရပ်ကွက်၏ အစဆုံး၌ အိမ်ငယ်တစ်ဆောင်ကို ဖန်ဆင်းလျက် နေနှင့်လေသည်။ ရဟန္တာအရှင်မြတ်လည်း အထူးအထွေ ဆင်ခြင်စဉ်းစားတော်မမူဘဲ အိမ်ကုပ်ကလေး၌ အဘိုးအဘွားတို့ အလုပ်လုပ်နေကြပုံကို မြင်၍ သနားသဖြင့် ရပ်တော်မူလေသည်။ အဘိုးကြီးသည် မျက်စိများကို ပွတ်ကာပွတ်ကာနှင့် “အိမ်ပေါက်မှာ ကိုယ်တော်တစ်ပါး ဆွမ်းရပ်နေပါကလား၊ ဒုက္ခ၊ ဒုက္ခ၊ ဘာမှလည်း ရှိမယ်မထင်ဘူး” ဟု ညည်းညူလျက် အနားသို့ လာပြီးလျှင် “အင်- တို့ကိုယ်တော်ကြီးပါတကား၊ ဟေ့- ရှင်အဘွား၊ ဘာများရှိသေးတုံး” ဟုမေးရာ အဘယ်သို့ကလည်း ထိုထိုဤဤ ရှာဖွေနေဟန်ဖြင့် TRANG 147 အတန်ကြာမှ “ရှိသေးရဲ့တော့” ဟု ပြောပြောဆိုဆို လာ၍ ဆွမ်းလောင်းလေလျှင် တစ်ရပ်လုံး မွှေးကြိုင်သွားလေသည်။ ထိုအခါကျမှ သိကြားမှန်းသိ၍ “ဆင်းရဲသူကို ချီးမြှောက်လိုသဖြင့် ဆွမ်းခံရာ၌ သင့်လို သိကြားက လူဆင်းရဲလုပ်ရသလား” ဟု အပြစ်တင်တော်မူလျှင် “တပည့်တော်မှာ သာသနာပကဖြစ်ရတဲ့ သိကြားမို့ စည်းစိမ်မကြီးပါ။ သာသနာတော်တွင်းမှ ရောက်လာသော နတ်မင်းများလောက် အရှိန်မတောက်သဖြင့် နတ်ဆင်းရဲပင် ဖြစ်ပါသည်။” ဟု လျှောက်၍ “အဟောဒါနံ ပရမဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ- ဝမ်းမြောက်စရာ အလှူဒါန၊ အလွန်မြတ်သော အလှူဒါနသည် အရှင်မဟာကဿပ၌ တည်လေပြီ” ဟု ဥဒါန်းကျူးလျက် နတ်ပြည်သို့ တက်သွားလေသည်။ ဤသို့လျှင် အရိယာသံဃာတော်များသည် အဝေးရပ်မှ ယူဆောင်၍ ပေးလှူသမျှကို ခံယူထိုက်ကြပေသည်။ တိုက်တွန်းချက်။ ။ ဤဝတ္ထုသွားကို ထောက်လျှင် ပညာရှိအမျိုးသားတို့သည် နတ်စည်းစိမ်ကို ခံနေရသော်လည်း ဒါနအကျိုးကို သိမြင်ကြသဖြင့် ဝေးကွာသော နတ်ပြည်ခရီးမှပင် တမင်လာလျက် လှူဒါန်းကြသောကြောင့် ယခုကာလ စည်းစိမ်ရှင်များသည်လည်း ကံနှင့်ကံ၏အကျိုးကို နားလည်ကြပါမူ ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုကျင့်ကြပါလော့။ တစ်သက်လျာမျှ တစ်ဝမ်းဝဖို့ စီးပွားအတွက် ယခုဘဝတွင် ရရှိပြီးအခြေအနေမှ မလျော့ကျရအောင် နေ့စဉ် TRANG 148 ကြိုးစားသကဲ့သို့ တစ်သံသရာလုံး စီးပွားအတွက် အဆက်ဆက် တန်းမြင့်၍ ပါရမီရင့်အောင် ကြိုးစားကြပါ။ ဤလူ့ဘဝသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလိုရှိရာ ရနိုင်သော ဘဝပဒေသာပင်ကြီး ဖြစ်ပါသည်။ ပါဟုနေယျ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၆) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သေ သော သာဝကသံဃော-အရိယာလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာ သူတော်ကောင်းသည်။ ပါဟုနေယျော-ဝေးရပ်မျိုးနွယ်၊ များဧည့်သည်ဖို့၊ ရည်ရွယ်မှန်းထား၊ ပစ္စည်းများကို၊ ဘုရားတစ်ဆူ၊ ပွင့်တော်မူမှ၊ ပေါ်လာကြသည့်၊ ကမ္ဘာဧည့်ကောင်း၊ သူတော်ပေါင်းမို့၊ အကြောင်းတိုက်စွာ၊ ပေးလှူခြင်းငှာလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် ပါဟုနေယျ ဂုဏ်တော်သည် “ဧည့်သည်တို့ဖို့ စီမံအပ်သော ပစ္စည်းကို ခံယူထိုက်၏” ဟူသော အနက်ကို ပြသည်။ [ ပ + အာ + ဟုန + ယျ။ ပ = အရပ်တစ်ပါးမှ+အာ=လာသော ဧည့်သည်တို့အား+ဟုန=ပူဇော်အပ်သော ပစ္စည်း+ယျ=ခံယူထိုက်သည်။] TRANG 149 ယခုကာလ ရိုးရာဧည့်သည်များမှာ တွေ့ကြုံဖို့ လွယ်ကူပါ၏၊ ဧည့်ဝတ်ပြုဖို့လည်း လွယ်ကူပါ၏။ အရိယာသံဃာတော်များကား ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံခဲ့သော ကမ္ဘာဧည့်သည်တော်ကြီးများ ဖြစ်ကြပေးသည်။ ထိုဧည့်သည်တော်များသည် ရိုးရာဧည့်သည်များအတွက် ချက်ပြုတ်စီမံထားအပ်သော ပစ္စည်းများကိုလည်း ခံယူထိုက်ကြပေသည်။ ဒက္ခိဏေယျ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၇) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သေ သော သာဝကသံဃော-အရိယာလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်။ ဒက္ခိဏေယျော-တမလွန်စခန်း၊ ကြီးပွားလမ်းဖို့၊ မျှော်မှန်းရည်ရွယ်၊ ပေးလှူဖွယ်ကို၊ ရည်ရွယ်သမျှ၊ အကျိုးရသဖြင့်၊ တစမချန်၊ အလှူခံခြင်းငှာလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် ဒက္ခိဏေယျ ဂုဏ်တော်သည် “အလှူကိုခံထိုက်၏” ဟူသော အနက်ကို ပြသည်။ [ ဒက္ခိဏ + ယျ။ ဒက္ခိဏ=အလှူ(လှူဖွယ်ဝတ္ထု)+ယျ=ခံယူထိုက်သည်။ ] TRANG 150 နောင်တမလွန်ဘဝ၌ ကြီးပွားချမ်းသာဖို့ ရည်မှန်း၍ လှူဒါန်းအပ်သော အလှူကို “ဒက္ခိဏ” ဟုခေါ်၏။ အရိယာ သံဃာတော်များသည် ရည်မှန်းတိုင်းသော အကျိုးကို ရစေနိုင်သောကြောင့် ထိုဒက္ခိဏကို ခံယူခြင်းငှာ ထိုက်တန်တော်မူကြပေသည်။ ထိုဒက္ခိဏသည် မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းတစ်မျိုး၊ သေလွန်သူ မိဘဆွေမျိုးများအတွက် လှူဒါန်းခြင်းတစ်မျိုးဟု နှစ်မျိုးရှိ၏။ (၁) မိမိအတွက် အလှူသည် အခွင့်သာလျှင် သင့်ရာဘဝ၌ နိဗ္ဗာန်မရမချင်း အကျိုးပေးမည်။ ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူတို့ ကောင်းကျိုး ခံစားနေကြရသည်မှာလည်း သူတို့သန္တာန်မှာ ရှေးက ထို “ဒက္ခိဏ” အလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်သည်။ ရှေးက ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစားနေကြရသည်။ ယခုဘဝ၌ ပြုမိသော မကောင်းမှုများအတွက် နောက်နောင်ဘဝ၌ သိသာလတ္တံ့။ ၉၁-ကမ္ဘာအတွင်းဝယ် မိစ္ဆာဒိဋ္ဌိဖြစ်ပါလျက် နတ်ပြည်သို့ ရောက်သူမှာ တစ်ယောက်သာ ဘုရားရှင်တွေ့မြင်တော်မူသတဲ့။ မိစ္ဆာဒိဋ္ဌိ ဟုရာ၌ သဲသဲမဲမဲ သူတို့အယူ၌ စွဲလမ်းသူကိုသာ ဆိုလိုသည်။ ဗုဒ္ဓဘာသာမဟုတ်ရုံမျှကို မဆိုလို။ (၂) သေလွန်သူ ဆွေမျိုးများကို မှန်းလျက် လှူဒါန်းရာ၌ကား သေသူက ငရဲကျသော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော, တောင်, မြစ်, သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ ဖြစ်ရသော်လည်းကောင်း၊ နတ် ဗြဟ္မာဖြစ်ရသော်လည်းကောင်း၊ TRANG 151 ဤက လှူဒါန်းသောကုသိုလ်ကို သူတို့မသိနိုင်ကြ။ သိနိုင်သော်လည်း သူတို့မှာ အကျိုးထူးမရကြ။ သို့သော် လှူဒါန်းသူ ဆွေမျိုးတို့မှာကား ထုံးစံအတိုင်း ဒါနကုသိုလ် ဖြစ်ကြရပါသည်။ သေလွန်သူသည် မိမိအိမ် ရွာမြို့အနီးအပါး အကြံအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အမိမ်း တစ္ဆေ သရဲ) ဖြစ်နေလျှင် ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း, သင်္ကန်းစသည်ကို လှူဒါန်း၍ “ဤအလှူသည် သွားလေသူ (အမိ, အဖ, ဆွေမျိုး) အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ (အမိ, အဖ, ဆွေမျိုး) မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း” ဤကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပါလော့။ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါလော့၊ အမျှဝေပါ၏” ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင်ကြားသိလျှင် သာဓုခေါ်၍ အဝတ်အစား တို့ကို နတ်သမီး နတ်သားများကဲ့သို့ပင် ရရှိနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြသေး။ ထို့ကြောင့် သေလွန်သူကို ရည်မှန်း၍ “ဒက္ခိဏ” ကို ပြုသောအခါ မပြုမီကပင် အချို့အရပ်၌ သုသာန်စသည်သွား၍ “ယနေ့ အလှူဒါန ပြုမှာမို့ လိုက်ခဲ့ပါ” ဟု ဖိတ်မန်ကာ အိမ်သို့ ခေါ်လာကြသည်။ ထိုကုသိုလ်ကို အလွန်ဝေးသော ရှေးရှေးဘဝက ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် အဖို့ရခွင့် ရှိပါ၏။ ထို့ကြောင့် တစ်စုံတစ်ယောက် ဆုံးသောအခါ ဆူဆူပူပူနှင့် ပကာသနအတွက် သုသာန်မှာ လှူခြင်းထက် မိမိအိမ်မှာပင် ဆုံးသည့်နေ့ကစ၍ လှူဒါန်းလျက် အမျှဝေသောနည်းသာ ကောင်းမြတ်ပါသည်။ TRANG 152 ရက်လည်ဆွမ်း။ ။ တစ်ချို့အရပ်၌ ဆွေမျိုးတစ်ယောက် အနိစ္စရောက်ပြီးသောအခါ ရက်လည်ဆွမ်းကျွေးမှုကို ပြုကြ၏။ ထိုသို့ ပြုရသည့် အကြောင်းရင်းကား “လူတစ်ယောက် သေဆုံးသောအခါ ကံပတ်ချာဘဝသို့ ချက်ချင်းမပြောင်းသေးဘဲ ဘဝဟောင်း၌ ရှိရစ်သော အိမ်နှင့် ဆွေမျိုးများ၏အနီးအပါးဝယ် တဝဲလည်လည်နှင့် လည်လည်ကြည့်ရှုကာ ခုနစ်ရက်ကြာအောင် နေသည်” ဟု အယူရှိကြ၏။ ထို့ကြောင့် ခုနစ်ရက်ပြည့်သောအခါ “ဘဝတစ်ပါးသို့ အပြောင်းတွင် ဘဝဟောင်းက ဆွေမျိုးများပြုသော ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုခေါ်ပြီးလျှင် ကောင်းရာဘဝသို့ ရောက်ပါစေတော့” ဟု ရည်စူးလျက် ၇-ရက်လည်မှ ဆွမ်းသွတ်ကြသည်။ နည်းလမ်းမဟုတ်။ ။ စင်စစ်မှာ ထိုသို့ မှတ်ထင် စွဲလမ်းသည့်အတိုင်း ၇-ရက်မျှ မိမိအိမ်၏ အနီးအပါးတွင် စောင့်စားလှည့်လည် နေတော့သည် မဟုတ်ပါ။ ကံစီမံရာဘဝသို့ ချက်ချင်းပင် ပြောင်းကြရပါသည်။ ငရဲရောက်မည့်သူကို ကံက ဆိုင်းငံ့စောင့် စားနေမည်မဟုတ်၊ ချက်ချင်းပစ်ချလိမ့်မည်။ နတ်ပြည်ရောက်မည့်သူကလည်း ဆွေမျိုးဟောင်းများကို ငဲ့ညှာနေမည်မဟုတ်၊ အိမ်အနီးအပါး၌နေ၍ ဤဘဝဆွေမျိုးများက ပြုမည့်ကုသိုလ်ကို မျှော်လင့်နေသူကား ပြိတ္တာဘဝ ရောက်နေသူသာတည်း။ ထို့ကြောင့် ရက်လည်အောင် ဆိုင်းငံ့ခြင်းသည် နည်းလမ်းမဟုတ်ပါ။ ဆုံးသည့်နေ့ကစ၍ တတ်အားသမျှ ကုသိုလ်ပြု အမျှဝေခြင်းသာ နည်းလမ်းကျပါသည်။ TRANG 153 ပြိတ္တာ ရှစ်သောင်းလေးထောင်။ ။ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၉၂-ကမ္ဘာအထက်၌ “ဖုဿ” မည်သော ဘုရားရှင်ပွင့်တော်မူပါသည်။ *ထိုဘုရားရှင်၏ ညီတော် မင်းသားသုံးယောက်တို့သည် စည်းစိမ်များကို ကဏ္ဍရေးမင်းကြီးနှင့် အခွန်ဝန်အား လွှဲအပ်၍ အရပ်ရပ်ကိစ္စတို့ကို မှာထားပြီးလျှင် ကျွန်တော်ရင်းတစ်ထောင်နှင့်တကွ တစ်ဝါတွင်းလုံး ဆယ်ပါးသီလ စောင့်ထိန်းလျက် ကျောင်းတော်မှာ နေကြလေသည်။ လွှဲအပ်သော ဝန်ကြီးများက ဘုရားအမှူးရှိသော သံဃာတော်များနှင့်တကွ မင်းသားတို့၏ အခြွေအရံများအတွက်ပါ ချက်ပြုတ်၍ ပြုစုကြရ၏။ [ * ဤစကားကို ထောက်၍ “ရှိရင်းရွှေငွေကို တစ်ခါတည်း မပေးမစွန့်သော်လည်း သီလစောင့်ခိုက် မကိုင်မခံလျှင် ဆယ်ပါးသီလကို စောင့်ကောင်း၏” ဟု သိသာ၏။ ] ထိုအခါ ကိစ္စကြီးငယ် ရွက်ဆောင်ပြုလုပ် ချက်ပြုတ်ကြသူ ဝန်မင်းဆွေမျိုးတို့သည် ရှစ်သောင်းလေးထောင်ခန့် ရှိသတတ်။ သူတို့သည် သံဃာတော်များအတွက် ချက်ပြုတ်ထားသော စားသောက်ဖွယ်မှ သံဃာတော်များ မကပ်ရခင် နေ့စဉ်မပြတ် သားသမီးများကိုလည်း ကျွေးမွေးကြ၊ မိမိတို့လည်း စားသောက်မိကြသဖြင့် ဤကမ္ဘာ၏ အစလောက်ကပင် အားလုံးပြိတ္တာများ ဖြစ်ကြ၍ စားရမဲ့ သောက်ရမဲ့ နေကြရလေသည်။ ဤဝတ္ထုကို ထောက်၍ သူများ ဒါနပြုရာ၌ မိမိတို့က ဦးဦးဖျားဖျား မစားမိအောင်၊ ကလေးများကိုလည်း မကျွေးမိအောင် သတိပြုကြပါ။ TRANG 154 ထို့နောက် ပွင့်တော်မူလာသော ရှေးဘုရားရှင်များ အထံတော်သို့ ချဉ်းကပ်လျက် စားသောက်ရမည့်ကာလကို လျှောက်ထားကြရာ “ဂေါတမဘုရား ပွင့်တော်မူလျှင် သင်တို့၏ ဆွေမျိုးဖြစ်ခဲ့သော အဇာတသတ်သည် ဗိမ္ဗိသာရမင်းဖြစ်၍ ဒါနပြုသောအခါ သင်တို့အား အမျှပေးဝေလိမ့်မည်။” “ထိုအခါ၌ သင်တို့ စားသောက်ကြရပေလိမ့်မည်” ဟု မိန့်တော်မူခဲ့သဖြင့် အမျှော်ကြီး မျှော်လင့်၍ နေခဲ့ကြလေသည်။ ထို့နောက် ငါတို့ဘုရားရှင် ပွင့်တော်မူလာ၍ ဗိမ္ဗိသာရမင်းသည် ရှေးဦးစွာ လှူဒါန်းကျွေးမွေးသောအခါ အမျှမဝေမိသဖြင့် အဖို့မရ၍ ညဉ့်အခါ အသံပြုလျက် ကိုယ်ထင်ပြကြလေသည်။ ဗိမ္ဗိသာရမင်းလည်း ဘုရားအထံတော်လာ၍ အကြောင်းကို လျှောက်ထားရာ အကြောင်းစုံကို ဟောတော်မူသောကြောင့် နောက်ထပ် သင်္ကန်း, ဆွမ်းတို့ကိုလှူ၍ အမျှပေးဝေရာ သာဓုခေါ်ကြသဖြင့် ပြိတ္တာအဖြစ်မှ လွတ်မြောက်၍ နတ်အဝတ်အစားများ ပေါ်ပေါက်ရလေသတဲ့။ သတိထားဖွယ်။ ။ အမျှပေးဝေမှုနှင့် စပ်၍ သတိထားဖွယ် တစ်ရပ်ကို ဥပရိပဏ္ဏာသ, ဒက္ခိဏာဝိဘင်္ဂသုတ် အဋ္ဌကထာ၌ တွေ့ရ၏။ မုဆိုးတစ်ယောက်သည် သေလွန်၍ ပြိတ္တာဖြစ်နေသော ဆွေမျိုးကို ရည်စူးလျက် သီလသိက္ခာမရှိသော (ရဟန်းအတု) ကိုယ်တော်အား ၂-ကြိမ်တိုင်အောင် အလှူပေး၍ အမျှပေးဝေသော်လည်း အမျှမရဘဲရှိရာ ၃-ကြိမ်မြောက် ပေးလှူပြန်သောအခါ ပြိတ္တာက “ငါ့ဖို့ ဥစ္စာကို ဒုသီလကြီးက လုယူထားသည်” ဟု အော်ဟစ်သတဲ့။ --- TRANG 155 ဒုသီလကို လှူ၍ အမျှပေးဝေသောကြောင့် “ငါမှာ အဖို့မရဘူး” ဟု ဆိုလိုသည်။ ထို့ကြောင့် ဆွေမျိုးဟောင်းကို ရည်မှန်း၍ လှူဒါန်းရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျက် သီလရှိသူအား လှူဒါန်း၍ အမျှပေးဝေမှ အဖို့ရဖွယ်ရှိကြောင်း ကောင်းကောင်းကြီး သတိပြုသင့်ကြပေသည်။ သီလရှိသောပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရာ အားနာလျှင်လည်းကောင်း၊ သံဃာကုန်ကို ရည်မှန်းလှူဒါန်း၍ အမျှဝေသင့်ပါသည်။ “သံဃာ” ဟူရာ၌ ရဟန်းတော်အများစုမှ “သံဃာ” ဟု မမှတ်ရ၊ ရဟန်းတစ်ပါးပင် ဖြစ်သော်လည်း မိမိက “သံဃာအား လှူ၏” ဟု သံဃာကိုရည်စူး၍ ဆွမ်းတစ်ထပ် လှူလျှင်လည်း သံဃိကဒါန ဖြစ်နိုင်၏။ ရဟန်းတော်များကို ပင့်၍ လှူရာ၌ အထူးပြောဖွယ်မရှိပါ။ ထို့ပြင် သေလွန်သူကို အကျိုးရစေလိုသောဆန္ဒဖြင့် ကုသိုလ်ပြုရာ၌ မည်သည့်နည်းနှင့်မျှ ဂုဏ်ပကာသနတွေ မပါရအောင် သတိပြုသင့်ပါသည်။ အဉ္စလိကရဏီယ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၈) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သေ သော သာဝကသံဃော-အရိယာလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာ သူတော်ကောင်းသည်။ --- TRANG 156 အဉ္စလိကရဏီယော-တစ်လောကလုံး၊ ကိုင်းညွှတ်ရုံးလျက်၊ ရှစ်ဖြာကြည်ညို၊ ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးခြင်းကိုလည်း ထိုက်တော်မူပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် အဉ္စလိကရဏီယ ဂုဏ်တော်သည် “လက်အုပ်ချီမှုကို ပြုထိုက်၏” ဟူသော အနက်ကို ပြသည်။ [ အဉ္စလိ-လက်အုပ်ချီမှု + ကရဏီယ-ပြုထိုက်သည်။ ] အရိယာသံဃာတော်အပေါင်းသည် တစ်လောကလုံးရှိ လူနတ်ဗြဟ္မာသတ္တဝါတို့၏ ကြည်လင်ရွှင်ပြ မြတ်နိုးလှစွာ ကိုင်းညွှတ်ရှိသေမှု လက်အုပ်ကို နဖူးပေါ်ရောက်အောင် မိုးလျက် ရှိခိုးမှုကို ခံထိုက်ပေ၏။ ပုထုဇဉ် သံဃာတို့ကား အရိအသေသံထိုက်လောက်အောင် သီလ, သမာဓိ, ပညာဂုဏ်မရှိပါလျှင် လူတို့က အရိုအသေပြုမှုကြောင့် မိမိတို့အပေါ်၌ ကြီးလေးသော တာဝန်များတက်ရောက် လာဖွယ်ရှိသည်။ ဝိသုဒ္ဓိမဂ်လာ အောက်ပါဂါထာသည် အလွန်သံဝေဂဖြစ်ဖွယ်ကောင်းသော ဂါထာပေတည်း။ ပိဏ္ဍပါတဿ အယောဂုဠော၊ အယောပဋ္ဌော စ စီဝရံ၊ ဝိဟာရော အယောကုမ္ဘီဝ၊ သတ္တေဝေသော အဉ္စလိ။ Ayopaṭṭho ca cīvaraṃ, Vihāro ayokumbhīva, Sattaveso añjali. --- TRANG 158 အဿ-ထိုသီလသိက္ခာ၊ ကောင်းစွာမစင်၊ ပုထုဇဉ်ဆိုး၊ ရဟန်းမျိုး၏၊ ပိဏ္ဍပါတော-ဒကာ ဒကာမ၊ သဒ္ဓါကြည်ဖြူ၊ လှူဒါန်းစားဖွယ်ဆွမ်းသည်လည်း၊ အယောဂုဠော-အရှိန်ရဲရဲ၊ မီးလျှံစွဲသည့်၊ သံခဲသံလုံး၊ သံတုံးတွေနှင့် တူလှပေ၏။ စီဝရံ-ကိုယ်ဝယ်ဆင်မြန်း၊ ဝတ်သင်္ကန်းသည်၊ အယောပဋ္ဌော-အရှိန်ကြီးမား၊ မီးလျှံဝါးသည့် သံပြားကြီးနှင့် တူလှပေ၏။ ဝိဟာရော-သွားရပ်ထိုင်လျောင်း၊ နေရာကျောင်းသည်၊ အယောကုမ္ဘီဝ-စန်းကျင့်တောက်ပြောင်၊ ရဲရဲလောင်သည့် သံအိုးကြီးနှင့် တူလှပေ၏။ အဉ္စလိ-လူသူအားလုံး၊ များညွှတ်ရုံးလျက်၊ ရွှင်ပြကြည်ညို၊ ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးကြခြင်းသည်၊ သတ္တေဝေသော-အရောင်လက်လက်၊ မြံထက်သည့် လက်နက်လှံစို့၊ ဝိုင်း၍ထိုးသည်နှင့် တူလှပေသတည်း။ မိမိ၏ သီလသိက္ခာ မလုံလောက်လျှင် ရဟန်းအဖြစ်၌ နေထိုင်ဖို့ရန်ပင် မသင့်တော့ပြီ။ ရဟန်းအဖြစ်ဟူသည် အလွန်ကြီးမားသော ဆုထူးကို ရည်ရွယ်မှန်းထားသော အဂ္ဂသာဝက မဟာသာဝက အလောင်း, ဘုရားအလောင်းများနှင့်သာ သို့မဟုတ် နိဗ္ဗာန်ကို မြန်မြန်ရလို၍ သံသရာ၌ ငြီးငွေ့သော သူတော်ကောင်းတို့နှင့်သာ ထိုက်တန်၏။ အမှတ်တမဲ့နေသူတို့မှာ ဗုဒ္ဓသာသနာတော်နှင့် မတန်မရာချေ။ သို့ပါလျက် အမြင်တိုသော ဆွေမျိုးများက “လူ့ဘောင်၌ တေလေလုပ်နေလျှင် အိမ်မှာ အနှောင့်အယှက်ပေးလိမ့်မည်၊ TRANG 158 ရာဇဝတ်မှု ကျူးလွန်လျှင် ထောင်ကျ၍ ဆင်းရဲလိမ့်မည်၊ ဘာမျှ အလုပ်အကိုင် မတတ်လျှင် အသက်မွေးမှု ခက်လိမ့်မည်၊ ဘုန်းကြီး လုပ်နေလျှင်ကား အစားအသောက် အနေအထိုင် မကြောင့်ကြရ၊ ဘာမျှမလုပ်ကိုင်ဘဲ ဘုရားထူး ဦးချခံ၍ ဟန်ပန်ပန်ပန်ကြီး နေနိုင်သည်” ဟု သူတို့တွက်ကိန်းအရ အိမ်၌ အသုံးမကျပုံ မပေါ်သူကို ဘုန်းကြီးလုပ်ဖို့ တိုက်တွန်းလိုက်ကြသဖြင့် သာသနာ့ဝန်ကို မဆောင်နိုင်ဘဲ သာသနာတော်ကြီးကို “ဖိစီး” နေသော သာသနာ့ဝန်စီးတွေ ပေါများ၍နေသည်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလှတော့၏။ လောကကောင်းကျိုးကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်ကောင်းများနှင့် ဆက်ဆံခွင့်မရသော ခေတ်လူငယ် တစ်ချို့က ထိုသာသနာ့ဝန်စီးများကိုကြည့်၍ သာသနာရေးကို