text1 = """Trang 12

၄ ဆရာတော်ဦးဇောတိက

ကားမောင်းရင်းနဲ့ တဖက်က ဘရိတ်ကို နင်းထားပြီးတော့ တဖက်က လီဗာကို နင်းထားသလို ဖြစ်နေတယ်။ သွားလည်း သွားချင်တယ်၊ ရပ်လည်း ရပ်ပစ် လိုက်ချင်တယ်။ အဲဒါကြောင့် ပိုပြီးတော့ ပင်ပန်းတယ်။ ဒီသဘောကို တော်တော် နက်နက်နဲနဲ သိဖို့လိုတယ်လို့နော်။

အဓိကပြဿနာက စိတ်ထဲမှာ ဘာကိုမှ လှိုက်လှိုက်လှဲလှဲ ခံစားလို့မရဘူး၊ ဘာကိုမှ တန်ဖိုးထားလို့ မရဘူး၊ ဘာကိုမှ မလုပ်ချင်သလိုပဲ ဖြစ်နေတယ်။

တိတိကျကျ မသိကြဘူး။

အကယ်၍ လူတစ်ယောက်ဟာ သူ တကယ်လုပ်ချင်တာ ဘာလဲလို့ တိတိကျကျသိပြီးတော့ ကိုယ့်ဟာကိုယ်လည်း နေ့စဉ် စိတ်ပါလက်ပါ လုပ်နေတယ်ဆိုရင် အခုနပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊ ဘဝကြီးက empty ဖြစ်နေသလိုမျိုး၊ ပျင်းစရာကောင်းတယ် ဆိုတာမျိုးဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။

လူတွေက ငါ ဘာလုပ်ချင်သလဲ၊ ငါ ဘာလိုချင်သလဲ ဆိုတာကို တကယ်တိတိကျကျ မသိကြဘူး။ သူများ ဘာလုပ်နေသလဲဆိုတာ ကြည့်ပြီး သူများလုပ်တာ လုပ်ရရင် ကောင်းမှာပဲဆိုပြီးတော့ ဆုံးဖြတ်ကြတယ်။ ဒါတင် မကဘူး၊ ငါ့စိတ်ထဲမှာ ဘာတွေ ခံစားနေရသလဲဆိုတာကအစ သိပ်မသိတော့သလို ဖြစ်လာတယ်။ ဥပမာ- မူးယစ်ထုံထိုင်းဆေးတို့၊ အိပ်ဆေးတို့၊ ဘာတို့ သောက်ထားတဲ့သူဟာ မှိန်းပြီးတော့ ထုံထိုင်းနေတယ်၊ ဘာကိုမှ သိပ်မသိဘူး၊ သိသလိုလို မသိသလိုလိုနဲ့။ အဲသလိုပဲ အခုခေတ် လူတော်တော်များများဟာ ကိုယ့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဘာကို တကယ် ခံစားနေရသလဲဆိုတာ တိတိကျကျ မသိကြဘူး။ ချစ်တယ်ဆိုတာတောင်မှ အဲဒီချစ်တာဟာ သိပ်မပီပြင် ဘူး။ ချစ်တာကို လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရဘူး။ ပျော်တယ်ဆိုရင်လည်းပဲ ပျော်တာကို တကယ် လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရဘူး။ အပေါ်ယံလေးတော့

Trang 13

ဘာကို တန်ဖိုးထားရမလဲ ၅

ခံစားလိုက်ရတာပဲ။

အခုခေတ်လူတွေရဲ့ ဒီလို စိတ်မှာခံစားရတဲ့ အခက်အခဲတွေ တစ်နည်း အားဖြင့် စိတ်ဝေဒနာတွေရဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ ကိုယ်တကယ် လိုချင်တာ ဘာလဲဆိုတာကို မသိတာပဲ။ ကိုယ့် personality ကိုယ့်စရိုက်ဝါသနာနဲ့ ကိုက်တာ ဘာလဲဆိုတာ မသိဘူး။ ကိုယ့်ရဲ့ပါရမီနဲ့ကိုက်တာ ဘာလဲဆိုတာ မသိဘူး။

