==Start of OCR for page 116== ၁၁၆ ရုပ်ပုံ ရှင်ကျင့်ဝတ် ပုဗ္ဗော – အနာဖြစ်သော် သွေးပုပ်ပေါ်၍ ရွက်ရော်ဆင်းရောင် ပုပ်ဟောင်နံညှီ ပြည်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။ လောဟိတံ – ချိပ်ရည်ပြစ်ဆင်း တစလယ်ขင်းမျှ ရင်တွင်း အဆုတ်ညှိုနှလုံးတိုထက် တစက်စက်ကျ အသဲမှလျှင် အောက်တွင်ပြည့်စေ စုတည်နေသော သန္နိစိတသွေး, ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးအနှံ့ ရောက် အကြောလျှောက်သော သံသရဏ သွေး သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။ သေဒေါ- မီးပူ နေပူ ဥတုပူမှ စ၍အလီလီ ပူမညီ၍ နှမ်းဆီ အဆင်း ဆံမွေးတွင်းမှ ယိုဆင်း သက်လျှော ချွေး ပုပ်ကဲ့သို့ အစာအိမ်အတွင်းမှ အပုပ်နံ့သည် အပြင်သို့ ထွက် လာ၏။ ထို သလိပ်တွေ များနေပြန်လျှင်လည်း အစာအိမ် အတွင်း၌ အပုပ်နံ့သည်(ကျင်ကြီးขွက်ကို ပိတ်ထားသကဲ့သို့) ဖြစ်၏။ ပြည်။ ။ပုပ်သောသွေးကိုပင်“ပြည်”ဟု ขေါ်ရ၏၊အဆင်းမှာ ဖက်ရွက်ရော်(ဖြူဝါ)အဆင်း ရှိ၏၊ သူသေကောင်၌ ရှိသော ပြည်ကား ပြစ်ခဲပုပ်နေသော ထမင်းရည်နှင့်တူ၏။ သွေး။ ။စုနေသောသွေး, သွားနေသောသွေးဟု ၂-မျိုး ရှိ၏၊ စုနေသောသွေးသည် ကျက်၍ ပြစ်နေသောချိပ်ရည် ==End of OCR for page 116== ==Start of OCR for page 117== ကမ္မဋ္ဌာန်းဘာဝနာ သင်ပြขဏ်း ၁၁၇ မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။ မေဒေါ – ထက်ขြမ်းခွဲသည့် နနွင်းခဲအတူ ဝဖြိုးသူအား အရေ အသား၏ အကြားတိုင်းသာ ပိန်သူမှာမူ များရာ အသား အရေကြားတည် အဆီခဲမည်သော ကော- ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။ အဆင်း ရှိ၏၊ သွားနေသောသွေးကား ကြည်သော(ကျဲသော) ချိပ်ရည်အဆင်း ရှိ၏၊ ဤသွားနေသောသွေးသည် သွေးကြော များကို အစဉ်လျှောက်၍ တကိုယ်လုံး၌ ပြန့်နှံ့တည်နေ၏၊ စုနေသောသွေးကား အသဲ၏အောက်ပိုင်းကို ပြန့်နှံ့လျက် နှလုံးအညိုအဆုတ်တို့၏အထက်၌ တည်၏၊ တစလယ်လောက် ရှိ၏၊ ထိုအသဲ၏ အောက်ပိုင်းနှင့် နှလုံးအညို အဆုတ်တို့ကို အမြဲစိုအောင် တစက်စက် ယိုကျနေ၏၊ အညိုနှလုံးစသည် တို့ကို မစိုစေလျှင် သတ္တဝါတိုင်းပင် ရေဆာတတ်လေသည်။ ขျွေး။ ။ขန္ဓာကိုယ်၌ သွေးသည် အမြဲတည်ရှိသကဲ့သို့“ขျွေး” ขေါ်သော ကောဋ္ဌာသသည် အမြဲတည်ရှိသည် မဟုတ်၊ မီးပူ နေပူ နွေအခါ ဥတုအပူဓာတ်တို့ကြောင့် ขန္ဓာ ကိုယ်ပူအိုက်သောအခါ အပူငွေ့မှ အရည်ဓာတ်သို့ ပြောင်း ==End of OCR for page 117== ==Start of OCR for page 118== ၁၁ဂ ရုပ်ပုံ ရှင်ကျင့်ဝတ် အဿု – မီးခိုးမြူဝင် ရှယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ขျွေးသို့ အဆင်း မျက်စိတွင်းတည် မျက်ရည်မည်သော ကော- ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။ လျက် မွေးညှင်းပေါက် ဆံပင်ပေါက်တို့မှ ထွက်လာသော အာပေါဓာတ် (အရည်) တမျိုးကို “ သေဒ=ขျွေး” ဟု ขေါ် သည်၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏။ အဆီขဲ။ ။ပြစ်ขျွဲနေသော အဆီကိုပင် “အဆီขဲ” ဟု ขေါ်၏၊ အဆင်းအားဖြင့် နနွင်းတက်ကို ขွဲขြမ်း လိုက်သောအခါ အထဲက နနွင်းကဲ့သို့ ဝါဝင်းသော အဆင်း ရှိ၏၊ ဝဖြိုးသူတို့၏ တကိုယ်လုံးဝယ် `အရေและအသားတို့၏ အကြားတိုင်းမှာ တည်ရှိသည်၊ ဝါသော ပိုးသားပုဆိုးလွှာ ကလေးနှင့် တူ၏၊ ပိန်သူတို့၌ကား ခြေသလုံးသား ပေါင်သား ကျောက်ကုန်းသား ဝမ်းပြင်းသား စသော အသားများရာကို မှီ၍ ( ၂-ထပ် ၃-ထပ် ขေါက်အပ်သော ပိုးပုဆိုးဝါကလေး ကဲ့သို့) တည်၏။ မျက်ရည်။ ။မျက်စိ တို့မှ ယိုစီးသော အရည် တမျိုးကို “ မျက်ရည်” ဟု ขေါ်၏၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏၊ သည်းခြေအိမ်၌ သည်းခြေသည် အမြဲတည်ရှိသကဲ့သို့ ထိုအတူ ဤ မျက်ရည် သည် အမြဲတည်ရှိသည် မဟုတ်၊ အလွန်ဝမ်းမြောက်၍ အကြီး ==End of OCR for page 118== ==Start of OCR for page 119== ကမ္မဋ္ဌာန်းဘာဝနာ သင်ပြขဏ်း ၁၁၉ ဝသာ - မီးပူနေပူ ဥတုပူမှ စ၍ အလီလီ ပူမညီ၍ အုန်းဆီ ဆင်းနေ လက်ခြေနှာစွန်း ပုขုံးစွန်းမှီ ဆီကြည် မည် သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။ အကျယ် ရှယ်သောအခါ အလွန်စိတ်မချမ်းသာ၍ ငိုသော အခါ ငရုပ်သီး စသည်ကို စားသောအခါ မျက်လုံး၌ မီးခိုး မြူမှုန် စသည်တို့ ထိขိုက်မိသောအခါတို့၌ ထို အလွန်ဝမ်း မြောက်ခြင်း အလွန်စိတ်မขျမ်းသာခြင်း စသော အကြောင်း ကြောင့် မျက်လုံးအိမ်တွင်း၌ ပြည့်၍သော်လည်း တည်နေ၏၊ ယိုစီးသော်လည်း ယိုစီး၏။ [မျက်ရည်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုသော ပုဂ္ဂိုလ်သည် မျက်လုံးတည်ရာ တွင်းငယ်၌ ပြည့်နေ သော မျက်ရည်ကိုမှန်း၍ ရှုရသည်။] ဆီကြည်။ ။“မေဒေါ=အဆီขဲ”ဟုရှိခဲ့သောကြောင့် ဝသာ ကို “ဆီကြည်”ဟု ขေါ်ကြသည်၊ အဆင်း အားဖြင့် အုန်းဆီ အဆင်းရှိ၏၊ များသောအားဖြင့် လက်ဖဝါး ခြေဖဝါး လက်ဖမိုး ခြေဖမိုး နှာขေါင်းဘု နဖူး ပုขုံးစွန်းတို့၌ တည်၏၊ “ဆီကြည်”ဟု ဆိုသော်လည်း အမြဲ ကြည်နေသည် မဟုတ်၊မီးပူ နေပူ နွေပူစသည်တို့နှင့် ကြုံကြိုက်သောအခါကျမှ အကြည်ရှည် ဖြစ်လာသည်၊ ထိုအခါဝယ် ထိုဆီကြည်သည် လက်ဖဝါးစသော အရပ်တို့၌ ပြန့်နှံ့နေ၏၊ မီးပူ စသည်တို့နှင့် မကြုံကြိုက်ဘဲ နဂိုရ်အတိုင်း အားဖြင့်ကား ဆောင်းအခါ အုန်းဆီขဲကလေးကဲ့သို့ ပြစ်ขျွဲ ขဲနေသည်၊ နှာขေါင်းဘုကို ==End of OCR for page 119== ==Start of OCR for page 120== ၁၂ဝ ရုပ်ပုံ ရှင်ကျင့်ဝတ် ขေဠော-ขျဉ်ငန်စပ်ขါး အရသာများကို စားသော်မြင်သော် အကြံပေါ်၍ နာသော်နှလုံး ရွှံမုန်းမယွင်း ရေမြှုပ် ဆင်းသို့ လျှာရင်းပြစ်ขျွဲ လျှာဖျားကျဲကြည် လျှာရည် ဖြစ်သော တံထွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။ ဖျစ်ညှစ်ကြည့်သောအခါ ထို အဆီပြစ်ကလေးများ ထွက်လာ တတ်ပါသည်။ တံထွေး။ ။ပါးစပ်အတွင်း၌ အမြှုပ်ကလေးများ တနေ သော အရည်တမျိုးကို “တံထွေး”ဟု ขေါ်၏၊ အဆင်း ဖြူ၏၊ ရေမြှုပ်သဏ္ဌာန် ရှိ၏၊ တည်ရာအားဖြင့် ပါးစောင် ၂-ဘက်တို့မှ လျှောသက်၍ လျှာပေါ်၌ တည်၏။ ဤတံထွေးသည် အမြဲ တည်ရှိနေသည် မဟုတ်၊ အขျဉ် အขါး စသော သွားရည် ယိုလောက်သော အစာကို ขံတွင်း၌ ထား သောအခါ အขျဉ် စသည်ကို မြင်သောအခါ အမှတ် ရသော အခါတို့၌သာ ပါးစောင် ၂-ဘက်မှ လျှောသက်၍ လျှာ၌ တည် လာသည်၊ ဝမ်းတွင်း နှလုံးမကောင်းသောအခါ ရွှံဘွယ်ရာ ဝတ္ถုကို မြင်၍ စက်ဆုပ် ရွှံရှာခြင်း ဖြစ်သောအခါ၌လည်း တံထွေး ဖြစ်လာတတ်၏၊ ขဲဘွယ် ဘောဇဉ်ကို စားသောအခါ ၌ကား (မြစ်ကမ်းပါး၌ လက်ယက်တွင်းကလေးဝယ် ရေ မကုန် နိုင်သကဲ့သို့) ထိုတံထွေးသည် မကုန်နိုင်ဘဲ အစားအစာများကို စုံစေနိုင်သောအစွမ်း ရှိလေသည်။ ==End of OCR for page 120== ==Start of OCR for page 121== ကမ္မဋ္ဌာန်းဘာဝနာ သင်ပြขဏ်း ၁၂၁ သိင်္ဃာဏိကာ-ငရုပ်စသည် စားမိသည့်နှင့် တလီငိုငြား ဓာတ် ขျောက်ขျား၍ ထက်ဖျားဦးနှောက် အရည် ဖောက် လျက် ဦးขေါင်းထက်မှ ဆင်းသက် အာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဘု နှပ်အစု သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။ လသိကာ-တရာ့ရှစ်ဆယ် ကိုယ်ဝယ် အောက်ထက် အရိုး ဆက်တည် နယ်ဆီအတု ပြစ်ขျွဲသောအစေးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။ နှပ်။ ။ ဦးနှောက်မှ ယိုစီးလာသော မသန့်ရှင်းသောအရည် အရွှဲကို “နှပ်”ဟု ขေါ်၏၊ ဤနှပ်သည်လည်း အမြဲ တည်ရှိသော ကောဋ္ဌာသ မဟုတ်၊ ငိုသောအခါဖြစ်စေ မသင့် သောအစာ မသင့်သော ဥတုကြောင့် ဓာတ် ၄-ပါးတို့ ขျောက်ขျား ပျက်ပြားသောအခါဖြစ်စေ ဦးขေါင်း အတွင်းမှ ဦးနှောက်သည် သလိပ်ပုပ်အဖြစ်ဖြင့် ယိုစီးကာ အာขေါင် အထက်ပေါက်မှ နှာขေါင်းသို့ သက်လျှော၍ နှာขေါင်းဘု၌ တန့်ရပ်၍သော်လည်း နေ၏။နှာขေါင်းဘုမှ ယိုစီး၍သော်လည်း ကျလာ၏၊ ထိုနှပ်ကို ကမ္မဋ္ဌာန်းရှုသူကား နှာขေါင်းဘု၌ ပြည့် နေသောနှပ်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုရသည်။ လသိကာ။ ။တရာ့ရှစ်ဆယ်သော အရိုးတို့၏ တခုနှင့် တခု အဆက်အစပ်၌ ခြေနယ်ဆီကဲ့သို့ တည်ရှိသော အစေးတမျိုးတည်း၊ အဆင်းအားဖြင့် မဟာလှေကားပန်း၏ ==End of OCR for page 121== ==Start of OCR for page 122== JJ ရုပ်ပုံ ရှင်ကျင့်ဝတ် မုတ္တံ’စားသောက်သမျှ အာဟာရမှ ရသည့်မသွေ အရေတขျို ဆီးအိမ်သို့လျှင် ” စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။ အစေးနှင့်တူသော အဆင်းရှိ၏၊ ထို အစေးနည်းပါးနေသူမှာ ထလိုက် ထိုင်လိုက်သောအခါ သွားလာသောအခါ ကွေးလိုက် ဆန့်လိုက်သောအခါတို့၌ အရိုးအဆက်တို့သည်(လက်ขျောင်း ကို ขျိုးသောအခါ မြည်သော အသံမျိုးကဲ့သို့) အသံမြည်၏။ ထိုအစေးနည်းသူသည် ဝါယောဓာတ်ပျက်လွယ်သောကြောင့် ขရီးများများ သွားရလျှင် ပင်ပန်း၏၊ ထို အစေး များသူမှာ ကား ထလိုက် ထိုင်လိုက်သောအခါ စသည်၌ အသံလည်း မမြည်၊ ဝါယောဓာတ် မပျက်လွယ်သောကြောင့် ขရီးရှည် သွားသော်လည်း မပင်ပန်း။ ကျင်ငယ်။ ။စည်ပေါင်း(ဆီးအိမ်)၏ အတွင်း၌ တည်သော အာပေါဓာတ်ကို “ကျင်ငယ်” ဟု ขေါ်သည်၊ [မစင်ကို “ကျင်ကြီး”ဟု ขေါ်သောကြောင့် ဤ အရည်ကို “ကျင်ငယ်”ဟု ขေါ်သည်၊] ဆီးအိမ်မှာ ဝင်စရာအပေါက် မရှိ၊ ขွက်ဆေးရည်စသည်ကို သွန်ထား၍ ဗွက်ဖြစ်နေသော တံစည်း အိုင်၌ အပေါက်မရှိသော အိုးငယ်တလုံးကို ขျထားသောအခါ ထိုအိုးငယ်အတွင်းသို့ တံစည်းဗွက်ရေသည် စိမ့်ဝင်သကဲ့သို့ ထိုအတူ ขန္ဓာကိုယ်၌ရှိသော (စားသောက်သမျှ အစာမှ) အရည်တขျို သည် ထို ဆီးအိမ်တွင်းသို့ စိမ့်၍ ဝင်ရ၏၊ ထို ဆီးအိမ်၌ ဆီးပြည့်လာသောအခါ ကျင်ငယ် စွန့်ขျင်စိတ် ဖြစ် ==End of OCR for page 122== ==Start of OCR for page 123== ကမ္မဋ္ဌာန်းဘာဝနာ သင်ပြขဏ်း OJP တိုက်တွန်းขျက်။ ။ဤ အနက်ကို ကြေအောင် ကျက်ပါ၊ ထိုသို့ ကြေနေမှသာ ဝမ်းတွင်း၌ရှိသော ကောဋ္ဌာသတို့ စိတ်ထဲ၌ ထင်လာနိုင်မည်၊ ဥပမာ - ဤအနက် ကို မကြေလျှင် “အဋ္ဌိမိဉ္စ-ရိုးတွင်းขြင်ဆီ” ဆိုတာ ဘာဆိုမှန်း မသိဘဲ, “ဝက္ကံ- အညှို” ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိဘဲ နေလိမ့်မည်၊ ထိုကြောင့် ဤအနက်မြန်မာပြန်အတိုင်း စဉ်းစား ၍ ကြည့်ဘို့ရန် ဤ အနက်မြန်မာပြန်ကို အစွမ်းကုန် ကြေနေ အောင် ကျက်ပါလေ။ အားထုတ်နည်း။ ။ဤ ကမ္မဋ္ဌာန်း အားထုတ်နည်းကို ဝိသုဒ္ဓိ မဂ်၌ ဈာန်ရသည်အထိ အကျယ်ညွှန်ပြ ထားသည်၊ သျှိသော် သာသနာတော်၌ မွေ့လျော်ခြင်း, လောကီအာရုံ ကာမဂုဏ်အတွက် လှုပ်လှက်စိတ် မရှိခြင်း, ပစ္စည်း လာဘ်လာဘကို မငဲ့ကွက်ခြင်း, ဂုဏ် ပကာသနကို မတောင့်တခြင်း, နေရာတိုင်းမှာ ဣန္ဒြေသိက္ခာရှိသော ရဟန်း သာမဏေတပါး ဖြစ်ခြင်း တည်းဟူသော သာသနာတော်၏ အခြေခံအကျိုးကို မြှော်၍ ဤကမ္မဋ္ဌာန်းကို ဤရှင်ကျင့်ဝတ်၌ ထည့်သွင်းခြင်း ဖြစ်သောကြောင့် ထိုအကျိုးများ ရလောက် သော အစီအစဉ်မျှကိုသာ အကျဉ်းညွှန်ပြပါမည်။ ၁။ နှုတ်ရွှတ်။ ။ဤ ကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ် သည် ရှေးဦးစွာ “ကေသာ လောမာ နขါ ဒန္တာ တစော”စသည်ဖြင့် ပါဠိလိုဖြစ်စေ- “ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား, အရေ” စသည်ဖြင့် မြန်မာလို ပေါ်လာသည်၊ ထို့ကြောင့် ထိုဆီးအိမ်၌ ဝင်ပေါက်မရှိသော် လည်း အောက်မှ ထွက်ပေါက်ကား ထင်ရှားရှိပေသည်။ ==End of OCR for page 123== ==Start of OCR for page 124== ола ရုပ်ပုံ ရှင်ကျင့်ဝတ် ဖြစ်စေ နှုတ်ဖြင့် ရွှတ်ဆိုနိုင်ပါသည်။ [မြန်မာလူမျိုးအတွက် မြန်မာလို ရွှတ်ခြင်းက သာ၍ ထင်ရှားပါသည်။] အမှာ။ ။ဤသို့ ရွတ်ဆိုရာ၌ “ဆံပင်”ဟု ရှုတ်သည်နှင့်တပြိုင် နက် စိတ်ကလည်း ဆံပင်မှာ ရောက်လျက် အာရုံ ပြုလျက်ရှိရမည်၊ “မွေးညှင်း”စသည်ကို ရွှတ်သောအခါလည်း ဤနည်းပင်တည်း၊ ထိုကြောင့် ရွှတ်ဆိုသောအခါ နှုတ်တက် သလို မြန်မြန် မရွတ်ဆိုရ၊ အသံထွက်သည်နှင့် တပြိုင်နက် သရုပ်ထင်လာအောင် မနှေး မမြန် ခပ်မှန်မှန် ရွှတ်ရမည်၊ တขါ တขါ ပြခဲ့သော အနက်မြန်မာပြန်ကို ရွှတ်ဆိုပါလေ။ ၂။ စိတ်ရွှတ်။ ။နှုတ်ဖြင့် ရွှတ်၍ ၃၂-ကောဋ္ဌာသလုံး အတော် ထင်ရှားသောအခါ (နှုတ်ရွှတ် သည့် အစဉ်အတိုင်း) စိတ်ဖြင့် စဉ်းစားပါ၊ [ဤသို့ ဆင်ခြင် မှုန်များသောအခါ “ဆံပင်”ကို ဆင်ခြင်လိုက်လျှင် “ဆံပင်” တည်းဟူသော အထည်ဒြဗ်ပေါ်တွင် စိတ်မနားဘဲ “ဆံပင်၏ စက်ဆုပ်ရွံရှာ မသတီစရာ” တိုင်အောင် စိတ်ရောက်သွားပါ လိမ့်မည်၊ ထိုအတိုင်း“ကျင်ငယ်၏ စက်ဆုပ်ရွံရှာ မသတီစရာ” အထိ စိတ်ရောက်အောင် မှန်မှန်ကြိုးစားပါလေ။] ရွှတ်၍ ကမ္မဋ္ဌာန်းပေါက်။ ။ရှေးတုန်းက“မဟာရေဝ”ဆရာ တော်ကြီးထံ၌ ´ မထေရ် ၂-ပါး ကမ္မဋ္ဌာန်းတောင်းကြသည်၊ ဆရာတော်ကြီးသည် ဤကော ဋ္ဌာသကမ္မဋ္ဌာန်းကိုပင် လေးလလုံးလုံး ရွှတ်ဆိုနေဘို့ရန် မိန့် တော်မူ၏။ ထိုမထေရ် ၂-ပါးသည် နိကာယ် ၂-ပါး ၃-ပါး ဆောင်ထားသော စာတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဆရာတော်ကြီးစကားကို လေးစားသောအားဖြင့် ရွှတ်ဆိုနေ ==End of OCR for page 124== ==Start of OCR for page 125== ကမ္မဋ္ဌာန်းဘာဝနာ သင်ပြขဏ်း ၁၂၅ ရှင်းပင် ၃၂-ပါးသော ကောဋ္ဌာသတို့ အလွန် ထင်ရှားလာရ ကား လေးလအတွင်း၌ သောတာပန်များ ဖြစ်ကြလေသည်၊ [ တတိယသံဂါယနာ၏ ขေါင်းဆောင် ရဟန္တာအရှင် မောဂ္ဂ- လိပုတ္တတိဿထေရ်လည်း ဤ ကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့်ပင် သာမဏေဘဝ၌ သောတာပန် ဖြစ်ခဲ့ပေသည်။] (က) ယထေဝ မတသရီရံ၊ ဇီဝံပိ အသုဘံ တထာ။ အာဂန္တုကာလင်္ကာရေန၊ ဆန္နတ္တာ တံ န ပါကဋံ။ မတသရီရံ၊ ဥဒ္ဓုမာတက စသည်များမြောင် သူသေ ကောင်သည်။ အသုဘံ ယထေဝ၊ စက်ဆုပ်ရွှံဘွယ် မတင့်တယ် သကဲ့သို့။ တထာ၊ပုံစံထားယူ မขွားအတူသာလျှင်။ ဇီဝံပိ၊ ဝတ်စား ဆင်ပြင် အသက်ရှင်ဆဲ ကိုယ်သည်လည်း။ အသုဘံ အသုဘံယေဝ၊ စက်ဆုပ် ရွှံဘွယ် မတင့်တယ်သည် သာတည်း။ အာဂန္တုကာလင်္ကာရေန၊ ညစ်ကြေးသုတ်သင် အငှါးဆင်၍ ပြုပြင်ဖန်ထား တန်ဆာများဖြင့်။ ဆန္နတ္တာ၊ မဖွယ်ရာကို ကွယ် ကာဖုံးထားအပ်သည်၏ အဖြစ်ကြောင့်။ တံ၊ ထိုရွှံဘွယ်ညစ်ပေ အသုဘ သဘောတွေသည်။ န ပါကဋံ၊ အမြင်အားဖြင့် မထင် ရှားဘဲ ရှိရလေသတည်း။ (ข) ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။ ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။ ဣမံ ဟိ ကာယံ၊ အသုဘသဘော ရွှံဘွယ်ပေါသည့် ကိုယ် ရောသူပါ ဤขန္ဓာကိုပင်။ သုဘတော၊ စွဲမက်သဘွယ် လွန် တင့်တယ်၏ ဟူ၍။ ဂဟေတွာ၊ ရှိရင်းပြောင်းပြန် မမှန်ကန် ==End of OCR for page 125== ==Start of OCR for page 126== ၁၂၆ ရုပ်ပုံ ရှင်ကျင့်ဝတ် အောင် ကြံဖန်စွဲလမ်းကြကုန်လျက်။ တတ္ထ၊ ထိုအယုတ်တမာ များစွာပြည့်လှောင် အပုပ်ကောင်၌။ မုစ္ဆိတာ၊ စရိုက်ဓလေ့ အမိုက်ငွေ့ဖြင့် အတွေကြီးတွေ မေ့ကြီးမေ့ကြကုန်သည်ဖြစ်၍။ ဗာလာ၊ ရာဂစရိုက်ပွါး ငမိုက်သားတို့သည်။ ပါပါနိ၊ မိစ္ဆာစာရ စသည်ညစ်ကျု ยုတ်မာမှုတို့ကို။ ကရောန္တာ၊ အမဲရိုး၌ ขွေးငတ်ကြိုက်သို့ နှစ်ขြိုက်ရွှင်မြူး လွန်ကျူးကြကုန်လျက်။ ဒုက္ခာ၊ အပါယ်လေးဖြာ အိုနာသေရေး ဆင်းရဲဘေးမှ။ န ပရိမုစ္စရေ၊ ကရုတ်ကင်းလျှောက် ထပ်ပြန်ရောက်သဖြင့် လွတ်မြောက်ขွင့် မရကြလေကုန်၊ (ဂ) တသ္မာ ပဿယျ မေဓာဝီ၊ ဇီဝတော ဝါ မတဿ ဝါ။ သဘာဝံ ပူတိကာယဿ၊ သုဘဘာေဝန ဝဇ္ဇိတံ။ တသ္မာ၊ ထိုသို့ အသုဘပင် သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ မလွတ်ကင်းနိုင်ကြလေသောကြောင့်။ မေဓာဝီ၊ သတိတမန် ပညာဉာဏ်ဖြင့် လမ်းမှန်မြှော်မြင် သူတော်စင်သည်။ ဇီဝ- တော ဝါ၊ ဝတ်စားဆင်ပြင် အသက်ရှင်သူမူလည်း ဖြစ်သော။ မတဿ ဝါ၊ ဥဒ္ဓုမာတက စသည်များမြောင် အသေကောင် မူလည်းဖြစ်သော။ ပူတိကာယဿ၊ အပုပ်တွေလှောင် ဤ ကိုယ်ကောင်၏။ သုဘဘာေဝန၊ အမှันစင်စစ် တင့်တယ်သော အဖြစ်မှ။ ဝဇ္ဇိတံ၊ လုံးဝအစဉ် ရှောင်ကြဉ်အပ်ပြီးဖြစ်သော။ သဘာဝံ၊ မတင့်မတယ် ရွှံဘွယ်စင်စစ် မူလအဖြစ်ကို။ ပဿေ- ယျ၊အမိုက်ကင်းပျောက် အလင်းရောက်အောင် ထွင်းဖောက် ရှုစားသင့်ပေတော့သတည်း။ ကမ္မဋ္ဌာန်း သင်ပြขဏ်း ပြီး၏။ ==End of OCR for page 126== ==Start of OCR for page 127== ရှင်ရာဟုလာ အကြောင်း ၁၂၇ ရှင်သာမဏေများ ဝတ္ถု မှာထားขျက်။ ။အို ကိုရင်များ… ပြခဲ့သော ဤကမ္မဋ္ဌာန်း တရားမျိုးကို ကြိုးစား၍ နိဗ္ဗာန်ขျမ်းသာ ကို မျက်မှောက်ပြုသွားကြသော အမျိုးကောင်းသားသမီး တွေ ဤဘုရားသာသနာတော်မှာပင် မရေမတွက်နိုင်အောင် များခဲ့ပေပြီ၊ ကိုရင်တို့လဲ ထိုအမျိုးကောင်းသားတွေ နောက် သို့ ထပ်ကြပ်မကွာ လိုက်ပါနိုင်အောင် ကြိုးစားစေလိုလှ သောကြောင့် ကိုရင်တို့ အားကျရာ ယခု ညွှန်ပြမည့် ကိုရင်ကလေးများ၏ ဝတ္ถုကိုလည်း ဆက်လက် ဖတ်ရှုကြပါ လေ။ ရှင်ရာဟုလာ အကြောင်း ရှင်သာမဏေ ပြုขဏ်း ဘုရားရှင်၏ သားတော်ဖြစ်သော ရှင်ရာဟုလာသည် စကြာမင်းဖြစ်လောက်သော ရုပ်လက္ခဏာဖြင့် လွန်စွာ တင့် တယ်ပါပေသည်၊ ထိုသားတော်ရာဟုလာ ဖွားမြင်တော်မူပြီး နောက် ညဉ့် သန်းขေါင် အချိန်လောက်မှာပင် ဘုရား အလောင်း တောထွက်တော်မူခဲ့သည်၊ ဘုရားဖြစ်၍ မိဂဒါဝုန် ၌ တဝါဆိုပြီးနောက် ရာဇဂြိုဟ်မြို့ရောက်၍ တပေါင်းလ လောက်မှာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာသောအခါ သက်တော် ၃၆-နှစ်လောက်သာ ရှိသေး၍ ရာဟုလာလည်း ၇-နှစ်အရွယ်သာ ရှိလေသည်။ နေပြည်တော်ရောက်၍ ငါးရက်လောက်အကြာတွင် ဘုရား ရှင်သည် ขမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ သံဃာ ==End of OCR for page 127== ==Start of OCR for page 128== ၁၂ဂ ရုပ်ပုံ ရှင်ကျင့်ဝတ် တော်များနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူစဉ် ယသော်ဓရာ မိဖုရားသည် သားတော်ကို အဝတ်တန်ဆာဆင်၍ ပြောပြ သည်မှာ—- “သားတော်….