ပစ်ပယ်လိုသော စိတ်ထားများလည်း ယခုအခါ ပေါ်ပေါက်လာသဖြင့် သာ၍ ကြောက်ဖွယ်ဘေးကြီးနှင့် ရင်ဆိုင်ရတော့မလို ဖြစ်နေချေပြီ။ ဝန်ဆောင်ပုဂ္ဂိုလ်များသည် သာသနာသန့်ရှင်းရေးကို ကြိုးစားနိုင်ကြလျှင် ကြိုးစားဖို့ အချိန်ရောက်နေပါပြီ။ မကြိုးစားနိုင်ကြလျှင်ကား တစ်ခြားနိုင်ငံက ဘုန်းကြီးများ၏ အခြေအနေသို့ ရောက်ရှိရန် အချိန်ကြာကောင်းမှ ကြာပေလိမ့်မည်။ [တစ်ခြားနိုင်ငံ၌ ဘုန်းကြီးအခေါ်ခံရသူများကို အထက်တန်းမှာ မထားကြ၊ ထိုဘုန်းကြီးများလည်း သင့်တော်သလို ရှာဖွေ၍ အသက်မွေးကြရရှာသည်။] TRANG 159 အနုတ္တရံ ပုညက္ခေတ္တံ ဂုဏ်တော်ဖွင့် (ကျက်မှတ်ရန်) (၉) ဘဂဝတော-ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ သေ သော သာဝကသံဃော-အရိယာလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်။ လောကဿ-လူနတ်ဗြဟ္မာ၊ သတ္တဝါအပေါင်း၏၊ အနုတ္တရံ-အတုမရှိ မြတ်ခေါင်ထိသော၊ ပုညက္ခေတ္တံ-ကုသိုလ်ကောင်းမှု၊ မျိုးစေ့စုကို၊ ကြီးထုမြင့်မား၊ စွင့်စွင့်ကားလျက်၊ ပျိုးထွားဖွယ်ရာ၊ လယ်ယာမြေကောင်းအတူ၊ ဖြစ်တော်မူပါပေ၏။ ကြည့်ရန် အဓိပ္ပာယ် အနုတ္တရံပုညက္ခေတ္တ ဂုဏ်တော်သည် “ကောင်းမှုမျိုးစေ့ကို ကြဲချစိုက်ပျိုးရန် မြတ်သောလယ်ယာနှင့် တူတော်မူ၏” ဟူသော အနက်ကို ပြသည်။ [ အနုတ္တရ-မြတ်သော + ပုည-ကောင်းမှု + ခေတ္တ-လယ်ယာ ] အရိယာသံဃာတော်သည် လယ်ယာမြေကောင်းနှင့် တူ၏။ ကောင်းမှုရှင်များကား လယ်ယာရှင်နှင့် တူသည်။ ကောင်းမှုရှင်များ ပြုကြသော လှူဒါန်းမှု၊ ရဟန်းတော်များ၏ အဆုံးအမအတိုင်း သီလဆောက်တည်မှု၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုမှာ အောင်အောင်မြင်မြင် အနှစ်ပြည့်ဝသော မျိုးစေ့နှင့် တူသည်။ လယ်ယာစိုက်ပျိုးရာ၌ မြက် သစ်ပင် စသော အနှောင့်အယှက်ကင်း၍ သန့်ရှင်းသော လယ်ယာ၌ စိုက်ပျိုးသော မျိုးစေ့များသည် စည်ပင်ပြန့်ပွား ပျိုးထွားကြီးမားသကဲ့သို့ TRANG 160 ကောင်းမှုရှင်များသည် လှူဒါန်းမှု အစရှိသော မျိုးစေ့တို့ကို အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ပြီးသော အရိယာသံဃာတော်၌ စိုက်ပျိုးကြသူများသာ နောင်အခါ၌ အလွန်ကြီးမားသော အကျိုးများကို ခံစားကြရပါလိမ့်မည်။ ထို့ကြောင့် ယခုဘဝအခါ အရိယာသံဃာဟူ၍ သေသေချာချာ မထင်ရှားရကား သံဃာများနှင့် စပ်ဆိုင်သော ကထိန်သင်္ကန်းလှူဒါန်းမှု၊ နေ့စဉ်ဆွမ်းလောင်းမှုစသော ကိစ္စ၌ ပရိနိဗ္ဗာန်စံဝင်ပြီးသော သံဃာတော်များနှင့် တစ်သာသနာလုံး သံဃာတော်များကို ရည်မှန်း၍ လှူဒါန်းကြပါ။ တစ်ပါး နှစ်ပါး စသည် လှူဒါန်းရာ၌ကား သီလ, သမာဓိ, ပညာ ကောင်းစွာလုံလောက်သော ပုဂ္ဂိုလ်များကို ရွေးချယ်၍ လှူဒါန်းမှသာ အကျိုးများများ ရနိုင်ပါမည်။ ပုထုဇဉ် သူတော်ကောင်းများလည်း သောတာပန်လောက်နီးနီး ခရီးရောက်ကြပေသည်။ လာဇာနတ်သမီး ဝတ္ထု။ ။ ဘုရားလက်ထက်တော်က ဆင်းရဲသူ အမျိုးသမီးတစ်ယောက်သည် လယ်တောစောင့်ရင်း သွားရည်စာအဖြစ် စားဖို့ရာ ပေါက်ပေါက်ကလေးများကို လှော်ထား၏။ အရှင်မဟာကဿပထေရ်မြတ်လည်း နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲသူမလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံကြွတော်မူသည်။ အမျိုးသမီးကလေးသည် မိမိစားဖို့ရာ ပေါက်ပေါက်ကလေးများကို