ကိုယ် တကယ် ဘာကိုလုပ်ချင်သလဲဆိုတာ တိတိကျကျ မသိကြပဲနဲ့ သူများက ဘာလုပ်ရင် ကောင်းမယ်လို့ ပြောတာမျိုးတွေနောက်ကိုပဲ လိုက်ပြီးတော့ လုပ်နေကြတယ်။ အဝတ်အစား ဝတ်တာကအစ ကိုယ် ဘာဝတ်ချင်သလဲဆိုတာ မသိဘူး။ သူများ ဘာဝတ်သလဲဆိုတာကြည့်ပြီး သူများ ဝတ်သလို လိုက်ဝတ်တယ်။ အစားအသောက် စားတာလည်း ဒီလိုပဲ။ တခြားတခြား ကိစ္စတွေမှာလည်း ဒီလိုပဲ။ စာအုပ် စာပေ ဖတ်တာကအစ သူများဖတ်တာကို လိုက်ဖတ်တယ်။ ငါ့စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ဝါသနာပါတာ ဘယ်လို ဘာသာရပ်မျိုးလဲ၊ ဘယ်လို အကြောင်းအရာမျိုးလဲဆိုတာ မသိဘူး။

အကယ်၍ လူတစ်ယောက်ဟာ သူ တကယ်လုပ်ချင်တာ ဘာလဲလို့ တိတိကျကျသိပြီးတော့ ကိုယ့်ဟာကိုယ်လည်း နေ့စဉ် စိတ်ပါလက်ပါ လုပ်နေ တယ်ဆိုရင် အခုနပြောသလို ဘဝကြီးက အဓိပ္ပာယ်မဲ့သလိုမျိုး၊ ဘဝကြီးက empty ဖြစ်နေသလိုမျိုး၊ ပျင်းစရာကောင်းတယ် ဆိုတာမျိုးဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။

လုံးဝမပျင်းတတ်တဲ့ လူတချို့ကို တွေ့ဖူးတယ်။ သူတို့ကို ကြည့်တဲ့ အခါမှာ သူတို့ရဲ့ဆုံးဖြတ်ချက်က ပြတ်သားနေတယ်။ သိတတ်တဲ့အရွယ်ထဲက သူတို့ တစ်ခုခုကို ဆုံးဖြတ်ထားတာဟာ နောက်နှစ်ပေါင်းသုံးလေးဆယ် ကြာတဲ့ ထိအောင် အဲဒီဆုံးဖြတ်ချက်က ခိုင်မြဲနေသေးတယ်။ သူတို့ ဆုံးဖြတ်တာကလည်း သူတပါးပေါ်မှာ မှီပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ သူတို့ရဲ့ ပင်ကိုယ် စိတ်ဓာတ်၊ ပင်ကိုယ်စရိုက်၊ အထုံ ဝါသနာပေါ်မှာ အခြေခံပြီး ဆုံးဖြတ်တာပဲ။

အခြေအနေအရ တခြားကိစ္စတွေကို လုပ်သင့်လို့၊ လုပ်ရမှာမို့လို့ လုပ်နေရရင်တောင်မှ သူတို့စိတ်က သူတို့ နဂိုက လုပ်ချင်နေတဲ့ကိစ္စကို မျက်ခြေပြတ်မသွားဘူး။ အချိန်လေးနည်းနည်းရရ ရသလောက် အချိန်လေးမှာ

Trang 14

၆ ဆရာတော်ဦးဇောတိက

သူတို့စိတ်ပါတဲ့အလုပ်ကို လုပ်နေသေးတာပဲ။ အဲသလို အလုပ်ကို ဆယ်နှစ် ဆယ့်ငါးနှစ် လုပ်လာပြီဆိုရင် ဒီလူဟာ အဲဒီအလုပ်နဲ့ပတ်သက်တာ၊ အဲဒီ ဘာသာရပ်နဲ့ပတ်သက်တာကို တော်တော်ကို နက်နက်နဲနဲ သိလာပြီ။ အဲသလို နက်နက်နဲနဲ သိလာတယ်ဆိုတာကိုက တော်တော်ကျေနပ်စရာ ကောင်းနေပြီ။ အထူးသဖြင့် ဘဝနဲ့ပတ်သက်ပြီး စိတ်နဲ့ပတ်သက်ပြီး နက်နက်နဲနဲ သိရတာ ကျေနပ်စရာသိပ်ကောင်းတယ်။

