Trang 13 ဘာကို တန်ဖိုးထားရမလဲ ၁၃ အေးချမ်းမှု၊ လေးနက်မှု၊ မဖြစ်စေနိုင်ဘူး။ စိတ်ကို တကယ်လွတ်လပ်မှု မပေးနိုင်ဘူး။ တကယ့်သတ္တိ၊ တကယ့်အင်အားကိုလည်း မပေးနိုင်ဘူး။ ငါ သိတယ်လို့ ပြောလို့မှ မရပဲကိုး။ လူသားတစ်ယောက်ဟာ လူ့ဘဝကို ရောက်လာတဲ့အချိန်မှာ ဘဝနဲ့ပတ်သက်ပြီးတော့ တစ်ခုခုကို ငါ သိတယ်လို့ ပြောနိုင်တဲ့အဖြစ်မျိုး ရဖို့ လိုအပ်တယ်။ စိတ်ကို သိဖို့ ပိုအရေးကြီးလာပြီ ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘဝကို စုစည်းပေးတယ်။ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။ အခုခေတ်လူတွေဟာ အရင်ခေတ်လူတွေလောက် မသက်သာဘူး။ အရင်ခေတ်လူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတော့ အခက်အခဲများတယ်။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားဖို့၊ ကြည့်ဖို့၊ တကယ်သိအောင်ကြိုးစားဖို့ ပိုပြီးတော့ လိုအပ်လာပြီ။ တစ်နည်းအားဖြင့်တော့ အဲဒါပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ငယ်ငယ်တုန်းကနေခဲ့တဲ့ အသိုင်းအဝိုင်းထဲမှာ ခရစ်ယာန် ရှိတယ်၊ ဟိန္ဒူ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ ဂျူးလည်း ရှိတယ်။ တခြားတခြား ဘာသာဝင်တွေလည်း ရှိတယ်။ ရောနှောနေတာကိုး၊ စာပေတွေလည်း အမျိုးမျိုးဖတ်ဖူးတယ်။ အဲဒါကြောင့် တော်တော် စိတ်ရှုပ်ကုန်တယ်။ အဲဒီ တစ်နည်းအားဖြင့်တော့ ကောင်းတယ်လို့ ပြောရမယ်။ အဲဒီလို ရှုပ်သွားတဲ့ အခါမှာမှ တကယ့်အမှန်တရားက ဘာလဲဆိုတာ သိချင်လာတယ်။ သိအောင် လုပ်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ရအောင် ရှာခဲ့ရတာပဲ။ တကယ်သိလာတဲ့ အခါကျတော့ ဘာမှမသိပဲ အေးအေးနေခဲ့တုန်းကထက် ကိုယ့်ကိုယ်ကို ပိုပြီး ကျေနပ်မှုရတယ်။ အမှန်ကိုသိမှပဲ ကျေနပ်မှုအစစ်အမှန်ကို ရတယ်။ ဘာမှမသိပဲ ပျော်နေရုံနဲ့ ကျေနပ်မှု အစစ်အမှန်ကို မရနိုင်ဘူး။ ကျေနပ်နေတာနဲ့ ပျော်နေတာနဲ့ဟာ Trang 14 ၁၄ -ဆရာတော်ဦးဇောတိက တော်တော် ကွာတယ်နော်။ အမှန်ကို သိရလို့ ကျေနပ်နေတဲ့ခံစားမှုဟာ တည်ငြိမ်အေးဆေးမှုလည်း ရှိနေတယ်။ ခိုင်မာရင့်ကျက်မှုလည်း ရှိနေတယ်။ ပျော်တာက တည်ငြိမ်မှု မရှိဘူး၊ ခိုင်မာမှု ရင့်ကျက်မှု မရှိဘူး။ ပျော်နေတဲ့သူဟာ အဆင်မပြေတာနဲ့ တွေ့ရင် ချက်ချင်း စိတ်ညစ်သွားနိုင်တယ်။ တည်ငြိမ်အေးဆေးပြီး ခိုင်မာ ရင့်ကျက်တဲ့စိတ် ရှိတဲ့သူက အဆင်မပြေတာနဲ့ တွေ့တဲ့အခါ ခံနိုင်ရည်ပိုရှိတယ်။ အမှန်ကိုသိတဲ့သူဟာ လွတ်လပ်မှုလည်း ရှိတယ်။ အခုခေတ်လူတွေမှာ တာဝန်ပိုကြီးတယ်လို့ ပြောရမယ်။ တကယ်သိအောင် လုပ်ဖို့ရာ ပိုပြီးတော့ ကြိုးစားရတယ်။ ကိုယ့်ရဲ့အင်အားက အရင်တုန်းကတော့ ပတ်ဝန်းကျင်ကနေ ရတယ်၊ မိဘဆီက ရတယ်။ ဟို တောထဲတောင်ထဲမှာ နေတဲ့သူတွေဆိုရင် တရွာလုံးဟာ အမှန်တော့ one organism လို သဘောထား မျိုးနဲ့ နေရတာ။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆနဲ့ ကိုယ်ပိုင်လုပ်နည်းလုပ်ဟန်ကို သိပ်ပြီးတော့ ဦးစားမပေးပဲနဲ့ သူများလုပ်သလို လိုက်လုပ်ရတယ်။ သူများအပေါ်မှာ မှီပြီးမှရတဲ့ အင်အားမျိုး ဖြစ်နေတယ်။ အုပ်စုကနေရတဲ့ အင်အားပေါ့။ အခုခေတ်လူတွေက အုပ်စုကနေရတဲ့ အင်အားကို ရဖို့ ခဲယဉ်းသွားပြီ။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကိုဝင်ဖို့ မလွယ်ဘူး။ တချို့လည်း အုပ်စုနဲ့နေတဲ့သူတွေ ရှိပါသေးတယ်။ အဖွဲ့အစည်းတစ်ခုခု၊ ဘာသာရေးအသင်းအဖွဲ့တစ်ခုခု၊ အယူအဆ အတွေးအခေါ် အသင်းအဖွဲ့ တစ်ခုခုထဲမှာ ပါတဲ့လူတွေလည်း ရှိသလို၊ လူများစုကတော့ ဘယ်အုပ်စုထဲမှာမှ မပါဘူး။ သူ့စိတ်ကိုသူ တကယ်ကြည့်တဲ့အခါ ဒီဘက်အုပ်စုနဲ့လည်း သူနဲ့ မကိုက်ဘူး၊ ဟိုဘက်အုပ်စုနဲ့လည်း သူ့စိတ်နဲ့ မကိုက်ဘူး။ ဘယ်အုပ်စုထဲကိုမှ ဝင်လို့မရဘူး။ ဝင်မယ်ဆိုရင်တောင်မှ အပေါ်ယံဟန်ပြပဲ ဝင်လို့ရတယ်။ တကယ် စိတ်မပါဘူး။ အုပ်စုတစ်ခုထဲ ဝင်ထားပြီးတော့ အပေါ်ယံဟန်ပြလောက် လုပ်နေရုံနဲ့လည်း စိတ်ရဲ့ကျေနပ်မှုကို မရဘူး။ မရတော့ အခုခေတ်လူတွေဟာ သူ့ရဲ့သတ္တိ သူ့ရဲ့အင်အားကို ဘယ်ကရအောင် လုပ်ရမလဲဆိုတော့ (စဉ်းစားစမ်းပါ)။ သူ့အတွင်းကပဲ ရအောင် လုပ်ရမယ်၊ အပြင်ကနေ မရနိုင်တော့ဘူး။ Trang 15 ဘာကို တန်ဖိုးထားရမလဲ ၁၅ ရှေးခေတ်ကလူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေ ရကြတာ များတယ်။ တချို့ ရှေးခေတ်ကလူတွေ ကိုယ့်အား ကိုယ်ကိုးပြီး ဘယ်သူ့ကိုမှ မှီခိုမှုမရှိပဲ ကိုယ့်အသိဉာဏ်နဲ့ ကိုယ့်ဘဝကို နေသွားကြတဲ့လူတွေ အများကြီး ရှိခဲ့ပါတယ်။ အုပ်စုနောက်ကို လိုက်မသွားပဲနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားခဲ့တဲ့လူတွေ ရှိပါတယ်နော်။ အခုခေတ်မှာ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားဖို့ ပိုတောင် အရေးကြီးလာပြီ။ ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့သတ္တိ၊ ကိုယ့်ရဲ့ ပြတ်သားမှုဟာ၊ ကိုယ့်အတွင်းကပဲ လာမှ ရတော့တယ်။ ဒါကြောင့် အခုခေတ်လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပိုပြီးတော့ အရေးကြီးလာပြီ။ ဒါကို မလုပ်လို့ မဖြစ်တော့ဘူး။ ကိုယ့်စိတ်ကိုကိုယ် တကယ်မသိရင် ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပါရမီ၊ ကိုယ့်အထုံဝါသနာ အဲဒါတွေကို တကယ်မသိလို့ရှိရင် ယောင်လည်လည်နဲ့ မရေရာတဲ့ဘဝမှာပဲ နေသွားရင်းကနေ အဓိပ္ပာယ်မရှိပဲနဲ့ သေသွားမှာပဲ။ သေသည်အထိအောင် ကိုယ့်ဘဝကိုကိုယ် ကျေကျေနပ်နပ် နေသွားလို့ ရမှာ မဟုတ်ဘူး။ အသက် ၈ဝ နေရနေရ ၉ဝ နေရနေရ၊ မရေရာတဲ့ဘဝမှာ သေသည်အထိအောင် နေသွားရမှာပဲ။ ကိုယ့်အသိဉာဏ်က မရေရာရင် ကိုယ့်ဘဝလည်း မရေရာဘူး။ ဒါကြောင့် မရေရာမှုတွေ အင်မတန်များနေတဲ့ခေတ်မှာ ကိုယ့်မှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ပြတ်ပြတ်သားသား တန်ဖိုးထားနိုင်တဲ့ value ဆိုတာ ရှိရမယ်။ တန်ဖိုးထားမှု တစ်ခုခု ရှိရမယ်။ ခေတ်တွေ ဘယ်လို ပြောင်းသွား ပြောင်းသွား ငါ့ရဲ့ တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။ ငါ ဒါကို တန်ဖိုးထားတယ်။ နောက်ဘဝထိအောင် တန်ဖိုးထားမယ် ဆိုတာမျိုး ရှိကို ရှိမှ ဖြစ်မယ်။ ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘဝကို စုစည်းပေးတယ်။ ကိုယ့်အင်အား တွေကို စုစည်းပေးလိုက်တယ်။ ဥပမာ- နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကို ထားကြည့်မယ်ဆိုရင် အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်နော်။ တစ်နေရာထဲမှာ အလင်းရောင်တွေ လာစုတဲ့ အတွက်ကြောင့် သူ့ရဲ့အစွမ်းသတ္တိဟာ ပိုပြီးတော့ ထက်မြက်လာတယ်။ အဲသလိုပဲ တစ်ခုခုကို ကိုယ်က ပြတ်ပြတ်သားသား ရည်မှန်းချက် ထားလိုက်ပြီဆိုရင် - အဲဒီရည်မှန်းချက်က ကိုယ့်ရဲ့ စိတ်ဓာတ်အင်အား၊ Trang 16 ၁၆ ဆရာတော်ဦးဇောတိက တွေး အသိဉာဏ်အင်အားတွေကို စုပေးလိုက်တာပဲ။ အဲသလို စုလိုက်မှပဲ သူ့ရဲ့ အစွမ်းသတ္တိက ထက်မြက်လာတယ်။ ကောင်းရင် ကောင်း သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။ Emptiness and bordom have become much more serious state for many people. ဟာတာတာကြီး ဖြစ်နေတယ်။ ဘာမှ စိတ်ပါလက်ပါ လုပ်ချင်တာ မရှိဘူး။ ဘာကို လိုချင်မှန်းလည်း မသိဘူး။ ပျင်းနေတာ အခုခေတ် ပိုပြီးတော့ ဆိုးလာတယ်။ ဒါကို နားလည်ဖို့ အင်မတန် အရေးကြီးတယ်။ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ငယ်ငယ်ရွယ်ရွယ်ထဲက၊ သိတတ်တဲ့ အရွယ်ထဲက ဒီကိစ္စကို စဉ်းစားသင့်တယ်။ ငါ့ဘဝ empty ဖြစ်မနေအောင်၊ အဓိပ္ပါယ်မရှိသလို ဖြစ်မနေအောင်၊ ငါ့ရင်ထဲမှာ ဂလိုင်ကြီး ဖြစ်မနေအောင်၊ ငါ့ဦးနှောက်ထဲမှာ ဂလိုင်ကြီး ဖြစ်မနေအောင်၊ ပျင်းတယ်ဆိုတာ ငါ့ဘဝမှာ မဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို တတ်နိုင်သလောက် စောစောထဲက စဉ်းစားပြီးတော့ နည်းလမ်းရှာသင့်တယ်။ လူဟာ သူ့ဘဝမှာ သူ့စိတ်ထဲမှာ empty ဖြစ်ပြီးတော့နေတဲ့ အခြေအနေ မျိုးမှာ တာရှည်မနေနိုင်ဘူး။ ဘာကို ရည်ရွယ်ချက်ထားရမှန်း မသိ၊ ဘာလိုချင်မှန်း မသိ၊ ဘာဖြစ်ချင်မှန်း မသိ၊ ဘာကိုယုံရမှန်းလည်း မသိ၊ လုပ်ချင်တာကိုလည်း လုပ်လို့မဖြစ်၊ အဲသလိုအခြေအနေမှာ တာရှည်မနေနိုင်ဘူး။ တစ်ခုခု သေချာလာတဲ့၊ ရေရာလာတဲ့၊ တန်ဖိုးရှိလာတဲ့ အဖြစ်မျိုး၊ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး သိလာတဲ့အဖြစ်မျိုးကို ရှေ့တိုးမသွားလို့ရှိရင် သူဟာ သူ့နေရာမှာတင်သူ ရပ်နေတာ မဟုတ်တော့ဘူး။ Trang 17 ဘာကို တန်ဖိုးထားရမလဲ ၁၇ သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့ အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။ စိတ်ပျက်လာတယ်။ စိတ်ဓာတ် ကျလာတယ်။ ငြီးငွေ့လာတယ်။ ကြာလာတော့ တချို့က ကိုယ့်ဘဝကို ကိုယ် ဖျက်ဆီးတဲ့အလုပ်တွေ လုပ်လာတယ်။ အရက်တွေကို အလွန်အကျွံသောက် တာတို့၊ မူးယစ်ဆေးဝါးတွေ သုံးတာတို့၊ တချို့လည်း သူများပါ ဒုက္ခရောက်အောင် ရမ်းကားတာတွေ လုပ်လာတော့တယ်။ လူရဲ့ စိတ်ဓာတ်အင်အားတွေ အသိဉာဏ်အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊ ကောင်းတာမလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ။ လူဆိုတဲ့သတ္တဝါဟာ မကောင်း၊ မဆိုး ဆိုတာ တော်တော်ရှားတယ်။ ကောင်းရင် ကောင်း၊ မကောင်းရင်တော့ ဆိုးတော့မှာပဲ။ လူတွေရဲ့စိတ်ထဲမှာ empty ဖြစ်နေတဲ့ခံစားမှုကို ခံစားနေရတဲ့ အကြောင်းရင်းက သူတို့စိတ်ထဲမှာ သူတို့ဘဝနဲ့ပတ်သက်ပြီးတော့ တစ်ခုခု ထီထိရောက်ရောက်လုပ်ဖို့ရာ မစွမ်းနိုင်တော့ဘူးလို့ ခံစားနေရတာ။ “ ငါ့ဘဝ ကောင်းလာဖို့ ငါ ဘာမှ မတတ်နိုင်တော့ဘူး။ ငါ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ငါ့မိသားစု၊ ငါနေတဲ့ လူ့အသိုင်းအဝိုင်းကြီး ကောင်းလာဖို့ကိုလည်း ငါ့ဘက်က ဘာမှ ထိထိရောက်ရောက် မတတ်နိုင်ဘူး ” လို့ ခံစားနေရတာ၊ အဲသလို ခံစားနေရတဲ့၊ အဲသလို powerless ဖြစ်တဲ့ စိတ်ကြောင့်လည်းပဲ စိတ်ထဲမှာ empty ဖြစ်သွားတယ်။ ဘာလုပ်ရမှန်း မသိတာလည်း ပါသလို၊ မလုပ်နိုင်ပါဘူး၊ မတတ်နိုင် ပါဘူး၊ မစွမ်းနိုင်ပါဘူးလို့ အဲသလို ခံစားနေရတာလည်း ပါနေတယ်။ အဲဒါကြောင့်လည်းပဲ စိတ်ထဲမှာ empty ဖြစ်လာတယ်။ ဒီအချက်ကလည်းပဲ ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်ဘူး။ တာရှည် ဒီလို ခံစားနေရရင် မကောင်းဘူး။ Trang 18 ၁၈ ဆရာတော်ဦးဇောတိက အစွမ်းအစ ပိုရှိတဲ့သူတွေ ဖြစ်လာအောင် လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့ စေတနာပေါ်မှာအခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေ များများလုပ်နိုင်ဖို့ လိုတယ်။ ဒါကြောင့် လူတွေမှာ ကိုယ့်အကျိုးကိုလည်းကိုယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူတွေဖြစ်လာအောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုတယ်။ ငယ်ငယ်လေးထဲက သိသင့်သိထိုက်တာတွေကို သိအောင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ဖြည့်ဆည်းပေးရမယ်။ ဘဝနဲ့ပတ်သက်ပြီးတော့၊ လောကနဲ့ ပတ်သက်ပြီးတော့၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ အရည်အချင်း များများ ရှိလာအောင် အကူအညီပေးရမယ်၊ အထောက်အပံ့ ပေးရမယ်၊ စားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ အလုပ်ကို နားလည်အောင်၊ လုပ်တတ် အောင်၊ သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်၊ လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။ လူဟာ များများ သိလာတယ်၊ များများ တတ်လာတယ်၊ များများ လုပ်နိုင်လာတယ်ဆိုရင်၊ “ငါဟာ စွမ်းနိုင်တယ်” ဆိုတဲ့ ခံစားမှုကို ရတယ်၊ သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်။ ပြီးတော့ တကယ်လုပ်တဲ့အခါမှာ လည်းပဲ ရှာနိုင်တယ်၊ ဖွေနိုင်တယ်၊ စားနိုင်တယ်၊ သောက်နိုင်တယ်၊ ထောက်ပံ့နိုင်တယ်၊ လေ့လာနိုင်တယ်၊ ဖတ်နိုင်တယ်၊ သိနိုင်တယ်၊ သုတေသနတွေ လုပ်နိုင်တယ်၊ တီထွင်ကြံဆနိုင်တယ်ဆိုရင် သူ့ကိုယ်သူ ယုံကြည်မှု အများကြီး တက်လာနေပြီ။ ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊ အများအကျိုး ကိုလည်း ဆောင်ရွက်နိုင်တယ်ဆိုရင် အဲဒီလူဟာ သူ့ဘဝကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့် လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင် စည်းရုံး ပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့ လိုတယ်။ လူတွေရဲ့ အစွမ်းအစ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင်၊ အသိဉာဏ် ပညာတွေ စိတ်ထားတွေ နိမ့်ကျသွားရင် လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ Trang 19 ဘာကို တန်ဖိုးထားရမလဲ ၁၉ ဒါကြောင့် လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့ အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေ များများလုပ်နိုင်ဖို့ လိုတယ်။ အဲဒါမှ အားလုံးအတွက် ကောင်းမယ်၊ ဒါမှ လူ့အသိုင်းအဝိုင်းကြီးဟာ နေရတာ စိတ်အေးချမ်းမှု ရမယ်၊ စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်၊ ပျော်စရာ အင်မတန် ကောင်းမယ်။ အဲသလို အသိုင်းအဝိုင်းထဲမှာဆိုရင် စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျ တယ်၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘာမှမတတ်နိုင်တော့ပါဘူးဆိုတဲ့ ခံစားမှုမျိုးက အင်မတန် နည်းသွားမယ်။ ဒါကြောင့် လူ့အသိုင်းအဝိုင်းကြီး ကောင်းလာဖို့မှာ အခြေခံ အရေးကြီးဆုံး အချက်တွေက ဘာလဲဆိုတာကို သေသေချာချာ နားလည်ဖို့ လိုတယ်။ စိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံနဲ့ လူ့အသိုင်းအဝိုင်းကြီး ကောင်းလာတယ်လို့ ပြောလို့မရဘူး။ အခုခေတ်(အနောက်နိုင်ငံမှာ) အဲသလို စိတ်ရောဂါအမျိုးမျိုး ဖြစ်နေတဲ့ သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေ ကြာလေ များလေ ဖြစ်လာနေတယ်။ ပျင်းတယ် ငြီးငွေ့တယ်ဆိုတာ ကြာလေ ပြဿနာကြီးလေ ဖြစ်လာနေတယ်။ ဘာကိုမှ တန်ဖိုးထားလို့ မရတော့ဘူးဆိုတဲ့စိတ်မျိုး ဖြစ်လာတဲ့သူတွေက ကြာလေ များလေ ဖြစ်လာနေတယ်။ ဒါကြောင့် စားဝတ်နေရေးဘက်က ပြည့်စုံဖို့ ဖူလုံဖို့ လိုတယ်၊ ကိုယ့်ဘဝမှာ ကိုယ့်ဘဝရပ်တည်ရေးအတွက် လိုအပ်တဲ့ အဝတ်အထည်တွေ ဆေးဝါးတွေ တခြားအသုံးအဆောင်ပစ္စည်းတွေ ရှိဖို့လိုတယ်။ ဒါပေမယ့် ဒါလောက်နဲ့ မပြည့်စုံသေးဘူး။ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီး အရေးကြီးတယ်။ ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲတွေက ဘာတွေဖြစ်လာမလဲ ဆိုတာကို သေသေချာချာ စဉ်းစားမှ ကောင်းမယ်နော်။ ဘာမှ အဓိပ္ပာယ် မရှိသလို၊ ဘာကိုမှ တန်ဖိုးထားလို့မရသလို ခံစားနေရတဲ့ အခြေအနေဟာ အင်မတန် ကြောက်စရာကောင်းတယ်။ ငါ ဘာမှ မတတ်နိုင်တော့ပါဘူးလို့ တွေးမိတဲ့၊ ခံစားမိတဲ့ စိတ်မျိုး ဖြစ်တာလည်း အင်မတန် ကြောက်စရာကောင်းတယ်နော်။ အနှေးနဲ့အမြန် အဲဒီလူတွေဟာ သောကတွေ စိုးရိမ်စိတ်တွေ များလာပြီးတော့၊ Trang 20 ၂၀ ဆရာတော်ဦးဇောတိက ကြောက်စိတ်တွေ အင်မတန်များလာပြီးတော့ စိတ်ဓာတ်ကျလာတယ်။ အဲသလို စိတ်ထဲမှာ စိုးရိမ်သောကတွေ အင်မတန် များပြီးတော့ ဘာလုပ်ရမှန်းမသိပဲနဲ့ လက်မှိုင်ချတဲ့အဆင့်ကို ရောက်သွားတာကို မပြုပြင်လို့ ရှိရင် ဘဝဆိုတာ ဘာမှမထူးပါဘူး၊ နေလည်း မထူး၊ သေလည်းမထူးဆိုတဲ့ အတွေးမျိုးတွေ တွေးလာပြီးတော့ သူ့မှာရှိနေတဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်နိုင်တဲ့ လုပ်နိုင်တဲ့ ပါရမီတွေ အသိဉာဏ်တွေ စိတ်ထားတွေကို ဖျက်ဆီး ပစ်လိုက်နိုင်တယ်။ ဒီလူဟာ ဘာမှ ကောင်းတာ မလုပ်နိုင်တော့ဘူး။ အဆင့်မီတဲ့လူ အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို ကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေနဲ့ အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အကောင်းဆုံးကို အားသွန်ပြီးတော့ လုပ်နေမှသာ - အဲဒီလူက လူပီသတယ်။ လူဆိုတာ အင်မတန်မြင့်မြတ်တဲ့ သတ္တဝါနော်။ အင်မတန် အဆင့်မြင့်တဲ့ အင်မတန်မြင့်မြတ်တဲ့ အသိဉာဏ်ထူးတွေကို ရနိုင်တဲ့ သတ္တဝါဖြစ်တယ်။ ဒါပေမယ့် စိတ်ထဲမှာ empty ဖြစ်ပြီးတော့ powerless ဖြစ်တာ ကြာသွားလို့ရှိရင် အဲဒီလို မြင့်မြတ်တာတွေကို တစ်ခုမှ မရနိုင်တော့ဘူး။ သူဟာ အဆင့်မီတဲ့လူလို့တောင် တကယ်တော့ ပြောလို့ မရတော့ဘူး။ ပေမမီတဲ့လူ ဖြစ်သွားမယ်။ သူ ထွားနိုင်သလောက် မထွားတော့ဘူး။ သူ့စိတ်က လူစဉ်မမီတော့ဘူး။ အာဟာရချို့တဲ့ရင် ခန္ဓာကိုယ် ထွားသင့်သလောက် မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွား Trang 21 ဘာကို တန်ဖိုးထားရမလဲ ၂၁ နိုင်တော့ဘူး။ စိတ် လူစဉ်မမီတော့ဘူး။ စိတ်အား နဲနေမယ်၊ စိတ်ဓာတ်ကျ နေမယ်။ အဲဒီလိုစိတ်မျိုးတွေ အားကြီးလာရင် လူစဉ် မမီတဲ့သူ ဖြစ်သွားပြီ။ သူ့ဉာဏ်နဲ့သူ ဘာမှ မစဉ်းစားတော့ဘူး၊ မဆုံးဖြတ်တော့ဘူး။ ‘ဘာလုပ်ရမယ် ဆိုတာ ပြောပါ၊ ပြောတဲ့အတိုင်း လုပ်ပါ့မယ်’ ဆိုတဲ့လူ ဖြစ်သွားရော။ ခလုတ်နှိပ်လိုက်ရင် နှိပ်တဲ့အတိုင်းလုပ်တဲ့ စက်ရုပ် ဖြစ်သွားရော။ အဲဒီလိုလူတွေ များလာရင် လူ့အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်တော့ဘူး။ အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို ကိုယ်သိထားတဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီးတော့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေနဲ့ အကောင်းဆုံး အသိဉာဏ်တွေကို ထုတ်ပြီးတော့ ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အကောင်းဆုံးကို အားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။ အဲဒီလိုလူဟာ လောကကို အကျိုးပြုတယ်။ ကိုယ်ပိုင် ဉာဏ်လည်း မရှိတော့ဘူး၊ ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ ခိုင်းတာကို လုပ်တဲ့လူတွေ များလာရင် လူ့အသိုင်းအဝိုင်းဟာ မတိုးတက်တော့ဘူး။ လောကကို အကျိုးပြုတဲ့လူတွေ များများ ဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ ဒါ့ကြောင့် အကောင်းဆုံးစိတ်ထား တွေနဲ့ အကောင်းဆုံးအရည်အချင်းတွေကို အများဆုံး ထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရင် ရမလဲ ဆိုတာကို ပညာရေးရှုထောင့်ကနေလည်း ကြည့်ရမယ်၊ ဘာသာရေး