လာရောက်လှူဒါန်းပြီးလျှင် ဝမ်းမြောက်ဝမ်းသာ မိမိ၏အလှူကို အောက်မေ့လျက် လယ်စောင့်တဲသို့ အပြန်တွင် ကင်း (ကန့်သင်း) ရိုးမှ မြွေကိုက်သဖြင့် ချက်ချင်းဆုံးလေသည်။ TRANG 161 ထိုအခါ မိမိကုသိုလ်ကို ဝမ်းမြောက်သောစိတ်က စွဲနေသဖြင့် အလွန်မဆင်းရဲရဘဲ နတ်ပြည်သို့ရောက်၍ ပေါက်ပေါက်စတွေ တွဲရွဲဆွဲနေသောဘုံ၌ နတ်သမီးဖြစ်ကာ “လာဇာနတ်သမီး” ဟု ထင်ရှားလေသည်။ [ပေါက်ပေါက်ကို ပါဠိလို “လာဇာ” ဟု ခေါ်သည်။] ထို့နောက် အရှင်မဟာကဿပထေရ်ကို ကျေးဇူးတင်လှ၍ ဝတ်ကြီးဝတ်ငယ် ပြုလိုသောကြောင့် အရှင်မဟာကဿပ နေရာလိပ်ဂူသို့ ဆင်းလာသောအခါ အရှင်မဟာကဿပက အလှူအတမံမခံသဖြင့် ငိုယိုကာ နတ်ပြည်သို့အပြန်တွင် ဘုရားရှင် မြင်တော်မူ၍ တရားဟောတော်မူရာ “သောတာပန်” အဖြစ်သို့ ရောက်လေသည်။ ဤသို့လျှင် အရိယာသံဃာတော်သည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတုမရှိသော လယ်ယာမြေကောင်းနှင့် တူပါပေသည်။ [ဓမ္မပဒ အဋ္ဌကထာ၊ ပါဝင်၏] ဤဝတ္ထု၌ အနည်းငယ်သော ပေါက်ပေါက်ကလေးများကို လှူဒါန်းမှုကြောင့် နတ်စည်းစိမ်ရရုံမျှမက သောတာပန်ဖြစ်သည်တိုင်အောင် ကြီးကျယ်သော အကျိုးထူးကို ရသည်မှာ ညောင်စေ့ကလေး စိုက်ပျိုးလိုက်ရာ ညောင်ပင်ကြီးပေါက်လာသကဲ့သို့ တူသောကြောင့် “ညောင်စေ့လောက် လှူလိုက်လျှင် ညောင်ပင်ကြီးလောက် ရ၏” ဟု ပြောစမှတ်ပြုကြသည်။ TRANG 162 တိုက်တွန်းချက်။ ။ယခုကာလ မိကောင်း ဖကောင်း သားသမီးတို့မှာ ရှေးကပြုခဲ့သော အကုသိုလ်တွေရှိစေကာမူ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် (အပါယ် ၄-ပါးသို့ မချရလျှင် မနေနိုင်လောက်အောင်) ကြီးကျယ်သော အကုသိုလ်ကံများကား အကျိုးပေးသင့်သမျှ ပေးပြီးဖြစ်၍ နောက်ထပ် အကျိုးပေးဖို့ရာ အကုသိုလ်ကံကြီးများ မရှိသလောက် နည်းပါးလေပြီ။ ထို့ကြောင့် ယခုဘဝ၌ ကြီးကျယ်သော အကုသိုလ်ကံများကို နောက်ထပ်မဖြစ်ရအောင် စောင့်စည်း၍ ကြိုးကြိုးစားစား ပါရမီဖြည့်သွားလျှင် ကောင်းသော ဘဝသို့ ရောက်ဖို့ရန် မလွဲနိုင်တော့ပြီ၊ တကယ်တမ်း လိုချင်ပါမူ နိဗ္ဗာန်နှင့် နီးလှပေပြီ။ ယခုဘဝကား သေရေးရှင်ရေးထက် အရေးကြီးသော ဘဝပေတည်း၊ ယခုဘဝ၌ မေ့မေ့လျော့လျော့နှင့် ခပ်ပေါ့ပေါ့နေသွားကြလျှင် သံသရာမှ ကျွတ်လွတ်ဖို့အတွက် မျှော်လင့်ချက် ဝေးလှ၏။ ယခုဘဝ၌ အားရပါးရ ကြိုးစားကြလျှင်ကား အထက်တန်းရောက်ဖို့လည်း မခက်၊ သံသရာမှ လွတ်ဖို့လည်း မခက်တော့ပြီ။ သို့အတွက် ကိုယ်စီကိုယ်စီ စိတ်ထားမြင့်မြတ်အောင် ပြုပြင်လျက် အကုသိုလ်များကို အထူးဆင်ခြင်ကြပြီးလျှင် ပြခဲ့သောဝတ္ထုကို ထောက်ထား၍ ကုသိုလ်ကောင်းမှုကို နေ့စဉ် ကြိုးစားကြပါ။ ထိုကဲ့သို့ ကြိုးစား၍ စိတ်ကောင်းထားသူသည် ဘဝအဆက်ဆက်၌ သူတော်ကောင်းနှင့် တွေ့၍ ထိုသူတော်ကောင်းအထံမှ ကောင်းသောဩဝါဒကို ရနိုင်၏။ ထိုဩဝါဒအတိုင်း နေထိုင်လျှင် အပါယ်မကျနိုင်တော့ဘဲ ပါရမီ အဆင့်ဆင့် ရနိုင်ပါသည်။ TRANG 163 သူတော်ကောင်းဆိုသည်မှာ- (၁) ငါးပါးသီလကို လုံခြုံသူ၊ (၂) ငါးပါးသီလ၌ မပါသေးသော ဒုစရိုက်များကို ရှောင်လေ့ရှိသူ၊ (၃) ဣဿာ မစ္ဆရိယ မဖြစ်အောင် သတိထားသူ၊ (၄) ဒါနစသော ပုညကြိယဝတ္ထုကို စွမ်းနိုင်သမျှ ပြုလေ့ရှိသူသာတည်း။ သံဃာရတနာ ဂါထာဖွင့် (ကျက်မှတ်ရန်) ဝေ နဝဟိ ဂုဏေဟိ၊ လောကမိ ဝိသုတံ ဂဏံ၊ သာသနံ ဇိနစက္ကာရံ၊ ဝန္ဒာမိ တိဟိ သာဒရံ။ ဝေ နဝဟိ ဂုဏေဟိ-ဤသုပ္ပဋိပန္နတာ အစရှိသည့် ကိုးဖြာသော ဂုဏ်တော်အပေါင်းတို့ဖြင့်၊ လောကမိ-ဘဝတံဆုံးအောင်၊ ဘုံသုံးဆောင်၌၊ ဝိသုတံ-တိတ္ထိတို့ဘောင်၊ လွန်များမြောင်သည့်၊ ဟန်ဆောင်သံဃာ၊ အဖြာဖြာထက်၊ အရာရာဖြင့်၊ ဂုဏ်ရည်တင့်၍၊ ကြီးမြှင့်ထင်ရှားပေသော။ ဂဏံ-ကမ္ဘာကမ္ဘာ၊ လွန်လေပါလည်း၊ တစ်ခါတစ်ရံ၊ ကြုံရခဲကပ်၊ အမြတ်ရတနာ၊ ဤသာသနာတော်မြတ်ကြီးကို၊ စီရံတာရံ-ဘုရားလက်ထက်၊ အဆက်ဆက်မှ၊ မပျက်ရအောင်၊ ပို့ချသင်ယူ၊ ဆောင်ရွက်တော်မူလာပေသော၊ ဂဏံ-အတွင်းစိတ်ဓာတ်၊ မြင့်မြတ်ကြည်လင်၊ သူတော်စင်ကောင်း၊ အရိယာသံဃာတော်အပေါင်းကို။ တိဟိ-လက်အုပ်အဉ္စလီ၊ နှုတ်သံချိုကြည်၊ စိတ်ကြည်လင်မှု၊ သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို၊ ရိုသေခြင်းရှိသည်ဖြစ်၍၊ ဝန္ဒာမိ-နှလုံးမှန်းဆ၊ လက်အုပ်မိုး၍၊ ရှိခိုးကန်တော့ပါ၏ဘုရား။ TRANG 164 [ဂုဏ်တော် ၉-ပါးကို သံဃာ့ဂုဏ်တော်ဖွင့် အစဉ် ပြခဲ့ပြီ။] ကြည့်ရန် အဓိပ္ပာယ် တိတ္ထိတို့ဘောင်၊ ကြီးမြှင့်ထင်ရှားပေသော။ ။ဘာသာတိုင်း၌ ဘုရားအပြင် တပည့်သံဃာများလည်း ရှိကြရိုးပင် ဖြစ်ပေ၏။ တိတ္ထိတပည့်ဟူသမျှထက် ဘုရားရှင်၏ အရိယာဖြစ်ပြီးသော တပည့်သံဃာတော်များက အရာရာ၌ ဂုဏ်အရည်အချင်း သာလွန် ကျော်စောတော်မူကြပေသည်။ ရာဇဂြိုဟ် သူဌေးကြီး။ ။ဘုရားရှင် လက်ထက်တော်အခါ ရာဇဂြိုဟ်ပြည်၌ သူဌေးတစ်ဦးသည် ရေချိုးရာမှ စန္ဒကူးနံ့သာတုံးကို ရသဖြင့် သပိတ်လုပ်စေပြီးလျှင် “ယခုကာလ၌ ရဟန္တာတွေ အလွန် ပေါများနေပေသည်။ ရဟန္တာအစစ်ရှိလျှင် ဤသပိတ်ကို တန်ခိုးဖြင့် ဆောင်ယူပါလော့” ဟု ကြော်ငြာပြီးလျှင် အတောင် ၆၀-မြင့်သော ဝါးကြီးကို စိုက်ထောင်ကာ သပိတ်ကို ဆွဲထားလေသည်။ ထိုအခါ တပည့်သံဃာများနှင့်တကွ တိတ္ထိဆရာကြီးများကိုယ်တိုင် လာ၍ ဈာန်ပျံတော့မည်ဟန်ပြရာ တပည့်များက “အရှင်ဘုရား သပိတ်ကလေး တစ်လုံးအတွက် အဖိုးများစွာထိုက်သော တန်ခိုးတော်ကို ပြတော်မမူပါနှင့်ဘုရား” ဟု ဆွဲကြငင်ကြ တောင်းပန်ကြ၍ ဟန်ကိုပြလျက် ပြန်ကြလေသည်။ TRANG 165 ဤနည်းအတိုင်း ဟန်ပြလျက် အချိန်ကုန်ပြီးနောက် ၇-ရက်မြောက်၌ကား အရှင်မောဂ္ဂလာန်၏ တိုက်တွန်းချက်အရ အရှင်ပိဏ္ဍောလ မထေရ်သည် သုံးဂါဝုတ်လောက်ရှိသော ကျောက်ဖျာကြီးကို ခြေမဖြင့်တွန်း၍ ရာဇဂြိုဟ်ပြည်၏အထက် ကောင်းကင်၌ ဈာန်ပျံလေရာ တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက်ဆူကာ “အရှင်ဘုရား သတိထားတော်မူပါ၊ ကျောက်ဖျာကြီး ကျလာပါလိမ့်မည်၊ သတိထားတော်မူပါ” ဟု လက်နှစ်ဖက်ဖြင့် ဦးခေါင်းပေါ်မှာ ကွယ်ကာကြလျက် တောင်းပန်သူက တောင်းပန်၊ ဗန်း-ဆန်ကော စသည်ကို ဦးခေါင်းပေါ်တင်၍ ကာကွယ်သူက ကာကွယ်၊ အိမ်တွင်းမှာ ပုန်းသူက ပုန်းနှင့် တရုန်းရုန်း လှုပ်ရှားနေလေသည်။ [ဈာန်အဘိညာဉ်၏ တန်ခိုးသည် လေးသော အရာပေါ့၊ ပေါ့သောအရာ လေးအောင် ပြုနိုင်သည်။] ထို့နောက် အတော်ကြာအောင် လှည့်ဝဲပြီးမှ သူဌေးကြီး၏ ပင့်လျှောက်ချက်အရ ကျောက်ဖျာကြီးကို သူ့နေရာသူချ၍ ကောင်းကင်မှ ဆင်းသက်တော်မူခဲ့သည်၊ ဤသို့လျှင် ဘုရားရှင်၏ သာဝကဖြစ်သော သံဃာတော်များသည် တိတ္ထိတို့၏ ဟန်ဆောင် သံဃာများနှင့် အနေအထိုင်မှစ၍ ဂုဏ်အရည်အချင်းအားဖြင့် အရာရာကွာခြားလျက် ကြီးကျယ်ထင်ရှားပါပေသည်။ [စူဠဝဂ္ဂ ပါဠိတော်၊ ခုဒ္ဒကဝတ္ထု ခန္ဓက။] [a]Danh Dau