တစ်ခုခုကို ဇောက်ချပြီးလုပ်မှ

အကြောင်းအရာတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့
သိလိုက်ရတယ်ဆိုတာ စိတ်ထဲမှာ အတော်အားရတာပဲ။
ကိုယ့်ကိုယ်ကိုယ်လည်းပဲ ယုံကြည်မှု အများကြီးတက်တယ်။
တန်ဖိုးထားမှုလည်း အများကြီးတက်တယ်။

အခုခေတ်လူတွေက တစ်ခုခုကို နက်နက်နဲနဲ သိတယ်ဆိုတာ တော်တော် ရှားနေတယ်။ အများကြီးပဲ သိတယ်၊ ဒါပေမယ့် အပေါ်ယံပဲ သိတယ်။ ဘယ်ဟာမှ မနက်နဲဘူး။ နက်နဲမှုမရှိရင် ကျေနပ်မှု တကယ် မရနိုင်ဘူး။

ပြီးတော့ ကိုယ်နှစ်သက်တဲ့အလုပ်တစ်ခုကို စိတ်ပါလက်ပါ ရေရှည် လုပ်လာတဲ့အခါမှာ အဲဒီအကြောင်းအရာ၊ အဲဒီဘာသာရပ်၊ အဲဒီအလုပ်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီးတော့ သိလာတဲ့ အချက်အလက်ကလေးတွေဆိုတာ ရှိလာတယ်။ ကိုယ်ကိုယ်တိုင် ရှာဖွေပြီး တွေ့ရှိလိုက်ရတယ် ဆိုတာလေးတွေ ရှိလာတယ်။

အလုပ်တစ်ခုကို ခဏပဲလုပ်မယ် ဆိုရင်တော့ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိလိုက်တယ်၊ ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိလိုက်တယ်၊ ကိုယ်ကိုယ်တိုင် တီထွင်လိုက်တယ် ဆိုတာမျိုးက ဖြစ်ဖို့ခဲယဉ်းတယ်။ ဒါပေမယ့် အလုပ်တစ်ခုကို (၁၀)နှစ်(၁၅)နှစ်၊ တကယ် စိတ်ပါလက်ပါ အားသွန်ပြီးတော့ လုပ်လာပြီ ဆိုရင် သူများ မမြင်ခဲ့တာလေးတွေကို ကိုယ်က မြင်လာမှာ အမှန်ပဲ။ သူများ"""

text2 = """Trang 15

ဘာကို တန်ဖိုးထားရမလဲ ၇

မသိတာလေးတွေကို ကိုယ်သိမှာ အမှန်ပဲ။ ဘယ်သူမှ မသိတာကို ကိုယ်သိလာတာ အမှန်ပဲ။ သူများမမြင်တဲ့ ရှုထောင့်၊ ဆက်စပ်မှုလေးတွေကို တဖြည်းဖြည်း မြင်လာတာပဲ။

ဥပမာ-စိတ်ရဲ့သဘာဝကို စိတ်ဝင်စားတယ် ဆိုပါတော့၊ စိတ်ဝင်စား တယ်ဆိုရင် ဘာသာရေးစာပေထဲမှာ ကြည့်ရင်လည်း စိတ်ရဲ့သဘာဝဆိုတာ တွေ့တာပဲ။ ဘုရားဟောထဲမှာဆို စိတ်အကြောင်း၊ စေတသိက်အကြောင်း အများကြီးရှိတယ်။ တရားအားထုတ်တဲ့အပိုဒ်မှာ ဆိုရင်လည်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ နေတဲ့အကျင့် ရှိနေတာပဲ။ အနောက်နိုင်ငံမှာ စိတ်ပညာဆိုတာ ရှိတာပဲ။ စိတ်ပညာဆိုတာမှာလည်း ရှုထောင့်အမျိုးမျိုး၊ ရှင်းပြပုံအမျိုးမျိုး ရှိနေတော့ အဲဒါတွေအကုန်လုံးကိုလည်း စိတ်ပါလက်ပါ နှစ်ရှည်လများ လေ့လာခဲ့မယ်ဆိုရင် ဒီလူရဲ့အသိအမြင်ဟာ သူ လေ့လာထား တာတွေ အားလုံးကို ဆက်စပ်ပြီး မြင်တော့မှာပဲ။