ရှုထောင့်ကလည်း ကြည့်ရမယ်။ စီးပွားရေးမှာတောင်မှ လူတွေရဲ့ အသိဉာဏ်နဲ့စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါ ထည့်စဉ်းစားတဲ့ စီးပွားရေးပဲ ဖြစ်ရမယ်။ ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေ များများဖြစ်လာအောင် စဉ်းစားပေးရမယ်။ ခိုင်းမှ လုပ်တဲ့သူ၊ “ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစားစားလေး ကောင်းအောင် လုပ်လိုက်ပါ” ဆိုရင် မလုပ်တတ်တော့တဲ့သူတွေ များနေရင် လူ့အသိုင်းအဝိုင်းကြီးက မတိုးတက်နိုင်ဘူး။ Trang 22 ၂၂ ဆရာတော်ဦးဇောတိက စိတ်ပိုင်းဆိုင်ရာ ပေးစရာ ဘာမှလည်း ပိုင်ပိုင်နိုင်နိုင် မသိဘူး၊ ဘာယုံကြည်ချက်မှလည်း မရှိဘူး၊ ဘာခံယူချက်မှလည်း မရှိဘူး၊ ဘာကိုမှလည်း တကယ် တန်ဖိုးမထားဘူး၊ ဒါကြောင့် စိတ်ထဲမှာ empty ဖြစ်နေတဲ့လူဟာ သူက နောက်တစ်ယောက်ကို ဘာပေးမှာလဲ။ နောက်တစ်ခု အခုခေတ်လူတွေမှာ ခံစားနေရတာက အဖော် မရှိတာ။ လူတွေအများကြီးရှိပေမဲ့ အဖော်မရှိသလိုပဲ ခံစားနေရတယ်။ သူမှာ “ငါ့အသိုင်းအဝိုင်း၊ ငါ့နေရာ၊ ငါနဲ့ဆိုင်တယ်၊ ငါ အရေးပါတယ်၊ ငါ အရာရောက်တယ်၊ ငါ့ကို အသိအမှတ်ပြုတယ်၊ ငါ့ကို နေရာပေးတယ်” ဆိုတဲ့ ခံစားမှုမျိုး မရှိဘူး။ “ငါ့ကို ဘယ်သူမှ အသိအမှတ်မပြုဘူး၊ ငါ့ကို ဘယ်သူမှလည်း မသိဘူး၊ ငါ့မှာ နေရာမရှိဘူး၊ ငါဟာ လူ့အသိုင်းအဝိုင်းကြီးရဲ့ အပြင်ဘက်ကို ရောက်နေတဲ့သူပဲ” ဆိုတဲ့ ခံစားမှုမျိုး ဖြစ်နေရတယ်။ မိသားစုထဲမှာ နေတာတောင်မှ မိသားစုထဲမှာ တကယ်ပါဝင်နေတဲ့ လူတစ်ယောက်လို့ မခံစားရပဲ အပြင်ဘက်ကလူတစ်ယောက်လို ခံစားနေရတယ်။ (ကိုယ့်ကိုယ်ကို outsider တစ်ယောက်လို့ ခံစားရတယ်။) ဘာနဲ့မှ ဆက်စပ်မှု မရှိဘူး။ ဘယ်သူနဲ့မှ အဆက်စပ်မရှိဘူး။ လူ့အသိုင်းအဝိုင်းနဲ့ ကင်းကွာနေတယ်။ အဓိပ္ပာယ်မဲ့နေသလို ခံစားနေရတာနဲ့ အဖော်မဲ့နေသလို ခံစားနေရတာဟာ တွဲနေတယ်။ empty ဖြစ်တာနဲ့ lonely ဖြစ်တာ အတူတူတွဲပြီးတော့ သွားနေတယ်။ empty မဖြစ်ရင် lonely မဖြစ်ဘူးလို့ ဆိုလိုတာပဲ။ ဘာဖြစ်လို့ သူတို့နှစ်ခု အတူတူ ဖြစ်တာလဲဆိုတာ တော်တော်ကို နက်နက်နဲနဲ နားလည်ဖို့လိုတယ်။ ကိုယ့်စရိုက်ဝါသနာပါရမီနဲ့ ကိုက်တာကို လုပ်နေတဲ့လူ၊ ကိုယ့်ကိုယ်ပိုင် ဉာဏ်နဲ့ နေတဲ့လူ၊ လုပ်နေတဲ့လူဟာ empty ဖြစ်တဲ့ ခံစားမှုနဲတယ်။ ကိုယ် ဘာကို တန်ဖိုးထားတယ်ဆိုတာ တကယ် သိနေတဲ့လူဟာ empty ခံစားမှုမျိုး နဲသွားတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာလည်း အဲဒီလို ပင်ကိုယ်စိတ်ရှိတဲ့လူ၊ (သူမှာ ကိုယ်ပိုင်ဉာဏ်ရှိတယ်၊ ကိုယ်ပိုင်ခံယူချက်ရှိတယ်၊