ဟောဟိုမှာ ကြည့်စမ်း၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိတဲ့ `ရဟန်းတော်ကို မြင်ရဲ့လား၊ အဲဒီ ရဟန်းတော်ဟာ သားတော်ရဲ့ ခမည်းတော်ဘုရား ဖြစ်တယ်၊ သားတော်ရဲ့ ခမည်းတော်မှာ သုံးစွဲလို သုံးစွဲလာ မကုန်နိုင်အောင် ကြီးကျယ်သော ရွှေအိုး ၄-လုံးရှိတယ်၊ တောထွက်သွားတဲ့ အခါကစ၍ ရွှေအိုးကြီးများကို မတွေ့ရတော့ဘူး၊ သွားပြီး တော့ အဲဒီ ရွှေအိုးကြီးများကို “အမွေပေးပါ”ဟု တောင်း ချေ၊”ဤသို့ သင်ပြ၍သားတော်ကို ဘုရားအထံသို့ လွှတ်လိုက် လေသည်။ သားတော် ရาဟုလာသည် “ခမည်းတော်” ဟူသော ချစ်ခြင်းဖြင့် ရဲတင်းစွာ ဘုရားအထံတော်သို့ လา၍ “ခမည်း တော်ရဲ့ အရိပ်ဟာ သိပ်ပြီးတော့ အေးချမ်းသာယာပါတယ်” စသည်ဖြင့် တွတ်တီးတွတ်တာ ပြောဆိုလျက် အမွေတောင်း လေသည်၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော် မူပြီး သောအခါ ကျောင်းတော်သို့ ကြွတော်မူ၏၊ ရာဟုလာ မင်းသားလည်း ဘုရားရှင်၏ နောက်တော်မှ အမွေတောင်း ရင်း လိုက်ပါလာလေ၏၊ ကျောင်းတော်သို့ ရောက်သောအခါ “သားတော်အား လောကုတ္တရာအမွေ ပေးတော်မူမည်”ဟု မိန့်တော်မူပြီးလျှင် အရှင်သာရိပုတြာကို ขေါ်တော်မူ၍ ရှင်သာမဏေ ပြုပေးဘို့ရန် အမိန့်တော်ရှိလေသည်။ ==End of OCR for page 128== ==Start of OCR for page 129== ရှင်ရာဟုလာ အကြောင်း ၁၂၉ ရေขွက်ကို အမျိုးမျိုးပြ၍ မုသားမပြောဘို့ရန် ရာဟုလာအား ဩဝါဒပေးတော်မူပုံ။ ၉-ပ-မ-သ-စ ==End of OCR for page 129== ==Start of OCR for page 130== ၁၃ဝ ရုပ်ပုံ ရှင်ကျင့်ဝတ် ဘုရားရှင်ကြွ၍ ဩဝါဒပေးတော်မူခြင်း ရာဇဂြိုဟ်မြို့တော်ဝယ် ဗိမ္ဗိသာရမင်းကြီး လှူ ဒါန်းအပ် သော ဝေဠုဝန်တိုက်တော်ကြီး၏ အစွန်အဖျား၌ ကမ္မဋ္ဌာန်း ကျောင်းကလေး တည်ရှိလေသည်၊ ထို ကမ္မဋ္ဌာန်းကျောင်း အနီး၌ သရက်ပင်ပျိုကလေးလည်း ရှိ၏၊ ထို သရက်ပင်ပျိုကို “ အမ္ဗလဋ္ဌိကာ ” ဟု ခေါ်၏၊ ကမ္မဋ္ဌာန်းကျောင်းကလေး လည်း သရက်ပင်ပျိုကို အကြောင်းပြု၍ “ အမ္ဗလဋ္ဌိကာ ကျောင်း ” ဟုပင် နာမည်တွင်လေသည်။ ဆူးမှန်လျှင် ပေါက်ခါစမှ စ၍ အဖျားထက်သကဲ့သို့ ရှင် ရာဟုလာလည်း ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးကပင် သူတော်ကောင်းဘက်၌ ထက်ထက်မြက်မြက် ရှိလှ၏၊ ထို့ ကြောင့် ဆိတ်ငြိမ်သော နေရာဝယ် တပါးတည်း နေလိုရကား ကျောင်းတိုက်ကြီး၏ အစွန်အဖျားဖြစ်သော ထို ကမ္မဋ္ဌာန်း ကျောင်းကလေးမှာ နေလေသည်၊ဗုဒ္ဓမြတ်စွာသည် ညနေချမ်း အခါဝယ် ရှင်ရာဟုလာအား ဩဝါဒ ပေးတော်မူလိုသော ကြောင့် ထို အမ္ဗလဋ္ဌိကာ ကမ္မဋ္ဌာန်းကျောင်းကလေးသို့ ကြွ တော်မူလေသည်။ [လိမ်၍ ပြောသော စကားကို “မုသား” ဟု ခေါ်၏။ ငယ်ရွယ်သူတို့သည် မုသား ပြောတတ်ကြ၏၊ ထို့ကြောင့် ၇-နှစ်သားအရွယ် ရှင်ရာဟုလာအား မုသား မပြောဘို့ရန် ဩဝါဒ ပေးတော်မူသည်။] ဗုဒ္ဓမြတ်စွာသည် ထိုင်တော်မူပြီးလျှင် ရေขွက်ထဲ၌ ရေ အနည်းငယ်ကို ချန်ထား၍ ရှင်ရာဟုလာကို မေးတော်မူသည် မှာ-“ရာဟုလာ…. ရေขွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား”။ ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။ ==End of OCR for page 130== ==Start of OCR for page 131== ရှင်ရာဟုလာ အကြောင်း ၁၃၁ ဘုရားရှင်။ ။“ရာဟုလာ…. မုသားပြောဆိုဘို့ရန် မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီရေ နဲနေသလို ) ကိုယ်ကျင့်တရား နဲနဲကလေးသာ ရှိတယ်” လို့ မှတ်ထား။ ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေขွက်ထဲမှ အနည်းငယ် သော ရေကို သွန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန် သည်မှာ— “ရာဟုလာ..ရေขွက်ထဲ၌ ကျန်နေသော ရေ အနည်းငယ်ကို သွန်ပစ်လိုက်တာ မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။ ဘုရားရှင်။ ။“ရာဟုလာ……မုသားပြောရမှာကို မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ရေကျန် နဲနဲကလေးကို သွန်ပစ်လိုက်သလို) ကိုယ်ကျင့် တရားကို သွန်ပစ်ရာရောက်တယ်” လို့ မှတ် ထား။ [ “သူမှာ ကိုယ်ကျင့်တရား ဘာမျှမရှိ တော့ဘူး”ဟု မိန့်တော်မူလိုသည်။] ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေขွက်ကို မှောက်လိုက်ပြီး လျှင်- ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ-“ရာဟုလာ… ဟောဒီရေขွက် မှောက်နေတာကို မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါတယ် အရှင်ဘုရား။ ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီ ရေขွက်ကို မှောက်ထားသလို ကိုယ်ကျင့် တရားတွေကို မှောက်ပစ်လိုက်ရာရောက်တယ်” လို့ မှတ်ထား။ ==End of OCR for page 131== ==Start of OCR for page 132== ၁၃၂ ရုပ်ပုံ ရှင်ကျင့်ဝတ် ထိုနောက် ဗုဒ္ဓမြတ်စွာသည် ရေขွက်ကို လှန်ပြီးလျှင် ရှင်ရာ ဟုလာကို မေးတော် မူပြန်သည်မှာ- “ရာဟုလာ… လှန်ထား သော ရေขွက်ထဲမှာ ဘာမျှမရှိတာကို မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။ ဘုရားရှင်။ ။“ရာဟုလာ… မုသားပြောရမှာကို မရှက် တတ်သော `ရဟန်းသာမဏေတို့မှာလဲ (ဟောဒီ ရေขွက်ထဲ၌ ဘာမျှ မရှိတော့ သလို) ကိုယ်ကျင့်တရား ဘာမျှမရှိ တော့ဘူး” လို့ မှတ်ထား၊ ရာဟုလာ…မုသား ပြောရမည်ကို မရှက်တတ်သူသည် ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှုဟူသမျှ ပြုဝံ့တော့၏၊ ထို့ကြောင့် “မုသားဆိုလျှင် ပြောင်သလို လှောင် သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်မည်”ဟု သတိ ထား၍ ကြိုးစားပြီး ကျင့်ရမယ်။ မှန် ဥပမာပြ၍ ဩဝါဒပေးတော်မူခြင်း ဘုရားရှင်။ ။ရာဟုလာ …မှန်ဖြင့် ဘာလုပ်ကြသလဲ။ ရာဟုလာ။ ။မှန်ဖြင့် မျက်နှာ၌ အပြစ်ရှိ-မရှိ ကြည့်ကြ ပါတယ်။ ဘုရားရှင်။ ။ရာဟုလာ… မှန်ကို ကြည့်၍ မျက်နှာကို ပြုပြင်ကြသလို ကိုယ်မှု နှုတ်မှု စိတ်မှုများ ကိုလည်း ပြုသင့်-မပြုသင့် နှိုင်းขျင့်ပြီးမှ ပြုသင့်တာကိုသာ ပြုရသည်။ ==End of OCR for page 132== ==Start of OCR for page 133== ရှင်ရာဟုလာ အကြောင်း ကိုယ်ဖြင့် ပြုမည့်ကြံလျှင် ဆင်ခြင်ပါ קקי ရာဟုလာ.. တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့်ပြုขျင်လျှင် ဆင်ခြင်စဉ်းစားလိုက်ပါဦး... “ဘယ်လို ဆင်ခြင်စဉ်းစားရ မလဲ” ဆိုလျှင် “ယခု ငါပြုขျင်တဲ့ အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်မှာလား၊ သူတပါးကို ညှဉ်းဆဲရာရောက်မှာ လား၊ မိမိရော သူတပါးရော ၂-မျိုးလုံးကို ညှဉ်းဆဲရာရောက် မှာလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစေမှာလား”ဟု ဆင်ခြင် စဉ်းစားလိုက်ပါ။ ထိုသို့ စဉ်းစားသောအခါ “တဦးဦးကို ညှဉ်းဆဲရာရောက် မည့် အလုပ်ကိစ္စ, မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခ အကျိုး ပွါးတိုးစေမည့်ကိစ္စ”ဟု သိလျင် ထိုအလုပ်ကိစ္စကို စင် စစ် ဧကန် အမှันမပြုဘဲ ရှောင်လိုက်ပါ။ ရာဟုလာ…. ထိုသို့ စဉ်းစားသောအခါ “မိမိကို၎င်း, သူ တပါးကို၎င်း, ၂-မျိုးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ ကောင်း သော ကုသိုလ်အမှုဖြစ်၍ သုขအကျိုး ပွါးတိုးစေနိုင်မည့်ကိစ္စ ” ဟု သိလျှင် ထိုကိစ္စကို ကိုယ်ဖြင့် ပြုပါလေ။ ကိုယ်ဖြင့် ပြုနေစဉ်လည်း ဆင်ခြင်ပါ ရာဟုလာ…. တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုနေတုန်း မှာလည်း ဆင်ခြင်စဉ်းစားပါ၊ “ “ဘယ်လို ဆင်ခြင်စဉ်းစား ရမလဲ” ဆိုလျှင် “ယခု ငါပြုနေသော အလုပ်ကိစ္စသည် ကိုယ့် ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတပါးကို ညှဉ်းဆဲရာ ရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊ ==End of OCR for page 133== ==Start of OCR for page 134== ၁၃၄ ရုပ်ပုံ ရှင်ကျင့်ဝတ် မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစေ မည်လား ” ဟု စဉ်းစားလိုက်ပါ။ ထိုသို့ စဉ်းစားသောအခါ – မိမိကို ဖြစ်စေ, သူတပါးကို ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစေ လိမ့်မည်” ဟု သိလျှင် ထိုလုပ်နေတဲ့ အလုပ်ကိစ္စကို ရုပ်သိမ်း လိုက်ပါ။ မိမိပြုနေသောအမှုကို စဉ်းစားသောအခါ – မိမိကို၎င်း, သူတပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ကောင်း သော ကုသိုလ်အလုပ်ဖြစ်၍ သုขအကျိုး ပွါးတိုးစေနိုင်သည်” ဟု သိလျှင် ထိုအလုပ်ကို ထပ်၍ ထပ်၍ ပြုလုပ်ပါလေ။ ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ဆင်ခြင်ပါ ရာဟုလာ…. တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုပြီးသော အခါလည်း ပြန်၍ ဆင်ခြင် စဉ်းစားပါ၊ “ ဘယ်လို ဆင်ခြင် စဉ်းစားရမလဲ” ဆိုလျှင် “ ယခု ငါပြုပြီးသော အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတပါးကို ညှဉ်းဆဲရာ ရောက်သလား ၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစေ သလား”ဟု စဉ်းစားပါ။ ထိုသို့ပြန်၍ စဉ်းစားသောအခါ“မိမိကိုဖြစ်စေ,သူတပါးကို ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစရာ ရှိသည်”ဟု သိလျှင် ထိုကိုယ်ဖြင့် ပြုမိခဲ့သောအမှုကို(ဖုံးမထား ==End of OCR for page 134== ==Start of OCR for page 135== ရှင်ရာဟုလာ အကြောင်း ၁၃၅ ဘဲ) ဆရာသမား အထံ၌ ဖြစ်စေ, တတ်သိ နားလည်သော (သီတင်းသုံးဘော်) မိတ်ဆွေအထံ၌ ဖြစ်စေ ထင်ရှားအောင် ပြောပေးပါ၊ ထိုသို့ ဖွင့်ဖော်ပြောပြပြီးနောက် ထိုအမှုမှားမျိုး ကို နောင်တဖัน မပြုမိအောင် စောင့်စည်းပါ။ မိမိပြုခဲ့သော အမှုကို ပြန်၍ စဉ်းစားသောအခါ – မိမိကို ၎င်း, သူတပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာ မရောက်၊ ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုขအကျိုး ပွါးတိုး ဘွယ်သာရှိသည်” ဟု သိလျင် မိမိပြုခဲ့သော အလုပ်ကို တွေး တော ဆင်ခြင်၍ ကြည်ရွှင်ဝမ်းမြောက်သော စိတ်ဖြင့် နေ့ရော ညဉ့်ပါ ကုသိုလ်တရားတို့၌ တိုးပွါးအောင် ကျင့်ပါ။ အမှာ။ ။နှုတ်မှုဆိုင်ရာ ဝစီကံ, စိတ်မှုဆိုင်ရာ မနောကံတို့၌ ဤကာယကံကို ဆင်ခြင်စဉ်းစားသကဲ့သို့ မပြု ขင် ပြuတုန်း ပြuပြီး ၃-ဌာနတို့၌ ဆင်ခြင်စဉ်းစား၍ အကuသိုလ် ဖြစ်မည့်အรา၌ မပြောဘို့ မကြံဘို့ တားမြစ်၍ ကုသိုလ်ဖြစ်မည့် အရာ၌သာ ပြောဘို့ ကြံဘို့ ဩဝါဒပေးတော်မူသည်။ ရှေး ခု နောင်ขါ ဤနည်းသာ ရာဟုလာ….မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုခဲ့သော ရှေးရှေးက ရဟန်းပုဏ္ဏားတို့သည် ဤနည်းအားဖြင့် ( မပြုขင်- ပြုတုန်း- ပြုပြီး အချိန်မှာ ဆင်ခြင် စဉ်းစားသော အားဖြင့်) သန့်ရှင်းအောင် ပြုခဲ့ကြသည်၊ နောက်နောက်အခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကို သန့်ရှင်းအောင် ပြုကြမည် ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင် ပြု ကြလိမ့်မည်၊ ယခုအခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို ==End of OCR for page 135== ==Start of OCR for page 136== ၁၃၆ ရုပ်ပုံ ရှင်ကျင့်ဝတ် သန့်ရှင်းအောင်ပြုနေသော ရဟန်းပုဏ္ဏားတို့လည်း ဤနည်း အားဖြင့် သန့်ရှင်းအောင် ပြုနေကြသည်။ ထို့ကြောင့် အသင်ရာဟုလာလဲ “မပြုခင် ပြုတုန်း ပြုပြီး ၃-ဌာန၌ စဉ်းစဉ်းစားစား သတိထားလျက် ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုမည်”ဟု အလေ့အကျင့်ပြုရမည်။ ဤသို့ ၇-နှစ်သားအရွယ် ငယ်သေးသော ရှင်ရာဟုလာ အား သူအရွယ်နှင့် တန်ရုံဖြစ်သော ဩဝါဒကို ပေးတော် မူသည်။ ရှင်ရာဟုလာ သဘောကောင်းပုံ ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏၊ မိမိကိုယ်တိုင်လည်း စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းขန့်ညား အများ ကြည်နူးလောက်အောင် ကျက်သရေကို ဆောင်၏၊ ရှင်သာ မဏေဘဝသို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ ရှင်သွေး တော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်အများပင် လေးစားမြတ်နိုးကြရုံမက ကောသလမင်း အနာထပိဏ် ဝိသာขါ စသော မင်းပိုင်း သူဌေး သူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း ကြည်ညို ရိုသေ ချစ်ขင်ကြလေသည်၊ ဤအခြေ အနေကို ဆင်ခြင် စဉ်းစားလျှင် စိတ်ကြီးဝင်စရာ ဟန်ကြီး ပန်ကြီး လုပ်ขျင်စရာ လွန်စွာကောင်းပါသော်လည်း စိတ်ကြီး မဝင်သည့်ပြင် နူးညံ့ပြော့ပျောင်း၍ အလွန် စိတ်သဘော ကောင်းသည်။ ==End of OCR for page 136== ==Start of OCR for page 137== ရှင်ရာဟုလာ အကြောင်း ၁၃၇ ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်း ကြောင်း ကျော်ကြားလှသဖြင့် စမ်း၍ ကြည့်လိုရကား ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်လျှင် သူလာမည့် လမ်း၌ တံမြက်စည်းကိုဖြစ်စေ အမှိုက်ကျုံးတောင်းကိုဖြစ်စေ ပစ်ထားကြ၏။ ရှင်ရာဟုလာ လွန်သွားသောအခါ တပါးပါးက “ဒီ တံမြက်စည်းကို လမ်းမှာ ဘယ်သူထားသလဲ”ဟု မေးလျှင် အခြား ရဟန်းများက “ရှင်ရာဟုလာတော့ ဒီလမ်းက လာ တာဘဲ”ဟု ပြောကြကုန်၏။ ထိုစကားကို ကြားလျှင် “တပည့်တော် မသိဘူး၊ တပည့် တော် မထားဘူး”ဟု ငြင်းမနေဘဲ ထိုတံမြက်စည်းကို သိမ်း ဆည်း၍ ရဟန်းတော်များကို “သည်းခံကြပါဘုရား”ဟု တောင်းပန်၍ သွားရှာသေးသည်၊ ဤမျှလောက် စိတ်သဘော ကောင်းသော ရှင်ရာဟုလာသည် ရဟန်းဖြစ်သောအခါ တဝါမျှ မရသေးขင် ရဟန္တာ ဖြစ်လေသည်။ မှတ်သားဘွယ် ကိုရင်များ …. ဘုရားသားတော် ရှင်ရာဟုလာရဲ့ ဝတ္ถု ကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် “ဘာများ မှတ်သားစရာ ပါသလဲလို့” စဉ်းစားကြစမ်းပါ။ ၁။ ကိုရင်ရာဟုလာကလေးဟာ ၇-နှစ်အရွယ် ငယ်ငယ် ကလေးနှင့် ကမ္မဋ္ဌာန်းကျောင်းကလေးမှာ တပါး တည်း နေတယ် မဟုတ်လား၊ ဒါ့ကြောင့် ကိုရင်တို့လဲ တပါးတည်း အေးအေးဆေးဆေးနေ၍ စာကို တိုးတိုး ==End of OCR for page 137== ==Start of OCR for page 138== ၁၃ဂ ရုပ်ပုံ ရှင်ကျင့်ဝတ် အံတတ်အောင် တရားအားထုတ်၍ နေတတ်အောင် ကြိုးစားကြပါ။ ၂။ စာကို တိုးတိုး အံခြင်းဖြင့် မိမိ သမာဓိကို တိုးပွါးစေ နိုင်၏၊ စာကြည့် စာขျ တရားနှလုံးသွင်းနေသော အขြား ပုဂ္ဂိုလ်များကိုလည်း သမာဓိ မပျက်စေနိုင်ပါ၊ ယဉ်ကျေးသော စာသင်ကျောင်းတို့၌ စာကို တိုးတိုး အံကြရပါသည်။ ၃။ ဗုဒ္ဓမြတ်စွာသည် သားတော် ရာဟုလာကို မုသားပြော တတ်တဲ့အရွယ်မှာ မုသား မပြောမိဘို့ရန် အထူး ဆုံးမ တော်မူတယ်၊ ဒါ့ကြောင့် ကိုရင်တို့လဲ မုသားမပြောမိ အောင် အထူးသတိထားကြပါ၊ မုသားပြောတဲ့ ကိုရင် ဟာ လိင်ကျတယ်၊ လိင်ကျလျှင် လူနဲ့မထူးတော့ဘူး။ ၄။ “အလုပ်တခုခု ပြုမည်ကြံလျှင် မိမိကိုဖြစ်စေ သူတပါး ကို ဖြစ်စေ နှိပ်စက်ရာမရောက်မှ (ဒုက္ခ မပေးမှ) ပြုရ မည်”ဟူသော ဘုရားအမိန့်တော်ကို လေးစားသော အားဖြင့် ကိုရင်တို့လဲ သူများဒုက္ခပေးမည့် အလုပ်, မိမိကို ပြန်ပြီး ဒုက္ခပေးမည့်အလုပ်ကို မပြုမိကြပါစေ နှင့်၊ ကိုရင် ရာဟုလာကလေးမှာ စိတ်ကောင်း နှလုံး ကောင်း ရှိသလို ကိုရင်တို့လဲ စိတ်ကောင်း နှလုံး ကောင်းရှိအောင် ကြိုးစား၍ ဆရာတို့ ဆုံးမသမျှကို လိုက်နာကြပါ။ ၅။ အမျိုးကောင်း၍ ဖြစ်စေ မိဘက ပစ္စည်းဥစ္စာ ပေါ၍ ဖြစ်စေ ဉာဏ်ပညာထက်၍ဖြစ်စေ(ရှင်ရာဟုလာကဲ့သို့) မာန်မာန မရှိစေဘဲ ကိုယ့်အောက်ကျသူများကို ညှာ ==End of OCR for page 138== ==Start of OCR for page 139== ရှင်ရေဝတ အကြောင်း ၁၃၉ တာ၍ မိမိကိုယ်ကို“ရှင်ရာဟုလာ၏ ညီတော်တပါး”ဟု ဆိုရလောက်အောင် သာသနာ့ကျက်သရေကို ဆောင် ကြပါ။ ရှင်ရေဝတ အကြောင်း မယ်တော်ကြီး စဉ်းစားခြင်း။ ။အရှင် သာရိပုတြာ မထေရ် မြတ်မှာ ညီအစ်ကို မောင် နှမ ၇-ယောက် ရှိ၏၊ “စုန္ဒ, ဥပသေန”ဟူသော ညီတော် ၂-ယောက်နှင့်“စာလာ, ဥပစာလာ, သီသုပစာလာ”မည်သော နှမတော် ၃-ယောက်တို့သည် ရဟန်းပြု၍ ရဟန္တာ ဖြစ်နှင့်ကြ လေပြီ၊ “ရေဝတ”မည်သော အငယ်ဆုံး ညီတော် တယောက် သာ လူ့ဘောင်၌ ကျန်တော့၏၊ မယ်တော် ပုဏ္ဏေးမကြီးကား ထိုအချိန်မှာ ဗုဒ္ဓဘာသာ မဖြစ်သေး၊ထိုကြောင့် သူ၏ ရှစ်ဆယ့် ခုနစ်ကုဋေသော ဥစ္စာတွေကို အမွေခံရစ်မည့်သူ မရှိမည်စိုး သောကြောင့် အငယ်ဆုံးသားကို ၇-နှစ်အရွယ်ကပင် လက်ထပ် ထားရန် ကြံစည်လေသည်။ လက်ထပ်ခြင်း။ ။ထိုနောက် အခြား တရွာ၌ရှိသော အမျိုး အဆွေ ဇာတ်ขျင်းတူသော သတို့သမီး ကလေးတယောက်၏ မိဘများထံ လက်ထပ်ဘို့ရန် ပြောဆို၍ လက်ထပ်မည့်နေ့ ရောက်သောအခါ ရေဝတ သတိုးသားကို အဝတ်တန်ဆာ ဆင်ပြီးလျှင် ထိုရွာသို့ သွားကြလေသည်၊ လက်ထပ်ခြင်းကိစ္စပြီးသောအခါ အသက် တရာ့နှစ်ဆယ် ရှိသော အဖွားကြီးကို သတို့သမီးကလေးအား ကန်တော့ขိုင်း၍ “ဤ ဖွားဖွားကြီးကဲ့သို့ အသက် ရာကျော် ရှည်ပါစေ”ဟု ဆွေမျိုးအားလုံးက ဝိုင်း၍ ဆုတောင်းကြလေသည်။ ==End of OCR for page 139== ==Start of OCR for page 140== ၁၄၀ ရုပ်ပုံ ရှင်ကျင့်ဝတ် အဖွားကြီးနှင့် သတို့သမီးကို နှိုင်းယှဉ်၍ ရေဝတ သတိုးသား စဉ်းစားနေပုံ။ ==End of OCR for page 140== ==Start of OCR for page 141== ရှင်ရေဝတ အကြောင်း ၁၄၁ ရှင်ရဟန်းပြုလိုခြင်း။ ။ထိုဆုတောင်းသံကို ကြားရသော သတို့သား ရေဝတသည် သတို့သမီး ကလေးနှင့် အသက်တရာ့နှစ်ဆယ် အဖွားကြီးကို နှိုင်းယှဉ်၍ ကြည့်မိ၏၊ အဖွားကြီးကား သွားကျိုး ဆံဖြူ နားအူ မျက်စိ မွဲ၍ အသားအရေများလည်း တွန့်တွဲနေလေပြီ၊ နုနuဖပ်ဖပ် ၇-နှစ် သမီးကလေး၏ ဒီအဖွားကြီးကဲ့သို့ အိုရမည့်အရေးကို တွေးမိကာ လွန်စွာ စိတ်ပျက်လေသည်၊ငါ၏ နောင်တော်ကြီး သည်“ဤကဲ့သို့ အိုမင်းရွတ်တူ ဖြစ်ကြရဦးမည့် အကြောင်းကို ကောင်းကောင်းသိလို့သာ ဒီလို လက်ထပ်မှုကို စောစောကြီး စွန့်သွားတာ ဖြစ်လိမ့်မည်”ဟု တွေးကာ နောင်တော် အမ တော်များကို လွမ်းဆွတ်သည့် အသွင်ဖြင့် ရဟန်း ပြုလုပ် ขျင်သောဆန္ဒ ပြင်းပြစွာ ဖြစ်လာလေသည်။ ထွက်ပြေးခြင်း။ ။ထိုနောက် သတို့သမီးကို လှည်းယာဉ်ပေါ် တင်၍ သတို့သားနှင့်အတူ နေရပ်သို့ ခေါ်ယူ လာသောအခါ သတို့သားသည်(ကျင်ကြီးကျင်ငယ်စွန့်လိုသည့် ဟန်ဖြင့်) လှည်းပေါ်မှဆင်း၍ ขျုံကွယ်ရာသို့သွား၏၊ အတော် ကြာမှ ขျုံကထွက်၍ လှည်းပေါ်တက်၏၊ ဤနည်းအားဖြင့် (ဓာတ်ပျက်သော ရောဂါ ဖြစ်သည့်ပမာ) မကြာမကြာ ဆင်း၏၊ နောက်ဆုံး၌ကား “လှည်းကို မောင်းနှင့်ကြ၊ လိုက်ခဲ့ မည်ဟု” ပြော၍ ဆင်းပြန်၏၊ ဆွေမျိုးများလည်း စိတ်ขျ၍ လှည်းကို ขပ်ဖြည်းဖြည်း မောင်းနှင်သွားကြ၏၊ သတို့သား သည် အခွင့်ကောင်းရသဖြင့် ရဟန်းတော်များ နေထိုင်ရာ ကျောင်းသို့ ထွက်ပြေး၍ အရှင်သာရိပုတြာ၏ ညီတော် ဖြစ်ကြောင်း ရှင်သာမဏေပြုလိုကြောင်း လျှောက်လေသည်။ ==End of OCR for page 141== ==Start of OCR for page 142== ၁၄၂ ရုပ်ပုံ ရှင်ကျင့်ဝတ် ရှင်ပြုပေးကြခြင်း။ ။အရှင်သာရိပုတြာသည် စောစော ကပင် “မိမိဆွေမျိုးများသည် မိစ္ဆာ ဒိဋ္ဌိ ဖြစ်သောကြောင့် တယောက်တလေ ရှင်ရဟန်းပြုဘို့ ခွင့်တောင်းလာလျှင် သူတို့မိဘကို ขွင့်ပန်နေဘွယ် မလိုပါ၊ မိမိသည်ပင် မိဘဖြစ်ပါသည်”ဟု ရဟန်းများအား ပြော ထားပြီး ဖြစ်၏၊ ထိုကြောင့် ရဟန်းတော်များသည် အရှင်သာရိ ပုတြာ၏ ညီငယ်ဟု ကြားသည်နှင့် တပြိုင်နက် ဝမ်းသာအားရ ရှင်သာမဏေ ပြuပေးကြလေသည်။ ရဟန္တာဖြစ်ခြင်း။ ။ကိုရင် ရေဝတသည် ရှင်သာမဏေပြုပြီး နောက် မိဘများ လိုက်ရှာလျှင် တွေ့ သွားမည် စိုးသောကြောင့် ရဟန်းများထံ ကမ္မဋ္ဌာန်းအစီ အစဉ်ကို သင်ယူကာ ထိုနေရာမှ အလွန်ဝေးကွာသော ရှား တောသို့ ကြွသွား၍ တရားအားထုတ်လေရာ, ဝါလမကျွတ်မီ အတွင်း၌ ရဟန္တာ ဖြစ်လေသည်၊ ဤသို့ ၇-နှစ်အရွယ် သာမ ဏေငယ် ရှင်ရေဝတသည် ရဟန္တာဖြစ်၍ ဝါကျွတ်လတ်သော် ဘုရားရှင်နှင့် အရှင်သာရိပုတြာတို့သည် ရဟန်းတော်ငါးရာနှင့် အတူ သာမဏေ ရှင်ရေဝတ၏နေရာ ရှားတောကမ္မဋ္ဌာန်း ကျောင်းသို့ ကြွတော်မူကြလေသည်။ မှတ်သားဘွယ် ကိုရင်များ…. အရှင်သာရိပုတြာ၏ ညီတော် အငယ်ဆုံး ရှင်ရေဝတ၏ ဝတ္ถုကြောင်းကို ဖတ်ပြီးသောအခါ ကိုရင်တို့ အတွက် “ဘာများ မှတ်သားစရာ ပါသလဲ”လို့ စဉ်းစားကြ စမ်းပါ။ ==End of OCR for page 142== ==Start of OCR for page 143== ရှင်ရေဝတ အကြောင်း ၁၄၃ ၁။ မိဘများဟာ သူတို့ပစ္စည်းကို အမွေขံမည့်သူ မရှိရစ်မှာ စိုးလို့ သားကောင်း ကလေးများကို ရဟန်းမပြုစေขျင်တဲ့ အကြောင်း တွေရတယ် မဟုတ်လား၊ ဒါပေမဲ့ ယခုအခါ အိမ်မှာ အသုံးကျပုံ မရတဲ့ အဖျင်း အအ သားကိုတော့ ရဟန်းပြုစေขျင်ကြပါတယ်။ ၂။ အရှင်သာရိပုတြာလို သာသနာတော် ဂုဏ်ရှိစေလိုသော ရဟန်းတော်များကလဲ ဉာဏ်နဲ့ လုံ့လဝီရိယနဲ့ ပြည့်စုံသော အမျိုးသားကလေးများကိုသာ ရဟန်း သာမဏေဖြစ်စေ ขျင်ကြတယ်၊ ဒါမှ သာသနာတော် အဆင့်အတန်း မြင့်မယ် ။ ၃။ သတိုးသားရေဝတက အဖွားကြီးနှင့် သူငယ်မကို နှိုင်းယှဉ် ကြည့်ပြီး စိတ်ပျက်တယ်မဟုတ်လား၊ လောကကြီးဟာ စိတ်ပျက်စရာขျည်းဘဲ၊ အသက်မရှည်ဘဲ သန်သန်မာမာ အရွယ်၌ သေတော့လဲ ကုသိုလ်နဲလို့ အသက်ငယ်ငယ်နဲ့ သေရသတဲ့၊ ကုသိုလ်ကောင်းလို့ အသက်ကြီးကြီး နေရ ပြန်တော့လဲ သွားကျိုး ဆံဖြူ နားအူ မျက်စိမဲ့ အသား အရေတွေ တွန့်တွဲ၍ မစားနိုင် မအိပ်နိုင်အောင် အိုခြင်း ဆင်းရဲကို ขံရပြန်တယ်၊ ဒီတော့ လောကကြီး တခုလုံး ကိုက မကောင်းလောက ဖြစ်သည့်အတွက် ငယ်ငယ် သေရလဲ မကောင်း၊ကြီးအောင် နေရလဲ မကောင်းဘူး။ ၄။ ဒါကြောင့် ကိုရင်များလဲ ကိုရှင်ရာဟုလာ ကိုရင်ရေဝတ တို့ကို အားကျပြီး သူတော်ကောင်းလိုနေ၍ သူတော် ကောင်းလို သေရတာဟာ အမြတ်ဆုံးလိုမှတ်ထားကြပါ။ ==End of OCR for page 143== ==Start of OCR for page 144== ၁၄၄ ရုပ်ပုံ ရှင်ကျင့်ဝတ် ရှင်ပဏ္ဍိတ အကြောင်း မဟာဒုဂ်။ ။ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အလွန် ဆင်းရဲလှသဖြင့် “မဟာဒုဂ္ဂတ(မဟာဒုဂ်)”ဟု ထင်ရှားသော သူဆင်းရဲတယောက်သည် ကဿပဘုရားရှင် အား ငါးကြင်းသားဖြင့် ဆွမ်းလှူရသော ကောင်းမှုကြောင့် ထိုဘဝမှာပင် သူဌေးကြီးဖြစ်ရသည့်တိုင်အောင် ကောင်းမှု၏ အကျိုးကို ขံစားရလေသည်။ ဒါနရှင်သန္ဓေတည်ပုံ။ ။တဘဝလုံး အလှူ ဒါနပြုကာ စုတေ သောအခါဝယ် နတ်ပြည်သို့ ရောက် လေသည်၊ နတ်ပြည်၌ အကြိမ်ကြိမ် အဖันဖန် ဖြစ်ပြီးနောက် ငါတို့၏ ဘုရားလက်ထက်တော်သို့ ရောက်သောအခါ သာဝတ္ထိ မြို့တော်ဝယ် အရှင်သာရိပုတြာကို ကိုးကွယ်သော သူဌေးမျိုး ၌ပင် ပဋိသန္ဓေတည်နေလာလေသည်။ မိခင် ချင်ခြင်းဖြစ်ပုံ။ ။ထိုသူငယ် ကိုယ်ဝန်ရှိနေစဉ် မိခင် အမျိုးသမီးသည် အရှင်သာရိပုတြာ နှင့်တကွ သံဃာတော်ငါးရာကို ငါးကြင်းသားဟင်းဖြင့် ဆွမ်း ကပ်ပြီးလျှင် မိမိကိုယ်တိုင်လည်း သင်္ကန်းရောင်အဝတ်ကိုဝတ်၍ သံဃာတော်များ၏ အစွန်ဆုံးနေရာ၌နေကာ ဆွမ်းအကျန်ကို စားလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်လေသည်။ [ထိုပြင်းပြသော အလိုဆန္ဒကို “ချင်ခြင်း”ဟု ခေါ်၏။ ] မောင်ပဏ္ဍိတ။ ။ထိုသို့ဆန္ဒဖြစ်ပုံကို မိဘများအား ပြောပြ၍ ထိုဆန္ဒအတိုင်းပင် ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးနောက် အမျိုးသမီးလည်း အကြွင်းအကျန်ကို စားသောက်လေသည်၊ ထိုသူငယ် ကိုယ်ဝန်တည်ချိန်မှစ၍ ==End of OCR for page 144== ==Start of OCR for page 145== ရှင်ပဏ္ဍိတ အကြောင်း ၁45 အိမ်သားအားလုံး အขိုင်းအစေများပါ အထူးအလိုက်သိကြ အထူးအသိဉာဏ်ရှိကြသောကြောင့် ရှက် လ စေ့၍ ဖွားမြင် သောအခါ … သတိုးသားကို “ပဏ္ဍိတ” ဟု နာမည်ပေးကြ လေသည်။ [ပဏ္ဍိတ=ဉာဏ်ရှိသူ၊ ဝါ-လူလိမ္မာ။] မိခင်သည် သားကလေးကို ขျစ်လွန်းလှသဖြင့် “သား၏ အလိုဆန္ဒကို အမြဲလိုက်မည်”ဟု စိတ်ပိုင်းဖြတ်ထား၏၊ သား ကလေးကိုလည်း လူကောင်း သူကောင်း ဖြစ်စေလိုသော ကြောင့် ငယ်စဉ်ကပင် ငါးပါးသီลသိက္ခာပုဒ်ကို အရှင် သာရိပုတြာထံ ယူစေ၍ အရှင်သာရိပုတြာကလည်း သိက္ခာ ပုဒ်များကို ขျပေးထားလေသည်။ ရှင် ပြု လို ခြင်း ။ ။ပဏ္ဍိတသတိုးသားကလေးသည် အရှင် သာရိပုတြာနှင့် လွန်စွာရင်းနှီးနေရကား ၇-နှစ်အရွယ် ရှိသောအခါ ရှင်သာမဏေပြုလုပ်လိုကြောင်း မိခင်အားပြောပြလေ၏၊ မိခင်သည် သားและမขွဲလိုသော်လည်း “သား၏စိတ်ကြိုက်ကို လိုက်မည်” ဟu စိတ်ပိုင်းထားသော ကြောင့် “ ကောင်းပြီ သင်္ကန်းဝတ်ရစေ့မည်” ဟု ဝန်ခံ၍ နံနက်အခါ ကြွလာသော အရှင်သာရိပုတြာအား ဆွမ်းကပ် ပြီးလျှင် “ကလေးက ရှင်သာမဏေပြုလိုသောကြောင့် ညနေ ကျလျှင် ကျောင်းတော်သို့ ပို့လာပါမည်”ဟု လျှောက်လိုက် လေသည်။ ကျောင်းပို့ခြင်း။ ။ထိုနောက် ဆွေမျိုးတို့ကို ဖိတ်ขေါ်၍ သားငယ်အား လူ့ဘောင်၌ပြုထိုက်သော အရေးပါမှုကို အစွမ်းကုန်ပြုပြီးလျှင် ညနေขျမ်းအချိန်၌ ၁၀-ပ-ม-သ-စ ==End of OCR for page 145== ==Start of OCR for page 146== ၁၄၆ ရုပ်ပုံ ရှင်ကျင့်ဝတ် ဇေတဝန်ကျောင်းတော်သို့ ပို့၍ အရှင်သာရိပုတြာထံ အပ်နှံ လေသည်။ အမှာ။ ။[ကျမ်းဂန်၌ “မည်ကဲ့သို့ အရေးပါသည်” ဟု သေขျာစွာ မပြသော်လည်း ဝတ်ကောင်း စား ကောင်း ဆင်ပြင် ကျွေးမွေးခြင်း“ဂိဟိကာလေ ကတ္တဗ္ဗသက္ကာရံ အဇ္ဇေဝ ကရိဿာမ=လူ့ဘောင်၌ ပြုထိုက်သော သက္ကာရကို တနေ့တည်းဖြင့် အပြီးပြုမည်”ဟု ဆိုလိုဟန် တူသည်။] ရှင်သာမဏေပြုခြင်း။ ။ကျောင်းတော်သို့ ရောက်လာသော အခါ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြော ပြ၍ ထို ကမ္မဋ္ဌာန်းကို ဆင်ခြင်စေလျက် ขေါင်းရိတ်ပေးကာ ရှင်သာမဏေပြုပေးတော်မူလေသည်။ [ရှင်ပြုဘို့ ขေါင်းရိတ် ขါနီး၌ တစပဉ္စက ကမ္မဋ္ဌာန်းကို ထို ရှေးขေတ်ကပင် သင်ပေး လေ့ ရှိသည်။] အလှူ ပေးခြင်း။ ။မိဘတို့ကလည်း ၇-ရက်ပတ်လုံး ဇေတဝန် ကျောင်းတိုက်မှာပင် နေလျက် ဘုရား အမှူးရှိသော သံဃာတော်တို့အား ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးမှ အိမ်သို့ ပြန်ခဲ့ကြလေသည်။ [မိဘတို့ မပြန်ขင် ၇-ရက်အတွင်း၌ ရှင်ပဏ္ဍိတကလေးမှာ စိတ်နေ စိတ်ထား ပြုပြင်နည်းများ အတော်ရပြီး ဖြစ်နေလောက်ပေပြီ။] ရေတွေကို မေးခြင်း။ ။ရှစ်ရက်မြောက် နံနက်၌ အရှင်သာရိ ပုတြာသည် ၇-နှစ်သားအရွယ် ပဏ္ဍိတ သာမဏေငယ်နှင့် အတူ ဆွမ်းขံ ကြွတော်မူလေသော်…လမ်း ขရီးအကြား၌ ရေမြောင်း တခုကို ကိုရင်ပဏ္ဍိတ မြင်၍… ==End of OCR for page 146== ==Start of OCR for page 147== ရှင်ပဏ္ဍိတ အကြောင်း ၁၄၇ “အရှင်ဘုရား….