အများကြီးကို လေ့လာထားတဲ့အတွက်ကြောင့် သူများ မမြင်တဲ့ ဆက်စပ်မှုကို မြင်မှာ အမှန်ပဲ။ အဲသလို မြင်လာတဲ့အခါမှာ ဒါ ငါ့ကိုယ်ပိုင် ဉာဏ်နဲ့ သိလိုက်တာ၊ မြင်လိုက်တာဆိုတဲ့ ခံစားမှုနဲ့၊ ကျေနပ်မှုကို ရမှာပဲ။ ဒါဟာ အထင်မဟတ်တော့ဘူးနော်။ နှစ်ပေါင်းများစွာ လုပ်လာတဲ့အခါကျတော့ ဒါဟာ ငါ့ဉာဏ်နဲ့ငါ သိလိုက်တဲ့ကိစ္စပဲဆိုတာကို အမှန်အတိုင်း သိတယ်။

အကြောင်းအရာတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ သိလိုက်ရတယ်ဆိုတာ စိတ်ထဲမှာ အတော်အားရတာပဲ။ ကိုယ့်ကိုယ်ကိုလည်းပဲ ယုံကြည်မှု အများကြီး တက်တယ်၊ တန်ဖိုးထားမှုလည်း အများကြီး တက်တယ်။ feeling of worthiness အများကြီး တက်လာတယ်။ ပြီးတော့ ငါ တကယ်သိတယ်ဆိုတာ သေချာတယ်။ ဟုတ်ရဲ့လား၊ မဟုတ်ဘူးလား၊ မှားများနေမလားဆိုတဲ့ အတွေးမျိုး အစပိုင်းမှာတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ချင့်ချင့်ချိန်ချိန်နဲ့ နှစ်ရှည်လများ လေ့လာတဲ့အခါကျတော့ ဟုတ်တယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် ပြတ်ပြတ်သားသား သိလာနိုင်တယ်။

လူတစ်ယောက်ဟာ လူ့ဘဝမှာ အရေးကြီးတဲ့ ကိစ္စတချို့ကိုတော့ 'ဟုတ်တယ်'လို့ ပိုင်ပိုင်နိုင်နိုင် သိလိုက်ဖို့ လိုအပ်ပါတယ်။ ဘာကိုမှ ပိုင်ပိုင်နိုင်နိုင် မသိရပဲနဲ့ ဟုတ်သလိုလို မဟုတ်သလိုလို ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊

Trang 16

၈ ဆရာတော်ဦးဇောတိက

မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ ဆိုတာမျိုးနဲ့ တစ်သက်လုံး နေသွားရတဲ့ဘဝဟာ တော်တော်ကို မရေရာတာပဲ။

အခုခေတ်လူတွေက ဗဟုသုတ အင်မတန်များပြီးတော့ ဘယ်ဘာသာရပ် ကိုမှ ပိုင်ပိုင်နိုင်နိုင် နက်နက်နဲနဲ မသိကြဘူး။ မသိလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်မရှိဘူး။ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး ပြောစမ်းပါဆိုရင် အားရပါးရ၊ ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ဘူး၊ မတင်မကျပဲ။ ကိုယ်ကိုယ်တိုင်က မရေမရာ မတင်မကျ ဖြစ်နေတဲ့အခါကျတော့ တခြားလူတစ်ယောက်က တစ်ခုခု ပြောလာရင်လည်း ကိုယ်နဲ့ပဲ နှိုင်းပြီးတော့ အင်း-သူလည်းပဲ ငါ့လိုပဲ မရေမရာ မတင်မကျ စိတ်ကြီးနဲ့ ပြောနေတာပါလို့ ထင်ချင် ထင်နေအုံးမှာပဲ။

ကိုယ့်ကိုယ်ကို တကယ်ယုံကြည်မှု မရှိတဲ့သူဟာ၊ သူများ ပြောတာကို လည်း တကယ်ယုံကြည်မှု မရှိဘူး။

အဲသလို မရေရာမှုတွေ အင်မတန် များနေတဲ့ခေတ်မှာ လူတွေရဲ့စိတ်က တစ်ခုခုကို ဖောက်ခွဲပြီး ဘယ်လိုလုပ် လုပ်လို့ရမလဲ။ အဲဒါဟာ အင်မတန် ကြီးမားတဲ့ ပြဿနာပဲ။

ဘယ်လိုလူဖြစ်ချင်သလဲ

ဘဝသံသရာကို တကယ်နားလည်ပြီး
လက်ခံတဲ့လူအဖို့ဆိုရင်တော့ ဘဝသံသရာ တစ်ခုလုံးမှာ
ငါ ဘာကို ရည်မှန်းချက်ထားမလဲဆိုတာ မေးမယ်ဆိုရင်
လွယ်လွယ်နဲ့ ဖြေလို့မရဘူး။

နောက်တစ်ချက်ကလည်း ကိုယ် တစ်ခုခုကို ရည်မှန်းချက်ထားလိုက်ပြီဆိုရင် အဲဒီရည်မှန်းချက်နဲ့ပတ်သက်ပြီး ကိုယ်ထားတဲ့ ရည်မှန်းချက်ဟာ တကယ် real ဖြစ်ရဲ့လား၊ တကယ်ဖြစ်နိုင်တဲ့ ရည်မှန်းချက် ဟုတ်ရဲ့လားဆိုတာ မသိဘူး၊ စိတ်ထဲမှာ မသေချာဘူး။

ဘာကို ရည်မှန်းရမှန်း မသိတာလည်း ပြဿနာတစ်ခုပဲ။ ရေတိုအနေနဲ့

Trang 17

ဘာကို တန်ဖိုးထားရမလဲ ၉

ပြောမယ်ဆိုရင် တစ်လစာ၊ နှစ်လစာ၊ တစ်နှစ်စာ၊ နှစ်နှစ်စာ၊ ဘာကို ရည်မှန်းချက်ထားမလဲဆိုတာ အသင့်အတင့် ပြောလို့ရတယ် ထားအုံးနော်၊ (ဒါတောင် များသောအားဖြင့် အခုခေတ်က ရုပ်ပိုင်းကိုပဲ ရည်မှန်းချက် ထားကြတာ များလာတယ်။) တစ်သက်လုံး ရည်မှန်းချက် ထားရမယ့်အရာဟာ ဘာလဲလို့ မေးရင် တော်တော် ဖြေရခက်သွားပြီနော်။ ဒါတင်မကသေးဘူး၊ ဘဝသံသရာကို တကယ်နားလည်ပြီး လက်ခံတဲ့လူအဖို့ ဆိုရင်တော့ ဘဝသံသရာ တစ်ခုလုံးမှာ ငါ ဘာကို ရည်မှန်းချက်ထားမလဲဆိုတာ မေးမယ်ဆိုရင် လွယ်လွယ်နဲ့ ဖြေလို့မရဘူး။

What do you want? ဘာကို လိုချင်သလဲလို့ မေးရင် ကိုယ် လိုချင်နေတဲ့ပစ္စည်းကို ပြောနိုင်တယ်။

What do you want to be? ဘယ်လိုလူ ဖြစ်ချင်သလဲလို့ မေးရင် နဲနဲ ဖြေရခက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုဟာ ငယ်ငယ်ကတည်းက ဘယ်လိုလူဖြစ်ချင်တယ်လို့ ရည်မှန်းရမှန်း မသိခဲ့ဘူး။ ပြင်ပ အရာဝတ္ထုကိုပဲ အဓိကရည်မှန်းတာ များခဲ့တယ်။ ငွေလိုချင်တယ်၊ ပစ္စည်း လိုချင်တယ်၊ ရာထူး လိုချင်တယ်၊ ကျော်ကြားမှု လိုချင်တယ်၊ လိုချင်တာတွေဟာ များသောအားဖြင့် ပြင်ပမှာရှိနေတာတွေ ဖြစ်တယ်။ ငါဘယ်လိုလူ ဖြစ်ချင်တယ်၊ ဘယ်လိုစိတ်ထားမျိုးကို လိုချင်တယ်၊ ဘယ်လို အသိဉာဏ်မျိုးကို လိုချင်တယ် ဆိုပြီး ရည်မှန်းချက်ထားတဲ့သူက တော်တော်နည်းတယ်။