ဒီဟာကို ဘာခေါ်ပါသနည်း”ဟု မေးလေ သည်။ အရှင်သာရိပုတြာ။ ။ရေမြောင်းขေါ်တယ်, ကိုရင်။ ကိုရင်။ ။ဒီရေမြောင်းနဲ့ ဘာလုပ်ကြရပါတုန်း အရှင်ဘုရား။ အရှင်။ ။ဒီရေမြောင်းက ရေတွေကို လယ်ထဲသို့ သွင်းယူပြီး လယ်လုပ်ကြရတယ်, ကိုရင်။ ကိုရင်။ ။ အဲဒီရေတွေဟာ လူတွေလို စိတ်ရှိပါသလား။ အရှင်။ ။စိတ်မရှိဘူး, ကိုရင်။ ကိုရင်။ ။ဒီလို စိတ်မရှိတဲ့ရေကို ကိုယ်လိုขျင်ရာယူလို့ ရနိုင်ပါ သလား အရှင်ဘုရား။ အရှင်။ ။ အေး ရနိုင်တာပေါ့ ကိုရင်။ ဤသို့ မေးမြန်းပြီးနောက် ကိုရင်ပဏ္ဍိတ စဉ်းစားသည် မှာ- “စိတ်မရှိတဲ့ ရေတောင် ကိုယ်လိုขျင်တဲ့နေရာ ယူဆောင် လို့ရသေးလျှင် စိတ်ရှိတဲ့လူတွေဟာ ဘာပြုလို့ ကိုယ့်သဘော ကျသလိုထား၍ တရားအားမထုတ်နိုင်ဘဲ ရှိရမှာလဲ” ဤသို့ စဉ်းစားမိလေသည်။ မြှားဖြောင့်ပုံကို မေးခြင်း။ ။ဤသို့ စဉ်းစားရင်း ရွှေ့သို့ သွားပြန်သော် လေးသမား တွေ မြှားအကောက်ကို မီးကင်၍ ဖြောင့်အောင် ပြင်နေကြ သည်ကို မြင်ပြန်သဖြင့် အရှင်သာရိပုတြာကို မေးပြန်လေရာ အရှင်သာရိပုတြာလည်း ကောက်သော မြှားကို ဖြောင့် အောင် ပြင်နေကြကြောင်း မိန့်တော်မူလေသည်၊ ထိုအခါ ==End of OCR for page 147== ==Start of OCR for page 148== ၁၄ဂ ရုပ်ပုံ ရှင်ကျင့်ဝတ် လည်း “စိတ်မရှိသော မြှားအကောက်ကိုတောင် ဖြောင့် အောင် ပြင်လိုရသေးလျှင် စိတ်ရှိသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ် နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။ လှည်းဘီးလုပ်ပုံကို မေးခြင်း။ ။ဤသို့စဉ်းစားရင်း ရွှေ့သို့ သွားပြန်လေသော် သစ်သား တို့ကို လှည်းဘီးလုပ်ဘို့ရန် ပြုပြင်နေသော လက်သမားတို့ကို မြင်ရပြန်၍ အရှင်သာရိပုတြာကို မေးပြန်ရာ အရှင်သာရိပုတြာ လည်း အကြောင်းစုံကို မိန့်တော်မူလေသည်၊ ထိုအခါ၌လည်း “စိတ်မရှိသော သစ်သားတွေကိုပင် အမျိုးမျိုးဖြစ်အောင် ပြုပြင်၍ ရနိုင်သေးလျှင် စိတ်ရှိနေသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ် နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။ ကျောင်းသို့ ပြန်ခြင်း။ ။ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစားမိ သောအခါ တရား အားထုတ်လို သောဆန္ဒက ပြင်းပြလှသဖြင့် အရှင်သာရိပုတြာထံ ဆွမ်းခံ မလိုက်တော့ဘဲ ကျောင်းတိုက်သို့ ပြန်နှင့်ရန် ขွင့်ပန်လေသည်၊ အရှင်သာရိပုတြာမထေရ်မြတ်လည်း“ကျောင်းဆောင် အပြင် ဘက်နေလျှင် မတော်တဆ တစုံတခုဖြစ်မည်”စိုးသောကြောင့် သံကောက်ကို ပေးလိုက်၍ “ကျောင်းขန်းအတွင်းမှာ နေ လေ”ဟု မှာထားပြီးမှ ပြန်လွှတ်လိုက်လေသည်၊ [ရှေးခေတ်က အတွင်း၌ရှိသော ကန့်လန့်(မင်းတုပ်)ကို ပိတ်လို ဖွင့်လိုလျှင် သံကောက်ဖြင့် လှည့်၍ ဖွင့်ရ ပိတ်ရသည်၊ ယခုခေတ်“သော့” မျိုးပင်တည်း။] ==End of OCR for page 148== ==Start of OCR for page 149== ရှင်ပဏ္ဍိတ အကြောင်း ၁49 ဘုရား, သိကြား, နတ်မင်းများ အစောင့်အရှောက်ဖြင့် ကိုရင်ပဏ္ဍိတ တရား အားထုတ်နေပုံ။ ==End of OCR for page 149== ==Start of OCR for page 150== ၁၅ဝ ရုပ်ပုံ ရှင်ကျင့်ဝတ် တရားအားထုတ်ခြင်း။ ။ကိုရှင်ပဏ္ဍိတသည် ကျောင်းတိုက် သို့ရောက်၍ အရှင်သာရိပုတြာ၏ ကျောင်းขန်းအတွင်းသို့ ဝင်ပြီးလျှင် မိမိขန္ဓာကိုယ်အတွင်း၌ (အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်တတ်သော) ဝိပဿနာကို သွင်း၍ အပူတပြင်း ကြိုးစားလေတော့သည်။ [ထိုအချိန်မှာ ကိုရင်ကလေးသည် ဘာအစာကိုမျှ မစားရသေး၊ အရှင်သာရိ ပုတြာ ဆွမ်းခံပြန်မှ ဆွမ်းစားရတော့မည်၊ တရားအားထုတ်၍ မပြီးမီ အရှင်သာရိပုတြာပြန်ရောက်၍ ဆွမ်းကျွေးလျှင်လည်း တရား၏ အနှောက်အရှက်ဖြစ်ရှာတော့မည်၊ တရားရပြီးမှ ဆွမ်း စားလျှင်လည်း မွန်းလွဲသွားစရာ ရှိသည်။] နတ်သိကြားတို့စောင့်ရှောက်ပုံ။ ။ကိုရင်ကလေး၏ တန်ခိုး အရှိန်သည် တတာဝတိံ သာနတ်ပြည်က သိကြားမင်းကို အသိပေးသကဲ့သို့ ဖြစ်နေ၏၊ ထိုကြောင့် သိကြားမင်းသည် ကိုရင်ကလေး၏ အကြောင်း အရာကို ဆင်ခြင်သောအခါ တရားအားထုတ်နေပုံမှ စ၍ အလုံးစုံကို မြင်ရကား စတုမဟာရာဇ်နတ်မင်းကြီး ၄-ယောက် ကို ခေါ်၍ ( အသံကြားလျှင် သမာဓိ ပျက်မည်စိုးသော ကြောင့်) ကျောင်းအနီး၌ ငှက်သံစသည်ကို မကြားရအောင် စောင့်ရှောက်စေသည်။ ထိုနောက် မွန်းလွှဲသွားမည်စိုးသဖြင့် လနတ်သားและ နေနတ်သားကိုလည်း သူတို့ ဗိမာန်များကို ရွှေ့တိုးမသွားရ အောင် စောင့်ရှောက်ကြဘို့ အမိန့်ပေး၍ မိမိကိုယ်တိုင်ကမူ ကျောင်းတံขါးပေါက် အနီးအပါး၌ ရပ်တည်ကာ သစ်ရွက် ကြွေသံကိုမျှ မကြားရအောင် စောင့်ရှောက်လေသည်။ ==End of OCR for page 150== ==Start of OCR for page 151== ရှင်ပဏ္ဍိတ အကြောင်း ၁၅၁ ရဟန္တ ဘုရားစောင့်ရှောက်ပုံ။ ။မြတ်စွာဘုရားသည် ထိုနေ့၌ ခပ်စောစော ဆွမ်းဘုဉ်းပေး တော်မူပြီးလျှင် တရားအားထုတ်နေသော ကိုရှင်ပဏ္ဍိတကို ဆင်ခြင်တော်မူလတ်သော် “ယနေ့ပင် ရဟန္တာဖြစ်လတ္တံ့” ဟု မြင်တော်မူလေသည်၊ သို့သော် အရှင်သာရိပုတြာ ပြန်လာ၍ တရားအားထုတ်နေသော သာမဏေကို ဆွမ်း ကျွေးလျှင် တရားအပြီးအဆုံးမရောက်မည်ကိုလည်း မြင်တော် မူသောကြောင့် အရှင်သာရိပုတြာလာမည့် တံခါးပေါက်သို့ ကြွ၍ နေတော်မူနှင့်လေသည်။ အရှင်သာရိပုတြာဆွမ်းခံပြန်လာပုံ။ ။အရှင်သာရိပုတြာလည်း ကို ရှင် ကလေးကို ပြန် လွှတ်ပြီးနောက် ဆွမ်းခံဝင်တော်မူလေသည်၊ ကိုရင်ကလေး၏ ရှေးဘုန်း ရှေးကံကြောင့် အရှင်သာရိပုတြာကို အထူးကြည် ညိုသော အိမ်၌ ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ရန် မျှော် နေစဉ် အရှင်သာရိပုတြာကို မြင်၍ ကြည်လင်ဝမ်းမြောက်စွာ ဆွမ်းကပ်လေသော် အရှင်သာရိပုတြာသည် အိမ်မှာ မဘုဉ်း ပေးဘဲ ကျောင်းတော်သို့ ယူသွားမည့်အခြင်းအရာကို ပြလေ သည်။ အိမ်သူ အိမ်သားတို့လည်း “အရှင်ဘုရား….ဒီမှာ ဘုဉ်းပေး တော်မူပါ၊ ပြန်ကြွတော့လည်း ထည့်လိုက်ပါဦးမည်” ဟု လျှောက်ကြသဖြင့် ဘုဉ်းပေးတော်မူပြီးလျှင် နောက်ထပ် ထည့်လှူအပ်သော ငါးကြင်းသားဟင်းและဆွမ်းကို ယူ၍ ပြန်ကြွတော်မူလာလေသော် တံခါးမုခ်ပေါက်၌ ဘုရားရှင်และ တွေ့ရှိသဖြင့် ရုတ်တရက် ရွှေ့တိုး၍ မကြွသာဘဲ ဖြစ်ရလေသည်။ ==End of OCR for page 151== ==Start of OCR for page 152== ၁၅၂ ရုပ်ပုံ ရှင်ကျင့်ဝတ် ကိုရှင်ပဏ္ဍိတလည်း ထိုအချိန်မှာ သောတာပန် သကဒါဂါမ် အနာဂါမ်တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစား နေขိုက် ဖြစ်လေသည်။ ရဟန္တာဖြစ်ခြင်း။ ။ထိုကြောင့် ဘုရားရှင်သည် အရှင်သာ- ရိပုတြာ မကြွသာအောင် အขျိန်ဆွဲ ထားတော်မူလို၍ ပြဿနာ ၄-ရပ်ကို မေးတော်မူလေသည်၊ အရှင်သာရိပုတြာလည်း (ဘုရားและစပ်လာလျှင် အောင်မြင် မည်သာဟု ယုံကြည်ရင်းစွဲရှိသောကြောင့်) ဘုရားမေးအပ် သော ပြဿနာ ၄-ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူလေ ၏၊ထိုပြဿနာကို ဖြေဆို၍ ပြီးขျိန်မှာပင် ကိုရင်ကလေးလည်း ရဟန္တာ ဖြစ်လေသည်၊ [ထုံးစံအတိုင်းဆိုလျှင် ထိုขျိန်မှာ မွန်းလွှဲလောက်ပြီ၊ သို့သော် နေနတ်သားและလနတ်သားတို့ က နေဗိမာန်และလဗိမာန်ကို တားထားသောကြောင့် မွန်း မလွဲသေး။] ဆွမ်းကျွေးခြင်း။ ။အရှင် သာရိပုတြာလည်း ဘုရားထံမှ သွားขွင့်ရ၍ ကျောင်းသို့ သွားပြီးလျှင် ကျောင်းတံขါးကို ขေါက်လိုက်ရာ ပွင့်သစ်စ ပဒုမ္မာကြာပန်း အသွင် အလွန်ကြည်လင်စွာ ထွက်လာသော ၇-နှစ်အရွယ် ရဟန္တာ သာမဏေငယ်ကို မြင်ရ၍ ရွှင်ပျသော မိဘသဘွယ် ဆွမ်းကျွေးတော်မူသည်။ [ကိုရင် ကလေး ဆွမ်းစားပြီးလျှင် ပြီးขျင်း လနေတို့ကို ဆိုင်ရာ နတ် သားတို့က လွှတ်လိုက်သောအခါ အတော်မွန်းလွဲသောအချိန် သို့ ရောက်ပြီးဖြစ်လေသည်။] ==End of OCR for page 152== ==Start of OCR for page 153== ရှင်ပဏ္ဍိတ အကြောင်း ၁၅၃ မှတ်သားဘွယ် ကိုရင်များ…. ပဏ္ဍိတသာမဏေရဲ့ ဝတ္ถုကြောင်းကို ဖတ်ပြီး တဲ့အခါ ကိုရင်တို့အတွက် “ဘာတွေ မှတ်စရာ ပါသလဲ” လို့ စဉ်းစားကြစမ်းပါ။ ၁။ မဟာဒုဂ်ဘဝတုန်းက ငါးကြင်းသားဟင်းနဲ့ ဆွမ်း ကပ်ခဲ့လို့ ဒီဘဝမှာ နေရာတိုင်း၌ ငါးကြင်းသားဟင်း အကျိုးပေးတယ် မဟုတ်လား။ ၂။ ရှေးက ကုသိုလ်ကံပါလာလို့ သူဌေးမျိုးမှာ ဖြစ်ပြီး ဉာဏ်ပညာและစဉ်းစားဉာဏ်လဲ အရာရာမှာ ထက် တယ်။ ၃။ ရှေးဘုန်းရှေးကံ ပါလို့ တရားအားထုတ်တဲ့ နေရာမှာ တောင် နတ်သိကြားတို့သာမက ဘုရားရှင်၏ စောင့် ရှောက်တော်မူခြင်းကို ขံရတယ်။ ၄။ ဒါလောက် အဆင့်အတန်းမြင့်တဲ့ ကိုရင်ပဏ္ဍိတ ရှင်ပြု တုန်းက (ယခုကာလလို) မဏ္ဍပ်ကြီးလဲ မထိုးခဲ့ရ၊ ဘိသိက်လဲ မขံခဲ့ရ၊ ဒါပေမဲ့ ၇-နှစ်သားအရွယ် ငယ် ငယ်ကလေးနဲ့ ရဟန္တာဖြစ်ရတယ်။ ၅။ ကိုရင် ပဏ္ဍိတကို အားကျပြီးတော့ ကိုရင်တို့လဲ ကုသိုလ်များများ ပြုကြပါ၊ ကိုရင်များနှင့် ထိုက်တန် သော ကမ္မဋ္ဌာန်း တမျိုးမျိုးကို နေ့စဉ် ကြိုးစား ကြပါ။ ရှင်သာမဏေကလေးများဝတ္ถု ပြီး၏။ ==End of OCR for page 153== ==Start of OCR for page 154== ၁၅၄ ရုပ်ပုံ ရှင်ကျင့်ဝတ် ဆရာများအတွက် မှတ်ဘွယ် သင်္ကန်းဝတ်ခြင်းနှင့် စပ်၍ မှတ်ဘွယ် ဥပဇ္ဈာယ်ဆရာ အင်္ဂါ။ ။ဥပဇ္ဈာယ်ပေး၍ တပည့် ပရိသတ်ကို မွေးမြူသော ဆရာသည်…၁-ဆယ်ဝါ ရပြီးဖြစ်ခြင်း၊ ၂-ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းဟု ขေါ်သော (ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော) ဝိဘင်း ၂-မျိုးကို တတ်သိ နားလည်ခြင်း၊ ၃-ကံကြီးကံငယ် ပြုလုပ် နည်းကို နားလည်ခြင်း၊ ၄-မဟာဝါ စူဠဝါขန္ဓက၌ လာသော သိက္ခာပုဒ်များကို နားလည်ခြင်း၊ ၅-နာမ်တရား ရုပ်တရားတို့ကို ဟောပြောနိုင်ခြင်း ဤသို့ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံစေရသည်၊ ဤ အင်္ဂါ ၅-ပါးและပြည့်စုံသောပုဂ္ဂိုလ်သာ ဥပဇ္ဈာယ်ဆရာ ဂုဏ်အင်္ဂါနှင့် ညီညွတ်သည်။ [ ဆောင် ] ဆယ်ဝါပြည့်တင်း ဝိဘင်း ၂ဖြာ ကမ္မာကမ္မ ขန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြိုင် ကျောင်းထိုင် ငါးအင်္ဂါ။ ရှင်သာမဏေ ဝတ်ပေးမှု။ ။ရှင်သာမဏေ ပြုပေးရာ၌…. ၁- ขေါင်းရိတ်မှု၊ ၂-သင်္ကန်း ဝတ်ပေးမှု၊ ၃- သရဏဂုံပေးမှု ဤ ၃-ခုလုံးကို “ရှင်ပြုပေးခြင်း” ဟု ขေါ်၏။ [ “ကေသစ္ဆေဒန ကာသာယစ္ဆာဒန သရဏဒါနာနိ ပဗ္ဗဇ္ဇနံ နာမ”-ဝိမတိဋီကာ ပဗ္ဗဇ္ဇขန္ဓက။] ထိုကိစ္စ ၃-မျိုး လုံးကို ဥပဇ္ဈာယ်ကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင် ပြုသင့်၏၊ အခြားကိစ္စများသဖြင့် အားလပ်ခွင့် မရလျှင်လည်း ရဟန်းငယ် တပါးပါးကို (ရှင်ပြုပေးလိုက်ပါ)ဟု စေခိုင်းနိုင်၏။ [“သစေ ==End of OCR for page 154== ==Start of OCR for page 155== ဆရာများအတွက် မှတ်ဘွယ် ogg ဩကာသော ဟောတိ, သယံ ပဗ္ဗာဇေတဗ္ဗော၊ သစေ ဥဒ္ဒေသ ပရိပုစ္ဆာဒီဟိ ဗျာဝဋော ဟောတိ, ဩကာသံ န လဘတိ၊ ဧကော ဒဟရဘိက္ခု ဝတ္တဗ္ဗော– (ဧတံ၊ ဤရှင် လောင်းကို။ ပဗ္ဗာဇေဟိ၊ ဆံချ သင်္ကန်းဝတ် သရဏဂုံပေးကာ ရှင်ပြုပေးလိုက်ပါ။) ဣတိ ဝတ္တဗ္ဗော—-ပဗ္ဗဇ္ဇขန္ဓကဋ္ဌကထာနှင့် ဝိမတိဋီကာ။ ] ဥပဇ္ဈာယ်ကိုယ်စား ဥပဇ္ဈာယ် ဆရာကပင် မขိုင်းသော်လည်း ရှင်ပြုပေးခြင်း “ရဟန်းငယ်က ဥပဇ္ဈာယ်ကို ရှည်စူး၍ (ဥပဇ္ဈာယ်ကိုယ်စား)ရှင်သာမဏေပြုပေး လျှင်လည်း အပ်၏”ဟု အဋ္ဌကထာဆို၏၊ ထိုကြောင့် ယခုအခါ ဥပဇ္ဈာယ် ဂုဏ်အင်္ဂါနှင့် မညီသေးဘဲ ရှင်သာမဏေ ပြုပေးကြ ရသော ရဟန်းငယ်များသည် မိမိ၏ဥပဇ္ဈာယ်ဆရာကို ရည်စူး၍ ဥပဇ္ဈာယ်၏ ကိုယ်စားအနေဖြင့်သာရှင်သာမဏေ ပြုပေးသင့် ကြသည်၊ ရှင်သာမဏေပြုပေးပြီးနောက်လည်း ဥပဇ္ဈာယ်ရှိရာ သွား၍ ဥပဇ္ဈာယ်ယူစေသင့်ကြသည်။ သာမဏေและလူဝတ်ကြောင်က ဥပဇ္ဈာယ်ဆရာသည် သင်္ကန်းဝတ်ပေးမှု (ကျောင်း၌ ขိုင်းဘို့ရာ ရဟန်းငယ် မရှိ၍သော် ၎င်း ရှိစေကာမူ မขိုင်းလို၍သော်၎င်း) သာမဏေ တပါးပါးကို “ဤ ကလေးအား ขေါင်းရိတ်၍ သင်္ကန်းဝတ်ပေးလိုက်ပါ”ဟု စေခိုင်းနိုင်၏၊ သာမဏေကို မခိုင်းဘဲ သင်္ကန်းဝတ်ပေးတတ်သူ လူဝတ်ကြောင် တယောက်ယောက်ကိုလည်း ခိုင်းနိုင်၏၊ ထိုသို့ ခိုင်းသောအခါ အขိုင်းခံရသူသည် ขေါင်းရိတ်၍ သင်္ကန်း ပေးပြီးလျှင် ဝတ်ပေးကောင်း၏၊ ထိုသို့ သာမဏေและလူဝတ် ==End of OCR for page 155== ==Start of OCR for page 156== ၁၅၆ ရုပ်ပုံ ရှင်ကျင့်ဝတ် ကြောင်ကို စေခိုင်းရာ၌ သင်္ကန်းဝတ်ပြီးသောအခါ သရဏဂုံ ကိုကား ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးရမည်။ ကိုယ့်ဘာသာမဝတ်ကောင်း။ ။ဥပဇ္ဈာယ်ဆရာသည် မည်သူ ကိုမျှ မခိုင်းဘဲ သူ့ဘာသာ ဝတ်တတ်သော ရှင်လောင်းအား သင်္ကန်းပေး၍ “ သင့်ဘာ သာ ဝတ်တော့” ဟု ခွင့်ပြုလျှင်လည်း ရှင်လောင်းကိုယ်တိုင် သင်္ကန်းဝတ်ကောင်း၏၊ ရှင်သာမဏေလောင်းသည် ဥပဇ္ဈာယ် ဆရာက “ဝတ်တော့” ဟု ขွင့်မပြုဘဲ (သူပိုင်သင်္ကန်း ဖြစ်စေ ကာမူ) ကိုယ့်ဘာသာ သင်္ကန်းယူ၍ မဝတ်ကောင်းကြောင်း ရှေးအစ၌ မှာထားခဲ့ပြီ၊ ထိုသို့ ကိုယ့်ဘာသာယူ၍ ဝတ်လျှင် ရှင်သာမဏေ မဖြစ်ဟု ဆိုကြ၏၊ ထိုကြောင့် နားမလည်၍ ကိုယ့်ဘာသာဝတ်ထားသူကို သင်္ကန်းချွတ်စေ၍ ဥပဇ္ဈာယ် ဆရာက ထပ်မံပြီး သင်္ကန်းပေးရ၏။ [ “ ဘိက္ခုနာ ဟိ သဟတ္ထေန ဝါ အာဏတ္တိယာ ဝါ ဒိန္နမေဝ ကာသာဝံ ဝဋ္ဋတိ၊ အဒိန္နံ န ဝဋ္ဋတိ —-ပဗ္ဗဇ္ဇขန္ဓကဋ္ဌကထာ။ ] သင်္ကန်းကပ်, သင်္ကန်းတောင်း ပြခဲ့သော စကားစဉ်အရ ဖြစ်ပေါ်လာပုံ ဥပဇ္ဈာယ်ဆရာက သင်္ကန်း ပေးမှ ဖြစ်စေ၊ ဥပဇ္ဈာယ် ဆရာက တဆင့် အခိုင်းခံရသူ ပေးမှဖြစ်စေ သင်္ကန်း ဝတ် ကောင်း၍ ( ကိုယ်ပိုင်သင်္ကန်း ဖြစ်စေကာမူ ) ကိုယ့်ဘာသာ မဝတ်ကောင်းသောကြောင့် ယခုအခါ၌ မိမိလက်မှာရှိသော ကိုယ်ပိုင်သင်္ကန်းကို ဆရာ့လက်သို့ ကပ်ရခြင်း ဆရာ့လက်မှ ပြန်၍ တောင်းရခြင်း ဟူသော ထုံးစံ ၂-ခု ဖြစ်ပေါ်လာပေ ==End of OCR for page 156== ==Start of OCR for page 157== ဆရာများအတွက် မှတ်ဘွယ် ၁၅၇ သည်။ [ယခုကာล၌ “ သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာ- နဿ” စသော စကားသည် ဝိမတိဋီကာကို မှီ၍ ရှေးဆရာတို့ စီစဉ်အပ်သော စကားမျှသာ ဖြစ်သည်။ ] အကယ်၍ ဆရာ ကိုယ်တိုင် ဝတ်ပေးလျှင်ကား ထို သင်္ကန်းကပ် သင်္ကန်းတောင်း များလည်း မလိုပါ။ [ “ ကာသာယာနိ တိက္ခတ္တံ ဝါ ဒွိက္ခတ္တံ ဝါ သကိ ံ ဝါ ပဋိဂ္ဂါဟာပေတဗ္ဗော = သင်္ကန်းတို့ကို ရှင် လောင်းလက်သို့ ၃-ကြိမ်, ၂-ကြိမ်, တကြိမ်ဖြစ်စေ အပ်နှင်း ရမည်၊ အထာပိဿ ဟတ္ထေ အဒတွာ အာစရိယော ဝါ (သရဏဂုံ’ဆရာသည်သော်၎င်း )ဥပဇ္ဈာယော ဝါ သယမေဝ အစ္ဆာဒေတိ၊ ဝဋ္ဋတိ”-ပဗ္ဗဇ္ဇขန္ဓကဋ္ဌကထာ။] သရဏဂုံနှင့်စပ်၍ မှတ်ဘွယ် သရဏဂုံ သီลတောင်း ယခုခေတ်၌ သရဏဂုံ မယူမီ “အဟံ ဘန္တေ” စသော သရဏဂုံ သီล တောင်းနှင့် တကွ “နမော တဿ” အထိ ဆိုကြရသေး၏၊ ထို အားလုံးသည် ပါဠိတော် အဋ္ဌ- ကထာတို့၌ တိုက်ရိုက်လာသော စကားများ မဟုတ်ကြ၊ ရှေးဆရာတို့ သင့်တော်အောင် စီစဉ်အပ်သော စကားများ သာ ဖြစ်သည်၊ ထို့ကြောင့် ထိုစကားများကို ပါဠိလိုမဆိုဘဲ မြန်မာလိုလည်း ဆိုနိုင်၏၊ သျှိသော် ပါဠိလို မဆိုရလျှင် ပေါ့ ဆဆနိုင်သည်ဟု ထင်မည်စိုးသောကြောင့် ပါဠိ မြန်မာ ၂-မျိုး လုံး ပြခဲ့ပါသည်၊ မြန်မာလိုပင် ဆိုကောင်းသေးရကား (ဓနိတအက္ခရာကို ပြင်းပြင်းရွှတ်ကာ) ဌာန်ကရိုဏ်း ကျနဘို့ လည်း အရေးမကြီးသေးပါ။ ==End of OCR for page 157== ==Start of OCR for page 158== ၁၅၈ ရုပ်ပုံ ရှင်ကျင့်ဝတ် သရဏဂုံ။ ။ရှင်သာမဏေ ပြုသောကိစ္စ၌ “ဆံချ, သင်္ကန်း ဝတ်, သရဏဂုံပေး” ဤ ၃-ချက် အရေး အကြီးဆုံးဟု ကျမ်းဂန်၌ ဆိုပါသည်၊ ထို ၃-မျိုးတွင်လည်း သရဏဂုံသည် သာ၍ အရေးကြီး၏၊ ထို သရဏဂုံ၌ “ ဥဘ- တောသုဒ္ဓိ=(ပီပီသသရွတ်ဆိုသောအားဖြင့်) ဆရာနှင့်တပည့် ၂-ဘက်လုံး သန့်ရှင်းမှု ” ဖြစ်မှ သရဏဂုံ အထမြောက်သည်၊ ဆရာက ပီ၍ တပည့်ကမပီလျှင်၎င်း, တပည့်က ပီသော်လည်း သွားကျိုးနေခြင်း စသော အကြောင်းကြောင့် ဆရာက မပီ လျှင်၎င်း သာမဏေစစ်စစ် မဖြစ်နိုင်ပါ၊ ထို့ကြောင့် ယခုအခါ ရှင်လောင်းများအား စောစောက တင်ကြို၍ ရွှတ်ဆိုနည်းကို တချို့ ဆရာသမားတို့ သင်ပြလေ့ရှိကြသည်။ အဋ္ဌကထာ။ ။ပဗ္ဗဇ္ဇာယ ပန ဣမာနိ တီဏိ သရဏာနိ ဗကာရ ဓကာရာဒီနံ ဗျဉ္ဇနာနံ ဌာနကရ- ဏသမ္ပဒံ အဟာပေန္တေနေဝ အာစရိယေနာပိ အန္တေဝါသိ- ကေနာပိ ဝတ္တဗ္ဗာနိ၊ သစေ အာစရိယော ဝတ္တုံ သက္ကောတိ အန္ေဝါသိေကာ န သေကၠာတိ။ပ။ န ဝဋ္ဋတိ။ပ။ (မဟာဝါ ပဗ္ဗဇ္ဇขန္ဓက။) တင်းတင်းရွှတ်ရသော အက္ခရာများ။ ။ပါဠိအက္ခရာများကို ရွှတ်ဆိုရာ၌ အသံ၏ ဖြစ်ရာဌာနနှင့် အသံထွက်ပုံ တူနေလျှင် ရှေ့အက္ခရာကို ရိုးရိုး ရွှတ်၍ နောက် အက္ခရာကို တင်းတင်း မာမာ ရွှတ်ရ၏၊ ထိုသို့ ရွှတ်မှလည်း “ အသံတူ ၂-လုံးတွင် မည်သည့်အက္ခရာကို ရွှတ် သည်” ဟu နားထောင်သူတို့မှာ ကွဲကွဲပြားပြား ကြားရ၍ ==End of OCR for page 158== ==Start of OCR for page 159== ဆရာများအတွက် မှတ်ဘွယ် ၁၅၉ ထိုပါဠိ၏ အနက်မှန်ကို နားလည်နိုင်သည်၊ ဌာန်တူ အသံတူ အက္ခရာများကား’— က နှင့် ข။....ဂ နှင့် ဃ။....စ နှင့် ဆ။....ဇ နှင့် ဈ။ ဋ နှင့် ဌ။…… ဍ နှင့် ဎ။….တ နှင့် ထ။….ဒ နှင့် ဓ။ ပ နှင့် ဖ။..ဗ နှင့် ဘ။ ထိုဆယ်စုံတွင် ရှေ့ အက္ခရာကို ရိုးရိုးအသံဖြင့် ရွှတ်၍ နောက် အက္ခရာကို တင်းတင်းမာမာ ရှုတ်ကြရသည်၊ “တင်း တင်းမာမာ” ဆိုသော်လည်း ငေါက်ငန်းသလို ပြင်းပြင်း ထန် ထန် ရွှတ်ရမည်ဟု မဆိုလို၊ က အသံและข အသံ, ဂ အသံและ ဃ အသံ ကွဲပြားရုံသာ ရွှတ်ရမည်ဟု ဆိုလိုသည်၊ ထိုကြောင့် “ဗုဒ္ဓံ ဓမ္မံ သံဃံ” ပုဒ်တို့ကို ရွှတ်ရာ၌ “ ဒုံ, ဒမ် ဂ” တို့နှင့် မရောရုံ “ဒ္ဓံ ဓမ်, ဃ” တို့ကို တင်းတင်းမာမာ ရှုတ်ရမည်။ ရွှတ်နည်း ၂-မျိုး။ ။ဤသို့ အက္ခရာတလုံးစီ ပီသအောင် ရွှတ်တတ်ပြီးနောက် “ ဗုဒ္ဓံ + သရဏံ” တို့၌ နိဂ္ဂဟိတ် (သေးသေးတင်)ဆုံးသော နိဂ္ဂဟိတန္တရွတ်နည်း “ဗုဒ္ဓမ် + သရဏမ်”ဟု (မ်) အက္ขရာဆုံးသော မကာရန္တရွတ် နည်း ၂-မျိုးတွင် တမျိုးမျိုး ပီသအောင် ရှုတ်တတ်ဘို့ အလေ့ အလာ ပြုကြရသေးသည်၊ ချိုဦးအံ့— နိဂ္ဂဟိတန္တ ရွှတ်နည်း၌ “ဒ္ဓံ” ဟု ရွှတ်ရာဝယ် ဒ္ဓ နှင့် နိဂ္ဂဟိတ်တို့သည် အသရ တလုံး တည်းကို မှီရသောကြောင့် (“ဒ + င်၊ ” ဟု အလယ်က သရ တလုံးတည်းကို ရှေ့စ်ဗျည်းနှင့် နောက် နိဂ္ဂဟိတ်ဗျည်းတို့ မှီရ သောကြောင့်) ဒ္ဓ အသံและနိဂ္ဂဟိတ်အသံကို ขွဲ၍ မရဘဲ တစပ် တည်း တသံတည်း ဖြစ်အောင် ရှုတ်ရသည်၊ “ ဏံ, မံ, သံဃံ” တို့၌လည်း နည်းတူ။ ==End of OCR for page 159== ==Start of OCR for page 160== ၁၆ဝ ရုပ်ပုံ ရှင်ကျင့်ဝတ် မကာရန္တ ရွှတ်နည်း၌ကား “ ဒ္ဓမ်”ဟု ရွှတ်ရာဝယ် ဒ္ဓ သည် အသရကိုမှီ၍ (မ်) ဗျည်းက ထို အသရကို မမှီသောကြောင့် ဒ္ဓသံและ(မ်) သံကို တစပ်တည်းရွှတ်၍ မရ၊ “ဒ္ဓ” ဟု ရွှတ်ပြီးမှ (မ်) ကို တမတြာဝက်သံ ကလေးမျှ သီးขြား ရွှတ်ရသည်၊ M ဟူသော အင်္ဂလိပ်စာလုံးကို