ဘာကိုမှ မယုံတော့လို့
ဘာမှ မပြတ်သားတဲ့လူဟာ ဘယ်မှာ အားတက်နိုင်တော့မလဲ။

လူတွေမှာ ရေရှည် ရည်မှန်းချက် မပြတ်သားဘူး။ ဒါကို ငါတကယ် ရည်မှန်းချက်ထားတယ်၊ အမြဲတမ်း ဒီဟာကိုပဲ ဦးတည်ပြီး သွားနေတော့မယ်လို့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘူး။ ငါ ရည်မှန်းချက်ထားတဲ့ ပန်းတိုင်ဟာ တကယ်ရှိတဲ့အရာပါ၊ တကယ်ဖြစ်နိုင်တဲ့အရာပါလို့ ပြတ်ပြတ်သားသား မပြော နိုင်ဘူး。"""

text3 = """Trang 18

၁၀                      ဆရာတော်ဦးဇောတိက

အဲသလို ဘာကိုရည်မှန်းရမှန်းလည်း မသိ။ ရောက်မယ်လို့လည်း မပြောနိုင်၊ ငါ့စိတ်ကရော... အခု ငါ ဒါကို ရည်မှန်းချက်ထားပေမယ့် တော်ကြာ ငါ ဒါကို မလိုချင်တော့တာမျိုး ဖြစ်ချင် ဖြစ်အုံးမှာပဲ။ အဲသလို ဖြစ်ဘူးတာတွေလည်း ရှိခဲ့တာကိုး။ ရှိခဲ့တော့-ကိုယ့်ကိုယ်ကိုလည်း မယုံတော့ဘူး။ ဘာကိုမှ မယုံတော့လို့ ဘာမှ မပြတ်သားတဲ့လူဟာ ဘယ်မှာ အားတက်နိုင် တော့မလဲ။ ဒီပြဿနာတွေဟာ လူသားတစ်ယောက်အတွက် ပေါ့ပေါ့တန်တန် ပြဿနာတွေ မဟုတ်ဘူး။

အော်-ဖြစ်မှ ဖြစ်ရလေခြင်း

မျက်ကန်း ယုံကြည်မှုဟာ ဘယ်တော့မှ စိတ်ကို တကယ်ကြည်လင်မှု၊ အေးချမ်းမှု၊ လေးနက်မှု၊ မဖြစ်စေနိုင်ဘူး၊ စိတ်ကို တကယ်လွတ်လပ် မှု မပေးနိုင်ဘူး ။ တကယ်သတ္တိ တကယ်အင်အားကိုလည်း မပေးနိုင်ဘူး ။

ကဗျာလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ တော်တော် ကောင်းပါတယ်။ အခုခေတ်လူတွေရဲ့ အခြေအနေကို ကောင်းကောင်း ဖော်ပြနေတယ်လို့ ဆိုနိုင်တယ်။

We are the hollow man.

hollow ဆိုတာ အထဲမှာ ဘာမှမရှိတာ။ လူနဲ့တူတဲ့ ပလပ်စတစ် ကော်ရုပ်ဆိုရင် အပေါ်ယံမှာ လူနဲ့တူနေပေမယ့် အထဲမှာ ဘာမှမရှိဘူး၊ အဲဒါကို hollow လို့ ခေါ်တယ်။

We are the stuffed man.

stuffed man ဆိုတာ ဥပမာ- အဝတ်နဲ့ လူရုပ်လုပ်ထားပြီးတော့ ဝါဂွမ်းလို သိုးမွေးလိုဟာမျိုးတွေ ဖြည့်ထားတာရှိတယ်။ အပေါ်ယံ ကြည့်လိုက် ရင်တော့ ဝဝဖြိုးဖြိုး အပြည့်ကြီးပဲ၊ အထဲမှာ ဝါဂွမ်းပဲရှိတယ်။ အဲဒါကို stuffed man လို့ခေါ်တယ်။

Trang 19

ဘာကို တန်ဖိုးထားရမလဲ                        ၁၁

Leaning together

တစ်ယောက်နဲ့တစ်ယောက် မှီပြီးနေကြတယ်။ သူကလည်း hollow ကိုယ်ကလည်း hollow။ hollow အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မှီနေကြတယ်။

Head piece filled with straw. Alas!

ခေါင်းပိုင်းထဲမှာ ကောက်ရိုးတွေနဲ့ပဲ ဖြည့်ထားတယ်။ အော်-ဖြစ်မှ ဖြစ်ရလေခြင်းနော်။

T.S. Eliot ဆိုတဲ့ကဗျာဆရာက အခုခေတ်လူတွေရဲ့ အခြေအနေကို စကားလုံးလေး နဲနဲလေးနဲ့ ရေးပြလိုက်တာပဲ။ ၁၉၂၅ မှာ ရေးခဲ့တာ။ ၇၅နှစ် လောက် ရှိသွားပြီ။ ဟိုတုန်းကတောင်မှ လူတွေက hollow ဖြစ်နေတယ်လို့ သူ မြင်ခဲ့တယ်။ အခုဆို ပိုပြီးတော့တောင် hollowဖြစ်နေတယ်။ ဘာကို တန်ဖိုးထားရမှန်း မသိတော့ဘူး၊ ဘာကိုမှ တန်ဖိုး မထားနိုင်တော့ဘူး။

ဒီခေတ်မှာက- အဲသလို မရေရာမှုတွေ များလာတာဟာ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မရဘူး။ အရင်တုန်းကလူတွေက ကိုယ့်အရပ် ကိုယ့်ဒေသမှာပဲ နေပြီးတော့ ကိုယ့်အရပ် ကိုယ့်ဒေသမှာပဲ ယုံကြည်လက်ခံထားတဲ့ ဘာသာတရားတို့၊ အတွေးအခေါ် အယူအဆတို့ကို ယုံကြည်လိုက်တာပဲ။ မှားလား၊ မှန်လားတော့ သူတို့ မသိပါဘူး။ ဒါပေမယ့် ယုံတော့ ယုံကြည်လိုက်တယ်။ ယုံကြည်လိုက်ပြီးတော့ ကိုယ့်ဘာသာတရားရဲ့ အယူဝါဒ၊ လမ်းညွှန်ချက်၊ သွန်သင်ဆုံးမမှုအတိုင်း ကျေကျေနပ်နပ်ပဲ နေလိုက်တယ်။ ဒါ လုပ်ရမယ်ဆိုရင် လုပ်တယ်၊ ဒါ မလုပ်ရ ဘူးဆိုရင် မလုပ်တော့ဘူး။ ကိုယ့်ဆရာသမား ကိုယ့်မိဘတွေရဲ့ သွန်သင်ဆုံးမမှု ကိုလည်း ရိုရိုသေသေ နာခံလိုက်တယ်။ သိပ်လည်း မစဉ်းစားတော့ဘူး။ နေရ ထိုင်ရ လုပ်ရ ကိုင်ရ တာလည်း ရိုးရိုးပဲ နေကြထိုင်ကြတယ်။ simple life ဖြစ်တယ်။

ရှေးခေတ်က စာအုပ်တွေ မဂ္ဂဇင်းတွေ သတင်းစာတွေ သိပ်မဖတ်ကြ ဘူး။ ဖတ်စရာလည်း နဲတယ်။ စာအုပ်တွေ သတင်းစာတွေလည်း မဖတ်တော့ မသိဘူး။ သတင်းစာတို့ ရေဒီယိုတို့ T.V.တို့ မဂ္ဂဇင်းတို့ အခုခေတ်လို အများကြီး မရှိဘူး။ မရှိတော့ တခြားနေရာမှာ တခြားလူတွေ ဘယ်လို နေကြ ထိုင်ကြတယ်၊ တွေးကြ ခေါ်ကြတယ် ဆိုတာလည်း ကောင်းကောင်း မသိဘူး။

Trang 20

၁၂                                   ဆရာတော်ဦးဇောတိက

မသိတော့ ကိုယ့်ဒေသမှာ ဒီလို နေကြထိုင်ကြ ပြောကြဆိုကြ လုပ်ကြကိုင်ကြတာ၊ ဒီလိုယုံကြည်တာတွေဟာ အားလုံးပဲ ကောင်းပါတယ်လို့ လက်ခံလိုက်တယ်။ မသိလို့ လက်ခံလိုက်တာနော်။ ဒါပေမယ့် ဘာပြောပြော၊ စိတ်နှစ်ခွ မဖြစ်ပဲနဲ့၊ စိတ်ထဲမှာ လွန်ဆွဲမနေရပဲနဲ့ တစ်ခုခုကို အေးအေး ဆေးဆေးလေး လက်ခံလိုက် ရတာ စိတ်တော့ တော်တော်သက်သာတယ်။

သူ လက်ခံထားတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်း မှားမယ်။ မပြောနိုင်ဘူး။ မပြောနိုင်ပေမယ့် စိတ်တော့ သက်သာနေတယ်။ ကိုယ့်အနားမှာ ရှိတဲ့လူတွေ၊ ကိုယ့်ရပ် ကိုယ့်ရွာကလူတွေ အားလုံးလည်း ဒီလိုပဲ ယုံကြည်တယ်၊ ယုံကြည်မှုချင်း တူနေတယ်။ တူနေတော့ လုပ်စရာ ကိုင်စရာရှိရင် အတူတူပဲ လုပ်လိုက်ကြတာပဲ။ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်အငြင်းအခုန် လုပ်မနေကြဘူး။

အခုခေတ်ကျတော့ လူတွေဟာ တစ်နေရာနဲ့တစ်နေရာ သွားကြ လာကြတာလည်း များတယ်။ Video တွေ၊ T.V.တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ တခြားတခြားလည်း နည်းမျိုးစုံနဲ့ အကြောင်းအရာမျိုးစုံကို မြင်နေ၊ ကြားနေရတယ်။ တစ်ခုနဲ့တစ်ခုကလည်း ဆန့်ကျင်ဘက်ဖြစ်နေတာတွေ အများကြီး မြင်နေကြားနေရတော့ ဘယ်ဟာမှန်သလဲ ဘယ်ဟာမှားသလဲဆိုတာ လွယ်လွယ်နဲ့ မဆုံးဖြတ်နိုင်တော့ဘူး။ အဲဒီတော့ စိတ်ထဲမှာ မရေရာတော့ဘူး။

ယဉ်ကျေးမှုချင်းကလည်း ရောကုန်တယ်။ တစ်မြို့ထဲမှာ ကြည့်မယ် ဆိုရင်လည်း ဒီဘက်လမ်းနဲ့ ဟိုဘက်လမ်းတောင်မှ ယဉ်ကျေးမှုက တူချင်မှ တူမှာ။ ဥပမာ-ရန်ကုန်မြို့လိုဆိုရင် ဒီဘက်လမ်းမှာက ယဉ်ကျေးမှုတစ်မျိုး၊ ဘာသာတရားတစ်မျိုး၊ အုပ်စုတစ်စု ရှိနေမယ်။ ဟိုဘက်လမ်းမှာ နောက်အုပ်စု တစ်ခု ဖြစ်သွားပြီ။ သူကလည်း သူဟာသူယုံကြည်ပြီး လုပ်ချင်တာ လုပ်နေတယ်၊ ကိုယ်ကလည်း ကိုယ့်ဟာကိုယ်ယုံကြည်ပြီး လုပ်ချင်တာ လုပ်နေတယ်။ သူ့ယုံကြည်မှုနဲ့ ကိုယ့်ယုံကြည်မှု မတူဘူး။

အဲသလို မတူတော့ ဘယ်ဟာ ပိုကောင်းသလဲ မပြောနိုင်ဘူး။ မဝေဖန် နိုင်တဲ့အခါမှာ ဘာလုပ်ရမလဲ။ တစ်ခုခုကို မျက်ကန်းယုံကြည်မှုအတိုင်း ယုံကြည်လိုက်ရင် ကောင်းမလားဆိုတော့ မကောင်းဘူး။ အဲဒါ အဓိပ္ပာယ် မရှိဘူး။ မျက်ကန်း ယုံကြည်မှုဟာ ဘယ်တော့မှ စိတ်ကို တကယ်ကြည်လင်မှု၊"""

with open("extracted_myanmar.txt", "w", encoding="utf-8") as f:
    f.write(text1.replace("**", "") + "\n\n" + text2.replace("**", "") + "\n\n" + text3.replace("**", ""))