ရွှတ်တတ် သူအား ရွှတ်ขိုင်းပါ၊ သီတာและရာမကို “သီတာရာမ်”ဟု မကာရန္တ ရွှတ်သော ဟိန္ဒူ သံကိုလည်း နားထောင် ကြည့်ပါလေ။ “ဓမ္မမ်, ဏမ်, ယမ်”တို့၌လည်း နည်းတူ။ များသောအားဖြင့် မြန်မာလူမျိုးတို့သည် နိဂ္ဂဟီတန္တ အသံကိုသာ ရွှတ်တတ်ကြ၏။ (မ်)ကာရန္တအသံကို ကျနစွာ ရွှတ်တတ်သူ နည်းပါးလှ၏၊ ဟိန္ဒူများကား (မ်)ကာရန္တကို လည်း လွယ်ကူစွာ ရွှတ်နိုင်သောကြောင့် သရဏဂုံ၌ နိဂ္ဂဟီ တန္တ မကာရန္တ ၂-မျိုးလုံးပင် ဟိန္ဒူ နိုင်ငံ ဣန္ဒိယ၌ ขွင့်ပြု တော်မူခဲ့ရင်း ဖြစ်သည်။ [ဤ ရွှတ်ပုံและစပ်၍ မြန်မာနိုင်ငံ၌ အခြားနည်းများလည်း ရှိပေသေး၏။] အဋ္ဌကထာ။ ။ဣမာနိ စ ပန ဒဒမာနေန “ဗုဒ္ဓံ သရဏံ ဂစ္ဆာမီ”တိ ဧဝံ ဧကသမ္ဗန္ဓာနိ အနုနာသိ- ကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီ”တိ ဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။— ပဗ္ဗဇ္ဇขန္ဓက။ ထိုပြင်-ဓံ, ဓမ် အသံတို့ ဖြစ်ရာဌာနသည် သွားရင်း ဖြစ်၏၊ ထို သွားရင်းကို လျှာဖျားဖြင့် တို့၍ ရွှတ်ရသည်၊ ဤသို့ ရှုတ်မှသာ “လံ-ဍမ်”အသံและကွဲပြား၏၊ သရဏံ၌ ဏ-အသံ၏ ဖြစ်ရာဌာနသည် အာထိပ်(အာขေါင်တွင် ထိပ်ဘု) ==End of OCR for page 160== ==Start of OCR for page 161== ဆရာများအတွက် မှတ်ဘွယ် ၁၆၁ ဖြစ်၏၊ ထို အာထိပ်ကို လျှာဖျား၏ အတွင်းနဲနဲကျသော အရပ်ဖြင့် ထိကပ်၍ ရွှတ်မှသာ အသံပီ၍ နငယ်နှင့် ကွဲပြား သည်၊ ဤကဲ့သို့ သေขျာအောင် ဆရာ အစဉ်အဆက် ရွှတ် ဖတ်နည်း မရလျှင် ဆရာ့ကိုယ်တိုင်ပင် သရဏဂုံပီဘို့ ခဲယဉ်း လှ၏၊ ရှင်သာမဏေလောင်းအတွက်မှာ ပြောဘွယ် မလို တော့ပါ။ [ဤသရဏဂုံပေးขါနီး၌ဖြစ်စေ စောစောက သင်ပြ ขိုက်ဖြစ်စေ ဘုရား တရား အရိယာသံဃာများအကြောင်းကို အတော်အတန် နားလည်အောင် ပြောကြပါလေ။] သာမဏေအတု ဖြစ်ရကျိုး။ ။ယခုขေတ်အလိုက် သာမဏေ အစစ်ဖြစ်ဘို့ ခဲယဉ်းနေသော် လည်း သာမဏေအတုကား ဖြစ်ပါပြီ၊ ထို သာမဏေအတုသည် ရှင်သာမဏေများ၏ ကျင့်ဝတ်တို့ကို ရိုသေစွာ စောင့်ထိန်း၍ နေထိုင်ပါမူ လောကမှာလည်း ကဲ့ရဲ့ဘွယ် အပြစ်မရှိပါ၊ နောင် သံသရာမှာလည်း မကောင်းကျိုး မရ ကောင်းကျိုးသာ ရဘွယ်ရှိပါသည်၊ သာမဏေ အတုကလေးမျှသာ ဖြစ်၍ ပစ်စလက်ခတ် တော်စွာ လျော်စွာနှင့် သာမဏေ၏ သိက္ခာကို မစောင့်ရှောက်ပါမူကား ဘာသာขြားတို့ အထင်သေးဘွယ်ရာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အသရေမဲ့အောင် ပြုရာ ရောက်သောကြောင့် ယခုဘဝလည်း အပြစ်မကင်း, သံသရာ မှာလည်း အပါယ် ၄-ပါး အစာသာ ဖြစ်ရှာတော့မည်။ ထို့ကြောင့် မည်သည့် ဆရာ မိဘမဆို သိက္ခာကို မစောင့် ထိန်းနိုင်သေးသော (စောင့်ထိန်းနိုင်သော်လည်း သဒ္ဓါတရား မရှိသော)ကလေးသူငယ်များကို “သင်္ကန်းขျီရလျှင် ပြီးရော” ဆိုတဲ့ သဘောဖြင့် သင်္ကန်းဝတ်ပေးကာ ဗုဒ္ဓမြတ်စွာ၏ အထွတ် ၁၁-ပ-ม-သ-စ ==End of OCR for page 161== ==Start of OCR for page 162== ၁၆၂ ရုပ်ပုံ ရှင်ကျင့်ဝတ် အထိပ် သာ သာသနာတော်ကို ကလေးကစားသလို မပြုကြဘို့ အကြောင်း ထပ်လောင်း၍ သတိပေးပါသည်။ ဆယ်ပါးသီလและစပ်၍ မှတ်ဘွယ် ဝေရမဏိတွင် ထားရပုံ။ ။သရဏဂုံယူပြီး၍ ရှင်သာမဏေ ဖြစ်လျှင် သိက္ခာပုဒ်ဆယ်ပါးကို အထူးဆောက်တည်ဘွယ် မလို၊ အလိုလိုဆောက်တည်ပြီး ဖြစ်တော့၏၊ ဥပမာ- သိမ်အတွင်း၌ ရဟန်းဖြစ်လျှင်ဖြစ်ခြင်း ဝိနည်း သိက္ခာပုဒ်တော်အားလုံး အထူး မဆောက်တည်ရဘဲ အလိုလိုဆောက်တည်ပြီး ဖြစ်နေသကဲ့သို့တည်း၊ ထိုကြောင့် ဤ ရှင်သာမဏေပြုပေးขဏ်းဝယ် ပါဠိတော်အဋ္ဌကထာများ၌ “သိက္ခာပဒံ သမာဒိယာမိ”ဆိုသော (သိက္ခာပုဒ်ဆောက်တည် ပုံပြ) စကားကို မသုံးစွဲဘဲ “ “ ပါဏာတိပါတာ ဝေရမဏိ” တိုင်ရုံသာ အသုံးပြုလေသည်။ အဋ္ဌကထာ။ ။ဧတ္တာဝတာ ဟိ သာမဏေရဘူမိယံ ပတိဋ္ဌိ- တော ဟောတိ၊ သစေ ပန ဂတိမာ ဟောတိ ပဏ္ဍိတဇာတိကော၊ အထဿ တသ္မိံယေဝ ဌာနေ သိက္ခာပဒါနိ ဥဒ္ဒိသိတဗ္ဗာနိ=သရဏဂုံ ယူပြီးขျိန်တိုင်အောင် ဤမျှလောက် ဖြင့် ရှင်သာမဏေအရာ၌ တည်ပြီးဖြစ်တော့၏၊ အကယ်၍ ထိုသာမဏေသစ်သည် ဉာဏ်ထက်သူဖြစ်လျှင် ထိုသူအား ထိုသရဏဂုံယူရာ အရပ်၌ပင် သိက္ခာပုဒ်တို့ကို (ဆရာက)ရွှတ် ပြထိုက်ကုန်၏၊ ( သိက္ခာပုဒ်တို့ကို ရွှတ်ပြ၍ ရအောင်ขျပေး ရမည်-ဟူလို)။ [ဝိနည်းမဟာဝါ ပဗ္ဗဇ္ဇက္ခန္ဓက။] ==End of OCR for page 162== ==Start of OCR for page 163== ဆရာများအတွက် မှတ်ဘွယ် ၁၆၃ ဆက်ဦးအံ့’ဤအဋ္ဌကထာ၌ “ဉာဏ်ထက်လျှင် ထိုနေရာ မှာပင် ขျပေးလိုက်”ဟု ညွှန်ပြသဖြင့် “ ဉာဏ်မထက်၍ တขဏและရမည့်သူ မဟုတ်လျှင် ဖြည်းဖြည်းမှရအောင် ကျက် ပါစေ”ဟု ขွင့်ပြုရာရောက်၏၊ ထိုသိက္ခာပုဒ်ဆယ်ပါးကိုလည်း ဘုရားမိန့်တော်မူသည့်အတိုင်း ขျပေးရမည်ဟု ဆို၏၊ ဘုရား မိန့်တော်မူပုံကား – အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ ဒသသိက္ခာပဒါနိ တေသု စ သာမဏေရေဟိ သိက္ခိတုံ၊ ပါဏာတိပါတာ ဝေရမဏိ ။ပ။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိ— ဤသို့ မိန့်တော်မူသည်။ မှတ်ขျက်။ ။ပါဠိတော်၌ “ ဝေရမဏိ ” ဟu ရတ္တိကဲ့သို့ ဒုတိယာဝိဘတ်ဖြင့် ပြထားသည်မှာ “ အနု- ဇာနာမိ+သိက္ခာပဒါနိ = သိက္ခာပုဒ်တို့ကို+ขွင့်ပြုတော်မူ၏” ဟူသော အပေါင်းဝါကျ၌ သိက္ခာပဒါနိและလိုက်အောင် ထားခြင်းဖြစ်သည်၊ သိက္ခာပုဒ် ၁၀-ပါးသရုပ်ကို ရေတွက်၍ ပြရာ၌ကား “ဝေရမဏီ”ဟu ပဌမာဝိဘတ်ဖြင့်သာ ပြขွင့် ရှိသည်၊ ပါဠိတော်အတိုင်း အတိအကျ သင်ပြလိုလျှင်လည်း ပါဠိမြန်မာ ၂-မျိုးလုံး သင်ပြသင့်ပါသည်။ ပါဠိလိုขျည်း သင်ပြခြင်းကား ပါဠိကို နားမလည်သော မြန်မာကလေးများအတွက် အကျိုးမရပါ၊ ထိုကြောင့် အဋ္ဌကထာ၌ “တာနိ ပါဠိယံ အာဂတနယေန ဥဂ္ဂဟေတုံ အသက္ကောန္တဿ ယာယ ကာယစိ ဘာသာယ အတ္ထဝသေနပိ အာစိက္ခိတုံ ဝဋ္ဋတိ = ထိုသိက္ခာပုဒ်တို့ကို ပါဠိတော်လာသော နည်းဖြင့် သင်ယူခြင်းငှါ မစွမ်းနိုင်သော သာမဏေများ အတွက် မည်သည့်ဘာသာและမဆို အနက်အဓိပ္ပါယ်အား ==End of OCR for page 163== ==Start of OCR for page 164== ၁၆၄ ရုပ်ပုံ ရှင်ကျင့်ဝတ် ဖြင့်လည်း ပြောပြသင့်၏”ဟု မိန့်တော်မူသည်၊ ထိုကြောင့် ဤကျမ်းငယ်၌ သိက္ခာပုဒ် ၁၀-ပါးကို ပါဠိမြန်မာ ၂-မျိုးလုံး တွဲဘက်၍ ပြထားသော်လည်း မြန်မာလို သက်သက်လည်း ပြောနိုင်, ရှမ်းလူမျိုးဖြစ်လျှင် ရှမ်းလို ဘာသာပြန်၍လည်း ပြောနိုင်ကြောင်းကို သိကြပါလေ။ သိက္ခာပဒံသမာဒိယာမိ မထည့်ရ။ ။အဋ္ဌကထာ၌ “ပါဏာ- တိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ= ပါဏာတိပါတမှ ရှောင်ကြဉ် ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဟု လူအများ ဆောက်တည်သလိုဆောက်တည်ပုံကို ပဌမပြထားသော်လည်း ထိုနည်းကို “ပါဠိတော်และရှေးအဋ္ဌကထာတို့၌ မရှိ”ဟု အဋ္ဌ ကထာ ဆရာကိုယ်တိုင် ပယ်ခဲ့လေပြီ။ [အန္ဓကဋ္ဌကထာယံ ပန “အဟံ ဘန္တေ ဣတ္ထန္နာမော ယာဝဇီဝံ ပါဏာတိပါတာ ဝေ- ရမဏိ သိက္ခာပဒံ သမာဒိယာမီ” တိ ဧဝံ သရဏဒါနံ ဝိယ သိက္ခာပဒဒါနံပိ ဝုတ္တံ၊ တံ နေဝ ပါဠိယံ န အဋ္ဌကထာသု အတ္ထိ၊ တသ္မာ ယထာပါဠိယာဝ ဥဒ္ဒိသိတဗ္ဗာနိ၊ ပဗ္ဗဇ္ဇာ ဟိ သရဏ- ဂမနေဟေဝ သိဒ္ဓါ၊ သိက္ခာပဒါနိ ပန ကေဝလံ သိက္ခာပရိ- ပူရဏတ္ထံ ဇာနိတဗ္ဗာနိ။ အဋ္ဌကထာ။] ပယ်လည်း ပယ်ထိုက်ပေ၏၊ ဘာ့ကြောင့်နည်း.. သာမဏေများမှာ လူတို့ကဲ့သို့ သိက္ခာပုဒ် ၁၀-ပါးကို တမင်္ဂလာ ဆောက်တည်ဘွယ် မလိုသောကြောင့် တည်း၊ ဤစကားကို သတိထား၍ ယခုขေတ် ရှင်ပြု ပေးရာ သရဏဂုံ ထပ်စေရာတို့၌ “သိက္ခာပဒံ သမာဒိ- ယာမိ” မထည့်ဘဲ “ဝေရမဏိ”လောက်တွင်သာ ဆို ==End of OCR for page 164== ==Start of OCR for page 165== ဆရာများအတွက် မှတ်ဘွယ် ၁၆၅ စေသင့်ကြပါသည်။ [အဋ္ဌကထာဝယ် လိင်္ဂနာသန ขဏ်း၌ “ဧဝံ သန္တေပိ။ပ။ ပုန ဒါတဗ္ဗာနိ”ဟု လာရာ၌ လည်း ဒါတဗ္ဗာနိအရ ဤပြခဲ့သည့်အတိုင်း ၁၀-ပါး သီလချပေးသော အပေးကိုသာ ယူပါ။] ပါဏာတိ ပါတ-စသော သိက္ခာပုဒ်များကို လိင် ၁၀-ပါး မှတ် ဘွယ်ကျမှ ပြပါမည်။ ဝိကာလဘောဇန။ ။နံနက်စောစော အာရုဏ်တက်သည်မှ စ၍ နေ့လည် မွန်းတည့်တိုင်အောင် အချိန်သည် ရဟန်းသာမဏေและဥပုသ်သည်တို့ ဆွမ်းခဲဘွယ် သောက်ဘွယ်တို့ကို စားသောက်နိုင်ရာ အချိန်ကာลမည်၏။ မွန်းလွဲသည်မှစ၍ နောက် အာရုဏ်တိုင်အောင် ကာလသည် “ဝိကာလ”မည်၏၊ “စားသောက်ဘို့ရာ အချိန်ကာလ မဟုတ်” ဟု ဆိုလိုသည်၊ ထိုဝိကာလ၌ ဆွမ်းขဲဘွယ်และလက်ဘက်ရည် စသည်ကို မစားမသောက်ကောင်း၊ စားသောက်လျှင် ဤ ဝိကာလဘောဇန သိက္ခာပုဒ် ပျက်တော့၏၊ နေလွဲအခါ၌ မွတ် သိပ် ဆာလောင်လျှင် ဘိလပ်ရည် ထန်းလျက်ရည်နှင့် ဖျော် ရည်ကို သောက်ကောင်း၏၊ ကြွင်းသော မှတ်ဘွယ်ကို ဆေး ပစ္စည်းขဏ်း၌ ပြခဲ့ပြီ။ ပါဠိတော်။ ။ယာမကာလိကံ၊ ( မွန်းတည့် သည်မှစ၍ နောက်ဆုံး ညဉ့်ယာမ်ကာလ တိုင်အောင် သောက်ထိုက်သော) ဖျော်ရည်စသည်ကို၎င်း။ သတ္တာဟကာ- လိကံ၊ (၇-ရက် ပတ်လုံး စားသုံးထိုက်သော) စတုမဓူစသည် ကို၎င်း။ ယာဝဇီဝိကံ၊ (အသက်ထက်ဆုံး စားသုံးထိုက်သော) ဆေးကို၎င်း။ အာဟာရတ္ထာယ၊ အာဟာရ အကျိုးငှါ။ ==End of OCR for page 165==